← Chapters

ပိုအတင့်ရဲလာခြင်း

Vol. 45 Ch. 625

ပိုအတင့်ရဲလာခြင်း

Vol. 45 Ch. 625

ဖုန်း ဖုန်း ဖုန်း

သွေးညအကြောက်တရား ပင်လယ်ထက်၌ မိုးကြိုးများပစ်လျက် လျှပ်စီးများ လက်နေသည်။ လျှပ်စီးလုံးများသည် ရက်စက်ကြမ်းကြုတ်သော အဖြူရောင်မြွေများပမာ ဝီးကနဲ ပေါ်လာလျက် ပင်လယ်ထဲ၌ ပျောက်ကွယ်သွားတော့သည်။ ယင်းက သွေးညအကြောက်တရား ပင်လယ်အတွင်းရှိ တမူထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

ကျွန်းလေးတစ်ကျွန်းပေါ်၌ လေများတဖြူးဖြူး တိုက်ခတ်နေပြီး မိုးသီးမိုးပေါက်များ ရွာသွန်းကျနေ၏။ ပုဆိန်ပေါက် ရွာသွန်းသော မိုးထဲ၌ အုန်းပင်များက ပြိုလဲယိမ်းယိုင်ကုန်၏။ အုန်းတောအုပ် အလယ်ရှိ တဲလေးထဲတွင် မှိန်ဖျော့ဖျော့ အလင်းရောင် ရှိနေသည်။ မုန်တိုင်းအလယ်တွင် ယင်းက ယိမ်းခါမသွားဘဲ ငရဲထဲရှိ ဘေးကင်းရာ နေရာတစ်ခုပမာ ငြိမ်းချမ်းနေသည်။

“အို”

တဲထဲရှိ ဖယောင်းတိုင် မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် သံချပ်ကာဝတ်ထားသော လူငယ်လေးတစ်ဦးက နှင်းဖြူရောင် ကော်ဇောပေါ်၌ တင်ပြင်ခွေချိန် ထိုင်နေလေ၏။ သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မိန်းမပျိုလေးနှစ်ဦးသည် အံ့သြမှုကြောင့် ထိတ်လန့်ပြီး အသက်ရှု မြန်လာကာ သူတို့၏ လှပသော အမို့အမောက်တို့သည် နိမ့်တုန်မြင့်တုန် ဖြစ်နေတော့၏။ ယင်းက မျက်စိဖမ်းစားနိုင်သော မြင်ကွင်းဖြစ်သည်။

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲရှိ အဖြစ်အပျက်နှင့် သူ့အခြေအနေအကြောင်း သူတို့ကို ပြောပြခဲ့၏။ ကျန်းရီ၏ ရန်သူတော်များ သိပ်အစွမ်းထက်လွန်းတာကို သိပြီးသောအခါ သူတို့ ထိတ်လန့်သွားကြသည်။

ဖုန်းလန်သည် အသက်နှစ်ချက် ရှုလိုက်ပြီးနောက် ကျန်းရီကို တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်တော့သည်။

“သခင်လေး သခင်လေးက သိပ်အံ့သြဖို့ ကောင်းတာပဲ။ ဆန်းကြယ်နတ်ဘုရား နန်းတော်ရဲ့ အစောင့်အရှောက်ကို စည်းမျဉ်းတွေ ပြောင်းလဲအောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ ဖြစ်လောက်တယ်”

ဖုန်းလန်၏ မျက်လုံးများက ကြယ်များပမာ တောက်ပနေတော့သည်။ သူမက စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချကာ ပြောလိုက်တော့၏။

“ကျွတ် ကျွတ် သခင်လေးက ဧကရာဇ်ကိုးပါး မျိုးနွယ်စုရဲ့ မျိုးဆက်တွေထက် ထွန်းလင်းတောက်ပပြီး မီးတိမ်သံချပ်ကာ ကောင်းကင်ရှောင်တိမ်း နတ်ဘုရားသိုင်းနဲ့ နဂါးညှိုးရော်မြက်တို့ကို သခင်လေးဘာသာ ရခဲ့တာ။ သခင်လေးရဲ့ နာမည်က လပိုင်းအတွင်း အရှေ့ပိုင်း တော်ဝင်နယ်မြေ တစ်ခုလုံး ပျံ့သွားမှာပဲ။ ဟား ဟား ဖုန်းအာက သခင်လေးအတွက် ဂုဏ်ယူတယ်”

