တကယ်တော့ မင်းက ကိုယ့်ကို သတ္တိရှိစေတယ်
Vol. 10 Ch. 184
“ကျွန်မတို့ သခင်လေးချင်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ကျီကျောက်က ပြုံးရယ်ကာ ပြောလိုက်သည်။ “ကျွန်မတို့ ကနဦး သဘောတူညီချက် ပြေလည်သွားပြီဆိုတော့ မြေပဲဆီ တစ်သုတ်ကို သန့်စင်ပြီးရင် နောက်တစ်ဆင့်ကို ဆက်ဆွေးနွေးကြရအောင်။”
“ဒါဆို ကျွန်တော် စောင့်နေမယ်” ချင်မင်ဟုန်က ပြုံးလိုက်သည်၊ “နောက်ဆုံးတော့ မိန်းကလေးအာ့ထောင်ရဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းခွင့်ရတာ ကောင်းချီးတစ်ခုပါပဲ။”
“သခင်လေးချင်ကတော့ ကျွန်မကို မြှောက်ပင့်နေပါပြီ” ကျီကျောက်က နှိမ့်ချစွာ ပြုံးလိုက်သည်။
သူမ စားသောက်ဆိုင်မှ ထွက်လာသည့်အခိုက်တွင် ကျီကျောက်သည် သူမ၏ ခြေလှမ်းတွေက ပိုမို သက်တောင့်သက်သာ ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
“ရှန်းယောင် ကျွန်မတို့ အခု ဈေးကို သွားရအောင်” ကျီကျောက်က သူ့လက်မောင်းကို တရင်းတနှီး ဖက်တွယ်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်၊ “ကျွန်မ အခုချက်ချင်း မြေပဲဆီ တစ်ပုံးလောက် ထုတ်ယူဖို့ မစောင့်နိုင်တော့ဘူး။”
“ကောင်းပြီ” ရှန်းယောင်က သူမ၏ အကြံပြုချက်တွေကို ဘယ်တော့မှ မငြင်းပယ်ခဲ့ဘူး။
နောက်သုံးရက်အတွင်း ကျီကျောက်သည် ရွာလူကြီးရဲ့ ဆီကြိတ်တဲ့ အလုပ်ရုံမှာ သူမကိုယ်သူမ ချုပ်နှောင်ထားခဲ့သည်။
မြေပဲဆီထုတ်ယူဖို့က မလွယ်ကူဘူး။ ကံကောင်းထောက်မစွာ၊ ရွာလူကြီး ရှန်းမုန့်ဟူသည် ယခင်က ဆီကြိတ်ဖူးသောကြောင့် ကျီကျောက်သည် သူ့ထံမှ ပညာများစွာရခဲ့သည်။
တကယ်တော့ သီအိုရီနဲ့ လက်တွေ့အကြားက ကွာခြားချက်က တော်တော်ကြီးသည်။ စုစုပေါင်း ၁၉ ကြိမ် ကျရှုံးခဲ့ပြီးနောက် ကျီကျောက်သည် ၅ ရက်မြောက်နေ့ အကြိမ် ၂၀ မြောက် စမ်းသပ်မှုတွင် မြေပဲဆီမွှေးကို ထုတ်ယူနိုင်ခဲ့သည်။
“အာ့ထောင် မင်းက အရမ်းတော်တာပဲ” ရှန်းယောင်က သူမကို စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကျီကျောက်ထံမှ အထူး အရည်အသွေးတစ်ခုကို သူတွေ့ခဲ့ရသည်။
အဲဒါကတော့ ဇွဲလုံ့လရှိတာပါပဲ။
ဇွဲလုံ့လရှိသရွေ့ သံကျည်ပွေ့ကိုပင် အပ်တစ်ချောင်းဖြစ်အောင် သွေးနိုင်ပေသည်။
သူကရော…။
သူရော ပြုပြင်ပြောင်းလဲဖို့ အချိန်မကျသင့်ဘူးလား။ သူ့စာအုပ်တွေကို ပြန်ကောက်ကိုင်ပြီး အသစ်ကနေ ပြန်စသင့်ပြီလား။
တကယ်လို့ သူသာ ဆက်လက် နှုတ်ဆိတ်နေဦးမည်ဆိုလျှင် ယခင်က သူခံစားခဲ့ရသည့် မတရားမှုကို မည်သူကမှ လက်တုံ့ပြန်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ကောင်းကင်ဘုံကို မျက်လုံးဖွင့်ကြည့်ပြီး အဲဒီလူဆိုးတွေကို အပြစ်ပေးဖို့ ဆုတောင်းနေမယ့်အစား သူ့ကိုယ်သူ အားကိုးပြီး တရားမျှတမှုကို အမြန်ဆုံး ရှာဖွေတာ ပိုကောင်းတယ်မလား။
