← Chapters

ငါအရှုံးပေးတယ်

Vol. 46 Ch. 628

ငါအရှုံးပေးတယ်

Vol. 46 Ch. 628

ကောင်းကင်ထဲသို့ မျောလွင့်နဂါး အကောင်ရေတစ်သောင်းကျော် ပျံတက်လာသည့် အကျိုးက ဖုန်းလန်နှင့် လိုက်ပါလာ၏။ မျောလွင့်နဂါးများက ရွှေရောင်အလင်းတန်းဖြင့် တောက်ပလာပြီး အချိန်တိုင်းတွင် ဖုန်းလန်ဆီသို့ တိုးဝင်သွားပြီး ခြေမွှခံလိုက်ရကာ မြေပြင်ကို လှုပ်ခါသွားစေပြီး ပင်လယ်ရေများကို လှိုင်းထသွားစေ၏။

ဖုန်းလန်၏ နတ်ဘုရားဒိုင်းကို မျောလွင့်နဂါးထံမှ တိုက်ကွက်များကို ခုခံရာတွင် ဆက်လက် တောက်ပနေဆဲဖြစ်သည်။ သို့သော် အနက်ရောင်အလင်းက ဖြေးဖြေးချင်း မှိန်ဖျော့သွား၏။ မျောလွင့်နဂါးများက ပင်လယ်ရေအဖြစ် ပြောင်းလဲသွားပြီး ၎င်းကိုထိမှန်သွားပြီးနောက် နေရာအနှံ့ လွင့်စင်သွားကာ မုန်တိုင်းကြီးတစ်ခု ဖန်တီးတော့သည်။

ချီ ချီ

ကျန်းရီက နတ်ဆိုးဧကရာဇ်အောက်တွင် ပေါ်လာချိန်၌ သူ့နားတစ်ဝိုက် မျောလွင့်နဂါး (၁၂)ကောင်ခန့်က ချက်ချင်းကူးခတ်လာတော့သည်။ သူက နေရာရွေ့ပြောင်းရန် အချိန်လိုအပ်သေး၏။ ဤနတ်ဆိုးဧကရာဇ်က အစွမ်းမထက်သည့်တိုင် သူသည် ကျန်းရီနေရာရွေ့ပြောင်းချိန်တွင် လေဟာနယ် အတက်အကျကို အာရုံခံနိုင်သေးသည်။ ထို့ကြောင့် ကျန်းရီကို သတ်ဖြတ်ရန် ရည်ရွယ်ပြီး ကျန်းရီကို တိုက်ခိုက်ဖို့ မျောလွင့်နဂါး အကောင်တစ်ရာကျော်ကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။

“သေပေတော့”

ကျန်းရီသည် သေဟူသော စကားလုံးကို အော်လိုက်သည့်အချိန်၌ ရွှေရောင်မျောလွင့် နဂါးများက အရပ်မျက်နှာ အနှံ့ကနေ သူ့နားတစ်ဝိုက် အုံဖွဲ့လာကြတော့သည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တည်ရှိမှုက သူ၏ဝိညာဉ်ကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေ၏။ မီးတိမ်သံချပ်ကာ မရှိလျှင် သူသေမှာ သေချာနေသည်။ သို့သော် မီးတိမ်သံချပ်ကာဖြင့်တောင် ရှင်နိုင်ပါ့မလားဆိုတာ မသေချာလှပေ။

အခုအချိန်တွင် သူရွေးစရာ မည်သည့်နည်းလမ်း ရှိသေးသနည်း။ ရွေးချယ်စရာ မရှိတော့ဘဲ မီးနဂါးဓားကို လွှဲယမ်းကာ ရှေ့သို့ မီးနဂါးအကောင်ရေ တစ်သောင်းကျော်ကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်ထဲတွင် ကျန်ရှိသော တစ္ဆေမီးလျှံကိုလည်း ထုတ်လိုက်၏။

