← Chapters

ထွက်သွား

Vol. 46 Ch. 627

ထွက်သွား

Vol. 46 Ch. 627

ကုန်းမြေ ပင်လယ်ဒေသက နီးကပ်လေ ကျွန်းစုများ ပိုများလေဖြစ်ပြီး နက်ရှိုင်းသော ပင်လယ်ထဲတွင်မူ ကျွန်းစု ပိုနည်းလေ၏။ နတ်မြင်းပျံ အင်ပါယာနှင့် အတော်နည်းနေလေရာ ဤနေရာတွင် ကျွန်းတစ်ကျွန်း ရှာတွေ့ရန် ခက်ခဲသည်။ ကျန်းရီသည် ထိုကဲ့သို့ ပုန်းနိုင်သည့် နေရာကောင်းတစ်ခုကို အလျှော့မပေးချင်ပေ။ ပင်လယ်ထဲ၌ နတ်ဆိုးဧကရာဇ်တစ်ပါး ရှိနေရုံသာဖြစ်သည်။

ယင်းက ကျန်းရီကို အနည်းငယ် အခက်တွေ့စေသော်ငြား သူတုံ့ပြန်တာ အလွန်မြန်ဆန်သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ပေါ်၌ မီးတိမ်သံချပ်ကာ ပေါ်လာပြီး ကောင်းကင်စိတ်အာရုံကို နက်ရှိုင်းသည့် ပင်လယ်ဆီ ဖြန့်ကျက်ကာ နတ်ဆိုးဧကရာဇ်၏ ခွန်အားကို ရှာဖွေလိုက်၏။ သို့မှသာ သူ နောက်ပိုင်းတွင် ဆုံးဖြတ်ချက် ချနိုင်မှာပဲဖြစ်သည်။

သူသည် အတွေ့အကြုံမရှိသည့် ကောင်လေး မဟုတ်တော့ပေ။ သူ၏ထာဝရကြေးမှုံသည် ပဉ္စမအဆင့် ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာထံမှ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိပြီး ဤမီးတိမ် သံချပ်ကာက အတုအယောင် နတ်ဘုရား အသုံးအဆောင်တောင် ဖြစ်နေသေးသည်။ ကျန်းရီက သာမာန်တိုက်ကွက်ကြောင့် သူထိခိုက်ဒဏ်ရာ ရနိုင်မှာမဟုတ်ဟု ယုံကြည်ချက်ရှိသည်။ ထို့အပြင် သူက ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို သိထားပြီး အချိန်မရွေး ထွက်ပြေးနိုင်သည်။ သူ့ကိုယ်သူ ကာကွယ်ရန် ရတနာများနှင့် မှော်စွမ်းရည်များစွာ ရှိနေသောကြောင့် သူသတ္တိ ပိုရှိလာတော့သည်။

“မင်းအသက်ရှင်ရတာ ငြီးငွေ့နေတာပဲ ဖြစ်ရမယ်”

ပင်လယ်အောက်ထဲမှ ဒေါသတကြီး အော်သံက ထွက်ပေါ်လာလေ၏။ ကျန်းရီသည် နတ်ဆိုးဧကရာဇ်ကို ရှာမတွေ့သေးပေ။ သို့သော် သူ့နားတစ်ဝိုက်ရှိ ပင်လယ်ရေက တလိမ့်လိမ့် တက်လာတော့၏။ များစွာသော လှိုင်းများသည် နဂါးများအဖြစ် ပြောင်းလဲသွားပြီး ကျန်းရီဆီသို့ တစ်ဟုန်ထိုး ဝင်လာကြသည်။ မျောလွင့်နဂါးတိုင်းက ပေါင်တစ်သန်းခန့် အင်အားကို သယ်ဆောင်လာသည်။ သာမာန် သိုင်းပညာရှင်တစ်ဦးက အရိုက်ခံရလျှင် သေမှာသေချာနေ၏။

