← Chapters

အခန်း (၁၀၆၁-၁၀၆၅)

Vol. 61 Ch. 1061-1065

အခန်း (၁၀၆၁-၁၀၆၅)

Vol. 61 Ch. 1061-1065

အခန်း(၁၀၆၁)

ရွှီထေပါး၏ မျက်လုံးများက မှေးကျဉ်းသွားသလို သူ၏ရွှေရောင်သံချပ်ကာဝတ် အာရေးဗီးယား စစ်မြင်းကြီးဟာလည်း ရှေ့သို့နှစ်လှမ်းခန့် ခုန်လိုက်သည်။ ထိုစစ်မြင်းကြီး၏ အမည်သည် အနိုင်ရသူ အမည်ရပြီး သူဟာ နှစ်မီတာကျော်ခန့်ပင် မြင့်သေးသည်။

ဝုန်း

နတ်ဘုရားတမျှ ထည်ဝါလွန်းသော ပုံရိပ်ကြီးကို မြင်လိုက်ရရုံနှင့် အခြားသော အာရပ်ဗိုလ်ချုပ် သုံးယောက်လုံးက တိတ်သွားကြသည်။ သူတို့၏နှလုံးသားက တုန်ခါလာသည်။

“နှေးလွန်းတယ် ဒီလောက်အားနည်းတဲ့ မဟာထန်ကို ဒီလိုကိုင်တွယ်တာက အချိန်တအားကုန်တာပဲ”

သူ၏ခမ်းနားထည်ဝါသော အသံက လူတိုင်း၏ခေါင်းအတွင်း မြည်ဟီးလာပြီး မည်သူကမှ မတုန့်ပြန်နိုင်သေးခင် နတ်ဘုရားတမျှ ထည်ဝါသော မျက်စိကြိမ်းမတက် တောက်ပသည့် ရွှေရောင်ကိုယ်ထည်ကြီးက လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် မြင်းပေါ်မှဆင်းသက်လာကြောင်း မြင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် အခြားသော အာရပ်ဗိုလ်ချုပ် သုံးယောက်လုံးက လေးစားမှုအပြည့်နှင့် ထိုပုံရိပ်ကိုသာ ကြည့်နေမိကြလေသည်။

“ချွီထေပါး မင်း...”

အစိုးရအော့စမန်း၏ ပါးစပ်က အဟောင်းသားဖြစ်ပြီး တစ်စုံတစ်ရာကိုပြောလိုသည်။ သို့သော် ဘုန်း

လေပြင်းက ဖြတ်ကနဲ ထိုးတိုက်လာပြီးနောက်တွင် ထိုစစ်အစိုးရဟာ ရှေ့သို့ရုတ်တရက် ခုန်ဝင်လိုက်သည်။ သူ၏ဖြောင့်မတ်သော ကိုယ်ထည်က နောက်ဆုံးတွင် စတင်လှုပ်ရှားသွားပြီဖြစ်သည်။

သူ၏အမူအရာက လွတ်လပ်ပေါ့ပါးသည်။ သူဟာ ပန်းခြံအတွင်း အသာအယာ လမ်းထွက်လျှောက်သလို ထင်ရသည်။ သို့သော် အမှန်တိုင်းဆိုရသော် သူဟာ မြင်းစီးသည်ထက် မြန်ဆန်သော အရှိန်နှုန်းကို ထုတ်သုံးထားခြင်းဖြစ်သည်။ သူဟာမြင်းပေါ်မှ ဆင်းပြီးပြီးချင်း အခြားသူများနှင့် အနည်းငယ်ဝေးသွားအောင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သို့သော် အော့စမန်းကမူ ပါးစပ်ဖွင့်ကာ သူ့ကိုမတားနိုင်သေးခင် ချွီထေပါးက ပေသုံးရာကျော်အထိ ရောက်ရှိသွားပြီဖြစ်သည်။

အော့စမန်းက စကားဆုံးအောင် မပြောနိုင်သေးခင် ချွီထေပါးဟာ စစ်တပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်သည်။ သူတို့မြင်ရသမျှက ထန်စစ်တပ်အတွင်းသို့ တဖြောင့်တည်း တိုးဝင်သွားသော ရွှေရောင်အလင်းတန်းသာဖြစ်သည်။

“ဒါက”

အော့စမန်း၏မျက်နှာက တောင့်ခဲသွားသည်။ သူ၏လက်က လေထဲသို့လှမ်းလျှက်သားဖြစ်သည်။

“သူ့ကိုခေါ်နေဖို့မလိုဘူး။ ဒီအရူးက ငါတို့နဲ့မှမတူတာ”

အားပါးကအော်သည်။ သူ၏မျက်ဝန်းကလည်း တောက်ပနေသည်။

အစစ်အမှန် ဗိုလ်ချုပ်ကြီးများဟာ တိုက်ပွဲနယ်မြေထဲသို့ ပေါ့ပေါ့ပါးပါး ဝင်ရောက်၍မရချေ။ တိုက်ပွဲတိုင်းတွင်သာ ဗိုလ်ချုပ်များ ဝင်ပါနေလျှင် စစ်သားများက လိုအပ်တော့မည်မဟုတ်ချေ။

ဗိုလ်ချုပ်ကြီးတစ်ယောက်၏ မူရင်းရည်ရွယ်ချက်ကမူ ဗျူဟာများသုံးရန် အမိန့်များပေးရန် ရန်သူ၏ အားနည်းချက်များကို စောင့်ကြည့်ရန်နှင့် အခွင့်အရေးများကို အမိအရယူရန်ဖြစ်ကာ ရှေ့ပြေးတပ်အဖြစ် လှုပ်ရှားရန်မဟုတ်ချေ။ ပို၍ဆိုးသည်မှာ ဗိုလ်ချုပ်ကြီးတစ်ယောက်က တိုက်ပွဲအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါသောအခါ တိုက်ပွဲ၏ အခြေအနေကို ချက်ချင်းပြောင်းလဲပေးနိုင်သည့် အခိုက်အတန့်မျိုးက ဖြစ်လာတတ်သည်။ ထို့ကြောင့် အရှေ့ဘက်နှင့် အနောက်ဘက်မှ ဗိုလ်ချုပ်တိုင်းကလည်း ဒီတိုက်ပွဲ၏ အခြေအနေကို နားလည်နေကြသည်။

သို့သော် ချွီထေပါး၏ပုံစံကမူ ထိုသို့မဟုတ်ချေ။

ချွီထေပါးက တိုက်ပွဲကိုမွေ့လျော်ကြောင်း လူတိုင်းသိကြသည်။ သူဟာ တိုက်ပွဲအတွင်း ဘာကိုမဆို လုပ်နိုင်သည်။ စစ်တပ်ကိုအမိန့်ပေးနေချိန်တွင် ရုတ်တရက် သူ၏လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အင်အားကိုသုံးပြီး ရန်သူခုခံရေး အားလှိုင်းများသို့ လက်သီးချက်များထိုးသွင်းလျှက် အပေါက်များဖောက်ကာ ရန်သူ၏ဗိုလ်ချုပ်များကို ချောမွေ့စွာ ဖယ်ရှားလျှက် အဆုံးသတ်အောင် လုပ်နိုင်သည်။ ထိုအခြေအနေမျိုးကို ကြားဖူးသော်လည်း ကိုယ်တိုင်မြင်ရခြင်းက ခြားနားသော အနေအထားမျိုးဖြစ်သည်။

မဟာထန်သည် လက်ရွေးစင်စစ်တပ် နှစ်ခုကိုသာ လွှတ်ရသေးသည်။ သို့သော် သူတို့၏ ဗိုလ်ချုပ်ကြီးများက တိုက်ပွဲထဲသို့ မဝင်သေးချေ။ ထိုအခြေအနေမျိုးတွင် အာရေးဗီးယားဘက်က မာမဲ့လုများ အော့စမန်း၏ လက်ရွေးစင်တပ်ဖွဲ့များ အပုမူစလင်၏ တပ်ဖွဲ့များ ကိုယ်တိုင်ဝင်မပါသေးခင် သူတို့ဘက်က စတင်ကာ လှုပ်ရှားမိသွားသည်။ တိုက်ပွဲက အပြင်းထန်ဆုံးသော အခိုက်အတန့်ကို မရောက်သေးချေ။ သို့သော် စစ်အစိုးရကမူ စိတ်ရှည်သည်းခံနိုင်ခြင်း မရှိတော့ချေ။

ကျော်ကြားသော အာရေးဗီးယားဗိုလ်ချုပ် သုံးယောက်ကလည်း ကြောင်တောင်တောင်ဖြစ်လျှက် ကျန်ခဲ့သည်။

“ဒါက အရှင်ချွီထေပါးက လှုပ်ရှားနေပြီလား။ အရှင် ကျွန်တော်တို့လည်း သွားသင့်လား။ ဒီအရှေ့ပိုင်းက ထန်တွေက မျှော်လင့်ထားတာထက်ပိုပြီး အင်အားကြီးမားတယ်။ သူတို့မှာ လက်ရွေးစင် မဟာဗိုလ်ချုပ်ကြီး လေးယောက်တောင် ရှိနေတာ။ အရှင်ချွီထေပါးက တစ်ယောက်ထဲသွားရင် ရှုံးသွားလိမ့်မယ်”

ကျစ်ရက နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွဲသည်။ သူဟာ ချွီထေပါး တစ်ယောက်တည်း ရန်သူစစ်တပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခြင်းကို ကြည့်မနေနိုင်တော့ချေ။

အလံများက လေထဲတွင် ဆက်လွင့်နေသည်။ ကာရီယိုမှ အစိုးရအော့စမန်း၊ မာမဲ့လုများ၏ဗိုလ်ချုပ် အားပါးနှင့် အရှေ့ပိုင်းစစ်နယ်မြေဇုံမှ အင်အားကြီးမားဆုံး အပုမူစလင်တို့ အားလုံးက မြေပြင်တွင် အမြစ်တွယ်နေသလိုမျိုး ရပ်နေကြသည်။ ကျစ်ရက စွံ့အသွားသည်။

“ကျစ်ရမလိုဘူး။ ချွီထေပါးက အခြားမင်းသိထားတဲ့ အစိုးရတွေနဲ့ ခြားနားတယ်”

အဆုံးသတ်တွင် အပုမူစလင်က ထုတ်ပြောလာသည်။ သူ၏မျက်နှာထားက တည်ငြိမ်နေပြီး တိုက်ပွဲကို ဆက်လက်စောင့်ကြည့်နေသည်။

“သူတိုက်ပွဲကိုဝင်တဲ့အခါ ဘယ်သူမှ ဝင်ပါစရာမလိုဘူး။ ငါတို့က ဒီလိုအခြေအနေမျိုးမှာ သွားလိုက်ရင် သူကငါတို့ရဲ့ ကြင်နာမှုကို အသိအမှတ်မပြုတဲ့အပြင် ရန်စသလိုတောင်ဖြစ်သွားပြီး ငါတို့ကိုတောင် ပြန်မဲလိမ့်မယ်။ ငါဒီလိုအခြေအနေမျိုးမှာ သူနဲ့ရန်မဖြစ်ချင်ဘူး”

“ဒါ့အပြင် ဒီစစ်အစိုးရကို အားနည်းတဲ့ကောင်လို့ မထင်နေစမ်းပါနဲ့”

အားပါးကလည်း ရှားရှားပါးပါး ဝင်၍မှတ်ချက်ပေးသည်။ အပုမူစလင်နည်းတူ သူသည်လည်း တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ဆက်လက်လေ့လာနေရင်း ရှင်းပြပေးခြင်းဖြစ်သည်။

“ရန်သူဘက်မှာ မဟာဗိုလ်ချုပ်အဆင့် လေးယောက်ရှိတယ်။ ဒါပေမဲ့ သူတို့ရဲ့ပြိုင်ဘက်က ချွီထေပါးဆိုရင်... ဘယ်သူနိုင်မလဲဆိုတာက မသေချာပါဘူး။ ဒီလောကမှာ ချွီထေပါးကို ရှုံးအောင်လုပ်နိုင်တဲ့သူ မများဘူး”

အနက်ရောင်နိုင်းမြစ်အလံအောက်မှ အစိုးရအော့စမန်းက ရှားရှားပါးပါး အသိအမှတ်ပြုကြောင်း ခေါင်းညိမ့်သည်။ ရှင်းလင်းစွာဖြင့်ပင် သူကလည်း အားပါးနှင့် အတွေးချင်းတူသည်။

အာရေးဗီးယားအင်ပါယာ၏ စစ်နတ်ဘုရားလည်းဖြစ်သလို အင်အားအကြီးဆုံး ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည့် ချွီထေပါးသည် သူတို့ကပင် အသိအမှတ်ပြုရသည့် အင်အားမျိုးကို ပိုင်ထားသည်။ သူ၏နည်းလမ်းများနှင့် ပြောပုံပြောနည်းများက အခြားသောအစိုးရများကို မပျော်မရွှင်ဖြစ်စေပြီး ရန်များစေသော်လည်း ထိုသူရူးဟာ ကိုယ့်ကိစ္စကိုယ်သာလုပ်တတ်သည်။ မည်သူကမှ မရှုံ့ချရဲလောက်သော အင်အားမျိုးကိုလည်း ပိုင်ထားသည်။

ချွီထေပါးက အားပါး၏စကားကို ဝင်ဖြတ်ပြောသလို အပုမူစလင်ကို လှောင်ခဲ့သည့်တိုင်အောင် အင်အားကြီးမားသော အာရပ်ဗိုလ်ချုပ်များက မမုန်းမိချေ။ ထို့ပြင် သူတို့က ပြန်လည်ငြင်းဆန်ရန်လည်း မကြိုးစားကြချေ။ အာရေးဗီးယား အင်ပါယာတွင် အင်အားကြီးသူကသာ အုပ်စိုးသည်။ အင်အားရှိသူက အရာအားလုံးကို ဆုံးဖြတ်နိုင်သော စနစ်မျိုးကို ကျင့်သုံးထားသည်။ ချွီထေပါးသည် စစ်အစိုးရဖြစ်ပြီး အပြောအဆို ပြတ်သားကြမ်းတမ်းသည်။ ထိုသို့ပြောပိုင်ခွင့်လည်း ရှိနေသည်။

“???”

ကျစ်ရသည် ဗိုလ်ချုပ်များ၏ ရှားရှားပါးပါး စိတ်ငြိမ်နေသော မြင်ကွင်းမျိုးကို မြင်လိုက်ရပြီး ချွီထေပါး၏ ကျောပြင်ကို တဖန်ပြန်လည်ကြည့်ရှု့ပြီးနောက် ဘာစကားမှ မဆိုတော့ချေ။

“ချွီထေပါးက မလိုအပ်ရင် စကားတွေမပြောတတ်ပေမဲ့လည်း သူကငါတို့ကို လာကူညီတာပဲ။ ကျစ်ရ သံမဏိသွေးစစ်တပ်ကို လွှတ်ပေးလိုက်ပါ”

အပုမူစလင်ကပြောသည်။

“မင်းက အဲ့ဒီလိုလုပ်မယ်ဆိုရင် ရာမန် သွား ငါတို့ရဲ့ ခေါင်ဖြစ်တဲ့စစ်တပ်ကိုလည်း လွှတ်လိုက်။ ငါ့အထင် ချွီထေပါးက ဒီနည်းလမ်းကိုသုံးပြီး ငါတို့ကူညီတာကိုတော့ စိတ်အနှောက်အယှက် မဖြစ်လောက်ပါဘူး”

အစိုးရအော့စမန်းပြောသည်။

သူနှင့် အပုမူစလင်တို့က နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးခဲ့ကြသည်။ ထို့ပြင် တိုက်ပွဲနယ်မြေအတွင်း များပြားလှသော အကျိုးပြုမှုများကိုလည်း လုပ်ခဲ့သည်။ သူတို့က အတူရပ်နေသမျှ အတူချီတက်နိုင်ကြသည်။

“ဟုတ်ကဲ့အရှင်”

ပျော်ရွှင်သွားသောကျစ်ရက ဂါရဝပြုလိုက်ရင်း ချောမွေ့စွာထွက်သွားသည်။

.....

နောက်တန်းတွင် ထိုသို့သော အခြေအနေမျိုးများ ဖြစ်ပျက်နေသည့်တိုင်အောင် တိုက်ပွဲနယ်မြေအတွင်းတွင်မူ စစ်အစိုးရ ရောက်လာသည်နှင့် တိုက်ပွဲတစ်ခုလုံး၏ အခြေအနေက ပြောင်းလဲလာသည်။

ဘန်း

ဖနောင့်တစ်ချက် ပေါက်လိုက်ရုံနှင့် မြေကြီးက ကွဲအက်သွားသည်။ မရေမတွက်နိုင်သော ရွှံ့နွံများနှင့် ကျောက်သားပေါင်းများစွာက လေထဲသို့ လွင့်စင်ကုန်သည်။ ချွီထေပါးက လွှတ်ထုတ်ထားသည့် ခမ်းနားထည်ဝါသော အရှိန်အဝါကို မည်သူကမှ မဖော်ပြနိုင်ကြချေ။ တိုက်ပွဲနယ်မြေတစ်ခုလုံးက ညဉ်းညူသံများ ပြည့်နှက်သွားပြီး တသိမ့်သိမ့်တုန်နေသည်။

ချွီထေပါး၏ ခပ်ထူထူ ရွှေရောင်သံချပ်ကာကြီးက နေမင်းထက်ပင် မျက်စိကြိမ်းစေသော အလင်းမျိုးကို လွှတ်ထုတ်ထားသည်။ သူသည် သေမျိုးများ ရှင်သန်နိုင်သည့် တိုက်ပွဲအတွင်းသို့ ဝင်ရောက်ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့်တူသည်။

ဟူး....

