← Chapters

လုံးဝ အတူတူပဲ

Vol. 10 Ch. 174

လုံးဝ အတူတူပဲ

Vol. 10 Ch. 174

ကျီကျောက်နှင့် ရှန်းယောင်တို့ တည်းခိုဆောင်သို့ ပြန်လာချိန်တွင် အချိန်ပင် အတော်လင့်နေခဲ့ပြီ။

ဆောင်းဦးညအစောပိုင်းတွင် လေပြေလေညင်းသည် အေးစက်သော အရိပ်အငွေ့ကို သယ်ဆောင်လာခဲ့သည်။

လရောင်က အုံ့ဆိုင်းနေပြီး သစ်ပင်များ၏ အရိပ်များက လွင့်မျောနေကာ ညသည် ပို၍ပင် တိတ်ဆိတ်နေပုံရသည်။

ကျီကျောက်သည် ပြတင်းပေါက်ရှေ့တွင် လက်နောက်ပစ်၍ ရပ်နေသော ရှန်းယောင်ကို ကြည့်ပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်၊ “ရှန်းယောင် ရှင် အဆင်ပြေလား။”

ကျီကျောက်၏ အသံကို ကြားတော့ ရှန်းယောင်တစ်ယောက် အသိစိတ် ပြန်ကပ်လာခဲ့သည်။

“အင်း၊ ကိုယ် အဆင်ပြေပါတယ်။”

“နှင်းမှိုသစ်တော်သီးစွပ်ပြုတ် ပြင်ပေးထားတယ်။ ပူတုန်းလေး သောက်လိုက်ပါလား” ကျီကျောက်သည် တစ်ဖက်က စားပွဲပေါ်တွင် တင်ထားသော ပန်းကန်လုံးကို ညွှန်ပြရင်း ပြုံးပြုံးလေးဖြင့် အကြံပေးသည်။

“အာ့ထောင် လူတစ်ယောက်က ဘဝကို ရှုပ်ထွေးတဲ့ ပုံစံမျိုးနဲ့ နေထိုင်နေရတာကို ပျော်ရွှင်မှု တစ်မျိုးလို့ မင်း ထင်လား” နှင်းမှိုသစ်တော်သီးစွပ်ပြုတ်ပန်းကန်လုံးကို သောက်ပြီးတာနဲ့ ရှန်းယောင်က ရုတ်တရက် သက်ပြင်းချပြီး တိုးတိုးလေး မေးသည်။

“ကျွန်မ အဲ့တာကို သဘောမတူဘူး” ကျီကျောက်က ခေါင်းခါသည်၊ “လူတိုင်းရဲ့ ဘဝတွေက မတူဘူး။ လူတိုင်းကို စာနာပေးနေလို့ မဖြစ်နိုင်ဘူးလေ။”

“ဒါ့အပြင် မကောင်းတဲ့လူတစ်ယောက်မှာရော တခြားစိုးရိမ်စရာတွေ ရှိ မရှိ ဆိုတာကို ကျွန်မတို့ ဘယ်လို သိမှာလဲ။”

“အာ့ထောင်ရဲ့ စကားတွေက အမြဲတမ်း လေးနက်တဲ့ အဓိပ္ပါယ်တွေ ပါရှိပြီး ဉာဏ်အလင်းပွင့်စေတယ်။”

“ရှန်းယောင် အခု ကျွန်မမှာ အကြံတစ်ခု ရှိတယ်။ ရှင် နားထောင်ချင်လား” ကျီကျောက်က သူမ၏ မျက်လုံးတွေကို မှေးကျဉ်းထားပြီး အပြုံးဖြင့် မေးလိုက်သည်။

“အင်း… မင်း အသေးစိတ်ကအစ ဂရုစိုက်ပေးနေတာပဲ။”

“ခဏနေဦး” ကျီကျောက်က ပြုံးပြီး အခန်းအပြင်သို့ အလျင်စလို ထွက်သွားခဲ့သည်။ ဆယ့်ငါးမိနစ်လောက်ကြာတော့ သူမသည် ရေနွေးတစ်ဇလုံ ယူပြီး ပြန်လာခဲ့သည်။ သူမသည် လက်ကိုင်ပဝါကို ရေနွေးထဲနှစ် ရေညှစ်ပြီးတော့ ရှန်းယောင်ကို ကမ်းပေးလိုက်သည်၊ “ရှင့်မျက်နှာကို အရင်သုတ်လိုက်ဦး။”

