ရွမ်ကျစ် ငါမင်းကို တောင်းပန်ပါတယ်
Vol. 10 Ch. 173
ကျီကျောက်သည် တကယ့်ကို အနည်းငယ် စိတ်ပျက်နေခဲ့သည်။
အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ဆက်ဆံရေးနှင့် ပတ်သက်ရာတွင် အရေးကြီးဆုံးအရာမှာ စိတ်နေသဘောထားပင် ဖြစ်သည်။
ရှန်းယောင်၏ အမြင်တွင် ပြောဆိုဆက်ဆံခြင်းက အရေးမကြီးပါက သူမတို့ အချင်းချင်း သံသယကြောင့် အနာဂတ်တွင် စိတ်သဘောထား ကွဲလွဲမှုများ ရှိလာမည်မှာ သေချာပေါက်ပင်။
“အာ့ထောင် ကိုယ့်အမှားကို ကိုယ်သိပါပြီ” ရှန်းယောင်က သူမလက်ကို ဆုပ်ကိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူမက ညင်သာစွာ ရှောင်ဖယ်လိုက်သည်။ သူ့နှလုံးသားထဲမှာ စွဲထင်နေတဲ့ ခါးသီးမှုက သူ့ကို ပိုလို့တောင် မသက်မသာ ဖြစ်စေခဲ့သည်၊ “စိတ်မဆိုးပါနဲ့၊ ဟုတ်ပြီလား။”
“ကျွန်မ စိတ်မဆိုးပါဘူး” ကျီကျောက်က တည်ငြိမ်စွာ ပြောသည်၊ “ကျွန်မ အနည်းငယ် စိတ်ပျက်မိနေရုံပါပဲ။”
ရှန်းယောင်က သူ့မျက်ဝန်းထဲမှ နာကျင်မှုကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်၊ “မင်း ရေဆာလား။ ဗိုက်ဆာလား။”
“ဒီအနားမှာ အရမ်းနာမည်ကြီးတဲ့ လိမ္မော်ကိတ်မုန့်ရှိတယ်။ မင်း မြည်းစမ်းကြည့်ချင်လား” ရှန်းယောင်သည် သူမ၏ အင်္ကျီလက်ကို ဂရုတစိုက် ဆွဲကိုင်လိုက်ပြီး သူ၏ နူးညံ့တဲ့ မျက်ဝန်းတွေထဲမှာ အသနားခံမှုများ ပြည့်နှက်လျက် ရှိသည်။
ထိုအကြည့်နှင့် ဆုံတွေ့လိုက်တာ့ ကျီကျောက်၏ နှလုံးသားမှာ ချက်ချင်းဆိုသလို ပျော့ပျောင်းသွားခဲ့သည်။
“Then promise me that no matter what happens in the future, you’ll
“ဒါဆို နောင်အနာဂတ်မှာ ဘာကိစ္စပဲ ရှိရှိ ရှင် ကျွန်မနဲ့ တိုင်ပင်ဆွေးနွေးရမယ်လို့ ကတိပေးရမယ်နော်။”
“ကောင်းပါပြီ။”
“ပြီးတော့ ရှင် နှုတ်မဆက်ဘဲ ထွက်သွားခွင့်မပြုဘူး။ တကယ်လို့ နောက်တစ်ခါ ရှင် အဲ့လိုလုပ်ရင် ကျွန်… ဘယ်တော့မှ ရှင့်ကို စကားမပြောတော့ဘူး။” ကျီကျောက်က သူမ၏ မျက်ဝန်းတွေကို မှေးကျဉ်းပြီး အေးစက်စွာ ပြောလိုက်သည်။
“အင်း” ရှန်းယောင်က အားတက်တရော ခေါင်းညိတ်သည်။
ဂွီ… ဂွီ…
ကျီကျောက်၏ ဗိုက်ထဲမှ ဗိုက်ဆာနေဟန် အသံမြည်လာခဲ့သည်။ ရှန်းယောင်က “ကိုယ် စားပွဲထိုးကို သွားရှာလိုက်ဦးမယ်” ဟု အမြန်ပြောလိုက်သည်။
“အင်း”
ဆယ့်ငါးမိနစ်လောက်ကြာတော့ စားပွဲထိုးက ဟင်းနှစ်ပွဲနှင့် စွပ်ပြုတ်တစ်ခွက် ယူလာပေးသည်။
