← Chapters

အခန်း (၁၁၀၆-၁၁၁၀)

Vol. 64 Ch. 1106-1110

အခန်း (၁၁၀၆-၁၁၁၀)

Vol. 64 Ch. 1106-1110

အခန်း(၁၁၀၆)

“အား”

မိစ္ဆာဧကရာဇ်လူအိုကြီးမန်နှင့် ချွီထေပါးတို့ တိုက်ခိုက်လိုက်သည့် ပေထောင်ပေါင်းများစွာ အတွင်းရှိ အာရပ်မြင်းတပ်အဖွဲ့ဝင်များ အားလုံးထံမှ ငယ်သံပါသော အော်ဟစ်သံက ထွက်ပေါ်လာသည်။ သူတို့အားလုံးသည်လည်း ပြင်းထန်သည့် ဖျက်ဆီးခြင်းရိုက်ချက်ကို ခံလိုက်ရပုံပေါ်သည်။

ထိုနှစ်ယောက် ထိပ်တိုက် တိုက်ခိုက်ရာမှ ထွက်လာသည့် ဖောက်ခွဲခြင်း အားလှိုင်းပေါင်းများစွာက ထိုအာရပ်မြင်းသည်တော်ဝင်များ အားလုံးကို ဆောင်းတွင်းလေပြေတွင် လွင့်လာသည့် ရွက်ကြွေများအလား လွင့်ထွက်သွားစေခဲ့သည်။ အယောက်ထောင်ပေါင်းများစွာက လေထဲတွင် လွင့်စင်သွားသည်မှာ ပြင်းထန်သည့် သဲမုန်တိုင်းအတွင်း ရောက်သွားသည့်အလား ထင်ရသည်။ သူတို့၏မျက်နှာတွင် ကြောက်လန့်မှုက ပြည့်နှက်နေပြီး ဘေးဘက်သို့ လွင့်ထွက်သွားကြရသည်။ အချို့သော မြင်းသည်တော်များဆိုလျှင် အလွန်ဝေးကွာသောနေရာသို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျကြသည်။

ခွက် ခွက် ခွက်

တခဏခန့်ကြာပြီးနောက် သွေးများက ပန်းထွက်လာသည်မှာ ရေတံခွန်မှ ရေများကျဆင်းလာသည်နှင့်ပင် တူနေသေးလေသည်။ ကျောက်သား၊ မြေသားမြေကြီးကပင် ကွဲအက်လာ၏။ စစ်သားများက နောက်ဆုံးတစ်ကြိမ် ညဉ်းညူလိုက်ကြပြီးနောက် သူတို့၏အလောင်းများက တိုက်ပွဲနယ်မြေအနှံ့ တစ်စစီဖြစ်သွားလေသည်။

ဒီတိုက်ပွဲ၏ အလယ်ဗဟိုနေရာတွင် ဝရုန်းသုန်းကားဖြစ်နေသော ဖုန်လုံးများက မတည်ငြိမ်သွားရုံသာ မကသေးလေဘဲ ပို၍သာပြင်းထန်လာပြီး ဖုန်တိမ်စိုင်လုံးများကို ပို၍မြင့်မားသော ပမာဏအထိ မြောက်တက်သွားစေပြီး ကောင်းကင်ထိတိုင် ဝင်ရောက်သွားစေသေးသည်။ အရာအားလုံး၏ အလယ်တွင်မူ အလွန်အမင်း သိပ်သည်းလွန်းသည့် ဖုန်တိမ်စိုင်လုံးကြီး ရှိနေသည်။ အတွင်းတွင် အနက်ရောင်ပုံရိပ်တစ်ခုနှင့် ရွှေရောင်ပုံရိပ်တစ်ခုက တိုက်ခိုက်နေကြသည်။

ဘုန်း ဘုန်း ဘုန်း

ရွှေရောင်ဓားချီ အလင်းတန်းများက ကောင်းကင်ကိုပင် ခုတ်ထွင်နေပြီး ဖုန်တိမ်စိုင်လုံးများကို ကျော်ဖြတ်လျှက် အထက်ရှိ တိမ်စိုင်များအတွင်းသို့ ထိုးသွင်းဝင်ရောက်နေလေသည်။

တစ်ချိန်ထဲတွင်ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များက မရေမတွက်နိုင်အောင် မြောက်များသည့် စားချီအစင်းကြောင်းများအလား ထွက်ပေါ်လာပြီး အစစ်အမှန်ဓားနှင့် ဆေဘာကို ခွဲခြား၍မရလောက်သည်အထိ ပို၍ကြောက်စရာကောင်းသော ပုံသဏ္ဍန်မျိုးဖြင့် အရပ်မျက်နှာအနှံ့ ပေါက်ကွဲထွက်သွားသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ချွီထေပါးတို့၏ အဆင့်ရှိ တိုက်ပွဲက သာမာန်လူများ လက်လှမ်းမမှီနိုင်သော အတိုင်းအတာသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် စိတ်ကူးကြည့်ရန်ပင် ခက်ခဲသွားလေသည်။ သိုင်းပညာရှင်များ၏ ထိပ်ဆုံးတွင် ရပ်တည်နေနိုင်သည့် မဟာဗိုလ်ချုပ်ကြီးများကပင် ထိုတိုက်ပွဲကြောင့် အံ့အားသင့်ကာ ထိတ်လန့်နေကြရလေရာ သူတို့၏နှလုံးသားထဲတွင်လည်း ပြင်းထန်လွန်းသည့် နိမ့်ကျမှုကို ခံစားနေကြရလေသည်။

ဘုန်း

ဓားချီတစ်စင်းအတွက် တစ်စက္ကန့်သာလျှင် အချိန်ယူရသည်။ သို့သော် ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်း၏ စွမ်းအင်တန်းများက ပေါက်ကွဲသွားလေပြီး ဖုန်များနှင့် ကျောက်စရစ်ခဲများကို ကြီးမားလွန်းသည့် မုန်တိုင်းကြီးတစ်ခု ဖန်တီးလိုက်သည်။ ထိုသို့ဖြင့် ထိုကျိုးပဲ့သည့် ပစ္စည်းများအားလုံးကို မွှေနှောက်ရင်း ကောင်းကင်အတွင်းသို့ လေမုန်တိုင်းတစ်ခုအလား ဝင်ရောက်သွားလေသည်။

ဘန်း ဘန်း ဘန်း

အံ့အားသင့်မှုအားလှိုင်းများက တစ်ခုပြီးတစ်ခု ရှေ့သို့တိုးဝင်လျှက် ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် ထိုနေရာဟာ တိုက်ပွဲနယ်မြေ၏ အန္တရာယ်အများဆုံးနေရာ ဖြစ်သွားသည်။

“နောက်ဆုတ် နောက်ဆုတ် နောက်ဆုတ်”

အာရပ်မြင်းတပ်က အလန့်တကြားဖြစ်ပြီး ထိတ်လန့်ကုန်ကြသည်။ သူတို့က သူတို့၏မြင်းမှ မြင်းဇာတ်ကြိုးများကိုဆွဲလျှက် နောက်သို့လှည့်ကာ တောက်လျှောက်ပြေးကြသည်။

“ဒီနှစ်ယောက်က ဘယ်လိုတောင်”

ထိုအချိန်တွင် ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် အလွန်အမင်း မှင်သက်သွားသည်။ သူတို့က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကြသည်။

သူတို့၏ကိုယ်ပိုင်မျက်လုံးဖြင့် မြင်လိုက်ရသောကြောင့်သာ မဟုတ်လျှင် ထိုနှစ်ယောက်အကြားရှိ တိုက်ပွဲဟာ ထိုအတိုင်းအတာသို့ ရောက်ရှိနေကြောင်း ယုံကြည်လက်ခံရန် အလွန်ခက်ခဲလေသည်။ မဟာဗိုလ်ချုပ်ကြီးများအတွက်ပင် ချွီထေပါးနှင့် ထိုလျို့ဝှက်ဆန်းကြယ်သော အဘိုးကြီးတို့ ရောက်နေသော အဆင့်က သူတို့က လက်လှမ်းမှီနိုင်သည့် အတိုင်းအတာကို ကျော်လွန်နေကြောင်း ရှင်းလင်းနေလေသည်။

ထိုနှစ်ယောက်ကြောင့် ဖြစ်သွားသည့် တိုက်ပွဲက တိုက်ပွဲနယ်မြေတစ်ခုလုံးကို မှင်သက်စေနေသည့် အချိန်တွင် အလွန်လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ထောင်ထောင်မောင်းမောင်း ပုံရိပ်ကြီးတစ်ခုက ချဉ်းကပ်လာနေပြီဖြစ်သည်။

အချင်းချင်း ဆယ်ပေကျော် ဝေးကွာနေသော အခိုက်အတန့်တွင် အပုမူစလင်က သူ့မြင်း၏ဇာတ်ကြိုးကို လှမ်းဆွဲလိုက်ပြီး ခပ်ဝဲဝဲ ထန်ဘာသာစကားနှင့် လှမ်းပြောလိုက်သည်။

“ကောင်းရှန်းကျစ် ငါတို့ထပ်တွေ့ပြန်ပြီ မင်းကငါ့ကို တားနိုင်မယ်လို့ထင်လား”

နှစ်ယောက်က ရန်သူဟောင်းများဖြစ်သည်။ သူတို့၏ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲက ယခုအချိန်ထိဆိုလျှင် လေးလကြာသွားလေပြီ။ ကောင်းရှန်းကျစ်ကလည်း အပုမူစလင်အကြောင်း အနည်းနှင့်အများ နားလည်နေပြီဖြစ်သည်။

“ဒါပေမဲ့ မင်းရှုံးလိမ့်မယ်”

ကောင်းရှန်းကျစ်က ဖျော့တော့စွာသာ ပြုံးနေသည်။

ဖွင့်ဟခြင်းစစ်တပ်သည် ရှုံးသွားလေပြီ။ သေဆုံးခြင်းစစ်တပ်နှင့် အကြောက်အလန့်မဲ့စစ်တပ်တို့ အတွက်ကမူ ပို၍သာဆိုးသေးသည်။ အရာအားလုံးကလည်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာမည်ဆိုလျှင် ဒီအခြေအနေတိုင်း ဆက်ဖြစ်နေပါက မဟာထန်က သေချာပေါက် နိုင်ပေလိမ့်မည်။

“ဟား ဟား ဗဟိုပြင်ကျယ်က မင်းရဲ့လူတွေဆီက ထင်မြင်ချက်တစ်ခုကို ငှားရမ်းယူရမယ်ဆိုရင် သမင်ကို သတ်နိုင်တဲ့လူနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်တာမဟုတ်သေးဘူး”

အပုမူစလင်ကရယ်သည်။

“ပိုဆိုးတာက မင်းကငါ့ကိုမယှဉ်နိုင်သေးဘူး”

ဒါဟာ သူတို့၏ ပထမဦးဆုံးတိုက်ပွဲ မဟုတ်ချေ။ သူတို့၏ ယခင်တိုက်ပွဲများကတင် ကောင်းရှန်းကျစ်ဟာ သူ့ကို မယှဉ်နိုင်ကြောင်း သက်သေပြပြီးသားဖြစ်သည်။ သဘာဝအလျောက်ပင် ထိုသို့ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကောင်းရှန်းကျစ်အနေဖြင့် သူ့ကို တစ်ယောက်တည်းအားနှင့် မတားနိုင်ချေ။

ကောင်းရှန်းကျစ်ကရယ်သည်။

“ဟင်း မင်းက ဗဟိုပြင်ကျယ်အကြောင်း နည်းနည်းသိထားတယ်ဆိုကတည်းက ငါမင်းကို ဒီထက်ပိုပြီး နားလည်အောင် ပြောပြပေးမယ် ‘အဆုံးမသတ်ခင်အထိ မရယ်မိစေနဲ့’ ”

သူက ဝမ်ချောင်ပြောသည့် ‘နောက်ဆုံးအထိ ရယ်နိုင်တဲ့သူက အကောင်းဆုံးရယ်နိုင်သောသူပဲ’ ဆိုသော စကားကို သတိရသွားသည်။

ဝုန်း

အပုမူစလင်၏ မျက်လုံးက စိမ့်တက်သွားပြီး သတ်ဖြတ်လိုစိတ်ဆန္ဒများဖြင့် ပေါက်ကွဲထွက်လာသည်။ အနည်းငယ်ပင် တုန့်ဆိုင်းခြင်းမရှိဘဲ အပုမူစလင်က မိစ္ဆာနတ်ဘုရား မျက်လုံးကို ထုတ်သုံးလိုက်ပြီး လက်သီးဖြင့်ထိုးလိုက်သည်။

