← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

သူ့ဘဝအား လောင်းကြေးထပ်ခဲ့သော အမျိုးသားသည် လမ်းကြားထဲရှိ လမ်းကွေ့အချို့ကိုကွေ့ပြီးနောက် မြို့စွန်ရှိ အိမ်ဝိုင်းလေးဆီ ရောက်လာ၏။

သူသည် ခြံဝန်းအပြင်ရှိ တံခါးအားခေါက်လိုက်သည်။

တံခါးမှာအတွင်းမှ ပွင့်လာပြီး အမျိုးသားမှာ အမျိုးသမီးအားသယ်ကာ အတွင်းဝင်သွားလေ၏။

ချန်းကျိုးသည် ကြောင်ကြီးပေါ်မှလိုက်လာကာ အုတ်နံရံအားကပ်တွယ်ထားလိုက်သည်။

ခြံဝန်းထဲတွင် အမျိုးသမီးအား သယ်သွားသည့်လူကိုသာ‌ တွေ့နေရပြီး တံခါးဖွင့်ပေးသောလူ၏မည်သည့်အရိပ်အ ယောင်ကိုမျှ မတွေ့ရပေ။ ခြံဝန်းထဲမှာလည်း ကြီးထွားမြန်သည့် ပေါင်းပင်များသာ ပေါက်ရောက်နေပြီး လူနေသည့်အရိပ်အယောင်ရှိမနေပေ။

ထိုလူမှဘန်ဂလိုထဲဝင်သွားချိန်တွင် အထဲမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုအလင်းရောင်မှာ လျှပ်စစ်ပစ္စည်းတစ်ခုခုမှ ထွက်လာသည်နှင့်မတူဘဲ ဖယောင်းတိုင်မီးယိမ်းနွှဲ့နေသောမီးတောက်ဖြင့် ပိုတူလေသည်။

[စနစ်သတိပေးချက်: Host သည် အန္တရာယ်ရှိသော ဧရိယာသို့ ချဉ်းကပ်နေပါပြီ]

ချန်းကျိုး၏စိတ်ထဲတွင် တိကျသော တည်နေရာမြေပုံတစ်ခု ပေါ်လာပြီး အတိအကျ တည်နေရာအမှတ်အသားမှာ ထိုလူ ဝင်သွားသော ဘန်ဂလိုထဲတွင်သာ။

ဘန်ဂလိုအိမ်ထဲ၌ အနီစက်လေး သုံးစက်ပေါ်လာ၏။

ချန်းကျိုးသည် ကြောင်ကြီးအားဝပ်နေရန်ပြောကာ ကြောင်ကြီးကိုယ်ပေါ် နင်း၍ခြံဝန်းထဲ ခုန်ဝင်လိုက်သည်။

ချန်းကျိုးသည် အပြစ်ရှိသလို ခံစားရလိုက်ပြီး သူ့ဘောင်းဘီအား ဒူးခေါင်းရောက်သည်ထိ လက်နှစ်ဖက်ဖြင့် ဆွဲတင်လိုက်ကာ ကိုယ်ကိုကိုင်း ခါးကိုကုန်းပြီး ဘန်ဂလိုဆီခြေဖျား ထောက်၍ တိတ်တိတ်လေးလျှောက်သွားလိုက်၏။

ဘန်ဂလိုမှာ နှစ်ပေါင်းများစွာ နေထိုင်သူမရှိခဲ့၍ တံခါးများနှင့် ပြတင်းပေါက်များမှာ တော်တော်လေးပျက်စီးနေပြီပင်။

ချန်းကျိုးသည်နံရံနားကပ်ပုန်းနေပြီး မျက်လုံးထောင့်မှနေ အတွင်းဘက်ကို ခိုးကြည့်လိုက်သည်။

အတွင်းတွင် လူငါးဦးရှိနေ၏။ အမျိုးသမီးနှစ်ဦးနှင့် အမျိုး သားသုံးဦးပင်။ အမျိုးသမီးနှစ်ဦးထဲရှိ တစ်ယောက်မှာ ထိုလူသယ်လာသော အမျိုးသမီး ဖြစ်ပြီး သူမ‌ ခြေလက်တို့မှာ ကြိုးတုပ်ခံထားရကာ ပါးစပ်သည်လည်း ပိတ်ခံထားရပြီး သတိမေ့မြောလျက် ကြမ်းပြင်ပေါ်လဲနေလေသည်။

