← Chapters

မင်းရီဖျောင်ဖျောင်ကိုသိလား

Vol. 45 Ch. 621

မင်းရီဖျောင်ဖျောင်ကိုသိလား

Vol. 45 Ch. 621

ရီချန်းတွင် တင့်တယ်ပြီး ပျော့ပြောင်းလွယ်သော အလွန်သာယာ နာပျော်ဖွယ် အသံရှိသည်။ ၎င်းက ငှက်များ၏ တကျီကျီ တေးဆိုသံပမာ လေကိုခွင်းသွားတော့သည်။ သူမက များများစားစား မပြောပေ။ ကျန်းရီ၏ ရတနာများကိုလည်း ယူလိုစိတ်မရှိ။ ကျန်းရီ၏ ရတနာကို သူမ ရယူခဲ့လျှင်တောင် ယနေ့သူ့ကို ကာကွယ်နိုင်မှာ မဟုတ်မှန်း သူမသိနေသည်။

သူမက ကျန်းသခင်လေးဟူ၍ လက်သီးနှစ်ဖက်ဆုပ်လျက် ပြန်ပြောသောအခါ အမျိုးသားများစွာ၏ လေးစားအားကျ မနာလိုဖြစ်မှုများကို ရရှိသွားတော့သည်။ ကျန်သည့်သူများကမူ မသိသော်ငြား လင်းချီကျန့်ကမူ ဗုဒ္ဓဧကရာဇ်၏ ပုလဲရတနာ မည်မျှဂုဏ်ယူဝင့်ကြွား မောက်မာထောင်လွှားမှန်း ရှင်းရှင်းလင်းလင်း သိနေသည်။ ရှေးဟောင်း မင်းဆွေမင်းမျိုးများ မျိုးနွယ်စု၏ မျိုးဆက်များကို ဘေးချိတ်ထားပြီး သူမက ဧကရာဇ်ကိုးပါး၏ မျိုးဆက်များကို သခင်လေးဟု ခေါ်ဝေါ်တာ ရှားပါးသည်။

ကျန်းရီက ခေါင်းညိတ်ပြီးနောက် ထပ်ပြောလိုက်သည်။

“အရင်တုန်းက ကံကောင်းပြီး သခင်မလေး ကယ်တင်တာ ခံခဲ့ရတယ်။ မဟုတ်ရင် ဒီဘာကောင်မှ မဟုတ်တဲ့ ကျန်းက အပိုင်းပိုင်းအစစအဖြစ် ချေမွခံလိုက်ရရောပေါ့။ ကျေးဇူးတရားကို ဆပ်ချင်ပါတယ်”

ထိုစကား ပြောလိုက်သည်နှင့် လေထုတစ်ခုလုံးက ဝံ့ကြွားတုန်လှုပ်လာကာ ကောင်းကင်ဧကရာဇ် အများစုက တိုက်ခိုက်ရန် အသင့်ပြင်ပြီးသား ဖြစ်သည်။ ကျန်းရီက သူ၏ရတနာကို အမှန်တကယ် ကမ်းလှမ်းလိုလျှင် သူတို့က အသက်အညှာမရှိ သေချာပေါက် သတ်ဖြတ်ပေမည်။ အများစုကို သူတို့နှစ်ယောက်ဆီ၌ ကောင်းကင်စိတ်အာရုံကို မှတ်ထားလျက် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်နေ၏။

ရီချန်းက ခေါင်းသာညိတ်လိုက်ပြီး ဘာမှမပြောပေ။ သူမ၏ ကြည်လင်သော မျက်ဝန်းများက ကျန်းရီကို မလှမ်းမကမ်းကနေ ကြည့်နေရာ သူမဘာတွေးနေမှန်း မည်သူမျှ မသိပေ။ ဂါဝန်ဖြူက လေပြေအဝှေ့တွင် ညင်သာစွာ ယိမ်းခါနေလျက် သူမ၏ ခရမ်းရောင် သူမသည် သေမျိုးလောကဆီသို့ ဆင်းသက်လာသော ခရမ်းရောင်ဆံနွယ် မသေမျိုးတစ်ဦး ဖြစ်နေသည့်ပမာ ထင်မှတ်ရသည်။

