← Chapters

အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်း ရှစ်ဆင့် နှင့် တာအိုသန္ဓေသားစုစည်းခြင်း

Vol. 20 Ch. 197

အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်း ရှစ်ဆင့် နှင့် တာအိုသန္ဓေသားစုစည်းခြင်း

Vol. 20 Ch. 197

၆ဆင့်မြောက် ပြောင်းလဲခြင်းတွင် သူသည် အမြုတေစုစည်းခြင်းအဆင့်မှ သမင်ဖြူတစ်ကောင်ကို အတင်းအဓမ္မ ပေါင်းစည်းခဲ့လေ၏။

ဤသည်မှာ နောက်ပိုင်းတွင် ပိုမိုမြင့်မားသော အဆင့်အတန်းရှိသည့် နတ်ဆိုးများကို လက်ခံနိုင်စေရန်အတွင် ထိုသို့ပြုလုပ်လိုက်ခြင်း ဖြစ်ပေသည်။

သာမန် လမ်းကြောင်းအတိုင်းသာ ဆိုပါက၊ ဤနတ်ဆိုးဘုရင်လေးသည် အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းကိုးသွင် ခံနိုင်မည့် ကန့်သတ်ချက် ဖြစ်ပေလိမ့်မည်။

၎င်းကို လုံးဝပေါင်းစည်းခဲ့ပြီးနောက်၊ ရတနာဟူသော ဂုဏ်ပုဒ်ပါရှိသည့် ဤခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်သည် နတ်ဆိုးဘုရင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းသော အဆင့်သို့ ရောက်ရှိသွားနိုင်ပေ၏။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အမြုတေဖြစ်တည်ခြင်း အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်မျှသာဖြစ်လေ၏။

သို့သော် ယခုမူ ကွဲပြားခြားနားသွားပြီ။ အကယ်၍ ရှန်းယီ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ သူသည် နတ်ဆိုးဘုရင် တစ်ပါးကို သူ၏ခန္ဓာကိုယ်အတွင်း၌ အမှန်တကယ်ပင် ပေါင်းစည်းနိုင်ကောင်း ဖမ်းဆီးထားနိုင်ပေလိမ့်မည်။

အမြုတေဖြစ်တည်ခြင်းအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်အား ဟွမ်ယွမ်အဆင့် သို့ အတင်းအဓမ္မ မြှင့်တင်လိုက်ခြင်းပင်။

ဤအတွေးဖြင့် ရှန်းယီသည် နတ်ဆိုးအမြုတေကို စားသုံးလိုက်ပြီး နတ်ဆိုးသက်တမ်းကို အသက်သွင်းလိုက်လေသည်။

သူ၏သက်တမ်း လျင်မြန်စွာ လျော့ကျသွားသည်ကို ကြည့်ရှုရင်း၊မျှော်လင့်ချက် တစ်ခု သူ၏ နှလုံးသားထဲ၌ ကြီးထွားလာလေ၏။

ဤမျှ အစွမ်းထက်သော နတ်ဆိုးစွမ်းအား၏ သူ၏ ခန္ဓာကိုယ်အပေါ် ကြီးမားသော မြှင့်တင်ပေးမှုမှာ ပြောစရာပင် မလိုပေ။

ယခင် အင်မော်တယ်နတ်ဆိုးခုနစ်ကောင် ပေါင်းစည်းထားသည်ကပင် နတ်ဆိုးဘုရင်လေးအား ယှဉ်နိုင်ရုံမျှသာ ရှိပေလိမ့်မည်။

ရှန်းယီ အမှန်တကယ် သိလိုသည်မှာ ဤနွားနတ်ဆိုးပိုင်ဆိုင်ထားသော မယုံကြည်နိုင်လောက်အောင် ထူးခြားသော စွမ်းရည်မှာ မည်သည့်အရာ ဖြစ်သနည်းဆိုတာပင်။

ယခင် တိုက်ပွဲအတွင်း၌ အခြားတစ်ဖက်လူက ၎င်းကိုအသုံးပြုသည်ကို အဘယ်ကြောင့် သူ မမြင်တွေ့ခဲ့ရသနည်း။

