← Chapters

ဘယ်သူဒူးထောက်နေတာလဲ

Vol. 46 Ch. 629

ဘယ်သူဒူးထောက်နေတာလဲ

Vol. 46 Ch. 629

“အညံ့ခံတယ်လား”

ကျန်းရီက အနည်းငယ် အံ့သြသွားတော့သည်။ ဖုန်းလန်က ပျံသန်းလာပြီး သူ၏ လဲပြိုကျနေသော ခန္ဓာကိုယ်ကို ဖမ်းရန်အတွက် လက်တစ်ဖက်ကို သုံးလိုက်၏။ ရွှေရောင်မျောလွင့်နဂါး၏ ကြေညာချက်ကို နားထောင်ပြီးသောအခါ နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ထူးဆန်းမှုကို ခံစားလိုက်ရသည်။

သန်မာသည့်သူများက ဂုဏ်သိက္ခာရှိပြီး အလျှော့မပေးတတ်သော အကျင့်စရိုက်ရှိသည်။ သူတို့က ကျွန်အဖြစ်ခံမည့်အစား သေဖို့သာ ပိုလိုလားကြသည်။

ဤရွှေရောင် မျောလွင့်နဂါးက နတ်ဆိုးဧကရာဇ် အနေအထားထိရောက်အောင် ကျင့်ကြံနိုင်ပြီး သွေးညအကြောက်တရား ပင်လယ်၏ အရှင်သခင် ဖြစ်လာသောကြောင့် မည်ကဲ့သို့ ကျောထောက်နောက်ခံ မရှိဘဲ နေမည်နည်း။ ယင်းက လူသားများကို အမှန်တကယ် အညံ့ခံနေသည်လော။ သူ့ထက်ပိုအားနည်းသော လူသားနှစ်ယောက်ကို အညံ့ခံခြင်းလော။

“ဟမ့် မသေခင်မှာ ဟန်ဆောင်ဖို့ ကြိုးစားသေးတယ်ပေါ့။ သေပေတော့”

ကျန်းရီသည် ၎င်းကိုမယုံကြည်ပေ။ သူသည် ရေသူနတ်ဆိုး ဧကရာဇ်နှင့် အရှုံးပေးရမည်ထက် သေမှာကို ရွေးချယ်သော ခြင်္သေ့ချည် နတ်ဆိုးဧကရာဇ်တို့နှင့် ကြုံတွေ့ခဲ့ဖူးသည်။ ဤရွှေရောင် မျောလွင့်နဂါးက အညံ့ခံချင်ယောင်ဆောင်တာပဲ ဖြစ်ရမည်။ ထို့ကြောင့် ကျန်းရီက လှည့်စားခံမှာ မဟုတ်ပေ။ ချက်ချင်းပင်သူ၏ ဝိညာဉ်စွမ်းရည်ကို ထိန်းချုပ်လျက် အညှာအတာမဲ့စွာ တိုက်ခိုက်ပြီး ရွှေရောင်မျောလွင့်နဂါး၏ စိတ်ဝိညာဉ်ကို အပိုင်းပိုင်းအစစချေရန် ထိန်းချုပ်လိုက်၏။

“အညံ့ခံတယ် အညံ့ခံတယ် ငါကိုယ်တော်က တကယ် အညံ့ခံတာပါ။ မင်းငါ့ကို မသတ်သ၍ မင်းရဲ့ဝိညာဉ်သားရဲ ဖြစ်လိုစိတ်ရှိပါတယ်”

ရွှေရောင်မျောလွင့်နဂါးသည် စိတ်ပျက်အားငယ်မှု ပါနေသော အသံဖြင့် တောင်းပန်လိုက်တော့သည်။ ထိုအမူအရာက ဟန်ဆောင်နေတာ မဖြစ်နိုင်ပေ။

