← Chapters

ချင်ကျိုးသို့ ပြန်ခြင်း

Vol. 20 Ch. 195

ချင်ကျိုးသို့ ပြန်ခြင်း

Vol. 20 Ch. 195

"ငါ မင်းကို ပြောနေတယ်ကွ.."

"ချက်ချင်းထ ငါ့နောက်လိုက်ပြီး ချင်ကျိုးကို မြေလှန်ပစ်ကြမယ်"

မဟာလနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်နဲ့သွားပြီး၊ မသိစိတ်ဖြင့် ပေါ်ထွက်လာသော ထိတ်လန့်မှုကို ဖိနှိပ်ရန် သူ၏ ထက်ရှသောလက်သည်းများဖြင့် မိမိ၏ မျက်နှာကို ကုတ်ခြစ်လိုက်လေသည်။

ခွေးနတ်ဆိုး သည်လည်း တစ်ဖက်လူ ဘာကို ကြောက်နေသည်ကို အမှန်ပင် နားလည်ပေသည်။

နတ်ဆိုးဘုရင်လေး သေဆုံးသွားပြီ ဖြစ်ရာ၊ ကျန်းချိုလန် အဆင့်တက်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းမှာ မဟာလနတ်ဆိုးအတွက် သေမိန့်ဖြစ်လာပေလိမ့်မည်။

၎င်းသည် တစ်ဖက်လူ၏ ဆုပ်ကိုင်မှုမှ အသည်းအသန် ရုန်းထွက်လိုက်ပြီး၊ ထပ်တူပင် စိတ်ဓာတ်ကျစွာဖြင့် "ဒီမှာ လာပြီး အမိန့်ပေးမနေနဲ့၊ ကျုပ် ပြန်သွားရမယ်... ကျုပ် ပြန်သွားပြီး သခင်မနဲ့ သခင်ကြီးကို သတင်းပို့ရမယ်"

နတ်ဆိုးဘုရင်ျလး သေဆုံးသွားပြီ ဖြစ်ရာ သူသည်လည်း အသက်ရှင်နိုင်မည် မဟုတ်သည်မှာ သေချာလှပေသည်။

သို့သော် နတ်ဆိုးဘုရင်လေးသည် ဤနေရာ၌ အလကားသက်သက်၊ တိတ်တဆိတ် သေဆုံးသွား၍ မဖြစ်ပေ။

"မင်း"

ခွေးနတ်ဆိုးသည် ခြေလှမ်းအနည်းငယ် ယိုင်နဲ့သွားပြီးနောက်၊ တစ်ဖက်လူ၏ အစောပိုင်းက ကူညီခဲ့မှုကို ရုတ်တရက် သတိရသွားကာ သွားကို တင်းတင်းစေ့လျက် မောဟိုက်စွာဖြင့် "ခင်ဗျား စိတ်ပူနေစရာ မလိုပါဘူး..."

သခင်ကြီးသည် မဟာချန်နယ်မြေသို့ အလွယ်တကူ ခြေချနိုင်မည် မဟုတ်သော်လည်း၊ သခင်မကမူ ဤတိရစ္ဆာန်များကို ဘယ်တော့မှ လွှတ်ပေးမည် မဟုတ်ပေ။

၎င်းသည် နောက်သို့ လှည့်ကာ အနောက်ဘက်သို့ လမ်းပျောက်နေသော ခွေးတစ်ကောင်ကဲ့သို့ အသည်းအသန် ပြေးထွက်သွားလေ၏။

...