ကျီကျောက်သည် ကြက်ဥစွပ်ပြုတ် ပန်းကန်လုံးကြီး တစ်လုံးကို အရင်ဆုံး သောက်ခဲ့ပြီးမှ ပိုလို့ သက်တောင့်သက်သာ ခံစားခဲ့ရသည်။
သူမသည် မနေ့ညက ထူးဆန်းတဲ့ အိပ်မက်ကို မြင်မက်ခဲ့ပြီး အစား အများကြီး မစားခဲ့မိပေ။ အခုနတုန်းက ခေါက်ဆွဲဆိုင်မှာတုန်းကလည်း သတင်းအချက်အလက်ကို စုဆောင်းဖို့ကိုသာ အာရုံစိုက်ထားမိသဖြင့် ခေါက်ဆွဲတစ်ပန်းကန်ကိုတောင် ကုန်အောင် မစားခဲ့ရဘူး။
ကျီကျောက်သည် အခု တကယ် ဗိုက်ဆာနေပြီ။
“ဒါဆို ရှင့်မှာ ဘာအစီအစဉ်ရှိလဲ” ပန်းကန်လုံးနှင့် တူတွေကို အောက်ချပြီးနောက် ကျီကျောက်သည် သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အမျိုးသားအား ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။ “ရှင် ဒီမှာ ဆက်နေချင်သေးလာ ဒါမှမဟုတ် အိမ်ပြန်ကြမလား။”
“ကိုယ့်မှာ… သဲလွန်စ တစ်ခုမှ မရှိသေးဘူး” ရှန်းယောင်က ဝမ်းနည်းစွာ သက်ပြင်းချသည်၊ “ကိုယ် ဆရာကြီးဖန်ကို မေးချင်တာတွေ အများကြီး ရှိသေးတယ်။ သူ အဖမ်းခံလိုက်ရတာ ကံမကောင်းတာပဲ။”
“ကျွန်မတို့ အကျဉ်းထောင်ကို သွားကြည့်လို့ မရဘူးလား” ကျီကျောက်သည် တခဏတာမျှ တွေးပြီး တိုးတိုးလေး မေးသည်၊ “ကျွန်မ ပတ်ဝန်းကျင်ကို မေးမြန်းကြည့်ပြီးပြီ။ ဒီခရိုင်တရားသူကြီးက အရမ်းလောဘကြီးတဲ့ ပုဂ္ဂိုလ်ပဲ။ သူက အပေါ်ဖား အောက်ဖိတဲ့ လူမျိုးဆိုတော့ ကျွန်မတို့ ပိုက်ဆံသုံးဖို့ ဆန္ဒရှိနေသရွေ့ ဆရာကြီးဖန်နဲ့ ကျွန်မတို့ တွေ့နိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်။”
“ဒီတစ်နည်းပဲ ရှိတော့တယ်” ရှန်းယောင်က ခေါင်းညိတ်ပြီး ကျီကျောက်၏ အကြံပြုချက်ကို လက်ခံလိုက်သည်။
နေဝင်ရီတရောအချိန်၌ ကျီကျောက်သည် ကြက်ကင် တစ်ကောင်နှင့် ဝိုင် နှစ်အိုးကို ဝယ်ပြီး ရှန်းယောင်၏ နောက်သို့ လိုက်ပါကာ ခရိုင်အကျဉ်းထောင်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။
နောက်ထပ် ငွေနှစ်လျန်း သုံးစွဲပြီးနောက် နောက်ဆုံးတွင် သူတို့သည် အကျဉ်းထောင်ထဲသို့ လည်ပတ်ချိန် ၁၅ မိနစ် ရရှိခဲ့သည်။
“ဒါက အတွင်းအကျဆုံး အချုပ်ခန်းပဲ။ အချိန်ပြည့်တာနဲ့ ထွက်လာပေးပါ။ မဟုတ်ရင် ငါတို့ ညီအစ်ကိုတွေက ယဉ်ကျေးနေမှာ မဟုတ်ဘူး” ဓားကြီးကို ခါးမှာ ချိတ်ဆွဲထားသည့် အကျဉ်းထောင်စောင့်က တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကျေးဇူးပါ အစ်ကိုကြီး” ကျီကျောင်က သူ့ကို နောက်ထပ် ငွေတစ်လျန်း ပေးလိုက်သည်။
