← Chapters

အခန်း (၁၀၈၆-၁၀၉၀)

Vol. 62 Ch. 1086-1090

အခန်း (၁၀၈၆-၁၀၉၀)

Vol. 62 Ch. 1086-1090

အခန်း(၁၀၈၆)

တိုက်ပွဲနယ်မြေက ပြင်းထန်သထက် ပြင်းထန်လာသည်။ အချိန်တခဏချင်းစီတိုင်းတွင် မြောက်များလှစွာသော မြင်းတပ်အဖွဲ့ဝင်ပေါင်းများစွာက လဲကျနေကြသည်။ လေထဲတွင်လည်း သွေးမြူများက လိမ့်တက်နေပြီး ပို၍သာ ကြီးမားသထက် ကြီးမားလာသည်။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ဝမ်ချောင်ကလည်း စောင့်ဆိုင်းနေသည်။ ကောင်းရှန်းကျစ်ကလည်း စောင့်ဆိုင်းနေသည်။ အနက်ရောင် စစ်အလံအောက်မှ ချွီထေပါး၊ အပုမူစလင်နှင့် သာ့လွန်ရော့ကျန်းတို့ အားလုံးကလည်း စောင့်ဆိုင်းနေကြသည်။

မည်သည့်တိုက်ပွဲကမှ ထာဝရမဖြစ်နိုင်ပေ။ လက်ရည်အညီဆုံး ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသည့် အခိုက်အတန့်တွင် ရလဒ်တစ်ခုကတော့ဖြင့် ရတတ်သေးသည်။ တိုက်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်သောအခါ တစ်ဖက်က သေချာပေါက်နိုင်ပြီး တစ်ဖက်က သေချာပေါက် ရှုံးရပေမည်။

ထိုသို့ဖြင့် နာရီများစွာက ခပ်မြန်မြန်ကုန်ဆုံးသွားပြီး နှစ်ဖက်လုံးရှိအရှုံးက မြင့်တက်လာသည်။

ခွက် ခွက် ခွက်

ထန်စစ်သည်တော်ပေါင်းများစွာက နွမ်းနယ်လာကြသည်။ အာရပ်များက ဒီအခြေအနေကို အခွင့်ကောင်းယူလိုက်ကြသည်။ ထက်ရှသော အာရပ်ဓားမောက်ရှည်များက သူတို့၏သံချပ်ကာများကို ထိုးသွင်းလျှက် ကိုယ်တွင်းအင်္ဂါများအထိ ဖျက်ဆီးကြသည်။ ထိုသို့ဖြင့် အလောင်းများက မြေပြင်ပေါ်သို့ ပြုတ်ကျကြသည်။

အခြားတစ်ဖက်ခြမ်းတွင် အာရပ်မြင်းသည်တော် ဆယ်ယောက်၏ခေါင်းများကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထန်ပင်ဖြစ်စေ၊ အာရပ်များပင်ဖြစ်စေ နောက်မတွန့်ကြပေ။ လူမည်မျှ လဲကျနေစေကာမူ ထိုလူ၏နေရာကို ဝင်ယူမည့်လူများက ရှိနေတတ်သည်။

အဝေးရှိ စစ်အလံအောက်တွင် အပုမူစလင်က တိုက်ပွဲနယ်မြေမှ အကြည့်လွှဲလိုက်ပြီး အနားရှိ လက်ထောက်ကိုကြည့်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အတည်ပြုသူတွေကို စေလွှတ်လိုက်။ နောက်ဆုတ်တဲ့ကောင်တိုင်းကို ချက်ချင်းသာသတ်လိုက်”

“ဟုတ်ကဲ့”

ထွားကြိုင်းသောမြင်းကြီးနှင့် တောင့်တင်းသန်မာသော လက်ထောက်တို့က ခပ်မြန်မြန်ထွက်သွားသည်။ အချိန်တခဏခန့်ကြာပြီးနောက် အယောက်ငါးထောင်ရှိလောက်မည့် အင်အားစုတစ်ခုက ထွက်လာသည်။ သူတို့၏လက်ထဲတွင် တောက်ပြောင်နေသော ဓားမောက်ရှည်များကို ကိုင်ထားပြီး မျက်လုံးများကလည်း ရှေ့သို့သာကြည့်နေသည်။

အတည်ပြုသူတွေ

ထိုနာမည်က အာရေးဗီးယား အင်ပါယာအတွင်းတွင် လူအများရင်းနှီးနေသော နာမည်ဖြစ်သည်။ အာရေးဗီးယား ချဲ့ထွင်သော အစောပိုင်းကာလတွင် အတည်ပြုသူများက စစ်သားများထွက်မပြေးအောင် တားဆီးနိုင်ခဲ့ကြသည်။ သို့သော် ထိုအင်အားစုက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အဖွဲ့ပျက်ပြီးသားဖြစ်သည်။ ထိုစစ်တပ်က မူဝါဒရေးရာ ပြောင်းလဲသွားသောကြောင့်မဟုတ်ဘဲ အာရပ်များက ပို၍ရဲရင့်ပြီး စစ်သွေးကြွသောလူများဖြစ်သည့်အလျောက် ထိုသူများကို မလိုအပ်သောကြောင့်ဖြစ်သည်။

အာရပ်များက အင်ပါယာတစ်ခုပြီးတစ်ခုကို သိမ်းပိုက်အုပ်စိုးလာသည်နှင့်အမျှ သူတို့၏ လေ့ကျင့်မှုများက ရပ်တန့်၍မရနိုင်တော့ချေ။ ထိုအတွက်ကြောင့် ထွက်ပြေးမည့်စစ်သားများ မရှိခဲ့ဖူးချေ။

သို့သော် ယခုမူ တာလာ့ရှိတိုက်ပွဲ၏ ပြင်းထန်မှုက အပုမူစလင်အား ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိစေလေပြီး အတည်ပြုသူများကို ပြန်လည်ဖွဲ့စည်းစေလျှက် လုပ်ကြံသတ်ဖြတ်မှုများကို နှစ်ဆတိုးလိုက်ရသည်။

ဒီတိုက်ပွဲ၏ ရက်စက်ကြမ်းတမ်းမှုနှင့် ခက်ထန်ပြီး ကြောက်မက်ဖွယ်ကောင်းမှုက လူတိုင်း၏ မျှော်လင့်ထားနိုင်သမျှကို ကျော်လွန်ထားသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် အရေအတွက်အရ လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော အာရပ်များကပင် ထိုသို့မလုပ်နိုင်ခဲ့ချေ။ စစ်သွေးကြွပြီး သတ္တိကြီးသော အာရပ်များကလည်း ကြောက်မက်ဖွယ်ကောင်းပြီး ခြိမ်းခြောက်နိုင်စွမ်းအားပြင်းထန်သည့် ထန်များ၏အရှေ့တွင် ကြောက်လန့်မှုကို ပြသလာခဲ့သည်။

ပထမခုခံရေးအားလှိုင်း၏ အနောက်ဘက်မှ ရွှီခဲ့ယွီက ဒေါသတကြီးလှည့်ကြည့်သည်။

“အရှင် ဒီစစ်သားတွေက အကြာကြီးမခံနိုင်လောက်တော့ဘူး”

အနောက်တောင်ပိုင်းမှ စစ်ပွဲက ဒီတိုက်ပွဲနယ်မြေ၏ ပြင်းထန်ကြမ်းတမ်းမှုကို မယှဉ်နိုင်ပေ။

ရွှီခဲ့ယွီသည်လည်း ပြိုင်ဘက်ကင်းသိုင်းစစ်တပ်က နွမ်းနယ်သောလက္ခဏာပြနေကြောင်း မြင်နိုင်သည်။ သူတို့၏မျက်နှာတွင် ချွေးများကပြည့်နှက်နေပြီး သံချပ်ကာများပေါ် စိမ့်ဝင်နေပြီဖြစ်သည်။ ထိုသို့ဖြင့် သူတို့၏ခြေထောက်များစီ တောက်လျှောက်စီးသွားသည်။ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်ကသာ ဒီလိုအခြေအနေမျိုးရောက်နေမည်ဆိုလျှင် ကျန်သောစစ်သားများ၏ အခြေအနေကို သိနိုင်လေသည်။

“ငါတို့မှာ နောက်ဆုတ်စရာ မရှိဘူး။ ငါတို့ဆက်သွားရမယ်။ နောက်ဆုတ်ရင်သေမှာပဲ။ အာရပ်တွေကလည်း အခြေအနေ မကောင်းပါဘူး”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။ သူ၏အကြည့်က ညာဘက်ခြမ်းသို့ ရောက်သွားသည်။ ထိုနေရာတွင် လီစစ်ယဲ့နှင့် မော့ဆေဘာအဖွဲ့တို့ရှိနေသည်။

မော့ဆေဘာအဖွဲ့ကလည်း ဆုံးရှုံးမှုကြီးမားစွာ ခံစားရပြန်သည်။ စစ်သားငါးထောင်ခန့်က သေဆုံးသွားပြီး သူတို့၏အလောင်းများက ကွင်းပြင်တွင် ပစ်လိုက်ရသည်။ သူတို့၏ သံချပ်ကာများက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ကုန်သည်။

လွန်ခဲ့သော တစ်လကျော်လောက်ကမှ တည်ထောင်ထားခြင်းဖြစ်သော်လည်း မော့ဆေဘာအဖွဲ့က ဒီတိုက်ပွဲတွင် တစ်ဝက်ကျော်ခန့်နီးပါး ဆုံးရှုံးသွားရသည်။

သို့သော် အော့စမန်း၏ စစ်တပ်ကလည်း ပြင်းထန်သည့် ဆုံးရှုံးမှုမျိုးကို ခံရသည်။ သူတို့ထဲမှ အဖွဲ့ဝင် သုံးထောင်ကျော်ခန့်က မော့ဆေဘာအဖွဲ့၏ အလောင်းများနှင့် ပူးပေါင်းနေသည်။ ထိုလူများအားလုံးက လက်ရွေးစင်များဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် မော့ဆေဘာအဖွဲ့၏ တိုက်ခိုက်နိုင်စွမ်းအင်၏ အရှေ့တွင် ဘာမှမလုပ်နိုင်ကြသည့်တိုင်အောင် မော့ဆေဘာအဖွဲ့၏ ထူးခြားသောအားသာချက်က သူတို့၏ ပုဂ္ဂိုလ်တစ်ယောက်ချင်းစီဆိုင်ရာ အင်အားမျိုးမဟုတ်နေဘဲ လက်နက်ကြီးများဖြစ်နေသည်။

“ရွှီခဲ့ယွီ ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ဗုံတီး”

“ဒီလက်အောက်ငယ်သားက အခုပဲလုပ်ဆောင်ပါ့မယ်”

ရွှီခဲ့ယွီက ဂါရဝပြုလိုက်ပြီး ချက်ချင်းထွက်ခွာသွားသည်။

ဒုန်း ဒုန်း ဒုန်း

တခဏခန့်ကြာပြီးနောက် စစ်တပ်၏ အနောက်ဘက်ခြမ်းမှ ကျယ်လောင်သော စစ်ဗုံတီးသံက ထွက်ပေါ်လာသည်။ ထိုဗုံသံများက ထန်စစ်သားတိုင်းကို ကျယ်လောင်စွာ အော်ကြွေးစေလျှက် အာရပ်များထံ ပစ်ဝင်သွားစေသည်။

ထိုဗုံတီးသံက စစ်တပ်တစ်ခုလုံး၏ စိတ်အခြေအနေကို မြှင့်တင်ပေးနိုင်သည့် လက္ခဏာဖြစ်ကြောင်း ပြသည်။ တိုက်ခိုက်နေသည့် အချိန်ကာလအတောအတွင်း ဝမ်ချောင်က ဗုံတီးခြင်းဖြင့် ထိုလူများ၏ တိုက်ခိုက်နိုင်စွမ်းအားကို တစ်ကြိမ်ထက်ပို မြှင့်တင်ပေးနိုင်ခဲ့သည်။ ထိုအချက်မှစတင်ပြီး တိုက်ပွဲတစ်ခုလုံး၏ အခြေအနေက မည်မျှအရေးပါနေကြောင်း သိနိုင်သည်။

မဟာထန်သည် ရှုံး၍မရချေ။ ရှုံးရန်လည်းမတက်နိုင်ပေ။

စစ်သားတစ်ယောက်ချင်းစီတိုင်းက ဗုံတီးသံအောက်တွင် သယ်ဆောင်လာသည့် ခံစားချက်များ၊ အရှိန်အဝါများကို သိနားလည်ကြသည်။ သူတို့၏သွေးက သွေးကြောများတောက်လျှောက် စီးဖြတ်ပြီး ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲသွားကာ သူတို့၏ကိုယ်အတွင်းတွင် ရှိသမျှ အလားအလာတိုင်းကိုထုတ်လျှက် လက်နက်များကို မြှောက်လိုက်ကြပြီး အာရပ်များကို ခုတ်ချကြသည်။ ထိုအခိုက်အတန့်တွင် အာရပ်များ၏ အော်သံက ပြည့်နှက်နေသလို ထန်စစ်ဗုံတီးသံများက နောက်ခံတေးအလား ဖြည့်စွက်ပေးနေလေသည်။

ဘုန်း

ထန်စစ်ဗုံက စတီးပြီး တခဏခန့်သာ ကြာသေးသည်။ အာရပ်များနှင့် တိဗက်များကလည်း သူတို့၏ ကိုယ်ပိုင်အဖွဲ့ဝင်များ၏ အော်သံများကိုသာ ကြားရသည်။ ထိုအသံများက တာလာ့တွင် ပဲ့တင်ထပ်လာသည်။

ခရာမှုတ်သံက အာရပ်များကို ပို၍ခက်ထန်ကြမ်းတမ်းစွာ တိုက်ခိုက်စေသည်။ ဟိန်းဟောက်အော်ဟစ်သံများကြောင့် သူတို့က ထန်များ၏ ခက်ထန်ကြမ်းတမ်းစွာ တိုက်ခိုက်မှုများ အားလုံးကို ကြားနိုင်သွားသည်။

ဗုံသံနှင့်ခရာသံက ထိပ်တိုက်ရင်ဆိုင်နေသည့် အချိန်တွင် တိုက်ပွဲကပို၍ရက်စက်စွာ ပို၍ပြင်းထန်လာသည်။ နှစ်ဖက်လုံးရှိအရှုံးက ပို၍ပြင်းထန်များပြားလာပြန်သည်။ အခြေအနေကလည်း သရေကျနေသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ဘန်း

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ လူတိုင်းက ပြင်းထန်သည့် တိုက်ပွဲကိုသာ အာရုံစိုက်ထားကြသည်။ ထိုအချိန်တွင် ချွီထေပါး၏ နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပလွန်းသော ခန္ဓာကိုယ်ကရုတ်တရက် လှုပ်ရှားသွားသည်။ သူ၏ အရှိန်အဝါ ပြင်းထန်သည့် အာရေးဗီးယား တောင်ပေါ်မြင်းကြီးနှင့် အနိုင်ရသူက ရှေ့သို့နှစ်လှမ်းတိုးသည်။ သူ၏ရွှေရောင်ခွာများက မြေပြင်ကို တစ်ချက်ဆောင့်ပေါက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မြေပြင်ထဲသို့ အင်အားကြီးမားလွန်းသည့် စွမ်းအင်တစ်ရပ်က ဝင်ရောက်သွားလေပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားလေသည်။

ရုတ်တရက်ဖြစ်သွားသည့် အပြောင်းအလဲက အပုမူစလင်၊ အားပါး၊ အော့စမန်းနှင့် ကျစ်ရတို့အားလုံးကို တုန်ယင်သွားပြီး ချွီထေပါးကို လှည့်ကြည့်မိသွားစေသည်။

မည်သည့်အချိန်တွင်မဆို ချွီထေပါးကသာ တိုက်ပွဲနယ်မြေတစ်ခုလုံး၏ ဗဟိုပြုရာဖြစ်သည်။

အပုမူစလင်၊ အော့စမန်းနှင့် အားပါးတို့အားလုံးက ချွီထေပါးကို သီးသန့်အကဲဖြတ် ဝေဖန်ကြသော်လည်း မသိလိုက်မသိဘာသာပင် သူတို့သုံးယောက်ကလည်း တစ်ဖက်သူကို မှီခိုမိနေလေသည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ဖွင်ဟခြင်းစစ်တပ်ကို လွှတ်လိုက်တော့”

လူတိုင်း၏နားအတွင်း အေးစက်သောအသံက ပဲ့တင်ထပ်လာသည်။ ချွီထေပါး၏ ရွှေရောင်ခန္ဓာကိုယ်ကြီးက လှုပ်ရှားသွားလေပြီး လက်ကိုယမ်းလျှက် အမိန့်ကိုထုတ်လိုက်သည်။

