← Chapters

အခန်း (၁၀၇၆-၁၀၈၀)

Vol. 62 Ch. 1076-1080

အခန်း (၁၀၇၆-၁၀၈၀)

Vol. 62 Ch. 1076-1080

အခန်း (၁၀၇၆)

ဘုန်း ဘုန်း ဘုန်း

ခေါင်းဖြတ်သူစစ်တပ်၏ လေးလံသော ဓားကြီးများကို ရွှမ်ဝူစစ်တပ်၏ ဓားကြီးများက တားထားသည်။ တိုက်ကွက်တစ်ကွက်ချင်းစီတိုင်းက တောင်များကိုပင် ချေမှုန်းနိုင်သည့်တိုင်အောင် ရွှမ်ဝူစစ်တပ်ကို ရင်ဆိုင်ရာတွင် အသုံးမဝင်ဖြစ်ရပြန်သည်။ ရွှမ်ဝူစစ်တပ်၏ စစ်သည်ရှစ်ထောင်သည် မြေပြင်တွင် အမြစ်တွယ်နေသလိုမျိုး မြေသားနှင့် တစ်သားတည်းပေါင်းစပ်နေသလို ဖြစ်နေလေသည်။ ခေါင်းဖြတ်သူစစ်တပ်ဟာလည်း သူတို့ဟာ သံမဏိတောင်ကြီးကို တိုက်ခိုက်နေရသလိုမျိုး ခံစားချက်မျိုးကိုပင် ရစေသေးသည်။

ရွှမ်ဝူစစ်တပ်က ခုခံရာတွင် ကျွမ်းကျင်ရုံသာဆိုလျှင် အဆင်ပြေပေလိမ့်မည်။ သို့သော် ထိုစစ်သားများဟာ ခက်ထန်ကြမ်းတမ်းပြီး အလွန်လေးလံသော တိုက်ကွက်များကို ထုတ်ဖော်နိုင်စွမ်းအား ရှိနေသည့်အတွက် ကောင်းကင်ဘုံကိုပင် စုတ်ဖြဲနိုင်လောက်သည်။ ခေါင်းဖြတ်သူစစ်တပ်မှ စစ်သားများအတွက်ပင် သူတို့ထံမှ ခြိမ်းခြောက်နေသည့် ခံစားချက်က အလွန်အမင်း ကြီးမားနေသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံကြ ငါ့ရဲ့နောက်ကလိုက်ပြီး ဒီလူထွားကောင်တွေကို သတ်ကြမယ်”

ကျောင်းဖုန်းချန်း၏အသံဟာ တစ်လောကလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ သူဟာ အရပ်ရှည်သည်။ သူ၏ဆံပင်ရှည်ကြီးကလည်း လေတွင်လွင့်နေသည်။ သူဟာ ဝု့စ်သံမဏိ မဟာဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ထိုမဟာဓားကြီးကို မြေကမ္ဘာ၏ အမာရွတ်ဟုခေါ်သည်။ သူက ထိုဓားကိုကိုင်ပြီး အောက်သို့ခုတ်ချလိုက်သည့် အခိုက်အတန့်တွင် ကောင်းကင်တွင်ပင် လျှပ်စီးတန်းက ဖြတ်ပြေးသွားသေးသည်။ ပိန်းပိတ်အောင် မည်းမှောင်ပြီး တစ်ပေကျော်ခန့်ရှည်သော ထိုဓားရှည်ကြီးဟာ လေထဲတွင် ဟိန်းဟောက်သံကိုထုတ်ဖော်လျှက် သိပ်သည်းစွာ တည်ရှိနေသော ခေါင်းဖြတ်သူစစ်တပ် အတွင်းသို့ ဆင်းသက်သွားလေသည်။

“အား”

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အော်သံများက ကပ်ပါလာသည်။ ကျောင်းဖုန်းချန်း၏ဓားက ခေါင်းဖြတ်သူစစ်တပ်အတွင်း တင်းကြပ်စွာ ရပ်လျှက်ရှိနေသော ထိုလူများအကြား ကြီးမားသည့် ဟာကွက်တစ်ခုကို ချက်ချင်း စုတ်ဖြဲလိုက်နိုင်သည်။ ထိုဓားကြီး၏အစွန်းက မည်သည့်နေရာသို့ ဖြတ်သွားစေကာမူ ခေါင်းဖြတ်သူစစ်တပ်မှ စစ်သားများက လေထဲသို့ လွင့်ပျံသွားရသည်။

ခေါင်းဖြတ်သူစစ်တပ်မှ ထိုစစ်သားများဟာ ဓားထိပ်ကိုသာ ရင်ဆိုင်ရသော်လည်း သူတို့အနေဖြင့် အော်ချိန်မရှိသေးခင် ကျောင်းဖုန်းချန်း၏ ခြောက်ခြားဖွယ်ကောင်းသည့် ဓားချည်က ကိုယ်ထည်ကို ထိုးဖောက်လိုက်ပြီဖြစ်သည်။

“သတ်”

မရေမတွက်နိုင်အောင် မြောက်များသော ရွှမ်ဝူစစ်သည်တော်များဟာ ဟာကွက်ဖြစ်သွားသော နေရာသို့ ဝင်ရောက်သွားကြသည်။

ရွှမ်ဝူနတ်သိုင်း

ထိုသိုင်းသည် ဝမ်ချောင်က ကျောင်းဖုန်းချန်းကို ပေးခဲ့သောသိုင်းဖြစ်သည်။

ရွှမ်ဝူသည် မြွေလည်တိုင်ကို ပိုင်ဆိုင်သော ရှေးဟောင်းနတ်သားရဲကြီးဖြစ်သည်။ သူ၏ကိုယ်ထည်ကမူ လိပ်ဖြစ်၏။ ခေါင်းကလည်း နဂါးခေါင်းဖြစ်သည်။ ထို့ကြောင့် အလွန်ထူးခြားဆန်းပြားသော သားရဲကြီးဖြစ်လေသည်။ အလွန်ခုခံနိုင်သော စွမ်းရည်အပြင် မှင်သက်ဖွယ်ကောင်းသည့် တိုက်ခိုက်နိုင်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် အင်ပါယာသိုင်းစစ်တပ်မှ ထိုစစ်သည် ရှစ်ထောင်ဟာ ရွှမ်ဝူနတ်သိုင်းကို လေ့ကျင့်ခဲ့ပြီး ရွှမ်ဝူအင်အားစုဖြစ်လာသည်။ ထို့ကြောင့် သူတို့က ခုခံသည့်နေရာတွင် အလွန်တော်သလို တိုက်ခိုက်ရာတွင်လည်း အလွန်ကျွမ်းကျင်ကြသည်။

ဘုန်း

ကျောင်းဖုန်းချန်း၏ လက်အောက်သို့ရောက်သွားသော ရွှမ်ဝူစစ်တပ်ဟာ ပဲ့ဟယ်မော့စစ်တပ် တစ်ခုလုံး၏ အားလှိုင်းကို ကျော်ဖြတ်နိုင်တော့မည့်အချိန်တွင် နောက်ထပ် ပေလေးရာခန့်အကွာမှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။

သဲမုန်တိုင်းက အေးခဲသွားပြီး ကျောက်တုံးများက လွင့်ပျံသွားသည်။ ထို့နောက် ရွှမ်ဝူစစ်သားများနှင့် ဆယ်ကျန်းခန့်အကွာအထိသို့ လွင့်စင်လာလေပြီး ထိုစစ်သားများကို လေထဲသို့ လွင့်စင်သွားစေသည်။ ထိုသို့ လွင့်စင်သွားစေသည်မှာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အားလှိုင်းတစ်ရပ်ကြောင့် ဖြစ်သည်။ သူတို့က မြေပြင်သို့ ပြန်မထိသေးခင် သူတို့၏ သွေးများက လေထဲတွင် မြူထုအဖြစ် ပြောင်းလဲနေပြီဖြစ်သည်။

ကျောင်းဖုန်းချန်းက ထိုမြင်ကွင်းကြောင့် အံ့ကိုကြိတ်လိုက်သည်။ သူကခေါင်းကိုလှည့်ပြီး ပေါက်ကွဲမှုဖြစ်တည်ရာ နေရာသို့ကြည့်လိုက်သည်။ သူမြင်လိုက်ရသော အရာက အာရပ် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ပိန်းပိတ်အောင် မည်းမှောင်နေသည်မှာ သံမဏိသားဖြင့် လုပ်ထားသလို ထင်ရသည်။ သူ၏လက်နှစ်ဖက်လုံးက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရွှမ်ဝူစစ်တပ်ထဲသို့ ထိုးသွင်းနေခြင်းဖြစ်သည်။

ဘန်း

ရွှမ်ဝူစစ်သည်တော် တစ်ယောက်က သူ၏ဓားကိုယမ်းလိုက်ပြီး ထိုအာရပ်ဗိုလ်ချုပ်နှင့် ထိပ်တိုက်ရင်ဆိုင်သည်။ သို့သော် ထိုဗိုလ်ချုပ်၏ လက်မောင်းတစ်ဖက်ကပင် ရွှမ်ဝူစစ်သား၏ သိပ်သည်းသော သံချပ်ကာကို ကြေမွသွားစေခဲ့သည်။ ခမ်းနားထည်ဝါသော စွမ်းအင်များက သံချပ်ကာမှတဆင့် ကိုယ်ထည်အတွင်းသို့ ဝင်ရောက်လာပြီး ထိုကိုယ်အတွင်းရှိ သွေးတိုင်းကို ပေါက်ကွဲလျှက် သွေးမြူအဖြစ် ပြောင်းလဲသွားသည်။

ညဉ်းညူသံပင် မထုတ်နိုင်လေဘဲ ထိုရွှမ်ဝူစစ်သားက မြေပြင်သို့ ပြုတ်ကျသွားရသည်။

“သေစမ်း”

ကျောင်းဖုန်းချန်း၏ မျက်နှာက ဖြူဖျော့သွားသည်။ ထို့နောက်သူက ရုတ်တရက် ခေါင်းဖြတ်သူစစ်တပ်၏ ဗိုလ်ချုပ်ထံ ခုန်ဝင်သွားလိုက်သည်။

ချွင်

တောက်လောင်နေသော ချည်စက်ကွင်းတစ်ခုဟာ ကျောင်းဖုန်းချန်း၏ ခြေထောက်အောက်မှ သံမဏိကဲ့သို့ လေးလံပြီး တောက်လောင်နေသော ချည်စက်ကွင်းတစ်ခုက ပေါ်ထွက်လာသည်။ ထိုချည်စက်ကွင်း၏ အစွန်းဟာ ဓားတစ်လက်အလား ထက်ရှလွန်းနေလေသည်။

စွစ်

ခေါင်းဖြတ်သူစစ်တပ်မှ စစ်သားပေါင်းများစွာက ကျောင်းဖုန်းချန်းကို ခုန်အုပ်ရန် လေထဲသို့ ခုန်တက်လိုက်ကြသည်။ သို့သော် သူတို့က မနီးကပ်နိုင်သေးခင် ထိုချည်စက်ကွင်းကြောင့် ထိုးနှက်ခံလိုက်ရသည်။

ဂျွတ် ဂျွတ် ဂျွတ်

ထိုစစ်သားများ အားလုံး၏ ကိုယ်အတွင်းရှိ အရိုးများက ကျောင်းဖုန်းချန်း၏ ချည်စက်ကွင်းကြောင့် ပြိုသွားရသည်။ သူတို့၏ အလောင်းများက အပိုင်းပိုင်းအစစ ဖြစ်သွားသော ပုံစံမျိုးဖြင့် အဝေးသို့ လွင့်သွားရသည်။

“မျိုးနွယ်ခြားကောင်တွေ မင်းတို့တွေ ဘယ်လောက်လုပ်နိုင်စွမ်းရှိလဲ ကြည့်ရအောင်”

ကျောင်းဖုန်းချန်း၏ အေးစက်သောမျက်နှာထားနှင့် သတ်ဖြတ်လိုစိတ်က ကောင်းကင်ထိတိုင် ထိုးတက်နေပြီဖြစ်သည်။ သူ၏အမြင်တွင် ယောကျာ်းကောင်း ပီသသောလူဟာ ဖူကျဲ့ကျစ်ကို အတုခိုးနေပြီး နယ်စပ်တွင် စောင့်ကြပ်ကာကွယ်ရင်း မျိုးနွယ်ခြားများကို သုတ်သင်ရမည်ဖြစ်သည်။ သူ၏ ရွှမ်ဝူစစ်သည်ရှစ်ထောင်ကို အဝေးရှိ တာလာ့သို့ ခေါ်ဆောင်လာခဲ့ခြင်းဟာ ကျောင်းဖုန်းချန်း၏ အကြီးမားဆုံး အမှတ်ကို ဖြည့်ဆည်းရန်ဖြစ်နေသည်။

အမျိုးမျိုးသော ဝေးကွာပြီး ခက်ခဲကြမ်းတမ်းလွန်းသော ခရီးကို ကျော်ဖြတ်ခဲ့ပြီးနောက် နေမင်းနှင့်လမင်းတို့ အလင်းထိဆုံရာနေရာသို့ ရောက်ရှိလာမည်ဖြစ်သည်။ သို့သော် မည်သည့်မျိုးနွယ်ခြား လူထွားကောင်ကမှ ဗဟိုပြင်ကျယ်တွင် ခြေချခွင့်မရစေရပေ။ ထို့ပြင် မဟာထန်၏ စစ်သားများကိုလည်း ခပ်ကြမ်းကြမ်း သတ်ဖြတ်ခွင့် မရှိချေ။

မင်းတို့တော့သေပြီ။

ကျောင်းဖုန်းချန်းက ထိုအာရပ်ခေါင်းဖြတ်သူ စစ်တပ်မှ ဗိုလ်ချုပ်ကြီးကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းက ကျဉ်းမြောင်းသွားသည်။ သူဟာ မြေကမ္ဘာ၏ အမာရွတ်ဓားကို သယ်ဆောင်လျှက် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းသည်။

“ဟွန်း မျိုးနွယ်ခြားကောင်”

တစ်ချိန်ထဲလိုလို အဝေးရှိ ကာရင်ကလည်း နှုတ်ခမ်းကိုသပ်ရင်း ကျောင်းဖုန်းချန်းကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း သွေးဆာလောင်သည့် အလင်းကပင် လက်သွားသည်။

ကာရင်သည် ဆမ်ဆာမင်းဆက်နှင့် နောက်ဆုံးတိုက်ပွဲတွင် ဝင်ပါခဲ့သောသူဖြစ်သည်။ ခေါင်းဖြတ်သူ စစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သည့်အလျောက် ကာရင်ဟာ သူသတ်ခဲ့ပြီးသော ရန်သူဗိုလ်ချုပ်၏ အရေအတွက်ကိုပင် မသိနိုင်တော့ချေ။ သူဟာ မျိုးနွယ်ခြားဗိုလ်ချုပ် တစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ထိုလူကလည်း သူ၏အရှေ့တွင် အဆုံးစွန်သော သတ္တိနှင့်ယုံကြည်မှုကို ပြသခဲ့ဖူးသည်။ သို့သော် အဆုံးသတ်တွင်မူ အားလုံးဟာ ခေါင်းဖြတ်ခံခဲ့ရပြီး ခေါင်းပြတ်သည့် အလောင်းများအဖြစ်သာ ကျန်ရစ်ခဲ့ကြသည်။

“ခဏလောက်ကြာရင် ငါမင်းရဲ့ခေါင်းကို ကိုယ်တိုင်ကိုယ်ကျ ယူပေးမယ်။ မင်းမှာဘယ်လောက်ထိ လုပ်နိုင်စွမ်းရည်ရှိမလဲ ကြည့်ကြတာပေါ့”

ကာရင်က ခက်ထန်ကြမ်းတမ်းစွာ ရယ်မောသည်။

ဝူး...

လေပြင်းက ဖြတ်တိုက်လာသည့် အချိန်တွင် ကာရင်၏ ခြေထောက်အောက်မှ သွေးမြူများက စတင်ကာ လွင့်လာသည်။ ကာရင်၏ ခြေထောက်အောက်တွင် သွေးပင်လယ်နှင့် အလောင်းတောင်က ပေါ်လာသည်။ အရာအားလုံးဟာ ထန်အပိုင်ဖြစ်သည်။ ကာရင်က ထန်၏ဘယ်ဘက်ခြမ်း လုပ်ကြံသတ်ဖြတ်မှု စတင်ပြီးနောက် သူထန်မည်မျှကို သတ်ဖြတ်ခဲ့ပြီးကြောင်း မသိတော့ချေ။

သို့သော်သူဟာ မည်မျှ များပြားသော ပမာဏကို သတ်ဖြတ်ခဲ့စေကာမူ ပို၍သတ်ဖြတ်လိုစိတ်သာ ရှိလာသည်။

ခြိမ်း

သူ၏ဓားကို ရွှမ်ဝူစစ်သားတစ်ယောက်၏ အလောင်းထဲမှ ဆွဲထုတ်လိုက်သည့် ကာရင်ဟာ ယုံကြည်မှုအပြည့်နှင့် အဝေးရှိ ကျောင်းဖုန်းချန်းရှိရာဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့်သွားသည်။ တစ်ချိန်ထဲလိုလို ကျောင်းဖုန်းချန်းကလည်း မြေကမ္ဘာ၏ အမာရွတ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ကာရင်ထံ ခြေလှမ်းကျဲကြီးများဖြင့် လာနေပြီဖြစ်သည်။ သူ၏ပတ်ပတ်လည်တွင် ခေါင်းဖြတ်သူစစ်သည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြသည်။ စစ်သည်အရေအတွက်က မည်မျှမြောက်များစေကာမူ ကျောင်းဖုန်းချန်း၏ အနားသို့ မည်မျှများပြားသော ပမာဏက ချဉ်းကပ်လာစေကာမူ အားလုံးဟာ ပေါင်းပင်များကဲ့သို့ ခုတ်သင်ခံရသည်။

ကျောင်းဖုန်းချန်း၏ ဘယ်ဘက်က သွေးမြစ်ဖြစ်ပြီး ညာဘက်ကမူ အလောင်းများပုံနေပြီဖြစ်သည်။ အင်အားကြီးမားသော စစ်သားများအားလုံး၏ ဆမ်ဆာနှင့်မင်းဆက် စစ်ပွဲတွင် ရှင်သန်နိုင်ခဲ့သလို ခုရန်းကိုလည်း ကျော်ဖြတ်နိုင်ခဲ့သည်။ မြောက်များလှစွာသော တိုင်းပြည်များကို သိမ်းယူရာတွင် အောင်ပွဲခံနိုင်ခဲ့သည့်တိုင်အောင် အင်အားကြီးမားသော တည်ရှိမှုတစ်ခုဖြစ်သည့် ကျောင်းဖုန်းချန်း၏ အရှေ့တွင်မူ ဘာကောင်မှမဟုတ်တော့ချေ။