ကျန်သူများမှာ ကျိုးပဲ့နေသည့် သစ်သားစားပွဲတစ်လုံးကို ဝိုင်းထိုင်နေကြပြီး စားပွဲထက်တွင် အဖြူရောင်ဖယောင်း တိုင်ကြီးနှစ်တိုင်ရှိ‌နေ၏။ ထိုသည်တို့မှလွဲ၍ အခန်းသည်ဗလာကျင်းနေလေသည်။

ထူးဆန်းသည်မှာ ဖုန်ထူ‌နေသည့်အခန်းတွင်းဝယ် ခြေရာတစ်စုံသာရှိနေ‌လေ၏။ ကျန်သုံးဦး၏အနီးပတ်လည်တွင် မည်သည့်ခြေရာမှ ရှိမနေပေ။ မျက်စိလျင်သူမည်သူမဆို ထိုသူတို့မှာ သရဲများဖြစ်သည်အားပြောနိုင်‌‌ပေမည်။

သရဲသုံးကောင်မှာလည်း ထူးထူးဆန်းဆန်း ဝတ်ဆင်ထားကြသည်။ စားပွဲအနောက်ခြမ်း၌ ထိုင်နေသည့်သရဲမမှာ အစိမ်းရောင်ချုံဆမ်းအား ဝတ်ဆင်ထားပြီး ယပ်တောင်အနီတစ်‌ ချောင်းကို ကိုင်ထားလေ၏။ သူမပုံရိပ်ကိုသာလျှင် မြင်နေရသည်။

သူမနှင့် မျက်နှာချင်းဆိုင်တွင်တော့ လည်ပင်းတွင် အပ်ချည်များဖြင့်အထပ်ထပ်ချုပ်ခံထားရသည့် လူရည်မွန်‌လေးတစ်ဦးရှိ‌လေ၏။

မြောက်ဘက်တွင်တော့ အရေးအကြောင်းများဖြင့် လူပုတစ်ယောက် ရှိနေသည်။

ယခုမှ ဝင်လာသော အမျိုးသားသည် စားပွဲ၏တောင်ဘက်တွင် ထိုင်နေပြီး သူသည်ချန်းကျိုးအား ကျောပေးထားလေ၏။ သူသည်ရင်ဘတ်ထဲမှ အဝတ်အိတ်တစ်ခုကို ဆွဲထုတ်၍ စားပွဲပေါ်၌ဖြန့်ကျဲလိုက်သည်။ အထဲတွင်တော့ မာ‌ကျောက်များရှိလေ၏။

ချုံဆမ်းဝတ်သရဲမမှာ သူ့ ဘာသာယပ်တောင်ခတ်ရင်း ချန်းကျိုးရှိရာဘက်ဆီ မတုန်မလှုပ်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။

သရဲတစ်ကောင်အနေဖြင့် သူတို့ပိုင်နက်တွင်းဝင်လာသည့် သူစိမ်းတစ်ယောက်ရှိနေသည်ကို မည်ကဲ့သို့ မသိဘဲနေပါမည်နည်း။

ချန်းကျိုးအားဖော်ထုတ်မနေဘဲ ချုံဆမ်းဝတ်သရဲမသည် သတိလစ်နေသည့်အမျိုးသမီးအား စိတ်ဝင်တစားကြည့်ကာ ထိုလူအားပြောလိုက်၏။

"မင်းမှာ တို့နဲ့ လောင်းကစားလုပ်ဖို့ သက်တမ်းမလုံလောက်တော့ဘူး"

ထိုလူသည် မျက်စောင်းထိုးခုံပေါ်ရှိ လူပုထံကြည့်ကာ သူသယ်လာခဲ့သည့် အမျိုးသမီးအား လက်ညှိုးထိုးပြလိုက်သည်။

"သူ့မှာကျန်တဲ့ သက်တမ်းကကော လုံလောက်ရဲ့လား"