“အော့မော့သိုင့်၏ အမျက်ဒေါသ”

အပုမူစလင်သည် ချက်ချင်းဆိုသလိုပင် သူ၏ မိစ္ဆာနတ်ဘုရား ခုနှစ်ဆယ့်နှစ်တိုင်သိုင်းဆိုသော အဆင့်မြင့်သိုင်းကို ချက်ချင်းလိုလို ထုတ်သုံးလိုက်လေသည်။

အပုမူစလင်က မိစ္ဆာနတ်ဘုရားမျက်လုံးကို ဝတ်ဆင်ရင်း ထိုသိုင်းကို ထုတ်ဖော်လိုက်သောအခါ မြင့်မြတ်သူကပင် နောက်သို့လွင့်ထွက်နိုင်လေသည်။ အပုမူစလင်ကိုယ်တိုင်က ချွီထေပါးလောက် အင်အားမကြီးလောက်သော်လည်း မေးခွန်းထုတ်ရန်မလိုလောက်အောင် သူသည် ကျန်သောသူများထဲတွင် အင်အားအကြီးဆုံးဖြစ်နေသည်။ အနည်းဆုံး မဟာထန်တွင် သူ့ကိုရင်ဆိုင်နိုင်သောသူကို လက်တစ်ဖက်တည်းနှင့် ရေ၍ရသည်။

ခြိမ်း

အပုမူစလင်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ခေါင်းသုံးခေါင်းနှင့် မိစ္ဆာနတ်ဆိုးကြီးက ခရမ်းရောင် အနက်ရောင် ရောယှက်နေသည့် ကြေးခွံများအပြည့် သိပ်သည်းလျှက် ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံးက မည်းမှောင်သွားပြီဖြစ်သည်။ ကြီးမားသည့် မိစ္ဆာနတ်ဆိုးကြီးဟာ မြေကမ္ဘာပေါ်တွင်ရပ်လျှက် တောင်တန်းတမျှ ကြီးမားသော လက်သီးလုံးကြီးဖြင့် ကောင်းရှန်းကျစ်ထံ လှမ်းထိုးလိုက်သည်။

ထိုလက်သီးသည့် ရန်တန့်၍မရနိုင်ချေ။ ထိုသို့ဖြင့် ပေတစ်ထောင်ဝန်းကျင်အတွင်းတွင် ကြမ်းတမ်းသည့် လေပြင်းများကို မွှေနှောက်လိုက်ပြီး မိုးခြိမ်းသံများကိုပင် ထွက်ပေါ်လာစေသည်။

ခွက် ခွက် ခွက်

လေပြင်းက အာရပ်မြင်းတပ် အလောင်းများကို ဖြတ်တိုက်သွားပြီး သူတို့ကို အဝေးသို့ လွင့်ထွက်သွားစေသည်။

“ဟာ”

ကောင်းရှန်းကျစ်၏မျက်ဝန်းက တစ်ချက်လင်းလက်သွားသည်။ သူ၏နှုတ်ခမ်းတွင် ဖျော့တော့သည့် အပြုံးကသာ ရှိနေသည်။

“ရှစ်... ပြိုင်ဘက်ကင်း... ပိုင်းဖြတ်ခြင်းသိုင်း”

ကောင်းရှန်းကျစ်ကအော်လိုက်သည်။ သူ၏စကားလုံး တစ်လုံးချင်းစီတိုင်းက မိုးခြိမ်းသံများကို ဆက်တိုက် ဖြစ်ပေါ်နေစေသည်။ အပုမူစလင်က အံ့အားတကြီး ကြည့်လိုက်သည့် အခိုက်အတန့်တွင် ကောင်းရှန်းကျစ်ကလည်း လေပြင်းအတွင်းတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။

ခြိမ်း

တစ်စက္ကန့်ခန့်ကြာပြီးနောက် ကောင်းရှန်းကျစ်မူလက ရှိနေခဲ့သော နေရာ၏အထက် ပေတစ်ဆယ်ကျော်ခန့် အမြင့်တွင် တောက်ပလွန်းသော မိုးကြိုးတန်းက ပေါ်ထွက်လာသည်။ ထိုမိုးကြိုးတန်းနှင့်အတူ ကောင်းရှန်းကျစ်က ပေါ်ထွက်လာလေသည်။ ထိုမိုးကြိုးတန်းက သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ ထို့ပြင် ဖျော့တော့သော အရိပ်များက တဖြည်းဖြည်းချင်း ပီသလာလေပြီး ကြီးမားသည့် ပိန်းပိတ်အောင် နက်မှောင်နေသည့် စွမ်းအင်တန်း ရှစ်တန်းအဖြစ် ပြောင်းလဲစေလေသည်။ ထိုစွမ်းအင်တန်း ရှစ်တန်းအတွင်းတွင် လျို့ဝှက်ဆန်းကြယ်သည့် စာသားများက ပါဝင်လာလေပြီး တဖြည်းဖြည်းချင်း တိုင်ရှစ်တိုင်အဖြစ် ပြောင်းလဲသွားသည်။ ထိုလျို့ဝှက်ဆန်းကြယ်သည့် တိုင်ရှစ်တိုင်၏ အလယ်ဗဟိုတွင် ရှိနေသည့် အာကာသပြင်က တွန့်လိမ်ကာ ရှုံ့တသွားသည်။ ရုတ်တရက် ကုန်းမြေကြီး၏ အသေးစားပုံစံလေးတစ်ခုက ပေါ်ထွက်လာသည်။

လူတိုင်းကလည်း ဒါဟာ ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကို မြင်တွေ့နေရခြင်းမဟုတ်ဘဲ အစစ်အမှန် လောကကြီးနှင့် အမှန်တကယ် ဆက်သွယ်နေသလိုမျိုး အလွန်လေးလံပြီး ရှေးကျလွန်းသည့် အရှိန်အဝါတစ်မျိုးကို ခံစားလိုက်ကြရသည်။

ပြိုင်ဘက်ကင်းရှစ်သွယ် ထိုးဖောက်ခြင်းသိုင်းသည် ဝမ်ချောင်ကသူ့ကို ယခင်ပေးခဲ့သည့် သိုင်းဖြစ်သည်။ သို့သော် သူ၏ကိုယ်ပိုင် ပြိုင်ဘက်ကင်းခြောက်သွယ်၊ ခမ်းနားထည်ဝါခြင်း နတ်ဘုရားသိုင်းနှင့် လိုက်ဖက်ညီနေသေးသည်။ ထိုနှစ်ခုက မူရင်းဇစ်မြစ်တူသည်။ သိုင်းပညာများက အတိုင်းအတာတစ်ခုအထိ မြင့်မားသွားသောအခါ လက်နက်အမျိုးအစား တစ်ခုအဖြစ် ပြောင်းလဲ၍ရသည်ဆိုသော ကန့်သတ်ချက်အောက်တွင် မရှိတော့ပေ။ ဥပမာအားဖြင့် ပြောရသော် ဝမ်ချောင်က ဓားကိုသုံးသည်။ သို့သော်သူက လှံကိုလည်းသုံး၍ရသည်။ သို့မဟုတ် နတ်ဘုရင်ရာမအသွင် ပြောင်းလဲထားသည့် အခိုက်အတန့်မျိုးတွင် ဗာဂျရာကျည်ပွေ့ကိုလည်း အသုံးပြု၍ ရသွားလေသည်။

ကောင်းရှန်းကျစ်၏ ပြိုင်ဘက်ကင်းခြောက်သွယ် ခမ်းနားထည်ဝါသော နတ်ဘုရားသိုင်းသည် ဓားချီကိုသာ အဓိကအားစိုက်ထားသည်။ သို့သော် ပြိုင်ဘက်ကင်းရှစ်သွယ် ထိုးဖောက်ခြင်းသိုင်းအဖြစ် ပြောင်းလဲသွားသည့် အခိုက်အတန့်တွင်မူ လက်နက်မလိုအပ်တော့ချေ။

သို့သော် ထိုအဆင့်မြင့်သိုင်းသည် အင်အားကြီးမားသော်လည်း ကျင့်ရန်အလွန်ခက်ခဲသည်။ အနည်းဆုံး အတိတ်က ကောင်းရှန်းကျစ်က ဒီအခြေခံအချက်များကို နားလည်နိုင်သည့်တိုင်အောင် သူ၏ဘဝ အဆုံးသတ်အထိ အောင်မြင်စွာ မကျင့်ကြံနိုင်ခဲ့ချေ။

ဝမ်ချောင်ကသူ့ကို တစ်လသာအချိန်ပေးပြီး ထိုသိုင်းကို ကျင့်ကြံစေခဲ့သည့်တိုင်အောင် ကောင်းရှန်းကျစ်ကလည်း ထိုသိုင်းကို အပြည့်အဝ နားမလည်သေးချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ရောက်လာပြီးမှသာ ကောင်းရှန်းကျစ်က နားမလည်သော မေးခွန်းများကို သူ့ထံမေးမြန်းနိုင်ခဲ့သည်။ ထိုသို့ဖြင့် ချီ၏သဘောသဘာဝကို နားလည်သွားပြီး ပြိုင်ဘက်ကင်းရှစ်သွယ် ထိုးဖောက်ခြင်းသိုင်းကို အမှန်တကယ် နားလည်နိုင်ခဲ့သည်။

“ဟွန်း မင်းကဒါကိုသုံးပြီး ငါ့ကိုယှဉ်နိုင်မယ်ထင်တာလား”

အော့မော့သိုင့်၏ အမျက်ဒေါသက ထွက်သွားရာမှရုတ်တရက် ဝုန်းကနဲပေါက်ကွဲသံကို ထုတ်ဖော်လေပြီး ကောင်းကင်တွင် ရှိနေသည့် ကောင်းရှန်းကျစ်ထံ တိုးဝင်သွားသည့် အခိုက်အတန့်တွင် အပုမူစလင်၏ မျက်လုံးက အေးစက်နေပြီဖြစ်သည်။ တစ်ချိန်ထဲတွင်ပင် ကောင်းရှန်းကျစ်ကလည်း သူ၏လက်တစ်ဖက်မှ လက်ချောင်းများကိုဖွင့်လိုက်သည်။ ထိုအခါ အနက်ရောင်တိုင်ရှစ်တိုင်လုံးက ရုတ်တရက် ခုန်ထွက်လာပြီး အပုမူစလင်၏ ခန္ဓာကိုယ်ဝန်းကျင်အနှံ့ ပျံ့သွားလေသည်။

အပုမူစလင်၏ အော့မော့သိုင့် အမျက်ဒေါသသည် ကောင်းရှန်းကျစ်နှင့် ပေတစ်ဆယ်ကျော် ဝေးနေသော အခိုက်အတန့်တွင် ရုတ်တရက် သတိပေးချက်အလျဉ်းမရှိဘဲ အင်အားအကြီးမားဆုံးသိုင်းက လေထဲတွင် တောင့်ခဲသွားရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

အပုမူစလင်ကိုယ်တိုင်ကလည်း ထိုမြင်ကွင်းကြောင့် အလွန်မှင်သက်သွားသည်။ သူ၏လက်သီးစွမ်းအားသည် သဏ္ဍန်မဲ့သည့်အပြင် အကောင်အထည်လည်း မပေါ်ချေ။ ထို့ကြောင့် ဆေဘာသို့မဟုတ် ဓားများကဲ့သို့ ဖမ်းဆုပ်ထား၍မရနိုင်ချေ။ ကောင်းရှန်းကျစ်ကမူ ထိုအရာကို လေထဲတွင် ခဲအောင်လုပ်နိုင်သည်။ ထိုအချက်ကတင် အပုမူစလင်၏ ဒီလောကကို နားလည်ထားသည်ထက် ကျော်လွန်သွားလေသည်။

အပုမူစလင်၏ စိတ်ထဲတွင် ထိုအတွေးက ဖြတ်ဝင်လာသည့် အခိုက်အတန့်တွင် တိုင်ရှစ်တိုင်က ရုတ်တရက် စွမ်းအားများနှင့် ပေါက်ကွဲသွားသည်။ ပြင်းထန်လွန်းသော ပေါက်ကွဲသံကြီးနှင့်အတူ အပုမူစလင်၏ စွမ်းအားအကုန်သုံးကာ ထုတ်လွှတ်ထားသည့်လက်သီးက ထိုးဖောက်ခံရလေပြီး ကုန်စင်သွားသည်အထိ ပေါက်ကွဲကာ ပျောက်ကွယ်သွားရသည်။

“???”

