အခန်း (၁၀၉၁-၁၀၉၅)
Vol. 63 Ch. 1091-1095
အခန်း(၁၀၉၁)
အာရပ်တွေအရှုံးနဲ့ ဆုတ်သွားရတယ်
“နောက်ဆုတ် ဗိုလ်ချုပ်တွေအားလုံး ကာပေးပြီး နောက်ဆုတ်စေကြစမ်း။ အားလုံးပဲ ခုချက်ချင်း လူစုခွဲပြီး နောက်ကိုအမြန်ဆုံးဆုတ်ကြ။ အဆွဲထားမခံနဲ့”
အာရပ်များ၏ အထိတ်တလန့်အော်သံများ ထွက်လာပြီးနောက် သွေးသားရဲစစ်တပ်မှ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ၏ဓားမောက်ရှည်ကို လွှဲယမ်းလိုက်ပြီး ဝမ်စစ်လီနှင့် နတ်သိုင်းစစ်တပ်ထံ ခုန်ဝင်သွားသည်။
ဘုန်း
ဝမ်စစ်လီက ထိုထိုးနှက်ချက်ကို လက်ခံတော့မည့်အချိန်တွင် ဝမ်စစ်လီ၏အရှေ့ရှိ ဓားမောက်ရှည်မှ ကြယ်တာရာစွမ်းအင်များက ထိုးထွက်၍ဝင်ရောက်လာသည်။
“ဗိုလ်ချုပ်ဝမ် ဒီလူကိုငါ့ရဲ့တာဝန်ထားလိုက်”
လူတိုင်း၏နားအတွင်း ငယ်ရွယ်ကာ ယုံကြည်မှုရှိသည့်အသံက ထွက်လာသည်။ တစ်ချက်လင်းလက်ပြီးနောက် နှင်းများဖြင့်လုပ်ထားသည့်အလား ဖြူဖွေးသန့်စင်နေသည့် မြင်းတစ်ကောင်က ရောက်ရှိလာသည်။ ထိုမြင်းသည် တိမ်စိုင်များပေါ်တွင် စီးနင်းလျှက် ရွေ့လျားလာသလိုမျိုး ခမ်းနားထည်ဝါသည့် နတ်မြင်းတစ်ကောင်အလား ထင်ရသည်။ ထိုနတ်မြင်း၏ ကျောပြင်တွင် ငယ်ရွယ်ကာ ပိန်ပါးသည့် ခန္ဓာကိုယ်တစ်ခုကို သယ်ဆောင်ထားသည်။
သူက (၁၇)နှစ်၊ (၁၈)နှစ်ခန့်သာ ရှိသေးသော်လည်း သူ၏ဆုံးဖြတ်ချက်များနှင့် လှုပ်ရှားမှုများက မြင့်မြတ်ပြီး အတွေ့အကြုံရှိသော လူတစ်ယောက်ကဲ့သို့ အရှိန်အဝါမျိုးကို ထုတ်လုပ်နေခဲ့သည်။ ပေါ်လာသောလူက လူသားတစ်ယောက် မဟုတ်နေဘဲ တောင်တစ်တောင်အလား ထင်ရသည်။
ဝမ်စစ်လီက ဝမ်ချောင်၏ကျောပြင်ကိုကြည့်ပြီး စိတ်အေးသွားသလို သက်ပြင်းရှည်ကိုချသည်။ တိုက်ပွဲ၏ ဒီအခြေအနေထိ ရောက်ရှိလာပြီးနောက်တွင် သူ၏ကြယ်တာရာစွမ်းအင် တစ်ဝက်ကျော်ခန့်က ကုန်ဆုံးနေပြီဖြစ်သည်။
“ဟား ဟား အရှင်ဝမ် ဒီလိုဆိုမှတော့ ငါကဝင်မပါတော့ဘူး။ ငါဒီလူကို မင်းနဲ့လွှဲထားခဲ့မယ်”
ဝမ်စစ်လီက ပြုံးရယ်လိုက်ပြီး ဘေးဘက်သို့ဆုတ်သွားသည်။
‘ကောလဟာလတစ်ခု ကြားဖူးတာက ကိုယ်တိုင်မြင်ရတာနဲ့ မယှဉ်နိုင်ဘူး’
ဝမ်စစ်လီ၏ ဝမ်ချောင်အပေါ် ပထမဦးဆုံးအကြိမ် ထင်မြင်ချက်က ထိုစကားစုကို ဖော်ညွှန်းနေသည်။ မဟာထယ်ကြီးစစ်တပ်နှင့် မဟာထယ်ကြီး၏ မဟာဗိုလ်ချုပ် ခဲ့ရှု့ဟန်က ဝမ်ချောင်နှင့် ထပ်ခါတလဲလဲ ရန်ဖြစ်ခဲ့သည်။ သွေးသံမဏိမြို့ကို ပြဿနာရှာရန် အကြံများစွာ ချမှတ်ထားသေးလေသည်။
သူက အမတ်ဖြစ်လာပြီးသည့်တိုင်အောင် မဟာထယ်ကြီးစစ်တပ်မှ မည်သည့်အရာရှိကမျှ ထိုလူအပေါ် အမြင်ကောင်းမရှိချေ။
သို့သော် ထိုလူ၏မျက်နှာကိုမြင်ပြီးနောက် ဝမ်စစ်လီကိုယ်တိုင်လည်း တစ်ဖက်သူသည် ချီးကျူးထိုက်သလို ယုံကြည်အားကိုးထိုက်သည့် လူတစ်ယောက်ဖြစ်ကြောင်း ဝန်ခံရပေမည်။
ဝမ်စစ်လီသည် ဝမ်ချောင်နှင့်ပတ်သတ်ပြီး လွဲမှားစွာ ထင်မြင်သုံးသပ်ချက်မျိုး မချနိုင်တော့ချေ။ သူယခုလိုမျိုး ကိုယ်တိုင်လာရောက်ရန် ဆုံးဖြတ်ချက်ချခဲ့သည့် ကိစ္စနှင့်ပတ်သတ်ပြီး ဂုဏ်ယူမိသေးသည်။
ယခုလိုခမ်းနားသောတိုက်ပွဲတွင် ဝင်ပါရန် ကြိုးစားခဲ့ခြင်းက သူ၏ဘဝတွင် ဂုဏ်အယူရဆုံးနှင့် အဝင့်ကြွားနိုင်ဆုံး အခိုက်အတန့်ဖြစ်လောက်သည်။
ဝမ်ချောင်ကလည်း ဝမ်စစ်လီ၏ အတွေးယာဉ်ကြောကိုမသိချေ။ သူ၏အာရုံက သွေးသားရဲစစ်တပ်၏ နောင်ဖြစ်လာမည့် မဟာဗိုလ်ချုပ်ကြီးထံတွင်သာဖြစ်သည်။
“ခင်ဗျားက ဒီကိုရောက်နေမှတော့ ဘာလို့အလောတကြီး ထွက်သွားမှာလဲ”
ဝမ်ချောင်က ထိုနောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးကိုကြည့်ပြီး အာရပ်ဘာသာစကားနှင့် ပြောလိုက်သည်။
သွေးသားရဲစစ်တပ်မှ နောင်ဖြစ်လာမည့်ဗိုလ်ချုပ်ကြီး မန်ဆာက ပြင်းထန်သည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့လိုက်ရသလိုမျိုး တုန်ယင်သွားသည်။ သူ့အနေနှင့် တာလာ့၏စစ်ပွဲသို့ ပထမဦးဆုံးအကြိမ် ရောက်လာဖူးခြင်းဖြစ်သည့်တိုင်အောင် ထိုလူငယ်ဟာ မဟာထန်ဘက်မှ စစ်သေနာပတိချုပ်ဖြစ်ကြောင်း သိထားသည်။ ဒီတိုက်ပွဲတစ်ခုလုံးတွင် အရေးပါဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
“သွားမယ်”
မန်ဆာ၏ခြေထောက်အောက်တွင် ချည်စက်ကွင်းတစ်ခုက တုန်ခါလာသည်။ သူက ဓားမောက်ရှည်ကို တစ်ချက်လွှဲယမ်းလိုက်သည်။ သိပ်သည်းသော အနက်ရောင်တိမ်စိုင်များက ချက်ချင်းဆိုသလို ထိုးထွက်လာပြီး ဝမ်ချောင်ထံ တိုးဝင်သွားသည်။ တိမ်စိုင်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် အနီအနက် ဆေဘာအလင်းတန်းတစ်တန်းရှိသည်။ ထိုအလင်းတန်းများက ခက်ထန်ကြမ်းတမ်းကာ ခမ်းနားလွန်းပြီး လေထုကိုပင် လှီးဖြတ်နေသည်။ သူက သူ၏ဆေဘာကိုသုံးပြီး ခုတ်ပိုင်းလိုက်သလိုမျိုး မန်ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်မှခုန်ထွက်ကာ မှင်သက်ဖွယ်ကောင်းသည့် အရှိန်နှုန်းဖြင့် အဝေးသို့ထွက်ပြေးသည်။
“ဟွန်း တကယ်လွတ်မယ်ထင်နေလား”
သူ၏နားအတွင်း အေးစက်သော လှောင်သံကသာ ထွက်လာသည်။ သူက ပေတစ်ရာအကွာသို့ မရောက်နိုင်သေးခင် အင်အားကြီးမားသည့် ဆွဲစုပ်အားတစ်ရပ်က လေထဲတွင် ရုတ်တရက် ပေါ်ထွက်လာလေပြီး သူ့ကိုဖမ်းချုပ်ထားကာ နောက်သို့ပြန်ဆွဲသည်။
ထိုအရာသာမကသေးချေ။ သူ၏ပတ်ဝန်းကျင် ပေတစ်ထောင်ဝန်းကျင်တစ်ခုလုံးကို ပြင်းထန်သည့် လေပြင်းက မွှေနှောက်သည်။ သူ၏နားအတွင်း အော်သံများကပြည့်လာသည်။ မန်ဆာသည်လည်း ဒီဝန်းကျင်တစ်ခုလုံးတွင်ရှိသမျှ တိဗက်မြင်းတပ် အဖွဲ့ဝင်တိုင်းက မမြင်ရသော အားတစ်ရပ်ကြောင့် နောက်သို့ပြန်ဆွဲခံနေရကြောင်း သိလိုက်သည်။
“ခင်ဗျားတို့ဒီကို ရောက်နေပြီဆိုမှတော့ အေးအေးဆေးဆေး နာနာခံခံနဲ့ အသေခံလိုက်ပါ”
ဝမ်ချောင်၏ သူ၏ခွာဖြူအရိပ်မြင်းက ဝရုန်းသုန်းကားဖြစ်နေသော ဖုန်တိမ်စိုင်များ၏ အလယ်တွင် ထည်ဝါစွာ ရပ်နေသည်။ သူသည် သူ၏ မဟာရင်ယန် ကောင်းကင်ဘုံဖန်တီးခြင်းသိုင်းကို အကန့်အသတ်ထိ တွန်းပို့ကာ ထုတ်သုံးလိုက်ပြီးနောက် နေမင်းနှင့် လတစ်စင်း ရွှေရောင်နှင့်အနီရောင် ပုံရိပ်နှစ်ခုကပေါ်လာသည်။ ပုခုံးတစ်ဖက်တစ်ချက်စီတွင် ပေါ်လာပြီးနောက် မျက်စိကြိမ်းမတက် တောက်ပလွန်းသည့် အလင်းတန်းများကို လွှတ်ထုတ်လိုက်ကာ ခမ်းနားထည်ဝါသွားစေသည်။ ဒါက ပုံရိပ်ယောင် နေမင်းနှင့်လမင်းဖြစ်သည်။ သို့သော် ထိုစွမ်းအားများက မန်ဆာကို နောက်သို့ခပ်မြန်မြန် ပြန်ဆွဲလိုက်နိုင်သည်။
“နေမင်းပုဆိန်”
မန်ဆာက တွေးတောရန် အချိန်မရှိတော့ချေ။ သူ၏ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်အလင်းတန်းက ပေါက်ကွဲထွက်လာသည်။ မန်ဆာ၏ခန္ဓာကိုယ် တစ်ခုလုံးက ကြီးမားသည့် ရွှေရောင်ပုဆိန်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝမ်ချောင်ကိုခုတ်ချသည်။
အန်း...