"မင်း တကယ်ဟန်ဆောင်ကောင်းတာပဲ၊ ကိုယ့်ကိုယ်ကို အသက်ရှင်သန်ဖို့အတွက် တခြားတစ်ယောက်ရဲ့ ဘဝကို လောင်းကြေးထပ်နေတယ်။ သူ့ဘဝကိုပါ ဆုံးရှုံးသွားမှာမကြောက်ဘူးလား"

ချုံဆမ်းဝတ်သရဲမှာ ကလက်တက်တက်ဟန်ဖြင့် ထိုလူ့ဘက်လှည့်ကြည့်လိုက်၏။ သူမ မျက်နှာတစ်ခြမ်းမှာ အရည်ပျော်ကျနေသည့် ဖယောင်းတိုင်အလားတွဲကျနေလေသည်။ ထိုလူမှာ မည်သည့်အံ့ဩမှုမှရှိမနေသည့်အတွက် ဤနေရာဆီသူ‌ရောက်ဖူးသည်မှာ တစ်ကြိမ်မကသည့်ပုံပင်။

သူသည် နှာမှုတ်၍ "ငါ့မှာ နေရမယ့်ရက်တွေ သိပ်မကျန်တော့ဘူး၊ အပြစ်တင်ရင်လဲ ငါ့ကို ဒီလိုအခွင့်အရေးပေးတဲ့ သူ့ဘာသာပဲ ပြန်အပြစ်တင်‌လေ၊ ငါသာ နိုင်ရင် ငါတို့အားလုံး အတူတူနေရမယ်၊ ငါရှုံးရင်တော့ ငါ့ရဲ့ဓားစာခံအဖြစ် ရွေးခံခဲ့ရတဲ့ သူ့ရဲ့ကံဆိုးမှုပဲပေါ့"

လူပုသည် တစ်နေရာမှနေ စာရွက်တစ်ရွက်အားထုတ်ပြီး ထိုလူ့ရှေ့တွင်ချ‌ပေးလိုက်၏။

"ထုံးစံအတိုင်းပဲ အရင်ဆုံးလက်မှတ်ထိုးလိုက်"

လူပုသည် လေသံမာမာဖြင့် ပြောလိုက်သည်။

ထိုလူသည် တွေဝေခြင်းမရှိဘဲ ဓားတစ်ချောင်းကို ထုတ်ကာသတိလစ်နေသည့် အမျိုးသမီး၏လက်ချောင်းအား ဓားဖြင့်ခြစ်ချလိုက်၏။

နာကျင်မှုမှာထိုအမျိုးသမီးအား သတိပြန်ဝင်လာစေပြီး သူမမှာအိမ်တွင်းရှိမြင်ကွင်းအားကြောက်ရွံ့စွာ ကြည့်လိုက်သည်။

ထိုလူသည် သူမလက်အားဆုပ်ကိုင်ကာ စာရွက်ပေါ်လက်ဗွေနှိပ်လိုက်လေ၏။

အခန်းထဲရှိလူတိုင်းမှာ သူမ၏ရုန်းကန်မှုအား လျစ်လျူရှုထားကြသည်။

ဒီမြင်ကွင်းမှာ ချန်းကျိုး စူးစမ်းလိုစိတ်ကို ပိုပြင်းထန်စေခဲ့၏။ မာကျောက်ကစားနည်းတစ်ခုက ဘယ်လိုလုပ်ရဲ‌တွေရဲ့လျှို့ဝှက်အစည်းအဝေးတစ်ခုနဲ့တူနေရတာလဲ။

ထိုလူ၏ မာကျောက်ကစားနှုန်းမှာ ခရုတစ်ကောင်လို နှေးကွေးသည်ဟု ပြောနိုင်၏။ ပုံမှန်ကစားပွဲတစ်ခုသည် ဆယ်မိနစ်မှနေ နာရီဝက်အထိကြာနိုင်ပေသိ သူသည် တစ်တန်းတည်း ကစားဖို့ရန်ကိုပင် အနည်းဆုံး ငါးမိနစ်လောက် အချိန်ယူပြီးစဉ်းစားရလေသည်။

