← Chapters

ကောင်းကင်ရှောင်တိမ်းခြင်း

Vol. 45 Ch. 622

ကောင်းကင်ရှောင်တိမ်းခြင်း

Vol. 45 Ch. 622

“အရူး”

ဖေးချီက အေးတိအေးစက် အော်လိုက်ပြီး သူ၏မျက်နှာက သုန်မှုန်သွားကာ ဖေးထျန်းကို လျစ်လျူရှုထားသည်။ သူသည် မလှမ်းမကမ်းမှ ရှီးဖေးကို ကြည့်လိုက်လေ၏။

“ခွီ ခွီ”

ရှီးဖေးက လှောင်ရယ် ရယ်ပြီးနောက် ကျန်းရီဘက် လှည့်လိုက်သည်။

“မင်းက ဘေးထွက်ရပ်ပြီး ကျားတွေ တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်တာကိုကြည့်ပြီး ရေထဲက ငါးတွေကို ပြဿနာ ရှာချင်နေတာလား။ မင်းမှာ လှည့်ကွက်တချို့တော့ ရှိပါရဲ့။ အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့။ မင်းရတနာကို ပေးမှာလား။ မဟုတ်ရင် မင်းနောင်တရအောင် လုပ်ပေးမယ်”

ကျန်းရီသည် ပါးနပ်စွာ ပြုံးလိုက်ပြီး ရှီးဖေးကို အာရုံမစိုက်တော့ပေ။ သူက ကျန့်ဝူယင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

“မင်းက ကျန့်သခင်လေးမလား။ ကျုပ်ကို မျက်နှာသာ ပေးရင်ရော ဘယ်လိုလဲ။ ခင်ဗျားကို နဂါးညှိုးရော်မြက်ပင် ပေးမယ်”

ဝှစ် ဝှစ် ဝှစ်

ဖေးချီနှင့် ဖေးထျန်း နှစ်ယောက်လုံးက ဖြူရော်သွား၏။ ရှီးဖေးကလည်း စိတ်ပူပန်သွားသည်။ ကျန့်ဝူယင်အတွက် ရှီးဖေးကို သတ်ဖို့က အလွန်ရိုးရှင်းသည်။ သူသာ သဘောတူသွားလျှင် ကျန့်ဝူယင်သည် နဂါးညှိုးရော်မြက်ပင်ကို ရသွားမည်လော။

“ဟား ဟား ဟား”

ကျန့်ဝူယင်က ရွှေတောင်ပံ ဂဠုန်ပေါ်၌ ရပ်နေသည်။ သူက အရပ်ပုသော်ငြား သူ၏အရှိန်အဝါကမူ မသေးပေ။ သူက ရယ်မောလိုက်ရာ သူ၏နူးညံ့သော အသံဖြင့် မောက်မာထောင်လွှားစွာ ပြောလိုက်သည်။

“ဖေးမျိုးနွယ်စုနဲ့ ကျန့်မျိုးနွယ်စုက မျိုးဆက်ပေါင်းများစွာ မိတ်ဆွေဖွဲ့လာခဲ့တာ။ နဂါးညှိုးရော်မြက် မပြောနဲ့ ဆန်းကြယ်နတ်ဘုရား ဓားမော့နဲ့တောင် ငါ့ကို လာဘ်ထိုးလို့မရဘူး။ ငါတို့မျိုးနွယ်စု နှစ်ခုကြား သွေးမခွဲနိုင်ဘူး”

ဖေးချီနှင့် နတ်မြင်းပျံ အင်ပါယာ၏ သိုင်းပညာရှင်များသည် သူ၏စကားကြောင့် စိတ်လှုပ်ရှားသွားသည်။ ဖေးချီက ကျန့်ဝူယင်ကို အရိုအသေ ပေးလိုက်၏။ သူက နက်ရှိုင်းစွာ အော်လိုက်တော့သည်။