သူသည် စနစ်ဘောင်ကွက်ထဲမှ အချက်ပြစာများကို တည်ငြိမ်စွာ စောင့်ကြည့်နေလေသည်။ တာအိုသန္ဓေသားလောင်း နှင့် သူ၏နောက်ဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးကတည်းက၊ သူ၏ အစွမ်းထက်သော နတ်အာရုံသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အသိမ်မွေ့ဆုံး ပြောင်းလဲမှုများကို ပြီးပြည့်စုံစွာ အာရုံခံနိုင်ခဲ့ပြီ ဖြစ်ပေသည်။

နတ်ဆိုးစွမ်းအားသည် အင်မော်တယ်နတ်ဆိုး တစ်ကောင်အဖြစ် မည်သို့ စုစည်းသွားကြောင်းနှင့် ၎င်း၏အသိစိတ် မည်သို့ မွေးဖွားလာကြောင်းတို့ကို သိရှိနိုင်ပေသည်။

နှစ်ပေါင်းထောင်ချီသော ဆင့်ကဲဖြစ်စဉ် ပြောင်းလဲမှုများသည် ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေပေသည်။

ရှန်းယီသည် ဤခံစားချက်များမှာ မည်သည့်အတွက်ဖြစ်သည်ကို မသိသော်လည်း၊ အတွေ့အကြုံများ ပိုမို စုဆောင်းခြင်းသည် အမြဲတမ်း ကောင်းမွန်သော အရာတစ်ခုသာ ဖြစ်ပေသည်။

ထင်ရှားသည်မှာ ယခင်က ရေနတ်ဆိုး နှင့် နဂါးမိကျောင်းနဂါးတို့သည် အဆင့်နှင့် ထိုးထွင်းသိမြင်ခြင်း နှစ်ခုစလုံးတွင် အလွန် နိမ့်ကျလွန်းလှပေသည်။

၎င်းတို့၏အဆင့်တက်ပုံမှာ မှန်ကန်သော်လည်း၊ အသုံးမကျဆုံး နည်းလမ်းကို အသုံးပြုခဲ့ကြခြင်း ဖြစ်ပေ၏။

နတ်ဆိုးစွမ်းအားကို ယဉ်ပါးစေရန် အသက်စွမ်းအားကို အသုံးပြုခြင်း၊ ၎င်းတို့ သဘာဝအလျောက် ဖြစ်ပေါ်လာသည်အထိ စောင့်ဆိုင်းခြင်း၊ ထို့နောက် အသိစိတ်ကို ဖြည်းညှင်းစွာ ပြုစုပျိုးထောင်ခြင်း... ပြောင်းလဲခြင်း တစ်ခုစီသည် နတ်ဆိုးတစ်ကောင်ကို မွေးဖွားချိန်မှ အရွယ်ရောက်သည်အထိ စောင့်ကြည့်နေရသည်နှင့် တူညီနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ထို့ကြောင့် ဤမျှ နှေးကွေးနေခြင်း ဖြစ်ပေသည်။

သူသည် ပိုမို အဆင့်မြင့်သော သိုင်းပညာများကို မည်သည့်နေရာမှ ရရှိနိုင်မည်ကိုသာ မသိခြင်း ဖြစ်ပေသည်။

【၈၆၀၀ ပြည့်နှစ်တွင်၊ သွေးမျိုးဆက် ပြောင်းလဲခြင်းနွားနတ်ဆိုးတစ်ကောင် သင့်ခန္ဓာကိုယ်အတွင်း၌ဖြစ်ပေါ်လာခဲ့သည်။ သင်သည် နှစ်ပေါင်းထောင်ချီကြာအောင် အသက်စွမ်းအားဖြင့် ၎င်းကို ယဉ်ပါးစေခဲ့သော်လည်း၊ ၎င်း၏ ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအင်ကို သန့်စင်ရန် ပျက်ကွက်ခဲ့သေးသည်။၎င်းကို အင်မော်တယ်နတ်ဆိုးဟု ခေါ်ဆို၍ မရနိုင်ပါ၊ နတ်ဆိုးတစ်ကောင်သာ ဖြစ်နေဆဲ ဖြစ်သည်။】