ကျန်းရီက မျက်လုံးလှန်ကြည့်လိုက်ကာ နှုတ်ဆိတ်နေသော အမူအရာဖြင့်သာ ပြန်ပြောလေ၏။

“ဒါက အဓိကအချက်မဟုတ်ဘူး။ အဓိကအချက်က နောင်ကျ မရေမတွက်နိုင်တဲ့လူတွေ လိုက်တာကို ရင်ဆိုင်ရမှာပဲ။ မင်းတို့နှစ်ယောက် ပြန်သွားရမယ်”

“ဟား ဟား”

ချင်ယွီသည် သူမ၏ ပန်းရောင်လျှာလေးကို တစ်လစ်ထုတ်ပြီး သူ့ကိုကြည့်လိုက်၏။

“မရဘူး။ ကျွန်မတို့ ပြန်မသွားဘူး။ သခင်လေးကအခု အဖိုးမဖြတ်နိုင်တဲ့ ရတနာသုံးမျိုး ရလာပြီ။ နာမည်ကျော်ကြားလာပြီဆိုတော့ ကျွန်မတို့ကို ဖယ်ချင်နေတာပဲ။ မဖြစ်နိုင်ဘူး”

ဖုန်းလန်က ပြုံးပြီးပြောလိုက်တော့သည်။ သူမက စိတ်အေးလက်အေး ရှိနေပုံပေါ်ကာ သိမ်မွေ့စွာ ပြောလိုက်၏။

“သခင်လေးမှာ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်း ရှိနေပြီ။ မျက်တောင်တစ်ခတ်အတွင်း ကီလိုမီတာ သန်း(၁၅၀)ကို သွားနိုင်တယ်။ သခင်လေးမှာ ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်လည်း ရှိနေပြီ။ ကီလိုမီတာ တစ်သောင်းအတွင်းမှ အဖြစ်အပျက်တွေကို အလွယ်တကူ ရှာနိုင်တာပဲ။ ဘယ်သူကများ ကျွန်မတို့ကို ဖမ်းနိုင်မှာလဲ”

“ဒါက မင်းတို့ထင်သလို မရိုးရှင်းဘူး”

ကျန်းရီက နှာခေါင်းရှုံ့ကာ ပြောလိုက်လေ၏။

“အစောတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ မှတ်မိလား။ ငါပြန်လည်ကုစားတာ တစ်နာရီပဲ ရှိသေးတယ်။ လိုက်နေတဲ့ တပ်ဖွဲ့တွေက ဒီကိုရောက်လာပြီးပြီ။ ဧကရာဇ်ကိုးပါး မျိုးနွယ်စု ဘယ်လောက်အစွမ်းထက်လဲ။ သူတို့ပိုင်ဆိုင်ထားတဲ့ မှော်စွမ်းရည်တွေကို ငါတို့သိလို့လား။ အရှေ့ပိုင်း တော်ဝင်နယ်မြေမှာ မျိုးနွယ်စု တစ်သောင်းရှိပြီး သူတို့တွေမှာ ထူးဆန်းပြီး အရည်အချင်းရှိတဲ့ စွမ်းရည်တွေ ရှိမှာပဲ။ အနှေးနဲ့အမြန် သူတို့ငါ့ကို ရှာတွေ့လိမ့်မယ်။ ဆွေးနွေးနေစရာ အကြောင်းမရှိဘူး။ မင်းတို့ကို မနက်ဖြန် ပြန်ပို့ပေးမယ်။ ထပ်ပြောမယ်ဆိုရင် ဂရုစိုက်။ မင်းတို့နှစ်ယောက်လုံးကို သတ်အောင် ဖိအားပေးမိလိမ့်မယ်။ ဟမ်း ဟမ်း”

ထိုအကြောင်းအရာကို ပြောသည်နှင့် ချင်ယွီလေးက မပျော်ရွှင်တော့ပေ။ သူမက ခါးမတ် ရင်ကော့ကာ ပမာမခန့် အမူအရာဖြင့် ပြောလိုက်သည်။