“ယင်သခင်လေးက ဖြောင့်မတ် မှန်ကန်တဲ့လူပဲ။ ကျန်းရီကို အာခံဖို့ အသက်ကိုတောင် စွန့်ဝံ့ပါတယ်”

ဝူနီ၊ ထူလုံ၊ လင်းချီကျန့်နှင့် သူတို့အဖွဲ့က ကျန့်ဝူယင်၏ ဉာဏ်ပညာနှင့် အပြုအမူအတွက် အနည်းငယ် ခေါင်းညိတ်ပြီး လေးစားသွားကြသည်။ သူ့အပေါ် ယခင် အထင်သေးမှုများ ပျောက်ကွယ်သွားပြီဖြစ်၏။ ကျန့်မျိုးနွယ်စု၏ စစ်မှန်သော နက္ခတ်ခန္ဓာက အမှန်ကတယ် ထူးကဲသည်။ သူဟန်ဆောင်နေတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူသည် ဖေးမျိုးနွယ်စုမှ ထောက်ပံ့မှု အပြည့်အဝ ရတော့မည်။

ကျန့်ဝူယင်က ခပ်ရေးရေး ပြုံးနေသည်မှာ လူကြီးတစ်ဦးနှင့်တောင် တူနေ၏။ သူက ကျန်းရီဘက်ကို လှည့်ကြည့်ပြီး လက်ကို ဝှေ့ယမ်းလျက် ပြောလိုက်တော့သည်။

“ငါမလုပ်နိုင်ဘူး။ တစ်ခြားဟာဆိုရင် ရလောက်တယ်။ နာမည်တပ်ပြောလိုက်”

ကျန်းရီသည် ရုတ်တရက် ဝူနီဆီသို့ လှည့်ကြည့်လိုက်သည်။ မိစ္ဆာအပြုံးက ပေါ်လာပြီးနောက် သူက လက်ညိုးထိုးပြကာ ပြောလိုက်တော့သည်။

“ဒီလိုဆိုမှတော့ သခင်လေးဝူနီရဲ့ ခြေထောက်ကို ချိုးရင်ချိုး ဒါမှမဟုတ် သူ့ကို အဝတ်ချွတ်လိုက်၊ ဒါဆိုရင် ရတနာပေးမယ်”

“... ”

အားလုံးက အံ့သြဆွံ့အကုန်၏။ သူသည် ဝူနီကို အဘယ့်ကြောင့် ထည့်ပြောလာသနည်း။ ဝူနီက သူ၏ရန်သူပေလော။ ဝူနီက ခြေလက်များ အချိုးခံရလျှင် သို့မဟုတ် လူအများရှေ့၌ အဝတ်ချွတ်ခံရလျှင် ဤဘဝ၌ ဝူနီသည် ခေါင်းဘယ်တော့မှ ဖော်နိုင်တော့မှာ မဟုတ်ပေ။ ကျန်းရီက သူ့အပေါ် အမုန်းတရားမည်မျှ ရှိသနည်း။

“ဖွီ”

ရီချန်းနှင့် ကျန်သည့်နှစ်ဦးက မှင်တက်သွားပြီး လင်းရှီယာ့သည် ရှက်ရွံ့မှုကြောင့် မျက်နှာနီသွားတော့သည်။ ယဉ်ရို့ပင်းက အပေါ်ယံတွင် တည်ငြိမ်နေပုံ ပေါ်သော်ငြား သူမမျက်လုံးထဲတွင်မူ ဒေါသအရိပ်အယောင် ရှိနေ၏။ ကျန်းရီ၏ အမူအကျင့်က အနေခက်စေလှသည်။ အစောပိုင်းက သူသည် ကျိန်ဆဲနေခဲ့ပြီး ယခုဆိုဝူနီကို အဝတ်ချွတ်ချင်ပြန်သည်။

“မင်း”

အမြဲတမ်း တည်ငြိမ်သည့် လွှမ်းမိုးနိုင်စွမ်းရှိသော ဝူနီက အများရှေ့တွင် စိတ်လွတ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ဒေါသထွက်နေပြီဖြစ်သည်။ သူ၏မျက်ဝန်းများက ကျန်းရီကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လျက် အေးတိအေးစက် ပြောလိုက်သည်။