နောက်ဆုံးတွင် ခွေးနတ်ဆိုး၏ ပုံရိပ် အဝေးသို့ ပျောက်ကွယ်သွားသည်။

"ဟွန့်"

မဟာလနတ်ဆိုးဘုရင်သည် သူ၏ မျက်နှာပေါ်မှ လက်သည်းများကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်လေသည်... သူ အမှန်တကယ်ပင် ဆက်၍ အောင့်အီးမထားနိုင်တော့ပေ။

မောက်မာလှသော ကောင်စုတ်လေးတစ်ကောင်၏ နယ်ရုပ်အဖြစ် အသုံးတော်ခံရန် မည်သူကလိုလားပါမည်နည်း။

အခြားတစ်ဖက်လူသည် ချင်ကျိုးကို ဝါးမြိုပြီးနောက်၊မူလက မိမိပိုင်ဆိုင်သော ဤမြေကွက်ငယ်လေးကို မိမိအား ပြန်လည် ပေးသနားမည် ဖြစ်ပေသည်။

၎င်းပြောဆိုပုံကို နားထောင်ကြည့်ပါ၊ မည်မျှပင် ရက်ရောလှသနည်း။

ကံကောင်းထောက်မစွာဖြင့် ထိုကောင်စုတ်လေးမှာ မိသားစုတွင် တစ်ဦးတည်းသော သားဖြစ်ကြောင်း သူ သိရှိခဲ့၏။

ဤသို့သော အခြေအနေမျိုးတွင်သာ၊အခြားတစ်ဖက်လူ၏ မိသားစုသည် ကလဲ့စားချေရန် မုချလာရောက်မည်ဖြစ်ကြောင်း သူ အတတ်သိနိုင်ပေသည်။

၎င်းတို့၏ ထူးခြားသော အဆင့်အတန်းကြောင့် မဟာချန်တွင် ကြာရှည်နေထိုင်နိုင်မည် မဟုတ်ပေ။

ထိုအခါ သူသည် ပြည်နယ်တစ်ခုလုံးရှိ လူသားခန္ဓာကိုယ်ဆေးလုံးများကို စိတ်ကြိုက် အသုံးပြုနိုင်မည်။

ထို့နောက် သူသည် နတ်ဆိုးတစ်ထောင်ဂူ၏ အဆက်အသွယ်များကို အသုံးပြု၍ ဤနေရာမှ ထွက်ခွာကာ ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရန် အခွင့်အလမ်းများကို ရှာဖွေနိုင်မည်။

ယနေ့တွင် ကျန်းချိုလန် သေဆုံးသည်ဖြစ်စေ၊ နတ်ဆိုးဘုရင်လေး သေဆုံးသည်ဖြစ်စေ၊သူ့အတွက်အရှုံးမရှိသော အမြတ်ထွက်သည့် ကိစ္စတစ်ခုသာ ဖြစ်ပေသည်။

"ငါးယောက်တောင်လား..."

မဟာလနတ်ဆိုးဘုရင်သည် လှည့်၍ သူ၏လှိုဏ်ဂူဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလေ၏။

ချင်ကျိုးတွင် သူ နားမလည်နိုင်သော အခြား တည်ရှိမှုတစ်ခု ရှိနေပုံရပေသည်၊ ဤနေရာ၌ ကြာရှည်နေ၍ မဖြစ်တော့ပေ... ဝအောင် စားသောက်ပြီးသည်နှင့် အမြန်ဆုံး ထွက်ခွာသွားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထိုကက်ေသရေတုန်းသော ကျန်းယွမ်ဟွာ သည် သူ့ကို အချိန်အတော်ကြာအောင် အမှန်တကယ် ဆာလောင်မွတ်သိပ်စေခဲ့ပေသည်။

ချင်ကျိုးမြို့၏ အစွန်အဖျားတွင်

အာချမ် နှင့် ဝူဖုန်း တို့သည် ဖရိုဖရဲ အသွင်အပြင်ဖြင့် ပြေးဝင်လာကြလေ၏။

ရှန်းယီသည် မင်ရောင်ဝတ်စုံသို့ ပြန်လည်လဲလှယ်ပြီး ဖြစ်ကာ၊လက်ပိုက်လျက် သစ်ပင်တစ်ပင်ကို မှီကာ သူ၏ ယခင်က တည်ငြိမ်သော အမူအရာသို့ ပြန်လည်ရောက်ရှိနေပြီ။

