← Chapters

အခန်း (၁၀၇၁-၁၀၇၅)

Vol. 61 Ch. 1071-1075

အခန်း (၁၀၇၁-၁၀၇၅)

Vol. 61 Ch. 1071-1075

အခန်း(၁၀၇၁)

ချွင်

လူတိုင်းက ချွီထေပါး၏ ပြန်ဖြေသံကို စောင့်နေကြသည့် အချိန်တွင် ဓားတစ်လက်၏ တုန်ခါသံမျိုးကို ကြားလိုက်ရလေသည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ရှည်လျားကျယ်ပြောသော ရွှေရောင်ဓားချည် အလင်းတန်းက ကောင်းကင်သို့ ထိုးဝင်သွားသည်။

ဝုန်း

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဖော်ပြရန်ခက်ခဲလောက်အောင် ခမ်းနားထည်ဝါသည့် ထိုရွှေရောင်ဓားချည်က ဆင်းသက်လာသည်။ ထိုသို့ဖြင့် မြေပြင်တစ်ခုလုံးကို ကွဲကြေသွားအောင် ပေါက်ကွဲသွားစေပြန်သည်။

ခလွက်

မြေပြင်ဟာ ကွဲထွက်သွားပြီး ချွီထေပါးအရှေ့မှစတင်ပြီး ရှည်လျားသော အစင်းကြောင်းကြီး အဖြစ် မြေပြင်ဟာ ဆက်တိုက်ပေါက်ကွဲသည်။

တိုက်ပွဲနယ်မြေတစ်ခုလုံးကို ကျော်ဖြတ်ပြီးနောက် ထန်သံမဏိခံတပ်အထိ ဆက်တိုက်သွားလေသည်။ မြေကမ္ဘာက ယမ်းခါသွားပြီး ဖုန်တိမ်စိုင်လုံးများက ကပြောင်းကပြန် ဖြစ်သွားသည့်အချိန်တွင် တစ်လောကလုံးက ချွီထေပါး၏ ခြေထောက်အောက်တွင် ညဉ်းညူနေပုံပေါ်သည်။

“ချွီထေပါး”

“ချွီထေပါး”

“ချွီထေပါး”

ချက်ချင်းဆိုသလိုပင် တိုက်ပွဲနယ်မြေတစ်ခုလုံးက ချွီထေပါးနာမည် အော်ခေါ်သံများဖြင့်သာ ကျယ်လောင်သွားသည်။ ထိုအခိုက်အတန့်တွင် ချွီထေပါးကသာ သမိုင်းတွင်သည့် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကြီးဖြစ်နေသည်။

ယခုအခါ လူတိုင်းဟာ ချွီထေပါး၏ ကြောက်စရာကောင်းသည့် အင်အားကို မြင်နိုင်ပြီးသားဖြစ်ပြီး သူ၏အင်အားက နတ်ဘုရားများကိုပင် ကြောက်လန့်စေလျှက် တစေ၊ သရဲများကိုပင် ငိုကြွေးစေလောက်သည်။ ချွီထေပါး၏ စစ်တပ်အတွင်းမှ ဂုဏ်အဆင့်အတန်းဟာ အမြင့်ဆုံးသို့ ထိုးတက်သွားသည်။

ဘုန်း

ချွီထေပါး၏ ရိုက်ချက်နောက်မှ ခရာမှုတ်သံက ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာပြီး များပြားလွန်းသော အာရပ်စစ်တပ်ဟာ ဝင်္ကပါအတွင်းသို့ အပြည့်အဝဝင်ရောက်လျှက် ထန်ခုခံရေးအားလှိုင်းထံ ချီတက်ကြလေသည်။

.....

“အရှင်အမတ် အာရပ်တွေကစပြီး တိုက်ခိုက်လာကြပြီ”

ရွှမ်ချန်ကျွင်းက သူတို့ဆီချီတက်လာသည့် အာရပ်မြင်းတပ် အတန်းများကိုကြည့်လျှက်ပြောသည်။

ချွင် ချွင် ချွင်

မရေမတွက်နိုင်သော ချည်စက်ကွင်းများက အာရပ်များ၏ ခြေထောက်အောက်မှ စတင်ကာ ထွက်ပေါ်လာသည်နှင့် သတ္ထုချင်းထိခတ်သံများက လေထုအတွင်း ပဲ့တင်ထပ်နေသည်။ ထို့နောက် သိပ်သည်းလွန်းသော ချည်စက်ကွင်းတောအုပ်ကြီးအဖြစ် လျှင်မြန်စွာ ပြောင်းလဲလာလေသည်။ ယခုလိုချီတက်မှု၏ အရှိန်အဟုန်က တောင်တန်းများကိုနင်းချေပြီး မြစ်ပြင်များကို ပြောင်းပြန်လှန်ပစ်ရန် လုံလောက်နေပြီဖြစ်သည်။

ဝမ်ချောင်က ထိုသူများကို တစ်ချက်သာကြည့်သည်။ ထို့နောက် အနားရှိ စုဟန်ရှန်းကိုကြည့်သည်။

“စုဟန်ရှန်း အဆင့်သင့်ပဲလား”

“အွန်း”

စုဟန်ရှန်းက အနောက်ဘက်သို့ လက်ယမ်းလိုက်သည်။ ထိုအခါ လက်နက်ကြီး တပ်ဖွဲ့ဝင် ငါးထောင်လုံးက ချက်ချင်းလိုလို ခရာများကိုတပ်ဆင်လိုက်ကြပြီး ထိုသို့ဖြင့် ပစ္စည်းများတင်သည်။ ချိန်ရွယ်မှုကိုပြုသည်။ သူတို့၏ချွန်ထက်သောအပိုင်းက အမှောင်ကြီးစိုးနေသော ကောင်းကင်အောက်တွင်ပင် အေးစက်သောအလင်းကို လွှတ်ထုတ်နေသေးသည်။

ဝမ်ချောင်သည် လက်နက်ကြီးအဖွဲ့မှ စစ်သည်နှစ်သောင်းကျော်ကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး အသိအမှတ်ပြုသလို ခေါင်းညိမ့်လိုက်သည်။ ထိုလက်နက်ကြီး အဖွဲ့ဝင်များက ပိုးသားလမ်းတောက်လျှောက်တွင် ကြီးစိုးခဲ့သည့် ဓားမြများဖြစ်ခဲ့ဖူးသည်။ စုဟန်ရှန်း၏ လေ့ကျင့်မှုအောက်တွင် ထိုစစ်သားများအားလုံးက ဆုံးဖြတ်ချက် ပြတ်သားခိုင်မာသည့် အရှိန်အဝါကို လွှတ်ထုတ်နေကြပြီဖြစ်သည်။

သူ၏ထူးခြားသော ဩဇာတိက္ကမ စွမ်းအင်ကြောင့် စုဟန်ရှန်းသည် ထိုလူများ၏ ယခင်ဓားမြများဆိုသော လက္ခဏာများကိုပင် အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုအချက်တွင် လေးစားမိသေးသည်။

အနာဂတ်မှာ သူက အရင်ဘဝက မရောက်နိုင်တဲ့ ပန်းတိုင်ကို ရောက်အောင်လှမ်းနိုင်လိမ့်မယ်။ အဲ့ဒီလိုနဲ့ မဟာထန်ရဲ့အစစ်အမှန် မဟာဗိုလ်ချုပ်ကြီး ဖြစ်လာလိမ့်မယ်။ ဝမ်ချောင်က ထိုကဲ့သို့တွေးတောရင်း စုဟန်ရှန်းကို တစ်ချက်ကြည့်သည်။

စုဟန်ရှန်းသည် ခုခံရေးအားလှိုင်းများကို ထိုးဖောက်ရာတွင် ပြောင်မြောက်ထူးချွန်သော တိုက်ခိုက်သည့် ပုံစံမျိုးနှင့် အလွန်အမင်း ထက်မြက်လွန်းသောလူဖြစ်သည်။ မဟာထန်၏ အနည်းစုသော မဟာဗိုလ်ချုပ်များကသာ ထိုနယ်ပယ်တွင် သူ့ကိုယှဉ်နိုင်လောက်သည်။ စုဟန်ရှန်းဟာ ဓားမြများကဲ့သို့သော ခပ်ရိုင်းရိုင်း စည်းမဲ့ကမ်းမဲ့ နေတတ်သည့် လူများကိုပင် ထိပ်တန်းအဆင့် စစ်သားများအဖြစ် ပြောင်းလဲနိုင်သော တစ်ဦးတည်းသောလူလည်းဖြစ်သည်။

“ဗိုလ်ချုပ်ကျောင်း”

“ဗိုလ်ချုပ်ဝမ်”

“ဗိုလ်ချုပ်လုံ”

ဝမ်ချောင်က နောက်သို့လှည့်မကြည့်ဘဲ နာမည်များကို ခပ်ကျယ်ကျယ် အော်လိုက်သည်။

“အရှင် ရွှမ်ဝူစစ်တပ်က အရှင့်ရဲ့အမိန့်ကို စောင့်ဆိုင်းနေတာပါ”

ဆေဘာသံ ချွင်ကနဲတစ်ချက်နှင့်အတူ မဟာထန်စစ်တပ်မှ မာရှယ်ကျောင်းဖုန်းချန်းက သူ၏အနောက်မှ ခုနှစ်ပေခန့်ရှည်သည့် မြေသားအမာရွတ် လက်နက်ကြီးကို ဆွဲထုတ်လိုက်သည်။ သုန်မှုန်နေသော အလင်းရောင်ထဲတွင် မြေသားအမာရွတ်၏ ဓားသွားက ဖျော့တော့သော သွေးရောင်အလင်းနှင့် တောက်ပနေသည်။

သူ၏အနောက်ဘက်တွင်လည်း လေးလံသော သံချပ်ကာများကို ဝတ်ဆင်ထားသည့် ရွှမ်ဝူစစ်တပ်မှ စစ်သည်ရှစ်ထောင်က စတင်ကာ လှုပ်ရှားကြသည်။ ကျယ်ပြောကာ များပြားလွန်းပြီး အလဲထိုးချေမှုန်းရန် လွယ်ကူလွန်းသော အာရပ်စစ်တပ်ကို ရင်ဆိုင်ရချိန်တွင် ထိုလူများ၏မျက်ဝန်းတွင် ကြောက်လန့်မှုမရှိဘဲ တိုက်ခိုက်လိုစိတ် ပြင်းထန်တောင့်တမှုသာရှိနေသည်။

ထိုစစ်သားများကို ရက်တစ်ထောင်ခန့် ပျိုးထောင်ထားသည်မှာ အခိုက်အတန့် တစ်ခုအတွက်ဖြစ်သည်။ ကျောင်းဖုန်းချန်းသည် ထိုစစ်သားများကို ထူးခြားသော နည်းလမ်းမျိုးကိုသုံးပြီး လေ့ကျင့်ပေးခဲ့သည်။ ထိုသို့ဖြင့် ထိုရွှမ်ဝူစစ်တပ်ဟာ ဒီနည်းလမ်းကြောင့် မြောက်များလွန်းသောစွမ်းအင်ကို စတင်ကာ အာရုံခံမိနေကြသည်။

အင်ပါယာစစ်တပ်မှ အခြားသောအဖွဲ့များဟာ သူတို့ကို မယှဉ်နိုင်တော့ချေ။ ရွှမ်ဝူစစ်တပ်သည် မည်သည့်ရန်သူကိုမဆို အလဲထိုးချေမှုန်းနိုင်ရန် ယုံကြည်မှုအပြည့်ရှိသည်။

“အရှင် ဝမ်စစ်လီက အရှင့်ရဲ့အမိန့်ကို စောင့်နေပါတယ်”

ကျောင်းဖုန်းချန်းကဖြေပြီး သိပ်မကြာခင် အနီးအနားစစ်တပ်မှ နောက်ထပ် အသံတစ်သံက ထွက်လာသည်။ ထိုလူများကမူ ရွှမ်ဝူစစ်တပ်နှင့် ခြားနားသည်။ ထိုစစ်တပ်၏ အရှေ့ဘက်တွင် ဉာဏ်ပညာရှိပြီး နက်နဲသိမ်မွေ့သည်ဟု ယူဆရသည့် မျက်ဝန်းပိုင်ရှင် အမျိုးသားတစ်ယောက်က ရပ်နေသည်။ ထိုလူ၏သံချပ်ကာ ဘယ်ဘက်ရင်အုံတွင် ကြယ်ခုနှစ်ပွင့်က တောက်ပစွာနှင့် လင်းလက်နေခဲ့သည်။

ဆာလောင်နေသော ဝံပုလွေစစ်ဗိုလ်ချုပ် ဝမ်စစ်လီ

မှင်သက်ဖွယ်ကောင်းသော ထိုလူသည် မဟာထယ်ကြီး၏ မဟာဗိုလ်ချုပ် ခဲ့ရှု့ဟန်၏ လက်အောက်တွင် ခစားသောလူဖြစ်သည်။ ယခုအခါထိုလူဟာ မြင့်မားထောင်မောင်းသော ကိုယ်ထည်ကို ဖြောင့်တန်းစွာ ရပ်နေသည်။ သူ၏ကိုယ်က ချဉ်းကပ်လာသော အာရပ်များကိုကြည့်ရင်း ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်ဆန္ဒနှင့်အတူ တောက်လောင်နေသည်။

အတိတ်တွင် ဝမ်ချောင်နှင့် ခဲ့ရှု့ဟန်အကြား မည်သို့သောရန်ငြိုးမျိုး ရှိနေခဲ့စေကာမူ ထိုအခိုက်အတန့်တွင် ဒီနေရာတွင် မည်သည့်အရာကမှ အရေးမကြီးတော့ချေ။ လူတိုင်းတွင် ပန်းတိုင်တစ်ခုသာရှိသည်။ ... ထန်

လူတိုင်း၏ခေါင်းထဲတွင် ကာကွယ်ရန်လိုအပ်သော အချက်တစ်ချက်သာရှိသည်... မဟာထန်... သူတို့ရှုံးအောင် လုပ်ရမှာက... အာရေးဗီးယား

“နဂါးတပ်ရင်းစစ်တပ်ရဲ့ လုံကျန်းကလည်း အရှင့်ရဲ့အမိန့်ကို စောင့်ဆိုင်းနေပါတယ်”

“ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ တုဝူဝေ့က အရှင့်ရဲ့အမိန့်ကို စောင့်ဆိုင်းနေပါတယ်”

ထိုသို့ဖြင့် ပထမခုခံရေးအားလှိုင်း နောက်တန်းမှ အသံတစ်သံပြီးတစ်သံ ထွက်လာသည်။ သံချပ်ကာများက တချွင်ချွင်မြည်နေသည်။ စစ်သားများက တိုက်ပွဲနယ်မြေဘက်သို့ လှည့်ကြည့်နေကြသည်။ သူတို့၏မျက်ဝန်းများက စွမ်းအင်များနှင့် ပေါက်ထွက်မတက်ဖြစ်နေပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်နေကြသည်။ နတ်သိုင်းစစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်... လက်ရွေးစင် ထန်အင်အားစု တစ်စုပြီးတစ်စုက ခုခံရေးအားလှိုင်း အနောက်ဘက်တွင် မားမတ်စွာ ရပ်နေကြသည်။ သူတို့၏ကိုယ်မှ ဖော်ပြရန်ခက်ခဲလောက်အောင် ပြင်းထန်သည့် စွမ်းအင်မျိုးကို လွှတ်ထုတ်နေကြသည်။

ဝေးကွာသည့် အနောက်တစ်နေရာသို့ ကြည့်လိုက်မည်ဆိုလျှင် ချွေ့ဖြောင်းချီ၏ ထောင်မောင်းသော ကိုယ်ထည်ကြီးက သူ၏မြင်းပေါ်တွင် ပို၍မြင့်မားသော အနေအထားမျိုးနှင့် ရပ်နေကြောင်း မြင်ရမည်ဖြစ်သည်။ သူ၏အနောက်ဘက်တွင်မူ ထောင်မောင်းသန်မာပြီး စည်းကမ်းသေဝပ်စွာ ငြိမ်သက်လျှက်ရှိနေသည့် ဝူရှန်းမြင်းတပ် တစ်သောင်းကို မြင်ရမည်ဖြစ်သည်။ နောက်သို့ ထပ်ဆုတ်ကြည့်လိုက်မည်ဆိုလျှင် သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည် ထောင်ပေါင်းများစွာက ရှိနေသည်။

သံမဏိမြို့ရိုးစစ်တပ်၏ အနောက်ဘက်တွင်မူ မော့ဆေဘာ စစ်သည်တစ်သောင်းနီးပါးရှိသည်။ သူတို့၏ ရှည်လျားသော လှံတံများကို လေထဲသို့မြှောက်ထားလျှက် လူသွားနေရာများအဖြစ်ပြောင်းရင်း ခုခံရေးအားလှိုင်း၏ နောက်အကျဆုံးအပိုင်းတွင် ပိတ်ကာထားသလို ရှိနေကြလေသည်။

တိုက်ပွဲဟာ မစတင်ရသေးသော်လည်း မဟာထန်ဘက်မှ ထုတ်လွှတ်ထားသော အရှိန်အဝါက အာရပ်ဘက်ထက် မနိမ့်ကျချေ။