“ငါတို့ တစ်ယောက်နဲ့တစ်ယောက် မသိဘူး။ အဆင်မပြေတဲ့ အကြောင်း မရှိတာကို ငါ့ကိုဘာကြောင့် အရှက်ခွဲနေတာလဲ”

“ဟား ဟား ဟား”

ကျန်းရီက နှာခေါင်းရှုံ့လိုက်ကာ မရှင်းပြပေ။ သူက ကျန့်ဝူယင်ကိုသာ ကြည့်နေလျက် အဖြေကို စောင့်ကြိုနေသည်။

မှန်ပေသည်။ ဝူနီက သူ၏ရန်သူမဟုတ်။ သို့သော် သိုင်းခန်းမက သူ့ရန်သူဖြစ်သည်။ ဤကာလပြီးနောက် သူအထောက်အထားသည် ချက်ချင်း ထုတ်ဖော်ခံရမည်ဟုလည်း ကျန်းရီယုံကြည်သည်။ ဝူနီသာမက ထူလုံ၊ ရှီးဖေးနှင့် ကျန်သည့်သူများကလည်း သူ့အကြောင်း အချက်အလက် စုံစမ်းကြပေလိမ့်မည်။ ကောင်းကင်ကြယ်တာရာ နယ်မြေတွင် သူ၏လုပ်ရပ်များ ဖီးနစ်အော်သံ နယ်မြေနှင့် သားရဲလူသား နယ်မြေရှိ သူ၏လုပ်ရပ်များကို သူတို့သိသွားပေမည်။

သူတို့က အတိတ်ကို အတိတ်အတိုင်း ထားနိုင်လျှင်တောင် နောင်တွင် ထိုသခင်လေးများ၏ပစ်မှတ် ဖြစ်လာသေးအုံးမည်။ လင်းရှီယာ့နှင့် ယဉ်ရို့ပင်း၏ မျိုးနွယ်စုကတောင် သူ့နောက် လိုက်နိုင်၏။

ထို့ကြောင့် သူ့၌ လမ်းမရှိတော့ပေ။ ယခုအချိန်တွင် အကျိုးအမြတ် အချို့ကို ရိတ်သိမ်းရန် ပျော်ရွှင်နေမှာပဲဖြစ်သည်။ ယခု ကျန့်ဝူယင်က ပါးနပ်ပြီး သတ္တိရှိလားဟုသည့် အချက်ပေါ်သာ မူတည်နေတော့သည်။

ကျန့်ဝူယင်က ဆိတ်ဆိတ်သာ နေပေ၏။ ရှီးဖေးအတွက်လည်း တူညီပေသည်။ သူတို့က အကျိုးအမြတ်ကို ချိန်ဆနေသည်။

ဝူနီကလည်း ဖြူရော်လာ၏။ အစေခံမလေးနှစ်ဦးနှင့် လျို့ဝှက်သက်တော်စောင့် တစ်ဦးကလည်း စိုးရိမ်ပူပန်လာသည်။ ကျန့်ဝူယင်နှင့် ရှီးဖေးတို့သည် နဂါးညှိုးရော်မြက်ပင်ကို ဆိုးဆိုးဝါးဝါး လိုချင်နေပြီး ဝူမျိုးနွယ်စုကို တိုက်ခိုက်ချင်သည့် ဆန္ဒရှိနေလျှင် ဝူနီက ခြေလက်အချိုးခံရတာ၊ မဟုတ်လျှင် အဝတ်ချွတ်ခံရတာ ဖြစ်နိုင်သည်။

“ခွီး”

ယဉ်ရို့ပင်းက ထိုစဉ် ရုတ်တရက် ဆန်းကြယ်စွာ ပြုံးလိုက်သည်။ သူမက ရီချန်းနှင့် လင်းရှီယာ့၏ အာရုံစိုက်မှုကို ရသွားသည်။ လင်းရှီယာ့က သိချင်စိတ်ဖြင့် အသံပို့ကာ မေးလိုက်တော့၏။