ရှန်းယီ နတ်ဆိုးဘုရင်လေးကို မည်သို့ သတ်ဖြတ်ခဲ့သည်ကို သူတို့ ကိုယ်တိုင် မမြင်တွေ့ခဲ့ရပါက၊

ဤလူငယ်မှာ ယင်ဝိညာဉ်ကို ပြုစုပျိုးထောင်နေသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု အမှန်ပင် ယုံကြည်မိကြပေလိမ့်မည်။

"တကယ်ကို ကြောက်စရာကောင်းလိုက်တာ"

အာချမ်သည် သူမ၏ လက်များကို ဒူးပေါ်ထောက်ကာ အသက်ရှူခြင်းကို လျင်မြန်စွာ ထိန်းညှိလိုက်လေ၏။

"ဟင်"

ရှန်းယီသည် အရေးမစိုက်သလို အကြည့်ကို ရုပ်သိမ်းလိုက်လေသည်။ သူကမူ ၎င်းမှာ အဆင်ပြေသည်ဟု အမှန်ပင် ထင်မြင်မိပေသည်။

နတ်ဆိုးဘုရင်လေးမှာ သူ တိုက်ခိုက်ခဲ့သမျှတွင် အစွမ်းထက်ဆုံး ဖြစ်သည်မှာ မှန်သော်လည်း၊ ဤမျှအထိ ကြောက်စရာကောင်းသည်ဟု တင်စားရလောက်အောင် မဟုတ်ပေ။

"သူမ ပြောနေတာက နတ်ဆိုးဘုရင်လေးအကြောင်း မဟုတ်လောက်ဘူး"

ကျန်းချိုလန်သည် ရှန်းယီ၏ ဘေး၌ တိတ်ဆိတ်စွာ ရပ်နေရင်း သူ၏ မျက်နှာဘေးတိုက်ကို ကြည့်ကာ တိုးညှင်းစွာ မေးလိုက်လေ၏။

"ဘာလို့ ငါ့ကို ဝင်တိုက်ခွင့် မပေးခဲ့တာလဲ"

သူမသည် ထိုအဖြေကို အမှန်တကယ် သိလိုလှပေသည်။

ဤလောကတွင် မည်သူမျှပြဿနာကို မနှစ်သက်ကြပေ၊ သူကဲ့သို့ အစွမ်းထက်သူပင်ဖြစ်စေ။

"အကြောင်းပြချက် မရှိဘူး"

ရှန်းယီသည် ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်လေသည်။

သက်တမ်း ၉၈၀၀ တောင်မှကို မင်းကို လုယူခွင့် ပေးလိုက်ရမှာလား။

ဤသည်မှာ အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော ကိန်းဂဏန်း တစ်ခုပင်။

သူ မျှော်လင့်ထားသည်ထက်ပင် ပိုမို များပြားနေပေသည်။

ပြဿနာများနှင့် ပတ်သက်၍မူ... သူသည် ကျင့်သားရနေပြီ။ ညဘက် နာမည်များကို တိတ်တဆိတ် ရွတ်ဆိုသည့်အခါ နောက်ထပ် နာမည်တစ်ခု ထပ်တိုးလိုက်ရုံသာ ဖြစ်ပေသည်။

သူသည် အမှန်တကယ်ပင် သေရမှာကို ကြောက်သော်လည်း၊ ဤအရာကို မသတ်ရဲ၊ ထိုအရာကို မလုပ်ရဲ ဖြစ်နေပါက သူသည် ဘိုင်ယွင်ခရိုင်၌ ကျဆုံးသွားခဲ့သည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။

ဤစကားကို ကြားသောအခါ ကျန်းချိုလန်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်လေ၏။

ထို့နောက် အကြည့်ကို ဖြည်းညှင်းစွာ အခြားတစ်နေရာသို့ လွှဲပြောင်းလိုက်ပေသည်။

သူမ၏ ကြည်လင်သော မျက်လုံးများထဲရှိ ထက်ရှမှုများမှာတဖြည်းဖြည်း ပျော့ပျောင်းသွားလေသည်။