ရှန်းယောင်သည် နာခံရှိစွာ သူမ ပြောသမျှကို လိုက်လုပ်ခဲ့သော်လည်း သူ့စိတ်ထဲမှာ သံသယများ ပြည့်နှက်နေသေးသည်။

“အခု ဒီမှာ ရှင် လိမ်လိမ်မာမာနဲ့ ထိုင်လိုက်ပါ” ကျီကျောက်သည် အနီးနားက ကုလားထိုင်တစ်လုံးကို ညွှန်ပြလိုက်သည်၊ “ပြီးရင် ရှင့်ဖိနပ်နဲ့ ခြေအိတ်တွေကို ချွတ်ပြီး ရှင့်ခြေထောက်ကို သက်တောင့်သက်သာ ရေစိမ်ထားလိုက်ပါ။”

ရှန်းယောင်သည် မျက်နှာသစ်၊ ခြေထောက်ရေစိမ်ပြီးနောက် ကျီကျောက်က သူ့ကို ကုတင်ပေါ် လှဲအိပ်စေပြန်သည်။

ကျီကျောက်က သူ့မျက်နှာကို ပုတ်ပြီး ပြုံးရယ်ကာ ပြောလိုက်သည်၊ “အခု ရှင့်စိတ်ကို အနားပေးပြီး ရှင့်မျက်လုံးကိုမှိတ်လို့ ကောင်းကောင်းကြီး အိပ်စက်အနားယူလိုက်ပါ။ ရှင် မနက်ဖြန်မနက်ကျရင် သေချာပေါက် လန်းဆန်းနေလိမ့်မယ်။”

ရှန်းယောင်သည် သူမ၏ အကြံပြုချက်က ဒီလိုဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

တခဏတာမျှ သူ ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ။ ရှင် ကျွန်မကို မယုံဘူးလား” ကျီကျောက်က မျက်ခုံးပင့်လိုက်သည်၊ “အိပ်တာက ရှင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ရှင် တစ်ယောက်တည်း အိပ်ရတာ ပျင်းတယ်ဆိုရင် ကျွန်မပါ ရှင်နဲ့ အတူအိပ်ပေးရမလား။”

ရှန်းယောင်က နာခံမှုရှိစွာ ဘေးတစ်ဖက်သို့ တိုးပေးပြီး သူမအတွက် နေရာလွတ် ချန်ထားပေးခဲ့သည်။

ဖူး…

ကျီကျောက်က ရယ်မောလိုက်ပြီး သူ့နှာထိပ်ဖျားကို ဒေါသတကြီး ဆွဲဖျစ်လိုက်သည်၊ “ရှင် အရမ်းကြီး အတွေးမများနေနဲ့။ မြန်မြန်လေး မျက်လုံးမှိတ်ပြီး အိပ်လိုက်ပါ။”

“မင်းကရော…”

“ဒါပေါ့၊ ကျွန်မလည်း… ရှင်နဲ့ အတူ လိုက်အိပ်ပေးပါ့မယ်။”

ကျီကျောက် ထိုသို့ပြောပြီးသည်နှင့် စားပွဲထိုးက အခန်းတံခါးလာခေါက်ပြီး အသစ်စက်စက် စောင်တစ်ထည် လာပေးခဲ့သည်။

ကျီကျောက်သည် ချက်ချင်းဆိုသလို အိပ်ယာခင်းပြီး စောင်ပုံထဲ တိုးဝင်သွားခဲ့သည်။ သူမ အိပ်ရာမဝင်ခင်မှာ ရှန်းယောင်ကို ကောင်းသောညပါဟု ပြောဖို့ကိုလည်း မမေ့ခဲ့ပါ။

ခဏလေးအတွင်း ကျီကျောက်ထံမှ ဟောက်သံဖျော့ဖျော့ ထွက်ပေါ်လာခဲ့သည်။

သူမ၏ ဟောက်သံနှင့်အတူ ရှန်းယောင်သည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့သည်။ ခဏလေးအတွင်း အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့မနက်။

ရှန်းယောင် မျက်လုံးဖွင့်တော့ ကျီကျောက်သည် အိပ်ပျော်နေတုန်းပဲ။

ရှန်းယောင်သည် သူမ၏ ခါးပေါ်ကနေ ဂရုတစိုက် ခွကျော်ပြီး ကုတင်အောက်သို့ဆင်းကာ သူ့ဖိနပ်နှင့် ခြေအိတ်များကို ဝတ်ဆင်ကာ အခန်းထဲမှ ထွက်သွားခဲ့သည်။