ထိုအမိန့်က စစ်အလံလေးခုအနားတွင်ရှိသော လူတိုင်းကို တုန်လှုပ်သွားစေသည်။ အားပါးကိုယ်တိုင်ပင် သူ၏မျက်ဝန်းအတွင်း မယုံနိုင်စရာကောင်းသည့် စိတ်လှုပ်ရှားမှုများကို ထုတ်ပြလာသည်။

နောက်ဆုံးတော့ လွှတ်လိုက်ပြီ။

ထိုစိတ်လှုပ်ရှားမှုနှင့်အတူ အတွေးတစ်ခုကလည်း သူ၏စိတ်အတွင်း ဖြတ်ပြေးသွားသည်။

ဖွင့်ဟခြင်းစစ်တပ်

ထိုစစ်တပ်သည် ချွီထေပါး၏လက်အောက်တွင် အင်အားအကြီးဆုံး အင်အားစုကြီးဖြစ်ပြီး အင်ပါယာတစ်ခုလုံးတွင်လည်း ကြောက်မက်ဖွယ်အကောင်းဆုံး အင်အားစုကြီးဖြစ်နေသည်။ တိုက်ခိုက်ရေးစွမ်းအားချင်းယှဉ်သော် လခြမ်းကွေးလ ရှေ့ပြေးတပ်၊ သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့၏ အထက်တွင်ရှိသည်။ အထက်တွင်မှ ဟိုးအပေါ်အထိ တက်နေသေးသည်။ အပုမူစလင်၏ အကြောက်အလန့်မဲ့ စစ်တပ်ကပင် မယှဉ်နိုင်ချေ။ ဒါဟာ အင်ပါယာတခွင်အနှံ့ ကျော်ကြားသော စစ်တပ်ကြီးဖြစ်သည်။

ဘုန်း

ကြီးမားသော လက်ကြီးတစ်ဖက်က မြေပြင်ကို ဝုန်းကနဲရိုက်ချလိုက်သလို မြေပြင်က တသိမ့်သိမ့် တုန်သွားသည်။ တခဏခန့်သာကြာသေးသည်။ အာရပ်စစ်တပ်ဘက်မှ နောက်ဆုံးသော လက်ရွေးစင် အင်အားစုကြီးက စင်ပေါ်တက်လာလေပြီ။

ဝုန်း ဝုန်း ဝုန်း

ငါးထောင်ခန့်သာရှိသည့် ရွှေရောင်သံချပ်ကာဝတ် စစ်သားများက လှုပ်ရှားလာကြသည်။ သူတို့၏ လက်နက်ကလည်း ရွှေရောင်ဓားများဖြစ်သည်။ သူတို့က တဖြည်းဖြည်းချင်း ထွက်လာသည်။

မြင့်မြတ်သည့် အရှိန်အဝါချင်းယှဉ်သော် ထိုစစ်တပ်က ချွီထေပါးကိုယ်တိုင်နှင့် တူနေသည်။ သူတို့၏ကိုယ်မှ အရှိန်အဝါက ချွီထေပါး၏အရှိန်အဝါနှင့် တထေရာတည်းတူသည်။ တစ်ဘဝချင်းက တူညီနေခြင်းဖြစ်သည်။ ထိုစစ်တပ်က ချွီထေပါးကိုယ်တိုင်ထက် အနည်းငယ်သာ အားနည်းလောက်သည်။

သို့တိုင်အောင် ထိုစစ်တပ်ကမူ အလွန်တောက်ပပြီး ခမ်းနားကာ မှင်သက်ဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါမျိုးကို ထုတ်လွှတ်ထားသည်။ ထိုဖွင်ဟခြင်းစစ်သည် အယောက်ငါးထောင်သည် သေမျိုးစစ်သားများနှင့် မတူတော့ဘဲ နတ်စစ်သည်တော်များက ကောင်းကင်ဘုံ တိုင်းပြည်ကြီးမှ ဆင်းသက်လာသလို ထင်ရသည်။

ဝှစ်

လေပြင်းက ဟိန်းဟောက်ပြီး လေထုက ဝရုန်းသုန်းကားဖြစ်လာသည်။ ရွှေရောင်သံချပ်ကာဝတ် စစ်သည်ငါးထောင် ပေါ်လာခြင်းက တိုက်ပွဲနယ်မြေတစ်ခုလုံး၏ စိတ်အခြေအနေကို ကြိုးကိုင်လိုက်သည်။ တိုက်ပွဲနယ်မြေနှင့် ပေသိန်းကျော် ဝေးကွာနေသေးသည့်တိုင်အောင် ထိုလူများကို မြင်လိုက်သည့် မည်သူကမဆို ပြင်းထန်လွန်းသည့် ဖိအားကို ခံစားရမည်ဖြစ်သည်။ ဖွင့်ဟခြင်းစစ်သားများသည် မတိုက်ခိုက်ရသေးချေ။ သို့သော် သူတို့၏ အရှိန်အဝါလောက်ကတင် ရှိနေသော လူတိုင်း၏ နှလုံးသားအတွင်းသို့ ကျောက်တုံးကြီးဖြင့် ဆောင့်ထုသလိုဖြစ်နေသည်။ ထို့ကြောင့် အသက်ရှုရန်ပင် ခက်ခဲလာစေသည်။

ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်ငါးထောင်သည် တိုက်ပွဲနယ်မြေကို တစ်ချက်ကြည့်လိုက်သည်။ သူတို့၏မျက်ဝန်းထဲတွင် အေးစက်တင်းမာမှုက ပြည့်နှက်နေသည်။

“တိုက်ခိုက်”

ရွှေရောင်သံချပ်ကာဝတ် ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်ငါးထောင်က နဂါးများကဲ့သို့ ခမ်းနားကြီးကျယ်မြင့်မြတ်သည်။ ချက်ချင်းဆိုသလိုပင် သူတို့က ရွှေရောင်အလင်းတန်းနှင့်အတူ တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ပြေးလာသည်။ ထိုအခါ တစ်လောကလုံးက ဆူညံသံများ ခြောက်ကပ်သွားသည်။ ထိုအယောက်ငါးထောင်ထံမှ မြင့်တက်လာသော စွမ်းအင်များက ဒီနေရာတွင် ရှိနေသော စစ်သည်ငါးသိန်း ချီတက်လာခြင်းထက် ပို၍ကြောက်စရာကောင်းလာသည်။

ထိုအချိန်တွင် တစ်လောကလုံးက သူ၏ခြေထောက်အောက်တွင် ပြားပြားဝပ်ကာ တုန်ခါလာသည်။ သူတို့၏ကိုယ်မှ တောက်ပလွန်းသော ရွှေရောင်အလင်းတန်းများနှင့် ခမ်းနားလွန်းသော လက်နက်ကြီးများကြောင့် သူတို့ဟာ ကောင်းကင်ဘုံ၏ နတ်စစ်သည်များအလား ထင်ရလေပြီး လူတိုင်းကို စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သည့် ထိုးနှက်ချက်ကြီးအဖြစ် ခံစားရစေနိုင်လေသည်။ သူတို့၏ ခွန်အားကလည်း အခြားသော သာမာန်လက်ရွေးစင်တိုင်းထက် အပြတ်အသတ် သာလွန်လွန်းနေသည်။ သေဆုံးခြင်းစစ်တပ်ကပင် သူတို့ကို မယှဉ်နိုင်ချေ။

ဖွင့်ဟခြင်းစစ်တပ်က ဝင်ရောက်အားဖြည့်လာမှုနှင့်အတူ အာရပ်ဘက်က သိသိသာသာပင် နောက်ဆုံးသော လက်ရွေးစင်အင်အားစုကို ထုတ်လွှတ်လိုက်နိုင်သည်။

အာရပ်များက သူတို့၏ကျယ်ပြောသော စစ်တပ်အင်အားစုတစ်ခုလုံးကို ပို့ထားပြီးသားဖြစ်သည်။ ချွီထေပါးတွင်ပင် ထပ်ပို့ရန် အင်အားစုများ မကျန်ရစ်တော့ချေ။

နှစ်ဖက်လုံးက သူတို့၏အင်အားစုတိုင်းကို တိုက်ပွဲနယ်မြေအတွင်းသို့ လွှတ်ထားသည်။ တိုက်ပွဲက အာရပ်များဘက်သို့ မျက်နှာသာပေးမည့် အရိပ်အယောင် ပြသလာပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဖွင့်ဟခြင်းစစ်တပ်၏ ဝင်ရောက်လာမှုက မဟာထန်၏ အခြေအနေကို အလွန်အမင်း ဆိုးရွားသွားစေလေသည်။

အခန်း(၁၀၈၇)

“အရှင်”

ပထမခုခံရေးအားလှိုင်း၏ အနောက်ဘက်မှ ကျန်းချွယ်က ဝမ်ချောင်ကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာထားက အလွန်အမင်း စိုးရိမ်နေပုံပေါ်လေသည်။ တစ်ချိန်ထဲတွင်ပင် အခြားသော ဗိုလ်ချုပ်များကလည်း ကြည့်လာကြသည်။ အားလုံး၏ မျက်လုံးထဲတွင်လည်း စိတ်ပျက်အားငယ်မှုများက ပြည့်နှက်နေကြသည်။ မဟာထန်သည် ဒီတိုက်ပွဲအတွင်းသို့ အင်အားစုတိုင်းကို ထည့်သွင်းထားသည်။ အန်းတုံး၊ ပေ့ထင်၊ လုံရှီ... ထိုလူများသည်လည်း တပ်ကူများကို ပို့လာကြသည်။ အင်ပါယာစစ်တပ်မှ စစ်သည်များကိုပင် မြို့တော်မှ ပို့ဆောင်လာသေးသည်။

မဟာထန်သည် ဒီတိုက်ပွဲအတွင်းသို့ စစ်သည်တော်တိုင်းကို ပို့ဆောင်ထားပြီးသားဖြစ်သည်။ သို့သော် အာရပ်များတွင် ထိုမျှအထိ ဖျက်ဆီးခြင်းစွမ်းအား ပြင်းထန်သည့် စစ်တပ်တစ်ခု ရှိနေဦးမည်ဟု မထင်ထားကြချေ။ ထိုစစ်တပ်၏ အရှိန်အဝါက ထက်ရှပြီး ကြမ်းတမ်းခက်ထန်သည်။ သမုဒ္ဒရာအလား ကျယ်ပြောလွန်းသေးသည်။ ထိုလူများသည် တိုက်ပွဲအတွင်းသို့ မဝင်ရသေးသည့်တိုင်အောင် အဝေးမှ တစ်ချက်လှမ်းကြည့်မိရုံနှင့်တင် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို နားလည်မိစေသည်။

ဟိန်းဟောက်ခြင်းကျားစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်... မည်သည့် သိုင်းအင်အားစုကမျှ မယှဉ်နိုင်ချေ။ ဒါဟာ အာရပ်ဘက်မှ အဆုံးစွန်ဆုံးသော အင်အားကြီးသည့် အင်အားစုကြီးဖြစ်နေသည်။

ထို့ကြောင့် တိုက်ပွဲနယ်မြေက စတင်ကာစတွင် အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည့်တိုင်အောင် ယခုအခါတွင်မူ လက်ရွေးစင်အင်အားစုတိုင်းက စစ်ပွဲအတွင်းသို့ ဝင်ရောက်ပြီးသားဖြစ်ပြီး အာရပ်များနှင့် သရေကျနေခဲ့သည်။ သူတို့ဘက်ကလည်း အလွန်အမင်း မောပန်းနေပြီးသားဖြစ်သည်။ ယခုလိုအခြေအနေမျိုးတွင် ရုတ်တရက် အာရပ်ဘက်မှ ပုံမှန်ထက် အင်အားကြီးမားလွန်းသော အင်အားစုကြီး ပေါ်ပေါက်လာခြင်းက မဟာထန်အတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်သွားသည်။

မဟာထန်ဘက်တွင် ဖွင့်ဟခြင်းစစ်တပ်နှင့် ယှဉ်နိုင်သည့်အင်အားစု မရှိချေ။

ဟီ....

ဖွင့်ဟခြင်းစစ်တပ်ဘက်မှ စစ်သည်ငါးထောင်က ပိုမို၍ပင် နီးကပ်လာသည်။ သူတို့၏မြင်းထံမှ ထွက်လာသည့် ကြောက်မက်ဖွယ်ကောင်းသည့် ဟီသံက လူတိုင်း၏နှလုံးသားကို အခုန်နှုန်း မြန်ဆန်လာစေသည်။

ထိုသို့ဖြင့် တိုက်ပွဲနယ်မြေအတွင်း မသက်မသာဖြစ်သလို ခံစားချက်များက ပို၍ပြင်းထန်လာသည်။ သေဆုံးခြင်းစစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်နေသည့် လက်ရွေးစင်အင်အားစု စစ်တပ်လေးခုကပင် ကြောက်မက်ဖွယ်ကောင်းသည့် ပူပန်မှုကို ခံစားလာမိစေသည်။ လက်ရွေးစင် အာရပ်စစ်တပ် လေးခုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက် ထိုလူများ၏ အင်အားကို သူတို့က နားလည်ခဲ့သည်။ ထိုလူများကိုလည်း သူတို့က အပြတ်အသပ် လွှမ်းမိုးနိုင်သေးသည်။ သို့သော် ဒီထက်ပိုများသည့် ပြိုင်ဘက်များကိုမူ ရင်မဆိုင်နိုင်တော့ချေ။

ခံစားခြင်းစစ်တပ်အတွင်းတွင် စစ်သည်ငါးထောင်သာ ရှိသည်။ သို့သော် ထိုပမာဏကတင် မဟာထန်တစ်ခုလုံးကို သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်နေပြီဖြစ်သည်။ ထန်စစ်တပ်သည်လည်း သုတ်သင်ခံရလုနီးပါး ဖြစ်လာသည်။

“ဟာ..”

ကောင်းရှန်းကျစ်၏ မျက်နှာတွင် စိတ်ရှုပ်ထွေးမှုက ပေါ်နေသည်။ သူက သက်ပြင်းချပြီး ဓားကိုဆွဲထုတ်လိုက်သည်။

“ဝမ်ချောင် ဘာမှလုပ်စရာ မရှိတော့ဘူး။ ငါတို့တွေ ထပ်ပို့စရာ စစ်သားတွေမရှိတော့ဘူး။ ဒီတိုက်ပွဲက ဘယ်လိုဖြစ်လာဖြစ်လာ ငါကတော့ မဟာထန်ရဲ့ ဂုဏ်သရေကို ထိမ်းသိမ်းထားရမှာပဲ။ အနည်းဆုံး အာရပ်တွေကလည်း တစ်လောကလုံးမှာ ပြိုင်ဘက်မကင်းနိုင်ဘူးဆိုတာကို သိစေရမယ်”

“အားလုံးပဲ အသင့်ပြင်ကြ။ စစ်ပွဲထဲကို ဝင်ရောက်ဖို့ပြင်ဆင်ကြ”

အင်ပါယာဗိုလ်ချုပ်ကြီးများ၏ ဝင်ရောက်လာမှုက ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်တို့အား အတက်နိုင်ဆုံး ရှောင်စေလိုသည့် အခြေအနေမျိုးဖြစ်သည်။ အနည်းဆုံး သူတို့က အာရပ်များ၏စစ်တပ်က လဲကျလုနီးပါး အခြေအနေကို မပြသမချင်း ထိုသို့သော အခြေအနေကို မဖြစ်လာစေခဲ့ချေ။ သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးက မဖြစ်နိုင်တော့ပါချေ။ ဖွင့်ဟခြင်းစစ်တပ်သည် ထန်စစ်တပ်တစ်ခုလုံးအတွက် ခြိမ်းခြောက်နိုင်သော တည်ရှိမှုကြီးဖြစ်နေသည်။

“နပေါဦး”

ထန်စစ်အလံအောက်မှ ဝမ်ချောင်က တိုက်ပွဲနယ်မြေကို စိုက်ကြည့်သည်။ ကြမ်းတမ်းစွာ တိုက်ခတ်နေသည့် လေပြင်းက သူ၏ဆံပင်ကို လေတွင်လွင့်နေစေသည်။ ထို့ကြောင့် ခံစားချက်များ ပြင်းထန်နေသလို မတည်မငြိမ်ပုံစံ ဖြစ်သွားစေလေသည်။ သို့သော် သူ၏မျက်နှာတွင်မူ မည်သည့် ခံစားချက်ကိုမှ ထုတ်မပြချေ။

