အခန်း (၁၁၀၁-၁၁၀၅)
Vol. 63 Ch. 1101-1105
အခန်း(၁၁၀၁)
မရပ်တန့်နိုင်တော့
တစ်ကြိမ်တိုက်ခိုက်လိုက်ရုံနှင့် ခေါင်းဖြတ်သူစစ်တပ်၏ စစ်ချည်စက်ကွင်း ရာပေါင်းများစွာက တောက်ပလွန်းလျှက် ပေါက်ကွဲသွားရသည်။
ရွှမ်ဝူစစ်တပ်က ထုတ်သုံးထားသည့် မြောက်များလှစွာသော ချည်စက်ကွင်းပေါင်း များစွာက ခေါင်းဖြတ်သူစစ်တပ်ကဲ့သို့ ထိပ်တန်းအဆင့် အရည်အသွေးရှိ အာရပ်စစ်တပ်ကြီး တစ်ခုကပင် မကိုင်တွယ်နိုင်သော အနေအထားမျိုးဖြစ်သွားသည်။ ထို့ပြင် သူတို့၏ ချည်စက်ကွင်းများ အက်ကွဲသွားပြီးနောက်...
ဇွက် ဇွက် ဇွက်
ဓားပေါင်းများစွာက ခေါင်းဖြတ်သူစစ်တပ်၏ စစ်သည်တော်များ၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။ တဖန်ပြန်လည် ဆွဲထုတ်လိုက်သည့်အချိန်တွင်မူ မြေပြင်တွင် အလောင်းပုံအဖြစ်သာ ပြောင်းလဲသွားရလေသည်။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော ဆုံးရှုံးမှုအချိုးက အပုမူစလင်နှင့် အော့စမန်းတို့၏ မျက်လုံးကို ပြူးကျယ်သွားစေသည်။
ငါတို့ချွီထေပါးရဲ့ စစ်တပ်ကိုပဲ စောင့်ကြည့်ရတော့မယ်။
ထိုသို့ထွက်လာသည့် ရုတ်တရက် အတွေးနှင့်အတူ မျက်ဝန်းလေးစုံက သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့ကို ကြည့်လိုက်ကြသည်။
အစိုးရသုံးယောက်ထဲတွင် ချွီထေပါး၏စစ်တပ်များက သံသယဝင်ရန် မလိုလောက်အောင် ပမာဏအများဆုံးဖြစ်သလို အင်အားအကြီးဆုံးလည်းဖြစ်သည်။ ချွီထေပါး၏ ဖွင့်ဟခြင်းစစ်တပ်သည် ရွှမ်ဝူစစ်တပ်ကို ရှစ်ထောင်မှ နှစ်ထောင်သို့ လျော့ကျသွားအောင် ကိုင်တွယ်နိုင်ခဲ့သည်။
သူတို့ကသာ ထန်စစ်တပ်ကို အလဲထိုးပြီး ခုခံမှုကို ကျော်ဖြတ်လိုလျှင် ချွီထေပါးကိုသာ မှီခိုရပေလိမ့်မည်။
“အသင့်ပြင် အင်အားအကြီးဆုံး ပြိုင်ဘက်ကလာနေပြီ”
မြင့်မားသော သံမဏိမြို့ရိုးများ၏ အနောက်ဘက်တွင် ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားလေသည်။
အာရပ်စစ်တပ်များ အားလုံးထဲတွင် ဝမ်ချောင်က ချွီထေပါး၏ ထိပ်တန်းအဆင့် စစ်တပ်သုံးခုကို အာရုံအစိုက်ဆုံးဖြစ်သည်။
မြောက်များလွန်းသော အာရပ်မြင်းတပ်များအကြားတွင် ဝမ်ချောင်သည် တစ်ချက်လှမ်းကြည့်ရုံနှင့် သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့ကို ခွဲခြားနိုင်လေသည်။ ထိုအဖွဲ့အစည်းသုံးခုမှ စစ်သည်တော်များက ကျန်သောလူများနှင့် ကွဲထွက်နေသည်။ သူတို့၏ တောင်တန်းတမျှ မြင့်မားကျယ်ပြောလွန်းသော စွမ်းအင်များကြောင့် လျစ်လျူရှု့ရန် ခက်ခဲသည်။
ထိုစစ်တပ်နှစ်ခုက ချဉ်းကပ်လာသည်နှင့်အမျှ လေထဲရှိ တင်းအားက ရုတ်ချည်းမြင့်တက်သွားသည်။ ချွီထေပါး၏စစ်တပ်သည် အခြေအနေတစ်ခုလုံးကို ကြိုးကိုင်နိုင်သောလူများ ဖြစ်နေသလိုမျိုး အခြေအနေက ပြောင်းလဲသွားလေသည်။ ထိုစစ်တပ်နှစ်ခုက ထိုသို့အမှန်တကယ် မလုပ်နိုင်လျှင်ပင် အာရပ်များက ရှုံးရတော့ပေမည်။
ထိုအရာသာမကသေးချေ။ သူတို့သည် ဒီတိုက်ပွဲတွင် အရင်လက်ဦးမှု မယူနိုင်ခဲ့ချေ။ မဟာထန်သည် သူတို့၏ကိုယ်ပိုင် ထိပ်တန်းအဆင့် စစ်တပ်များကိုသုံးပြီး ချွီထေပါး၊ အပုမူစလင်နှင့်၊ အခြားသော အာရပ်မဟာဗိုလ်ချုပ်ကြီးများကို ထိန်းထားနိုင်သည်။ ထိပ်တန်းအဆင့်စစ်တပ်က သူတို့ကို အင်အားကုန်ခမ်းအောင် တဖြည်းဖြည်းချင်း လုပ်ဆောင်နေရင်း ကျန်သောမဟာထန်ရှိ မဟာဗိုလ်ချုပ်ကြီးများအတွက် အခွင့်အရေးကို ယူပေးနေလေသည်။
တစ်ယောက်ယောက်ကသာ ထိပ်တန်းအဆင့် စစ်တပ်များ၏ အဝိုင်းခံလိုက်ရမည်ဆိုလျှင် အင်အားအများကြီး ကုန်ဆုံးရနိုင်သည်။ ချွီထေပါးကဲ့သို့ ညင်သာသိမ်မွေ့ခြင်း နယ်မြေသို့ ထိတွေ့မိနေသော လူမျိုးကပင် ရှုံးပြီးသေသွားနိုင်သေးသည်။
ထိုကဲ့သို့ဖြစ်နေသည်မှာလည်း မဟာဗိုလ်ချုပ်ကြီးများက ကိုယ်ပိုင်အင်အားတစ်ခုတည်းကို မှီခိုပြီး အယောက်သိန်းကျော်ရှိမည့် စစ်တပ်ကြီးကို ရင်မဆိုင်နိုင်သောကြောင့်ဖြစ်သည်။
“ငါ့ရဲ့အမိန့်ကိုထုတ် ဖွင့်ဟခြင်းစစ်တပ်ကို လွှတ်လိုက်တော့”
ချွီထေပါးက ရုတ်တရက် အမိန့်ထုတ်လိုက်သည်။
အားပါးနှင့် အော့စမန်းတို့က အစပိုင်းတွင် စိတ်ရှုပ်သွားကြသည်။ သို့သော် သူတို့က နားလည်သွားသည့်နောက်တွင် သူတို့၏မျက်ဝန်းအတွင်းရှိ ရှုပ်ထွေးမှုများက ကြည်လင်သွားလေပြီ။
ထိုစစ်သားများက အင်အားကြီးမားလွန်းသဖြင့် ချွီထေပါးက ထိုလူများကို လွှမ်းမိုးရန် ကြိုးစားလိုက်ပုံပေါ်သည်။ ဒါဟာ အဆုံးအဖြတ် အခိုက်အတန့် မဟုတ်သေးချေ။ သို့သော် သူကမူ အင်အားအကြီးဆုံး ဖွင့်ဟခြင်းစစ်တပ်ကို လွှတ်နေလေပြီ။
“ဒီဗိုလ်ချုပ်က သွားလိုက်ပါ့မယ်”
ချွီထေပါး၏ အနောက်ဘက်မှ အသံတစ်သံ ထွက်လာသည်။ ထို့နောက် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်က အမိန့်ကို သွားရောက်ပို့ဆောင်လေသည်။
ချွီထေပါးက သူ၏အင်အားအကြီးဆုံး စစ်တပ်ကို ရှေ့တန်းသို့ ပို့လွှတ်လိုက်သည်။ သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့က ကျယ်ပြောသော သံမဏိအားလှိုင်းများကဲ့သို့ ရောက်ရှိသွားပြီဖြစ်သည်။
“အသင့်ပြင်”
အော်သံတစ်ချက်နှင့်အတူ လေထုက ပြောင်းလဲသွားသည်။ ဟိန်းဟောက်ခြင်း ကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့မှ စစ်သည်တော်များက သတ္ထုသားနှင့်လုပ်ထားသလိုမျိုး လေထဲသို့ ဓားများကို လွှဲယမ်းလျှက် တိုက်ခိုက်လိုက်ကြသည်။
အဝိုင်းခံထားရသော စစ်သားများအားလုံးကလည်း မလှုပ်ရှားနိုင်အောင် ဖြစ်နေသေးသည်။
သူတို့၏တိုက်ပွဲများကြောင့် မြေပြင်က တဆတ်ဆတ် တုန်ခါနေလေပြီး ပို၍များပြားသော စွမ်းအင်မုန်တိုင်းများက ချဉ်းကပ်လာသည်။ သိပ်သည်းစွာ တည်ရှိနေသော အာရပ်မြင်းတပ် အဖွဲ့ဝင်များအကြားတွင် အုပ်စိုင်းနေသော သွေးမြူများကို မြင်နိုင်သည်။ သိပ်သည်းလွန်းသော သွေးမြူများက အခြားသောသူများထံ ချဉ်းကပ်လာလေသည်။
“ချီတက်”
အယောက်နှစ်ထောင့်ခြောက်ရာခန့်သာ ရှိတော့သည့် ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သားများက သံမဏိမြို့ရိုး အနောက်ဘက်မှ ပထမဦးဆုံး ချီတက်လာကြသည်။ သူတို့က ဓားများကို မြင့်မားစွာ မြှောက်ထားကြသည်။
ဝှစ်
သူတို့က ချီတက်လာသည်နှင့်အမျှ နောက်တန်းတွင် ရပ်နေသော အနက်ရောင်သံချပ်ကာဝတ် အစောင့်ကြီးက နဂါးကိုးကောင် သွေးစစ်အလံကို ခပ်ကြမ်းကြမ်း ယမ်းလိုက်သည်။ မမြင်ရသော စွမ်းအင်အားလှိုင်းများက မြေကြီးအနှံ့တောက်လျှောက်ပျံ့ကာ ရှေ့သို့တိုးဝင်သွားသလိုမျိုး ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော်များ၏ကိုယ်နှင့် ပေါင်းစပ်သွားလေသည်။
ချွင် ချွင် ချွင်
ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော်များသည် ချည်စက်ကွင်း ခုနှစ်ခု၏ မွန်းမံမှုကို ခံလိုက်ရသည်။ ထိုစစ်တပ်သည် သူတို့၏ ကိုယ်ပိုင်ချည်စက်ကွင်းနှင့်တင် အကြောက်အလန့်မဲ့စစ်တပ်ကို ဖိနှိပ်ထားနိုင်ပြီးသားဖြစ်သည်။ ယခုလို အပိုခြောက်ခု ထပ်ရချိန်တွင် သူတို့၏အင်အားက မယုံနိုင်စရာကောင်းလောက်သော အဆင့်သို့ မြင့်တက်သွားလေသည်။
“အား”
အာရပ်မြင်းစီးသူတစ်ယောက်နှင့် သူ၏မြင်းက ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော်တစ်ယောက်ကြောင့် မြေပြင်အထက် ပေတစ်ရာကျော်ခန့်အထိ မြင့်တက်သွားသည်။ အလားတူ အော်သံကလည်းထွက်လာသည်။ ဟိန်းဟောက်ခြင်းကျားစစ်တပ်၏ တိုက်ကွက်များက သူတို့ကို လေထဲသို့မြောက်တက်သွားစေသလို အလားတူသော အော်သံများက ကျယ်လောင်စွာ ထွက်ပေါ်နေလေသည်။
အာရပ်မြင်းသည်တော် တစ်ယောက်ချင်းစီတိုင်းက ကျင်းပေါင်းများစွာ လေးလံသည်။ ထို့ပြင် သူတို့၏မြင်းကို ထည့်တွက်လိုက်သော် ပို၍လေးလံသွားသည်။ သို့သော် ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော် အယောက်နှစ်ထောင့်ခြောက်ရာကမူ ထိုလူများ၏ အလေးချိန်က ငှက်မွှေးလို ပေါ့နေသလိုမျိုး အသာအယာ ကိုင်ပေါက်လွင့်ပစ်နေကြသည်။
ပို၍ဆိုးသည်မှာ ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော်များက သူတို့၏ ခက်ထန်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြောက်များသည့် ကြယ်တာရာစွမ်းအင်များကို ဓားအတွင်းသို့ ထိုးထည့်လျှက် အာရပ်မြင်းတပ်မှ စစ်သည်တော်များ၏ ကိုယ်အတွင်းသို့ ထိုးထည့်ပေးနေကြသည်။
သူတို့က လေထဲသို့ မြှောက်တင်ခံလိုက်ရသည့် အခိုက်အတန့်တွင် အမှန်တကယ် သေဆုံးနေပြီဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
ဟိန်းဟောက်ခြင်းကျားစစ်တပ်က မည်သည့်နေရာသို့ ဖြတ်သန်းသွားစေကာမူ ဝရုန်းသုန်းကား အခြေအနေကိုသာ ချန်ထားရစ်ခဲ့သည်။ မြောက်များလှစွာသော အာရပ်မြင်းတပ်အဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့လေသည်။
ဘုန်း ဘုန်း ဘုန်း
ထိုအချိန်တွင် ဟိန်းဟောက်ခြင်းကျားစစ်တပ်က ခြားနားသော ဗျူဟာတစ်မျိုးနှင့် ကျင့်သားရသွားပုံပေါ်သည်။ သူတို့က စောင့်ဆိုင်းရမည့်အစား သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်၏ အရှေ့သို့ တည့်တည့်တိုးဝင်သွားသည်။
အရေအတွက်က နှစ်ထောင့်ခြောက်ရာသာလျှင်ရှိသည်။ သို့သော် သူတို့၏ မရပ်တန့်နိုင်သော အရှိန်အဟုန်က အယောက်နှစ်သောင်း၊ သုံးသောင်းခန့်အထိ ရှိနေသလိုထင်ရသည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ငါတို့တွေ ဒီအာရပ်တွေကို မသတ်နိုင်မချင်း ဘယ်ကောင်မှ နောက်ဆုတ်ခွင့်မရှိဘူး”
ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ ဗိုလ်ချုပ်တုဝူဝေ့က သူ၏ဓားကို လက်နှစ်ဖက်လုံးဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သတ်ဖြတ်လိုစိတ်များက ပေါက်ကွဲမတက် ပြင်းထန်နေသေးသည်။ အလွန်အမင်း အတွေ့အကြုံများသည့် ဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက် ဖြစ်သလို ကျန်းရှို့ကွေး၏နောက်သို့လိုက်ကာ တပ်ရင်းပေါင်းများစွာကို အနိုင်ယူခြင်း၊ ပုန်ကန်မှုများ အားလုံးကို နှိမ်နှင်းခဲ့ဖူးသူဖြစ်သည့်အလျောက် တုဝူဝေ့သည်လည်း ယခုလိုမျိုး အင်အားကြီးမားသည့် ပြိုင်ဘက်ကို ရင်မဆိုင်ရသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။
ဂိုဂူလျော၊ ခေတ်ထန်း၊ အနောက်ပိုင်းတူရကီနှင့် တိဗက်များက ဟိန်းဟောက်ခြင်းကျားစစ်တပ်၏ အရှေ့တွင် ခေါင်းကိုငုံ့လျှက် ဦးညွှတ်ရသည်။
သို့သော် ထိုအာရပ်များကမူ ဟိန်းဟောက်ခြင်းကျားစစ်တပ်အား အစစ်အမှန် အင်အားကြီးမားသော ရန်သူဟာ မည်သူဖြစ်ကြောင်း နားလည်သွားစေသည်။
ထို့ကြောင့် ကျန်းရှို့ကွေး၏ အတော်ဆုံးသော စစ်သားများ၏ မာနနှင့် သတ်ဖြတ်လိုစိတ်များကို လှုံ့ဆော်လိုက်နိုင်သည်။
“သတ်”
ထိုအယောက်နှစ်ထောင်ကျော်သည် ချက်ချင်းလိုလို အော်ဟစ်လိုက်ပြီးနောက် သူတို့၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများက လေထုကိုပင် ပုံပျက်ပန်းပျက် ဖြစ်လာစေသည်။
ဟိန်းသံများအကြားတွင် ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော်များက အာရပ်များထံ ခုန်ဝင်လျှက် ချီတက်သွားကြပြီဖြစ်သည်။
“သူတို့ကိုသတ် တစ်ကောင်မှ အရှင်မထားနဲ့”
ထိုအချိန်တွင် ချီတက်လာသော သွေးသားရဲစစ်တပ်ကလည်း ဟိန်းဟောက်ခြင်းကျားစစ်တပ်၏ အရှိန်အဝါကို အာရုံခံမိသွားပုံပေါ်သည်။ ထိုအဖွဲ့ဝင် ထောင်ပေါင်းများစွာကလည်း ဟိန်းဟောက်ခြင်းကျားစစ်တပ် ရှိရာဘက်သို့ ဦးတည်ရာဘက်ရွှေ့လျှက် ချီတက်သွားကြသည်။
ပေနှစ်ရာ၊ ပေတစ်ရာ၊ ပေငါးဆယ်...