ဘန်း

ခေါင်းဖြတ်သူစစ်တပ်မှ စစ်သည်တော်တစ်ယောက်က ကျောင်းဖုန်းချန်း၏ ကိုယ်ပေါ်သို့ ကျားတစ်ကောင်လို ခုန်အုပ်လာသည်။ သို့သော် တခဏခန့်ကြာပြီးနောက် သူ၏ကိုယ်အတွင်းသို့ ကြီးမားသော စွမ်းအင်လှိုင်းတစ်ရပ်က ဆောင့်ထိုးလာသည်။ ထိုစွမ်းအင်က သံချပ်ကာကိုကျော်ဖြတ်ပြီး သူ၏ကိုယ်တွင်းအင်္ဂါ သွေးကြောများအတွင်းသို့ ရောက်ရှိသွားသည်။ အတွေ့အကြုံရှိပြီးသော ခေါင်းဖြတ်သူစစ်တပ်မှ စစ်သည်တော်ဟာ မရေမတွက်နိုင်သော စစ်သည်တော်များကို ခေါင်းဖြတ်သတ်ခဲ့ဖူးသော် ယခုမူ အသံပင် မထွက်နိုင်ဘဲ သေဆုံးသွားရပြီဖြစ်သည်။

ထိုအလောင်းက မြေပြင်သို့ ပြုတ်မကျနိုင်သေးခင် ဆေဘာတစ်လက်က ပေတစ်ဆယ်ကျော်အကွာသို့ လွင့်ထွက်သွားပြီဖြစ်သည်။ ထိုသု့ိဖြင့် လေထဲတွင် စက်ဝိုင်းခြမ်းကြီးတစ်ခုကို ဖန်တီးလိုက်လေရင်း ကာရင်၏ အရှေ့တည့်တည့်ရှိ မြေကြီးကို တွင်းတစ်တွင်း ပေါ်ထွက်လာစေသည်။ တွင်း အတွင်းတွင် သွေးများက ပြန့်ကျဲလျှက်ရှိသည်။

“မျိုးမစစ်ကောင်”

ကာရင်က ထိုမြင်ကွင်းကို ဒေါသအပြည့်နှင့် ကြည့်နေရင်း သူ၏မျက်လုံးက မှေးကျဉ်းသွားသည်။ မေးခွန်းထုတ်ရန် မလိုလောက်အောင် ဒါဟာသူ့ကို စိန်ခေါ်နေခြင်းဖြစ်သည်။

“မင်းသေချင်ရင်လည်း ငါကဆန္ဒဖြည့်ပေးရတာပေါ့”

ကာရင်၏မျက်လုံးက အေးစက်သွားပြီး သူဟာ အရှိန်ကိုမြှင့်လိုက်သည်။ သူ၏ခြေထောက်က မြေကမ္ဘာကို ဆောင့်ဖိလျှက် ခုန်လိုက်လေရင်း ခန္ဓာကိုယ်ကပင် ဝါးသွားလေသည်။

“သေတော့”

သားရဲတစ်ကောင်၏ ဟိန်းသံနှင့်အတူ ကာရင်က ကောင်းကင်ထဲသို့ ခုန်တက်သွားသည်။ ထို့နောက် ကျောင်းဖုန်းချန်းထံ သိန်းငှက်တစ်ကောင်က သားရဲတစ်ကောင်ကို သုတ်ချီမည့် ဟန်အမူအရာမျိုးနှင့် ခုန်ဝင်သွားလေသည်။

“မျိုးနွယ်ခြားကောင် မင်းရဲ့အသက်ကိုပေးစမ်း”

ကျောင်းဖုန်းချန်း၏ ခန္ဓာကိုယ်က ကြယ်တာရာစွမ်းအင်များနှင့် ပေါက်ကွဲသွားသည်။ သူက အရှိန်ကိုမြှင့်လိုက်သည်။

ခြိမ်း

ကျောင်းဖုန်းချန်းက လေထဲသို့ခုန်ဝင်ရင်း ကာရင်နှင့်တွေ့ဆုံသည့် အချိန်တွင် မြေကမ္ဘာဟာ တသိမ့်သိမ့် တုန်နေပြီဖြစ်သည်။

ခြိမ်း

မိုးခြိမ်းမတက် ကျယ်လောင်သော ပေါက်ကွဲသံများနှင့် ဆေဘာနှင့်ဓားဟာ ထိပ်တိုက်တွေ့ဆုံသည်။ ကောင်းကင်ဟာ သူ့အလိုလို စုတ်ဖြဲခံရမည့်ပုံပေါ်ပြီး လျှပ်စီးများကပင် လက်လာသည်။ သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုဟာ တိုက်ပွဲနယ်မြေရှိ လက်နက် ထောင်ပေါင်းများစွာ၏ ထိပ်တိုက်တွေ့ဆုံမှုကို လွှမ်းမိုးလိုက်လေသည်။ အံ့အားသင့်ဖွယ်ကောင်းသော အားလှိုင်းများအတွင်း ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲသွားလေပြီး ကောင်းကင်ဘုံစစ်တပ်နှင့် ရွှမ်ဝူစစ်တပ်မှ စစ်သားများကို လွင့်ထွက်သွားစေသည်။

“မိုးကြိုးရဲ့အမျက်ဒေါသ”

အော်သံတစ်ချက်နှင့်အတူ ကျောင်းဖုန်းချန်းက ရွေ့လျားမှုတိုင်းကို ထုတ်ဖော်လိုက်ကာ လျှပ်စီးတန်းအဖြစ် အသွင်ပြောင်းလျှက် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းကို ထုတ်လွှတ်လိုက်ရင်း ကာရင်ကို အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်လိုက်သည်။ သူ၏တိုက်ကွက်တိုင်းက တောင်တန်းများကို ပွင့်ထွက်စေပြီး မြစ်ပြင်များကို ကပြောင်းကပြန်ဖြစ်စေလောက်အောင် ပြင်းထန်သည့် အလေးချိန်ကို သယ်ဆောင်ထားလေသည်။

အခြားတစ်ဖက်တွင် ကာရင်၏ ကြီးမားသောဓားကြီးကလည်း မိုးကြိုးတန်းလိုမျိုး လှုပ်ရှားကာ မုန်တိုင်းတစ်ခုကို မွှေနှောက်လျှက် အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားစေသေးသည်။ ထိုနှစ်ယောက်၏ ချည်စက်ကွင်းများက ထိပ်တိုက်တွေ့ဆုံသွားပြီး ထိပ်တိုက်ရင်ဆိုင်သည့် အချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံက တဖန်ထွက်ပေါ်လာပြန်သည်။ ပြင်းထန်သိပ်သည်းလွန်းသည့် သတ္ထုချင်းထိခတ်သံက တိုက်ပွဲနယ်မြေအနှံ့ မြည်ဟီးနေသည်။

လေထဲတွင် တိုက်ခိုက်နေသော ဗိုလ်ချုပ်နှစ်ယောက်က ထိုသို့ဝရုန်းသုန်းကား ဖြစ်စေနေသလို မြေပြင်ပေါ်တွင်ရှိသော ရွှမ်ဝူစစ်တပ်မှ စစ်သည်တော်များနှင့် ခေါင်းဖြတ်သူစစ်သားများ အားလုံးကလည်း ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွဲနေကြသည်။

ချွင်

ဓားများက တောက်ပပြီး ဆေဘာများက လင်းလက်သည်။ ထိုသို့ဖြင့် ထိပ်တိုက်ရင်ဆိုင်သော ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွဲနေကြသည်။

ချွင်

ရွှမ်ဝူစစ်တပ်မှ စစ်သားတစ်ယောက်က သတိလက်လွတ် ဖြစ်သွားသည့် အခိုက်အတန့်တွင် ခေါင်းဖြတ်သူစစ်တပ်မှ စစ်သားတစ်ယောက်က သူ၏ဓားကို ခုခံရေးအားလှိုင်း၏ အဟကြားနေရာသို့ထိုးပြီး မြို့ရိုးအတွင်းသို့ ဆွဲသွင်းလိုက်သည်။ တစ်ချိန်ထဲလိုလို ထိုရွှမ်ဝူစစ်သားကလည်း တစ်ဖက်သူ၏ ရင်ဘက်အတွင်းသို့ ဓားကိုဆွဲသွင်းလိုက်ခြင်းဖြင့် အသားတုံးတစ်တုံးကို ပြုတ်ထွက်သွားစေသည်။ နှစ်ယောက်လုံး၏ မျက်ဝန်းက နာကျင်သောအလင်းဖြင့် ဖြတ်ကနဲ လက်သွားပြီးနောက် ဆက်လက်ပြီး တိုက်ခိုက်ကြလေသည်။ သို့သော် သူတို့ဟာ ကိုယ်တိုင်က ဒဏ်ရာရထားသောသူများနှင့် မတူညီစွာ ပြင်းထန်စွာ တိုက်ခိုက်ကြခြင်းဖြစ်သည်။

ဘန်း

ထိုစစ်သားများက ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွဲနေကြချိန်တွင် သူတို့၏လက်နက်များက ထပ်ခါတလဲလဲ ထိပ်တိုက်ဆုံနေခဲ့သည်။ ဓားအစွန်းများက ဆက်တိုက် ချိုင့်ကာ ကွဲအက်လာကြသည်။ သို့သော် မည်သူကမှ နောက်ဆုတ်မည့်လက္ခဏာမပြချေ။

ဒါဟာ ထိပ်တန်းအဆင့် စစ်တပ်အကြားမှ တိုက်ပွဲဖြစ်သည်။ အဆင့်လွန်သော အင်အားစုကို ထုတ်ပြသည့် တိုက်ပွဲလည်းဖြစ်နေသည်။ ခေါင်းဖြတ်သူစစ်တပ်ဟာ နောက်ဆုတ်လိမ့်မည်မဟုတ်ချေ။ ရွှမ်ဝူစစ်တပ်ကလည်း မဟာထန်၏ အဆင့်လွန် အင်ပါယာစစ်တပ်မှ ဖြစ်သည့်အလျောက် နောက်ဆုတ်လိမ့်မည် မဟုတ်ချေ။

ခါးသီးသောတိုက်ပွဲတွင် တစ်ဖက်က မသေမချင်း အဆုံးသတ်လိမ့်မည်မဟုတ်ချေ။ ရွှမ်ဝူစစ်တပ်နှင့် ခေါင်းဖြတ်သူစစ်တပ်တို့က တိုက်ခိုက်နေကြသည်။ စစ်တပ်နှစ်ခုလုံးက လျှင်မြန်စွာဖြင့် ဆိုးရွားသော ဆုံးရှုံးမှုများကို ခံစားလိုက်ရသည်။

ဇွက် ဇွက် ဇွက်

အသွေးအသားများ ပြုတ်ထွက်သံ၊ လက်နက်များ ပျက်စီးသံများက ဆက်တိုက် ထွက်ပေါ်လာသည်။

ခွက် ခွက် ခွက်

ခေါင်းဖြတ်သူစစ်တပ်မှ စစ်သည်တော်တစ်ယောက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ခန္ဓာကိုယ်က စုတ်ပြတ်သပ်နေသည်။ တစ်ချိန်ထဲလိုလို ရွှမ်ဝူစစ်တပ်မှ စစ်သည်တော်တစ်ယောက်ကလည်း ခြေမွခံရသည်။

တိုက်ပွဲနယ်မြေတွင် သွေးနှင့်သေဆုံးမှုများက အကောင်းဆုံးသော အကြောင်းပြချက်ဖြစ်သည်။ တဖြည်းဖြည်းချင်း ရွှမ်ဝူစစ်သားများ၏ မျက်လုံးက နီရဲလာကြသည်။ ပို၍များပြားသော စစ်သားများက လဲကျလာသည်နှင့်အမျှ တိုက်ပွဲဟာပြင်းထန်လာသည်။ သို့သော်ဒါက အစမျှသာ ရှိနေသေးလေသည်။

အခန်း(၁၀၇၇)

“သတ်”

နောက်ထပ် တိုက်ပွဲနယ်မြေတစ်ခုတွင်... ငွေရောင်ပဲ့ဟယ်မော့ တစ်ထောင်ကျော်၏ အနောက်ဘက်တွင် မရေမတွက်နိုင်သော စစ်သားများက အော်ဟစ်လိုက်ကြသည်။ ဘယ်ဘက်ရင်အုံတွင် သွေးနီရောင် ဆေဘာဓား သင်္ကေတပါသည့် ထိုစစ်သည်တော်တစ်ဖွဲ့ဟာ အလွန်လျှင်မြန်သော အရှိန်အဝါအပြည့်နှင့် ချဉ်းကပ်လာကြသည်။

“အရှင် ဒါက အပုမူစလင်ရဲ့ သံမဏိသွေးစစ်တပ်ပါ”

ထိုစစ်တပ်က မနီးကပ်လာသေးခင် ချန်းချန့်လီက သူ၏တောင်ပေါ်မြင်းပေါ်တွင် ထိုင်နေသော အမြင့်မျိုးကြောင့် တစ်ဖက်မှ အခြေအနေကို လှမ်းမြင်လိုက်သည်။ သူ၏မျက်လုံးက ချက်ချင်းလိုလို မှေးကျဉ်းသွားလေသည်။

“ဒီသံမဏိသွေးစစ်တပ်က အပုမူစလင်ရဲ့ အမိန့်အောက်က အင်အားအကြီးဆုံးစစ်တပ်ပဲ။ ဒီစစ်တပ်မှာ စစ်သည်ပမာဏ အများကြီးရှိတယ်။ ဒါကြောင့် နတ်သိုင်းစစ်တပ်နဲ့ နတ်အကျဉ်းထောင်စစ်တပ်က အရေအတွက် မလုံလောက်မှာကို စိုးရိမ်ရတယ်”

ချန်းချန့်လီက ကောင်းရှန်းကျစ်ကို လှည့်ကြည့်သည်။

သံမဏိသွေးစစ်တပ်နှင့် သံမဏိမြို့ရိုးစစ်တပ်တို့ဟာ ရန်သူဖြစ်ရန် ကံကြမ္မာ ပါလာပြီးသားဟု ဆိုရပေလိမ့်မည်။ နာမည်နှစ်ခုလုံးဟာ သံမဏိများပါသည်။ ထိုသို့ဖြင့် ကောင်းရှန်းကျစ်နှင့် အပုမူစလင်က တစ်ယောက်နှင့်တစ်ယောက် မည်မျှဝေးကွာနေစေကာမူ အဆုံးအဖြတ် တိုက်ပွဲကို ရင်ဆိုင်ရန် ကံကြမ္မာပါလာပြီးသလိုဖြစ်နေသည်။ အဆုံးသတ်တွင် တစ်ဖက်ကသာ ဆာမားအန်းနှင့် ခုံးတောင်တန်းအကြား နယ်မြေကို အုပ်စိုးနိုင်ပေလိမ့်မည်။

နှစ်လကျော်ကြာပြီးနောက် ဒီတိုက်ပွဲကို ဆင်နွဲပြီးနောက် သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည်အများစုက သွေးသံမဏိစစ်တပ် လက်ထဲတွင် သေဆုံးသွားခဲ့သလို သွေးသံမဏိစစ်သည်တော် အများစုကလည်း သံမဏိမြို့ရိုးစစ်တပ်၏ လက်ထဲတွင် သေဆုံးသွားခဲ့ရသည်။ စစ်တပ်နှစ်ခုအကြားမှ ကတောက်ကဆ ရန်ငြိုးဟာ သွေးကြွေးဖြင့် ဖြေရှင်းရပေလိမ့်မည်။

“အသင့်ပြင် ငါ့ရဲ့အမိန့်ကိုထုတ် သံမဏိမြို့ရိုးစစ်တပ် လှုပ်ရှား”

ကောင်းရှန်းကျစ်က လက်မောင်းကိုယမ်းလိုက်ပြီး အမိန့်ကိုပေးလိုက်သည်။

တိုက်ပွဲဟာ မည်မျှသာ ကြာသေးသည်ဆိုသော ကိစ္စကို ထည့်တွက်ရန် မလိုအပ်တော့ချေ။ သံမဏိမြို့ရိုးစစ်တပ်နှင့် သွေးသံမဏိစစ်တပ်တို့ဟာ မည်သည့်ဘက်က ပိုသာကြောင်း ဆုံးဖြတ်ရန် လိုအပ်နေပြီးသားဖြစ်သည်။

ကောင်းရှန်းကျစ်၏စိတ်ထဲ ထိုအတွေးကဝင်လာသည်။ သူဟာ အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာကို ကျော်လွန်လျှက် အဝေးရှိ သူ၏စစ်အလံအောက်တွင် ရပ်နေသော အပုမူစလင်ကို လှမ်းကြည့်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် အပုမူစလင်ကလည်း တစ်စုံတစ်ရာကို အာရုံခံမိပုံပေါ်ပြီး ကောင်းရှန်းကျစ်နှင့် အကြည့်ချင်း လာဆုံသည်။

ထိုအခိုက်အတန့်တွင် တစ်လောကလုံးဟာ အသံများ ကင်းရှင်းသွားပုံပေါ်သည်။ ဒီတိုက်ပွဲကို စတင်ခဲ့သော လူနှစ်ယောက်၏ ကိုယ်အတွင်းတွင် ဖော်ပြရန်ခက်ခဲသော တိုက်ခိုက်လိုစိတ်များက ပြင်းထန်လာကြသည်။

ချွင်

ဓားများ၏ဟီသံ၊ အော်ဟစ်သံ၊ တချွင်ချွင်သံများက ကောင်းကင်ထိတိုင် ထိုးတက်သွားသည်။ သံမဏိမြို့ရိုး စစ်တပ်မှ စစ်သားများက သူတို့၏ဒိုင်းများကို ဓားအိမ်ထဲမှ ဆွဲထုတ်လျှက် ချဉ်းကပ်လာသည့် သံမဏိသွေးစစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်သည်။

ခြိမ်း

နောက်ဆုံးတွင် သံမဏိသွေးစစ်တပ်မှ စစ်သည်ထောင်ကျော်က လူအုပ်ကိုခွဲလျှက် ငွေရောင်ပဲ့ဟယ်မော့၏ အနောက်ဘက်သို့ ဝရုန်းသုန်းကား အခြေအနေမျိုးနှင့် ရောက်ရှိလာသည်။ သူတို့၏ လက်နက်များကိုထုတ်ပြီး နတ်သိုင်းစစ်တပ်နှင့် နတ်အကျဉ်းထောင် စစ်တပ်တို့ထံ ခုန်ဝင်သွားကြသည်။

“တိုက်ခိုက် အားလုံးကိုသတ်”

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည် သုံးထောင်ကျော်ဟာလည်း သူတို့၏ ဓားများကို မြှောက်လျှက် သံမဏိသွေးစစ်တပ်ထံ ခုန်ဝင်သွားလေသည်။