【နွားနတ်ဆိုး အဖြစ်သို့ ပြောင်းလဲခြင်း၊ သက်ရှိများကို ဝါးမြိုခြင်း၊ အသားနှင့် သွေးများကို အတကွင်းကလီစာငါးခုထံ ပူဇော်ခြင်း၊ သွေးအဆီအနှစ်ကို နတ်ဆိုးသွေးအဖြစ်သို့ ပြောင်းလဲခြင်း၊ သင့်ခန္ဓာကိုယ်ကို ဆေးကြောပေးခြင်း၊ နတ်ဆိုးခန္ဓာကိုယ်ကို သွန်းလုပ်ခြင်း၊ နတ်ဆိုးအရိုးများကို ပုံဖော်ခြင်း၊အထွတ်အထိပ် နတ်ဆိုးဧကရာဇ်၏ ဖြစ်တည်မှု သက်သေပြခြင်း】

【အင်မော်တယ်နတ်ဆိုးပြောင်းလဲခြင်းရှစ်ဆင့်】

【လက်ကျန် နတ်ဆိုးသက်တမ်း - ၇၅၇၃ နှစ်】

အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဖြစ်ခဲ့ပြီး အလွန် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သော ပြောင်းလဲခြင်းသည် မမျှော်လင့်ဘဲ အခြား ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့ခဲ့ရပြန်လေသည်။

ရှန်းယီ၏နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားပြီး၊ ရုတ်တရက် ဝင်ရောက်လာသော ရက်စက်ကြမ်းကြုတ်မှု ဒီရေလှိုင်းကို သူ၏ စိတ်ထဲ၌ ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏နတ်အာရုံသည် သန့်စင်ပြီးဖြစ်ကာ ယခင်ကထက် ပိုမို ကြံ့ခိုင်ပြီး အစွမ်းထက်နေပြီ ဖြစ်သဖြင့်၊ အလွန်အမင်း ထိခိုက်မှု မရှိခဲ့ပေ။

သူသည် နတ်ဆိုးသက်တမ်းကို ဆက်လက် အသက်သွင်းလိုက်ပြီး၊ တစ်ကြိမ်တည်းဖြင့် အားလုံးကို ဖြေရှင်းလိုက်လေသည်။

နောက်ထပ် နှစ်ပေါင်း ကိုးရာ ကုန်ဆုံးသွားခဲ့ပြန်လေ၏။

နောက်ဆုံးတွင် နတ်ဆိုး၏အသိစိတ်သည် သေဆုံးခြင်းရည်ရွယ်ချက်ဖြင့် လုံးဝ ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။

၎င်းသည် အမှန်တကယ်တော့ ငါးကြင်းဆီဖြင့်ငါးကြင်းပြန်ကြော်ခြင်းပင် ဖြစ်ပေသည်... နတ်ဆိုးဘုရင်လေးထံမှ ရရှိသော သက်တမ်းသည် ၎င်းအပေါ်၌သာ လုံးဝနီးပါး ကုန်ဆုံးသွားခဲ့ရလေ၏။

"ဒါဆို သူ့ရဲ့စွမ်းရည် က ဘာများလဲ"

ရှန်းယီသည် စနစ်ဘောင်ကွက်ထဲမှ အချက်ပြစာများကို စိုက်ကြည့်နေမိလေ၏။

သက်ရှိများကို ဝါးမြိုခြင်းလော၊ လူမစားသော နတ်ဆိုး ဘယ်မှာ ရှိပါသနည်း။

သူ၏နတ်အာရုံ အကူအညီဖြင့် များစွာ အားကောင်းလာသော သူ၏ ခန္ဓာကိုယ်ကို သူ လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့လေ၏။

အကယ်၍ ကြေးမုံပြင်၏ အလင်းရောင်ဖြင့် ထပ်မံ ထိုးကြည့်ခံရပါက၊ သူသည် ယခင်ကထက် များစွာ ပိုမို သက်တောင့်သက်သာ ရှိမည်မှာ သေချာလှပေသည်။

သူ မတ်တပ်ရပ်လိုက်ပြီး တစ်စုံတစ်ခုကိုရုတ်တရက် သတိရသွားလေ၏။ သူ၏ လက်ကို ငွေရောင်ခေါင်းလောင်းပေါ်၌ ပွတ်လိုက်လေသည်။

ရုတ်တရက် ကြီးမားသော သမင်ဖြူအလောင်းကောင် တစ်ခု အခန်းထဲ၌ ပေါ်လာလေ၏။

မူလက သူသည် နတ်ဆိုးဘုရင်လေးအပေါ်၌ စမ်းသပ်ကြည့်ချင်သော်လည်း၊ ၎င်းမှာ အလွန်တရာ ကြီးမားလွန်းလှသဖြင့်၊ ခြံဝင်းအတွင်း၌ပင် ဆံ့မည် မဟုတ်ပေ။