ခြိမ်း
ကြီးမားသည့် အားလှိုင်းကြီးနှစ်လုံးလိုမျိုး စစ်တပ်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်သွားသည်။ သို့သော် သက်ရောက်မှုကြောင့် ဖြစ်လာသည့် အခြေအနေကို ဖော်ပြရန်ခက်ခဲသည်။ ဒါက တိုက်ပွဲနယ်မြေ အလယ်တည့်တည့်တွင် မိုးခြိမ်းလိုက်သလိုမျိုး စွမ်းအင်တိုင်းက ပေါက်ကွဲထွက်သွားသည်။ ထိုသု့ိဖြင့် တိုက်ခိုက်နေသည့် အသံတိုင်း၊ လက်နက်ချင်း ထိခတ်သံတိုင်း၊ မြင်းဟီသံတိုင်းကို ဖုံးလွှမ်းသွားလေသည်။
လေးလံလွန်းသောဓားက လေးလံလွန်းသော ဓားမောက်နှင့် ထိပ်တိုက်ရင်ဆိုင်သွားသည့်အခါ ထွက်လာသည့် အားလှိုင်းက ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် တောင်တန်းများကိုပင် ချိုင့်ဝင်စေလောက်သည်။
မဟာထန်နှင့် အာရေးဗီးယားဘက်မှ အင်အားကြီးမားသော အင်အားစုကြီးနှစ်ခုက သရေကျလုနီးပါး ထိပ်တိုက်တွေ့ဆုံသွားသည်။ သို့သော် တစ်စက္ကန့်ခန့်သာ ကြာပြီးနောက် အဆုံးအစမဲ့သည့် ဖျက်ဆီးခံရမှုများက ပေါ်ထွက်လာသည်။ သို့သော် တခဏခန့်သာကြာသည်။ တခဏခန့်ကြာပြီးနောက်တွင် မရေမတွက်နိုင်သော စစ်သားပေါင်းများစွာ၊ မြင်းပေါင်းများစွာက လေထဲသို့ မြောက်တက်သွားသည့်အပြင် ကျယ်လောင်သည့် ဟိန်းသံလို အသံမျိုးကိုလည်း ကြားလိုက်ရလေသည်။
ခွက် ခွက် ခွက်
သွေးသားရဲစစ်တပ်မှ စစ်သည်တော်များ၏ အလောင်းပေါင်းများစွာက ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ တိုက်ပွဲနယ်မြေတစ်ခုလုံးက အောင်ပွဲခံသံများနှင့် ပြည့်နှက်သွားသည်။
“မဟာထန်”
“မဟာထန်”
“မဟာထန်”
မဟာထန်နှင့် ဟိန်းဟောက်ခြင်းကျားစစ်တပ်၏ နာမည်များက ကောင်းကင်တွင် ပြည့်နှက်နေသလို ထန်စစ်သည်တော်ပေါင်း များစွာကလည်း ထိုအခြေအနေကို မြင်လိုက်ရသည့်အတွက် အော်ဟစ်ကြွေးကျော်နေကြလေသည်။
အခြားတစ်ဖက်တွင် အာရပ်များကမူ မှင်သက်နေကြလေပြီ။
“ငါ့ရဲ့နောက်ကလိုက်ခဲ့။ ဘာတွေပဲဖြစ်လာဖြစ်လာ ငါတို့တွေ သေချာပေါက် သူတို့ကို ထိန်းထားနိုင်ရမယ်”
သေဆုံးခြင်းစစ်တပ်မှ အရာရှိတစ်ယောက်က ထိုအခြေအနေကို မြင်လိုက်သဖြင့် သူ၏မျက်ဝန်းအတွင်း အလင်းက ဖြတ်ပြေးသွားသည်။ သူကသူ၏ တပ်ဖွဲ့များကိုအမိန့်ပေးရင်း ဟိန်းဟောက်ခြင်းကျားစစ်တပ်ထံ ချီတက်သွားလေသည်။
“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ။ ငါ့ရဲ့နောက်ကလိုက်ခဲ့ကြ”
သံမဏိမြို့ရိုးများ၏ အနောက်ဘက်တွင် ပြိုင်ဘက်ကင်း သိုင်းစစ်တပ်မှ စစ်သည်တစ်ထောင်ကျော်က သေဆုံးခြင်းစစ်တပ်ကို အနီးကပ်စောင့်ကြည့်နေကြသည်။ သေဆုံးခြင်းစစ်တပ်က အရှိန်နှုန်းကို စတင်မြှင့်လိုက်သည့် အခိုက်အတန့်တွင် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်မှ စစ်သည်တော်များကလည်း ဓားများကိုမြှောက်ပြီး ခုခံရေးအားလှိုင်းထဲမှ ထွက်လာကြလေသည်။
ခြိမ်း
သေဆုံးခြင်းစစ်တပ်က ဟိန်းဟောက်ခြင်းကျားစစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်သည့် အချိန်တွင် ပြိုင်ဘက်ကင်း သိုင်းစစ်တပ်မှ စစ်သည်တစ်ထောင်ကျော်ကလည်း သေဆုံးခြင်းစစ်တပ်ထံ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်နှုန်းကိုမြှင့်ပြီး ချီတက်လာနေပြီဖြစ်သည်။
ချွင် ချွင် ချွင်
ထိုအခိုက်အတန့်တွင် မည်သည့်အရာကိုမျှ ပီပီသသ မမြင်နိုင်တော့ချေ။ သို့သော် လက်နက်ချင်း ထိခတ်သံများကိုသာ ကြားနေရသည်။ မရေမတွက်နိုင်သော လူများ၊ မြင်းများက လေထဲသို့ လွင့်ထွက်ကုန်သည့် အချိန်တွင် မရေမတွက်နိုင်သော အလောင်းပေါင်းများစွာကလည်း မြေပြင်တွင် ပုံလာသည်။ သွေးအိုင်က ရေကန်အလား ပြောင်းလဲလာသည်။
ပြိုင်ဘက်ကင်းသိုင်းစစ်တပ်နှင့် ဟိန်းဟောက်ခြင်းကျားစစ်တပ်တို့ ပူးပေါင်းထားသော အင်အားစုက မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်သည်။ သူတို့က အရေအတွက် အပြတ်အသတ် နည်းနေသည်မှာ သေချာသည်။ သို့သော် တစ်ဖက်သူများနှင့်ယှဉ်သော် အသာစီးရနေသည်။
ခြိမ်း
သေဆုံးခြင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်က မှင်သက်ဖွယ်ကောင်းသည့် အရှိန်နှုန်းဖြင့် ချီတက်လာသည်။ သို့သော် သူက မနီးကပ်နိုင်ခင် သူ၏ဒူးခေါင်းကို ဓားတစ်လက်က ထိုးစိုက်သွားပြီဖြစ်သည်။ သူက ဒူးတစ်ဖက်ထောက်လျှက် လဲကျသွားသည့် အခိုက်အတန့်တွင် နောက်ထပ် ဓားတစ်လက်က ရင်ဘက်သို့ ဖောက်ဝင်သွားပြီး မြေပြင်တွင် ထိုးစိုက်ထားလိုက်သည်။
ခွက်
ထိုအခိုက်အတန့်တွင် သေဆုံးခြင်းစစ်တပ်မှ စစ်သည်တော်၏ ရင်ဘက်ပေါ်သို့ ခြေထောက်တစ်ဖက်က ကျဆင်းလာပြီး ဆောင့်နင်းလျှက် ဓားကို ပြန်လည်ဆွဲထုတ်သွားသည်။ ထိုသို့ဖြင့် အလောင်းကို တက်နင်းပြီး ရှေ့သို့ဆက်သွားလေသည်။
အရှိန်အားဖြင့်ဖြစ်စေ၊ ခွန်အားချင်းဖြစ်စေ၊ ဖြတ်လတ်မှုဖြစ်စေ ခုခံနိုင်စွမ်းရည်ဖြစ်စေ သေဆုံးခြင်းစစ်တပ်က အပြတ်အသတ် ရှုံးနေသည်။ ပုဂ္ဂိုလ်တစ်ယောက်ချင်းစီအလိုက် ခွန်အားချင်းယှဉ်သော် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်နှင့် ဟိန်းဟောက်ခြင်းကျားစစ်တပ်မှ စစ်သည်တော်နှစ်ယောက်က စစ်တပ်၏ အထက်တွင်ဖြစ်သည်။
ထိုစစ်တပ်နှစ်ခု၏ ကိုယ်ပေါ်သို့ ရောက်ရှိနေသည့် ချည်စက်ကွင်း ခုနှစ်ခုက တိုက်ပွဲနယ်မြေအနှံ့ ဆန့်ထွက်နေသည့် ကြီးမားသည့် ပုဆိန်ကြီးများအလား ထင်ရသည်။ ထိုသို့ဖြင့် သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တောက်လျှောက် သွေးလမ်းဖောက်သွားသည်။
ဟိန်းဟောက်ခြင်းကျားစစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့သည် တစ်ပွဲပြီးတစ်ပွဲ အနိုင်ရရှိနေခဲ့သည်။ ထိုသို့ဖြင့် သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်ကို နောက်သို့ တစ်လှမ်းပြီးတစ်လှမ်း ဆုတ်စေသည်။
ရှစ်ရာ၊ တစ်ထောင်၊ တစ်ထောင့်ငါးရာ၊ နှစ်ထောင်... ထိုသို့ဖြင့် ချွီထေပါး၏လက်ရွေးစင် ပြိုင်ဘက်ကင်းသိုင်းစစ်တပ် နှစ်ခု၏ ဆုံးရှုံးမှုများက လျှင်မြန်စွာ မြင့်တက်လာသည်။ ထိုစစ်တပ်နှစ်ခုက သူတို့၏ အပြတ်အသတ်သာသော အရေအတွက်ကို မှီခိုပြီး တည်ဆောက်ထားသည့် ခုခံရေးအားလှိုင်းကလည်း ပြိုလဲကျမည့် လက္ခဏာများပင် ပြလာလေသည်။
အခန်း(၁၁၀၂)
ဒုန်း ဒုန်း ဒုန်း
သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့က ခါးသီးသည့်တိုက်ပွဲကို ဆင်နွဲနေသည့် အခိုက်အတန့်တွင် အဝေးတစ်နေရာတွင် ဖုန်များက လေထဲသို့ လိမ့်တက်နေပြီဖြစ်သည်။ လိမ့်တက်နေသော ဖုန်တိမ်စိုင်များ၏ အောက်ဘက်တွင် မရေမတွက်နိုင်သော ရွှေရောင်သံချပ်ကာဝတ် စစ်သည်တော်ပေါင်း များစွာက မုန်တိုင်းတစ်ခုကို ဖန်တီးရင်း ချီတက်လာနေသည့် ရွှေရောင်အလင်းတန်းကို မြင်နိုင်သည်။
ရွှီခဲ့ယွီက တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်နှာက တင်းမာသွားပြီး နောက်သို့ပြန်လှည့်လိုက်သည်။
“အရှင်အမတ် ဒါက ဖွင့်ဟခြင်းစစ်တပ်ပါ”
နဂါးကိုးကောင် သွေးစစ်အလံကြောင့် မြှင့်တင်ပေးခံထားရသည့် စွမ်းအားများကို စစ်တပ်တစ်ခုက ပိုင်ဆိုင်ပြီးသည့်တိုင်အောင် ဖွင့်ဟခြင်းစစ်တပ်၏ စွမ်းအားများကိုလည်း အားလုံးက ကြောက်လန့်နေကြသေးသည်။
“ဗိုလ်ချုပ်လီ ငါမင်းကိုထပ်ပြီး ဒုက္ခပေးရတော့မယ်”
ဝမ်ချောင်က အနက်ရောင်သံချပ်ကာဝတ် အစောင့်ကို လှည့်ကြည့်လိုက်သည်။
အစောင့်က ဘာစကားမှမဆိုချေ။ သူက ခေါင်းသာအသာညိမ့်သည်။
ဘုန်း
အနက်ရောင်သံချပ်ကာဝတ် အစောင့်က ရှေ့သို့တစ်လှမ်းတိုးလိုက်သောအခါ တစ်လောကလုံးက သူ၏ခြေထောက်အောက် ပြားပြားဝပ်သွားသလို တသိမ့်သိမ့်တုန်သွားသည်။
ဒီတိုက်ပွဲတွင် ပထမဦးဆုံးအကြိမ်အနေနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်က ရှေ့သို့တက်ပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။ ထိုသို့ဖြင့် ခုခံရေးအားလှိုင်းမှထွက်ပြီး ပြင်းထန်သော တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်။
သူက ခြေလှမ်းထွက်လိုက်သည့် အခိုက်အတန့်တွင် နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ ဟိန်းဟောက်ခြင်းကျားစစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်နှင့် ရွှမ်ဝူစစ်တပ်တို့ အားလုံးကလည်း နဂါးကိုးကောင် သွေးစစ်အလံထံမှ တုန့်ပြန်မှုကို ခံစားလိုက်ရသည်။ သူတို့၏ ချည်စက်ကွင်းခုနှစ်ခုက ထိုအလံနှင့် ပေါင်းစပ်နေလေသည်။
ထို့ကြောင့် တစ်ဖက်သူက ပထမခုခံရေးအားလှိုင်း အပြင်ဘက်သို့ ထွက်လာသည့် အခိုက်အတန့်တွင် အနက်ရောင်သံချပ်ကာဝတ် အစောင့်က ရပ်တန့်သွားပြီး အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ကို လှည့်ကြည့်သည်။
“မင်းလည်းသွားသင့်တယ်”
ကောင်းရှန်းကျစ်ကလည်း နားလည်သည်။ သူက သူ၏အနောက်ဘက်မှ သံမဏိမြို့ရိုးစစ်တပ်ကို ဟန်အမူအရာ ပြလိုက်သည်။
တခဏခန့်ကြာပြီးနောက် သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည် တစ်ထောင့်ခုနှစ်ရာက ချီတက်လာလေပြီ။
ဟူး...