ကောင်းကင်မှ ပြင်းထန်သော လေပြင်းများက ဆင်းသက်ရောက်ရှိလာပြီးနောက်တွင် အပုမူစလင်၏ မျက်နှာက အလွန်တင်းမာကာ ရှုံ့မဲ့သွားသည်။ သူဟာ ထိုမြင်ကွင်းကြောင့် မှင်သက်သွားသည်။ သူသည်လည်း ကောင်းရှန်းကျစ်ဟာ တစ်လဆိုသော အချိန်အတောအတွင်း သိုင်းအသစ်တစ်မျိုးကို လေ့လာလိုက်နိုင်မည်ဟု မထင်ထားမိချေ။ ထိုထူးဆန်းသော တိုင်ရှစ်တိုင်ဟာ မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ပေါ်လာပြီး သူ၏အင်အားအကြီးဆုံး တိုက်ကွက်ကို ဖျက်ဆီးလိုက်နိုင်သည်။

“အပုမူစလင် အရင်ကအရင် အခုကအခု မင်းကဘာကို ကြံစည်ထား ကြံစည်ထား ငါကဒီမှာရှိနေသမျှ မင်းမအောင်မြင်နိုင်ဘူး”

ကောင်းကင်အထက်မှ မိုးခြိမ်းသံလို ကျယ်လောင်လွန်းသည့် အသံတစ်ရပ်က ထွက်ပေါ်လာသည်။ ကောင်းရှန်းကျစ်သည် ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သူကရှေ့သို့ တိုးလိုက်သည့် အခိုက်အတန့်တွင် သူ၏ခြေထောက်အောက်မှ ခမ်းနားထည်ဝါသော ဓားချီက ပေါက်ကွဲသွားပြီဖြစ်သည်။ ထိုဓားချီက နောက်ထပ် လျို့ဝှက်ဆန်းကြယ်သော စာသားများပြည့်နှက်နေသည့် တိုင်ကြီးတစ်တိုင်အဖြစ် ပြောင်းလဲသွားလေပြီး လေထဲတွင်လွင့်မျောကာ သူ့ကိုထိန်းမပေးထားသည်။

ကောင်းကင်ဟာ သိုင်းပညာရှင်များအတွက် တားမြစ်နယ်မြေဖြစ်သည်။ သို့သော် လက်ရှိ ကောင်းရှန်းကျစ်ကမူ ထိုနေရာကို မြေပြန့်လိုရပ်နေနိုင်သည်။

သူ၏ခြေတစ်လှမ်းတည်းနှင့် ကောင်းရှန်းကျစ်၏ ပြိုင်ဘက်ကင်းရှစ်သွယ် ထိုးဖောက်ခြင်းသိုင်းအပေါ် နားလည်မှုများ မြင့်တက်လာသည်။ သိုင်းပညာများနှင့် ဓားချီ၏ အခြေခံ စည်းမျဉ်းများအားလုံးက သူ၏စိတ်အတွင်းတွင် ပေါ်လာသလို သူ၏စွမ်းအင်ကလည်း ထိုအခြေခံစည်းမျဉ်းများနှင့်အတူ လိုက်လျောညီထွေသွားလျှက် ပို၍ပင် ဖောင်းကားပြည့်လျံ များပြားလာသည်။ ထိုသို့ဖြင့် ခန္ဓာကိုယ်အတွင်းမှ မုန်တိုင်းတစ်ခုလိုမျိုး ပေါက်ထွက်လာလေသည်။ နဂိုကတည်းက စွမ်းအားကြီးထားပြီးသားဖြစ်သော ကောင်းရှန်းကျစ်က ချက်ချင်းဆိုသလိုပင် အချို့သော အကန့်အသတ်များကို ကျော်ဖြတ်လျှက် ပို၍မြင့်မားသော ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ တက်လှမ်းနိုင်သွားသည်။

လက်ရှိကောင်းရှန်းကျစ်သည် အပုမူစလင်နှင့် အမှန်ပင် လက်ရည်တူ ယှဉ်ပြိုင်ရန် အခွင့်မှီသွားပြီဖြစ်သည်။ အပုမူစလင်က ကောင်းရှန်းကျစ်ကို မော့ကြည့်နေသည့် အခိုက်အတန့်တွင် အရာအားလုံးက တိတ်ဆိတ်နေသည်။ သူသည်လည်း ရန်သူ၏ စွမ်းအားများက ထိုးတက်လာနေကြောင်း ခံစားမိသဖြင့် သူ၏မျက်နှာက ချက်ချင်းဆိုသလို ပြာနှမ်းကာ တင်းမာသွားရသည်။

“ဟော်ရှု့ဟွေ့ခမ်း သွား”

ချွီထေပါးနှင့် အပုမူစလင်တို့က ရပ်တန့်သွားကြောင်း မြင်သောအခါ သာ့လွန်ရော့ကျန်းကလည်း ချက်ချင်းလိုလို အမိန့်ကိုထုတ်လိုက်သည်။ သူ၏မျက်ဝန်းကလည်း တောက်ပလာသည်။

ဒီတိုက်ပွဲက အာရေးဗီးယားများ၏ ကံကြမ္မာကိုသာ ဆုံးဖြတ်မည်မဟုတ်ချေ။ ယွီစန်းသည်လည်း ပါသည်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ မဟာထန်ကို ရှုံးအောင်လုပ်ရပေမည်။ သူတို့က မဟာထန်၏ နဂါးကိုးကောင် သွေးဝင်္ကပါကို ဖျက်ဆီးလိုလျှင် သူတို့၏မဟာဗိုလ်ချုပ်များကို အရင်ဆုံး ဖယ်ရှားရန် လိုအပ်သည်။

“နားလည်ပြီ”

ဟော်ရှု့ဟွေ့ခမ်းကလည်း ခေါင်းညိမ့်လိုက်ပြီး ကွင်းပြင်အတွင်းသို့ မြင်းကိုဒုန်းစိုင်းစီးလာသည်။ သူက အနက်ရောင်သံချပ်ကာကို ဝတ်ထားသော အစောင့်ထံသို့ အလောတကြီး ဝင်ရောက်လာနေသည်။

အခန်း(၁၁၀၇)

“ချောင်အာ ဟော်ရှု့ဟွေ့ခမ်းကို ငါနဲ့ထားခဲ့လိုက်”

ဝမ်ချောင်၏အနောက်ဘက်မှ ခမ်းနားထည်ဝါပြီး တည်ငြိမ်သည့်အသံက ထွက်ပေါ်လာသည်။ ဝမ်ရန်က မည်သည့်အချိန်ကမှန်းမသိ အနားသို့ ရောက်လာပြီဖြစ်သည်။ သူ၏မျက်ဝန်းက ထက်ရှသောအလင်းဖြင့် တောက်ပနေရင်း အဝေးရှိ ဟော်ရှု့ဟွေ့ခမ်းကိုကြည့်သည်။

ဝမ်ချောင်က ပြန်မဖြေနိုင်သေးခင် ဝမ်ရန်က ခုခံရေးအားလှိုင်းထဲမှ လျှောက်ထွက်သွားပြီဖြစ်သည်။ သူ၏အနောက်ဘက်တွင်လည်း ခြေလျှင်တပ် အင်အားစုက လိုက်ပါသွားသည်။

“ဝမ်ချောင် ငါဗိုလ်ချုပ်ဝမ်ကို ကူညီပေးလိုက်မယ်”

စုဟန်ရှန်းက သူ၏အေးစက်ကာ ခံစားချက်မဲ့သည့်အသံနှင့်ပြောရင်း ဝမ်ချောင်၏ ဘေးဘက်သို့ လျှောက်လာသည်။ သူက ဝမ်ရန်၏ ကျောပြင်ကိုသာ စိုက်ကြည့်နေသည်။

ဝမ်ရန်သည် ဝမ်ချောင်၏ ဖခင်ဖြစ်သည်။ စုဟန်ရှန်းကလည်း ဝမ်ရန်၏ အင်အားကို သံသယမဝင်သည့်တိုင်အောင် သတိထား၍လည်း အမှားအယွင်း မရှိနိုင်ချေ။ လက်နက်ကြီးအဖွဲ့ဝင် ငါးထောင်ဟာ အာရပ်မြင်းတပ် အဖွဲ့ဝင်များအပေါ် ပြင်းထန်သည့် သက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ယခုလိုမျိုး အခြေအနေ ပြောင်းသွားသည့်အတွက် ပို၍ပင် အခွင့်အရေး ရရှိလာသေးသည်။ နဂါးကိုးကောင် သွေးစစ်အလံက မဟာထန်ကို တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်စေသည့် စွမ်းအင်မျိုးကို ပေးထားပြီးသားဖြစ်သည်။ ထိုစစ်အလံက မဟာထန်၏ သတ်ဖြတ်ခြင်းစက်များကို ပို၍ပင် ကြောက်စရာကောင်းအောင် ဖန်တီးပေးနိုင်သည်။ ထို့ကြောင့် အာရပ်များကို ထိပ်တိုက်ရင်ဆိုင်ရာတွင် ပို၍ပင် အင်အားကြီးမားပြီး ပို၍ပင် လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် တိုက်ခိုက်နိုင်စွမ်းရည်ကို ထုတ်ပြနိုင်လေသည်။

“အွန်း”

ဝမ်ချောင်က အခြေအနေကို တစ်ချက်ကြည့်ပြီး ခေါင်းအသာညိမ့်လိုက်သည်။ ယခုက လှုပ်ရှားရမည့် အခိုက်အတန့်ဖြစ်သည်။ မဟာထန်သည် ဒီတိုက်ပွဲတောက်လျှောက် ခုခံသည့်ဘက်တွင်သာ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် သံမဏိခုခံရေးအားလှိုင်းသို့ ဆက်တိုက်ရောက်လာသည့် တိုက်ကွက်များကိုသာ စောင့်ကြိုနေရလေသည်။ သို့ရာတွင် ယခုအချိန်က တိုက်ခိုက်ရမည့် အချိန်ဖြစ်သည်။ မဟာထန်သည် ယခုသွားရောက် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

ခလွက် ခလွက်

လက်နက်ကြီးများကို တင်ချသံက ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုအချိန်တွင် စုဟန်ရှန်းနှင့် သူ၏လက်နက်ကြီးအဖွဲ့ဝင် ငါးထောင်ကို ခေါ်ဆောင်လျှက် သံမဏိမြို့ရိုးကိုကျော်ဖြတ်ကာ ဝမ်ရန်၏ ခြေလျှင်တပ်နောက်မှ လိုက်ပါသွားပြီဖြစ်သည်။

“ပစ်”

အာရပ်မြင်းတပ်က ဆက်လက်ပြီးမချီတက်နိုင်သေးခင် စုဟန်ရှန်းက သူ၏လက်ကိုအောက်သို့ ယမ်းချလိုက်သည်။ ထိုအခါ လက်နက်ကြီးများက လေထဲသို့ တိမ်စိုုင်လုံးအလား တစ်ခုတစ်ဝေးတည်း တက်လှမ်းသွားလေပြီး ဝမ်ရန်၏စစ်တပ်ကို ကျော်လွန်လျှက် ထန်လက်ရွေးစင် စစ်သည်တော် နှစ်သောင်းကို ကျော်ဖြတ်ကာ နဂါးကိုးကောင် သွေးစစ်အလံ တစ်ဖက်ခြမ်းရှိ အာရပ်စစ်တပ်ကို တိုက်ခိုက်လိုက်သည်။

ဇွက် ဇွက် ဇွက်

သွေးများကပန်းထွက်ပြီး အော်သံများက လေထဲတွင် ပျံ့နှံ့သွားသည်။ ထက်ရှသော လက်နက်ကြီးများ၏ ထိပ်ဖျားက မရေမတွက်နိုင်သော အာရပ်မြင်းတပ်အဖွဲ့ဝင်များကို ကျော်ဖြတ်သွားလေသည်။

“ချီတက်”

စုဟန်ရှန်းက သူ၏ဓားကိုယမ်းရင်း အမိန့်ထုတ်လိုက်သည်။ သူ၏လူများက မြေပြင်တွင် ထပ်နေသည့် အလောင်းများကို တက်နင်းရင်း ရှေ့သို့ကျော်ဖြတ်ကြလေသည်။