နောက်ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျီကျောက်လည်း အိပ်ရာနိုးလာခဲ့သည်။

သူမ အိပ်ရာနိုးနိုးချင်းမှာပင် လေထုထဲမှာ သွားရည်ယိုစေမယ့် မွှေးရနံ့လေးကို ရရှိခဲ့သည်။

“မွှေးလိုက်တာ။”

“ပင်လုံးကြိုင်ဝိုင်နဲ့ ပေါင်းထားတဲ့ ဆန်မုန့်လုံးလေးတွေလေ” စာအုပ်ဖတ်နေတဲ့ ရှန်းယောင်က သူမ၏ ဝေ‌ဝေဝါးဝါး ရေရွတ်သံကိုကြားတော့ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ကို တပ်ဆင်ပြီး သူမအနားကို အမြန်လျှောက်လာခဲ့သည်၊ “ကိုယ် အခုလေးတင် သွားထားတာ။ တကယ်လို့ မင်း အခုစားမယ်ဆို အတော်ပဲ။”

“ကောင်းပြီ” ကျီကျောက်က ချက်ချင်းဆိုသလို စောင်ပုံထဲကနေ ထွက်လာပြီး မြန်မြန်ဆန်ဆန် သန့်ရှင်းရေးပြုလုပ်လိုက်သည်။ ထို့နောက် သူမသည် စားပွဲဝိုင်းတွင် ဝင်ခိုင်ပြီး အရသာရှိသည့် ဆန်မုန့်လုံးလေးတွေကို အားပါးတရ စားသောက်ခဲ့သည်။

ချိုပြီး စေးသော ဆန်မုန့်လုံးလေးများသည် ပင်လုံးကြိုင်ပန်းရနံ့လေးနှင့် ဆန်ဝိုင်၏ ချိုမြိန်မှုကို ရောနှောထားကာ အလွန်အမင်း အရသာရှိလှသည်။

“အရသာရှိလိုက်တာ” ကျီကျောက်သည် ပန်းကန်လုံးနှင့် ဇွန်းကို စားပွဲပေါ်ချပြီး စိတ်ကျေနပ်စွာ ထုတ်ဖော်ပြောဆိုခဲ့သည်။

ရှန်းယောင်က ခပ်ဖွဖွလေး ပြုံးလိုက်သည်။ သူမ ဒါကို သေချာပေါက် ကြိုက်မယ်မှန်း သူသိပေသည်။

“ရှင် အိတ်တွေကို ထုပ်ပိုးပြီးပြီလား” ကျီကျောက်သည် စားပွဲဝိုင်းပေါ်တွင် တင်ထားသော အညိုရင့်ရောင်အိတ်ကို မြင်တော့ တိုးတိုးလေး မေးလိုက်သည်၊ “ကျွန်မတို့ ပြန်တော့မှာလား။”

“အင်း” ရှန်းယောင်က ခေါင်းညိတ်ပြသည်၊ “ကိုယ်လည်း ဆရာကိစ္စကို မကူညီနိုင်ဘူး။ ဒီမှာ ဆက်နေစရာ ကိစ္စလည်း မရှိတော့ဘူးဆိုတော့ ကိုယ်တို့ အိမ်ကို စောစောပြန်တာပဲ ပိုကောင်းလိမ့်မယ်။”

“ရှင် ဘယ်လိုပဲတွေးတွေး ကျွန်မ ရှင့်ဆုံးဖြတ်ချက်တွေ အကုန်လုံးကို ထောက်ခံပေးပြီး လေးစားပေးမှာပါ” ကျီကျောက်က သူ့မျက်ဝန်းတွေကို ကြည့်ပြီး အလေးအနက် ကတိပေးခဲ့သည်။

“အာ့ထောင် ကျေးဇူးပါ” ရှန်းယောင်က ကျေးဇူးတင်စွာ ပြုံးပြီး သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ နူးညံ့သော အကြည့်ထဲတွင် အချစ်စိတ်များ ပြည့်နှက်နေသည်။

နှစ်ယောက်သား ထုပ်ပိုးသိမ်းဆည်းပြီးတာနဲ့ တည်းခိုဆောင်ထဲမှ ထွက်လာခဲ့ကြသည်။

ရှန်းယောင်သည် သူ့ဘေးနားရှိ ကျီကျောက်ကို ကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။ “အာ့ထောင် ကိုယ် မင်းကို အမျိုးသားဝတ်တွေနဲ့ ဒီလောက် ခန့်ညားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။”