ဖုန်း ဖုန်း ဖုန်း

မျောလွင့်နဂါးများသည် သူ့ကိုကြမ်းတမ်းစွာ တိုက်ခိုက်လာစဉ် သူ၏မီးနဂါး အကောင်ရေ တစ်သောင်းကျော်ကလည်း ဝှီးကနဲ ပေါ်လာလေ၏။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အပူချိန်မြင့်မားသည့် တစ္ဆေမီးလျှံများက ရှေ့ရှိမီးနဂါးများစွာကို အငွေ့ပျံသွားစေပြီး သူတို့ကို ရေငွေ့အဖြစ် ပြောင်းလဲသွားစေကာ ကောင်းကင်ထဲသို့ လွှမ်းသွားစေ၏။

ဘီး

ယခုအချိန်တွင် ကျန်းရီ၏ မီးနဂါးသံချပ်ကာသည် ရွှေရောင်မျောလွင့်နဂါးများကို ခုခံရန် အနီရောင်အလင်း တလက်လက် တောက်ပနေပြီဖြစ်သည်။ နဂါးက မီးတိမ်သံချပ်ကာကို ထိမိသည့် အချိန်တိုင်း၌ သူတို့က ရေငွေ့များအဖြစ် ပြောင်းလဲသွားပြီး ပင်လယ်ရေထဲ ပြန်သိပ်သည်းသွားကာ နေရာအနှံ့ တလက်လက်ဖြစ်နေ၏။ ကျန်းရီ၏ မီးတိမ်သံချပ်ကာ၏ အနီရောင် အလင်းကလည်း နက်မှောင်လာတော့သည်။

“ဖူး”

မျောလွင့်နဂါး တစ်ဒါဇင်၏ တိုက်ခိုက်မှုကို ခံရပြီးနောက် ကျန်းရီသည် တွန်းကန်အားကြောင့် ဒဏ်ရာရလာပြီး သွေးအန်တော့သည်။ ဤမီးတိမ်သံချပ်ကာက အလွန်အစွမ်း ထက်သော်ငြား ကျန်းရီ၏ခွန်အားသည် မီးတိမ်သံချပ်ကာ၏ အကောင်းဆုံး လုပ်ဆောင်ချက်ကို ထုတ်လာနိုင်ရန် အားနည်းလွန်းနေသေး၏။ သူသည် ယခုအချိန်တွင် ကောင်းကင်ဧကရာဇ် နယ်ပယ်ဖြစ်ကာ မီးတိမ်သံချပ်ကာဆီ အတွင်းအားအချို့ ပို့နိုင်မည်ဆိုလျှင် ၎င်း၏ခုခံခြင်းစွမ်းအားက သိသိသာသာ တိုးတက်သွားမှာ သေချာ၏။

“အား”

တစ်ဖက်တွင်မူ နတ်ဆိုးဧကရာဇ်ကလည်း ခက်ခဲနေ၏။ ကျန်းရီက သူနှင့်နီးကပ်လွန်းနေရာ တစ္ဆေမီးလျှံများ၏ အပူချိန်က မြင့်မားလွန်းသည်။ သူက မီးလျှံဓားများ မရောက်ခင် သူ၏တစ်ကိုယ်လုံးက အပူဒဏ်ကို ခံစားမိ၏။ နာကျင်စွာ အော်ညည်းနေရသည်။ သူကနောက်သို့ လျင်မြန်စွာဆုတ်စဉ် တစ္ဆေမီးလျှံများကို ငြှိမ်းသက်ရန် မျောလွင့်နဂါး တစ်ဒါဇင်ကျော်ကို ထိန်းချုပ်လိုက်၏။ တစ္ဆေမီးလျှံများသည် မျောလွင့်နဂါးများကို ရေငွေ့ဖြစ်သွားစေရန်အတွက် အငွေ့ပျံအောင် လုပ်နိုင်စွမ်းရှိရာ မျောလွင့်နဂါးများက တစ္ဆေမီးလျှံ၏ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကို စုပ်ယူနိုင်ပေမည်။ မျောလွင့်နဂါးများကြောင့်သာ မဟုတ်လျှင် သူ၏အခြေအနေက ပိုဆိုးရွားလာနိုင်၏။