“သတ်”

ပြန်လည်တုန့်ပြန်ကာ အော်ဟစ်လာပြီးနောက် စစ်တပ်နှစ်ခုဟာ ထိပ်တိုက်ရင်ဆိုင်ကြပြီဖြစ်သည်။

ဘုန်း

ထိုသို့ ထိပ်တိုက်တွေ့ဆုံသည့် အခိုက်အတန့်တွင် တစ်လောကလုံးဟာ တုန်ခါသွားပြီး အချိန်ကပင် အေးခဲသွားသလိုထင်ရသည်။

ကောင်းရှန်းကျစ်နှင့် အပုမူစလင်တို့ကလည်း သူတို့၏စစ်တပ်များ၏ တိုက်ပွဲကို တင်းမာသော မျက်နှာထားမျိုးနှင့် ကြည့်နေကြလေသည်။

နောက်တန်းတွင် ဝမ်ချောင်၊ ချန်းချန့်လီ၊ ဝမ်ရန်... အလားတူ အော့စမန်း၊ အားပါး၊ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းတို့ အားလုံးက လက်ရွေးစင်စစ်သည်များ အများဆုံးရှိနေသော နေရာသို့သာ စိုက်ကြည့်နေကြသည်။ အကြောင်းမူကား ထိုနေရာဟာ အပြင်းထန်ဆုံးသော တိုက်ပွဲကို ဆင်နွဲနေရသောကြောင့်ဖြစ်သည်။

ဓားနှင့်ဆေဘာများက ထိပ်တိုက်တွေ့ဆုံသည့်အချိန်တွင် အန်းရှီကာကွယ်ရေးစစ်တပ်မှ သံမဏိမြို့ရိုးစစ်တပ်က အာရေးဗီးယား၏ သွေးသံမဏိစစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်နေပြီဖြစ်သည်။ ဒီတစ်ကြိမ်တွင် အာရေးဗီးယားပင်ဖြစ်စေ၊ မဟာထန်ကပင်ဖြစ်စေ နောက်ထပ်စစ်သားများ ထပ်မလွှတ်တော့ချေ။ လူတိုင်းဟာ အဆုံးအဖြတ်တိုက်ပွဲ၏ ရလဒ်ကိုသာ စောင့်နေကြသည်။

အချိန်ဟာ တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ မဟာထန်သည် လက်ရွေးစင်အင်အားစု လေးဖွဲ့ကို ဒီတိုက်ပွဲနယ်မြေထဲသို့ စေလွှတ်ထားသည်။ ထိုအင်အားစုများက ရွှမ်ဝူစစ်တပ်၊ နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်နှင့် သံမဏိမြို့ရိုးစစ်တပ်တို့ဖြစ်သည်။ အာရေးဗီးယားဘက်ကမူ ကျော်ကြားသော နာမည်ကျော်အင်အားစု သုံးခုကို စေလွှတ်ထားသည်။ ခေါင်းဖြတ်သူစစ်တပ်၊ သွေးသားရဲစစ်တပ်နှင့် သံမဏိသွေးစစ်တပ်တို့ဖြစ်သည်။

မည်သည့်စစ်တပ်ကမဆို အင်ပါယာတစ်ခုလုံးကို ခြိမ်းခြောက်နိုင်သော စွမ်းအင်မျိုး ရှိနေကြပြီး လူပေါင်းများစွာကို စိုးရိမ်တကြီး ပူပန်မှုအပြည့်နှင့် မအိပ်ပျော်နိုင်အောင် လုပ်နိုင်စွမ်းရည်ရှိလေသည်။ ထိုကဲ့သို့ စစ်တပ်နှစ်ခုဟာ တစ်ပြိုင်တည်း ပေါ်ထွက်လာလျှင်ပင် အင်ပါယာနှစ်ခု၏ ပျက်စီးရာပျက်စီးကြောင်း ဖြစ်သွားနိုင်သေးသည်။ သို့သော် ထိုကဲ့သို့ စစ်တပ်သုံးခုဟာ ဒီနေရာတွင် ပေါ်လာသည်။ အင်အားကြီးမားသော တိုင်းပြည်ကြီးတစ်ခုကိုပင် မွှေနှောက်ဖျက်ဆီးလျှက် လုပ်နိုင်သေးသည်။ နှစ်သန်းကျော် သက်တမ်းရှိခဲ့သည့် ဆမ်ဆာနှင့် မင်းဆက်ဆိုလျှင်ပင် ထိုသို့ပျက်စီးသွားရလေရာ အင်အားနည်းသော အင်ပါယာများဆိုလျှင် ထည့်ပြောရန်ပင် မလိုအပ်တော့ချေ။

သို့သော် ယခုမူ အာရပ်များက တာလာ့ရှိထန်များကို အမြစ်ဖြတ်သုတ်သင်ရန် မတက်နိုင်ရုံသာ မကသေးလေဘဲ ဒီကြိုးစားအားထုတ်မှုတွင် သူတို့ဘက်ကလည်း များပြားလွန်းသည့် ဆုံးရှုံးမှုများကို ရင်ဆိုင်လာရသည်။

“အရှင် ကျွန်တော်တို့တွေ သူတို့ရဲ့ခုခံရေးအားလှိုင်းကို မဖောက်နိုင်သေးပါဘူး”

ကျစ်ရက ခေါင်းလှည့်ပြီး အပုမူစလင်ကိုကြည့်သည်။ ထို့နောက် အော့စမန်းကိုပြန်ကြည့်၏။ သူ၏မျက်မှောင်က ကျုံ့နေပြီဖြစ်သည်။

ယခုလိုအခြေအနေမျိုးဟာ ယခင်တိုက်ပွဲမျိုးတွင် မဖြစ်ဖူးချေ။ ကျစ်ရကပင် ဘာဆက်လုပ်ရမှန်း မသိတော့ချေ။

အပုမူစလင်၊ အော့စမန်းနှင့် အားပါးတို့အားလုံးက မျက်မှောင်ကျုံ့လိုက်ကြသည်။ အစိုးရ သုံးယောက်၏ ပူးပေါင်းအားဟာ စစ်သည်ငါးသိန်းနီးပါးဖြစ်သည်။ သို့တိုင်အောင် ထန်များနှင့်ပတ်သတ်ပြီး ဘာမှမလုပ်နိုင်သေးချေ။ သူတို့ထဲက မည်သူကမှလည်း ဒီလိုအခြေအနေမျိုးကို မမျှော်လင့်ထားချေ။

“အကြောက်အလန့်မဲ့ စစ်တပ်ကို လှုပ်ရှားခိုင်းလိုက်”

အပုမူစလင်က နောက်ထပ်အမိန့်ကို ထပ်ထုတ်သည်။

အော့စမန်းနှင့် အားပါးတို့ကလည်း ထိုနာမည်ကြောင့် ကြောင်သွားသည်။ သူတို့၏မျက်နှာတွင် ထူးခြားသော မျက်နှာဘေးမျိုးက ပေါ်ထွက်လာကြသည်။

အကြောက်အလန့်မဲ့စစ်တပ်

သူတို့ထိုနာမည်ကို ကြားပြီးသည်မှာ ကြာလှချေပြီ။ သို့သော် နောက်ဆုံးကြားခဲ့ရသည့် အချိန်ကလည်း အလွန်ကြာနေပြီဖြစ်သည်။ နောက်ဆုံးတစ်ခေါက်က ဆမ်ဆာနှင့်မင်းဆက်နှင့် စစ်ပွဲတွင်သာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဒါဟာ အပုမူစလင်၏ အမိန့်အောက်တွင် အင်အားအကြီးဆုံး စစ်တပ်တစ်ခုဖြစ်သည်။ သူတို့ဟာ အစစ်အမှန် အင်အားကြီးမားသည့် အင်အားစုကြီးဖြစ်သည်။ အကြောက်အလန့်မဲ့စစ်တပ်သည် အပုမူစလင်ကို အရှေ့ပိုင်းအစိုးရ ဖြစ်လာစေအောင် ကူညီပေးနိုင်ခဲ့သည်။ သူ၏အမိန့်အောက်မှ အင်အားအကြီးဆုံးသော အင်အားစုကြီးအဖြစ် ပေါ်ထွက်လာနိုင်ခဲ့သည်။

သို့သော် အင်အားအကြီးဆုံး ဖြစ်နေသော်လည်း အပုမူစလင်နှင့် အကြောက်အလန့်မဲ့ စစ်တပ်၏ အင်အားပမာဏက အလွန်နည်းသည်။ လေးထောင်သာရှိသည်။ ထိုစစ်တပ်မှ ဆုံးရှုံးမှုတိုင်းက ဆယ်နှစ်ကျော် အချိန်ယူလေ့ကျင့်ပြီးမှ ပြန်လည်အစားထိုးနိုင်သော အနေအထားမျိုး ဖြစ်နေသည်။ ထိုအတွက်ကြောင့် ခိုရာစန်း၏ ဆမ်ဆာနှင့်မင်းဆက်ကို ဖျက်ဆီးပြီးနောက် အပုမူစလင်ဟာ ထိုစစ်တပ်ကို အသုံးမပြုဖြစ်တော့ချေ။

ဆယ်နှစ်ကျော်ကြာ ပျိုးထောင်ပြီးနောက် အကြောက်အလန့်မဲ့စစ်တပ်ဟာ အပုမူစလင်၏ နောက်တန်းတွင် သိမ်းဆည်းထားခြင်းကိုသာ တစ်ချိန်လုံး ခံခဲ့ရသည်။ သို့သော် နောက်ဆုံးတွင် တဖန်ပြန်လည် ထွက်ခွာနိုင်တော့မည်ဖြစ်သည်။ သူတို့ဟာ အရှေ့ပိုင်း တိုက်ပွဲနယ်မြေတွင် ခြေချနိုင်တော့မည်ဖြစ်သည်။

“ဒီလက်အောက်ငယ်သားက အမိန့်ကို ထမ်းဆောင်ပါတယ်”

ကျစ်ရ၏မျက်ဝန်းက တောက်ပသွားသည်။ သူဟာ အမိန့်ကို ပို့ဆောင်ရန် မြင်းကိုဒုန်းစိုင်းစီးနင်းသွားသည်။

အကြောက်အလန့်မဲ့စစ်တပ်

ထိုစစ်တပ်သည် အပုမူစလင်၏ ဂုဏ်သတင်းနှင့် ပူးတွဲချည်နှောင်ခံထားရလုနီးပါး ဖြစ်နေသည့် အကျော်ကြားဆုံးသော အင်အားစုကြီးဖြစ်သည်။ ထိုအင်အားစုကို အမိန့်ပေးနိုင်သောသူက အပုမူစလင်နှင့် ကျစ်ရသာရှိသည်။

ဘုန်း

ရုတ်တရက် အာရပ်စစ်တပ် နောက်တန်းမှ ခရာမှုတ်သံက ထွက်ပေါ်လာသည်။ တိုက်ပွဲနယ်မြေသို့ တစ်စုံတစ်ရာဟာ ချဉ်းကပ်လာသလိုမျိုး ဝရုန်းသုန်းကား အခြေအနေက ဖြစ်ပေါ်လာသည်။

“အရှင် အာရပ်တွေဘက်က လှုပ်ရှားမှုပါ”

ကျန်းချွယ်က အဝေးသို့စိုက်ကြည့်သည်။ သူ၏မျက်နှာတွင်မူ ပူပန်မှုက ပေါ်လာသည်။

တိုက်ပွဲနယ်မြေ၏ ပြင်းထန်မှုက သူ၏မျှော်လင့်ထားသမျှကို ကျော်လွန်သွားသည်။ အနောက်တောင်ပိုင်း၏ စစ်ပွဲကပင် မယှဉ်နိုင်ချေ။ သူ၏တစ်ဘဝလုံးတွင် ဒီတိုက်ပွဲနယ်မြေဟာ လက်ရွေးစင်စစ်တပ်ပေါင်းများစွာ စုစည်းရာနေရာဖြစ်မည်ဟု မထင်ထားမိချေ။

ကျန်းချွယ်က ဒီတိုင်း ကင်းထောက်စစ်သည်တော်မျှသာဖြစ်သည်။ ထို့ကြောင့် ရှု့ထောင့်တစ်ခုမှသာ ကြည့်မည်ဆိုလျှင် သူဟာ စစ်သည်တော်တစ်ယောက်ဟုပင် ထည့်တွက်၍မရချေ။ သူဟာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ပြီး ရန်သူကို မသတ်ဖြတ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် သူ၏စိတ်အတွင်းတွင်လည်း ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်က ရှိနေသည်။

ဝမ်ချောင်ကသာ နောက်မတွန့်သမျှ သူဟာလည်း နောက်ဆုတ်လိမ့်မည်မဟုတ်ချေ။

ကျန်းချွယ်သည်လည်း တာလာ့ရှိ လူသောင်းပေါင်းများစွာက အလားတူ ယုံကြည်ထားမည်ဟု ယုံကြည်သည်။ ဝမ်ချောင်ကသာ သူတို့ပိုင်ဆိုင်ဖူးသမျှထဲတွင် အင်အားအကြီးဆုံးသော နောက်ခံဖြစ်သည်။

ဝမ်ချောင်က ပုံပျက်ပန်းပျက်ဖြစ်သွားသော ကောင်းကင်ကိုကြည့်ပြီး မှတ်ချက်ပေးသည်။

“အပုမူစလင်က အကြောက်အလန့်မဲ့စစ်တပ်ကို စေလွှတ်တော့မယ်”

စစ်သားများ၏ အရှိန်အဝါကို ပုံမှန်အားဖြင့် မမြင်နိုင်ချေ။ ပတ်ဝန်းကျင်ကိုလည်း မသက်ရောက်နိုင်သင့်ချေ။ သို့သော် ထိုစစ်တပ်၏ အရှိန်အဝါကမူ စွမ်းအားကြီးမားလွန်းပြီး မြင်တွေ့နိုင်စွမ်းအားပင် ရှိနေလေသည်။ လေပြင်းများကပင် စတင်ကာ တွန့်လိမ်ရှုံ့တွလာကြသည်။ အရေးအကြီးဆုံး အချက်ကမူ နေ့တစ်နေ့တာ၏ အစောပိုင်းကာလဖြစ်နေသေးသည့်တိုင်အောင် အာကာသပြင် တည်ရှိနေသော ကောင်းကင်တစ်နေရာက မည်းမှောင်ပြီး ညအချိန်အလား ဖြစ်လာသည်။ ထို့ကြောင့် အလွန်အမင်း စိတ်မငြိမ်းအေးနိုင်သော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။

ထိုခံစားချက်ကြောင့် ဝမ်ချောင်ဟာ နာမည်တစ်ခုကိုသာ တွေးမိသည်။ ထိုစစ်တပ်က အကြောက်အလန့်မဲ့စစ်တပ်ဖြစ်နိုင်သည်။

တာလာ့၏တိုက်ပွဲတွင် ထိုနာမည်ဟာ အပုမူစလင်နဲ့ ပေါင်းစပ်နေသည်။ မရေမတွက်နိုင်သော စစ်တပ်များအကြားတွင် အပုမူစလင်နှင့် အဆက်အသွယ်အရှိဆုံး အတောက်ပဆုံး စစ်တပ်ဆိုလျှင် အကြောက်အလန့်မဲ့ စစ်တပ်ဆိုသည်မှာ မေးခွန်းထုတ်ရန် မလိုအပ်တော့ချေ။ အပုမူစလင်၏ အမိန့်ပေးမှုအောက်တွင် ထိပ်တန်းအရည်အသွေးရှိ စစ်တပ်နှစ်ခုရှိသည်။ တစ်ခုဟာ သံမဏိသွေးစစ်တပ်ဖြစ်ပြီး တိုက်ပွဲနယ်မြေအများစုသို့ ဝင်ရောက်လေ့ရှိသည်။ အခြားတစ်ခုကမူ အကြောက်အလန့်မဲ့စစ်တပ်ဖြစ်သည်။

“ဝမ်ချောင် အကြောက်အလန့်မဲ့စစ်တပ်က သွေးသံမဏိစစ်တပ်ထက်တောင် အင်အားကြီးမားသေးတယ်။ ငါတို့ထဲက ဘယ်အင်အားစုကမှ သူတို့ကို မတားနိုင်ဘူး”

ကောင်းရှန်းကျစ်က ဝမ်ချောင်ကို လှည့်ကြည့်သည်။ သူ၏မျက်နှာတွင် ပူပန်မှုများရှိနေသည်။

မဟာဗိုလ်ချုပ်ကြီးများသည် သာမာန်လူများထက် ပို၍မြင်နိုင်စွမ်းရည်ရှိသည်။ ထို့ကြောင့် အကြောက်အလန့်မဲ့ စစ်တပ်ကို မမြင်ရသေးသည့်တိုင်အောင် ကောင်းရှန်းကျစ်အနေနှင့် တိုက်ပွဲနယ်မြေအတွင်းသို့ သယ်ဆောင်လာသည့် ဖျက်ဆီးခြင်းမုန်တိုင်းကို အာရုံခံမိနေပြီဖြစ်သည်။

“ငါတို့မှာ မထုတ်သုံးရသေးတဲ့ အင်အားစုသုံးခုရှိတယ်။ အကြောက်အလန့်မဲ့စစ်တပ်ကို ရင်ဆိုင်ဖို့ ဘယ်အင်အားစုကို စေလွှတ်မှာလဲ”

သူတို့ဟာ တာလာ့ရှိ အဆင့်အမြင့်ဆုံး အမိန့်ပေးသူများဖြစ်သော်လည်း ကောင်းရှန်းကျစ်အနေနှင့် တိုက်ပွဲနယ်မြေတစ်ခုလုံးရှိ အာဏာကို ဝမ်ချောင်ထံ ပို့ထားသည်။ ဒါက မမျှော်လင့်ထားသော အခြေအနေကို ကြိုတင်ကာကွယ်ရန်အတွက်လည်း ဖြစ်သလို ကောင်းရှန်းကျစ်က ဝမ်ချောင်၏ စွမ်းရည်ကို ယုံကြည်စွာပြသရာလည်းရောက်သည်။

“ဟား အကြောက်အလန့်မဲ့စစ်တပ်က အင်အားကြီးလောက်တယ်။ ဒါပေမဲ့ ငါတို့မှာ သူတို့ကိုတားနိုင်တဲ့ စစ်တပ်တစ်ခုတော့ ရှိပါသေးတယ်”