ဝူဖုန်းသည် ရှန်းယီ၏ ခါးရှိ ငွေရောင်ခေါင်းလောင်းကို စိုက်ကြည့်နေလေ၏။ ချင်ကျိုး၌ ကျော်ကြားသော နတ်ဆိုးဖမ်းစီးသူ တစ်ဦးအနေဖြင့် နတ်ဆိုးဘုရင်လေးကို ပေါ့ပေါ့ပါးပါး မြေပေါ်သို့ ရိုက်ချနိုင်သော အစွမ်းထက်သူတစ်ဦး ရှိနေသည်ကို သူ မည်သို့လျှင် မသိဘဲ နေနိုင်ပါမည်နည်း။

ဤမျှသော ခွန်အားဖြင့် အခြားတစ်ဖက်လူမှာ မဟာလနတ်ဆိုးဘုရင် အသွင်ပြောင်းထားခြင်း ဖြစ်သည်ဟု ပြောလျှင်ပင် သူ ယုံကြည်မိပေလိမ့်မည်။

ထိုနတ်ဆိုးဘုရင်လေးမှာ အမှန်တကယ်ပင် တိုက်ပွဲအားအဆုံးအဖြတ်ပေးနိုင်သော လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားခဲ့သည်။

အကယ်၍ ယနေ့တွင် ရှန်းယီသာ ရှိမနေခဲ့ပါက၊ မဟာလနတ်ဆိုးကို သတိမပြုမိစေဘဲ ကျန်းချိူလန် လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း၊ နတ်ဆိုးဖမ်းစီးသူ နှစ်ဦးမှာမူ ထိုနေရာ၌ပင် မုချ ကျဆုံးသွားကြပေလိမ့်မည်။

ဤမျှ များပြားလှသော ထိပ်တန်းရတနာများ... ခဏဦး။

ဝူဖုန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားလေ၏။

"မဟုတ်ဘူး၊ မင်းတို့နှစ်ယောက် သတိမထားမိကြဘူးလား။ သူက ဒီလောက်တောင် ချမ်းသာတာ၊ သူ့ရဲ့ မိသားစုနောက်ခံက မုချ..."

သူ စကားမဆုံးမီမှာပင် ကျန်းချိုလန်နှင့် ရှန်းယီတို့က သူ့ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရလေ၏။

ဘေးမှ အာချမ်သည်လည်း ဝူဖုန်းကို အကူအညီမဲ့သော အကြည့်ဖြင့် လက်သီးဖြင့် ခပ်ဖွဖွ ထိုးလိုက်လေ၏။

"ကိုယ့်ကိုယ်ကို အရှက်မခွဲစမ်းနဲ့"

ဤလူငယ်နှစ်ဦးသည် နတ်ဆိုးဘုရင်လေးက ကြေးမုံပြင်ကို ထုတ်ယူလိုက်သည့် အချိန်ကတည်းက အရာအားလုံးကို နားလည်သွားပုံရပြီး၊ နောက်ဆုံးတွင် ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ကူညီလျက် ပြဿနာကို ရင်ဆိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။

"ကဲပါ၊ အခုတော့ အားလုံး ပြီးသွားပါပြီ။ ငါ ပြန်ရောက်တာနဲ့ သိုင်းဘုံကျောင်းကို သတင်းပို့လိုက်မယ်... စစ်သူကြီးရှန်း၊ အဲဒီ သွေးအဆီအနှစ် တစ်မျှင်ကို ငါ့ကို ပေးပါဦး၊ ဒါမှ သိုင်းဘုံကျောင်းက လူတွေက သူ့ရဲ့ မူလအစကို သေချာ စိစစ်နိုင်မှာ။ ဒီလို နောက်ခံမျိုးနဲ့ဆိုရင် နတ်ဆိုးတစ်ထောင်ဂူ က ဖြစ်ဖို့ များပါတယ်"

