← Chapters

ပီးယန်းဟူပုလင်း

Vol. 10 Ch. 178

ပီးယန်းဟူပုလင်း

Vol. 10 Ch. 178

“သူ့မျက်ခုံးလေးတွေကို ကြည့်ပါဦး၊ နင့်ဒုတိယအစ်ကိုနဲ့ တော်တော်တူတာပဲ” ကျောက်လန်ဟွာက သူမ၏ ဝတုတ်တုတ် မြေးလေးကို ပွေ့ဖက်ပြီး ပြုံးရယ်နေခဲ့သည်၊ “သူ့နားရွက်လေးကျ နင့်ဒုတိယမရီးနဲ့တူတယ်။ သူက အရမ်းကံကောင်းတယ်။”

“အမေ ဒုတိယအစ်ကို အိမ်မပြန်လာသေးဘူးလား။”

“ငါ မနေ့က စာရထားတယ်။ သူ အခု အိမ်ပြန်လာတဲ့လမ်းမှာရှိလိမ့်မယ်” ကျောက်လန်ဟွာက အိမ်အပြင်ဘက် ကောင်းကင်ကို မော့ကြည့်ပြီး ပြောသည်၊ “ညဖက် ခရီးသွားရတာ ခက်တယ်။ သူပြန်လာဖို့ မနက်ဖြန်မနက်အထိ စောင့်ရဦးမယ်ထင်တယ်။”

“အမေ” ကျောက်လန်ဟွာ ပြောပြောပြီးချင်ပင် ရှန်းအာ့လန်က အိမ်ထဲသို့ အပြေးတစ်ပိုင်း ဝင်လာခဲ့သည်၊ “ကျွန်တော့်မိန်းမ မွေးသွားပြီလား။”

“အင်း၊ သူ လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်ကပဲ မွေးတယ်။ သူက နင့်အတွက် ဖက်တီးကလေးတစ်ယောက် မွေးဖွားပေးခဲ့တယ်” ကျောက်လန်ဟွာက သူ့ကို ရွှင်မြူးပျော်ရွှင်စွာ ကြိုဆိုခဲ့သည်။

“တကယ်လား၊ ကျွန်တော့်ကို တစ်ချက်ပြပါဦး” ဒုတိယအစ်ကိုရှန်းက စိတ်လှုပ်ရှားစွာ ပြုံးရယ်ပြီး အခန်းထဲသို့ အပြေးဝင်သွားခဲ့သည်။ ဒါပေမယ့် သူ့လက်တွေက ကလေးကို မထိမီ သူ့အမေက သူ့ကို ပြင်းထန်စွာ ရိုက်ပုတ်လိုက်သည်။

အား…။

ဒုတိယအစ်ကိုရှန်းသည် နာကျင်စွာ သက်ပြင်းရှိုက်ပြီး စိတ်ရှုပ်ထွေးစွာ ခေါင်းမော့ကြည့်လိုက်သည်၊ “အမေ ဘာဖြစ်လို့ ရိုက်တာလဲ။”

“နှလုံးသားမရှိတဲ့သူ၊ မင်းမိန်းမကို အရင်ကြည့်သင့်တာ မသိဘူးလား။ နင့်မိန်းမက နင့်အတွက် ဝတုတ်တုတ် ကလေးတစ်ယောက် မွေးဖွားပေးဖို့အတွက် ၂ နာရီလုံးလုံး ဝေဒနာ ခံစားခဲ့ရတယ်” ကျောက်လန်ဟွာက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “နင် ဘာကို စောင့်နေတာလဲ။ နင့်မိန်းမကို မြန်မြန် သွားမတွေ့သေးဘူးလား။”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျွန်တော် အခုချက်ချင်း သွားလိုက်ပါ့မယ်။”

ဒီမြင်ကွင်းကို မြင်လိုက်ရသည့် ကျီကျောက်သည် တိတ်တိတ်လေး ခိုးရယ်မိသည်။

သူမ၏ ယောက္ခမသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ယောက္ခမ ဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျီကျောက်သည် ရေမိုးချိုးပြီး အမွှေးတိုင်မီးပူဇော်သည်။