သူ၏အမိန့်အောက်တွင် လက်နက်ကြီးအဖွဲ့ငါးထောင်သည် ကျယ်လောင်စွာ အော်ဟစ်ရင်း တိုက်ပွဲနယ်မြေအတွင်းသို့ အပြေးဝင်ရောက်သွားနိုင်သည်။ လက်နက်ကြီးစစ်တပ်သည် ခုခံရာတွင် အနည်းငယ် အားနည်းသော်လည်း သိထားရမည်မှာ စုဟန်ရှန်းက ယခင်ဓားမြများကို လေ့ကျင့်ပေးပြီး ယခုလို စစ်သည်တော်များအဖြစ် ပြောင်းလဲထားခြင်းဖြစ်နေသည်။ ထို့ကြောင့် ရန်သူများက ရုတ်တရက် နီးကပ်လာသည့် အခိုက်အတန့်တွင် လက်နက်ကြီးစစ်သည်တော်များက ကြောက်မက်ဖွယ်ကောင်းသည့် အရှုံးဒဏ်ကို ခံရနိုင်သည်။

သို့သော် စုဟန်ရှန်း၏အမိန့်အောက်တွင် မဟာထန်၏ အကောင်းဆုံးသော စစ်သည်တော်များကပင် ထိုလက်နက်ကြီးများပစ်ခတ်ရန် နေရာယူထားသော နယ်မြေကိုကျော်ဖြတ်ရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။ လက်နက်ကြီးများ၏ ထက်ရှပြီး ခက်ထန်ကြမ်းတမ်းသော တိုက်ကွက်များက အကောင်းဆုံးခုခံမှုအားလှိုင်းဖြစ်နေသည်။

သူ၏လက်နက်ကြီးစစ်တပ်က နဂါးကိုးကောင် သွေးဝင်္ကပါအနားသို့ ရောက်ရှိသွားသည့် စုဟန်ရှန်းက ဓားကိုအောက်သို့ယမ်းချလိုက်ပြီး နောက်ထပ် အမိန့်ထပ်ထုတ်သည်။

“ဝိုက်ပြီးပစ်ခတ်”

လက်နက်ကြီးအလက်ငါးထောင်က ရေစီးသလိုမျိုး ခပ်ကြမ်းကြမ်း ချလိုက်သည့် အခိုက်အတန့်တွင် နဂါးကိုးကောင် သွေးဝင်္ကပါနှင့် အလံက ထိုအဟကြားမှရှေ့သို့ အောင်မြင်စွာချီတက်နိုင်လေသည်။ ထိုသို့ဖြင့် အင်အားစုသုံးခုက အတူပေါင်းလေပြီး ကြီးကြပ်သော်လည်း အင်အားကြီးမားသည့် ခုခံရေးစနစ်တစ်ခုကို တည်ဆောက်လိုက်နိုင်သည်။

စုဟန်ရှန်း၏ခွန်အားက လိုအပ်ချက်ရှိနေသေးသည့်တိုင်အောင် ဗျူဟာနှင့် နည်းပညာအရာတွင် စုဟန်ရှန်းသည် အနာဂတ်မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဆိုသည့်တိုင်အောင် တိုက်ပွဲနယ်မြေတွင် ခြေကုပ်ရယူနိုင်နေပြီဖြစ်သည်။

ဝမ်ရန်သည်လည်း သူ၏အနောက်ဘက်မှ အခြေအနေကို အနည်းငယ်တော့ဖြင့် နားလည်သည်။ သို့သော် သူက အရှေ့ဘက်တွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုကို မြင်လိုက်ရုံနှင့် မြင်းကိုအရှေ့ဘက်သို့ အပြေးသွားစေလိုက်သည်။ အလားတူစွာပင် ပို၍မြန်ဆန်သော အရှိန်နှုန်းဖြင့် ချီတက်သွားလေသည်။

ဝုန်း

အလင်းက ဖြတ်ပြေးသွားသည်။ ဝမ်ရန်က ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထို့နောက် ပိန်းပိတ်အောင် မည်းမှောင်သော အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီး ထိုအလင်းတန်းကြီးက ဖောင်းကားကာ ကြီးထွားလာသည်။

ဝေါင်း

ဒါဟာ ကောင်းကင်ကိုပင် တုန်ခါသွားစေသည့် အော်သံကြီးဖြစ်သည်။ ထိုအသံကြီးနှင့်အတူ ကြီးမားလွန်းလှသည့် ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားတစ်ပါးက တိုက်ပွဲနယ်မြေတွင် ပေါ်ထွက်လာနေပြီဖြစ်သည်။ သူ၏ခြေလှမ်းတိုင်းက ဆယ်မီတာကျော်လေသည်။ ထိုသို့ဖြင့် သူက ဟော်ရှု့ဟွေ့ခမ်းထံ ချီတက်သွားသည်။

သံချပ်ကာဝတ် နတ်ဘုရားသည် အလွန်အမင်း အင်အားကြီးမားသော အရှိန်အဝါကို လွှတ်ထုတ်နေသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးက တိုက်ပွဲနယ်မြေရှိ အာရပ်လက်ရွေးစင်များကို သေးငယ်လွန်းသော ပုရွက်ဆိတ်များလို ထင်ရစေသည်။

အခြားတစ်ဖက်ခြမ်းတွင် ဟော်ရှု့ဟွေ့ခမ်းကလည်း ကြီးမားသည့် အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားကြီးကို မြင်လိုက်ရုံနှင့် မျက်ခုံးကိုပင့်လိုက်မိသည်။ သူသည်လည်း မြေကမ္ဘာ၏ တသိမ့်သိမ့်တုန်ခါနေမှုကို ခံစားမိသည်။ ချက်ချင်းဆိုသလိုပင် သူက ဗာဂျရာဗုဒ္ဓ ရွှေသားခန္ဓာကိုယ် မန်ထရာကိုထုတ်သုံးလိုက်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ရွှေရောင်အလင်းတန်းများနှင့် တောက်ပထည်ဝါသော ခမ်းနားသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးက တိုက်ပွဲနယ်မြေတွင် ထည်ဝါစွာ ပေါ်ထွက်လာပြီဖြစ်သည်။ သူက ဝမ်ရန်ကို တစ်ချက်ကြည့်သည်။ ဟော်ရှု့ဟွေ့ခမ်းကလည်း မှင်သက်ဖွယ်ကောင်းသည့် တိုက်ခိုက်လိုစိတ်ဆန္ဒများဖြင့် ပေါက်ကွဲထွက်လျှက် တိုက်ပွဲနယ်မြေအတွင်းသို့ ပို၍မြန်ဆန်သော အရှိန်နှုန်းကိုသုံးပြီး ဝင်ရောက်သွားလေသည်။

တစ်ချိန်ထဲလိုလို ဝမ်ရန်၏မျက်လုံးကလည်း အေးစက်သောအလင်းနှင့် လက်သွားသည်။ သူသည် အရှိန်အဟုန်မြင့် မှင်သက်ဖွယ်နတ်ဘုရားကို ထိန်းချုပ်ရင်း အရှိန်နှုန်းကို ထပ်မြှင့်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

သူက ဟော်ရှု့ဟွေ့ခမ်း၏ ရွှေသားဗုဒ္ဓကြီးထံသို့ ခြေလှမ်းကျဲကြီးများနှင့် ချီတက်သွားလေသည်။

အနောက်တောင်ပိုင်းနယ်မြေတွင် တွေ့ဆုံခဲ့ဖူးသော ရန်သူနှစ်ယောက်က တာလာ့ရှိ တိုင်းတစ်ပါးနယ်မြေတွင်လည်း တဖန်ထပ်ပြီး ဆုံတွေ့ရပြန်သည်။ တစ်ယောက်ကမူ ဟော်ရှု့ဟွေ့ခမ်းကို သတ်ဖြတ်လိုစိတ်ကို ကြာရှည်စွာ ထိန်းထားရသည့် ရန်သူတစ်ယောက်အဖြစ် မဟာထန်ကို ကျူးကျော်လိုသူတစ်ယောက်အဖြစ် သတ်မှတ်ပြီး ကပ်ဘေးကိုသယ်ဆောင်လာသူ အင်အားကြီးမားသော မဟာဗိုလ်ချုပ်ကြီးအဖြစ် သတ်မှတ်သည်။ သို့သော် အခြားတစ်ယောက်ကမူ အနောက်တောင်ပိုင်းက စစ်ပွဲ၏ အရှက်တရားကိုဆေးကြောရန် ကျိန်ဆိုထားလေသည်။

ခြိမ်း

တခဏခန့်ကြာပြီးနောက် ကြီးမားသော ပုံရိပ်ကြီးနှစ်ခုက ထိပ်တိုက်တွေ့ဆုံသည့် အခိုက်အတန့်တွင် လောကက စုတ်ဖြဲခံရသလိုဖြစ်သွားသည်။

လေပြင်းကပေါက်ကွဲပြီး ဖုန်တိမ်စိုင်လုံးများက လွင့်စင်ကုန်သည်။ ကျောက်စရစ်ခဲများ၊ အုတ်ကျိုးအုတ်ပဲ့များ၊ အပိုင်းအစပစ္စည်းများ၊ ခြေပြတ်လက်ပြတ်များ အားလုံးက အရပ်မျက်နှာအနှံ့ လွင့်စင်ကုန်၏။ ထိုအခိုက်အတန့်တွင် စွမ်းအားကြီးမားသည့် စွမ်းအားလှိုင်းများက တိုက်ပွဲနယ်မြေတစ်ခုလုံးကို လှုပ်ခါသွားစေလေသည်။

သာ့လွန်ရော့ကျန်းသည်လည်း ထိုမြင်ကွင်းကြောင့် မျက်မှောင်ကျုံ့နေမိသည်။ သူမြင်နိုင်သည့် ရှု့ထောင်မှဆိုလျှင် ဟော်ရှု့ဟွေ့ခမ်းသည် ရှင်းလင်းစွာဖြင့်ပင် ဝမ်ရန်ကို အချိန်တိုအတွင်း ကိုင်တွယ်နိုင်ဦးမည်မဟုတ်ပေ။

“တုစုန့်မာန်ဖော်ကျဲ့ မင်းသွား”

သာ့လွန်ရော့ကျန်းက ခပ်မြန်မြန် အမိန့်ထုတ်လိုက်သည်။

တုစုန့်မာန်ဖော်ကျဲ့က မည်သည့်စကားမှမဆိုချေ။ သို့သော်သူ၏ မျက်လုံးကမူ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ချွီထေပါးတို့ တိုက်ခိုက်နေသော နေရာတွင်သာဖြစ်သည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူ၏မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများက ဖြတ်ပြေးသွားသည်။

“မင်းဘာတွေးနေလဲငါသိတယ်။ ဒါပေမဲ့အခုက အဲ့ဒီအချိန်မဟုတ်ဘူး။ မိုက်ရူးရဲဆန်ပြီး အလျင်စလိုလုပ်တာက ငါတို့ရဲ့ကြိုးစားအားထုတ်မှုတွေ အားလုံးကို အလဟသ ဖြစ်စေနိုင်တယ်”

သာ့လွန်ရော့ကျန်းက ခပ်တင်းတင်းပြောသည်။

“နားလည်တယ်”

တုစုန့်မာန်ဖော်ကျဲ့က အသက်ပြင်းပြင်းရှုပြီး စိတ်ကိုငြိမ်အောင်ထိန်းလိုက်ရသည်။ ထိုသို့ဖြင့်သူက နဂါးကိုးကောင် သွေးစစ်အလံထံသို့ ချီတက်သွားသည်။ သံချပ်ကာများ၏ တချွင်ချွင်အသံများနှင့်အတူ သူက သာ့လွန်ရော့ကျန်းကိုကျော်ဖြတ်ပြီး အဝေးသို့ရောက်ရှိသွားသည်။

“မျိုးမစစ်ကောင်”

မာမဲ့လုများ၏ ဗိုလ်ချုပ်ကြီး အားပါးကလည်း တိုက်ပွဲနယ်မြေကို စောင့်ကြည့်နေခြင်းဖြစ်သည်။

ချွီထေပါး၊ အပုမူစလင်နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ အားလုံးကို မဟာထန်က တားနိုင်ကြောင်း မြင်နေရချိန်တွင် သူ၏မျက်နှာက ရေခဲအလွှာပါးပါး အုပ်စိုင်းလာသလိုမျိုး တင်းမာလာသည်။ မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ်များက ပြင်းထန်လာသည်။

“ငါ့ရဲ့အမိန့်ကိုနာခံ စစ်သားတိုင်း အခုလှုပ်ရှား မာမဲ့လုတွေ မကျော်ဖြတ်နိုင်တဲ့ ဝင်္ကပါရှိတယ်လို့ ငါမယုံဘူး”

အားပါးက အနီးအနားရှိ စစ်မြင်းတစ်ကောင်ကို လှမ်းဆွဲလိုက်ပြီး အပေါ်သို့တက်စီးလိုက်သည်။