ကျန်းရီနှင့် ဖုန်းလန်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အနည်းငယ် မက်မောသွားသည်။ နတ်ဆိုးဧကရာဇ် ဝိညာဉ်သားရဲသည် အစွမ်းထက်သော လက်အောက်ငယ်သားဖြစ်၏။ အထူးသဖြင့် ဤသွေးညအကြောက်တရား ပင်လယ်ထဲတွင် ဖြစ်သည်။ သူတို့က နတ်ဆိုးဧကရာဇ် ပင်လယ်နတ်ဆိုးတစ်ကောင် ရှိနေမည်ဆိုလျှင် သူတို့အလွယ်တကူ ပုန်းနိုင်အောင် ကူညီပေးနိုင်ပြီး အလိုက်ခံရခြင်းမှ ရှောင်ရှားနိုင်မှာပဲဖြစ်သည်။

ဤနတ်ဆိုးဧကရာဇ်သည် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုကိုမသိ ခုခံမှုလည်း မသိရာ ကျန်းရီသည် အတော်ယုံကြည်ချက် ရှိသည်။ ယခုဖုန်းလန်က ရောက်လာပြီး သူသည် အချိန်မရွေး သူမကို ဧကရီနန်းတော်ထဲထည့်ကာ ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးပြုနိုင်၏။ ထို့ကြောင့် သူ၏ဓားဝိညာဉ် တိုက်ခိုက်မှုစွမ်းအားကို ဖယ်ရှားလိုက်ပြီး ကျန်းရီက အော်ဟစ်လိုက်၏။

“မင်းကအညံ့ခံချင်တာလား ဘယ်လိုမျိုး အညံ့ခံချင်တာလဲ”

ရွှေရောင် မျောလွင့်နဂါးက ဝိညာဉ်စွမ်းအား တိုက်ခိုက်မှု အနည်းငယ် အားလျော့သွားတာကို ခံစားမိသောအခါ သူကအသက်ရှုပြီး အမြန်ပြောလိုက်၏။

“ကျုပ်ရဲ့အရှင် ကျုပ်ကို မတိုက်ခိုက်ပါနဲ့။ ဝိညာဉ်ချိပ်ကို ပေးနိုင်ပါတယ်။ မင်းရဲ့ဝိညာဉ်သားရဲ ဖြစ်ပေးနိုင်တယ်”

“ဝိညာဉ်ချိပ်လား”

ဖုန်းလန်က စိတ်ရှုပ်ထွေးသွားသည်။ ဝိညာဉ်ချိပ်အတတ်သည် လူသားမျိုးနွယ်စုအတွက် ထူးခြားသော စွမ်းရည်ဖြစ်သည်။ ဤနတ်ဆိုးသားရဲက လူသားအသွင် ဖန်တီးနိုင်တာ ဖြစ်သော်ငြား ဝိညာဉ်ချိပ်အတတ်ကို သူမည်ကဲ့သို့ သင်ယူနိုင်မည်နည်း။

ထို့ကြောင့် ဤရွှေရောင်မျောလွင့်နဂါးသည် သူ့ကိုထပ်မံ လိမ်လည်နေသည်ဟု ယူဆပြီး ဒေါသထွက်သွားတော့၏။ ဝိညာဉ်တိုက်ကွက်ကို ထိန်းချုပ်ရန် ခွန်အားအပြည့်သုံးပြီး တစ်ချိန်ထဲတွင် ဒေါသတကြီး အော်လိုက်၏။

“မင်းက ပင်လယ်နတ်ဆိုး တစ်ကောင်ပဲ။ ဝိညာဉ်ချိပ်အတတ်ကို ဘယ်လိုလုပ် သိမှာလဲ။ ငါ့ကိုလိမ်ဖို့ ကြိုးစားနေသေးတယ်ပေါ့။ သေပေတော့”

ကျန်းရီ၏ ဝိညာဉ်ဓားတိုက်ကွက် ပိုသန်မာလာတာကို ခံစားမိပြီး ရွှေရောင်မျောလွင့်နဂါးက ချက်ချင်းပင် နာကျင်လာတော့သည်။ အော်ဟစ်ရန် ခွန်အားအကုန် သုံးလိုက်၏။

“အသက်ချမ်းသာပေးပါ ကျုပ်အသက်ကို ချမ်းသာပေးပါ အရှင် ကျုပ်ရဲ့ဝိညာဉ်ချိပ် အတတ်ကို အရင်သခင်က ချန်ထားခဲ့တာပါ။ သူ မသေခင်မှာ ကျုပ်ဆီဝိညာဉ်ချိပ်ကို ပြန်ပေးခဲ့တာ”