နဂါးကိုးကောင် သွေးစစ်အလံက လေထဲတွင်လွင့်ထူနေသည်။ မမြင်ရသော စွမ်းအင်တစ်ရပ်က သံမဏိမြို့ရိုးစစ်တပ်ကို လွှမ်းခြုံသွားပြန်သည်။
ချွင် ချွင် ချွင်
သတ္ထုချင်းထိခတ်သံက ထွက်ပေါ်လာသည်။ သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည် တစ်ထောင့်ခုနှစ်ရာ၏ စွမ်းအားများကလည်း ဖောင်းကားတက်လာပြန်သည်။
ထိုသို့ဖြင့် သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည်တော်များ၏ အောက်ဘက်မှစတင်ပြီး ချည်စက်ကွင်းအသစ် ခြောက်ခုက ပေါ်ထွက်လာသည်။ ထိုသို့ဖြင့် သူတို့၏ ခြေထောက်များကို လွှမ်းခြုံသွားသည်။
မျက်တောင်တစ်ခတ် အချိန်အတွင်း သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည်တော်တိုင်းက နဂါးကိုးကောင် သွေးစစ်အလံ၏အောက်တွင် စုစည်းလာလေပြီး နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ ဟိန်းဟောက်ခြင်းကျားစစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်နှင့် ရွှမ်ဝူစစ်တပ်တို့နှင့် ပေါင်းစည်းသွားလေသည်။
ထို့ကြောင့် ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် မဟာထန်ဘက်မှ ထိပ်တန်းအဆင့်စစ်တပ်များက တစ်သားတည်းအဖြစ် ချိတ်ဆက်လျှက် ပေါင်းစည်းနေကြောင်း မြင်ရသည်။ သူတို့က ထိုစစ်အလံကို ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော ဝင်္ကပါပုံစံမျိုးနှင့် ဝိုင်းထားလေသည်။
ဝုန်း
ယခုအခါ သံမဏိခုခံရေးအားလှိုင်းမှ စစ်တပ်ခုနှစ်ခုလုံး ထွက်လာသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ခေါင်းပေါ်တွင်ရှိနေသည့် ဖျော့တော့သည့် အရိပ်တစ်ခုက စတင်ကာ လိမ်တွန့်သွားလေသည်။
ထိုသို့ဖြင့် ဆယ်မီတာကျော်ခန့် မြင့်မားလှသော ကြီးမားလွန်းသည့် ရွှေရောင်ရုပ်ထုကြီးတစ်ခုက ကောင်းကင်တွင် ထင်ရှားစွာ ပေါ်ထွက်လာသည်။ ဂရုတစိုက်သာ ကြည့်လိုက်မည်ဆိုလျှင် ထိုရွှေရောင်ရုပ်ထုကြီးပေါ်တွင် ရှိနေသည့် လျို့ဝှက်ဆန်းကြယ်သည့် အနက်ရောင် သင်္ကေတများကို မြင်နိုင်မည်ဖြစ်သည်။
ရှေးဟောင်းနိယာမ၏ စွမ်းအားများကို သယ်ဆောင်ထားသော စကားငါးလုံးက ပေါ်လာသည်။ ထိုစကားငါးလုံးက မည်သည့်ဘာသာစကားနှင့်မဆို ခြားနားနေသည်။ ထို့ကြောင့် လူသားသမိုင်းခေတ် မတိုင်ခင်ကာလက တည်ရှိခဲ့သော တစ်စုံတစ်ရာဟု ခံစားမိစေသည်။
ကြီးမားလွန်းသော ရွှေရောင်ရုပ်ထုကြီး၏ အောက်ဘက်တွင် အလင်းများက ဖြတ်ကနဲလက်သွားသည်။ ဖြတ်ကနဲလက်သွားပြီး ရုတ်တရက် ပေတစ်ရာကျော် ရှည်လျားကာ ကြီးမားထည်ဝါလွန်းသည့် နဂါးကြီးတစ်ကောင်က ဟိန်းဟောက်ကာ ထိုရုပ်ထုကြီးကို ရစ်ခွေလိုက်လေသည်။ ထို့နောက် သူ၏စူးရှသော မျက်ဝန်းတစ်စုံက ပွင့်လာလေပြီး အဝေးရှိ အာရပ်မြင်းတပ်အဖွဲ့ဝင်များကို လှမ်းကြည့်လေသည်။
ဝေါင်း
လေထဲတွင် မည်သည့်အသံမှမထွက်ချေ။ သို့တိုင်အောင် ပေတစ်သောင်းဝန်းကျင်ရှိ လူတိုင်းကလည်း နဂါးတစ်ကောင်၏ ဟိန်းသံကို ကြားလိုက်ရလေသည်။
ထိုအရှိန်အဝါ ပြင်းထန်လွန်းသည့် အသံလှိုင်းက လူသားများ၏နှလုံးသား အနက်ရှိုင်းဆုံး အပိုင်းတွင်ရှိသည့် ရှေးဦးမူလအကြောက်တရားကို လှုံ့ဆော်နိုင်လေသည်။
ဟီ
သတိပေးချက်အလျဉ်းမရှိဘဲ အာရေးဗီးယားမြင်းများက သူတို့၏နောက်ခြေများကို ဖိနင်းလျှက် လက်ရှိနေရာမှ ကြောက်လန့်တကြား နောက်တိုးသွားကြလေသည်။
“မျိုးမစစ်တွေ ဘာတွေဖြစ်နေတာလဲ”
သူတို့၏သားရဲများ၏ ထူးဆန်းမှုကို သတိထားမိကြသည့် အာရပ်မြင်းတပ် အဖွဲ့ဝင်များကလည်း ထိတ်လန့်တကြားဖြစ်ပြီး အာရပ်ဘာသာစကားနှင့် ကျိန်ဆဲကြသည်။
နဂါးကိုးကောင် သွေးစစ်အလံကို ဗဟိုပြုပြီး အသက်သွင်းထားသော ဝင်္ကပါက အသက်ဝင်လာသည်နှင့်အမျှ နဂါးဆန်သည့် ဖျော့တော့သော အရှိန်အဝါတစ်ရပ်က ပေါ်ထွက်လာလေရာ ပေတစ်သောင်းဝန်းကျင်အတွင်းရှိ သားရဲတိုင်း၊ စစ်မြင်းတိုင်းက ခံစားမိကြသည်။
ဟီ...
ကြောက်လန့်တကြားဖြစ်သွားကြသည့် မရေမတွက်နိုင်သည့် စစ်မြင်းပေါင်းများစွာက အလန့်တကြားခေါ်ပြီး အချင်းချင်း ဝင်ဆောင့်တိုက်ကြသည်။ ထိုသို့ဖြင့် ဝရုန်းသုန်းကား၊ ကစဉ့်ကလျား အခြေအနေက ပေါ်ထွက်လာသည်။
ဖွင့်ဟခြင်းစစ်တပ်မှ ဗိုလ်ချုပ်ကလည်း အမိန့်ကို ချောမွေ့စွာထုတ်လိုက်သည်။
“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ အရင်ဆုံး သွေးသားရဲစစ်တပ်နဲ့ သေဆုံးခြင်းစစ်တပ်ရဲ့ ရန်သူတွေကို ရှင်းလင်းသုတ်သင်ကြမယ်။ အဲ့ဒီနောက် အခြားမျိုးနွယ်ခြားတွေ အားလုံးကို သုတ်သင်ကြတာပေါ့”
ထိုဖွင့်ဟခြင်းစစ်တပ်မှ ဗိုလ်ချုပ်သည် လီစစ်ယဲ့ထက် ပို၍အရပ်ရှည်ပြီး အလွန်အမင်း စူးရှလွန်းသည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ ချက်ချင်းဆိုသလိုပင် သူက ထန်စစ်တပ်အတွင်းတွင် ပစ်မှတ်များကို ဖယ်ရှားပြီးလေပြီ။
ထိုစစ်သားများအတွင်းတွင် ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့က အင်အားအကြီးဆုံးဖြစ်ကြောင်း သံသယဝင်ရန် မရှိချေ။ ထို့ကြောင့် ခုခံခြင်းစစ်တပ်၏ ဗျူဟာကလည်း အတော်လေး ရိုးရှင်းသလို ရက်စက်သည်ဟု ဆို၍ရသည်။
သူတို့ကသာ အင်အားအကြီးဆုံးနှင့် အကောင်းဆုံးသော ရန်သူများကို ရှင်းလင်းနိုင်လျှင် ရန်သူများ၏ တိုက်ခိုက်လိုစိတ်ကို ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် မတိုက်ခိုက်ခင်ကတည်းက လက်လျော့သွားကြပေလိမ့်မည်။
ဒါက ဖွင့်ဟခြင်းစစ်တပ်၏ ဗျူဟာဖြစ်ပြီး အင်အားကြီးမားသူကို တိုက်ခိုက်ရန် အကျိုးအကြောင်း သင့်လျော်လေသည်။
ချွင် ချွင် ချွင်
ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်များက သူတို့၏ မဟာဓားကြီးများကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်ကို ချိန်ရွယ်သည်။ ထို့နောက် ပြည့်နှက်နေသည့် တောအုပ်တစ်ခုကို ဖန်တီးလိုက်သလိုမျိုး ရှေ့သို့ ချီတက်သွားကြသည်။
ဝှစ်
ရွှေရောင်မဟာဓားကြီးများက ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့ရှိရာသို့ ချိန်ရွယ်လျှက် ခုန်ဝင်သွားကြလေသည်။
ဖွင့်ဟခြင်းစစ်တပ်က ရှေ့သို့ချီတက်သွားသည်နှင့်အမျှ အခြားသော အာရပ်စစ်တပ်မှ အဖွဲ့ဝင်တိုင်းကလည်း လမ်းဖယ်ပေးကြသည်။ ထိုအခိုက်အတန့်တွင် ဖွင့်ဟခြင်းစစ်တပ်၏ စစ်သည် ထောင်ပေါင်းများစွာက ချီတက်လာသောကြောင့် ထွက်ပေါ်လာသည့်အသံက တစ်လောကလုံးအနှံ့ ပြည့်နှက်နေပြီး ပြိုင်ဘက်ကင်းသိုင်းစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်အကြားမှ တိုက်ခိုက်နေသည့် အသံများကိုပင် ပျောက်ကွယ်သွားစေသည်။ တစ်ခုတည်းသော ကြားနေရသည့် အသံကမူ မိုးခြိမ်းသံလိုမျိုး ကျယ်လောင်လွန်းလှသည့် မြင်းခွာသံဖြစ်သည်။
“အသင့်ပြင်”
ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့က ဖွင့်ဟခြင်းသိုင်းစစ်တပ်ကို မမြင်နိုင်သည့်တိုင်အောင် သူတို့က ကြောက်လန့်ဖွယ်ကောင်းလွန်းသော မြင်းခွာသံကိုကြားနိုင်သည်။ ထို့နောက် သတိလက်လွတ် အန္တရာယ်ကို အာရုံခံမိသွားပြီး သူတို့၏နှလုံးသားက အေးစိမ့်သွားကာ စိတ်များက သတိအပြည့်ကပ်သွားကြသည်။
တစ်ချိန်ထဲတွင်ပင် နဂါးကိုးကောင် သွေးစစ်အလံအောက်ရှိ ရွှမ်ဝူစစ်တပ်မှ စစ်သည်တော်များ အားလုံးကလည်း အံ့အားတကြီး ကြည့်လိုက်ကြသည်။ ထိုအခါ တိမ်စိုင်များအတွင်းမှ ရွှေရောင်အလင်းကို မြင်လိုက်ကြသည်။ သူတို့၏မျက်လုံးက နီရဲသွားသည်။
“ဒါကဖွင့်ဟခြင်းစစ်တပ်ပဲ”
ရွှမ်ဝူစစ်တပ်မှ စစ်သည်တော်တစ်ယောက်က အော်သည်။
သူတို့ကလည်း ထိုစစ်တပ်ကို အစပိုင်းတွင် မသိလောက်သည့်တိုင်အောင် တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် ရွှမ်ဝူစစ်တပ်မှ စစ်သည်တော်တိုင်းနီးပါးက သူတို့၏ အာရပ်ရန်သူများအကြောင်း နားလည်နေကြပြီဖြစ်သည်။
ရွှမ်ဝူစစ်တပ်မှ စစ်သည်ရှစ်ထောင်က ခေါင်းဖြတ်သူစစ်တပ်နှင့် တိုက်ခိုက်နိုင်သည်။ သို့သော် ဖွင့်ဟခြင်းစစ်တပ်က ကွင်းထဲသို့ဝင်လာသည့် အခိုက်အတန့်တွင်မူ သူတို့က အများကြီး ဆုံးရှုံးခဲ့ရသည်။
စစ်တပ်တစ်ခုမှ အဖွဲ့ဝင်ရှစ်ထောင်က နှစ်ထောင်ထိ လျော့ကျသွားခဲ့ရသည်။ ထိုအချိန်က တိုက်ပွဲနယ်မြေက ရွှမ်ဝူစစ်တပ်မှ စစ်သည်တော်များ၏ သွေးနှင့်စိုရွှဲနေခဲ့လေသည်။
သူတို့က ခေါင်းဖြတ်သူစစ်တပ်ကို ဖိနှိပ်နိုင်ခဲ့သော်လည်း ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်ငါးထောင်၏ ထက်ရှသောဓားများက သူတို့၏ခန္ဓာကိုယ်က စက္ကူသားဖြင့်လုပ်ထားသလိုမျိုး သူတို့၏ခန္ဓာကိုယ်များကို ထိုးဖောက်သွားခဲ့သည်။ ပထမဦးဆုံးအကြိမ်အနေနှင့် ရွှမ်ဝူစစ်တပ်မှ စစ်သားများဟာ နက်ရှိုင်းလွန်းသည့် ကူကယ်ရာမဲ့မှုနှင့် ဝမ်းနည်းမှုကို ခံစားရလေသည်။
“အားလုံးပဲ သတိအပြည့်ကပ်ထားကြ။ ဖွင့်ဟခြင်းစစ်တပ်က လာနေပြီ”
အခြားသောစစ်တပ်များကလည်း ရွှမ်ဝူစစ်တပ်၏ ထူးဆန်းမှုကို သတိထားမိသွားကြသည်။ သူတို့က သိပ်မကြာခင် ဖွင့်ဟခြင်းစစ်တပ်အကြောင်းကို သိသွားကြသည်။
တိုက်ပွဲတွင် ရွှမ်ဝူစစ်တပ်သည် အခြားသောစစ်တပ်များနည်းတူ အကောင်းဆုံး လုပ်ဆောင်နိုင်ရုံသာဖြစ်သည်။ သို့သော် ဖွင့်ဟခြင်းစစ်တပ်ကမူ အရာအားလုံးကို ထိုးဖောက်တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် မေးခွန်းထုတ်ရန် မလိုလောက်အောင် သူတို့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုကြီးဖြစ်နေသည်။
ချွင် ချွင် ချွင်
ဖွင့်ဟခြင်းစစ်တပ်၏ ထူးခြားလွန်းသော ရွှေရောင်သံချပ်ကာက သူတို့၏ခန္ဓာကိုယ်ပေါ်တွင် လှုပ်ရှားနေပြီး ကျယ်လောင်သည့်အသံများကို ထုတ်ဖော်နေသည်။ ထိုသို့ဖြင့် သူတို့က နီးကပ်သထက် နီးကပ်လာသည်။
“အသင့်ပြင်”
တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ ကျယ်လောင်သည့် အော်သံက ဟိန်းထွက်သွားသည်။ ဖွင့်ဟခြင်းစစ်တပ်က အာရေးဗီးယားဘက်မှ အင်အားအကြီးဆုံး စစ်တပ်တစ်ခုအဖြစ် ထိပ်ဆုံးတွင်ရပ်နေသည်။ ထို့ကြောင့် ချီတက်လာသောအခါ ပြင်းထန်လွန်းသည့် အရှိန်အဝါကို သယ်ဆောင်လာလေသည်။ မည်သည့်တည်ရှိမှုကမှ သူတို့နှင့် အဆင့်အတန်းမတူဟု ခံစားမိလေပြီး အလိုလို ဖိနှိပ်ခံရသလို ခံစားချက်မျိုးကိုရစေသည်။
ရွှမ်ဝူစစ်တပ်ကို အလဲထိုးနိုင်သော စစ်တပ်တစ်ခုက သာမာန်မဟုတ်နိုင်ချေ။ ထို့ကြောင့် သာမာန်စစ်သားများကလည်း မယှဉ်နိုင်ပေ။
ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်ထောင်ပေါင်းများစွာက အာရပ်စစ်တပ်အတွင်းမှ ထိုးထွက်လာသည်မှာ ရွှေရောင်အလင်းတန်းတစ်ခုအလား ထင်ရသည်။ ထို့နောက် ထိုအလင်းတန်းက ဟိန်းဟောက်ခြင်းကျားစစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်ထံ ဦးတည်လာသည်။