ဝှစ်

လေပြင်းက ဟိန်းဟောက်လာသည်နှင့်အမျှ မြင်းဟီသံများ၊ တိုက်ပွဲ၏ အော်ကြွေးသံများက ကောင်းကင်ဘုံကိုပင် အလန့်တကြားဖြစ်စေလောက်သည်။ အာရပ်စစ်တပ်၏ ကျယ်ပြောသော မြင်းတပ်ကြီးဟာ တောင်ပေါ်မှ နှင်းလုံးကြီးများ လိမ့်ဆင်းလာသလိုမျိုး ချဉ်းကပ်လာနေရင်း အလွန်မြန်ဆန်သည့် အရှိန်နှုန်းကို လွှတ်ထုတ်လာကြသည်။

ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ဝမ်ရန်၊ ချန်းချန့်လီ၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီး... မဟာထန်ဘက်မှ ရာထူးအမြင့်ဆုံးသော ဗိုလ်ချုပ်များအားလုံး၏ ပထမခုခံရေးအားလှိုင်း၏ အနောက်ဘက်တွင် စုစည်းလာကြသည်။ သူတို့၏ မျက်နှာထားများက တင်းမာနေကြသည်။ မကြာခဏဆိုသလို ကြားနေရသော မြင်းဟီသံ၊ လေတွင်လွင့်နေကြသော အဝတ်များ၏ တဖြတ်ဖြတ် အသံကသာ ကြီးစိုးနေသည်။ မဟာထန်၏ စစ်သည်တစ်သိန်းတစ်သောင်း အင်အားစုဟာ တောင့်တင်းသော လေထုအတွင်း တိတ်ဆိတ်နေကြသည်။ သူတို့ဟာ အာရပ်မြင်းတပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် စောင့်နေကြပုံပေါ်သည်။

ပေရှစ်သောင်း

ပေငါးသောင်း

ပေသုံးသောင်း

မြေကမ္ဘာဟာ လှုပ်ခါသွားသည်။ အာရပ်မြင်းတပ်က မှင်သက်ဖွယ်ကောင်းသည့် စွမ်းအားအပြည့်နှင့် ပေါက်ကွဲထွက်လာသည့်အခါ မြေကမ္ဘာဟာ တသိမ့်သိမ့် တုန်နေသည်။ ထိုသို့ဖြင့် မျက်တောင်တစ်ခတ် အချိန်အတွင်း ပေတစ်သောင်းကျော်ကို လွှမ်းမိုးလာသည်။ သိပ်မကြာခင် အာရပ်များက ထန်ခုခံရေးအားလှိုင်းနှင့် ပေတစ်ထောင်ပင် မဝေးတော့ချေ။

“သတ်”

တခဏခန့်ကြာပြီးနောက် အာရပ်မြင်းတပ် တစ်သောင်းကျော်က ထန်ခုခံရေးအားလှိုင်းနှင့် ထိပ်တိုက်ဆုံသည်။

ဘုန်း

ဥက္ကာတုံးကြီးတစ်ခုက ဂြိုလ်ပေါ်သို့ ပြုတ်ကျသွားသလိုမျိုး ထွက်ပေါ်လာသည့် သက်ရောက်အားက ကျယ်လောင်လွန်းလေရာ နားစည်ကိုပင် ကွဲထွက်လုနီးပါးဖြစ်သည်။

ဟီး...

စစ်မြင်းများက ခုခံရေးအားလှိုင်းအတွင်းသို့ ဆောင့်ထိုးသလို ချိုးဖျက်ရန် ဝင်ရောက်လာသည့်အချိန်တွင် သက်ရောက်မှုအားကြောင့် မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက လေထဲအထက် ပေတစ်ရာခန့်အထိ မြင့်သောနေရာသို့ လွင့်ထွက်သွားကြသည်။

“ပစ်”

တစ်ချိန်ထဲလိုလို စုဟန်ရှန်းက လက်ကိုအောက်သို့ယမ်းချသည်။ ထိုသို့ဖြင့် လက်နက်ကြီး အလက်ငါးထောင်လုံးက တညီတညာတည်း ပစ်ခတ်သည်။

ခွက် ခွက် ခွက်

သစ်သားတိုင်ကြီးများကို အမြစ်မှဆွဲနှုတ်ကာ လွင့်ပစ်နေသလိုမျိုး အာရပ်စစ်သည် သောင်းကျော်ဟာ မြေပြင်သို့ ပြုတ်ကျသွားကြသည်။

တစ်သုတ်တည်းသာ ပစ်ရသေးသော်လည်း စုဟန်ရှန်း၏ လက်နက်ကြီး အလက်ငါးထောင်ဟာ အာရပ်မြင်းတပ် အဖွဲ့ဝင် နှစ်သောင်းကျော်ကို သေစေလေရင်း ကောင်းကင်သို့ အော်သံများနှင့် ဆူညံသွားစေသည်။ ချက်ချင်းလိုလို စစ်မြင်းများက စစ်မြင်းချင်းထိပ်တိုက်ရင်ဆိုင်သံများအပြင် ခုခံရေးအားလှိုင်း၏ အရှေ့တွင် အလောင်းများက ပုံလာသည်။ အာရပ်များ၏ အလောင်းများက ကွင်းပြင်တွင် အပင်များစိုက်ထားသလိုမျိုး ထင်ရှားလာသည်။

ထိုသို့ဖြင့် ကျယ်ပြောလွန်းသော ကွင်းပြင်ကြီးက အလောင်းများဝိုင်းလျှက်သားဖြစ်သွားသည်။

အရှိန်အဝါကြီးမြတ်သည့် အာရပ်များဟာလည်း ထိုမြင်ကွင်းကြောင့် ကြောက်သွားရသည်။ အနက်ရောင် စစ်အလံအောက်မှ သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီတို့က မျက်တောင်အနည်းငယ် ခတ်မိကြသည်။ ယခုအချိန်အထိ ထန်၏လက်နက်ကြီးများက ဗဟိုပြင်ကျယ်၏ ကြောက်စရာအကောင်းဆုံး လူသတ်စက်ဖြစ်နေသေးသည်။

မြင်းတပ်ဖြင့် တစ်လောကလုံးကို လွှမ်းမိုးနေသော အာရပ်များအတွက်ပင် ထိုလက်နက်ကြီးအရှေ့တွင် စက္ကူများအလား ဖျော့တော့သွားသေးသည်။

“ပစ်”

စုဟန်ရှန်း၏ အေးစက်သောမျက်ဝန်းက ပြုတ်ကျသွားသော အလောင်းများကို တစ်ချက်ပင် ငုံ့မကြည့်ချေ။ သူ၏ ထောင်မောင်းသန်မာသော ကိုယ်ထည်ဟာ မြေပြင်တွင် စိုက်ထူထားသည့် လှံတစ်လက်လိုမျိုး ချဉ်းကပ်လာသည့် အာရပ်စစ်သားများကိုသာ ကြည့်နေသည်။

ဒီတစ်သုတ်တွင် စုဟန်ရှန်းက အာရပ်များ ရှေ့တန်းသို့ ထိလုနီးပါး ရောက်လာသည်အထိ ဇွဲရှိရှိနှင့်စောင့်သည်။ သူတို့ဟာ နောက်ဆုတ်၍မရအောင် ပြည့်ကြပ်ညပ်နေသော အခိုက်အတန့်သို့ ရောက်ရှိပြီးမှ ပထမတစ်သုတ်ထက် ပိုပြင်းထန်သည့် အရှိန်နှုန်းနှင့် တိုက်ခိုက်လေသည်။

ဘုန်း ဘုန်း ဘုန်း

လက်နက်ကြီး အလက်ငါးထောင်လုံးကို တဖန်ပြန်လည် ပစ်ခတ်လိုက်ချိန်တွင် လေထုအတွင်း ဟိန်းသံပင် ထွက်လာသည်။ လေထဲတွင် အစင်းကြောင်းရာများက ချန်ထားရစ်ခဲ့သလို အာရပ်မြင်းတပ် အဖွဲ့ဝင်များထံ တိုက်ရိုက် ပစ်ဝင်သွားသည်။

ဇွက် ဇွက် ဇွက်

နောက်ထပ် စစ်သည်တော်တစ်အုပ်က မြေပြင်ပေါ်သို့ပြုတ်ကျသည်။ ပထမတစ်သုတ်ထက် အရေအတွက် မနည်းသော်လည်း အာရပ်တစ်သောင်းခွဲနီးပါး အသတ်ခံလိုက်ရပြန်သည်။

ထိုသို့ဖြင့် လက်နက်ကြီးနှစ်သုတ် ပစ်ခတ်ချိန်တွင် အာရပ်မြင်းတပ် အဖွဲ့ဝင် သုံးသောင်းခွဲနီးပါးက သေသွားသည်။

ချွီထေပါး၏စစ်သားများနှင့် အော့စမန်း၏စစ်သားများက ထူထည်းတုတ်ခိုင်လွန်းသော ထိုးဖောက်ရန် မဖြစ်နိုင်လောက်သည့် သံချပ်ကာများကို ဝတ်ထားသောကြောင့်သာ မဟုတ်လျှင် အာရပ်များ၏ ဆုံးရှုံးမှုက ထိုထက်ပိုနိုင်သည်။

“ပစ်”

တစ်ချိန်ထဲတွင်ပင် ချန်းပင်းကလည်း သူ၏ကိုယ်ပိုင် ထန်လက်နက်တစ်ထောင်ကို ပစ်ခတ်ရန် အမိန့်ပေးလိုက်ပြီဖြစ်သည်။ မရေမတွက်နိုင်သော လက်နက်ကြီးပေါင်းများစွာက လေထုကိုထိုးခွဲကာ စူးရှသည့်အော်သံကိုထုတ်သည်။

ခွက် ခွက် ခွက်

ပထမခုခံရေး အားလှိုင်း၏အရှေ့တွင် ပို၍များပြားသော အာရပ်များက လဲပြိုကျကြသည်။

အဝေးမှကြည့်နေသော အားပါးနှင့် အော့စမန်းတို့က မျက်လုံးပြူးသွားသည်။ သို့သော် မည်သူကမှ မည်သည့်စကားမှ မဆိုကြချေ။ သူတို့အားလုံးက နောက်ဆုတ်ရန်ဆန္ဒ မရှိကြချေ။

“သတ်”

စစ်သည်တစ်သောင်းကျော်က တဖန်ထပ်ပြီး သေဆုံးကြပြန်သည်။ သို့သော် ဒီဆုံးရှုံးမှုက အာရပ်များ၏ အလုံးအရင်းနှင့် ဝင်ရောက်သတ်ဖြတ်မှုအပေါ် သက်ရောက်မှုမရှိချေ။

“ငါတို့ရဲ့စစ်သားတွေကိုလည်း လွှတ်လိုက်”

သာ့လွန်ရော့ကျန်းက အားပါးနှင့် အော့စမန်းတို့နားတွင် ရပ်နေခြင်းဖြစ်သည်။ သူက အမိန့်ကိုပေးလိုက်သည်။ ထိုအခိုက် သူ၏မျက်ဝန်းက တောက်ပနေသည်။

စစ်ပွဲတွင် ဆုံးရှုံးမှုကရှိသည်။ မဟာထန်က လွယ်ကူသောပြိုင်ဘက် မဟုတ်ချေ။ ထို့ကြောင့် ဆုံးရှုံးမှုမျိုးကို မျှော်လင့်ထားသင့်သည်။ ယခုလို အဆုံးအဖြတ် တိုက်ပွဲမျိုးတွင် တစ်ဖက်က အလုံးစုံ မကြေမွသွားသမျှ အနှစ်ချုပ်၍မရနိုင်ချေ။

“သတ်”

နောက်ထပ် ကောင်းကင်ကိုတုန်ခါစေသည့် အော်သံများကထွက်လာသည်။ တိဗက်နှင့် တူရကီစစ်သည် တစ်သိန်းကလည်း တောင်ပေါ်မှခုန်ဆင်းသော ကျားများအလား လှုပ်ရှားကြပြီဖြစ်သည်။ သူတို့၏ ဓားမောက်ရှည်များ၊ ဆေဘာများကို ဓားအိမ်ထဲမှချွတ်လျှက် အာရပ်စစ်တပ်အနောက်မှ အပြေးလိုက်ကြသည်။ တိုက်ပွဲကိုအော်ကြွေးသံ၊ တိုက်ခိုက်သံများက တိုက်ပွဲနယ်မြေတစ်ခုလုံးကိုပင် လွှမ်းမိုးသွားလေသည်။

အခန်း(၁၀၇၂)

လက်နက်ကြီးများကို ဆက်တိုက်ပစ်ခတ်နေသေးသည်။ သို့သော် များပြားလွန်းသော အာရပ်စစ်တပ်က ရပ်တန့်မည့်ပုံစံ မရှိချေ။ တိုက်ခိုက်သံများကိုပင် ဖုံးလွှမ်းနိုင်သည့် ကျယ်လောင်သည့် ပေါက်ကွဲသံကသာ ဖြစ်ပေါ်နေသည်။

“အဲ့ဒီကိုကြည့်လိုက်ဦး”

ရုတ်တရက် စစ်တပ်ထဲမှ အသံတစ်သံထွက်လာသည်။ တွန်းလှည်းပေါ်တွင် ရပ်နေသည့် ကျန်းချွယ်က အံ့အားသင့်နေသည့် မျက်နှာထားနှင့် အဝေးတစ်နေရာသို့ လက်ညိုးညွှန်သည်။

“ဒါက ငွေရောင်စစ်စက်ကြီးတွေပဲ”

ကျန်းချွယ်၏ အကြည့်နောက်သို့လိုက်ကာ ကြည့်လိုက်သောအခါ အဝေးမှ တောက်ပနေသည့် ကြီးမားလွန်းသော ငွေရောင်လက်နက်ကြီးများကို မြင်လိုက်ရသည်။ ထိုလက်နက်ကြီးများက ထန်များထံ တရွေ့ရွေ့ ချဉ်းကပ်လာနေသည်။

အားလုံးက လက်နက်များနှင့် ရင်းနှီးပြီးသားဖြစ်သည်။ လက်နက်များ၏ စွမ်းအားကိုလည်း သိကြသည်။ ချွီထေပါး၏မြောက်ပိုင်းက သယ်လာခြင်းဖြစ်ပြီး ထန်ခုခံရေးအားလှိုင်းကို ရင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် ယူဆောင်လာခဲ့ခြင်းဖြစ်လောက်သည်။ သူတို့ဟာ ဖော်ပြရန်ခက်ခဲလောက်အောင် မာကြောသည်။ တိုက်ခိုက်နိုင်စွမ်းအားကလည်း ပြင်းထန်သည်။ ထို့ကြောင့် မည်သူကမှ အထင်မသေးနိုင်ချေ။

“သူတို့က ဗျူဟာပြောင်းသွားတယ်”

ဟွမ်ပေါ့ထန်းက ရုတ်တရက်အော်သည်။ သူ၏မျက်နှာကလည်း တင်းမာသွားသည်။

ပထမရက်တွင် ချွီထေပါးက ငွေရောင်ပဲ့ဟယ်မော့ ရာပေါင်းများစွာကို စေလွှတ်ခဲ့ပြီး အာရပ်များက ပဲ့ဟယ်မော့များကို ထန်ခုခံရေးအားလှိုင်းသို့ ခပ်မြန်မြန် ဖျက်ဆီးလျှက် တိုက်ပွဲကို မြန်မြန်အဆုံးသတ်နိုင်ရန် တွန်းခဲ့ကြသည်။

သို့သော် ဒီတစ်ကြိမ်တွင် အခြေအနေက ခြားနားသွားသည်။ ငွေရောင်ပဲ့ဟယ်မော့များက အလွန်အမင်း နှေးကွေးသည့် အရှိန်နှုန်းဖြင့် ချဉ်းကပ်ရွေ့လျားလာသည်။ ပို၍ဆိုးသည်မှာ ငွေရောင်ပဲ့ဟယ်မော့ တစ်ထောင်က တစ်ဖြောင့်တည်းရှိနေသည်မှာ ငွေရောင်သံမဏိ အလံကြီးအလားထင်ရသည်။ ထိုနံရံ၏ အနောက်ဘက်တွင်လည်း အာရပ်စစ်သည် တစ်သောင်းကျော်ရှိနေသည်။

“သူတို့က ခုခံရေး လက်နက်တွေလိုမျိုးသုံးပြီး သူတို့ရဲ့စစ်သားတွေ ချဉ်းကပ်နိုင်အောင် ကာထားပေးတာပဲ။ ငါတို့ရဲ့လက်နက်ကြီးတွေကတောင် ဒီခုခံရေးအားလှိုင်းကို ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်။ ဒီတော့ သူတို့နောက်က စစ်သားတွေကို ထိခိုက်အောင်လုပ်ဖို့က မဖြစ်နိုင်ဘူး”

စွန်းကျစ်မင်က မြင်းပေါ်တွင်ထိုင်နေသည်။ သူဟာ ဝမ်ချောင်၏ အနောက်ဘက် တတိယတန်းတွင်ဖြစ်သည်။ သူ၏မျက်နှာတွင် နက်ရှိုင်းလွန်းသော စိုးရိမ်မှုက ထင်ရှားနေသည်။