“ဟမ်”

ကျန်းရီနှင့် ဖုန်းလန်က တစ်ယောက်ကိုတစ်ယောက် တွေဝေစွာကြည့်လျက် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ ဤရွှေရောင်မျောလွင့်နဂါးသည် တစ်ခါတုန်းက သိုင်းပညာရှင်တစ်ဦး၏ ယဉ်ပါးအောင် ထိန်းကျောင်းခြင်း ခံခဲ့ရတာဖြစ်ပြီး ဝိညာဉ်ချိပ်အတတ်ကို သင်ယူခဲ့တာဖြစ်သည်။ ထို့ကြောင့် သူတို့ကို မယှဉ်နိုင်သည့်အချိန်တွင် အညံ့ခံရမည်ဆိုတာကို သိနေတာ အံ့သြစရာမရှိပေ။ ဤနတ်ဆိုး ဧကရာဇ်က မည်သည့် ကျောထောက်နောက်ခံမှ မရှိတာ အံ့သြစရာ မရှိပေ။

နတ်ဆိုးသားရဲများသည်လည်း လူသားများ ကဲ့သို့ပဲဖြစ်သည်။ သူတို့တစ်ကြိမ် အညံ့ခံလိုက်သ၍ နှစ်ကြိမ် သုံးကြိမ် အညံ့ခံနိုင်မှာပဲဖြစ်သည်။ ပြည့်တန်ဆာအိမ်ရှိ အမျိုးသမီးများ ကဲ့သို့ပင် သူတို့ခန္ဓာကိုယ်ကို တစ်ကြိမ် ရောင်းလိုက်သည်နှင့် ဒုတိယအကြိမ် ထပ်ရောင်းနိုင်၏။

ကျန်းရီသည် သူ၏ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သော်ငြား ဓားဝိညာဉ် (၃၆)လက်က နတ်ဆိုးဧကရာဇ်၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင် နေနေသေးဆဲဖြစ်သည်။ သူက တည်ကြည်သော လေသံဖြင့် ပြောလိုက်၏။

“ဒါဆိုကောင်းပြီ မင်းရဲ့ဝိညာဉ်ချိပ်ကို ပေး။ လှည့်စားဖို့ မကြိုးစားနဲ့။ မင်းရဲ့စိတ်ဝိညာဉ် ပြိုလဲတော့မယ်ဆိုတာ သိသင့်တယ်။ ငါနောက်ထပ် နှစ်ချီလောက် တိုက်ခိုက်လိုက်ရင် မင်းရဲ့စိတ်ဝိညာဉ်က သေချာပေါက် ပြိုကွဲသွားပြီး မင်းရဲ့စိတ်လည်း ကွယ်ပျောက်သွားလိမ့်မယ်”

ဟူး ဟူး

နတ်ဆိုးဧကရာဇ်သည် အစာကောက်နေသော ကြက်ပေါက်လေးပမာ လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး သူသည် အနားယူရန် မျက်လုံးခဏမှိတ်လိုက်၏။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံသည် နတ်ဆိုးဧကရာဇ်ဆီသို့ ကျရောက်သွား၏။ သူထူးဆန်းတာ တစ်ခုခု လုပ်ရဲလျှင် ကျန်းရီက သူ့ကိုချက်ချင်း သတ်လိုက်မှာပဲဖြစ်သည်။

ဘီး

ခဏအကြာတွင် နတ်ဆိုးဧကရာဇ်က ဖျတ်ခနဲ လှုပ်ရှားလျက် လူအသွင် ပြောင်းလဲသွား၏။ သူ၏ခေါင်းက ရွှေရောင်အလင်းဖြင့် တောက်ပနေပြီး ရွှေရောင်ဝိညာဉ်ချိပ်တစ်ခု ပေါ်ထွက်လာကာ ကျန်းရီဆီသို့ ရောက်သွားတော့သည်။

“အဲဒါက ဝိညာဉ်ချိပ်ပဲ”