ရှန်းယီသည် မြေပြင်ပေါ်ရှိ သမင်ဖြူကို စိုက်ကြည့်လိုက်ပြီး၊ ထို့နောက် မသိစိတ်ဖြင့် ပါးစပ်ကို ဟလိုက်လေ၏။

နောက်တစ်ခဏတွင် အမြုတေစုစည်းခြင်းအဆင့် ရှိသော နတ်ဆိုးအရှင်သည် လျင်မြန်စွာ ရှုံ့တွသွားပြီး၊ ၎င်း၏သွေးသားများသည် နီရဲသော အရည်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားကာ၊ ချက်ချင်း ခဲသွားပြီးနောက်၊ နောက်ဆုံးတွင် လက်ချောင်းထိပ် အရွယ်အစားရှိသော သွေးတစ်စက် ဖြစ်လာကာ သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားလေသည်။

ချိုမြိန်သော သတ္တုနံ့ သူ၏ ပါးစပ်ထဲ၌ ပြည့်နှက်သွားသည်ကို ခံစားလိုက်ရ၏။

ရှန်းယီသည် မိမိ၏အတွင်းစိတ်ကို စစ်ဆေးလိုက်လေသည်။

ထင်ထားသည့်အတိုင်းပင် ထိုသွေးစက်သည် ယခုအခါ သူ၏ချီပင်လယ်အတွင်း၌ မျောလွင့်နေပြီး၊ မူလ နီရဲသောအရောင်မှ ကတ္တရာစေးကဲ့သို့ နက်မှောင်သော အရောင်သို့မြင်သာသော အရှိန်ဖြင့် ပြောင်းလဲသွားလေ၏။

နတ်ဆိုးခန္ဓာကိုယ်ကို သွန်းလုပ်၊ နတ်ဆိုးအရိုးများကို ပုံဖော်မည်လော။

စွမ်းရည်၏ဖော်ပြချက်အရ၊ဤအရာကို ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများကို သန့်စင်ရန်အတွက် အသုံးပြုနိုင်လောက်မည်။

သို့သော် ရှန်းယီ ထိုသို့ မလုပ်ခဲ့ပေ။ နတ်ဆိုးဘုရင်လေး၏ ခန္ဓာကိုယ်သည် တောင့်တင်းသန်မာပြီး အစွမ်းထက်သော်လည်း၊ အခြား နတ်ဆိုးများနှင့် နှိုင်းယှဉ်လျှင် အထူးတလည် အံ့သြဖွယ်ကောင်းလှသည် မဟုတ်ပေ။

ထိုအချိန်တွင် သူသည် ဤနတ်ဆိုးသွေးပေါ်၌ အလွန် ရင်းနှီးကျွမ်းဝင်သော အရသာတစ်ခုကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်... ဤအရာသည် အရည်သဏ္ဍန် နတ်ဆိုးအမြုတေမဟုတ်ပါလော။

မိုးမြေ၏ ဝိညာဉ်စွမ်းအင်ကို နတ်ဆိုးများက စုပ်ယူပြီး နတ်ဆိုးအမြုတေများ အဖြစ်သို့ ပြောင်းလဲကြသလို၊၎င်းသည် ၎င်းတို့၏ ခန္ဓာကိုယ်များကိုလည်း အာဟာရ ဖြစ်စေလေ၏။

သို့သော် နတ်ဆိုးအသားကို ရိုးရှင်းစွာ စားသုံးခြင်းဖြင့် ၎င်းကို စုပ်ယူ၍မရနိုင်ပေ။

နတ်ဆိုးဘုရင်လေး၏စွမ်းရည်မှာ ဝိညာဉ်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို မိမိအသုံးပြုရန်အတွက် ပြောင်းလဲပေးနိုင်သော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

သွေးမျိုးဆက် ပြောင်းလဲခြင်း နွားနတ်ဆိုး၊ ဤအရာကို ဆိုလိုခြင်း ဖြစ်ပေသည်။

နှစ်ပေါင်းကိုးရာကျော် ကာလအတွင်း ဤကဲ့သို့သောကျင့်ကြံခြင်း အဆင့်အတန်းသို့ ရောက်ရှိနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