ကျီကျောက်၏ အသွင်အပြင်သည် အတော်လေးကို ပိန်ပါးသည်။ သူမသည် အမျိုးသားဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ အနက်ရောင်ဆံပင်တွေကို ရိုးရှင်းစွာ ထုံးဖွဲ့ထားသောကြောင့် သူမအား အတော်လေးကို ပြေပြစ်စေသည်။

“ဘယ်လိုတောင် ချိုမြိန်တဲ့ ပါးစပ်လေးလဲ” ကျီကျောက်က တခစ်ခစ်ရယ်လိုက်သည်။ “ကျွန်မ ရှင့်ကို သစ်အယ်သီး တစ်လုံး ဆုချမယ်။”

လင်မယားနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးရယ်နေကြသည်။

ထို့နောက် သူတို့နှစ်ဦးသား မြို့တံခါးဆီ အတူတကွ လျှောက်လာခဲ့ကြသည်။ သို့ရာတွင် သူတို့နှစ်ဦးသား လမ်းမကြီးပေါ်တွင်ရှိနေစဉ် ဆရာကြီးဖန်က ကြိုးဆွဲချပြီး သတ်သေသွားသည့် သတင်းကို ရုတ်တရက် ကြားလိုက်ရသည်။

ရှန်းယောင်သည် အဆိုပါသတင်းဆိုးကို ကြားသောအခါ သူ့ခြေလှမ်းတွေ ချက်ချင်းဆိုသလို ရပ်တန့်သွားပြီး သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

“ဘယ်လိုဖြစ်ရတာလဲ။”

ဘယ်လိုပဲပြောပြော ဆရာကြီးဖန်သည် သူ့အပေါ် ကောင်းခဲ့ဖူးသည့် ဆရာတစ်ယောက် ဖြစ်နေတုန်းပါပဲ။

...

လေ့ရှန်းခရိုင်တရားသူကြီးမင်းက ဒီလို ကိစ္စရပ်မျိုးကို ဘယ်လိုလုပ်ပြီး ရဲဝံ့စွာ ပြုလုပ်ရဲတာလဲ။

ဟင့်အင်း၊ ဒီလူသတ်မှုကို အမှန်တကယ် ကျူးလွန်ခဲ့တဲ့သူက ဒီခရိုင်တရားသူကြီး မဟုတ်နေမှာကို စိုးရွံ့မိပါသည်။

“အာ့ထောင် ကိုယ် ဖန်မိသားစုအိမ်ကို သွားချင်တယ်” ရှန်းယောင်က ကျီကျောက်ကို အသနားခံလိုမှုများ ပြည့်နှက်နေသည့် အကြည့်တွေဖြင့် ကြည့်လိုက်သည်။ “ကိုယ် ဆရာ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးချင်တယ်။”

“ကောင်းပြီ၊ ကျွန်မပါ ရှင်နဲ့အတူလိုက်ခဲ့ပေးမယ်။”

ခရိုင်အစိုးရရုံးက သတင်းထုတ်ပြန်တဲ့အခါမှာ ဆရာကြီးဖန်သည် ခရိုင်တရားသူကြီးတို့မိသားစု၏ အမွေခံပစ္စည်းကို ခိုးယူခဲ့ပြီး အပြစ်ရှိစိတ်ကြောင့် ထောင်ထဲတွင် မိမိကိုယ်ကို သတ်သေခဲ့သည်ဟုဆိုသည်။

သို့ရာတွင် အမှန်တရားက ဘာလဲဆိုတာကို မသိရသေးပါဘူး။

မွန်းတည့်ခါနီးတွင် ဆရာကြီးဖန်၏ ရုပ်အလောင်းကို ဖန်မိသားစုအိမ်သို့ ပြန်ပို့ပေးခဲ့သည်။

တကယ်တော့ ဖန်မိသားစုအိမ်သည် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးနေခဲ့ပြီးဖြစ်သည်။ ကြင်နာတတ်တဲ့ အိမ်နီးနားချင်းတွေရဲ့ ကူညီမှုဖြင့် အပျက်အစီးတွေရဲ့ ဘေးမှာ ဝမ်းနည်းခြင်းခန်းမအဖြစ် ရိုးရှင်းတဲ့ တဲလေးတစ်ခု ဆောက်လုပ်ပေးခဲ့ကြသည်။