ချွင်

အားပါး၏ညာဘက်ပေါင်က မြင်းကိုဖိချလိုက်ရုံနှင့် သူ၏ခန္ဓာကိုယ်အောက်ဘက်မှ ကြီးမားလွန်းသည့် ချီစက်ကွင်းတစ်ရပ်က ပေါ်ထွက်လာသည်။ ထို့နောက် သတ္ထုရောင်များက ရွှန်းစိုကာ တောက်ပလာပြီး မာမဲ့လုများထံ ဝင်ရောက်သွားလေသည်။

“ဖားရချီစက်ကွင်း”

တောက်ပနေသည့် အနီရင့်ရောင် ချီစက်ကွင်းကြီးက အားပါး၏လက်ထဲသို့ ရောက်သောအခါ ဖိုင်ဆယ်ထက်ပင် နှစ်ဆခန့်ကြီးမားသွားသည်။

ချွင် ချွင် ချွင်

ဖားရချီစက်ကွင်း၏ အစစ်အမှန် အဆင့်မြင့်စွမ်းအားမြင့် မွန်းမံပေးခြင်းခံရသောအခါ အရှိန်နှုန်း၊ ခုခံနိုင်စွမ်းအား၊ ဇွဲ၊ လုံ့လ၊ သတ္တိ၊ ခုခံနိုင်စွမ်းရည် အရာအားလုံးက ဖောင်းကားတက်သွားလေသည်။

အားပါး၏အကြည့်ကလည်း ဓားတစ်လက်အလား ထက်ရှသွားပြီး နဂါးကိုးကောင် သွေးစစ်အလံကိုကြည့်သည်။ သူကဓားကိုတစ်ချက် ယမ်းလိုက်ပြီးနောက် မာမဲ့လုခုနှစ်ထောင်ကျော်က ရှေ့သို့ချီတက်သွားပြီဖြစ်သည်။

ချွင်

အားပါးကထွက်ခွာပြီး သိပ်မကြာခင် ကျစ်ရကလည်း အသက်ပြင်းပြင်းရှုပြီး သူ၏သမုဒ္ဒရာလက်စွပ်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူသည်လည်း ကိုယ်ပိုင်စစ်မြင်းပေါ်တက်သည်။

“ငါလည်းမင်းတို့ကောင်တွေ ဘယ်လောက်လုပ်နိုင်လဲကြည့်မယ် ဟွန်း မင်းတို့လောက်က ငါတို့ကို တားနိုင်မလား”

ကျစ်ရ၏စိတ်ထဲတွင် ဒေါသမုန်တိုင်းက ထန်နေသည်။ အာရပ်များသည် အလွန်မာနကြီးသည်။ သူတို့ဟာ ယုံကြည်မှုရှိသော လူမျိုးများဖြစ်သည်။ ဒီတိုက်ပွဲက ပိုးသားလမ်း၏ ဗျူဟာခံတပ်ကို ဖမ်းဆုပ်ရုံလောက် မဟုတ်တော့ချေ။ ဒါဟာ အာရေးဗီးယားနှင့် မဟာထန်ကြားမှ တိုက်ပွဲဖြစ်သလို အရှေ့ပိုင်းနှင့် အနောက်ပိုင်းကြားမှ တိုက်ခိုက်ပွဲဖြစ်သည်။ ဒါဟာ စိတ်ဆန္ဒချင်းတိုက်ခိုက်ခြင်း၊ ခွန်အားချင်း ယုံကြည်မှုချင်း တိုက်ခိုက်ခြင်းဖြစ်သွားသည်။

မည်သို့ပင်ဆိုစေ အာရေးဗီးယားက အရှေ့ပိုင်းတိုင်းပြည်များထက် မရှုံးနိုင်ပေ။

ဟီး...

ကျစ်ရက အနက်ရောင်အာရေးဗီးယား စစ်အလံအောက်မှ ချောမွေ့လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး အဝေးရှိ ဝရုန်းသုန်းကားဖြစ်နေသော တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်။

“ကျစ်ရတောင်ထွက်သွားပြီ သူ့ကိုငါနဲ့လွှတ်ထားလိုက်”

ချန်းချန့်လီက ဓားကိုဆွဲထုတ်လိုက်ရင်း အဝေးသို့လှမ်းကြည့်သည်။

သူသည် တစ်ချိန်လုံး တစ်ဖက်သို့သာ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ကျစ်ရက လှုပ်ရှားသည်နှင့် သိလိုက်သည်။

သူတို့နှစ်ယောက်က တိုက်ကွက်ချင်းဖလှယ်သည်မှာ ပထမဦးဆုံးအကြိမ်လည်းမဟုတ်ချေ။ ထို့ကြောင့် ချန်းချန့်လီကလည်း ကျစ်ရ၏သိုင်းများကိုသိသလို တိုက်ခိုက်သည့်ပုံစံကိုလည်း သူ၏လက်ခုံလို နားလည်ထားသည်။ ထိုအတွက်ကြောင့် ကျစ်ရကိုကိုင်တွယ်ရာတွင် သူကလွဲပြီး မည်သူကမှ ပို၍ မသင့်တော်နိုင်ပေ။

“အွန်း”

ဝမ်ချောင်က ခေါင်းသာညိမ့်ပြီး အားပါးထံသို့ အကြည့်လွှဲလိုက်သည်။ အားပါးနှင့် သူ၏စစ်သည် ခုနှစ်ထောင်က ချဉ်းကပ်လာနေပြီဖြစ်သည်။ အနောက်ဘက်တွင် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် မူထရီမဟာမြင်းတပ်တို့လည်းပါသည်။

မနေ့ကတိုက်ပွဲတွင် မူထရီမဟာမြင်းတပ်နှင့် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်တို့က အများကြီးဆုံးရှုံးသွားသည်။ သူတို့က ထိပ်တန်းအဆင့် အရည်အသွေးရှိသော မြင်းတပ်များဖြစ်နေသေးသော်လည်း သူတို့၏လက်နက်နှင့် ပစ္စည်းများက မာမဲ့လုများနှင့်ယှဉ်သော် ဝူရှန်းမြင်းတပ်နှင့်ယှဉ်သော် အများကြီးနိမ့်ကျမှုရှိသည်။ ထိုအတွက်ကြောင့် ဆုံးရှုံးမှုက များပြားနေရခြင်းဖြစ်သည်။ သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် ထိုအင်အားစုများကလည်း အယောက် သောင်းနှစ်ထောင်ခန့်အထိ ရှိနေသေးသည်။

“ဝူရှန်းမြင်းတပ် ငါ့ရဲ့အမိန့်ကိုနာခံ ငါ့ရဲ့နောက်ကိုလိုက်ခဲ့”

ဝမ်ချောင်၏မျက်ဝန်းက အေးစက်ဖြင့်အလင်းဖြင့် လက်သွားပြီး အမိန့်ကိုထုတ်လိုက်သည်။

အားပါးကထွက်လာသည်။ သူ၏မာမဲ့လု ခုနှစ်ထောင်က သူ၏ချီစက်ကွင်း၏ အားဖြည့်ပေးမှုကြောင့် အလွန်အမင်း စွမ်းအားကြီးမားလွန်းနေသည်။ ဒါဟာ အစစ်အမှန် ဖားရချီစက်ကွင်းဖြစ်သည်။ ချွေ့ဖြောင်းချီနှင့် ပါးနားဟန်တို့လောက်က မတားနိုင်ချေ။

“အစစ်အမှန် ဖားရချီစက်ကွင်းလား အဆူရာ ငရဲဝင်္ကပါလား ဘယ်ဘက်က ပိုပြီးအင်အားကြီးလဲ ကြည့်ရအောင်”

သူ၏မျက်ဝန်းအတွင်း ခက်ထန်သောအလင်းက ဖြတ်ပြေးသွားသည်။ ဝမ်ချောင်က ထန်အလံအောက်မှ စတင်ကာ မြင်းကိုဒုန်းစိုင်းစီးနင်း ဝင်ရောက်သွားပြီဖြစ်သည်။

ဟီ...

ခွာဖြူအရိပ်မြင်း၏အော်သံက တိုက်ပွဲနယ်မြေအနှံ့ ပဲ့တင်ထပ်လာသလို ဝမ်ချောင်ဟာ သံမဏိမြို့ရိုးများကို ကျော်ဖြတ်ကာ ချီတက်သွားပြီဖြစ်သည်။

ချွင်

ဝမ်ချောင်၏ ခြေထောက်အောက်ဘက်မှ စတင်ပြီး ဆယ်မီတာဝန်းကျင်အတွင်း ခမ်းနားထည်ဝါသည့် ချီစက်ကွင်းတစ်ခုက ပျံ့ထွက်သွားသည်။ ဆိုးယုတ်ပြီး ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားအပြည့် ပါဝင်နေသည့် ထိုချီစက်ကွင်းက မုန်တိုင်းတစ်ခုလိုမျိုး ဝူရှန်းမြင်းတပ်တစ်ခုလုံးကို လွှမ်းခြုံလိုက်လေသည်။

အခန်း(၁၁၀၈)

တုဝူစစ်လီရဲ့ပန်းတိုင်

အာဝူး...

အေးစိမ့်နေသော လေပြင်းက မြေကမ္ဘာကို ကျော်ဖြတ်ကာ တိုက်ခတ်လာသည့် အခိုက်အတန့်တွင် ပေတစ်သောင်းကျော်ဝန်းကျင်အတွင်းရှိ အပူချိန်က ရုတ်တရက် ထိုးကျသွားသည်။

လူတိုင်း၏နားအတွင်းသို့ ကြောက်မက်ဖွယ်ကောင်းသည့် ဝံပုလွေများ၏အော်သံက မြည်ဟီးလာပြီးသည့် အခိုက်အတန့်တွင် မရေမတွက်နိုင်အောင် မြောက်များသော ရန်ငြိုးကြီးဝိညာဉ်များ၏ ငိုညဉ်းသံ၊ အော်သံများက ကပ်ပါလာသည်။ လူတိုင်းဟာလည်း ထိုအသံကို ကြားလိုက်ရသည်။ ထိုအသံကိုကြားရုံနှင့် သူတို့၏ဝိညာဉ် အနက်ရှိုင်းဆုံးအပိုင်းမှလာသော ခြောက်ခြားသည့် ခံစားချက်မျိုးကို ရလိုက်လေသည်။

ဒုန်း ဒုန်း ဒုန်း

မိုးခြိမ်းသံလိုကျယ်လောင်သည့် မြင်းခွာသံများက ပထမခုခံရေးအားလှိုင်းကို ကျော်ဖြတ်ပြီး တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာသည်။

ဖုန်တိမ်စိုင်လုံးများ၏ ကပြောင်းကပြန်ဖြစ်နေသည့် ဝန်းကျင်အတွင်းတွင် ဝမ်ချောင်သည် ဝူရှန်းမြင်းတပ်ကို မရပ်တန့်နိုင်သော ဥက္ကာတုံးကြီးအလား ဦးဆောင်လျှက် အားပါးနှင့် အင်ပါယာသုံးခုမှ ပြိုင်ဘက်ကင်း မြင်းတပ်အင်အားစုများကို ရင်ဆိုင်ရန် ချီတက်သွားပြီဖြစ်သည်။

သာ့လွန်ရော့ကျန်းကလည်း တစ်ချိန်လုံး ဒီတိုက်ပွဲကို အထူးတလည် အာရုံစိုက်ထားသည်။ ထို့ကြောင့် ဝမ်ချောင်က ဝူရှန်းမြင်းတပ်ခုနှစ်ထောင်ကို အကြည့်က မြင်းတပ်အင်အားစု သုံးခုထက် မလျော့သော အရှိန်အဝါမျိုးနှင့် ဦးဆောင်ခေါ်လာကြောင်း မြင်လိုက်ရချိန်တွင် သူ၏မျက်ဝန်းကလည်း စိုးရိမ်မှုကို ဖော်ထုတ်ပြသလေသည်။

ဒီအခိုက်အတန့်တွင် ယွီစန်းသို့ပြန်သွား၍ မရတော့ချေ။ အာရပ်များသည်လည်း စစ်သည်တော်အများကြီး ရင်းနှီးမြုပ်နှံထားသည်။ ထို့ကြောင့် ဒီတိုက်ပွဲက ရှုံး၍မရနိုင်ချေ။ မည်သည့်နည်းနှင့်မဆို သူတို့သည် နဂါးကိုးကောင် သွေးစစ်အလံကို သေချာပေါက်ဖျက်ဆီးပြီး ထန်များ၏ အကြီးမားဆုံး အထောက်အပံ့ကို ချေမွရပေမည်။