ကျန်လူသုံးယောက်မှ လုံးဝတုန်လှုပ်သည့်ပုံမပေါ်၍ ချန်းကျိုးမှာ စိုးရိမ်လာမိ၏။

ဤစောင့်ဆိုင်းမှုမှာ နှစ်နာရီကြာသွားလေသည်။အစပိုင်းတွင်တော့ ချန်းကျိုးမှာ စိတ်ဝင်တစားကြည့်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ပျင်းလာ‌လေ၏။ သူသည် အိပ်ပျော်မသွားခင်တွင် နံရံကိုမှီပြီးထိုင်ကာ အတုံးများရွှေ့သံတစ်တောက်တောက်ကို အချိန်အတော်ကြာနားထောင်ခဲ့ရလေသည်။

ချန်းကျိုးမှ အိပ်ပျော်လုဆဲဆဲအချိန်တွင် ဘန်ဂလိုတံခါးမှာပွင့်သွား၏။

ထိုလူသည် စိတ်ပျက်အားငယ်စွာဖြင့်ခြံဝန်း‌လေးထဲမှ ထွက်သွား‌လေသည်။ချန်းကျိုးမှာ သူ့ပခုံးထက်ရှိ ပဲစေ့အရွယ် မီးတောက်သေးသေးလေးသည် ဆန်စေ့အရွယ်သို့ ကျုံ့သွားသည်ကို သတိထားမိလိုက်သည်။

သူ ထရပ်ကာ အခန်းထဲသို့ချောင်းကြည့်လိုက်၏။ ကြိုးတုပ်ခံထားရသည့် အမျိုးသမီးမှာ တစ်နည်းနည်းဖြင့် အဘွားအိုတစ်ဦးဖြစ်သွားကာ သူမဆံပင်တို့သည် မီးခိုးရောင်သန်းနေကာ မျက်နှာသည်လည်းအရေးအကြောင်းတို့ရှိနေသည်။သူမ မျက်လုံးများထဲ မျက်ရည်တို့ဖြင့် ဝေ့သီနေပြီး ထိုလူ၏ ပြန်ထွက်သွားသည့်ပုံရိပ်ကို ကြည့်နေလေ၏။

အဲ့ဒီဝတ်စုံက ?

ထိုသည်မှာ ခုနမှအမျိုးသားသယ်လာသည့် အမျိုးသမီးဝတ်ထားသလို အဝတ်အစားများပင်။

ချန်းကျိုးသည် သူ့ခေါင်းနောက်အားကုတ်ကာ သူအိပ်ပျော်နေချိန်အတွင်း ဘာဖြစ်သွားသည်ဆိုသည်အား နားလည်နိုင်ရန်ရုန်းကန်နေရသည်။

"ကောင်လေး မင်း ဒီကို ရောက်နေပြီဆိုမှတော့ ဘာလို့ အထဲဝင်ပြီးမကြည့်ရတာလဲ"

ချုံဆမ်းဝတ်သရဲမသည် ရုတ်တရက်ဆိုသလို ချန်းကျိုး ဘေး၌ပေါ်ချလာ၏။

ချန်းကျိုးမှ လှည့်ကြည့်လိုက်‌သောအခါ ပုံရိပ်သည် လှစ်ကနဲပျောက်သွားလေသည်။

ချန်းကျိုးမှ အခန်းထဲသို့အမြန် ချောင်းကြည့်လိုက်ရာ လူသုံးဦးမှာ အမူအယာမရှိ ထိုနေရာတွင်သာ ထိုင်နေကြဆဲပင်။

ပုံမှန်လူဆိုပါက ဤကဲ့သို့အခြေအနေမျိုးနှင့် ရင်ဆိုင်ရလျှင် ထွက်ပြေးကောင်းထွက်ပြေးကြနိုင်၏။

သို့သော် ချန်ကျိုးသည် မည်သူနည်း။ စိတ်ရောဂါ ပြင်းထန်စွာခံစားနေရသည့် လူနာတစ်ဦးဖြစ်ကာ ရှင်းပြ၍မရနိုင်သော အပြုအမူများကိုပင် ဖြစ်နိုင်သည်ဟု ယူဆမည့်သူဖြစ်သည်။

ခေါင်းမာသည့်နေရာတွင် ချန်းကျိုးမှ ဒုတိယဆိုပါက ပထမနေရာမရှိ‌နိုင်တော့ပေ။ သူ့အားမည်သူက စိန်ခေါ်ဝံ့မည်နည်း။