ဖုန်းလန်သည် တအံ့တသြပြောလျက် ပျော်ရွှင်သည့် အမူအရာ ရှိလာတော့သည်။

ကျန်းရီသည် လက်တစ်ဖက်သုံးပြီး ဝိညာဉ်ချိပ်ကို ဖမ်းလိုက်ရာ ၎င်းကလက်ဖဝါးထဲ ဖြေးဖြေးချင်း ပျောက်ကွယ်သွားပြီး သူ၏စိတ်ဝိညာဉ်ထဲ ဝင်ရောက်သွားသည်။ ကျန်းရီသည် ရွှေရောင်မျောလွင့် နဂါးနှင့် စိတ်ဝိညာဉ် ဆက်နွယ်မှု ပြုလုပ်ပြီးနောက် ချက်ချင်းပင် ပျော်ရွှင်သည့် အမူအရာ ပေါ်လာတော့သည်။ ပြီးနောက် ဝိညာဉ်ဓား (၃၆)လက်ကို သူ၏စိတ်ဝိညာဉ် ပင်လယ်အတွင်းသို့ ပြန်သွားရန် ထိန်းချုပ်လိုက်တော့သည်။ အနီးကပ်ကြည့်ပြီး ဝိညာဉ်ဓားများ မည်သည့် ထိခိုက်မှုမှ မဖြစ်တာကို သိပြီးနောက် ကျန်းရီက အားရပါးရ ပြုံးလိုက်တော့သည်။

ထိုနတ်ဆိုးဧကရာဇ်ကို သူ၏ဝိညာဉ်သားရဲအဖြစ် ယူပြီးနောက် သူ၏တိုက်ပွဲဝင် ခွန်အားက တိုးတက်လာပေမည်။

“ကောင်းပြီ မင်းပြန်လည်ကုစားဖို့ အရင်ဆုံး ပင်လယ်ထဲကိုသွား။ ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းခါနီးပြီဆိုတာနဲ့ ကျွန်းပေါ်ကိုလာခဲ့”

ကျန်းရီက လက်ကိုဝှေ့ယမ်းလိုက်ရာ ရွှေရောင်မျောလွင့် နဂါးက လက်နှစ်ဖက်ဆုပ်လျက် အရိုအသေ ပေးပြီးနောက် ညွှန်ကြားသည့်အတိုင်း ပင်လယ်ထဲသို့ ခုန်ဆင်းသွားသည်။ ကျန်းရီနှင့် ဖုန်းလန်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ကပ်လေးကို ကျော်ဖြတ်ပြီးနောက် သာယာသည့် အမူအရာ ပေါ်လာတော့သည်။ အစောပိုင်းက စွန့်စားရာ ရောက်လွန်းသည်။ ကျန်းရီတွင် မီးတိမ်သံချပ်ကာ ရှိမနေခဲ့လျှင် သူကယခုလောက်ဆို နတ်ဆိုးဧကရာဇ်အတွက် အစာဖြစ်နေလောက်ပြီပင်။

“ခစ် ခစ် သခင်လေး သခင်လေးရဲ့ ဝိညာဉ်ဓားတွေက မယုံနိုင်စရာ ကောင်းလိုက်တာ။ နတ်ဆိုးဧကရာဇ်က သူတို့မှာ စိတ်ဝိညာဉ် တိုက်ခိုက်မှု ဒါမှမဟုတ် ခုခံမှု နည်းလမ်းတွေ ရှိမနေခဲ့လျှင် ဒါကိုခံနိုင်ရည် ရှိမှာမဟုတ်ဘူး”

ဖုန်းလန်သည် ကျန်းရီကို လေးစားစွာကြည့်လျက် စိုးရိမ်ပူပန်စွာ သတင်းပို့လိုက်သည်။

“ဒါပေမဲ့ သခင်လေး ဝိညာဉ်ဓားကို ထုတ်တဲ့အချိန် ပိုကရုစိုက်မှရမယ်။ သခင်လေးရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်တာကြောင့် အဲ့ဒါကို မပျက်စီးစေနဲ့”

“အမ် ငါဂရုစိုက်မယ်”