ချွင် ချွင် ချွင်
မဟာထန်ဘက်မှ အင်အားအကြီးဆုံး စစ်တပ်နှစ်ခုက သူတို့၏ဓားများကိုမြှောက်ပြီး ဖွင့်ဟခြင်းစစ်တပ်ဘက်မှ တိုက်ကွက်များကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် အချိန်က လိပ်တစ်ကောင် တွားသွားသလိုမျိုး နှေးကွေးသွားသည်။ ဖွင့်ဟခြင်းစစ်တပ်မှ ကိုယ်စားပြု ရွှေရောင်မဟာဓားကြီးများက ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့၏ လူသားနှင့်ရန်သူ အကာအကွယ်ဓားများကို ထိပ်တိုက်ရင်ဆိုင်မိသွားသည်။ သူတို့တွင် လက်နက်များ ထိပ်တိုက်ရင်ဆိုင်မိသွားသည့် အခိုက်အတန့်တွင် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ထွက်ပေါ်လာသောအသံက အလွန်ပြင်းထန် ကျယ်လောင်လွန်းသည်။ ဓားတစ်လက်ချင်းစီတိုင်းက ကျင်းတစ်ဆယ်ကျော် လေးလံနေသည်။ ထို့ကြောင့် တစ်လောကလုံးက တသိမ့်သိမ့်တုန်ပြီး ယမ်းခါသွားသလို ဖြစ်သွားလေသည်။
ဓားနှစ်လက်က ထိပ်တိုက်တွေ့ဆုံသွားသည့် အခိုက်အတန့်တွင် တောင်များက အချင်းချင်း ဝင်ဆောင့်တိုက်လိုက်သလို ဖြစ်သွားသည်။ သို့မဟုတ် မူလဖြစ်တည်မှု ရှေးဟောင်းသားရဲကြီး နှစ်ကောင်က အချင်းချင်း ဝင်ဆောင့်တိုက်လိုက်သလိုမျိုး ဖြစ်သွားလေသည်။
ချွီထေပါး၊ အပုမူစလင်၊ ဝမ်ချောင်၊ ကောင်းရှန်းကျစ်နှင့် သာ့လွန်ရော့ကျန်း၊ တုဝူစစ်လီတို့ကပင် ထိုပြင်းထန်သည့် တိုက်ပွဲကို ဆက်လက် အာရုံစိုက်နေကြသည်။
ဒီတစ်ကြိမ် တိုက်ခိုက်လိုက်ခြင်းက တိုက်ပွဲ၏ အခြေအနေကို ဆုံးဖြတ်နိုင်သည်မှာ သေချာသည်။
ဖွင့်ဟခြင်းစစ်တပ်သည် ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်ကိုသာ အောင်မြင်စွာ ဆုတ်ဖြဲနိုင်ခဲ့မည်ဆိုလျှင် ကျန်သော ထန်စစ်တပ်များအားလုံးကို သုတ်သင်နိုင်မည့်အပြင် ထန်များအားလုံး၏ တိုက်ခိုက်လိုစိတ်ကို လျော့ကျသွားစေနိုင်သည်။ ထိုအရာသာမကသေးပေ။ ထန်ဝင်္ကပါကို ကျော်ဖြတ်ပြီး သွေးသားရဲစစ်တပ်၊ သေဆုံးခြင်းစစ်တပ်နှင့် အခြားသောအာရပ်စစ်တပ်များ အားလုံးကို ဦးဆောင်လျှက် ထန်များအတွင်းသို့ဝင်ရောက်ကာ အပြည့်အဝ ဖယ်ရှားနိုင်ပေလိမ့်မည်။
ထိုသို့ဖြင့် အရာအားလုံးက ခြားနားသွားနိုင်သည်။
ခြိမ်း
ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ရပ်နှင့်အတူ အချိန်က ပုံမှန်အတိုင်း ပြန်လည်ရွေ့လျားသွားသည်။
မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်နေသော အကြည့်အောက်တွင် လေထဲသို့ ပုံရိပ်ပေါင်းများစွာက လွင့်တက်သွားသည်။ သို့သော် လွင့်ထွက်သွားသည့် အရှိန်နှုန်းက ပိုများလာသည်။ ဖွင့်ဟခြင်းစစ်တပ်၏ ချီတက်မှုကြောင့် နောက်သို့လွင့်ထွက်သွားသော စစ်သည်တော်များ၏ အင်အားစုက ပိုများလာသည်။ သူတို့၏ချည်စက်ကွင်းများက မှိတ်တုပ်မှိတ်တုပ်ဖြစ်လာပြီး တုန်ခါလာသည်။ သူတို့၏ချည်စက်ကွင်း ခုနှစ်ခုနှင့်ပင် ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့မှ စစ်သည်တော်များကလည်း ဖွင့်ဟခြင်းစစ်တပ်ကို တားဆီးရန်ခက်ခဲကြောင်း သိလိုက်သည်။
လောက၏ အင်အားအကြီးဆုံး အင်ပါယာကြီးတစ်ခုမှ အင်အားအကြီးဆုံး စစ်တပ်တစ်ခု ဖြစ်နေသည့်အလျောက် ဖွင့်ဟခြင်းစစ်တပ်သည် သာမာန်လူများက မယုံနိုင်သည့် အတိုင်းအတာသို့ ရောက်ရှိသည့် စွမ်းအားများကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ ထို့ပြင် နဂါးကိုးကောင် သွေးစစ်အလံ၏ မွန်းမံမှုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်း သိုင်းစစ်တပ်တို့ကလည်း ဖွင့်ဟခြင်းစစ်တပ်၏ အဆင့်သို့ရောက်ရန် ခက်ခဲနေသေးသည်။
“ထိန်းထား”
ရုတ်တရက် ဝရုန်းသုန်းကား အခြေအနေ၏ အလယ်မှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်လေသည်။
အခန်း(၁၁၀၃)
ဖွင့်ဟခြင်း၏အိမ်မက်ဆိုး
ခွက် ခွက် ခွက်
ခြေခုနှစ်လှမ်းမှ ရှစ်လှမ်းခန့်အထိ နောက်သို့တွန်းခံလိုက်ရပြီးနောက် ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်း သိုင်းစစ်တပ်တို့မှ စစ်သည်တော်များက သူတို့၏ဖနောင့်ကို အောက်သို့ဖိချပြီး ပေါက်လိုက်ကြသည်။ ထိုသို့ဖြင့် မြေပြင်က ကွဲအက်လာသည်။ သူတို့၏ခန္ဓာကိုယ်က မြေပြင်ထဲတွင် အမြစ်တွယ်သွားသည့်အလား မလှုပ်တော့ချေ။
“စုစည်း”
နောက်ထပ်အော်သံ တစ်သံထွက်လာသည်။ ဖွင့်ဟခြင်းစစ်တပ်၊ သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့က ချီတက်လာသည့် အခိုက်အတန့်တွင် ဟိန်းဟောက်ခြင်းကျားစစ်တပ်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့က ခုခံသည့်ဝင်္ကပါတစ်ခုကို ခပ်မြန်မြန် ဖွဲ့စည်းလိုက်ကြသည်။
ဝုန်း
ထိုမြင်ကွင်းက ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်များ၏ မျက်နှာကိုပင် ချက်ချင်းလိုလို ဖြူဖျော့သွားစေခဲ့သည်။
ဖွင့်ဟခြင်းစစ်တပ်၏ ချီတက်လာသော စွမ်းအားက ပြိုင်ဘက်ကင်းသည်။ ထို့ကြောင့် ထိုချီတက်မှုအားကိုတားသော မည်သူကမဆို သေလမ်းရှာခြင်းဖြစ်သည်။ သို့ရာတွင် ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့က လူစုအခွဲခံရပြီးနောက် ထိုသို့ လျှင်မြန်စွာစုစည်းလိုက်နိုင်သောကြောင့် အာရပ်များအနေဖြင့် ချီတက်ရန် အခွင့်အရေး မရှိတော့ချေ။ ဖွင့်ဟခြင်းစစ်တပ်ကိုယ်တိုင်ကပင် ဒီလိုအခြေအနေမျိုးကို ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်နေသည်။
ထိုအရာသာမကသေးချေ။ ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့က ဒီချီတက်မှုအောက်တွင် အလုံးစုံ ဖိနှိပ်ခံထားရသည့်တိုင်အောင် သူတို့ထဲမှ ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်သာ အမှန်တကယ် သေဆုံးသွားခြင်းဖြစ်သည်။ အဆုံးသတ်တွင်မူ ရလဒ်က အကိုက်ခံရသည်ထက် ဟောင်သံကြားရရုံသာသာသာ ဖြစ်သွားသည်။
“သတ်စမ်း”
အလင်းရောင်တစ်ချက်လက်ပြီးနောက် ဖွင့်ဟခြင်းစစ်တပ်က ချက်ချင်းလိုလို တုန့်ပြန်လိုက်သည်။ ထန်စစ်တပ်အင်အားစုနှစ်ခုက မည်မျှအင်အားကြီးမားနေစေကာမူ သူတို့က ဖွင့်ဟခြင်းစစ်တပ်ကို မယှဉ်နိုင်သေးသမျှ အဆုံးသတ်ရတော့မည်ဖြစ်သည်။ ဖွင့်ဟခြင်းစစ်တပ်သည်လည်း သူတို့ကို ညီညီမျှမျှ သတ်ပေးရပေမည်။
ထိုသို့ဖြင့် မြေကမ္ဘာက တသိမ့်သိမ့်တုန်လာသည်။
သွေးသားရဲစစ်တပ်၊ သေဆုံးခြင်းစစ်တပ်နှင့် ဖွင့်ဟခြင်းစစ်တပ်တို့ဖြစ်သည့် ချွီထေပါး၏ ထိပ်တန်းအဆင့် စစ်တပ်သုံးခုက အတူတကွစုစည်းပြီး ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့ထံ ချီတက်သွားကြသည်။
ဝေါင်း
သို့သော် မည်သူကမှ သတိမထားမိသည်မှာ ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့၏ အနောက်ဘက်တွင် နဂါးကိုးကောင် သွေးစစ်အလံကို ကိုင်ထားသည့် အနက်ရောင်သံချပ်ကာဝတ် အစောင့်က တဖန်ထပ်ယမ်းလိုက်ခြင်းဖြစ်သည်။ သူကထိုသို့ အလံကိုယမ်းလိုက်သည့် အခိုက်အတန့်တွင် တိမ်စိုင်များက ရစ်ခွေသွားပြီး လေပြင်းက တိုက်ခတ်လာသည်။
မရေမတွက်နိုင်သည့် မိုးကြိုးတိမ်စိုင်ပေါင်းများစွာက စုစည်းလာပြီး ရွှေရောင်ရုပ်ထုတိုင်အတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခုက ပေါ်ထွက်လာသည်။ ထိုရွှေရောင်အလင်းတန်းထဲတွင် အနီရောင် အလင်းစများကိုလည်း မြင်နိုင်သည်။ ထိုစွမ်းအင်များက ထန်စစ်တပ်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ တခဏခန့်ကြာပြီးနောက် ဝင်္ကပါက အသက်ဝင်လာသည်။
“သတ်”
ဖွင့်ဟခြင်းစစ်တပ်က ချီတက်၍မဆုံးသေးခင် စစ်တပ်တစ်ခုက အခြားသောရှု့ထောင့်တစ်ခုမှ ချီတက်လာသလိုမျိုး ကျယ်လောင်သည့်ပေါက်ကွဲသံလို အသံကြီးက ထွက်ပေါ်လာလေသည်။
“သတ်”
“ငါတို့ရဲ့ညီအစ်ကိုတွေအတွက် ကလဲ့စားချေကြစမ်း”
ရွှမ်ဝူစစ်တပ်မှ စစ်သည်နှစ်ထောင်၏ မျက်လုံးများက နီရဲသွားသည်။ သူတို့က ဖွင့်ဟခြင်းစစ်တပ်၊ သေဆုံးခြင်းစစ်တပ်နှင့် သွေးသားရဲစစ်တပ်တို့ထံ ခုန်ဝင်သွားလေသည်။
ထိုမျှနီးကပ်နေသော အကွာအဝေးတွင် ဖွင့်ဟခြင်းစစ်တပ်ကပင် သတိလက်လွတ် ဖြစ်သွားရသည်။ တစ်စက္ကန့်ခန့်ကြာပြီးနောက် စစ်တပ်နှစ်ခုလုံးက ခပ်ကြမ်းကြမ်း ထိပ်တိုက်တွေ့ဆုံသွားပြီး ဝရုန်းသုန်းကားဖြစ်လာသည်။
သို့သော် ဒါဟာအစပိုင်းသာရှိသေးသည်။ ရွှမ်ဝူစစ်တပ်ကလည်း အမှန်တကယ် တိုက်ပွဲအတွင်းသို့ဝင်ရန် ဆန္ဒမရှိချေ။ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တိုက်ရင်ဆိုင်မှုက စတင်ထွက်ပေါ်လာပြီးနောက် ရွှမ်ဝူစစ်တပ်က ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့နဲ့ ချောမွေ့စွာ ပူးပေါင်းသွားပြီး ဝင်္ကပါ၏ စွမ်းအားများနှင့်အတူ နောက်ဆုတ်သွားသည်။
ဘုန်း
နောက်ထပ်စစ်တပ်တစ်ခုက ဖွင့်ဟခြင်းစစ်တပ်ကို ချေမွရန် အလဲထိုးဝင်ရောက်လာသည်။ သို့သော် ဒါဟာ သူတို့ကို နောက်ပြန်လွင့်သွားရုံသာ ဖြစ်သွားစေလေသည်။
နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ သံမဏိမြို့ရိုးစစ်တပ်... ထိုသို့ဖြင့် စစ်တပ်တစ်ခုပြီးတစ်ခုက နဂါးကိုးကောင် သွေးစစ်အလံ၏ စွမ်းအားမြှင့်တင်ပေးမှုအောက်တွင် ဖွင့်ဟခြင်းစစ်တပ်ကို ခပ်ကြမ်းကြမ်း ဝင်ရောက်တိုက်ခိုက်ကြသည်။ ထိုသို့ တစ်ကြိမ်တိုက်ခိုက်ပြီးရုံနှင့် သူတို့က ဘိမ်းကနောက်ပြန်ဆုတ်သွားသလိုမျိုး ခပ်မြန်မြန်လိမ့်ကာ ထွက်သွားပြီး ထိုနေရာမှ ဝေးကွာသော တစ်နေရာသို့ ဦးတည်ထွက်ခွာသွားကြလေသည်။
ချည်စက်ကွင်းများက တုန်ခါနေပြီး မြေကမ္ဘာက ကွဲအက်လာသည်။ အမျိုးမျိုးသော တိုက်ခိုက်ခံရသည့် တိုက်ကွက်များအောက်တွင် ဖွင့်ဟခြင်းစစ်တပ်ကပင် ကစဉ့်ကလျားဖြစ်သော အနေအထားအတွင်းသို့ တွန်းပို့ခံလိုက်ရသည်။ သူတို့ကိုယ်တိုင်ကလည်း သူတို့ဟာ မည်သည့်စစ်တပ်ကို ရင်ဆိုင်နေရကြောင်း မသေချာတော့ချေ။ မည်သည့်ဘက်သို့ လိုက်သင့်ကြောင်း မသိနိုင်တော့ချေ။ အချိန်တိုင်းလိုလို စစ်တပ်တစ်ခုက ရောက်လာပြီး စစ်တပ်တစ်ခုက ထွက်ပြေးသွားတတ်သည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်... ထိုသို့ဖြင့် တိုက်ခိုက်မှုက တစ်ကြိမ်ပြီးတစ်ကြိမ် ကျဆင်းလာနေသောအခါ ဖွင့်ဟခြင်းစစ်တပ် ကိုယ်တိုင်ကလည်း လိုက်မှီနိုင်ရန်ခက်ခဲလာသည်။ တိုတောင်းသော အချိန်ကာလတစ်ခု ကြာညောင်းပြီးနောက် ဖွင့်ဟခြင်းစစ်တပ်က ဆက်လက်မထိန်းထားနိုင်တော့ချေ။ စီတန်းလျှက် သေသပ်စွာရှိနေသော စစ်သည်တော်များ အားလုံးကလည်း ဝရုန်းသုန်းကားဖြစ်သွားပြီး စတင်ကာ နောက်ဆုတ်ကြရသည်။
ထိုအချိန်တွင် ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်များ အားလုံး၏မျက်နှာက တင်းမာနေသည်။