ကျန်းရီက ထပ်မပြောတော့ပေ။ သူ၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လျက် ရီချန်းဆီသို့ မှတ်လိုက်ကာ သူ၏သတင်းစကားကို စတင်ပို့ဆောင်တော့သည်။

အမှန်ပဲ။ ဟုတ်သွားပြီ။

ယခုအချိန်တွင် သူဖြေရှင်းရန် လိုအပ်သည်က ရီချန်းဆီမှ ရီဖျောင်ဖျောင်၏ သတင်းအချက်အလက် အကြောင်းပဲဖြစ်သည်။ သူသည် ရတနာများကို ရှာဖွေရန်အတွက် ဆန်းကြယ်နတ်ဘုရား နန်းတော်သို့ ရောက်လာတာမဟုတ်ဘဲ ရီချန်းကို ရှာဖွေရန်အတွက်ဖြစ်သည်။ ယခုအချိန်တွင် သူက အခွင့်အရေး ရပြီဖြစ်သောကြောင့် လက်မလျော့လိုတာ သဘာဝကျသည်။

သူ၏ကောင်းကင်စိတ်အာရုံကို ရီချန်းဆီ မှတ်သားလျက် ကို့ယို့ကားယားဖြင့် အသံစပို့ပြီး ကျရှုံးတော့သည်။ ရီချန်း ကူးပြောင်းသည့် သတင်းစကားကမူ သူ၏စိတ်ထဲ ရှင်းရှင်းလင်းလင်း ပေါ်လာလေ၏။

“သခင်လေးကျန်း ဘာကြောင့်များ ကျွန်မဆီကို သတင်းစကား ပို့ချင်နေတာလဲ။ ကျွန်မဆီ ရတနာတွေ ပေးချင်တယ်ဆိုရင် ရှင်လုပ်စရာ မလိုဘူး။ အဲ့ဒီတုန်းက ကျွန်မရှင့်ကို ကယ်ခဲ့ပေမဲ့ ကျေးဇူးတင်စရာကိစ္စ သိပ်မလုပ်ခဲ့ဘူး။ ဒါ့အပြင် အမှန်အတိုင်း ပြောရရင် ရှင်ကျွန်မဆီ ရတနာတွေ ပေးခဲ့ရင်တောင် ရှင့်ကို ကာကွယ်ဖို့နည်းလမ်း ကျွန်မမှာမရှိဘူး။ ရှီးမျိုးနွယ်စုနဲ့ နတ်မြင်းပျံ အင်ပါယာက သိုင်းပညာရှင်တွေ များလွန်းတယ်”

ကျန်းရီက ကြိုးစားကြည့်ပြီး အသံပို့ရန် နောက်ထပ်နှစ်ကြိမ် ကျရှုံးခဲ့၏။ ရီချန်းက မျက်ဆန်လည်လာပြီးနောက် သူ့ကို အသံပို့သည့်နည်း စတင်သင်ကြားပေးတော့သည်။

ကျန်းရီက အတော် တတ်လွယ်သူဖြစ်ရာ အရေးကြီးသည့် အချက်အလက်များကို ချက်ချင်း ဖမ်းဆုပ်မိသွား၏။ ပြီးနောက်သူက အသံပို့ကာ ပြောလိုက်တော့သည်။

“ရီသခင်မလေး ကျွန်တော် ခိုလှုံခွင့် တောင်းဖို့အတွက် ရှာနေတာ မဟုတ်ပါဘူး။ လူတစ်ယောက် အကြောင်း ရှာချင်ရုံပါပဲ။ ရီဖျောင်ဖျောင်ကို သိလား”

“ရီဖျောင်ဖျောင်လား”