ငွေလက်ခံရရှိပြီးနောက် အကျဉ်းထောင်စောင့်၏ မျက်နှာပေါ်ရှိ သတ်ချင်ဖြတ်ချင်သည့် အရှိန်အဝါက ငြိမ်သက်သွားခဲ့သည်။
ရှန်းယောင်သည် အတွန်းဆုံး အကျဉ်းခန်းဆီသို့ လျှောက်သွားကာ မျက်စိမှိတ် အနားယူနေသည့် ဆရာကြီးဖန်ကို တွေ့လိုက်ရသည်။
သူ့စိတ်ထဲမှ ဆရာကြီးဖန်၏ ပုံရိပ်က အပြာဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ရဲ့ အဖြူအမည်းဆံပင်ကို သစ်သားဆံထိုးနဲ့ သေသပ်စွာ ထုံးဖွဲ့ထားပြီး သူ့မျက်နှာပေါ်မှာ အမြဲလိုလို ကြင်နာတတ်တဲ့ အပြုံးခပ်ဖျော့ဖျော့ကို ဆင်မြန်းထားသည့် လူမျိုး ဖြစ်သည်။ အခုလိုမျိုး ဘယ်လိုဖြစ်နေရတာလဲ။
အဖြူရောင် ထောင်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တွေက ရှုပ်ပွနေကာ သူ့မျက်နှာကလည်း ညစ်ပတ်ပေရေနေသည်။ သူ့ကြည့်ရတာ အလွန်အမင်း စိတ်ဆင်းရဲဖွယ်ကောင်းသည်။
“ဆရာ” ရှန်းယောင်က ဆို့နင့်နေသောအသံဖြင့် အော်ခေါ်လိုက်သည်။
“ရွမ်ကျစ်” သူ့ကို လှမ်းခေါ်သူကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် ဆရာကြီးဖန်၏ မျက်လုံးများသည် ချက်ချင်းဆိုသလို တောက်ပလာခဲ့သည်၊ “ရွမ်ကျစ် မင်း ငါ့ကို ကယ်ဖို့ ဒီကို ရောက်လာတာလား။”
ရှန်းယောင်က သူ့နှုတ်ခမ်းတွေကို ခါးသီးစွာ ကွေးညွှတ်ထားပြီး သူ့အကြည့်တွေမှာ ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေသည်။ “ဆရာကြီး ကျွန်တော်က မသန်စွမ်းတဲ့ သာမန်လူတစ်ယောက်ပဲ။ ဆရာ့ကို ဘယ်လိုလုပ်ပြီး ကယ်တင်ပေးနိုင်ပါ့မလဲ။”
ဆရာကြီးဖန်၏ မျက်ဝန်းထဲရှိ အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်…။
“ရွမ်ကျစ် ဆရာ တောင်းပန်ပါတယ်။”
ပြောရရင် တကယ်လို့သာ သူ့ရဲ့ လောဘဇောကြောင့် ရှန်းယောင်ရဲ့ စာမေးပွဲစာရွက်တွေကို အစားမထိုးခဲ့ဘူးဆိုရင် ရှန်းယောင် ကျရှုံးမှာ မဟုတ်ဘူး။
“ကံတရားက လူတိုင်းကို ခွင့်မလွှတ်ပေးဘူး။ ငါ အခုလို အခြေအနေကို ရောက်သွားခဲ့ရတဲ့ အကြောင်းအရင်းက ငါပြုခဲ့တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို ပြန်ခံစားရတာပါပဲ” ဆရာကြီးဖန်က သူ့မျက်လုံးတွေကို အားနည်းစွာ မှေးမှိတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် နာကျင်မှု အရိပ်အယောင်များ ဖြည့်စွက်ထားသည်။