“ဟမ့်”

ကျန်းရီ၏ ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီးနောက် သူချက်ချင်း ပျောက်ကွယ်သွားတော့သည်။ မျောလွင့်နဂါး (၁၂)ကောင်သည် တစ်ကောင်နှင့်တစ်ကောင် တိုက်မိပြီး အားလုံးက လှိုင်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်တိုင် မိုးသက်မုန်တိုင်း ဖြစ်စေတော့သည်။

ဘီး

ကျန်းရီ၏ လက်ထဲတွင် ဧကရီနန်းတော်က တောက်ပလာပြီး ကောင်းကင်ထဲ၌ ဖုန်းလန် ပေါ်ပေါက်လာသည်။ ချင်ယွီက နတ်ဆိုးဧကရာဇ်ကို ဖြေရှင်းရန် အားနည်းလွန်းနေသောကြောင့် ကျန်းရီကသူမကို မထုတ်ခဲ့ပေ။ အစောတုန်းကသူသည် ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို အသုံးပြုစဉ်နှင့် ဝေးဝေးလံလံ မသွားခဲ့ပေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်က အားအင်ကုန်ခမ်းခြင်း မရှိသေးပေ။ သို့သော် ဖုန်းလန်ကို ထုတ်လိုက်တာက ပိုစိတ်ချရသည်။ သူမ၏ အမှောင်တာအိုက ရန်သူကို ပြန်တိုက်ခိုက်ရာ၌ အထောက်အကူကြီး ဖြစ်စေလိမ့်မည်။

“သခင်လေး”

ဖုန်းလန်က ကျန်းရီဘေးသို့ ရောက်လာ၏။ သူမက လက်တစ်ဖက်တွင် သူ့ကိုဆွဲကိုင်လျှက် ပျံတက်သွားသည်။ အောက်ရှိ အခြေအနေကို ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး စစ်ဆေးလိုက်၏။ မကြာမီတွင် သူမနှင့်ကျန်းရီ နှစ်ဦးလုံးက သုန်မှုန်သွားသည်။ ရေသူနတ်ဆိုး ဧကရာဇ်ထက် ပိုတောင်အစွမ်းထက်သည့် အရှိန်အဝါကို သူတို့ရှာတွေ့သွားသောကြောင့် ဖြစ်၏။ သို့သော် ခြင်္သေ့ချည် နတ်ဆိုးဧကရာဇ်ထက်မူ အားနည်းနေသေးသည်။

“တိုက်ခိုက်မလား ပြေးမလား”

ကျန်းရီက ဆုံးဖြတ်ရတော့သည်။ နောက်ဆုံးတွင်သူက နေရာကောင်းတစ်ခု တွေ့ပြီဖြစ်ကာ ယခုအလျှော့ပေးရန်က နှမြောစရာ ကောင်းလွန်းနေသည်။ နောက်ဆုံးတွင် လှည့်ကြည့်လာပြီး စိတ်ပြင်ဆင်လိုက်၏။ အကြောက်တရား ပင်လယ်တွင် နတ်ဆိုးဧကရာဇ်များ၏ နယ်မြေဖြစ်သည်။ သူမည်သည့်နေရာသို့ သွားစေကာမူ နတ်ဆိုးဧကရာဇ်များနှင့် ကြုံတွေ့မှာပဲဖြစ်သည်။ သူရှာတွေ့ထားသည့် တစ်နေရာကို ကရုစိုက်တာ အဆင်ပြေမည်။

“ဖုန်းအာ အခြေအနေကို ထိန်းချုပ်ဖို့ ငါ့ကိုကူညီပေး။ မီးတိမ်သံချပ်ကာရဲ့ ခုခံခြင်းစွမ်းအားကို သွားစမ်းသပ်ကြည့်မယ်”

