← Chapters

ဧကရာဇ်ဖြစ်ဖို့ တစ်ပါးတည်းဆို မလုံလောက်ဘူး...ဂိုဏ်းတူမောင်နှမတွေအားလုံး ဧကရာဇ်ဖြစ်မှရမယ်

Vol. 6 Ch. 55

ဧကရာဇ်ဖြစ်ဖို့ တစ်ပါးတည်းဆို မလုံလောက်ဘူး...ဂိုဏ်းတူမောင်နှမတွေအားလုံး ဧကရာဇ်ဖြစ်မှရမယ်

Vol. 6 Ch. 55

တစ်ညတာ ကုန်ဆုံးသွားခဲ့လေပြီ။

အလင်းတန်းတစ်တန်းသည် မိုးကောင်းကင်ယံကို ဖြတ်သန်းသွားပြီး အမှောင်ထုကို ဖယ်ရှားကာ ကမ္ဘာလောကကြီးကို အလင်းရောင် ပေးလိုက်သည်။

နေ့သစ်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။

ခြံဝန်းငယ်လေးထဲတွင် ပိုင်လင်းက ပျင်းရိလေးတွဲ့စွာဖြင့် အကြောဆန့်လိုက်သည်။ တစ်ညလုံး မအိပ်ဘဲ ကျင့်ကြံပြီးနောက် သူမ၏စွမ်းအားများ အတော်အသင့် ပြန်လည်၍ ရရှိလာခဲ့လေပြီ။

သူမ၏ မျက်နှာသွင်ပြင်သည်လည်း များစွာ ကြည်လင်လာခဲ့သည်။ ယခုအချိန်တွင် သူမထံ၌ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိလာပေ၏။

"ငါ ထွက်သွားဖို့အချိန်တန်ပြီ..."

ပိုင်လင်းက တီးတိုးရေရွတ်လိုက်သည်။

သူမသည် ခြံဝန်းလေးကို နှမြောတသစွာဖြင့် ဝေ့ဝိုက်၍ ကြည့်ရှုလိုက်မိသည်။ သူမသည် ငယ်စဉ်ကလေးဘဝကတည်းက လှည့်ဖြားမှုများနှင့် ပူးပေါင်းကြံစည်မှုများ ရှိရာအရပ်တွင်သာ နေထိုင်ခဲ့ရသူပင်။ လူသားသဘာဝ၏ မှောင်မိုက်သောအခြမ်းကို သူမ များစွာမြင်တွေ့ခဲ့ရဖူးသည်။

သို့သော် ဤနေရာ၌ သူမ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသော နွေးထွေးမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ခံစားခဲ့ရသည်။ သို့ရာတွင် ထိုသို့ ခံစားရလေလေ သူမ ထွက်သွားရန် အကြောင်းပြချက် ပို၍ခိုင်လုံလာလေလေပင်။

မူဖူတောင်မှ ကြင်နာတတ်သူများကို သူမကြောင့် ဒုက္ခရောက်အောင် မည်သို့ ဆွဲချရက်မည်နည်း။

ဤသည်ကို တွေးတောမိသဖြင့် သူမသည် ကျုံးချင်၏ တံခါးဝသို့ တန်းတန်းမတ်မတ် သွားကာ တံခါးခေါက်လိုက်၏။

"ခဏလေး..."

အဝတ်အစားလဲနေသည့်အသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် ကျုံးချင်က သန်းဝေရင်းဖြင့် တံခါးဖွင့်ပေးသည်။

"မိန်းကလေး ပိုင်လင်း... ဘာကိစ္စရှိလို့လဲ"

သူ၏ ကျင့်ကြံခြင်းအဆင့်သည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် နှစ်ပေါင်းများစွာ မအိပ်ဘဲ နေနိုင်သည်။ သို့ရာတွင် ကျုံးချင်သည် နေ့ဘက်တွင် လှုပ်ရှားပြီး ညဘက်တွင် အနားယူသည့် အလေ့အထကို ဆက်လက်၍ ထိန်းသိမ်းထားဆဲပင်။

ပိုင်လင်းသည် သူမ၏သွားဖြူလေးများ ပေါ်လာသည်အထိ နှုတ်ခမ်းကိုက်လိုက်သည်။ အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမက ပြောဆိုသည်။