ဤလောကသည် ဘက်လိုက်မှု မရှိကြောင်း သိထားရမည်။

သာမန်ပြည်သူများသည် ကျင့်ကြံခြင်း မပြုကြသော်လည်း၊ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအင်များ ရှိနေကြပေသည်။ အလွန်တရာ အားနည်းသော်လည်း၊ သူတို့၏ အရေအတွက်မှာ များပြားလှပေသည်။

အခြားနတ်ဆိုးများသည်လည်း လူကို စားကြသော်လည်း၊ ဤကဲ့သို့ မည်သည့် ဆုံးရှုံးမှုမျှ မရှိဘဲ အကုန်လုံး စုပ်ယူနိုင်ခြင်း မရှိကြပေ။

အကယ်၍ နတ်ဆိုးဘုရင်လေးသာ ချင်ကျိုးကို အမှန်တကယ် သိမ်းပိုက်ပြီး မြို့တစ်မြို့ပြီး တစ်မြို့ ဝါးမြိုခဲ့ပါက၊၎င်း၏ ကြီးထွားနှုန်းမှာစိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။

ရှန်းယီသည် စနစ်ဘောင်ကွက်ကို ပြန်ဖွင့်လိုက်လေ၏။

သူ၏ တာအိုသန္ဓေသားလောင်းသည် တာအိုသန္ဓေသားအဖြစ်သို့ အဆင့်တက်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့ပြီး၊ နတ်ဆိုးအမြုတေများကို မည်သည့်နေရာမှ ရှာဖွေရမည်ကို သူ စိုးရိမ်နေခဲ့ရပေသည်။

ဤသည်မှာ သူ အိပ်ချင်နေချိန်၌ တစ်စုံတစ်ယောက်က ခေါင်းအုံး လာပေးသကဲ့သို့ပင်။

အစောပိုင်းရှုထောင့်မှ ကြည့်လျှင် ဤနတ်ဆိုးသွေးစက်သည် သမင်ဖြူ၏နတ်ဆိုးအမြုတေထက် အစွမ်းထက်မှု လျော့နည်းခြင်း မရှိပေ။

【ပထမနှစ်တွင် သင်သည် နတ်ဆိုးသွေးကို စုပ်ယူပြီး တာအိုသန္ဓေသားကို စတင် စုစည်းရန် ကြိုးစားခဲ့သည်...】

ယခင်ပြီးခဲ့သည့် အကြိမ်က ရေနဂါးအိုကြီး၏ နတ်ဆိုးအမြုတေကို အားကိုး၍ တိုးတက်မှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ၊တာအိုသန္ဓေသားလောင်းအတွင်းရှိ အသိစိတ်ကိုလည်း လုံးဝသိမ်းသွင်းပြီး ဖြစ်ပေသည်။

ဤနတ်ဆိုးသွေးသည် တာအိုသန္ဓေသားလောင်း အတွင်းသို့ ပေါင်းစပ်သွားသည်နှင့် တစ်ပြိုင်နက်။

၎င်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး၊ ၎င်းနှင့် ချိတ်ဆက်ထားသော သွေးမျှင်များကို ဖြည်းညှင်းစွာ ဖြတ်တောက်လိုက်ကာ၊ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး၊တင်ပျဉ်ခွေထိုင်လျက် သူ၏ ဝမ်းဗိုက်အောက်ပိုင်းရှေ့တွင် လက်နှစ်ဖက်ကို ယှက်ထားလိုက်လေ၏။

ဤအဆင့်တွင် တာအိုသန္ဓေသားသည် ၎င်း၏ နောက်ဆုံး တာဝန်ကို ပြီးမြောက်ခဲ့ပြီ ဖြစ်ပေသည်။

ရှန်းယီ၏ အစွမ်းထက်သော နတ်အာရုံသည် ၎င်းအတွင်းသို့ စီးဝင်သွားပြီး၊ ၎င်း၏ နောက်ဆုံး ကျန်ရှိသော အသိစိတ်ကို ဖမ်းယူလိုက်ကာ၊ ထို့နောက် အတင်းအဓမ္မ ပေါင်းစပ်လိုက်လေ၏။