“အခုပဲ”
ဝမ်ချောင်က တိုက်ပွဲနယ်မြေ၏ အခြေအနေတိုင်းကို မျက်လုံးမှိတ်ကာသာ စူးစမ်းနေခြင်းဖြစ်သည်။ သို့သော် သူက ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိပြီး မျက်လုံးကိုဖွင့်လိုက်သည့်အခါ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ သူက ဖွင့်ဟခြင်းစစ်တပ်အတွက် သေစေနိုင်လောက်အောင် ခြိမ်းခြောက်ခြင်း အမိန့်တစ်ခုကို ချက်ချင်းထုတ်လိုက်သည်။
“ချူလော့ဟုန့် သွား”
ဝမ်ချောင်က သူနှင့် ပေနှစ်ရာအကွာတွင် ရပ်နေသော ချူလော့ဟုန့်ကို လှမ်းပြောလိုက်သည်။
ချူလော့ဟုန့်သည် ဝမ်ချောင်၏ စွမ်းရည်ကို လက်မခံနိုင်သော်လည်း ထုံလော့မှလူများအားလုံးက ဝမ်ချောင်နှင့် ကတောက်ကဆ ရှိခဲ့ဖူးသော်လည်း ဝမ်ချောင်သည် ဒီတိုက်ပွဲနယ်မြေတွင် အဆင့်မြင့်ဆုံး စစ်သေနာပတိချုပ်ဖြစ်ကြောင်း နားလည်လက်ခံထားသည်။ ထို့ကြောင့် ယခုလို အရေးပါသော အခိုက်အတန့်မျိုးတွင် ချူလော့ဟုန့်ကပင် ဝမ်ချောင်၏အမိန့်ကို နာခံသည်။
ချူလော့ဟုန့်က ဝမ်ချောင်ကို ခပ်ကြမ်းကြမ်းကြည့်ပြီးမှ အကြည့်လွှဲကာ ဓားကိုဆွဲထုတ်လိုက်သည်။
“အားလုံးပဲ ငါ့ရဲ့နောက်ကလိုက်ခဲ့ကြ”
သူက ထိုသို့ပြောပြီးပြီးချင်း သူ၏မြင်းက ရှေ့သို့ခုန်ထွက်သွားပြီဖြစ်သည်။ ထိုသို့ဖြင့် ထုံလော့မြင်းတပ်မှ စစ်သည် ထောင်ပေါင်းများစွာကို ခြိမ်းခြောက်ဖွယ်ကောင်းလောက်သော အရှိန်အဝါအပြည့်နှင့် ဦးဆောင်ကာ ချီတက်သွားသည်။
“ကြည့်ဦး ကြည့်ဦး ထုံလော့တွေလာပြီ”
ထုံလော့စစ်တပ်က ချီတက်လာရုံသာ ရှိသေးသည်။ သေဆုံးခြင်းစစ်တပ်မှ အရာရှိ၏မျက်လုံးက အံ့အားသင့်မှုအပြည့်နှင့် မှေးကျဉ်းသွားသည်။ သူသည် သာ့လွန်ရော့ကျန်းထံမှတစ်ဆင့် ထိုစစ်တပ်၏ နာမည်ကို ကြားထားဖူးပြီးသားဖြစ်သည်။ သို့သော် ထိုလူများသည် ဧကရာဇ်ထိုက်ကျုံးခေတ်ကတည်းက အစောင့်တပ်များအနေနှင့် တည်ရှိခဲ့ပြီး အလွန်အမင်း အင်အားကြီးမားသည်။ သို့သော် စစ်နယ်မြေသို့ စေလွှတ်ခဲသည်။
ခြိမ်း
အာရပ်စစ်သားများကလည်း ဦးတည်ရာဘက်ကို ချက်ချင်းပြောင်းလျှက် ထုံလော့များကို တားကြသည်။ သို့သော် နောက်ကျသွားပြန်သည်။
စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် ထုံလော့မြင်းတပ်မှ စစ်သည်ခုနှစ်ထောင်က သူတို့၏ ကြေးနီရောင် သံချပ်ကာများ၏ ဝံ့ကြွားတောက်ပမှုနှင့်အတူ အာရပ်စစ်တပ်ထဲသို့ လမ်းဖောက်ကာ ချီတက်သွားသည်။ ထိုသို့ဖြင့် ဖွင့်ဟခြင်းစစ်တပ်ရှိရာဘက်သု့ိ ဦးတည်သွားလေပြီ။
ဘုန်း ဘုန်း ဘုန်း
ထုံလော့မြင်းတပ်က ဖွင့်ဟခြင်းစစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည့် အခိုက်အတန့်တွင် ဝမ်ချောင်က လက်မောင်းကိုအောက်သု့ိ အသာချလိုက်သည်။ သူ၏ ဟန်အမူအရာကြောင့် ဘယ်ဘက်ခြမ်းတွင် ရှိနေသော မဟာထန်၏ စစ်နတ်ဘုရား စုကျန်းချန်းကိုယ်တိုင်က လေ့ကျင့်ပေးထားသည့် အဆူရာ သိုင်းစစ်တပ်မှ စစ်သည်သုံးထောင်က အချက်ပြမှုကို လက်ခံရရှိလိုက်ပြီဖြစ်သည်။
ကျယ်လောင်သည့် ဟိန်းသံလိုလို ကျုံးဝါးသံတစ်ခုနှင့်အတူ အဆူရာသိုင်းစစ်တပ်ကလည်း ပြင်းထန်သည့် အရှိန်အဝါအပြည့်နှင့် တောင်တန်းများကို ကန်ထုတ်ကာ မြစ်ပြင်ကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည့် အားများကိုသုံးရင်း ခုခံအားလှိုင်းနောက်မှ ထွက်သွားလေပြီ။
အတိတ်တွင် အဆူရာသိုင်းစစ်တပ်က စုကျန်းချန်း၏ အမိန့်အောက်တွင် အင်အားအကြီးဆုံး စစ်တပ်ကြီးတစ်ခုဖြစ်ခဲ့သည်။ ထိုစစ်သားများက ကောင်းကောင်းလေ့ကျင့်ရန် အချိန်မရခဲ့သည့်တိုင်အောင် နယ်စပ်ရှိ အင်ပါယာတိုင်းကို မရပ်တန့်နိုင်သည့် အရှိန်နှုန်းဖြင့် ကြောက်လန့်မှုနှင့် တဆတ်ဆတ် တုန်ခါနေအောင် ဖိနှိပ်နိုင်ခဲ့သည်။ သူတို့၏စစ်တပ်သည် မူရင်းစွမ်းအား၏ ခြောက်ဆယ်ရာခိုင်နှုန်းမှ ခုနှစ်ဆယ်ရာခိုင်နှုန်းကိုသာ သယ်ဆောင်ထားနိုင်ချိန်တွင် ထိုသို့လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဝှစ်
နောက်ဆုံးသောစစ်တပ်က တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာသည်နှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်ကလည်း အလံကိုတစ်ချက် ထပ်ယမ်းလိုက်ပြန်သည်။ ချက်ချင်းဆိုသလိုပင် စွမ်းအင်နှစ်တန်းက ရှေ့သို့တိုးထွက်သွားလေသည်။ တစ်ခုကမူ အဝေးရှိ ထုံလော့မြင်းတပ်ထံ ဆင်းသက်သွားသည်။ နောက်ထပ်တစ်ခုကမူ အဆူရာ သိုင်းစစ်တပ်ပေါ်သို့ ကျဆင်းသွားသည်။
ထုံလော့မြင်းတပ်၊ အဆူရာသိုင်းစစ်တပ်နှင့်၊ ပြိုင်ဘက်ကင်းသိုင်းစစ်တပ်တို့သည် ထန်ထိုက်ကျုံး ခေတ်ကတည်းက ပထမဦးဆုံး တည်ထောင်ခဲ့သည့် အဖွဲ့အစည်းများဖြစ်နေသည်။
မဟာဗိုလ်ချုပ်ကြီးများဖြစ်သည့် အန်းစစ်ရွှန်းနှင့် ခဲ့ရှု့ဟန်တု့ိ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးထားသော စစ်တပ်များအတွက်ကမူ ထိုက်ကျုံးခေတ်ကတည်းက တောက်လျှောက် လက်ဆင့်ကမ်းပေးလာခဲ့သည့် အမွေဆက်ခံခွင့်ရရှိထားသော လေ့ကျင့်ရေးနည်းလမ်းများကို ပိုင်ဆိုင်ခွင့် ကျော်ဖြတ်ခွင့် ရခဲ့သည်။
ဝမ်ချောင်၏ သီးသန့်လေ့ကျင့်ပေးထားသော စစ်တပ်များဖြစ်သည့် နတ်သိုင်းစစ်တပ်နှင့် ရွှမ်ဝူစစ်တပ်တို့ကပင် ထိုက်ကျုံးခေတ်မှ တိုက်ရိုက်ဆင်းသက်လာသော နည်းလမ်းများကိုအသုံးပြုကာ လေ့ကျင့်ပေးထားခြင်းဖြစ်သည်။
နှစ်တစ်သိန်းကျော် ကျော်ဖြတ်ခဲ့ပြီးနောက် ဧကရာဇ်ထိုက်ကျုံး၏ အမိန့်အောက်တွင် ရှိခဲ့ဖူးသည့် အင်အားအကြီးဆုံး စစ်တပ်ကိုးခုက ခုံးတောင်တန်း အနောက်ဘက်ခြမ်းတွင် ပထမဦးဆုံးအကြိမ် အနေနှင့် စုစည်းမိသွားလေပြီ။
နှစ်တစ်သိန်းကျော် ကြာညောင်းခဲ့ပြီးနောက် နဂါးကိုးကောင် သွေးစစ်အလံကလည်း သူ၏တောက်ပမှုကို တဖန်ထုတ်ပြနိုင်သွားသည်။
လေပြင်းက တိုက်ခတ်နေပြီး မိုးခြိမ်းသံများက ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ နဂါးကိုးကောင် သွေးစစ်အလံသည် လေးစားဖွယ်ကောင်းသော စစ်တပ်ကြီးနှစ်ခုကို စွမ်းအင်များနှင့် ပြည့်နှက်ဖောင်းကားလာအောင် မြှင့်တင်ပေးလိုက်နိုင်သည်။
ဝရုန်းသုန်းကားဖြစ်နေသော အခြေအနေက မယုံနိုင်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိသွားပြီးနောက် တစ်လောကလုံးကပင် ပြိုလဲကျပျက်စီးသွားမည်ဟုပင် ခံစားလာရသည်။
မဟာထန်ဘက်မှ လက်ရွေးစင်စစ်တပ် ခုနှစ်ခုက ပြင်းထန်သည့် တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲနယ်မြေ တစ်ခုလုံးကို မင်းမူနေရာမှ နောက်ထပ်ရောက်ရှိလာသည့် ထုံလော့မြင်းတပ်နှင့် အဆူရာသိုင်းစစ်တပ်တို့က ချွီထေပါး၏ ဖွင့်ဟခြင်းစစ်တပ်ကို ကွဲအက်သွားအောင် ချေမွလိုက်နိုင်လေသည်။
ဟီ...
ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်များ၏ မျက်နှာက ကြောက်လန့်မှုဖြင့် တုန်ယင်နေပြီး ပထမဦးဆုံး အကြိမ်အနေနှင့် ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။ သူတို့သည်လည်း နက်ရှိုင်းလွန်းသော ပင်လယ်သမုဒ္ဒရာအတွင်း မျောလွင့်နေသလို ခံစားချက်မျိုးကို ရလိုက်သည်။
‘အထက်ဆုံးနေရာကနေ လှံကိုချိုးရတယ်’ဆိုသော စကားသည် ဖွင့်ဟခြင်းစစ်တပ်က ပျောက်ကျားစီးနင်းဝင်ရောက်ရာတွင် သုံးလေ့ရှိသည့် စည်းမျဉ်းလည်းဖြစ်သည်။ ဖွင့်ဟခြင်းစစ်တပ်က ရင်ဆိုင်ခဲ့ဖူးသမျှ အတိတ်က ပြိုင်ဘက်တိုင်းအတွက်မူ ထိုစကားက မှန်ခဲ့သည်။ ဖွင့်ဟခြင်းစစ်တပ်အတွက်လည်း သူ၏သဘာဝကို အပြည့်အဝ ဖော်ထုတ်နိုင်စေခဲ့သည်။
ဘန်း
ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်တစ်ယောက်က နောက်ဆုတ်ရန် အရှိန်နှုန်း နှေးကွေးသွားပြီး ချောမွေ့စွာ အဝိုင်းခံလိုက်ရသည်။ တိုတောင်းသော အချိန်ကာလအတောအတွင်း ဓားခြောက်လက်မှ ခုနှစ်လက်ခန့်က သူ၏ကိုယ်ကို ခုတ်ပိုင်းလိုက်လေပြီ။
ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်များအားလုံးသည် ဖော်ပြရန်ခက်ခဲသည့် တိုက်ခိုက်သူများဖြစ်ကြပြီး အကောင်းဆုံး လက်နက်များ၊ သံချပ်ကာများကို ပိုင်ဆိုင်ထားကြသည့်တိုင်အောင် များပြားလွန်းသော ဖျက်ဆီးခြင်းတိုက်ကွက်များကိုမူ တောင့်မခံနိုင်ပေ။
“အား”
ထိုသို့ဖြင့် ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်က သွေးများအန်ထုတ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ ငယ်သံပါသော အော်သံကလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ပလုံ
ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်က လဲကျသွားသည့် အခိုက်အတန့်တွင် ဓားတစ်လက်က သူ၏လည်မျိုကို ထိုးဖောက်သွားပြီဖြစ်သည်။ တခဏခန့်ကြာပြီးနောက် ငွေရောင်စစ်ဖိနပ် တစ်ဖက်က သူ၏အလောင်းပေါ်တက်နင်းပြီး ခေါင်းကိုအသာဖြုတ်လျှက် နောက်ထပ်စစ်သည်တော် တစ်ယောက်ထံ ခုန်ဝင်သွားလေသည်။
ငါးရာ၊ ခြောက်ရာ၊ ခုနှစ်ရာ... တစ်ထောင်
ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တစ်ထောင်ခန့်က ထိုအခိုက်အတန့် အတောအတွင်း သေဆုံးသွားသည်။ သူတို့၏အလောင်းများက မြေပြင်တွင် ပြန့်ကျဲသွားသည်။ ဖွင့်ဟခြင်းစစ်တပ်မှ စစ်သည်တော်များက ခုတ်ပိုင်းရှင်းလင်းခံနေရသည့်အချိန်တွင် သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်တို့ အတွက်ကမူ အလုံးအရင်းနှင့် သုတ်သင်ခံနေရပြီဟု ဆို၍ရသည်။
ထန်၏ထိပ်တန်းအဆင့် စစ်တပ်များအားလုံးတွင်ရှိသော စစ်သည်တော်တိုင်း၏ကိုယ်ကို မှင်သက်ဖွယ် ကောင်းလောက်အောင် တောက်ပနေသည့် ချည်စက်ကွင်းများက မွန်းမံလွှမ်းခြုံပေးထားသည်။ ထုံလော့မြင်းတပ်နှင့် အဆူရာသိုင်းစစ်တပ်တို့က ဝင်ရောက်လာပြီးနောက် သူတို့တွင် ချည်စက်ကွင်းကိုးခု ပိုင်ဆိုင်သွားပြီဖြစ်သည်။ နှစ်သောင်းခုနှစ်ထောင်ခန့်ရှိမည့် ထိပ်တန်းအဆင့် ထန်စစ်သည်တော်များ အားလုံးက မရပ်တန့်နိုင်သော အရှိန်နှင့် တိုက်ပွဲနယ်မြေကို မင်းမူကြလေသည်။
ထိုအခိုက်အတန့်တွင် ဖွင့်ဟခြင်းစစ်တပ်၊ သွေးသားရဲစစ်တပ်တို့ပင် မဆိုထားဘိ အာရပ်မြင်းတပ် အဖွဲ့ဝင်တိုင်းနီးပါးက အလားတူသော ကံကြမ္မာကို ကြုံတွေ့နေရသည်။ ထိုထဲတွင် အာရပ်လက်ရွေးစင် စစ်တပ်များဖြစ်သည့် ခေါင်းဖြတ်သူစစ်တပ်နှင့် တိုင်ပစစ်တပ်တို့လည်း ပါဝင်သည်။ နဂါးကိုးကောင် စစ်သွေးအလံ၏ ဝင်္ကပါအလံ၏ တိုက်ကွက်များအောက်တွင် အားလုံးက အလုံးအရင်းနှင့် သေဆုံးနေကြရသည်။
ထိုသို့ဖြင့် အာရပ်များအတွင်းတွင် အရှုံးကသိသာလာပြီး စီတန်းရပ်ကာ ချီတက်နေသော အဖွဲ့ဝင်များ အားလုံးက အစီအစဉ်တကျ လဲကျသေဆုံးနေကြရသည်။
ဟီ