"အရှင်... ကျွန်မက နှုတ်ဆက်ဖို့ လာတာပါ"

"ဘာလို့ ရက်နည်းနည်းလောက် ထပ်မနေတာလဲ....ဒါမှမဟုတ် ဒီနေရာက မိန်းကလေး ပိုင်လင်းအတွက် နေရထိုင်ရ အဆင်မပြေလို့လား"

ကျုံးချင်က မေးမြန်းသည်။

ပိုင်လင်းက ခေါင်းကို တွင်တွင်ခါလိုက်သည်။

"အရှင်... ဒီနေရာမှာ ကျွန်မ တစ်ခါမှ မကြုံဖူးတဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ခံစားခဲ့ရတယ်... ဒါပေမဲ့ ကျွန်မရဲ့ ဒီခရီးစဉ်မှာ အရေးကြီးတဲ့ ကိစ္စတွေ ဆောင်ရွက်စရာ ရှိနေလို့ပါ....အရမ်းကြီး အချိန်ဆွဲနေလို့ မဖြစ်သေးဘူး"

"ဒါ့ပြင် ကျွန်မရဲ့စွမ်းအားတချို့လည်း ပြန်ကောင်းလာပါပြီ...အရမ်းစွမ်းအားကြီးတဲ့ ရန်သူမျိုးနဲ့ မတွေ့သရွေ့တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်လို့ ယုံကြည်တယ်...အရှင်အနေနဲ့ ကျွန်မရဲ့ဘေးကင်းရေးအတွက် စိတ်ပူဖို့ မလိုပါဘူး"

"အရှင်ရဲ့ ကျေးဇူးတရားက မေ့ဖျောက်လို့ မရနိုင်ဘူး....နောင်တစ်ချိန် အခွင့်အရေးကြုံရင် ဒီကျေးဇူးကို ကျွန်မ သေချာပေါက် ပြန်ဆပ်ပါ့မယ်"

ကျုံးချင်ကမူ ကျေးဇူးပြန်ဆပ်မည့် ကိစ္စကို ဂရုမစိုက်ချေ။ သို့သော် သူမက ထွက်သွားရန် ဆုံးဖြတ်ချက် ခိုင်မာနေသည်ကို မြင်တွေ့ချိန်၌ သူ့အနေဖြင့် အတင်းအကြပ်ဆွဲထားရန် ခက်ခဲသွားသည်။ သူမတွင် ကိုယ်ပိုင်ကံကြမ္မာ ရှိနေပြီး သူမ၏ ထူးခြားသော ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ရှာဖွေရန် လိုအပ်ကြောင်း သူ သိထားပေ၏။

သို့သော် သူမကို ဤအတိုင်း ထွက်ခွာခွင့်ပြုလိုက်ရန်မှာ ကျုံးချင်အတွက် စိတ်မအေးဖွယ် ဖြစ်နေသည်။

ဤမိန်းကလေးသည် သူ၏ အနာဂတ်တပည့်ဖြစ်ပြီး တပည့်နှောင်ကြိုးအသစ်ကို အသက်သွင်းရန် သော့ချက်ပင်။ သူ၏ တပည့်နှစ်ယောက်ဖြစ်သော လင်းဖုန်းနှင့် စုယဲ့တို့က သူ့ကို 'အဆတစ်သောင်းပြန်လည်ရရှိခြင်း'စနစ် ပွင့်သွားအောင် လုပ်ဆောင်ပေးခဲ့ကြသည်။ တပည့်နှောင်ကြိုးအသစ်က မည်သို့သော အကျိုးသက်ရောက်မှုများ ရှိလာမည်ကို သူ အလွန်မျှော်လင့်နေမိသည်။

အကယ်၍ မတော်တဆမှု တစ်ခုခုကြောင့် သူမကို ဆုံးရှုံးလိုက်ရလျှင် သူ နောင်တရလွန်း၍ သေသွားပေလိမ့်မည်။

ထို့ကြောင့် ကျုံးချင်က တဲ့တိုးပြောဆိုလိုက်သည်။

"မိန်းကလေး ပိုင်လင်း... လမ်းခရီးမှာ အန္တရာယ်တွေနဲ့ ကြုံရနိုင်တယ်...ဒီလိုလုပ်ပါလား... မင်းကို အကာအကွယ်ပေးဖို့ စာခြောက်ရုပ်ကို ထည့်ပေးလိုက်မယ်"

စကားပြောဆိုရင်း ကျုံးချင်က စာခြောက်ရုပ်ကို တိုက်ရိုက်ဆင့်ခေါ်လိုက်၏။

"လမ်းခရီးမှာ ဒီမိန်းကလေးကို ကောင်းကောင်းကာကွယ်ပေးလိုက်.... သူ့ကို ဘာထိခိုက်မှုမှ မဖြစ်စေနဲ့"

"အမိန့်အတိုင်းပါ သခင်..."