“သေ သေ သေ သေ”

သူသည် သူ့အောက်ရှိ ကျန်းရီကို တစ်ချက်ကြည့်ပြီး လက်မောင်းများကို ဆန့်ထုတ်လိုက်၏။

ရွှေရောင်မျောလွင့်နဂါး အကောင်ရေရာချီက ကျန်းရီဆီသို့ တစ်ဟုန်ထိုး ဝင်သွားပြန်သည်။ တစ္ဆေမီးလျှံများက သူ့ကိုမသတ်နိုင်သောကြောင့် သူသည်ထိုအစား ကျန်းရီကို သေစေချင်သည်။ ထို့အပြင် တန်ဖိုးရှိသော စစ်သည်တော် သံချပ်ကာက သူ့အပိုင်ဖြစ်လာလိမ့်မည်။

သေစမ်း

ကျန်းရီက ယခုအချိန်တွင် အခြေအနေ မကောင်းပေ။ မီးတိမ်သံချပ်ကာအတွင်း အတွင်းအားကို ဆက်ထည့်နေလိုက်၏။ သို့သော် သူ့နားတစ်ဝိုက်တွင် ရွှေရောင်မျောလွင့်နဂါးများ ပိုပိုများလာသည်။ အခြေအနေက ဤအတိုင်း ဆက်ဖြစ်နေလျှင် သူအမှန်တကယ် သေလောက်၏။

သူ၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ နတ်ဆိုးဧကရာဇ်က မီးစွဲနေပြီး သူ၏အသားအရည်များစွာ လောင်ကျွမ်းနေတာကို သိလိုက်ရသည်။ တစ္ဆေမီးလျှံ တစ်ဝက်ကျော် ကုန်ဆုံးသွားပြီမှန်း သိလိုက်သည်။ ကျန်ရှိသည့် တစ္ဆေမီးလျှံများက နတ်ဆိုးဧကရာဇ်ကို သေစေနိုင်ရန် မလုံလောက်ပေ။

တစ်ဟုန်ထိုး ဝင်ရောက်တိုက်ခိုက်ခြင်း

စိတ်ထဲတွင် အော်ဟစ်လိုက်၏။ ဖုန်းလန်က သူ့အထက် ကောင်းကင်ထဲတွင် ရုန်းကန်နေသေးဆဲဖြစ်သည်။ ယခုအချိန်တွင် သူမတိုက်ခိုက်ခဲ့လျှင် သူတို့နှစ်ယောက်လုံး အသတ်ခံရနိုင်၏။ သူ၏ရင်ဘက်တွင် အဖြူရောင်အလင်း ဖြာထွက်လာပြီး ကြေးမုံသံချပ်ကာ ပေါ်လာတော့၏။

ဘီး

သူ့နားတစ်ဝိုက် လေဟာနယ်က တုန်လှုပ်သွားပြီး ကြေးမုံရှစ်ချပ်သည် သူ့နားတစ်ဝိုက် နေရာရှစ်ခု၌ ပေါ်လာတော့သည်။ သူတို့က အဖြူရောင် ကြေးမုံရှစ်ချပ်ဖြစ်ပြီး ၎င်းတို့အပေါ်တွင် ရှေးဟောင်းပုံသဏ္ဍန်များ ထွင်းထုထားရာ ညို့မှိုင်းပြီး ထာဝရတည်ရှိမှုတစ်ခုကို ထုတ်ဖော်နေလေ၏။

ဖုန်း ဖုန်း ဖုန်း

မျောလွင့်နဂါးများသည် တစ်ကောင်ပြီးတစ်ကောင် ကြေးမုံရှစ်ချပ်ဆီသို့ တိုးဝင်ရိုက်မိကုန်၏။ သူတို့က ပင်လယ်ရေအဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ တလိမ့်လိမ့်တက်လာသည်။ ကြေးမုံရှစ်ချပ်က လျင်မြန်စွာ ပြိုကွဲသွားသော်ငြား ကျန်းရီက ထိုအခိုက်အတန့်ကို အငိုက်ဖမ်းလိုက်၏။ သူက အဖြူရောင်အလင်းဖြင့် တောက်ပလာကာ ပျောက်ကွယ်သွားတော့သည်။