ကျန်းရီက အော်လိုက်ပြီးနောက် ပြန်သွားလိုက်သည်။ ဖုန်းလန်က ခေါင်းညိတ်လိုက်၏။ သူမက မီးတိမ်သံချပ်ကာကို ယုံကြည်ချက်ရှိသည်။ ဤနတ်ဆိုးဧကရာဇ်သည် မီးတိမ်သံချပ်ကာကို အလွယ်တကူ ဖြိုခွင်းနိုင်ခဲ့လျှင် ယင်းက အတုအယောင် နတ်ဘုရား အသုံးအဆောင်ဟူသော ဘွဲ့အမည်နှင့် ထိုက်တန်မှာမဟုတ်ပေ။

ဖုန်း ဖုန်း ဖုန်း

သူတို့အောက်ရှိ ပင်လယ်ရေက စတင်ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော မျောလွင့်နဂါးများကလည်း တစ်ဟုန်ထိုး တက်လာကာ ကျန်းရီဆီ တိုးဝင်လာ၏။ ကျန်းရီတွင် မီးဝိညာဉ်ပုလဲနှင့် သွေးနဂါးတို့ ရှိနေလေသည်။

“ဟမ့်”

ကျန်းရီသည် ယခုအခေါက်တွင် မရှောင်တိမ်းခဲ့ပေ။ သူက မီးတိမ်သံချပ်ကာထဲ အတွင်းအား ထည့်လိုက်ရာ ချက်ချင်းပင် ကောင်းကင်ကို တောက်ပသည့် အနီရောင်က လွှမ်းခြုံသွားတော့သည်။ ဖုန်းလန်တောင် ကျန်းရီကို မကြည့်ရဲတော့ချေ။ ထိုနေရာတွင် ပူလောင်ပြင်းပြသော နေတစ်စင်း ရှိနေသည့်ပမာ အစွမ်းထက်သည့် အရှိန်အဝါတို့က ကျန်းရီနားဆီ၌ ထွက်ပေါ်နေသည်မှာ ဖုန်းလန်ကို စိတ်ဓာတ်ကျသွားစေ၏။

ဖုန်း ဖုန်း ဖုန်း

မျောလွင့်နဂါး တစ်ဒါဇင်ကျော်က ကျန်းရီနှင့် တိုက်မိပြီး သူတို့က ပင်လယ်ရေအဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့ လွင့်စဉ်ကုန်၏။ သို့သော် ကျန်းရီ၏ ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာ ရခြင်းမရှိပေ။ အကောင်းပကတိ ဖြစ်နေခြင်းကြောင့် နောက်သို့တောင် မဆုတ်လိုက်ရပေ။

“ဒီမီးတိမ်သံချပ်ကာရဲ့ ခုခံခြင်းစွမ်းအားက တကယ် အထင်ကြီးဖို့ ကောင်းတာပဲ။ အတုအယောင် နတ်ဘုရား အသုံးအဆောင်လို့ ခေါ်ဖို့ထိုက်တန်ပါပေတယ်”

ဖုန်းလန်၏ လှပသော မျက်ဝန်းက အလွန်တောက်ပသွားတော့သည်။ သူမသည် ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည့် ပုံရိပ်ကို မြတ်နိုးစွာ ကြည့်လိုက်၏။ အချစ်က မျက်ကန်းဖြစ်စေသည်။ ကျန်းရီသည် ယခုအချိန်တွင် ကျက်သရေရှိပြီး လေးစားဖွယ် သံချပ်ကာကို ဝတ်ဆင်ထားရာ အင်မတန် အထင်ကြီးဖွယ် ကောင်းနေတော့၏။

“ဖုန်းအာ လာခဲ့ တိုက်ခိုက်ကြမယ်”