ဘန်း

လက်နက်ကြီးတစ်လက်ကို ရှေ့သို့ပစ်ခတ်လိုက်သည့်အခါ ချက်ချင်းဆိုသလိုပင် ငွေရောင်ပဲ့ဟယ်မော့ တစ်ခုကို ထိမှန်သွားသည်။ ကျယ်လောင်သော ချွင်ကနဲအသံ ထွက်လာသည်။ သို့သော် လက်နက်ကြီးက ငွေရောင်ပဲ့ဟယ်မော့ကို မထိုးဖောက်နိုင်ဘဲ ရပ်တန့်ခံရသည်။ စုဟန်ရှန်း၏ မျက်လုံးကလည်း ထိုမြင်ကွင်းကြောင့် ပြူးကျယ်သွားသည်။ သူကအနောက်ဘက်သို့ ဟန်အမူအရာပြပြီး လက်ရည်စမ်းကာ ပစ်ခတ်မှုကို နီးကပ်သည်အထိ ဆွဲယူခံရသည်။

“သူတို့ရဲ့ခုခံရေးအားလှိုင်းက တော်တော်လေး လေးစားဖို့ကောင်းတယ်။ ဒါပေမဲ့ ငါတို့ ဒီအကြောင်းအရာကို စိုးရိမ်ဖို့မလိုပါဘူး။ ပစ်မှတ်ပြောင်း အခြားအာရပ်မြင်းတပ်ကို တိုက်ခိုက်လိုက်”

စုဟန်ရှန်း၏ မျက်နှာက တင်းမာသည်။ သူ၏မျက်လုံးကလည်း ခံစားချက်မဲ့နေသေးသည်။ သူဟာ သူ၏ညာဘက်ခြမ်းသို့သာ လက်နက်ကြီးကို ပြောင်းချိန်ထားလိုက်သည်။ ထိုသို့ဖြင့် လျှင်မြန်စွာနှင့် လက်နက်ကြီး အလက်သုံးထောင်လုံးက အခြားတစ်နေရာသို့ ရွှေ့သွားသည်။

ငွေရောင်ပဲ့ဟယ်မော့က တစ်ထောင်ကျော်ရှိသည်။ တိုက်ပွဲနယ်မြေဟာ ကျယ်ပြောရှည်လျားလွန်းသည်။ ထို့ကြောင့် လက်နက်ကြီးများက တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းမိုးကာပေးထား၍ မဖြစ်နိုင်ချေ။

“ပစ်”

လက်နက်ကြီးများ ရွှေ့သွားသည်နှင့် စုဟန်ရှန်း၏လူများက သူတို့၏ ပစ်ခတ်မှုများကို တဖန်ပြန်လည် စတင်ကြပြန်သည်။

ဇွက် ဇွက် ဇွက် ခွက် ခွက် ခွက်

ထိုသို့ဖြင့် အသားများပေါက်ထွက်သံများ ထွက်ပေါ်လာပြီး အာရပ်မြင်းသည်တော် တစ်ယောက်ပြီးတစ်ယောက်က မြင်းများနှင့်အတူ ဆက်တိုက် လွင့်ထွက်နေသည်။ သူတို့၏ အလောင်းက ဖုန်တိမ်စိုင်လုံးများကို မွှေနှောက်လျှက် ထောင်းထောင်းထလာစေသည်။

“မြေသားဒိုင်းစစ်တပ်က မရောက်သေးဘူးလား”

ငရဲမီးတောက် အနက်ရောင် အလံအောက်မှ ချွီထေပါးက အေးစက်စွာအော်သည်။ သူ၏မျက်နှာက တည်ငြိမ်သည်။

သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ယောက်က ချွီထေပါး၏အနောက်မှ လှမ်းပြောလာသည်။ ထိုလူ၏တစ်ကိုယ်လုံးကို သံချပ်ကာအပြည့် လွှမ်းခြုံထားသည်။ မျက်လုံးကိုသာ မြင်ရသည်။

“အရှင် မြေသားဒိုင်းကာစစ်တပ်ကို လွှတ်ပြီးပါပြီ။ သူတို့က သိပ်မကြာခင် တိုက်ပွဲနယ်မြေကို ရောက်သွားတောာ့မှာပါ”

မြေသားဒိုင်းကာစစ်တပ်သည် ချွီထေပါး၏အနောက်မှ တစ်ခုတည်းသော ခုခံရေးစစ်တပ်ဖြစ်သည်။ ချွီထေပါးက သူ၏နယ်ပယ်ကို ကျော်ကြားစေပြီး အဆုံးမသတ်နိုင်သော စစ်ပွဲများကို ဦးဆောင်ခဲ့သော အချိန်တွင် ခုခံသောဖြစ်ရပ်မျိုးက ရှားပါးသည်။ သို့သော် ဒီလောကတွင် ပြီးပြည့်စုံသော အရာမျိုးကမရှိချေ။ မြေသားဒိုင်းကာစစ်တပ်ကို ချွီထေပါးက တိုက်ခိုက်နိုင်စွမ်းအား ပြင်းထန်သည့် ရန်သူများကို ရင်ဆိုင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။

ထိုစစ်တပ်တွင် စစ်သည်အများကြီး မရှိချေ။ တစ်သောင်းသာရှိသည်။ သို့သော် တစ်ယောက်ချင်းစီတိုင်းက ကြမ်းတမ်းသော လေ့ကျင့်မှုများကို ကျော်ဖြတ်လာခဲ့ရပြီး တိုက်ပွဲတစ်ရာကို ကျော်ဖြတ်လာခဲ့ရသည်။ ထို့ကြောင့် သံမဏိသားဖြင့် လုပ်ထားသော စစ်တပ်ကြီးဟု ဆို၍ရသည်။

သူတို့သည် တိုက်ပွဲနယ်မြေပေါ်မှ အဆုံးအစမဲ့သော ရန်သူများကို တားမြစ်နိုင်ခဲ့သည်။ အချို့ကဆိုလျှင် အင်အားချင်းယှဉ်သော် မာမဲ့လုများကိုပင် မှီနိုင်လေသည်။

ချွီထေပါး၏ ထိုစစ်တပ်အတွက် အခြေခံလိုအပ်ချက်က သူ့ထံမှ တိုက်ကွက်တစ်ရာကို လက်ခံရန်ဖြစ်သည်။

ထိုဗိုလ်ချုပ်သည် တိုက်ပွဲနယ်မြေတွင် ဖြစ်သမျှ အပြောင်းအလဲတိုင်းကို ဝင်ပြောခဲသည်။ အာရပ်စစ်တပ် ညာဘက်ခြမ်းမှ စစ်သည်တော်များက ရုတ်တရက် ထွက်ခွာသည်။ ထိုသို့ဖြင့် ကျယ်ပြောများပြားကာ အင်အားကြီးမားသည့် ရေလှိုင်းတစ်လှိုင်းက စီးထွက်သွားသလိုမျိုး ပြောင်းလဲသွားလေသည်။ ထို့နောက် ကြီးမားသော ဒိုင်းကြီးကို ရွှေ့လိုက်သလို ကျယ်လောင်သည့် သတ္ထုချင်းထိခတ်သံက ထွက်ပေါ်လာသည်။ မည်းမှောင်နေသော ကောင်းကင်အောက်တွင် ရုတ်တရက် တောက်ပသည့် အလင်းက ပေါ်ထွက်လာပြီး လူတိုင်း၏ မျက်စိရှေ့တွင် ထင်ရှားလာလေသည်။ ထိုဒိုင်းများဟာ ခုနှစ်ပေမှ ရှစ်ပေခန့်အထိမြင့်သည်။ ဒိုင်းများကိုသာလျှင် မြင်နိုင်ပြီး အနောက်ဘက်မှ စစ်သားများကို မမြင်နိုင်ချေ။

အာဝူး....

ကျယ်လောင်သော အူသံနှင့်အတူ မြေသားဒိုင်းကာ စစ်သည်တစ်သောင်းဟာ ရွှေလျားနေသော နံရံကြီးတစ်ခုလိုမျိုး စတင်ကာ ရှေ့သို့တိုးလိုက်သည်။

ဘုန်း ဘုန်း ဘုန်း

ထိုစစ်သားများက အသံများကြွေးကြော်ကြရင်း ရှေ့သို့ချီတက်ကြသည်။ သူတို့၏ စည်းကမ်းသေဝပ်မှုနှင့် တစ်သားတည်း လှုပ်ရှားနိုင်သော စွမ်းရည်က သူတို့၏ အရှိန်အဟုန်ကို မြင့်တက်စေလေသည်။

စုဟန်ရှန်းကိုယ်တိုင်ကပင် ထိုမြင်ကွင်းကြောင့် ကြောင်အသွားရသည်။ သို့သော် သူဟာ ခပ်မြန်မြန် ဟန်အမူအရာ ပြန်ထိန်းသည်။

“ပစ်”

သူဟာ အနည်းငယ်ပင် တုန့်ဆိုင်းမနေတော့ချေ။ စုဟန်ရှန်းက သူ၏လက်ကို အောက်သို့ယမ်းချသည်။ နဂါးတစ်ကောင် ဟိန်းဟောက်သလို အသံမျိုးနှင့်အတူ လက်နက်ကြီး အလက်ငါးထောင်လုံးကို ပစ်ခတ်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူတို့၏ဦးတည်ရာက မြေသားဒိုင်းကာ စစ်သားများထံသို့ဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်ကိုပင် တုန်ခါစေသည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း ပထမဦးဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုကို အာရုံစိုက်နေကြသည်။ လူတိုင်းက ထွက်လာမည့်ရလဒ်ကို သိချင်နေကြသည်။

ထိုအခိုက်အတန့်တွင် အချိန်ကပင် ရပ်တန့်သွားပြီဟု ထင်ရသည်။ ရှစ်ပေနီးပါးခန့်မြင့်သည့် ကြီးမားသော ဒိုင်းကာကြီးနှင့် တစ်ပေဝက်နီးပါးခန့်ထူသော ဒိုင်းကာကြီးက ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး၏ ထိမှန်ခံရလေသည်။ ဒိုင်း၏အပေါ်ယံမျက်နှာပြင်က ချိုင့်ဝင်သွားပြီး သေးငယ်သော အက်ကွဲကြောင်းရာများက ပေါ်ထွက်လာသည်။ ဒိုင်း၏အနောက်မှ မြေသားဒိုင်းကာ စစ်သားအဖွဲ့ဝင်များကပင် မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့ဟာ ပြင်းထန်သည့် တိုက်ပွဲများကို အတွေ့အကြုံရှိပြီးသားဖြစ်သည်။ နောက်တန်းမှတစ်ဆင့် ထန်စစ်တပ်၏ လက်နက်ကြီးများ၏ စွမ်းအားကို မြင်ခဲ့ပြီးသားဖြစ်သည်။ သို့သော် သူတို့မြင်ဖူးသမျှထဲတွင် အင်အားအကြီးဆုံး လက်နက်ဖြစ်ကြောင်းကိုမူ ငြင်းဆန်၍မရချေ။

သို့သော် မြေသားဒိုင်းကာအပေါ်သို့ ကျရောက်နေသည့် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက လျှင်မြန်စွာဖြင့် လျော့ပါးပျောက်ကွယ်သွားသည်။ သူတို့၏ လက်မောင်းများပေါ်မှ ခံစားရသည့် ထုံကျင်မှုကပင် ခပ်မြန်မြန် ပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်တွင် မြေသားဒိုင်းကာစစ်သားများက စိတ်အေးသွားကြသည်။

အလားတူသော ဖြစ်ရပ်မျိုးက နေရာအနှံ့ ဖြစ်ပျက်နေသည်။ ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှုနောက်တွင် မြေသားဒိုင်းကာ စစ်သည်တစ်သောင်းကျော်က အနည်းငယ်သော ဆုံးရှုံးမှုပင် မရှိသွားဘဲ အောင်မြင်စွာနှင့် ထန်လက်နက်ကြီးများ၏ တိုက်ကွက်ကို တားဆီးနိုင်ခဲ့သည်။

ဘုန်း

ထိုသို့ဖြင့် မြေသားဒိုင်းကာစစ်သားများ၏ အောင်မြင်စွာ တောင့်ခံနိုင်မှုကြောင့် အာရပ်စစ်သည် သောင်းပေါင်းများစွာကလည်း ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။ ထိုအားပေးသံက တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ သူတို့ဟာ မြေသားဒိုင်းကာ စစ်သားများထက်ပင် ပိုပျော်နေပုံရသည်။

အာရပ်များဟာ စစ်ပွဲကို သူတို့၏တာဝန်အဖြစ် သတ်မှတ်ထားကြသည်။ မည်သူကမှ သေရမည်ကို မကြောက်ချေ။ သု့ိသော် အသက်မရှင်ချင်ဟု မဆိုလိုချေ။ ထန်လက်နက်ကြီးများက သူတို့၏ အိမ်မက်ဆိုးဖြစ်သည်။

ဝုန်း

စုဟန်ရှန်းနှင့် ဝမ်ချောင်တို့က ထိုမြင်ကွင်းကြောင့် အနည်းငယ် မျက်နှာတင်းသွားသည်။ ဝမ်ချောင်သည် အမျိုးမျိုးသော ဒိုင်းကာစစ်တပ်များကို မြင်ဖူးသည်။ သို့သော် ပထမဦးဆုံးအကြိမ်အနေနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် ဒိုင်းများ၏ စွမ်းအားကို ပေါင်းစပ်ထားသည့် အနေအထားမျိုးကို မြင်ဖူးခြင်း ဖြစ်နေသည်။ သံသယဝင်ရန် မလိုလောက်အောင် ဒါဟာ ဝမ်ချောင် တစ်ဘဝလုံးစာ မြင်ဖူးသမျှတွင် အင်အားအကြီးဆုံး ဒိုင်းကာစစ်သားများ ဖြစ်လာသည်။

စုဟန်ရှန်းက ချက်ချင်းလိုလို အကြံကိုပြောင်းသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ”

“ပစ်တာကို ရပ်ထားဦး လက်နက်ကြီးတွေ အရင်ဆုံး ငါးဖွဲ့ခွဲ။ ဒီဒိုင်းတွေရဲ့ အပေါ်ပိုင်းကို ဦးတည်ပြီး ပစ်ရမယ်”

ခလွက် ခလွက်

စုဟန်ရှန်းက လက်နက်ကြီး ငါးထောင်ကို သူ၏ခန္ဓာကိုယ်မှ အစိတ်အပိုင်းများလို ထိန်းချုပ်နိုင်သည်။ သူ၏အမိန့်ကလည်း ခပ်မြန်မြန်ပင် သယ်ဆောင်ခံရ၏။ လက်နက်ကြီး အဖွဲ့ဝင်များက ငါးဖွဲ့ကွဲသွားသည်။ သူတို့က လူငါးထောင်မှ တစ်ထောင်ဆီသို့ ပစ်မှတ်ပြောင်းသွားသည်။

“ပစ်”

စုဟန်ရှန်းက သူ၏ညာလက်ကို အောက်သို့ချသည်။

ဘုန်း ဘုန်း ဘုန်း

လက်နက်ကြီး ငါးဖွဲ့လုံးက ရှေ့သို့တိုးသည်။ ထိုသို့ဖြင့် ချောမွေ့စွာနှင့် အကွာအဝေး ပေထောင်ပေါင်းများစွာကို ကျော်ဖြတ်လိုက်ကြသည်။ သူတို့ဟာ ကြီးမားသော ဒိုင်းကြီးတစ်ခုတည်းကို ချိန်ရွယ်ရန် ကြိုးစားကြည့်ကြသည်။

ရှစ်ပေနီးပါးခန့်မြင့်သည်။ ဒိုင်းကြီး၏အနောက်မှ မြေသားဒိုင်းကာ စစ်သည်တော်ဟာ အသက်ရှုချိန် မချောင်သေးခင် မည်သည့်အချိန်ကမှ မကြုံဖူးသော ပစ်ခတ်မှုမျိုးကို ကြုံလိုက်ရသည်။ ကြီးမားသော ဒိုင်းကြီးက ကွဲကြေလုနီးပါးဖြစ်သွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့် ဆက်တိုက် တုန်ခါသွားသည်။ ထိုအခိုက်အတန့်တွင် သူ၏ဒိုင်းထဲသို့ ဖျက်ဆီးလာသည့် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက သူ၏လက်မောင်း အပေါ်ပိုင်းသို့ရောက်သည်။ ထို့နောက် ပုခုံးကိုကျော်ဖြတ်သွားပြီး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သည်။

ခွက်

ထိုဒိုင်းကာစစ်သားက သွေးအန်ထုတ်လုနီးပါး ဖြစ်သွားသည်။

“အား”

စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် မြေသားဒိုင်းကာစစ်သားဟာ တောင့်မခံနိုင်တော့ဘဲ လေထဲသို့ လွင့်ထွက်သွားသည်။ အခြားသောစစ်သားများကလည်း သူတို့၏ ပြင်းထန်လွန်းသော ခန္ဓာကိုယ် ခွန်အားကြောင့် တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် လက်နက်ကြီး တပ်ဖွဲ့ ငါးဖွဲ့လုံး၏ ပစ်ခတ်မှုများက သူတို့ကို တဖန်တွန်းအားပေးနိုင်သေးသည်။ ထိုသို့ဖြင့် မြေပြင်တွင် ကြီးမားသည့် တူးမြောင်းရာကြီးများဖြင့် သူတို့က ဆက်တိုက် ရွေ့သွားကြသည်။

“ပစ်”

စုဟန်ရှန်း၏မျက်လုံးက တောက်ပသွားသည်။ သူက ရှေ့သို့သာ စိုက်ကြည့်နေသည်။ ပထမတစ်ကြိမ် တိုက်ကွက်မှ ရလဒ်ကို မြင်လိုက်ရပြီးနောက်တွင် စုဟန်ရှန်းက နောက်ထပ်တစ်သုတ်ကို ထပ်ပစ်ရန် အမိန့်ပေးလိုက်သည်။

ထန်လက်နက်ကြီးများ၏ တိုက်ကွက်များကို ရင်ဆိုင်ရရာတွင် မည်သူကမှ ခန္ဓာကိုယ်ခွန်အား တစ်မျိုးတည်းနှင့် တောင့်မခံနိုင်ချေ။ စုဟန်ရှန်း၏အမြင်တွင် သူ၏ရန်သူများက မည်မျှအင်အားကြီးမားနေစေကာမူ ဒီနည်းလမ်းက သက်ရောက်မှုရှိကြောင်း သက်သေပြပြီးသားဖြစ်သည်။ ထို့ကြောင့် ဒိုင်းကာစစ်သားများကလည်း လက်နက်ကြီးများ၏အရှေ့တွင် သေနိုင်သည်။

“အား”

ဒုတိယတစ်သုတ် ထပ်မံပစ်ခတ်သောအခါ လူသားဒိုင်းကာအဖွဲ့ဝင် တစ်သောင်းဟာ ဆုံးရှုံးမှုများ စတင်ပြသလာပြီဖြစ်သည်။ ကြီးမားသော မြေသားဒိုင်းကာကြီးများက အကြိမ်ပေါင်းများစွာ တောင့်ခံနိုင်ခဲ့ပြီး အဆုံးအစမဲ့သော တိုက်ကွက်များအောက်တွင် အက်ကွဲနိုင်သေးသည်။ ထိုသို့ဖြင့် ပေတစ်ရာကျော်ခန့်အထိ မြောက်တက်သွားပြီး အစိတ်စိတ်အပိုင်းပိုင်း ကွဲကြေသွားကြသေးသည်။ အနောက်မှ စစ်သားများကလည်း လေထဲသို့ မြောက်တက်ကုန်သည်။ ထိုသို့ဖြင့် သူတို့၏ ခန္ဓာကိုယ်များက ဆက်တိုက်ထိုးဖောက်ခံရပြီး ပေတစ်ရာကျော်အထိ မြောက်တက်လျှက် ပြင်းထန်သည့် အားအောက်တွင် လွင့်ထွက်သွားကြသည်။

“ပစ် ပစ် ပစ်”

စုဟန်ရှန်း၏ စွန်ရဲကဲ့သို့အကြည့်က မြေသားဒိုင်းကာ စစ်သည်တော်များထံတွင်သာ မြဲမြံလျှက် ရှိနေလေသည်။ သူတို့၏ အဟကြားနေရာကို တန်းမြင်လိုက်သည်နှင့် စုဟန်ရှန်းက ချက်ချင်းလိုလို အခွင့်အရေးကို အရယူပြီး လက်နက်ကြီးများကို အနောက်ဘက်မှ မြင်းတပ်ထံ ပစ်ခိုင်းသည်။ သွေးများက ပန်းထွက်ပြီး မြေပြင်သို့ စီးကျကုန်လျှက် အလောင်းများဟာ မြေပြင်သို့ပြုတ်ကျချိန်တွင် အနောက်မှ သတိလက်လွတ်ဖြစ်နေသော အာရပ်စစ်သည်တော်များကလည်း ဝရုန်းသုန်းကားဖြစ်ရသည်။

“ထပ်ပစ်”

စုဟန်ရှန်း၏ မျက်လုံးက အေးစက်နေသည်။ သူဟာ စစ်သည်တော်များကို တဖန်ထပ်ပစ်ရန် အမိန့်ပေးလိုက်ပြန်သည်။ မြေသားဒိုင်းကာ စစ်သားများနှင့်ယှဉ်သော် သူက အရင်လက်ဦးမှု အရယူရခြင်းအား သဘောကျနေပုံရသည်။

ဘေးဘက်မှ ဝမ်ချောင်က သူ၏ခွာဖြူအရိပ်မြင်းပေါ်တွင်စီးလျှက် အရာအားလုံးကို စောင့်ကြည့်နေသည်။ ထိုအခြေအနေကို မြင်မှသာ ကျေနပ်သလို အသိအမှတ်ပြုဟန် ခေါင်းညိမ့်လိုက်လေသည်။

အခန်း(၁၀၇၃)

လက်နက်ကြီးစစ်တပ်ကို သူ့ကိုပေးလိုက်တာက မှန်ကန်တဲ့ လှုပ်ရှားမှုပဲ။

စုဟန်ရှန်းက သူ့ရဲ့ကြမ်းတမ်းတဲ့ တိုက်ကွက်တွေကြောင့် နာမည်ကျော်ကြားတာ။ ထန်လက်နက်ကြီးရဲ့ အင်အားမျိုးနဲ့ဆိုရင် သူ့ကိုရပ်တန့်လို့ မရနိုင်တော့ဘူး။ ဒီနယ်ပယ်မှာ ချန်းပင်းတောင်မှ သူ့လောက်ထိ မလုပ်နိုင်လောက်ဘူး။

ဝမ်ချောင်က စိတ်ထဲတွင်မှတ်ချက်ချသည်။

အချို့သော လူများက တောက်ပသော မဟာဗိုလ်ချုပ်များဖြစ်ရန် မွေးဖွားလာခြင်းဖြစ်သည်။ သူတို့ဟာ လေ့ကျင့်ပေးခံနေရသော ကာလဝန်းကျင်အတွင်း ရှိနေသည့်တိုင်အောင် မျက်စိကျိန်းလောက်သော အလင်းမျိုးဖြင့် တောက်ပနေပြီးသားဖြစ်သည်။ စုဟန်ရှန်းသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ပြိုင်ဘက်က မည်မျှအင်အားကြီးနေစေကာမူ အမြဲတစေ အခွင့်အရေးကို ရအောင်ရှာပြီး ပြိုင်ဘက်ကို အနိုင်ယူနိုင်ရန် ကြိုးစားမည်ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ထိုအခွင့်အရေးပေါ်လာအောင် ဖန်တီးတတ်သည်။ အာရပ်မြေသားဒိုင်း စစ်တပ်နှင့် တိုက်ခိုက်သော တိုက်ပွဲက အကောင်းဆုံးသော ဥပမာဖြစ်သည်။ သို့သော် ဝမ်ချောင်က ထိုကိစ္စများကို စိုးရိမ်ရန် အချိန်မရှိသေးချေ။ အဝေးတွင် ပို၍များပြားသော ငွေရောင်ပဲ့ဟယ်မော့ အလက်တစ်ထောင်က ထန်ခုခံရေးအားလှိုင်းနှင့် ပေနှစ်ရာပင် မဝေးသောနေရာသို့ ရောက်ရှိလာပြီဖြစ်သည်။ ထိုငွေရောင်ပဲ့ဟယ်မော့များကိုသာ ပို၍နီးကပ်လာခွင့် ပြုလိုက်မည်ဆိုလျှင် ခုခံရေးအားလှိုင်း တစ်ခုလုံးက ချက်ချင်းလိုလို ပြိုကျသွားနိုင်သည်။ မည်သည့် ခုခံမှုကမှ အသုံးမဝင်လောက်တော့ချေ။

“နတ်သိုင်းစစ်တပ် အဆင်သင့်ပြင်”

ဝမ်ချောင်က ရုတ်တရက်အော်သည်။ သူ၏မျက်ဝန်းက အေးစက်သောအလင်းဖြင့် တောက်ပလာသည်။

ဘုန်း

နတ်သိုင်းစစ်တပ်မှ စစ်သည်သုံးထောင်က တညီတညာတည်း ရှေ့သို့တက်လိုက်သည့် အချိန်တွင် မြေကမ္ဘာက ဖနောင့်ပေါက်လိုက်သလို ဘုန်းကနဲ တုန်ခါသွားသည်။ သူတို့၏ကိုယ်က စွမ်းအင်များဖြင့် ပေါက်ကွဲလာလေပြီး အာကာသပြင်ကပင် လိမ်တွန့်သွားလေသည်။

နတ်သိုင်းစစ်တပ်မှ စစ်သည်တော်များ၏ တည်ငြိမ်သော မျက်နှာထားမျိုးနှင့် သူတို့၏ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက ထက်ရှသော ဓားများအလား ထင်ရသည်။

ခဲ့ရှု့ဟန်၏ လက်ရွေးစင် နတ်သိုင်းစစ်တပ်သည် ခုံးတောင်တန်း၏ အနောက်ဘက်ခြမ်းတွင် ပထမဦးဆုံးအကြိမ် ပေါ်ပေါက်လာပြီဖြစ်သည်။ သူတို့၏မျက်ဝန်းက ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် တောက်ပနေလေပြီး ခန္ဓာကိုယ်များကလည်း တိုက်ပွဲအတွက် ပြင်းထန်တင်းကြပ်နေကြသည်။

ခြိမ်း

ငွေရောင်စစ်စက် တစ်ထောင်ကျော်က သံမဏိမြို့ရိုးနှင့် ပေတစ်ရာပင် မဝေးကွာတော့ချေ။

“သွား”

ဆာလောင်နေသော ဝံပုလွေစစ်ဗိုလ်ချုပ် ဝမ်စစ်လီက ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး အမိန့်ကိုပေးသည်။ သူကိုယ်တိုင်ကလည်း ခုခံရေးအားလှိုင်းဘက်မှထွက်ကာ စီးနင်းလာလေသည်။ နတ်သိုင်းစစ်တပ်မှ စစ်သည်သုံးထောင်က ဓားများကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျှက် မြဲမြံစွာ ချီတက်လာကြပြီဖြစ်သည်။

“သတ်”

ခုခံရေးအားလှိုင်း အနောက်တန်းမှထွက်လာသော စစ်သည်သုံးထောင်ကို မြင်လိုက်ရသောအခါ အာရပ်မြင်းတပ် ထောင်ပေါင်းများစွာကလည်း ချက်ချင်းဆိုသလို နေရာရွေ့လာကြသည်။ သူတို့၏ လက်နက်များကို ကောင်းကင်သို့ ထောင်ထားရင်း တောက်ပသောအလင်းကို လွှတ်ထုတ်ထားကြသည်။ ထိုအဖွဲ့ဝင်တိုင်းက လက်ရွေးစင်များဖြစ်သည်။ အားလုံးက အင်အားကြီးမားသည်။ ထိုအရာသာ မကသေးချေ။ သူတို့ဟာ ချီတက်လာသည်နှင့်အမျှ အချင်းချင်း ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းအား ရှိသလို ပူးပေါင်းမှုကိုလည်း ထိန်းသိမ်းထားကြသည်။

ဘုန်း ဘုန်း ဘုန်း

နတ်သိုင်းစစ်တပ်က အာရပ်မြင်းတပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရှေ့သို့အပြေးနှင်သွားသည်။ သူ၏မျက်နှာတွင် ကြောက်လန့်မှုကိုမပြသချေ။

ချွင်

စစ်တပ်နှစ်ခုက ထိပ်တိုက်ဆုံပြီး တိုက်ခိုက်သောအခါ နတ်သိုင်းစစ်တပ် သုံးထောင်ဟာ သူတို့၏ ထက်ရှသော ဓားများကို ဆွဲထုတ်လျှက် ဆုပ်ကိုင်ထားကြသည်။ သူတို့၏လက်နက် အစွန်းများဟာ သူတို့၏ ချည်စက်ကွင်းများကြောင့် ထည်ဝါစွာ တောက်ပလင်းလက်နေပြီဖြစ်သည်။ တစ်ချက်တည်းနှင့် အာရပ်မြင်းတပ် သုံးထောင်က သူတို့၏မြင်းများနှင့်အတူ နှစ်ခြမ်းအခွဲခံရသည်။

ထိုအာရပ်အလောင်းများက မြေပြင်သို့ပြုတ်ကျရန် အချိန်မရှိသေးခင် နတ်သိုင်းစစ်တပ်မှ စစ်သည်တော်များက သူတို့ကို ကျော်ဖြတ်သွားပြီဖြစ်သည်။ ထိုသို့ဖြင့် မရပ်တန့်နိုင်သော အရှိန်အဟုန်မျိုးနှင့် အာရပ်အဖွဲ့ဝင်များထံ ဝင်ရောက်ချီတက်သွားသည်။

ဟီး....

“သူတို့ကိုသတ်”

“သူတို့ရဲ့ပစ်မှတ်က ငွေရောင်ပဲ့ဟယ်မော့တွေပဲ။ သူတို့ကို မချဉ်းကပ်စေနဲ့”

ဆေဘာနှင့်ဓားများ ထိပ်တိုက်တွေ့ဆုံချိန်တွင် တိုက်ခိုက်သံများက ကျယ်လောင်စွာ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် မည်သည့်မြင်းက မည်သူ့အပိုင် ထိုလူက မည်သည့်ဘက်ခြမ်းမှ ဖြစ်ကြောင်း ပြောရန်ပင် မဖြစ်နိုင်တော့ချေ။ ထို့ပြင် ဆေဘာနှင့်ဓားကိုပင် မခွဲနိုင်တော့ချေ။ သွေးမြူများက လေထဲတွင် သိပ်သည်းစွာ တည်ရှိနေသည်။ ထောင်းတက်နေသော သွေးရနံ့က လူတိုင်း၏အသိကိုပင် ပျောက်စေသည်။

သို့သော် မည်မျှများပြားသော အာရပ်မြင်းတပ် အဖွဲ့ဝင်များက ချီတက်လာစေကာမူ သူတို့ဟာ နတ်သိုင်းစစ်တပ်၏ ချီတက်မှုကို မရပ်တန့်နိုင်ကြချေ။

ချွင်

ဓားတစ်လက်ကို တစ်ချက်ယမ်းသောအခါ အလင်းက တစ်ချက်လက်သည်။ ထိုသို့ဖြင့် အာရပ်မြင်းစီးသူ နှစ်ယောက်က သူတို့၏မြင်းများနှင့်အတူ နှစ်ခြမ်းကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက သူတို့၏ ကိုယ်ထည်အကြွင်းအကျန်များကို လေထဲတွင် လွင့်ထွက်သွားစေသေးသည်။

နတ်သိုင်းစစ်တပ်မှ စစ်သည်တော် တစ်ယောက်ချင်းစီတိုင်းက အကောင်းဆုံးများထဲမှ အကောင်းဆုံးများ ဖြစ်သလို ဆယ်နှစ်ကျော်ကြာ မွန်းမံခံထားရသည့် လုံရှီတွင် သူတို့ဟာ မရေမတွက်နိုင်သော တိဗက်မြင်းတပ် အဖွဲ့ဝင်များ၏ ချီတက်မှုကို တားနိုင်ခဲ့သည်။ အရေအတွက် အပြတ်အသပ်သာသော မရေမတွက်နိုင်သည့် တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် ဒီရေကို ပြောင်းပြန်လှန်လျှက် ထယ်ကြီးစစ်တပ်ကို အရှုံးမှအနိုင်အဖြစ် ကယ်ဆယ်နိုင်ခဲ့သည်။

အင်အားချင်း၊ အရှိန်ချင်း၊ ဖြတ်လတ်မှုချင်းယှဉ်သော် နတ်သိုင်းစစ်တပ်မှ ထိုစစ်သားများဟာ လက်ရွေးစင် နယ်မြေအဆင့်သို့ ဆင်းသက်ပြီးလေပြီ။ အာရေးဗီးယား၏ လက်ရွေးစင်မြင်းတပ်က အလွန်လျှင်မြန်သည်ဟု ထင်ရသည့်တိုင်အောင် သူတို့အရှေ့တွင်မူ ကူကယ်ရာမဲ့ပြီး အားနည်းဖျော့တော့သွားရသည်။ နတ်သိုင်းစစ်တပ်မှ စစ်သည်တော်များ၏ တိုက်ကွက်များက မြန်ဆန်လွန်းသလို ခက်ထန်ကြမ်းတမ်းသည်။ သူတို့၏ လှုပ်ရှားမှုများက ရိုးရှင်းသည်။ သို့သော် တိုက်ရိုက်ဆန်သည်။ သူတို့ဟာ ပြင်းထန်လွန်းသောခွန်အားကို ပြသရင်း ရန်သူကို အချိန်အတန်ကြာအောင် ဆက်တိုက်သတ်သွားနိုင်စွမ်းအားရှိသည်။