ကျန်းရီက ခေါင်းညိတ်လိုက်၏။ စိတ်ဝိညာဉ်တိုက်ကွက်ကို ဘေးချိတ်ထားပြီး ဖြုံလောက်သည့် သိုင်းပညာရှင်တစ်ဦး၌ အထူးအရည်အချင်းတစ်ချို့ ရှိနေခဲ့လျှင် သူတို့က သူ၏ဝိညာဉ်ဓားကို ဖျက်ဆီးနိုင်လောက်သည်။ ဤဝိညာဉ်ဓားသည် ပင်မစိတ်ဝိညာဉ်မှ ခွဲထွက်လာခြင်းဖြစ်၏။ ၎င်းကပင်မစိတ်ဝိညာဉ်ကို ထိခိုက်စေမည်ဆိုလျှင် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။ မလိုအပ်ဘဲ မသုံးတာက အကောင်းဆုံးဖြစ်၏။

တစ်ခဏတာ ရပ်တန့်သွားပြီးနောက် ခပ်ဝေးဝေးရှိ ကျွန်းကိုကြည့်ပြီး ပြောလိုက်တော့သည်။

“သွားကြမယ်။ ငါ့ကို အဲဒီကျွန်းဆီ ခေါ်သွားပေး”

ဖုန်းလန်သည် ကျန်းရီကို သယ်သွားပြီးနောက် ကျွန်းဆီသို့ ပျံသန်းလိုက်၏။ ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားကာ သံသယဖြင့် မေးလိုက်တော့သည်။

“သခင်လေး ပျံသန်းဖို့အတွက် သင်ပါ့လား”

“ပျံသန်းရမှာလား”

ကျန်းရီသည် ကြောင်အနေလျက် မျက်တောင်ခတ်ကာ တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွား၏။ သူ့ပေါင်ကိုရိုက်ပြီး အနေခတ်စွာ ရယ်မောလိုက်တော့သည်။

“ပျံသန်းဖို့က ငါ့ရဲ့အတွင်းအားကို အပြင်ထုတ်ဖို့ပဲ လိုအပ်တာမလား။ ငါမေ့နေတာ”

“ဟုတ်တယ်”

ဖုန်းလန်က ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။

“သိုင်းပညာရှင်တစ်ယောက်က ဗာဂျရာနယ်ပယ်ကို ရောက်တဲ့အချိန် ခြေထောက်နှစ်ဖက်လုံးကနေ စီးထွက်လာတဲ့ စမ်းရေလို အတွင်းအားကို ထုတ်ဖော်ဖို့ လုံလောက်တဲ့ အတွင်းအား ရှိကြတယ်လေ။ လေစီးကြောင်းနဲ့ တုံ့ပြန်တဲ့အားတစ်ခု ဖွဲ့တည်ပြီးပြီဆိုရင် အလွယ်တကူ ပျံသန်းနိုင်ပြီ။ သခင်လေး ဘာကြောင့် ကိုယ်တိုင် မပျံတာလဲလို့ သိချင်နေတာ။ သခင်လေး နေရာရွေ့ပြောင်းနိုင်တာကြောင့် ပျံရမှာ ပျင်းနေတာလို့ ယူဆမိတာလေ”

“ဟီး ဟီး”

ကျန်းရီက ခပ်ရှက်ရှက် ရယ်မောလိုက်၏။ ကောင်းကင်ကြယ်တာရာ နယ်မြေထဲတွင် သူ့ကိုမည်သူမျှ မသင်ပေးခဲ့ပေ။ သူဗာဂျရာနယ်ပယ်သို့ ရောက်သည့်အချိန်၌ သူ့တွင် ယာ့ဇီသားရဲ ရှိလာပြီး နေရာရွေ့ပြောင်းမှု စွမ်းရည်ရှိသောကြောင့် ပျံသန်းရန်တစ်ခါမှ မတွေးဖူးပေ။ ယခုဖုန်းလန်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူကစိတ်ဝင်စားသွားကာ ဖုန်းလန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး ပျံသန်းရန် သင်ယူတော့၏။