ကျန်းရီ၏အော်သံက ဖုန်းလန်ကို သတိတရားတို့ ပြန်ရသွားစေသည်။ သူမက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ နတ်ဆိုးဧကရာဇ်ကို လျှင်မြန်စွာ ရှာတွေ့သွားသည်။ နတ်ဆိုးဧကရာဇ်သည် မူလအခြေအနေတွင် မဟုတ်ဘဲ ထိုအစား လူပုံစံပြောင်းလဲထား၏။ သူက ရွှေရောင်အသားအရည်နှင့် ခေါင်းပေါ်တွင် ဦးချိုနှစ်ချောင်းရှိသည့် လူငယ်တစ်ဦးဖြစ်သည်။ နတ်မြင်းပျံ မျိုးနွယ်စုကလူနှင့် ဆင်တူပြီး မျက်ဝန်းများက ကျောစိမ့်ဖွယ် တောက်ပနေပြီး အရှိန်အဝါက ထွက်နေလေသည်။

သူသည် နက်ရှိုင်းသော ပင်လယ်ထဲမှ ပေါ်ထွက်လာပြီး သူ့နားတစ်ဝိုက် ပင်လယ်ရေများက မျောလွင့်နဂါး တစ်ဒါဇင်အဖြစ် ပြောင်းလဲသွားပြီးနောက် သူ့နားတစ်ဝိုက် စုဝေးလာတော့သည်။ ယင်းက သူ၏သွင်ပြင်ကို အလွန်ခမ်းနားသွားစေတော့၏။

“သေပေတော့”

ကျန်းရီ၏ ကိုယ်ပေါ်ရှိ သံချပ်ကာကို လောဘကြီးသည့်ပုံဖြင့် ကြည့်လိုက်သည်။ သူ၏နဂါး လက်သည်းကဲ့သို့ လက်များကလည်း လျှင်မြန်စွာ ဝှေ့ယမ်းလျှက် ရွှေရောင်စွမ်းအင်လုံး နှစ်လုံးကို ထုတ်ဖော်လိုက်ကာ ကျန်းရီဆီသို့ ချိန်ရွယ်လိုက်သည်။

ဝှစ် ဝှစ်

လက်ကိုလှုပ်ရှားသည်နှင့် မျောလွင့်နဂါး တစ်ဒါဇင်ကျော်က ကျန်းရီဆီသို့ တိုးဝင်လာကြသည်။ ချက်ချင်းပင် မျောလွင့်နဂါးများ နေရာအနှံ့ ပေါ်လာပြီး သူတို့၏ စိတ်ဓာတ်ကျဖွယ် အရှိန်အဝါက မွန်းကြပ်လုနီးပါး ဖြစ်စေကာ ကောင်းကင်ကို လှုပ်ခါစေတော့သည်။

အောက်ရှိပင်လယ်ရေများကလည်း လွင့်စဉ်လာပြီး လှိုင်းများကလည်း ခပ်ဝေးဝေးသို့ ပန်းထွက်ကုန်၏။

ဘီး

ကျန်းရီက ကရုမစိုက်ပေ။ ယခင်ကသူသည် အကြောက်တရားကို ခံစားမိကောင်း ခံစားနိုင်သော်ငြား ယခုအချိန်တွင်မူ မီးတိမ်သံချပ်ကာဖြင့် ဤနတ်ဆိုးဧကရာဇ်၏ အရှိန်အဝါကသူ့ကို သက်ရောက်မှု မရှိစေပေ။ သူကအလွယ်တကူ နေရာရွေ့ပြောင်းနိုင်၏။

ကျား

သူ့အထက်ရှိ ဖုန်းလန်က အမှောင်ထု တာအိုပုံစံတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ သူမနောက်ရှိ ကောင်းကင်က နက်မှောင်သွားပြီး အနက်ရောင် မြူများက ပကတိမျက်လုံးဖြင့် မြင်နိုင်သည့်နှုန်းဖြင့် ကောင်းကင်ထဲတွင် ပြည့်လာကာ ကျန်းရီနှင့် နတ်ဆိုးဧကရာဇ် နှစ်ယောက်လုံးကို ဝန်းရံလိုက်တော့သည်။