သို့သော် တိဗက်များသည် သူတို့၏ဗိုလ်ချုပ်တိုင်းကို စေလွှတ်ထားသည်။ အင်ပါယာကြီးသုံးခုတွင် ဗိုလ်ချုပ်အများကြီး မကျန်ရစ်နိုင်တော့ချေ။ ခါရီယို၏အစိုးရ အော့စမန်းကဲ့သို့ အခြေအနေကို အထိတ်တလန့် စောင့်ကြည့်နေသောလူ တိုက်ပွဲအတွင်းသို့ အချိန်မရွေး ဝင်ရောက်ရန် ပြင်ဆင်ထားသော လူကလွဲပြီး တစ်ယောက်သာကျန်သည်။

“ဟား ဟား ဟား ကြည့်ရတာ ငါပဲတိုက်ပွဲကို ဝင်ရတော့မယ်ထင်တယ်”

သာ့လွန်ရော့ကျန်းက မည်သည့်စကားမှ မဆိုနိုင်သေးခင် ခပ်ကြမ်းကြမ်းအော်ရယ်သံက ထွက်ပေါ်လာသည်။ တုဝူစစ်လီကလည်း သူပြောမည့်စကားကို ကြိုတင်ခန့်မှန်းနိုင်ပုံရသည်။ သူက မြင်းကိုအပြေးနှင်ရင်း ရှေ့သို့ခုန်ဝင်သွားသည်။

သာ့လွန်ရော့ကျန်းကပင် မှင်သက်ရင်း စွံ့အသွားရသည်။ တုဝူစစ်လီသည် မဖုံးကွယ်နိုင်သော အခိုက်အတန့်အထိ ဖုံးကွယ်ရန် ရွေးချယ်တတ်သောသူမျိုးဖြစ်သည်။

ပို၍ဆိုးသည်မှာ သူ၏လှုပ်ရှားမှုတိုင်း၊ အပြုအမူတိုင်းက တူညီသောပန်းတိုင်သာ ရှိတတ်သည်။ သို့သော် ယခုမူ မည်သည့်စကားမှ မဆိုရသေးခင် တုဝူစစ်လီက ရုတ်တရက် ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်မည်ဟုဆိုသည်။ ထိုအချက်က သာ့လွန်ရော့ကျန်းကို အံ့ဩသွားစေသည်။ ပထမဦးဆုံး အကြိမ်အနေနှင့် သာ့လွန်ရော့ကျန်းကလည်း တုဝူစစ်လီ၏ အကြံအစည်ကို မပြောနိုင်တော့ချေ။

“ဟိုက်ရား”

တုဝူစစ်လီကအော်သည်။ သူ၏မြင်းကဟီပြီး သံချပ်ကာက တချွင်ချွင်မြည်ဟီးလျှက် သူ၏တောက်ပရွှန်းစိုသော အနက်ရောင်လည်ဆံမွှေးနှင့် တောင်ပေါ်မြင်းကို ခေါ်ဆောင်ကာ သာ့လွန်ရော့ကျန်းကို ကျော်ဖြတ်ပြီး တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်သွားလေသည်။

“ကြည့်ရတာ ငါပဲဒါကို ကိုင်တွယ်ရတော့မယ်ထင်တယ်”

ထိုအခိုက်အတန့်တွင် ခုခံရေးအားလှိုင်းတွင် ကျန်ရစ်သောလူက ဝူရှန်းရွာသူကြီးဖြစ်သည်။

ဝူရှန်းရွာသူကြီးသည်လည်း အင်အားကြီးမားသည့်တိုင်အောင် သူဟာ အသက်ကြီးနေပြီဖြစ်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ထက် အသက်ကြီးသေးသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်ကသူ့ကို နောက်ဆုံးတွင် ချန်ထားပေးခြင်းဖြစ်သည်။

ပို၍ဆိုးသည်မှာ သူဟာ လေးစားဖွယ်ကောင်းသော သိုင်းပညာရှင်ကြီး ဖြစ်နေသည့်တိုင်အောင် စစ်သည်တော်များကို အမိန့်ပေးနိုင်သည့် ကျွမ်းကျင်ပညာရှင်တစ်ယောက် မဟုတ်ချေ။ အနည်းဆုံး ဝူရှန်းရွာသူကြီးသည် ဝူရှန်းမြင်းတပ်ကို ဦးဆောင်ကာ မချီတက်သွားနိုင်ချေ။ ထိုအတွက်ကြောင့် အဆုံးသတ်တွင် သူဟာ တုဝူစစ်လီကို ကိုင်တွယ်ရန်ဖြစ်လာသည်။

ဝူရှန်းရွာသူကြီး၏ အဖြူရောင်တုတ်ကောက်သည် တခဏခန့် ရပ်တန့်သွားပြီးနောက်သူက ခုခံရေးအားလှိုင်းအတွင်းမှ ထွက်လာပြီဖြစ်သည်။

ဘန်း

ဝူရှန်းရွာသူကြီးက သံမဏိခုခံရေးအားလှိုင်းကို ကျော်လွန်ကာ ရှေ့သို့ထွက်လိုက်သည့် အခိုက်အတန့်တွင် လေပြင်းက ဆောင့်တိုက်ပြီး ထွက်လာသည့် ဖျက်ဆီးခြင်းစွမ်းအားတိုက်ကွက်က ဝူရှန်းရွာသူကြီးအား လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရင်ဆိုင်လာသည်။

ဘုန်း

မျက်တောင်တစ်ခတ် အချိန်အတွင်း ဝူရှန်းရွာသူကြီး၏ ခန္ဓာကိုယ်ဝန်းကျင်တွင်ရှိသော ကြယ်တာရာစွမ်းအင်များကို ထိုစွမ်းအားက ဝင်တိုးလာသည်။

ပြင်းထန်သိပ်သည်းလွန်းသော စွမ်းအားလှိုင်းများကို ကျော်ဖြတ်ပြီးနောက် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်တိုင်းကို လူတိုင်းက ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ထိုအခါ ဝူရှန်းရွာသူကြီးကို တိုက်ခိုက်လာသည်မှာ ငါးမီတာကျော်ခန့်ရှည်သည့် လက်ချောင်းတမျှ တုတ်ခိုင်သော မြှားတစ်စင်းဖြစ်ကြောင်း မြင်လိုက်ရသည်။

ထိုမြှားသည် လေထဲတွင် အဖြူရောင်အစင်းရာကိုပဲ ချန်ထားရစ်ခဲ့သည်။ ထို့နောက် မီတာနှစ်ဆယ်ကျော်အထိ ဆက်လက်တိုးဝင်သွားပြီး အလွန်နီးကပ်သည့် အတိုင်းအတာထိ ဝင်ရောက်သွားသည်။ ထိုအခိုက်အတန့်မှတစ်ဆင့် မြှားပစ်လိုက်သောလူဟာ အလွန်အင်အားကြီးမားကြောင်း သိနိုင်သည်။

သို့သော် ထိုမြှားက မည်မျှအံ့အားသင့်ဖွယ်ကောင်းနေစေကာမူ ဝူရှန်းရွာသူကြီးကို ထိမှန်မည့် အခိုက်အတန့်တွင် ထိုရှည်လျားသည့်မြှားက မမြင်ရသော အကာအကွယ်လွှာကို ဝင်တိုးမိသလိုဖြစ်ပြီး ရပ်တန့်သွားခြင်းဖြစ်သည်။ သူဟာ လေထဲတွင် အေးခဲလျှက် ရှေ့သို့ တစ်လက်မပင် မတိုးနိုင်တော့ချေ။

ခရစ် ခရစ်

ငါးပေရှည်သောမြှားသည် ထိပ်မှစတင်ပြီး အမွှားအစင်းကြောင်းလေးများအဖြစ် ဖွာထွက်သွားသည်။ တခဏခန့်ကြာပြီးနောက် နက်ရှိုင်းသော ပင်လယ်ပြင်မှရသည့် ရွှမ်သတ္ထုသားဖြင့် လုပ်ထားသော မြှားကပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲပေါက်ကွဲသွားရသည်။

အဆုံးသတ်တွင်ပင် ထိုမြှားက ဝူရှန်းရွာသူကြီးနှင့် သုံးပေခန့်အကွာအထိ မဝင်ရောက်နိုင်ခဲ့ပေ။

ဝုန်း

ထိုမြင်ကွင်းက အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းတူရကီ ဗိုလ်ချုပ်တိုင်းကို မှင်သက်သွားစေလေသည်။

မဟာထန်ဘက်မှ အဖြူရောင်ဆံပင်နှင့် ထိုအဘိုးကြီးက အသက်ခုနှစ်ဆယ်ပင် ကျော်လောက်သည်။ သူဟာ တုတ်ကောက်နှင့်ပင် လမ်းလျှောက်နေရသည်။ သူဟာ အချိန်မရွေး လဲကျမည့်ပုံ ပေါ်နေ၏။ သို့သော် မည်သူမျှ မမျှော်လင့်ထားသည်မှာ သူဟာ အင်အားကြီးမားလွန်းသည့်အတွက် သူ၏ခန္ဓာကိုယ် ဝန်းကျင်တွင် လွှတ်ထုတ်ထားသည့် ပြင်ပကြယ်တာရာစွမ်းအားများကတင် မြန်ဆန်လွန်းသော ငါးပေရှည်သည့်မြှားကို တားနိုင်လေသည်။

ဝူရှန်းရွာသူကြီးက မည်သည့်စကားမှ မဆိုချေ။ သူဟာ ခေါင်းကိုသာအသာမော့ပြီး အဝေးရှိ ရှားမကို ကြည့်လိုက်သည်။

ရှားမ၏ မျက်နှာတွင်လည်း မှင်သက်မှုက အထင်းသားပေါ်နေသည်။ သူသည်လည်း ထိုအဘိုးကြီးက နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့်သူက ပစ်သောမြှားကိုပင် တားနိုင်လောက်အောင် ကြောက်စရာကောင်းနေမည်ဟု မထင်ထားမိချေ။ သူဟာ တစ်ဖက်သူ၏ ဆံပင်မွှေးကိုပင် မထိနိုင်ချေ။

“ဟား”

ဝူရှန်းရွာသူကြီးက သက်ပြင်းရှည်ကြီးကိုချပြီး အင်္ကျီလက်ကို တစ်ချက်မြှောက်လျှက် လက်ချောင်းလေးကို ညွှန်လိုက်သည်။ ထိုအခါ အလင်းစက်လေးက ဖြတ်ကနဲပေါ်လာသည်။

ပလုံ

ထိုသို့ပေါ်လာပြီးသည့် အခိုက်အတန့်တွင် အနီးအနားရှိ အာရပ်မြင်းသည်တော် အချို့၏ အလောင်းများအတွင်းမှ ခက်ရင်းခွကြီးတစ်လက်က လေထဲသို့ မြောက်တက်လာသည်။ ထို့နောက် မမြင်ရသော စွမ်းအားများ၏ လမ်းညွှန်ပြသမှုနှင့်အတူ ရှားမထံ လျှင်မြန်စွာဝင်တိုးသွားလေသည်။

“မကောင်းတော့ဘူး”

ယခုလေးတင် ဝူရှန်းရွာသူကြီးက လက်ကိုမြှောက်လိုက်ရုံသာ ဖြစ်သည်။ အလွန်ဝေးကွာသောကြောင့် ရှားမကလည်း တစ်ဖက်သူက အင်္ကျီလက်ကို အသာယမ်းလိုက်ကြောင်းကိုသာ မြင်လိုက်ရသည်။ မမျှော်လင့်ထားသည်မှာ ဝူရှန်းရွာသူကြီးက တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

သို့သော် ယခုမူ ရှားမကလည်း သူ၏ဦးခေါင်းခွံ တစ်ခုလုံးကို ပေါက်ကွဲမတက် ပြင်းထန်လွန်းသည့် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကို ခံစားမိလိုက်သည်။

သူ့တွင် တွေးတောရန် အချိန်မရှိတော့ချေ။ ထို့ကြောင့် ရှားမက ကိုယ့်ကိုယ်ကို နောက်သို့ ခုန်ဆုတ်လိုက်ပြီး မြင်းပေါ်မှလိမ့်ချလျှက် ကို့ယို့ကားယား ပုံသဏ္ဍန်မျိုးနှင့် ရှောင်လိုက်ရသည်။

ဘုန်း

ရှားမက မြင်းပေါ်မှ ခုန်ဆင်းလိုက်သည့် အခိုက်အတန့်တွင် ခက်ရင်းခွကြီးက သူ၏မြင်းကျောကို ကျော်ဖြတ်ပြီး အနောက်ဘက်ရှိ စစ်တပ်အတွင်းသို့ ဝင်ရောက်တိုးဝင်သွားလေသည်။