ဝမ်ချောင်၏ မျက်နှာထားက တည်ငြိမ်သည်။ သူဟာ ခပ်အေးအေးသာဖြစ်သည်။ မည်သည့်သာမာန် စစ်တပ်ကမှ အကြောက်အလန့်မဲ့စစ်တပ်ကို မတားနိုင်ချေ။ တစ်ဖက်အင်အားစုဟာ သံမဏိသွေး အင်အားစုထက် အင်အားကြီးမားသည်။ သို့သော် ဝမ်ချောင်ကလည်း သူ၏အမိန့်အောက်မှ အင်အားစုတစ်ခုက အကြောက်အလန့်မဲ့စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်နိုင်ကြောင်း နားလည်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ဟိန်းဟောက်ခြင်းကျားစစ်တပ်ကို ဝိညာဉ်ထဲ ဝင်ခိုင်းလိုက်ပါ”

ဝမ်ချောင်ကအော်သည်။

“ဟိန်းဟောက်ခြင်း ကျားစစ်တပ်ဟုတ်လား”

ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ရှီယွမ်ချင်တို့ အားလုံးက ဝမ်ချောင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်ကြသည်။ သူတို့ဟာ ထိုနာမည်နှင့် မရင်းနှီးချေ။ သို့သော် နာမည်အရ တစ်ဖက်စစ်တပ်၏ ခွန်အားကို ခံစားမိနိုင်သည်။ သူတို့ထဲမှ မည်သူကမှလည်း ဝမ်ချောင်ဟာ ထိုစစ်တပ်နှင့်ပတ်သတ်ပြီး ထိုမျှအထိ ယုံကြည်မှုရှိနေမည်ဟု မမျှော်လင့်ထားကြချေ။

ဝမ်ချောင်က ရှင်းပြမနေချေ။ ဒီတိုင်း ဖျော့တော့စွာသာ ပြုံးလိုက်သည်။

ဟိန်းဟောက်ခြင်းကျားစစ်တပ်သည် မဟာထန်၏ လူနှစ်ယောက်တည်းက လေ့ကျင့်ပေးထားသော စစ်တပ်ဖြစ်သည်။ ထိုလူဟာ အိမ်ရှေ့စံ၏ အငယ်တန်း အစောင့်အရှောက် ဝမ်ကျုံးစစ်ပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော ကျန်းရှို့ကွေးဖြစ်သည်။ ဒီလိုလူတစ်ယောက်က လေ့ကျင့်ပေးထားတဲ့ ထိပ်တန်းအင်အားစုကို ဘယ်သူကများ ပေါ့သေးသေး သဘောထားရဲမှာလဲ။

လုံရှီးမှ ရို့ကျိုးသို့... ကျန်းရှို့ကွေးသည် ဒဏ္ဍာရီဆန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။ သူဟာ ရန်သူပေါင်းများစွာကို အုပ်စိုးနိုင်ခဲ့သည်။ ခေတ်ချင်းယှဉ်သော် ခဲ့ရှု့ဟန်နှင့် ကောင်းရှန်းကျစ်တို့က သူ၏ဂျူနီယာများဖြစ်သည်။ သို့သော် ဟူနှင့်ဟန်အကြားမှ ခွဲခြားမှုအပြင် အနောက်ပိုင်းနယ်မြေနှင့် ရို့ကျိုးအကြားမှ ခြားနားမှုများကြောင့် ကောင်းရှန်းကျစ်ဟာ ကျန်းရှို့ကွေးကို အများကြီး နားမလည်လောက်ချေ။

ဟိန်းဟောက်ခြင်းကျားစစ်တပ်သည် ကျန်းရှို့ကွေး၏ အမိန့်အောက်မှ အင်အားအကြီးဆုံး စစ်တပ်ဖြစ်သည်။ သူတစ်ဘဝလုံး ကြိုးစားပြီး လေ့ကျင့်ပေးခဲ့သော အင်အားစုတစ်ခုလည်းဖြစ်သည်။ စစ်သည်တော်တိုင်းက ဖော်ပြရန်ခက်ခဲလောက်အောင် ပြင်းထန်လွန်းသည့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ ခွန်အားချင်းသီးသန့်ယှဉ်မည်ဆိုလျှင် ရွှမ်ဝူစစ်တပ်၊ နတ်သိုင်းစစ်တပ်၊ သံမဏိမြို့ရိုးစစ်တပ် မဆိုထားဘိ မည်သည့်စစ်တပ်ကမှ မယှဉ်နိုင်ချေ။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူကိုယ်တိုင်က လေ့ကျင့်ပေးထားတဲ့ နတ်အကျဉ်းထောင်စစ်တပ်အတွက် အနည်းငယ်တော့ဖြင့် ယုံကြည်မှုရှိလောက်သည်။ သို့သော် သူတို့၏လေ့ကျင့်ချိန်က တိုသေးသည်။ ထို့ကြောင့် စိတ်နေသဘောထားချင်း၊ ခိုင်မာမှုချင်းယှဉ်သော် မည်သည့်နည်းနှင့်မှ ဟိန်းဟောက်ခြင်း ကျားစစ်တပ်ကဲ့သို့ တိုက်ပွဲရာပေါင်းများစွာကို ကျော်ဖြတ်မွန်းမံခဲ့ပြီးသော အင်အားစုတစ်မျိုးကို ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။

ကျန်းရှို့ကွေး ခင်ဗျားရဲ့စွမ်းအင်ကို ပြရမဲ့အချိန်ပဲ။

ဝမ်ချောင်သည်လည်း သူ့ဘာသာသူ တွေးကြည့်ပြီး သဘောကျသွားသည်။ သူက နှစ်ဖက်အကြားမှ ရန်ငြိုးရှိသော စစ်သားများ၏ ခံစားချက်ကို ထည့်မတွက်ဘဲ ကျန်းရှို့ကွေးထံသို့ စာတစ်စောင် ကိုယ်တိုင်ကိုယ်ကျ ပို့ပေးခဲ့ခြင်းဖြစ်သည်။ ကျန်းရှို့ကွေးဟာ ကောင်းကောင်း ဟန်ဆောင်နိုင်သည်။ သို့သော် ဝမ်ချောင်ကလည်း သူ့ကိုထိုအတိုင်း လုပ်ဆောင်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။

အခန်း ၁၀၇၈

ခြိမ်း

အဝေးတွင် ဖုန်တိမ်စိုင်များက ဝရုန်းသုန်းကားဖြစ်သွားသည်။ အကြောက်အလန့်မဲ့စစ်တပ်ဟာ နောက်ဆုံးတွင် တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။ ပေတစ်ထောင်၊ ပေငါးရာ၊ ပေသုံးရာ

“ထွက်ခွာတော့”

မြေကမ္ဘာကြီး တုန်ခါသွားသည့် ဟိန်းသံအောက်တွင် ဝမ်ချောင်ဟာလည်း ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်လေးထောင်ကို တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်ခိုင်းလိုက်ပြီဖြစ်သည်။

သူတို့၏ခန္ဓာကိုယ်မှ မြောက်တက်လာသော အရှိန်အဝါက နတ်သိုင်းစစ်တပ်ပင်ဖြစ်စေ၊ သံမဏိမြို့ရိုး စစ်တပ်နှင့်ပင်ဖြစ်စေ တူညီလုနီးပါး ဖြစ်နေသေးသည်။ ကောင်းရှန်းကျစ်ကပင် မနေနိုင်ဘဲ ထိုစစ်တပ်နှင့် ပတ်သတ်ပြီး အနည်းငယ် စိုးရိမ်သွားမိသည်။ မည်သို့ပင်ဆိုစေ အကြောက်အလန့်မဲ့စစ်တပ်က တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ အလွန်အမင်း စိတ်အေးနေသလို တည်ငြိမ်နေသည်။

ခြိမ်း

ရုတ်တရက် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက ဝရုန်းသုန်းကားဖြစ်နေသော မြင်းခွာသံများနှင့်အတူ ဒုန်းစိုင်းစီးနင်းလာသည်။

ချွင်

အေးစက်သောအလင်းက ဖြတ်ကနဲလက်ပြီးနောက် အာရပ်ဓားမောက်ရှည် နှစ်လက်က လွှဲယမ်းသွားလေပြီး ချီတက်လာသော အာရပ်စစ်သည်များဘက်သို့ ကျသွားသည်။ ထိုသို့ဖြင့် ရှေ့သို့ချီတက်လာသော အာရပ်စစ်သည်တော်တစ်ယောက်၏ ဘေးဘက်သို့ကျသွားရင်း တိုက်ပွဲနယ်မြေအတွင်းသို့ မုန်တိုင်းတစ်ခုလို ဝရုန်းသုန်းကား တိုးဝင်သွားသည်။

ဝေါင်း

အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သည်တော်တစ်ယောက်က သူ၏ဘယ်ဘက်ပုခုံးပေါ်တွင် ပိန်းပိတ်အောင် မည်းမှောင်နေသော မိစ္ဆာနတ်ဘုရား သင်္ကေတလေးကို တပ်ဆင်ထားသည်။ ထိုလူသည် နတ်သိုင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်ထံ ခုန်ဝင်သွားသည်။

ချွင်

တစ်ဖက်သူက သူ၏ဓားကိုသုံးပြီး ဓားမောက်ရှည်ကိုသုံးသည်။ သို့သော် ဓားမောက်ရှည်အတွင်းမှလာသော ပြည့်နှက်သိပ်သည်းလွန်းသော စွမ်းအားများက နတ်သိုင်းစစ်တပ်မှ စစ်သည်တော်ကို ပေတစ်ရာကျော်ခန့်အထိ နောက်သို့လွင့်ထွက်သွားစေသည်။

ထိုအချက်အပြင် ထိုဓားမောက်ရှည်က ထိုစစ်သည်တော်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

ဇွက်

သူ၏သံချပ်ကာက ပွင့်ထွက်သွားပြီး သွေးများက ကောင်းကင်ကို ပန်းထွက်သွားသည်။

ဝုန်း

နတ်သိုင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်ကို လွင့်ထွက်သွားအောင် လုပ်ပြီးနောက် အကြောက်အလန့်မဲ့သော ထိုထောင်ထောင်မောင်းမောင်းနှင့် စစ်သည်တော်ဟာ ခေါင်းကိုတစ်ချက် လှည့်ကြည့်လိုက်ပြီး အနီးအနားမှ နတ်အကျဉ်းထောင် စစ်သည်တော်တစ်ယောက်ကို ကြည့်လိုက်သည်။ ထိုစစ်သည်တော်ဟာလည်း မည်သည့်ခံစားချက်ကိုမှ ထုတ်ပြခြင်းမရှိဘဲ သူ၏ဓားကိုမြှောက်လျှက် အကြောက်အလန့်မဲ့ စစ်တပ်မှ စစ်သည်တော်ကို ထိုးခုတ်လိုက်လေသည်။

ချွင်

အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သည်တော်၏ ခါးနားတွင်ရှိနေသော ဓားမောက်ရှည်က ယခုလိုအနီးကပ် တိုက်ခိုက်ရသည့် တိုက်ပွဲမျိုးတွင် ရုတ်တရက် ရှေ့သို့ လျောထွက်သွားပြီး နတ်အကျဉ်းထောင် စစ်တပ်မှ စစ်သည်တော်၏ အလွန်အမင်း ကြမ်းတမ်းခက်ထန်သည့် တိုက်ကွက်ကို ရိုးရှင်းစွာသာ တားလိုက်သည်။

ဘန်း

ဓားမောက်ရှည်က ဖြတ်ကနဲလက်သွားသည်။ သူတို့ဟာ သူတို့၏အင်အားကို အပြည့်အဝ ထုတ်ဖော်လေပြီး နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်တော်က နောက်ဆုတ်ရန် အချိန်မရှိသေးခင် သူ၏ဘယ်ဘက်ပုခုံးတွင် သွေးအလင်းက ဖြတ်ပြေးသွားသည်။ ထို့နောက် သူ၏ လက်မောင်းတစ်ဖက်လုံးက မြေပြင်သို့ ပြုတ်ကျသွားသည်။

နတ်အကျဉ်းထောင်စစ်တပ်အနေနှင့် ပထမဦးဆုံးအကြိမ် တိုက်ပွဲအတွင်းသို့ ဝင်ရောက်ခြင်းဖြစ်နေသည်။ ထို့အပြင် ယခုလိုမျိုး လက်မောင်းတစ်ဖက် ပြုတ်ထွက်ခဲ့ဖူးသော အင်အားမျိုးကိုလည်း မြင်ဖူးခြင်းဖြစ်နေသည်။

“နတ်အကျဉ်းထောင်စစ်တပ်က ခုခံနိုင်တဲ့စွမ်းရည် မလုံလောက်ဘူး”

ပထမခုခံရေး အားလှိုင်းအနောက်မှ ကောင်းရှန်းကျစ်၏ မျက်ခုံးကမြှင့်တက်သွားပြီး ဝမ်ချောင်ကို လှည့်ကြည့်သည်။ သူ၏မျက်ဝန်းအတွင်း စိုးရိမ်မှု တစ်စွန်းတစ်စက ဖြတ်ပြေးသွားလေသည်။ နတ်အကျဉ်းထောင်စစ်တပ်သည် ဖော်ပြရန်ခက်ခဲလောက်အောင် တိုက်ခိုက်နိုင်သောစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ခြိမ်းခြောက်နိုင်သော စွမ်းရည်သီးသန့်ခြင်းယှဉ်သော် သံမဏိမြို့ရိုးစစ်တပ်နှင့် နတ်သိုင်းစစ်တပ်ကပင် မယှဉ်နိုင်လောက်ချေ။

သို့သော် နတ်အကျဉ်းထောင်စစ်တပ်၏ တစ်ခုတည်းသော ပြစ်ချက်ကမူ သိသာလွန်းသည်။ ထိုစစ်သားများက လေးစားဖွယ်ကောင်းလွန်းသည့် တိုက်ခိုက်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း သူတို့၏ ခုခံနိုင်စွမ်းရည်က အလွန်အမင်း အားနည်းလွန်းနေသည်။ ထို့ကြောင့် စကားလုံးချင်းယှဉ်သော် ဝမ်ချောင်က သူတို့၏ လေးစားဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များနှင့် ခုခံနိုင်စွမ်းရည်ကို စတေးထားရခြင်းဖြစ်လောက်သည်။

ပြိုင်ဘက်က တူညီသောအင်အားချင်း ရှိနေလျှင် တိုက်ခိုက်သောအရှိန်နှုန်း နှေးကွေးနေခဲ့လျှင် ဒီအခြေအနေက ပြဿနာမရှိလောက်ချေ။ သို့သော် ပို၍အင်အားကြီးမားသောသူမျိုး သို့မဟုတ် အရှိန်နှုန်းချင်းတူသော လူမျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် ဥပမာအားဖြင့် အကြောက်အလန့်မဲ့ စစ်တပ်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ ဒုက္ခရောက်ရသည်။ အကြောင်းမူကား ထိုစစ်သည်တော် တစ်ယောက်ချင်းစီတိုင်းက ထက်ရှသောဓားနှစ်လက်ကိုသုံးသည်။ တစ်လက်က တိုက်ခိုက်ရန်ဖြစ်ပြီး တစ်လက်က ခုခံရန်ဖြစ်သည်။ နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သားများက သူတို့၏ ခြိမ်းခြောက်နိုင်လောက်အောင် ပြင်းထန်သည့် သတ်ဖြတ်ခြင်း စွမ်းအားများကို ထုတ်မသုံးနိုင်ရုံသာ မကသေးလေဘဲ သူတို့၏တိုက်ကွက်များကလည်း တားဆီးခံရရင်း ခုခံရသည့် အနေအထားမျိုးသို့ ရောက်ရသည်။

ချွင် ချွင် ချွင်

နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သားက လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားကြောင်း မြင်သောအခါ သူ၏စစ်သည်တော် နှစ်ယောက်ကလည်း သူ၏ဓားအသီးသီးကိုသုံးလျှက် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် တိုက်ခိုက်လာကြသည်။ အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သားက ချက်ချင်းဆိုသလို လက်နှစ်လက်လုံးကိုသုံးပြီး တိုက်ကွက်တိုင်းကို ခုခံသည်။ သို့သော်သူဟာ နောက်ဆုတ်မည့် လက္ခဏာမပြချေ။ သူဟာ နှစ်ယောက်တစ်ယောက် ရင်ဆိုင်နေရသည့်တိုင်အောင် နောက်မတွန့်သွားခဲ့ချေ။

အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သားဟာ သူ၏ကိုယ်ပိုင်ခက်ထန်ကြမ်းတမ်းမှုနှင့် မှင်သက်ဖွယ်ကောင်းသော တိုက်ခိုက်စွမ်းရည်ကို အားကိုးပြီး နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်တော် နှစ်ယောက်လုံး၏ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာသည့် တိုက်ကွက်တိုင်းကိုတားသည်။ ထိုမြင်ကွင်းက ထန်စစ်သားတိုင်းကို မှင်သက်ကြောင်အသွားစေသည်။

“ဘယ်လောက်တောင် လေးစားဖို့ကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းရည်လဲ”

လီစစ်ယဲ့ကပင် မှင်သက်သွားသည်။ ထိုစစ်သည်တော်သည် သတ်ဖြတ်ရန် သီးသန့်မွေးဖွားလာခဲ့သလို ဖြစ်နေသည်။ သူတို့၏ နည်းလမ်းများက ထက်ရှလွန်းပြီး ခက်ထန်ကြမ်းတမ်းလွန်းသည်။ အဝေးမှ ကြည့်နေသည့်တိုင်အောင် ကြည့်ရှု့သူများ၏ နှလုံးသားအတွင်းသို့ ကြောက်လန့်မှုများကို ထိုးသွင်းနေသည်။ ထို့ကြောင့် တိုက်ခိုက်နေသော လူများဆိုလျှင် ပို၍ဆိုးလောက်သည်။

ထိုအခြေအနေဟာ နတ်သိုင်းစစ်တပ်နှင့် နတ်အကျဉ်းထောင်စစ်တပ်တို့၏ အခြေအနေကို ပြောင်းလဲစေရုံသာ မကသေးလေဘဲ ဝမ်ချောင်၊ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့ကိုလည်း တိတ်ဆိတ်သွားစေသည်။

အဝေးတွင် ချွီထေပါး၊ အပုမူစလင်၊ အော့စမန်းနှင့် အခြားသောလူများက စောင့်ကြည့်နေကြသည်။ နှစ်ဖက်လုံးမှ လက်ရွေးစင် မဟာဗိုလ်ချုပ်ကြီးများက သူတို့၏ ဟန်ချက်ညီမှုကို ထိန်းထားကြသည်။

အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သည်လေးထောင်က တိုက်ပွဲတစ်ခုလုံးကို အပြည့်အဝ လွှမ်းမိုးချုပ်ကိုင်တော့မည့် အချိန်တွင် ရုတ်တရက် မဟာထန်ဘက်မှ ငါးခုမြောက် လက်ရွေးစင် အင်အားစုဟာ စစ်မြင်းပေါ်သို့ ချဉ်းကပ်လာပြီဖြစ်သည်။