နေမင်းနတ်ဘုရား
ဒါက အာရပ်များကိုးကွယ်သော ရှေးဟောင်းနတ်ဘုရားများထဲမှ တစ်ပါးဖြစ်သည်။ သူ၏လက်နက်က ကြီးမားသော ရွှေရောင်ပုဆိန်ကြီးဖြစ်သည်။ မန်ဆာ၏အဆင့်မြင့်သိုင်းက ထိုနေနတ်ဘုရားနှင့် လက်နက်ကို တုပထားခြင်းဖြစ်သည်။
မန်ဆာသည်လည်း ထိုသိုင်းကိုသုံးပြီး တိုက်ပွဲနယ်မြေအတွင်း မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ သူက မျိုးနွယ်ခြား ဗိုလ်ချုပ်ပေါင်းများစွာနှင့် မြင်းပေါင်းများစွာကို ထိုးဖောက်သတ်ဖြတ်နိုင်ခဲ့သည်။
သို့သော် မန်ဆာ၏ နေမင်းပုဆိန်က အောက်သို့ဆင်းသက်လာသောအခါ လေထဲတွင် မမြင်ရသော နံရံတစ်ခုက ရှိနေသလိုမျိုး ပိတ်ဆို့တားဆီးလိုက်သည်။ ထိုမမြင်ရသော စွမ်းအင်အကာအကွယ်လွှာက တွန့်လိမ်ရှုံ့တွစေမတက် ပြင်းထန်သည့် စွမ်းအားများကို သယ်ဆောင်ထားသည်။
ခြိမ်း
မန်ဆာက မတုန့်ပြန်နိုင်သေးခင် ထိုတွန့်လိမ်ရှုံ့တွမတက် ဖြစ်နေသည့် စွမ်းအားများက ပေတစ်ရာဝန်းကျင် တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး မန်ဆာ၏ နေမင်းပုဆိန်ကို ထိုးဖောက်လိုက်သည်။
တစ်စက္ကန့်ခန့်ကြာပြီးနောက် ကောင်းကင်ကိုပင် တုန်ဟီးသွားစေသည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ မန်ဆာ၏ နေမင်းပုဆိန်က မှန်တစ်ချပ်အလား ကွဲအက်သွားသည်။
“မကောင်းတော့ဘူး”
မန်ဆာကိုယ်တိုင်လည်း သူ၏စိတ်အနက်ရှိုင်းဆုံး အပိုင်းအတွင်းမှ မသက်မသာဖြစ်သည့် ခံစားချက်မျိုးကို ရလိုက်သည်။ သူက ထွက်ပြေးချင်သည်။ သို့သော် နောက်ကျလွန်းသွားသည်။ ဖြတ်ကနဲဆိုသလိုပင် သိပ်သည်းသော တိမ်စိုင်အတွင်းမှ ပုံရိပ်တစ်ခုက ထွက်သွားသည်။ မန်ဆာ၏ မျက်ဝန်းအရှေ့သို့ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုကပေါ်လာသည်။
“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”
ထိုအသံက သူ၏နားအတွင်းသို့ ဝင်လာသည်။ သူက မတုန့်ပြန်နိုင်သေးခင် ဝမ်ချောင်က သူ၏ရင်ဘက်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်လိုက်ပြီဖြစ်သည်။ တခဏခန့်ကြာပြီးနောက် မန်ဆာ၏ သွေးနှင့်သိုင်း စွမ်းအားတိုင်းက ဝမ်ချောင်၏ကိုယ်အတွင်းသို့ ထိုးဝင်သွားသည်။
“မဟုတ်ဘူး”
မန်ဆာ၏မျက်နှာက ကြောက်လန့်မှုအပြည့်နှင့် ဖြူဖျော့သွားသည်။ သို့သော် သူသည်လည်း မည်သည့်အရာကိုမှ မတက်နိုင်တော့ချေ။ သူ၏ခန္ဓာကိုယ်က အေးခဲသွားလေပြီး သူ၏စွမ်းအင်တိုင်းက ဝမ်ချောင်၏ကိုယ်အတွင်းသို့ စီးဝင်နေသော မြင်ကွင်းကိုသာ မျက်လုံးအပြူးသားနှင့် ကြည့်နေလိုက်ရသည်။
မျက်တောင်တစ်ခတ်မျှသာ ကြာသေးသည်။ မန်ဆာ၏ စွမ်းအင်များက ခြောက်ကပ်သွားသည်။ သူ၏ ဆံပင်၊ အသားအရည်များက ရှုံ့တွကာ ပိန်လှီကျုံ့လာလေပြီး လည်သာအိတ်တစ်အိတ်အလား ရှုံ့သွားသည်။ အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်ကမူ ခမ်းနားထည်ဝါသော စွမ်းအင်များကြောင့် အဆင့်ထပ်မြှင့်သွားပုံပေါ်သည်။
ဘန်း
ဝမ်ချောင်က မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ သူ၏လက်ကို အသာတစ်ချက် ယမ်းလိုက်ပြီးနောက် မန်ဆာ၏ ခြောက်ကပ်နေသော ခန္ဓာကိုယ်ကြီးကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေလိုက်သည်။ ထိုသို့ဖြင့် အာရပ်၏ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ကို အဆုံးသတ်ပေးလိုက်သည်။
မန်ဆာ၏စွမ်းအင်များအားလုံးကို စုပ်ယူပြီးနောက် ဝမ်ချောင်က မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ မရောက်နိုင်သေးချေ။ သို့သော်သူက မြှင့်တင်မှုအားတစ်ရပ်ကို ရရှိလိုက်ပြီဖြစ်သည့်အတွက် တစ်ရက်ရက်တွင် အဆင့်တက်သွားနိုင်ရန် မျှော်လင့်၍ရသည်။
ကျေနပ်စရာကောင်းတဲ့ ခံစားချက်မျိုးပဲ။ ဒီတိုင်းဆက်ဖြစ်နေရင် ငါမဟာဗိုလ်ချုပ်ကြီး အဆင့်ကိုတက်ပြီး အရင်ဘဝက ကျင့်ကြံခြင်းအဆင့်ကို ပြန်ရောက်နိုင်တော့မှာ။
ဝမ်ချောင်သည်လည်း သူ၏ဓားကို တဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်သည်။
စစ်သူတော်စင် ဖြစ်ခဲ့ဖူးသူဖြစ်သည့်အလျောက် ဝမ်ချောင်သည် သူ၏စိတ်အတွင်း အင်အားကြီးမားသော သိုင်းပေါင်းများစွာကို ပိုင်ဆိုင်ထားလေသည်။ သို့သော် ထိုသိုင်းများကို အသုံးပြုနိုင်သောအဆင့်သို့ မရောက်ရှိသေးရုံသာဖြစ်သည်။ သူက မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ တက်ရောက်ပြီးသည်နှင့် သူနားလည်ထားသမျှ သိုင်းတိုင်းကို အလွယ်တကူ ထုတ်သုံးနိုင်မည်ဖြစ်သည်။ ဝမ်ချောင်၏ ပါရမီနှင့် စွမ်းရည်များကို ပိုင်ဆိုင်ထားသောသူဟာဆိုလျှင် အားလုံးကို လွယ်လင့်တကူ အသုံးပြုနိုင်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူဟာ ခြားနားသော အဆင့်တစ်ခုတွင်ရှိသည့် စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ဝုန်း
သူက တွေးတောနေသည့်အချိန်တွင် ရုတ်တရက် ပြင်းထန်သည့် အန္တရာယ်ကို ခံစားလိုက်ရသည်။ သူက အန္တရာယ်ကိုမသိနိုင်သော်လည်း ခန္ဓာကိုယ်က အလိုအလျောက် တုန့်ပြန်လာသည်။ သူ၏ဦးခေါင်းခွံက ပေါက်ကွဲလုနီးပါးဖြစ်လာသည်။
“ချောင်အာ သတိထား”
ရုတ်တရက် မိစ္ဆာဧကရာဇ် လူအိုကြီးမာန်၏ အသံက ထွက်လာသည်။ ဝမ်ချောင်သည်လည်း ချက်ချင်းဆိုသလို ဘေးဘက်ခြမ်းသို့ ခုန်ဆုတ်လိုက်ပြီး တစ်ချိန်ထဲလိုလိုပင် နဂိုရပ်နေခဲ့သော နေရာသို့ ပုံရိပ်တစ်ခုကပေါ်လာပြီး လေထဲသို့လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
ဘုန်း
လေပြင်းက ဟိန်းဟောက်ပြီး ဖုန်များက ကပြောင်းကပြန်ဖြစ်သွားသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ရွှေရောင်ဓားချည်တစ်စင်းက တောက်ပထည်ဝါလာသည်။ ထိုဓားချည်က ပေတစ်သောင်းကျော်ရှည်လျားပြီး ကောင်းကင်ဘုံမှ တိုင်တစ်တိုင်လို ဆင်းသက်လာခြင်းဖြစ်သည်။ သို့သော် ထိုလက်ဝါးချက်ဖြင့် တောင်တစ်လုံးနီးပါး ကြီးမားလွန်းသည့် လက်ဝါးချက်ဖြင့် အရိုက်ခံရပြီးနောက် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ဓားနှင့်လက်ဝါးတို့က ပျက်ပြယ်သွားရသည်။
ချွီထေပါး
ဝမ်ချောင်၏စိတ်အတွင်း ထိုနာမည်က ထွက်ပေါ်လာသည်။ သူက ရွှေရောင်သံချပ်ကာနှင့် ပုံရိပ်ကိုကြည့်လိုက်သည်။ မြေပြင်သို့ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့်တူသည့် ချွီထေပါးဖြစ်သည်။
ချွီထေပါးက ဘာစကားမှမဆိုသော်လည်း တိတ်ဆိတ်စွာသာ စိုက်ကြည့်နေသည့်တိုင်အောင် သူပေါ်လာသည်နှင့် မေးခွန်းထုတ်ရန်မလိုလောက်အောင် လူတိုင်းက သူ့ကိုသာ အာရုံစိုက်နေကြသည်။ ပြောရလျှင် သူက တစ်လောကလုံ၏ ဗဟိုပြုရာအလား ထင်ရသည်။
အရာအားလုံးက တိတ်ဆိတ်နေသည်။ တိုက်ပွဲအတွင်းတွင် ဝရုန်းသုန်းကားဖြစ်သံများက ပေါ်ထွက်နေ၏။ ချွီထေပါးက ခံစားချက်မဲ့စွာဖြင့် ရပ်နေသည်။ သူက ဝမ်ချောင်ကိုလည်းမကြည့်သလို မည်သူ့ကိုမျှ မကြည့်ချေ။ သူကအကြည့်က သူနှင့်မျက်နှာချင်းဆိုင်တွင်ရပ်နေသည့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ထံတွင်ဖြစ်သည်။
တစ်ချိန်ထဲတွင်ပင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ဝတ်စုံကလည်း လေထဲတွင် တဖြတ်ဖြတ် လွင့်နေသည်။ သူက ချွီထေပါးကိုစိုက်ကြည့်သည်။ သူ၏မျက်နှာက တင်းမာလာသည်။ အကြည့်က နက်ရှိုင်းပြီး နက်နဲသွားသည်။
သူတို့နှစ်ယောက်က တိုက်ပွဲနယ်မြေရှိ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကြီးနှစ်ယောက်ဖြစ်သည်။ ထိုနှစ်ယောက်က ထိပ်တိုက်တွေ့ဆုံနေကြသည်။ သူတို့၏ စွမ်းအင်များက ကျယ်ပြောပြီး တိုင်းတာရခက်ခဲသည်။
အချိန်အတန်ကြာပြီးနောက် ချွီထေပါးက နောက်သို့လှည့်ကာ စကားတစ်ခွန်းတည်းပြောသည်။
“နောက်ဆုတ်”
သူက နောက်တန်းသို့ မြင်းပြန်စီးသွားသည်။ အာရပ်မြင်းတပ်အဖွဲ့ဝင် သောင်းပေါင်းများစွာကလည်း အနောက်ဘက်သို့ အလျှင်အမြန် လိုက်ပါသွားကြသည်။
ဒုန်း ဒုန်း ဒုန်း
ကောင်းရှန်းကျစ်က ဝမ်ချောင်၏အနားသို့ရောက်လာသည်။ သူက မြင်းပေါ်မှဆင်းပြီး ဘေးဘက်သို့လျှောက်လာ၏။
“ဝမ်ချောင် ငါတို့အခု ဘယ်လိုလုပ်သင့်လဲ။ လိုက်သင့်လား”
ကောင်းရှန်းကျစ်ကပြောသည်။
တစ်ချိန်ထဲတွင်ပင် ချန်းချန့်လီကလည်း သူ၏သိုင်းကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဝမ်ချောင်၏ဘေးနားသို့ ရောက်လာကာ မျှော်လင့်စောင့်စားမှု အပြည့်နှင့်ကြည့်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း ဝမ်ချောင်ကိုကြည့်သည်။ သူ၏ဆုံးဖြတ်ချက်ကို စောင့်နေပုံပေါ်သည်။
ထို့နောက် သူ၏အကြည့်က ထွက်ပြေးသွားသော အာရပ်စစ်တပ်ထံ ရောက်သွားသည်။ ဝမ်ချောင်၏ မျက်ဝန်းတွင် စိတ်လှုပ်ရှားမှုက ပေါ်ထွက်လာသည်။ သူတို့သာ လိုက်ရင် အများကြီးသတ်နိုင်မှာ။
သို့သော် ဝမ်ချောင်က ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မိုက်ရူးရဲဆန်ချင်စိတ်ကို သိမ်းလိုက်ရသည်။
“အချိန်မရှိတော့ဘူး ဒီတိုက်ပွဲက လွန်ကဲလွန်းသွားတယ်။ ထုံလော့မြင်းတပ်အပြင် ကျန်တဲ့လူတိုင်းက နွမ်းနယ်နေကြပြီ။ ပိုဆိုးတာက ညအချိန်ရောက်လာတော့မယ်။ ချွီထေပါးနဲ့ အပုမူစလင်က အထွတ်အထိပ် အခြေအနေမှာ ရှိနေတုန်းပဲ ငါတို့သာလိုက်ရင် ငါတို့ဘက်က နိုင်မယ်ဆိုတာ မသေချာဘူး”
ဝမ်ချောင်က ထိုသို့ပြောသည်။
အခန်း(၁၀၉၂)
စစ်ဗျူဟာတွင် အကြီးမားဆုံး တားမြစ်ထားသောအရာက ညအချိန်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။ နယ်မြေတစ်ခုသို့သွားပြီး အလုံးအရင်းဖြင့် ချုံခိုတိုက်ခိုက်ခြင်းဖြစ်စေ၊ အဖွဲ့ငယ်လေးများပေါင်းကာ ဝင်စီးခြင်းဖြစ်စေ အဆင်ပြေသော်လည်း ယခုလို ညအခြေအနေမျိုးတွင် မျက်နှာသာမပေးသော နယ်မြေကြီးမျိုးတွင် မတိုက်ခိုက်သင့်ချေ။ လူတစ်ယောက်သည် သမိုင်းကို ဂရုစိုက်လေ့လာထားမည်ဆိုလျှင် ယခုလို ညအချိန် အဆုံးအဖြတ်တိုက်ပွဲမျိုးကို တိုက်ခိုက်ခြင်းက အလွန်အမင်း ရှားပါးကြောင်း သိပေလိမ့်မည်။ အကြောင်းပြချက်ကမူ ညအချိန်တွင် အမြင်ရှု့ထောင့်နှင့် ဗိုလ်ချုပ်တစ်ယောက်၏ စစ်သည်တော်တိုင်းကို တိုက်ပွဲနယ်မြေအနှံ့ ထိန်းချုပ်ပြီး အမိန့်ပေးနိုင်သော စွမ်းရည်က အများကြီးလျော့ကျသွားနိုင်သောကြောင့်ဖြစ်သည်။
စစ်သည်တော်များက ကြောက်လန့်ကာ ကစဉ့်ကလျားဖြစ်ပြီး ကိုယ့်လူကို တိုက်ခိုက်မိသော အခြေအနေမျိုးလည်း ရှိဖူးသလို တစ်ဖက်သူကို မည်သို့ကိုင်တွယ်သင့်ကြောင်း မသိသည့် အခိုက်အတန့်မျိုးလည်း ရှိတတ်သည်။ ညအချိန်တွင် လီရာပေါင်းများစွာ အကွာတွင်ရှိသော ရန်သူနောက်သို့လိုက်ကာ အဆုံးသတ်ရင်းနှင့် ရန်သူ၏ပိုင်နက်အတွင်းသို့ ရောက်သွားကာ လမ်းပျောက်သွားနိုင်ချေ များသည်။
“ဒါတွေက ငါတို့တက်နိုင်တာ အကုန်ပဲ။ သံမဏိမြို့ရိုးစစ်တပ်က ဆုံးရှုံးမှုကြီးမားတယ်။ ဘက်ပေါင်းစုံက အားနည်းနေပြီး ငါ့အထင် အာရပ်တွေနောက်ကို မလိုက်နိုင်လောက်ဘူး”
ကောင်းရှန်းကျစ်ကလည်း သက်ပြင်းချသည်။
ဒါဟာ ရှားပါးလွန်းသော အခွင့်အရေးဖြစ်သည်။ သို့သော် အချိန်က မမှန်ချေ။ စစ်တပ်က ပြင်းထန်စွာ ဆုံးရှုံးထားသည်။ သူက ဆန္ဒမရှိသည့်တိုင်အောင် ကောင်းရှန်းကျစ်ကလည်း အခွင့်အရေးကို လက်လျော့ရပေမည်။
“အချိန်ကဘာဖြစ်ဖြစ် ချွီထေပါးက ရှိနေတုန်းပဲ”
ချန်းချန့်လီက သက်ပြင်းချလျှက် ပြောသည်။ သူတို့သည် ချွီထေပါးဆိုသော ပြဿနာကြီးကို မဖြေရှင်းနိုင်သမျှ မဟာထန်ဘက်ကလည်း အနိုင်အကြောင်း မပြောနိုင်ချေ။ သူ၏အဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်များက တိုက်ခိုက်သောအခါ ထွက်လာသည့် အားလှိုင်းများကတင် အားအင်ကုန်ခမ်းနေပြီးသော ထန်အင်အားစုအပေါ် ပို၍ပြင်းထန်သည့် ဆုံးရှုံးမှုမျိုးကို ဖြစ်စေနိုင်လေသည်။
ဘုန်း
ခရာမှုတ်သံက ပေါ်ထွက်လာပြီးနောက် မဟာထန်ဘက်မှ စစ်သည်တော်တိုင်းက နောက်ဆုတ်ကြသည်။ အဝေးတွင် ဝူရှန်းမြင်းတပ်က မာမဲ့လု၊ မူထရီမဟာမြင်းတပ်နှင့် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်တို့နှင့် လူစုခွဲပြီး ခုခံရေးအားလှိုင်းသို့ ပြန်လာသည်။
အရေအတွက် အပြတ်အသတ်သာသော လူများနှင့် တိုက်ခိုက်ခဲ့ရခြင်းက သူတို့၏အင်အားကို အများကြီး ထိခိုက်စေသည်။
မဟာထန်က နောက်ဆုတ်သွားသလို အာရပ်များကလည်း နောက်ဆုတ်သည်။ သွေးသားရဲစစ်တပ်၊ သံမဏိသွေးစစ်တပ်၊ အကြောက်အလန့်မဲ့စစ်တပ်၊ သေဆုံးခြင်းစစ်တပ်နှင့် တိုက်ဗာစစ်တပ်တို့ အားလုံးက တိုက်ပွဲနယ်မြေမှ ဆုတ်ခွာကြသည်။
ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က ဘေးချင်းယှဉ်လျှက်ရပ်ပြီး ဆုတ်သွားသော အာရပ်များကို ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်ချောင်က အကြည့်လွှဲလိုက်ကာ မြင်းဇာတ်ကြိုးကိုဆွဲပြီး တာလာ့ထံ ပြန်လည်စီးနင်းဝင်ရောက်လာသည်။
“ရွှီခဲ့ယွီကိုပြောလိုက် ဆုံးရှုံးမှုတွေကို တွက်ခိုင်းလိုက်ပါ”
ဝမ်ချောင်ကပြောသည်။
.....