ချန်းကျိုးသည် မကြောက်ရွံ့ပေသိ နည်းနည်းတော့ ရှက်သွားမိသည်။ သူ တခြားသူ၏ခြံထဲကို ခိုးဝင်ခဲ့ပေသိ ထိုလူမှာ သူ့အားအပြစ်မတင်ရုံသာမက အိမ်ထဲပါဖိတ်ခေါ်နေသည်ပင်။အမှားလုပ်ခဲ့သူတစ်ဦးအနေဖြင့် ထွက်သွားရန်အကြောင်းပြချက် မရှိတော့ပေ။

ချန်းကျိုးသည် သူ့အဝတ်အစားများအား ပြန့်‌အောင်ပြင်လိုက်၏။ အ‌စောမှ ထုံနေခဲ့သော သူ၏‌သောက်ခြေထောက်များမှာ ယခုအချိန်တွင် ကျဉ်နေပြီဖြစ်သည်။

သူသည် သူ့အိမ်သူ့ရာကို ရောက်လာသည့်အတိုင်း ဝင်ချလာကာ ကြမ်းပြင်ထက်ရှိ အဘွားအိုအား ခြေထောက်နှင့် တို့လိုက်၏။

အဘွားအို မျက်နှာမှာဖုန်များပေကျံနေပြီး သူမသည် ချန်းကျိုးအား မျှော်လင့်ချက်မဲ့စွာကြည့်‌နေလေသည်။ သူ့မျက်နှာမှာ အိုမင်းနေပေသ်ိ သူ့ရုပ်ရည်မှာတော့ သာမန်အဖွားကြီးတစ်ယောက်နှင့် မနှိုင်းယှဉ်နိုင်ပေ။

ချန်းကျိုးတွင် ပြန်ပေးဆွဲခံရသည်ဆိုသည့် အတွေးမျိုးရှိမနေခဲ့ချေ။ သူသည် အဘွားအိုအား ခဏကြာစပ်စုကြည့်ပြီးနောက် ခုံပေါ်ထိုင်ချကာ တောင်ကြည့်မြောက်ကြည့်လုပ်နေလေသည်။

[ကျောက်ရှောင်စွေ့ - အစောပိုင်းအဆင့် နတ်ဆိုးဝိညာဉ်၊တရုတ်နိုင်ငံ ကွန်မြူနစ်စနစ်ဖြင့် အုပ်ချုပ်စဥ်ကာလတွင် မွေးဖွားခဲ့သူ၊သူမက ပြည့်တန်ဆာတစ်ယောက်၊စစ်တပ်အပိုင်စားနယ်‌မြေတစ်ခုရဲ့ကွန်မန်ဒါ၏ နှစ်သက်မှုကို ရရှိခဲ့ပြီး ၎င်း၏ နဝမမြောက်ကိုယ်လုပ်‌တော်အဖြစ် လက်ထပ်ခဲ့သည်။ နောက်ပိုင်းတွင် ပြဇာတ်မင်းသားတစ်ဦးဖြင့် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပြီး လူမိသွားခဲ့ရာ သူ့အား မီးရှို့သတ်ခဲ့ကြ၏။သေဆုံးပြီးနောက် နတ်ဆိုးဝိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့သည်]

[ကျန်းချန်ရွှင်း - အစောပိုင်း အဆင့် နတ်ဆိုးဝိညာဉ်၊ တရုတ်နိုင်ငံကွန်မြူနစ်ဖြင့် အုပ်ချုပ်စဉ်ကာလတွင် မွေးဖွားခဲ့သူ၊ ဖုရွှင်းပြဇာတ်ရုံမှ ပြဇာတ်မင်းသားငယ်တစ်ဦးဖြစ်ပြီး စစ်တပ်အပိုင်စားနယ်‌မြေတစ်ခုရဲ့ကွန်မန်ဒါ၏ နဝမမြောက်ဇနီးနှင့်အိမ်ထောင်ရေးဖောက်ပြန်ခဲ့သူ၊ လူမိသွားပြီး ခေါင်းဖြတ် သတ်ခံခဲ့ရတယ်။ သေဆုံးပြီးနောက် နတ်ဆိုးဝိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့တယ်]