ရီချန်း၏ မျက်ခုံးတစ်စုံက တွန့်ကွေးသွားပြီးနောက် ပြန်ပြောလိုက်သည်။

“ဒီနာမည်ကို ကြားဖူးတာ ပထမဆုံးအကြိမ်ပဲ။ ကျွန်မရဲ့ မျိုးနွယ်စုက ရီဖျောင်ဖျောင်ရဲ့ နာမည်အကြောင်း ကြားဖူးတဲ့ပုံ မပေါ်ဘူး”

“ဟမ်”

ကျန်းရီ၏ အမူအရာက ပြောင်းလဲသွားပြီးနောက် မျက်တောင်အနည်းငယ် ခတ်ကာ နောက်ထပ် သတင်းစကား ထပ်ပို့လိုက်၏။

“နာမည်က အတုဖြစ်လောက်တယ်။ ရီသခင်မလေး ကျွန်တော်ရဲ့ ရိုင်းပျတဲ့ မေးခွန်းအတွက် စိတ်မရှိပါနဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားတဲ့ အဒေါ်တစ်ယောက် ရှိတယ်လို့ ကြားထားတယ်။ သူကောင်းကင်ကြယ်တာရာ နယ်မြေဆီ သွားလားဆိုတာ သိပါရစေ။ ရီဖျောင်ဖျောင်ဆိုတဲ့ နာမည်နဲ့ ကျွန်တော်က အတော်လေး ရင်းနှီးသက်ဆိုင်ပါတယ်။ သူ့ရဲ့အသက်က သုံးဆယ်လောက်ရှိပြီး ဖြုံလောက်တဲ့ အစွမ်းထက်တဲ့ နောက်ခံရှိတာ။ အရှေ့ပိုင်း တော်ဝင်နယ်မြေက လာတယ်လို့ ပြောထားတာ။ သူက မင်းရဲ့ဒေါ်လေးများ ဖြစ်နိုင်လား”

“မဖြစ်နိုင်ဘူး”

ရီချန်းပို့သည့် သတင်းစကားက ကျန်းရီ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေခဲ့သည်။

“ကျွန်မဒေါ်လေးရဲ့ နာမည်က ရီဖေးရှန်း။ သူအရှေ့ပိုင်း တော်ဝင်နယ်မြေကနေ တစ်ခါမှ မထွက်သွားဖူးဘူး။ သူလွန်ခဲ့တဲ့ အနှစ်(၂၀)က ကွယ်လွန်ပြီးပြီ။ သခင်လေးကျန်း ရှာနေတဲ့လူ မဟုတ်တာ သေချာတယ်။ ”

ဖုန်း

ကျန်းရီ၏ စိတ်ဝိညာဉ်သည် မိုးခြိမ်းသံပမာ ပေါက်ကွဲသွား၏။ အမူအရာက မှိန်ဖျော့သွားပြီး သူရလိုက်ရသည့် သတင်းအချက်အလက်ကြောင့် နာကျင်သွားတော့သည်။ ရီချန်းကို ရှာရန်အတွက် သက်စွန့်ဆံဖျား ကြိုးစားခဲ့၏။ သို့သော် ရီဖျောင်ဖျောင်က ဗုဒ္ဓဧကရာဇ်၏ သမီးမဟုတ်ဟု ပြောခဲ့သည်။ ယင်းက သူ့ကို အလွန်စိတ်ပျက်စေပြီး စိတ်ပျက်အားငယ်စေ၏။