ညတာက လျှင်လျှင်မြန်မြန် ကျဆင်းလာသည်။ ရွှီခဲ့ယွီက ဆုံးရှုံးမှုများကို ခပ်မြန်မြန် တွက်ချက်၍ပြီးသွားသည်။
“အရှင်အမတ် ကျွန်တော်တို့ ဒီတစ်ကြိမ် တော်တော်လေးကို ဆုံးရှုံးနစ်နာသွားတာပါ။ အားလုံးပေါင်း ကျွန်တော်တို့ဘက်က လူလေးသောင်းကျော် အသတ်ခံလိုက်ရတယ်။ အခြားဆုံးရှုံးမှုအနေနဲ့ နှစ်သောင်းကျော်လည်း ရှိပါသေးတယ်။ ကျွန်တော်တို့ဘက်က တိုက်ခိုက်နိုင်တဲ့လူက ခြောက်သောင်းဝန်းကျင်လောက်ပဲ ရှိတော့တာပါ။ အဲ့ဒီထဲမှာ ထုံလော့မြင်းတပ်ကိုလည်း ထည့်တွက်ထားပါတယ်”
ညအချိန်က ဝင်ရောက်လာသည်။ တာလာ့ကမူ တောက်ပလင်းထိန်နေ၏။ ရွှီခဲ့ယွီသည် ဒူးတစ်ဖက်ထောက်လျှက် တင်ပြနေသည်။ သူ၏အမူအရာက အလွန်အမင်း တင်းမာနေသည်။
တာလာ့သည် မူလက စစ်သည်တစ်သိန်းတစ်သောင်း ရှိခဲ့သည်။ ထုံလော့မြင်းတပ်နှင့် စုကျန်းချန်းက လေ့ကျင့်ပေးထားသော စစ်သားများ ဝင်ရောက်လာပြီးနောက် သူတို့၏အရေအတွက်က တစ်သိန်းနှစ်သောင်းအထိ ရောက်ရှိသွားသည်။ သို့သော် ဒီတိုက်ပွဲတွင် လေးသောင်းကျော်က အသတ်ခံခဲ့ရပြီး နှစ်သောင်းကျော်က ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့သည်။ ပို၍ဆိုးသည်မှာ စစ်တပ်၏ လူအင်အား တစ်ဝက်ကျော်ခန့်က တိုက်ပွဲအတွင်း ပျောက်ဆုံးသွားသေးသည်။ သံသယဝင်ရန် မလိုလောက်အောင် ဒါက ကြီးမားသည့် ထိုးနှက်ချက်ဖြစ်သွားသည်။ မဟာထန်ဘက်က အာရပ်အဖွဲ့ဝင် သိန်းကျော်ကို ရင်ဆိုင်ရန် တန်ကြေးအများကြီး ပေးဆပ်လိုက်ရသည်။
“အာရပ်တွေဘက်ကရော”
မီးတုတ်မှအလင်းရောင်အောက်တွင် ဝမ်ချောင်မျက်ဝန်းက တောက်ပနေသည်။ သူက ကျောဘက်သို့ လက်နောက်ပစ်လျှက် ရပ်နေသည်။ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က ထိုမေးခွန်းကိုကြားသောအခါ အာရုံစိုက်လာကြသည်။
“ကျွန်တော်တို့ အရေအတွက် အတိအကျတော့ မသိရပေမဲ့ ကျွန်တော်တို့ရဲ့ ခန့်မှန်းချေအရ သူတို့ဘက်က ဆုံးရှုံးမှုက နှစ်သိန်းကျော်နိုင်ပါတယ်။ ဒါပေါ့ ရှစ်သောင်းကျော်ကို ကျွန်တော်တို့ရဲ့ လက်နက်ကြီးတပ်ဖွဲ့က ဆွဲထားခဲ့တာပါ”
ရွှီခဲ့ယွီက တင်းမာစွာ ပြန်ဖြေသည်။
မဟာထန်ကို စတင်တည်ထောင်ပြီးချိန်ကတည်းက လက်နက်ကြီးများက မည်သည့်တိုက်ပွဲနယ်မြေကိုမဆို လွှမ်းမိုးနိုင်စွမ်းပြင်းထန်ပြီး သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သည့် လက်နက်တစ်မျိုးဖြစ်သည်။ ဝမ်ချောင်နှင့် စုဟန်ရှန်းတို့၏ ဦးဆောင်မှုအောက်တွင် ထိုလက်နက်ကြီးတိုင်း၏ အသုံးဝင်မှုက ရှေ့သို့ ခုန်ပျံကျော်လွှားသွားပြီး လက်နက်ကြီးစစ်တပ်တစ်ဖွဲ့က မည်သည့်စစ်တပ်ကိုမဆို ကြောက်လန့်ခြောက်ခြားစေသည်အထိ လုပ်ဆောင်နိုင်ခဲ့သည်။
ထိုစကားကိုကြားမှသာ လူတိုင်းက စိတ်အေးသလို သက်ပြင်းချသည်။
“ဆိုလိုတာက အာရပ်၊ တိဗက်နဲ့ အနောက်ပိုင်းတူရကီတွေ အားလုံးပေါင်းမှ နှစ်သိန်းခြောက်သောင်းပဲ ရှိတာပေ့ါ”
ကောင်းရှန်းကျစ်ကပြောသည်။
မဟာထန်သည် ဒီတိုက်ပွဲတွင် အများကြီးဆုံးရှုံးသွားသည်။ သူတို့ကို တိုက်ခိုက်သူ အာရေးဗီးယားက အများကြီးပိုဆုံးရှုံးသွားသည်။ ဒီတိုက်ပွဲ၏ ဆုံးရှုံးမှုအချိုးက တစ်ပုံသုံးပုံဖြစ်သည်။ ထန်စစ်သားတစ်ယောက်သေတိုင်း အာရပ်လက်ရွေးစင် သုံးယောက်က အတူလိုက်သေသည်။ ဆိုလိုသည်မှာ ဆုံးရှုံးမှုကို လက်ခံ၍ရသည်။
“ဟုတ်ပါတယ်”
ဒူးထောက်နေသော ရွှီခဲ့ယွီက လေးစားစွာ ထပ်ဖြည့်ပြောသည်။
“ကျွန်တော်တို့ဘက်က အပြင်းထန်ဆုံး ဆုံးရှုံးမှုက ရွှမ်ဝူစစ်တပ်ကလာတာပါ။ ဒါတွေကလည်း ချွီထေပါးရဲ့ ဖွင့်ဟခြင်းစစ်တပ်ကြောင့်ပါ။ ကျွန်တော်တို့ဘက်က စစ်သည်နှစ်သောင်းကျော်လောက်ကို ဒီစစ်တပ်က သတ်သွားခဲ့တာပါပဲ။ ရွှမ်ဝူစစ်တပ်ရဲ့ စစ်သည်ငါးထောင်နီးပါးက ရှင်းပစ်ခံရလုနီးပါး ဖြစ်သွားခဲ့တာပါ”
ရွှီခဲ့ယွီ၏စကားက ခန်းမကြီးတစ်ခုလုံး၏ စိတ်အခြေအနေကို ဆိုးရွားသွားစေသည်။ ရွှမ်ဝူစစ်တပ်သည် နဂိုကတည်းက ရှစ်ထောင်သာလျှင်ရှိလေသည်။ ထို့အပြင် မဟာထန်ဘက်မှ ထိပ်ဆုံးတွင်ရှိသည့် လက်ရွေးစင်များထဲမှ တစ်ခုဖြစ်နေသေးသည်။ တစ်သုတ်တိုက်ခိုက်ရုံနှင့် ဖွင့်ဟခြင်းစစ်တပ်က အရေအတွက် ငါးထောင်ကို သတ်ဖြတ်သွားနိုင်ခဲ့သည်။ ဒါဟာ ပြင်းထန်လွန်းသည့် ဆုံးရှုံးမှုဖြစ်သည်။
တိုက်ပွဲတွင် လူအယောက်လေးသောင်း သေသွားခဲ့ပြီး နှစ်သောင်းက ဖွင့်ဟခြင်းစစ်တပ်နှင့်အတူ မြုပ်နှံခံခဲ့ရသည်။ ဒါဟာ ကျောစိမ့်ဖွယ်ကောင်းသော အရေအတွက်ဖြစ်သည်။
ရွှီခဲ့ယွီက ခေါင်းကိုငုံ့ပြီးဆက်ပြောသည်။
“ဒါ့အပြင် အာရပ်တွေက နှစ်သိန်းကျော် ဆုံးရှုံးသွားပေမဲ့လည်း ကျွန်တော်တို့ စောင့်ကြည့်ထားတဲ့ အခြေအနေအရ အစောပိုင်းအဆင့်မှာ ဆုံးရှုံးထားတာတွေက အားနည်းတဲ့ စစ်သားတွေပါပဲ။ ကျန်တဲ့စစ်သားတွေ အားလုံးက ပိုပြီးအင်အားကြီးနေကြပါတယ်။ သူတို့ရဲ့ အနှစ်သာရ ခွန်အားတွေက ရှိနေတုန်းပါပဲ။ အနာဂတ်မှာ သွေးသားရဲစစ်တပ်၊ သံမဏိသွေးစစ်တပ်၊ အကြောက်အလန့်မဲ့စစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တွေက ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်တုန်းပါပဲ”
ရက်စက်သော တိုက်ပွဲနယ်မြေတွင် ရှင်သန်နိုင်သော သူတိုင်းက လက်ရွေးစင်များထဲမှ လက်ရွေးစင်များဖြစ်သည်။ ဒါဟာ အမြဲတစေ မှန်ကန်နေသည့် စည်းမျဉ်းဖြစ်သည်။ ပို၍ဆိုးသည်မှာ ထိပ်တန်းအဆင့် စစ်တပ်တစ်ခု၏ ပြင်းထန်သည့် ခုခံနိုင်စွမ်းရည်က အခြားသောစစ်သည်တော်တိုင်းကို သာလွန်နေသည်။ ထိုအတွက်ကြောင့် သေဆုံးခြင်းစစ်တပ်၊ အကြောက်အလန့်မဲ့စစ်တပ်နှင့် သံမဏိသွေး စစ်တပ်တို့က မဟာထန်၏ အင်အားစုများနှင့် ခါးသီးသော တိုက်ပွဲကို ရင်ဆိုင်ပြီး သရေကျအောင် ဆင်နွဲနိုင်ခဲ့သည်။ သို့သော် သူတို့၏ ဆုံးရှုံးမှုက ထင်သလောက် ပြင်းထန်ခြင်းမရှိချေ။
ဝမ်ချောင်၏ မျက်ဝန်းအတွင်းရှိ အလင်းကလက်သွားသည်။ သူက တစ်စုံတစ်ရာကို တွေးမိသွားသည်။ သို့သော် ခပ်မြန်မြန် အသိပြန်ဝင်သွားပြီး လက်ကိုယမ်းလိုက်သည်။
“ငါနားလည်ပြီ ထတော့”
ထန်သည် ဒီတစ်ခေါက်တွင် အင်အားစုငါးသောင်းကျော်ကျန်သည်။ သို့သော် အာရေးဗီးယားဘက်တွင်မူ နှစ်သိန်းခြောက်သောင်း ကျန်သေးသည်။ ထို့ကြောင့် အချိုးက ငါးအချိုးတစ် ဖြစ်နေသေးပြန်သည်။ ထင်သလောက် ကိုင်တွယ်ရ မလွယ်ကူနိုင်ချေ။ သို့ရာတွင် မဟာထန်ဘက်ရှိ စစ်သည်တော်တိုင်းက အကောင်းဆုံးများထဲမှ အကောင်းဆုံးများသာ ကျန်နေရစ်ခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ လက်နက်ကြီးအဖွဲ့ဝင် ခြောက်ထောင်ကျော်က ထိခိုက်နစ်နာခြင်းမရှိဘဲ ကျန်ရစ်နေသေးသည်။ ဒါက အနာဂတ်တွင် မဟာထန်က အာရပ်နှင့် တိုက်ခိုက်သောအခါ အရေးပါဆုံး အခမ်းကဏ္ဍမှ ပါဝင်နိုင်သည်။
ဝမ်ချောင်က စုဟန်ရှန်းကိုကြည့်သည်။
“စုဟန်ရှန်း လက်နက်ကြီးစစ်တပ်ရဲ့ အခြေအနေက ဘယ်လိုလဲ။ ငါတို့မှာ လက်နက်တွေ ဘယ်လောက်ကျန်သေးလဲ”
“အာရပ်တွေကိုရင်ဆိုင်ဖို့ လက်နက်ကြီးအဖွဲ့ရဲ့ လက်နက်တွေအများကြီးကို အသုံးပြုခဲ့ရတယ်။ ငါတို့က လူတွေလွှတ်ပြီး တိုက်ပွဲနယ်မြေက လက်နက်တွေကို ပြန်လည်စုဆောင်းထားခဲ့ပေမဲ့လည်း အများကြီး သိပ်ကျန်တော့တာမဟုတ်ဘူး။ ပြောရရင် ငါတို့မှာ ခုနှစ်သောင်းလောက်ပဲကျန်တယ်။ သာမာန်အားဖြင့် လက်နက်တစ်လက်ချင်းစီတိုင်းက (၁၄)ကြိမ်ကျော်လောက်ပဲ ပစ်နိုင်တော့မှာ”
ထန်လက်နက်ကြီး တစ်လက်ချင်းစီတိုင်းက အရည်အသွေးအမြင့်ဆုံး သံမဏိသားဖြင့် လုပ်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အလွန်အမင်းလေးလံသည်။ ထို့ကြောင့် သယ်နိုင်သော အရေအတွက်က အကန့်အသတ်ရှိသည်။ အများကြီးသယ်ထားရလျှင်လည်း ခရီးက အလွန်နှေးသည်။ စုဟန်ရှန်းက ထိုပြဿနာကို စဉ်းစားဆင်ခြင်ခြင်းအားဖြင့် ဝမ်ချောင်ထံ တပ်ကူအဖြစ်ရောက်လာရန် ကြိုးစားခဲ့ချိန်က လူအများစုထင်ထားသလို လက်နက်ပမာဏ အများကြီး မသယ်လာနိုင်ခဲ့ချေ။ သူက သင့်တော်သလောက် အခြားသူများက အများကြီးသယ်ဆောင်လာမည်ဟု ယုံကြည်လောက်မည့် ပမာဏကိုသာ သင့်တော်သလို သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
သို့သော် သာ့လွန်ရော့ကျန်းနှင့် လမ်းတွင်တိုက်ခိုက်ခဲ့သော တိုက်ပွဲအပြင် အာရပ်များနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲက သူ၏ သိုလှောင်မှုများကို ဆုံးရှုံးနစ်နာခဲ့စေသည်။ ထို့ကြောင့်သူ့တွင် ခုနှစ်သောင်းသာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ဒါကလည်း စုဟန်ရှန်းက အတက်နိုင်ဆုံးကြိုးစားပြီး တိုက်ပွဲနယ်မြေအတွက် ပြန်လည်စုဆောင်းထားသော ပမာဏကို ထည့်တွက်ထားခြင်းဖြစ်သည်။ ဝမ်ချောင်၏မျက်မှောင်က ပြန်ပြေလုနီးပါး ဖြစ်သွားသည်။ လက်နက်ကြီးတစ်လက်ချင်းစီတိုင်းက (၁၄)ကြိမ်ပစ်နိုင်လျှင် လက်နက်ကြီးစစ်တပ်က လာမည့်တိုက်ပွဲအတွင်း အသုံးပြုသောအခါ အလွန်အမင်း သတိထားရန် လိုအပ်သွားသည်။ လက်နက် တစ်လက်ချင်းစီတိုင်းက တစ်ကြိမ်ပစ်ခတ်ချိန်တိုင်း တစ်ကြိမ်သတိထားရန် လိုအပ်ပြီး သေချာချိန်ရွယ်ရန် လိုအပ်လာသည်။ သို့သော် နည်းလမ်းက သင့်လျော်လျှင် ထိုခုနှစ်သောင်းက အာရပ်များကို ဖျက်ဆီးခြင်းပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုအဖြစ် ကိုင်တွယ်ရန်လုံလောက်သည်။
ဝမ်ချောင်၏စိတ်အတွင်း ထိုအတွေးများက အလွန်လျှင်မြန်စွာ ဖြတ်ပြေးသွားသည်။ ထို့နောက် ဝမ်ချောင်က ချူလော့ဟုန့်ကို လှည့်ကြည့်လိုက်သည်။ အထူးသဖြင့် ထုံလော့အရာရှိများထံဖြစ်သည်။
“ဗိုလ်ချုပ် အလေးနက်ဆုံး ကျေးဇူးတင်ရှိမိပါတယ်”
ဝမ်ချောင်က ရိုးသားစွာပြောလိုက်သည်။