ဘုန်း

ထိုခက်ရင်းခွ၏ သက်ရောက်မှုက ကြီးမားသည့် ပေါက်ကွဲမှုကြီးကို ဖြစ်ပွားစေခဲ့သည်။

ပေါက်ကွဲသွားသော စွမ်းအားလှိုင်းများအတွင်းတွင် မြင်းတပ်အဖွဲ့ဝင် ဆယ်ယောက်ကျော်ခန့်က အော်ဟစ်ရန်ပင် အချိန်မရှိဘဲ ထိုးနှက်ခံလိုက်ရသည်။ သူတို့၏သံချပ်ကာနှင့် ဓားမောက်ရှည်များ အားလုံးက ဖုန်ဖြစ်သွားသည်။

ရှားမကလည်း ချွေးစေးများထွက်သွားသည်။ သူသည် တစ်ချက်လှုပ်ရှားရုံနှင့် ထိုဆယ်ယောက်ကျော်ကို အသာအယာ သတ်နိုင်သည်။ သို့သော် သံချပ်ကာကိုပင် ကျေမွသွားစေသည့် လက်နက်များကိုပင် ဖုန်ဖြစ်သွားစေသော ကိစ္စကမူ မဖြစ်နိုင်ချေ။

သူကသာ ခပ်မြန်မြန် မတုန့်ပြန်ခဲ့ဘဲ မြင်းပေါ်မှ ခုန်ဆင်းခဲ့လျှင် သူက အလောင်းဖြစ်နေလောက်လေပြီ။

ရှားမက စိတ်သက်သာရာရသလို သက်ပြင်းချလိုက်ရုံသာ ရှိသေးသည်။ ရုတ်တရက် သေသွားသောမြင်း၏ နောက်ဆုံးသောအော်သံကို ကြားလိုက်ရသည်။

ရှားမက အံ့အားတကြီး ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ့ကိုဆယ်နှစ်ကျော် အဖော်ပြုခဲ့သည့်မြင်းက မြေပြင်ပေါ်တွင် လဲကျနေပြီဖြစ်သည်။

မြင်းကုန်နှီးအတွက်ကမူ ပျောက်ကွယ်နေပြီဖြစ်သည်။ ရှားမ၏မျက်နှာက အလွန်အမင်း ဖြူဖျော့သွားသည်။

ရှားမက ထိုသို့အံ့အားသင့်နေသည့် အခိုက်အတန့်တွင် အဝေးတွင် အလင်းတစ်ကြောင်း လင်းလက်လာပြန်သည်။

ဒုန်း ဒုန်း ဒုန်း

ကောင်းကင်ဘုံဝံပုလွေ နတ်ဘုရားဝင်ပူးခြင်းကို ထုတ်သုံးထားသည့် တုဝူစစ်လီက လေထဲတွင် မြင်းစီးနေသည်။ သူဟာ လူသားပုံသဏ္ဍန်နှင့် မုန်တိုင်းကြီးတစ်ခုကို သယ်ဆောင်လေပြီး နဂါးကိုးကောင် သွေးစစ်အလံထံသို့ ချီတက်သွားသည်။ သူဟာ ဝူရှန်းရွာသူကြီးကို ဦးစွာရင်ဆိုင်ရမည်ဖြစ်သည်။

သူဟာ သူရဲကောင်းဆန်သည့် အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ သူ၏ အနက်ရောင် ခြုံလွှာကလည်း လေတွင်လွင့်နေသည်။ သူ၏စူးရှသော မျက်ဝန်းက အားနည်းသူများကို အလွန်ကြောက်လန့်ကာ တုန်ယင်စေနိုင်သည်။

“မိတ်ဆွေလေး ကျေးဇူးပြုပြီး နေပါဦး”

တုဝူစစ်လီက ရှေ့သို့သွားသည့် အခိုက်အတန့်တွင် တုတ်ကောက်ကိုင်ထားသည့် ဆံပင်ဖြူနှင့် ပုံရိပ်ကြီးတစ်ခုက ရုတ်တရက် သူ၏ရှေ့သို့ရောက်လာသည်။

ဝူရှန်းရွာသူကြီးက ထိုနေရာသို့ မည်သို့ရောက်လာကြောင်း မည်သူမှမသိနိုင်ချေ။ သူဟာ ခရီးလမ်းတွင် မည်သည့်အနှောက်အယှက်ကိုမှ တွေ့ခဲ့ပုံမရချေ။ မြောက်များလှစွာသော အာရပ်မြင်းတပ် အဖွဲ့ဝင်များကလည်း အနောက်ဘက်တွင် ကျန်ရစ်လျှက် ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီး တုဝူစစ်လီသည် အနောက်ပိုင်းတူရကီအတွင်း အလွန်ကျော်ကြားသလို ဗဟိုပြင်ကျယ်တွင်လည်း ကျော်ကြားသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ သို့သော် ဝူရှန်းရွာသူကြီး၏ ပါးစပ်တွင်မူ မိတ်ဆွေလေးဖြစ်သွားသည်။ သို့သော် သက်တမ်းချင်းယှဉ်သော် တုဝူစစ်လီကလည်း တစ်ဖက်သူထက် အများကြီးငယ်ရွယ်နေသည်။

“ဟေး”

တုဝူစစ်လီ၏ အနက်ရောင်တောင်ပေါ်မြင်းကြီးက လေထဲတွင် ရပ်တန့်သွားသည်။ လည်ဆံမွှေးက လေပြင်းနှင့်အတူ ခပ်ကြမ်းကြမ်း လွင့်နေလေသည်။ တုဝူစစ်လီ၏ ကိုယ်ပိုင်ဆံပင်က လေပြင်းကြောင့် နောက်သို့လွင့်ထွက်နေပြီးလေပြီ။

ဝူရှန်းရွာသူကြီးကို မြင်လိုက်သောအခါ တုဝူစစ်လီ၏ မျက်နှာပြင်တွင် တိုင်းတာရန်ခက်ခဲသည့် ကောက်ကျစ်သောအပြုံးက ဖြတ်ပြေးသွားသည်။

ဝူရှန်းရွာသူကြီးက မျက်လုံးကိုမှေးကျဉ်းလိုက်သည်။ သို့သော် တုဝူစစ်လီက အင်အားကြီးမားသော တိုက်ကွက်ကို ထုတ်လွှတ်တော့မည်ဟု တွေးလိုက်သည့် အခိုက်အတန့်တွင်

ဘုန်း

ဝူရှန်းရွာသူကြီးက မတုန့်ပြန်နိုင်သေးခင် တုဝူစစ်လီနှင့်မြင်းက ရုတ်တရက် ကြီးမားသည့် လခြမ်းကွေးလို အကောက်ကြောင်းကြီးကို ကျော်ဖြတ်လျှက် သူ့ကိုချန်ထားရစ်ခဲ့ပြီး အဝေးသို့ ပြန်လှည့်ပြေးလေသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်း သူကပျောက်သွားသည်။

“ဒါက”

ဝူရှန်းရွာသူကြီးကဲ့သို့ သက်တမ်းရှည်ကြာသော ဘဝတောက်လျှောက် အတွေ့အကြုံ အများကြီးရှိခဲ့ဖူးသူ... သူ၏အသက်အရွယ်တွင် သူ့ကို တုန်လှုပ်အောင် လုပ်နိုင်သော ကိစ္စများ မရှိသလောက် နည်းပါးနေသူကပင် ကြောင်တောင်တောင် ဖြစ်သွားသည်။

တုဝူစစ်လီက သူရဲကောင်းဆန်လွန်းသည့် အရှိန်အဝါကို လွှတ်ထုတ်ထားသည်။ ထို့ကြောင့် ဝူရှန်းရွာသူကြီးကလည်း တိုက်ပွဲကြီးကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ နောက်ဆုံးသော အခိုက်အတန့်မှ တုဝူစစ်လီက လှည့်ပြေးသွားသည်။

“ဒါက တုဝူစစ်လီ ဘာလုပ်တာလဲ”

ထိုအခိုက်အတန့်တွင် ဝူရှန်းရွာသူကြီးမဆိုထားဘိ သာ့လွန်ရော့ကျန်း၏ အနားရှိ လက်ထောက်ကပင် ကြောင်တောင်တောင် ဖြစ်နေသည်။

သာ့လွန်ရော့ကျန်းက ဘာစကားမှမဆိုချေ။ သူက မျက်မှောင်ကျုံ့သည်။ သူဟာ သုန်မှုန်လာသည်။

“တုဝူစစ်လီဘာလုပ်လုပ် အရေးမကြီးတော့ဘူး”

သာ့လွန်ရော့ကျန်းက ရုတ်တရက် ကျုံးဝါးလိုက်သည်။ သူက တခဏခန့် တွေးတောပြီးနောက် ဆက်ပြောသည်။

“သူကပြေးတာပဲဖြစ်ဖြစ် တိုက်ခိုက်တာပဲဖြစ်ဖြစ် ပန်းတိုင်က အောင်မြင်သွားပြီ”

“အာ”

လက်ထောက်က တောင့်ခဲသွားသည်။

အဝေးတွင် ဝူရှန်းရွာသူကြီးက တုဝူစစ်လီ ကြံစည်သောအရာကို တွေးတောနေရုံသာရှိသည်။ ရုတ်တရက် တိုက်ပွဲနယ်မြေအနှံ့ ထွက်ပေါ်လာသည့် အထိတ်တလန့် အော်သံကို ကြားလိုက်ရသည်။

“မကောင်းတော့ဘူး ဒါက ကာရီယိုအစိုးရ အော့စမန်းပဲ”

ဝူရှန်းရွာသူကြီး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ခေါင်းကိုလှည့်ကြည့်လိုက်မိသည်။

အခန်း(၁၁၀၉)

နဂါးကိုးကောင် သွေးစစ်အလံ၏ အရှေ့တွင် ထောင်မောင်းသန်မာပြီး ကြွက်သားအပြည့်နှင့် ပုံရိပ်ကြီးတစ်ခုက ရုတ်တရက် ပေါ်လာသည်။ ထိုပုံရိပ်သည် ကြီးမားလွန်းပြီး တောင့်တင်းသန်မာကာ ကြွက်သားအပြည့်နှင့် ဖောင်းကားလွန်းနေသည်မှာ ဝက်ဝံကြီးတစ်ကောင်အလား ထင်ရသည်။ သို့သော် ထိုလူက သူ၏အရှိန်အဝါကို ကောင်းမွန်စွာ ဖုံးကွယ်ထားသဖြင့် လူအုပ်ကို ကျော်ဖြတ်သွားပြီးသည့်တိုင်အောင် မည်သူကမှ သတိမထားမိခဲ့ချေ။ ယခုအခါမှသာ သူက စွမ်းအားကို ထုတ်လွှတ်သဖြင့် အခြေအနေကို နားလည်သွားကြခြင်းဖြစ်သည်။

“မကောင်းတော့ဘူး”

အံ့အားသင့်သွားသော ဝူရှန်းရွာသူကြီးက ချက်ချင်းလိုလို နားလည်သွားသည်။

တုဝူစစ်လီက တိုက်ခိုက်ရမည့် အခြေအနေကို ကြောက်နေခြင်းမဟုတ်ချေ။ ထိုအစား သူက ကျားကို တောင်ထဲမှထွက်လာရန် မြှားပေးခဲ့ခြင်းဖြစ်သည်။ သူ၏ပန်းတိုင်ကမူ သူနှင့်တိုက်ခိုက်ရန်မဟုတ်ဘဲ ပစ်မှတ်ထံမှအဝေးသို့ ခေါ်လာပေးရန်ဖြစ်သည်။

ဝုန်း

ဝူရှန်းရွာသူကြီးက နောက်သို့လှည့်ပြီး လာရာလမ်းကြောင်းသို့ ပြန်သွားသည်။

ဝူရှန်းရွာသူကြီးကသာ အခြေအနေကို နားလည်သွားခြင်းမဟုတ်ချေ။ ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဝမ်ရန်တို့ကလည်း အခြေအနေကို သိလိုက်သည်။ သို့သော် အရာအားလုံးက နောက်ကျသွားပြီဖြစ်သည်။

အော့စမန်းသည် တုဝူစစ်လီထက်ပင် ပို၍စောစွာ ရွေ့လျားလာခဲ့ခြင်းဖြစ်သည်။ တုဝူစစ်လီက တိုက်ပွဲနယ်မြေထဲသို့ မရောက်သေးခင် ကာရီယိုအစိုးရက အလံအောက်မှ ပျောက်ကွယ်ပြီးလေပြီ။