[ကုန်းဖဇီ - အစောပိုင်း အဆင့် နတ်ဆိုးဝိညာဉ်၊ ရွာရဲ့ကာ ကွယ်သူတစ်ယောက်ဖြစ်ကာ တစ်သက်လုံးလူပျိုဘဝနှင့်ရှိခဲ့ပြီး သေဆုံးပြီးနောက် နတ်ဆိုးဝ်ိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့တယ်]

ကုန်းဖဇီ! ဒီလို နာမည်နဲ့ လူတွေရှိသေးတယ်ပေါ့။

ချန်းကျိုးသည် ဤကဲ့သို့ ထူးခြားသောနာမည်ကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ရာ တွန့်ဆုတ်မနေပါဘဲရယ်ချလိုက်တော့၏။

မျက်‌စောင်းထိုး၌ ထိုင်နေသည့် လူပုသရဲမှာ လေးနက်သောအမူအယာဖြင့် စာရွက်တစ်ရွက်ကို ချန်းကျိုးရှေ့တွင် ရိုက်ချလိုက်သည်။

ချုံဆမ်းဆမ်ဝတ်ထားသည့် သရဲမမှာ အိညှက်ညှက်ဖြင့်ပြောလာ၏။

"မောင်လေး၊ မင်းခြေထောက်က မသန်ဘူးလား"

ချန်းကျိုးသည် သူ့ပေါင်အား ပုတ်ကာ

"ထုံနေတာပါ"

ချုံဆမ်ဝတ်ထားသည့် သရဲမမှာ ရှက်သွားပြီး စကားလမ်း ကြောင်းပြောင်းလိုက်၏။

"မောင်လေး၊ တစ်ခုခု လောင်းချင်လား ? ဥပမာပြောရရင် အဆုံးမရှိတဲ့ ပိုက်ဆံတွေ၊ သီလနဲ့ပြည့်စုံတဲ့ဇနီး၊ ရိုသေကိုင်း ရှိုင်းမှုရှိတဲ့ ကလေးတွေနဲ့ ကျန်းမာသန်စွမ်းတဲ့ မိဘတွေဆိုတာမျိုး‌ပေါ့။ဒါမှမဟုတ် မင်းရဲ့ အလုပ်အကိုင်မှာ ရာထူးတိုးချင်လား"

ချန်းကျိုးမှာ ခေါင်းခါလိုက်သည်။ သူ့တွင် ပိုက်ဆံဆိုသည့် အယူအဆမရှိ‌ပေ။ သူ့မိသားစုအတွက်မှာတော့ သူပဲ ကျန်ခဲ့သည်ဖြစ်ရာ အလုပ်အကိုင်အကြောင်း ပြောစရာမလိုချေ။အရူးတစ်ယောက်အနေဖြင့် သူ့ရာထူးမှာမည်မျှမြင့်နိုင်မည်နည်း။သူသည် စိတ်ရောဂါသည်များ၏ အဖွဲ့ခေါင်းဆောင် ဖြစ်လာနိုင်မည်လော။ ချန်းကျိုးသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ခုနက ထွက်သွားတဲ့လူက ဘာလောင်းခဲ့တာလဲ"

"သူက သူ့သက်တမ်းကို လောင်းခဲ့တာ"

"သက်တမ်းလား"

ချန်းကျိုးမှာ မရေမရာဖြစ်သွားရသည်။

"သူက သေခါနီးလူတစ်ယောက်ပဲ၊ သူက သူ့သက်တမ်းနဲ့ ဒီအမျိုးသမီးရဲ့ ဘဝသက်တမ်းတစ်ခုလုံးကို လောင်းခဲ့တယ်၊ သူ ရှုံးရင် ဒီအမျိုးသမီးရဲ့သက်တမ်းက ကျွန်မတို့ပိုင်ဆိုင်မှာပဲ၊ သူ နိုင်ရင်တော့ သူကဒီအမျိုးသမီးရဲ့သက်တမ်းအတိုင်း သုံးဆရမယ်၊ လောင်းကြေးကြီးလေလေ၊ အမြတ်အစွန်း ပိုကြီးလေပဲ"

ချုံဆမ်းဝတ်ထားသည့် သရဲမမှာ သူ့ယပ်တောင်အားမြှောက်ကာ ချန်းကျိုး မေးစေ့အားဖိလိုက်ပြီး ရီဝေနေဟန်ဖြင့်ပြောလာ၏။

All Chapters