ချူလော့ဟုန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းကိုမော့ကာ ခပ်ရိုင်းရိုင်းပြန်ပြောသည်။
“ဟွန့် မင်းငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ ငါကလည်း မင်းအတွက်လာတာမဟုတ်ဘူး။ ငါက တော်ဝင်အမိန့်တော်ကြောင့်လာတာ။ ငါက မဟာထန်အတွက်ပဲ”
ခန်းမထဲရှိလူတိုင်း၏မျက်နှာက တင်းမာသွားကြသည်။
မည်သို့ပင်ဆိုစေ ဝမ်ချောင်က တာလာ့ရှိ ထန်အင်အားစုထဲတွင် အဆင့်အမြင့်ဆုံးသော ဗိုလ်ချုပ်ကြီးဖြစ်သည်။ သူက အမြင့်ဆုံးသော အဆင့်အတန်းကို ပိုင်ထားသည်။ သူ့ကြောင့်သာမဟုတ်လျှင် မဟာထန်က ရှုံးပြီးလေပြီ။ သို့သော် ထိုချူလော့ဟုန့်နှင့် ဟုန်လော့ရှိ အရာရှိများက မောက်မာလွန်းသည်။
“အရှင်အမတ်”
လီစစ်ယဲ့၏မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်သွားသည်။ သို့သော်သူက စကားဆက်မဆိုနိုင်သေးခင် ဝမ်ချောင်ကတားသည်။
“ရတယ် နေပါစေ”
ဝမ်ချောင်က ဂရုမစိုက်သလို ပြုံးလိုက်သည်။ ဝမ်ချောင်သည် သဘာဝအလျောက်ပင် ချူလော့ဟုန့်၏ ဒေါသကိုနားလည်သည်။ ခုံးဝူလေ့ကျင့်ရေးစခန်းတွင် ဝမ်ချောင်က ထုံလော့မဟာဗိုလ်ချုပ် အပုစစ်လီ၏သား အပုထုံးကို အလဲထိုးခဲ့ပြီး သူ့ကို အဝတ်များချွတ်လျှက် လမ်းလွှဲဓားစံအိမ်ရှိ ဝါးအိမ်လေးတွင် တွဲလောင်းဆွဲထားခဲ့သည်။ ထိုအချိန်က အပုထုံးကို အရှက်ကွဲစေခဲ့သည်။ ဒါဟာ ထုံလော့မြင်းတပ်တစ်ခုလုံးကို အရှက်ခွဲခြင်းဖြစ်သည်။ ထို့ကြောင့် ချူလော့ဟုန့်က ဒေါသမထွက်မှသာ ထူးဆန်းနေပေလိမ့်မည်။ သို့သော် ဝမ်ချောင်အတွက်မူ ချူလော့ဟုန့်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ငြိုးကို ဒီပွဲအတွင်း အရေးတယူ ထည့်တွက်မည်မဟုတ်ကြောင်း နားလည်သည်။ အင်ပါယာအမိန့်တော် ရှိနေသမျှ သူတို့က တိုက်ပွဲတွင် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ပေလိမ့်မည်။ ထိုအခြေအနေကတင် လုံလောက်သည်။
ဝမ်ချောင်က အတွေးများကို ဘေးဖယ်ထားလိုက်ပြီး လေးနက်သောမျက်နှာထားဖြင့် ပြန်ပြောသည်။
“ချူလော့ဟုန့်၊ ဗိုလ်ချုပ်ဝမ် ငါကမင်းတို့နှစ်ယောက်ကြားက ရန်ငြိုးတွေကို သီးသန့်ဆွေးနွေးဖို့အတွက် ဂရုလည်းမစိုက်သလို စိတ်လည်းမဝင်စားဘူး”
ခပ်အုပ်အုပ်ထွက်လာသော အသံက ခပ်ကြီးကြီးအသံမျိုးဖြစ်နေသည်။ အနည်းငယ်လည်း ဩရှသည်။ ရုတ်တရက် ထိုနဂါးသံက ခန်းမအတွင်း ဖြတ်ပြေးသွားသည့်အချိန်တွင် လူတိုင်းက တစ်စုံတစ်ရာကို သတိထားမိသွားသည်။
“မဟာထန်က ဒီစစ်ပွဲကို နိုင်မှရမယ်။ ဒါက အရှင်မင်းကြီးရဲ့ စိတ်ဆန္ဒပဲ။ ဘယ်သူမှ ဖီဆန်ခွင့်မရှိဘူး”
ဘုန်း
ထောင့်တစ်နေရာမှ သံချပ်ကာဝတ် ကြီးမားသော ခြေထောက်ကြီးတစ်ဖက်က ဆန့်ထွက်လာသည်။ တစ်ချိန်ထဲတွင်ပင် သိပ်သည်းလွန်းသော အမှောင်ထု စွမ်းအင်များက အခန်းတစ်ခုလုံးကို စွမ်းအင်မုန်တိုင်းတစ်ခုလို လွှမ်းမိုးလာသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်းကလည်း အနက်ရောင် သံချပ်ကာကြီးကို ဝတ်ထားသည့် ကြီးမားလွန်းသော တော်ဝင်အစောင့်ကြီးကို မြင်လိုက်ရသည်။ ထိုတော်ဝင်အစောင့်ကြီး၏ လက်ထဲတွင် အလွန်ပါးလျပြီး ရှေးကျသည့်စစ်အလံကို ကိုင်ထားသည်။
အနည်းငယ် တောင့်တင်းသွားသည့် လေထုအခြေအနေက ချက်ချင်းလိုလို ပြေလျော့သွားသည်။ ချူလော့ဟုန့်က ကြောက်လန့်တကြား ခေါင်းငုံ့လိုက်သည်။ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် အခြားသောလူများကမူ လေးစားမှုအပြည့်ဖော်ပြကြသည်။
မည်သူကမှ ထိုအနက်ရောင်သံချပ်ကာနှင့် အစောင့်ကို မသိကြသလို သူဟာ မည်သည့်အတွက်ကြောင့် မကောင်းဆိုးဝါးလို သံချပ်ကာကိုဝတ်ထားကြောင်း မသိသော်လည်း သူ့တွင် သူတော်စင်ဧကရာဇ်၏ စည်းတံဆိပ်ရှိနေသည်။ ထိုအခြေအနေကတင် လုံလောက်သည်။
တာလာ့တွင် အနက်ရောင်သံချပ်ကာနှင့် ထိုအစောင့်က သူတော်စင်ဧကရာဇ်၏ ကိုယ်စားပြုပေးနိုင်သည်။
“ဝမ်ချောင် သူတော်စင်ဧကရာဇ်ရဲ့စာကို မင်းကိုပေးပြီးသား။ မင်းဖတ်ပြီးပြီလား”
အနက်ရောင်သံချပ်ကာနှင့် အစောင့်၏အသံက ခံစားချက်များကင်းလွတ်သည်။ လူတိုင်းကသူ၏ စကားကို ကြားသော်လည်း သူ၏အကြည့်ကမူ ဝမ်ချောင်ထံတွင်သာရှိနေသည်။
အခန်း(၁၀၉၃)
ဝမ်ချောင်ကပြုံးသည်။ သူကခေါင်းညိမ့်၏။
“ငါတို့က မကျရှုံးစေနိုင်ပါဘူး”
“ကောင်းတယ်”
အနက်ရောင်သံချပ်ကာဝတ် အစောင့်က ထိုစကားလုံးများကို ရှင်းလင်းစွာဖြင့် သဘောကျပုံရသည်။ သူ၏ကိုယ်ထဲမှ မြင့်တက်နေသော စွမ်းအင်များက အများကြီး ညင်သာသိမ်မွေ့သွားသည်။
“ဒါဆိုရင်လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါဗိုလ်ချုပ်ကိုပဲ ဒုက္ခပေးရတော့မယ်”
သူ၏ဝမ်ချောင်အပေါ် အပြုအမူက ချက်ချင်းလိုလို ပြောင်းလဲသွားသည်။ သူ၏တစ်ကိုယ်လုံးက လေးစားမှုအပြည့် ထုတ်ပြလာသည်။
ပြုံးနေသည့် ဝမ်ချောင်၏ မျက်လုံးက ထိုအနက်ရောင်သံချပ်ကာဝတ် အစောင့်၏လက်ထံ ရောက်သွားသည်။
အရှင်မင်းကြီးက ဒီဒဏ္ဍာရီလာ စစ်အလံကိုတောင် ပို့လိုက်မယ်လို့ မထင်ထားဘူး။ ဒီအလံနဲ့သာဆိုရင် အရာအားလုံးက ခြားနားသွားပြီ။ ငါအဲ့ဒီဝင်္ကပါကို နောက်ဆုံးတော့သုံးနိုင်ပြီ။
ဝမ်ချောင်က အိုမင်းဟောင်းနွမ်းကာ ပျက်စီးလုနီးပါးဖြစ်နေသည့် အလံကိုကြည့်ရင်း သူ၏စိတ်က မွှေနှောက်ခံလိုက်ရသည်။ အတိတ်တွင် သူက ထိုအလံကို ရှာဖွေလေ့လာရန် အချိန်အများကြီး စွမ်းအင်အများကြီး ကြိုးစားအားထုတ်ခဲ့ရသည်။ သို့သော် သူ၏ကြိုးစားအားထုတ်မှုက အလဟသ ဖြစ်သွားရသည်။ သူတော်စင်ဧကရာဇ် သေဆုံးသွားသောအခါ ဗဟိုပြင်ကျယ်၏ ဒဏ္ဍာရီအများဆုံးရှိသည့် စစ်အလံကြီးကလည်း သူနှင့်အတူ ပျောက်ကွယ်သွားသည်။ မည်သူကမှ မရှာနိုင်ခဲ့ချေ။ ဒါက ဝမ်ချောင်နှင့် ဗဟိုပြင်ကျယ်ကြီးတစ်ခုလုံးအတွက် ကြောက်စရာအကောင်းဆုံး ဆုံးရှုံးမှုကြီးဖြစ်ခဲ့သည်။
ဒီတစ်ကြိမ်တွင် ဝမ်ချောင်က စစ်အလံကို ရှာချင်သည်ထက် ပိုသောစိတ်ဆန္ဒ မရှိခဲ့ချေ။ သို့သော် ဗဟိုပြင်ကျယ်ကြီးက ပင်လယ်တမျှ ကျယ်ပြောလွန်းသည်။ ဝမ်ချောင်ကိုယ်တိုင်လည်း မည်သည့်နေရာက စရှာသင့်ကြောင်း မသိခဲ့ချေ။ ရှာရန်ဆုံးဖြတ်ခြင်းကလွယ်သည်။ အမှန်တကယ်ရှာရန် ခက်သည်။ သို့သော် ဝမ်ချောင်အနေနှင့် မမျှော်လင့်ထားစွာပင် ဒီစစ်ပွဲ၏ အခိုက်အတန့်ကာလတွင် သူတောင့်တလွန်းသော အလံက ရှေ့တွင်ရောက်လာသည်။
နဂါးကိုးကောင် သွေးစစ်ပွဲအလံ
ထိုအလံသည် ဗဟိုပြင်ကျယ်၏ အင်အားအကြီးဆုံး စစ်အလံကြီးဖြစ်သည်။ ဒီစစ်အလံသည် ကောလဟာလများအရ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့် မဟာဟန်ဧကရာဇ် ဝူခေတ်ကတည်းက ရှိခဲ့သည်ဟုဆိုကြသည်။ ထိုအချိန်ကာလက ကျော်ကြားသော အနိုင်ရသူအမတ်ဟော့ချွီပင်းက ထိုအလံကို ဝင်္ကပါအတွင်း ထည့်အသုံးပြုလျှက် ရှုန်းနွီမှစတင်ပြီး မြောက်ပိုင်းအထိ စစ်တပ်ကိုဦးဆောင်ပြီး ကြီးစိုးခဲ့သည်။ နှစ်တစ်ထောင်ကျော် ကြာပြီးသောအခါ ထိုဝင်္ကပါသည် မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းပေးခြင်း ခံရလျှက် အင်အားကြီးသထက် ကြီးလာသည်။ ဧကရာဇ် ထိုက်ကျုံးခေတ်တွင် လောကတွင် အကျော်ကြားဆုံးသော ဝင်္ကပါဖြစ်သည့် နဂါးလှံ၊ ကျား၊ ကျားသစ်၊ မြင်းတပ် ပေါ်လာသည်။
နဂါးကိုးကောင် သွေးစစ်ပွဲအလံသည် ထိုဝင်္ကပါ၏ အနှစ်သာရဖြစ်သည်။ ထိုက်ကျုံးခေတ်တွင် ဗဟိုပြင်ကျယ်၏ အင်အားအကြီးမားဆုံးသော လက်ဆင့်ကမ်းပေးခြင်းခံရသည့် လက်နက်တစ်မျိုးဟူ၍ ယူဆ၍ရသလို မဟာထန်စစ်တပ် တစ်ခုလုံး၏ စွမ်းအားကို အမြင့်ဆုံး မြှင့်တင်နိုင်သည့် သင်္ကေတတစ်ခုလည်းဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့်လည်း ဝမ်ချောင်က ထိုစစ်အလံကို မမောနိုင်၊ မပန်းနိုင် ရှာဖွေလိုခဲ့သည်။
“လီစစ်ယဲ့ ငါ့ရဲ့အမိန့်ကိုထုတ်လိုက် နဂါးတပ်ရင်းစစ်တပ်၊ နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်နဲ့ ထုံလော့မြင်းတပ်... သူတို့အားလုံးကို တာလာ့ရဲ့ ဒုတိယ လေ့ကျင့်ရေးကွင်းမှာ စုခိုင်းထားလိုက်။ ဗိုလ်ချုပ် အချိန်ကတိုတယ်။ ဒီတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး လိုက်ပါပို့ဆောင်ပေးဖို့ ဒုက္ခပေးရတော့မယ်”
နောက်ဆုံးစကားများကိုမူ အရှေ့တွင် အလံကိုင်လျှက် ရပ်နေသော အနက်ရောင်သံချပ်ကာနှင့် အစောင့်ကို ရည်ညွှန်းခြင်းဖြစ်သည်။
ထိုအစောင့်က ရှေ့သို့တစ်လှမ်းတိုးပြီး ယုံကြည်မှုအပြည့်နှင့် ကျုံးဝါးသည်။
“ဒီဗိုလ်ချုပ်က ဒီတာဝန်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဆိုရင် ဘာကိုမဆို လုပ်ဆောင်ပေးဖို့ အသင့်ပဲ”
....
တာလာ့၏အပြင်ဘက် ခုခံရေးအားလှိုင်းနှစ်ခုအကြားတွင် အေးစက်ပြီး ပြင်းထန်ကြမ်းတမ်းလွန်းသည့် လေပြင်းများက ဟိန်းဟောက်နေသည်မှာ လောကကြီးတစ်ခုလုံးကို ထိုးဖောက်မတက် ထင်ရသည်။ ပထမခုခံရေးအားလှိုင်းသို့ မြင်းတပ်တစ်ခုကို ပို့ဆောင်ခံရပြီးနောက် မော့ဆေဘာအဖွဲ့ကပင် ခုခံရန်အတွက် နေရာယူထားရသည်။ သို့သော် တာလာ့၏ ဒုတိယမြောက် လေ့ကျင့်ရေးကွင်း အတွင်းတွင်မူ လှုပ်ရှားမှုများအပြည့်ရှိနေလေပြီး တောက်ပထိန်လင်းနေသည်။ နဂါးတပ်ရင်းဝင်္ကပါ၊ နတ်အကျဉ်းထောင်စစ်တပ်၊ နတ်သိုင်းစစ်တပ်... ထိပ်တန်းအဆင့်ရှိ စစ်တပ်တိုင်းက ထိုနေရာတွင် စုစည်းနေကြပြီး ပြင်းထန်စွာ လေ့ကျင့်နေကြသည်။ ထိုသို့လေ့ကျင့်သည်မှာ တစ်ရက်သာလျှင် အချိန်ရသည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း သူ၏ပြောင်မြောက်သော စွမ်းအင်တိုင်းကိုသုံးပြီး သူ၏လူများကို အတက်နိုင်ဆုံး အမြန်ဆုံး ပြင်ဆင်ပေးရသည်။
ခြိမ်း
တစ်ညတာလုံး လေ့ကျင့်ပြီးနောက် တစ်မြို့လုံးအနှံ့ ကျယ်လောင်သော ပေါက်ကွဲသံများက လွှမ်းခြုံနေလေသည်။
......
