← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ထိုသည်ကို မြင်သောအခါ ကျန်းယိုယိုသည် ချန်ကျိုးနှင့် ပိုမိုနီးကပ်သွားရန် ကြိုးစားလိုက်ပြီး ပြောလိုက်ပေသည်။

"ကျွန်မအမေက အဝတ်အထည်ဆိုင် ဖွင့်ထားတာပါ၊ ရှင့်အတွက် အဝတ်အစားအချို့ ယူလာပေးတယ်၊ ဒါပေမဲ့ ရှင်နဲ့ တော်မတော်တော့ မသိဘူးနော်"

"အဝတ်အစားအသစ်တွေလား"

ချန်ကျိုးမှာ အံ့အားသင့်သွားခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက စိတ်ကျန်းမာရေးဆေးရုံတွင် နေထိုင်ခဲ့ရသူဖြစ်ပြီး အဝတ်အစားအသစ်ကို လက်ချိုးရေတွက်ရုံမျှသာ ဝတ်ဆင်ခဲ့ဖူးခြင်းဖြစ်သည်။

"လာလေ၊ ဒါလေး တစ်ချက်လောက် ဝတ်ကြည့်ပါဦး!"

ကျန်းယိုယို အကူအညီဖြင့် ချန်ကျိုး အဝတ်အစားအသစ်ကိုအမြန်လဲလှယ်လိုက်ပြီး မှန်ရှေ့တွင် သူရဲကောင်းဆန်သော ကိုယ်ဟန်အနေအထား အမျိုးမျိုးကိုလုပ်ပြနေတော့ သည်။

"အော်... ဒါနဲ့ သစ်သီးတွေနဲ့ မုန့်တွေလည်း ပါသေးတယ်၊ ရှင် ဘာကြိုက်တတ်မှန်း မသိလို့ အကုန်ဝယ်လာခဲ့တာ"

ချန်ကျိုး နှုတ်ခမ်းများမှာ ပြုံးယောင်သန်းသွားပြီး သူ အလွန်ပျော်ရွှင်ကာ ကျေနပ်နေကြောင်းပြသနေပေသည်။

"ဒါဆိုလည်း ငါ အရင်မြည်းကြည့်ဦးမယ်၊ ကောင်းတယ်ဆိုရင်တော့ နောက်ခါမှ ပိုဝယ်ခဲ့ပေါ့"

ချန်ကျိုးသည် လက်တစ်ဖက်တွင် နဂါးမောက်သီးတစ်လုံး၊ အခြားလက်တစ်ဖက်တွင် ငှက်ပျောသီးတစ်လုံးကိုကိုင်ထားပြီး ခေါင်းတွင်လည်း ပီကာချူးပုံ ချည်ဦးထုပ်လေးကို ဆောင်းလျက် အားရပါးရ စားသောက်နေတော့သည်။

ချန်ကျိုး၏ပျော်ရွှင်နေသော ပုံစံကို ကြည့်ပြီး ကျန်းယိုယိုလည်း လိုက်ပြုံးမိသည်။

သူမသည် ချန်ကျိုး၏နောက်ခံသမိုင်းကြောင်းကို သိရှိထား၏။ သူသည် မွေးရာပါ စိတ်ရောဂါဝေဒနာ ခံစားနေရသူဖြစ်ပြီး မိဘများ၏စွန့်ပစ်ခြင်းကိုခံခဲ့ရကာ ပြင်ပလော ကနှင့် အဆက်အသွယ်မရှိဘဲ စိတ်ကျန်းမာရေးဆေးရုံတွင်သာ ကြီးပြင်းခဲ့ရသူဖြစ်သည်။

ချန်ကျိုးသည် သူတို့မိသားစုအား ဒုတိယအကြိမ်မြောက် အသက်ရှင်ခွင့်ပေးခဲ့သူဖြစ်သဖြင့် သူတို့မိသားစုမှ သူ့အား မိသားစုဝင်တစ်ဦးကဲ့သို့ သဘောထားရန် ဆုံးဖြတ်ထားကြပြီး အခွင့်ရတိုင်း ဆေးရုံသို့လာရောက်တွေ့ဆုံရန် စီစဉ်ထားကြသည်။

ထိုစဉ်မှာပင် ဧည့်ခန်းအတွင်းသို့ နောက်ထပ်လူသုံးဦး ဝင်ရောက်လာကြသည်။ ရှေ့ဆုံးမှ လာသူမှာ သရဲနှင်ရဲစခန်းမှူးကျိုးအိုက်ကော်ဖြစ်ပြီး သူ့နောက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပါလာ၏။