သူ၏ပတ်ဝန်းကျင်မှ လေပြင်းက ဟိန်းဟောက်နေသည်။ ချွီထေပါး၏ အကြည့်က ထန်ခုခံရေးအားလှိုင်းထံတွင်သာ ဖြစ်သည်။

ဝုန်း

ထိုစစ်သားများကလည်း အခြေအနေကို နားမလည်နိုင်သေးခင် ချွီထေပါးက သူတို့၏ဘေးဘက်မှ ပျောက်ကွယ်သွားလေပြီး ပေတစ်ရာခန့်အကွာတွင် ပေါ်လာသည်။

ဘန်း

ချွီထေပါးက နောက်ထပ် ဖနောင့်တစ်ချက်ပေါက်သည်။ ထိုသို့ဖြင့် ဖြတ်ကနဲလင်းလက်ကာ ပျောက်ကွယ်သွားပြီး ပိုဝေးသောနေရာတွင် ပြန်ပေါ်လာပြန်သည်။ သူ၏အရှိန်နှုန်းက မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သည်။ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက အလွန်ဝေးကွာသော တစ်နေရာကို ကျော်ဖြတ်သွားနိုင်သည်။ ထို့ကြောင့် တခဏခန့်ကြာရုံနှင့် မြင်းတပ်အဖွဲ့ဝင် တစ်သောင်းကျော်ကို ပြောင်းပြန်လှန်လိုက်နိုင်သည်။

သူဟာ သံမဏိခုခံရေးအားလှိုင်းနှင့် ပေနှစ်ရာခန့်သာ ဝေးကွာတော့ချိန်တွင် ရပ်တန့်လိုက်လေသည်။

ချွင်

နဂါးတစ်ကောင်က ဟိန်းလိုက်သလိုမျိုး ကျယ်လောင်သော အသံထွက်ပေါ်လာပြီးနောက် ချွီထေပါးက ရုတ်တရက် သူ၏နောက်ဘက်သို့ လက်လှမ်းလိုက်ကာ နာမည်ကျော်ကြားသည့် ဓားကြီးကို ဆွဲထုတ်လိုက်သည်။ ထိုဓားက အင်အားကြီးမားလွန်းသော မရေမတွက်နိုင်သည့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် အင်ပါယာတစ်ခုလုံးရှိ မရေမတွက်နိုင်သော လူပေါင်းများစွာက ကြောက်လန့်ရသည့် နတ်ဘုရားအရှိန်အဝါဓားဖြစ်သည်။

ထိုရွှေရောင်ဓားကို ဆွဲထုတ်ပြီးနောက် ချွီထေပါး၏ အနီးအနားဝန်းကျင်ရှိ ရွှေရောင်အလင်းများက ပေါက်ကွဲသွားပြီး သိပ်သည်းလွန်းသော ရွှေရောင်မီးတောက်အဖြစ် ပြောင်းလဲသွားသည်။ ထိုသို့ဖြင့် တိမ်စိုင်များအတွင်းသို့ တဖြောင့်တည်း ထိုးဝင်သွားလေသည်။ သူနှင့် ထိုကောင်းကင်အကြားရှိ နေရာတိုင်းရှိ အာကာသပြင်က တွန့်လိမ်ရှုံ့တွသွားသည်။

“အရှင်အမတ်”

ရွှယ်ချန်ကျွင်းက အော်သည်။ သူ၏မျက်လုံးက ပြူးကျယ်သွားရင်း ရွှေရောင်ပုံရိပ်ကို ကြည့်သည်။ ထိုပုံရိပ်ဟာ ရွှယ်ချန်ကျွင်း၏ နှလုံးသားကို ကြောက်လန့်မှုများနှင့် ပြည့်နှက်စေသည်။ သူ့အား မသက်မသာ ဖြစ်လာစေ၏။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကလည်း အနီးအနားရှိ ပုဂ္ဂိုလ်ကို သတိပြုလိုက်မိသည်။

ဝုန်း

ကောင်းကင်ကိုပင် တုန်ခါစေသည့် အော်သံကြီးက ကောင်းကင်အနှံ့ ပဲ့တင်ထပ်လာပြီးနောက် မရေမတွက်နိုင်သော ချည်စက်ကွင်းပေါင်းများစွာက လူတစ်ယောက်တည်းအပေါ်သို့ စုပုံသွားသည်။ လူတိုင်းက စောင့်ကြည့်နေသည့် အခြေအနေအောက်တွင် ဝမ်ရန်၏ခန္ဓာကိုယ်က မြေပြင်ထဲမှ စတင်ကာ ခုန်ထွက်လိုက်သည်။ သူဟာ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားများက လျှင်မြန်စွာ ဖောင်းကားလာပြီးနောက် သူဟာ အင်အားကြီးမားလွန်းလှသည့် ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။

အရှိန်အဝါမြင့် မှင်သက်ဖွယ်နတ်ဘုရား

ဝမ်ရန်သည်လည်း အန္တရာယ်ကို သတိထားမိသဖြင့် ခပ်မြန်မြန် နောက်သို့လှည့်ကာ အင်အားကြီးမားသော ဝင်္ကပါကို အသက်သွင်းလိုက်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သူ၏ခွန်အားများက မဟာဗိုလ်ချုပ်အဆင့်သို့ တက်သွားသည်။

ထိုအခိုက်အတန့်တွင် ပေနှစ်ရာခန့်အကွာအား အာရပ်မြင်းတပ်သောင်းကျော်က ဝိုင်းထားသည်။ ချွီထေပါးကလည်း လှုပ်ရှားလာသည်။ သူ၏အကြည့်က အေးစက်သွားလေပြီး သူဟာ သူ၏ကြီးမားသည့် ရွှေရောင်အရှိန်အဝါမြင့် ဓားကြီးကို မြေပြင်သို့ ထိုးစိုက်လိုက်သည်။

ဘုန်း

သူဟာ ယခုလေးတင် ပေနှစ်ရာခန့်အကွာတွင် ရှိနေသေးသော်လည်း ထို့နောက် ချက်ချင်းဆိုသလို သံမဏိခုခံရေးအားလှိုင်း၏ အရှေ့တည့်တည့်သို့ ရောက်လာသည်။ သူ၏နတ်ဘုရား၏ အရှိန်အဝါကလည်း မြေကြီးထဲသို့ ထိုးစိုက်ပြီးသားဖြစ်နေသည်။

ထိုသို့ဖြင့် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်လာသည်။ မြေပြင်ထဲသို့ ရွှေရောင်မီးတောက်များက စိမ့်ဝင်သွား၏။ မီတာတစ်ထောင်ကျော်ခန့်ရှည်သော ရွှေရောင် အလင်းတန်းများက သူ၏ခန္ဓာကိုယ်မှ စတင်ကာ ဖြာထွက်လာပြီး သံမဏိမြို့ရိုးအပါအဝင် ထန်စစ်သားများ အားလုံးကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများနှင့်အတူ လေထဲသို့ လွင့်ထွက်သွားစေလိုက်သည်။

ဗုံများက ကပြောင်းကပြန်ဖြစ်လာသည်။ ကြီးမားသော ပေါက်ကွဲမှုကြီးကလည်း ပေါ်ထွက်လာ၏။ ထိုတပ်ဖွဲ့မှ ထွက်ပေါ်လာသော အသံများက ကြမ်းတမ်းသော တိုက်ပွဲနယ်မြေရှိ အသံတိုင်းကို ဖိနှိပ်လိုက်နိုင်သည်။ အပုမူစလင်၊ အော့စမန်းနှင့် အားပါးတု့ိအားလုံးကလည်း ထိုမြင်ကွင်းနှင့် ပတ်သတ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည့်တိုင်အောင် မှင်သက်သွားသေးသည်။

စစ်အစိုးရ၏ ဓားရိုက်ချက် တစ်ချက်တည်းကတင် မီတာနှစ်ထောင်ကျော်ခန့်ကြီးသည့် ဟာကွက်ကြီးကို ပေါ်လာစေလေသည်။ ထိုအခြေအနေက ငွေရောင်လက်နက်ကြီး အလက်ရာပေါင်းများစွာက ပြသနိုင်သည့် အင်အားကိုပင် ကျော်လွန်သွားသေးသည်။ ထိုမျှကြီးမားသော လမ်းကြောင်းကြီးက စစ်တပ်တစ်ခုလုံး ချီတက်သွားရန်အတွက် လုံလောက်နေပြီဖြစ်သည်။ ထို့ပြင် ပိတ်ဆို့ရန်လည်း မလွယ်ကူတော့ချေ။

ထိုရိုက်ချက်က တိုက်ပွဲနယ်မြေတစ်ခုလုံးကို ကြိုးကိုင်လိုက်နိုင်သည်။

ထိုအရာသာမကသေးချေ။ ချွီထေပါး၏ဓားက ပျက်စီးမှုပေါင်းများစွာကို ဖြစ်သွားစေသေးသည်။ အားလုံးကလည်း စစ်အစိုးရဟာ သူ၏အင်အားအကုန်မသုံးရသေးကြောင်း နားလည်နိုင်ကြသည်။

“ပေခုနှစ်ထောင်နီးပါး... သံမဏိမြို့ရိုးလေးရာ... တစ်ခုချင်းစီတိုင်းက ကျင်းတစ်သောင်းကျော်လေးတယ်။ ချွီထေပါးက ဒီလောက်အင်အားကြီးမယ်လို့ မထင်ထားဘူး”

အရှေ့မှ ပျက်စီးသွားသောမြင်ကွင်းကို မြင်လိုက်ရသည့် ကျစ်ရကလည်း အလွန်အမင်း အံ့အားသင့်သွားလေသည်။

အခန်း(၁၀၆၂)

ကျစ်ရသည် သူ၏တစ်ဘဝလုံးတွင် ထိုစစ်အစိုးရနှင့် တစ်ကြိမ်သော်မျှ မဆုံဖူးခဲ့ချေ။ သူ၏ ချွီထေပါးအပေါ် နားလည်မှုများက ကောလဟာလများ၊ ဒဏ္ဍာရီများအရသာဖြစ်သည်။ အပုမူစလင်ကမူ အကြိမ်အနည်းငယ် ဆုံဖူးသည်။ သူကာလစ်နှင့် သွားတွေ့ချိန်က ဆုံခဲ့ဖူးခြင်းဖြစ်သည်။ ကျစ်ရကလည်း ထိုသို့မဖျက်ဆီးခင် ကူညီသင့်ကြောင်း ပြောကြားခဲ့ချိန်က သူ၏အစိုးရ အော့စမန်းအစိုးရနှင့် မာမဲ့လုဗိုလ်ချုပ် အားပါးတို့က ဘာစကားမှမပြောသည့် ကိစ္စနှင့်ပတ်သတ်ပြီး နားလည်သွားပြီဖြစ်သည်။

ချွီထေပါး၏စွမ်းအားဟာ သာမာန်သေမျိုးများ မျှော်လင့်ထားသည့် အကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်သည်။ လူတစ်ယောက်ဟာ အတိုင်းအတာတစ်ခုထိ အင်အားကြီးမားသွားသည့် အခြေအနေမျိုးတွင် တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ထိန်းချုပ်နိုင်သည်ဟု ယုံကြည်မှုရှိသွားသည်။ ထို့ကြောင့် အခြားသောသူများ၏ အကူအညီကို မလိုတော့ချေ။

ကျစ်ရသည်သာ ထိုစွမ်းအားမျိုးကြောင့် အံ့အားသင့်သွားခြင်းမဟုတ်ချေ။ တာလာ့ရှိ ထန်ဗိုလ်ချုပ်များထဲမှ အမြင့်ဆုံးအနေအထားကို ကိုင်ဆွဲထားသော လူတစ်ယောက်ဖြစ်သည့် ဝမ်ရန်သည်လည်း အနောက်ပိုင်း နယ်မြေမှလာသော မျိုးနွယ်ခြားတစ်ယောက်က ထိုမျှအထိ အင်အားကြီးမားမည်ဟု မထင်ထားချေ။

“အနောက်ပိုင်းသား လူထွားကောင် မင်းရဲ့အသက်ကိုပေးစမ်း”

ကျယ်လောင်သော အော်သံနှင့်အတူ ဝမ်ရန်၏ အရှိန်အဝါမြင့် မှင်သက်ဖွယ်နတ်ဘုရားကြီးက ဖုန်တိမ်စိုင်များအတွင်းသို့ ဝင်ရောက်သွားသည်။

ဘန်း

လေပြင်းများက ဟိန်းဟောက်သလို ကြီးမားသော သတ္ထုလက်သီးကြီးက ဖော်ပြရန်ခက်ခဲသည့် စွမ်းအားမျိုးဖြင့် ခြံရံလျှက် စစ်အစိုးရထံ ပျံသန်းဝင်ရောက်သွားသည်။

ကပြောင်းကပြန်ဖြစ်နေသော ဖုန်မှုန့်များနှင့် ဒေါသတကြီး တိုက်ခတ်နေသော စွမ်းအင်အားလှိုင်းများ၏ အလယ်တွင် ချွီထေပါး၏ မှင်သက်ဖွယ်ကောင်းသော ကိုယ်ထည်ဟာ ကြီးမားသော လက်မောင်းကြီး၏ အရှေ့တွင်မူ ပုရွက်ဆိတ်အလား သေးငယ်သွားပြီဖြစ်သည်။

သို့သော် ဓားတစ်လက်၏ ချွင်ကနဲအသံသာ ဆက်ထွက်လာသည်။ ထို့နောက် အလွန်ဝေးကွာသည့် နေရာအထိ ပဲ့တင်ထပ်သွား၏။ ထိုအခိုက်အတန့်တွင် အချိန်ကပင် ရပ်တန့်သွားသည်ဟု ထင်ရသည်။

ဝုန်း

ချွီထေပါး၏မျက်ဝန်းက အေးစက်သောအလင်းနှင့် လင်းလက်လာရင်း သူဟာ သူ၏ နတ်ဘုရားဓား၏ အရှိန်အဝါကို ဆွဲထုတ်လိုက်ပြန်သည်။ မြေကြီးထဲမှ ဆွဲထုတ်ပြီးနောက် အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရား၏ ကြီးမားသော ကိုယ်ထည်ကြီးထံခုတ်ချလိုက်သည်။

ဘုန်း

ကြည့်ရှု့နေသော လူတိုင်း၏မျက်လုံးကိုပင် ကြိမ်းသွားစေသည့် အလင်းတန်းက ပေါက်ထွက်လာသည်။ အလင်းတန်းက ပေါက်ထွက်သွားချိန်တွင် စစ်အစိုးရကမူ မြေပြင်တွင် မရှိတော့ချေ။ သူဟာ လေထဲတွင်ဖြစ်သည်။ သူဟာ အရှိန်အဟုန်မြင့် မှင်သက်ဖွယ်နတ်ဘုရား၏ အရှေ့တည့်တည့်တွင် ဖြစ်နေလေပြီး သူ၏ဓားဟာ အောက်သို့ခုတ်ချဟန်နှင့်ဖြစ်သည်။

ဘုန်း

မရေမတွက်နိုင်သော လူပေါင်းများစွာ၏ မယုံကြည်နိုင်မှုအောက်တွင် အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရား၏ ကြီးမားသောကိုယ်ထည်ကြီးက ချွီထေပါး၏ သမန်ကာလျံကာ ရိုက်ချက်အောက်တွင် လွင့်ထွက်သွားပြီး ပေထောင်ပေါင်းများစွာ အကွာခန့်သို့ အရုပ်ကြိုးပျက် ပြုတ်ကျသွားသည်။ သူဟာ ထန်စစ်တပ်၏ အလယ်သို့ ပြုတ်ကျသွားခြင်းဖြစ်သည်။

“အား”

ပေါက်ကွဲသံအပြင် ကျယ်လောင်သော အော်ဟစ်သံများကလည်း ပေါ်ထွက်လာသည်။ ထန်စစ်သည် ရာပေါင်းများစွာက ကြီးမားသော အရှိန်အဟုန်မြင့် မှင်သက်ဖွယ်နတ်ဘုရား၏ အောက်တွင် ပိကာ အသားပြားဖြစ်သွားကြသည်။ ထိုသို့ဖြင့် လက်ပြတ်ခြေပြတ်များက လွင့်ထွက်ကုန်သည်။ ထိုအခိုက်အတန့်တွင် စစ်အစိုးရ၏ ကြီးမားပြင်းထန်လွန်းသော ခွန်အားက အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားကို လွင့်ပစ်ရင်း မြေကမ္ဘာကို ပျက်စီးတော့မည့်ပုံပေါ်သည်။ ထိုသို့ဖြင့် လေထဲသို့ ဖုန်လုံးတိမ်စိုင်များကို ဆက်တိုက်မြောက်တက်သွားစေသည်။

တစ်ချက်တည်းနှင့် သူဟာ ထန်ခုခံရေးအားလှိုင်းကို ချေမွနိုင်ခဲ့သည်။ သူ၏ဒုတိယမြောက် ရိုက်ချက်တွင်မူ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် စွမ်းအားက မဟာထန်၏ မဟာဗိုလ်ချုပ်အဆင့် ဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ကို ရှုံးနိမ့်အောင် လုပ်နိုင်ခဲ့သည်။

ချွီထေပါး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ရိုက်ချက်နှစ်ချက်နဲ့တင် ဖော်ပြနိုင်သည်။