တစ်ချိန်ထဲတွင်လည်း အာရပ်စခန်းတစ်ခုလုံးကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ကာကွယ်ထားသည်။ နေ့အချိန်မှ တိုက်ပွဲက ပြင်းထန်ခဲ့သည်။ ထို့ပြင် ဖွင့်ဟခြင်းစစ်တပ်တစ်ခုလုံးကပင် စေလွှတ်ခံခဲ့ရသည်။ သို့တိုင်အောင် ထန်များက နိုင်သွားသေးသည်။ သူတို့ဘက်မှ ဆုံးရှုံးမှု နှစ်သိန်းကျော်သွားခဲ့ပြန်၏။ ထို့ကြောင့် အနိုင်က သူတို့၏အပိုင်ဟု ယုံကြည်ထားသော အာရပ်များအနေဖြင့် ပြင်းထန်လွန်းသည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ကြီးကို ရင်ဆိုင်လိုက်ရသည်။
မဟာထန်ဘက်မှ ခြောက်ခြားဖွယ်ကောင်းသော တိုက်ခိုက်ရေးအင်အားစုကြီးကို ခံစားပြီးနောက်တွင် အာရပ်များသည်လည်း သူတို့ဟာ အင်အားကြီးမားသည့် ရန်သူကို ရင်ဆိုင်နေရကြောင်း ခံစားမိလာသည်။ သောင်းကျော်သော အရေအတွက်ထိ ထွန်းညှိထားသည့် မီးတုတ်များကလည်း ထိုစခန်းတစ်ခုလုံးကို နေ့အလား တောက်ပနေစေသည်။ အသင်းတစ်ရာကျော်ခန့်က ကင်းလှည့်နေကြသည်။ ဒါကလည်း အာရေးဗီးယားများက မဟာထန်များကို အလွန်အလေးအနက်ထားကြောင်း သက်သေပြရာရောက်သည်။
ဝှစ်
အာရေးဗီးယားစခန်း အပြင်ဘက်ဆုံး နယ်နိမိတ်နေရာတွင် မည်သည့်လေမှ မတိုက်ပါလေဘဲ မီးတုတ်တစ်ခုက ရုတ်တရက် မှိတ်တုပ်မှိတ်တုပ်ဖြစ်လာသည်။ လူတစ်ယောက်က မှုတ်နေသလိုမျိုး မီးတုတ်က တဖြည်းဖြည်းချင်း မှေးကျဉ်းလာသည်။ ကင်းလှည့်နေသော စစ်သည်တစ်အုပ်က ထိုမြင်ကွင်းကို မြင်လိုက်ပြီး ချက်ချင်းလိုလို အရှိန်ကို နှေးကွေးလိုက်ကာ မျက်လုံးပြူးကျယ်သွားသည်။
“အေးလိုက်တာ မီးတုတ်တွေတောင် သက်ရောက်ခံလိုက်ရပြီ”
“ဘာတွေဖြစ်နေတာလဲ ဘာလို့ ပုံမှန်ထက် ပိုအေးလာတာလဲ”
ပုံမှန်အခြေအနေအတိုင်းဆိုလျှင် ပထမဦးဆုံးနှင်းကျရန် နှစ်လလိုသေးသည်။ သို့သော် ယခုမူ ပုံမှန်ထက် ပိုအေးလာသည်။
အာရပ်များက ရုတ်တရက် အချင်းချင်း စကားစပြောကြသည်။ ရာထူးတိုးအပြောင်းအလဲက လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကတည်းက စတင်သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် အပူချိန်က ပို၍လျှင်မြန်စွာ ထိုးကျလာသည်။
အာရပ်မြင်းသမားအချို့က တစ်စုံတစ်ရာကို သတိထားမိလိုက်ပြီး နောက်ထပ် မြင်းသမားတစ်ယောက်ကို လက်ညိုးထိုးလိုက်ကာ အံ့အားတကြီးပြောသည်။
“ရာဖာ မင်းရဲ့သံချပ်ကာကိုကြည့်ဦး”
ထိုစကားလုံးများက ကျန်သောမြင်းသည်တော်များအပေါ်လည်း သက်ရောက်သွားသည်။ မီးတုတ်နားရှိ အာရပ်တိုင်းက ထိုရာဖာဆိုသူကို လှည့်ကြည့်ကြသည်။
အမှောင်ထဲတွင်ဖြစ်သောကြောင့် အစပိုင်းတွင် မည်သူကမှ သတိမထားမိကြချေ။ သို့သော် မီးတုတ်၏ အလင်းရောင်မှတစ်ဆင့် ရာဖာ၏သံချပ်ကာပေါ်တွင် သိပ်သည်းစွာ ပေါ်ထွက်လာသည့် အဖြူရောင် အစင်းကြောင်းရာများကို တွေ့သွားသည်။
“နှင်းတွေ”
အပေါ်တွင် သလင်းသားလို ခပ်ပါးပါးကြည်ကြည် ပေါ်လာသော အလွှာတစ်ထပ်ကို မြင်လိုက်သောအခါ လူတိုင်းက အလန့်တကြား အော်သည်။ တစ်ချိန်ထဲတွင်ပင် သူတို့၏ကိုယ်ပိုင်သံချပ်ကာများသည်လည်း တဖြည်းဖြည်းချင်း ခဲတက်လာသော နှင်းအလွှာပါးပါး၏ ဖုံးအုပ်ခံရကြောင်း တွေ့လိုက်သည်။ ထိုအရာအပြင် အေးစက်သောလေပြင်းက အပ်များအလား သံချပ်ကာများအတွင်းသို့ ထိုးစိုက်လာပြီး ခန္ဓာကိုယ်အတွင်းသို့ဝင်သည်။ အာရပ်လက်ရွေးစင်များကပင် စိမ့်တက်လာကြသည်။
အာရပ်မြင်းသည်တော်များက တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်ကြသည်။ ထိုအချိန်တွင် အာရပ်စခန်း၏ အလယ်ဗဟိုနေရာတွင်မူ ခြားနားသောမြင်ကွင်းက ဖြစ်ပေါ်နေသည်။
“မျိုးမစစ်ကောင် ပစ္စည်းကောင်းတွေကို အလဟသဖြစ်သွားစေတာပဲ။ မင်းက အရှေ့ပိုင်းသား မျိုးနွယ်ခြား မြင်းတပ်တစ်အုပ်စီမှာတောင် ရှုံးသွားတယ်။ အသုံးကိုမကျဘူး”
အားပါး၏ ဒေါသတကြီးအော်သံက ရွက်ဖျင်တဲအတွင်း ဟိန်းထွက်နေသည်။ ဒါက ညလယ်ခေါင်အတွင်း ပဲ့တင်ထပ်သွားသည်။ ရွက်ဖျင်တဲ၏ ပိတ်ကားကပင် ကြောက်လန့်ဖွယ်ကောင်းသော အော်သံကြောင့် တဆတ်ဆတ် တုန်ခါသွားသည်။ ထို့ကြောင့်သူက မည်မျှဒေါသထွက်နေကြောင်း မြင်နိုင်သည်။
အားပါးသည်လည်း တိုက်ပွဲနယ်မြေတွင် ထိုအမူအရာကို ထုတ်မပြခဲ့ချေ။ သို့သော် အဆုံးသတ်သွားသည်နှင့် သူ့ကိုယ်သူ မချုပ်ထိန်းနိုင်တော့ချေ။
အာရေးဗီးယား၏ ပြိုင်ဘက်ကင်း မာမဲ့လုများကို အဆင့်မြင့်ဘုန်းတော်ကြီးက ထောက်ပံ့ပေးထားသော ဥက္ကာပျံ ကြယ်စင်သတ္ထုတုံးများ ဖားရ ချည်စက်ကွင်းများနှင့်ပင် မဟာထန်၏ ဝူရှန်းမြင်းတပ်ကို တစ်သုတ်တည်းနှင့် ရှုံးသွားသည်။ အားပါးကိုယ်တိုင်ကပင် ထိုကဲ့သို့သော ကိစ္စမျိုးကို မယုံကြည်နိုင်ချေ။
မာမဲ့လုများ၏ ပြိုင်ဘက်ကင်းသည်ဆိုသော ရွှေရောင်ဂုဏ်သတင်းက ကွဲအက်သွားသည်။ ဒါဟာ အာရေးဗီးယားနှင့် မာမဲ့လုများကို အဆုံးစွန်ထိ အရှက်ခွဲခြင်းဖြစ်သည်။
“အရှင် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်တို့ သတိလက်လွတ်ဖြစ်သွားတယ်။ ကျွန်တော်တို့ကို ဒီလိုမျိုး လှည့်ကွက်ဆင်မယ်လို့ မထင်ထားဘူး”
ဖိုင်ဆယ်နှင့် အခြားသော မာမဲ့လုခေါင်းဆောင်များက ခေါင်းကိုငုံ့လိုက်ကြသည်။ သူတို့က ကြောက်လန့်နေကြ၏။ သူတို့သည်လည်း သဘာဝအလျောက်ပင် ဒီတိုက်ပွဲတွင် မည်သို့ရှုံးသွားကြောင်း နားလည်သည်။ သို့သော် ဝူရှန်းမြင်းတပ်လေးထောင်က သူတို့မမျှော်လင့်ထားသော ပုံစံမျိုးနှင့် တိုက်ခိုက်လာကြခြင်းဖြစ်သည်။ ယခုအချိန်ထိ ဖိုင်ဆယ်ကိုယ်တိုင်ကပင် ထိုချောင်းမြောင်းတိုက်ခိုက်သည့် အကွက်မှ အံ့အားသင့်မှုကို မဖယ်ရှားနိုင်သေးချေ။
“မျိုးမစစ်ကောင် မင်းကငြင်းချင်သေးတယ်”
အားပါး၏မျက်နှာက ဒေါသကြောင့် နီရဲသွားသည်။
“အသုံးမကျတဲ့အမှိုက်”
အေးစက်ပြီး ခံစားချက်မဲ့သောအသံက ရွက်ဖျင်တဲအတွင်း ဟိန်းထွက်သွားပြန်သည်။ ထိုမှတ်ချက်က အားပါး၊ ဖိုင်ဆယ်နှင့် အခြားသော မာမဲ့လုတိုင်းကို မျက်နှာထားများ တင်းမာသွားစေသည်။
အားပါးက သူ၏လူများကို ဆုံးမနေသော်လည်း ဒါဟာ မာမဲ့လုများအကြားမှ အတွင်းရေးကိစ္စဖြစ်သည်။ အားပါး၏ အာရေးဗီးယားအင်ပါယာရှိ အဆင့်အတန်းကြောင့် အပုမူစလင်ကပင် ထိုကဲ့သို့သော စကားမျိုးကို မပြောရဲချေ။ ဒါဟာ အားပါးနှင့် မာမဲ့လုများကို အရှက်ခွဲခြင်းဖြစ်သည်။ သံသယဝင်ရန် မလိုလောက်အောင်ပင် ဒါဟာ ဉာဏ်မရှိသော ဆုံးဖြတ်ချက်ဖြစ်သည်။ သို့သော် အားပါးနှင့် ဖိုင်ဆယ်တို့ကလည်း ထိုစကားများကို ပြောသောလူကို မြင်လိုက်သည့်အခါတွင်မူ သူတို့၏ဒေါသများက ပျောက်ကွယ်သွားသည်။ သူတို့၏မျက်နှာကလည်း တိတ်ဆိတ်ကာ လေးစားမှုသာ ကြီးစိုးလာသည်။
“ချွီထေပါး”
အာရပ်၏ စစ်နတ်ဘုရားလည်းဖြစ်သလို စစ်အစိုးရများထဲတွင်ပင် အင်အားအကြီးဆုံးဖြစ်သော ချွီထေပါးသည် မာမဲ့လုများ၏အရှေ့တွင် ရပ်နေသည်။ မည်သူကမှသူ့ကို ပြန်မငြင်းနိုင်ကြဘဲ အကြောင်းပြချက်က ရိုးရှင်းသည်။ ဆိုလိုတာက မည်သူကမှ သူ့ကို မနိုင်သောကြောင့်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အပုမူစလင်ကပင် ထရပ်လာပြီး ဖြန်ဖြေပေးသည်။
“ချွီထေပါး အခုအခြေအနေက အချင်းချင်းကို အပြစ်တင်ရမှာမဟုတ်ဘူး။ မဟာထန်ဘက်က ရရှိနေတဲ့ တပ်ကူတစ်သုတ်ပြီးတစ်သုတ်က အရင်အသုတ်တွေထက် အင်အားကြီးမားနေတယ်။ နောက်ဆုံးမှာပေါ်လာတဲ့ အဲ့ဒီမြင်းတပ်အဖွဲ့တွေက ဖွင့်ဟခြင်းစစ်တပ်ကိုတောင် ယှဉ်နိုင်တာကို မင်းမြင်တာပဲမဟုတ်လား။ ငါ့အထင် မဟာထန်ရဲ့ ဧကရာဇ်ကလည်း သူရဲ့အင်အားအကြီးဆုံး အင်အားစုကို ပို့လိုက်တာဖြစ်လောက်တယ်။ ဒါပေမဲ့ဒါက ငါတို့အတွက် သတင်းကောင်းမဟုတ်ဘူး”
ဖွင့်ဟခြင်းစစ်တပ်သည် ချွီထေပါး၏ အင်အားအကြီးဆုံး လက်ရွေးစင်စစ်တပ်ဖြစ်သလို အာရေးဗီးယား အင်ပါယာတွင် အင်အားအကြီးဆုံးလည်းဖြစ်သည်။ အပုမူစလင်ကလည်း ထိုအချက်ကို ဝန်ခံရသည်။
ဖွင့်ဟခြင်းစစ်တပ်နှင့် ရင်ဆိုင်ရသည့် မည်သည့်စစ်တပ်ကမဆို ဖိနှိပ်ခံရနိုင်သည်။ သို့သော် ထိုစစ်တပ်ကို ယှဉ်နိုင်ကတည်းက တစ်ဖက်စစ်တပ်ကလည်း သာမာန်အင်အားစု မဟုတ်နိုင်တော့ချေ။ အနည်းဆုံး အန်းရှီကာကွယ်ရေးစစ်တပ်၏ သံမဏိမြို့ရိုးစစ်တပ်က ထိုကဲ့သို့သောအင်အားမျိုးကို မပိုင်ဆိုင်ထားပေ။ အပုမူစလင်သည်လည်း မဟာထန် ဧကရာဇ်ကသာ ထိုကဲ့သို့သော အင်အားစုမျိုးကို ပိုင်ဆိုင်နိုင်ကြောင်း နားလည်သည်။
တာလာ့ရှိတိုက်ပွဲက နှစ်ဖက်လုံး မရေမတွက်နိုင်သည့် တပ်ဖွဲ့များကို စေလွှတ်ရင်းနှင့် မရေမတွက်နိုင်အောင် ကြာညောင်းနေခဲ့ပြီဖြစ်သည်။ မဟာထန်ဧကရာဇ်က နောက်ဆုံးတွင် လှုပ်ရှားလိုက်ပုံပေါ်သည်။ အပုမူစလင်၏ စကားလုံးများက ရွက်ဖျင်တဲတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။ ချွီထေပါးကိုယ်တိုင်လည်း တည်ငြိမ်သွားသည်။
“အခုလက်ရှိ အလျင်စလို လုပ်ရမဲ့တာဝန်က မဟာထန်တွေကို ဘယ်လိုအလဲထိုးမလဲ စစ်အင်အားစု တစ်ခုလုံးကို ဘယ်လိုသုတ်သင်မလဲဆိုတာကို ဆွေးနွေးရမှာ။ အဲ့ဒီလိုနဲ့ အရှေ့ပိုင်းနယ်မြေကြီးတစ်ခုလုံးကို ငါတို့က ထိုးဖောက်ပြီး အုပ်စိုးရမယ်။ အရှင်ဧကရာဇ် ကာလစ်က ငါတို့ဆီကသတင်း စောင့်နေတာကို မမေ့နဲ့”
အပုမူစလင်က ခပ်တင်းတင်းပြောသည်။
အစိုးရအော့စမန်းက ရုတ်တရက်ဝင်ပြောသည်။ သူ၏အမူအရာက တင်းမာနေသည်။
“ဒါပေမဲ့ သူတို့က သံမဏိမြို့ရိုးတွေကြားမှာ ဆက်တိုက် ပုန်းနေဦးမယ်ဆိုရင် ငါတို့ကလည်း ငါတို့ရဲ့ စစ်သားတွေရဲ့ အင်အားအပြည့်အဝ ထုတ်သုံးဖို့ခက်ခဲနေဦးမှာပဲ။ ငါတို့က ပမာဏဘယ်လောက်ပို့ပို့ ဒီတိုင်းပဲဖြစ်နေလိမ့်မှာ။ အဲ့ဒါတွေအပြင် သူတို့ဆီမှာ ငါတို့ထက်ပိုပြီး အဆင့်မြင့်တဲ့ ထိပ်တန်းအဆင့် စစ်သားတွေ ပိုများနေတယ်”
သူ၏အမိန့်အောက်တွင် ထိပ်တန်းအဆင့်စစ်တပ် အဖွဲ့အစည်းနှစ်ခုရှိပြီး ခေါင်းဖြတ်သူစစ်တပ်နှင့် တိုင်ပါစစ်တပ်ဖြစ်သည်။ အင်အားစုနှစ်ခုလုံးက ဒီတိုက်ပွဲတွင် အများကြီးဆုံးရှုံးသွားသည်။ အော့စမန်းကိုယ်တိုင်ကလည်း ဒီအခြေအနေကို မမျှော်လင့်ဖူးချေ။ သူဘုတ်ပေါ်သို့ တင်ထားပြီးသော ရှပ်အပိုင်းအစတစ်ခုက မမျှော်လင့်ထားစွာပင် ဦးတည်ရာဘက်ပြောင်းသွားသည်။ အာရပ်များ၏ မောက်မာထောင်လွှားမှုက ကျုံ့သွားရသည်။ ရည်မှန်းချက်ကြီးသော အော့စမန်းကိုယ်တိုင်ကပင် သူမကြုံဖူးသော အခြေအနေမျိုးကို ကြုံနေရကြောင်း လက်ခံရသည်။