“ဆရာကြီး ဆရာ ဘာဖြစ်လို့ ဒီလိုလုပ်ခဲ့ရတာလဲဆိုတာ ကျွန်တော် တကယ် နားမလည်ဘူး” ရှန်းယောင်က တကယ့်ကို နားမလည်နိုင်ခဲ့တာပါ။ “ဆရာကြီးပဲ ကျွန်တော်က စာပေအရာမှာ အရမ်းထူးချွန်ပြီး ထွန်းပေါက်လိမ့်မယ်လို့ တစ်ခါက ပြောခဲ့ဖူးတယ်။ ဆရာကြီးက ကျွန်တော့်ကို ဂရုတစိုက်နဲ့ စိတ်ရှည်စွာ ညွှန်ကြားပေးခဲ့တယ်။ ဆရာကြီးပဲ ကျွန်တော့်ကို ဘဝရဲ့ အခြေခံမူဝါဒတွေကို အများကြီး သင်ကြားပေးခဲ့ပြီး အမှားနဲ့ အမှန်ကို ခွဲခြားတတ်အောင်ပါ သင်ကြားပေးခဲ့တယ်၊ ဒါပေမယ့် ဆရာကြီး… ဆရာကြီးကျတော့ရော ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။”
“လွန်ခဲ့တဲ့ သုံးနှစ်တုန်းကပေါ့….” ဆရာကြီးဖန်သည် နာကျင်ကိုက်ခဲနေသည့် သူ့နဖူးကို ဖိနှိပ်ကာ သက်ပြင်းချလိုက်သည်။ “ရွမ်ကျစ် ဟိုးလွန်ခဲ့တဲ့သုံးနှစ်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို မင်း မှတ်မိသေးရဲ့လား။ အဲဒီအချိန်တုန်းက ဝမ်ရော့ နေမကောင်းဖြစ်ခဲ့တယ်လေ။”
“ကျွန်တော် မှတ်မိပါတယ်” ရှန်းယောင်က အသာအယာ ခေါင်းညိတ်ပြသည်၊ “ဆရာကြီး၊ သခင်မဖန်မှာ ငယ်ငယ်လေးကတည်းက နှလုံးရောဂါရှိတယ်လို့ ဆရာကြီး တစ်ခါက ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက သခင်မဖန်က နေ့တိုင်းလိုလို ဖျားနာနေခဲ့တယ်။ ဆရာကြီး စာသင်နေတုန်း သခင်မဖန် နေမကောင်းတာနဲ့ စာသင်ချိန် တစ်ဝက်မှာတင် သမားတော်နဲ့ ရံဖန်ရံခါ သွားပြပေးရတယ်။”
“အဲဒီအချိန်တုန်း ဝမ်ရော့က အတော်လေး နာမကျန်းဖြစ်ခဲ့တယ်” ဆရာကြီးဖန်က သက်ပြင်းချသည်၊ “အဲဒီတုန်းက စွင်းဟယ်က ငါ့ကို လာရှာခဲ့တယ်… သူက ငါ့မိန်းမရဲ့ ရောဂါကို ကုသပေးနိုင်တဲ့ နာမည်ကြီးသမားတော် တစ်ယောက်ကို သူသိတယ်လို့ပြောတယ်။ ငါလည်း စမ်းကြည့်ဖို့ အတွေးဝင်ပြီး ငါ့မိန်းမကို အဲဒီဆေး သုံးကြည့်ဖို့ ပေးလိုက်တယ်။ အဲဒီဆေးကို အသုံးပြုပြီးတော့ ငါ့မိန်းမရဲ့ ရောဂါ အခြေအနေက တကယ့်ကို အများကြီး သက်သာလာခဲ့တယ်လေ။”
“နောက်တော့ စွင်းဟယ်က မင်းနဲ့ စာမေးပွဲစာရွက်တွေ လဲလှယ်ချင်တယ်လို့ပြောခဲ့တယ်။ အစတော့ ငါ ဒေါသတကြီးကို သူ တောင်းဆိုတာကို ငြင်းပယ်ခဲ့တယ်။ ဒါပေမယ့် သူ့တောင်းဆိုချက်ကို ငါ ငြင်းလိုက်တာနဲ့ သူက ငါ့မိန်းမအတွက် ဆေးကို မပေးတော့ဘူး။ ငါ့မှာ ရွေးချယ်စရာ မရှိတော့တာနဲ့ သူတောင်းဆိုတာကို လက်ခံပြီး မင်းရဲ့ စာမေးပွဲစာရွက်တွေနဲ့ ဖလှယ်ပေးခဲ့တယ်။”