အားလုံးက အဆုံးအစမဲ့အောင် အံ့အားသင့်သွားကြသည်။

စစ်တပ်တစ်ခုလုံးက အပ်ကျသံပင် မကြားရအောင် တိတ်သွားသည်။ လူတိုင်းကလည်း ချွီထေပါး၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကြောင့် မှင်သက်သွားကြသည်။ မည်သူကမှလည်း ဝမ်ရန်၏ အရှိန်အဟုန်မြင့် မှင်သက်ဖွယ်နတ်ဘုရားက ထုတ်လွှတ်ထားသည့် စွမ်းအားမျိုးဟာ... အထူးသဖြင့် စစ်သည်ပေါင်းများစွာ၏ အင်အားများ အပြည့်ပါဝင်နေသော စွမ်းအားမျိုးဟာ အာရပ်အစိုးရ တစ်ယောက်၏ ဓားချက်တစ်ချက်ကိုပင် တောင့်မခံနိုင်ဟု မယုံကြည်နိုင်ကြချေ။

“အဖေ”

ဝမ်ချောင်၏ မျက်လုံးက ချက်ချင်းလိုလို နီရဲသွားသည်။ တိုက်ပွဲမတိုင်ခင်ကတည်းက ဝမ်ချောင်၊ ဝမ်ရန်၊ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့က အမျိုးမျိုးသော တွက်ချက်မှု၊ ခန့်မှန်းမှုများကို လုပ်ထားခဲ့ကြသည်။ ထို့နောက် တစ်ယောက်ချင်းစီတိုင်းက ကြီးကြပ်ရန် နေရာတစ်ခုကို ယူထားကြသည်။ သို့သော် ဝမ်ချောင်ကလည်း ထိုစစ်အစိုးရက ထိုမျှအထိ အင်အားကြီးမားပြီး ရိုက်ချက်တစ်ချက်တည်းနှင့် သူ၏အဖေကိုပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်နိုင်မည်ဟု မထင်ထားချေ။

“ရပ်စမ်း”

ဝမ်ချောင်က ချက်ချင်းလိုလို အော်ဟစ်လိုက်သည်။ ကြယ်တာရာစွမ်းအင်များ အားလုံးက သူ၏ခြေထောက်အောက်သို့ ရောက်ရှိလာလေပြီး သူဟာ စစ်အစိုးရထံ ခုန်ဝင်လိုက်သည်။

“အရှေ့ပိုင်းသား လူရမ်းကားကောင် သေစမ်း”

ချွီထေပါးက တိုက်ပွဲနယ်မြေ အလယ်နေရာတွင် ရပ်တန့်နေသည်။ သူ၏အကြည့်က အေးစက်ပြီး မျက်နှာထားကလည်း တင်းမာကာ ရက်စက်သည်။ သူဟာ အနည်းငယ်ပင် နှောင့်နှေးကာ အချိန်ဆွဲခြင်းမရှိဘဲ ရှေ့သို့တက်လှမ်းလိုက်သည်။ သူ၏ဓားက တဖန်ပြန်လည်မြှောက်လိုက်ပြီးနောက် အောက်သို့ပြုတ်ကျသွားသည့် အရှိန်အဟုန်မြင့် မှင်သက်ဖွယ်နတ်ဘုရားကို ထိုးခုတ်ရန်ကြံစည်သည်။ ချွီထေပါး၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားမျိုးကြောင့် ထိုခုတ်ချက်က ဝမ်ရန်ကိုသတ်နိုင်သည်။

“မကောင်းတော့ဘူး”

ထိုမြင်ကွင်းကြောင့် အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့ကလည်း အလန့်တကြားဖြစ်သွားသည်။ ချွီထေပါးက လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏ဓားက မိုးကြိုးပစ်ချတော့မလို လင်းလက်သော အလင်းတန်းများနှင့်အတူ ရမ်းချလိုက်သည့် အခိုက်အတန့်တွင် အကြီးအကဲနှစ်ယောက်လုံးက ချွီထေပါးထံ ချက်ချင်းလိုလို ခုန်ဝင်သွားကြသည်။

ဝမ်ရန်က မဟာထန်ဗိုလ်ချုပ်များအတွင်းမှ အားအနည်းဆုံး တစ်ယောက်ဖြစ်သည်။ တိုက်ပွဲမတိုင်ခင်ကတည်းက အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့ကလည်း ဝမ်ရန်ကိုကူညီရန် အနားတွင် အသင့်ရှိနေကြသည်။ သို့သော် ယခုအခါ သူတို့ဟာ ဝမ်ရန်နှင့် အလွန်နီးကပ်လွန်းသဖြင့် သူ့ကို အကူညီနိုင်ဆုံးသူဖြစ်သွားသည်။

ဘုန်း ဘုန်း ဘုန်း

အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့က လေထဲသို့ ခုန်တက်သွားသည်။ သူတို့၏အင်္ကျီလက်များက လွင့်ယမ်းကုန်သည်။ ချွီထေပါးနှင့် အနီးဆုံးနေရာတွင် ရှိနေသော သံမဏိမြို့ရိုးက ချက်ချင်းလိုလို မားမတ်သွားသည်။ အကြီးအကဲနှစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ထိုသံမဏိမြို့ရိုးများက မြေကြီးထဲမှ အမြှောက်များလိုကျွတ်ထွက်ပြီး ချွီထေပါးထံ တိုးဝင်သွားကြသည်။

တစ် နှစ် သုံး လေး...

မျက်တောင်တစ်ခတ် အချိန်အတွင်း ထိုနှစ်ယောက်က သံမဏိမြို့ရိုးရှစ်ခုကို ချွီထေပါးထံ ပစ်လွှတ်လိုက်ကြပြီဖြစ်သည်။

ဝင်္ကပါကို အသက်သွင်းလိုက်သည့် အခိုက်အတန့်တွင် ချွီထေပါးက လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

“အံ့ဩစရာပဲ အရှင် ဒီနေရာက ထွက်လာခဲ့ပါ”

သူတို့နှစ်ယောက်လုံးက ထိုအခါမှသာ သက်ပြင်းချနိုင်သည်။ ထို့နောက် ဝမ်ရန်ထံ အပြေးသွားကြသည်။

သဏ္ဍန်လေးခုရှိ ယင်ယန်ဝိညာဉ်ထောင်ချောက်ဟာ သူတို့သိသမျှထဲတွင် သက်တမ်းအရင့်ဆုံး ဝင်္ကပါကြီးဖြစ်သည်။ ထိုသိုင်းမှတစ်ဆင့် ထိုနှစ်ယောက်ဟာ လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်များစွာကို အောင်မြင်စွာဖြင့် ပိတ်လှောင်နိုင်ခဲ့သည်။ ထိုထဲတွင် သာ့ရန်မာန်ပန့်လည်းပါသည်။ ထိုအခိုက်အတန့်တွင် သူတို့က ဒီဝင်္ကပါကိုသုံးပြီး ဝမ်ရန်၏ အသက်ရှင်နိုင်ရန် အခွင့်အရေး ရှာဖွေပေးရပေလိမ့်မည်။

သို့သော် ထိုနှစ်ယောက်က ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ အနောက်ဘက်မှ ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ မြေကမ္ဘာက ကွဲအက်သွားပြီး ညဉ်းညူသံကလည်း ထွက်ပေါ်လာသည်။ သဏ္ဍန်လေးခု ယင်ယန်ဝိညာဉ်ထောင်ချောက်က ချက်ချင်းလိုလို ပြိုလဲကျသွားလေပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားချည်တစ်လက်ကလည်း ဝင်္ကပါအတွင်းမှ ထွက်လာပြီး နှစ်စင်းကွဲလျှက် အကြီးအကဲနှစ်ယောက်၏ နောက်သို့လိုက်သည်။ ထိုဓားချည်အလင်းတန်း နှစ်တန်းက ချက်ချင်းဆိုသလို ထိုအကြီးအကဲနှစ်ယောက်ကို မှီသွားပြီး ချက်ချင်းလိုလို ပစ်ခတ်လိုက်သည်။ အကြီးအကဲနှစ်ယောက်၏ အမူအရာများက တောင့်ခဲသွားလျှက် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့၏ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားသည်။

“အကြီးအကဲဖန်း အကြီးအကဲတု”

ထိုမြင်ကွင်းက ထန်စစ်သားတိုင်း၏ မျက်နှာကို ဒေါသကြောင့် နီရဲသွားစေသည်။ ထိုထဲတွင် ဝူရှန်းမြင်းတပ်အဖွဲ့ဝင် လေးထောင်လည်းပါသည်။ သူတို့၏မျက်လုံးများက နီရဲပြီး ဒေါသအမျက် ထောင်းထောင်းထသွားကြသည်။

“အကြီးအကဲတို့”

အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့ဟာ ဝူရှန်းရွာမှ အရေးပါသော ပုဂ္ဂိုလ်များဖြစ်သည်။ သူတို့ကလည်း ဝူရှန်းမြင်းတပ် ကြီးပြင်းလာမှုကို ကြည့်ခဲ့ကြသူများဖြစ်သည်။ မမျှော်လင့်ထားစွာပင် သူတို့ဟာ ဒီလိုအခြေအနေမျိုးနှင့် တိုက်ပွဲနယ်မြေတွင် အသတ်ခံလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ဝူရှန်းမြင်းတပ်က ချီတက်ကြသည်။

“အတုအယောင် လှည့်ကွက်တွေပဲ”

ချွီထေပါးက မရွေ့လျားနိုင်သော တောင်တန်းကြီးတစ်လုံးလိုမျိုး ပြန်ရပ်ပြီး လျှပ်စီးထဲမှ ထွက်လာသည်။ အရှေ့ပိုင်းမှ ဝင်္ကပါအနုပညာဟာ အမှန်တကယ် ထူးခြားသည်။ သို့သော် ချွီထေပါး၏ဓားချက် မဖြတ်နိုင်သော ဝင်္ကပါဟူ၍ မရှိပေ။

ချွီထေပါးက ဓားကိုထပ်မြှောက်ပြီး ဝမ်ရန်ကို အဆုံးသတ်လျှက် ရန်သူဗိုလ်ချုပ်များထဲမှ တစ်ယောက်၏ အသက်ကို ယူတော့မည့်အချိန်တွင် ဒေါသများ ဝမ်းနည်းမှုများ ပေါင်းစပ်ထားသည့် ဒေါသတကြီး ဟိန်းသံမျိုးက အထက်မှထွက်လာသည်။

“သေ”

ထိုအသံက သူ၏ နားနားထဲတွင် ဟိန်းလျှက်ရှိနေသေးသည်။ သို့သော် ရုတ်တရက် သူ၏ခေါင်းတည့်တည့်သို့ ကြယ်တာရာစွမ်းအင်များဖြင့် ဖန်တီးထားသည့် ကြီးမားသော ဗာဂျရာ ငရုတ်ကျည်ပွေ့ကြီးတစ်ခုက ထုချလာသည်။

ဝုန်း

ချွီထေပါး၏မျက်လုံးက အံ့အားသင့်မှုကြောင့် မှေးကျဉ်းသွားသည်။ ထိုထန်ဗိုလ်ချုပ်သည် ယခုလေးတင် ရှုံးနိမ့်အောင်လုပ်လိုက်သည့် ဗိုလ်ချုပ်ထက် အနည်းငယ် အင်အားကြီးမားသည်။ သို့သော် သူက ချက်ချင်းလိုလို ပြန်လည်လှောင်ရယ်လိုက်သည်။

ဘုန်း

ကြီးမားသော ငရုတ်ကျည်ပွေ့ကြီးက ချွီထေပါး၏ကိုယ်ကို ထိမှန်သွားသည်။ သို့သော် သူ၏ကိုယ်က သွေးများနှင့် အသားများ ပေါက်ကွဲထွက်လာခြင်းမရှိသလို တိုက်ပွဲနယ်မြေအတွင်းသို့ လွင့်ထွက်သွားခြင်းလည်း မရှိချေ။ ထိုဗာဂျရာ ငရုတ်ကျည်ပွေ့ အောက်သို့ ထိုးချလိုက်သည့် အခိုက်အတန့်တွင် မြေပြင်အထက် ပေပေါင်းများစွာမြင့်သော လေထဲတွင် ရုတ်တရက် တန့်သွားရလေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

နတ်ဘုရင်ရာမအတွင်းမှ ဝမ်ချောင်၏စိတ်က အံ့အားသင့်မှုကြောင့် မှင်သက်သွားလေသည်။

ဝမ်ချောင်သည် ဒီတိုက်ကွက်အတွင်းသို့ သူ၏အင်အားတိုင်းကို ထည့်ထားသည်။ သို့သော် ချွီထေပါးက မမျှော်လင့်ထားစွာပင် အသာအယာ တားလိုက်နိုင်သည်။

“ဟွန်း”

ချွီထေပါးက နတ်ဘုရင်ရာမကိုကြည့်ပြီး ရက်စက်စွာရယ်သည်။ လူတိုင်းက စောင့်ကြည့်နေမှုအောက်တွင် ချွီထေပါးက မီးထဲသို့ထိုးစိုက်ထားသော ဓားကြီးကိုထုတ်ပြီး ဝမ်ချောင်၏ ခြောက်ခြားဖွယ်ကောင်းသော ရိုက်ချက်ကို ခုခံလိုက်ကြောင်း မြင်လိုက်ရသည်။ ထိုသို့ဖြင့် ရိုးရှင်းသော ပုံစံမျိုးဖြင့် အသာအယာ တားလိုက်နိုင်သည်။

ချွီထေပါးက လက်နှစ်ဖက်လုံးဖြင့် ဓားကိုမြှောက်ထားသည်။ ဆူနာမီလို စွမ်းအင်မုန်တိုင်းများက ချက်ချင်းလိုလို ကိုယ်အတွင်းမှ ပေါက်ထွက်လာသည်။

ဘန်း

ချွီထေပါးက မည်သို့တိုက်ခိုက်လိုက်ကြောင်းမည်သူကမှ မမြင်ရချေ။ သို့သော် သူတို့က အသိဝင်လာချိန်တွင် မှင်သက်ဖွယ်ကောင်းသော ဓားချည်က ရွှေရောင်အလင်းတန်းများဝိုင်းလျှက် နတ်ဘုရင်ရာမနှင့် ထိပ်တိုက်ရင်ဆိုင်မိသွားလေသည်။

ဘုန်း

ကံကြမ္မာတိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထားသည့်တိုင်အောင် ဝမ်ချောင်က လွင့်ထွက်သွားသေးသည်။ နတ်ဘုရင်ရာမကလည်း မြေပြင်မှလျောလျှက် နောက်သို့လွင့်ထွက်သွားသည်။ ထိုသို့ဖြင့် မြေပြင်တွင် အလွန်နက်ရှိုင်းလွန်းသော တူးမြောင်းကြီးနှစ်မြောင်းကို ချန်ထားရစ်ခဲ့သည်။

ဝုန်း

ချွီထေပါး၏ မျက်ဝန်းထဲတွင် အေးစိမ့်သောအလင်းက လက်လာသည်။ သူက နောက်မှ ရုတ်တရက် တစ်စုံတစ်ရာကို သတိထားလိုက်မိပြီး ခေါင်းကိုမော့လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏အေးစိမ့်ကာ မည်းမှောင်နေသော မျက်ဝန်းတစ်စုံက ပုံရိပ်နှစ်ခုကိုတွေ့လိုက်သည်။ ပုံရိပ်ကြီးတစ်ခုနှင့် ပုံရိပ်သေးတစ်ခုဖြစ်သည်။

ဘန်း

ချွီထေပါးက ဝမ်ချောင်က ပြန်လည်မတိုက်ခိုက်နိုင်သေးခင် ကောင်းကင်က မှေးမှိန်သွားပြီး ငွေရောင်ဓားချည် မြစ်တစ်စင်းက ကောင်းကင်အနှံ့ ကျော်ဖြတ်လာသည်။ ဓားချည်အဆုံးတစ်ဖက်ခြမ်းတွင်မူ ကောင်းရှန်းကျစ်က ရှိနေသည်။

“ဝမ်ချောင် ငါမင်းကိုလာကူမယ်”

ကောင်းရှန်းကျစ်၏တိုက်ကွက် ရောက်ရှိလာသည့်အချိန်တွင် မြေပြင်တစ်ခုလုံးက ယမ်းခါသွားသည်။ ကြီးမားသော သတ္ထုလက်သည်းကြီးက ကြယ်တာရာစွမ်းအင်ဖြင့် ဖန်တီးထားသည့် ခြိမ်းကြိုးဆယ်ခုကျော်နှင့်အတူ ရစ်ပတ်ခံထားရပြီး ချွီထေပါး၏ကိုယ်အတွင်းသို့ ကြောက်မက်ဖွယ်ကောင်းသည့် အင်အားများကို သုံးကာ ထိုးသွင်းလာလေသည်။

ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီဆိုသည့် အန်းချီစစ်တပ်မှ ဗိုလ်ချုပ်နှစ်ယောက်က တစ်ချိန်ထဲလိုလို တိုက်ခိုက်လာကြသည်။

ခြိမ်း

အားလှိုင်းများက ပတ်ဝန်းကျင်အနှံ့ ဖယ်ရှားရှင်းလင်းသည်။ ထိုတိုက်ကွက်မှ သက်ရောက်မှုဟာ မည်သည့်တိုက်ကွက်ကိုမဆို ကျော်လွန်သွားသည်။ ကပြောင်းကပြန်ဖြစ်သွားသော ဖုန်မှုန့်နှင့် စွမ်းအင်အားလှိုင်းများ အားလုံးက ချွီထေပါး၏ကိုယ်ကို ဝိုင်းရံလိုက်လေသည်။