အမျိုးသားမှာ အရပ်ပုပု အသားခပ်တောင့်တောင့်ဖြစ်ပြီး လည်ပင်းတွင် ရွှေဆွဲကြိုးအကြီးကြီး ဆွဲထားပေသည်။ အမျိုးသမီးမှာမူ အရပ်ရှည်ပြီး ခြေတံရှည်သူဖြစ်ကာ မျက်နှာတွင်လည်း အလွန်လှပသော မိတ်ကပ်များ လိမ်းခြယ်ထားသဖြင့် သူ့အလှအပမှာ ရဲမေကျန်းယိုယိုထက်ပင် မနိမ့်ကျလှပေ။

"အလို... မိုးတွေကတော့ တအားရွာနေတာပဲ၊ ဒါပေမဲ့ ခင်ဗျားတို့ဆေးရုံကတော့ တော်တော်လေး စည်ကားနေပါလား"

ကျိုးအိုက်ကော်က ရင်းနှီးသောအပြုံးဖြင့် ဆိုလိုက်ပေသည်။

ကျိုးအိုက်ကော် ဝင်လာသည်ကိုမြင်သောအခါ ဆေးရုံအုပ်ကြီး၏ပျော်ရွှင်နေသော မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားပြီးမေးလိုက်၏။

"ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ"

ကျိုးအိုက်ကော် အနေရခက်စွာ ရယ်မောရင်း ရှင်းပြလိုက်ပေသည်။

"ဒါကတော့ ဟန်ဖုန်းအိမ်ခြံမြေကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Mr.ဝူပေါ်ထုံပါ၊ နောက်ပြီး ဒါကတော့ Mr.ဝူပေါ်ထုံရဲ့ ချစ်သမီး Ms.ဝူရွှမ်ချီပါ၊ မနေ့ညက ချန်ကျိုး ဝူရွှမ်ချီကို ရန်ငြိုးကြီးသရဲသုံးကောင်လက်ကနေ ကယ်တင်ခဲ့လို့ Mr.ဝူတို့ မိသား စုက ကျေးဇူးလာတင်တာပါ"

ထိုအခါမှ ဆေးရုံအုပ်ကြီးမျက်နှာမှာ အနည်းငယ်ပြေလျော့သွားတော့သည်။

"ချန်ကျိုး... ကျွန်မကို မှတ်မိလား၊ ကျွန်မနာမည်က ဝူရွှမ်ချီပါ၊ မနေ့ညက ရှင် ကျွန်မကို ကယ်ခဲ့တာလေ"

ဝူရွှမ်ချီသည် ရှေ့သို့ တိုးလာပြီး ချန်ကျိုးကို စူးစမ်းလိုစိတ်ဖြင့် အပေါ်အောက်ကြည့်လိုက်၏။ ချန်ကျိုး မျက်နှာတွင် နဂါးမောက်သီးဖတ်များ ပေကျံနေပေသည်။

သူသည် သူမကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ရွံရှာသော မျက်နှာပေးဖြင့် မျက်နှာလွှဲလိုက်ကာ လက်ထဲမှ နဂါးမောက်သီးကိုသာ ဆက်လက်၍ အငမ်းမရစားနေတော့သည်။

အဘွားကြီးနှင့် သူ့ဖခင် ရောက်လာသည်ကို သူ မြင်ပြီးဖြစ်သော်လည်း၊ အခြားမိန်းကလေးက လက်ဆောင်ထုပ်များစွာ ယူလာပေးချိန်တွင် သူတို့မှာမူ လက်ဗလာဖြင့် ရောက် လာကြသည် မဟုတ်ပါလား ? ဒီလိုလူတွေက သူ့ကို လာတွေ့ရဲသေးတယ်ပေါ့။

ဧည့်ခန်းအတွင်းရှိ လေထုမှာ ရုတ်တရက် အေးစက်သွားခဲ့လေသည်။

စိတ်ဝေဒနာရှင်တစ်ဦးနှင့် ဆက်ဆံရာတွင် သည်းခံရမည်ပင်။

ဝူရွှမ်ချီ ကိုယ်ကိုကိုင်းကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပေသည်။

"နေကောင်းလား ချန်ကျိုး"