ဘန်း

အကြောက်အလန့်မဲ့သော စစ်သည်တော်၏ အမွှာဓားမောက်ရှည် နှစ်လက်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ထိုးသွင်းမွှေနှောက်နိုင်သည်။ သို့သော် ထိုအခိုက်အတန့်တွင် တောက်လောင်နေသော အဖြူရောင်မီးတောက်တစ်ခုလိုမျိုး ခုန်ဝင်လာသည့် ခက်ထန်ကြမ်းတမ်းလွန်းသော ကျားဖြူကြီးတစ်ကောင်၏ ပုံရိပ်ကို သယ်ဆောင်ထားသော အနက်ရောင် ဓားတစ်လက်က အောက်သို့ ခုတ်ချလာသည်။

ဘန်း

ဓားမောက်ရှည်နှစ်လက်လုံးက လေးလံသောခုတ်ချက်ကို ချက်ချင်းလိုလိုတားသည်။ ထိုအရာသာ မကသေးချေ။ အကြောက်အလန့်မဲ့ စစ်သည်တော်က ဓားမောက်ရှည် နှစ်လက်လုံးကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ရင်း ကြောက်မက်ဖွယ်ကောင်းလွန်းသည့် ခွန်အားများကို ထိုးသွင်းကာ ထိုထိုးဖောက်ခြင်း ကျားစစ်တပ်မှ စစ်သည်တော်ကို နောက်သို့ လွင့်အောင်လုပ်သည်။

တိုက်ပွဲနယ်မြေအတွင်း အလားတူသော ဖြစ်စဉ်များက ဖြစ်ပေါ်နေသည်။ ထိုသို့ဖြင့် ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော် လေးထောင်ကျော်က အကြောက်အလန့်မဲ့ စစ်တပ်ကြောင့် နောက်သို့အတွန်းခံရသည်။

ကောင်းရှန်းကျစ်က ဝမ်ချောင်ကို တစ်ချက်ကြည့်သည်။ သူ၏မျက်ခုံးက ပင့်သွားသည်။ သို့သော် သူဟာ တိတ်ဆိတ်နေသေးသည်။ ဝမ်ချောင်ကလည်း ဟိန်းဟောက်ခြင်းကျားစစ်တပ်က အကြောက်အလန့်မဲ့ စစ်တပ်ကို တားနိုင်သည်ဟုဆိုသည်။ သို့သော် ယခုအနေအထားအရ ဟိန်းဟောက်ခြင်းကျားစစ်တပ်က နတ်သိုင်းစစ်တပ်၊ သံမဏိမြို့ရိုးစစ်တပ်နှင့် အင်အားချင်း တူညီနေသည်။ ရိုးရှင်းစွာဖြင့်ပင် အဆင့်ပိုမြင့်သော အကြောက်အလန့်မဲ့စစ်တပ်ကို မတားနိုင်ချေ။

“ဝမ်ချောင် ငါတို့တွေ နောက်ထပ်တစ်ဖွဲ့ လွှတ်ကြမလား”

ကောင်းရှန်းကျစ်က တုန့်ဆိုင်းစွာမေးသည်။

“မလိုပါဘူး သူတို့ကိုယုံကြည်ထားလိုက်”

ဝမ်ချောင်က ပေါ့ပါးစွာပြောသည်။

ဝမ်ချောင်၏စကားကို တုန့်ပြန်နေသလိုမျိုး နောက်သို့ဆက်တိုက် ဆုတ်နေရသည့် ဟိန်းဟောက်ခြင်း ကျားစစ်တပ်များက တဖန်ထပ်ပြီး ရှေ့သို့တိုးကြသည်။ ဒုတိယတစ်သုတ် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သို့သော် ဒီတစ်ခေါက်တွင်မူ အခြေအနေဟာ ခြားနားသွားလေပြီ။

အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သည်လေးထောင်က သူတို့၏ဓားမောက်ရှည်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တစ်ဖက်သူများနှင့် ထိပ်တိုက်ရင်ဆိုင်သည်။ ဟိန်းဟောက်ခြင်း ကျားစစ်တပ်မှ စစ်သည်တော်များ၏ ကိုယ်ထည်အတွင်းမှ ဟိန်းသံလို၊ ညဉ်းညူသံလိုလို၊ မာန်ဖီသံလိုလို အသံမျိုးက ထွက်ပေါ်လာသည်။ အခြားသောသူများ၏ မယုံကြည်နိုင်သော မျက်နှာထားများအောက်တွင် ဟိန်းဟောက်ခြင်း ကျားစစ်တပ်၏ စစ်သည်တော်များ၏ ကိုယ်အတွင်းမှ အရိုးများက ညဉ်းသံလိုလို အသံမျိုးကိုထုတ်သည်။ သူတို့၏စွမ်းအင်များက ဖောင်းကားလာသည်။ ထို့နောက်ခန္ဓာကိုယ်က ပိုကြီးလာကြသည်။

ဘန်း

ကြီးမားသော အနက်ရောင်ဓားကြီး တစ်လက်က ဓားမောက်ရှည်နှစ်လက်လုံးကို ခုတ်ချလိုက်သည်။ တူညီသောသိုင်း၊ တူညီသောတိုက်ကွက်ကိုသာ သုံးသော်လည်း ရလဒ်က ခြားနားသွားပြီဖြစ်သည်။

ဘန်း

အနက်ရောင်ဓားကို တားထားသည့် ဓားမောက်ရှည်များက ဓားအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များကြောင့် ဓားမောက်ရှည်များကို ကိုင်ဆောင်ထားသလို အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သည်တော်များကသာ ခြေလှမ်းများစွာ ဆုတ်လိုက်ရစေသည်။

“မဖြစ်နိုင်တာ”

အဝေးရှိ အားပါးကလည်း ဒီမြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။ အကြောက်အလန့်မဲ့စစ်တပ်မှ အင်အားကို သူကလွဲပြီး မည်သူကမှ ပိုမသိနိုင်ချေ။ သူဟာလည်း အကြောက်အလန့်မဲ့ စစ်တပ်မှ စစ်သည်လေးထောင်ကို သူတို့၏အမွှာလက်နက် နှစ်လက်ကိုသုံးပြီး ဆမ်ဆာရစ်မင်းဆက် မြို့တော်တွင် တိုက်ခိုက်နိုင်ရန် ဦးဆောင်ခဲ့သူဖြစ်သည်။ ထိုသို့ဖြင့် ရှေးဟောင်းအင်ပါယာကြီးမှ အင်အားအကြီးဆုံးသော စစ်သည်တော်များအားလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။ သူတို့၏သွေးကို လမ်းတွင်စိုရွှဲအောင် လုပ်နိုင်ခဲ့သည်။ သူတို့ကိုယ်အတွင်းရှိ နောက်ဆုံးသော သတ္တိများကလည်း အဆုံးစွန်အထိ သုတ်သင်ခံခဲ့ရသည်။

ဆမ်ဆာနှင့်မင်းဆက်မှ အင်အားအကြီးဆုံး စစ်သည်တော်များကပင် စိတ်ပျက်အားငယ်ခဲ့ရသည်။

အားပါးအနေဖြင့် ဒီလောကတွင် အပုမူစလင်၏ အကြောက်အလန့်မဲ့စစ်တပ်ကို နောက်တွန့်အောင် လုပ်နိုင်သည့် အင်အားစုမျိုးကို မမြင်ဖူးသေးချေ။

သို့သော် ယခုမူ အပုမူစလင်၏ အင်အားအကြီးဆုံးသော စစ်သည်တော်များက မျိုးနွယ်ခြား စစ်သည်တော်များကြောင့် နောက်သို့ တွန်းထုတ်ခံနေရကြောင်း မြင်လိုက်ရသည်။ လွန်ခဲ့သည့် တစ်စက္ကန့်ကပင် အကြောက်အလန့်မဲ့စစ်သားများက တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်နေသေးသည်။ ထိုသို့ဖြင့် ရန်သူစစ်တပ်ဘက်မှ အင်အားအကြီးဆုံး စစ်သားများကို ဖိနှိပ်နိုင်သွားသည်။ သို့သော် ယခုမျက်တောင်တစ်ခတ် အချိန်အတွင်း သူတို့ဟာ ပြန်တွန်းခံနေရသည်။

သို့သော် မည်သို့ဖြစ်ပျက်သွားကြောင်းကို နားမလည်နိုင်သေးချေ။

ဘယ်လိုဖြစ်ပြီး ဓားတစ်လက်ထဲကိုသုံးတဲ့ အဲ့ဒီစစ်သားတွေက ရုတ်တရက်ကြီး ဒီလောက်ထိ အင်အားကြီးသွားရတာလဲ။

အပုမူစလင်က ဘာစကားမှမဆိုချေ။ သို့သော် သူ၏မျက်နှာထားက အလွန်အမင်း သုန်မှုန်နေသည်။ သူဟာ သူ၏အမိန့်အောက်မှ အင်အားအကြီးဆုံး စစ်တပ်နှစ်ခုလုံးကို စေလွှတ်ပြီးလေပြီ။ သို့သော် သူ့တွင် ထပ်လွှတ်ရန် လက်ရွေးစင်စစ်သည်တော်များ မရှိတော့ချေ။

“ဟား ဟား ဟား”

ထိုအခိုက်အတန့်တွင် ကောင်းရှန်းကျစ်ထက် မည်သူကမှ ပိုမပျော်လောက်ချေ။ အစောပိုင်းအံ့အားသင့်မှု အဆုံးသတ်ပြီးနောက် သူဟာ အဖြစ်အပျက်များကို ချက်ချင်းလိုလို နားလည်လိုက်သည်။

“နမ်ရန်စီရင်စုမြို့စား မင်းကတော်တော်လေးကို အကြံအစည်ကြီးတာပဲ။ ကောင်းရှန်းကျစ်က မင်းရဲ့ဒီလှည့်ကွက်ကို တော်တော်လေး လေးစားမိပါတယ်”

နမ်ရန်စီရင်စုမြို့စားသည် သူတော်စင်ဧကရာဇ်က အန်းတုံးကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ကျန်းရှို့ကွေးကို ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ကောင်းရှန်းကျစ်သည်လည်း အန်းတုံးကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ်နှင့် အဆက်အသွယ် မရှိဖူးချေ။ သူတို့နှစ်ယောက်ဟာ အင်ပါယာ၏ ဆန့်ကျင်ဘက်နယ်မြေများတွင် တည်ရှိနေကြခြင်းဖြစ်သည်။ ထပ်ပေါင်းဆိုရသော် နှစ်ယောက်လုံးဟာလည်း ကိုယ်ပိုင်တပ်ရင်းများကို ဦးစီးဦးဆောင် လုပ်နေရသည့် ဗိုလ်ချုပ်ကြီးများ ဖြစ်သည့်အလျောက် တွေ့ဆုံရန် ပို၍ခက်ခဲနေသေးလေသည်။

ခုံရုံးတွင်ဆိုလျှင် ကောင်းရှန်းကျစ်က မဟာထန်မှ လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော ထိုပုဂ္ဂိုလ်အကြောင်းကို ကြားဖူးသည်။ ထိုပုဂ္ဂိုလ်ဟာ အိမ်ရှေ့စံ၏ အငယ်တန်း အစောင့်အရှောက် ဝမ်ကျုံးစစ်ပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံးဟု ဆိုကြသည်။ ထို့ပြင် အလွန်အမင်း အကြံအစည်များပြီး မြင်နိုင်စွမ်းအား ပြင်းထန်လွန်းသော လူလည်းဖြစ်လောက်သည်။ ကောင်းရှန်းကျစ်က ထိုဂုဏ်ထူးများနှင့် ပတ်သတ်ပြီး သေချာနားမလည်ခဲ့ချေ။ သို့သော် ယခုမှသာ နားလည်သွားသည်။

ပထမဦးဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံသောအခါ ကိုယ့်ကိုယ်ကို ကာကွယ်ရန် အနေအထားမျိုးနှင့် သူဟာ ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော် တစ်ယောက်ချင်းစီ၏ ကိုယ်အတွင်းသို့ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ကန့်သတ်သော စည်းတံဆိပ်များကို ထည့်သွင်းထားခဲ့သည်။ တစ်ချက်ကြည့်ရုံနှင့် ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော်များဟာ နတ်သိုင်းစစ်တပ်နှင့် နတ်အကျဉ်းထောင်စစ်တပ်တို့နှင့် ယှဉ်နိုင်နေပေလိမ့်မည်။

သို့သော် အန္တရာယ်ကိုကြုံရသည်နှင့် သို့မဟုတ် ရင်ဆိုင်ရခက်ခဲသော ပြိုင်ဘက်ကို ရင်ဆိုင်ရသည်နှင့် ဥပမာအားဖြင့် အပုမူစလင်၏ အကြောက်အလန့်မဲ့သော စစ်တပ်ကဲ့သို့ အင်အားစုကို ရင်ဆိုင်ရသောအခါ ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော်များ အားလုံးကလည်း သူတို့၏ကိုယ်အတွင်းရှိ စည်းတံဆိပ်များကို ကိုယ်ပိုင်ဖြေလျော့ပြီး ကျင့်ကြံခြင်းအဆင့်အမှန်ကို ထုတ်ဖော်နိုင်ကြလေသည်။

ဒါဟာ ကျန်းရှို့ကွေးကိုယ်တိုင် လေ့ကျင့်ပေးထားသော လက်ရွေးစင်အင်အားစုဖြစ်သည်။ အပုမူစလင်၏ အကြောက်အလန့်မဲ့ စစ်တပ်နှင့် မယှဉ်နိုင်ရုံသာ မကသေးလေဘဲ ထိုထက်ပို၍ပင် အင်အားကြီးမားသေးသည်။

ဘုန်း ဘုန်း ဘုန်း

လေးလံလွန်းသော အနက်ရောင်ဓားများက ရှေ့သို့ခုတ်ပိုင်းသည့်အခါ အပုမူစလင်၏ အကြောက်အလန့်မဲ့ စစ်တပ်ထံသို့ မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ဝင်ရောက်သွားလေသည်။ ထိုသို့ဖြင့် တောက်ပလွန်းသော အာရေးဗီးယား ဓားမောက်ရှည်များက ဟိန်းဟောက်ခြင်းကျားစစ်တပ်၏ အနက်ရောင်ဓားများ၏ ဖိနှိပ်မှုကို ခံရချိန်တွင် လေထုအတွင်း ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာလေသည်။

အခန်း(၁၀၇၉)

ဘန်း ဘန်း ဘန်း

အကြောက်အလန့်မဲ့သော စစ်သားများက ဟိန်းဟောက်ခြင်းကျားစစ်တပ်၏ လျှင်မြန်ဖြတ်လတ်လွန်းသော ရိုက်ချက်များနှင့်အတူ ရောက်ရှိလာသည့် လေးလံလွန်းသော ဓားကြီးများကို မတားနိုင်ကြချေ။ ထို့ကြောင့် သူတို့ဟာ နောက်သို့ဆုတ်ရန် တွန်းအားပေးခံရသည်။ အဆုံးသတ်တွင်မူ သူတို့ဟာ တား၍သာ တားနေရသည်။ တိုက်ခိုက်၍ မရတော့ချေ။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်.... အကြောက်အလန့်မဲ့သော စစ်သားများက သူတို့၏ဓားမောက်ရှည်များကို လွှဲယမ်းပြီး ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ အဖွဲ့ဝင်များထံ ဝံပုလွေများကို ကမူးရူးထိုး တိုက်ခိုက်ရန် ကြိုးစားကြသည်။ သို့သော် ထိုအချိန်တွင်မူ သူတို့၏ပြိုင်ဘက်ဟာ ခြားနားသော ဖြစ်တည်မှုများအဖြစ် ပြောင်းလဲသွားကြောင်း သိလိုက်ကြပြီဖြစ်သည်။

ချွင် ချွင် ချွင်

ဓားမောက်ရှည်နှစ်လက်ဟာ အန္တရာယ်များသော အေးစက်သောအလင်းဖြင့်လက်ရင်း အထက်မှအောက်၊ အရှေ့အနောက်၊ ဘယ်ညာ ဆက်တိုက် တိုက်ခိုက်သည်။ သို့သော် သူတို့က မည်သည့်ရှု့ထောင့်မှ မည်သို့တိုက်ခိုက်နေစေကာမူ တစ်ဖက်မှလာသော လေးလံသည့်ဓားကြီးဟာ အလွန်အမင်း လေးလံလွန်းသော အလေးချိန်ကို သယ်ဆောင်ထားသဖြင့် တိုက်ကွက်တိုင်းကို တားနိုင်နေပြန်သည်။

လေးလံသည့် ဓားကြီးများဟာ အင်အားပိုကြီးလာပြီး ပိုမြန်လာသည်။ ပို၍ခက်ထန်ကြမ်းတမ်းလာသည်။ ထို့ကြောင့် အကြောက်အလန့်မဲ့စစ်တပ်မှ စစ်သားများအနေဖြင့် မတားနိုင်တော့ချေ။

အကြောက်အလန့်မဲ့ စစ်တပ်မှ စစ်သားများ၏ မျက်နှာကလည်း တင်းမာကုန်ကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်ကြသည့် အာရပ်မြင်းတပ်အဖွဲ့ဝင်များ အားလုံး၏ မျက်နှာကလည်း ဖြူဖျော့သွားကြသည်။

ဟိန်းဟောက်ခြင်းကျားစစ်တပ်၏ တိုက်ကွက်များက အခြေအနေတစ်ခုကိုသာ ဖန်တီးနိုင်သည်။ ဒါက အေးခဲခြင်းဖြစ်သည်။ ပို၍ပို၍သာ တောင့်ခဲလာစေ၏။ သူတို့၏တိုက်ကွက်များ၏ အလွန်အမင်း မြန်ဆန်လွန်းသော အရှိန်နှုန်းက အပုမူစလင်၏ အကြောက်အလန့်မဲ့စစ်တပ်ကို ကျော်လွန်ဖိနှိပ်နိုင်နေသည်။

အပုမူစလင်သည်လည်း သံမဏိနှင့်သွေး အစိုးရဟု လူသိများထင်ရှားသည်။ သူဟာ အာရေးဗီးယား အရှေ့ဘက်ခြမ်းတွင် သမိုင်းတွင်သော အင်အားအကြီးဆုံး ဗိုလ်ချုပ်ကြီးဖြစ်သည်။ သို့သော် ကျန်းရှို့ကွေးက မဟာထန်၏ စစ်နတ်ဘုရားနေရာကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သလို ဝမ်ကျုံးစစ်ပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံးဖြစ်သည်။ ပို၍ဆိုးသည်မှာ သူသည် မဟာထန် မဟာအမတ်မင်းဆိုသော နေရာကို အရယူရန် စစ်အကျိုးအမြတ်ပေါင်းများစွာကို ထမ်းဆောင်ခဲ့သည့် အခွင့်အရေး ပိုင်ဆိုင်ခဲ့သူဖြစ်နေသည်။