“အစ်မကြီးပင်း ဘာကြောင့်များ ရယ်နေတာလဲ”

ယဉ်ရို့ပင်းက ကျန်းရီကို တစ်ချက်ကြည့်ပြီး တီးတိုးပြောလိုက်သည်။

“အဲ့ဒီလူက သိပ်ရဲတင်းတယ်။ သူက တစ်လောကလုံးရဲ့ ရန်သူဖြစ်အောင် လုပ်နေတာပဲ။ ဒီအဖြစ်အပျက်ပြီးရင် မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေလိုက်တာ ခံရလောက်တယ်”

“သူ့နောက်ကိုလိုက်တာလား”

လင်းရှီယာ့က ဇဝေဇဝါဖြစ်ကာ မျက်တောင်ခတ်ပြီး မေးလိုက်၏။

“သူက အခုတစ်ခေါက် အသက်ရှင်မှာလား။ ရတနာတွေ ပေးပြီးရင်တောင် သူသေစရာ မလိုဘူးလား”

“အော်”

ရီချန်း၏ သေးသွယ်သော ခန္ဓာကိုယ်လေးက တစ်ချက်လှုပ်သွားပြီး မျက်ဝန်းလှလှလေးများက တောက်ပလာသည်။ သူမက အနားကပ်လာပြီး တီးတိုးပြောလိုက်တော့၏။

“ငါတို့အားလုံး တစ်ခုမေ့နေတာရှိတယ်။ သူကတကယ် သတ္တိရှိတာ။ ငါတို့ကိုတောင် မျောက်တွေလို စနောက်ရဲသေးတယ်”

လင်းရှီယာ့က သဘောမပေါက်သေးပေ။ လင်းချီကျန့်က သူတို့နားတွင် ကပ်နေ၏။ သုံးယောက်သား ပြောတာကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်ပြီး ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ သူက စကားနှစ်ခွန်းသာ ပြောလိုက်သည်။

“ကောင်းကင်ရှောင်တိမ်းခြင်း”

ရှီးမျိုးနွယ်စုနှင့် နတ်မြင်းပျံ အင်ပါယာရှိ လူများသည် အပြင်သို့ ရောက်လာသော လူအုပ်ကြီးဆီသို့ ချက်ချင်း လုယက်ခဲ့ကြသည်။ ကျန်းရီထွက်လာပြီးနောက် လေထုက ပိုတောင် တင်းမာသွားသည်။ ထို့ကြောင့် စဉ်းစားရန် အချိန်တချို့ မရတာပဲဖြစ်သည်။ အခြေအနေ ပြောင်းလဲမှုကို သူတို့အနီးကပ် အာရုံစိုက်ရမည်။ ကျန်သည့်ကိစ္စများကိုတွေးရန် မည်သူက တွေးနိုင်မည်နည်း။

ယခုအချိန်တွင် ကျန်းရီက တစ်ပါးသူ၏ဓားကို ငှားပြီး လူတစ်ယောက်ပြီးတစ်ယောက် သတ်ချင်နေသည်။ သူ့ပုံစံက အေးအေးဆေးဆေး ဖြစ်နေပြီး သူသေမှာကို ကြောက်ပုံမပြပေ။ ယင်းက ယဉ်ရို့ပင်းကို သံသယဝင်စေ၏။

ကျန်းရီက အရူးတစ်ယောက် မဟုတ်လျှင် သူ့၌ လျို့ဝှက် လက်နက်တချို့ သေချာပေါက် ရှိရမည်။

သူ၏စိတ်ဝိညာဉ် တိုက်ခိုက်မှုက အဆင်ပြေစေသည့်တိုင် ရှိနေသည့် သိုင်းပညာရှင်များအားလုံးကို ဖြတ်ကျော်လျက် လမ်းကြောင်းတစ်ခု ဖောက်ဖို့က မဖြစ်နိုင်ပေ။ ထို့ကြောင့် မှော်စွမ်းရည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသာ ယဉ်ရို့ပင်း တွေးမိလိုက်၏။ ကျန်းရီသည် လဝက်အတွင်း ၎င်းကို နားလည်ခဲ့ပုံရသည်။