ဤနားမလည်သော အဘွားကြီးပါပေ။

ချန်ကျိုးသည် ဝူရွှမ်ချီကို ကျောခိုင်းလိုက်ပြန်သည်။

ဆေးရုံအုပ်ကြီးမှာ မကြည့်ရက်တော့ဘဲ ဝင်ပြောလိုက်၏။

"ချန်ကျိုး... သူတို့က မင်းကိုတွေ့ဖို့ အဝေးကြီးကနေ လာကြတာလေ၊ မင်းက ဘာလို့ ဒီလောက် ရိုင်းနေရတာလဲ"

ချန်ကျိုးသည် သူ့ ခက်ထန်သော အကျင့်အတိုင်းပြန်လည် အော်ဟစ်လိုက်တော့သည်။

"ငါက ရိုင်းတာလား၊ ငါ သူတို့ကို လာတွေ့ခိုင်းလို့လား၊ သူတို့က သူတို့ဘာသာ လာကြတာလေ! ဟိုးက 'ဘောလုံးလေး' ကိုကြည့်လိုက်ဦး၊ အဲဒါမှ ငါ့ကိုလာတွေ့တယ်လို့ခေါ်တာ၊ သူတို့က လက်ဗလာနဲ့ လာတာကို၊ ဘယ်သူ့ကို လာတွေ့တာလဲ"

အားလုံးမှာ အနေရခက်သွားကြပေသည်။

ဤလူမှာ တကယ်ကိုအရာရာကို ငွေကြေး၊ ပစ္စည်းနှင့်သာ တိုင်းတာသူဖြစ်နေသည် မဟုတ်ပါလား ?

ကျိုးအိုက်ကော်သည် ချန်ကျိုး၏သဘာဝကို သိရှိထားသဖြင့် သားအဖနှစ်ဦးကို တိုးတိုးလေး ပြောလိုက်သည်မှာ

"သူ့ကို ပိုက်ဆံနည်းနည်းပေးလိုက်ရင် ရပါပြီ၊ ပိုက်ဆံအနီတစ်ရွက်လောက် ပေးလိုက်ရင် သူ ပျော်သွားပါလိမ့်မယ်"

ဝူပေါ်ထုံ ပြုံးလိုက်ရင်း "အဆင်သင့် ပြင်ထားပြီးသားပါ ဆရာချန်၊ မနေ့ညက သမီးလေးကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ဒီချက်လက်မှတ်ကို ဖြည့်ပေးပါ၊ မင်း ကြိုက်သလောက် ရေးနိုင်ပါတယ်၊ အဲဒါက မင်းအတွက် ကျေးဇူးတုံ့ပြန်ခပဲ!"

ဝူပေါ်ထုံ သူ၏လက်ဆွဲအိတ်ထဲမှ ဘောပင်နှင့် ချက်လက် မှတ်တစ်ခုကို ထုတ်၍ ချန်ကျိုးထံသို့ ကမ်းပေးလိုက်ပေသည်။ ဝူပေါ်ထုံမှာ တကယ့်ကို ပါးနပ်သော လူတစ်ဦးပင်။

သရဲစွမ်းအင်များ ပြန်လည်နိုးထလာသည့် ဤခေတ်ကာလတွင် ပိုက်ဆံဆိုသည်မှာ ဘာမှအဓိပ္ပာယ်မရှိပေ။ တစ်နေ့ သောအခါတွင် သရဲလေးတစ်ကောင်ကပင် သင့်အသက်ကို နုတ်ယူသွားနိုင်သည် မဟုတ်ပါလား ?

ထို့ကြောင့် ချန်ကျိုးကဲ့သို့သော အစွမ်းထက်သူတစ်ဦးနှင့် မိတ်ဆွေဖွဲ့ထားခြင်းမှာ အလွန်တန်ဖိုးရှိလှပေသည်။ သို့ဖြစ်ရာ ချန်ကျိုးမှာ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေလင့် ကစား ဝူပေါ်ထုံကမူ အလွန်ပင် နှိမ့်ချစွာဆက်ဆံနေခြင်း ဖြစ်ပေသည်။