ဘုန်း ဘုန်း ဘုန်း

နတ်သိုင်းစစ်တပ်က မည်သည့်နေရာသို့ သွားစေကာမူ အာရပ်မြင်းတပ်အဖွဲ့ဝင်များက ဆက်တိုက် ပြိုကျသည်။ နတ်သိုင်းစစ်တပ်၏ အောက်ခြေတွင် အလောင်းများက မရပ်တော့ချေ။ သို့သော် သူတို့ကလည်း ရပ်တန့်ခြင်းမရှိချေ။ အချိန်အနည်းငယ် ကြာပြီးနောက် ငွေရောင်ပဲ့ဟယ်မော့များ၏ အနားသို့ ရောက်လုနီးပါးဖြစ်သွားသည်။

“ထန်လက်ရွေးစင်တွေ လှုပ်ရှားနေကြပြီ။ ငါတို့လည်း ငါတို့ရဲ့လူတွေကို လွှတ်ရမယ်”

အလံနက်လေးခုအောက်မှ ကာရီယိုအစိုးရ အော့စမန်းက တိုက်ပွဲ၏အခြေအနေကို စောင့်ကြည့်နေသည်။ အပြင်းထန်ဆုံးသော တိုက်ပွဲနယ်မြေသို့ကြည့်ပြီးနောက် သူ၏မျက်ဝန်းအတွင်းရှိ ထူးခြားသောအလင်းက လက်လာသည်။

“ဒီအင်အားစုက အန်းရှီကာကွယ်ရေးစစ်တပ်ရဲ့ သံမဏိမြို့ရိုးစစ်တပ်ထက် မနိမ့်ကျဘူး။ သာမာန်လက်ရွေးစင်တွေလောက်က သူတို့ကို မတားနိုင်ဘူး။ ခေါင်းဖြတ်သူစစ်တပ်ကို အသင့်ပြင်ခိုင်းလိုက်”

ခေါင်းဖြတ်သူစစ်တပ်ကို နိုင်းမြစ်၏ နတ်ဘုရားဟုလည်းသိကြသည်။ ဒါက အော့စမန်း၏ အင်အားအကြီးဆုံး နှစ်ခုထဲမှ တစ်ခုလည်းဖြစ်သည်။ သူတို့က ဆမ်ဆာနှင့်မင်းဆက် ပျက်စီးမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့ကြသည်။

ခေါင်းဖြတ်သူစစ်တပ်မှ ကိုယ်စားပြုလက်နက်က ကြီးမားသော အနက်ရောင်ဓားကြီးဖြစ်သည်။ ဒါဟာ သူတို့ကိုင်သည့် ဓားကြီးများဖြစ်သည်။ စစ်သားတစ်ယောက်ချင်းစီတိုင်းက မယုံနိုင်စရာကောင်းလောက်အောင် သန်မာပြီး ရက်စက်သော စိတ်နေသဘောထားရှိသည်။ သူတို့ဟာ သူတို့၏လက်နက်ကိုသုံးပြီး ရန်သူများ၏ခေါင်းကို ဖြတ်ရခြင်းအား သဘောကျသည်။ ထိုသို့လုပ်ခြင်းအားဖြင့် နိုင်းမြစ်၏နတ်ဘုရား မဟာမိကျောင်းကြီးကို ပူဇော်ပသရာရောက်သည်ဟု ယူဆကြသည်။

ခေါင်းဖြတ်သူစစ်တပ်သည် တိုက်ပွဲတိုင်းတွင် ခေါင်းပေါင်းများစွာကို ချန်ထားတတ်သည်။ ရန်သူ၏စစ်တပ်မှ အင်အားအကြီးမားဆုံးသော စစ်သားများကလည်း ခေါင်းပြတ်အဖြစ်သာ ကျန်ရစ်ရသည်။

မရေမတွက်နိုင်သော တိုက်ပွဲများကို ကျော်ဖြတ်ပြီးနောက် ခေါင်းဖြတ်သူစစ်တပ်က ထိုနာမည်ကို ရရှိလာခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေနှင့် သူတို့၏ မူရင်းနာမည်ကပင် မေ့လျော့ခံရသည်။ ထို့ကြောင့် အော့စမန်းကလည်း ထိုနာမည်ကိုသာပေးလိုက်ပြီး ခေါင်းဖြတ်သူစစ်တပ်ဟုသာ ပြောင်းလိုက်သည်။ ဒါက ရန်သူများကို လွှမ်းမိုးနိုင်စွမ်း ပြင်းထန်စေသည်။

အနိုင်ရသူမြင်းပေါ်တွင် ထိုင်နေသည့် ချွီထေပါးက ရုတ်တရက်ပြောသည်။

“ငါ့ရဲ့အမိန့်ကိုထုတ် သွေးသားရဲစစ်တပ်ကို လှုပ်ရှားခိုင်းလိုက်”

သူ၏မျက်နှာထားက တည်ငြိမ်သည်။ မျက်လုံးများကလည်း ခံစားချက်မဲ့သည်။

ချွီထေပါး၏ အနီးအနားဝန်းကျင်မှ ဗိုလ်ချုပ်များက မတုန့်ပြန်နိုင်သေးခင် အပုမူစလင်၊ အားပါးတို့အားလုံးက ကြောင်အသွားကြပြီဖြစ်သည်။

သွေးသားရဲစစ်တပ်သည် ချွီထေပါး၏ အမိန့်အောက်မှ အင်အားအကြီးဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်သလို လခြမ်းကွေး ရှေ့ပြေးတပ်ထက် အဆပေါင်းများစွာ အင်အားကြီးမားသည်။

တိုက်ပွဲတိုင်းလိုလိုတွင် ချွီထေပါးဟာ လခြမ်းကွေးရှေ့ပြေးစစ်တပ်ကို ဦးဆောင်ခိုင်းလေ့ရှိသည်။ သို့သော် ခက်ခဲသော ရန်သူများကို ရင်ဆိုင်ရချိန်မှသာ သွေးသားရဲစစ်တပ်ကိုလွှတ်သည်။

ထိုစစ်တပ်က ရက်စက်လွန်းသော စိတ်နေသဘောထားရှိပြီး အလွန်ခက်ထန်ကြမ်းတမ်းလောက်အောင် ပြင်းထန်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။ သူတို့သည် တောရိုင်းကောင်များနည်းတူ ခက်ထန်ကြမ်းတမ်းစွာဖြင့် ထင်တိုင်းကြဲတတ်သည်။ ရန်သူများကို မစုတ်ဖြဲနိုင်မချင်း နောက်ပြန်မဆုတ်တတ်ချေ။

မြောက်ပိုင်း စစ်နယ်မြေတွင် ချွီထေပါး၏ ထိုစစ်တပ်ဟာ မရေမတွက်နိုင်သော ရန်သူပေါင်းများစွာကို ချေမွနိုင်ခဲ့သည်။ ထိုထဲတွင် တာစုစစ်တပ်ကဲ့သို့ အင်အားကြီးမားသည့် ရန်သူများလည်းပါသည်။

“ဟုတ်ကဲ့အရှင်”

ပြန်ဖြေသံနှင့်အတူ သတင်းပို့က ချောမွေ့စွာထွက်သွားသည်။

အပုမူစလင်က ရုတ်တရက် ကျစ်ရကိုလှည့်ကြည့်ပြီး အမိန့်ပေးသည်။

“ကျစ်ရ ငါ့ရဲ့အမိန့်ကိုထုတ် သွေးသံမဏိစစ်တပ်ကိုလည်း အသင့်ပြင်ခိုင်းလိုက်”

“ဟုတ်ကဲ့အရှင်”

ကျစ်ရက လက်ကိုယမ်းပြီး သတင်းပို့ကို ခပ်မြန်မြန်လွှတ်သည်။

ဘုန်း ဘုန်း ဘုန်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရှုပ်ထွေးသော သင်္ကေတများနှင့် အမျိုးမျိုးသော ပုံစံများကို ဝတ်ဆင်ထားကြသည့် စစ်သည်တော်များက အလံလေးခုအောက်တွင် စုစည်းလာကြသည်။ ထိုစစ်သားများဟာ အမျိုးမျိုးသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။ သူတို့၏ စွမ်းအင်များက တစ်သားတည်းအဖြစ် ပေါင်းစပ်နေသည်။ သူတို့ဟာ အတွေ့အကြုံရှိ စစ်သားဟောင်းများကဲ့သို့ အရှိန်အဝါမျိုးကို လွှတ်ထုတ်ထားသည်။ သူတို့ကို တိုက်ပွဲနယ်မြေတွင် ရပ်တန့်၍မရနိုင်လောက်ချေ။

ဒီတိုင်းရပ်နေရုံသာရှိသေးသည်။ ထိုစစ်သားများ အားလုံးက ကြီးမားလွန်းသော လက်နက်ကြီးတစ်မျိုးနှင့် လေထုကို ထိုးမွှေနေသလို လှုပ်ရှားလာစေသည်။

သံမဏိသွေး စစ်တပ်ဝန်းကျင်တွင် အလင်းနှင့်အမှောင်များက လိမ်ယှက်ထွေးနေပြီး ကြီးမားလွန်းသည့် အာရေးဗီးယား ဓားမောက်ရှည်များ၏ ဓားသွားများအဖြစ် ပြောင်းလဲလာသည်။ ထိုဓားသွားများတွင် သေသပ်ကောင်းမွန်သော ပုံစံမျိုးနှင့်ဖြစ်သည်။

ထိုပုံစံများဟာ အလင်းယိုင်သောကြောင့် ပေါ်လာသော ပုံရိပ်များအလား ခပ်ဖျော့ဖျော့သာ ပေါ်လာနေသော်လည်း ထိုပုံရိပ်ယောင် ဓားမောက်ရှည်များကို ကြည့်ရုံနှင့် ထိုလက်နက်များနှင့် အောက်ဘက်ရှိစစ်တပ်ဟာ တစ်သားတည်းဖြစ်နေပြီး တောင်တန်းများကိုပင် ထွင်းထုသွားနိုင်သည်ဆိုသော ခံစားချက်မျိုးကိုရစေသည်။

သံမဏိသွေးစစ်တပ်

ထိုအင်အားစုသည် အပုမူစလင်၏ အမိန့်အောက်မှ အကြီးဆုံးအင်အားစုဖြစ်သည်။ အန်းရှီကာကွယ်ရေးစစ်တပ်၏ သံမဏိမြို့ရိုးစစ်တပ်နှင့် ယှဉ်နိုင်သည်။

သူတို့သည်လည်း ကြောက်စရာကောင်းလောက်သည်။ ဖော်ပြရန် ခက်ခဲလောက်အောင် တိုက်ခိုက်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားကြပြီး အလွန့်အလွန် သတ်ဖြတ်နိုင်စွမ်းအား ပြင်းထန်သည့် စက်ကြီးများအလားဖြစ်သည်။ သံမဏိမြို့ရိုးစစ်တပ်မှ အဖွဲ့ဝင်ပေါင်းများစွာကို ဒဏ်ရာရစေခဲ့သည်မှာ ထိုသွေးသံမဏိစစ်တပ်ကဖြစ်သည်။

တာလာ့၏ မြင့်မားသော မြို့ရိုးနှင့် သံမဏိသွေးစစ်တပ်က မြို့ရိုးများကို ကုန်းတက်ပြီး ရန်သူ၏ဝင်္ကပါကို ဖွင့်ရာတွင် မကျွမ်းကျင်သော အချက်များကြောင့်သာမဟုတ်လျှင် မြေပြင်တွင် မည်သည့်အင်အားစုက ကျန်ရစ်မည်ဖြစ်ကြောင်း ပြောရန်ခက်ခဲလောက်သည်။

သံမဏိသွေးစစ်တပ်သည် ကြမ်းတမ်းသော တိုက်ပွဲများတွင် ကျွမ်းကျင်သည်။ သူတို့ဟာ မြို့ကိုဝင်စီးရာတွင် မတော်ပေ။

ဝှစ်

အာရပ်ဘက်မှ ပြင်းထန်သော လေပြင်းက တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာသည့်အချိန်တွင် လေထုအတွင်း ပြောင်းလဲသွားသော အခြေအနေကို မည်သူကမှ သတိမထားမိလောက်ချေ။

.....

နတ်သိုင်းစစ်တပ်မှ စစ်သည်သုံးထောင်က အာရပ်ခုခံရေးအားလှိုင်းများကို ဆက်တိုက်ကျော်ဖြတ်ကာ ထိုးဖောက်ဝင်ရောက်ပြီး ငွေရောင်ပဲ့ဟယ်မော့များထံ သတ်ဖြတ်ခြင်းလမ်းကြောင်းကို ဖောက်နေသည့် အချိန်တွင်...

ရုတ်တရက် ထန်ဘယ်ဘက်ခြမ်းမှ ဝရုန်းသုန်းကားဖြစ်နေသော အခြေအနေမျိုးက ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော စစ်မြင်းများ၏ဟီသံ၊ အော်သံများက ထွက်ပေါ်လာသည်။ မည်သူကမှ မတုန့်ပြန်နိုင်သေးခင် အာရပ်ဘက်မှ အင်အားကြီးမားသည့် အင်အားစုတစ်ဖွဲ့က ချီတက်လာသည်။

ထိုစစ်သားများက အခြားသော အာရပ်များနှင့် ခြားနားသည်။ သူတို့၏ကိုယ်ကို ထူထည်းသော သံချပ်ကာများက အုပ်ထားသည်။ အားလုံး၏ ဝတ်ဆင်ထားသော ဦးထုပ်များကြောင့် သူတို့၏ ခန္ဓာကိုယ်တွင် ပေါ်ထွက်နေသည်မှာ ထိုခေါင်းဆောင်းများမှ တီပုံသဏ္ဍန် ခပ်ပါးပါး အဟနေရာသာဖြစ်သည်။

အထူးခြားဆုံးကမူ သူတို့၏ လေးလံလွန်းသော ဓားများဖြစ်သည်။ ထိုဓားများက လေးပေကျော်ခန့်ရှည်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဆူးချွန်များနှင့် ပြည့်နှက်နေသည်။

“သတ်”

လေးလံသော သံချပ်ကာဝတ် စစ်သားတစ်ယောက်က သူ၏ဓားကို လက်နှစ်ဖက်လုံးဖြင့် ကျစ်ကျစ်ပါအောင်ကိုင်ပြီး မြင်းပေါ်မှခုန်ချသည်။ သူ၏မျက်လုံးက ဒေါသဖြင့် ပြူးထွက်နေရင်း လေထဲသို့ ခုတ်ချသည်။ ထိုခုတ်ချက်မှ ထွက်ပေါ်လာသော ပြင်းထန်သည့်အားက ထန်စစ်သည်တော်ကို ဒေါင်လိုက်ဖြတ်လိုက်နိုင်သည်။ သူ၏ဘက်ဘက်ပုခုံးမှ စတင်ပြီး ညာဘက်တင်ပဆုံရိုးထိ ကန့်လတ်ဖြတ် ဖြတ်ချလိုက်ပြီးနောက်တွင် သူနှင့်သံချပ်ကာကို တိုက်ရိုက်ခွဲထုတ်လိုက်သည်။ ထိုအလောင်းက မြေပြင်သို့ ပြုတ်ကျရန် အချိန်မရှိသေးခင် ဓားကတဖန် အပေါ်ပြန်မြောက်တက်သွားပြီး ခေါင်းပြတ်ကို လေထဲသို့ လွင့်ထွက်သွားစေလေသည်။

ပို၍များပြားသော သံချပ်ကာဝတ် စစ်သားများက မြင်းပေါ်မှဆင်းလာကြသည်။ သူတို့၏ လက်များက ကြီးမားသော ဓားကြီးများကို ဆုပ်ကိုင်လျှက် တစ်ခေါင်းပြီးတစ်ခေါင်း ဖြတ်ကြသည်။

“သတိထား”

ထိုသို့ဖြင့် စစ်တပ်အတွင်း အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ဘယ်ဘက်ခြမ်းမှ စစ်သည်တော်များက ခပ်ကြမ်းကြမ်း ခုခံနေရသည့် အချိန်တွင် လေးလံသော သံချပ်ကာဝတ် စစ်သားများကမူ မရပ်တန့်နိုင်သော အရှိန်နှုန်းဖြင့် ထန်များကို အလုံးအရင်းနှင့် သုတ်သင်လာသည်။

ထိုသို့ဖြင့် အစပိုင်းအရှုံးက ဝရုန်းသုန်းကားဖြစ်သော အနေအထားထိ ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက မြောက်များလှစွာသော စစ်သားများ၏အောက်တွင် လဲပြိုကျရသည်။ ထိုသို့ဖြင့် အလောင်းတောင်က ပုံလာသည်။

အခန်း(၁၀၇၄)

“အရှင် ဒါက အာရပ်တွေရဲ့ ထိပ်တန်းတပ်ဖွဲ့ ဖြစ်လောက်တယ်”