မဟာဗိုလ်ချုပ်များ၏ ခွန်အားကိုသုံးပြီး ဖွင့်ဟခြင်းစစ်တပ်ကို ရင်ဆိုင်ခြင်းက အကျိုးအကြောင်း သင့်တော်သော အခြေအနေမျိုးမဟုတ်ချေ။ မဟာထန်က တိုက်ပွဲကို စောင့်ကြည့်နေသည့်အချိန်တွင် ချွီထေပါးကလည်း မဟာထန်ကို စောင့်ကြည့်နေသည်။ ထိုတိုက်ပွဲက ပြင်းထန်လာသည်။ နှစ်ဖက်လုံးက စစ်သည်တိုင်းကို ပို့ထားသည်။ သို့သော် ချွီထေပါး၊ အပုမူစလင်နှင့် အခြားသောဗိုလ်ချုပ်တိုင်းက တိုက်ပွဲနယ်မြေအတွင်းသို့ မဝင်ရသေးချေ။ ထို့ကြောင့် မသက်မသာဖြစ်စေသည့် ဟန်ချက်ကို ထိန်းထားလေသည်။ မဟာထန်ဘက်က ဟန်ချက်ကို စဖျက်လိုက်သည်နှင့် ကောင်းရှန်းကျစ်က ဓားကိုဆွဲပြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ချွီထေပါးတို့အားလုံးကလည်း လှုပ်ရှားလာပေလိမ့်မည်။

ထိုအခါ နောက်ဆုံးသောရလဒ်က ကောင်းရှန်းကျစ် မျှော်လင့်ထားသလို မဖြစ်လောက်ချေ။

ခြိမ်း

ဖွင့်ဟခြင်းစစ်တပ်က ရှေ့သို့ တစ်ဖြောင့်တည်း စီးနင်းရင်း တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် အခါတွင်မူ ခွာသံများက မိုးခြိမ်းသံလို ကျယ်လောင်စွာ ပေါက်ကွဲလာလေသည်။ သူတို့က ဝူရှန်းမြင်းတပ်နှင့် မာမဲ့လုများ၏ ပြင်းထန်သောတိုက်ခိုက်မှုကို လျစ်လျူရှု့လိုက်သည်။

ဖွင့်ဟခြင်းစစ်တပ်၏ မာနကြောင့် သူတို့က မြင်းတပ်အဖွဲ့ဝင်တိုင်းကို အထင်သေးသည်။ ထိုအစား သူတို့က နောက်တန်းမှ ထန်များကိုသာ ရင်ဆိုင်ရန်ထွက်သွားလေသည်။

မဟာထန်နှင့် အာရေးဗီးယားအကြားတွင် ရှည်လျားသော ရှေ့တန်းနယ်မြေကြီးရှိပြီး ထိုနေရာတွင်ရှိသော စစ်သည်တော်အများစုက သွားရည်ကျနေကြသည်။ သို့သော် ဘယ်ဘက်အတန်းတွင်မူ ကျောင်းဖုန်းချန်း လက်အောက်မှ ရွှမ်ဝူစစ်သည် ရှစ်ထောင်ခန့်က သူတို့၏ လေးစားဖွယ်ကောင်းသော ခုခံနိုင်စွမ်းရည်ကို မှီခိုလျှက် ခေါင်းဖြတ်သူစစ်တပ်ကို လွှမ်းမိုးထားလေသည်။ အော့စမန်း၏ ခေါင်းဖြတ်သူစစ်တပ်ကလည်း ဆုံးရှုံးမှုကြီးမားနေလေပြီး ပြိုလဲကျမည့်လက္ခဏာ ပြနေသည်။

“သူတို့ကိုသတ်”

ဖွင့်ဟခြင်းစစ်တပ်မှ ခေါင်းဆောင်က ရုတ်တရက် အမိန့်ပေးလိုက်သည်။ သူ၏အသံက အေးစက်ပြီး ခံစားချက်မဲ့သည်။

ချွင်

ထိုအရာရှိက သူ၏ဓားကို ဦးစွာဆွဲထုတ်လိုက်သည်။

တခဏခန့်ကြာပြီးနောက် ဖွင့်ဟခြင်းစစ်တပ်က မူရင်းအရှိန်ထက် အဆပေါင်းများစွာ ပို၍မြန်ဆန်သွားလေပြီး ရွှမ်ဝူစစ်တပ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

ဘုန်း

ရွှမ်ဝူစစ်တပ်က ခေါင်းဖြတ်သူစစ်တပ်ကို နောက်သို့တွန်းထုတ်နိုင်နေသော ကာလတွင်ပင် ပြင်းထန်သည့် အရှိန်ကြောင့် သက်ရောက်လိုက်ရသည်။ ရွှယ်လင်းတပ်က ပေါက်ကွဲထွက်လာလေပြီး ပြင်းထန်သည့် စွမ်းအားလှိုင်းများက ရွှမ်ဝူစစ်သည် ရာပေါင်းများစွာကို လေထဲသို့ မြောက်တက်သွားစေလေသည်။

ဘန်း

ထိုသို့ထိပ်တိုက်တွေ့ဆုံသွားသည့် အခိုက်အတန့်တွင် ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တစ်ယောက်က ရွှမ်ဝူစစ်သည်တော်တစ်ယောက်ကို ခုတ်သတ်လိုက်သည်။ တစ်စက္ကန့်ခန့်ကြာပြီးနောက် ထိုရွှမ်ဝူစစ်သည်က လေထဲအထက် ပေတစ်ရာအထိ မြောက်တက်သွားလေသည်။ သူက စက္ကူစလိုမျိုး ပေါ့ပါးကာ မြောက်တက်သွားသည်။ သူ၏ကိုယ်အတွင်းတွင် ရှိနေသော ကြယ်တာရာစွမ်းအင်များ အားလုံးကလည်း ဝရုန်းသုန်းကားဖြစ်သွားသည်။ သူက လေအလျော့ခံလိုက်ရသည့် အိတ်တစ်လုံးလိုမျိုး ဖြစ်သွားခြင်းဖြစ်သည်။ သူ၏ခန္ဓာကိုယ်ရှိ အပေါက်တိုင်းမှ သွေးများက စိမ့်ထွက်လာပြီး မြေပြင်တစ်ခုလုံးကို စိုရွှဲသွားစေသည်။

တစ်နေရာတွင်လည်း ရွှေရောင်ခွာတစ်ခုက လေထဲတွင်လွင့်ပျံသွားပြီး ရွှမ်ဝူစစ်သည်တော် တစ်ယောက်၏ ရင်ဘက်ကို ဆောင့်ကန်လိုက်သည်။

ဂျွတ် ဂျွတ် ဂျွတ်

သံချပ်ကာက ကွဲထွက်သွားသလို စစ်သည်တော်ကလည်း နောက်ထပ် စစ်သည်တော်တစ်ယောက်ကို ဝင်ဆောင့်တိုက်မိရင်း လွင့်ထွက်သွားသည်။ ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ...

ဘုန်း

လွင့်ပျံထွက်နေသော ပစ္စည်းအကျိုးအပဲ့များအကြားတွင် ရွှမ်ဝူစစ်သားက သူ၏ညီနောင် ဆယ်ယောက်ကျော်ခန့်ကို ဦးဆောင်ခေါ်သွားပြီး အတူလွင့်ထွက်သွားစေလေသည်။

ခွက် ခွက် ခွက်

ရွှမ်ဝူစစ်သည် ခြောက်ထောင်ကျော်ခန့်က ချက်ချင်းသုတ်သင်ခံရလုနီးပါး ဖြစ်သွားသည်။ ဒါဟာ တစ်ကြိမ်သာ ထိပ်တိုက်ရင်ဆိုင်ရသေးသည်။ ဖွင့်ဟခြင်းစစ်တပ်ကမူ ရာပေါင်းများစွာကို သတ်ဖြတ်လိုက်နိုင်ပြီဖြစ်သည်။

ရွှမ်ဝူစစ်တပ်သည်လည်း ထန်အင်အားစုများအကြားတွင် အပြင်းထန်ဆုံးသော တိုက်ခိုက်နိုင်စွမ်းရည်ရှိသည့် အင်အားစုကြီးမဟုတ်ချေ။ သို့သော် သူတို့တွင် အပြင်းထန်ဆုံးသော ခုခံနိုင်စွမ်းရည် ရှိနေသည်။ ဒါက ပြိုင်ဘက်ကင်းသိုင်းစစ်တပ်နှင့် သံမဏိမြို့ရိုးစစ်တပ်ကိုပင် ကျော်လွန်သေးလေသည်။ ထိုအချက်ကြောင့်လည်း ရွှမ်ဝူစစ်တပ်က ခေါင်းဖြတ်သူစစ်တပ်ကို လွှမ်းမိုးနိုင်နေခြင်းဖြစ်သည်။ သို့သော် သူတို့၏ ခုခံနိုင်သော စွမ်းအားများကလည်း ဖွင့်ဟခြင်းစစ်တပ်ကို ရင်ဆိုင်ရရာတွင် အသုံးမဝင်တော့ချေ။

“အား”

ရွှမ်ဝူစစ်သည် ရာပေါင်းများစွာက လေထဲသို့ လွင့်ထွက်သွားသည့်အချိန်တွင် အော်သံများက ပေါ်ထွက်လာသည်။

“သူတို့ကိုတားစမ်း”

“အားလုံးပဲ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ။ ဘာတွေပဲဖြစ်လာဖြစ်လာ ဒီကောင်တွေကို ငါတို့ကို ကျော်ဖြတ်သွားခွင့် မပြုနိုင်ဘူး”

ရွှမ်ဝူစစ်တပ်မှ စစ်သည်တော်တစ်ယောက်က မြေပြင်ပေါ်မှ ချက်ချင်းကုန်းထလိုက်ပြီး ရှေ့သို့သွားသည်။ သို့သော်သူက အဝေးသို့ မသွားနိုင်သေးခင် ဇွက်

ရွှေရောင်ဓားတစ်လက်က သူ၏နှလုံးသားတည့်တည့် ထိုးဖောက်သွားပြီဖြစ်သည်။ ဓားထိပ်မှ သွေးများက ကျောပြင်တောက်လျှောက် စီးကျသွားသည်။ သူ၏မျက်လုံးက လုံးဝိုင်းနေသည်။ မျက်နှာကလည်း တောင့်ခဲနေကာ မယုံကြည်နိုင်မှုအပြည့်နှင့် မြေပြင်ပေါ်သို့ လဲသွားလေသည်။

သူ၏သံချပ်ကာကို အထူးတလည် သွန်းလုပ်ထားလေပြီး ခေါင်းဖြတ်သူစစ်တပ်၏ တိုက်ကွက်ရာပေါင်းများစွာကို ခုခံနိုင်ခဲ့သည်။ သို့သော် ထိုမျှခိုင်မာလွန်းသည့် သတ္ထုသံချပ်ကာကြီးက ဖွင့်ဟခြင်းစစ်တပ်၏ စစ်သည်တော်တစ်ယောက်၏ အရှေ့တွင်မူ စက္ကူအလား ပြောင်းလဲသွားသည်။

ရွှေရောင်ဖိနပ်၏ ရောင်ပြန်က ထိုလူ၏ သေဆုံးသွားသော မျက်ဝန်းအတွင်းသို့ ဖြတ်ပြေးသွားသည်။ ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်က အလောင်း၏ မျက်နှာကို ဖနောင့်ဖြင့် ဆောင့်ပေါက်လိုက်ပြီး ရွှမ်ဝူစစ်သည်တော်ကို မြေပြင်အတွင်းသို့ ကျွံဝင်သွားစေသည်။ ထို့နောက် ဓားကို ပြန်ဆွဲထုတ်သည်။

“ဆက်သွား အားလုံးကိုသတ်”

သူ၏လေသံထဲတွင် ခံစားချက်အနည်းငယ်သော်မျှ မပါဝင်ချေ။ ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်က ထိုအလောင်းကိုတက်နင်းပြီး ကျော်ဖြတ်သွားသည်။ အရှေ့တွင်လည်း သတ်ဖြတ်ရန်စောင့်နေသည့် လူပေါင်းများစွာ ရှိနေသေးသည်။

ရွှမ်ဝူစစ်တပ်သည် အလုံးအရင်းဖြင့် သုတ်သင်ခံရလုနီးပါး အခြေအနေမျိုးကို ကြုံတွေ့လိုက်ရသည်။ ခေါင်းဖြတ်သူစစ်တပ်ကို ရှုံးအောင်လုပ်နိုင်ခဲ့ပြီးနောက် ပို၍အင်အားကြီးမားသည့် ဖွင့်ဟခြင်းစစ်တပ်ကို ရင်ဆိုင်လိုက်ရသည်။ မည်သည့်ခုခံမှုမဆို၊ တိုက်ကွက်မျိုးမဆို အသုံးမဝင်ဖြစ်ရလေသည်။

“မျိုးမစစ်တွေ”

ကျောင်းဖုန်းချန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်လုံးများက နီရဲလာသည်။

“ငါ့အတွက်သေစမ်း”

ကျောင်းဖုန်းချန်းက သူ၏မြေသားအမာရွတ်ဓားကို ဆွဲကိုင်လေပြီး အနီးအနားရှိ စစ်သည်တော်ထံ ဝင်ရောက်သွားသည်။ သို့သော် အလင်းဖြတ်ကနဲ လက်ပြီးနောက် သူက အဝေးသို့မသွားနိုင်သေးခင် သူ၏နားတွင် မြင်းဟီသံလို အသံမျိုးကို ကြားလိုက်ရသည်။ ထို့နောက် သတ္ထုချင်း ထိခတ်သံက ထွက်ပေါ်လာသည်။

ဘုန်း

ရွှေရောင်လျှပ်စီးတန်းက ကျောင်းဖုန်းချန်း၏ရိုက်ချက်ကို ရင်ဆိုင်လာသည်။ ဖုန်များက အနည်ထိုင်သွားပြီး အံ့အားသင့်မှုအားလှိုှုင်းများအားလုံး လျော့ပါးပျောက်ကွယ်သွားသော အခါမှသာ ဖွင့်ဟခြင်းစစ်တပ်မှ ဗိုလ်ချုပ် ရွှေရောင်ပုဂ္ဂိုလ်ကြီးက ကျောင်းဖုန်းချန်း၏အရှေ့သို့ ရောက်နေကြောင်း မြင်လိုက်ရသည်။

“မျိုးနွယ်ခြားကောင် မင်းရဲ့ပြိုင်ဘက်ကငါ”

ဖွင့်ဟခြင်းစစ်တပ်မှ ဗိုလ်ချုပ်က အထင်သေးသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။ သူက စကားပြောနေသည့် အချိန်တွင် ဓားကိုတစ်ခါတည်း ထုတ်လိုက်သည်။

ဝေါင်း

ကျောင်းဖုန်းချန်း၏ နှလုံးသားက စိမ့်တက်သွားပြီး မျက်နှာကလည်း တင်းမာသွားသည်။

“ဒါဆိုလည်းလာလေ”

သူသည်လည်း ဖွင့်ဟခြင်းစစ်တပ်မှ ဗိုလ်ချုပ်၏ပြောစကားကို နားမလည်ချေ။ သို့သော် သူကလည်း သူနားလည်သည့်အတိုင်း ပြန်ပြောရင်း ဓားကိုတုန့်ဆိုင်းမနေဘဲ မြှောက်လိုက်သည်။

.....