ကျန်းရှို့ကွေးသည် တာလာ့သို့ ကိုယ်တိုင်ကိုယ်ကျ မရောက်လာသော်လည်း အပုမူစလင်နှင့်သူက ထိပ်တိုက်ရင်ဆိုင်နေခြင်းဟု ဆို၍ရသည်။ ကျန်းရှို့ကွေးက သူ၏အထက်တွင် ခိုင်မြဲစွာရပ်နိုင်သည်။

“နမ်ရန်စီရင်စုမြို့စားက စစ်တပ်ရဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးဆိုတာ မှန်နေတာပဲ။ ချန့်လီက လေးစားမိပါတယ်”

အမွှာဆေဘာဓားနှစ်လက်ကိုင်သော အကြောက်အလန့်မဲ့စစ်တပ်က ဟိန်းဟောက်ခြင်း ကျားစစ်တပ်အောက်တွင် ခက်ထန်ကြမ်းတမ်းစွာ ခပ်မြန်မြန် ဖိနှိပ်ခံနေရသောမြင်ကွင်းကို ကြည့်နေသည့် ချန်းချန့်လီဟာလည်း မနေနိုင်ဘဲ သက်ပြင်းချသည်။ သူ၏နှလုံးသားအတွင်း လေးစားမှုများက ပြည့်နှက်လာရသည်။

သို့သော် အဝေးရှိ အပုမူစလင်နှင့် အခြားသော အာရပ်ဗိုလ်ချုပ်များ၏ မျက်နှာကမူ သုန်မှုန်ကာ တင်းမာသွားသည်။

တာလာ့၏တိုက်ပွဲအတွက် အာရပ်မြင်းများဟာ အင်အားကြီးစစ်တပ်လေးခုကို ရင်းနှီးမြုပ်နှံထားခဲ့သည်။ ထို့ပြင် လူနှစ်သောင်းကျော်စီပါသည့် အင်အားစုမျိုးကို ထည့်သွင်းထားခြင်းဖြစ်သည်။ သို့သော် သူတို့ဟာ သူတို့၏ရန်သူဘက်မှ ခုခံရေးအားလှိုင်းကိုပင် မကျော်နိုင်သေးချေ။ အနှစ်ချုပ်ဆိုရသော် သူတို့ဘက်က ဖိနှိပ်ခံနေရသည်။ ယခုလိုအခြေအနေမျိုးက တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးချေ။

သူတို့အားလုံး၏မျက်နှာက တင်းမာသွားသည်။ အာရေးဗီးယား၏ လက်ရွေးစင်အင်အားစုများ ဖြစ်သည့်အလျောက် သံမဏိသွေးစစ်တပ်ပင်ဖြစ်စေ၊ သွေးသားရဲစစ်တပ်ပင်ဖြစ်စေ အားလုံးဟာ ကိုယ်ပိုင်တောက်ပသော မှတ်တမ်းမျိုးကို ပိုင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ရှုံးခဲသည်။ သူတို့ဟာ အရှုံးကို ခံစားမိခဲသည်။ စစ်တပ်တစ်ခုချင်းစီတိုင်းက ဂုဏ်ယူနိုင်လောက်အောင် အကြောင်းပြချက်မျိုးကို ကိုယ်စီပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် အာရေးဗီးယားများအနေနှင့် ဒီတစ်ခေါက်တွင် လေးစားဖွယ်ကောင်းသော ပြိုင်ဘက်ကို တွေ့နေကြောင်း လက်ခံရမည်မှာ မှန်ကန်နေပြန်သည်။

ထိုအခိုက်အတန့်တွင် ခံစားချက်များအားလုံး ကင်းစင်သည့် အသံကထွက်လာသည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် သေဆုံးခြင်းစစ်တပ်ကို လွှတ်လိုက်တော့”

ဝုန်း

လူလေးယောက်လုံးက တစ်ပြိုင်တည်း အံ့အားတကြီး ခေါင်းလှည့်ကြည့်ကြသည်။ သူတို့၏ အကြည့်က မှင်သက်ဖွယ်ကောင်းသော နတ်ရွှေရောင်ပုံရိပ်ထံတွင်ဖြစ်သည်။ သို့သော် ချွီထေပါးကမူ အမူအရာ မဲ့နေသည်။ သူတို့အားလုံးက သွေးမျက်နှာကိုအုပ်ထားသည့် ရွှေရောင်ခေါင်းဆောင်းကြောင့် တောက်ပလွန်းသည့် အလင်းရောင်များကိုသာ မြင်နိုင်သည်။ မည်သူကမှသူ၏ မျက်နှာထားကို မမြင်နိုင်ချေ။

သေဆုံးခြင်းစစ်တပ်

ထိုစစ်တပ်သည် ချွီထေပါး၏ အမိန့်အောက်မှ ဒုတိယမြောက် အင်အားအကြီးဆုံး စစ်တပ်ဖြစ်ပြီး သွေးသားရဲစစ်တပ်၏ အထက်တွင်ဖြစ်သည်။ အပုမူစလင်၏စစ်တပ်ဖြစ်သော အကြောက်အလန့်မဲ့ စစ်တပ်က သေရမည်ကို မကြောက်သော်လည်း ချွီထေပါး၏ စစ်တပ်ကမှ အစစ်အမှန် သေဆုံးခြင်းကို ကိုယ်စားပြုနိုင်သည်။ ကောလဟာလများအရ ထိုစစ်တပ်ကို လေ့ကျင့်ပေးရန်အလို့ငှာ ချွီထေပါးက ငရဲလို လေ့ကျင့်မှုမျိုးကို ဖန်တီးခဲ့သည်ဟုဆိုသည်။

တိုက်ပွဲတစ်ပွဲချင်းစီတိုင်းတွင် သူဟာ လူအယောက်တစ်ရာကို ရန်သူအုပ်အတွင်းသို့ လွှတ်ပေးတတ်သည်။ ထိုအဖွဲ့ထဲမှ လူနှစ်ယောက်၊ သုံးယောက်သာ ရှင်သန်ကျန်ရစ်သောအခါ ချွီထေပါးက ထိုလူများကို သူ၏လူများလွှတ်ပြီး ကယ်ဆယ်ခိုင်းသည်။ တစ်ယောက်ထက်ပိုပြီး ရှင်သန်လျှင် ချွီထေပါးက ထိုလူများကို အချင်းချင်းတိုက်ခိုက်ပြီး တစ်ယောက်တည်းကျန်သည်အထိ စောင့်သည်။

ချွီထေပါးအနေနှင့် အပြင်းထန်ဆုံးသော အသက်ရှင်လိုစိတ် ရှိသောလူကို လိုချင်သည်ဟုဆိုထားသည်။ ထိုကဲ့သို့သော လူမျိုးက သေရမည်ကို မကြောက်တော့ချေ။ အင်အားအကြီးဆုံး၊ သိုင်းပညာစွမ်းအင် အမြင့်ဆုံး၊ ပါရမီအကြီးဆုံးလူလည်း ဖြစ်လောက်သည်။ ထိုကဲ့သို့သော လူမျိုးကို သူအလိုဆုံးဖြစ်လောက်သည်။

သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် ချွီထေပါး၏ လေ့ကျင့်မှု ပထမတစ်သုတ် ပြီးဆုံးခဲ့ပြီးနောက် အင်အားအနည်းငယ်ကိုသာ ရရှိခဲ့သည်။ ထို့ပြင် ပို၍ရက်စက်သထက် ရက်စက်သော မွန်းမံမှုများ၊ ပျိုးထောင်မှုများကို ပြုလုပ်ပေးခဲ့သေးသည်။ ထို့ကြောင့် သေဆုံးခြင်းစစ်သည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသည့် အချိန်တိုင်းလိုလို သူတို့ဟာ လူသားဆန်သော ခံစားချက်များ ကင်းလွတ်သွားကြမည်ဖြစ်ပြီး သံမဏိကဲ့သို့ မာကြောသောစိတ်ဓာတ်ကို ပိုင်ဆိုင်သွားကြသည်။ သူတို့တွင် ကြောက်စရာကောင်းသည့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်လာသည်။ သူတို့တွင် အင်အားကြီးမားသည့် သိုင်းပညာများကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အမိန့်ကိုသာထမ်းဆောင်ပြီး ရန်သူကို ချေမှုန်းရန်သာ စိတ်ဆန္ဒရှိကြတော့သည်။

ချွီထေပါး၏နည်းလမ်းက ရက်စက်လွန်းသည်။ ထို့ကြောင့် အမျိုးမျိုးသော အပြစ်တင်ဝေဖန် အကဲဖြတ်မှုများကို ခံရသည်အထိ အသက်ဘေး ဆုံးရှုံးမှုပေါင်းများစွာကို ကြုံဆုံခဲ့ရသည်။

သို့သော် နောက်ပိုင်းတွင် ချွီထေပါးက သူ၏မူဝါဒအတိုင်း ကြိုးကိုင်ရင်း အခြားသောနယ်မြေမှ အင်အားစုများ၊ အခြားသောမူဝါဒများကို သူ၏အရဲရင့်ဆုံးသော စစ်သည်တော်များဖြစ်သည့် သေဆုံးခြင်းစစ်တပ်အောက်တွင် ချေမှုန်းနိုင်ခဲ့သည်။ ဆုံးရှုံးမှုဟာ မှင်သက်ဖွယ်ကောင်းခဲ့သည့်တိုင်အောင် ထူးခြားသော ထိုအင်အားစုတစ်ခုက ရန်သူအင်ပါယာများကို အုပ်စိုးရာတွင် ရန်သူစစ်တပ်ကို ချေမှုန်းနိုင်ခဲ့မည်ဆိုလျှင် ချွီထေပါးအနေနှင့် ကာလစ်ထံမှ နားလည်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ ထိုသို့လည်း လုပ်နိုင်ခဲ့လေသည်။

ထို့ကြောင့် ချွီထေပါး၏လက်အောက်တွင် အာရပ်များ၏ ပြုမူပုံအတိုင်း မပြုမူသည့် အင်အားစုတစ်ခုဟု ဆိုရပေလိမ့်မည်။

သေဆုံးခြင်းစစ်တပ်ကို တည်ထောင်လိုက်ပြီးသည့် အခိုက်အတန့်မှစတင်ပြီး မှင်သက်ဖွယ်ကောင်းသည့် ဆုံးရှုံးမှုနှုန်းက အမြဲတစေ ရှိနေတတ်သည်။ သို့သော် ချွီထေပါးက သူ၏မူဝါဒကို ဆက်တိုက် ဆွဲကိုင်ထားသည်။ ထို့ကြောင့် သေဆုံးခြင်းစစ်တပ်က အမြဲတစေ မြောက်များသော စစ်သည်တော် ပမာဏကို ထိန်းသိမ်းထားသည်။ အကြောင်းမူကား အမြဲတစေ သွေးအသစ်ဖြင့် ဖြည့်တင်းရန် လိုအပ်နေသောကြောင့်ဖြစ်သည်။

ချွီထေပါး၏ အမိန့်အောက်မှ ဒုတိယမြောက် အင်အားအကြီးဆုံး စစ်တပ်ဖြစ်သည့်အလျောက် ထိုသေဆုံးခြင်းစစ်တပ်သည် ဖော်ပြရန်ခက်ခဲလောက်အောင် ပြင်းထန်သည့် တိုက်ခိုက်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ချွီထေပါးက သူ၏လခြမ်းကွေး ရှေ့ပြေးတပ်ကို ဦးဆောင်ရန် စေလွှတ်တတ်သလို နောက်မှ သွေးသားရဲစစ်တပ်ကို ပို့လွှတ်တတ်သည်။ သွေးသားရဲစစ်တပ်က မနိုင် နိုင်သော သို့မဟုတ် မလွှမ်းမိုးနိုင်သော အင်အားစုမျိုးဆိုလျှင်လည်း ချွီထေပါးက သေဆုံးခြင်းစစ်တပ်ကို စေလွှတ်ပေလိမ့်မည်။ မြောက်ပိုင်း အာရေးဗီးယား စစ်နယ်မြေဇုံမှ တိုက်ပွဲများတွင် သေဆုံးခြင်းစစ်တပ်က အရေအတွက် တစ်သောင်း အင်အားမျိုးနှင့် အရေအတွက် တစ်သိန်းခန့်ရှိမည့် အင်အားစုမျိုးကိုပင် နည်းပါးသော ဆုံးရှုံးမှုမျိုးနှင့်အတူ ချေမှုန်းနိုင်ခဲ့သည်။

ထိုတိုက်ပွဲတွင် တာစုဘက်မှ မရေမတွက်နိုင်သော လေးလံသော သံချပ်ကာဝတ် အဖွဲ့ဝင်ပေါင်း များစွာက လဲကျသေဆုံးခဲ့ရသည်။ သူတို့၏အုတ်မြစ်က ပြိုလဲခဲ့ရသည်မှာ သေဆုံးခြင်းစစ်တပ်၏ ပြိုင်ဘက်ကင်းသော ဂုဏ်သတင်းကို ကျော်ဇောစေခဲ့သည်။

ဘန်း

ချွီထေပါး၏အသံက လေထဲတွင် ပျံ့နှံ့သွားရုံသာ ရှိသေးသည်။ မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားပြီး လေပြင်းက ဟိန်းဟောက်လိုက်သလို အသံမျိုးက နောက်တန်းမှ ထွက်လာသည်။ ထိုသို့ဖြင့် ကြီးမားသော စစ်အလံလေးခုလုံးကို လေတွင်လွင့်ထွက်သွားစေသည်။ တစ်ချိန်ထဲလိုလို သိပ်သည်းလွန်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒက လေထဲသို့ ထိုးထွက်လာသည်။ ထို့နောက် သတ္ထုချင်း ထိခတ်သံများက ထွက်ပေါ်လာလေသည်။

“အာ”

အာရပ်စစ်သားများက ဘယ်ဘက်မှညာဘက်သို့ အသည်းအသန် ပြေးကြသည်။ အနက်ရောင် သံချပ်ကာဝတ် စစ်သားများ ပေါ်ထွက်လာသည်နှင့်အမျှ သူတို့ဟာ လမ်းဖယ်ပေးကြသည်။ ထိုစစ်သားများက ရှည်လျားသော လှံတံများကို ကိုင်ဆွဲထားပြီး သူတို့၏ခါးတွင်လည်း ဓားမောက်ရှည်များကရှိသည်။ သူတို့ဟာ အစီအစဉ်တကျ ပုံစံမျိုးဖြင့် ချီတက်လာကြ၏။ သူတို့၏ ကိုယ်ကို အနက်ရောင်မြူထုများက ဝိုင်းနေခဲ့သည်။ ဒါဟာ သေဆုံးခြင်းအရှိန်အဝါဖြစ်သည်။

သူတို့၏ ကိုယ်မှ မှင်သက်ဖွယ်အကောင်းဆုံးသော အရာက သူတို့၏မျက်နှာများဖြစ်သည်။

သေဆုံးခြင်းစစ်တပ်မှ စစ်သည်တော်တိုင်း၏ မျက်နှာကို အနက်ရောင်နှင့် လိမ္မော်ရောင် ရောယှက်ထားသည့် မျက်နှာဖုံးများဖြင့် ကာကွယ်ထားသည်။ သို့သော် ထိုမျက်နှာဖုံးများ၏ အနောက်တွင် ငရဲမှတက်လာသော မိစ္ဆာများလို မျက်နှာမျိုးများ ရှိနေကြသည်။ သေဆုံးခြင်းစစ်တပ်မှ စစ်သည် တစ်သောင်းနီးပါးဟာ ရှေ့သို့ချီတက်လာသည်နှင့်အမျှ သူတို့၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးများက သူတို့၏ အနီးအနားဝန်းကျင်တွင် လွှမ်းခြုံနေသော သုန်မှုန်သော သေဆုံးခြင်း အရှိန်အဝါများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။

“လမ်းကဖယ် လမ်းကဖယ်”

“ဒါက သေဆုံးခြင်းစစ်တပ်ပဲ”

အာရပ်စစ်တပ်အတွင်းတွင်မူ ဝရုန်းသုန်းကား အခြေအနေက ဖြစ်လာသည်။ အာရပ်မြင်းတပ် အဖွဲ့ဝင်များက ကြောက်လန့်တကြား ထွက်ပြေးကြသည်။ သူတို့ဟာ ခံစားချက်မဲ့သော သေဆုံးခြင်းစစ်တပ်၏ လမ်းရှေ့မှ ဖယ်ပေးကြလေသည်။ သူတို့ဟာ ကပ်ဘေးကို ရင်ဆိုင်ရသလိုမျိုး အသည်းအသန် ထွက်ပြေးကြခြင်းဖြစ်သည်။

မည်သည့်စစ်သားကမှ သေဆုံးခြင်းစစ်တပ်နှင့် ပေတစ်ရာအတွင်းသို့ မဝင်ရဲကြချေ။ သူတို့၏ ပတ်ပတ်လည်တွင် မမြင်ရသော နံရံတစ်ခုရှိနေသလိုမျိုး ခပ်ဝေးဝေးတွင်သာ နေကြသည်။

သေဆုံးခြင်းစစ်တပ်

ဒါဟာ ချွီထေပါး၏ ဒဏ္ဍာရီလာ စစ်တပ်အင်အားစုတစ်ခုဖြစ်သည်။ ခိုရာစန်းသည် ဆမ်ဆာအန်းနှင့် ခါရီယိုမှ စစ်သားများကပင် ထိုအဖွဲ့နာမည်ကိုသာ ကြားဖူးသည်။ သို့သော် သူတို့ဟာ အလောင်းတောင်နှင့် သွေးမြစ်ကိုသုံးပြီး သွန်းလုပ်ထားကြောင်းကိုမူ နားလည်နေကြသည်။ အခြားသော စစ်သားများက သေဆုံးခြင်းစစ်တပ်မှ စစ်သည်တစ်သောင်းက ရုပ်ထုများအလား တစ်ညလုံး ရပ်နေသောမြင်ကွင်းကို မြင်ဖူးကြသည်။ သူတို့ဟာ မလှုပ်လည်း မလှုပ်ရှားသလို အနားယူခြင်းလည်းမရှိပေ။

ထို့ကြောင့် ထိုစစ်သားများအကြားတွင်ပင် သေဆုံးခြင်းစစ်တပ်က အိပ်စက်ရန်လည်း မလိုအပ်သလို အိပ်က်လျှင်လည်း မတ်တပ်ရပ်လျှက် အိမ်စက်နိုင်သည်ဆိုသော သတင်းမျိုးက ပျံ့နှံ့နေသည်။ သူတို့၏ သဘာဝက သတ်ဖြတ်ရန်သာဖြစ်သည်။ ချဉ်းကပ်လာသော မည်သူ့ကိုမဆို ပုရွက်ဆိတ်ဆိုလျှင်ပင် သူတို့ကိုနိုးအောင် လုပ်နိုင်သည်။ ထို့ကြောင့် သေဆုံးခြင်းစစ်တပ်မှ စစ်သားများက အချင်းချင်း အကွာအဝေးတစ်ခုခြားကာ နေကြသည်။ သူတို့အချင်းချင်းပင် ကပ်မနေကြချေ။

ထို့ကြောင့် အာရပ်စစ်သားများဟာ ဒီနေရာတွင် လာရောက်စုစည်းသောအခါ သေဆုံးခြင်းစစ်တပ် ဝန်းကျင်ရှိနေရာဟာ အလွန်ကျယ်နေခဲ့သည်။ သူတို့အားလုံးဟာလည်း အာရပ်စစ်သားများ ဖြစ်နေသည့်တိုင်အောင် အကြောက်အလန့်မဲ့စစ်တပ်ကိုမူ အလွန်ကြောက်ကြလေသည်။

ဟုန်း

သေဆုံးခြင်းနတ်ဘုရားတစ်ပါး၏ အရိုးပုံပါသော အနက်ရောင် စစ်အလံတစ်ခုက လေထဲသို့ မြောက်တက်လာသည်နှင့်အမျှ သေဆုံးခြင်းစစ်တပ်၏ မြူထုများဟာလည်း တဖြည်းဖြည်းချင်း လွှမ်းခြုံကာ ရစ်ဆိုင်းလာသည်။ ထိုစစ်တပ်တစ်ခုလုံးဟာ ကောင်းကင်ကိုပင် လွှမ်းခြုံကာ ချီတက်မည့်ပုံပေါ်သည်။

.....