“အမ်”

ယခုအချိန်တွင် ကီလိုမီတာ များစွာအကွာတွင် ရှိနေသော နတ်ဆိုးဧကရာဇ်သည် တစ္ဆေမီးလျှံများကို ဖယ်ရှားကာစဖြစ်၏။ ကျန်းရီ၏ တာအိုပုံစံ တိုက်ကွက်အတွက်မူ သူကကရုမစိုက်ပေ။ ယင်းတို့က သူ၏ခုခံမှုကို ဖြိုခွင်းရန်အတွက်တောင် အားနည်းလွန်းနေသည်။

ကျန်းရီနားတစ်ဝိုက်၌ ကြေးမုံရှစ်ချပ် ပေါ်လာတာကို မြင်တွေ့သည့်အချိန်တွင် သူ၏မျက်လုံး တောက်ပသွားသည်။ သို့သော် မကြာမီ၌ တစ်စုံတစ်ခု မှားယွင်းနေတာကို သဘောပေါက်သွား၏။ ကျန်းရီပျောက်သွားသည်လော။ သူ၏အထက်ရှိ လေဟာနယ်က အတန်ကြာ ပေါ်လာတော့သည်။

“ဟား ဟား ဟား မင်းကသေဖို့ တောင်းဆိုနေတာ”

မျက်လုံးထဲတွင် ကရုဏာမဲ့သောအကြည့် ပေါ်လာပြီး သူ၏ဒဏ်ရာရထားသော လက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်၏။ သူ့နားတစ်ဝိုက်တွင် မျောလွင့်နဂါး ဆယ်ကောင် ဝိုင်းလာလျက် အထူးခုခံခြင်း ဒိုင်းတစ်ခုကို ဖွဲ့တည်လိုက်တော့သည်။ တစ်ချိန်ထဲတွင် မျောလွင့်နဂါး ရာချီသည် သူ့နားတစ်ဝိုက် လေဟာနယ်ဆီသို့ တစ်ဟုန်ထိုး ဝင်သွားလေ၏။ သူထွက်မပြေးနိုင်တော့ပေ။ ယခုအချိန်တွင် ကျန်းရီက ဒဏ်ရာရနေပြီးသားဖြစ်သည်။ သူမည်ကဲ့သို့ နေရာရွေ့ပြောင်းရဲမည်နည်း။ ပေါ်လာသည်နှင့် အသတ်ခံရနိုင်သည်။

ဖုန်း ဖုန်း ဖုန်း

ကျန်းရီပေါ်လာသည်နှင့် မရေမတွက်နိုင်သော မျောလွင့်နဂါးများသည် သူ့ဆီသို့ ဖောင်းကြွလာဆဲဖြစ်သည်။ ကျန်းရီက ယင်းကို တွေးထင်ထားပြီးသည့်ပမာ ဖြစ်နေ၏။ သူသည် ထိုမျောလွင့်နဂါး အကောင်ရေရာချီကို ဘာမှမလုပ်ခဲ့လျှင် ထိတ်လန့်မှုကြောင့် သေချာပေါက် သူအသတ်ခံရနိုင်ကြောင်း သတိပြုမိသည်။ သူ့အသက် ရှင်ချင်လျှင် ကောင်းကင်ရှောင်တိမ်းခြင်းကို ချက်ချင်းထုတ်ဖော်ပြီး ထွက်ပြေးရမည်။

ပြဿနာက ဖုန်းလန်သည် ရုန်းကန်နေရသေးဆဲဖြစ်ကာ သူမကို သူမည်ကဲ့သို့ ချန်ထားနိုင်မည်နည်း။ ထွက်ပြေးရန် ရည်ရွယ်ချက်မရှိ ထိုအစား အသန်မာဆုံး တိုက်ကွက်ကို သုံးကြည့်ရန် စွန့်စားရန် ဆုံးဖြတ်လိုက်၏။

“ဟ”