“သခင်လေး ကျွန်မတို့ကို ခြောက်လန့်လို့ မရဘူး။ သခင်လေး ဆန္ဒရှိသလိုပဲ ချင်ယွီက ဒီမှာနေမှာ။ သခင်လေး အဲ့လိုလုပ်မှာကို စောင့်နေမှာ ဟူး”

ချင်ယွီသည် ထိုအကြောင်းအရာကို တွေးမိသည့်အချိန်၌ သူမ၏ လှပသော မျက်နှာက ရဲသွားကာ ဖုန်းလန်သည်လည်း ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့လိုက်၏။ ကျန်းရီက ရန်စခံလိုက်ရသောကြောင့် ချင်ယွီကို လှမ်းဆွဲပြီး သူမကိုယ်ကို သူ့ခြေထောက်ပေါ် ဆွဲမှောက်လိုက်သည်။ သူက သူမကို ရိုက်လိုက်ပြီးနောက် ဒေါသတကြီး အော်လိုက်တော့၏။

“ငါက မင်းကို ကြင်နာလွန်းနေတာပဲ။ မင်းကပိုပြီး ရဲတင်းလာနေတယ်။ ငါ့ကိုအနိုင်ကျင့်တာ ဉာဏ်ရှိတဲ့လုပ်ရပ်လို့ တကယ်ထင်နေလား”

ဖြန်း ဖြန်း ဖြန်း

တဲအိမ်လေးထဲတွင် ရိုက်သံများ ပေါ်ထွက်လာသည်။ ကျန်းရီက စိတ်အခြေအနေ မကောင်းပေ။ သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံကိုသာ သုံးထားပြီး တင်ပါးကို ပုံပျက်သွားစေတော့သည်။

ကျန်းရီက ဆယ်ချက်ခန့် ရိုက်ပြီးနောက် ရပ်တန့်သွား၏။ သူက ချင်ယွီကို စိတ်ဓာတ်ကျစွာ ကြည့်လိုက်သည်။ သို့သော်သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“မင်းအခု နာတယ်ဆိုတာ သိပြီလား။ ငါ့ကိုကြောက်လား။ ငါပြောတာ နားမထောင်ရင် တင်ပါးတွေ ဖူးယောင်လာတဲ့အထိ ရိုက်ပစ်မှာ”

သို့သော် သူ့အဖို့ အံ့သြသွားရသည်က ချင်ယွီသည် ကျန်းရီဘက်သို့ ရှက်သွေးဖြာသော မျက်နှာဖြင့် လှည့်ကြည့်လာတာပဲဖြစ်သည်။ သူမ၏ မျက်ဝန်းထဲ၌ ချစ်ခင်မှုများ ပြည့်နေ၏။

“သခင်လေး ခံစားရတာ သိပ်ကောင်းတာပဲ။ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ပိုလိုချင်တယ်”

“သေစမ်း”

ထိုကဲ့သို့ နှိမ့်ချတတ်သည့် လူမျိုးကို ကျန်းရီ ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။ သို့သော် ချင်ယွီ၏ အပျက်ဆန်သော အပြုအမူများက သူ့ကို တုန်ယင်စေသေးသည်။ ချင်ယွီ၏ နုနယ်သော ခန္ဓာကိုယ်က သူ၏ခြေထောက်ပေါ်တွင် ရှိနေပြီဖြစ်ကာ သူမ၏ ရင်သားများသည် သူ့ကိုတင်းကျပ်စွာ ဖိကပ်မိနေသည်။ အစောပိုင်းက သူမကို သူရိုက်နေစဉ်နှင့် သူမ၏ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် လှုပ်ခါလာခဲ့ပြီး ကျန်းရီ၏ ခန္ဓာကိုယ်ကို အလိုအလျောက် တုန့်ပြန်စေတော့၏။ ချက်ချင်းပင် အာခြောက်လာပြီး ခန္ဓာကိုယ်ကို မိစ္ဆာမီးတို့ ဝါးမျိုလာသည်ဟု ခံစားလာရသည်။

“သခင်လေး ပိုရိုက်ပါအုံး၊ သိပ်သက်သောင့်သက်သာ ရှိတာပဲ”

ချင်ယွီက ကျန်းရီ တိတ်နေသေးတာကို မြင်သောအခါ သူ့ကိုတောင်းဆိုလိုက်၏။ သူမ၏ ခုခံမရသော မသံက ကျန်းရီကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားစေသည်။