“ရှန်းယောင် ကျွန်မကို လာပြီး ကူညီပေးဦး” ကျီကျောက်က အကြိမ် အနည်းငယ်ခန့် အော်ခေါ်နေပေမယ့် ရှန်းယောင်ကတော့ နေရာ၌ ကြက်သေသေနေတုန်းပါပဲ။
ကျီကျောက်သည် သူ့အနားသို့ စိုးရိမ်ပူပန်စွာ လျှောက်လာပြီး သူ့မျက်နှာရှေ့ လက်ဝှေ့ယမ်းပြလိုက်သည်၊ “ရှန်းယောင် ရှင် အဆင်ပြေရဲ့လား”
“ဟမ်…၊ ကိုယ် အဆင်ပြေပါတယ်” ရှန်းယောင်က အသိပြန်ဝင်လာပြီး နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်၊ “အာ့ထောင် မြေပဲဆီကို အောင်မြင်စွာ ထုတ်ယူနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။”
“ဒါက ဘာမှမဟုတ်ဘူး” ကျီကျောက်က မထူးခြားသလို လက်ဝှေ့ယမ်းပြသည်၊ “ကျွန်မ မြေပဲဆီနဲ့ ဟင်းချက်တာကို စောင့်ဦး။ အဲဒီအခါကျမှ အောင်မြင်တယ်လို့ ယူဆရလိမ့်မယ်။”
လတ်လတ်ဆတ်ဆတ် ထုတ်ယူထားသော မြေပဲဆီများကို အသုံးမပြုမီ အချိန်အနည်းငယ်ကြာအောင် ထားတာက အကောင်းဆုံး ဖြစ်သည်။
မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ ရှန်းမိသားစုအိမ်ခြံဝင်းအတွင်းရှိ မီးဖိုချောင်မှ နောက်ထပ် မွှေးရနံ့တစ်ခု ပျံ့လွင့်လာခဲ့ပြီး ရွာရှိ ကလေးတိုင်းကို စားချင်လွန်းလို့ ငိုယိုသွားစေခဲ့သည်။
“ကြက်ခြေထောက်၊ ဗိုလ်မှုးကြီးကြက်သားဟင်း၊ ကြက်သားအရသာပေါက်ပေါက်ဆုပ်နဲ့ အာလူးချောင်းကြော်” ကျီကျောက်က ပြုံးပြီး အကြော်ဟင်းပွဲများကို စားပွဲဆီ ယူလာခဲ့သည်၊ “အမေ ရှန်းယောင် မြည်းကြည့်ပါဦး။ အရသာ ဘယ်လိုနေလဲ။”
“အရသာရှိလိုက်တာ” ကျောက်လန်ဟွာက ရက်ရက်ရောရော ချီးကျူးလိုက်သည်၊ “အာ့ထောင် ငါ ဒီဟင်းတွေကို တစ်ခါမှ မကြားဖူးပေမယ့် ဒီဟင်းတွေက တကယ်အရသာရှိတယ်။”
“ဒါတွေအားလုံး အရသာရှိနေတာက သမီး မြေပဲဆီနဲ့ ကြော်ထားလို့လေ” ကျီကျောက်က အပြုံးဖြင့် ရှင်းပြသည်။ ထို့နောက် သူမသည် ရှန်းယောင်ကို မသိစိတ်က ကြည့်ပြီး ကျီစယ်စနောက်သည့်ဟန်ဖြင့် မျက်ခုံးပင့်ပြလိုက်သည်၊ “ရှန်းယောင် အခု ကျွန်မတို့ အောင်မြင်သွားပြီလို့ ရှင်ပြောနိုင်ပြီ။”
ချင်မင်ဟုန်သည် မြေပဲဆီဖြင့် ပြုလုပ်ထားသော အရသာကို မြည်းစမ်းပြီးနောက်တွင် လုံးဝ ချီးကျူးခဲ့သည်။
လက်ထောက်ဆိုင်ရှင်ယို့နှင့် အစ်ကိုကြီးရှန်းတို့သည်လည်း ဤဆီကြိတ်သည့်အလုပ်ရုံတွင် အစုရှယ်ယာအချို့ ရင်းနှီးမြှုပ်နှံခဲ့သည်။