မီးနဂါးများကို လျစ်လျူရှုထားလျက် မျက်စိကြိမ်းလောက်သည့် အနီရောင် ရောင်ခြည်တန်းဖြင့် မီးနဂါးဓားက တောက်ပလာတော့သည်။ သူ၏လက်ထဲတွင်လည်း အနီရောင် အလင်းလုံးများစွာ ပေါ်လာပြီး သိုင်းစွမ်းရည်များ ထုတ်လွင့်နေ၏။ မီးနဂါးတစ်ကောင်က ပေါ်ထွက်လာပြီး ဘုံကိုးဘုံ၏ နဂါးမီးလျှံလုံးများကို သယ်ဆောင်လာသည်။

ဘီး

တစ်ချိန်ထဲတွင် သူ၏မျက်ခုံးနှစ်ဖက်ကြားသည် အနီရောင်အလင်းဖြင့် တောက်ပလာလျက် ဝိညာဉ်ဓား (၃၆)လက်က တဝီဝီ ပေါ်လာကာ အတောမသတ်နိုင်သော မီးနဂါးများဆီ တိုးဝင်သွား၏။ အားလုံးက နတ်ဆိုးဧကရာဇ်၏ ခေါင်းဆီသို့ တိုးဝင်သွားသည်။

“ဟား ဟား ဟား”

နတ်ဆိုးဧကရာဇ်သည် ဘုံကိုးဘုံ၏ နဂါးမီးလျှံများကို မြင်တွေ့သည့်အချိန်တွင် သူက ရယ်မောလိုက်သည်။ ယခုအချိန်တွင် ပြင်ဆင်ပြီးသားဖြစ်၏။ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးနေသော မျောလွင့်နဂါးများက တစ္ဆေမီးလျှံ၏ စွမ်းအား အများစုကိုတောင် ဖြေရှင်းနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဘုံကိုးဘုံ၏ နဂါးမီးလျှံ အပူချိန်က နိမ့်နေရာ မျောလွင့်နဂါးဒိုင်းကို ဖြိုခွင်းနိုင်မှာမဟုတ်ပေ။ သူ့ကိုထိခိုက်ဒဏ်ရာ ရနိုင်ဖို့ဆိုတာ ပိုမဖြစ်နိုင်ပေ။

“အမ် တစ်ခုခု မှားနေပြီ”

ရုတ်တရက် သူ၏စိတ်ဝိညာဉ်၏ အောက်ခြေမှ သေစေနိုင်သော အန္တရာယ် သတိပေးချက် ပေါ်ထွက်လာသည်။ သူသည် အကန့်အသတ်မဲ့ မီးနဂါးများထဲတွင် အနီရောင် ရောင်ခြည်(၃၆)ခုကို မြင်လိုက်ရ၏။ သို့သော် အနီရောင် အလင်းများက အလွန်မြန်ဆန်လွန်းသည်။ သူတုံ့ပြန်ရန် အချိန်မရလိုက်ခင် အနီရောင်အလင်းက ဖျတ်ခနဲ ပေါ်လာပြီး သူ၏မျောလွင့်နဂါးဒိုင်းကို ထိုးဖောက်လျက် မျက်ခုံးနှစ်ဖက်ကြားဆီသို့ တန်းမတ်စွာ ဝင်သွားတော့သည်။

“ဒါ ဒါက ဝိညာဉ်ရေးရာ တိုက်ခိုက်မှုပဲ”

နတ်ဆိုးဧကရာဇ်၏ မျက်လုံး၌ အကြောက်တရားများ ပြည့်နေပြီး သူ၏စိတ်ဝိညာဉ်က ချေမွခံရပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေ၏။ သူသည် ရေဓာတ်ရွှေရောင်ပင်လယ် မြွေနဂါးဖြစ်သည်။ ရေဓာတ်တိုက်ကွက်တွင် အတော်ဆုံးဖြစ်၏။ သူ့အဆင့်ရှိ ကျန်သည့်နတ်ဆိုး သားရဲများနှင့်ယှဉ်လျှင် သူကပိုအစွမ်းထက်သည်။ သို့သော် ဝိညာဉ်ရေးရာ တိုက်ကွက်အကြောင်း သူဘာမှမသိပေ။ ယင်းက သူအကြောက်ဆုံးအရာဖြစ်၏။