အာရပ်စစ်သားများက ကြောက်လန့်တကြား အော်ဟစ်ကြသည်။ သူတို့က နောက်သို့ အလန့်တကြား ဆုတ်ကြသည်။ သို့သော် လေထဲတွင် ပြည့်နှက်သိပ်သည်းနေသော သွေးမြူများအပြင် မြေပြင်တွင် အိုင်ထွန်းနေသော သွေးများက တာလာ့၏ အနောက်ဘက်ခြမ်းသို့ တောက်လျှောက် စီးနင်းသွားပြီဖြစ်သည်။ ဒါဟာ ပျက်စီးသွားသော နယ်မြေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုသို့ဖြင့် သေဆုံးမှုများ ပြည့်နှက်နေလေပြီး ငရဲအလားထင်ရသည်။
မြန်တယ် တအားမြန်လွန်းတယ်။
ထုံလော့မြင်းတပ်က စတင်တိုက်ခိုက်ပြီး စစ်တပ်တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်လိုက်သည်မှာ အချိန်တခဏသာ ကြာသွားသည်။ တိုက်ပွဲနယ်မြေတွင် အာရပ်အလောင်းများက ပြည့်နှက်သွားပြီဖြစ်သည်။ နတ်ဘုရားလိုမျိုး ပြိုင်ဘက်ကင်းပါသည်ဆိုသော ဖွင့်ဟခြင်းစစ်တပ်ကပင် အများကြီးဆုံးရှုံးသွားသည်။
အဝေးတွင်ရှိသော အနက်ရောင်စစ်အလံ လေးခုအောက်တွင်မူ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ အော့စမန်း၊ အားပါးနှင့် ကျစ်ရတို့အားလုံး၏ မျက်နှာက အံ့အားသင့်မှုနှင့် ပြည့်နှက်နေသည်။ သူတို့က သူတို့မြင်နေရသည့် အရာကိုပင် မယုံနိုင်ကြပေ။
အပိုင်း(၁၁၀၄)
အာရပ်တွေရဲ့ အံ့အားသင့်မှု
အာရေးဗီးယားအင်ပါယာ၏ စွမ်းအားအမြင့်တွင် လက်ရွေးစင်ပေါင်းများစွာကို စုစည်းနိုင်မှုနှင့်အတူ အစိုးရသုံးယောက်၊ စစ်သည်သိန်းပေါင်းများစွာက အရှေ့ပိုင်းလောကရှိ အင်အားနည်းပါးလွန်းပြီး စစ်သည်နှစ်သောင်းလောက်သာရှိသည့် အင်အားစုတစ်ခုအောက်တွင် ရှုံးသွားသည်။ မည်သည့် အာရပ်ဗိုလ်ချုပ်ကမှ ဒီမြင်ကွင်းကို ကြိုမမြင်နိုင်ခဲ့ကြပေ။
အဝေးမှသာဆိုလျှင် မည်သည့်အဖွဲ့ကို ကောက်ရွေးရွေး အတော်ဆုံးဖြစ်နေလောက်မည့် အာရပ်မြင်းတပ် အဖွဲ့ဝင်များကို တွေ့နိုင်သည်။ ဒါဟာ အင်ပါယာ၏ အတော်ဆုံးသော အကျွမ်းကျင်ဆုံးသောသူများ ဖြစ်နေကြပြီး ထိုလူများက အရုပ်များလိုမျိုး လေထဲသို့ လွင့်ပစ်ခံနေရသည်။ ထိုသို့လုပ်နေသောလူက အယောက်နှစ်သောင်းခန့်သာရှိမည့် ထန်လက်ရွေးစင်များဖြစ်သည်။ ထိုထန်လက်ရွေးစင်များသည် သူတို့၏ဓားကိုသာသုံးပြီး ကျင်းထောင်ပေါင်းများစွာ လေးသည့် အာရပ်မြင်းသည်တော်များကို နှစ်ခြမ်းခွဲနေသည်။ ထို့နောက် အလောင်းများကိုလည်း မီတာတစ်ဆယ်ကျော်သည်အထိ လွင့်ထွက်သွားစေသေးသည်။
အာရပ်များသည် အရေအတွက်အားဖြင့် အပြတ်အသပ် အသာစီးရထားသော်လည်း မည်မျှမြောက်များသော အရေအတွက်ကမျှ ထိုထန်များကို မတားနိုင်တော့ချေ။
ထန်စစ်သည်တော် တစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်ကို မှင်သက်ဖွယ်ကောင်းသော ဝင်္ကပါအသေးစားလေးများက ဝိုင်းထားသည်။ ထိုသို့ဖြင့် ဝင်္ကပါများက လျှင်မြန်စွာ လှည့်ပတ်လာလေပြီး တိုက်ပွဲနယ်မြေရှိ အခြားသောစစ်တပ်တိုင်းကို မျက်လုံးကြိမ်းစေသည်။ ထို့ကြောင့် မည်သည့်အာရပ်မြင်းတပ် မည်မျှများပြားသော ပမာဏက ရှေ့တက်သွားစေကာမူ သစ်ပင်ကြီးကို လှုပ်ခါချင်နေသည့် ပုရွက်ဆိတ်များအလား အလွယ်တကူ လွင့်ပစ်ခံနေရသည်။
“နောက်ဆုတ် ငါ့ရဲ့အမိန့်ကိုထုတ် စစ်သားတိုင်း နောက်ဆုတ်တော့”
ထိုအခိုက်အတန့်တွင် အပုမူစလင်ကပင် စိတ်ဓာတ်ကျသွားသည်။
စစ်သည်နှစ်သိန်းကို အတင်းစေလွှတ်ကာ တိုက်ခိုက်ထားရသည့် အခြေအနေတွင် ရှိနေသော်လည်း အပုမူစလင်အနေဖြင့် အဆိုးရွားဆုံးသော အိမ်မက်ဆိုးကို ကြုံရလိမ့်မည်ဟု မမျှော်လင့်ဖူးချေ။ အဆိုးဆုံးမှ အပုမူစလင်က အာရပ်များက အားနည်းချက် အနည်းငယ်ရှိလောက်မည် ဆုံးရှုံးမှု အနည်းငယ် ရှိလောက်မည်ဟုသာ တွေးထားခဲ့ဖူးသည်။ သို့သော် ရှင်းပြရန်ခက်ခဲသော အကြောင်းပြချက်မျိုးကြောင့် အနည်းငယ်သော ဆုံးရှုံးမှုအစား အပြည့်အဝ အမြစ်ဖြတ်သုတ်သင်ခံရလုနီးပါး ဖြစ်သွားသည်။
သူတို့ကသာ ယခုနောက်မဆုတ်လျှင် အာရပ်များ၏ အရှုံးက ပိုကြီးသွားပေလိမ့်မည်။
အပုမူစလင်သည် သံမဏိနှင့်သွေးအစိုးရဆိုပြီး လူသိများကျော်ကြားသည်။ သူ၏ လက်ဦးယူနိုင်မှု၊ ခပ်ကြမ်းကြမ်းတိုက်ခိုက်မှု၊ ပြင်းထန်သော အရှိန်နှုန်းနှင့် အားလုံးကို သတ်ဖြတ်နိုင်စွမ်းရည်တို့ကြောင့် ကျော်ကြားခဲ့သည်။ သူဟာ ပြိုင်ဘက်ကို ပြောင်းပြန်လှန်ပြီး မဆွဲဖြဲနိုင်သမျှ နောက်ဆုတ်လေ့မရှိချေ။ သို့သော် အာရပ်များ၏ တိုက်ခိုက်လိုစိတ်က အနိမ့်ဆုံးအဆင့်သို့ ကျနေပြီးလေပြီ။ သူတို့ကသာ ယခု နောက်မဆုတ်လျှင် အာရပ်များက ဖြစ်လာနိုင်သည့် ဆိုးကျိုးကို မခံနိုင်တော့ချေ။
ဒုန်း ဒုန်း ဒုန်း
အာရပ်မြင်းသည်တော်တစ်ယောက်က ခပ်မြန်မြန် နောက်လှည့်ပြီး အပုမူစလင်၏ အမိန့်ကို သွားရောက်ပို့ဆောင်သည်။
ထိုအခိုက်အတန့်တွင် ခံစားချက်မဲ့ပြီး ပြတ်တောင်းသည့် အသံတစ်သံက နားအတွင်းဝင်ရောက်သွားသည်။ လူတိုင်းကလည်း ထိုစကားလုံးများကြောင့် တုန်ယင်သွားပြီး ခေါင်းလှည့်ကာ ချွီထေပါးကို ကြည့်လိုက်ကြသည်။ အပုမူစလင်ကပင် လှမ်းကြည့်သည်။
သွေးသားရဲစစ်တပ်၊ သေဆုံးခြင်းစစ်တပ်နှင့် ဖွင့်ဟခြင်းစစ်တပ်တို့သည် ချွီထေပါး၏ အမိန့်အောက်မှဖြစ်သည်။ ထို့ကြောင့် ဒီတိုက်ပွဲတွင် အရာအားလုံးကိုသာ ဆုံးရှုံးရမည်ဆိုလျှင် ထိုလူက ချွီထေပါးဖြစ်နိုင်သည်။
ထိုအချိန်တွင် အရာအားလုံးက တိတ်ဆိတ်သွားသဖြင့် အပ်ကျသံကိုပင် ကြားနိုင်လောက်သည်။ လူတိုင်းကလည်း ချွီထေပါး၏အမိန့်ကို စောင့်နေကြသည်။
.....
“နဂါးကိုးကောင် သွေးစစ်ပွဲအလံ”
အာရပ်များနှင့် အနီးဆုံးနေရာတွင်ရှိနေသည့် သာ့လွန်ရော့ကျန်းက ရုတ်တရက်ပြောသည်။
“ဘာ”
သာ့လွန်ရော့ကျန်း၏စကားက လူတိုင်းကို သူ့အား လှည့်ကြည့်မိစေသည်။
“ဒီစစ်အလံက နဂါးကိုးကောင် သွေးစစ်အလံ”
သာ့လွန်ရော့ကျန်းက ထပ်တလဲလဲပြောသည်။ သူ၏အကြည့်က တိုက်ပွဲနယ်မြေထံတွင်သာ ရှိနေသည်။ အထူးသဖြင့် လေထဲတွင်လွင့်နေသည့် ရှေးဟောင်းအလံကြီးထံတွင်ဖြစ်သည်။
“မဟာထန်မှာ လွန်ခဲ့တဲ့ နှစ်တစ်သိန်းကျော်လောက်ကပေါ့။ အဲ့ဒီခေတ်ကို ဧကရာဇ်ထိုက်ကျုံးရဲ့ ခေတ်လို့ခေါ်တယ်။ အဲ့ဒီအချိန်က နက်ရှိုင်းတဲ့ပင်လယ်ရွှမ်သတ္ထုသားနဲ့ ဥက္ကာပျံသတ္ထုသား အဓိက အမြူတေတွေကိုသုံးပြီး ထန်စစ်အလံတစ်ခုကို သွန်းလုပ်ခဲ့တယ်။ ဒီစစ်အလံက ထိပ်တန်းအဆင့် စစ်တပ်ကိုးခုကို ထိန်းချုပ်နိုင်သလို သူတို့ရဲ့ချည်စက်ကွင်းတွေကိုလည်း အချင်းချင်း ထပ်နေအောင် ဖန်တီးပေးနိုင်တယ်။ ဒီလိုနဲ့ စစ်တပ်တစ်ခုတည်းက အင်အားကြီးမားတဲ့ ချည်စက်ကွင်းကိုးခုကို ပိုင်ဆိုင်သွားနိုင်စေတယ်။ ဒီအတွက်ကြောင့်ပဲ ဒီစစ်အလံက မဟာထန်ရဲ့ တိုက်ပွဲနယ်မြေပေါ် ပြိုင်ဘက်ကင်းစေတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာတယ်။ ဒီလိုနဲ့ တူရကီခါကာနိတ်တွေကို အလဲထိုးနိုင်ပြီး နှစ်ခြမ်းခွဲနိုင်ခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ဂိုဂူလျောအင်ပါယာ၊ မာန်ရှဲ့ကျောင်း၊ နောက်ပြီး ရှီခီထန်နဲ့ ငါတို့ရဲ့ယွီစန်းတွေကိုတောင် ရှုံးနိမ့်အောင် လုပ်နိုင်ခဲ့တယ်။ မဟာထန်ရဲ့ ရွှေခေတ် အစောဆုံး ဒဏ္ဍာရီတွေကလည်း အဲ့ဒီနေရာကနေ စတင်ပြီးဖြစ်တည်လာခဲ့တာပဲ။ အဲ့ဒီခေတ်မှာ မဟာထန်က ကုန်းမြေကြီးရဲ့ အင်အားအကြီးဆုံး တိုင်းပြည်ကြီးဆိုပြီး အသိအမှတ်ပြုခံခဲ့ရတယ်”
သာ့လွန်ရော့ကျန်းက ခပ်တင်းတင်းပြောသည်။
သာ့လွန်ရော့ကျန်းသည် ဗိုလ်ချုပ်များနှင့် သိုင်းပညာခြင်းယှဉ်သော် နည်းချင်နည်းပေလိမ့်မည်။ သို့သော် သူသည် သမိုင်းမှတ်တမ်းများ၊ ပုံပြင်များ၊ ဂန္ဓဝင်မှတ်တမ်းများ၊ တိုင်းပြည်များနှင့်ပတ်သတ်သည့် တရားမဝင်သည့် သမိုင်းကြောင်းများကိုပင် သူ၏လက်ခုံလို ကျွမ်းကျွမ်းကျင်ကျင် သိနေသော လူမျိုးဖြစ်သည်။ သူဟာ ပညာရှိတစ်ယောက်ဖြစ်သည်။
ထန်ထိုက်ကျုံးခေတ်မှ ခမ်းနားသော အတိတ်အကြောင်းက တိတ်တဆိတ်ဖြင့် လျော့ပါးပျောက်ကွယ်သွားသည်။ ထို့ကြောင့် မဟာထန်မှ လူအများစုပင် ထိုအကြောင်းကို သိပ်မသိကြတော့ပေ။ သို့သော် သာ့လွန်ရော့ကျန်းကမူ စာတမ်းပေါင်းများစွာကို ရှာတွေ့ခဲ့သည်။ ထိုအဖိုးတန် စာတမ်းများအတွင်းတွင် အမျိုးမျိုးသော လွန်ခဲ့သော နှစ်သိန်းပေါင်းများစွာအကြာက အမျိုးမျိုးသော တိုင်းပြည်များနှင့် ဖြစ်ခဲ့သည့် စစ်မှတ်တမ်းလည်းပါဝင်သည်။ ထိုအတွက်ကြောင့် သူက ဒီကိစ္စကို သိထားသည်။
နဂါးကိုးကောင် စစ်သွေးအလံ
ထန်ထိုက်ကျုံးခေတ်က ပြိုင်ဘက်ကင်းခဲ့သော ဒဏ္ဍာရီနှင့် ကျော်ကြားမှုများနှင့် ပတ်သတ်ပြီး ရှင်းပြရခက်ခဲသည့် အခြေအနေမျိုး ရှိခဲ့သည်။ မဟာထန်၏ အစစ်အမှန် နံပါတ်တစ် လက်နက်ကိရိယာက ထိုအလံဖြစ်သည်။ အင်အားကြီးမားသော စစ်တပ်ကိုးခုကို ထိုအလံသုံးပြီး ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းလျှက် ပူးပေါင်းလိုက်သောကြောင့် ဖွင့်ဟခြင်းစစ်တပ်ကပင် အရှုံးများနှင့် နောက်ပြန်လှည့်ကြရသော တည်ရှိမှုကြီးအဖြစ် ပြောင်းလဲလိုက်နိုင်သည်။
အာရပ်များ၏အရှုံးက နားလည်လက်ခံ၍ရသည်။
ထန်စစ်တပ်သည် အရင်ကလို ငြိမ်းချမ်းမှုကိုသာ ထိန်းသိမ်းလိုသည့် အင်အားစုကြောင့် မရိုးရှင်းတော့ချေ။ လူတိုင်း၏အရှေ့တွင် ရှိနေသည်မှာ ဝေးကွာလွန်းသော အတိတ်ကာလက ခမ်းနားထည်ဝါစွာ အောင်မြင်မှုကို သိမ်းပိုက်နိုင်ခဲ့သည့် အင်အားစုကြီးအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ အစစ်အမှန် ပုံပန်းသွင်ပြင် ပေါ်လာသည်မှာ လူတိုင်းမြင်တွေ့နိုင်သည်ထက် ပို၍ အင်အားကြီးမားလောက်သေးသည်။ ထို့အပြင် မျှော်လင့်ကြည့်ရန်ပင် ခက်ခဲလောက်အောင် စွမ်းအားကြီးမားနေနိုင်သည်။
သာ့လွန်ရော့ကျန်း၏ အမူအရာက ပို၍ပင် တင်းမာသွားသည်။ ယခုအခါ မဟာထန်ဘက်မှ စစ်အလံက တိုက်ပွဲနယ်မြေပေါ်တွင် ပေါ်လာသည်။ ထို့ကြောင့် စစ်၏ သဘောသဘာဝက သေချာပေါက် ပြောင်းပေလိမ့်မည်။
“ဒီမှတ်တမ်းတွေသာ မှန်နေရင် ငါတို့နဂါးကိုးကောင် စစ်အလံကို အရယူရလိမ့်မယ်။ အဲ့ဒီလိုမှမဟုတ်ရင် ဘယ်လိုနည်းနဲ့မှ နိုင်ဖို့မဖြစ်နိုင်ဘူး”
သာ့လွန်ရော့ကျန်း၏ အကြည့်က အဝေးရှိ မြောက်များလွန်းသော စစ်တပ်ထံသို့ ရောက်ရှိသွားသည်။ ချက်ချင်းဆိုသလို သူက အနီအနက်အလံကြီးကို ကိုင်ထားသည့် ကြီးမားသည့် ပုံရိပ်ကြီးကို တွေ့လိုက်သည်။ သူ၏မျက်လုံးက တဖြည်းဖြည်းချင်း စူးရှသွားသည်။
စစ်အလံကိုင်သူကို သတ်ဖြတ်မှသာ တိုက်ပွဲ၏အနိုင်ကို ရရှိနိုင်လောက်သည်။
.....
ထိုအချိန်တွင် အခြားတစ်ဖက်ခြမ်းတွင် မရေမတွက်နိုင်သော ရက်ပေါင်းများစွာကြာသည်အထိ စောင့်ဆိုင်းနေရပြီးနောက် ချွီထေပါးက စပြောသည်။
“ငါ့ရဲ့အမိန့်ကိုထုတ် နောက်ဆုတ်တဲ့ကောင်တိုင်းကို သေခိုင်းလိုက်”
သာ့လွန်ရော့ကျန်းကပြောသည်။
“???”