ဆရာကြီးဖန်၏ ဇနီးသည် ဆုံးပါးသွားခဲ့သည်မှာ နှစ်ဝက်မျှသာ ရှိသေးသည်။ အခု မိသားစုထဲတွင် အရွယ်ရောက်ပြီး သမီးဖြစ်သူ ဖန်ရွှမ်းချောင်သာ ကျန်ရှိတော့သည်။

ပိန်ပါးပြီး အရပ်ပုသော ဖန်ရွှမ်းချောင်သည် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝမ်းနည်းခြင်းခန်းမရှေ့တွင် ဒူးထောက်ကာ ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးနေခဲ့သည်။

ကျီကျောက် ရှန်းယောင်နှင့်အတူ ရောက်ရှိလာသောအခါတွင် ဝမ်းနည်းကြောင်း ဖော်ပြရန် လာရောက်သူ အနည်းငယ်သာ ရှိခဲ့သည်။

...

အဆုံး၌ ခရိုင်အစိုးရ၏ ထုတ်ပြန်ချက်အရ ဆရာကြီးဖန်၏ သေဆုံးမှုက အရှက်ရှစရာပါပဲ။

ရှန်းယောင်သည် သူ့ရှေ့က မြင်ကွင်းကို ဝမ်းနည်းစွာဖြင့် ကြည့်ရင်း အတိတ်မှ ပုံရိပ်များက သူ့စိတ်ထဲတွင် ထင်ဟပ်လာခဲ့သည်။

ဆရာကြီးဖန်၏ စိတ်ရှည်စွာ သင်ကြားပေးနေသည့် ပုံရိပ်တွေ၊ သူ့ကို ချီးကျူးပြီး ရယ်မောနေပုံတွေ၊ သူ့ကို အမှားအမှန်ခွဲခြားသိမြင်တတ်အောင် အလေးအနက် သင်ကြားပြသပေးနေသည့် အသံတွေနှင့် အပြုံးတွေ သူ့နားထဲမှာ ပဲ့တင်ထပ်နေပုံရသည်။

“ဆရာ ကျေးဇူးပြုပြီး ဒီရွမ်ကျစ်ရဲ့ အရိုအသေပေးမှုကို လက်ခံပေးပါ။”

ရှန်းယောင်သည် သူ့ဝတ်စုံကို ပင့်မလို့ ဝမ်းနည်းခြင်းခန်းမရှေ့တွင် ဒူးထောက်ကန်တော့ကာ လေးနက်စွာ ကတိပေးခဲ့သည်၊ “နောင်တစ်ချိန်မှာ ဒီရွမ်ကျစ်က ဆရာ့ရဲ့ ဒီနာမည်ဆိုးကို ပယ်ဖျက်ပေးပါမယ်လို့ ကတိပြုပါတယ်။”

မူလက ကြည်လင်နေသော မိုးကောင်းကင်ကြီးသည် ရုတ်တရက် တိမ်များအုံ့မှိုင်းလာပြီး မိုးသည်းထန်စွာ ရွာချလာခဲ့သည်။

ကျီကျောက်သည် ဆီစိမ်စက္ကူထီးကို အမြန်ဖွင့်ပြီး ရှန်းယောင်၏ နံဘေးနား ရပ်လိုက်သည်။

“အာ့ထောင် ကိုယ် ကိုယ့်ဆရာကို အဖော်ပြုပေးချင်တယ်။”

“ကောင်းပြီ။”

ဒါပေမယ့် နာရီဝက်အတွင်းမှာပဲ အစိုးရ အရာရှိတစ်စုက အလျင်စလို ရောက်ချလာခဲ့သည်။

ထိုလူအုပ်သည် စကားတစ်ခွန်းမှမပြောဘဲ ဝမ်းနည်းခြင်းခန်းမကို ဖြိုချခဲ့သည်။

ကျီကျောက်၏ အကြည့်တွေက အဖွဲ့ခေါင်းဆောင်ထံ ရောက်သွားခဲ့ပြီး သူမ၏ မျက်လုံးတွေ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။

ထိုလူသည် မနေ့ညက မြင်မက်ခဲ့သည့် အိပ်မက်ထဲတွင် ရှန်းယောင်ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့သောသူနှင့် အတူတူပါပဲ။

All Chapters