“ထန်တွေက မြို့ရိုးနောက်မှာ ထာဝရပုန်းမနေနိုင်ပါဘူး။ ဒီစစ်ပွဲက မာကြောလွန်းတဲ့ သံမဏိမြို့ရိုး အနည်းငယ်လောက်နဲ့ ငါတို့ကို မတားနိုင်ဘူး”
အပုမူစလင်ကပြောသည်။ သူကခေါင်းကိုမော့ပြီး လူအုပ်ကိုတစ်ချက်ကြည့်သည်။
“ချွီထေပါး ငါတု့ိအခုရထားတဲ့ အကြီးမားဆုံးသော အားသာချက်က သူတို့ထက် အရေအတွက် အပြတ်အသပ် သာနေတာပဲ။ အထူးသဖြင့် မဟာဗိုလ်ချုပ်တွေ ဒါက ငါတို့ရဲ့အင်အားစုဘက်က သူတို့ကို အလဲထိုးနိုင်တယ်လို့ မျှော်လင့်ချက်ရှိစေတယ်။ ဒါပေမဲ့ မနက်ဖြန် မင်းငါနဲ့ပူးပေါင်းဖို့လိုအပ်တယ်”
အခန်း(၁၀၉၄)
ချွီထေပါးရဲ့အမိန့်
လူတိုင်းသည် သူတို့၏ကိုယ်ပိုင်မျက်လုံးဖြင့် ချွီထေပါး၏ ခွန်အားကို မြင်ပြီးကြလေပြီး သူ၏ကိုယ်ထဲမှ ထွက်လာသော ဓားချည်တစ်စင်းကတင် သံမဏိမြို့ရိုး ထောင်ပေါင်းများစွာကို လွင့်ပျယ်သွားစေနိုင်ပြီး ကျန်သောအာရပ်စစ်တပ် တစ်ခုလုံးအတွက် ဟာကွက်ဖွင့်ပေးနိုင်ကြောင်း မြင်ထားသည်။ ထို့ကြောင့် မဟာထန်ကို အလဲထိုးရန် အခွင့်အရေးကြီးရှိနေသည်။
ချွီထေပါးသည် ရွှေရောင်သံချပ်ကာအောက်တွင် တည်ငြိမ်စွာ ထိုင်နေသည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာကို မြင်နိုင်ရန် ခက်ခဲသည်။ သို့သော် လူတိုင်းကလည်း သူငြင်းမည်ဟု ယုံကြည်ထားကြသည်။ သို့သော် ထိုအချိန်တွင် တစ်ဖက်မှ အာရေးဗီးယားစစ်နတ်ဘုရားက ရှားရှားပါးပါး ခေါင်းညိမ့်လာသည်။
“ကောင်းပြီ ဒါပေမဲ့ မင်းတို့ထဲက ဘယ်သူကမှ ထန်တွေနဲ့အတူရှိတဲ့ အဲ့ဒီအနက်ရောင်ဝတ်စုံနဲ့ အဘိုးကြီးကိုမထိနဲ့။ ဒီလူက ငါ့ရဲ့လက်အောက်မှာပဲ သေရမယ်”
လူတိုင်းက သူ၏တောင်းဆိုချက်ကြောင့် မှင်သက်သွားကြသည်။ သူတို့သည်လည်း ခပ်မြန်မြန် နားလည်သွားကြ၏။ ချွီထေပါးသည် အာရေးဗီးယားဘက်မှ အင်အားအကြီးဆုံး အစိုးရဖြစ်သလို အပုမူစလင်ကပင် သူ့ကိုယှဉ်ရန် ခက်ခဲသည်။ သို့သော် တာလာ့တွင် သူ့ကိုယှဉ်နိုင်သော လူတစ်ယောက်က ပေါ်လာသည်။ ဒါက အရှေ့ပိုင်းမှ အကြီးအကဲကြီးဖြစ်သည်။ ဒါဟာ မောက်မာလွန်းသော ချွီထေပါးအတွက် လက်မခံနိုင်သောအချက်ဖြစ်သွားသည်။
ချွီထေပါးသည် အပုမူစလင်၏ တောင်းဆိုချက်ကို လက်ခံပေးချိန်တွင် လျို့ဝှက်ဆန်းကြယ်သော အဘိုးကြီးကို သတ်လိုစိတ်က ပို၍ပြင်းထန်လာသည်။ မည်သူကမှလည်း ရူးသွပ်ပြီး ထိုအဘိုးကြီးကို မသတ်နိုင်ကြချေ။ ထို့ကြောင့် သူ၏တောင်းဆိုချက်က အနည်းနှင့်အများ ပြည့်မှီပြီးသားဖြစ်သည်။
“နောက်ထပ်ကိစ္စတစ်ခု ရှိနေသေးတယ်”
ထိုအချိန်တွင် ကျစ်ရကဝင်ပြောသည်။ သူကလူတိုင်း၏အာရုံကို ဆွဲဆောင်သွား၏။ အပုမူစလင်၊ အားပါးနှင့် အော့စမန်းတို့ကပင် အံ့ဩသွားသည်။
“တိဗက်တွေနဲ့ အနောက်ပိုင်းတူရကီတွေက ဒီတိုင်းဆက်နေလို့ မဖြစ်တော့ဘူး။ ဒီတိုက်ပွဲမှာသူတို့က စစ်တပ်တစ်ဖွဲ့စီ စေလွှတ်ခဲ့ပေမဲ့ အခြားစစ်သားတွေကို မပို့လွှတ်ခဲ့ဘူး။ ငါတို့ရဲ့ အာရေးဗီးယား အင်ပါယာက စစ်သည်နှစ်သိန်းကျော် ဆုံးရှုံးသွားတယ်။ တိဗက်နဲ့ တူရကီတွေကတော့ နှစ်သောင်းလောက်ပဲ ဆုံးရှုံးသွားတယ်။ သူတို့က ငါတို့နဲ့ မဟာမိတ်ဖွဲ့ပြီး ငါတို့သိမ်းပိုက်ပြီး ရလာမဲ့ အသီးတွေကို စားချင်တယ်ဆိုကတည်းက ငါတို့နောက်မှာ ပုန်းနေလို့တော့ ဘယ်ရနိုင်ပါ့မလဲ။ သူတို့က အကျိုးအမြတ်ကို ရိတ်သိမ်းလိုရင် ရှေ့တန်းမှာ ပေါ်လာရမယ်”
ကျစ်ရက ထိုသို့တင်းမာစွာပြောသည်။
အရှေ့ပိုင်း၏ လက်ထောက်အစိုးရဖြစ်သည့် ကျစ်ရသည်လည်း တိဗက်များနှင့် တူရကီများကို မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ ဒီတစ်ကြိမ်မှသာ သူက ထုတ်ပြောလာခြင်းဖြစ်သည်။ ဒီတိုက်ပွဲ၏ ပထမတစ်သုတ်တွင် တိဗက်နှင့် အနောက်ပိုင်းတူရကီများကသာ အာရပ်များနှင့်ပူးပေါင်းပြီး နောက်တန်းမှ တိုက်ခိုက်ခဲ့မည်ဆိုလျှင် ယခုအခြေအနေက ခြားနားသွားလောက်သည်။ ကျစ်ရနှင့် အပုမူစလင်ကလည်း တာလာ့ကို သိမ်းပိုက်ပြီးလောက်သည်။
အပုမူစလင်က တိတ်နေသည်။ သူ၏မျက်ဝန်းအတွင်း လွန်ဆွဲနေသည့် အကြည့်တစ်မျိုးကရှိသည်။ အပုမူစလင်က နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချပြီး ခိုင်မာစွာကြေညာလိုက်သည်။
“သူတို့ကို အကြောင်းကြားလိုက် ငါတို့ မင်းအကြံပြုတဲ့အတိုင်းလုပ်မယ်”
ဒါကသာ သူ့ကိုနိုင်စေမည်ဆိုလျှင် အပုမူစလင်ကလည်း အကျိုးဆက်ကို ဂရုမစိုက်နိုင်တော့ချေ။
......
“ထန်တွေက အင်အားကြီးလွန်းတယ်။ မဟာထန်ရဲ့ ဧကရာဇ်က ဒီနယ်မြေကို သတိထားနေတဲ့ပုံပဲ။ သူက ထုံလော့မြင်းတပ်ကိုတောင် ပို့လိုက်တယ်။ ဒီထက်နည်းနည်းဆိုးသွားရင် ဧကရာဇ် ကိုယ်တိုင်တောင် ပါလာနိုင်တယ်”
အာရပ်နှင့် အလွန်ဝေးကွာသော တစ်နေရာတွင် သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့၊ တုဝူစစ်လီနှင့် အခြားသောအရာရှိတိုင်းက စုစည်းနေကြသည်။ မဟာထန်၏ သူတော်စင်ဧကရာဇ်အကြောင်း ပြောသောအခါ ဟော်ပါးစမ်းယဲ့က ရှားပါးစွာပင် လေးစားမှုကို ပြသသည်။
မဟာထန်တွင် ဧကရာဇ်က ဧကရာဇ်မျှသာမဟုတ်ချေ။ ဟော်ပါးစမ်းယဲ့ကလည်း ဗဟိုပြင်ကျယ်ကြီး တစ်ခုလုံး၏ အင်အားအကြီးမားဆုံးသော ပုဂ္ဂိုလ်က အင်ပါယာ မဟာဗိုလ်ချုပ်များမဟုတ်သလို ပုန်းကွယ်နေသည့် ပုဂ္ဂိုလ်တစ်ယောက်ယောက်လည်း မဟုတ်ချေ။ ထိုအစား မဟာထန်၏ တော်ဝင်နန်းတွင်း အတွင်း ပုန်းကွယ်နေသည့် သူတော်စင်ဧကရာဇ်သာဖြစ်သည်။ သူတော်စင်ဧကရာဇ်ဆိုသော ဘွဲ့နာမည်က ဗဟိုပြင်ကျယ်ကြီး တစ်ခုလုံးရှိ သူ၏အဆင့်အတန်းကို ကြည့်ရှု့နိုင်ရန်လုံလောက်သည်။ ဒါဟာ အရှေ့ပိုင်းတစ်လောကလုံးကို အုပ်စိုးနိုင်သည့် သူတော်စင်ဧကရာဇ်ဖြစ်သည်။
မည်သို့ပင်ဆိုစေ မဟာထန်၏ ခမ်းနားထည်ဝါသော ရွှေခေတ်ကို သူတော်စင်ဧကရာဇ်ကလွဲပြီး မည်သူကမှ မသွန်းလုပ်နိုင်ချေ။ ထိုလူကသာ တာလာ့တွင် ပေါ်လာလျှင် တိုက်ပွဲနယ်မြေတစ်ခုလုံး၏ အခြေအနေက ခြားနားသွားပေလိမ့်မည်။
“ဒီလိုကိစ္စတွေကို စိုးရိမ်မနေနဲ့ အရှင်သခင်တစ်ပါးက တိုက်ပွဲနယ်မြေထဲကို အလွယ်တကူ မဝင်ရောက်နိုင်ဘူး”
ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက်ပြောသည်။
“ငါတို့က အနောက်တောင်ပိုင်းမှာ ရှိနေတဲ့အချိန်မှာ ခဲ့လော့ဖုန်းက ရင်းနှီးထားရတဲ့ အခြေအနေမျိုးကြောင့်သာ မဟုတ်ရင် ဒီလောက်ထိ ရှုံးသွားမှာမဟုတ်ဘူး။ မာန်ရှဲ့ကျောင်းက မဟာထန်နဲ့ ဆန့်ကျင်ဘက်ကို ရောက်နေတဲ့ အခြေအနေအပြင် လျော်ကြေးကြီးကြီးမားမား ပေးဆောင်ဖို့ရှိနေတယ်။ ဒီအတွက်ကြောင့်ပဲ ဒီလိုအခြေအနေမျိုးက ဖြစ်လာတာ။ ငါတို့အခု အရင်ဦးဆုံးလုပ်ရမှာက ဒီတိုက်ပွဲကို ဖြေရှင်းဖို့ပဲ”
ဟော်ရှု့ဟွေ့ခမ်းက သာ့လွန်ရော့ကျန်းကို လှည့်ကြည့်သည်။ သူ၏မျက်ဝန်းအတွင်း စိုးရိမ်မှုများက တောက်လောင်လာသည်။
“မဟာအမတ်မင်း တိုက်ပွဲက ဆိုးဆိုးရွားရွား ရှုံးသွားတယ်။ ငါ့အထင် အာရပ်တွေက သူတို့ရဲ့ဒေါသကို ငါတို့အပေါ် ပုံချလိမ့်မယ်”
သာ့လွန်ရော့ကျန်းက ဘာစကားမှမဆိုချေ။ သို့သော် သူတို့၏မျက်ဝန်းက တူညီသောစိုးရိမ်မှုဖြင့် တောက်ပနေသည်။ သူသည်လည်း ဟော်ရှု့ဟွေ့ခမ်းနှင့် ပတ်သတ်ပြီး ထိုအချက်ကို သဘောတူသည်။
ချွီထေပါးနှင့် အခြားသော အာရပ်မဟာဗိုလ်ချုပ်နှစ်ယောက်က တာလာ့ကို ရောက်လာပြီးချိန်ကတည်းက ယွီစန်းနှင့်အာရပ်အကြားရှိ ဆက်ဆံရေးက ပို၍ရှုပ်ထွေးလာသည်။ ပို၍ဆိုးသည်မှာ သာ့လွန်ရော့ကျန်းသည်လည်း တိုက်ပွဲနယ်မြေကို အာဏာအပြည့်အဝ ပိုင်ဆိုင်ထားသောသူက အပုမူစလင်ထံမှတစ်ဆင့် စကားပြောရခက်လောက်မည့် ချွီထေပါးဖြစ်သွားကြောင်း သိနေလေသည်။
ဆိုလိုသည်မှာ ယွီစန်းနှင့် အာရပ်အကြားရှိ မဟာမိတ်က ယခင်ကလောက် ခိုင်မာခြင်းမရှိတော့ချေ။ ထို့ကြောင့် အမျိုးမျိုးသော အချက်အလက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်။
“ဒီလိုအခြေအနေမျိုးတွေကို တွေးတောနေဖို့ အချိန်မရှိသေးဘူး။ ငါတို့ရဲ့ အာရပ်တွေနဲ့ မဟာမိတ်က ငါတို့နိုင်မှပဲ အဓိပ္ပာယ်ရှိလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင် ယွီစန်းက မဟာထန်နဲ့ ပတ်သတ်ပြီး မျှော်လင့်ချက် မရှိနိုင်တော့ဘူး”
သာ့လွန်ရော့ကျန်းက ခပ်တင်းတင်းသတိပေးသည်။
အခြေအနေက မည်မျှရှုပ်ထွေးနေစေကာမူ သာ့လွန်ရော့ကျန်းအနေနှင့် ဝရုန်းသုန်းကား အခြေအနေအတွင်းမှ အရေးပါဆုံးသော သတင်းအချက်အလက်များကို ရအောင်စုပ်ထုတ်နိုင်သေးသည်။
“မင်းတို့တွေ သတိထားမိလားတော့မသိဘူး။ ဒါပေမဲ့ ဒီစစ်ပွဲမှာ အာရပ်တွေပိုင်ဆိုင်ထားတဲ့ အကြီးမားဆုံးသော အားသာချက်က သူတို့ရဲ့ပြင်းထန်တဲ့ အင်အားဖြစ်တဲ့ လက်ရွေးစင် စစ်သည်တော်တွေ မဟုတ်ဘဲ စစ်အစိုးရချွီထေပါးပဲ။ စစ်သည်တော်တွေအားလုံးက သူ့ကို အရမ်းကို လေးစားတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ သူက ဒီလူတွေအားလုံးရဲ့ စိတ်ဓာတ်အင်အား အုတ်မြစ်ပဲ။ ဒါပေမဲ့ ချွီထေပါးကတော့ ပြိုင်ဘက်ရှိနေတယ်”
ထိုအချိန်တွင် သာ့လွန်ရော့ကျန်းက တုစုန့်မာန်ဖော်ကျဲ့ကို နက်နဲစွာကြည့်သည်။
ထိုအကြီးအကဲနှစ်ယောက်၏ နောက်ခံကို မည်သူကမှ မသိလောက်ချေ။ သာ့လွန်ရော့ကျန်းနှင့် အခြားသောလူများက ပထမဦးဆုံးအကြိမ် တွေ့မိခြင်းဖြစ်သည်။ တိဗက်များက စုဟန်ရှန်း ဦးဆောင်ခေါ်လာသော မဟာထန်၏တပ်ကူများကို တိုက်ခိုက်ခဲ့သောအခါမှသာ တွေ့ဆုံခြင်းဖြစ်လောက်သော်လည်း တုစုန့်မာန်ဖော်ကျဲ့ကမူ တတိယအကြိမ်မှ တွေ့ဆုံခြင်းဖြစ်သည်။
တုစုန့်မာန်ဖော်ကျဲ့က ဘာစကားမှမဆိုချေ။ သို့သော် သူ၏မျက်မှောင်က ကျုံ့နေသည်။ သူကလည်း ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး ခေါင်းကိုက်နေပုံရသည်။