သူမသည် မြေကမ္ဘာဘုရားရုပ်တုရှေ့တွင် ရိုသေလေးမြတ်စွာ ဒူးထောက်ကာ ရှိခိုးကန်တော့ခဲ့သည်၊ “မြေကမ္ဘာဘုရား၊ တပည့်တော်မ ကျီကျောက် အရှင်ဘုရားကို မေးစရာ တစ်ခု ရှိပါတယ်ဘုရား။ တပည့်တော်မ နတ်ဆေးသမားတော် ရှန်းဟယ်ကို အမြန်ဆုံး ရှာတွေ့ချင်ပါတယ်။ အရှင်ဘုရားက တပည့်တော်မကို လျှို့ဝှက်စွာ ကာကွယ်ပေးမယ်လို့ ယုံကြည်ပါတယ်။ တပည်တော်မရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင် အရှင်ဘုရားကို သက်ထက်ဆုံး အလုပ်အကျွေးပြုသွားပါ့မယ်ဘုရား။”

ရှန်းယောင်သည် အိမ်ထဲသို့ ဝင်ခါနီးတွင် ကျီကျောက်၏ ဆုတောင်းသံကို ကြားလိုက်ရသည်။

ရှန်းယောင်သည် တိတ်တဆိတ် မျက်ခုံးပင့်ပြီး သူ့မျက်ဝန်းထဲရှိ ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ မျက်လွှာချထားလိုက်သည်။

“အာ့ထောင်”

“ရှန်းယောင်လား” ကျီကျောက်က အသံကြားတော့ အမြန်လှည့်ပြီး သူ့ဆီ လျှောက်သွားခဲ့သည်၊ “ရှင် ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။”

“ဒုတိယအစ်ကိုတို့လင်မယားက ကိုယ့်ကို ကလေးနာမည် ပေးစေချင်တယ်။ ကိုယ့်ကို အကြံမရှိသေးလို့ ဒီအကြောင်းကို မင်းနဲ့ ဆွေးနွေးချင်တယ်” ရှန်းယောင်က ပြုံးပြီး သူ့ရည်ရွယ်ချက်ကို တိုးတိုးလေး ရှင်းပြသည်။

ကျီကျောက်က ဒါကို သေသေချာချာ တွေးကြည့်လိုက်သည်။ မူရင်းဝတ္ထုတွင် ဒုတိယမရီးရှန်းသည် ဖက်တီးကောင်လေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားခဲ့ပြီး အဲ့ကလေးကို ရှန်းယောင်က အမည်ပေးခဲ့ကြောင်း သူမ မှတ်မိသည်။ သူမ မှတ်မိတာ မှန်ရင်…

“’ထောင်’ ဆိုတဲ့ စကားလုံးက ဘယ်လိုလဲ။”

မထင်မှတ်ထားစွာပင် သူတို့နှစ်ယောက်လုံး ဒါကို တပြိုင်နက်တည်း ပြောခဲ့မိတာပါပဲ။

“အင်အားကို ဖုံးကွယ်ပြီး အခွင့်ကောင်းကို စောင့်ဆိုင်းမယ်။ အင်အားကို ဖုံးကွယ်တယ်ဆိုတာက အစွယ်ဝှက်၊ နှိမ့်ချနေထိုင်ပြီး အခွင့်ကောင်းကို စောင့်ဆိုင်းတာပဲ။ စာပေနဲ့ စစ်ရေးမှာပါ ကျွမ်းကျင်လိမ္မာစေလိမ့်မယ်။ ‘ထောင်’ ဆိုတဲ့ စကားလုံးက အထူးကဲဆုံးပဲ” ရှန်းယောင်က ပြုံးပြီး ပိုင်းခြားစိတ်ဖြာပြသည်၊ “အာ့ထောင်၊ ကိုယ်တို့နှစ်ယောက်စလုံး ဖွင့်ဟမပြောဘဲ နားလည်မှုအားကောင်းနေလိမ့်မယ်လို့ မထင်ထားမိဘူး။”