ဝှစ်

လေပြင်းက မြေကမ္ဘာတစ်ခုလုံးကို အမြစ်ဖြတ်ဖယ်ရှားလိုက်မည့်ပုံပေါ်သည်။ ဝရုန်းသုန်းကား မြောက်တက်လာသော ဖုန်တိမ်စိုင်များက ပြင်းထန်လွန်းလေရာ အတွင်းမှအခြေအနေများကို မည်သူကမှ မမြင်ရတော့ချေ။ သို့သော် ရုတ်တရက် ဖုန်တိမ်စိုင်များ၏ အနက်ရှိုင်းဆုံး အပိုင်းအတွင်း ရွှေရောင်အလင်းတန်းက ပေါ်ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းက ပြန့်ကားသထက် ပြန့်ကားလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ ပေါက်ကွဲထွက်သွားသည်။

ဝုန်း

ပေါက်ကွဲထွက်သွားသော အသံလှိုင်းများက ဖုန်တိမ်စိုင်များနှင့်အတူ ပုံရိပ်နှစ်ခုကိုပင် သယ်ဆောင်သွားသေးသည်။

အခန်း(၁၀၆၃)

ဘန်း

တိုက်ပွဲနယ်မြေ၏ အလယ်နေရာတွင် ရွှေရောင်မီးတောက်များဖြင့် တောက်လောင်နေသော ပုံရိပ်ကြီးတစ်ခုက ရှိနေသည်။ ထိုပုံရိပ်ကြီးသည် သံမဏိခုခံရေးအားလှိုင်း၏ အရှေ့တွင် အမူအရာမဲ့စွာ ရပ်နေသောနတ်ဘုရားတစ်ပါးအလား ကျယ်ပြောများပြားသော အာရပ်မြင်းတပ် တစ်ခုလုံးကို ကောင်းကင်ကိုပင် တုန်ခါစေသည့် အောင်ပွဲခံသံများနှင့် ပေါက်ကွဲသွားအောင် စိတ်ဓာတ်ခွန်အား မြင့်တင်ပေးနိုင်လေသည်။

“ချွီထေပါး”

“ချွီထေပါး”

“ချွီထေပါး”

ထိုမြင်ကွင်းကို မြင်လိုက်ကြသည့် လက်ရွေးစင် အာရပ်မြင်းတပ် အဖွဲ့ဝင် သိန်းပေါင်းများစွာ၏ သွေးများက ဆူပွက်လာသလို သူတို့၏ကိုယ်အတွင်းတွင်လည်း ပြင်းပြသည့် လှုံ့ဆော်မှုမျိုးကို ခံစားလိုက်ရသည်။

ဝုန်း

လှုံ့ဆော်ခံထားရသော စိတ်ဓာတ်အင်အား ပြန်လည်ခိုင်မာသွားသည့် အာရပ်မြင်းတပ် အဖွဲ့ဝင်များဟာ ချက်ချင်းဆိုသလိုပင် ချွီထေပါးက ဖန်တီးလိုက်သည့် အဟကြားနေရာများကို ကျော်ဖြတ်ကြသည်။

ဝုန်း

ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့၏ မျက်နှာကလည်း ထိုမြင်ကွင်းကြောင့် တင်းမာသွားကြသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံတိုက်ခိုက်ကြ”

ကောင်းရှန်းကျစ်၏အမိန့်က တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ တူညီသော တခဏတွင် ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ချောင်နှင့် ဝမ်ရန်တို့အားလုံးက ချွီထေပါးထံ ခုန်ဝင်သွားကြသည်။

အာရပ်စစ်နတ်ဘုရား

ခိုရာစန်းတွေက ပေးထားသော စာများအတွင်းတွင် သူ၏အင်အားနှင့်ပတ်သတ်ပြီး အသေးစိတ် ဖော်ပြချက်ပါသည့်တိုင်အောင် ယခုမှသာ သူနှင့်အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ရင်း ထိုလူဟာ မည်မျှအင်အားကြီးမားကြောင်းကို နားလည်လိုက်ကြသည်။

“လက်နက်ကြီးအဖွဲ့တွေပစ် အဟကြားနေရာတွေကို ချိန်ရွယ်ပြီးပစ်”

“မော့ဆေဘာအဖွဲ့ တိုက်ပွဲထဲကိုဝင်ဖို့ပြင်ကြ”

ဝမ်ချောင်၏ မျက်လုံးများက နီရဲနေသလို ဦးခေါင်းခွံကလည်း ကြိမ်းတက်လာသည်။ သူဟာလက်ရှိအချိန်တွင် ဖော်ပြရန်ခက်ခဲသည့် အန္တရာယ်မျိုးကို ခံစားနေရသည်။ သို့သော် သူ့အနေနှင့် တွေးတောရန် အချိန်မရှိတော့ချေ။ ဝမ်ချောင်က ကောင်းရှန်းကျစ်တို့နှင့် ပူးပေါင်းကာ ချွီထေပါးကို သတ်ဖြတ်ရန် ဝင်ရောက်လိုက်သည်။

ထိုအာရပ်စစ်အစိုးရသည် ကပ်ဘေးတစ်ခုလုံး၏ ဇစ်မြစ်ဖြစ်သည်။ သူတို့က သူ့ကိုမသတ်နိုင်လျှင် သို့မဟုတ် မတားနိုင်လျှင် အဟကြားနေရာကို တားနိုင်မည်မဟုတ်သလို ချီတက်လာမည့် အာရပ်မြင်းတပ်ကိုလည်း တားနိုင်မည်မဟုတ်တော့ချေ။ ထိုအခါ သူတို့သေချာပေါက် ရှုံးပေလိမ့်မည်။

ဗာဂျရာငရုတ်ကျည်ပွေ့၊ ကြယ်တာရာစွမ်းအင်ချိန်းကြိုး၊ ဓာချည်သံမဏိလက်သီး... အမျိုးမျိုးသော တိုက်ကွက်ပေါင်းများစွာက ချွီထေပါးထံ တိုးဝင်သွားသည်။ လူလေးယောက်ပူးပေါင်း တိုက်ခိုက်လိုက်သော အင်အားမျိုးက မည်သူ့ကိုမဆို ကြောက်လန့်တကြား ဖြူဖျော့စေနိုင်သလို အင်ပါယာ မဟာဗိုလ်ချုပ်ကြီးအဆင့်ရှိ မည်သူ့ကိုမဆို ထွက်ပြေးရစေလောက်သည်။ သို့သော် စစ်အစိုးရကမူ တိုက်ကွက် တစ်ကွက်ချင်းစီတိုင်းကို တားနိုင်နေသည်။

ချွင် ချွင် ချွင်

ချွီထေပါး၏လက်မှ ရွှေဓားက လျှပ်စီးများနှင့် ဆက်တိုက်လက်နေရင်း တားဆီးခြင်း၊ ပြန်လည်ထိုးခုတ်ခြင်းတို့ကို လုပ်နိုင်နေလေသည်။ မည်သည့်ထန်များ၏ တိုက်ကွက်ကမှ သူ၏ကိုယ်အနားသို့ မကပ်နိုင်ခဲ့ချေ။ တိုက်ပွဲတွင် လေးယောက်တစ်ယောက် ရင်ဆိုင်နေရသည့်တိုင်အောင် ချွီထေပါးကမူ ပြန်လည်ရင်ဆိုင်နိုင်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။ သူ၏ကြောက်စရာကောင်းလွန်းသော ခွန်အားမျိုးက လူတိုင်းကို မယုံနိုင်စရာကောင်းလောက်အောင် မှင်သက်အံ့ဩစေသည်။ မည်သူကမှ ဝမ်ချောင်ထက်ပို၍ မအံ့ဩလောက်ချေ။

တာလာ့၏တိုက်ပွဲနှင့်ပတ်သတ်ပြီး ကိစ္စအများကြီး ပြောင်းသွားသည်။ ဝမ်ချောင်၏ဘဝတွင် ပထမဦးဆုံးအကြိမ် အာရပ်၏ စစ်အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်ဖူးခြင်းဖြစ်သည်။ သူက တာလာ့တွင်သာ ဝင်မပါခဲ့လျှင် ဝမ်ချောင်က ချွီထေပါး၏နာမည်ကို တစ်ဘဝလုံးစာအနေနှင့် ကြားဖူးရုံသာ ကြားဖူးလောက်သည်။

အင်အားကြီးလွန်းတယ်။ သူ့ရဲ့အင်အားက အထွတ်အထိပ် မဟာဗိုလ်ချုပ်ဆိုတာကို ကျော်လွန်နေပြီ။ အခြားပိုမြင့်တဲ့အဆင့်ကိုတောင် ရောက်နေလောက်ပြီ။ အာရေးဗီးယား အင်ပါယာမှ ဒီလောက်အင်အားကြီးမားတဲ့ ရန်သူမျိုးရှိနေမယ်လို့ မထင်ထားဘူး။

ဝမ်ချောင်၏စိတ်က မွှေနှောက်ခံလိုက်ရသည်။ သူဟာ မှင်သက်လွန်းသဖြင့် စကားလုံးဖြင့်ပင် မဖော်ပြနိုင်တော့ချေ။

“အရှင်အမတ် ကျွန်တော်တို့လာကူမယ်”

တိုက်ပွဲ၏ အပြင်းထန်ဆုံးသော အခိုက်အတန့်တွင် ကောင်းကင်အနှံ့ ပြည့်နှက်သော မြင်းခွာသံများက ထွက်ပေါ်လာသည်။ ဝူရှန်းမြင်းတပ် အဖွဲ့ဝင်ခြောက်ထောင်က နတ်ဘုရားတစ်ပါးလို ချွီထေပါးထံသို့ မယုံနိုင်စရာကောင်းသည့် အရှိန်နှုန်းဖြင့် ဝင်ရောက်လာကြသည်။

“ဖြတ်တောက်ခြင်းဝင်္ကပါ”

ကျယ်လောင်သော အော်သံနှင့်အတူ ဝူရှန်းမြင်းတပ်က ဝင်္ကပါကို ပြောင်းလိုက်သည်။ ထိုသို့ဖြင့် သူတို့က အဖွဲ့ပေါင်းများစွာအဖြစ် ပြောင်းလဲလိုက်ကြသည်။

ဖြတ်တောက်ခြင်းဝင်္ကပါသည် ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအနိုင်ရမည်ဆိုသော ဝင်္ကပါ၏ အခွဲတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ အလွန်အမင်း အင်အားကြီးမားလွန်းသည့် ရန်သူကို ရင်ဆိုင်ရန်အတွက်သာ အထူးတလည် အသုံးပြုရန် လိုအပ်လေသည်။

“ရပ်”

ဝမ်ချောင်၏မျက်နှာထားက အံ့အားသင့်မှုကြောင့် ရှုံ့မဲ့နေရာမှ ဝူရှန်းမြင်းတပ်ဟာ ချဉ်းကပ်လာကြောင်းကို မြင်လိုက်ရချိန်တွင် ဒေါသများကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ ချွီထေပါးဟာ ဖော်ပြရန် ခက်ခဲလောက်အောင် အင်အားကြီးမားသည်။ သာမာန်ဖြတ်တောက်ခြင်း ဝင်္ကပါလောက်က မကိုင်တွယ်နိုင်ချေ။ ဝူရှန်းမြင်းတပ်က နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်ကို ကိုင်တွယ်နိုင်လောက်ပြီး သာမာန်မဟာဗိုလ်ချုပ်များကို ကိုင်တွယ်နိုင်လောက်သော်လည်း ချွီထေပါးကမူ ထိုအင်အားကို ကျော်လွန်နေသည်။ ထို့ကြောင့် သူတို့က မတားဆီးနိုင်ချေ။

ဝမ်ချောင်က သူတို့ကိုတားရန် အမိန့်ပေးလိုက်သည့်တိုင်အောင် သူ၏အမိန့်က နောက်ကျသွားသည်။ အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့၏ သေဆုံးမှုက ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တိုင်းကို လှုံ့ဆော်လိုက်သည်။ သူတို့၏မျက်လုံးများက နီရဲနေပြီး ကိုယ်ထည်များက ဒေါသများဖြင့် တောက်လောင်နေသည်။

“သတ်”

“အကြီးအကဲတွေအတွက် ကလဲ့စားချေကြ”

ဝူရှန်းမြင်းတပ် ထောင်ပေါင်းများစွာဟာ လျှပ်စီးလက်သလို မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ချဉ်းကပ်လာသည်။

ဟီး...

ဝူရှန်းမြင်းတပ်သည် တစ်သားတည်းအဖြစ် ပြောင်းလဲသွားပြီး စစ်မြင်းများ၏ စူးရှသော အော်သံများနှင့်အတူ အရှိန်ကို အမြင့်ဆုံး မြှင့်လိုက်ကြသည်။ အချိန်အနည်းငယ်ခန့် ကြာပြီးနောက် အဖွဲ့ဝင် လေးဆယ်မှ ငါးဆယ်ခန့်က ချွီထေပါး၏အနားသို့ ရောက်သွားသည်။

ဘုန်း

ချွီထေပါးသည် လက်ရှိအချိန်တွင် ရန်သူလေးယောက်နှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုအခိုက် ရုတ်တရက် ကြမ်းတမ်းသော အော်ဟစ်သံများကို ကြားသဖြင့် လှည့်ကြည့်မိသွားသည်။

ဘုန်း

ချွီထေပါးက လက်တစ်ဖက်တည်းဖြင့် ဓားကိုကိုင်ပြီး လေပေါ်သို့ခုန်တက်လိုက်သည်။ အခြားတစ်ဖက်ကမူ ဝူရှန်းမြင်းတပ် ရှိရာဘက်သို့ယမ်းလိုက်သည်။ ရုတ်တရက် ကျယ်ပြောများပြားသော ကြယ်တာရာစွမ်းအင် ပင်လယ်များက သူ၏ကိုယ်အတွင်းမှ လိမ့်ထွက်လာပြီး လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

တစ်စက္ကန့်ခန့်ကြာပြီးနောက် လူတိုင်းဟာ စိတ်တစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် မြင်ကွင်းမျိုးကို မြင်လိုက်ရလေသည်။ ချွီထေပါးက လက်တစ်ဖက်ဖြင့် ဓားကိုယမ်းပြီး ရန်သူကို ရင်ဆိုင်နေချိန်တွင် အခြားလက်တစ်ဖက်ကမူ ချီတက်လာသော ဝူရှန်းမြင်းတပ်ကိုတားလိုက်သည်။ ဝူရှန်းမြင်းတပ် အဖွဲ့ဝင်များ အားလုံးက မြေကြီးပေါ်မှ မြောက်တက်သွားပြီး သူတို့၏မြင်း၏ ခွာများက လေထဲသို့ မြောက်တက်နေသလို ချွီထေပါး၏ ကြယ်တာရာစွမ်းအင်များက သူတို့အား ကောင်းကင်တွင် တန့်ထားလိုက်သည်။

တစ် နှစ် သုံး...