ရွှမ်ဝူစစ်တပ်က ရှုံးသွားသည်။

ဖွင့်ဟခြင်းစစ်တပ်က ထိုမျှအထိ အင်အားကြီးနေမည်ဟုလည်း မည်သူကမှ မထင်ထားလောက်ပေ။ အချိန်တစ်ခဏသာ ကြာသေးသည်။ ရွှမ်ဝူစစ်တပ်တစ်ခုလုံးက သုတ်သင်ခံရလုနီးပါး ဖြစ်သွားသည်။ မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက လေထဲသို့လွင့်ကုန်သည်။

ထိုအရာသာ မကသေးဘဲ ဖွင့်ဟခြင်းစစ်တပ်သည် ရှေ့သို့ဆက်လက် တိုးနေလေပြီး ရွှမ်ဝူစစ်တပ်ကို ကျော်ဖြတ်ပြီးနောက် ထန်စစ်တပ် ဘယ်ဘက်ခြမ်းတစ်ခုလုံးကို သုတ်သင်လုနီးပါး ဖြစ်လာသည်။ အစီအစဉ်တကျ ရှိနေသော ဘယ်ဘက်ခြမ်းတစ်ခုလုံးက ပေါင်းပင်များအလား သုတ်သင်ခံနေရသည်။

“ပြေး ပြေးကြ အာရပ်တွေက တိုက်ခိုက်နေပြီ”

“သူတို့က အင်အားကြီးလွန်းတယ်။ ရွှမ်ဝူစစ်တပ်က ရှုံးနေပြီးသား။ ဒီတော့ ငါတို့က သူတို့ကို မယှဉ်နိုင်ဘူး”

“ဒါက အာရေးဗီးယားနဲ့ မဟာထန်အကြားက တိုက်ပွဲပဲ။ ငါတို့နဲ့မဆိုင်ဘူး ပြေး”

နောက်တန်းတွင် အထိတ်တလန့်ဖြစ်သံများက ပေါ်ထွက်လာသည်။ ကြေးစားစစ်သားများက အရင်ဆုံး ပြိုလဲကျသည်။ သူတို့၏ စိတ်ဓာတ်အင်အားများက ဖြိုလဲချခံရသည်။ ထို့ကြောင့် အားလုံးက အထိတ်တလန့် ထွက်ပြေးကြလေသည်။

စစ်တပ်တစ်ခုအတွင်း စိတ်ပျက်အားငယ်မှုများက တောမီးအလား ပျံ့နှံ့လာသည်။ တိုက်ပွဲ၏ အစပိုင်းတွင် မဟာထန်က လူတစ်သိန်းနှင့် တစ်သောင်းခန့်သာ ရှိခဲ့သည်။ သို့သော် ရန်သူကို လက်ရည်တူအောင် လုပ်နိုင်ခဲ့သေးသည်။ သို့ရာတွင် ယခုအခါတွင်မူ အရာအားလုံးက အဆုံးသတ်သွားပြီဖြစ်သည်။ ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်ငါးထောင်ကတင် ကုလားအုပ်ကျောပေါ်ရှိ ကြိုးမျှင်စလေးကို ဖြတ်တောက်ပစ်လိုက်သည်။

အခန်း(၁၀၈၈)

ဘယ်ဘက်ခြမ်းမှ အမြစ်ဖြတ်သုတ်သင်ခံရမှုက ချိန်းကြိုးတစ်ကြိုး ဆွဲလိုက်သလို တုန့်ပြန်မှုအဆင်လိုက် ဖြစ်သွားစေလေပြီး ထန်စစ်တပ်တစ်ခုလုံးကို ဝရုန်းသုန်းကားမှုများ ပျံ့နှံ့သွားစေသည်။ ညာဘက်ခြမ်းနှင့် နောက်တန်းကပင် စတင်ကာ ထိတ်လန့်ပြီး စိတ်ပျက်အားငယ်လာကြသည်။ နတ်သိုင်းစစ်တပ်နဲ့၊ နဂါးတပ်ရင်းစစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်နှင့် အခြားသော လက်ရွေးစင်စစ်တပ်များ အားလုံးကလည်း သက်ရောက်ခံရသည်။

ဖွင့်ဟခြင်းစစ်တပ်သည် ဘယ်ဘက်ခြမ်းကို တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်းက စစ်တပ်တစ်ခုလုံးကို သေစေနိုင်လောက်အောင် ထိန်းချုပ်နိုင်သွားသည်။ ဘယ်ဘက်ခြမ်းမှ အဖြစ်ဖြတ်သုတ်သင်ခံရပြီးနောက် ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်ငါးထောင်က နှစ်သက်သည့် ဦးတည်ရာဘက်သို့ ရွေးချယ်နိုင်သွားသည်။ ဒီနည်းအားဖြင့် ထန်စစ်တပ်တစ်ခုလုံး၏ အတွင်းပိုင်းသို့ ပြင်းထန်သည့် ထိုးနှက်ချက်ဖြင့် ဖျက်ဆီးနိုင်လေပြီး နောက်တန်းသို့ပင် တက်ရောက်နိုင်သေးသည်။ ထိုအခြေအနေက တိုက်ပွဲနယ်မြေတွင် ရှိနေသည့် ဖွင့်ဟခြင်းစစ်တပ်အတွက်သာ သက်ရောက်နေခြင်းမဟုတ်ချေ။

“သတ်”

မြေကမ္ဘာ တုန်ဟီးသွားစေသည့် အော်သံများနှင့်အတူ ဓားမောက်ရှည်အလက် သောင်းကျော်က ငါးကြေးခွံများအလား တောက်ပြောင်လာသည်။ အာရပ်စစ်သားများက ခုခံရေးအားလှိုင်းနားတွင် ဝင်တိုးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ သူတို့က လေထဲမှ သွေးညှီရနံ့ကိုရသွားပြီး ချက်ချင်းဆိုသလို တောက်ပသွားသည်။ သူတို့က ဖွင့်ဟခြင်းစစ်တပ်အနောက်မှ လိုက်လာပြီး အားလုံးကို ရင်ဆိုင်နေသည်။

ထိုသို့ တစ်နေရာဖျက်ဆီးခံရရာမှ အလုံးစုံ သုတ်သင်ခံရလုနီးပါး ဖြစ်လာသည်။

ဘယ်ဘက်ခြမ်းသို့ ကြည့်လိုက်သည့် အခိုက်အတန့်တွင် ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဝမ်ရန်တို့၏ နှလုံးသားက လေးလံနေသည်။

အခြားတစ်ဖက် အဆုံးသတ်တွင် ချွီထေပါးက စစ်အလံအောက်တွင် ခံစားချက်မဲ့စွာ ရပ်နေသည်။ သူ၏အတွေးကို မည်သူကမှ မသိနိုင်ပေ။ သို့သော် သူ၏အနောက်ဘက်ရှိ အပုမူစလင်၊ အားပါးနှင့် အခြားသော လူတိုင်းကမူ ပြုံးနေကြသည်။ သံသယဝင်ရန် မလိုလောက်အောင် လက်ရှိအချိန်တွင် အာရပ်က အရင်လက်ဦးမှု ယူထားနိုင်သည်။ ထန်များတွင် မျှော်လင့်ချက်မရှိတော့ချေ။

ချွင်

ကောင်းရှန်းကျစ်က ရှေ့သို့တိုးလာသည့် အခိုက်အတန့်တွင် တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့ ဓားကြွေးကြော်သံက ပေါ်ထွက်လာသည်။

“ဝမ်ချောင် ငါတို့ထပ်စောင့်လို့ မရတော့ဘူး။ ငါတို့အခုမှ မလှုပ်ရှားရင် စစ်တပ်တစ်ခုလုံး သုတ်သင်ခံရတော့မယ်။ ချန်းချန့်လီ အဆိုးဆုံးအခြေအနေကို ပြင်ထားလိုက်။ ငါတို့ဝင်သွားတာနဲ့ ချွီထေပါးနဲ့ အပုမူစလင်က သေချာပေါက် တုန့်ပြန်မှာပဲ။ ဒါကြောင့် ရလဒ်က ဘယ်လိုပဲဖြစ်လာဖြစ်လာ ငါတို့က တက်နိုင်သမျှ အာရပ်အများကြီး သတ်သွားရမယ်။ ဒီလိုနဲ့ အရှေ့ပိုင်းကို အမြန်ဆုံး မချီတက်နိုင်အောင် တားပေးတာပေါ့”

ကောင်းရှန်းကျစ်၏ မျက်နှာက ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် ပြည့်နှက်နေသည်။ သူ၏မျက်ဝန်းက တောက်ပနေလေပြီး အသေခံတိုက်ခိုက်ရန် ဆုံးဖြတ်ထားလေသည်။

‘သဲထဲမှာ တိုက်ပွဲတစ်ရာ တိုက်ခိုက်တာက ရွှေရောင်သံချပ်ကာကို ပျက်စီးစေနိုင်တယ်။ ဒါပေမဲ့ လုံလန်ပျက်စီးသွားတဲ့ အချိန်အထိ နောက်ပြန်လှည့်လို့မရဘူး’

မဟာထန်သည် သူတို့၏လက်ရွေးစင်တိုင်းကို တိုက်ပွဲသို့ ပို့လွှတ်ထားသည်။ သူတို့က အာရပ်ကို မနိုင်လျှင်ပင် အတက်နိုင်ဆုံး ထိုသူများအရှေ့သို့ ချီတက်ရာတွင် အင်အားလျော့နည်းသွားအောင် လုပ်ဆောင်ပေးရပေမည်။

သူကိုယ်တိုင်၏ ကံကြမ္မာအတွက်ကမူ ကောင်းရှန်းကျစ်က တွေးပင်မတွေးတော့ချေ။

ဝမ်ချောင်က ဘာစကားမှ မပြောချေ။ သူက သက်ပြင်းရှည်ကြီးကိုသာ ချလိုက်ပြီး ဝု့စ်သံမဏိဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ဒါက တိုက်ခိုက်ရန် အကောင်းဆုံး အခိုက်အတ်န့ မဟုတ်ချေ။ သူကိုယ်တိုင်ကလည်း ချွီထေပါးက တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာသည့်အခါ ထန်များ၏ ဆုံးရှုံးမှုက ပို၍ပြင်းထန်သွားနိုင်သော အခြေအနေကို တွက်ဆမိနေသေးသည်။ ချွီထေပါး၏ ခြိမ်းခြောက်နိုင်သော စွမ်းအင်ကို လူတိုင်းက မနေ့က ကတည်းက မျက်မြင်တွေ့ကြုံခဲ့ပြီးသားဖြစ်သည်။ သို့သော် မဟာထန်ကမူ ရွေးချယ်စရာမရှိတော့ချေ။

“ချန်းပင်း လက်နက်ကြီးတွေရဲ့ ပစ်မှတ်ကိုပြောင်းလိုက်။ ငွေရောင်အာရေးဗီးယား လက်နက်ကြီးတွေကိုပဲ ဦးတည်ပြီးပစ်ခတ်တော့”

“ဝမ်ဖူကိုပြောလိုက် ချန်းပင်းရဲ့နေရာကိုယူပြီး အာရပ်တွေ မချီတက်လာအောင် တားခိုင်းလိုက်။ သူဘယ်လိုတန်ကြေးကိုပေးပေး ရအောင်တားရမယ်”

“စုဟန်ရှန်းကိုလည်း အာရပ်ဒိုင်းကာသမားတွေကို အမြန်ဆုံးဖိနှိပ်လို့ပြောလိုက်။ ငါသူ့ကို စက္ကန့်သုံးဆယ်ပဲပေးမယ်။ အချိန်ပြည့်သွားတဲ့အခါ သူနေရာပြောင်းပြီး ချွီထေပါးရဲ့ ဖွင့်ဟခြင်းစစ်တပ်ကို တက်နိုင်သမျှ အင်အားသုံးပြီး ဖိနှိပ်ရမယ်”

“ကျောင်းဖုန်းချန်းကိုလည်း ရွှမ်ဝူစစ်တပ်က ဆုံးရှုံးမှု ဘယ်လောက်ကြီးကြီး အားလုံးတိုက်ပွဲမှာ သေသွားမယ်ဆိုရင်တောင်မှ ဖွင့်ဟခြင်းစစ်တပ်ကို ရအောင်တားထားလို့ပြော။ သူတို့က မချုပ်တည်းနိုင်ရင် လက်နက်ကြီးအဖွဲ့က သက်ရောက်မှုရှိတော့မှာမဟုတ်ဘူး”

“ကြေးစားစစ်သားတွေကိုလည်း တန်ကြေးတိုးပေးမယ်လို့ပြောလိုက်။ ငါတို့အာရပ်ကိုနိုင်တာနဲ့ သူတို့ကို မူရင်းပြောထားတဲ့ ရွှေပမာဏရဲ့ ဆယ်ဆပေးမယ်”

“စစ်သားတိုင်းကိုလည်း အသေခံတိုက်ခိုက်ဖို့ ပြင်ခိုင်းထားလိုက်”

ဝမ်ချောင်က အမိန့်တသီတတန်းကို ထုတ်လွှတ်လိုက်သည်။ ထိုအမိန့်များက ကြမ်းတမ်းသော လေပြင်းနှင့်အတူ တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ အားလုံးက အမိန့်ကိုကြားသောအခါ နတ်အကျဉ်းထောင်စစ်တပ်၊ နတ်သိုင်းစစ်တပ်၊ ဟိန်းဟောက်ခြင်းကျားစစ်တပ်၊ ရွှမ်ဝူစစ်တပ်နှင့် လက်နက်ကြီးစစ်တပ် အဖွဲ့ဝင်များအပါအဝင် အားလုံးက ကံကြမ္မာကို နားလည်သွားပုံပေါ်သည်။ သို့သော် မည်သူကမှ နောက်ဆုတ်မည့်လက္ခဏာ မပြကြချေ။ အားလုံးက လက်နက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကြပြီး အာရပ်များထံ အကြောက်အလန့်မဲ့စွာ ဝင်သွားလိုက်သည်။

“တိုက်ခိုက် တိုက်ခိုက် တိုက်ခိုက်”

“တိုက်ခိုက် တိုက်ခိုက် တိုက်ခိုက်”

.....

ကောင်းကင်ဘုံအတွင်း ကျယ်လောင်သော အော်ဟစ်သံများက ပျံ့နှံ့နေသည်။ အစပိုင်းတွင် လူထောင်ဂဏန်းသာလျှင်ရှိသည်။ သို့သော် သိပ်မကြာခင် စစ်သည်တော်တိုင်းက ထိုအသံအတိုင်း လိုက်အော်ကြသည်။ နောက်ဆုတ်၍လည်းမရ၊ ရှေ့တိုး၍လည်းမရနိုင်သော အဆုံးအစမဲ့သည့် အန္တရာယ်မျိုးကို ရင်ဆိုင်တွေ့ကြုံနေရသည့်အခါ မည်သူကမှ နောက်မတွန့်ကြတော့ချေ။ သူတို့အားလုံး၏ အော်ကြွေးသံက ကောင်းကင်ဘုံထိတိုင် ပဲ့တင်ထပ်သွားသည်။ နတ်အကျဉ်းထောင်စစ်တပ်၊ နတ်သိုင်းစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်များကလည်း နောက်သို့ ဆုတ်မနေတော့ချေ။ သူတို့က ပြိုင်ဘက်များကို စတင်ပြီး ဖိနှိပ်လာနိုင်သည်။

“ဒီမျိုးနွယ်ခြားကောင်တွေ”

ထိုမြင်ကွင်းကြောင့် အားပါးက မျက်လုံးပြူးသွားသည်။ တစ်ဖက်လူများဟာ သူတို့၏ရန်သူများ ဖြစ်နေကြောင်း မြင်ရသည့်တိုင်အောင် အာရပ်များက မည်မျှအင်အားကြီးဆုံးဖြစ်ကြောင်း လက်ခံထားသည့်တိုင်အောင် အရှေ့ပိုင်းမှ မဟာထန်များကို လေးစားမိလေသည်။ ထိုလူများက သူ၏တစ်ဘဝလုံးတွင် တွေ့ကြုံခဲ့ဖူးသမျှ ဒုက္ခအပေးနိုင်ဆုံး ပြိုင်ဘက်များအတွင်းတွင်မှ အင်အားအကြီးဆုံးဖြစ်နေသည်။

အာရေးဗီးယားသည် အနိုင်ဆက်တိုက် ရနိုင်သည်။ သို့သော် တန်ကြေးကြီးတစ်ခုကို ပေးရပေလိမ့်မည်။

“အားပါး၊ အော့စမန်း၊ ကျစ်ရ လှုပ်ရှားဖို့ပြင်ထား”

ထိုအခိုက်အတန့်တွင် အပုမူစလင်ကပြောသည်။ သူ၏မြင်းကလည်း ရုတ်တရက်ရှေ့သို့ တိုးသွားလေပြီး အဝေးရှိထန်များကို စိုက်ကြည့်သည်။

“အချိန်ကကျလာပြီ ဖွင့်ဟခြင်းစစ်တပ်က ထန်ရဲ့ဘယ်ဘက်ခြမ်းကို ဖျက်ဆီးလိုက်ပြီ။ မဟာထန် မဟာဗိုလ်ချုပ်ကြီးတွေကလည်း သေချာပေါက် လှုပ်ရှားလာလိမ့်မယ်။ အဲ့ဒီနောက် ငါတို့ဖိနှိပ်ရမဲ့အချိန် ရောက်လာလိမ့်မယ်”