အာချမ်သည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်လေ၏။

နောက်ထပ် လုပ်စရာ မရှိတော့၍ မဟုတ်ဘဲ၊ ဤကိစ္စမှာ ချင်ကျိုးက ပါဝင်ပတ်သက်နိုင်သော အဆင့် မဟုတ်တော့ဘဲ၊ ကံကြမ္မာအပေါ်၌သာ မူတည်တော့သောကြောင့် ဖြစ်ပေသည်။

ထိုသို့ဖြစ်ရာ စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။

"ဆုလာဘ် မရှိဘူးလား"

ရှန်းယီသည် ငွေရောင်ခေါင်းလောင်းထဲမှ သွေးအဆီအနှစ်ကို ထုတ်ယူလိုက်လေသည်။

"ဟင်း... သူတို့တွေ အခု ငါတို့ကို ရိုက်သတ်ချင်နေကြမှာ သေချာတယ်"

အာချမ်က လျှာထုတ်ပြလိုက်လေသည်၊ သူမသည် ထိုအရာကို ဂရုမစိုက်ပေ။

မည်သို့အခြေအနေမျိုးဖြစ်သနည်း။

သူမသည် ချင်ကျိုး၏ နတ်ဆိုးဖမ်းစီးသူ တစ်ဦး ဖြစ်ရာ၊ ချင်ကျိုးအတွက် အလုပ်လုပ်ရမည်မှာ သေချာလှပေသည်။

ကျန်းယွမ်ဟွာ ဆိုသည့် ခွေးဦးနှောက်နဲ့ လူမိုက်ကြီးသည် သူ၏ ကိုယ်ပိုင်လူများကိုသာ နှိပ်စက်တတ်သူ ဖြစ်ပေသည်။

"ဟားဟား၊ စစ်သူကြီးချုပ်ရဲ့အခု မျက်နှာအမူအရာကို တကယ် မြင်ချင်မိတယ်၊ သူ တော်တော်လေး ဒေါသထွက်နေမှာပဲ"

သူမသည် ရူးသွပ်သလို နောက်တစ်ကြိမ် ရယ်မောလိုက်ပြန်လေ၏။

...

ရှန်းယီသည် ဟင်းလင်းပြင်ထဲသို့ တိတ်ဆိတ်စွာ ကြည့်လိုက်လေ၏။ တောသခင် ၏ ပါရမီဖြင့် သူ၏ အမြင်အာရုံမှာ ပိုမို အားကောင်းနေပေသည်။

စစ်သူကြီးချုပ်နှင့် အတန်ငယ် ဆင်တူသော ယင်ဝိညာဉ်တစ်ခုသည် အာချမ်၏ နောက်ကွယ်တွင် ရပ်နေပြီး၊ သူ၏ အမူအရာမှာ တည်ငြိမ်နေပေသည်။

ထို့နောက် ၎င်းသည် ကျေးဇူးတင်သည့် အရိပ်အယောင်ဖြင့် ရှန်းယီကို ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်လေ၏။

ရှန်းယီသည်လည်း ခေါင်းငြိမ့်၍ ပြန်လည် တုံ့ပြန်လိုက်လေသည်။

ထို့နောက် သူသည် အာချမ်၏ ကလေးဆန်သော အပြုအမူများကို စိတ်ဝင်တစား ဆက်လက် ကြည့်ရှုနေလေ၏။

သူမ ဆဲဆိုလိုက်တိုင်း စစ်သူကြီးချုပ်၏ အကူအညီမဲ့မှုမှာ တိုးပွားလာလေသည်။

သူသည် ကျန်းချိုလန်ကို သတိပေးရန် ရည်ရွယ်ချက် မရှိပေ။

မည်သို့ပင်ဆိုစေကာမူ စစ်သူကြီးချုပ် ရောက်ရှိလာခဲ့သော်လည်း၊ သူသည် ချင်ကျိုး၏ နယ်နိမိတ်အတွင်း၌သာ နေထိုင်ခဲ့ပြီး နောက်ထပ် ခြေလှမ်းတစ်လှမ်းကို မလှမ်းခဲ့ပေ။