ဝူရှန်းမြင်းတပ် အဖွဲ့ဝင်ရာပေါင်းများစွာက လေထဲတွင် မလှုပ်ရှားနိုင်ဘဲ တောင့်ခဲသွားကြသည်။

ဟစ်

ထိုမြင်ကွင်းကြောင့် အော့စမန်း၊ အပုမူစလင်နှင့် အားပါးတို့အားလုံးကပင် ပါးစပ်အဟောင်းသား ဖြစ်သွားလျှက် ပင့်သက်ရှိုက်မိကြသည်။ သူတို့ဟာလည်း ချွီထေပါးဟာ အင်အားကြီးမားကြောင်းသိသည်။ သို့သော် ထိုမျှအထိ ဖြစ်နေမည်ဟု မထင်ထားကြချေ။ ထိုအခြေအနေမျိုးက ခွန်အားဆိုသော စကားလုံးဖြင့် ဖော်ပြ၍မရနိုင်တော့ချေ။ အပုမူစလင်က မိစ္ဆာနတ်ဘုရားမျက်ဝန်းကို တပ်ဆင်ထားသော အခိုက်အတန့်မျိုးတွင်မူ ထိုမျှပြင်းထန်လွန်းသော အင်အားမျိုးကို မလွှတ်ထုတ်နိုင်ချေ။

“ဒီကောင်က ကြမ်းတမ်းခက်ထန်ပြီး ရူးကောင်းရူးလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ခွန်အားကတော့ မယုံနိုင်စရာကောင်းတယ်”

အော့စမန်းက အံ့အားတကြီး ခပ်တိုးတိုးရေရွတ်သည်။

အတိတ်တွင် ချွီထေပါးကစစ်နတ်ဘုရားဘွဲ့ ရထားသည့်ကိစ္စကြောင့်နှင့် ပတ်သတ်ပြီး သူဟာ လက်သင့်မခံနိုင်သလို ဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုအခါမှသာ ပြောစရာစကား မဲ့သွားရသည်။ အဆုံးအစမဲ့သော အင်အားကို ပိုင်ဆိုင်ထားသည်မှာ မှန်ကန်နေသည်။ ထိုလူ၏ အင်အားမျိုးဟာ သူ့ကို နတ်ဘုရားများ၊ မိစ္ဆာများနှင့် တစ်တန်းတည်းပင် ထားနိုင်လောက်၏။ ချွီထေပါးဟာ အားလုံး၏ အထက်တွင်ရှိသော ဘွဲ့ထူးမျိုးနှင့် ထိုက်တန်လေသည်။

ဘန်း

ဘုန်း

ချွီထေပါးနှင့် အနီးဆုံး ဝူရှန်းမြင်းတပ်များက အသားတုံးများအဖြစ် ပေါက်ကွဲသွားသည့်အချိန်တွင် လေထဲတွင် ဟိန်းသံများက ပေါ်ထွက်လာသည်။ ထိုအသွေးအသားများ အားလုံးက သံချပ်ကာများအတွင်းမှ စိမ့်ထွက်လာကြသည်။

ဥက္ကာပျံသတ္ထုသံချပ်ကာများကပင် ချွီထေပါး၏ လက်ထဲတွင် ထူးခြားခြင်းမရှိသော သတ္ထုသားများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် တစ်စက္ကန့်ခန့် ကြာပြီးနောက် ဒုတိယတစ်သုတ်၊ တတိယတစ်သုတ်၊ စတုတ္ထတစ်သုတ်... မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ဝူရှန်းမြင်းတပ် အဖွဲ့ဝင် ရာပေါင်းများစွာက အသားတုံးများအဖြစ် ပြောင်းလဲသွားပြီး သံချပ်ကာအခွံ သီးသန့်သာကျန်ရစ်လျှက် အောက်ဘက်သို့ ချွင်ကနဲမြည်သံနှင့်အတူ ပြုတ်ကျသွားသည်။

“မျိုးမစစ်”

ဒေါသတကြီးဖြစ်နေသော အော်သံနှင့် လီစစ်ယဲ့က သူ၏ဖာဟားနား တောင်ပေါ်မြင်းကိုစီးကာ အပြေးချီတက်လာသည်။ ထို့နောက်သူက လေထဲသို့ ခုန်တက်လိုက်၏။ သူ၏ကြီးမားသော ဝု့စ်သံမဏိဓားကြီးက ချွီထေပါး၏ သိပ်သည်းလွန်းသော ကြယ်တာရာစွမ်းအင်လှိုင်းများကို ခုတ်ချသည်။

လီစစ်ယဲ့ကဲ့သို့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားသော လူအနေဖြင့် ချွီထေပါးကဲ့သို့ အာရပ်စစ်နတ်ဘုရား တစ်ယောက်ကို ခြိမ်းခြောက်နိုင်စွမ်းအား ရှိလိမ့်မည်မဟုတ်ချေ။ သို့သော် ချွီထေပါးဟာ တစ်ဖက်တွင် အင်ပါယာ မဟာဗိုလ်ချုပ်ကြီး လေးယောက်ကို လက်တစ်ဖက်တည်းနှင့် ထိန်းထားရသေးသည်။ ထို့နောက် တစ်ဖက်တည်းဖြင့်သာ အခြားသော ဝူရှန်းမြင်းတပ် အဖွဲ့ဝင်ရာကျော်ကို ကိုင်တွယ်နေရခြင်းဖြစ်၏။ ထို့ကြောင့် သူ၏အင်အားက အကန့်အသတ်ထိ တွန်းပို့ခံထားရသည်။ လီစစ်ယဲ့ ပေါ်ပေါက်လာမှုက ဟန်ချက်ကို ပျက်သွားစေသည်။ ထိုသို့ဖြင့် ကုလားအုပ်ကျောပေါ်မှ နောက်ဆုံးသော ကောက်ရိုးစလေးလို လီစစ်ယဲ့၏ရိုက်ချက်က ကြယ်တာရာစွမ်းအင်များ၏ စီးဆင်းမှုကို အားလှိုင်းထသွားစေလေသည်။

လီစစ်ယဲ့၏ကြီးမားသော ဓားကြီးက ခပ်ထူထူကိတ်တစ်လုံးကို လှီးဖြတ်လိုက်သလိုမျိုး ချွီထေပါးပတ်ဝန်းကျင်ရှိ ထူထည်းသိပ်သည်းကာ ရုတ်ရင့်ကြမ်းတမ်းနေသည့် ကြယ်တာရာစွမ်းအင်များ အားလုံးကို လှီးဖြတ်လိုက်နိုင်သည်။

ဝုန်း

တည်ငြိမ်သော အာရပ်စစ်နတ်ဘုရားဟာ နောက်ဆုံးတွင် စိုးရိမ်မှု တစ်စွန်းတစ်စကို ပြသလာသည်။

“ငါလာမယ်”

စစ်နတ်ဘုရားက အကန့်အသတ်ရောက်သွားသည်နှင့် ကြီးမားသော ပုဆိန်တစ်လက်က လေထုကို ထိုးခွင်းလျှက် ချွီထေပါး၏ အနီးအနားဝန်းကျင်မှ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ခုတ်ပိုင်းလေသည်။

ကန်းခယ်ဘုရင်ကလည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာပြီး ချွီထေပါးကိုဝိုင်းလိုက်သည်။

“ငါလည်းပါမယ်”

“ငါ့ကိုလည်းထည့်တွက် ငါလည်း မင်းဘယ်လောက် အင်အားကြီးလဲကြည့်မယ်”

ချက်ချင်းဆိုသလိုပင် ရှီယွမ်ချင်၊ လော့ရှီးယွီနှင့် ဖာဟားနားဘုရင် ပါးနားဟန်တို့ အားလုံးက လေထဲသို့ခုန်တက်ပြီး တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။

ချွီထေပါး၏မျက်နှာက တင်းမာသွားသည်။ သူ၏ တည်ငြိမ်သောမျက်နှာက စတင်ကာ ကွဲအက်လာသည်။ ဖောက်ထွင်းမြင်ရမတက် ကြည်လင်သော ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြောက်များသည့် စွမ်းအားများက အပုမူစလင်တို့ အားလုံးကို ကျော်လွန်နေသည့်တိုင်အောင် မဟာဗိုလ်ချုပ်ကြီး အဆင့်ပေါင်းများစွာအပြင် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ပေါင်းများစွာ၏ တိုက်ကွက်ကို ရင်ဆိုင်နိုင်ခြင်း မရှိသေးပေ။

ဝုန်း

ချွီထေပါးဟာ နောက်ဆုံးတွင် တုန့်ဆိုင်းမနေဘဲ သူ၏ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များ အားလုံးကို ထုတ်သုံးလိုက်သည်။ ခမ်းနားထည်ဝါလွန်းသော စွမ်းအင်များအားလုံးက ကိုယ်အတွင်းမှ ပေါက်ထွက်လာပြီး အားလှိုင်းပေါင်းများစွာကို လွှတ်ထုတ်သည်။ ထိုသို့ဖြင့် သူ၏အနီးအနားဝန်းကျင်ရှိ နေရာတိုင်းကို တစ်သုတ်ပြီးတစ်သုတ် ဖယ်ရှားရှင်းလင်းလိုက်လေသည်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လွန်းသည့် တုန်ခါမှုအောက်တွင် ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်၊ လီစစ်ယဲ့၊ ချန်းချန့်လီနှင့် လော့ရှီးယွီတို့အားလုံးက လွင့်ထွက်သွားကြသည်။ သူတို့က မြေပြင်ပေါ်သို့ပြုတ်ကျသွားသည့် အချိန်တွင် လေထဲသို့ ဖုန်များက လိမ့်တက်သွားသေးသည်။

“အား”

တစ်ချိန်ထဲတွင်ပင် မရေမတွက်နိုင်သော ဝူရှန်းမြင်းတပ်အဖွဲ့ဝင်ပေါင်း များစွာကလည်း မြင်းများနှင့်အတူ လွင့်ထွက်သွားသည်။ ချက်ချင်းဆိုသလိုပင် ချွီထေပါးရှိရာ ပေထောင်ပေါင်းများစွာ ဝန်းကျင်က လဲကျနေသော ပုံရိပ်များနှင့်ပြည့်သွားသည်။

သို့သော် ပုံရိပ်ပေါင်းများစွာကို လွင့်ထွက်အောင်လုပ်ပြီးနောက် ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရား ချွီထေပါးကို ဝိုင်းထားသည်။ မှင်သက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းများက နောက်ဆုံးတွင်လည်း အနည်းငယ် မှေးမှိန်သွားသည်။ သူ၏အသားအရေက အနည်းငယ် ဖြူဖျော့လာသည်။

ချွီထေပါးဟာ စစ်နတ်ဘုရားဖြစ်နေသည့်တိုင်အောင် သူဟာ အစစ်အမှန် နတ်ဘုရားမဟုတ်ချေ။ လူပေါင်းများစွာကို တစ်ပြိုင်တည်း ရင်ဆိုင်သည့်အခါ ကြယ်တာရာစွမ်းအင် အများကြီးသုံးရန် လိုအပ်လာသည်။

ဝုန်း

လူတိုင်းကို လွင့်ထွက်သွားစေပြီးနောက် ချွီထေပါး၏ လက်နှစ်ဖက်လုံးက ဓားပေါ်သို့ရောက်သွားသည်။ သူဟာ လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏အကြည့်က အေးစက်သောအလင်းနှင့် တောက်ပနေသည်။ သူဟာ တုန့်ဆိုင်းမနေဘဲ ကောင်းရှန်းကျစ်ကို တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ကောင်းရှန်းကျစ်ဟာ ဒီအဖွဲ့ထဲမှ အင်အားအကြီးဆုံးဖြစ်ပြီး အခြိမ်းခြောက်နိုင်ဆုံးဖြစ်ကြောင်း နားလည်သည်။ အပုမူစလင်နှင့် အော့စမန်းတို့နှင့် မတူသည်မှာ သူဟာ အားနည်းသူများကို စိတ်ဝင်စားမှုနည်းသည်။ အင်အားအကြီးဆုံးသူကို သတ်ဖြတ်မှသာ သူ့ကို စိတ်ဝင်စားစေပေလိမ့်မည်။

သို့သော် ချွီထေပါးက ခပ်မြန်မြန်လှုပ်ရှားသလိုမျိုး ဝမ်ချောင်ကလည်း ခပ်မြန်မြန် လှုပ်ရှားလိုက်သည်။ ဝမ်ချောင်က သူ့ထက်ပင် မြန်ဆန်နေသေး၏။ ချွီထေပါးက ရှေ့သို့ခုန်တက်လိုက်သည့် အခိုက်အတန့်တွင် ပုံရိပ်တစ်ခုက ချက်ချင်းထရပ်လာပြီး ကြီးမားသော ဗာဂျရာငရုတ်ကျည်ပွေ့ကြီးကို လေထဲတွင် ရှိနေသည့် ချွီထေပါးထံ ပစ်လွှတ်လာသည်။ ထိုအခိုက်အတန့်တွင် ကြီးမားလွန်းသော နတ်ဘုရင်ရာမ၏ မွေးဖွားမှုက အားသာချက်ကြီးကို ထုတ်ပြနိုင်သွားသည်။ ချွီထေပါးက ခပ်မြန်မြန် ခုန်နိုင်သည့်တိုင်အောင် နတ်ဘုရင်ရာမ ခုန်နိုင်သောဝန်းကျင်ကို မကျော်နိုင်ချေ။

ဝုန်း

ရုတ်တရက် ချဉ်းကပ်လာသော ဗာဂျရာငရုတ်ကျည်ပွေ့ကြီးက ခုန်နေသော ချွီထေပါးထံ ကွက်တိရောက်လာသည်။ သူ၏ခန္ဓာကိုယ်က နတ်အလင်းတန်းများနှင့် ဖြာထွက်နေသေးသည်။ သို့သော် သူ၏မျက်ဝန်းအတွင်းတွင်လည်း ရှားရှားပါးပါး အံ့အားသင့်မှုကို ထုတ်ပြလာလေသည်။

အခန်း(၁၀၆၄)

ငယ်ရွယ်သော ထန်ဗိုလ်ချုပ်သည် ချွီထေပါးက မျှော်လင့်ထားသည်ထက် ပို၍မြန်ဆန်စွာ သက်သာနိုင်သလို ဖောက်ခွဲထုတ်လိုက်သည့် ကြယ်တာရာစွမ်းအင်များကလည်း အလွန်နည်းပါးသည့် အကန့်အသက်မျိုးနှင့် သက်ရောက်သွားလေသည်။ ချွီထေပါးက အံ့အားသင့်သွားသည့်တိုင်အောင် ခပ်မြန်မြန် ဟန်အမူအရာကို ပြန်ထိန်းလိုက်ပြီး ကြီးမားသော နတ်ဘုရား၏ အရှိန်အဝါဓားကြီး ဦးတည်ရာကိုပြောင်းပြီး အနက်ရောင် ငရုတ်ကျည်ပွေ့ ဗာဂျရာကိုသာ ခုတ်ပိုင်းလိုက်သည်။

ဘုန်း

ဝမ်ချောင်၏ ဗာဂျရာငရုတ်ကျည်ပွေ့က ရိုးရှင်းစွာပင် တစ်ဖက်မှ တိုက်ကွက်တစ်ကွက်ကိုပင် မခံနိုင်ဘဲ ချက်ချင်းလိုလို ပေါက်ကွဲသွားသည်။ သို့သော် ထိုတိုက်ကွက်က လူတိုင်းအတွက် အသက်ရှုချောင်ရန် ရှားပါးသော အခွင့်အရေးကို ပေးလိုက်နိုင်သည်။

“အရှင်ကောင်း သူ့ရဲ့ကျောပြင်ကိုတိုက်ခိုက်”

“အရှင်ချန်း အပေါ်ကနေတိုက်ခိုက် ချိန်းကြိုးတွေကိုသုံးပြီး သူရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားလိုက်”

“အဖေ သူ့ရဲ့ဘယ်ဘက်ပုခုံးကို တိုက်ခိုက်”

“ငါကရှေ့ကနေ ထိပ်တိုက်ရင်ဆိုင်ထားလိုက်မယ်”

ဝမ်ချောင်က ချက်ချင်းဆိုသလို အမိန့်ကို တသီတတန်းကြီးထုတ်ပြီး လေထဲသို့ ခုန်တက်လိုက်ပြန်သည်။ သူ၏ဗာဂျရာ ငရုတ်ကျည်ပွေ့နှင့်အတူ လက်ပေါင်းများစွာကို တဖန်ပြန်လည် ဖွဲ့စည်းလိုက်ရင်း ချွီထေပါးကို တိုက်ခိုက်ရန် ခုန်ဝင်သွားပြန်သည်။ ချွီထေပါးက အင်အားကြီးမားလွန်းသည်။ သို့သော် ဝမ်ချောင်က ကံကြမ္မာတိုက်ပွဲဝင်သံချပ်ကာကို ဝတ်ထားသည့်အလျောက် ချွီထေပါး၏ တိုက်ကွက်များမှ သက်ရောက်ခံရသည့် စွမ်းအင်က အနည်းနှင့်အများဆိုသလို လျော့ကျသွားပြီဖြစ်သည်။ ထိုအတွက်ကြောင့် ဝမ်ချောင်ဟာ ထန်ဗိုလ်ချုပ်လေးယောက်ထဲတွင် အင်အားအကြီးဆုံး မဟုတ်နေသည့်တိုင်အောင် ခုခံစွမ်းအား အမြင့်ဆုံးဖြစ်သွားသည်။ သူသည်သာ ချွီထေပါးနှင့်ယှဉ်လျှက် တိုက်ခိုက်နိုင်သည့် တိုက်ပွဲနယ်မြေအတွင်းမှ တစ်ဦးတည်းသောသူ ဖြစ်လောက်သည်။

ဘုန်း

ဝမ်ချောင်က ဦးဆောင်ကာ ချီတက်ခုန်ဝင်သွားမှုနှင့်အတူ တိုက်ပွဲနယ်မြေ၏ အဟုန်က ပြောင်းသွားသည်။ ထန်ဘက်မှ မဟာဗိုလ်ချုပ် လေးယောက်လုံးက ချွီထေပါးပေါ်သို့ ဖိအားပေးပြီး အချိန်တိုင်းလိုလို ဆက်တိုက် ဖိနှိပ်နေကြသည်။

“ရာမရဲ့ဒေါသ”

“အရှိန်အဟုန်မြင့် အံ့အားသင့်ဖွယ်ရိုက်ချက်”

“ပြိုင်ဘက်ကင်း အရှင်သခင်ခြောက်ပါးရဲ့သိုင်း”

“ခွဲခြားခြင်းလှိုင်းသံ”

မဟာဗိုလ်ချုပ် လေးယောက်လုံး၏ သူတို့၏အင်အား အပြည့်အဝ ထုတ်သုံးလိုက်ကြသည်။

“ပါးနားဟန်၊ ခန်းကယ်ဘုရင်၊ ရှီယွမ်ချင်... မင်းတို့တွေ သူ့ရဲ့အဲ့ဒီဓားကြီးကို အာရုံစိုက်ထား။ ဘေးဘက်ကနေပဲ ကူညီ။ သူ့ရဲ့ဓားကို ချုပ်ထိန်းဖို့ ကြိုးစားကြည့်ကြ”

ဝမ်ချောင်က နောက်ထပ်အမိန့် အတန်းလိုက် ထပ်ထုတ်လိုက်သည်။ သူတို့သုံးယောက်ဟာ ချွီထေပါး၏ဓားကို ပစ်မှတ်ထားပြီး ခုန်ဝင်သွားကြ၏။ ထိုသို့ဖြင့် နောက်ထပ် တိုက်ပွဲ၏လားရာက ပြောင်းသွားပြန်သည်။

“မဟာမီးတောက်ကျီးကန်းသိုင်း”

“ကြယ်စင်သုံးပွင့်ချည် သိပ်သည်းခြင်းသိုင်း”