အပုမူစလင်၊ အားပါးနှင့် အော့စမန်းတို့က တိုက်ပွဲ၏ အစောပိုင်းကတည်းကသာ ထွက်သွားခဲ့လျှင် မဟာထန်ကို ပို၍အထိနာအောင် သေချာပေါက် လုပ်နိုင်သည်။ သူကမဟာထန်၏ သံမဏိခုခံရေး အားလှိုင်းကိုပင် ဖျက်ဆီးနိုင်လောက်သေးသည်။ သို့သော် သူတို့ထဲက မည်သူကမှ ထိုသို့မလုပ်ခဲ့ကြချေ။ သူတို့က မတွေးမိသောကြောင့် မဟုတ်လေဘဲ အကောင်းဆုံးအခိုက်အတန့်ကို စောင့်ချင်သောကြောင့်ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့် မရောက်သေးခင် သူတို့၏အင်အား တစ်စွန်းတစ်စကိုမျှ မကုန်ခမ်းစေလိုကြချေ။

ယခုအခါတွင် အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်လာသည်။ ထန်များက ဒီနေ့ရှုံးလိမ့်မည်။

ချွင်

အပုမူစလင်က သူ၏ဓားမောက်ရှည်ကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထိုတူညီသော အခိုက်အတန့်တွင် အော့စမန်း၊ အားပါးနှင့် ကျစ်ရတို့အားလုံးက ခေါင်းညိမ့်လိုက်ကြပြီး သူတို့၏ကိုယ်ပိုင် လက်နက်များကို အသီးသီး ထုတ်လိုက်ကြကာ သူတို့၏စစ်မြင်းအတွင်းသို့ ပြင်းထန်သည့် စွမ်းအင်လှိုင်းများကို ထည့်သွင်းလိုက်ကြသည်။

“ဟား ဟား နောက်ဆုံးတော့ ရိတ်သိမ်းရမဲ့အချိန်က ရောက်လာပြီ။ အပုမူစလင်၊ အားပါး၊ ကျစ်ရ ငါတို့တွေ ဆမ်ဆာနစ်မင်းဆက်ကို လုပ်ခဲ့သလိုမျိုး အရှေ့ပိုင်းမျိုးနွယ်ခြားတွေ အားလုံးကို သုတ်သင်လိုက်ရအောင်”

အော့စမန်းက အော်ရယ်လေရင်း သူ၏ကျောထဲမှ ရှည်လျားသည့်ပုဆိန်ကို ဆွဲထုတ်သည်။ သူ၏မျက်လုံးက ခက်ထန်ပြီးကြမ်းတမ်းလာသည်။

“ဟား ဟား ဟား အပုမူစလင်၊ အော့စမန်း၊ ငါဒီသာယာမှုကို မခံစားရတာ ဘယ်လောက်ကြာပြီလဲ။ ငါတို့တွေ ဒီထန်တွေအားလုံးကို သတ်ပြီးသွားတဲ့အခါ စစ်တပ်တစ်ခုလုံးကို ဆုချီးမြှင့်ပြီး စားသောက်ပွဲကြီးကို ကျင်းပပေးမယ်”

အားပါးက သဘောတကျ အော်ရယ်သည်။ သူက ဒီနေရာရှိ အနိုင်ကိုကြားပြီးနောက် တုန့်ပြန်မည့် ကာလစ်၏ အခြေအနေကိုပင် မျှော်လင့်ထားပုံရလေသည်။

ထိုအချိန်တွင် မဟာထန်ဘက်ရှိ လူတိုင်းကလည်း အပုမူစလင်နှင့် အခြားသော အာရပ်ဗိုလ်ချုပ်များက တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာရန် ပြင်ဆင်နေကြောင်းကို မြင်လိုက်ကြသဖြင့် အားလုံး၏မျက်နှာက တင်းမာသွားကြသည်။

ဒုန်း

ထိုအခိုက် တိုက်ပွဲနယ်မြေ၏ အရှေ့ဘက်အကျဆုံးအပိုင်းတွင် မြင့်မားစွာ တည်ရှိနေသည့် တောင်ကုန်းကြီးများ၏ အနောက်ဘက်မှလာသည့် ပြင်းထန်သည့် တုန်ခါသံကို ကြားလိုက်ရသည်။

ထို့နောက် ချက်ချင်းဆိုသလို ဖော်ပြရန်ခက်ခဲလောက်အောင် ဆူညံလွန်းသည့်အသံက ကျယ်လောင်သည့် မိုးခြိမ်းသံလို ဝရုန်းသုန်းကား ဖြစ်လာစေသည်။ ရှင်းလင်းစွာဖြင့်ပင် အရှေ့ပိုင်းမှတစ်ဆင့် တာလာ့ထံသို့ မြင်းတပ်အင်အားစုတစ်ခုက ချီတက်လာလေသည်။

“???”

ထိုသို့ဖြစ်သွားသည့် အခြေအနေက လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ အပုမူစလင်တို့ ကိုယ်တိုင်ပင် အချိန်မရွေး လှုပ်ရှားရန် ပြင်ဆင်ထားရင်းမှ ရုတ်တရက် ထိုအသံကို ကြားလိုက်ရပြီး မြင်းခွာများကိုရပ်အောင် ကြိုးကိုဆွဲလိုက်မိသည်။ မသိလိုက် မသိဘာသာပင် အာရေးဗီးယားဘက်ရှိ မဟာဗိုလ်ချုပ်တိုင်းက ခေါင်းကိုလှည့်ပြီး သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီတို့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိကြသည်။

တာလာ့၏ အရှေ့ပိုင်း အဆုံးသတ်နားမှလာသော တပ်ကူဆိုလျှင် တိဗက်နှင့် အနောက်ပိုင်းတူရကီသာ ဖြစ်ရပေမည်။

သာ့လွန်ရော့ကျန်းက သူတို့၏အကြည့်ကို အာရုံခံမိသည်။ ထိုအခိုက်အတန့်တွင် သူသည်လည်း ဆိုးရွားသည့် ခံစားချက်ကိုရလိုက်သည်။ တော်ဝင်မြို့တော်နှင့် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက တပ်ကူများ ပို့နိုင်သော်လည်း အခွင့်အရေးက အလွန်နည်းသည်။

“ငါတို့ရဲ့လူတွေ မဟုတ်နိုင်ဘူး”

သာ့လွန်ရော့ကျန်းက အာရပ်ဘာသာစကားဖြင့် ပြောလိုက်သည်။ သူ၏မျက်နှာရှိ မျက်နှာထားက အလွန်တင်းမာသွားသည်။

သာ့လွန်ရော့ကျန်းက ဆက်လက်ပြီး ရှင်းပြရန် မလိုအပ်တော့ချေ။ လူတိုင်းကလည်း အခြေအနေကို သိလိုက်ကြသည်။ အကြောင်းမူကား ထိုအခိုက်အတန့်တွင် တောင်ကုန်းများကိုကျော်ဖြတ်လျှက် ထင်ရှားသိသာစွာ ပေါ်ထွက်လာသည့် ကြေးနီရောင် သံချပ်ကာကြီးကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

သိပ်မကြာခင် ခမ်းနားထည်ဝါသော ရွှေရောင်နဂါးအလံကြီးက တောင်ကုန်းကိုကျော်ဖြတ်ကာ ထွက်လာသည်။ နဂါး၏ ရွှေရောင်လက်သည်း ငါးခုကလည်း စတင်ကာ မြောက်တက်လာလေသည်။

“နဂါးအလံ”

ထိုအလံပေါ်ရှိ နဂါးလက်သည်းများက သာ့လွန်ရော့ကျန်း၏စိတ်ကို တုန်ယင်သွားစေသည်။ သူက ဗဟိုပြင်ကျယ်၏ ယဉ်ကျေးမှုများကို လက်ခုံလိုနားလည်သည်။ လက်သည်းလေးခုပါနဂါးနှင့် လက်သည်းငါးခုပါ နဂါးအကြားမှ ကွာခြားချက်ကိုပင် ကောင်းကောင်း သိနေသေးသည်။ လက်သည်းငါးခုပါ နဂါးက ဗဟိုပြင်ကျယ်၏ အဆင့်အမြင့်ဆုံးသော အုပ်ချုပ်သူ မဟာထန်၏ သူတော်စင်ဧကရာဇ်ကြီးကို ကိုယ်စားပြုသည်။

ဧကရာဇ်၏ စံချိန်မှီသော မည်သည့်စစ်တပ်ကမဆို သာမာန်စစ်တပ် မဟုတ်တော့ချေ။

“ထုံလော့မြင်းတပ်”

သာ့လွန်ရော့ကျန်း၏ စိတ်အတွင်း ထိုနာမည်က ဝင်ရောက်လာသည်နှင့် ဒါဟာ သူတော်စင်ဧကရာဇ်ကို ခစားသော ဟူမြင်းတပ်ဘက်မှ အင်အားအကြီးဆုံး အင်အားစုကြီးဖြစ်ကြောင်း သိလိုက်သည်။ တစ်ချိန်ထဲတွင်ပင် ဧကရာဇ်ထိုက်ကျုံးခေတ်မှ ကျန်ရစ်ခဲ့သည့် အင်အားအကြီးဆုံး တည်ရှိမှုကြီးဖြစ်သည်။

“သူတို့ကိုသတ်”

မြင့်မားသော တောင်ကုန်းပေါ်ရှိ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး ချူလော့ဟုန့်က သူ၏မြင့်မားသော ထုံလော့တပ်ရင်းရှိ မြင်းကြီးပေါ်တွင်ထိုင်နေရင်း အဝေးရှိ ဖွင့်ဟခြင်းစစ်တပ်ကို လှမ်းကြည့်သည်။

ထုံလော့မြင်းတပ်က စစ်ပွဲအတွင်းသို့ စေလွှတ်မခံရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားလေသည်။ ဧကရာဇ်ထိုက်ကျုံး မျိုးဆက်ခေတ်မှ ကျော်ကြားခဲ့သော ရှေးဆန်သည့် စစ်တပ်ကြီးဖြစ်သော ထုံလော့မြင်းတပ်သည် ကိုယ်ပိုင်မာနရှိသည်။ ဒီတိုက်ပွဲက အာရေးဗီးယားနှင့် မဟာထန်အကြားရှိ အင်အားအကြီးဆုံးသော အင်အားစုများကို ထည့်သွင်းထားလေရာ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်မှုကိုလည်း ခံနေရသည်။

သူတော်စင်ဧကရာဇ်ကလည်း မြို့တော်မှ လှမ်းကြည့်နေသည်။ တစ်လောကလုံးရှိ လူတိုင်းကလည်း စောင့်ကြည့်နေသည်။ ထုံလော့ကလည်း ဒီလိုတိုက်ပွဲမျိုးကိုသုံးပြီး အရှင်မင်းကြီးနှင့် မဟာထန်များထံ ကိုယ့်ကိုယ်ကို သက်သေပြရမည်ဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့၏ခွန်အားနှင့် သစ္စာရှိမှုကို သက်သေပြရမည်။ အာရပ်များက အကောင်းဆုံးအနင်းခံကျောက်တုံး ဖြစ်သင့်သည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ အာရပ်တွေကိုသတ်။ ထုံလော့မြင်းတပ်ရဲ့ အင်အားကို လူတိုင်းသိအောင် လုပ်လိုက်စမ်းပါ”

ချူလော့ဟုန့်၏မျက်ဝန်းက ကြယ်စင်များထက်ပင် တောက်ပလာသေးသည်။ သူ၏ပါးစပ်မှ ထိုစကားများ ထွက်သွားပြီးပြီးချင်း သူ၏ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သည့် စိတ်ဆန္ဒတစ်ရပ်က ထွက်ပေါ်လာသည်။ ဒါက တိုက်ခိုက်လိုစိတ်ဖြစ်သည်။

ဘုန်း

သံမဏိသားလို ချောမွေ့တောက်ပြောင် လင်းလက်နေသော အနက်ရောင်ခွာက တောင်ကုန်းအောက်ခြေကို ဆောင့်ကာဖိနင်းလိုက်သည်။

ထိုခွာက မြေပြင်ကို ဖိနင်းလိုက်သည်နှင့် မရေမတွက်နိုင်သော ရှေးကျပြီး လျို့ဝှက်ဆန်းကြယ်လွန်းသည့် သင်္ကေတများ ထွင်းထုထားသည့် ကြီးမားသည့် ချည်စက်ကွင်းတစ်ခုက သူ၏ခြေထောက်အောက်မှ စတင်ကာ ပျံ့နှံ့လာလေပြီး ထိုနေရာမှစတင်ကာ စီးဆင်းလျှက် ဒေါသတကြီးဖြစ်နေသော ရေတံခွန်အလား တိုက်ပွဲနယ်မြေအတွင်းသို့ စီးဝင်သွားလေသည်။

အခန်း(၁၀၈၉)

ဘုန်း

မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ထုံလော့မြင်းသည်တော် တစ်ယောက်ပြီးတစ်ယောက်က တောင်ကုန်းပေါ်မှ ခုန်ဆင်းလာကြသည်။ တစ်ယောက်ချင်းစီတိုင်းက တူညီသောချည်စက်ကွင်းကို သယ်ဆောင်လျှက် တူညီသော ကြေးနီရောင် သံချပ်ကာကိုသာ ဝတ်ဆင်ထားကြသည်။

ထုံလော့မြင်းတပ်၏ အောက်ဘက်တွင် သေးငယ်သော ရွှေရောင်ချည်စက်ကွင်းလေး တစ်ခုက ပေါ်ထွက်လာပြီးနောက် ကြောက်လန့်မှုတစ်ခုက ထပ်ဖြစ်လာသည်။ ထိုချည်စက်ကွင်းက မြေပြင်အထက် သုံးပေခန့်အထိသို့ တက်လာပြီး မျောလွင့်နေခြင်းဖြစ်သည်။

ချည်စက်ကွင်းကြီးတစ်ခုနှင့် ချည်စက်ကွင်းလေးတစ်ခု တစ်ခုကမြင့်ပြီး တစ်ခုကနိမ့်သည်။ ချည်စက်ကွင်းနှစ်ခုက ပေါ်လာသောအခါ ထုံလော့မြင်းတပ် တစ်ခုလုံး၏ ခွန်အားကို ထိုးတက်သွားစေသည်။

သူတို့၏အရှိန်၊ ခွန်အား၊ ခုခံနိုင်စွမ်းအားက မှင်သက်ဖွယ်ကောင်းသော အတိုင်းအတာထိ ထိုးတက်သွားသည်။ သူတို့က နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့ အားလုံးကို ကျော်ဖြတ်သွားလေပြီး ဖွင့်ဟခြင်းစစ်တပ်နှင့် အလွန်အမင်း နီးစပ်လွန်းသော အတိုင်းအတာထိ တက်လှမ်းသွားကြသည်။

ထုံလော့မဟာချည်စက်ကွင်း

ဒါသည် ထုံလော့များပိုင်ဆိုင်သည့် အပြင်းထန်ဆုံးသော စွမ်းရည်တစ်မျိုးဖြစ်သည်။ သူတို့၏ လူများအတွက်သာ ထူးခြားသည့် စွမ်းအားတစ်မျိုးလည်းဖြစ်သည်။ ထုံလော့တိုင်း၏ ခွန်အားကို ပြင်းထန်စွာ မြှင့်တင်ပေးနိုင်သည်။ ထုံလော့များသည် လောက၏ အင်အားအကြီးဆုံး မြင်းတပ်များ ဖြစ်လာရပေလိမ့်မည်။ အနည်းဆုံး ဝူရှန်းမြင်းတပ် ရောက်ရှိလာခြင်းမတိုင်ခင်ထိ သူတို့က အင်အားအကြီးဆုံး ဖြစ်ခဲ့သည်။ ထိုသို့ဖြစ်နေခဲ့သည်မှာလည်း ထိုချည်စက်ကွင်းကြောင့်ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က ထုံလော့က ဧကရာဇ်ထိုက်ကျုံးနောက်သို့လိုက်ပြီး အုပ်စိုးမှုတွင် ပါဝင်ခဲ့သည်။ ထိုသို့ဖြင့် ဟူများအဖြစ် ခစားရင်း ထိုက်ကျုံး၏ လေးနက်စွာ လေးစားမှုကို လက်ခံရရှိခဲ့သည်။ ထိုသို့ဖြင့် သူတို့က ယုံကြည်ခံခဲ့ရသည်။ ထိုအကြောင်းပြချက်ကြောင့်လည်း ထိုခေတ်က မဟာထန်ဘက်မှ အင်အားအကြီးဆုံး မဟာဗိုလ်ချုပ်ကြီးများက ထုံလော့ချည်စက်ကွင်းကို လေ့လာစူးစမ်းခဲ့ကြသည်။ ချွေးသွေးပေါင်းများစွာ ထည့်သွင်းရင်းနှီးမြုပ်နှံပြီးနောက် ထိုမဟာဗိုလ်ချုပ်ကြီးများက မူလထုံလော့ချည်စက်ကွင်းကို ပို၍အင်အားကြီးမားသော ပုံသဏ္ဍန်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ထုံလော့မဟာချည်စက်ကွင်းဟု ခေါ်ဆိုခဲ့ကြသည်။