“အာ့ထောင် လူတွေ အများကြီး ရင်းနှီးမြှုပ်နှံဖို့ မလိုအပ်ဘူးလို့ ကျွန်တော်ထင်တယ်” ချင်မင်ဟုန်က ကျီကျောက်၏ နောက်ဆုံး အဆိုပြုချက်ကို အနည်းငယ် မကျေမနပ်ဖြစ်နေသည်၊ “ဆီစက်ဖွင့်ဖို့ အများဆုံးမှ ငွေလျန်း ၃၀၀ လောက်ပဲ ကုန်ကျလိမ့်မယ်။ ကျွန်တော်တို့ ၅၀ - ၅၀ ခွဲနိုင်မယ်လို့စဉ်းစားမိတယ်။”
“သခင်လေးချင် ကျွန်မ ဒုတိယအစ်ကိုယို့နဲ့ အစ်ကိုကြီးတို့ကိုပါ အတူတူ ပိုက်ဆံရှာစေချင်တယ်” ကျီကျောက်က ရိုးရိုးသားသား ပြောသည်၊ “ဒါ့အပြင် ဆီစက်အတွက် ကျွန်မ အကြံပြုထားတာက အစုရှယ်ယာစနစ်တစ်ခုပါ။ အစုရှယ်ယာစနစ်တစ်ခုဖြစ်တာကြောင့် လူတိုင်းကို ငွေအတူရှာဖို့ ဘာဖြစ်လို့ မဖိတ်ခေါ်ရမှာလဲ။”
“ဒါ့အပြင် ချင်မိသားစုက တင်းယွမ်ခရိုင်မှာ အချမ်းသားဆုံး မိသားစု ဖြစ်နေပြီးသားလေ။ သခင်လေးချင်က အရမ်းအမြင်မကျဉ်းလောက်ဘူးလို့ကျွန်မယုံတယ်” ကျီကျောက်က တမင်တကာ ရန်စသလို ပြုံးပြလိုက်သည်။
“ကောင်းပါပြီ” နောက်ဆုံးတွင် ချင်မင်ဟုန်က အလျှော့ပေးခဲ့သည်၊ “အာ့ထောင်ရဲ့ အကြော်က
ချင်မင်ဟုန်နှင့် ကျီကျောက်တို့က ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို အသီးသီး ယူကြပြီး လက်ထောက်ဆိုင်ရှင်ယို့နှင့် အစ်ကိုကြီးရှန်းတို့က ၂၀ ရာခိုင်နှုန်း အသီးသီး ယူကြသည်။
သူတို့လေးယောက်သား စာချုပ်ချုပ်ဆိုပြီး လက်ဗွေနှိပ်ပြီးတဲ့အခါမှာပင် လက်ထောက်ဆိုင်ရှင်ယို့က မိန်းမောတွေဝေနေဆဲပင်၊ “ငါ တစ်နေ့မှာ ငါ့သူဌေးနဲ့အတူ ဆိုင်တစ်ဆိုင် အတူဖွင့်လှစ်ဖြစ်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး။”
“ငါရောပဲ…” အစ်ကိုကြီးရှန်းသည်လည်း မိန်းမောနေဆဲဖြစ်ကာ သူ့ရှေ့မှ အရာအားလုံးဟာ လက်တွေ့မကျသလို ခံစားနေရသည်။
“ဒီစာချုပ်မှာ မိတ္တူ လေးစောင် ရှိတယ်” ကျီကျောက်က ပြုံးရွှင်စွာ ပြောလိုက်သည်၊ “သခင်လေးချင်၊ ဒုတိယအစ်ကိုယို့နဲ့ အစ်ကိုကြီးတို့ စာချုပ်တွေကို ကောင်းကောင်း ထိန်းသိမ်းထားရမယ်နော်။ ဆီစက်ရဲ့ အမြတ် လေးပုံ တစ်ပုံကို စာချုပ်ပါ အမြတ်ဝေစုအတိုင်း နှစ်စဉ် ခွဲဝေရရှိပါလိမ့်မယ်။”
“ကောင်းပြီ။”
တစ်လခွဲကြာ ပြုပြင်မွမ်းမံပြီးနောက် ကျီကျောက်၏ အကြော်ဆိုင်လေးသည် နောက်ဆုံးတွင် အသင့်ဖွင့်လှစ်နိုင်နေပြီဖြစ်သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့သည် ရက်ရာဇာ ကျပေသည်။
မီးရှုးမီးပန်းများဖောက်သံနှင့်အတူ ကျီကျောက်၏ အကြော်ဆိုင်လေးကို တရားဝင် ဖွင့်လှစ်ခဲ့သည်။
“ဒီအချိန်ဟာ ဆိုင်သစ်ဖွင့်လှစ်တဲ့ အချိန်အခါသမယပါ။ ဈေးဝယ်သူတို့ ကြက်ကြော် တစ်ကတ်တီဝယ်ယူရင် ကတ်တီဝက် အလကားရပါမယ်ဗျ။”
ကျီကျောက်သည် ဆိုင်မဖွင့်ခင်ကပင် ကြက်ကြော်ကို သုံးရက် ကြိုတင်ပြီး အမြည်းကျွေးခဲ့သည်။ ထိုအချိန်အတွင်း ခရိုင်တရားသူကြီးသည် လူကိုယ်တိုင် လာရောက်လည်ပတ်ခဲ့ပြီး ကြက်ကြော်ကို အရမ်းစားကောင်းတယ်လို့ ချီးကျူးခဲ့သည်။