【၃၂၀ ပြည့်နှစ်တွင် သင်သည် တာအိုသန္ဓေသားကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ပြီး ၎င်းကို ထိန်းချုပ်နိုင်ခဲ့သည်။】

【ကောင်းကင်ဝါးမြိုစွမ်းအင်စားသုံးခြင်းကျင့်စဥ် ပြီးပြည့်စုံခြင်း။】

【လက်ကျန် နတ်ဆိုးသက်တမ်း - ၆၃၂၃ နှစ်】

တစ်ခဏချင်းတွင် ရှန်းယီသည် ခန္ဓာကိုယ် နှစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ ခံစားလိုက်ရလေ၏။ သူ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ သာမန် အခန်းကို မြင်တွေ့ရလေသည်။

မျက်လုံးများကို မှိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ သူ့ရှေ့မှ မြင်ကွင်းသည် လုံးဝ ကွဲပြားခြားနားသွားလေသည်။

သူ၏ ဝါးတားတားနှင့် ပုံပျက်နေသော အမြင်အာရုံ အတွင်း၌ နေရောင်ခြည် မရှိသော မှောင်မိုက်သည့် ထောင်တစ်ခု ရှိနေပြီး၊ အပေါ်မှ နီရဲသော သွေးကြောကွန်ရက်များ ဖြာဆင်းကာ သူ့ကို ဖိနှိပ်ထားသဖြင့် အသက်ရှူရ ခက်ခဲစေလေသည်။

ထို ပြင်းထန်သော မွန်းကျပ်မှု ခံစားချက်အောက်တွင်၊ ရှန်းယီသည် နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်းဖို၏ ဖိနှိပ်ထားသော စွမ်းအားကို လျင်မြန်စွာ ရုပ်သိမ်းလိုက်မှသာ စိတ်သက်သာရာရမှု အချို့ကို ခံစားလိုက်ရလေသည်။

သူ မတ်တပ်ရပ်လိုက်ပြီး တစ်ပိုင်းတစ်စဖောက်ထွင်းမြင်နိုင်သော အခွံကို ခေါက်ကြည့်လိုက်လေသည်။

ဘုန်း ဘုန်း

ထို့နောက် သူသည် လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းတို့ကို ခဏတာ စမ်းသပ်ကြည့်သော်လည်း၊ အခွံမှာ သူ ထင်ထားသည်ထက် ပိုမို မာကျောနေသည်ကို တွေ့ရှိလိုက်ရလေ၏။

"ဒီ ကိုယ်တွင်းအမြုတေကို ခွဲနိုင်ရင် ဟွမ်ယွမ် အဆင့်ကို ရောက်ပြီပေါ့"

ကောင်းကင်ဝါးမြိုစားသုံးခြင်းကျင့်စဉ်သည် ၎င်း၏ ကန့်သတ်ချက်အထိ ကျင့်ကြံပြီး ဖြစ်ရာ၊ နောက်တစ်ဆင့်မှာ စွမ်းအင်စုဆောင်းရန်သာ ဖြစ်ပေသည်။

ရှန်းယီ၏နတ်အာရုံသည် သူ၏ မူလခန္ဓာကိုယ်ထံသို့ ပြန်လည်ရောက်ရှိသွားလေ၏။

စွမ်းအင်စုဆောင်းခြင်းမှာ ပြဿနာကြီး မဟုတ်ပေ၊ ၎င်းကို ပိုမို ကျွေးမွေးလိုက်ရုံသာ ဖြစ်ပေသည်။ သူသည် မေးခွန်းတစ်ခုကို ရုတ်တရက် သတိရသွားလေ၏။

တာအိုသန္ဓေသားနှင့် ယင်ဝိညာဉ်နှစ်ခုစလုံးအား တစ်ပြိုင်နက် ပြုစုပျိုးထောင်ခြင်းပင်။

အကယ်၍ တာအိုသန္ဓေသားသည် ကိုယ်တွင်းအမြုတေအား ခွဲခြမ်းလိုက်ပါက... ယင်ဝိညာဉ်မှာ မျိုးစေ့အဆင့်တွင်သာ ရှိနေသေးရာ၊ သေဆုံးသွားမည် မဟုတ်ပါလော။

"အဘိုးကြီးချန်ကို သွားတွေ့ဖို့ အချိန်တန်ပြီ"

All Chapters