“ဒါက ကျွန်မတို့ ဒီဘဝမှာ အမြဲအတူရှိဖို့ ရည်မှန်းထားတယ်လို့ ပြသနေတာပဲလေ” ကျီကျောက်က ရုတ်တရက် ရှေသို့ ခြေတစ်လှမ်းတိုးကာ သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးလေးတွေက ဆန်းသစ်စ လခြမ်းလေးလို ကွေးညွှတ်နေပြီး သိမ်မွေ့ပြီး ချစ်စရာကောင်းနေသည်။

“အင်း” ရှန်းယောင်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ နှာထိပ်ဖျားလေးကို ချစ်မြတ်နိုးစွာ ပုတ်လိုက်သည်။

ရှန်းယောင်၏ ရှင်းပြချက်အပြီးတွင် ဒုတိယအစ်ကိုတို့လင်မယားက ဒီနာမည်က အရမ်းကောင်းတယ်လို့ သဘာဝကျကျ ခံစားလိုက်ရသည်။

ရှန်းမိသားစုအိမ်ခြံဝင်းသည် မိသားစုဝင်အသစ် ရှန်းထောင်ကို ကြိုဆိုခဲ့သည်။

ကျောက်လန်ဟွာကလည်း သူမ၏ အဖိုးတန်မြေးကြီးကို ကျွမ်းကျွမ်းဟု နာမည်ပြောင်ပေးခဲ့ပါသည်။

“ဒီကလေးကို ကြည့်ပါဦး။ သူ့လက်တွေ ခြေထောက်တွေက အရမ်းသန်မာတယ်။ သူ့နာမည်နဲ့ တကယ်ထိုက်တန်တယ်” ကျောက်လန်ဟွာက ကျွမ်းကျွမ်းကို ပွေ့ဖက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

သိပ်မကြာခင်မှာပဲ ရှန်းမိသားစုဝင်များသည် ကျွမ်းကျွမ်း၏ တတိယမြောက်နေ့မှာ ရေချိုးမင်္ဂလာအခမ်းအနားကို ကြိုဆိုဖို့ ပြင်ဆင်ခဲ့ကြသည်။

ကျီကျောက်ကို အံ့အားသင့်ဆုံးအရာမှာ ဒုတိယမရီးရှန်းက ရှောင်ကျွမ်းအား ရေချိုးပေးရန် သူမကို တကယ် အကြံပြုခဲ့သည်။ ကျီကျောက်သည် ဒါကို လုံးဝ မထင်ထားမိခဲ့ပေ။ “ညီမလား။ ဒုတိယမရီး အမှားလုပ်မိတာလား။”

“အမှားလုပ်မိတာ မဟုတ်ဘူး” ဒုတိယမရီးရှန်းက ကြက်သားစွပ်ပြုတ် ပန်းကန်ကြီးတစ်လုံးကို ကုန်အောင် စားသောက်ပြီးနောက် အပြုံးဖြင့် ပြောလာခဲ့သည်၊ “အာ့ထောင် ငါ့ပတ်ဝန်းကျင်မှာ နင်က ကံအကောင်းဆုံးပဲလို့ထင်တယ်။ ဒါကြောင့် နင်က ကျွမ်းကျွမ်းကို ရေချိုးပေးဖို့ အသင့်တော်ဆုံးသူပဲ။”

“ဒါ့အပြင် ငါ ကျွမ်းကျွမ်းကိုမွေးချိန်မှာ နင်က ငါ့ကို ဖေးမပြီး ပုံပြင်တွေလည်း ပြောပြပေးသေးတယ်၊ နင့်ကြောင့်သာ မဟုတ်ရင် ငါ ကျွမ်းကျွမ်းကို ဒီလောက် ရှောရှောရှုရှု မွေးဖွားနိုင်မှာ မဟုတ်ဘူး” ဒုတိယမရီးရှန်းက လေးနက်စွာ ပြောသည်။

“ဒါပေမယ့် ဒုတိယမရီး၊ ညီမ… ညီမက မင်္ဂလာရှိတဲ့လူ မဟုတ်ဘူး။ ညီမမိဘတွေရဲ့ ဇာစ်မြစ်ကို မသိဘူး။ ညီမ…”