“အရှင် အာရပ်တွေ လှုပ်ရှားပြန်ပြီ”

ပထမခုခံရေးအားလှိုင်း အနောက်ဘက်မှ မြင်းပေါ်တွင်ထိုင်နေသော ရွှီခဲ့ယွီက ဝမ်ချောင်၏အနားမှတစ်ဆင့် လှမ်းပြောလိုက်သည်။ သူ၏မျက်လုံးက အလွန်တင်းမာသွားသည်။ လက်ရွေးစင်စစ်သားများအကြားမှ တိုက်ပွဲများအပြင် မဟာထန်ဟာ အာရပ်၏ နောက်တန်းကို အာရံုံစိုက်နေခဲ့သည်။

သေဆုံးခြင်းစစ်တပ်က လှုပ်ရှားကာစသာ ရှိသေးသည်။ မဟာထန်ဘက်ကမူ သူတို့၏ လှုပ်ရှားမှုများကို သိသွားပြီဖြစ်သည်။ ခိုရာစန်း၏ တင်ပြချက်များအရ အာရပ်ဘက်တွင် အင်ပါယာ၏ စစ်အင်အား ငါးပုံနှစ်ပုံခန့်ကို စုစည်းထားသည်ဟု ဆိုလိုသည်။ ဆိုလိုသည်မှာ ဒီနေရာတွင် လက်ရွေးစင် အင်အားစု မြောက်များစွာ ပါဝင်လာပေလိမ့်မည်။ အာရေးဗီးယားသည် မဟာထန်နှင့် မတူသော ခြားနားသည့် ပုံစံတစ်ခုကို ကျင့်သုံးကြသည်။ သူတို့ဟာ သူတို့၏ နယ်စပ်ကို စစ်နယ်မြေလေးခုဖြစ်သည့် အရှေ့တောင်၊ အနောက်မြောက်ပိုင်းဆိုပြီး ခွဲခြားထားသည်။ ထို့ကြောင့် စစ်နယ်မြေကြီး တစ်ခုချင်းစီတိုင်းတွင် သေးငယ်သော စစ်နယ်မြေဇုံလေးများ ထပ်ရှိနေသေးသည်။

ချွီထေပါးနှင့် အပုမူစလင်တို့က သံသယဝင်ရန် မလိုလောက်အောင် အဓိကစစ်နယ်မြေဇုံ နှစ်ခုကို အုပ်စိုးနေသော လူများဖြစ်သည်။ ထို့ကြောင့် သူတို့၏အမိန့်အောက်တွင် မရေမတွက်နိုင်သော စစ်တပ်ပေါင်းများစွာ ရှိနေပေလိမ့်မည်။ ထိုစစ်တပ်အင်အားစုများကလည်း အော့စမန်းတို့ကဲ့သို့ ဗိုလ်ချုပ်ကြီးများပါဝင်သည့် လက်ရွေးစင် စစ်တပ်များ စုစည်းနေခြင်းဖြစ်လောက်သည်။

“ရွှီခဲ့ယွီ ငါတို့ဘက်မှာအခု စစ်သည်တော် ဘယ်လောက်များများ ကျန်သေးလဲ”

ဝမ်ချောင်ကပြောသည်။

“ကျွန်တော်တို့ဘက်မှာ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က နဂါးတပ်ရင်း စစ်သည်လေးထောင်နဲ့ ပြိုင်ဘက်ကင်း သိုင်းစစ်တပ်က စစ်သည်တော် နှစ်ထောင်ကျန်ပါသေးတယ်။ ဒါ့အပြင် မော့ဆေဘာအဖွဲ့၊ ဝူရှန်းမြင်းတပ်အဖွဲ့တို့ကိုလည်း မလွှတ်ရသေးပါဘူး”

ရွှီခဲ့ယွီက ခပ်တင်းတင်းပြောသည်။

ဒီတိုက်ပွဲသည် မျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းနေသည်။ ပထမတစ်ရက်သာ ရှိနေသေးသော်လည်း မဟာထန်ဘက်ကမူ သူတို့၏ လက်ရွေးစင်အင်အားစု ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်ကို စေလွှတ်ထားရသည်။ အာရပ်ဘက်ကမူ အလားတူဖြစ်လောက်သည်။

ဝမ်ချောင်၏မျက်ခုံးက အသာပင့်တက်သွားသည်။

မနေ့က တိုက်ပွဲနှင့်ယှဉ်သော် နှစ်ဖက်လုံးဟာ ယခုအခါတွင် တူညီသော လှည့်ကွက်များကို ရရှိသွားကြပြီဖြစ်သည်။ ထို့ကြောင့် စစ်ပွဲ၏အခြေအနေက ပိုမြင့်သွားသည်။ ဒီတစ်ကြိမ်တွင် မဟာဗိုလ်ချုပ်များက နောက်ခံအဖြစ်သာ နေတော့သည်။ ချွီထေပါးကလည်း အာရပ်ဘက် နောက်တန်းမှ စောင့်ကြည့်နေသည်။ မဟာထန်ဘက်တွင်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့က မလှုပ်ရှားရသေးချေ။

နှစ်ဖက်လုံးဟာ တစ်ယောက်အင်အားတစ်ယောက် စမ်းသပ်နေရုံသာ ရှိသေးသည်။

သူတို့အားလုံးကလည်း နှစ်ဖက်လုံး၏ အင်အားစုများက လဲပြိုကျသွားခြင်း သို့မဟုတ် အားနည်းချက်ကို ပြောပြလာသည့် အခိုက်အတန့်ထိ စောင့်နေကြခြင်းဖြစ်သည်။ ယခုအနေအထားအရ သူတို့ဟာ ခွန်အားကို စမ်းသပ်ရုံသာ ရှိသေးလေသည်။

အပိုင်း(၁၀၈၀)

“နဂါးတပ်ရင်းစစ်တပ်ကို အသင့်ပြင်ခိုင်းထားတယ်။ ဒါ့အပြင် ပြိုင်ဘက်ကင်း သိုင်းစစ်တပ်ကိုလည်း တိုက်ပွဲနယ်မြေအတွင်း အချိန်မရွေး ဝင်ရောက်နိုင်ဖို့ ပြင်ဆင်ခိုင်းထားလိုက်ပါ”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက အခုပဲ လှုပ်ရှားလိုက်ပါ့မယ်”

ရွှီခဲ့ယွီက မြင်းကိုချက်ချင်းလှည့်ပြီး ဒုန်းစိုင်းစီးသွားသည်။

လူတိုင်းက တစ်စက္ကန်းချင်းစီကို စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းနေရသည်။

အနက်ရောင်အခံပေါ်တွင် သေဆုံးခြင်းအရိုးခေါင်းပါသည့် အလံဟာ နီးသထက် နီးလာသည်နှင့်အမျှ ဖုန်တိမ်စိုင်လုံးများကို ကပြောင်းကပြန် ဖြစ်လာစေသည့် ဟိန်းဟောက်နေသော လေပြင်းအကြားတွင် ဝမ်ချောင်ဟာ သူ၏ခွာဖြူအရိပ်မြင်းပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည့် အမူအရာဟာ တည်ငြိမ်နေသည်။ သူဟာ အဆုံးစွန်သော တည်ငြိမ်မှုကို ထိန်းသိမ်းထားလေသည်။

ဘေးဘက်တွင် ရှိနေသည့် တိုက်ခိုက်သံများက ဆက်လက်ဖြစ်ပွားနေသည်။ လူများဟာလည်း စက္ကန့်နှင့်အမျှ သေဆုံးနေကြသည်။

တိုက်ပွဲဟာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တည်ငြိမ်သော အခိုက်အတန့် အတွင်းသို့ ဝင်ရောက်သွားသည်။ သို့သော် ထိုတည်ငြိမ်မှုက အချိန်မရွေး ပြိုကွဲသွားနိုင်သည်။ ပို၍ပြင်းထန်သည့် တိုက်ခိုက်မှုကြီးကို သယ်ဆောင်လာနိုင်သေး၏။ မဟာထန်သည် ဒီတိုက်ပွဲတွင် မရှုံးနိုင်ချေ။ အာရေးဗီးယားဘက်ကလည်း အရှုံးကို လက်မခံနိုင်ချေ။ ထို့ကြောင့် ဒီတိုက်ပွဲဟာ အင်ပါယာ နှစ်ခုလုံး၏ အနာဂတ်တိုက်ပွဲတိုင်းကို စိတ်ဓာတ်အင်အား တွန်းပို့နေသော အသက်သွေးကြောဟု ဆိုရပေလိမ့်မည်။

မဟာထန်၏ ကြီးမားသော စစ်အလံက လေထဲတွင်လွင့်လာသည်။ ထိုစစ်အလံအောက်တွင် ထိုင်နေသော ဝမ်ချောင်က တိုက်ပွဲနယ်မြေတစ်ခုလုံးကို စောင့်ကြည့်နေသည်။

ဘယ်ဘက်ခြမ်းတွင် ရွှမ်ဝူစစ်တပ်က ခေါင်းဖြတ်သူစစ်တပ်နှင့် တိုက်ခိုက်နေသေးသည်။ နှစ်ဖက်လုံးက အင်အားစုတူသည်။ အင်အားချင်းတူသည်။ ထို့ကြောင့် အချိန်တိုအတွင်း ရလဒ်ကို မဆုံးဖြတ်နိုင်လောက်သေးချေ။ အခြားတစ်ဖက်ခြမ်းတွင်မူ နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်နှင့် သံမဏိမြို့ရိုးစစ်တပ်တို့အပြင် ဟိန်းဟောက်ခြင်း ကျားစစ်တပ်တို့၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် ငွေရောင်လက်နက်ကြီး အလက်တစ်ထောင်ကျော်ကို ရပ်တန့်အောင် လုပ်ထားနိုင်သည်။ ထို့ကြောင့် သူတို့ဟာ ထန်အင်အားစုကို မခြိမ်းခြောက်နိုင်လောက်သေးချေ။

မဟာထန်ဘက်မှ အတော်ဆုံးသောစစ်သည် နှစ်သောင်းနီးပါးက ထိုနေရာတွင် စုစည်းနေကြသည်။ မည်သည့် အာရပ်မြင်းတပ် အဖွဲ့ဝင်ကမဆို ချဉ်းကပ်လာသည်နှင့် သေဆုံးရမည်ဖြစ်သည်။

အခြားတစ်ဖက်ခြမ်းတွင်မူ လက်နက်ကြီး အလက်ငါးထောင်က အာရပ်များ၏ မြေသားဒိုင်းစစ်တပ်ကို ဆက်တိုက် ဖိနှိပ်ထားသည်။ မကြာခဏဆိုသလို အာရပ်မြေသားဒိုင်း စစ်သည်တော်များကလည်း လက်နက်ကြီးများ၏အောက်တွင် သေဆုံးနေရသည်။ သူတို့၏ဒိုင်းများက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သည်အထိ ပေါက်ကွဲနေကြ၏။ လက်နက်ကြီးစစ်တပ်၏ ပြင်းထန်သိပ်သည်းလွန်းသော မီးတောက်များကြောင့် အနောက်ဘက်မှ အာရပ်မြင်းတပ်များကလည်း သံမဏိခုခံရေးအားလှိုင်းသို့ ဒီလက်နက်ကိုသုံးပြီး မချဉ်းကပ်နိုင်ပြန်ချေ။

ညာဘက်ခြမ်းတွင်မူ ချန်းပင်းက သူ၏ လက်နက်ကြီး အလက်တစ်ထောင်ကို ဆက်တိုက် အမိန့်ပေးပြီး ဆက်တိုက် တိုက်ခိုက်ခိုင်းနေသည်။

“ပစ်”

ချန်းပင်း၏ ဝု့စ်သံမဏိဓားက ဆက်တိုက်အောက်သို့ ယမ်းချနေသည်။ တစ်သုတ်ချင်းစီ ပစ်ခတ်လိုက်ချိန်တိုင်း အာရပ်မြင်းတပ်အဖွဲ့ဝင်ပေါင်း မြောက်များစွာက သေဆုံးကုန်ကြသည်။ ထိုသို့ဖြင့် မရေမတွက်နိုင်သည့် အာရေးဗီးယားစစ်မြင်းများက အော်ဟစ်ကာ လွင့်ထွက်သွားကြသလို ဖုန်တိမ်စိုင်များက မြောက်တက်နေသည်။

ခုခံရေးအားလှိုင်းနှင့် ပိုဝေးသောနေရာသို့ တစ်ချက်ကြည့်လိုက်မည်ဆိုလျှင်ပင် မရေမတွက်နိုင်သော အာရပ်မြင်းတပ်ပေါင်းများစွာက ထပ်မံချီတက်လာနေသေးကြောင်း မြင်ရဦးမည်ဖြစ်သည်။

ပစ်

စူးရှသော လေတိုးသံနှင့်အတူ မြောက်များလှစွာသော ပျားဗုံးလက်နက်များက တိုတုတ်သော မြှားများနှင့်အတူ လှမ်း၍ပစ်ခတ်သည်။ သို့သော် အရေအတွက်က မြောက်များလွန်းသဖြင့် နေမင်းကိုပင် ကွယ်နိုင်သည်။ အာရပ်မြင်းစီးသမား တစ်ယောက်ချင်းစီတိုင်းက မြှားအလက် ခြောက်ဆယ်၊ ခုနှစ်ဆယ်ခန့်အထိ ထိုးဖောက်ပစ်ခတ်ခံရသည်။ သူတို့၏ လက်ရွေးစင် မြင်းသမားများနှင့် မြင်းများ၏ကိုယ်မှ အပေါက်ပေါင်းများစွာနှင့်အတူ သွေးများက ဆက်တိုက်စီးထွက်လာသည်။ ထိုသို့ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

အချိန်တစ်ခုကြာပြီးနောက် အာရေးဗီးယားနှင့် မဟာထန်၏ လက်ရွေးစင်စစ်တပ်များအကြားမှ ရလဒ်က ထွက်ရန်ခက်ခဲလောက်သေးသည်။ သို့သော် ဝမ်ချောင်ကမူ အာရေးဗီးယားစစ်တပ်၏ မြောက်များလှစွာသော အင်အားစုအကြောင်းကို ကောင်းကောင်းနားလည်ပြီး ဆက်တွေးစဉ်းစားရန် လိုအပ်နေသေးသည်။

“လီစစ်ယဲ့၊ ရှီယွမ်ချင်၊ ကမ်းခယ်ဘုရင် ငါ့ရဲ့အမိန့်ကိုနာခံ မော့ဆေဘာအဖွဲ့ကို ဦးဆောင်ပြီး တိုက်ပွဲထဲကို ဝင်ရောက်ဖို့ ပြင်ဆင်ထားပါ”

ဝမ်ချောင်က ခေါင်းကိုလှည့်မကြည့်ဘဲ လှမ်းကာပြောလိုက်သည်။

“ဟုတ်ကဲ့”

လီစစ်ယဲ့၊ ရှီယွမ်ချင်နှင့် ကမ်းခယ်ဘုရင်တို့က အမိန့်ကို နာခံပြီးထွက်သွားသည်။

လီစစ်ယဲ့သည် ဝူရှန်းမြင်းတပ်၏ဗိုလ်ချုပ်ဖြစ်သည်။ သို့သော် ချွေ့ဖြောင်းချီက ဝူရှန်းမြင်းတပ် နောက်တစ်ဖွဲ့နှင့် ထပ်ရောက်လာပြီးကတည်းက ဝမ်ချောင်ဟာ အင်အားစုနှစ်ခုကို ပေါင်းခိုင်းထားသည်။ ချွေ့ဖြောင်းချီက ထိုပူးပေါင်းအင်အားစုကို အမိန့်ပေးနိုင်သည်။ သူသည် ကပ်ဘေးကာလတွင် ဝမ်ချောင်ကို ခစားခဲ့သည့် အင်အားအကြီးဆုံးသော စစ်ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည့်အလျောက် နောက်ဆုံးတွင် သူ၏လုပ်ဆောင်နိုင်စွမ်းရည်ကို တဖန်ပြန်လည် ပြသခွင့် ရရှိလာပြီဖြစ်သည်။

လီစစ်ယဲ့ကမူ အခြားသောခေတ် အချိန်ကာလတွင်ဆိုလျှင် သူဟာ မော့ဆေဘာအဖွဲ့မှ အင်အားအကြီးဆုံးသော အမိန့်ပေးသူတစ်ယောက် ဖြစ်ခဲ့လေသည်။ လီစစ်ယဲ့၏ အကြောက်အလန့်မဲ့မှုနှင့် သစ္စာရှိသော နှလုံးသားကြောင့်သာ မော့ဆေဘာအဖွဲ့၏ စိတ်ဆန္ဒကို စုစည်းစေနိုင်ပြီး အမြင့်ဆုံးသော အားကို ထုတ်နိုင်စေလေသည်။

ခြိမ်း

အချိန်က တဖြည်းဖြည်းချင်းကုန်လွန်သွားသည်။ ထိုသို့ဖြင့် လေထဲတွင် ဝရုန်းသုန်းကားဖြစ်နေသော အသံများက ပို၍သာ ကျယ်လောင်လာသည်။