အရှိန်အဝါကြီးမြတ်သည့် ထိုချည်စက်ကွင်းကြောင့်လည်း ထုံလော့မြင်းတပ်၏ ဂုဏ်သတင်းနှင့် ခွန်အား ကျော်ကြားမှုများအားလုံးက ပို၍မြင့်မားလာခဲ့သည်။ သူတို့က မဟာထန်ဘက်မှ အင်အားအကြီးဆုံး မြင်းတပ်ဆိုပြီး အများက အသိအမှတ်ပြုခံခဲ့ရသည်။ ထိုက်ကျုံးခေတ်က စတင်ပြီး သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ထိုစိတ်ဓာတ်နှင့် မာနများက ထည့်သွင်းပေးခံခဲ့ရသည်။ သူတို့ကို တော်ဝင်မိသားစုများကလည်း မျက်နှာသာပေးခဲ့သည်။ သူတို့၏ ကျော်ကြားမှု၊ လုပ်ဆောင်မှုများ အားလုံးက ဘယ်သောအခါကမှ ချပြခွင့်မရခဲ့သော်လည်း သူတို့၏ဂုဏ်သတင်းက ယခုခေတ်ကာလအထိ ရောက်ရှိနေခဲ့လေသည်။

ခြိမ်း

ထုံလော့မြင်းတပ် အဖွဲ့ဝင်ခြောက်ထောင်၏ အရှိန်အဝါပြင်းထန်သော အသံများက တောင်ကုန်းမှစတင်ပြီး အောက်သို့ ရေကြီးသလို လိမ့်ဆင်းလာသည်။ မြေကမ္ဘာက ယမ်းခါသွားပြီး ကပြောင်းကပြန်ဖြစ်ကာ ဖုန်များက လိမ့်တက်လာသည်။ စစ်မြင်းများကဟီပြီး သံချပ်ကာများက တချွင်ချွင်အော်ကြသည်။

အဝေးရှိ ဖွင်ဟခြင်းစစ်တပ်ကလည်း ထိုအရှိန်အဝါကြောင့်ပင် အလန့်တကြားဖြစ်သွားသည်။ စစ်သည်တော်များက ခေါင်းလှည့်ကာ ထုံလော့စစ်တပ်ဘက်သို့ ကြည့်ကြသည်။

ထုံလော့စစ်သည် ခြောက်ထောင်သည် လျှပ်စီးတမျှ မြန်ဆန်သည်။ စက္ကန့်အနည်းငယ်တည်းနှင့် သူတို့က ပေသောင်းကျော်ကို ကျော်ဖြတ်လျှက် ဖွင့်ဟခြင်းစစ်တပ်နှင့် ပေငါးသောင်းသာ ဝေးသောနေရာသို့ ရောက်လာသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ သူတို့ကိုသတ်”

ဖွင့်ဟခြင်းစစ်တပ်၏ စစ်မြင်းတိုင်းကလည်း မသက်မသာဖြစ်သလို အော်ကြသည့်အချိန်တွင် စစ်သည်တော်တစ်ယောက်က သူ၏ဓားကိုဆွဲထုတ်လိုက်ပြီး ထုံလော့မြင်းတပ်ဘက်သို့ ချိန်သည်။

ဖွင့်ဟခြင်းစစ်တပ်သည် အင်အားကြီးပြီး ယုံကြည်မှုအပြည့်ရှိသည်။ သူတို့၏မာနကြောင့် စိန်ခေါ်မှုတိုင်းကို ငြင်းဆန်ရန်ခက်သည်။ ထို့အပြင် ထုံလော့မြင်းတပ်က သူတို့ကို စိန်ခေါ်နေသည့် အချက်နဲ့ပတ်သတ်ပြီး မေးခွန်းထုတ်စရာမရှိချေ။

ခြိမ်း

တခဏခန့်ကြာပြီးနောက် ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်ငါးထောင်က ဦးတည်ရာဘက် ပြောင်းလိုက်သည်။ သူတို့၏ခန္ဓာကိုယ်များက စွမ်းအင်များဖြင့် တောက်လောင်လာလေပြီး ထုံလော့မြင်းတပ်ထံ ဦးတည်ချီတက်သွားသည်။

ထိုအခိုက်အတန့်တွင် ဝမ်ချောင်က စိတ်အေးသွားသလို သက်ပြင်းချသည်။

“ဝမ်းသာစရာပဲ နောက်ဆုံးတော့ သူတို့ရောက်လာပြီ”

ဝမ်ချောင်က ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုကို လွှတ်ချလိုက်နိုင်သလို စိတ်အေးသွားရလေသည်။

ဘုန်း

တခဏခန့်ကြာပြီးနောက် ထုံလော့မြင်းတပ် အဖွဲ့ဝင်ခြောက်ထောင်က ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်ငါးထောင်နှင့် ထိပ်တိုက်ရင်ဆိုင်သည်။

ဖြတ်ကနဲဆိုသလိုပင် လက်နက်ချင်းထိခတ်မှုနှင့်အတူ လေထုက ဝရုန်းသုန်းကားဖြစ်လာပြီး သံချပ်ကာများကလည်း ကွဲကြေကုန်ပြီး မြင်းများ၏အော်သံများက ထွက်လာသည်။ ချည်စက်ကွင်းများကလည်း တဆတ်ဆတ်တုန်ခါလာသည်။

စွစ်

ရွှေရောင်ဓားတစ်လက်က ထုံလော့မြင်းသည်တော် တစ်ယောက်၏ ပုခုံးထဲသို့ ထိုးစိုက်ဝင်သွားသည်။ တစ်ချိန်ထဲလိုလို ကြေးနီရောင်သံချပ်ကာဝတ် ထုံလော့မြင်းသည်တော် တစ်ယောက်ကလည်း ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် ရှိနေသော ထူထပ်သိပ်သည်းလွန်းသော စွမ်းအင်အကာအကွယ်လွှာကို ထိုးဖောက်လိုက်ပြီး ထိုလူ၏ ရင်ဘက်ကို ဓားဖြင့်ဆောင့်ထိုးလိုက်သည်။

ထိုစစ်သည်တော်များက ထိပ်တိုက်ရင်ဆိုင်သောအခါ ပြင်ပအကာအကွယ်လွှာများက မရှိသလို ပျောက်ကွယ်သွားသည်။ ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်၏ ခွန်အားက ရွှမ်ဝူစစ်တပ်မှ စစ်သည်တော်ကို လေထဲသို့ တစ်သုတ်တည်းနှင့် မြောက်သွားစေနိုင်သည်။ သို့သော် သူတို့နှင့် အင်အားချင်းတူပြီး စွမ်းအားကြီးမားသော ထုံလော့မြင်းတပ်ကို ရင်ဆိုင်ရချိန်တွင်မူ အသုံးမဝင်တော့ချေ။ မြင်းသည်တော်နှစ်ယောက်က အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြပြီး ရှင်းလင်းစွာဖြင့်ပင် သူတို့က လက်ရည်တူနေသည်။ မည်သည့်ဘက်ကမှ အသာစီးမရပေ။

ဟီး....

တစ်ချိန်ထဲလိုလိုပင် တောင့်တင်းသန်မာသော ထုံလော့စစ်မြင်းက ရွှေရောင်ပုံသဏ္ဍန်ဖြစ်နေသည့် ဖွင့်ဟခြင်းစစ်တပ်မှ စစ်မြင်းနှင့် ထိပ်တိုက်ရင်ဆိုင်သည်။ ကျောက်တုံးကြီးနှစ်တုံး ထိပ်တိုက်ဝင်တိုးသလို ထင်ရသေးသည်။ သက်ရောက်မှုကြောင့် ဖြစ်လောက်သည်။ စစ်မြင်းနှစ်ကောင်ကို ဝိုင်းထားသည့် ကြယ်တာရာစွမ်းအင်များက ချက်ချင်းဆိုသလို ကွဲအက်သွားလေသည်။ လက်ရွေးစင် စစ်မြင်းနှစ်ကောင်က အရိုးများ ထိုးဖောက်ခံရသည်အထိ ဖြစ်သွားပြီးနောက် ပြင်းထန်သည့် အင်အားများနှင့်အတူ ကျိုးပဲ့သွားရသည်။

တစ်ကြိမ်ထိပ်တိုက်တွေ့ဆုံပြီးနောက် စစ်မြင်းနှစ်ကောင်က သေသွားသည်။ ထိုအချိန်တွင် မြင်းစီးသူနှစ်ယောက်က မြေပြင်ပေါ်သို့ ပြုတ်ကျသည်အထိ လွင့်ထွက်သွားသည်။

ခြိမ်း ခြိမ်း ခြိမ်း

မြေပြင်ပေါ်သို့ ပြုတ်ကျသောကြောင့် ထွက်လာသောအသံက လေထဲသို့ ပြန့်ထွက်သွားသည်။ ဖွင့်ဟခြင်းစစ်တပ်၏ တိုက်ကွက်များက ပြင်းထန်ကြမ်းတမ်းပြီး ခက်ထန်သည်။ တစ်ခုချင်းစီတိုင်းက သေစေနိုင်သောနေရာကို ချိန်ရွယ်ကာ တိုက်ခိုက်သည်။ သို့သော် ထုံလော့စစ်တပ်၏ တိုက်ကွက်များကမူ မွန်းမံထားသလို သေသပ်ပြီး တိကျလွန်းသည်မှာ အကန့်အသတ်မဲ့လုနီးပါးဖြစ်သည်။

ချွီထေပါးက ဖွင့်ဟခြင်းစစ်တပ်ကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ခက်ခက်ခဲခဲ ပျိုးထောင်ပေးထားသည်။ သူတို့၏ အရေအတွက် ငါးထောင်မှတစ်ဆင့် ထိုလူများ၏ အရည်အသွေးနှင့် ခွန်အားကိုသိနိုင်သည်။

ထုံလော့မြင်းတပ်ကမူ အလားတူသော အတွေ့အကြုံမျိုး မရှိသော်လည်း သူတို့အမွေဆက်ခံခဲ့သော စွမ်းရည်က စစ်ပွဲခေတ်မှလာသည်။ ရက်စက်မှု၊ ကြမ်းတမ်းမှုချင်းယှဉ်သော် ထိုခေတ်မှစစ်ပွဲများက ချွီထေပါးကိုကျော်နေသည်။

ခွက် ခွက် ခွက်

ခက်ထန်ကြမ်းတမ်းစွာ တစ်ချက် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ထုံလော့မြင်းတပ်နှင့် ဖွင့်ဟခြင်းမြင်းတပ်မှ စစ်သည်တော်များအားလုံးက မြေပြင်ပေါ်သို့ ကျကုန်သည်။ ကြမ်းတမ်းသော တိုက်ပွဲနယ်မြေကြောင့် နှစ်ဖက်လုံးက မူးဝေသွားရသည်။

သို့သော် ထိုရလဒ်က အစသာဖြစ်သည်။ ထုံလော့မြင်းတပ်မှ အဖွဲ့ဝင်ခြောက်ထောင်က ဖွင့်ဟခြင်းမြင်းတပ် အဖွဲ့ဝင်ငါးထောင်နှင့် ထိပ်တိုက်ရင်ဆိုင်နေသည့် အချိန်တွင် ကောင်းကင်ပေါ်သို့ ကျယ်လောင်သော မြင်းဟီသံက ထိုးဖောက်ဝင်ရောက်သွားသေးသည်။

ထိုဟီသံက ထုံလော့စစ်မြင်းများနှင့် ခြားနားနေသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း အင်အားစုအသစ်တစ်ခု ရောက်ရှိလာပြန်သည်။ သူတို့ကလည်း မိုးကြိုးပစ်လိုက်သလိုမျိုး နောက်တန်းမှ အပြေးအလွှား ချီတက်လာကြသည်။ ခွန်အားသီးသန့်ချင်းယှဉ်သော် ထိုအင်အားစုက ထုံလော့မြင်းတပ်လောက် မသန်မာလောက်ချေ။ သို့သော် သူတို့၏ခြေထောက်အောက်မှ မည်းနက်လုနီးပါး ဖြစ်လောက်အောင် ထည်ဝါတောက်ပနေသည့် ရွှေရောင်ချည်စက်ကွင်းများက စက္ကူဓားများအလား ပါးလျပြီး ဖော်ပြရန်ခက်ခဲလောက်အောင် ထက်ရှနေသည်။ ထို့ကြောင့် ထုံလော့ မဟာချည်စက်ကွင်းထက်ပင် ပို၍ကြောက်စရာကောင်းသေးသည်။

“စစ် စစ် စစ် စစ်နတ်ဘုရားအတွက်”

“စီနီယာစုအတွက်”

“မဟာထန်အတွက် သူတို့အားလုံးကိုသတ်”

သူတို့၏အော်ဟစ်သံများက မြေကမ္ဘာကို တသိမ့်သိမ့်တုန်ကာ လှုပ်ခတ်သွားစေသည်။ အင်အားစုက လေးထောင်တည်းသာဖြစ်သည်။ သို့သော် သူတို့ထံမှ မရင့်ကျက်သေးသော အတွေ့အကြုံမရှိသည့် ခံစားချက်မျိုးကို ရနေသည့်တိုင်အောင် အလွန်အမင်း တည်ငြိမ်ပြီး မရင့်ကျက်နိုင်လောက်အောင် တိုက်ခိုက်နိုင်စွမ်းရည်ရှိသည့် ဖွင့်ဟခြင်းစစ်တပ်ကိုပင် ဝရုန်းသုန်းကားဖြစ်သွားစေလေသည်။

ထုံလော့မြင်းတပ် ခြောက်ထောင်က သူတို့၏အာရုံစိုက်မှုနှင့် ခွန်အားတိုင်းကို သိမ်းပိုက်ယူထားပြီးလေပြီ။ နောက်ထပ် လက်ရွေးစင်စစ်သည် လေးထောင် ထပ်ပါလာသည်။ အားလုံးက အထွတ်အထိပ် အခြေအနေတွင် ရှိနေသောကြောင့် ဖွင့်ဟခြင်းစစ်တပ်အတွက် ဖော်ပြရန်ခက်ခဲလောက်အောင် လေးလံလာစေသည်။ သို့သော် ဖွင့်ဟခြင်းစစ်တပ်က တစ်စုံတစ်ရာ လုပ်လိုလျှင်ပင် နောက်ကျသွားလေပြီ။ သူတို့က ထုံလော့မြင်းတပ်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး သရေကျကာ ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်နေသည့် အခိုက်အတန့်မျိုးတွင် မည်သည့်နည်းနှင့်မျှ နောက်သို့ အလွယ်တကူ မဆုတ်နိုင်တော့ပါချေ။

ခြိမ်း

မဟာထန်စစ်နတ်ဘုရား စုကျန်းချန်းက ကိုယ်တိုင်လေ့ကျင့်ပေးထားသော စစ်သားများက ဖွင့်ဟခြင်းစစ်တပ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ဖွင့်ဟခြင်းစစ်တပ်နှင့် ထုံလော့မြင်းတပ်အကြားမှ ထိပ်တိုက်ရင်ဆိုင်မှုကို အလွယ်တကူ ခွဲချေလိုက်နိုင်သည်။

ဖွင့်ဟခြင်းစစ်တပ်ဘက်မှ စစ်သည်ငါးထောင်ကလည်း ကစဉ့်ကလျားဖြစ်သွားသည်။ အာရပ်ဘက်မှ အင်အားအကြီးဆုံးသော တိုက်ခိုက်ရေး အင်အားစုကြီးဖြစ်နေခဲ့သော်လည်း စစ်သည်တစ်သောင်း အင်အားစုနှင့်မူ မယှဉ်နိုင်ချေ။ ထို့ကြောင့် အကွက်အနည်းငယ် ဖလှယ်ရုံနှင့် ဖွင့်ဟခြင်းစစ်တပ်က အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။ သို့သော် ထိုအခြေအနေလောက်နှင့် အဆုံးမသတ်သေးချေ။

“အဆင်သင့်ပြင် ပစ်”