သူသည် လဝက်အတွင်း မီးတိမ်သံချပ်ကာကို သန့်စင်နိုင်ခဲ့သောကြောင့် ကောင်းကင်ရှောင်တိမ်းခြင်းကို သူမည်သည့်အတွက်ကြောင့် နားမလည်နိုင်ဘဲ ရှိမည်နည်း။

ကောင်းကင်ရှောင်တိမ်းခြင်း၏ စွမ်းအား အတိအကျကို သူမသေချာ မသိသော်ငြား သူ၏အဓိပ္ပာယ်အရ ရှင်းလင်းနေပေသည်။ ကောင်းကင်ရှောင်တိမ်းခြင်းက သေချာပေါက် တိမ်းရှောင်သည့် သိုင်းပညာတစ်ရပ် ဖြစ်သည်။ တစ်နည်းဆိုရလျှင် ကျန်းရီသည် ယခုအချိန်၌ တည်ငြိမ်နေနိုင်ခြင်းမှာ ထွက်ပြေးနိုင်ရန်အတွက် နည်းလမ်းအချို့ ရှိနေတာသေချာ၏။

“မကောင်းတော့ဘူး”

ထိုအခြင်းအရာကို ယဉ်ရို့ပင်းက တွေးမိလေရာ ရှီးဖေးနှင့် ကျန်သည့်သူများကလည်း တွေးမိသည်။ ရှီးဖေးက မယုံနိုင်လောက်အောင် ဉာဏ်ထက်၏။ မဟုတ်လျှင်သူသည် အပြင်ဘက်သို့ ပထမဆုံး ပို့ဆောင်ခံရသည့်သူ ဖြစ်မှာမဟုတ်ပေ။ အရေးကိစ္စကို ချက်ချင်း သဘောပေါက်သည်။ သူကလက်ကို ဝှေ့ယမ်းပြလျက် နက်ရှိုင်းသောအသံဖြင့် အော်လိုက်သည်။

“တိုက်ခိုက်ကြ သူ့ကိုသတ်”

ကျန့်ဝူယင်က ရှီးဖေးလှုပ်ရှားတာကို မြင်သည်နှင့် သူက ဘာမှမလုပ်ဘဲ မနေနိုင်တော့ပေ။ သူ၏ ကလေးသံလေးကလည်း ပေါ်ထွက်လာ၏။

“အားလုံးပဲ သူ့ကိုဆွဲချကြ”

ဝှစ်

ကောင်းကင်ဧကရာဇ် (၇၀)ကျော်က ချက်ချင်းပင် လေပြင်းမုန်တိုင်းအသွင် ပြောင်းလဲပြီးနောက် သူ့ဆီ ဝင်သွားကြသည်။ သို့သော် မည်သူကမှ အဆင်အခြင်မဲ့စွာ မတိုက်ခိုက်ရဲချေ။ ဆိုရလျှင်  ကျန်းရီ၌ နဂါးညှိုးရော်မြက်ပင် ရှိနေလေသည်။ မိုးနှင့်မြေ၏ ဝိညာဉ်ဆေးပင်ကို မလိုအပ်သ၍ သူတို့က မဖျက်ဆီးချင်ပေ။

“ဟမ့်”