“သားရဲနတ်ဘုရားရိုက်ချက်”

နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးသုံးယောက်ကလည်း ချွီထေပါး၏ နတ်ဘုရား၏ အရှိန်အဟုန်ဆိုသော ဓားကို သူတို့၏ အင်အားအကြီးဆုံးဟု ယူဆရသည့် တိုက်ကွက်များဖြင့် တိုက်ခိုက်လိုက်ကြသည်။ ချွီထေပါးသည် ပြိုင်ဘက်ကင်းလွန်းသော ပုဂ္ဂိုလ်ဖြစ်ပြီး သာမာန်အားဖြင့် ခန်းကယ်ဘုရင်ကဲ့သို့သော လူမျိုးကို ဓားတစ်ချက်တည်းနှင့် သတ်နိုင်သည်။ သို့သော် သူဟာ လက်ရှိအချိန်တွင် သူ၏အင်အား တစ်ဝက်ကျော်ကျော်ခန့်ကို ဝမ်ချောင်နှင့် အခြားသောသူများကို ကိုင်တွယ်ရန် သုံးထားရသည်။ ပို၍အရေးကြီးသည်မှာ ယခုလေးတင် ဝမ်ချောင်ဆုံးဖြတ်ချက် ချထားသလိုမျိုး ချွီထေပါးအနေနှင့် သူ၏ဓားကြီးကို ယမ်းနိုင်မှသာ သူ၏အင်အားကို အပြည့်အဝ ထုတ်ပြနိုင်မည်ဖြစ်သည်။ ဓားက ချုပ်ထိန်းခံရသောအခါ ချွီထေပါး၏အင်အားများကလည်း အများကြီး လျော့ကျသွားသည်။

“မျိုးမစစ်ကောင်”

ဒေါသလေပြင်းများက တိုက်ခတ်သွားပြီး ချွီထေပါး၏ မျက်လုံးက အေးစက်သောအလင်းနှင့် လက်သွားသည်။ သူဟာ ခေါင်းလှည့်ပြီး ဝမ်ချောင်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ဝမ်ချောင်သည် ဒီနေရာမှ အင်အားအကြီးဆုံးလူမဟုတ်ချေ။ သို့သော် သူ၏ဉာဏ်ပညာက သူ၏အင်အားထက် သာလွန်လွန်းပြီး အရေးပါလွန်းသော ကဏ္ဍမှ ကစားနိုင်သည်။

ဗျူဟာအနည်းငယ်သုံးပြီး အနေအထားကို ရွှေ့ပြောင်းလိုက်ရုံနှင့် ဝမ်ချောင်ဟာ ချွီထေပါး၏ တိုက်ကွက်မှ အရှိန်အဟုန်ကို နှောက်ယှက်နိုင်သည်။ ထိုအခြေအနေဟာ ချွီထေပါးအတွက် သေစေနိုင်လောက်အောင် ပြင်းထန်သည်။

“ဟွန်း စကားထဲထည့်ပြောဖို့တောင် မတန်လောက်တဲ့ ဂျူနီယာတစ်ယောက်ကများ... ကောင်းပြီလေ ငါမင်းကို အရင်သတ်ပြီးမှ အခြားသူတွေဆီသွားမယ်”

ချွင်

ချွီထေပါးက ရုတ်တရက် ကြီးမားထောင်မတ်သော ရွှေရောင်ဓားကြီးကို လက်တစ်ဖက်တည်းနှင့် ကိုင်ပြီး ကောင်းကင်ကိုညွှန်လိုက်သည်။

ဝုန်း

တောက်ပလွန်းသော ရွှေရောင်ဓားချည်များက ကောင်းကင်သို့ ရုတ်ချည်းထိုးတက်သွားသည်။ ချွီထေပါး၏ စွမ်းအင်က ဖောင်းကားလာပြန်သည်။

“သတိထား”

“ဝမ်ချောင် ရှောင်”

“မကောင်းတော့ဘူး လမ်းကဖယ်”

ကောင်းရှန်းကျစ်တို့ အားလုံးက အန္တရာယ်ကို အာရုံခံမိသည်။ သူတို့၏မျက်နှာထားများက တင်းမာသွားပြီး သူတို့၏ အင်အားအကြီးမားဆုံးသော တိုက်ကွက်များကိုထုတ်လျှက် ချွီထေပါးထံ ပို့လွှတ်လိုက်ကြသည်။ သို့သော် သူတို့၏ တိုက်ကွက်များက အလွန်နှေးသွားသည်။

ခလွက် ခလွက်

ကျယ်လောင်သော မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ ချွီထေပါး၏ ရွှေရောင်ဓားက ခမ်းနားသောဓားချည်နှင့် ပေါင်းစပ်သွားပြီး ရွှေရောင်မိုးကြိုးတန်းအဖြစ် ပြောင်းလဲကာ နတ်ဘုရင်ရာမရှိရာ နေရာသို့ ပစ်ခတ်သည်။ လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် နတ်ဘုရင်ရာမပေါ်တွင် ပါးလျသော အနက်ရောင် အစင်းကြောင်းလေးက ပေါ်လာသည်။ ထိုသို့ဖြင့် ခေါင်းမှခြေအထိ ဆန့်ထွက်သွားသည်။

ဘုန်း

နတ်ဘုရင်ရာမက နှစ်ခြမ်းကွဲသွားပြီး အပိုင်းပိုင်းအစစဖြစ်ကာ ပေါက်ကွဲသွားသည်။

“အရှင်အမတ်”

ဝူရှန်းမြင်းတပ် အဖွဲ့ဝင်များ၏ မျက်လုံးများက နီရဲသွားသလို ကျယ်လောင်သော အော်ဟစ်သံ၊ ဒေါသဖြစ်သံ၊ ရင်ကျိုးမရဖြစ်သံများက ပေါ်ထွက်လာသည်။

ခြိမ်း

ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ထောင်ပေါင်းများစွာက ရူးသွပ်သွားသလိုမျိုး ချွီထေပါးရှိရာဘက်သို့ ချီတက်ကြပြန်သည်။

ဘုန်း ဘုန်း ဘုန်း

ဝူရှန်းမြင်းတပ်အဖွဲ့ဝင်များက ချွီထေပါး၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် ဝိုင်းနေသည့် သိပ်သည်းသော ကြယ်တာရာစွမ်းအင်များကို ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ကြသည်။ အတိတ်တွင်ဆိုလျှင် သူတို့က ဒီအခြေအနေမျိုးတွင် အောင်မြင်လိမ့်မည်မဟုတ်ချေ။ သို့သော် ချွီထေပါးက ယခုလေးတင် အင်အားကြီးမားလွန်းသော ဓားချည်သိုင်းကို ထုတ်သုံးထားပြီး ဝမ်ချောင်ကိုသတ်ရန် ကြိုးစားထားသည်။ ထို့ကြောင့် သူတို့အတွက် အခွင့်အရေးရသွားသည်။ ပြည့်နှက်သိပ်သည်းလွန်းသော ဘက်ပေါင်းစုံက ရောက်လာသည့် တိုက်ကွက်အောက်တွင် ချွီထေပါး၏ သိပ်သည်းလွန်းသော ကြယ်တာရာစွမ်းအင်များက စတင်ကာ အားနည်းလာသည်။

သို့သော် ထိုသို့ဖြစ်သွားသည့်တိုင်အောင် ချွီထေပါးဟာ ယခင်အတိုင်း တည်ငြိမ်နေသေးသည်။ သူ၏များပြားလွန်းကာ အင်အားကြီးမားသည့် ကြယ်တာရာစွမ်းအင်များကို မှီခိုပြီး ဝူရှန်းမြင်းတပ်များ၏ တိုက်ကွက်များကို ခုခံစေသည်။

“ဟွန်း ပုရွက်ဆိတ်သာသာပဲ ရှိတဲ့အကောင်တွေ”

ထန်ဗိုလ်ချုပ်ကိုသတ်ပြီးနောက် ချွီထေပါးက အေးစိမ့်သော မျက်နှာထားဖြင့် တစ်ဖက်သို့ခေါင်းလှည့်ကာ ဝူရှန်းမြင်းတပ်ကိုကြည့်သည်။ သို့သော် ရုတ်တရက်...

ခွပ်

မြေပြင်မှ ပိန်ပါးသော ခန္ဓာကိုယ်တစ်ခုက ခုန်ထွက်လာသည်။ ထိုသို့ဖြင့် လေထဲတွင် ကြီးမားလွန်းသော စက်ဝိုင်းခြမ်းကြီးတစ်ခုကို ခန္ဓာကိုယ်ဖြင့်ရေးဆွဲလိုက်ကာ မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် ချွီထေပါးထံခုန်ဝင်လာသည်။

“မဟာပျက်စီးခြင်းသိုင်း”

ဒေါသတကြီးဖြစ်နေသော အော်ဟစ်သံနှင့် ခမ်းနားထည်ဝါသော အဆင့်အတန်းမြင့် ကြယ်တာာရာစွမ်းအင်ပေါင်း များစွာက ဝမ်ချောင်၏ကိုယ်အတွင်းမှ ပေါက်ထွက်လာသည်။ အာကာသပြင်က တွန့်လိမ်ရှုံ့တွသွားသလို စွမ်းအားကြီးမားသည့် စွမ်းအင်များဟာ ဝမ်ချောင်၏ သုံးပေခန့်ရှည်သော ဝု့စ်သံမဏိဓားကို ဝန်းရံထားသည်။ သူက ထိုဓားအား ချွီထေပါး၏ ခန္ဓာကိုယ်ဝန်းကျင်တွင်ရှိသည့် ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ထိုးဖောက်သွားစေလိုက်သည်။

ဝုန်း

ထိုသို့ဖြင့် မယုံနိုင်စရာကောင်းလွန်းသော မြင်ကွင်းက ပေါ်ထွက်လာသည်။ ဝမ်ချောင်၏ မဟာပျက်စီးခြင်းသိုင်းသည် ချွီထေပါး၏ ကြယ်တာရာစွမ်းအင် သံမဏိနံရံကို အားလှိုင်းများ ထစေသည်။ ထို့နောက် တွန့်လိမ်ရှုံ့တွသွားစေသည်။ ထို့နောက် ဝေဝါးသွားစေသည်။ ထို့နောက် နောက်ဆုံးတွင် သေးငယ်သော အဟကြားနေရာကို ပေါ်ထွက်အောင် လုပ်လိုက်နိုင်သည်။ ဝမ်ချောင်၏ ဝု့စ်သံမဏိဓားက ထိုအဟကြားနေရာမှတစ်ဆင့် တိုက်ရိုက် တစ်ဖြောင့်တည်း ဝင်ရောက်သွားသည်။

“???”

ချွီထေပါး၏မျက်နှာက အံ့အားသင့်မှုကြောင့် မဲ့သွားသည်။ သူဟာ ခေါင်းကိုလှည့်ကာ ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏ အမြဲတစေ တင်းမာနေသည့် မျက်နှာထားတွင်ပင် အံ့အားသင့်မှုကို အထင်းသား ဖော်ပြနေသေးသည်။

နတ်ဘုရင်ရာမကသေသွားသည်။ သို့သော် ဝမ်ချောင်က ရှင်နေသေးသည်။ ထိုအခြေအနေကပင် မှင်သက်စေရန် လုံလောက်နေပြီဖြစ်သည်။

ပို၍အံ့အားသင့်စရာ ကောင်းသည့်အချက်ကမူ နတ်ဘုရင်ရာမ မရှိသေးသည့်တိုင်အောင် ဝမ်ချောင်ဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး အထွတ်အထိပ်အဆင့်သို့ ပြန်ကျသွားသည့်တိုင်အောင် သူနှင့် ချွီထေပါးအကြားမှ အင်အားကွာခြားချက်က မည်မျှပြင်းထန်နေစေကာမူ ဝမ်ချောင်၏ မဟာပျက်စီးခြင်းသိုင်းကြောင့် ထိုအဟကြားနေရာကို ရအောင် ဖန်တီးနိုင်သွားသည်။

အမှန်တိုင်းဆိုရသော် ဝမ်ချောင်က ယခုလို ရုတ်ချည်း လုပ်ကြံသုတ်သင်ရန် ပြင်ဆင်ထားသည်မှာ ကြာလှချေပြီ။ ချွီထေပါးက ကြောင်အနေသော အခိုက်အတန့်မျိုးတွင် ဝမ်ချောင်၏ ဝု့စ်သံမဏိဓားက သူ၏နှလုံးနှင့် လက်မဝက်သာ ဝေးကွာသောနေရာသို့ ဝင်ရောက်သွားသည်။

သို့သော် ထိုလက်မဝက်ကတင် သူ၏ကိုယ်အတွင်းမှ ကြောက်စရာကောင်းလောက်အောင် မြောက်များသည့် ကြယ်တာရာစွမ်းအင်များကို ပေါက်ကွဲလျှက် ထိုးဖောက်၍မရနိုင်သော ခံတပ်တစ်ခုအဖြစ် ထိုဓားကို ပိတ်လိုက်ရန် လုံလောက်နေသေးသည်။

“အားလုံးပဲ တိုက်ခိုက်ပြီးသူ့ကိုထိန်းထားကြ”

ကောင်းရှန်းကျစ်နှင့် အခြားသောသူများက ချက်ချင်းလိုလို အသိဝင်သွားကြပြီး ကြယ်တာရာစွမ်းအင်များကို လွှတ်ထုတ်လျှက် ချွီထေပါးကို တိုက်ခိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် အင်အားကြီးမားသော ကြယ်တာရာစွမ်းအင် စီးကြောင်းသုံးကြောင်းက အချင်းချင်း ချိတ်ဆက်လျှက် ချွီထေပါးကို ဝိုင်းလိုက်ကြသည်။ သိုင်းများ၏ ကြမ်းတမ်းခက်ထန်သော တိုက်ပွဲက ကြယ်တာရာစွမ်းအင်များ၏ တိုက်ပွဲအဖြစ် ပြောင်းလဲသွားသည်။ ယခုလိုအနေအထားမျိုးတွင် ကောင်းရှန်းကျစ် တွေးမိသမျှ ချွီထေပါးကို ထိန်းချုပ်နိုင်မည့် နည်းလမ်းသာဖြစ်သည်။

“အသုံးမကျတဲ့ကောင်တွေ မင်းတို့က သေချင်နေတာပဲ”

ချွီထေပါးက လေထဲတွင် ရပ်တန့်လျှက် ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်၊ ပါးနားဟန်နှင့် အခြားသော သူများအားလုံးကို လေထဲတွင် မလှုပ်နိုင်အောင် ထိန်းထားသည်။ သို့သော် ချွီထေပါး၏ အကြည့်ကမူ ဝမ်ချောင်ထံတွင်သာဖြစ်သည်။

“စစ်နတ်ဘုရားခံတပ်”

ထိုအရာသည် ချွီထေပါးအနေနှင့် တစ်လောကလုံးကိ မှင်သက်သွားပြီး နာမည်တွင်ကျန်ရစ်အောင် လုပ်နိုင်ခဲ့သည့် အရှိန်အဟုန် ကြီးမြတ်လွန်းသော သိုင်းများထဲမှ တစ်ခုဖြစ်သည်။ ဒါကဒီတိုင်း အလွှာပါးပါးလေးသာ ဖြစ်သည့်တိုင်အောင် ပြိုင်ဘက်ကင်းသည်ဟုပင် ဆို၍ရ၏။ သူ၏ စစ်သက်တမ်း သမိုင်းတောက်လျှောက်တွင် ချွီထေပါးအနေဖြင့် အမျိုးမျိုးသော ပြိုင်ဘက်ပေါင်းများစွာကို ကြုံတွေ့ခဲ့သည်။ သို့သော် မည်သူကမှ သူ၏စစ်နတ်ဘုရားခံတပ်ကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ချေ။

“ငါမင်းနဲ့ မင်းရဲ့နောက်က အင်ပါယာကို စိတ်ပျက်အားငယ်ရတယ်ဆိုတဲ့ ခံစားချက်ကို တဖြည်းဖြည်းချင်း ခံစားရအောင်လုပ်ပေးမယ်”

ချွီထေပါး၏ မျက်လုံးက လှောင်ပြောင်လိုစိတ် အပြည့်နှင့် တောက်ပလာသည်။ သို့သော် သူ၏မျက်နှာကမူ ခမ်းနားထည်ဝါသော အလင်းများကို လွှတ်ထုတ်လာသည်။ ကြယ်တာရာစွမ်းအင်နှင့် ထိပ်တိုက်ရင်ဆိုင်သည့် အန္တရာယ်များသော ခုတ်ချက်မျိုးအကြားတွင် ရောက်နေသည့်တိုင်အောင် သူဟာ တည်ငြိမ်ပြီး ခပ်အေးအေးဖြစ်နေသေးသည်။ သူဟာ မီးတောက်များနှင့် မွန်းမံခံထားရသည့် စစ်နတ်ဘုရားတစ်ပါးဖြစ်သည့်အလျောက် လောကမှ ကိစ္စအနည်းငယ်လောက်ကသာ သူ့ကို လှုပ်ခါနိုင်တော့သည်။

ဝမ်ချောင်က ခေါင်းကိုမော့သည်။

“ဟုတ်လား”

သူဟာ အာရပ်ဘာသာစကားနှင့် ပြောလိုက်သည်။

ဝုန်း

ချွီထေပါး၏မျက်လုံးက မှေးကျဉ်းသွားပြီး မျက်နှာထားက ပြောင်းသွားသည်။

“မင်းကငါတို့ရဲ့ ဘာသာစကားနဲ့ ပြောတတ်တာပဲ”

ချွီထေပါးက ဝမ်ချောင်ကိုစိုက်ကြည့်သည်။ သူ၏မျက်ဝန်းအတွင်း သေးငယ်သော အံ့အားသင့်မှု အလင်းက ဖြတ်ပြေးသွားသည်။

ဝမ်ချောင်က ပြန်မဖြေချေ။ အေးစက်စွာသာ ပြုံးလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲလာသေးသည်။ သူဟာ မဟာပျက်စီးခြင်းသိုင်း၏ အင်အားအပြည့်ကို တစ်ကြိမ်ထပ်ထုတ်လိုက်သလို ကြယ်တာရာစွမ်းအင်များ အားလုံးကို ပေါင်းစပ်လေပြီး ချွီထေပါးကို သုတ်သင်နိုင်ရန် ကြိုးစားလေသည်။

“အသုံးမဝင်ဘူး ဘာမှမလုပ်နိုင်တဲ့ ပုရွက်ဆိတ်ကောင် မင်းက ကိုယ့်စွမ်းအားကို နားမလည်ဘူးပဲ”

ချွီထေပါးကလည်း ခပ်မြန်မြန် အသိပြန်ဝင်သွားပြီး ဝမ်ချောင်ကို အထင်သေးမှုအပြည့်နှင့် လှောင်လိုက်သည်။ အရှေ့ပိုင်းလောကသို့ ကျူးကျော်ထိုးဖောက် ဝင်ရောက်ရခြင်းဟာ သူ၏ ဝင်ရောက်စွက်ဖက်မှု လိုအပ်ခဲ့သည်။ အပုမူစလင် အောင်မြင်စွာ မသိမ်းပိုက်နိုင်သော အရာတိုင်းကို ချွီထေပါးဟာ အောင်မြင်စွာလုပ်နိုင်ခဲ့သည်။

“ငါမင်းကို သေဖို့ချီးမြှင့်ပေးမယ်”

ချွီထေပါးက ထိုသို့ဖြင့် တိုက်ပွဲကို အဆုံးသတ်ရန် ပြင်ဆင်လိုက်သည့် အခိုက်အတန့်တွင်...