ဤအဖိုးကြီးမှာ တကယ်ပါးနပ်သူပါပေ။

ချန်ကျိုးမျက်လုံးများမှာ အရောင်တောက်သွားခဲ့၏။ သူသည် ချက်လက်မှတ်၏အသုံးဝင်ပုံကို သိရှိထားသည်မှာ ရုပ်ရှင်များထဲတွင် မြင်ဖူးထားသောကြောင့် ဖြစ်ပေသည်။ ချမ်းသာသောသူများသည် ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် ချက်လက်မှတ်များကို ပစ်ပေးတတ်ကြပြီး မိမိစိတ်ကြိုက်ပမာဏကို ရေးသွင်းနိုင်သည်မှာ အလွန်ပင် လန်းလှသည် မဟုတ်ပါလား။

ချန်ကျိုးသည် ချက်လက်မှတ်ကို ယူလိုက်ပြီး ၎င်း၏အ လေးချိန်ကို ခံစားကြည့်လိုက်၏။ ရုပ်ရှင်ထဲမှာသာမြင်ဖူးခဲ့သော ချက်လက်မှတ်ဆိုသည်မှာ တကယ်တမ်း၌ သာမန်စက္ကူနှင့်ပင် ဆင်တူနေပါသေးသည်။

ချန်ကျိုးသည် ပမာဏရေးသွင်းရမည့် ကွက်လပ်ပေါ်တွင် လက်ချောင်းဖြင့် ထောက်ကာ ရေတွက်လိုက်သည်မှာ

"ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ ဘီလီယံ..."

ထို့နောက် သူက ဝူပေါ်ထုံကို မော့ကြည့်ကာ မေးလိုက်လေသည်။

"တကယ်ပဲ ငါ ကြိုက်သလောက် ရေးလို့ရတာလား"

ဝူပေါ်ထုံ ပြန်မဖြေနိုင်ခင်မှာပင် သူ ဘောပင်ကိုကောက်ကိုင်ကာ ကုဋေဂဏန်းနေရာမှစ၍ စတင်ရေးသားလိုက်ပြီး ပါးစပ်မှလည်း တိုးတိုးလေး ရေရွတ်နေပေသည်။

"ကိုးရာ ကိုးဆယ့်ကိုးသန်း၊ ကိုးသိန်း ကိုးသောင်း ကိုးထောင်၊ ကိုးရာ ကိုးဆယ့်ကိုး"

ဝူပေါ်ထုံမျက်နှာမှာ တလှုပ်လှုပ်ဖြစ်သွားပြီး ခြေထောက်များမှာလည်း ပျော့ခွေကာ လဲကျလုနီးပါး ဖြစ်သွားခဲ့၏။

ဤစိတ်ဝေဒနာရှင်မှာ တကယ့်ကို လောဘကြီးလွန်းလှပေသည်။ သူရေးလိုက်သော ပမာဏမှာ ဘီလီယံတစ်ဆယ် ပြည့်ရန် တစ်ဒေါ်လာသာလိုတော့သဖြင့် ဝူပေါ်ထုံ၏ ပိုင်ဆိုင်မှုအားလုံး ပေါင်းလိုက်လျှင်ပင် ထိုပမာဏကို ပြည့်မီရန် မလွယ်ကူလှပေ။

ချန်ကျိုး ဘောပင်ပြန်ချလိုက်သည်ကို မြင်သောအခါ ဝူပေါ်ထုံ နဖူးမှချွေးများကို သုတ်လိုက်ပြီး ဘေးမှကြည့်နေသော ကျိုးအိုက်ကော်ကို အဓိပ္ပာယ်ပါပါစိုက်ကြည့်လိုက်၏။

ကျိုးအိုက်ကော်မှာလည်း ရယ်ရခက်၊ ငိုရခက် ဖြစ်နေရပေသည်။ သူသည် ဝူပေါ်ထုံ၏ပိုင်ဆိုင်မှုကို သိထားသဖြင့် 'ကိုးရာ ကိုးဆယ့်ကိုးသန်းကျော်' ဆိုသည်မှာ ဝူပေါ်ထုံကိုပါ ရောင်းလိုက်လျှင်ပင် မလုံလောက်နိုင်ကြောင်းသိနေသည်။

သူက ဝူပေါ်ထုံကို စိတ်အေးအေးထားရန် အကြည့်ဖြင့် အချက်ပြလိုက်ပြီးနောက် သန့်စင်ခန်းတံခါးနားသို့ သွားကာ လူ မမြင်သောနေရာမှ ချန်ကျိုးထံသို့ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်လေသည်မှာ