သူသည်လည်း သာ့လွန်ရော့ကျန်း ရည်ညွှန်းလိုသော အရာကိုသိသည်။ တြိဂံပုံမြေကွက်လပ်က တိုက်ပွဲတွင် ထိုအကြီးအကဲနှစ်ယောက်က တုစုန့်မာန်ဖော်ကျဲ့ကို ထွက်ပြေးအောင် တွန်းအားပေးနိုင်ခဲ့သည်။ စစ်တပ်တစ်ခုလုံးကလည်း ရှင်းလင်းခံခဲ့ရ၏။ ယွီစန်း၏ မြောက်ပိုင်းနယ်မြေ တစ်ခုလုံးကလည်း ထိုအကြောင်းအရာကိုသိသည်။ ထို့ပြင် စစ်သည်တော်များ ကုန်ဆုံးသွားသည်အထိ ဖြစ်သွားခဲ့ရပြီး မဟာထန်ကို မည်သည့်နည်းနှင့်မျှ မခုခံနိုင်ခဲ့ချေ။ သူတို့က တောင်ပေါ်ဒေသသို့ ကျူးကျော်လာသည့် ဖြစ်ရပ်ကိုသာ ထိုင်ကြည့်နေခဲ့ရသည်။
တုစုန့်မာန်ဖော်ကျဲ့သည်လည်း ယခုတစ်လော ထိုလူများက စစ်မြင်းများကို မွေးမြူရန်အတွက် ကြီးမားလွန်းသော တိုင်းပြည်ကြီးကို တည်ဆောင်နေကြောင်း ကြားထားသည်။ ဒါဟာ တောင်ပေါ်ဒေသ၏ သိန်းငှက်ကဲ့သို့ မာနကြီးလွန်းသောသူ့ကို အရှက်ခွဲခြင်းဖြစ်သည်။ သူသည် အရှက်ကို မဆေးကြောနိုင်ခဲ့ချေ။
အချိန်အတန်ကြာပြီးနောက် တုစုန့်မာန်ဖော်ကျဲ့က ခံစားချက်များကို ထိန်းချုပ်ပြီးပြောလိုက်သည်။
“ဒီလူကိုငါ့ရဲ့တာဝန်ထားလိုက်။ အနာဂတ်မှာ ချွီထေပါးကို မည်သူကမှ မတားနိုင်စေရဘူး”
တက် တက် တက်
ထိုအခိုက်အတန့်တွင် ရွက်ဖျင်တဲ၏ တိတ်ဆိတ်မှုကို လေးလံသည့် ခြေလှမ်းသံများက ဖြိုခွဲလိုက်သည်။ သိပ်မကြာခင် အာရပ်ဘာသာစကားနှင့် အသံတစ်သံက ထွက်လာသည်။
“ယွီစန်းရဲ့မဟာအမတ်မင်း သာ့လွန်ရော့ကျန်းရှိပါတယ်လား”
ထိုအသံက အာရပ်များအတွက်ပင် ထူးခြားသည်။ သာ့လွန်ရော့ကျန်းကလည်း အနည်းငယ် အံ့ဩသွားပြီး ပြောလိုက်သည်။
“ဝင်လာခဲ့ပါ”
မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးထူထူနှင့် အာရပ်အစောင့်တစ်ယောက်က ဝင်လာသည်။ သူက သိန်းငှက်တစ်ကောင်လို မျက်ဝန်းနှင့် နှာတံမြင့်သည်။ ထိုအာရပ်အစောင့်က လိုရင်းကိုသာ တန်းပြောသည်။
“မဟာအမတ်မင်း အရှင်အစိုးရက မနက်ဖြန်တိုက်ပွဲမှာ ယွီစန်းဘက်က စစ်သည်တော်တွေ ပိုထည့်ပေးသင့်ပြီး ကောင်းကောင်းပူးပေါင်းသင့်တယ်လို့ ပြောပါတယ်”
ဝုန်း
သာ့လွန်ရော့ကျန်းက ထိုစကားများကို သေချာနားလည်လိုက်သည်။
“အာရပ်တွေက ဘာပြောတာလဲ”
တုဝူစစ်လီက ရုတ်တရက်မေးသည်။
သာ့လွန်ရော့ကျန်းက တုန့်ဆိုင်းမနေဘဲ အစောင့်များနှင့် စကားတိုင်းကို ပြောပြသည်။ ချက်ချင်းဆိုသလို ရွက်ဖျင်တဲအတွင်းရှိ စိတ်အခြေအနေက ပြောင်းလဲသွားသည်။ ဟော်ရှု့ဟွေ့ခမ်းကပင် ဒေါသထွက်သွားပုံပေါ်သည်။ သူသည်လည်း အာရပ်များက သူ့ကို ဒေါသပုံချနေကြောင်း သိသည်။ သို့သော် ထိုမျှမြန်ဆန်မည်ဟု မထင်ထားခဲ့ပေ။ အာရပ်များက တိဗက်များအား ရှေ့ပြေးတပ်အဖြစ် သုံးလိုသည်။ သူတို့ကို အသေခံတပ်သားအဖြစ် သုံးလိုခဲ့သည်။
သာ့လွန်ရော့ကျန်းက ပြန်မဖြေနိုင်ခင် သာ့ယန်အစုန့်ရုန်ကပြောသည်။
“အဲ့ဒီမျိုးမစစ်တွေ လွန်ကဲလွန်းတာပဲ”
သာ့ယန်ကလန်၏ ငယ်ရွယ်သော ပါရမီရှင် သာ့ယန်အစုန့်ရုန်က သာ့လွန်ရော့ကျန်း၊ တုစုန့်မာန်ဖော်ကျဲ့၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုဝူစစ်လီနည်းတူ အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် အာရပ်များ၏ တောင်းဆိုမှုကမူ လွန်ကဲလွန်းသည်ဟု ခံစားရသည်။
“ဟား ဟား မဟာအမတ်မင်း ငါသူ့ကိုသတ်ဖို့လိုလား”
ရုတ်တရက် ကြမ်းတမ်းဩရှသော မိစာ္ဆဆန်သည့်အသံက ထွက်လာသည်။ ထိုလူသည် ရာလွန်တော်ဝင်တပ်ရင်းမှ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး တာ့မာတာ့ရီမော့ဖြစ်သည်။ သူသည် ခါးတွင်ထိုးထားသည့် ရွှေရောင်ဗုဒ္ဓဓားမြောင်လေးကို တစ်ချက်ပုတ်လိုက်ပြီး ရယ်မောလေသည်။ သူ၏အကြည့်ကမူ ဓားသွးအလား ထက်ရှသွားလေပြီး သတင်းစာပို့သည့် အာရပ်အစောင့်ကို စဉ်းနီတုံးပေါ်တင်ထားသည့် အသားတုံးတစ်တုံးလိုကြည့်သည်။
“မျိုးမစစ်ကောင် မင်းကဘာလုပ်ဖို့ ကြံစည်နေတာလဲ”
တောင့်တင်းသန်မာသော အာရပ်အစောင့်ကအော်သည်။ သူက ထိုလူများ၏ ဘာသာစကားကို နားမလည်သော်လည်း တာ့မာတာရီမော့၏ အကြည့်အရ ရက်စက်လိုစိတ်ကို သိလိုက်သည်။
“တာ့မာတာ့ရီမော့ ရပ်”
ဟော်ရှု့ဟွေ့ခမ်းက ချက်ချင်းတားသည်။ တာ့မာတာ့ရီမော့က သူကြားဖူးသည့်အတိုင်း လွှမ်းမိုးနိုင်စွမ်း ပြင်းထန်ကာ ရက်စက်ကြမ်းတမ်းသည်။ အခုအခါ အတွင်းပိုင်းထိုးနှက်ချက် စတင်ရန် အချိန်မကျသေးချေ။
“ဟား ဟား မဟာဗိုလ်ချုပ်ကြီးက ပြောလာမှတော့လည်း ငါက ဒီတိုင်း အသုံးမကျတဲ့ အမှိုက်ကောင်ကို အသက်ရှင်ခွင့်ပြုလိုက်ပါ့မယ်”
တာ့မာတာ့ရီမော့က ထိုသို့ကောက်ကျစ်စွာ ရယ်သည်။
ဟော်ရှု့ဟွေ့ခမ်းသည် ရာလွန်မဟာဗိုလ်ချုပ်ကြီး နရီစုန့်ထျန်းနှင့် ပုံမှန်မဟုတ်သည့် ရင်းနှီးမှုမျိုးရှိသည်။ ပို၍ဆိုးသည်မှာ တောင်ပေါ်ဒေသအတွင်းရှိ လူတိုင်းကလည်း ဟော်ရှု့ဟွေ့ခမ်း၏ ယွီစန်းအပေါ် သစ္စာရှိမှုကို သိထားကြသည်။ တာ့မာတာ့ရီမော့ကပင် အလွန်အမင်း ရက်စက်ကြမ်းတမ်းသော လူဖြစ်မည်ဆိုလျှင်ပင် ကျော်ကြားကာ သစ္စာရှိလှသည့် ထိုမဟာဗိုလ်ချုပ်ကြီးကို လေးစားလေသည်။
သာ့လွန်ရော့ကျန်းက လက်ကိုခပ်မြန်မြန် ယမ်းပြလိုက်ပြီး အစောင့်ကို ပြန်သွားစေလိုက်သည်။ ရွက်ဖျင်တဲတစ်ခုလုံးက ပို၍တိတ်ဆိတ်သွားသည်။ လူတိုင်းက သာ့လွန်ရော့ကျန်းကိုသာ ကြည့်ကြသည်။
အာရပ်များက တိဗက်များအတွက် အထွန့်တက်ချက်ကို ဖော်ပြလာသည်။ ထိုအချက်ကတစ်ဆင့် လူတိုင်း၏ အခြေအနေကို သိနိုင်သည်။ သူတို့က တူညီသော ဘာသာစကားကို မပြောသော်လည်း ဒီနေ့တိုက်ပွဲ၏ဆုံးရှုံးမှု ကြီးမားစွာ ခံစားရပြီးနောက် အာရပ်များက မမျှော်လင့်ထားစွာပင် သူတို့၏ ညပိုင်းအစည်းအဝေးပွဲတွင် တိဗက်နှင့် တူရကီများကို မဖိတ်ခေါ်ခဲ့ချေ။ အာရပ်များ၏ မကျေမနပ်ဖြစ်ကြောင်း ပြသမှုကတင် ထိုလူကို လွှတ်လာကတည်းက သိနေသည်။
အခန်း(၁၀၉၅)
နောက်တစ်ရက် နောက်ထပ်တိုက်ပွဲ
“မဟာအမတ်မင်း ငါတို့အခုဘယ်လိုလုပ်ကြမလဲ။ မနက်ဖြန်မှ အာရပ်တွေအတွက် ရှေ့ပြေးတပ်အဖြစ် လုပ်ဆောင်ပေးရမှာလား”
ဟော်ရှု့ဟွေ့ခမ်းက ရှေ့တစ်လှမ်းတိုးရင်းပြောသည်။
“ငါ့အထင် အကြီးမားဆုံး လုပ်ဆောင်ရမဲ့ကိစ္စက အပုမူစလင်ရဲ့ အမိန့်ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ပဲ။ ဒါက ချွီထေပါးရဲ့ ဒါမှမဟုတ် အော့စမန်းရဲ့ အမိန့်များဖြစ်နေမလား။ ငါတို့က အပုမူစလင်နဲ့ မဟာမိတ်ဖွဲ့ထားတာ။ ဒီအမိန့်က အာရပ်အစိုးရ တစ်ယောက်ယောက်ရဲ့ ပါးစပ်ကလာတာဆိုရင်တော့ အလေးအနက်ထားဖို့ မလိုလောက်ဘူး”
တုစုန့်မာန်ဖော်ကျဲ့က မှတ်ချက်ချသည်။ သူ၏အမူအရာက လေးနက်ပြီး မျက်လုံးက တွေးတွေးဆဆ ဖြစ်နေသည်။
“အခုက ဘယ်အစိုးရက အမိန့်ပေးလဲဆိုတာကို တွေးရမဲ့အချိန်တော့မဟုတ်ဘူး။ ဘယ်သူကပေးပေး အပုမူစလင်က အသိအမှတ်ပြုတာ ထင်ရှားနေတာပဲ။ အာရပ်တွေမှာ ဆုံးရှုံးမှု တအားများသွားတယ်။ ဒီတော့ သူတို့ကလည်း ငါတို့ကို တိုက်ပွဲထဲကို ဝင်စေချင်နေတယ်။ ဒီလိုမှ သူတို့ရဲ့ဆုံးရှုံးမှုကို ချေပနိုင်မှာကို။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ထူးဆန်းမနေပါဘူး။ ငါတို့ရဲ့ မဟာမိတ်အတွက် ငါတို့ရဲ့ ဘုံရန်သူကို အဆုံးသတ်နိုင်ဖို့အတွက်ကြောင့်နဲ့ ငါတို့က ဒီတစ်ကြိမ် တိုက်ပွဲနယ်မြေထဲကို မဝင်လို့မရဘူး”
သာ့လွန်ရော့ကျန်းက သက်ပြင်းချသည်။
လက်ရှိတိုက်ပွဲ၏ အခြေအနေက သာ့လွန်ရော့ကျန်း မူရင်းခန့်မှန်းထားသော အခြေအနေနှင့် ခြားနားနေသည်။ သာ့လွန်ရော့ကျန်းကလည်း မကျေမနပ်ဖြစ်နေသော အာရပ်များထက် မဟာထန်ကို ပို၍စိုးရိမ်မိသည်။
“ဟား ဟား သာ့လွန်ရော့ကျန်း မင်းက ဒီလိုသေးငယ်တဲ့ ကိစ္စလောက်နဲ့ အခက်အခဲကြုံရလိမ့်မယ်လို့ မထင်ထားဘူး”
တုဝူစစ်လီက ရယ်ရင်းရှေ့တိုးလာသည်။ သူ၏မျက်ဝန်းက ထက်ရှသောအလင်းဖြင့် တောက်ပလာသည်။
“အာရပ်တွေက မောက်မာတယ်။ သူတို့က ငါတို့ကို အထင်သေးနေတာပဲ။ ဒီတိုက်ပွဲထဲကိုဝင်ပြီး ငါတို့ရဲ့အင်အားကို ပြရအောင်။ မဟာထန်နဲ့ အာရေးဗီးယားက လောကရဲ့ အင်အားအကြီးဆုံး အင်ပါယာကြီးမှမဟုတ်တာ”
အခြားသောလူများနှင့် မတူသည်မှာ တုဝူစစ်လီကမူ အာရပ်များ၏အမိန့်ကို ဂရုစိုက်ပုံမရချေ။ အနှစ်ချုပ်ဆိုရသော် သူက မျှော်လင့်စောင့်စားနေပုံပေါ်သည်။
“စစ်သားတွေကို ရက်တစ်ထောင်လောက် လေ့ကျင့်ပေးထားတာက အချိန်အခိုက်အတန့် တစ်ခုအတွက်ပဲ။ မဟာအမတ်မင်းက ခက်ခဲတယ်လို့ထင်ရင် အနောက်ပိုင်းတူရကီကပဲ ရှေ့ပြေးတပ်အဖြစ် ဝင်ယူလိုက်ပါ့မယ်”
ယုံကြည်မှုရှိစွာ ကျုံးဝါးသည်။
ရွက်ဖျင်တဲတစ်ခုလုံးက တိတ်ဆိတ်သွားပြီး လူတိုင်းက တုဝူစစ်လီကို ကြည့်နေကြသည်။ သာ့လွန်ရော့ကျန်းကလည်း တုဝူစစ်လီကို တွေးတွေးဆဆ စိုက်ကြည့်လိုက်ပြီး နားလည်သွားသလို ဖြစ်သွားသည်။
.....
တစ်ညတာက လျှင်လျှင်မြန်မြန် ကုန်ဆုံးသွားသည်။ နေ့သစ်တစ်ရက်က ရောက်လာ၏။ ဝရုန်းသုန်းကား တိုက်ခတ်နေသော လေပြင်းများနှင့် အပူချိန်အပြင် တာလာ့၏အပြင်ဘက် မြေပြင်တစ်ခုလုံးကို အဖြူရောင်နှင်းများက ဖုံးလွှမ်းနေပြီဖြစ်သည်။ ထိုနေရာတွင် သံမဏိခုခံရေးအားလှိုင်းကလည်း ဖြူဖွေးနေသည်။
ခုခံရေးအားလှိုင်း အနောက်တွင်ရပ်နေသော အစောင့်တိုင်းက တုန်ယင်နေကြသည်။ သိသာစွာပင် အအေးဒဏ်က သက်ရောက်ခံထားရသည်။ ရာသီဥတုက ပုံမှန်ထက်ပင် အေးလာသည်။ မနေ့ကထက်ပင် အေးစိမ့်လာသေး၏။ နေ့တစ်ရက် ကုန်ဆုံးလာချိန်တိုင်း ခုံးတောင်တန်းအနောက်ပိုင်းရှိ အပူချိန်က ပို၍အေးစက်သထက် အေးစက်လာသည်။ နှင်းကျသည့်ရာသီမဟုတ်သော်လည်း အလွန်အေးစက်နေပြီဖြစ်သည်။
သာမာန်စစ်သားများကပင် ပုံမှန်မဟုတ်သော ရာသီဥတုကို ခံစားမိလေရာ တာလာ့ရှိ လူတိုင်း၏ အခြေအနေက တင်းမာလေးလံလာသည်။ ရာသီဥတု၏ အပြောင်းအလဲက မစတင်သေးသော တိုက်ပွဲလောက် အရေးမကြီးပေ။
ဘုန်း
မနက်အစောပိုင်းအတွင်း ကျယ်လောင်သော ခရာမှုတ်သံက ထွက်ပေါ်လာသည်။ လူတိုင်းက စောင့်ကြည့်နေသော အကြည့်အောက်တွင် တိတ်ဆိတ်သော အာရပ်စခန်းက အသက်ဝင်လာသလိုမျိုး နိုးထလာသည့် မကောင်းဆိုးဝါးတစ်ကောင်လို လှုပ်ရှားသည်။ ထိုသို့ဖြင့် အာရပ်စစ်သည် တစ်ဖွဲ့ပြီးတစ်ဖွဲ့က တာလာ့ထံ ချီတက်လာသည်။
ဟီး...