ခုံးကျစ်အန်းက ဝမ်ချောင်ကိုလှည့်ကြည့်ပြီး စိုးရိမ်နေသော မျက်နှာထားမျိုးနှင့် မေးသည်။ အခြားလူများက မတုန့်ပြန်နိုင်လောက်သော်လည်း ခုံးကျစ်အန်းကမူ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုစစ်တပ်ဟာ သာမာန် လက်ရွေးစင်အဖွဲ့ မဟုတ်ကြောင်း သိလိုက်သည်။ ဒါဟာ သံမဏိမြို့ရိုး စစ်တပ်ကိုပင် ယှဉ်နိုင်သည့် လက်ရွေးစင်စစ်တပ်ဖြစ်သည်။ သာမာန်စစ်သားများက သူတို့ကို မတားနိုင်ချေ။

“ကျောင်းဖုန်းချန်း”

ဝမ်ချောင်က နောက်သို့ ခေါင်းမလှည့်ဘဲအော်သည်။ သူ၏မျက်ဝန်းက အေးစက်သောအလင်း လက်သွားသည်။

“ဟုတ်ကဲ့အရှင်”

ကျောင်းဖုန်းချန်းက ခေါင်းကိုလှည့်ပြီး ဘယ်ဘက်ခြမ်းမှ လေးလံသော သံချပ်ကာဝတ် စစ်သားများကို စိုက်ကြည့်သည်။ သူ၏လက်ကို တစ်ချက်ယမ်းပြီး ရှေ့သို့ချီတက်သွားသည်။

“ရွှမ်ဝူစစ်တပ် ငါ့ရဲ့အမိန့်ကိုနာခံ ငါ့ရဲ့နောက်ကလိုက်ခဲ့ကြ”

မျက်တောင်တစ်ခတ် အချိန်အတွင်း ရွှမ်ဝူစစ်တပ် အဖွဲ့ဝင်ရှစ်ထောင်က ဝမ်ချောင်၏နောက်မှ စတင်ကာ ထွက်ခွာသွားသည်။

တခဏခန့်သာ ကြာသေးသည်။ အာရပ်နောက်တန်းမှ သားရဲများလို ဟိန်းသံကထွက်လာသည်။

ငွေရောင်ပဲ့ဟယ်မော့ ထောင်ကျော်၏ အနောက်ဘက်မှ အာရပ်မြင်းတပ်က နတ်သိုင်းစစ်တပ် သုံးထောင်နှင့် ထိပ်တိုက်ရင်ဆိုင်နေရာမှ ရုတ်တရက် အရှိန်အဝါမြင့် ရေလှိုင်းကြီးတစ်လုံးကို ထိပ်တိုက်ရင်ဆိုင်ရသလိုမျိုး ဘေးဘက်များသို့ စီးထွက်သလို ထွက်ပြေးကုန်ကြသည်။

တစ်ချိန်ထဲလိုလို ဝမ်စစ်လီ၏စိတ်က တုန်ယင်သွားသည်။ သူက တစ်စုံတစ်ရာကို အာရုံခံမိသလိုပုံပေါ်သည်။ သူဟာ ခေါင်းကိုမော့ပြီး ဝရုန်းသုန်းကား ဖြစ်နေသော နေရာသို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ သူရှိရာဘက်သို့ လိမ့်တက်လာသည့် သွေးမြူတိမ်စိုင်များကို မြင်လိုက်ရလေသည်။ သူဟာ သွေးမြူအတွင်းရှိ အရာအားလုံးကို မြင်နိုင်နေသည့်တိုင်အောင် ဖော်ပြရန်ခက်ခဲလွန်းသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ခံစားမိသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံကြ။ စစ်သားတွေအားလုံး အသင့်ပြင်”

ချွင်

စူးရှလွန်းသော အော်သံနှင့် ဓားမောက်ရှည်တစ်လက်က လေထုကို ထိုးခွဲသွားသည်။ ဝမ်စစ်လီက စုံစမ်းစစ်ဆေးရန် အချိန်မရှိသေးခင် အာရပ်စစ်တပ် နောက်တန်းမှ တစ္ဆေတစ်ကောင်လို ပုံရိပ်တစ်ခုက ခုန်ထွက်လာသည်။ သူဟာ တိုက်ပွဲနယ်မြေတွင် စက်ဝိုင်းခြမ်းလို ပုံသဏ္ဍန်မျိုးကို ရေးဆွဲလိုက်လေရင်း မိုးခြိမ်းမတက် ကျယ်လောင်ပြင်းထန်လွန်းသည့် အရှိန်အဝါအပြည့်နှင့် ဝမ်စစ်လီ၏ရှေ့သို့ ခုန်ဆင်းလာသည်။

ချွင်

ဆံပင်တစ်မျှစာမျှ ပါးလျလွန်းသည့် ဆေဘာစွမ်းအင်တစ်မျှင်က သူ့ထံဝင်ရောက်လာသည်။ ဝမ်စစ်လီက ထိုလူကို အရင်ဆုံး သတိပြုမိသောအခါ ထိုလူဟာ လေထဲရှိ ပေတစ်ရာခန့် အမြင့်တွင်ဖြစ်သည်။ သို့သော် ယခုမူ ထိုဆေဘာက သူ၏အရှေ့တည့်တည့်သို့ ရောက်လာသည်။ သွယ်လျသော ဆေဘာဓားအစွန်းက စက္ကူစလိုမျိုး ပါးလျလွန်းသည်။ သို့သော် လျှင်မြန်စွာဖြင့် ဝမ်စစ်လီ၏ မျက်ဝန်းထဲတွင် ကြီးသထက် ကြီးလာရင်း သူ့ဆီခုတ်ချသည်။

ခြိမ်း

တွေးတောရန် အချိန်မရှိတော့သည့် ဝမ်စစ်လီက သူ၏ဆာလောင်ခြင်း ဝံပုလွေ မဟာဓားကြီးကို လွှဲယမ်းလိုက်ကာ ကြောက်မက်ဖွယ်ကောင်းသည့် ခုတ်ချက်ကို အတက်နိုင်ဆုံး ခုခံလိုက်သည်။

ဆာလောင်ခြင်းဝံပုလွေ မဟာဓားနှင့် အာရေးဗီးယား ဓားမောက်ရှည်က ထိပ်တိုက်ရင်ဆိုင်သောအခါ ကျယ်လောင်သည့် စွမ်းအားကြီးမားသော အားလှိုင်းများကို လွှတ်ထုတ်သည်။ ထိုနယ်မြေ တစ်ခုလုံးကိုပင် လွှမ်းခြုံသွားသေးသည်။

ဘန်း ဘန်း ဘန်း

ထိုတိုက်ကွက်ကို တားဆီးလိုက်ခြင်းက ဝမ်စစ်လီကို ပေတစ်ရာကျော်ခန့်အထိ လွင့်ထွက်သွားစေသည်။

ထို့နောက် တခဏတွင် ဝမ်စစ်လီက မြေပြင်ကို ဖနောင့်နှင့်ပေါက်လိုက်သည်။ ထိုအခါ ကျောက်သားများက လွင့်ထွက်သွားလေသည်။ ဝမ်စစ်လီက ချက်ချင်းလိုလို ခေါင်းကိုမော့ပြီး အဝေးသို့ကြည့်လိုက်သည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသောလူက မုတ်ဆိတ်မွှေးအပြည့်နှင့် အာရပ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ သူ၏မျက်လုံးက စွန်ရဲကဲ့သို့ စူးရှသည်။ နှာတံကလည်းမြင့်သည်။ ထိုလူဟာ အနီရင့်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး သူရပ်နေသော နေရာမှ အနီရောင်မြူထုများက ဝမ်စစ်လီရပ်နေသော နေရာအထိ လိမ့်တက်လာသေးသည်။

ထိုလူဟာ ရှင်းလင်းစွာဖြင့်ပင် ဝမ်စစ်လီက သူ့ကို တားနိုင်ခဲ့သည့်အတွက် မှင်သက်သွားပုံရသည်။ သို့သော် ခပ်မြန်မြန် တုန့်ပြန်လိုက်ပြီး ရက်စက်သော အပြုံးမျိုးကိုပြုံးသည်။

“မင်းတို့အားလုံး အရှင်ချွီထေပါးရဲ့အမိန့်ကို နားလည်ကြလား။ နောက်ဆုတ်တဲ့ကောင် သေရမယ်။ အားလုံးကိုသတ်”

မန်ဆာသည် ခက်ထန်ကြမ်းတမ်းစွာ ရယ်မောရင်း ဆေဘာဓားကြီးကိုရှေ့သို့ လွှဲယမ်းလိုက်ပြန်သည်။

ခြိမ်း

တူညီသော အနီရင့်ရောင် သံချပ်ကာကို ဝတ်ဆင်ထားကြသည့် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်း များစွာက သူ့ကိုကျော်ဖြတ်ကာ မြင်းကိုဒုန်းစိုင်း စီးသွားကြသည်။ သူတို့၏ကိုယ်ပေါ်မှ ရက်စက်ကြမ်းတမ်းပြီး ဆာလောင်သည့် အရှိန်အဝါများက ချောင်းမြောင်းနေသော သားရဲတစ်အုပ်လိုမျိုး နတ်သိုင်းစစ်တပ် သုံးထောင်ထံ ခုန်ဝင်သွားကြသည်။

“ဟွန်း ထိပ်တန်းအဆင့် အာရပ်စစ်တပ်ပေါ့”

ဝမ်စစ်လီက နှာခေါင်းရှုံ့လိုက်သည်။ သူဟာ အခြေအနေကို နားလည်သွားသည်။ အာရပ်များဟာ နတ်သိုင်းစစ်တပ် လှုပ်ရှားကြောင်း မြင်လိုက်သဖြင့် သူတို့၏ထိပ်တန်းအဆင့် စစ်သည်တော်များကို လွှတ်လိုက်ခြင်းဖြစ်ကြောင်း ရှင်းလင်းနေသည်။ သို့သော် နတ်သိုင်းစစ်တပ်ဟာလည်း လုံရှီ၏ ထယ်ကြီးစစ်တပ်မှ အင်အားအကြီးဆုံး လက်ရွေးစင်အကျဆုံး အင်အားစုဖြစ်နေသေးသည်။

“လာစမ်းပါ ငါကလည်း အာရပ်တွေ ဘယ်လောက်လုပ်နိုင်လဲ သိချင်နေတာ”

ဝမ်စစ်လီက မျက်ဝန်းက အေးစက်သောအလင်းနှင့် တောက်ပသွားသည်။ သူဟာ ဆာလောင်သော ဝံပုလွေ မဟာဓားကြီးကို လွှဲယမ်းလိုက်သည်။ သူ၏မျက်ဝန်းက ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် ဖောက်ခွဲသွားသည်။

နတ်သိုင်းစစ်တပ်သည် မျိုးနွယ်ခြားများ၏ တိုက်ပွဲနယ်မြေတွင် နောက်တွန့်ရိုးထုံးစံ မရှိသလို အတွေ့အကြုံရှိပြီး ကျွမ်းကျင်လွန်းသော စစ်တပ်ကို နောက်ဆုတ်အောင် လုပ်နိုင်သော တိုက်ပွဲမျိုးကိုလည်း မကြုံဖူးသေးချေ။ သွေးသားရဲစစ်တပ်ကပင် မလုပ်နိုင်ချေ။

“အားလုံးပဲ ငါ့ရဲ့နောက်ကိုလိုက် ချီတက်”

ဝမ်စစ်လီက ဓားကိုယမ်းသည်။ တစ်ဖက်သူက စတင်တိုက်ခိုက်လာမည့် အချိန်ကို စောင့်မနေဘဲသူ၏ လူသုံးထောင်ကို ဦးဆောင်ပြီး အရင်ချီတက်သွားခဲ့သည်။ ထိုသို့ဖြင့် သာလွန်သည်ဟု ထင်ရလောက်သော သွေးသားရဲစစ်တပ်ကို ထိုးဖောက်တိုက်ခိုက်ရန် ကြိုးစားသည်။

ဘန်း

ဖနောင့်တစ်ချက် ပေါက်လိုက်ရုံနှင့် ဝမ်စစ်လီက လေထဲသို့ အမြှောက်တစ်ခုလို ခုန်တက်သွားသည်။ ထိုသို့ဖြင့်သူက သွေးသားရဲစစ်တပ်မှ ဗိုလ်ချုပ်ဟုယူဆရသော မန်ဆာထံ ခုန်ဝင်သွားသည်။

သူ၏ခြေထောက်အောက်မှ တောက်ပလွန်းသော ချည်စက်ကွင်းက ပေါက်ကွဲသွားသည်။ ခြေထောက်အောက်ဘက်ရှိ ထိတွေ့ကိုင်တွယ်၍ရသော အရာအားလုံးက ကျယ်လောင်သော ပေါက်ကွဲသံနှင့် ကွဲကြေသွားသည်။ ထိုချည်စက်ကွင်း အတွင်းတွင် ကြယ်ခုနှစ်စင်းကို မြင်နိုင်သည်။

ဝမ်စစ်လီ၏ အနောက်တွင် အဖြူအမည်း အရိပ်များက လိမ်ယှက်ထွေးနေလျှက် တောင်တန်းတစ်လုံးမျှ ကြီးမားလွန်းလှသည့် ဆာလောင်နေသော ဝံပုလွေတစ်ကောင်၏ပုံကို ထုတ်ဖော်သည်။

“သတ်”

နတ်သိုင်းစစ်တပ်မှ စစ်သည်သုံးထောင်ကလည်း တုန့်ဆိုင်းမှုကို မပြသချေ။ သူတို့ဟာ အကြောက်အလန့် မရှိချေ။ သူတို့၏ ဓားအလက်သုံးထောင်လုံးကို လေထဲသို့ မြှောက်တင်လိုက်ရင်း နတ်သိုင်းစစ်တပ်၏ သိပ်သည်းသော အဟကြားမရှိသည့် ချီတက်ပုံမျိုးနှင့်အတူ ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းနှင့် တစ်ဖက်မှ သားရဲအုပ်ထံ ချီတက်သွားကြသည်။

“ဟွန်း သေချင်နေတာပဲ”

မန်ဆာက အေးစက်စွာရယ်သည်။ သူ၏မျက်ဝန်းအတွင်း ဆိုးယုတ်သော အလင်းတစ်ချက်က ဖြတ်ပြေးသွားသည်။

ချွင်

သူဟာလည်း ဓားမောက်ရှည်ကိုမြှောက်သည်။ မန်ဆာက ဝမ်စစ်လီထံ တစ္ဆေတစ်ကောင်လို ခုန်ဝင်သွားပြန်သည်။

သွေးသားရဲစစ်တပ်သည် ချွီထေပါး၏ အမိန့်အောက်မှ အကြမ်းတမ်းဆုံး စစ်သွေးအကြွဆုံး စစ်တပ်ဖြစ်သည်။ မြောက်ပိုင်းစစ်နယ်မြေတွင် မန်ဆာသည် သူ့ကိုယှဉ်နိုင်သောလူကို မကြုံဖူးသေးချေ။ ထိုထန်ဟာ သူ၏သွေးသားရဲစစ်တပ်ကို တားနိုင်ခြင်း မရှိရချေ။

ဘုန်း

မန်ဆာနှင့် ဝမ်စစ်လီတို့က ဥက္ကာတုံးကြီးများ အချင်းချင်းတိုက်သလို ထိပ်တိုက်ရင်ဆိုင်နေကြချိန်တွင် ကောင်းကင်ပြင်က ပေါက်ကွဲသလို အသံများက ဆက်တိုက်ထွက်ပေါ်လာပြီး ပြင်းထန်သော လေပြင်းကို တိုက်ခတ်စေသည်။ သဲမုန်တိုင်းက ထွက်ပေါ်လာပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးကို လျှင်မြန်စွာ လွှမ်းခြုံသည်။

ဘန်း ဘန်း ဘန်း

လေထဲတွင် ဓားမောက်ရှည်များ၊ ဓားများ ထိပ်တိုက်ရင်ဆိုင်သည်။ ထိုသို့ဖြင့် ကျယ်လောင်လွန်းသော သတ္ထုချင်းထိခတ်သံက ထွက်ပေါ်လာပြန်သည်။

ဘုန်း

ဓားချည်ပေါက်ကွဲမှုနှင့် နတ်သိုင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်က သွေးသားရဲစစ်တပ်မှ စစ်သည်တော်တစ်ယောက်နှင့် လက်နက်ချင်း ထိပ်တိုက်ရင်ဆိုင်သည်။ နှစ်ဖက်လုံးမှ ဖော်ပြရန်ခက်ခဲလောက်အောင် ပြင်းထန်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားကြသည်။ နှစ်ဖက်လုံးက ခက်ထန်သော ခွန်အားမျိုးကို ပိုင်ဆိုင်ထားကြသည်။

ကြီးမားလွန်းသော အားလှိုင်းတစ်ရပ်က သူတို့၏ တစ်ချိန်ထိပ်တိုက်ရင်ဆိုင်မှုအောက်တွင် တဖန် ထွက်ပေါ်လာသည်။ သို့သော် စစ်သားနှစ်ယောက်လုံးက နောက်မတွန့်သွားကြချေ။ နှစ်ယောက်လုံးက နောက်ဆုတ်မည့်လက္ခဏာလည်းမပြချေ။