စာခြောက်ရုပ်၏ မျက်တွင်းဟောက်ပက်ဖြစ်နေသော မျက်လုံးများထဲတွင် အနီရောင်အလင်းတန်းများ လင်းလက်သွားသည်။

ဤအရာက ပိုင်လင်းကို ခဏတာ အံ့အားသင့်သွားစေသည်။ သို့သော် သူမသည် များစွာအလေးအနက် မထားပေ။ ဤကမ္ဘာလောကကြီးတွင် ဆန်းကြယ်စွမ်းရည်ရှိသော ထူးခြားသည့် ပုဂ္ဂိုလ်များစွာ ရှိကြသည်။ တချို့သော လက်နက်သန့်စင်သူများသည် ပုံစံမျိုးစုံနှင့် လုပ်ဆောင်ချက်မျိုးစုံရှိသော ရုပ်သေးရုပ်များကို ဖန်တီးနိုင်ကြသည်။ သူမ၏အမြင်တွင်မူ စာခြောက်ရုပ်သည် ပုံပန်းသွင်ပြင် အနည်းငယ် ထူးဆန်းနေရုံသာ ဖြစ်ပေ၏။

အကယ်၍ သူမကို လိုက်လံဖမ်းဆီးနေသည့် အစွမ်းထက်ရန်သူများနှင့် တွေ့ရှိပါက ဤအရာသည် မည်သို့မျှ အကူအညီဖြစ်မည် မဟုတ်ပေ။

သို့ရာတွင် ဤသည်မှာ ကျုံးချင်၏ စေတနာ ဖြစ်နေသဖြင့် သူမ ငြင်းပယ်ရန် အကြောင်းမရှိချေ။ ဤခေတ်ကာလထဲတွင် ကမ္ဘာလောကကြီးသည် ကျယ်ပြောလွန်းပေ၏။ တစ်ခါတစ်ရံ၌ နှုတ်ဆက်လမ်းခွဲလိုက်ခြင်းသည် နောက်ထပ် မည်သည့်အချိန်မျှ ပြန်မဆုံရတော့ဟူသော အဓိပ္ပာယ်မျိုး သက်ရောက်သည်။ ထို့ကြောင့် အမှတ်တရ ပစ္စည်းတစ်ခုအနေဖြင့် သူမ၏နံဘေးတွင် ထားခြင်းကလည်း ကောင်းမွန်သည်။

"ဒါဆိုရင် အရှင့်ကို ကျေးဇူးတင်ပါတယ် ..."

သူမက ကျုံးချင်ကို လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်သည်။

ခွဲခွာခြင်းဆိုသည်မှာ အမြဲတစေ လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေတတ်သည်။ သူမ၏စိတ်နှလုံးသားထဲတွင် မခွဲခွာချင်စိတ်ကို ဝိုးတဝါးခံစားလိုက်ရသည်။ သို့ရာတွင် သူမသည် ထိုစိတ်ကို လျင်မြန်စွာ ချိုးနှိမ်လိုက်၏။

'ပိုင်လင်း... အို ပိုင်လင်း... အရှင့်ရဲ့ ကျေးဇူးတရားက တောင်ကြီးတစ်လုံးလို ကြီးမားတယ်.... ကိုယ့်ရဲ့ တကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တွေနဲ့ သူ့အသက်ကို အလကားသက်သက် အန္တရာယ်ဖြစ်အောင် လုပ်လို့ ဘယ်ဖြစ်မလဲ...'