စိတ်ပျက်ရခြင်းမှာ သူသည် ဗုဒ္ဓဧကရာဇ်၏ မြေးမဟုတ်သောကြောင့် မဟုတ်ပေ။ ရီဖျောင်ဖျောင်၌ အစွမ်းထက်သည့် နောက်ခံရှိ၏။ သူမမိခင်၏ မျိုးနွယ်စုသည် ဗုဒ္ဓဧကရာဇ်နှင့် မယှဉ်နိုင်သော်ငြား အလွန်အကျွံ့ နိမ့်ကျနေလောက်မှာ မဟုတ်ပေ။ စိတ်ပျက်ရသည်က ရီဖျောင်ဖျောင်ကို အချိန်တိုအတွင်း မတွေ့နိုင်သောကြောင့် ဖြစ်သည်။ သူကခဏတာ တွေဝေမှင်တက်လျက် အမြန် ဆောက်တည်လိုက်သည်။ ယခုအချိန်က စိတ်ပျက်အားငယ်ရမည့် အချိန်မဟုတ်ပေ။ ရန်သူက သူ့ကို ခြုံခိုတိုက်ခိုက်လာလျှင် မည်သို့ဖြစ်မည်နည်း။ ထိုအချိန်ရောက်လျှင် ထာဝရ ချုပ်ငြိမ်းသွားလိမ့်မည်။ သူ၏မျက်လုံးထဲ၌ အလင်းတန်းတစ်စ ပေါ်လာပြီး ရီချန်းကို မျှော်လင့်တကြီး မေးလိုက်လေ၏။

“ဒါဆို ရီသခင်မလေး ယွီဝန်လို့ခေါ်တဲ့ သူကိုသိလား”

ကျန်းရီသည် ချူလောင်ထံမှ ယွီ၀န်အကြောင်း မေးမြန်းရန် ကြိုးစားခဲ့ဖူးသော်ငြား သူဘာမှ မသိခဲ့ပေ။ ထို့ကြောင့် ရီချန်းဆီကနေ ကျန်းရီ မေးချင်တာပဲဖြစ်သည်။ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုက ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၏ အုပ်စိုးသူဖြစ်သည်။ သူတို့က လျို့ဝှက်ချက်များစွာ သိရပေမည်။ ယွီ၀န်က အမှန်တကယ် တည်ရှိနေလျှင် ရီချန်းကသူ့ကို သိမှာသေချာ၏။

မည်သူက သိမည်နည်း။

ရီချန်း၏ လှပသော မျက်ဝန်းများက လှုပ်ရှားသွားလျက် အမြန်ပြန်ပြောလိုက်သည်။

“ကျွန်မ တောင်းပန်ပါတယ် ကျန်းသခင်လေး။ ယွီ၀န်လို့ခေါ်တဲ့ လူတစ်ယောက် နာမည်ကို တစ်ခါမှ မကြားဖူးဘူး။ ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲက သိုင်းပညာရှင် အားလုံးနီးပါးကို ကျွန်မသိလောက်ပေမဲ့ အဲ့ထဲမှာ ယွီ၀န်တော့ မရှိဘူး”

ဖုန်း

ကျန်းရီက အံ့သြမှင်တက်သွား၏။ ရီချန်းတောင် ယွီ၀န်ဘယ်သူမှန်း မသိဘူးလား။ ယွီ၀န်က ရှိရောရှိရဲ့လား။ ရီဖျောင်ဖျောင်က သူ့ကိုလိမ်လိုက်တာလား။ ဒါမှမဟုတ် ယွီ၀န်က နာမည်တု တစ်ခုပဲလား။ ဒါမှမဟုတ် ရီချန်းသိမှာမဟုတ်တဲ့ လေးစားတန်ဖိုးထားရတဲ့လူ မဟုတ်တာများလား။

မည်သို့ပင် ဖြစ်စေကာမူ ကျန်းရီ၏ခေါင်းက နောက်သွားပြီဖြစ်သည်။ ရီဖျောင်ဖျောင်က ဗုဒ္ဓဧကရာဇ်၏ မျိုးနွယ်စုဝင်မဟုတ်။ ယွီ၀န်ဟု ခေါ်သည့်သူ မရှိပေ။ အရှေ့ပိုင်း တော်ဝင်နယ်မြေက ကျယ်ဝန်းပြီး ကြီးမားလွန်းလေရာ ရီဖျောင်ဖျောင်ကို သူမည်ကဲ့သို့ ရှာဖွေရမည်နည်း။