“ဒါပေမယ့် အခု နင့်မှာ ငါတို့ ရှိနေပြီလေ” ဒုတိယမရီးရှန်းက သူမလက်ကို မထူးခြားသလို ဝှေ့ယမ်းလိုက်သည်၊ “အဲဒီအသေးစိတ်အချက်အလက်တွေကို စိတ်မပူစမ်းပါနဲ့။ အာ့ထောင် ဒါက အရေးမပါဘူး။”

ကျီကျောက် သူမ အခန်းထဲ ပြန်ရောက်သည့်အချိန်ထိ အနည်းငယ် မှင်သက်နေမိသော်လည်း သူမ ပိုပျော်သွားခဲ့သည်။

အမှန်တော့ သူမသည် ဒီဝတ္ထုထဲသို့ ပထမဆုံး ရောက်ရှိလာသောအခါ၊ မူလပိုင်ရှင်သည် ရှန်းမိသားစု မရီးနှစ်ယောက်လုံးကို လုံးဝ စော်ကားထားပြီးပြီဖြစ်သည်။ ကံကောင်းထောက်မစွာ သူမသည် ဒီရေကို ပြောင်းလဲပြီး သူတို့၏ ခွင့်လွှတ်မှုကို ရရှိရန် သူမ၏ ရိုးသားမှုကို အသုံးပြုခဲ့သည်။

ယခုဆိုလျှင် ရှန်းမိသားစု မရီးနှစ်ယောက်လုံးက သူမကို မိသားစုဝင်အဖြစ် လုံးလုံးလျားလျား မှတ်ယူထားကြပြီဖြစ်သည်။

ကျွမ်းကျွမ်းရဲ့ သုံးရက်မြောက်နေ့မှာ ရေချိုးမင်္ဂလာအခမ်းအနားကို ကျင်းပဖို့အတွက် ကျီကျောက်သည် ရှန်းယောင်နဲ့အတူ ခရိုင်မြို့ပေါ်တက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေ သွားရောက်ဝယ်ယူခဲ့သည်။

“ရှန်းယောင် ကျွန်မတို့ လှည်းတစ်စီးလောက် မဝယ်သင့်ဘူးလား” ကျီကျောက်တို့တွေ အပြေးအလွှား မြို့ထဲကိုရောက်တော့ ညသန်းခေါင်ယံသို့ပင် ရောက်ရှိနေပြီ။ နောက်ဆုံးတော့ နွားလှည်းရဲ့ အရှိန်က အရမ်းနှေးသည်။

“မြင်းလှည်းတစ်စီး ဝယ်ဖို့က ငွေအများကြီးလိုတယ်” ရှန်းယောင်က အမှန်တရားကို ရှင်းရှင်းလင်းလင်း ထောက်ပြခဲ့သည်၊ “ဒါ့အပြင် ကိုယ်တို့ မြေကမ္ဘာဘုရားကျောင်းကို ပြန်တည်ဆောက်ဖို့ ငွေလျန်း ၂၀၀ လှူဒါန်းခဲ့တယ်။ အခု ကိုယ်တို့လက်ထဲမှာ သိပ်မကျန်တော့မှာကိုတောင် စိုးရွံ့မိတယ်။”

“ရှန်းယောင် ကျွန်မနဲ့အတူ တစ်နေရာကို လိုက်ခဲ့ပေး” ကျီကျောက်သည် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။ ထို့နောက် သူမသည် ရှန်းယောင်ကို တင်းယွမ်ခရိုင်ရှိ ချင်းဟယ်လမ်းရှိ အပေါင်ဆိုင်သို့ ခေါ်သွားခဲ့သည်။

“မင်း တစ်ခုခု ပေါင်နှံချင်လို့လား” ‘အပေါင်ဆိုင်’ ဆိုင်းဘုတ်ကို မြင်လိုက်ရတော့ ရှန်းယောင်သည် အလွန်အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးသွားသည်။

“ကျွန်မ ပစ္စည်းပေါင်ချင်လို့ မဟုတ်ပါဘူး။ ကျွန်မ ပစ္စည်းဝယ်မလို့ပါ” ကျီကျောက်က သူ့ကို မျက်လုံးမှိတ်ပြလိုက်သည်။ ကျီကျောက်၏ ချစ်စဖွယ်ကောင်းသော အပြုံးသည် ရှန်းယောင်၏ ရင်ကို လှုပ်ခတ်သွားစေခဲ့သည်။