ခွန်အား၊ အရှိန်နှုန်း၊ ဖြတ်လတ်မှု၊ အတွေ့အကြုံများ အားလုံးဟာ တိုက်ပွဲရာကျော်ကို ကျော်ဖြတ်ပြီးမှ ဖြစ်တည်လာနိုင်သည်။ သူတို့က ထုတ်ပြသော အင်အားမျိုးဟာ မည်သည့်လက်ရွေးစင် စစ်သားမျိုးကိုမဆို ကျော်လွန်နေသည်။ လက်နက်ချင်း ယှဉ်မည်ဆိုလျှင်ပင် နှစ်ဖက်လုံးက အားသာချက် အရရှာရန် ခက်လာသည်။

သွေးသားရဲစစ်တပ်မှ သံချပ်ကာများ၊ ဓားမောက်ရှည်များကို ချွီထေပါး၏အောက်တွင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး အကောင်းဆုံးသော ပစ္စည်းများနှင့် ပန်းပဲပညာရှင်များကိုသုံးကာ အထောက်အပံ့ အရယူထားသည်။ နတ်သိုင်းစစ်တပ်အတွက်ကမူ ခဲ့ရှု့ဟန်ကလည်း အလားတူပင် မဟာထယ်ကြီးစစ်တပ်မှ မဟာဗိုလ်ချုပ်ကြီးဖြစ်သည့်အလျောက် သူတော်စင်ဧကရာဇ်ထံမှ အကောင်းဆုံးသော အရင်းအမြစ်များကို တောင်းဆိုထားနိုင်သည်။

နတ်သိုင်းစစ်တပ်မှ သံချပ်ကာများ လက်နက်များကိုလည်း အင်ပါယာမျိုးနွယ်စု၏ အကောင်းဆုံးသော ပန်းပဲပညာရှင်များက အကောင်းဆုံးသော ပစ္စည်းများကိုသုံးကာ လုပ်ပေးထားသည်။ သူတို့၏ လက်နက်များဟာ မာကြောလွန်းပြီး အကြမ်းခံသည်။ အရက်စက်ဆုံး တိုက်ပွဲ၊ အပြင်းထန်ဆုံး တိုက်ပွဲများတွင်ပင် ပျက်စီးခဲသည်။

ဘုန်း ဘုန်း ဘုန်း

မျက်တောင်တစ်ခတ် အချိန်အတွင်း နတ်သိုင်းစစ်တပ်မှ စစ်သည်သုံးထောင်က သွေးသားရဲစစ်တပ်နှင့် ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွဲနေလေသည်။

နတ်သိုင်းစစ်တပ်မှ စစ်သားများ၏ လှုပ်ရှားမှုတိုင်း၊ သိုင်းပညာတိုင်းက ကျော့ရှင်းကြည့်ကောင်းပြီး သပ်ရပ်သည်။ ပြိုင်ဘက်ကို ချောမွေ့စွာ ရှင်းလင်းလိုသော ရည်ရွယ်ချက်ဖြင့် လှုပ်ရှားနေခြင်းဖြစ်ကြောင်း မြင်ရသည်။ သို့သော် ခုခံရာတွင်မူ ခက်ခဲသည်။

သွေးသားရဲစစ်တပ်မှ စစ်သားများဟာ ထိုနယ်ပယ်ဘက်တွင် အားနည်းချက် ရှိလောက်သော်လည်း သတ်ဖြတ်ခြင်းအတက်တွင်မူ ကျွမ်းကျင်ကြသည်။ ပို၍အရေးကြီးသည်မှာ သူတို့ဘက်က အရေအတွက် အပြတ်အသတ် သာသည်။

“နတ်အကျဉ်းထောင်စစ်တပ် ထွက်သွား”

ခွာဖြူအရိပ်မြင်းပေါ်တွင် ထိုင်နေသည့် ဝမ်ချောင်က နတ်သိုင်းစစ်တပ်နှင့် သွေးသားရဲစစ်တပ်ဘက်မှ အခြေအနေကို ဆက်တိုက်စောင့်ကြည့်နေခြင်းဖြစ်သည်။ စစ်တပ်နှစ်ခုက အင်အားချင်း တူညီနေကြောင်း မြင်ရသည်။ သို့သော် သွေးသားရဲစစ်တပ်ကမူ အရေအတွက် မြောက်များလွန်းနေသည်။ နတ်သိုင်းစစ်တပ် တစ်ခုတည်းက သူတို့၏ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ရန် ခက်ခဲလောက်သည်။ သူကသာ သွေးသားရဲစစ်တပ်ကို အနိုင်ရယူလိုလျှင် အင်အားပိုကြီးသည့် အင်အားစုကို စေလွှတ်ရန် လိုအပ်သည်။

“ဟုတ်ကဲ့”

ကျယ်လောင်သော ပေါက်ကွဲသံတစ်မျိုးနှင့် နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်များက ဓားများကိုဆွဲထုတ်လိုက်ကြပြီး ဝမ်ချောင်၏အနောက်မှ စတင်ကာ ချီတက်ကြသည်။

သူတို့က လှုပ်ရှားသောအခါ သူတို့၏ကိုယ်အတွင်းမှ ရက်စက်လွန်းသော စွမ်းအင်များက ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါအပြည့်နှင့် စီးထွက်လာသည်။

ဝုန်း

တစ်ချိန်ထဲတွင်ပင် ကောင်းကင်အတွင်း ကျယ်ပြောထည်ဝါလွန်းသော ဓားချည်တစ်စင်းက ပေါ်ထွက်လာသည်။ ထိုဓားချည်ကြီးက ကောင်းကင်တခွင်အနှံ့ လည့်ပတ်ပျံသန်းနေသလိုမျိုး ကြီးမားလွန်းသည့် လေဟာနယ်ကို ဖန်တီးလိုက်သည်။ ကောင်းကင်ကပင် ပြောင်ရှင်းသည်အထိ ခုတ်ထွင်ခံရပုံပေါ်သည်။ အာရပ်စစ်တပ်ပင်မဆိုထားဘိ နတ်အကျဉ်းထောင်စစ်တပ်နားမှ ထန်စစ်သည်တော်များကပင် အလွန်အမင်း အံ့အားသင့်နေကြရသည်။

နတ်အကျဉ်းထောင်စစ်တပ်က လွှတ်ထုတ်သော ထက်ရှမှုနှင့် ခက်ထန်ကြမ်းတမ်းလွန်းသည့် ထိုစွမ်းအင်များက အလွန်အမင်း ထက်ရှလွန်းသော ဓားငယ်အလက်တစ်သောင်းကဲ့သို့ ထင်ရသည်။ ထို့ကြောင့် အတက်နိုင်ဆုံး ဝေးဝေးသာနေလိုစိတ် ဖြစ်ပေါ်စေသည်။

နတ်အကျဉ်းထောင်စစ်တပ်သည် တပ်ကူများထဲတွင် အထူးခြားဆုံး အဖွဲ့အစည်းဖြစ်သည်။ ထိုလူများဟာ စကားမပြောကြသလို မပြုံးမရယ်ကြချေ။ သူတို့၏ကိုယ်မှ ထွက်ကာ မြင့်တက်လာနေသော စွမ်းအင်များက နတ်သိုင်းစစ်တပ်ထက် အထက်ရှဆုံးဖြစ်သည်။ ဓားကိုဆွဲထုတ်လိုက်သည်နှင့် သတ်ဖြတ်လိုက်သူကို ချက်ချင်း သတိထားမိလောက်သော အခိုက်အတန့်မျိုးဟုပင် ဆို၍ရလောက်သည်။

ပဟေဠိဖြစ်စရာ အကောင်းဆုံးကိစ္စကမူ နတ်အကျဉ်းထောင်စစ်တပ်က မည်သည့်နေရာကလာကြောင်း မည်သူကမှ မသိကြချေ။ ထို့ပြင် ထိုအင်အားစုနှင့် ပတ်သတ်ပြီး မဟာထန်တွင်ပင် မှတ်တမ်းမရှိချေ။

ဘုန်း

နတ်အကျဉ်းထောင်စစ်တပ်က လှုပ်ရှားသည်နှင့် ပထမခုခံရေး အားလှိုင်းဝန်းကျင်မှ စစ်သားတိုင်းက ဘေးဘက်ခြမ်းသို့ဖယ်ပြီး လမ်းဖွင့်ပေးကြသည်။

“အခွင့်အရေးကောင်းပဲ။ သူတို့အားလုံးကိုသတ်”

တစ်ဖက်မှ အာရပ်မြင်းတပ်က ဒီမြင်ကွင်းကြောင့် ပျော်သွားသည်။ သူတို့က ထန်ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ချင်နေသည်မှာ ကြာလှချေပြီ။ သို့သော် အဟကြားကိုဖွင့်ရန် ခက်ခဲနေကြသည်။ ယခုမူ ထန်များက သူ့ဘာသာသူ နေရာဖွင့်လိုက်ကြသည်။ ထို့ကြောင့် အလွန်အမင်း ရှားပါးသော အခွင့်အရေးကို သူတို့က အရယူချင်သွားကြသည်။

ဟီ

စစ်မြင်းများကအော်ဟစ်သည်။ အာရပ်မြင်းတပ် ထောင်ပေါင်းများစွာက အဟကြားအတွင်းသို့ ပျော်ရွှင်စွာ ဝင်ရောက်ကြသည်။

နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်လေးထောင်က ဝင်ရောက်လာသော အာရပ်မြင်းတပ်များကို မြင်သောအခါ ပို၍မြန်ဆန်သော အရှိန်နှုန်းဖြင့် ချီတက်ကြသည်။ သူတို့၏ဓားများကိုပင်မြှောက်ပြီး မရပ်တန့်နိုင်သော အရှိန်အဟုန်မျိုးနှင့် လွှဲယမ်းလျှက် ရှေ့သို့ချီတက်ကြလေသည်။

အခန်း (၁၀၇၅)

ဘုန်း

နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်လေးထောင်က တစ်ဖက်မှ အာရပ်တပ်ဖွဲ့ဝင်ပေါင်း များစွာနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ ကြီးမားသောဓားကြီးတစ်လက်ဖြင့် ထိုလူအုပ်ကို တစ်ချက်တည်း ခုတ်ချလိုက်သလိုမျိုး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အားလုံးကို သုတ်သင်လိုက်နိုင်သည်။

ဘုန်း ဘုန်း ဘုန်း

နတ်အကျဉ်းထောင်စစ်တပ်က မည်သို့တိုက်ခိုက်လာကြောင်း မည်သူမျှ မမြင်လိုက်ကြချေ။ သို့သော် လက်ရွေးစင် အာရပ်မြင်းတပ် အဖွဲ့ဝင်များအားလုံးက ပေါင်းပင်များလို ခုတ်ချခံရကြောင်းကို မြင်ရသည်။ သူတို့ဟာ အတန်းလိုက် ခုတ်ချခံရခြင်းဖြစ်သည်။

သူတို့၏အလောင်းများက ထောင်ပေါင်းများစွာသော သေးငယ်သည့် အပေါက်များဖြင့် ထိုးဖောက်ခံလိုက်ရသည်။ သို့သော် နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သားများကမူ ထိုအလောင်းများကို တစ်ချက်ပင်မကြည့်ဘဲ လျှင်မြန်စွာ ကျော်ဖြတ်ပြီး နတ်သိုင်းစစ်တပ်နှင့် သွေးသားရဲစစ်တပ်တို့ တိုက်ခိုက်နေရာ နေရာဘက်သို့ သွားကြသည်။

ဘုန်း ဘုန်း ဘုန်း

သူတို့က ကျော်ဖြတ်သွားသည်နှင့် ထိုအာရပ်စစ်တပ်က မြေပြင်ပေါ်သို့ သေးငယ်သော အသားတုံးများအဖြစ် ပြောင်းကာ ပြုတ်ကျသွားကြသည်။

တစ်ချက်တိုက်ခိုက်သည်ဟု မဆိုသာသော အနေအထားမျိုးနှင့်တင် အာရပ်မြင်းတပ် အဖွဲ့ဝင် ခုနှစ်ထောင်ကျော်ခန့်က အသားတုံးလေးများအဖြစ် ပြောင်းလဲသွားရသည်။

နတ်အကျဉ်းထောင်စစ်တပ်မှ အဖွဲ့ဝင်လေးထောင်ဟာ တိတ်တဆိတ်သာ ဆက်၍ချီတက်သည်။ လူအပြည့်အကြပ် ရှိနေသော ဝန်းကျင်မျိုးတွင် သူတို့၏အရှိန်က ပို၍သာ မြင့်သွားသည်။

သူတို့ဟာ မည်သို့သော စစ်သားမျိုး၊ မည်မျှများပြားသော အာရပ်မြင်းတပ် အဖွဲ့ဝင်မျိုးကို ရင်ဆိုင်ရစေကာမူ စက္ကူများကို စုတ်ချေသွားရသလိုမျိုး အသာအယာ ကျော်ဖြတ်ခုတ်ပိုင်းသွားကြသည်။

“ဒါကဘာတွေလဲ”

အဝေးရှိ အော့စမန်း၊ ကျစ်ရနှင့် အားပါးတို့ကလည်း ထိုမြင်ကွင်းကြောင့် မျက်နှာထားများ တင်းမာသွားကြသည်။ မည်သူကမှလည်း အာရပ်စစ်သည် သိန်းကျော်လုံးဟာ သွေးသားရဲစစ်တပ် သို့မဟုတ် ခေါင်းဖြတ်သူစစ်တပ်တို့နှင့် အဆင့်ချင်းတူပါသည်ဟု မဆိုနိုင်လောက်သော်လည်း မည်သူကမှ နေ့ချင်းညချင်း လက်ရွေးစင်ဖြစ်လာသောသူများ မဟုတ်ကြချေ။

သာမာန်တိုက်ပွဲများတွင် အင်အားကြီးမားသော ရန်သူများကပင် သူတို့ကို အလွယ်တကူ မသတ်နိုင်သင့်ချေ။ သွေးသားရဲစစ်တပ်ပင် မဆိုထားဘိ ခေါင်းဖြတ်သူစစ်တပ်ကပင် ထိုမျှအထိ မလုပ်နိုင်ခဲ့ချေ။ သို့သော် ထိုမျှနည်းပါးသော ထန်အင်အားစုလေးကမူ မည်သူ့ကိုမဆို မျက်နှာဖြူဖျော့သွားစေလောက်သည့် တိုက်ခိုက်နိုင်စွမ်းရည်ကို ထုတ်ပြသွားနိုင်သည်။ ထိုလူများ၏ ပူးပေါင်းနိုင်စွမ်းအားက လက်ရွေးစင် အာရပ်အဖွဲ့ဝင်များကိုပင် ဖရဲသီးလှီးသလို လှီးချသွားသည်။

“ငါတို့သူတို့ကို အထင်သေးမိသွားပြီ။ ငါ့ရဲ့အရင်ခန့်မှန်းမှုက မှန်လောက်တယ်။ ဒီအရှေ့ပိုင်း အင်ပါယာက ငါတို့ရင်ဆိုင်ဖူးတဲ့ ဘယ်အင်ပါယာထက်မဆို အင်အားကြီးတယ်”

အားပါးကပြောသည်။

အနက်ရောင်အလံလေးခုလုံး၏ အောက်ဘက်က တိတ်ဆိတ်သွားသည်။ ထိုအခိုက်အတန့်တွင် မည်သူကမှလည်း ဒီအရှေ့ပိုင်းတိုင်းပြည်ဟာ ကျဉ်းမြောင်းသေးငယ်လွန်းပြီး လုံလောက်သော အင်အားကို မပိုင်ဆိုင်ဟု မဆိုရဲကြတော့ချေ။ တာလာ့၏ ထိုစစ်တပ်ဟာ သူတို့၏အာရုံကို အပြည့်အဝ လက်ခံယူရန် လုံလောက်နေသည်။ လေးစားဖွယ်ကောင်းသော အာရပ်များကပင် ဂရုမစိုက်ဘဲ မနေရဲချေ။

“ဒါပေမဲ့ ဒါကပိုပြီး စိတ်ဝင်စားစရာ ကောင်းစေတယ်။ ဆမ်ဆာမင်းဆက်လို အကြွင်းအကျန် အင်အားစုနဲ့ ရင်ဆိုင်ရတာမျိုး ဒါမှမဟုတ် အားနည်းတဲ့ အင်အားစုတွေကို ရင်ဆိုင်ရတာမျိုးနဲ့ယှဉ်ရင် ဒီလို ပိုပြီး ကြောက်စရာကောင်းတဲ့ တိုင်းပြည်မျိုးကို နင်းချရတာက ပြောင်မြောက်တဲ့ လုပ်နိုင်စွမ်းရည်ကို ဖော်ပြနိုင်တယ်။ ငါတောင်မှ နည်းနည်း စိတ်မရှည်ဖြစ်လာတယ်”

အားပါးက နှုတ်ခမ်းသပ်ရင်း ရက်စက်သော အပြုံးမျိုးနဲ့ရယ်သည်။ သူ၏မျက်နှာထားက ပုံမှန်မျက်နှာအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ဝမ်ချောင်၏အနောက်ဘက်ရှိ ဝူရှန်းမြင်းတပ်ကို လှမ်းကြည့်သည်။