လူတိုင်းကလည်း သူ၏အမိန့်ကြောင့် ဖိအားများသွားကြသည်။
ချွီထေပါးဟာ ထိုမျှအထိ အတင်းအကြပ် တိုက်တွန်းနေမည်ဟု မထင်ထားကြချေ။ သူ၏ဖွင့်ဟခြင်းစစ်တပ်ကပင် အဖြစ်ဖြတ်သုတ်သင်ခံနေရနိုင်သည်။ သို့သော် ပို၍ဆိုးသည်မှာ သူ၏စစ်တပ် သုံးခုလုံးက တိုက်ပွဲနယ်မြေပေါ်သို့ ရောက်ရှိနေသည်။ သို့သော် အာရပ်ဘက်မှ အင်အားကြီးမားသော တည်ရှိမှုဖြစ်သော ချွီထေပါးကမူ မယိမ်းယိုင်ချေ။ သူက အညံ့မခံနိုင်ပေ။
“အဲ့ဒီစစ်အလံကို ဖျက်ဆီးလိုက် ဒါဆိုရင် အရာအားလုံးက အဆုံးသတ်သွားလိမ့်မယ်”
လူတိုင်း၏နားအတွင်း ချွီထေပါး၏အသံက ထွက်လာသည်။ ထိပ်တန်းအဆင့် ဗိုလ်ချုပ်ကြီးများဖြစ်သည့်အလျောက် အမြင်စူးရှကြသည်။ ထို့ကြောင့် ချွီထေပါးကလည်း ဗဟိုပြင်ကျယ်မှ ဝင်္ကပါများအကြောင်း မသိလျှင်ပင် အရာအားလုံးက ထိုအလံကြောင့်ဖြစ်နေကြောင်း နားလည်နိုင်သည်။
ထိုသို့ဖြင့် လူတိုင်းက တိုက်ပွဲနယ်မြေသို့ ကြည့်လိုက်ကြသည်။ အရာအားလုံးက တိတ်ဆိတ်သွား၏။ သူတို့က ကြီးမားလွန်းလှသော အနီအနက် စစ်အလံကြီးကိုကြည့်သည်။ လူတိုင်း၏ခံစားချက်က ထူးဆန်းသွားသည်။ အာရေးဗီးယားသည် အလုံးအရင်းနှင့်တိုက်ခိုက်သည့် ဝင်္ကပါမျိုးတွင် မကျွမ်းကျင်ချေ။ ပိုင်ဆိုင်ထားခြင်းလည်းမရှိချေ။ သို့သော် ချွီထေပါးက ပြောလာသမျှအရာအားလုံးက ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့က နောက်မဆုတ်နိုင်တော့ချေ။
ချွင်
လူတိုင်းက ချွီထေပါး၏စကားများကို စဉ်းစားဆင်ခြင်နေသည့် အချိန်တွင် တစ်စုံတစ်ယောက်က အနောက်ဘက်သို့ လက်ဆန့်ထုတ်ပြီး သူ၏အရှိန်အဝါ မြင့်မားလွန်းလှသော ရွှေရောင်မဟာဓားကြီးကို ဆွဲထုတ်လိုက်သည်။ ဒါဟာ အာရေးဗီးယားတိုင်းကို ကြောက်ရွံ့ရိုသေစေသည့် နတ်အရှိန်အဝါဖြစ်သည်။
ကလပ် ကလပ်
အနိုင်ရသူ
ချွီထေပါး၏ စစ်မြင်းကလည်း အဝေးသို့ ဒုန်းစိုင်းစီးနင်းကာ ထွက်သွားသည်။
အာရပ်စစ်တပ်က လျှင်မြန်စွာ လူစုခွဲသွားပြီး ချွီထေပါးအတွက် လမ်းဖွင့်ပေးသည်။ နောက်တန်းမှ စစ်သည်တော်များကလည်း မတည်မငြိမ်ဖြစ်နေကြကာ မသေမချာ ဖြစ်နေခဲ့ရရာမှ ချွီထေပါး ရောက်လာသည်နှင့် အားလုံး၏စိတ်က တည်ငြိမ်သွားကြသည်။
မည်သည့်အခြေအနေတွင်မဆို ချွီထေပါးသည် အလွန်အမင်း အရေးကြီးသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသည်။ မည်သူကမဆို ဝင်မဖြည့်နိုင်သည့်ဟာကွက်ကို သူတစ်ယောက်သာ ဖြည့်ဆည်းနိုင်သည်။ ချွီထေပါးက ရှိနေသမျှ အာရပ်စစ်သားများကလည်း အာရပ်များဟာ ဘယ်သောအခါမှ ရှုံးနိမ့်မည်မဟုတ်ဟု ယုံကြည်နိုင်သည်။
ဘုန်း
ထိုရွှေရောင်ပုံရိပ်ကြီးက နောက်တန်းမှ ထွက်လာသည့် အခိုက်အတန့်တွင် လေထုက ချက်ချင်းလိုလို တောင့်တင်းသွားသည်။
“အရှင်အမတ် ချွီထေပါးက ထွက်လာပြီ”
သတင်းပို့ကဝမ်ချောင်ကို ခေါင်းလှည့်ပြီးကြည့်သည်။ သူ၏အသံကပင် အနည်းငယ် တောင့်တင်းသွားသည်။ ချွီထေပါးဆိုသောနာမည်က ထန်စစ်သားတိုင်းအပေါ် သက်ရောက်မှုရှိသည်။ ယခုအချိန်တွင်ပင် ချွီထေပါးဟာ ပေထောင်ကျော်မြင့်သော မြို့ရိုးကို မည်သို့ပြောင်းပြန်လှန်ကာ ဆွဲဖြဲခဲ့ကြောင်း၊ မဟာဗိုလ်ချုပ်လေးယောက်ကို မည်သို့နှိမ်ခဲ့ကြောင်း မှတ်မိနေကြသေးသည်။ ယခုမဟာထန်က အသာစီးရနေသည့်တိုင်အောင် ထိုစစ်အလံကိုသုံးပြီး အာရပ်များကို အလဲထိုးထားနိုင်သည့်တိုင်အောင် ချွီထေပါး၏တိုက်ကွက်ကိုမူ ထိုဝင်္ကပါက တောင့်ခံနိုင်မည်ဟုတ်မဟုတ် မသေချာပေ။ သူတို့ကလည်း တောင့်ခံနိုင်ပါမည်ဟု မပြောရဲချေ။
သံမဏိမြို့ရိုးအနောက်ရှိ မည်သူကမှ မပြောရဲချေ။ သို့သော် လေထုကမူ စိုးရိမ်မှုအပြည့်နှင့် တောင့်တင်းသွားလေသည်။
“ချောင်အာ ဒီချွီထေပါးကို ငါ့ရဲ့တာဝန်ထား”
ရုတ်တရက် အိုမင်းနေသော်လည်း အားအင်အပြည့်ပါသည့် လူအိုကြီးတစ်ယောက်၏ အသံက ထွက်လာသည်။ ထို့နောက် အနက်ရောင်ပုံရိပ်တစ်ခုက ဝမ်ချောင်၏ မျက်ဝန်းထောင့်စွန်းမှတစ်ဆင့် ကျော်ဖြတ်သွားပြီး သူ၏အရှေ့သို့ ရောက်လာသည်။ တစ်ဖက်သူက ခန္ဓာကိုယ်သန်မာပြီး အရပ်အမောင်း မြင့်မားသည်။
“ဆရာ”
ဝမ်ချောင်က အော်လိုက်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အဝတ်များက လေတွင်လွင့်နေသည်။ သူ၏ဆံပင်ရှည်များက လေထဲတွင် ကခုန်နေသည်။ ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ မျက်နှာကိုပင် မမြင်နိုင်ချေ။ သို့သော် တစ်ဖက်လူ၏ အရပ်ရှည်မြင့်မားပြီး သန်မာသော ကျောပြင်ကိုမူ ခံစားမိသည်။ ဒါဟာ ဘယ်သောအခါမှ ယိမ်းယိုင်မည်မဟုတ်သည့် တောင်တန်းကြီးတစ်လုံးလိုမျိုး ခိုင်မာသန်မာလေသည်။
ချွီထေပါးသည် အနက်ရောင်စစ်အလံအောက်မှ ထွက်လာသောအခါ လူတိုင်းက အနည်းငယ် မသက်မသာ ဖြစ်နေကြသည်။ သူတို့အားလုံးက အနည်းငယ် စိုးရိမ်မိနေသည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ရှေ့သို့ ခြေလှမ်းထွက်လိုက်သည်နှင့် စိုးရိမ်မှုများအားလုံးက ပျောက်ကွယ်သွားသည်။ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့ကပင် တည်ငြိမ်သွားသည်။
ခြိမ်း
ဒုန်း
ချွီထေပါးက မြန်သထက်မြန်လာသည်။ သူ၏ခန္ဓာကိုယ်ကို ဝိုင်းထားသော ရွှေရောင်အလင်းက သိပ်သည်းသထက် သိပ်သည်းလာသည်။ ချွီထေပါးက သူ၏စွမ်းအင်တိုင်းကို စစ်မြင်းထဲသို့ ပေါင်းထည့်လိုက်သည့် အခိုက်အတန့်တွင် ခြေတစ်လှမ်းချင်းစီတိုင်းက မိုးခြိမ်းသံကိုပင်ထုတ်ကာ ကျယ်လောင်လာစေသည်။ အနိုင်ရသူက ရှေ့သို့ချီတက်နေသည်။ ထိုသို့ဖြင့် အခြားသော ဆူညံသံတိုင်းကို ဖိနှိပ်လိုက်သည်။
“အရှင်ချွီထေပါး”
တိုက်ပွဲနယ်မြေတွင် ပို၍များပြားသော အာရပ်များက စတင်ကာ သတိပြုမိသွားကြပြီး ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။ ချွီထေပါး၏နာမည်က ကောင်းကင်ကိုပင် လှုပ်ခါနိုင်သလိုမျိုး အားလုံးက တက်ကြွသွားကြသည်။
“ချွီထေပါး”
“ချွီထေပါး”
“ချွီထေပါး”
ထိုစစ်သားများ၏ အော်ဟစ်အားပေးသံက တစ်သုတ်ပြီးတစ်သုတ် ကျယ်သထက် ကျယ်လာသည်။ ထိုသို့ဖြင့် ကျယ်လောင်လွန်းသဖြင့် တိုက်ခိုက်သံများအားလုံးကိုပင် ဖိနှိပ်သွားလေသည်။
အပိုင်း(၁၁၀၅)
ထိုအခိုက်အတန့်တွင် သာ့လွန်ရော့ကျန်းနှင့် အဖွဲ့ကပင် တိုက်ပွဲနယ်မြေ၏ ပြင်းထန်မှုကို အံ့အားသင့်မိသွားကြပြန်သည်။ ထန်ဘက်မှ ထိပ်တန်းအဆင့် လက်ရွေးစင်စစ်သည် နှစ်သောင်းကျော်က အသာစီးရနေသေးသော်လည်း အာရပ်မြင်းတပ်များကို မရပ်တန့်နိုင်သည့် အရှိန်နှုန်းနှင့် လှည်းကျင်းသုတ်သင်နေသည့်တိုင်အောင် အာရပ်များက ပြိုလဲကျမည့် လက္ခဏာ ပြနေရာမှ ပြန်လည်တည်ငြိမ်သွားကြသည်။
ဝုန်း
ထိုအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ဝတ်ရုံက လေထဲတွင် လှုပ်ခါသွားသည်။ သူက ရှေ့သို့တစ်လှမ်းလှမ်းသည်။ သူ၏အမူအရာက ခပ်အေးအေးသာရှိနေပြီး မည်သည့်ခံစားချက်ကိုမှ ထုတ်မပြချေ။ သူဟာ ဥယျာဉ်အတွင်း ခပ်အေးအေးလမ်းလျှောက်နေသလို ထင်ရသည်။ သူဟာ တိုက်ပွဲနယ်မြေ၏ သက်ရောက်မှုကို ခံစားရပုံမပေါ်ချေ။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း အလွန်မြန်ဆန်စွာ ရွေ့လျားနေသည်ဟု မထင်ရသည့်တိုင်အောင် သူက အလွန်အမင်း နှေးကွေးစွာသာ လမ်းလျှောက်နေသည့်တိုင်အောင် မျက်တောင်တစ်ခတ် အချိန်အတွင်း သံမဏိခုခံရေးအားလှိုင်းကို ကျော်ဖြတ်ပြီး တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။
ဝုန်း
သူ၏ပတ်ပတ်လည်ရှိ အာကာသပြင်က တွန့်လိမ်သွားသည်။ အလင်းက ဖြတ်ပြေးသွားပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမန်က တဖန်ပြန်ပေါ်လာသည့် အခိုက်အတန့်တွင် သူဟာ ပေတစ်ရာအကွာသို့ ရောက်သွားသည်။ ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်တွင်ရှိသော တစ်စုံတစ်ယောက်ကပင် သူဟာ မည်သို့ပျောက်ကွယ်သွားပြီး မည်သို့ရောက်ရှိလာကြောင်း မမြင်နိုင်ပေ။
“သူ့ကိုသတ်”
မည်သည့်သံချပ်ကာမှ မဝတ်ထားသော မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို မြင်လိုက်သောအခါ အာရပ်မြင်းတပ် အဖွဲ့ဝင်နှစ်ယောက်ကလည်း အခွင့်အရေးရပြီဟု ထင်လိုက်သည်။ သူတို့၏ မျက်လုံးများက ရက်စက်သွားလေပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမန်ထံ ခုန်ဝင်သွားလေသည်။
သို့သော် တခဏခန့်ကြာပြီးနောက် သူတို့ဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ပေပေါင်းများစွာအကွာသု့ိ ရောက်ရှိသွားသည်။ သို့သော် ထိုသို့ရောက်ရှိသွားသည့် အခိုက်အတန့်တွင်ပင် ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာပြီး အင်အားကြီးမားလွန်းသော မြင်းသည်တော်နှစ်ယောက်က မမြင်ရသော အကာအကွယ်လွှာတစ်ခုကို တိုက်မိသွားသည်။ ထိုအရာသာ မကသေးချေ။ ထိုလူနှစ်ယောက်ကလည်း လေထဲတွင်ပင် တောင့်ခဲသွားသလိုမျိုး ခံစားလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်က မလှုပ်တော့ချေ။
သူတို့၏မျက်လုံးကမူ လှုပ်နိုင်သေးသည်။ သို့သော် သူတို့၏မျက်ဝန်းအတွင်း နက်ရှိုင်းလွန်းသော ခြောက်ခြားမှုကို ခံစားနိုင်သည်။ သူတို့၏ခန္ဓာကိုယ်ကမူ ကျောက်သားဖြင့်လုပ်ထားသလိုမျိုး တောင့်ခဲသွားပြီဖြစ်သည်။
ထိုအချိန်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က သူတို့ကို တစ်ချက်ပင်မကြည့်ဘဲ ကျော်ဖြတ်သွားသည်။ သူဟာ ထိုလူများကို သတိထားမိပုံပင်မရချေ။ ခြေတစ်လှမ်း၊ ခြေနှစ်လှမ်း... မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ထွက်သွားပြီးသည့်တိုင်အောင် ထိုနှစ်ယောက်က မလှုပ်နိုင်သေးချေ။
ဘုန်း
တခဏခန့်ကြာပြီးနောက် သူတို့၏ကျောဘက်မှ ပြင်းထန်သည့် စွမ်းအင်တန်းများက ပေါက်ကွဲသွားသလိုမျိုး ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ စွမ်းအင်အားလှိုင်း နှစ်တန်းက ဖောက်ထွင်းမြင်ရမတက် ကြည်လင်နေခြင်းမရှိသလို အရောင်မဲ့နေခြင်းလည်းမဟုတ်ဘဲ သွေးများအလား တောက်ပနီရဲနေလေသည်။
ခွက် ခွက် ခွက်
ထိုနှစ်ယောက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် ဖုန်တိမ်စိုင်အဖြစ် ပြောင်းလဲသွားပြီး သေဆုံးသွားလေသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို အထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံထားပြီးသားဖြစ်သည်။ သူဟာ သာမာန်လူများ မတိုင်းတာနိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုနှစ်ယောက်ကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်က မည်သို့မည်ပုံ ပြုလုပ်လိုက်ကြောင်း နားမလည်နိုင်သေးခင် သေဆုံးသွားရသည်။ သူတို့က သတ်ချင်သည့်တိုင်အောင် အနားပင်ကပ်ခွင့်မရခဲ့ချေ။
ဘုန်း ဘုန်း ဘုန်း
သူကဖြတ်လျှောက်သွားခြင်း ခံရသည့် တိုက်ပွဲနယ်မြေတိုင်းက သက်ရှိငရဲအဖြစ် ပြောင်းလဲသွားသည်။ သူက မရေမတွက်နိုင်သည့် အာရပ်မြင်းတပ်အဖွဲ့ဝင်ပေါင်းများစွာကို မည်သူမှ သတိမထားမိသော ပုံစံမျိုးနှင့် သတ်ဖြတ်သွားနိုင်ခဲ့သည်။ သို့သော် အခြားသောလူများက သူ၏အနားသို့ မကပ်နိုင်သေးခင် ပေတစ်ရာအကွာသို့ မြောက်တက်သွားကြပြီးနောက် ပြင်းထန်သည့် ပေါက်ကွဲမှုအောက်တွင် ဖုန်အဖြစ် ပြောင်းလဲလျှက် သေဆုံးသွားကြရသည်။ အချို့သောသူများကဆိုလျှင် မီတာတစ်ရာကျော်အထိ မြောက်တက်သွားကြပြီး အောက်သို့ပြန်ကျသွားသည်။ သို့သော် ကျသွားသည့်အချိန်တွင် သေနေပြီဖြစ်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်လို ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ယောက်၏ အရှေ့တွင် လက်ရွေးစင်များက အားနည်းလွန်းသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ထိုလူများကို ထိရန်ပင်မလိုအပ်ချေ။ သူတို့၏အသက်ကို အသာအယာနှုတ်ယူနိုင်သည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားက အာရပ်များနှင့် တိဗက်မဟာဗိုလ်ချုပ်များကိုပင် လှုပ်ရှားသွားစေသည်။