ဤသို့ တွေးတောလိုက်ပြီးနောက် ပိုင်လင်းက ကျုံးချင်ကို ပြောဆိုသည်။

"အရှင်.. ဒါဆို ကျွန်မ သွားတော့မယ်နော်"

နှုတ်ဆက်အပြီးတွင် သူမသည် အချိန်ဆွဲမနေတော့ဘဲ ရှေ့သို့လျှောက်လှမ်းကာ ထွက်ခွာသွားတော့သည်။ စာခြောက်ရုပ်သည် ထူးဆန်းသော ခြေလှမ်းများဖြင့် သူမ၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။

ကျုံးချင်သည် ဝေးကွာသွားသော သူမ၏ ကျောပြင်ကို ကြည့်နေသော်လည်း သူ၏စိတ်ထဲတွင် လှိုင်းဂယက်များ အထူးတလည် မဖြစ်ပေါ်ခဲ့ပေ။ သူ၏အမြင်တွင်မူ စာခြောက်ရုပ်၏ စွမ်းအားသည် အလွန်အမင်း သန်မာအားကောင်းနေဆဲပင်။ မနေ့ညက ထွက်ပေါ်လာသော ငတုံးကောင်ဆိုလျှင် စွမ်းအားကြီးသည်မှာ ငြင်းမရနိုင်သော်လည်း စာခြောက်ရုပ်၏လက်ထဲတွင် တိုက်ကွက်တစ်ကွက်မျှပင် တောင့်မခံနိုင်ချေ။

ထိုကြောင့် စာခြောက်ရုပ်မှ ပိုင်လင်းကို ကာကွယ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေပေမည်။

မူဖူတောင်ပေါ်သည် တည်ငြိမ်အေးချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ လင်းဖုန်းနှင့်စုယဲ့တို့သည် တစ်စုံတစ်ခုကြောင့် စိတ်ဓာတ်တက်ကြွသွားပုံရပြီး ကျင့်ကြံရာတွင် ပို၍ဝီရိယရှိလာကြသည်။

ရက်အနည်းငယ်အတွင်း သူတို့တစ်ဦးစီသည် စွမ်းအားပိုင်းဆိုင်ရာ အဆင့်တက်ခြင်းအသစ်များကို အသီးသီး ရရှိခဲ့ကြသည်။

[ဒင်....လက်ခံသူ၏ တပည့် လင်းဖုန်းသည် ချန်ရွှမ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ]

[ဒင်...လက်ခံသူ၏ တပည့် စုယဲ့သည် ချန်ရွှမ်နယ်ပယ် အစောပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ]

[ဒင်....ဂုဏ်ယူပါတယ် လက်ခံသူ..မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပါပြီ]

ထိုနေ့တွင် ကျုံးချင် သစ်ပင်အောက်၌ အေးအေးလူလူ လှဲလျောင်းအနားယူနေစဉ် စနစ်၏အချက်ပေးသံများက သူ့ကို အိပ်ရာမှ နိုးစေခဲ့သည်။

"ဘုရားရေ... ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်း သူတို့က ထပ်ပြီးအဆင့်တက်သွားကြပြန်ပြီ"

သူမှတ်မိသလောက်ဆိုလျှင် စုယဲ့သည် ယခုနှစ်မှ ဆယ်နှစ်သာ ရှိသေးသည် မဟုတ်လော။ ဆယ်နှစ်သားအရွယ် ချင်ရွှမ်နယ်ပယfကျင့်ကြံသူဆိုသည်မှာ မည်သည့် သဘောတရားမျိုး ဖြစ်သနည်းနည်း။ ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် မွန်းစတားကဲ့သို့ လူငယ်များပင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

တပည့်နှစ်ယောက်လုံး တပြိုင်နက်တည်းအဆင့်တက်သွားမှုက 'အဆတစ်သောင်းပြန်လည်ရရှိခြင်း' ကြောင့် သူ့ကို မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ တိုက်ရိုက်ပို့ဆောင်ပေးလိုက်၏။ သူ လှဲနေရင်း အစွမ်းထက်လာသည်ဆိုသော ဤခံစားမှုကြီးမှာ အမှန်တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် စိတ်လန်းဆန်းစေသည်။

ကျုံးချင်က သူ၏ကိုယ်ပိုင် အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။

လက်ခံသူ...ကျုံးချင်

ကျင့်ကြံဆင့်...မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်

တပည့်... လင်းဖုန်း ချန်ရွှမ်နယ်ပယ် နှောင်းပိုင်းအဆင့်.. အဆတစ်ရာ ပြန်လည်ရရှိခြင်း အသက်ဝင်နေသည်။