"ဤဂြိုဟ်ပေါ်တွင် အစွမ်းသတ္တိအရှိဆုံး စစ်သည်တော် သုန်းသုန်းယောင်၊ သန့်စင်ခန်းသို့ အခုချက်ချင်းအစီရင်ခံရန် လာခဲ့ပါ"

ဧည့်ခန်းအတွင်း၌ ချက်လက်မှတ် ဖြည့်ပြီးသွားသော ချန်ကျိုးဖုန်းမှာ မြည်လာခဲ့၏။

ချန်ကျိုးသည် WeChat ကိုဖွင့်ကာ ဖုန်းကို ကွယ်၍ ကျိုးအိုက်ကော်၏ မက်ဆေ့ခ်ျကို ဖတ်လိုက်သောအခါ မိမိကိုယ်မိမိ ပိုလို့ပင်အရေးပါသူတစ်ဦးဟုခံစားလိုက်ရတော့ သည်။

"ငါ သန့်စင်ခန်း ခဏလောက်သွားဦးမယ်၊ ဘယ်သူမှ နောက်က လိုက်မလာနဲ့"

ချန်ကျိုးသည် မည်သူမျှ နောက်ကလိုက်မလာကြောင်း သေချာအောင် အကြိမ်ကြိမ် နောက်လှည့်ကြည့်ပြီးနောက် သန့်စင်ခန်းတံခါးဆီသို့ ပြေးသွားတော့သည်။

"သုန်းသုန်းချီ ဒီမှာ လူတွေ အရမ်းများနေတယ်၊ ပြောစရာရှိတာကို မြန်မြန်ပြောစမ်းပါ"

ချန်ကျိုး ကျိုးအိုက်ကော်ကို ဆိုလိုက်၏။

"သုန်းသုန်းယောင်... ငါ့စိတ်ထဲမှာတော့ ဒီချက်လက်မှတ်ဆိုတာ ထောင်ချောက်တစ်ခုပဲလို့ ခံစားနေရတယ်၊ စဉ်းစားကြည့်လေ၊ မင်း ဒီချက်လက်မှတ်ကို ဖြည့်ပြီးရင် ဘယ်မှာသွားပြီး ပိုက်ဆံထုတ်မှာလဲ"

"ဘဏ်မှာပေါ့၊ သုန်းသုန်းချီ... မင်းကတော့ မိုက်မဲတဲ့ လူသားတွေအကြောင်းကို အခုထိ အကုန်နားမလည်သေးဘူးပဲ"

"ငါ ဆိုလိုတာက မင်း ဘဏ်ကိုသွားတဲ့အခါ သူတို့က လက် မခံရင် ဘယ်လိုလုပ်မလဲ၊ သူတို့ကို ဘယ်မှာသွားရှာမလဲ၊ အကယ်၍ သူတို့ နှစ်ယောက်လုံးက လူလိမ်တွေဆိုရင် ဘယ်လိုလုပ်မလဲ"

ချန်ကျိုး ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်၏။

"သုန်းသုန်းယောင်က သုန်းသုန်းချီ ပြောတာ အကျိုး အကြောင်းသင့်တယ်လို့ ထင်တယ်၊ သုန်းသုန်းချီ... မင်းမှာ ကောင်းတဲ့ အကြံပြုချက် ရှိလား"

"တန်ဖိုးမရှိတဲ့ ချက်လက်မှတ်ထက်စာရင် လက်ဆုပ်လက် ကိုင်ပြနိုင်တဲ့ ပစ္စည်းတစ်ခုခုက ပိုကောင်းတယ်"

"စားစရာလား၊ ငါ့မှာ စားစရာတွေ အများကြီး ရှိတယ်လေ"

"တကယ်ကို တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခုကိုပြောတာပါ"

"နားလည်ပြီ၊ သတိပေးတဲ့အတွက် ကျေးဇူးပဲ သုန်းသုန်းချီ"

ထိုသို့ပြောပြီးနောက် ချန်ကျိုး ဧည့်ခန်းသို့ပြန်ပြေးသွားတော့သည်။

ဧည့်ခန်းအတွင်း၌ ဝူပေါ်ထုံနဖူးထက် ချွေးအေးများထွက်နေပေသည်။ ချန်ကျိုး ပြန်ရောက်လာသည်ကို မြင်သော အခါ သူ့နှလုံးသားမှာ လည်ပင်းဝသို့ရောက်လုမတတ်ထိတ်လန့်သွားခဲ့ရတော့သည်။

All Chapters