ကျန်းရီက ကြောက်လန့်ခြင်းမရှိပေ။ နဂါးညှိုးရော်မြက်က သူ၏လက်ထဲမှ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူ၏ခန္ဓာကိုယ်က တောက်ပသည့် အနီရောင် အလင်းတန်းဖြင့် လင်းထိန်လာလျက် ကောင်းကင်တွင် လက်က လှုပ်ရှားလိုက်ရာ ကောင်းကင်၌ အက်ကွဲရာတစ်ခု ချက်ချင်း ပေါ်လာသည်။ အက်ကွဲကြောင်းထဲ လျှပ်စီးပမာ ပြေးဝင်သွား၏။ ကောင်းကင်ဧကရာဇ်များက ပိုသန်မာသော ဖိအားများ ထုတ်ဖော်နေသည့်တိုင် ကျန်းရီက မီးတိမ်သံချပ်ကာကို ဝတ်ဆင်ထားလေရာ ဖိအားသက်ရောက်ခြင်း မခံရပေ။

“ပြေးဖို့ကြိုးစားနေတာလား”

လူတိုင်းက သူတို့ရှေ့မှ ကျန်းရီ ပျောက်ကွယ်သွားတာကို ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ ဒေါသထွက်ပြီး အက်ကွဲကြောင်းကို တစ်ဟုန်ထိုး တိုးဝင်သွားကြ၏။ ကျန်းရီနောက်ကိုလိုက်ပြီး လေဟာနယ် အက်ကွဲကြောင်းထဲသို့ သွားကာ ကျန်းရီနောက်ကိုလိုက်ပြီး သူ့ကိုအသက်ရှင်လျက် ဖမ်းရင်ဖမ်း မဟုတ်လျှင် သတ်ချင်စိတ်များ ပေါ်နေကြသည်။

ချီ ချီ

သို့သော် အဖြူရောင် အေးတိအေးစက် အလင်းတန်းက လေဟာနယ် အက်ကွဲကြောင်းထဲမှ ပေါ်လာ၏။ အလင်းတန်း တစ်ဒါဇင်ကျော်က ပေါ်ထွက်လာပြီး ရှေ့တွင်ရပ်နေသော ကောင်းကင်ဧကရာဇ် သုံးဦး၏ နတ်ဘုရားဒိုင်းများကို ထိသွားတော့သည်။

“အား”

ကောင်းကင်ဧကရာဇ် သုံးဦးက အော်လိုက်ပြီးနောက် သူတို့က လောင်ကျွမ်းခံလိုက်ရသည်။ မသေသေးသော်ငြား အတော်လေး ကြောက်မက်ဖွယ် ကောင်းနေ၏။ သူတို့ထဲမှ တစ်ယောက်က ခန္ဓာကိုယ်တစ်ပိုင်းက ပြာဖြစ်သွားသည်။

“ကြယ်တာရာ စွမ်းအားနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ပဉ္စလက်မီးပဲ”

ချဉ်းကပ်လာသော ကျန်သည့် ကောင်းကင်ဧကရာဇ်များသည် ဖြူရော်သွားကာ ချက်ချင်း နောက်ဆုတ်လိုက်သည်။ ကြယ်စာလုံးများ၏ စွမ်းအင်က ကောင်းကင်ဧကရာဇ် နတ်ဘုရားဒိုင်းကို ဖြိုခွင်းနိုင်သည့် ကောင်းကင်နှင့် မြေကြီး၏ ပဉ္စလက်မီးက အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များအတွက် ပူလောင်လွန်းနေသည်။

ဖောင်း

ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားသော အပူချိန်က တောင်ထွတ်ပေါ်ရှိ တောအုပ်လေးများကို လောင်မြိုက်သွားစေသည်။ မီးညွှန့်များက ကောင်းကင်ထဲသို့ တက်လျက် ရှီးဖေး၊ ကျန့်ဝူယင်၊ ဝူနီတို့အဖွဲ့၏ သုန်မှုန်နေသော မျက်နှာများကို လင်းသွားစေသည်။ ရီချန်း၊ ယဉ်ရို့ပင်းနှင့် လင်းရှီယာ့တို့၏ တလက်လက် တောက်ပနေသော မျက်ဝန်းများက မီးထဲတွင် ပိုတောင် တောက်ပနေလေ၏။

***

All Chapters