“တော်ဝင်စာမေးပွဲမှာ စာဖြေဆိုမှုက တင်းကျပ်တယ်၊ စွင်းဟယ် တစ်ယောက်တည်းနဲ့ ဒီအဖြေလွှာ နှစ်ခုကို လဲလှယ်ဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူး။ ဒါပေမယ့်…”
“ဒါ့အပြင် အဲဒီစာမေးပွဲခန်းစောင့်က စွင်းဟယ်ရဲ့ ဦးလေး ယွင်ချွမ်းစီရင်စုရဲ့ တရားသူကြီး စွင်းရှန်းနန်ပဲ။ အဲ့တာကြောင့် အရာအားလုံးက ချောချောမွေ့မွေ့နဲ့ ပြီးသွားတယ်။”
နောက်တော့ စွင်းဟယ်သည် တော်ဝင်စာမေးပွဲ ထိပ်တန်းစာရင်းတွင် အောင်မြင်စွာ နာမည်ရခဲ့ပြီး နောက်သုံးနှစ်အကြာတွင် သူ့ဦးလေး၏ ရာထူးကို လွှဲပြောင်းရယူခဲ့ပြီး ယွင်ချွမ်းစီရင်စု၏ တရားသူကြီးအသစ် ဖြစ်လာခဲ့သည်။
“ရွမ်ကျစ် စွင်းမိသားစုက ငါတို့လိုလူမျိုုးတွေ စော်ကားလို့ရတဲ့အရာမျိုး မဟုတ်ဘူး” ဆရာကြီးဖန်က ခါးသီးစွာ ပြုံးပြီး သက်ပြင်းချသည်၊ “မင်း ငါ့စကားကို နားထောင်ပြီး အမြန်ဆုံး ပြန်သွားပါ။”
“ဆရာကြီးကရော…”
“လွန်ခဲ့တဲ့နှစ်ဝက်လောက်က ငါ့မိန်းမ ဖျားနာပြီး ဆုံးပါးသွားတဲ့နောက်ပိုင်း ငါ့စိတ်နှလုံးက အရမ်းပင်ပန်းနေပြီ။ ငါ လူတွေကို ဆယ်စုနှစ်တွေကြာအောင် ပညာသင်ကြားပေးပြီး ကိုယ့်ကိုယ်ကို နာမည်ကျော်ဆရာတစ်ယောက် အမည်တပ်ပေမယ့် ငါ့ကိုယ်ကျိုးစီးပွားအတွက် ဒီလို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ကို လုပ်ခဲ့တယ်။ မင်းဘဝကို ငါ ဖျက်ဆီးလိုက်တာပဲ” လေ့ရှန်းခရိုင်ရဲ့ တရားသူကြီးမင်း စွင်းဝေက စွင်းမိသားစုရဲ့ မိသားစုအခွဲပဲ။ သူက ရွှမ်းချောင်ကို သူ့ဒုတိယဇနီးအဖြစ် လက်ထပ်ချင်နေတယ်။ ဒါက စွင်းဟယ်ရဲ့ ညွှန်ကြားချက် ဖြစ်နိုင်တယ်။”
“ငါက ငါ့သမီးကို သူ့လို အသက်ငါးဆယ်လောက်ရှိတဲ့ လူအိုကြီးနဲ့ ဘယ်လိုလုပ်ပြီး လက်ထပ်ပေးနိုင်မှာလဲ” ဆရာကြီးဖန်က သူ့ကိုယ်သူ လှောင်ရယ်ရယ်လိုက်သည်၊ “ငါ ဒါကို လက်ခံလိုက်ရမှာထက် သေပဲ သေလိုက်မယ်။ လွန်ခဲ့တဲ့ လဝက်လောက်က ငါ မင်းဆီ ဒီစာကို ပို့လိုက်ရတဲ့ အကြောင်းရင်းက ငါ မသေခင် မင်းကို ဒီအကြောင်း အမှန်တိုင်း ပြောပြခဲ့ဖို့ပဲ။”
“မင်းရဲ့ အရည်အချင်းအရ မင်း စာကို ပြန်လေ့လာတာနဲ့ တော်ဝင်စာမေးပွဲမှာ ထိပ်တန်းအဆင့်ဝင်မှာ ကျိန်းသေတယ်။ ဒီဆရာက မင်း ကိုယ့်နေရာကိုယ်ပြန်ရယူပြီး မင်းကိုယ်တိုင် တရားမျှတမှုကို ရှာဖွေနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။”