“မင်္ဂလာပါ ငါ့ရဲ့သားလေးရေ အမေက ရီဖျောင်ဖျောင်ပါ။ မပြည့်ဝတဲ့ အမေပေါ့။ အမေကသားကို မချန်ထားချင်ခဲ့ဘူး။ စွန့်ပစ်ချင်စိတ် မရှိပါဘူး။ ဒါပေမဲ့ အမေ့မှာ ပြောပြလို့မရတဲ့ အခက်အခဲ တစ်ခုရှိတယ်။ အမေ့ရဲ့ ကလေးလေးရေ။ ဒီဘဝမှာ အမေတို့ ပြန်မဆုံနိုင်ခဲ့ရင်တောင် ကျေးဇူးပြုပြီး ဝမ်းမနည်းနဲ့။ ဒါက ကောင်းကင်ဘုံက အမေတို့ကိုပေးတဲ့ ကံကြမ္မာပဲလေ။ အမေက သားကို အမြဲတမ်း ချစ်နေပါတယ်။ သတိရတယ်။ တွေးနေတာ”

ရီဖျောင်ဖျောင်၏ လှပပြီး ချစ်ချင်မြတ်နိုးဖွယ် မျက်နှာက ကျန်းရီ၏စိတ်ထဲ ပေါ်လာလေ၏။ သူချန်ထားရစ်ခဲ့သော စကားများက ပဲ့တင်သံထပ်လာသည်။ ကျန်းရီက မယုံနိုင်သည့် မျက်ဝန်းများဖြင့် ရေရွတ်ပြောလိုက်တော့သည်။

“မဖြစ်နိုင်တာ။ အမေက ငါ့ကို လိမ်မှာမဟုတ်ဘူး။ ယွီ၀န်က တစ်နေရာရာမှာ ရှိရမယ်။ သူ့ကိုရှာရမယ်။ အမေ့ကို ရှာရမယ်”

ကျန်းရီ၏ပါး၌ မျက်ရည်များ ကျဆင်းလာပြီး မျက်လုံးမှိတ်ထားလျက် အကြည့်လွှဲလိုက်ကာ သူ၏စိတ်ပျက်အားငယ်နေသော အမူအရာကို မည်သူကိုမျှ မမြင်တွေ့စေချင်ပေ။ သူတို့အားလုံး သူ့ကို စိုက်ကြည့်နေချိန်တွင် မည်ကဲ့သို့ သတိမပြုမိဘဲ နေမည်နည်း။

ယဉ်ရို့ပင်းနှင့် လင်းရှီယာ့က ကျန်းရီနှင့် ရီချန်းကြား ပြောဆိုခဲ့တာကို မသိပေ။ သို့သော် ကျန်းရီ ဝမ်းနည်းပြီး စိတ်ပျက်အားငယ်နေတာကို သိ၏။ အမျိုးသားတစ်ဦး၏ မျက်ရည်ကို အလွယ်တကူ ထုတ်ဖော်ပြသ၍ မရပေ။ သို့သော် ရင်ထဲတွင်မူ သည်းခံရတာ များလွန်းနေပုံပေါ်၏။

ရီချန်းက ဘာမှထပ်မပြောပေ။ အသံလည်း ထပ်မပို့တော့။ သူက ကျန်းရီကို တိတ်တဆိတ် ကြည့်လိုက်ရာ သူခေါင်းမာမာဖြင့် လှည့်သွားတာကိုသာ မြင်လိုက်ရသည်။ ကျန်းရီ မျက်ရည်ကျရသည့် အကြောင်းအရင်းကို သိသည့်သူက သူမတစ်ဦးထဲသာ ဖြစ်လောက်သည်။ ထိုရီဖျောင်ဖျောင်က ကျန်းရီနှင့် အလွန်ရင်းနှီးသူ ဖြစ်လောက်သည်။ ရုတ်တရက် သူမက ထူးဆန်းသော အယူအဆကို သဘောပေါက်လာ၏။ ကျန်းရီက ဆန်းကြယ်နတ်ဘုရား နန်းတော်သို့ လာရောက်ခြင်းမှာ သူမထံမှ ရီဖျောင်ဖျောင်အကြောင်း မေးလိုခြင်းကြောင့်ပေလော။