သေဆုံးခြင်းစစ်သည် တစ်သောင်းက အစီအစဉ်တကျဖြစ်နေသော ဝင်္ကပါပုံစံနှင့်အတူ ငွေရောင် စက်ကြီးများ၏အနောက်သို့ ချဉ်းကပ်လာသည်။ မြေပြင်က တသိမ့်သိမ့်တုန်သွားသည်။ မြေပြင်ရှိ ကျောက်သားများအားလုံးက ပြင်းထန်သော တုန်ခါမှုကြောင့် လေပေါ်သု့ိ မြောက်တက်မတက် ဖြစ်နေသည်။

သေဆုံးခြင်းစစ်တပ်က တိုက်ပွဲနယ်မြေသို့ မရောက်သေးသည့်တိုင်အောင် သူတို့က သယ်ဆောင်လာသည့် အေးစိမ့်နေသော သေဆုံးခြင်းစိတ်ဆန္ဒများက တိုက်ပွဲနယ်မြေကို လွှမ်းမိုးလာပြီဖြစ်သည်။

ထိုအရှိန်အဝါဟာ တုတ်ခိုင်သိပ်သည်းလွန်းသဖြင့် စစ်သားများကပင် အာရုံခံမိကြသည်။

“ဒါက သေဆုံးခြင်းစစ်တပ်ပဲ။ အရှင်က သူတို့ကို စေလွှတ်လိုက်ပြီ”

ပထမဦးဆုံး ထိုအရှိန်အဝါကို အာရုံခံမိသည်မှာ သွေးသားရဲစစ်တပ်မှဖြစ်သည်။ ထိုလူများဟာ နတ်သိုင်းစစ်တပ်နှင့် တိုက်ခိုက်နေသော အလယ်တွင်ဖြစ်သည်။ သူ့အနေဖြင့် သေဆုံးခြင်းစစ်တပ်နှင့် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်သည့် ပထမဦးဆုံးအကြိမ်လည်းမဟုတ်ချေ။

ထိုအင်အားကြီးမားသော စစ်တပ်ဟာ ရန်သူဘက်မှ ထိပ်တန်းအဆင့် အင်အားစုကို ကျော်လွန်နေသည်။ ထို့ကြောင့် ဒီအခြေအနေကို ကူညီပေးနိုင်ရန် လုံလောက် လောက်သည်။

တစ်ချိန်ထဲလိုလို သံမဏိခုခံရေးအားလှိုင်း အနောက်ဘက်မှ ဓားများကို ဆွဲထုတ်လိုက်သည့် အသံမျိုးက ထွက်လာသည်။

ခြိမ်း

နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်လေးထောင်ဟာလည်း သံမဏိခုခံရေးအားလှိုင်း အဟကြားနေရာများမှ ခုန်ထွက်လာကြပြီဖြစ်သည်။

နဂါးတပ်ရင်းစစ်တပ်

ထိုအင်အားစုသည် ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး အန်းစစ်ရွှန်း၏ အမိန့်အောက်မှ အင်အားအကြီးဆုံး အင်အားစုဖြစ်သည်။ ထိုအင်အားစုသည် အန်းစစ်ရွှန်းကို အင်အားနည်းသော အခြေအနေမှ အင်အားကြီးသော အခြေအနေသို့ ပြောင်းပြန်လှန်နိုင်အောင် ကူညီပေးခဲ့သည်။ ထပ်ခါတလဲလဲ ကူညီပေးခဲ့ရင်း အရှေ့ပိုင်းနှင့်အနောက်ပိုင်း တူရကီများ၏ တောင်ပိုင်းသို့ ကျူးကျော်မှုကို တားဆီးပေးနိုင်ခဲ့သည်။

နဂါးတပ်ရင်းစစ်တပ်သည် အန်းစစ်ရွှန်းကိုယ်တိုင် တပ်ဖွဲ့ပေါင်းများစွာအတွင်းမှ ဂရုစိုက် ရွေးချယ်ထားသော အင်အားစုများကို ပေါင်းစည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ချင်းစီတိုင်းက လေးစားဖွယ်ကောင်းသော ခွန်အားမျိုးကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ အန်းစစ်ရွှန်း၏ ထိုအင်အားစုအတွက် နည်းပါးလွန်းသော တောင်းဆိုမှုဟာ ထိုတစ်ယောက်ချင်းစီတိုင်းက အင်တိုက်အားတိုက်အပြည့်နှင့် အရှိန်နှုန်းမြှင့်ကာ ချီတက်လာသော လက်ရွေးစင်မြင်းသမား နှစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့် ဓားသိုင်းမျိုးကို ထုတ်သုံးနိုင်ရန်ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ခြစ်ရာပင်မထင်ဘဲ ပြန်ထွက်ရမည်။ ထိုအခါ ဒီအဖွဲ့ဝင် ဖြစ်နိုင်လေပြီ။ ထိုတင်းကြပ်သော လိုအပ်ချက်ကြောင့် အန်းစစ်ရွှန်း၏ နဂါးတပ်ရင်းစစ်တပ်က ပထမဦးဆုံး စတင်တည်ထောင်ချိန်တွင် အယောက်တစ်ရာပင် မရှိခဲ့ချေ။ ယခုလိုမျိုး အဆင့်ဆင့် မွန်းမံပြင်ဆင်မှုများကြောင့် အန်းစစ်ရွှန်းက နောက်ဆုံးတွင် သူ၏အကြံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး ပို၍သက်ရောက်မှုရှိစေမည့် နားလည်လွယ်သော လေ့ကျင့်မှုများကို ပေးခဲ့သည်။ ရလဒ်အနေနှင့် နဂါးတပ်ရင်းစစ်တပ်က တဖြည်းဖြည်းချင်း အင်အားများလာခဲ့သည်။

ပို၍ဆိုးသည်မှာ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်၏ အနေအထားကြောင့် အန်းစစ်ရွှန်းက အနောက်ပိုင်းတူရကီ ခါကာနိတ်များကို တစ်ချိန်ထဲတွင် ရင်ဆိုင်နေရသည်။ တစ်ခါတစ်ရံတွင် ယွီစန်းကပင် ပါလာတတ်သည်။ ထို့ကြောင့် အင်အားစုများပေါင်းကာ သူ့ကို ဝိုင်းတိုက်ခိုက်လာသည့် အနေအထားမျိုး ဖြစ်တတ်သည်။ ထိုအခါ သူ၏စစ်သားများကို လေ့ကျင့်မှုက ပို၍သက်ရောက်မှုရှိသွားသည်။

နဂါးတပ်ရင်းစစ်တပ်သည် အချို့သော ရှု့ထောင့်များတွင် ယခုလို အနေအထားမျိုးအတွက် ပို၍အားသာချက် ရှိလေသည်။ ဒီနည်းအားဖြင့် စစ်ပွဲ၏ မွန်းမံပေးမှုကို ထပ်ခါတလဲလဲ ခံရလေရင်း ပို၍ ကျွမ်းကျင်သထက် ကျွမ်းကျင်လာကာ အခြားသော စီရင်စုအတွင်းရှိ လက်ရွေးစင်စစ်သားများထက်ပင် ပို၍တော်လွန်လာကြသည်။

ချွင်

အခြားအဆုံးတစ်ဖက်တွင် သေဆုံးခြင်းစစ်တပ်မှ စစ်သားများက သူတို့၏ ငွေရောင်နှင့်အနက်ရောင် ရောယှက်နေသော မျက်နှာဖုံးများနှင့်အတူ ရှေ့တန်းသို့ တဖြည်းဖြည်းချင်း ချီတက်လာကြပြီဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်လေးထောင်ဟာလည်း သေဆုံးခြင်းစစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ကြတော့မည်ဖြစ်သည်။

ချွင်

နဂါးတပ်ရင်းမှ စစ်သားများက သူတို့၏ခေါင်းကိုမော့သည်။ ရှေ့သို့ဒုန်းစိုင်းစီးသည်။ ထိုသို့ဖြင့် သေဆုံးခြင်းစစ်တပ်မှ စစ်သားများနှင့် ရင်ဆိုင်သည်။ သို့သော် အလင်းက ဖြတ်ကနဲလက်ပြီးနောက် ရှည်လျားသော လှံတံတစ်စင်းကြောင့် မိုးကြိုးပစ်လိုက်သလို ပြင်းထန်သည့် တိုက်ကွက်က တားဆီးခံလိုက်ရသည်။

တစ်ချိန်ထဲတွင်ပင် ထိုသို့တားဆီးလိုက်သည့် ထိုသေဆုံးခြင်းစစ်တပ်မှ စစ်သည်တော်၏ ဘယ်လက်မောင်းက တုန်ခါသွားရသည်။ သူ၏ဓားမောက်ရှည်က နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်တော်၏ ဘယ်ဘက်ပုခုံးကိုလည်း လှမ်းခုတ်သည်။

ဝှစ်

သံချပ်ကာက ပွင့်ထွက်သွားသည်။ အတွင်းမှ သွေးများက ပန်းထွက်လာသည်။

ဝုန်း

ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် အခြားသော ထန်ဗိုလ်ချုပ်တိုင်းက မှင်သက်စွာ ကြည့်လိုက်မိကြသည်။

နဂါးတပ်ရင်းစစ်တပ်၏ အင်အားကို သံသယဝင်ရန် မလိုအပ်ချေ။ မည်သို့ပင်ဆိုစေ အန်းစစ်ရွှန်းက ထိုအင်အားစုကိုမှီခိုပြီး နယ်စပ်ကို ကာကွယ်ပေးနိုင်ခဲ့သည်။ သို့သော် ယခုလို တစ်ယောက်ချင်းယှဉ်သော အခိုက်အတန့်တွင်ပင် နဂါးတပ်ရင်းမှ စစ်သားက အာရပ်သေဆုံးခြင်းစစ်တပ်မှ စစ်သည်တော်ကြောင့် ဒဏ်ရာရသွားသည်။ ဒါဟာ မယုံနိုင်စရာကောင်းသော ဖြစ်ရပ်ဖြစ်သည်။

“ဝမ်ချောင် ဒီစစ်တပ်က အခြားအင်အားစုတွေနဲ့ ခြားနားတယ်။ သူတို့ရဲ့ အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက အနည်းဆုံး လက်နက်နှစ်လက်နဲ့ လေ့ကျင့်ပေးခံထားရတာ။ နောက်ပြီး လက်နက်တွေအားလုံးကလည်း သူတို့ရဲ့ ကိုယ်ပိုင်လက်မောင်းတွေလိုမျိုး သီးသန့်လှုပ်ရှားနိုင်သည်အထိ ကျွမ်းကျင်တဲ့အဆင့်ကို ရောက်နေပြီးသား။ ဒါကြောင့် နဂါးတပ်ရင်းစစ်တပ်က အင်အားစု လေးထောင်က သူတို့ကို မတားနိုင်လောက်ဘူး”

ကောင်းရှန်းကျစ်ကပြောသည်။ သူဟာ မျက်မှောင်ကျုံ့သည်။ သူဟာလည်း စိုးရိမ်လာသည်။

သူတို့ဟာ အာရပ်စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ချိန် ကြာလာလေလေ တစ်ဖက်မှ လွှတ်လာသည့် လက်ရွေးစင်များက ပိုများလာလေလေဖြစ်သည်။ မေးခွန်းထုတ်ရန် မလိုလောက်အောင် အာရပ်များဟာ သူတို့၏ အင်အားအကြီးဆုံးသော အင်အားစုများကို ထပ်ခါတလဲလဲ စေလွှတ်နေခဲ့သည်။ လက်ရှိအခြေအနေမျိုးတွင် မဟာထန်ဘက်က ဒီအင်အားစုကိုတားရန် အလွန်ခက်ခဲလာသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီလောက်ထိ မစိုးရိမ်ပါနဲ့။ ဒီတိုက်ပွဲက စတင်ရုံပဲရှိပါသေးတယ်”

ဝမ်ချောင်က ထူးမခြားနားသလိုပြောသည်။ သူ၏မျက်နှာတွင် ခံစားချက်ကမဲ့သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်ကိုလွှတ်”

“ဟုတ်ကဲ့အရှင်”

ဝမ်ချောင်၏အနောက်မှ သတင်းပို့က ချက်ချင်းလိုလို မြင်းဒုန်းစိုင်းစီးသွားသည်။

သံချပ်ကာချင်း ထိခတ်သံများအကြားတွင် စွမ်းအင်မုန်တိုင်းက စတင်ကာ တိုက်ခတ်ရင်း တိုက်ပွဲနယ်မြေအတွင်းသို့ လိမ့်ဝင်လာပြီဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်းစစ်တပ်မှ စစ်သည်အင်အား နှစ်ထောင်ဟာ တစ်သားတည်းဖြစ်နေသော ဟန်ချက်အရှိန်ကိုထိန်းရင်း ခေါင်းကိုမြင့်မားစွာမော့လျှက် သံချပ်ကာများ၏ တောက်ပမှုကို ထုတ်ဖော်ရင်း ချီတက်နေကြသည်။

သူတို့ဟာ ပြိုင်ဘက်ကင်း သိုင်းစစ်တပ်၏ ထွက်ခွာပုံကိုကြည့်နေရင်း သံမဏိခုခံရေးအားလှိုင်း အနောက်မှ ဗိုလ်ချုပ်တိုင်းက စိုးရိမ်မှုကို ပြသနေကြပြီဖြစ်သည်။

သေဆုံးခြင်းစစ်တပ်၏ အင်အားစုက များလွန်းသည်။ နဂါးတပ်ရင်းစစ်တပ်မှ စစ်သည်လေးထောင်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်မှ စစ်သည်နှစ်ထောင်က ထိုအင်အားစုများကိုတားရန် ခက်လောက်သည်။ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်မှ စစ်သည်တော်များဟာ အလွန်အင်အားကြီးနေသည့်တိုင်အောင် လူလေးထောင် ကွာဟချက်ကို မကျော်လွန်နိုင်ချေ။ ချန်းချန့်လီက ကောင်းရှန်းကျစ်ကိုကြည့်ပြီး မသက်မသာဖြစ်နေသော မျက်နှာထားမျိုးနှင့်ပြောသည်။

“အရှင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ နောက်ထပ်စစ်တပ်တစ်ခုကို စေလွှတ်ကြမလား။ မော့ဆေဘာဓားဆိုရင်ရော ဘယ်လိုလဲ”

ဒါဟာ နှစ်ဖက်လုံး၏ လက်ရွေးစင်များထဲမှ လက်ရွေးစင်အကျဆုံး စစ်တပ်များကို စေလွှတ်နေသည့် အဆုံးအဖြတ်တိုက်ပွဲဖြစ်နေသည်။ အရှုံးဟာ စစ်တပ်တစ်ခုလုံးအတွက် စိတ်ဓာတ်ခွန်အား ကျဆင်းစေနိုင်သည်။ ကောင်းရှန်းကျစ်က ခေါင်းခါလိုက်သည်။

“ဝမ်ချောင်က ဒီတိုက်ပွဲရဲ့ စစ်သေနာပတိချုပ် သူက တိုက်ပွဲတစ်ခုလုံးကို အမိန့်ပေးနိုင်တဲ့သူပဲ။ ငါတို့က သူ့ကို အရိုက်အရာတွေအားလုံး ပေးထားပြီးပြီဆိုမှတော့ သူ့ကိုယုံထားရအောင်။ ငါတု့ိက တိုက်ပွဲအတွင်းကို စေလွှတ်ဖို့ စစ်သားများများ ပိုလိုလာရင် သူပြောပါလိမ့်မယ်”

ကောင်းရှန်းကျစ်ဟာ ချန်းချန့်လီထက် မလျော့သော စိုးရိမ်မှုကို ခံစားနေရသည်။ သို့သော် သူဟာ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သည့်အလျောက် လက်အောက်ငယ်သားများထက်ပိုပြီး အကျိုးအကြောင်း နားလည်သင့်သည်။

လူတိုင်းဟာလည်း ဝမ်ချောင်၏စွမ်းရည်ကို မြင်ပြီးသားဖြစ်သည်။ သူတို့ထဲတွင် မည်သူကမှ သူ၏စွမ်းရည်ကို သံသယမဝင်ကြချေ။ ကောင်းရှန်းကျစ်သည်လည်း ဝမ်ချောင်က အမြဲတစေ မှန်ကန်သော ဆုံးဖြတ်ချက်ကိုချပြီး အချိန်ကိုက် မှန်ကန်သည့်လုပ်ရပ်ကို လုပ်နိုင်မည်ဟု ယုံကြည်သည်။

ပို၍အရေးကြီးသည်မှာ သူနှင့်ဝမ်ချောင်အကြား အကွာအဝေးခြားနေသည့်တိုင်အောင် ကောင်းရှန်းကျစ်အနေနှင့် ထိုငယ်ရွယ်သောဗိုလ်ချုပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။ သူဟာလည်း ဆက်တိုက် စောင့်ကြည့်နေခဲ့၏။ ဝမ်ချောင်သည် အမြဲတစေ ယုံကြည်မှုအပြည့်ရှိသော မျက်နှာထားမျိုးကို ကိုင်စွဲထားသည်။ သူ၏အမူအရာက ငြိမ်သက်တိတ်ဆိတ်နေခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးဟာ ချောမွေ့နေပြီး သူဟာဒါတွေအကုန်လုံးကို လက်တွေ့ကိုင်တွယ်ထားနိုင်သလို စီစဉ်ထားသည့်လူ ဖြစ်နေခဲ့လေသည်။ သူတို့က စကားပြောနေသည့်အချိန်တွင် တိုက်ပွဲနယ်မြေ၏ အခြေအနေက ပြောင်းလဲနေပြီဖြစ်သည်။

ချွင် ချွင် ချွင်

လေထဲသို့ အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော ဓားချည်တစ်လက်က ဖြတ်ပြေးသွားသည်။ ပြိုင်ဘက်ကင်း သိုင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်က သူ၏ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး အနီးဆုံးရှိ သေဆုံးခြင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်ကို ခုတ်ချလိုက်သည်။ ဓား၏အစွန်းက ဖျက်ဆီးခြင်းစွမ်းအင်များနှင့် ပေါင်းစပ်နေလေပြီး မြေကမ္ဘာကိုပင် ခုတ်ထွင်နိုင်သည်။

ထိုပြိုင်ဘက်ကင်းစစ်တပ်မှ စစ်သည်တော်က သူ၏ဓားကို ပထမဦးဆုံး ဆွဲထုတ်လိုက်သည့် အခိုက်အတန့်တွင် သူဟာရန်သူနှင့် ဆယ်ပေဝေးသေးသည်။ သို့သော် မျက်တောင်တစ်ခတ် အချိန်အတွင်း ရှည်လျားကာ လေးလံသည့်ဓားကြီးက လေထုတစ်ခုလုံးကို ကျော်ဖြတ်ခုတ်ပိုင်းလျှက် ထိုလူ၏ခေါင်းတည့်တည့် ဆင်းသက်သွားပြီဖြစ်သည်။

All Chapters