အေးစက်ပြီး ခပ်ပြတ်ပြတ်နိုင်သည့် အသံတစ်သံကို တုန့်ပြန်လိုက်သလိုမျိုး ညဉ်းညူသံများ၊ ကွဲအက်သံများ၊ ထိုးဖောက်ခံရသံများက ပေါ်ထွက်လာသည်။ ထိုအချိန်တွင် လက်နက်ကြီးအဖွဲ့မှ အဖွဲ့ဝင်ငါးထောင်က စတင်ကာ ပစ်ခတ်လိုက်ပြီဖြစ်သည်။ ကြီးမားလွန်းသော အပျက်အစီးပုံများ၊ ကျောက်တုံးအပိုင်းအစများ၊ လူအလောင်းအပုံများကို ကျော်ဖြတ်လျှက် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာကို ဆက်တိုက် ထိုးဖောက်ဖျက်ဆီးပစ်သည်။

စုဟန်ရှန်း၏ လက်နက်ကြီးအဖွဲ့ဝင် ငါးထောင်က နောက်ဆုံးတွင် ချွီထေပါး၏ မြေသားဒိုင်းစစ်တပ်ကို အလဲထိုးလိုက်နိုင်လေပြီး ကျန်သောစစ်သားများကို ကိုင်တွယ်ရန် ရောက်ရှိလာပြီဖြစ်သည်။ တစ်သုတ်တည်းနှင့် သူတို့က အာရပ်မြင်းတပ် တစ်သောင်းကျော်၏ သွေးများကို အိုင်ထွန်းသွားစေသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ လက်နက်ကြီးတစ်ထောင်စီက တစ်တန်းစီပစ်။ ဒီလိုနဲ့ ငါးတန်းစီပြီး ငါ့ရဲ့အမိန့်ကိုစောင့်ပြီး ချီတက်ကြ”

စုဟန်ရှန်းက ဒီတိုက်ပွဲတစ်ခုလုံးကို ဝင်စီးရန် ပြင်ဆင်လိုက်သည်။ မြေသားဒိုင်းစစ်တပ်၏ အနောက်ဘက်တွင် စစ်သည်သောင်းကျော် စုစည်းရောက်ရှိနေသောကြောင့် ထိုနေရာသို့ အလုံးအရင်းဖြင့် သတ်ဖြတ်ရန်လိုအပ်သည်။ သူတို့ကသာ သံမဏိခုခံရေးအားလှိုင်းသို့ အကာအကွယ်ကိုယူပြီး ချဉ်းကပ်လာခဲ့မည်ဆိုလျှင် စစ်တပ်တစ်ခုလုံးအပေါ် ပြင်းထန်လွန်းသည့်ဖိအားကို ထုတ်လွှတ်နိုင်သည်။ ထိုအခြေအနေကြောင့်လည်း စုဟန်ရှန်း၏ လက်နက်ကြီးအဖွဲ့ဝင် ငါးထောင်က သူတို့ကို ဆက်တိုက်ဖိနှိပ်ပေးနေခဲ့ခြင်းဖြစ်သည်။

သို့သော် ဒီရည်ရွယ်ချက်ကြောင့်လည်း လက်နက်ကြီးစစ်တပ်က လက်နက်ကြီးပေါင်းများစွာကို ဖြုန်းတီးပြီး တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်နိုင်အောင် ဖြစ်သွားရစေသည်။ ထို့ကြောင့် ရှု့ထောင့်တစ်ခုမှကြည့်သော် ဖွင့်ဟခြင်းစစ်တပ်က ဘယ်ဘက်တစ်ခုလုံးကို ဖျက်ဆီးနိုင်ရန် အခွင့်အရေးပေးမိသလိုဖြစ်သွားသည်။

စုဟန်ရှန်း၏ အကြံအစည်အရ လက်နက်ကြီးအဖွဲ့ဝင် ငါးထောင်လုံးက ဖွင့်ဟခြင်းစစ်တပ်ကဲ့သို့သော အင်အားစုမျိုးကို ဖိနှိပ်နိုင်သင့်သည်။

ဘုန်း ဘုန်း ဘုန်း

တခဏခန့်ကြာပြီးနောက် လက်နက်မိုးခြိမ်းသံက တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ မီးတောက်သွားစေသည်။ ဒီတိုက်ပွဲတွင် ပထမဦးဆုံးအကြိမ်အနေနှင့် သပ်ရပ်စွာ တစ်တန်းတည်းစီထားသော လက်နက်ကြီး ငါးထောင်က ခုခံရေးအားလှိုင်း၏ အမိုးအောက်မှ ထွက်လာသည်။ သူတို့က သံမဏိမြို့ရိုးအကြား အဟကြားကိုပင် ကျော်ဖြတ်လာလေသည်။

ဒါကလည်း လက်နက်ကြီးအဖွဲ့က အမိုးအောက်မှထွက်သည့် ပထမဦးဆုံး အခြေအနေ ဖြစ်လောက်ပြီး သူတို့က ခုခံရန်မကြိုးစားတော့ချေ။ သူတို့က လွှတ်ပေးလိုက်ပြီး ရုတ်တရက် ဦးတည်ရာဘက်ကို ပြောင်းလိုက်ခြင်းက မရေမတွက်နိုင်သော အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာကို ဆွဲဆောင်မိသွားသည်။

ထန်လက်နက်ကြီးများသည် တိုက်ပွဲတောက်လျှောက် မရေမတွက်နိုင်အောင် သတ်ဖြတ်နိုင်ခဲ့သည်။ ထို့ကြောင့် ထိုအင်အားစုကို အာရပ်များက အဖျက်ဆီးချင်ဆုံးဖြစ်သည်။

“သတ်”

ချက်ချင်းဆိုသလိုပင် အာရပ်များက သွေးအနံ့ရသော ငမန်းများအလား ကမူးရူးထိုး ဝင်တိုးလာကြသည်။

ဘုန်း ဘုန်း ဘုန်း

တစ်သုတ်ပစ်ခတ်ပြီးနောက် အာရပ်မြင်းတပ် ထောင်ပေါင်းများစွာက မြေပြင်တွင် အသက်မဲ့စွာ လဲနေရသည်။ သူတို့၏အလောင်းက ဖုန်တိမ်စိုင်များကို နောက်သို့ လွင့်ထုတ်လိုက်သေးသည်။ ဒုတိယတစ်သုတ်၊ တတိယတစ်သုတ် ... စုဟန်ရှန်း၏ အမိန့်အောက်တွင် လက်နက်ကြီး ငါးတန်းလုံးက ရှေ့သို့ဆက်တိုးပစ်ရန် မလိုအပ်ခဲ့ချေ။ ထိုအစား သူတို့က ခပ်ပြတ်ပြတ်ဝိုင်းကာ နေလိုက်ကြပြီး အရှေ့ဘက်ရှိအရာတိုင်းကို ပစ်ခတ်သည်။

“အားလုံးကိုသတ်”

“သူတို့ရဲ့လက်နက်ကြီးတွေကို ဖျက်ဆီးလိုက်။ ဒါဆိုရင် ငါတို့ကိုခြိမ်းခြောက်နိုင်တော့မှာမဟုတ်ဘူး”

လက်နက်ကြီးစစ်တပ်၏ တိုက်ကွက်များက အလွန်အမင်း ခက်ထန်ကြမ်းတမ်းပါသော်လည်း အာရပ်များ၏ အလုံးအရင်း ဝင်တိုးလာမှုကို မလွှမ်းမိုးနိုင်သေးချေ။ ထို့ကြောင့် အာရပ်မြင်းတပ် တစ်ဖွဲ့ပြီးတစ်ဖွဲ့ကလည်း ကြီးမားသော အားလှိုင်းကြီးများအလား နောက်တန်းမှ လိမ့်တက်လာသေးသည်။

အခန်း(၁၀၉၀)

“ပစ်”

“ပစ်”

“ပစ်”

စုဟန်ရှန်း၏ ဆံပင်က ခပ်ကြမ်းကြမ်းတိုက်ခတ်နေသည့် လေအောက်တွင် လွင့်နေသည်။ သူ၏ အေးစက်ပြီး ခက်ထန်သြရှသောအသံက နားအတွင်းသို့ ဝင်ရောက်နေသည်။ သို့သော် ထိုအသံထဲတွင် ယုံကြည်မှုရှိမှု၊ တိကျသေချာမှုနှင့် ခံစားချက်မဲ့မှုများ ပါဝင်သည်။ အနီးဆုံးသော အာရပ်မြင်းတပ် အဖွဲ့ဝင်များက လက်နက်ကြီးများနှင့် ဆယ်ပေပင်မရှိတော့သော်လည်း သူ၏အသံကမူ အလွန်အမင်း တည်ငြိမ်နေကာ မယိမ်းယိုင်သွားခဲ့ချေ။

ခြိမ်း

အာရပ်မြင်းတပ် တစ်သုတ်ပြီးတစ်သုတ် ပစ်ခတ်ပြီးနောက် လက်နက်ကြီးစစ်တပ်၏ အနားတွင် အလောင်းများက ဝိုင်းလာသည်။ ခြောက်ထောင်၊ ရှစ်ထောင်၊ တစ်သောင်း၊ တစ်သောင်းလေးထောင်၊ တစ်သောင်းရှစ်ထောင်၊ နှစ်သောင်းခြောက်ထောင်... ပို၍များပြားသော အာရပ်မြင်းတပ် လေးသောင်းကျော်က လက်နက်ကြီးအဖွဲ့ကြောင့် အလောင်းချန်ပေးခဲ့ရသည်။

အဝေးတွင် မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာကလည်း လက်နက်အလောင်းပုံကြားမှ လက်နက်ကြီးအဖွဲ့နှင့် စုဟန်ရှန်း၏အပေါ်သို့ ရောက်လာသည်။ ရန်သူများ၏ စုဟန်ရှန်းတို့ကိုကြည့်သော အကြည့်ထဲတွင် ကြောက်လန့်မှုများက သိပ်သည်းလာသည်။ လက်ရွေးစင်အာရပ်မြင်းတပ် အဖွဲ့ဝင်များအနေနှင့် တိုက်ပွဲနယ်မြေတွင် အကြမ်းတမ်း၊ အရက်စက်ဆုံးသော ပုံစံမျိုးဖြင့် တိုက်ခိုက်ခဲ့ကြပြီး ကိုယ့်ကိုယ်ကို သံမဏိသားဖြင့် ထုလုပ်ထားသလို ခိုင်မာလာခဲ့သည်။ သို့သော် သံမဏိကိုပင် အရည်ပျော်ကျအောင် လုပ်နိုင်သော အစစ်အမှန် အင်အားစုကို ကြုံလိုက်ရသည့် အခိုက်အတန့်တွင်မူ သူတို့သည်လည်း အလွန်အမင်း ကြောက်လန့်သွားလေသည်။ ထိုစစ်သားများတွင် မည်သည့်ခံစားချက်မှ ရှိသည်ဟုပင် မထင်ရတော့ချေ။ သူတို့တွင် ပျော်ရွှင်မှု၊ ကြောက်လန့်မှု၊ ထိတ်လန့်မှု၊ မသက်မသာဖြစ်မှု မည်သည့်ခံစားချက်မှ ရှိမနေချေ။

သူတို့ဟာ ပိုးသားလမ်းကို ကြီးစိုးသော ဓားမြများ ဖြစ်ခဲ့ဖူးသူအလျောက် စုဟန်ရှန်းဟာ သူတို့ကို ပို၍ကြောက်စရာကောင်းပြီး ဆုံးဖြတ်ချက်ပြတ်သားသည့် စစ်တပ်အဖြစ် ထိန်းကျောင်းသည့် နည်းလမ်းများက လေးစားဖွယ်ကောင်းပေလိမ့်မည်။

သို့သော် အခြေအနေက ထိုမျှနှင့် အဆုံးမသတ်သေးချေ။ ထုံလော့မြင်းတပ်နှင့် စုဟန်ရှန်း၏ လက်နက်ကြီးစစ်တပ်၏ ဝင်ရောက်လာမှုက ချိန်းကြိုးတစ်ခုလုံး၏ တုန့်ပြန်မှုကို ပြောင်းလဲသွားစေခဲ့သည်။ နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်နှင့် နဂါးတပ်ရင်း စစ်တပ်တို့ အားလုံးကလည်း ပြန်လည်ပြီး လှုပ်ရှားလာနိုင်သွားသည်။

ထိုသို့ဖြင့် တစ်ဖက်က ဖယ်ရှားခံရပြီး တစ်ဖက်က ယိမ်းယိုင်လာသည်။ သံမဏိသွေးစစ်တပ်၊ သေဆုံးခြင်းစစ်တပ်၊ အကြောက်အလန့်မဲ့စစ်တပ်၊ သွေးသားရဲစစ်တပ်တို့ အားလုံးကလည်း မသက်မသာဖြစ်လာကြပြီး သူတို့၏စိတ်က ကယောင်ခြောက်ခြား ဖြစ်လာကြသည်။ သူတို့သည်လည်း ယခုလေးတင် သရေကျအောင် ထိန်းထားနိုင်ခဲ့သည့်တိုင်အောင် ယခုအခါတွင်မူ သူတို့၏ တိုက်ခိုက်စွမ်းရည်များက ထိုးကျလာကြသည်။ သူတို့သည်လည်း ထန်လက်ရွေးစင် စစ်တပ်များကို မထိန်းနိုင်တော့ချေ။

စစ်တပ်တစ်ခုက မည်မျှအင်အားကြီးမားနေစေကာမူ တိုက်ခိုက်လိုစိတ် မရှိတော့လျှင် ရှုံးမည်ဖြစ်သည်။

ဒုန်း ဒုန်း ဒုန်း

ဓားမကြီးများက လှီးဖြတ်ခံရပြီး အသွေးအသားများက လွင့်ထွက်ကုန်သည်။ ထိုသို့လွင့်ထွက်ကာ ဝရုန်းသုန်းကားဖြစ်နေသော နေရာတွင် သေဆုံးအများဆုံးလူက အာရပ်လက်ရွေးစင်စစ်တပ်များ ဖြစ်နေသည်။

တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်... သူတို့က မောပန်းလာသည်နှင့်အမျှ ပြိုလဲကျသော အခိုက်အတန့်သို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် အာရပ်စစ်တပ်ဘက်မှ ထိပ်တန်းအဆင့် လက်ရွေးစင်စစ်တပ် လေးခုလုံးက ပြင်းထန်သည့် ဆုံးရှုံးမှုများကို ခံရသည်။ အာရပ်များသည် တိုက်ပွဲအတွက် ရှင်သန်နေသောလူများဖြစ်သည်။ သူတို့ကိုယ်တိုင်ကပင် ယခုလို ထိပ်တန်းအဆင့် စစ်သားများ မြောက်များစွာ သေဆုံးနေသောမြင်ကွင်းကို မြင်ရသည့်အခါ ယိမ်းယိုင်လာသည်။

တစ်ချိန်ထဲတွင်ပင် ချန်းပင်း၏အမိန့်အောက်မှ လက်နက်ကြီးအဖွဲ့ဝင် တစ်ထောင်ကလည်း သူတို့၏ အရှိန်အဝါကို အတက်နိုင်ဆုံး ထုတ်ပြလာသည်။

“ပစ် ပစ် ပစ်”

ထိုသို့ဖြင့် လေထဲသို့ လက်နက်ကြီး တစ်သုတ်ပြီးတစ်သုတ်က ထိုးဖောက်ဝင်ရောက်နေသည်။ ချန်းပင်း၏ လက်နက်ကြီးအဖွဲ့က စုဟန်ရှန်း၏ အဖွဲ့လောက် ပြင်းထန်သည့် စွမ်းအားမျိုးကို မထုတ်နိုင်လောက်သော်လည်း သူတို့ကို အထင်သေး၍မရချေ။ ခြောက်ထောင်၊ ခုနှစ်ထောင်၊ ရှစ်ထောင်... တစ်သောင်း....