“သခင်လေးကျန်း သတင်းစကား ပို့ပြီးလောက်ပြီမလား။ ကျုပ်ဒီမှာ စောင့်နေရတာ ကြာလှပြီ။ သခင်မလေး ရီချန်းက မကူညီနိုင်ရင် ကျုပ်ရှီးဖေးက ကူညီနိုင်တယ်”

အေးတိအေးစက် မရှင်းလင်းသော အသံတစ်သံက ပေါ်ထွက်လာ၏။ ရှီးဖေးက အနည်းငယ် စိတ်မရှည် ဖြစ်နေသည်။ ကျန်းရီက ရီချန်းနှင့် သတင်းစကား ပို့နေတာ သူတို့မည်ကဲ့သို့ မမြင်ဘဲ နေမည်နည်း။ ရှဲ့ကျွင်းက သေခြင်းတရားက သူ့ကို ဒေါသထွက်စေပြီဖြစ်ရာ သူဤမျှ စောင့်ဆိုင်းနေသည်ကပင် တော်လောက်ပြီဖြစ်သည်။

“လောနေကြ၊ လောနေလိုက်ကြ၊ မင်း-င်ကိုပဲ”

ကျန်းရီက ရှီးဖေးကို ဒေါသတကြီးဖြင့် အော်ဟစ်လိမ့်မည်ဟု မည်သူက သိမည်နည်း။ သူက လက်ကို ဝှေ့ယမ်းလျက် နဂါးညှိုးရော်မြက်ပင်ကို ခပ်မြင့်မြင့်မြှောက်ကာ ပစ်ချတော့မည့်မယောင် ဖြစ်လာသည်။ ပြီးနောက်သူက ဖေးထျန်းကို လက်ညိုးထိုးလိုက်ပြီး ရှီးဖေးပြောတောင် မပြောနိုင်သေးခင် ကျန်းရီက အော်ဟစ်လိုက်၏။

“နဂါးညှိုးရော်မြက်ပင် လိုချင်တယ်မလား။ သိပ်လွယ်တယ်။ ဖေးထျန်းကိုသတ်လိုက်။ နဂါးညှိုးရော်မြက်ပင် ကောင်းကင်ရှောင်တိမ်းခြင်း ကျုပ်ဝတ်ထားတဲ့ မီးတိမ်သံချပ်ကာတွေတောင် ခင်ဗျားအပိုင်ပဲ”

“အမ်”

အားလုံးက အံ့သြကာ ဆွံ့အသွား၏။ ကျန်းရီက ရှီးဖေးကို ကျိန်ဆဲရဲတဲ့ ပထမဆုံးလူ ဖြစ်လောက်တယ်မလား။ ထိုတောင်းဆိုချက်ကို ကြားသည့်အချိန်တွင် လူတိုင်းက ဖေးထျန်းကို လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ရပ်နေသော ဖေးချီကို တုန်ယင်သွားစေ၏။ အမူအရာလည်း ပြောင်းလဲသွားတော့သည်။

ရှီးဖေးသည် အစောပိုင်း တောင်းဆိုချက်ကို ကြားသည့်အချိန်၌ ဒေါသထွက်သွားသည်။ သို့သော် နောက်ဆုံးစကားကို ကြားသောအခါ ဒေါသကို ဖိနှိပ်လျက် ဖေးထျန်းကို အေးတိအေးစက် ကြည့်လိုက်သည်။

ဝှစ်

သတ်ဖြတ်လိုခြင်း အရှိန်အဝါများက ဖေးထျန်းဆီသို့ ရောက်လာရာ ဖေးထျန်းက ဖြူရော်သွားတော့သည်။ သူက ဖေးချီဆီသို့ ကြောက်လန့်တကြား ပြန်ပြေးလျက် အော်ဟစ်လိုက်တော့သည်။

“အစ်ကိုကြီး ကျွန်တော်ကို ကယ်ပါ”

***

All Chapters