ဝှစ်

ကျန်းရီက အလွန်ဉာဏ်ကောင်းသည်။ သူသည် သင်ယူပြီးနောက် အချိန်တိုအတွင်း ဖမ်းဆုပ်မိသွား၏။ ပြီးနောက် ဖုန်းလန်ကို သူ့အားလွှတ်ခိုင်းလိုက်ပြီး ခြေထောက်များက တောက်ပမှုဖြင့် ဖျတ်ခနဲ လှုပ်လာတော့သည်။ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားပြီးနောက် ရှေ့သို့ပျံသန်းသွား၏။ သို့သော် မလှမ်းမကမ်းသို့ ပျံသန်းပြီးနောက် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့မှုကြောင့် ဟန်ချက်ပျက်သွားကာ အမြောက်ဆန်တစ်ခုသဖွယ် ပြုတ်ကျသွားတော့သည်။

“ဟား ဟား ဟား”

ဖုန်းလန်က တသိမ့်သိမ့် ရယ်မောလျက် သူမ၏နုနယ်သော ခန္ဓာကိုယ် တုန်ယင်နေသည့်အချိန် ချစ်စဖွယ် မြင်ကွင်းတစ်ခု ဖော်ဆောင်နေတော့၏။

ဝှစ်

ကျန်းရီက ရေထဲမှ ဘွားခနဲထွက်လာပြီး ထပ်မံပျံသန်းရန် ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။ သူက ဖုန်းလန်ကို ရက်စက်စွာ ကြည့်ပြီး ပြောလိုက်၏။

“မိန်းမပေါ့လေး မင်းက ဒီသခင်လေးကို ရယ်ရဲတယ်ပေါ့။ မင်းကို ရိုက်တဲ့အချိန် ဒီည မင်း သက်ညှာဖို့ တောင်းဆိုမလားဆိုတာ ကြည့်ကြသေးတာပေါ့”

“ခစ် ခစ် ခစ်”

ဖုန်းလန်က ကျန်းရီ ဘယ်ယိမ်းညာယိမ်းဖြင့် သွားနေပြီး ရှေ့ဆက်သွားချင်ကာ သူမကို လိုက်ဖမ်းချင်နေသည်ကို မြင်လိုက်ရသည်။ သူမခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး ကျွန်းဆီသို့ ပျံသန်းသွားကာ ဆည်းလည်းသံကဲ့သို့ ရယ်သံကိုသာ ချန်ရစ်ခဲ့၏။ သူမက စတောင်စနေသေးသည်။

“သခင်လေး ဖုန်းအာနဲ့ ချင်ယွီက အတွင်းဆောင် အတတ်တွေ အများကြီးကိုသိတယ်။ ချင်ယွီရဲ့ ကျောက်စိမ်းပုလဲပါဝင်ခြင်း ကျောက်စိမ်းယောက်သွားနဲ့ ကျောက်စိမ်းလေပွေ ဖီးနစ်ပြွန်တို့က အံ့မခန်းဘဲ။ ဘယ်သူက သက်ညှာဖို့ တောင်းပန်ရမလဲဆိုတာ မသိဘူး”

“လခွမ်း ”

ကျန်းရီ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ဖုန်းလန်နောက်သို့ လိုက်ပြီးနောက် အတွင်းအားတို့ကို တိုးမြှင့်လိုက်သည်။ ပြီးနောက်သူက အလင်းတန်းတစ်ချက် ထုတ်ဖော်လျက် သိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်တော့၏။

“ဒါဆိုရင် ဖုန်းအာက ဘာတွေများ သိလဲ”

ဖုန်းလန်သည် လှည့်ကြည့်ပြီးနောက် ပြုံးကာပြောလိုက်တော့သည်။ သူမမျက်ခုံးက ပင့်လိုက်ပြီး ကြည်လင်သော မျက်ဝန်းထဲမှ ချစ်ခြင်းအတွေးတို့ ပေါ်ပေါက်လာလေရာ အရိုးထဲထိအောင် ညို့ငင်နိုင်စွမ်းရှိသည်။ သူမက ရှက်ရွံ့တကြီး အသံပို့လိုက်၏။

“ဖုန်းအာက တစ်ကွက် နှစ်ကွက် သိတာပေါ့။ နဂါးကို ကြိုဆိုခြင်းလိုမျိုး။ ပြီးတော့ နတ်မိမယ်ပျိုက ပုလွေမှုတ်ခြင်းလိုမျိုးပေါ့။ သခင်လေးက ဒီနေ့ည ဒူးထောက်ဖို့ စောင့်နေသင့်တယ်”

***

All Chapters