ကျန်းယွမ်ဟွာသည် ရှန်းယီကို ထပ်မံ ကြည့်ရှုလိုက်လေ၏။

အာချမ်၏ စကားများကြားတွင် နတ်ဆိုးဘုရင်လေး သေဆုံးမှု၏ အသေးစိတ်အချက်အလက်များမှာ ပိုမို ရှင်းလင်းလာခဲ့ပေသည်။

ထိုသို့ဖြစ်ရာ ဤနှစ်များတစ်လျှောက် သူ စီစဉ်ခဲ့သမျှ အရာအားလုံးသည်၊ နောက်ဆုံးတွင် ဘိုင်ယွင်ခရိုင်မှ ရုတ်တရက် ပေါ်ထွက်လာသော လူငယ်လေးတစ်ဦးနှင့် နှိုင်းယှဉ်၍ မရနိုင်ခဲ့ပေ။

အခြားတစ်ဖက်လူသည် နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ဝင်ရောက်ခဲ့သော်လည်း ဒေသဆိုင်ရာ စစ်ဌာနချုပ်၌ မနေထိုင်ဘဲ၊ သူ၏ တပည့်လေးကို ထားရစ်ခဲ့ကာ ရွှေယွင်ရွာ ၊ ထို့နောက် ချင်းဖုန်းတောင် သို့ သွားရောက်ခဲ့ပေသည်... တစ်လမ်းလုံးတွင် အခြားသူများ နားမလည်နိုင်သော အရှိန်အဝါဖြင့် သူ၏ လက်ရှိအဆင့်သို့ ခုန်ပျံတက်လှမ်းခဲ့ပေသည်။

ထို့နောက် အရိုးရှင်းဆုံးနှင့် အကြမ်းတမ်းဆုံး နည်းလမ်းဖြင့် သူ၏ အိပ်မက်ဆိုးကို ချေမှုန်းပေးခဲ့လေသည်။

ကျန်းယွမ်ဟွာ၏ အကြည့်သည် တစ်ဖက်လူ၏ ခါးရှိ ရွှေရောင်သင်္ကေတပါသော ဓားအိမ်ပေါ်သို့ ကျရောက်သွားလေ၏။

လူများစွာ၏သူ့အားမေးနေသည့်မေးခွန်း သူ၏ နားထဲ၌ ရုတ်တရက် ပဲ့တင်ထပ်လာပြန်လေ၏။

မင်း နောင်တရလား။

အကယ်၍ သူ ကြိုတင် သိရှိခဲ့ပါက သူသည် နောင်တရမိမည်မှာ သေချာလှပေသည်၊ သို့သော် ဤလောကတွင် ထိုကဲ့သို့သော ကောင်းမြတ်သည့် အရာမျိုး ဘယ်မှာ ရှိပါမည်နည်း။

ထို့ကြောင့် သူ နောင်တမရပေ။

သူသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ထိုနေရာမှ လှည့်၍ ထွက်ခွာသွားလေတော့သည်။

"အဘွားကြီး၊ သွားကြမယ်"

ဝူဖုန်းသည် မျက်လုံးလှန်ပြလိုက်ပြီး အာချမ်ကို သူ၏ ပုခုံးပေါ်သို့ ဆွဲတင်လိုက်လေသည်။

နတ်ဆိုးဘုရင်လေး သေဆုံးမှုမှာ လူတိုင်း၏ စိတ်နေစိတ်ထားကို သိသိသာသာ ပြောင်းလဲစေခဲ့ပေသည်။

ရှန်းယီမှလွဲ၍ပင်။

သူသည် အမြန်ဆုံးပြန်ပြီး၊ အသစ်ရရှိထားသော ရတနာများကို စမ်းသပ်ကြည့်ကာ၊ နတ်ဆိုးဘုရင်လေးကို သူ၏အခြေခံအုတ်မြစ်အသစ် ဖြစ်လာစေရန်သာ ဆန္ဒရှိနေပေတော့သည်။

All Chapters