အပေါင်ဆိုင်ထဲသို့ လမ်းလျှောက်ဝင်သွားပြီးနောက် ကျီကျောက်သည် ငွေလျန်းတစ်ရာကို တိုက်ရိုက်ပြသပြီး “ဆိုင်ရှင် ရှင့်ဆီမှာ အခုလတ်တလော ပစ္စည်းကောင်းတွေ ရထားတာ ရှိလား။ ကျွန်မတို့ကြည့်ဖို့ တစ်ချက်လောက် ထုတ်ပြပေးပါဦး” ဟု ရက်ရောသည့်ဟန်ဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့” ငွေစက္ကူကိုမြင်လိုက်ရသည်နှင့် ဆိုင်ရှင်၏ မျက်လုံးတွေက ချက်ချင်းဆိုသလို လင်းလက်တောက်ပသွားသည်၊ “ဘယ်အမျိုးအစားကို အရင်ကြည့်ချင်ပါလဲ။”

“ပီးယန်းဟူပုလင်း” ကျီကျောက်က လိုရင်းကို တန်းပြောသည်။

“ပီးယန်းဟူပုလင်းလား” အပေါင်ဆိုင်ပိုင်ရှင်က အတော်လေး အံ့အားသင့်သွားခဲ့သည်၊ “ဖောက်သည် မင်း ပီးယန်းဟူပုလင်းကို ကြည့်ချင်တာလား။ ကျွန်တော် မနေ့ကတင် ပီးယန်းဟူ တစ်ပုလင်း ရထားတယ်။ ဒါက အတော်လေး တိုက်ဆိုင်တာပဲ။ မနေ့က ရခဲ့တဲ့ ကြွေရည်သုတ် ပီးယန်းဟူပုလင်းက အတော်လေး လက်ရာမြောက်စွာ ခြယ်မှုန်းထားရုံမကဘဲ အဲဒီပုလင်းက အတော်လေး သေးပြီး အရမ်းကြည့်ကောင်းတယ်။”

“ဆိုင်ရှင် အဓိပ္ပါယ်မရှိ စကားများနေတာကို ရပ်ပြီး အဲဒီပစ္စည်းကို ကျွန်မတို့ကြည့်ရအောင် တစ်ချက်ယူလာပြကြည့်ပါလား” ကျီကျောက် ဝမ်းသာအားရ ပြောလိုက်သည်၊ “ဆိုင်ရှင် ရှင် ပစ္စည်းကို မြန်မြန် ထုတ်ယူပြသင့်တယ်။”

“ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါဦး။”

လက်ဖက်ရည် တစ်ခါသောက်စာလောက် စောင့်ဆိုင်းပြီးနောက် ကျီကျောက်သည် ပီးယန်ဟူပုလင်းကို မြင်တွေ့လိုက်ရသည်။

အစွန်းများကို ရွှေဆေးအနားသပ်ကွပ်ထားပြီး ဘောင်အတွင်းတွင် ခါးတိုရင်ပြတ်အင်္ကျီ၊ ဘောင်းဘီစကတ်ရှည်ဝတ်ဆင်ထားပြီးပုခုံးပေါ်တွင် ပဝါအစွန်းနှစ်ဖက်ချကာ ခြေထောက်ကို ပင့်မြှောက်ပြီး ကကြိုးဆင်သည့်ဟန် အမျိုးသမီးတစ်ဦးနှင့် သူမ၏ ကလေးတို့ အတူကစားနေသည့် မြင်ကွင်းကို ရေးဆွဲထားလေ၏။ ဇာတ်ကောင်များ၏ အမူအယာများသည် အသက်ဝင်ပြီး ပန်းချီ၏ အရောင် အတွဲအစပ်များသည် ကြော့ရှင်းပေသည်။

သူမ လိုချင်တယ်လို့ တွေးထားတဲ့ ပီးယန်းဟူပုလင်းနဲ့ အတိအကျ တစ်ပုံစံတည်းပါပဲ။

“ဆိုင်ရှင် ဒါကို ဘယ်ဈေးနဲ့ ရောင်းချမလဲဆိုတာ သိပါရစေလား။”

All Chapters