တပည့်: စုယဲ့ ချန်ရွှမ်နယ်ပယ် အစောပိုင်းအဆင့် အဆတစ်ရာ ပြန်လည်ရရှိခြင်း အသက်ဝင်နေသည်။

အသက်ဝင်နေသော နှောင်ကြိုးများ: အမှိုက်နှောင်ကြိုး ၂/၂ .... နောက်ထပ် နှောင်ကြိုးများ ဖော်ထုတ်ရန် ကျန်သေးသည်။

ရရှိထားသော ရုပ်ခန္ဓာကိုယ်..မရှိ

ရရှိထားသော အထူးစွမ်းရည်များ...လောက်လျူအရှိန်အဝါ....ကောင်းကင်ဘုံမျက်လုံး...အဆင့်တူပြိုင်ဘက်များကို အင်အားသုံးချေမှုန်းခြင်း.... ကမ္ဘာငယ်လေး...။

ကျုံးချင်သည် သူ၏ကိုယ်ပိုင်အချက်အလက်များကို ကြည့်ပြီး အင်မော်တယ်ဖြစ်ရန် တံခါးပေါက်က သူ့ကို ဖြည်းဖြည်းချင်း လက်ယပ်ခေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။

"ဒီနှုန်းနဲ့သာ အဆင့်တက်သွားရင် ငါ အင်မော်တယ်ဖြစ်ဖို့ သိပ်မလိုတော့ဘူးထင်တယ်"

မကြာခင်အနာဂတ်တွင် အင်မော်တယ် ဖြစ်လာမည့် သူ့ကိုယ်သူ တွေးကြည့်မိသည်။ ကျုံးချင်ကဲ့သို့ စိတ်နေစိတ်ထားမျိုးရှိသူပင်လျှင် စိတ်လှုပ်ရှားမှုလှိုင်းတံပိုးများကို မခံစားဘဲ မနေနိုင်တော့ချေ။

သူ၏အနာဂတ်သည် တောက်ပနေပေ၏။

သူ စိတ်လှုပ်ရှားသကဲ့သို့ လင်းဖုန်းနှင့်စုယဲ့တို့လည်း စိတ်လှုပ်ရှားနေကြသည်။

လင်းဖုန်းအကြောင်း ပြောရမည်ဆိုလျှင် တစ်ချိန်တုန်းက သူသည် မည်သို့မျှ ကျင့်ကြံ၍မရသော အသုံးမကျသူ တစ်ယောက်သာ ဖြစ်ခဲ့သည်။ သူသည် စေ့စပ်ထားသူ၏ နည်းမျိုးစုံဖြင့် အရှက်ခွဲခြင်းကိုလည်း ခံခဲ့ရသူပင်။ ကျုံးချင်နှင့် တွေ့ပြီးမှသာ သူသည် "လှည့်ဖျားခြင်းလမ်းကြောင်း" ပေါ်သို့ တိုက်ရိုက်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် ချန်ရွှမ်နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်သဖြင့် ဒုတိယတန်းစား ဂိုဏ်းတစ်​ဂို​ဏ်းမှ အကြီးအကဲတစ်ယောက်ပင် သူ့လောက် အစွမ်းထက်မည် မဟုတ်ချေ။

သူသည် ဆရာ​၏ဂိုဏ်းထဲသို့ ဝင်လာသည်မှာ မကြာသေးသည့်တိုင် ဤအဆင့်ကို ရောက်နေလေပြီ။ သူ၏စွမ်းအား မြင့်တက်လာတိုင်း ကျုံးချင်အပေါ်ထားသည့် သူ၏လေးစားရိုသေမှုက ပို၍နက်ရှိုင်းလာသည်ဟု ပြောနိုင်သည်။ ကျုံးချင်၏ လမ်းညွှန်မှုသာ မပါလျှင် သူ ယနေ့တွင် ဤနေရာကို ရောက်လာမည် မဟုတ်ပေ။

သို့သော် ချန်ရွှမ်နယ်ပယ်ဆိုသည်မှာ သူ့၏ ပန်းတိုင်နှင့် အဝေးကြီး လိုသေးသည်ဟု သူ ယုံကြည်ထားသည်။