ထုံလော့မြင်းတပ်က တိုက်ပွဲအတွင်းသို့ ဝင်လာပြီးချိန်ကစပြီး ယခုအချိန်အထိ ကာလအတောအတွင်းတွင်ပင် ချန်းပင်းလက်နက်ကြီးအဖွဲ့က ရန်သူတစ်သောင်းကျော်ကို သတ်လာနိုင်သည်။

‘ဆံပင်မွှေးတစ်ချောင်းကိုဆွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရွေ့အောင်လုပ်မယ်’ဆိုသော စကားအတိုင်း နယ်မြေသုံးခုလုံးရှိ အာရပ်အင်အားစုတွင် အမြစ်ဖြတ်သုတ်သင်ခံရလုနီးပါး ဖြစ်လာသည်။ ထိုသို့ဖြင့် သုံးမှလေး ထို့နောက် ငါး... ပို၍များပြားသော နေရာများတွင် အာရပ်များက ဖိအားအောက်တွင် ချေမွခံနေရသည်။

ထုံလော့မြင်းတပ်က ပေါ်လာပြီး အချိန်ကာလ တိုတောင်းသော အခိုက်အတန့်တွင်ပင် အာရပ်များက ခြောက်သောင်းကျော် ဆုံးရှုံးသွားသည်။

ထိုသို့အလုံးအရင်း သုတ်သင်ခံရခြင်းက မာမဲ့လုများ၊ မူထရီမဟာမြင်းတပ်၊ ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်တို့ကို အလွန်အမင်း မသက်မသာ ဖြစ်လာစေသည်။ ထိုအင်အားစုသုံးခုက ဝူရှန်းမြင်းတပ်နှင့် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ သို့သော် အခြေအနေက ခမ်းနားသောအနိုင်မှ ကြီးကျယ်သော ဆုံးရှုံးမှုအဖြစ် ပြောင်းလဲလာသည်။ ထို့ပြင် အခြေအနေက လျှင်မြန်လွန်းစွာ ဖြစ်ပျက်နေခဲ့ခြင်းဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း ရန်သူစစ်တပ်က ချက်ချင်းပေါ်ထွက်လာပြီး ချက်ချင်းလိုလို သူတို့ကို ပြိုလဲကျအောင် လုပ်လာသည်။

“မဖြစ်နိုင်ဘူး”

အစိုးရအော့စမန်းကအော်သည်။ သူ၏လက်က ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး လက်သီးက အကြောများပင် ထောင်တက်နေသည်။

အပုမူစလင်နှင့် ကျစ်ရတို့ကလည်း တင်းမာသော မျက်နှာထားများကို ထုတ်ပြကြသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းကလည်း မဟာထန်ဟာ သူတို့အင်အားတိုင်းကို စိုက်ထုတ်ပြီးသားဟု ယူဆထားသည်။ ထန်များက တပ်ကူမပို့နိုင်တော့ချေ။ သို့သော် မမျှော်လင့်ထားစွာပင် ဒုတိယတစ်သုတ်က ရောက်လာသေးသည်။ သို့သော် ဒီတစ်သုတ် အင်အားစုက ပထမတစ်သုတ်ထက် အင်အားကြီးမားနေသည်။

“နောက်ဆုတ် နောက်ဆုတ်”

“ခရာမှုတ် ခရာမှုတ် စစ်တပ်ကိုဆုတ်ခိုင်း”

.....

အပုမူစလင်၏ မျက်နှာက အလွန်အမင်း သုန်မှုန်နေသည်။ ဒီတိုက်ပွဲသည် သူတို့ခန့်မှန်းထားသည်နှင့် အပြတ်အသတ် ခြားနားသွားသည်။ သူတို့ကသာ ယခုမဆုတ်လျှင် သူတို့၏ စစ်တပ်တစ်ခုလုံးက အလုံးစုံ ပြိုလဲကျသွားနိုင်သည်။ ထန်များက တစ်ဖြောင့်တည်း ထိုးဝင်လာပေလိမ့်မည်။

“အားပါး အော့စမန်း မင်းတို့ဘယ်လိုနည်းနဲ့မဆို သွားတား”

ရုတ်တရက် အပြောင်းအလဲက တိုက်ပွဲ၏ ခြားနားသောရလဒ်ကို ဖြစ်လာစေနိုင်သည်။

အပုမူစလင်ကလည်း အစပိုင်းကတည်းက လှုပ်ရှားထွက်ခွာရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော် ထန်များကို လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော စွမ်းအားမျိုးဖြင့် ချေမွမည်ဆိုသော မူရင်စိတ်ဆန္ဒမှတစ်ဆင့် ယခုအခါ သူတို့က ဝမ်ချောင်နှင့် အခြားသူများကို တိုက်ပွဲအတွင်းသို့ဝင်ပြီး အားလုံးကို အလုံးစုံ မသုတ်သင်နိုင်ရန် တားရတော့မလိုဖြစ်လာသည်။

ဘုန်း

နောက်ဆုတ်ရန် ခရာမှုတ်သံ ထွက်ပေါ်လာသည်နှင့် ထိုအသံက အာရပ်၊ တိဗက်နှင့် တူရကီများအတွင်းတွင် သာယာသော ခေါင်းလောင်းသံအဖြစ် ပြောင်းလဲသွားသည်။ နောက်တန်းရှိ အာရပ်များက အရင်ဆုံးဆုတ်သည်။ ထို့ကြောင့် ရှေ့တန်းရှိ စစ်သည်တော်များက ဝရုန်းသုန်းကား ဆုတ်ရာမှ ဝရုန်းသုန်းကားဖြစ်ပြီး လဲကျကြသည်။

“အရှင်ကောင်း၊ အရှင်ချန်း အခုက တိုက်ခိုက်ရမဲ့အချိန်ပဲ”

ဝမ်ချောင်က မဟာထန် စစ်အလံအောက်တွင်ရပ်ပြီး သူ၏ခမ်းနားသည့်ဓားကို အသာယမ်းလျှက် တောက်ပစွာ ပြုံးလိုက်သည်။

ဟီး....

ခွာဖြူအရိပ်မြင်းကလည်း သခင်ဖြစ်သူ၏ ဆန္ဒကို နားလည်ပုံရပြီး ရှေ့သို့ချက်ချင်းခုန်လိုက်သည်။ သူ၏တစ်ခါခုန်ချက်က ပေတစ်ရာကျော် ရောက်ရှိသွားလေသည်။ အလင်းတန်းက ဖြတ်ကနဲ ထွက်ပေါ်လာပြီးနောက် သူက မြင့်မားလွန်းသော မြို့ရိုးတစ်ခုလုံးကိုပင် ကျော်ဖြတ်လိုက်ကာ အာရပ်အဖွဲ့ဝင်အကြားသို့ ရောက်သွားသည်။

စွစ်

အာရပ်မြင်းတပ် အဖွဲ့လိုက်က သုတ်သင်ခံရသည်။ သူတို့တွင် တုန့်ပြန်ရန် အချိန်မရှိချေ။ ဝမ်ချောင်ကလည်း မရပ်တန့်ဘဲ ရှေ့သို့ဆက်လက် တိုးဝင်သွားသည်။

“မဟာရင်ယန်သိုင်း”

ဝမ်ချောင်က ရှေ့သို့ဆက်သွားနေသည့် အခိုက်အတန့်တွင် သူ၏ညာဘက်လက်ကို လက်သီးဆုပ်အဖြစ် ပြောင်းလဲလျှက် အပေါ်သို့မြှောက်လိုက်ကာ သွေးနီရောင်အလင်းတန်းကို ပေါ်ထွက်လာစေလိုက်သည်။

“အား”

သူနှင့်ပေတစ်ရာကျော်ခန့် အကွာတွင် ရှိနေသော အာရပ်မြင်းသည်တော် တစ်ယောက်က အော်ဟစ်လိုက်သည်။ မမြင်ရသော စွမ်းအားကြိုးတစ်ရပ်က သူ့ကိုဆောင့်ဆွဲလာသလိုမျိုး ဖြစ်သွားလေပြီး မြင်းပေါ်မှဆွဲချခံရကာ နောက်သို့လွင့်ထွက်သွားသည်။

ဘန်း

သူကလေထဲတွင်သာ ရှိနေသေးသည်။ သူ၏ သွေးစွမ်းအင်များက ကိုယ်အတွင်းမှ ပေါက်ထွက်လာကာ ဝမ်ချောင်၏ကိုယ်အတွင်းသို့ စီးဝင်သွားသည်။ ဝမ်ချောင်၏ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ အာရပ်မြင်းတပ် အဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် ပြိုလဲကျနေကြသည်။ သူတို့၏ကိုယ်အတွင်းမှ သွေးစွမ်းအင်များက ပေါက်ကွဲလျှက် ကိုယ်ပိုင်အသက်ဝင်လာသလိုမျိုး အလိုလို ထိုးဖောက်ထွက်ကာ ဝမ်ချောင်၏ကိုယ်အတွင်းသို့ ဝင်ရောက်နေကြသည်။

ခွက် ခွက် ခွက်

ထိုသို့ဖြင့် တခွက်ခွက်အသံများက တေးသံလို ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုသို့ဖြင့် မသက်မသာဖြစ်နေသော မြင်းများ၏ဟီသံနှင့်အတူ အာရပ်မြင်းတပ် သုံးရာကျော်ခန့်က လဲကျကာ သေဆုံးသွားကြသည်။ သူတို့၏စစ်မြင်းများ၏ ကိုယ်အတွင်းရှိ သွေးများကပင် မြေကမာ္ဘတွင် အိုင်ထွန်းနေပြီဖြစ်သည်။ သို့သော် ဒါက အစမျှသာရှိသေးသည်။ ဝမ်ချောင်ကသူ၏ လက်သီးကို လေထဲသို့ တဖန်ထပ်မြှောက်လိုက်ပြီး လက်သီးဖြင့်ထိုးလိုက်သည်။ ဝမ်ချောင်က အာရပ်မြင်းတပ်ထံမှ ဆုပ်ယူထားကာစ သွေးနှင့်အမျိုးမျိုးသော စွမ်းအင်ပေါင်းများစွာက ကြီးမားလွန်းလှသည့် သွေးရောင်စွမ်းအင် လှံနှစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထိုလှံနှစ်လက်က မိုးကြိုးပစ်လိုက်သလိုမျိုး လေထုကိုကျော်ဖြတ်သွားလေပြီး အဝေးမှထွက်ပြေးသော အာရပ်မြင်းတပ် အဖွဲ့ဝင်များ၏ ကြားတည့်တည့်သို့ ပြုတ်ကျသွားသည်။

ခြိမ်း

ထိုသို့ဖြင့် ပြင်းထန်လွန်းသည့်စွမ်းအင် အားလှိုင်းများက မြေပြင်တွင် ရှည်လျားသော တူးမြှောင်းကြီးကို ဖြစ်ပေါ်လာစေသည်။ ထို့နောက် အော်ဟစ်သံများက ပေါ်ထွက်လာသည်။

“အား”

မြင်းတပ်အဖွဲ့ဝင်ရာကျော်က လေထဲသို့ မြောက်တက်သွားလေပြီး ကျယ်လောင်သည့် အော်သံကို ထုတ်လွှတ်ရပြန်သည်။ သူတို့၏ ခြေပြတ်လက်ပြတ်နှင့် ခန္ဓာကိုယ်အပြတ်များက မိုးရွာသလို အောက်သို့ ကျဆင်းလာသည်။ ခွာဖြူအရိပ်မြင်းက လျှပ်စီးလက်သလိုမျိုး ရှေ့သို့ဆက်လက် ဖြတ်သန်းသွားသေးပြီး နောက်ဆုံးသောနေရာတွင် ရှိနေသည့် အာရပ်မြင်းတပ်သို့ ရောက်ရှိသွားသည်။

ဝုန်း

ပေါက်ကွဲထွက်လာသည့် ကြယ်တာရာစွမ်းအင်များက ဝမ်ချောင်၏ကိုယ်အတွင်းမှ စတင်ထွက်ပေါ်လာပြီးသည်နှင့် မြေကမာ္ဘအတွင်းသို့ ဝင်ရောက်ကာ ကျော်ဖြတ်သွားသည်။ ထို့နောက် တဖန်ပြန်လည်ထွက်ပေါ်လာလေပြီး လက်ရွေးစင်အာရပ်မြင်းတပ် လေးရာငါးရာခန့်ကို မြေပြင်အထက် ပေသုံးရာကျော်မြင့်သော နေရာအထိ မြောက်တက်သွားစေသည်။ သူတို့က ပြန်ပြုတ်ကျသည့်အချိန်တွင် သေနေပြီဖြစ်သည်။

“ပြေးတော့ သူတို့ရဲ့မဟာဗိုလ်ချုပ်တွေ လှုပ်ရှားနေပြီ”

အာရပ်မြင်းတပ် အဖွဲ့ဝင်သိန်းကျော်က ဝရုန်းသုန်းကားဖြစ်နေပြီးသားဖြစ်သည်။ သူတို့က ခြင်္သေ့အုပ်က ထွက်ပြေးလာသလိုမျိုး မြောက်ဘက်ခြမ်းသို့ပြေးကြသည်။ သို့ရာတွင် ဝမ်ချောင်က ဆက်လက်ပြီး လိုက်ခြင်းမပြုချေ။ ထိုအစား သူ၏အကြည့်က ကြီးမားသော ငွေရောင်လက်နက်ကြီးများ ရှိရာနေရာ သွေးသားရဲစစ်တပ်၊ အကြောက်အလန့်မဲ့စစ်တပ်၊ သံမဏိသွေးစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့ထံသို့ ရောက်သွားသည်။ ပြောရလျှင် ထိုလူများ၏ အနောက်ဘက်သို့ဖြစ်သည်။

ဟီး...

ဝမ်ချောင်က သူ၏မြင်းကို ဒုန်းစိုင်းစီးနေသည်။

“နောက်ဆုတ် နောက်ဆုတ် နောက်ဆုတ်”

သွေးသားရဲစစ်တပ်၊ အကြောက်အလန့်မဲ့စစ်တပ်၊ သံမဏိသွေးစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့က ဝရုန်းသုန်းကားဖြစ်သွားသည်။ သူတို့က ထုံလော့စစ်တပ်ပေါ်လာပြီး ဖွင့်ဟခြင်းစစ်တပ်ကို ဖိနှိပ်လိုက်သည့် အခိုက်အတန့်တွင်ပင် အန္တရာယ်ကို အာရုံခံမိကြသည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။

“သူတို့ကိုထိန်းထား”

မဟာထန်ဘက်မှ လက်ရွေးစင်စစ်တပ်တိုင်း၏ စိတ်ဓာတ်က တိုးမြှင့်လာကြပြီး ရန်သူများထံ ဝင်ရောက်သွားကြသည်။

“ပြိုင်ဘက်ကင်း အရှင်သခင်နတ်သိုင်းခြောက်သွယ်”

နှစ်ဖက်လုံးက ထိပ်တိုက်ရင်ဆိုင်နေသည့်အချိန်တွင် ကောင်းကင်အတွင်း ကျယ်လောင်ခမ်းနားသည့် အသံက ဟိန်းထွက်လာသည်။ တစ်စက္ကန့်ခန့်ကြာပြီးနောက် ကောင်းကင်ဘုံမှ ခမ်းနားထည်ဝါသော ဓားချည်အလင်းတန်းက ထိုးဆင်းလာသည်။

ဘုန်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အုတ်ကျိုးအုတ်ပဲ့များ၊ ဖုန်မှုန့်များက မြောက်တက်သွားသည်။ ပေတစ်ရာကျော်ခန့်ရှည်သော တူးမြောင်းကြီးက ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ထိုဓားချည်က ထိုတွင်းအတွင်းမှ ပြန်ထွက်ကာ ထိုအနီးအနားရှိ သေဆုံးခြင်းစစ်တပ်မှ အဖွဲ့ဝင်တိုင်းကို ကောင်းကင်ပေါ်သို့ မြောက်တက်သွားစေသည်။

သူတို့က အပေါ်ယံတွင် ထိခိုက်မှုမရှိဟုထင်ရသည်။ သို့သော် သူတို့၏ ကိုယ်တွင်းအင်္ဂါများက ချေမွခံလိုက်ရသည်။

ရှု့ထောင့်တစ်ခုမှကြည့်သော် သေဆုံးခြင်းအဖွဲ့ဝင်များက ပြိုင်ဘက်ကင်းသိုင်းစစ်တပ် အဖွဲ့ဝင်များထက် ပို၍သန်မာသည်။ သို့သော် ကောင်းရှန်းကျစ်လို မဟာဗိုလ်ချုပ်တစ်ယောက်၏ အရှေ့တွင်မူ သိုးသာသာဖြစ်သည်။

ခြိမ်း

တစ်ချိန်ထဲတွင်ပင် သေဆုံးခြင်းစစ်တပ်၏ အလယ်ဗဟိုနေရာသို့ အနက်ရောင်အလုံးတစ်လုံးက ဆင်းသက်လာသည်။ အနက်ရောင်အလုံးက ပေါက်ကွဲသွားသည်နှင့် စူးရှသောအော်သံများက လေထုအတွင်း ထိုးခွဲလာသည်။ ထို့နောက် သေဆုံးခြင်းစစ်တပ်မှ အဖွဲ့ဝင်ရာပေါင်းများစွာကို ကောင်းကင်ဘုံသို့ မြောက်တက်သွားစေပြီး သွေးများ စိုရွှဲသွားစေသည်။

ချန်းချန့်လီ၏ အဆင့်မြင့်ခွဲခြားခြင်း နတ်ဘုရားကလည်း တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။

All Chapters