ထို့ကြောင့် ကျီကျောက်၏ ကြက်ကြော်ဆိုင် ဂုဏ်သတင်းသည် ဆိုင်မဖွင့်ခင်ကပင် နာမည်ကောင်းရနေခဲ့ပြီဖြစ်သည်။
ကျီကျောက်၏ ကြက်ကြော်ဆိုင်ကို တရားဝင်ဖွင့်လှစ်သည့်နေ့မှာပင် အာ့ထောင် ပြင်ဆင်ထားသည့် ကြက်ကြော် ကတ်တီ ၈၀ လုံး ရောင်းကုန်သွားခဲ့ပြီး မဝယ်နိုင်ခဲ့တဲ့သူတွေ အများကြီး ရှိပေသည်။
ညက တိတ်ဆိတ်ငြိမ်သက်နေ၏။ စာရင်းအားလုံးကို စစ်ဆေးပြီးနောက် ကျီကျောက်သည် အနားယူရန် ကုလားထိုင်ပေါ် နောက်ပြန်မှီလိုက်သည်။
ရှန်းယောင်သည် သူမနောက်သို့သွားပြီး သူမ၏ ပခုံးများကို ညင်သာစွာ နှိပ်နယ်ပေးခဲ့သည်။
“ကျေးဇူးပါ” အနှိပ်ခံပြီးနောက် ကျီကျောက်သည် သူမတစ်ကိုယ်လုံး အကြောအချင်တွေ ပြေလျော့သွားသလို ခံစားလိုက်ရသည်၊ “ဒါပေမယ့် ရှင်လည်း ဒီနေ့ အတော်လေး ပင်ပန်းခဲ့ရပြီ။ ဒီမှာ လာထိုင်ပြီး အတူတူ အနားယူပါလား။”
ကျီကျောက်တို့စုံတွဲသည် သစ်တော်သီးဖျော်ရည်ပူပူလေး တစ်ခွက်စီ ကိုယ်စီ ကိုင်ဆောင်ထားကာ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
“မြေကမ္ဘာဘုရားကျောင်းကို တစ်လခွဲအတွင်း အပြီးတည်ဆောက်မယ်လို့ အဖေ့ဆီကနေ ကြားတယ်။ အဲဒီအချိန်ကျရင် ကျွန်မတို့ ရက်အနည်းငယ်လောက် အနားယူပြီး ရွာကိုပြန်ကြရအောင်လား” ဟု ကျီကျောက်က ခပ်ပြုံးပြုံး ပြောလိုက်သည်။
“မင်းသဘောအတိုင်းပဲ။”
“ရှန်းယောင်…”
“အင်း”
“ကျွန်မ အရမ်းပျော်တယ်” ကျီကျောက်က သူ့မျက်ဝန်းကို စိုက်ကြည့်ပြီး နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။ “ကျွန်မ မြင်တယ်။”
“ဘာကိုလဲ။”
...
“ရှင် စာအုပ်တွေကို ပြန်ကိုင်ပြီး စာပြန်လေ့လာနေပြီ” ကျီကျောက်က မျက်ခုံးပင့်ပြီး ချိုမြိန်စွာ ပြုံးလိုက်သည်။ “ရှင် ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ကျွန်မ တကယ်ပျော်တယ်။”
“အာ့ထောင်” ရှန်းယောင်က သူမ၏ လက်ကို ညင်သာစွာ ဆွဲယူပြီး နူးညံ့စွာ ပြောလိုက်သည်၊ “တကယ်တော့ မင်းက ကိုယ့်ကို သတ္တိပေးခဲ့တာပါ။”
“ကိုယ် မင်းဆီကနေ ကြောက်ရွံ့မှုကင်းတဲ့ သတ္တိကို ကိုယ်ခံစားရတယ်။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ မြေကမ္ဘာဘုရားကျောင်းကို ပြန်ပြုပြင်တာ၊ ဆီထုတ်ယူတဲ့ အလုပ်ရုံဖွင့်တာ၊ ဒီလို ဆိုင်ဖွင့်တာမျိုးလို ရည်မှန်းချက်တွေ အများကြီးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ မင်းက အရမ်းကြိုးစားပြီးပြီ၊ ဒီတော့ ကိုယ်ကလည်း ဘာဖြစ်လို့ အဆိုးမြင်ပြီး တခြားသူတွေကို အပြစ်တင်နေဦးမှာလဲ။”