ဖြန်း ဖြန်း ဖြန်း

သူက လက်မြှောက်ပြီးနောက် ပြင်းထန်စွာ ရိုက်လိုက်လေသည်။ ရိုက်ချက်တိုင်းသည် ချင်ယွီကို သာယာမှုကြောင့် အော်ညဉ်းစေသည်။ သူမ၏အသံက ဤလောကထဲရှိ အကောင်းဆုံး အချစ်ဆေးရည်သဖွယ် ကျန်းရီကို စိတ်ထလာစေ၏။

သူကသူမကို ရိုက်နေစဉ် ကျန်းရီ၏လက်က ဖြေးဖြေးချင်း ပျော့သွားပြီး အဆုံးတွင်မူ ပွတ်သပ်မှုအဖြစ် ပြောင်းသွားလေ၏။ သူကတင်ပါးကို ထပ်ခါထပ်ခါ ပွတ်သပ်နေပြီးနောက် ရံဖန်ရံခါတွင် အက်ကွဲကြောင်းနားဆီသို့ ရောက်သွားတော့၏။ ချင်ယွီ၏ အော်ညဉ်းသံကြောင့် ပူလောင်လာ၏။

“မိန်းမပျက်လေးက အတော် ဉာဏ်ထက်တာပဲ”

ဖုန်းလန်ကလည်း ပူလောင်လာသည်။ သူမ၏ အရေပြားက နီလာပြီး သူမ၏နားရွက်များ လည်ပင်းများလည်း ပူထူလာတော့သည်။ ခေါင်းငုံ့လိုက်သည့်တိုင် သူမ၏ မျက်ဝန်းထဲ၌ တပ်မက်မှုများ ပြည့်နေ၏။ ချင်ယွီအဘယ့်ကြောင့် ထိုသို့ပြုလုပ်ခဲ့မှန်း အတိအကျသိသည်။ ကျန်းရီသာ သူမ၏ခန္ဓာကိုယ် ရသွားခဲ့လျှင် သူကသူမကို ထားခဲ့ဖို့ မဖြစ်နိုင်တော့ပေ။

သူမသည် ကျန်းရီကို ချောင်းကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည့်အကြည့် ပေါ်လာတော့သည်။ ရုတ်တရက် ထရပ်လိုက်ပြီး ကျန်းရီနောက်သို့ သွားလိုက်သည်။ သူမက ကျန်းရီကို ဖက်ထားလျက် သူ၏သံချပ်ကာကို သူမ၏ ပွင့်လွှာများဖြင့် ဖိကပ်လိုက်တော့သည်။ တစ်ချိန်ထဲတွင် ပန်းရောင်လျှာလေးကို ထုတ်ကာ နားရွက်ကို လျက်လိုက်တော့၏။

ဖုန်း

ကျန်းရီ၏ စိတ်ဝိညာဉ်က မိုးကြိုးအပစ်ခံလိုက်ရသည့်ပမာ တုန်တက်သွားတော့သည်။ ဤမီးဝိညာဉ် သံချပ်ကာသည် ထူထည်းပြီး မာကြောပုံရသော်ငြား ယခုအချိန်တွင် ပါးလျှသော ဝတ်ရုံနှင့် ခြားနားနေသည်။ သူ၏နောက်ကျောကို ဖွံ့ထွားသောရင်တို့ ဖိကပ်လာတာကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ ထို့အပြင် လျှာ၏အံ့သြဖွယ် အထိအတွေ့ပါ ပေါင်းလိုက်လေရာ သူတို့ခန္ဓာကိုယ်မှ ညို့ငင်နိုင်စွမ်းရှိသော အနံ့အသက်တို့သည်သူ့ကို ယမက်ပင်လယ်အတွင်း အပြည့်အဝ နစ်မွန်းသွားစေတော့သည်။

ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲ၌ တစ်လတာကို ကျော်လွန်ရန် အင်မတန် ခက်ခဲခဲ့သည်။ သူက သေရန်ပြင်ဆင်ပြီးသားဖြစ်ကာ ဖိအားအောက်သို့ ကျရောက်ခဲ့သည့် အခွင့်အရေးများက သူ့ကို ရှင်သန်ခွင့်ပေးခဲ့ပြီး အဖိုးမဖြတ်နိုင်သော ရတနာသုံးမျိုးလည်း ရခဲ့၏။ သို့သော် ရီဖျောင်ဖျောင်ကို အချိန်တိုအတွင်း မရှာနိုင်ဟူသည့် စိတ်ဝိညာဉ်ကို အောက်ခြေထိရောက်အောင် လေးလံသွားစေမည့် သတင်းလည်းရခဲ့သည်။

ထို့အပြင်သူက ရှီးမျိုးနွယ်စု ထူမျိုးနွယ်စုတို့နှင့် သိုင်းခန်းမတို့၏ ရန်သူဖြစ်လာခဲ့သည်။ မသေချာ မရေရာသော အနာဂတ်က စိတ်ထဲတွင် ပိုစွန်းထင်းလာတော့၏။ ယခုအချိန်တွင် သူတို့နှစ်ယောက်ကြောင့် သူသည် နိုးဆွခံလိုက်ရကာ အာရုံတို့ကို မထိန်းထားတော့ပေ။ ခါးသက်မှုအတွက် ထွက်ပေါက်လိုအပ်နေပြီး သူ့ရင်ထဲ၌ ပုန်းခိုနေသော ဒေါသကို ဖွင့်ထုတ်ရမည်။

အရာအားလုံးက သဘာဝကျနေ၏။ သူတို့သည် တောမီးတွင် ဆုံတွေ့ကြသည့် လျှပ်စီးများပမာ ကိစ္စရပ်များက မရပ်မနားနိုင် ဖြစ်သွားတော့သည်။

အနီရောင်အလင်းက ကျန်းရီ၏ ခန္ဓာကိုယ်တွင် ဖျတ်ခနဲပေါ်လာပြီး မီးတိမ်သံချပ်ကာက သူ၏ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားတော့သည်။ သူသည် ချင်ယွီ၏ ဝတ်ရုံကို လက်တစ်ဖက်က ဖြဲလျက် ချင်ယွီ၏ ရင်တို့ကို ဖွင့်ချလိုက်တော့သည်။ သူ၏ကျန်သည့် လက်တစ်ဖက်ကမူ ကျန်ရှိသည့် အဝတ်အစားများကို အပိုင်းပိုင်းအစစဖြစ်အောင် ပြုလုပ်လိုက်သည်။

ဟူး

ချင်ယွီ၏ဝတ်ရုံ ဆုတ်ဖြဲခံရပြီးနောက် ပြီးပြည့်စုံသော ခန္ဓာကိုယ်သည် ကျန်းရီရှေ့၌ ပေါ်လာပြီး သူက တောရိုင်းတိရိစ္ဆာန် တစ်ကောင်သဖွယ် အော်လိုက်တော့သည်။ ကွေးညွှတ်ပြီးနောက် သူမ၏ နီထွေးသော နှုတ်ခမ်းများကို နမ်းရှိုက်လိုက်၏။ လက်ကလည်း တစ်ကိုယ်လုံးအနှံ့ ရွေ့လျားနေကာ ကျန်းရီကို ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ပမာ အပြည့်အဝ ပြောင်းလဲသွားစေတော့၏။

ခစ် ခစ်

နောက်တွင်ရပ်နေသော ဖုန်းလန်က ချင်ယွီကို သူကိုက်ခဲ့ပြီး ပွတ်သပ်နေတာကို မြင်သည့်အချိန်၌ ရယ်မောတာ မရပ်တန့်တော့ဘဲ ကျန်းရီအဝတ်အစားများ ဖယ်ရှားနိုင်အောင် ကူညီပေးလိုက်သည်။ တစ်ချိန်ထဲတွင် သူမ၏ အဝတ်အစားများကိုလည်း ဖယ်ရှားလိုက်ပြီး လျှာထုတ်ကာ ကျန်းရီ၏ လည်ပင်းကို စနမ်းလိုက်တော့သည်။

ခွမ်း

အပြင်ဘက်ရှိမိုးက ပိုသည်းထန်လာပြီး တဲအိမ်လေးထဲရှိ မြင်ကွင်းကလည်း ပိုပိုပြီး ညှို့ငင်လာနိုင်တော့သည်။

***

All Chapters