“သခင်လေး သခင်လေး အောက်ဘက် ဘယ်ဘက်ခြမ်း ၃၃ကီလိုမီတာမှာ နတ်ဆိုးဧကရာဇ်ရှိတယ်”

ကျန်းရီသည် နေရာချက်ချင်း ရွေ့ပြောင်းလိုက်သောအခါ သူ၏အမြင်က ရုတ်တရက် မှောင်မည်းသွား၏။ သို့သော် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ အစွမ်းထက်သော အရှိန်အဝါရှိသည့် အလုံးနှစ်လုံးကို ဝေဝါးဝါး ရှာတွေ့သွားသည်။ သူ၏စိတ်ဝိညာဉ်က အတော်လေး တိုးတက်လာကြောင်း ရှာတွေ့လိုက်သည့်အချိန်၌ သူပျော်ရွှင်သွားတော့သည်။ ဖုန်းလန်၏ အမှောင်ထု တာအိုပုံစံက သူ့အပေါ် သက်ရောက်မှုကလည်း နည်းသွားတော့သည်။

မီးနဂါးဓားက သူ၏လက်ထဲတွင် ပေါ်လာတော့၏။ ရုတ်တရက် ဘယ်ဘက်ခြမ်းဆီသို့ လွှဲခုတ်လိုက်ရာ မီးနဂါး အကောင်ရေ တစ်သောင်းကျော်က ပေါ်ထွက်လာပြီး ဘုံကိုးဘုံ၏ နဂါးမီးလျံ ဆယ်လုံးကို သယ်ဆောင်သွားတော့သည်။ သူသည် ယခုအခေါက်တွင် တမလွန်လောက တစ္ဆေမီးလျံများကို မထုတ်ဖော်ခဲ့ပေ။ သူ့၌ တစ္ဆေမီးလျံ အနည်းငယ်သာ ကျန်တော့သောကြောင့်ဖြစ်သည်။

ဖုန်း ဖုန်း

ကောင်းကင်ကို ကာထားသော မီးနဂါးများသည် လေထဲရှိ နတ်ဆိုးဧကရာဇ်ကို ရပ်တန့်သွားစေ၏။ ဘုံကိုးဘုံ၏ နဂါးမီးလျံများက သူ၏ခန္ဓာကိုယ်ကို ရိုက်မိပြီး အနက်ရောင် စွမ်းအင်လုံးကလည်း ချက်ချင်း အက်ကွဲသွားတော့သည်။

ဖုန်း ဖုန်း ဖုန်း

နတ်ဆိုးဧကရာဇ်သည် လွင့်သွားသော်ငြား ကျန်းရီနှင့် ဖုန်းလန်တို့ ထိတ်လန့်သွားရသည်က အပြင်ဘက် အရေခွံက မီးကြောင့် မည်းတူခြစ်သွားပြီး ဝတ်ရုံသည် ပြာကျသွားသည်မှအပ သူသည် ကျန်သည့်ဒဏ်ရာ မခံစားရပေ။

သို့သော် သူ့ခန္ဓာကိုယ်က ပူလောင်နေသောကြောင့် နာကျင်မှုကို ခံစားရသည်။ ဒေါသတကြီးဖြင့်သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ရွှေရောင်နတ်ဆိုးခွန်အားများကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။ အနီးပတ်ဝန်းကျင်ရှိ ပင်လယ်ရေတို့က လှိုင်းကြီးများအဖြစ် တက်လာပြီး ငါးထောင် ကီလိုမီတာအထိ မြင့်မားလာကာ အနက်ရောင်မြူများကို ဖြိုခွဲလိုက်တော့သည်။

“သေ သေ သေစမ်း”

သူက ဒေါသတကြီး အော်ဟစ်လိုက်ရာ အဆုံးမရှိ ပင်လယ်ရေတို့က ကောင်းကင်ဆီသို့ တက်သွားပြီး ကျန်းရီနှင့် ဖုန်းလန်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားနေသော မရေမတွက်နိုင်သည့် မျောလွင့်နဂါးများကို ခဲသွားစေတော့သည်။