ဘုန်း

ချွီထေပါးက တားပြီးထားသော ဝု့စ်သံမဏိဓားက ပြင်းထန်သည့် ပေါက်ကွဲသံကို လွှတ်ထုတ်လာပြီး ရုတ်တရက် ချွီထေပါး၏ စစ်နတ်ဘုရားခံတပ်ကို အလွန်အမင်း ရုတ်ချည်းဆန်ပြီး ရှင်းပြရန်ခက်ခဲလွန်းသည့် နည်းလမ်းမျိုးကိုသုံးလျှက် ကျော်ဖြတ်လာသည်။ ထိုသို့ဖြင့် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းနှင့်အတူ ချွီထေပါး၏ နှလုံးထဲသို့ ဝင်ရောက်လာလေသည်။

ဝုန်း

ချွီထေပါး၏မျက်နှာက အံ့အားသင့်မှုကြောင့် မဲ့သွားသည်။ ထို့ကြောင့် သူ့အနေဖြင့် တွေးရန် အချိန်မရှိတော့ချေ။ ကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာစွမ်းအင်များက ကိုယ်အတွင်းတွင် ပေါက်ကွဲသွားသည်။ ထို့ပြင် တစ်ချိန်ထဲတွင်ပင် သူ၏လက်ကိုလည်း ထိုဓားကိုတားရန် အောက်သို့ ယမ်းချလိုက်သေးသည်။

အရာအားလုံးဟာ တည်ငြိမ်သွားပြီးသောအခါ ဝမ်ချောင်၏ ဝု့စ်သံမဏိဓားက တစ်ပေခန့်အကွာတွင် ရပ်သွားသည်။ ထိုသို့ဖြင့် အင်အားကြီးမားလွန်းသော စွမ်းအင်များ ဝန်းရံခံထားရသည့် ရွှေရောင်လက်ထဲသို့ ရောက်သွားသည်။

ဝမ်ချောင်၏ အလုံးစုံသော စွမ်းအားများကိုသုံးကာ တိုက်ခိုက်လိုက်သည့် တိုက်ကွက်က အဆုံးတွင် ချွီထေပါး၏ ခုခံရေးအားကို မကျော်ဖြတ်နိုင်ခဲ့သေးချေ။

သု့ိသော် ချွီထေပါး၏လက်တွင် မသိသာ မထင်ရှားသော်လည်း ကိုယ်တိုင်သာ ခံစားမိနိုင်မည့် သွေးနီရောင် ဒဏ်ရာတစ်ခုက ပေါ်ထွက်သွားသည်။ ထို့နောက် သွေးနီရောင် တောက်ပလွန်းသော သွေးတစ်စက်က အောက်သို့စီးကျသွားသည်။

သို့သော် ထိုအခြေအနေကတင် ဖော်ပြရန်ခက်ခဲသော တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။

လေထဲတွင် ရွှေရောင်အလင်းများဖြင့် တောက်ပထည်ဝါပြီး မှင်သက်ဖွယ်ကောင်းသော နတ်ဘုရားတစ်ပါးကဲ့သို့ ပုံရိပ်မျိုးနှင့် ချွီထေပါးဟာ ယိုင်နဲ့သွားသည်။ သူ၏အေးစက်သော မျက်ဝန်းထဲတွင်လည်း အလွန်အမင်း အံ့အားသင့်မှုများက ပြည့်နှက်နေသည်။

သွေး

စခန်းများကို အုပ်စိုးသိမ်းပိုက်ခဲ့သော နှစ်နှစ်ဆယ်ကျော် ကာလအတောအတွင်း ချွီထေပါးအနေနှင့် အမြဲတစေ ပြိုင်ဘက်ကင်းပြီး အနိုင်သာရခဲ့သည်။ မည်သူမှသူ့ကို ထိခိုက်အောင်မလုပ်နိုင်ခဲ့သလို သွေးပင်မထွက်ဖူးချေ။ သို့သော် မည်သည့်နာမည်ပင် မရှိသော အရှေ့ပိုင်း တိုက်ပွဲနယ်မြေတစ်ခုတွင်မူ သူဟာဒဏ်ရာရသွားသည်။ ထိုသို့ဖြင့် သူ၏အဖိုးတန်သွေးက အောက်သို့စီးကျသွားရသည်။

အခန်း(၁၀၆၅)

“ခွင့်မလွှတ်နိုင်ဘူး”

ချွီထေပါးက ရုတ်တရက် ခေါင်းကိုမော့ပြီး ဝမ်ချောင်ကိုစိုက်ကြည့်သည်။ သူ၏တစ်ကိုယ်လုံးက ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများနှင့် ဖောင်းကားလာသည်။

ဘန်း

ချွီထေပါး၏ကိုယ်မှ မီးတောင်တစ်လုံး ပေါက်ကွဲလာသလို ဖျက်ဆီးနိုင်သည့်စွမ်းအား ပြင်းထန်လွန်းသည့် ကြယ်တာရာစွမ်းအင်များက ထွက်ပေါ်လာသည်။ ထိုသို့ဖြင့် တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံပြီး မုန်တိုင်းတစ်ခုက တိုက်ခတ်လာသေးသည်။

ခွပ် ခွပ် ခွပ်

ဝမ်ချောင်၊ ဝမ်ရန်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ပါးနားဟန်၊ ရွှီယွမ်ချင်၊ လော့ရှီးယွီ၊ လီစစ်ယဲ့နှင့် အခြားသောလူတိုင်းက ညဉ်းညူလိုက်ရင်း လေထဲသို့ လွင့်ထွက်သွားရသည်။

ဝှစ်

ဝမ်ချောင်က မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီးနောက် သူ၏ကိုယ်က တဆတ်ဆတ် တုန်ယင်သွားသည်။ ထို့နောက် သွေးများကို အန်ထုတ်လိုက်ရသည်။

“အင်အားကြီးလိုက်တာ”

ဝမ်ချောင်က မြေပြင်ပေါ်သို့ ခြေငြိမ်အောင်ရပ်နိုင်ရန် ကြိုးစားလိုက်ရသည်။ သူဟာ ကောင်းကင်မှ ပုံရိပ်ကြီးကိုကြည့်ရင်း စိတ်ဓာတ်ကျလာသည်။ ချွီထေပါးသည် သူမျှော်လင့်ထားသည်ထက် အင်အားကြီးမားလွန်းနေသည်။ သူတို့လေးယောက်ဟာ တစ်ဖက်သူကို မတားနိုင်လောက်ချေ။

လေထဲမှ ချွီထေပါး၏ သတ်ဖြတ်လိုစိတ်များက ပြင်းထန်လာသည်။ သူနှင့် ပေတစ်ထောင်ဝန်းကျင်အတွင်းရှိ လူတိုင်းကလည်း သူ၏စိတ်ဆန္ဒအရ သက်ရောက်ခံရသည်။

ဘန်း

ရွှေရောင်အလင်းက ဖြတ်ကနဲလက်ပြီးနောက် ချွီထေပါးက သူ၏ဓားကို လက်နှစ်ဖက်လုံးဖြင့် ကိုင်လိုက်သည်။ ထို့နောက် လေထဲတွင် လွှဲယမ်းသည်။ သူဟာ အောက်သို့ခုတ်ချသည်။ သူ၏ပစ်မှတ်က ရှင်းလင်းစွာဖြင့်ပင် အဝေးမှ ဝမ်ချောင်ဖြစ်သည်။

ထိုခုတ်ချက်သည် ချွီထေပါး၏ မုန်းတီးမှုများကို သယ်ဆောင်ထားသည်။ ထိုစွမ်းအင်က လေထဲသို့ မိုးကြိုးက လေထဲတောက်လျှောက် ပစ်ခတ်လိုက်သလို ပုံစံမျိုးဖြစ်သည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ထိုတိုက်ကွက်က ဝမ်ချောင်၏အရှေ့သို့ ရောက်ရှိသွားပြီဖြစ်သည်။ ချွီထေပါး၏ ခြောက်ခြားဖွယ်ကောင်းသော ခွန်အားမျိုးကြောင့် ထိုတိုက်ကွက်ကသာ ဝမ်ချောင်ကို မှန်သွားခဲ့လျှင် သူကသေလောက်သည်။

“အရှင်အမတ်”

“အရှင်”

“ချောင်အာ”

ဝူရှန်းမြင်းတပ်နှင့် ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်တိုင်းက အလန့်တကြား ဖြစ်သွားကြသည်။ ကောင်းရှန်းကျစ်နှင့် အခြားသောဗိုလ်ချုပ်များကလည်း အလားတူသာလျှင်ဖြစ်သည်။ သို့သော် သူတို့အားလုံးကလည်း ချွီထေပါးနှင့် တိုက်ပွဲကြောင့် ဒဏ်ရာရနေကြသည်။ ထို့ကြောင့် ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်လေသည်။

လူတိုင်းကလည်း ဝမ်ချောင်ဟာ ချွီထေပါး၏ ဓားအောက်တွင် သေတော့မည့်ဟု ထင်လိုက်သည့် အခိုက်အတန့်တွင်....

“ရပ်စမ်း”

အဝေးမှ အိုမင်းသော အကြီးအကဲတစ်ယောက်၏ အသံတစ်သံက ပေါက်ထွက်လာသည်။ ထို့နောက် အလွန်အမင်း အရည်အသွေးပြည့်မှီသည့် မူလစွမ်းအင်ပေါင်းများစွာက စတင်ကာ စုစည်းလာပြီး ဖျက်ဆီးခြင်းစွမ်းအားပြင်းထန်သည့် မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝမ်ချောင်၏ အရှေ့တည့်တည့်တွင် ပေါ်လာသည်။ ထိုသို့ဖြင့် ချွီထေပါး၏တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထိုမုန်တိုင်းသည် ရုတ်တရက်ဆန်လွန်းစွာ ပေါ်လာသည်။ သို့သော် ခြောက်ခြားဖွယ်ကောင်းလွန်းသော ပေါက်ကွဲသံနှင့် ဟိန်းသံများကို လွှတ်ထုတ်နေသေးသည်။ အာကာသပြင်ကပင် အလိုလို ညဉ်းညူနေပြီး ထိုမုန်တိုင်းအောက်တွင် ပြင်းထန်သည့်ဖိအားကြောင့် ဖိချခံရသလိုမျိုး တုန့်ပြန်လာလေသည်။

ချွီထေပါး၏မျက်လုံးက အေးစိမ့်သွားသည်။ အထူးသဖြင့် မူလစွမ်းအင်များ၏ မုန်တိုင်းကို မြင်လိုက်ချိန်တွင်ဖြစ်သည်။ သူဟာ ခန္ဓာကိုယ်ကို အရှေ့သို့ အသာမှီကပ်လိုက်သလို ငုံ့ကိုင်းလိုက်သည်။ ရှောင်ရှားရန် ကြိုးစားရမည့်အစား ဓားကိုသာ တဖန်ပြန်လည်သုံးပြီး မုန်တိုင်းကိုခုတ်ချသည်။

ဘုန်း

ရွှေရောင်အလင်းက ဖြတ်ကနဲလက်သလို မူလစွမ်းအင်များ၏ မုန်တိုင်းဟာလည်း ကြီးမားသည့် ပေါက်ကွဲမှုကြီးကိုဖြစ်စေသေးသည်။ ထိုသို့ဖြင့် အရာအားလုံးက နှစ်ခြမ်းကွဲသွားပြီး ပျောက်ကွယ်သွားရသည်။

မုန်တိုင်းဟာ ပျက်ပျယ်သွားမှုနှင့်အတူ ချွီထေပါးက အခြေအနေအားလုံးကိုမြင်လိုက်ရသည်။

မူလစွမ်းအင်များမှ ဖွဲ့စည်းထားသော ကြီးမားသည့် အပြာရောင်လက်သီးတစ်ချက်က ဝမ်ချောင်ကို နောက်သို့ဆွဲသွားသည်။

ချွီထေပါးကဲ့သို့ အတွေ့အကြုံကြီးမားသော လူတစ်ယောက်ကပင် ဘယ်သောအခါမှ မမြင်ဖူးသော ထိုမြင်ကွင်းမျိုးကြောင့် မျက်လုံးပြူးသွားရသည်။ သူ၏မျက်ဝန်းအတွင်း တင်းမာသောအလင်းက ဖြတ်ပြေးသွားသည်။ သို့သော် ချွီထေပါးက ခပ်မြန်မြန် တုန့်ပြန်သည်။ သူ၏မျက်လုံးက အေးသထက်အေးပြီး ခက်ထန်သထက် ခက်ထန်သွားသည်။

“မင်းကငါ့ရှေ့ကနေ လွတ်မယ်လို့ထင်လား”

ချွီထေပါးက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ နောက်ထပ် မျက်စိကြိမ်းစေသော အလင်းတန်းမျိုးက ထွက်ပေါ်လာပြန်ပြီး ရှည်လျားလွန်းသော မိုးကြိုးတန်းကြီးနှင့် ဝမ်ချောင်ကို လှမ်းပစ်သည်။ ချွီထေပါးဟာ စစ်အစိုးရဆိုသော နေရာတွင် မြဲမြံစွာထိုင်ပြီးကတည်းက ရှုံးလည်း မရှုံးဖူးသလို ဒဏ်ရာလည်း မရဖူးချေ။ သို့သော် ဝမ်ချောင်ဟာ သူ့ကိုဒဏ်ရာရအောင် လုပ်နိုင်သည်မထိ မဟုတ်သေးသော်လည်း သူ၏လက်ကို ထိုးဖောက်နိုင်ခဲ့သည်။ မရေမတွက်နိုင်သော စစ်သားများကလည်း မြင်သွားသည်။ သူ၏အဖိုးတန် သွေးတစ်စက်က မြေပြင်သို့ စွန်းသွားသေး၏။ ထို့ကြောင့် ချွီထေပါးက ထိုဖြစ်ရပ်ကို လက်မခံနိုင်ချေ။ သူ့ကိုထိုသို့လုပ်သူတိုင်း သေရပေမည်။

ဘုန်း

ဓားချည်များ၏ ဟိန်းဟောက်သံက တစ်လောကလုံးကို တဆတ်ဆတ်တုန်ပြီး ကြောက်လန့်မှုနှင့်အတူ ကျုံ့သွားစေသည်။ သူဟာ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးအဆင့် ဖြစ်သော်လည်း ချွီထေပါး၏ ခွန်အားကမူ မမျှော်လင့်နိုင်လောက်အောင် အဆပေါင်းများစွာ မြင့်နေပြီးသားဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်ဟာ တဖန်ထပ်ပြီး အသတ်ခံရတော့မည်ဟု အားလုံးက ထင်လိုက်သည့် အချိန်တွင်ပင် မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပုံရိပ်တစ်ခုကပေါ်လာပြီး ချွီထေပါး၏တိုက်ကွက်ကို ရိုက်ချလိုက်သည်။

“ဘယ်သူလဲ ဘယ်ကောင်က ငါ့ရဲ့တပည့်ကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ”

ထိုအကြီးအကဲ၏ အသံထဲတွင် ဒေါသများပါသည်။ ထိုအသံက ကောင်းကင်တွင် ပေါက်ကွဲလာပြန်သည်။ တစ်ချိန်ထဲတွင်ပင် လက်လှမ်းမမှီနိုင်လောက်အောင် အဆင့်မြင့်သည်ဟု ယူဆရသည့် စွမ်းအားများ ပါဝင်သော လက်သီးတစ်လုံးက ရှေ့သို့ ဝင်ရောက်လာသည်။