"တစ်နေ့ကျရင် ကျွန်တော်က ဆရာ့ရဲ့ခြေရာနောက်ကို ထပ်ချပ်မကွာ လိုက်ပြီး အင်မော်တယ်ဧကရာဇ်နေရာကို ရအောင်ယူမယ်"

ထိုနေ့၌ တောင်ပေါ်သစ်တောလေးတစ်ခုတွင် လူငယ်တစ်ယောက်က ရည်မှန်းချက်ကြီးစွာ သစ္စာဆိုလိုက်သည်။

"စီနီယာအစ်ကို... ကျွန်တော်လည်း ဧကရာဇ် ဖြစ်ချင်တယ်"

စုယဲ့ကမူ 'ဧကရာဇ်' ဟူသည်မှာ မည်သည့်အရာကို ကိုယ်စားပြုသည်အား မသိချေ။ သို့သော် သူ​၏စီနီယာအစ်ကို လိုချင်သည့်အရာဆိုလျှင် ထိုအရာက အလွန်ကောင်းမွန်သည့် အရာသာ ဖြစ်ရမည်ဟု သူ ခံစားမိသည်။

ဤစကားများက လင်းဖုန်းကို အူလှိုက်သည်းရယ်မောစေသည်။

"ကောင်းပြီလေ... ဒါဆိုရင် ငါတို့ ဆရာတူညီအစ်ကိုနှစ်ယောက်လုံး အင်မော်တယ်ဧကရာဇ်နေရာကို အရယူပြီးတော့ ထာဝရတည်တံ့မယ့် ဒဏ္ဍာရီတစ်ခုကို ဖန်တီးကြတာပေါ့"

လက်စွပ်ထဲတွင် ရှိနေသော အကြီးအကဲကျန်းသည် စိတ်ဓာတ်တက်ကြွနေသော လူငယ်ကို ကြည့်လိုက်မိသည်။ ပုံမှန်ဆိုလျှင် တည်ငြိမ်ရန် သူ့ကိုယ်သူ အမြဲသတိပေးတတ်သော သူသည်ပင် ရူးသွပ်စွာဖြင် ပွစိပွစိပြောမိသည်အထိ ဖြစ်သွားပေ၏။

"ဘုရားရေ... မင်းတို့က တကယ်ပဲ ပြောရဲကြတယ်နော်"

" 'အင်မော်တယ်ဧကရာဇ်' ဆိုတာ ဘာကို ကိုယ်စားပြုလဲ မင်းတို့ သိရဲ့လား"

"အဲ့ဒါက အထွတ်အထိပ် တည်ရှိမှုကွ"

"ရှေးခေတ်ကနေ ယခုခေတ်အထိ ကြည့်လိုက်စမ်း... ဧကရာဇ် ဘယ်နှစ်ပါး ရှိခဲ့ဖူးလို့လဲ"

"တစ်ယောက်တည်း ဧကရာဇ် ဖြစ်လာရုံတင် မကဘဲနဲ့ စီနီယာရော ဂျူနီယာပါ အတူတူ ဧကရာဇ် ဖြစ်ရမယ်တဲ့လား..."

"ဒီလို ရဲတင်းတဲ့ စကားလုံးတွေကို တခြားသူတွေ ကြားရင် သွားကျိုးအောင် ရယ်ကြလိမ့်မယ်"

သို့သော် ကျုံးချင်၏ ဂုဏ်ပုဒ်နှင့် ထိုနှစ်ယောက်၏ လျှင်မြန်လွန်းသော ကျင့်ကြံမှုနှုန်းကို တွေးမိချိန်၌...

'ဂိုဏ်းတစ်ဂိုဏ်းတည်းကနေ အင်မော်တယ်ဧကရာဇ် သုံးပါး' ဆိုသည့် ဒဏ္ဍာရီကို ဖန်တီးရန် မဖြစ်နိုင်သည့်ကိစ္စ မဟုတ်တော့ချေ။

ဤဖြစ်နိုင်ချေကို တွေးမိလိုက်သည်နှင့် ပွစိပွစိပြောနေသော အကြီးအကဲကျန်း ချက်ချင်းငြိမ်ကျသွားတော့သည်။

All Chapters