နဂါးများက ဆယ်မီတာကျော်ခန့်ရှည်ပြီး အံ့သြဖွယ်ကောင်းသည့် အရှိန်အဝါ တည်ရှိ၏။ ထို့အပြင် မျောလွင့်နဂါးများသည် အစောတုန်းက ပေါ်လာသည့် အကောင်များနှင့် မတူပေ။ အကောင်တိုင်းသည် နတ်ဆိုးဧကရာဇ်၏ ရွှေရောင်နတ်ဆိုးခွန်အား ပါရှိသည်။ သူတို့က မျောလွင့်နဂါးများနှင့် မတူဘဲ ထိုအစား ကိုယ်ထည်ရှိသော နဂါးအစစ်အမှန်များ ဖြစ်လေသည်။

ရွှေရောင်နဂါး အကောင်ရေ တစ်သောင်းကျော်က ကောင်းကင်ထဲသို့ ဆက်လက် တိုးဝင်သွားသည်။ သူတို့က ကောင်းကင်ထဲ၌ လူးလွန့်နေပြီး သူတို့၏ ဟိန်းသံများက နားစည်ကွဲစေသည်။ အောက်ရှိ ပင်လယ်ရေတို့က တလိမ့်လိမ့် တက်လာပြီး ကောင်းကင်က ယိမ်းယိုင်သွားစေတော့သည်။ ပုံရိပ်က ဝိညာဉ်ကို တုန်လှုပ်စေပြီး ပင့်သက်ရှိုက်စေမိ၏။

“ဖုန်းအာ ပြေး”

ကျန်းရီသည် မီးတိမ်သံချပ်ကာ ဝတ်ထားသောကြောင့် အရိုက်ခံရမှာကို စိုးရိမ်စရာမလိုပေ။ သို့သော် ဖုန်းလန်၏ ခုခံခြင်းစွမ်းအားက အတော်အားနည်းနေ၏။ သူမသည် နတ်ဘုရားဒိုင်းကို သုံးနိုင်သော်ငြား သူမတိုက်ကွက်မည်မျှ ခံနိုင်ရည် ရှိမည်ဆိုတာ မသိရပေ။

ဝှစ်

ဖုန်းလန်၏ ဖြူဖျော့သည့် မျက်နှာထားက ပေါ်နေလျက် သူမနောက်၌ အနက်ရောင်အလင်းက တောက်ပနေသည်။ သူမက အနက်ရောင်ဒိုင်းဖြင့် လွှမ်းခြုံခံလိုက်ရ၏။ အတွင်းအား နတ်ဘုရားဒိုင်းကို ဖွင့်လိုက်တာ သိသာသည်။ သူမက လျှပ်စီးပမာ နောက်မြန်မြန်ဆုတ်လိုက်တော့သည်။

တိုက်ခိုက်မှုက အကောင်းဆုံး ခုခံမှုဖြစ်သည်။ ကျန်းရီက ဖုန်းလန်သည် သူမ၏ နတ်ဘုရားဒိုင်း ဖွင့်လိုက်တာကို မြင်လိုက်ရ၏။ ထို့ကြောင့် သူမသည် ခဏတစ်ဖြုတ်တော့ တောင့်ခံထားနိုင်လောက်သည်။ သနားညှာတာမှု ကင်းမဲ့သည့်အကြည့်က သူ၏မျက်လုံးထဲ၌ ပေါ်လာသည်။ သနားညှာတာမှု ကင်းမဲ့သည့် အကြည့်က ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်တွင် သူက နတ်ဆိုးဧကရာဇ်အောက် ကီလိုမီတာတစ်ရာအကွာတွင် ပေါ်လာတော့၏။ သူက အော်လိုက်တော့သည်။

“သေပေတော့”

***

All Chapters