“ဒီအဘိုးကြီးက ဘယ်နေရာက ရောက်လာတာလဲ။ ချွီထေပါးတောင်မှ သူနဲ့ပတ်သတ်ပြီး သတိထားရတယ်”
အားပါးက ခပ်တင်းတင်းပြောသည်။
သူသည်လည်း ချွီထေပါးက ပထမဦးဆုံးအကြိမ် လှုပ်ရှားသောအခါ တစ်ဖက်ခြမ်းမှ လူတိုင်းကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး သူတစ်ယောက်တည်းနှင့် ထန်စစ်တပ်တစ်ခုလုံးကို သုတ်သင်နိုင်လုနီးပါး လုပ်နိုင်ခဲ့သည်။ သို့သော် လျို့ဝှက်ဆန်းကြယ်လွန်းသော လူတစ်ယောက်ဖြစ်သည့် အနက်ရောင်ဝတ်ရုံနှင့် ထိုအဘိုးကြီး ရောက်ရှိလာမှသာ အာရပ်များ၏ အနိုင်ဆိုသော မျှော်လင့်ချက်ကို ပျက်စီးသွားစေခဲ့ခြင်းဖြစ်သည်။
ချွီထေပါးကဲ့သို့ အင်အားကြီးမားသော တည်ရှိမှုတစ်ခုက မမျှော်လင့်ထားစွာပင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးကို ရင်ဆိုင်ရာတွင် ချက်ချင်းမတိုက်ခိုက်နိုင်သလို ဖြစ်သွားစေခဲ့သည်။ ထိုအစား တစ်ဖက်သူကို အချိန်အကြာကြီး စိုက်ကြည့်ခဲ့သည်။ ရိုးရှင်းစွာဖြင့်ပင် ထိုကဲ့သို့ စိတ်အခြေအနေမျိုးရှိသော လူအတွက် ဒီအခြေအနေက ရှားပါးလွန်းလေသည်။
အဖြေရှာရမည်မှာ ချွီထေပါးက အပုမူစလင်နှင့် အားပါးတို့ကဲ့သို့ မဟာဗိုလ်ချုပ်များကိုပင် လေးစားမှု မပြသတတ်ချေ။ သူ၏ပုံစံကလည်း လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသည်။ သူဟာ မာနအလွန်ကြီးသည်။ ထို့ကြောင့် ဒေါသထွက်လာသောအချိန်တွင် ရပ်ရန်ခက်သည်။ မေးခွန်းထုတ်ရန် မလိုလောက်အောင် ထိုအနက်ရောင်ဝတ်စုံနှင့်လူက သူနှင့်အင်အားချင်း တူညီနေလောက်သည်။
“ငါမသိဘူး လက်ရှိအခြေအနေမျိုးမှာ ချွီထေပါးကိုပဲ ယုံကြည်ထားရမယ်။ သူကသာ အဲ့ဒီအဘိုးကြီးကို မနိုင်ရင် ငါတို့အတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူး”
အပုမူစလင်က တိုက်ပွဲနယ်မြေကိုသာ အာရုံစိုက်ထားသည်။
“ဟိုက်ရား”
သူကထိုသို့ပြောလိုက်ပြီး အနက်ရောင်အလံအောက်မှထွက်သည်။
“ကျစ်ရ၊ အားပါး၊ အော့စမန်း မင်းတို့လည်း ချွီထေပါးပြောတာကို ကြားတာပဲ။ ဘာတွေပဲဖြစ်လာဖြစ်လာ ငါတို့က အဲ့ဒီအလံကို အရယူရင်ယူ မဟုတ်ရင် အဲ့ဒီလူကိုသတ်ရမယ်။ ငါတို့က ဒီအခြေအနေကို အဆုံးသတ်ချင်ရင် ထန်ဝင်္ကပါကို ဖျက်ဆီးဖို့လိုအပ်တယ်”
အပုမူစလင်က မြင်းဇာတ်ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး စစ်တပ်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
“ဟုတ်ကဲ့”
ကျစ်ရက အသက်ပြင်းပြင်းရှုသည်။ သူ၏မျက်နှာထားက တင်းမာသွားပြီး တစ်ဖက်မှ ထန်စစ်တပ်ကိုကြည့်သည်။
ထိုထန်စစ်သားများက သူတို့နှင့်အင်အားချင်းတူသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းမဟုတ်ဘဲ ဒီလိုပစ္စည်းတစ်ခုကို မှီခိုထားခြင်းဆိုပါက ထိုပစ္စည်းကို ဖျက်ဆီးလိုက်ရုံနဲ့ အရာအားလုံးက အဆင်ပြေသွားပေလိမ့်မည်။ သူတို့သည်လည်း ပြန်လည်ပြီး အနိုင်ရရှိနိုင်သည်။
အနီးအနားရှိ သာ့လွန်ရော့ကျန်းကလည်း အမိန့်ကိုထုတ်သည်။ သူ၏အပြာရောင်ဝတ်စုံက လေတွင်လွင့်နေသည်။
“ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့ အဆင်သင့်ပြင် ချွီထေပါးနဲ့ အပုမူစလင်တောင်မှ တိုက်ပွဲနယ်မြေထဲကို ဝင်သွားပြီ။ ဒါကြောင့် သူတို့လည်း ငါတို့ရဲ့အင်အားကို လိုအပ်လိမ့်မယ်”
သူ၏နက်နဲသော မျက်ဝန်းများအတွင်း မရေမတွက်နိုင်သည့် အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ ထိုလျို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်နှစ်ယောက် ပေါ်ထွက်လာမှုက အခြေအနေကို ပြောင်းလဲစေသည်။ အာရပ်များကပင် အသာစီးအရယူရန် ခက်သွားမည်ဖြစ်သည်။ ထို့ကြောင့် သူတို့က မဟာမိတ်ဆိုကတည်းက ကူညီပေးရတော့ပေမည်။
“နားလည်ပါတယ်”
ဟော်ရှု့ဟွေ့ခမ်းက ညာလက်ကို ဆေဘာပေါ်သို့တင်လိုက်ပြီး ရှေ့သို့နှစ်လှမ်းတိုးသည်။ တစ်ချိန်ထဲတွင်ပင် တုစုန့်မာန်ဖော်ကျဲ့ကလည်း မြင်းပေါ်သို့ တက်စီးလိုက်ပြီဖြစ်သည်။ တိုက်ပွဲနယ်မြေရှိ လေထုက ပို၍ပင် တင်းကြပ်လာသည်။
တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်ခြမ်းတွင် ကောင်းရှန်းကျစ်က အပုမူစလင်ထွက်လာကြောင်း မြင်လိုက်သည်နှင့် မျက်ဝန်းက တောက်ပသွားသည်။
“ဝမ်ချောင်၊ ချန့်လီ အပုမူစလင်ကို ငါနဲ့အတူ လွှဲထားပေး။ ကျန်တဲ့လူတွေကိုတော့ မင်းတို့ပဲ ကိုင်တွယ်လိုက်တော့”
ထိုနှစ်ယောက်က တိတ်တဆိတ် ခေါင်းညိမ့်ပြလေသည်။
တုန့်ဆိုင်းမနေတော့ဘဲ ကောင်းရှန်းကျစ်က မြင်းစီးထွက်သွားသည်။
တိုက်ပွဲနယ်မြေတွင် ထန်စစ်သည်နှစ်သောင်းက တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသည်။ ထိုသို့ဖြင့် နဂါးကိုးကောင် သွေးစစ်အလံ၏ မြှင့်တင်ပေးထားသော စွမ်းအားကို အပြည့်အဝ ထုတ်သုံးနေလေသည်။ မဟာထန်က တိုက်ပွဲတွင် အပြည့်အဝ အသာစီးရနေသေးသည်။ သို့သော် ထုံလော့ဗိုလ်ချုပ် ချူလော့ဟုန့်ကမူ တိုက်ပွဲနယ်မြေ၏ ကြီးမားသည့် ပြောင်းလဲမှုကို ခံစားမိနေပြီဖြစ်သည်။
အဝေးတွင် ချွီထေပါးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က နီးသထက်နီးလာသည်။ ထိုသို့ဖြင့် လေထုက တောင့်တင်းသထက် တောင့်တင်းလာသည်။ ပေတစ်ရာ၊ ခြောက်ဆယ်၊ ငါးဆယ်...
ပေနှစ်ဆယ်ခန့်အထိ ရောက်ရှိသွားပြီးနောက် နှစ်ယောက်လုံးက တိုက်တိုက်ဆိုင်ဆိုင် ရပ်တန့်လိုက်ကြသည်။ သူတို့က တစ်ချိန်ထဲတွင် ရပ်တန့်လိုက်ကြသည်။ တစ်ယောက်က မြင့်မားလွန်းသော တောင်ပေါ်မြင်းကြီးကိုစီးထားပြီး နတ်ဘုရားတစ်ပါးက သေမျိုးလောကသို့ ဆင်းသက်သွားသလိုမျိုး အရှိန်အဝါအပြည့်နှင့်ဖြစ်သည်။ အခြားတစ်ယောက်ကမူ အင်္ကျီလက်ကျယ်ကျယ် ဝတ်စုံကိုသာ ဝတ်ထားသည်။ သူဟာ ချွီထေပါးလောက် မတောက်ပသော်လည်း သူ၏ ထုတ်လွှတ်နေသော အရှိန်အဝါအရ လောကရှိ အမြင့်ဆုံးသောတောင်ကြီးအလား ထင်ရသည်။ ထို့ကြောင့် မည်သည့်အရာကမဆို သူ့ကို မော့ကြည့်ရသည်။
တစ်ဖက်သူကို ကြည့်နေသည့် သူတို့၏မျက်ဝန်းများက တောက်ပနေသည်။ နှစ်ယောက်လုံးက ရပ်နေကြသည်။
ဝုန်း
နှစ်ယောက်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားကြီးမားသည့် စွမ်းအင်များက ဟိန်းဟောက်လျှက် ထွက်လာသည်။ မည်သူကမှ မတိုက်ခိုက်သေးသော်လည်း လူတိုင်းကမူ အန္တရာယ်များလွန်းသည့် ခံစားချက်ကို ရနေကြပြီဖြစ်သည်။ မည်သို့ပင် မသိလိုက်လေဘဲ ထိုဝန်းကျင်ရှိ စစ်သည်တော်များ အားလုံးက လူစုခွဲသွားကြပြီး နေရာပြင်ကျယ်ကြီးကို ချန်ထားပေးခဲ့သည်။
“သတ်”
အချိန်တစ်ခုကြာပြီးနောက် အာရပ်မြင်းတပ်က သူတို့၏ဓားမောက်ရှည်များကိုယမ်းရင်း ကျယ်လောင်သော အော်သံများကို ထုတ်လွှတ်ကြသည်။
“အရှင်အစိုးရအတွက်”
“ထန်တွေကိုသတ်”
လေထဲတွင် အာရပ်ဘာသာစကားနှင့် ခပ်ကြမ်းကြမ်းအော်သံများက ပေါ်ထွက်လာသည်။ ချွီထေပါးသည် စစ်တပ်အတွင်း အလွန်အမင်းမြင့်မားလွန်းသော ဂုဏ်သိက္ခာအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အာရပ်မြင်းသည်တော်များကလည်း နှစ်ဖက်ကဒီတိုင်း ရပ်နေကြကြောင်း မြင်သောအခါ အခွင့်အရေးရပြီဟု ထင်လိုက်ကြပြီး သူတို့၏ မြောက်များလွန်းသည့် အားသာချက်ကို အပြည့်အဝယူလျှက် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ထံ ဝင်ရောက်လာကာ ချွီထေပါးထံ အခွင့်အရေး ဖန်တီးပေးလိုကြလေသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ မိစ္ဆာဧကရာဇ်လူအိုကြီးမန်က လှုပ်ရှားလိုက်သည်။ သူလှုပ်ရှားသည်မှာ မျက်ခုံးပင့်လိုက်ခြင်းဖြစ်သည်။ သူ၏လက်က ဘေးဘက်တွင် လှုပ်ရှားမှုမဲ့စွာ ချထားသေးသည်။
ဘုန်း
မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် သုံးပေအကွာသို့ ရောက်သွားသော အခိုက်အတန့်တွင် လေထုက စတင်ကာ တုန်ခါလာသည်။ သိပ်သည်းလွန်းသော စွမ်းအင်အလင်းတန်း ဆယ်သောင်းကျော်က ဖြစ်တည်လာလေပြီး ရှေ့သို့ဝင်ရောက်လျှက် ပေါက်ကွဲသွားလေသည်။
စွစ် စွစ် စွစ်
ထိုအာရပ်လက်ရွေးစင် မြင်းသည်တော်များက မိစ္ဆာဧကရာဇ် လူအိုကြီးမန်အနားသို့ မချဉ်းကပ်နိုင်သေးခင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အလင်းတန်းများကြောင့် လွင့်စင်သွားကြသည်။ သူတို့၏ ကောင်းမွန်လွန်းသော အဆင့်အတန်းမြင့်မားသည့် သံချပ်ကာများက စက္ကူစများလို စုတ်ဖြဲခံရရင်း ကြေမွသွားကြသည်။ ထို့နောက် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။
ထိုအခိုက်အတန့်တွင် လေထုက ရုတ်တရက် ပြင်းထန်သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်သွားပြီဖြစ်သည်။ စစ်မြင်းပေါ်တွင်ထိုင်နေသော ချွီထေပါးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စတင်ကာ တိုက်ခိုက်သည်။
ဘုန်း
ရွှေရောင်ဓားချည် အလင်းတန်းက ချက်ချင်းဆိုသလို မီးထဲမှ မြောက်တက်လာပြီး ကောင်းကင်သို့ တိုက်ရိုက်ထိုးဖောက်သွားသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ကိုယ်တိုင်ကပင် နှစ်ခြမ်းကွဲသွားပြီဟု ထင်ရသည်။ ထိုအခိုက်အတန့်ကလည်း မိုးခြိမ်းသံလို ကျယ်လောင်သည့် ပေါက်ကွဲသံကြီးကို ကြားရသည်။
ချွီထေပါးသည် အလွန်မြန်ဆန်လွန်းသော အရှိန်နှုန်းနှင့် အလွန်အမင်း လေးလံလွန်းသော အင်အားကိုသုံးကာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ဓားချည်အလင်းတန်းက ဆင်းသက်လာသည့် အခိုက်အတန့်တွင် တောင်တန်းကြီးလိုလေးလံနေပြီဖြစ်သည်။ ခံတပ်ကိုပင် နှစ်ခြမ်းခွဲနိုင်သည့်အတွက် အသွေးအသားဆိုလျှင် ပို၍ဆိုးလေသည်။
ချွီထေပါးက တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် ချက်ချင်းဆိုသလိုပင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း ထိုတောင်တန်းလိုကြီးမားသည့် ရိုက်ချက်ကို တုန့်ပြန်လိုက်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က မည်သည့်လက်နက်ကိုမှ မသုံးချေ။ ဒီတိုင်းသူ၏ အသွေးအသားဖြင့် လုပ်ထားသည့် လက်ဝါးကိုသာ တစ်ချက်ယမ်းလိုက်ခြင်းဖြစ်သည်။
ရုတ်တရက် အားလှိုင်းထောင်ပေါင်းများစွာနှင့်အတူ လေထုကပေါက်ကွဲသွားသည်။ စွမ်းအင်အလင်းတန်း သောင်းပေါင်းများစွာက မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ပတ်ပတ်လည်တွင်ပေါ်လာသည်။ ထို့နောက်သူ့ကို သိပ်သည်းလွန်းသော စွမ်းအင်တောအုပ်တစ်ခုနှင့်အတူ ကာထားပေးလိုက်သည်။ ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ မွှေးညှင်းပေါက်တစ်ခုချင်းစီတိုင်းက စွမ်းအင်များနှင့် ဖောင်းကားနေကြောင်း မြင်ရနိုင်သည်။
ဝုန်း
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က တည်ငြိမ်အေးဆေးသော မျက်နှာထားနှင့် လက်ညိုးလေးတစ်ချောင်းကိုသာ ဆန့်ထုတ်လိုက်သည်။ ထိုအခါ သိန်းပေါင်းများစွာသော ထိုစွမ်းအင်များက ကြီးမားလွန်းသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားလေရင်း ချွီထေပါးထံ ပျံသန်းလာလေသည်။ ထိုသို့ဖြင့် တစ်ဖက်သူ ထုတ်သုံးထားသည့် ကြီးမားလွန်းသော ကောင်းကင်ခုတ်ထွင်ခြင်းဓားကို ရင်ဆိုင်လိုက်သည်။
ခြိမ်း
နှစ်ဖက်က ထိပ်တိုက်ရင်ဆိုင်လိုက်သည့် အခိုက်အတန့်တွင် မှင်သက်ဖွယ်ကောင်းလောက်သည့် မြင်ကွင်းမျိုးကို မည်သူကမှ စာသားဖြင့် မဖော်ပြနိုင်လောက်ချေ။ ဖုန်လုံးများက ပေါက်ကွဲသွားသည်။ ထို့နောက် မြေပြင်အထိ ပေတစ်ထောင်ကျော်ခန့်အထိ မြောက်တက်သွားပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံကာ အုပ်စိုင်းသွားလေသည်။