ဘုန်း

ထိုပေါက်ကွဲသံကို ဖော်ပြနိုင်သည့် စကားလုံးများမရှိတော့ချေ။ တစ်လောကလုံးဟာ အစိတ်စိတ်အပိုင်းပိုင်း လွင့်ထွက်သွားပြီဟု ခံစားရလောက်အောင် ပြင်းထန်သည်။ ထိုထိပ်တိုက်ရင်ဆိုင်မှုမှ ထွက်လာသည့် အားလှိုင်းများဟာ ပေတစ်သောင်းကျော်သည်အထိ မြင့်တက်သွားလေပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံး၏ ဆူညံသံများအားလုံးကို ဖိနှိပ်လိုက်သည်။ အရာအားလုံးဟာ အနည်ထိုင်သွားသည့် အခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံဝတ်လျှက် ဖြူဖွေးနေသောဆံပင်နှင့် ဝမ်ချောင်၏အရှေ့တွင်ရပ်ပြီး ဒေါသတကြီး ဖြစ်နေသည့် မျက်ဝန်းဖြင့် တစ်ဖက်သူကို စိုက်ကြည့်နေသော မျက်ဝန်းများကိုမြင်လိုက်ရသည်။ သူ၏မျက်နှာချင်းဆိုင်တွင် ရပ်နေသောလူက ရွှေရောင်ဝတ်စုံဝတ် ချွီထေပါးဖြစ်သည်။ ထိုအခိုက်အတန့်တွင် အရာအားလုံးက တိတ်ဆိတ်သွားသည်။ အချိန်ကပင် ရပ်တန့်သွားပြီဟု ထင်ရ၏။

“မင်းကဘယ်သူလဲ မင်းကငါ့ရဲ့ အင်အားအပြည့်နဲ့တိုက်ကွက်ကို လက်ခံနိုင်လိုက်တာပဲ”

ချွီထေပါးက တင်းမာသော မျက်နှာထားနှင့်အတူ ရှေ့မှအနက်ရောင်ဝတ်စုံနှင့် အကြီးအကဲကို ကြည့်သည်။

ချွီထေပါး၏ ခမ်းနားထည်ဝါမှု၊ ဆက်တိုက် အနိုင်ပိုင်းနိုင်ခဲ့သော အနေအထားသည် ဆယ်စုနှစ်ပေါင်း များစွာကြာအောင် တည်တံ့ခဲ့သည်။ သို့သော် ထိုကာလအတောအတွင်း မည်သူကမှ သူတို့၏ လက်သီး သီးသန့်ကိုသာသုံးပြီး နတ်ဘုရား၏ အရှိန်အဝါထံမှ အင်အားအပြည့်ကို လက်မခံနိုင်ခဲ့ကြချေ။

“ဘယ်ကလာတဲ့ မျိုးနွယ်ခြား လူထွားကောင်က ဒီအဘိုးကြီးရဲ့ရှေ့ကိုလာပြီး မောက်မာထောင်လွှားရဲနေတာလဲ”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ဆံပင်များက လေထဲတွင်ကခုန်နေသလို သူဟာဝမ်ချောင်၏ အရှေ့တွင်ရပ်သည်။ ရှင်းလင်းစွာဖြင့်ပင် သူဟာ ဒေါသများနှင့် ပေါက်ကွဲလုနီးပါးဖြစ်နေသည်။

အရာအားလုံးက တိတ်ဆိတ်သွားသည်။

စစ်အစိုးရ ချွီထေပါးပင်ဖြစ်စေ၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပင်ဖြစ်စေ တစ်ယောက်ပြောသော စကားကို တစ်ယောက် နားမလည်နိုင်ကြချေ။ သို့သော် ရှင်းလင်းစွာဖြင့် မည်သူကမှလည်း နောက်ပြန်မဆုတ်လိုကြချေ။ ချွီထေပါး၏ မျက်လုံးများက မှေးကျဉ်းသွားပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို စစ်ဆေးအကဲဖြတ်နေသည်။ သူဟာ ပစ်ချက်ကိုရှာနေသည်။ သို့သော် သူ၏ကြီးမားသော နတ်ဘုရား၏ အရှိန်အဝါဓားကြီးကမူ မလှုပ်ရှားသေးချေ။

စစ်အစိုးရဟာ တိုက်ပွဲကိုမကြောက်ချေ။ အင်အားကြီးမားသော ပြိုင်ဘက်က သူ၏စိတ်ဝင်စားမှုကို ပို၍သာ လှုံ့ဆော်နိုင်သည်။ ဒီတစ်ကြိမ်တွင်မူ သူ၏ဘဝတွင် ပထမဦးဆုံး အကြိမ်အနေနှင့် ချွီထေပါးဟာ မိုက်ရူးရဲဆန်စွာ မတုန့်ပြန်ဖြစ်ချေ။ ပထမဦးဆုံးအကြိမ်အနေနှင့် တိုင်းတာရခက်ခဲလွန်းသော ရန်သူတစ်ယောက်ကို ရှာတွေ့လိုက်ရသည်။

တော်တော်လေးကို ကိုင်တွယ်ဖို့ခက်တယ်။

ထိုအတွေးကသာ ချွီထေပါး၏စိတ်အတွင်း ဝင်ရောက်လာသည်။

ချွီထေပါးက မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို စိုက်ကြည့်နေချိန်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း ချွီထေပါးကို စိုက်ကြည့်နေသည်။

ဘယ်လောက်အင်အားကြီးတဲ့ လူထွားကောင်လဲ။

ထိုအရာက မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ပထမဦးဆုံးသော ခံစားချက်ဖြစ်သည်။

ဗဟိုပြင်ကျယ်သည် သိုင်းပညာများ ကြွယ်ဝရာနယ်မြေဖြစ်သည်။ အမျိုးမျိုးသော ဂိုဏ်းများက အမျိုးမျိုးသော ပါရမီရှင်များကို မွေးထုတ်ပေးနိုင်သည်။ လေးစားဖွယ်ကောင်းသော သိုင်းပညာရှင်များက ဗဟိုပြင်ကျယ်၏ နယ်မြေအနှံ့ ရှိနေသည်။ သို့သော် အများစုကမူ ဂိုဏ်းသခင်များအဆင့်ဖြစ်သည်။ ထိုထဲမှ လူအနည်းစုကသာ ရွှေရောင်သံချပ်ကာဝတ် လူထွားကောင်ကဲ့သို့ အင်အားကြီးမားကြသည်။ ထိုမိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း ထိုလူ၏ကျင့်ကြံခြင်းအဆင့်က နောက်တစ်ဆင့် နယ်မြေကိုပင် ထိတွေ့နိုင်နေပြီဖြစ်ကြောင်း နားလည်နေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကိုယ်တိုင်ကပင် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။

“ဆရာသတိထား ဒီလူက ချွီထေပါးလို့ခေါ်တယ်။ သူက အာရေးဗီးယားအင်ပါယာရဲ့ စစ်နတ်ဘုရားပဲ”

သူ၏အနောက်ဘက်မှ အားနည်းသောအသံက ထွက်လာသည်။ ဝမ်ချောင်က သူ၏လက်ဝါးဖြင့် မြေပြင်ကိုထောက်ပြီး တဖြည်းဖြည်းချင်းမော့ကြည့်သည်။ ချွီထေပါးဟာ အင်အားကြီးမားလွန်းသည်။ သူ၏ဆရာကသာ သူ့ကို ကိုင်တွယ်နိုင်လောက်သည်။ သူ၏အထွတ်အထိပ် အခြေအနေမျိုးတွင် သူ၏ ဆရာဖြစ်သူက ဗဟိုပြင်ကျယ်၏ အင်အားအကြီးဆုံးသော သိုင်းပညာရှင်များထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။ ယခုအခါ မဟာထန်ဘက်မှ အင်အားအကြီးဆုံးသော တစ်ယောက်ဖြစ်လောက်သည်။

သူ၏ဆရာကသာ ချွီထေပါးကို မကိုင်တွယ်နိုင်တော့လျှင် ချွီထေပါးဟာ အမှန်ပင် ထိန်းချုပ်ရ ခက်ခဲသွားလေပြီ။

“ချောင်အာ မစိုးရိမ်နဲ့ ဒီတစ်ယောက်ကို ငါ့ရဲ့တာဝန်ထားလိုက်”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ထိုသု့ိပြောသည်။ သူ၏အကြည့်က ချွီထေပါးထံတွင်သာဖြစ်သည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း ချွီထေပါးနှင့် အမှန်တကယ် တိုက်ခိုက်ချင်သည်။ သို့သော် သူ၏အမူအရာအရ တုန့်ဆိုင်းနေပုံပေါ်သည်။

သူတစ်ယောက်တည်းသာဆိုလျှင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်အနေနှင့် အမှန်တကယ် တိုက်ခိုက်ပြီးလောက်လေပြီ။

သို့သော် သူတို့တိုက်ခိုက်လိုက်သည်နှင့်အမျှ ဝမ်ချောင်ဟာ တိုက်ပွဲအတွင်းတွင် ပါဝင်သွားလောက်သည်။ ထို့ပြင် သူ၏အခြေအနေအရ မလွတ်မြောက်နိုင်ချေ။ ယခုလိုအခြေအနေမျိုး ဖြစ်သွားပါက မိစ္ဆာဧကရာဇ် လူအိုကြီးမန်အနေဖြင့် အင်တိုက်အားတိုက်နှင့် တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။

သူတို့က ထိုသို့ နောက်တွန့်ရင်း တုန့်ဆိုင်းနေကြသည့် အချိန်တွင် ရုတ်တရက် ဘုန်းကနဲ အသံကြီးက ထွက်ပေါ်လာသည်။ စစ်ဗုံသံများက မိုးခြိမ်းသံလို ကျယ်လောင်စွာ ထွက်ပေါ်လာလေပြီး တာလာ့၏အရှေ့ပိုင်း နယ်မြေက စတင်ကာ တုန်ခါလာသည်။ ဖုန်လုံးများက ကောင်းကင်သို့ ထိုးတက်သွားသလို ကျယ်လောင်သော အော်ဟစ်သံများက လေထဲသို့ လိမ့်တက်လာသည်။ ဒါက တာလာ့ထံ ကြီးမားသော စစ်တပ်ကြီးတစ်ခု ချဉ်းကပ်လာကြောင်း လက္ခဏာပြနေခြင်းဖြစ်သည်။ ထိုစစ်တပ်က မပေါ်လာသေးခင် ဆေဘာ၊ ပုဆိန်နှင့် ဓားစွမ်းအင်ပေါင်းများစွာက ကောင်းကင်သို့ ထိုးတက်နေပြီးသားဖြစ်သည်။ ထိုသို့ဖြင့် အာကာသပြင်ကို တွန့်လိမ်ရှုံ့တွနေစေသည်။

“သတ်”

အောက်ဘက်မှ ကျယ်လောင်သောအော်သံနှင့်အတူ အလင်းက ဖြတ်ကနဲလက်သွားသည်။ သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော အရှိန်အဝါကြီးမြတ်သည့် ထန်စစ်သားပေါင်း များစွာက တာလာ့အရှေ့ဘက် တောင်ကုန်းများပေါ်တွင် ပေါ်လာသည်။ သူတို့က အရှိန်အဟုန်နှင့် စီးလာသော ရေလှိုင်းကြီးများနည်းတူ တိုက်ပွဲနယ်မြေကို လှည်းကျင်းရန် ကြိုးစားလာကြသည်။

“အဲ့ဒီမှာဘာတွေဖြစ်နေတာလဲ”

အောက်ဘက် အနက်ရောင် အာရေးဗီးယား စစ်အလံများအောက်မှ ကျစ်ရ၏မျက်လုံးက ပြောင်းလဲသွားသည်။ အာရပ်များသည် လက်ရွေးစင်စစ်သည် လေးသိန်းကျော်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သာမာန်တပ်ကူ အင်အားစုလောက်သာဆိုလျှင် ကျစ်ရအနေဖြင့် မျက်တောင်ပင် ခတ်လိမ့်မည်မဟုတ်ချေ။ သို့သော် ထိုစစ်သားများကမူ ရှင်းလင်းစွာဖြင့်ပင် ကောင်းရှန်းကျစ်၏ သံမဏိမြို့ရိုးစစ်တပ်ကို ယှဉ်နိုင်နေသည်။ သူတို့၏အရွယ်အစားကသာ သံမဏိမြို့ရိုးစစ်တပ်နှင့် တူညီနေခဲ့လျှင် ကျစ်ရက ထင်သလောက် စိုးရိမ်လိမ့်မည်မဟုတ်ချေ။ သို့သော် သူ၏ခံစားချက်အရ ယခုရောက်လာသည့် အင်အားစုများက ထိုစစ်သားများကဲ့သို့ အင်အားကြီးမားပြီး အရေအတွက်က နှစ်သောင်း သို့မဟုတ် သုံးသောင်းနီးပါး ရှိလောက်မည်ဟု ခံစားမိနေသည်။ သို့မဟုတ် ထိုထက်များလောက်သေးသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။

အော့စမန်းက ထိုမြင်ကွင်းကိုလည်း မြင်လိုက်သည်။ သို့သော် သူဟာ မဟာထန်ကို နောက်ဆုံးတွင် နားလည်ပြီဟု ယူဆလိုက်သည့် အခိုက်အတန့်တွင်မှ မဟာထန်ဟာ သူ၏အင်အားကို ထပ်မံထုတ်ပြပြန်သည်။

“အားလုံးပဲ ငါ့ရဲ့နောက်ကိုလိုက်ပြီး တိုက်ခိုက်ကြမယ်”

တောင်ကုန်းများပေါ်တွင် သိသာထင်ရှားလွန်းသော အနက်ရောင် စစ်မြင်းကြီးတစ်ကောင်ကို မြင်ရသည်။ ထိုစစ်မြင်းကြီး၏ နဖူးတွင် အုန်းခွံဖြူရောင် အမာရွတ်တစ်ခု ရှိနေသည်။ ဝမ်ချောင်၏အစ်ကိုနှင့် ဝမ်ပေ့က ထိုမြင်းပေါ်တွင်ထိုင်နေသည်။ သူ၏မျက်လုံးက ဒေါသများဖြင့် တောက်လောင်နေပြီး သူ၏ကိုယ်မှ သွေးကြောများအားလုံးက ဖောင်းကားလျှက် အဝေးရှိတိုက်ပွဲနယ်မြေကိုကြည့်ကာ တောင်ကုန်းပေါ်မှ ချီတက်လျှက် ထိုးဆင်းလာသည်။

“သတ်”

ဝမ်မိ၏နောက်တွင် မရေမတွက်နိုင်လောက်အောင် မြောက်များသည့် ဒေါသထွက်နေသော အင်အားစုများက ကပ်ပါလာသည်။ သူတို့ဟာ ခုခံရေးအားလှိုင်းကို ကျော်ဖြတ်နေသော အာရေးဗီးယားစစ်သားများထံ အော်ဟစ်နေကြသည်။

နတ်သိုင်းစစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ ထိုးဖောက်ခြင်းကျားစစ်တပ်၊ ရွှမ်ဝူစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်...

သူတို့၏အရေအတွက်က ခြောက်သောင်းသာရှိသည်။ သို့သော် သူတို့၏ အရှိန်အဟုန်နှင့် စွမ်းအင်များကမူ များပြားလွန်းသော အာရပ်စစ်တပ်ကိုပင် ကျော်လွန်နိုင်နေသည်။

“မော့ဆေဘာအဖွဲ့တိုက်ခိုက်”

တိုက်ပွဲအတွင်းတွင် ပထမဦးဆုံး ဝင်ရောက်လာသည်မှာ နတ်သိုင်းစစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်နှင့် အခြားသော တပ်ကူ လက်ရွေးစင်စစ်တပ်များမဟုတ်ဘဲ အရန်သင့်စောင့်နေပြီးသော မော့ဆေဘာအဖွဲ့ ဖြစ်နေသည်။

ဘုန်း

ထိုအစဉ်အတိုင်း တစ်သောင်းခန့်ရှိသည့် မော့ဆေဘာစစ်သားများ အားလုံးက လူတစ်ယောက် လှုပ်ရှားလိုက်သလိုမျိုး ချက်ချင်းဆိုသလို ရောက်ရှိလာသည်။ သူတို့က အင်အားတစ်သောင်းက လှုပ်ရှားခြင်းဖြစ်သည့်တိုင်အောင် တစ်သားတည်းဖြစ်နေသည်။ သူတို့၏ ခုနှစ်ပေရှည်သော မော့ဆေဘာဓားကိုလည်း အသီးသီး မြှောက်ထားကြသေးသည်။ ထိုလက်နက်၏ တိုက်ပွဲနယ်မြေတွင် ပထမဦးဆုံး ပေါ်ပေါက်လာမှုနှင့်အတူ တစ်သောင်းခန့်ရှိသည့် မော့ဆေဘာများအားလုံးက လေထဲသို့ ထိုးသွင်းမြှောက်ထားလိုက်ရင်း ကောင်းကင်ကို ချိန်ရွယ်ထားသည့် ဆေဘာတောအုပ်တစ်ခုသဏ္ဍန်ကို ပုံဖော်သည်။ ထို့ပြင် တစ်သောင်းခန့်ရှိသော မော့ဆေဘာအဖွဲ့မှ စစ်သားများကမူ မြို့ရိုးကြီး တစ်ခုလုံး ရွှေလျားလာသလိုမျိုး ဆက်လက်ချီတက်လာကြလေသည်။

All Chapters