မြင်းများ၏ဟီသံ၊ လူများ၏အော်သံ၊ သံချပ်ကာများ၏ တချွင်ချွင်အသံများအပြင် ဝရုန်းသုန်းကားဖြစ်သံများက ပေါ်ထွက်လာသည်။ အနက်ရောင် အာရေးဗီးယား စစ်အလံလေးခုက မနက်ခင်း၏ အေးစက်သောလေပြင်းအောက်တွင် တဖြတ်ဖြတ်လွင့်နေသည်။ ထိုသို့ဖြင့် ပထမခုခံရေးအားလှိုင်းထံ ချဉ်းကပ်လာလေသည်။
စစ်အလံလေးခုအောက်တွင် အရှိန်အဝါကြီးမြတ်သော ပုံရိပ်လေးခုက ရှိနေသည်။ သူတို့က ထောင်မောင်းသန်မာပြီး ခမ်းနားကြီးကျယ်ကြသည်။ ရှေ့ဆုံးတွင် ရွှေရောင်ပုံရိပ်ကြီးက နေမင်းအလား ရှိနေသည်။ ထိုသိုဖြင့် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။
“ချွီထေပါးပဲ”
“အရှင့်ကိုသတင်းပို့”
ပထမခုခံရေးအားလှိုင်း၏ အရှေ့တွင်ရှိသော ထန်စစ်သားတိုင်းက ထိုပုံရိပ်ကို မြင်လိုက်သောအခါ တုန်ယင်သွားသည်။ သူတို့၏ ငိုက်မြည်းမှုများအားလုံးက ပျောက်ကွယ်သွား၏။ ထိုသို့ဖြင့် အားလုံး၏ ခန္ဓာကိုယ်က တောင့်တင်းသွားကြသည်။
“ဟိုက်ရား”
ကင်းထောက်က စစ်မြင်းကိုစီးနင်းပြီး တာလာ့အတွင်းသို့ ခပ်မြန်မြန်ဝင်သွားသည်။
“ဟား ဟား အာရပ်တွေက လှုပ်ရှားပြီ အခုငါတို့ရဲ့အလှည့်ပဲ”
စစ်တပ်၏နောက်တန်းမှ တုဝူစစ်လီက မျက်လုံးကိုမှေးကျဉ်းလိုက်သည်။ သူ၏မျက်ဝန်းအတွင်း ထက်ရှသောအလင်းက ပေါက်ကွဲလာသည်။
“ဟိုက်ရား”
တုဝူစစ်လီကလည်း အနက်ရောင်တောင်ပေါ်မြင်းပေါ်တက်ကာ ဒုန်းစိုင်းစီးပြီး တိုက်ပွဲနယ်မြေထံ ချီတက်သွားလေသည်။ သူ၏အနောက်ဘက်တွင် အနောက်ပိုင်းတူရကီ မြင်းတပ်အတန်းလိုက်က ကျယ်လောင်စွာ ကျုံးဝါးလေပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လျှက် လိုက်ကြသည်။
အာဝူး....
သူတို့၏အနောက်ဘက်တွင်လည်း မီးခိုးရောင်ဝံပုလွေ အကောင်သောင်းကျော်က လိုက်လာကြသေးသည်။ ထိုဝံပုလွေကြီးများက လူသားထက်ပင် ပို၍ထွားကြိုင်းကြသည်။ သူတို့၏ အစွယ်များက တောက်ပနေသည်။
“သွားမယ်”
နောက်တန်း အလွန်ဝေးသောတစ်နေရာတွင် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က တုဝူစစ်လီကိုကြည့်သည်။ ထို့နောက် အမိန့်ပေးလိုက်၏။ သိပ်မကြာခင် တိဗက်မြင်းတပ် အဖွဲ့ဝင် ခုနှစ်သောင်းနီးပါးကလည်း ရှေ့ဆက်ကြသည်။
လေထုက တောင့်တင်းလာပြီး ပြင်းထန်သောလေပြင်းက တာလာ့တစ်ခုလုံးကို ကျော်ဖြတ်ကာ တိုက်ခိုက်နေသည်။ စစ်ပွဲက ဆင်းသက်လာပြန်သည်။
ဘုန်း
အာရပ်များက လှုပ်ရှားပြီး သိပ်မကြာခင် တာလာ့၏ မြင့်မားလွန်းသော မြို့ရိုးအနောက်ဘက်ခြမ်းမှ စက်ကိရိယာများ၏ အသံလိုလို ကျယ်လောင်သည့်အသံက ထွက်ပေါ်လာသည်။ ထို့နောက် ဂိတ်တံခါးက ဝုန်းကနဲပွင့်သွားသည်။ တက်ကြွနေသော စစ်တပ်က တောက်ပသော မျက်ဝန်းများနှင့်အတူ စည်းကမ်းသေဝပ်စွာ ထွက်လာကြသည်။
သူတို့၏သံချပ်ကာတွင် ခြစ်ရာများ၊ အက်ကွဲရာများ၊ ပြည့်နှက်နေသော်လည်း ဒါကသူတို့ကို မနှိမ့်ကျသွားစေချေ။ အနှစ်ချုပ်ဆိုရသော် သူတို့၏သံချပ်ကာများက တိုက်ပွဲရာပေါင်းများစွာကို ကျော်ဖြတ်ထားပြီးကြောင်း သိသာစေသည်။ သူတို့၏ရင်ဘက်ပေါ်တွင်ရှိသော ကြယ်ခုနှစ်ပွင့်ကတင် သူတို့၏နောက်ခံကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။
နတ်သိုင်းစစ်တပ်
နတ်သိုင်းစစ်တပ်သည် မနေ့ကတိုက်ပွဲတွင် ဆုံးရှုံးမှုကြီးမားသွားသည်။ သို့သော် တစ်ညတာ ပြန်လည်ပြင်ဆင်ပြီးနောက် နတ်သိုင်းစစ်တပ်မှ စစ်သည်တော်တိုင်းက အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သူတို့၏ခွန်အား၊ စိတ်အခြေအနေ၊ တိုက်ခိုက်လိုစိတ်၊ ကြယ်တာရာစွမ်းအင်တိုင်းက အထွတ်အထိပ်တွင်ဖြစ်သည်။
နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ ဟိန်းဟောက်ခြင်းကျားစစ်တပ်.... စသဖြင့် မဟာထန်ဘက်မှ ထိပ်တန်းအဆင့် စစ်တပ်တိုင်းက ထွက်ပေါ်လာကြသည်။ အားလုံး၏ကျောက ဖြောင့်မတ်နေပြီး မျက်နှာများက တက်ကြွနေကြသည်။ သူတို့က မြို့အတွင်းမှ ချီတက်လာကြ၏။ စစ်တပ်၏ နောက်ဆုံးအပိုင်းတွင်မှ ဝမ်ချောင်၊ ဝမ်ရန်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ထန်ဗိုလ်ချုပ်များ လိုက်ပါလာသည်။
ကောင်းရှန်းကျစ်သည် မြို့ဂိတ်ထဲမှ စီးထွက်လာသည့် အချိန်တွင်ပင် ခြားနားမှုကို သတိထားမိလိုက်ပြီး မျက်မှောင်ကျုံ့သည်။
“ဝမ်ချောင် တစ်ခုခုတော့မှားနေပြီ။ ထန်တွေရဲ့ဝင်္ကပါက မနေ့ကနဲ့မတူဘူး”
သူကလည်း သတိလက်လွတ် ထန်ဝင်္ကပါက ခြားနားနေကြောင်း သိလိုက်သည်။ တစ်ချက်ကြည့်ပြီးနောက် ဝမ်ချောင်ကရယ်သည်။
“ဟား ဟား ကြည့်ရတာ ငါတို့ကြိုချထားတဲ့ ချက်စ်အပိုင်းအစက အသုံးဝင်သွားတာပဲ။ အနောက်ပိုင်းတူရကီတွေက တိုက်ပွဲထဲ ဝင်ပါလာတော့မယ်”
“မနေ့ကတိုက်ပွဲမှာ အာရပ်တွေက ဆုံးရှုံးမှု တအားများသွားတယ်။ ချွီထေပါးနဲ့ အပုမူစလင်က တုဝူစစ်လီကို အနင်းခံ ကျောက်တုံးအဖြစ်သုံးလိမ့်မယ်”
“အနင်းခံကျောက်တုံးဟုတ်လား”
ထိုစကားလုံးများကြောင့် ကောင်းရှန်းကျစ်က မျက်မှောင်ကျုံ့သည်။
“အား ငါဆိုလိုတာက ရှေ့ပြေးတပ်ပါ”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။
ဘုန်း
ခရာမှုတ်သံက ထပ်ထွက်လာသည်။ ချွီထေပါး၏အဖွဲ့က ရပ်တန့်သွားသည်။ နှစ်ဖက်လုံးက အကွာအဝေးတစ်ခုခြားကာ ရပ်တန့်လိုက်သော်လည်း ကြားအတွင်းရှိ လေထုက တောင့်တင်းနေသည်။ အသီးသီးသော စစ်တပ်ဘက်မှ မဟာဗိုလ်ချုပ်များဖြစ်သည့် ချွီထေပါး၊ အပုမူစလင်၊ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က အကြည့်ချင်းဆုံသွားသည်။ ထိပ်တိုက်ဆုံသွားသည့် အချိန်တွင် လေထုကပင် မီးထတောက်သည်။
အခြားသောသူများအတွက်ကမူ ဝမ်ချောင်က ခွာဖြူအရိပ်မြင်းပေါ်တွင် အသာအယာ စီးနင်းနေသော မြင်ကွင်းကိုသာ ကြည့်ရှု့နေကြသည်။ အာရပ်စစ်နတ်ဘုရား ချွီထေပါးကပင် ထိုလူငယ် စစ်သေနာပတိချုပ်ကို အာရုံစိုက်နေသည်။
“ဝမ်ချောင် ကြည့်ရတာ သူ့ဘက်ကဆူးက မင်းထင်တယ်။ မင်းဒီပွဲမှာ သတိထားရမယ်”
ကောင်းရှန်းကျစ်ကရယ်သည်။
“ဟား ဟား သူတို့ကို စမ်းခိုင်းလိုက်ပါ။ ငါကလည်း သူတို့ ငါ့ရဲ့ ကံကြမ္မာတိုက်ပွဲဝင် သံချပ်ကာကို မဖျက်ဆီးနိုင်မှာကို စိုးရိမ်နေတာ”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။
အနားရှိလူများက ရယ်ကြသည်။ ဝမ်ချောင်သည် ရှိနေသောလူများထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးမဟုတ်ချေ။ သို့သော် သူ၏ပြောင်မြောက်သော ခုခံနိုင်သောစွမ်းရည်က မည်သူကမှ မယှဉ်နိုင်လောက်အောင်ဖြစ်သည်။ ချွီထေပါးကပင် သူ့ကိုသတ်ရန် ခက်လေရာ အခြားသောသူများဆိုလျှင် ပို၍ဆိုးသည်မှာ မိစ္ဆာဧကရာဇ် လူအိုကြီးမာန်နှင့် ရွာသူကြီးတို့ကလည်း ရှိနေကြသည်။ ချွီထေပါးနှင့် အပုမူစလင်က တစ်စုံတစ်ရာ လုပ်လိုလျှင်ပင် အခွင့်အရေး မရနိုင်ပေ။
“....”
“တိုက်ပွဲစတဲ့အခါ အဲ့ဒီကောင်ကို အရင်သတ်”
အားပါးက အဝေးသို့လှမ်းကြည့်ပြီး ခပ်ကြမ်းကြမ်းဆဲသည်။
“သူမပြေးနိုင်ပါဘူး။ ဒီတိုက်ပွဲမှာ သူပဲဖြစ်ဖြစ် ကောင်းရှန်းကျစ်ပဲဖြစ်ဖြစ် အားလုံးသေလိမ့်မယ်”
ဘုန်း
အော့စမန်းက ရှေ့သို့ခြေနှစ်လှမ်းတိုးသည်။ သူ၏မျက်နှာက အေးစက်ပြီး မောက်မာနေသည်။
ထန်များသည် မနေ့ကတိုက်ပွဲတွင် နိုင်သွားသည်။ သို့သော် အားသာချက်က မသိသာ မထင်ရှားသေးပေ။ အာရပ်များက အရေအတွက် အပြတ်အသတ် သာနေသေးသည်။ သူတို့၏ အကောင်းဆုံးဗိုလ်ချုပ်များ မလွှတ်ရသေးပေ။
အော့စမန်းက အပုမူစလင်ကိုကြည့်လျှက် ပြောလိုက်သည်။
“ငါတို့ ငါတို့ရဲ့လူတွေကို လုံလောက်အောင် ရှုံးပြီးပြီ။ တိဗက်နဲ့ တူရကီတွေကိုပဲ အရင်ထွက်ခိုင်းလိုက်ပါ။ သူတို့ကိုပဲ ထန်တွေရဲ့ အစွန်အဖျားလောက်ကို ကြိတ်ချေခိုင်းလိုက်။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက အရှေ့ဘက်ကပဲလေ”
အပုမူစလင်က ဒီမဟာမိတ်၏ မူလနောက်ခံဖြစ်ပြီး အစစ်အမှန် တာဝန်ရှိသူဖြစ်သည်။ သဘာဝအလျောက်ပင် သူကသာ တိဗက်နှင့် တူရကီများကို အမိန့်ပေးရန် အကောင်းဆုံးဖြစ်သည်။
“အွန်း”
အပုမူစလင်က ခေါင်းညိမ့်ပြီး သတင်းပို့ကို လှမ်းခေါ်သည်။
“ငါ့ရဲ့အမိန့်ထုတ်လိုက် အနောက်ပိုင်းတူရကီနဲ့ တိဗက်တွေကို အရင်လှုပ်ရှားခိုင်းလိုက်ပါ”
“ဒီလက်အောက်ငယ်သားက အခုပဲ အမိန့်ကို သွားရောက်ပို့ဆောင်လိုက်ပါ့မယ်”
သတင်းပို့က ဂါရဝပြုပြီး ခပ်မြန်မြန်ထွက်သွားသည်။
အာရပ်များထံမှ အမိန့်ရသောအခါ တုဝူစစ်လီက သဘောတကျရယ်သည်။ သူ၏မျက်ဝန်းထဲတွင် ကြောက်လန့်မှုကမရှိချေ။ မျှော်လင့်စောင့်စားမှုကသာ ရှိနေသည်။
“ဟား ဟား ရှားမ ချဲ့ခွန်းပန်းပါ့ ငါတို့အဲ့ဒီကိုသွားရမဲ့အလှည့်ပဲ။ ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်သားတိုင်း ချီတက်ဖို့ အသင့်ပြင်”
သူက အရှိန်အဝါမြင့် ဝင်္ကပါ၏ လျို့ဝှက်ဝင်္ကပါကို ရရှိပြီးသည်မှာ တစ်လကျော်သွားလေပြီ။ တုဝူစစ်လီသည်လည်း နေ့ရောညပါဆက်တိုက် လေ့ကျင့်ခဲ့ပြီးလေပြီ။ ထို့ကြောင့် သူ၏ ထိုဝင်္ကပါအပေါ် နားလည်မှုက မြင့်တက်လာသည်။ သူက သူကိုယ်ပိုင် တက်ကျွမ်းနားလည်ထားသော အချက်အလက်များနှင့် အတွေ့အကြုံများကို ပူးပေါင်းထားသဖြင့် ထိုဝင်္ကပါဟာ မူလဝင်္ကပါထက် အများကြီးအင်အားကြီးကြောင်း ပြောနိုင်သည်။ လက်ရှိအချိန်တွင် တုဝူစစ်လီကလည်း မည်သည့်ရန်သူကိုမဆို တိုက်ခိုက်ရန် ယုံကြည်မှုရှိနေသည်။
စစ်သားများကို ရက်တစ်ထောင်အတွင်း လေ့ကျင့်ပေးထားသည်မှာ အခိုက်အတန့် တစ်ခုအတွက်ဖြစ်သည်။ တုဝူစစ်လီ၏ စိတ်အတွင်းတွင် တာလာ့ရှိတိုက်ပွဲနယ်မြေက အနောက်ပိုင်းတူရကီများ ပွဲဦးထွက်ရန် အကောင်းဆုံးနယ်မြေဖြစ်သည်။ တုဝူစစ်လီသည် ဒီဆင်ကိုသုံးပြီး အနောက်ပိုင်းတူရကီများ၏ အင်အားကို လူတိုင်းကို သိစေလိုက်ပေမည်။ ဒါက အာရပ်များအား အနောက်ပိုင်းတူရကီများကလည်း အနာဂတ် ကြိုးစားအားထုတ်မှုမှ ရရှိလာမည့် အသီးအပွင့်များမှ ပမာဏ အမြောက်အများကို ဝါးမြိုရန်လုံလောက်ကြောင်း ပြသရပေမည်။