ဖုန်း ဖုန်း

အက်ကွဲသံများ ပေါ်ထွက်လာပြီး နတ်ဆိုးဧကရာဇ်က တုန်ယင်နေကာ ဒေါသတကြီး မျက်လုံးမှိတ်လိုက်၏။ သူ၏ခန္ဓာကိုယ်တွင် ရွှေရောင်အလင်း ဖျတ်ခနဲပေါ်လာသည်။ လူသားအသွင်သဏ္ဍန်ကို မထိန်းထားနိုင်တော့ဘဲ မီးတောက်(၇၀)ခန့်ရှိသည့် ဧရာမရွှေရောင် မျောလွင့်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွန့်လူးနေ၏။

ဖုန်း ဖုန်း ဖုန်း

ရွှေရောင်မျောလွင့်နဂါး၏ စိတ်ဝိညာဉ်က တိုက်ခိုက်ခံနေရပြီး သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ပေးနေသော စွမ်းအင်အားလုံးကို မျိုနေသည်။ ထို့ကြောင့် သူသည် ကောင်းကင်ထဲရှိ မျောလွင့်နဂါးများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ထိုအစား ကောင်းကင်ထဲ၌ မျောလွင့်နဂါးများက တကွဲတပြား ပြိုလဲကုန်ပြီး မိုးပေါက်များအဖြစ် ရွာသွန်းကုန်၏။

“အား အား အား”

ရွှေရောင်မျောလွင့်နဂါးက ဧရာမပါးစပ်ကြီးကို ဟလျက် သနားစဖွယ် အော်ညည်းလိုက်တော့သည်။ တောင်တစ်တောင်ခန့် ကြီးမားသော ခန္ဓာကိုယ်သည် ကောင်းကင်ထဲ လူးလိမ့်နေရာ လေဟာနယ်ကြိမ်နှုန်း အတက်အကျကို ဖြစ်စေပြီး ပင်လယ်ရေများကို မွှေနှောက်တော့၏။

ကျန်းရီသည် ကောင်းကင်ထဲ ဖြေးဖြေးချင်း ဆင်းသက်လိုက်သည်။ သူကရွှေရောင် မျောလွင့်နဂါး၏ခေါင်းကို စိုက်ကြည့်ပြီး ၎င်း၏စိတ်ဝိညာဉ်ကို ဆက်လက်တိုက်ခိုက်ရန် ဝိညာဉ်ဓား (၃၆)လက်ကို ထိန်းချုပ်လိုက်သည်။ ရွှေရောင်မျောလွင့်နဂါးသည် စိတ်ဝိညာဉ်ကျင့်စဉ် သို့မဟုတ် စိတ်ဝိညာဉ် တိုက်ကွက်များကို မသိပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ တိုက်ကွက်များအားလုံးကို လက်ခံရတော့သည်။ ၎င်း၏စိတ်ဝိညာဉ်က ပြိုကွဲတော့မှာပဲဖြစ်သည်။

“အား အား နာလိုက်တာ။ ငါ့စိတ်ဝိညာဉ်က ပေါက်ကွဲတော့မယ်”

ရွှေရောင်မျောလွင့်နဂါးက မရပ်မနား ဝေဒနာခံစားနေရပြီး နာကျင်စွာ အော်ညည်းနေ၏။ သူ၏စိတ်ဝိညာဉ်က ပြိုကွဲမှုအစွန်းသို့ ရောက်နေချိန်တွင် သူကကျန်းရီဘက်ကို လှည့်ကြည့်ပြီး ရှည်ကြာစွာ အော်လိုက်၏။

“ရပ်တော့ တိုက်ခိုက်တာ ရပ်လိုက်ပါတော့။ ငါ အညံ့ခံတယ်။ ငါအရှုံးပေးတယ်”

***

All Chapters