“သူတို့ကို မလွှတ်သေးဘူးလား။ ဒီအဖွဲ့တွေက စစ်သားတွေကလည်း ဒီလောက်ထိ အင်အားကြီးနေပြီ။ ဒါဆိုရင် အပုမူစလင်ပြောတဲ့ ဝူရှန်းမြင်းတပ်က ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာကို ငါတအားသိချင်နေတယ်”

တိုက်ပွဲနယ်မြေတွင် နတ်သိုင်းစစ်တပ်နှင့် သွေးသားရဲစစ်တပ်တို့ဟာ အပြင်းထန်ဆုံးသော အခိုက်အတန့်သို့ ရောက်နေကြသည်။

ချွင်

ကျင်းရှစ်ဆယ်နီးပါးခန့် လေးသည့် အနီရင့်ရောင် ဓားမောက်ရှည်ကြီးက စူးရှသော အော်သံနှင့်အတူ အောက်သို့ခုတ်ပိုင်းလိုက်သည့်အခါ သံမဏိကိုပင် ကွဲကြေသွားစေလောက်သည်။

ဘန်း

သို့သော် ထိုဓားမောက်ရှည်ကို လာရောက်တွေ့ဆုံသည့် ဓားကမူ အလင်းမှုန်များ၏အောက်တွင် တောင့်တင်းခိုင်မာစွာ ရပ်နိုင်သည်။

နတ်သိုင်းစစ်တပ်မှ စစ်သည်တော်က သူ၏ဓားကိုကိုင်ပြီး မြေပြင်ပေါ်သို့ ကျွံ့ကျသွားသည်။ သို့သော် တစ်ဖက်သွေးသားရဲစစ်တပ်မှ စစ်သည်တော်၏ သံချပ်ကာကလည်း ကွဲကြေသွားသည်။ သူက ညဉ်းလိုက်ရ၏။ တစ်ယောက်ဟာ အေးစက်ပြီး ခံစားချက်မဲ့သော မျက်နှာထားမျိုးနှင့် ဖြစ်နေပြီး အခြားတစ်ယောက်ကမူ ကြမ်းတမ်းခက်ထန်သော သားရဲတစ်ကောင် ပုံသဏ္ဍန်မျိုးဖြစ်သည်။ နတ်သိုင်းစစ်တပ်က အင်အားချင်း၊ သိုင်းချင်းယှဉ်သော် အနည်းငယ်သော အားသာချက်ကို ရရှိထားသော်လည်း အရေအတွက်ချင်းယှဉ်သော် မည်သည့်အားသာချက်မှမရှိချေ။

ပို၍များပြားသော သွေးသားရဲစစ်တပ်မှ အဖွဲ့ဝင်များက နတ်သိုင်းစစ်တပ် အဖွဲ့ဝင်များကို ဝိုင်းလာကြသည်။ နတ်သိုင်းစစ်တပ် အဖွဲ့ဝင်တစ်ယောက်က ရန်သူနှစ်ယောက်ကို ရင်ဆိုင်နေရသည်။ ထို့ပြင် ပို၍များပြားသော လူများက ဝင်လာနေသေးသည်။ သူတို့က တည်ငြိမ်နေပြီး အညံ့ခံလိုသည့် အမူအရာကို မပြကြသော်လည်း ရှင်းလင်းစွာဖြင့်ပင် သူတို့ဟာလည်း တိုက်ပွဲကလည်း သူတို့၏ ဆုံးရှုံးမှုမှ လွတ်လာကြပြီဖြစ်သည်။

ချွီထေပါးက သူ၏သွေးသားရဲစစ်တပ် တစ်တပ်လုံးကိုလွှတ်ထားသည်။ ခဲ့ရှု့ဟန်ကမူ တစ်စိတ်တစ်ပိုင်းကိုသာ ပေးထားသည်။

ဝုန်း

နတ်သားရဲစစ်တပ်မှ စစ်သည်တော်တစ်ယောက်က သူ၏ထယ်ကြီးဓားကိုယမ်းသည်။ သို့သော် သူဟာ တဖြည်းဖြည်းချင်း အဝိုင်းခံလိုက်ရသည်။ ရုတ်တရက် အနီရင့်ရောင် ဓားမောက်ရှည်နှစ်လက်က နှစ်ဖက်မှ သူ့ကိုခုတ်ပိုင်းတော့မည့် အချိန်တွင် သွေးအလင်းတန်းက ဖြတ်ပြေးသွားသည်။ ရှည်လျားလွန်းသော ဓားတစ်လက်က သွေးသားရဲစစ်တပ်မှ စစ်သည်တော်တစ်ယောက်၏ သံချပ်ကာထဲသို့ ဖောက်ဝင်သွားပြီး ကျော်ဖြတ်သွားလေသည်။

ဝှစ်

နောက်ထပ်ဓားတစ်လက်က သိပ်မကြာခင်ရောက်လာပြီး သွေးသားရဲစစ်တပ်မှ စစ်သည်တော်၏ လည်ပင်းကို ထိုးဖောက်သွားသည်။ ထိုအပြုအမူဟာ ရိုးရှင်းသည်။ ချောမွေ့မြန်ဆန်ပြီး သက်ရောက်မှုလည်းရှိသည်။

စွစ်

ဓားကိုတစ်ချက် ယမ်းလိုက်ပြီးနောက် သွေးသားရဲစစ်တပ်မှ စစ်သည်တော်၏ခေါင်းက လေထဲသု့ိ မြောက်တက်သွားသည်။ ခေါင်းမဲ့သောအလောင်းကမူ သွေးရေတံခွန်နှင့် လွှမ်းခြုံခံရပြီး မြေပြင်ပေါ်တွင် တဆတ်ဆတ်တုန်လျှက် ကျသွားသည်။

နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်တော်က သူ၏ဓားကိုပြန်ရုတ်သည်။ ထို့နောက် ထိုအလောင်းပေါ် တက်နင်းပြီး ခံစားချက်မဲ့စွာနှင့် နောက်ထပ် စစ်သည်တော်တစ်ယောက်ထံ ခုန်ဝင်သွားသည်။ အနောက်ဘက်တွင် ဒုတိယ၊ တတိယ၊ စတုတ္ထ... နတ်အကျဉ်းထောင်စစ်တပ်မှ ဆုံးဖြတ်ချက် ခိုင်မာပြီး မရယ်မပြုံးနှင့် တည်တံ့သော မျက်နှာထားကို ပိုင်ဆိုင်ထားကြသော စစ်သည်တော်များဟာ သွေးသားရဲစစ်တပ်ထံ ဝင်ရောက်သွားကြပြီဖြစ်သည်။

နတ်သိုင်းစစ်တပ်မှ စစ်သည်တော်များနှင့် မတူသည်မှာ နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်တော်တိုင်း၏ မျက်နှာထားများက ဖြူဖျော့နေသည်။ သွေးကင်းမဲ့သည်ဟုပင် ထင်ရသည်။ သို့သော် သူတို့၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကမူ နတ်သိုင်းစစ်တပ်ထက်သာသည်။

ဝှစ်

နောက်ထပ် ဓားတစ်လက်က ရှေ့သို့ဝင်ရောက်သွားသည်။ သွေးသားရဲစစ်တပ်မှ စစ်သည်တော်က ဓားကို မြင်လိုက်ရသော်လည်း မတားနိုင်ခဲ့ချေ။ ထိုဓားက သူ၏ကိုယ်ထဲသို့ ဝင်ရောက်ပြီး သူ့ကိုအောက်သို့ ဆွဲချသွားသော ဖြစ်ရပ်ကိုသာ လက်ခံလိုက်ရသည်။

နတ်အကျဉ်းထောင်စစ်တပ်က ရှေ့သု့ိဆက်လက်ချီတက်သည်။ ထိုစစ်သားများက ရှုပ်ထွေးသောသိုင်းကို မသုံးချေ။ သို့သော် သူတို့၏ဓားက အလွန်မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားနိုင်သည်။ သွေးသားရဲစစ်တပ်မှ စစ်သည်တော်များက အားသွန်ခွန်စိုက် ကြိုးစားပြီး ခုခံကြသည့်တိုင်အောင် နှေးကွေးလွန်းပြန်သည်။ အရှိန်နှုန်းချင်း အနည်းငယ် ကွာခြားချက်ကတင် ရလဒ်ကို ခြားနားသွားစေသေးသည်။

ထိုသွေးသားရဲစစ်တပ်ကလည်း နတ်သိုင်းအဆင့်သို့ ရောက်ရှိပြီးသားဖြစ်သည်။ သို့သော် နတ်အကျဉ်းထောင်စစ်တပ်နှင့် ရင်ဆိုင်ရချိန်တွင်မူ သေးငယ်သော ကွာခြားချက်ကတင် ပြောင်းလဲမှုကြီး များစွာကို ထုတ်ဖော်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

နတ်အကျဉ်းထောင်စစ်တပ်က တိုက်ပွဲအတွင်းသို့ ဝင်ရောက်ကာစသာ ရှိသေးသည်။ ရလဒ်က ပြောင်းလဲသွားသည်။ သွေးသားရဲစစ်တပ်ကလည်း နတ်အကျဉ်းထောင်စစ်တပ်ကို မတားနိုင်ချေ။ ထိုသို့ ရှင်းလင်းစွာဖြင့် အမြစ်ဖြတ်သုတ်သင်ခံရသည်။ ထိုသို့ဖြင့် နတ်သိုင်းစစ်တပ်နှင့် နတ်အကျဉ်းထောင် စစ်တပ်၏ ပူးပေါင်းအင်အားခုနှစ်ထောင်ဟာ အာရပ်များကို ဆိုးရွားသော အခြေအနေသို့ ဆွဲသွင်းလိုက်သည်။

အပုမူစလင်၏ မျက်လုံးက လက်သွားရင်း ရုတ်တရက် အမိန့်ပေးလိုက်သည်။

“ကျစ်ရ ငါ့ရဲ့အမိန့်ကိုထုတ် သွေးသံမဏိစစ်တပ်ကို လွှတ်လိုက်”

ကျစ်ရက ရုတ်တရက် ကြောင်သွားသည်။

“ဒါပေမဲ့အရှင် သွေးသားရဲစစ်တပ်က တိုက်ပွဲထဲကို ဝင်ကာစပဲ ရှိပါသေးတယ်။ သူတို့က အကုန်အစင် သုတ်သင်မခံရသေးပါဘူး။ ကျွန်တော်တို့ အခုလှုပ်ရှားမယ်ဆိုရင် ကျွန်တော်တို့တွေ...”

ကျစ်ရက ချွီထေပါးကိုကြည့်သည်။

သွေးသားရဲစစ်တပ်သည် ချွီထေပါး၏ အင်အားစုဖြစ်သည်။ သူ၏ လက်ရွေးစင်အကျဆုံး အင်အားစု တစ်ခုလည်းဖြစ်သည်။ သူတို့ကသာ သွေးသံမဏိစစ်တပ်ကို ချွီထေပါး၏ သဘောတူညီချက် မရှိဘဲ လွှတ်လိုက်ရင် သူ့ကိုစိန်ခေါ်သလို ဖြစ်သွားနိုင်သည်။ သူ့ကို ရန်စမိနိုင်သည်။

တိုက်ပွဲက စတင်ကာစဖြစ်သည်။ အပုမူစလင်၊ ကျစ်ရ၊ အော့စမန်းတို့က ဘာမှမဆိုသေးသော်လည်း သူတို့၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင်မူ အာရပ်စစ်နတ်ဘုရားနှင့် အရှုပ်အထွေး မဖြစ်လိုစိတ်က ပြင်းထန်လောက်သည်။

“ချွီထေပါးက သဘောတူပြီ”

အပုမူစလင်က ပေါ့ပါးစွာပြောသည်။

“အာ”

ကျစ်ရကကြောင်သွားသည်။ သူဟာ အပုမူစလင်၏ ဘေးတွင်သာ တစ်ချိန်လုံး ရပ်နေခဲ့ခြင်းဖြစ်သည်။ ချွီထေပါးနှင့်လည်း ပေတစ်ဆယ်ကျော်သာ ဝေးလောက်သည်။ သို့သော် သူတို့နှစ်ယောက်ကြားမှ စကားပြောခန်းကို မကြားလိုက်ရချေ။

“တကယ်တန်းပြောရရင် အော့စမန်းရဲ့ ခေါင်းဖြတ်သူစစ်တပ်က ကွင်းထဲကို ဝင်သွားကတည်းက ချွီထေပါးက သဘောတူထားပြီးသား။ အဲ့ဒီအချိန်မှာတင် သူကသူ့ရဲ့အာဏာကို ဖြန့်ဝေပေးထားတယ်။ ဒါကြောင့် ငါတု့ိအနေနဲ့ ဒီလိုကိစ္စတွေလောက်ကို စိုးရိမ်ဖို့မလိုတော့ဘူး”

အပုမူစလင်က ပေါ့ပါးစွာပြောသည်။ ကျစ်ရက အပုမူစလင်ကိုကြည့်သည်။ ထို့နောက် ချွီထေပါးကို ပြန်ကြည့်သည်။ အစပိုင်းတွင် သူဟာ မှင်သက်သွားသော်လည်း ထို့နောက် နားလည်သွားပုံပေါ်သည်။

အင်ပါယာ၏ အစိုးရများတွင် အချင်းချင်း နားလည်မှုရှိသည်။ စကားတစ်ခွန်းမဆို၊ အကြည့်ချင်း ဖလှယ်ရန် မလိုအပ်လေဘဲ ခံစားချက်သပ်သပ်နှင့်တင် တစ်ယောက်၏အတွေးကို တစ်ယောက် နားလည်နိုင်လောက်၏။ ခိုရာစန်း၏ သုတ်သင်မှုတွင် အပုမူစလင်၊ အော့စမန်းနှင့် အားပါးတို့က ထိုနားလည်မှုကို အသုံးပြုခဲ့ကြသည်။ အလားတူစွာပင် ယခုနေရာတွင်လည်း ထိုသို့ဖြစ်လာပုံပေါ်သည်။ သို့သော် ကျစ်ရအနေနှင့် ထိုနားလည်မှုမျိုးကို နားလည်ရန် ခက်ခဲနေသေးသည်။

“သံမဏိသွေးစစ်တပ် တိုက်ခိုက်”

ကျစ်ရက လက်ကိုယမ်းလိုက်ပြီး အမိန့်ကို ချောမွေ့စွာထုတ်လိုက်သည်။

ဝုန်း

သွေးသံမဏိစစ်တပ်က ရှေ့သို့ချီတက်သည်။ ထိုသို့ဖြင့် ရှေ့တန်းသို့ လျှင်မြန်စွာ ချဉ်းကပ်သွားလေသည်။

.....

တိုက်ပွဲနယ်မြေ အခြေအနေက ဆက်တိုက် ပြောင်းလဲနေသည်။ နတ်အကျဉ်းထောင်စစ်တပ်က နတ်သိုင်းစစ်တပ်နှင့်ပေါင်းပြီး ဒီရေကို ပြောင်းပြန်လှန်လိုက်ချိန်တွင် ထန်စစ်တပ် ဘယ်ဘက်ခြမ်းမှ အခြေအနေက ပြောင်းလဲသွားသည်။ သို့သော် အော့စမန်း၏ ခေါင်းဖြတ်သူစစ်တပ်နှင့် ရွှမ်ဝူစစ်တပ်တို့ကမူ ပူပြင်းလွန်းသော အနေအထားမျိုးကို ထိပ်တိုက်ရင်ဆိုင်နေရသည်။

ဘုန်း ဘုန်း ဘုန်း

လေထဲတွင် သတ္ထုချင်းထိခတ်သံများက ကျယ်လောင်လာသည်။ ရွှမ်ဝူစစ်တပ် အဖွဲ့ဝင်ရှစ်ထောင်ဟာ ခေါင်းဖြတ်သူစစ်တပ်မှ အဖွဲ့ဝင်ကိုးထောင်နီးပါးနှင့် ထိပ်တိုက်ရင်ဆိုင်နေကြလေသည်။

ဒုန်း ဒုန်း ဒုန်း

ထူးဆန်းသော ပုံသဏ္ဍန်ရှိသည့် ဓားများက လေထဲတွင် ပျံသန်းလျှက်ရှိနေသည်။ သူတို့၏ လှုပ်နှိုးသံကြောင့် တုန့်ပြန်လာသလိုမျိုး ရွှမ်ဝူစစ်တပ်မှ ခေါင်းများ၊ ခြေလက်များကလည်း လေထဲသို့ မြောက်တက်ကုန်၏။ ခေါင်းဖြတ်သူစစ်တပ်မှ တိုက်ကွက်များက ရှင်းလင်းသပ်ရပ်သည်။ ထို့နောက် ရိုးရှင်း၏။ သို့သော် အလွန်အမင်း ခြိမ်းခြောက်နိုင်စွမ်းအား ပြင်းထန်သည်။ သို့သော် အတိတ်က တိုက်ပွဲများတွင်လည်း သူတို့ဟာ ရန်သူပေါင်းများစွာ၏ ခေါင်းများကို ဆက်တိုက်ဖြတ်နိုင်လေ့ရှိသည်။ ယခုတစ်ခေါက်တွင်မူ တစ်ခေါင်းကိုပင်ဖြတ်ရန် အလွန်အမင်း ခက်ခဲနေသည်။

All Chapters