တုဝူစစ်လီက ဝူရှန်းရွာသူကြီး၏ အာရုံကို အောင်မြင်စွာဖြင့် ဖမ်းစားထားသောကြောင့်သာ အော့စမန်းက အလံအောက်သို့ အောင်မြင်စွာ ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

“ဟား ဟား ဟား တကယ်ကို ပုရွက်ဆိတ်သာသာတွေပဲ။ ငါကဒီအလံကို အရယူပြီးတာနဲ့ မင်းတို့တွေ ဘယ်လိုတိုက်ခိုက်မလဲ ကြည့်ဦးမယ်”

အစိုးရအော့စမန်းက အနက်ရောင် အာရေးဗီးယား တောင်ပေါ်မြင်းကြီးကို စီးနင်းထားသည်။ သူ၏မုတ်ဆိတ်မွှေးကြီးများက တဆတ်ဆတ် တုန်ခါနေလေပြီး ခန္ဓာကိုယ်တစ်ခုလုံးက ပေါက်ကွဲထွက်နေသည်။ ထို့ကြောင့် မဟာထန်က မည်သို့သော လှည့်ကွက်များကို သုံးစေကာမူ၊ မည်သို့သော စတေးခံပစ္စည်းများ၊ အမွေအနှစ်ပစ္စည်းများ ပိုင်ဆိုင်ထားစေကာမူ အနောက်ပိုင်းကသာ အရှေ့ပိုင်းကို ကျော်လွန်သိမ်းပိုက်ပြီး အောင်နိုင်သူဖြစ်ရစေမည်။ အဆုံးသတ်တွင် အာရေးဗီးယားကသာ အနိုင်ရစေရမည်။

“သူ့ကိုတား”

“သူ့ကိုအနားမကပ်စေနဲ့”

နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် ထန်လက်ရွေးစင် စစ်တပ်တိုင်းက အော့စမန်းရုတ်တရက် ပေါ်လာသည်နှင့် မျက်နှာများ ဖြူဖျော့သွားပြီး အထိတ်တလန့်ဖြစ်ကာ တုန့်ပြန်ကြသည်။

ချက်ချင်းဆိုသလိုပင် အနီးစပ်ဆုံး စစ်သားများက ဓားများကိုမြှောက်လျှက် အော့စမန်းထံ ချဉ်းကပ်သွားကြသည်။

“ဗိုလ်ချုပ်ဝမ်၊ ဗိုလ်ချုပ်တု အတူပူးပေါင်းရအောင် ငါတို့တွေ ဒီကောင်ကို အလံကိုခြိမ်းခြောက်ခွင့်ပြုလို့ မရဘူး”

အော့စမန်း၏ ခန္ဓာကိုယ်ဝန်းကျင်တွင် ထွက်နေသည့် တိုင်းတာရခက်ခဲသော ခြောက်ခြားဖွယ်ကောင်းသည့် လေထုကြောင့် ကျောင်းဖုန်းချန်းကပင် မျက်နှာထား တင်းမာလာသည်။ ကျင့်ကြံခြင်းအဆင့် သီးသန့်ချင်းယှဉ်သော် ထိုမဟာဗိုလ်ချုပ်ကြီး၏ တိုင်းတာရခက်ခဲလောက်အောင် အလွန်အမင်း မြင့်မားလွန်းသော အဆင့်သို့ ရောက်ရှိနေလေသည်။ သူက အင်ပါယာစစ်တပ်မှ မဟာမာရှယ်ကြီးသုံးယောက်နှင့် ယှဉ်နိုင်နေသည်။

ကျောင်းဖုန်းချန်းကပင် အလွန်ကြီးလေးသည့် အန္တရာယ်ကို ခံစားလိုက်မိသည်။

ဘုန်း

သူကတုန့်ဆိုင်းမနေတော့ချေ။ ကျောင်းဖုန်းချန်းက သူ၏မြေသားအမာရွတ်ကို လက်နှစ်ဖက်လုံးဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး အင်အားအကြီးဆုံးသိုင်းကို ထုတ်သုံးလိုက်သည်။

“မိုးကြိုးအမျက်ဒေါသ”

“ဆာလောင်နေတဲ့ဝံပုလွေက လမင်းကို ဝါးမြိုမယ်”

“ကျားဖြူက ကောင်းကင်ဘုံကို ထိန်းထားနိုင်တယ်”

တစ်ချိန်ထဲလိုလို ဝမ်စစ်လီ၊ တုဝူဝေ့နှင့် အခြားသောဗိုလ်ချုပ်ပေါင်း များစွာက သူတို့၏ပြိုင်ဘက်အသီးသီးကို လက်လျော့ပြီး အော့စမန်းထံ ခုန်ဝင်လာကြသည်။ သူတို့က သူတို့၏ အမျိုးမျိုးသော အင်အားကြီးမားသည့်သိုင်းများကိုလည်း ထုတ်သုံးရင်း အော့စမန်းထံ ပစ်ခတ်လိုက်ကြလေသည်။

“ဟွန်း အဆင်အခြင်မဲ့တဲ့ကောင်တွေ”

ပင်လယ်ဓားမြ မြောက်များသည့် လက်ရွေးစင် ထန်စစ်သည်များ အပါအဝင် ကျောင်းဖုန်းချန်း၊ ဝမ်စစ်လီနှင့် တုဝူဝေ့တို့အားလုံးက သူ့ထံခုန်ဝင်လာသည့်တိုင်အောင် အော့စမန်းကမူ အထင်တသေးသာ ကြည့်လိုက်သည်။

ရန်သူများ၏ အရေအတွက်က မည်မျှမြောက်များနေစေကာမူ ထိုလူများထဲမှ နောင်ဖြစ်လာမည့် အင်အားအကြီးဆုံး ဗိုလ်ချုပ်တစ်ယောက်ဆိုလျှင်ပင် ထိုအကန့်အသတ်ကို မကျော်ဖြတ်နိုင်သမျှ အင်ပါယာ မဟာဗိုလ်ချုပ်အဆင့်တစ်ယောက်ကို မည်သို့မျှ မတုန့်ပြန်နိုင်ချေ။

တခဏခန့်ကြာပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းမှ ဖျက်ဆီးခြင်းမုန်တိုင်း စွမ်းအင်များက ပေါ်ထွက်လာသည်။

“မိကျောင်းကပ်ဘေး”

အလင်းတန်းက ပေါက်ကွဲသွားပြီးနောက် အော့စမန်းက သူ၏အင်အားအကြီးဆုံးသိုင်းကို ထုတ်သုံးလိုက်သည်။ ချက်ချင်းဆိုသလိုပင် အလင်းကစတင်ကာ လိမ်တွန့်လာပြီး ကျယ်ပြောသော အနက်ရောင်စွမ်းအင်မုန်တိုင်းက ပေါ်ထွက်လာသည်။

စွမ်းအင်မုန်တိုင်းကြောင့် ဖြစ်လာသည့် အနက်ရောင် ရေစိုင်လုံးများ၏ အလယ်တွင် အလွန်အမင်း ထက်ရှသည့် မျက်ဝန်းကြီးတစ်စုံက ပွင့်လာသည်။ ထို့နောက် ပေတစ်ရာကျော်ခန့်ရှည်သော ကြီးမားသည့် မိကျောင်းကြီးက အိပ်ပျော်နေရာမှ နိုးထလာလေပြီ။

နိုင်းမြစ်နတ်ဘုရား

ထိုအကောင်ကြီးသည် ခါရီယိုတွင် ယုံကြည်သက်ဝင်ကာ ကိုးကွယ်ကြသည့် အကိုးကွယ်ခံရဆုံး နတ်ဘုရားများထဲမှ တစ်ပါးဖြစ်သည်။ အရာအားလုံးက အီဂျစ်များ၏ ကိုးကွယ်ယုံကြည်မှုနှင့် ဆက်နွယ်နေသည်။ ပြောရမည်ဆိုလျှင် မြစ်တိုင်း၏ သုံးလမြောက်နှင့် ခြောက်လမြောက်တွင် နိုင်းမြစ်၏ ထိုနတ်ဘုရားက နိုးထလာပြီး ကြီးမားသည့် ကပ်ဘေးရေလွှမ်းမိုးခြင်းကို ဖြစ်ပေါ်စေသောကြောင့် လယ်ကွင်းသောင်းကျော်၊ အိမ်ခြေသောင်းကျော်က ရေလွှမ်းမိုးခြင်းခံရသည်။

အော့စမန်း၏ မိကျောင်းကပ်ဘေးသည် ထိုဒဏ္ဍာရီ၏ အနှစ်သာရမှ ဆင်းသက်လာခြင်းဖြစ်သည်။

အော့စမန်းက ထိုသိုင်းကိုသုံးလိုက်သည်နှင့် သူဟာ နိုင်းမြစ်အတွင်းမှ လိမ့်တက်နေသော ရေများအလား ပြောင်းလဲသွားပြီး အဆုံးအစမဲ့သော အရှိန်နှုန်းနှင့် ရန်သူများကို တစ်သုတ်ပြီးတစ်သုတ် ဖိနှိပ်ချေမွ ဖျက်ဆီးနိုင်သည်။ သူ့တွင်လည်း ဖျက်ဆီးခြင်း စွမ်းအားပေါင်းများစွာကို သယ်ဆောင်ထားနိုင်ပြီဖြစ်သည်။

ထိုသိုင်းနှင့်ဆိုလျှင် အော့စမန်းသည် ဆမ်ဆာနှင့် မင်းဆက်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကို ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့သည်။ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ပြီး သူက အောင်နိုင်မှုကို ရရှိခဲ့သည်။ သူ၏တိုက်ကွက်များ၏ ထူးခြားသော စွမ်းအင်များကြောင့် ရန်သူများ၏ သံချပ်ကာကပင် ကြေမွခဲ့ရသည်။

ဘန်း

ထိုသိုင်းက အော်သံများကို ပို၍ပြင်းထန်သွားစေခဲ့သည်။

အော့စမန်း၏ မရပ်တန့်နိုင်သော အရှိန်နှုန်းနှင့် လိမ့်တက်လာသည့် အနက်ရောင်စွမ်းအင် ရေလှိုင်းများကို ရင်ဆိုင်ရသည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သည့် ထန်စစ်သည်တော် လက်ရွေးစင်ပေါင်း များစွာက လွင့်ထွက်သွားကြသည်။ နဂါးကိုးကောင် သွေးမြစ်အလံ၏ စွမ်းအားများနှင့် ပေါင်းစပ်ထားပြီး ချီစက်ကွင်းကိုးခု၏ အားဖြည့်မှုကို ခံထားရသည့်တိုင်အောင် ထိုစစ်သားက အော့စမန်းကဲ့သို့ ထိပ်တန်းအဆင့် အင်ပါယာမဟာဗိုလ်ချုပ်ကြီး တစ်ယောက်ကို မယှဉ်နိုင်သေးချေ။ သူတို့က တိုက်ခိုက်ရန် ကြိုးစားသော်လည်း အားလုံးက အလဟသ ဖြစ်ရသည်။ သူတို့၏ခုခံမှုစွမ်းအားများ အားလုံးက ရယ်စရာသပ်သပ် ဖြစ်သွားသည်။

ကျောင်းဖုန်းချန်း၊ ဝမ်စစ်လီနှင့် တုဝူဝေ့တို့ကမူ တခဏခန့် ထိန်းထားနိုင်ကြသည်။ ထို့နောက် သူတို့ကလည်း အော့စမန်း၏တိုက်ကွက်များကြောင့် တောင်တန်းကြီးတစ်လုံးကို ဝင်ဆောင့်တိုက်လိုက်သလို အရှိန်နှုန်းနှင့် လွင့်ထွက်သွားကြလေသည်။

ပွက်

သုံးယောက်လုံးက လေထဲတွင် သွေးများကို ပန်းထုတ်ခဲ့ရသေးသည်။ သူတို့၏မျက်နှာက စက္ကူများလို ဖြူစုတ်သွားပြီဖြစ်သည်။

လက်ဝါးတစ်ချက်တည်းနှင့် အော့စမန်းက ထိုလူများ၏နံရိုးများကို ကွဲသွားစေလိုက်သည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ ငါနဲ့အတူချီတက်”

အော့စမန်း၏မျက်ဝန်းက အေးစက်သောအလင်းနှင့် လက်နေသည်။ နဂါးကိုးကောင် သွေးဝင်္ကပါအတွင်းတွင် အဟကြားနေရာတစ်ခုကို ဖန်တီးပြီးနောက် သူက ကျောင်းဖုန်းချန်း၊ တုဝူဝေ့နှင့် ဝမ်စစ်လီတို့၏ အနောက်သို့ မလိုက်လေဘဲ လူများကိုစုစည်းကာ အဟကြားအတွင်းသို့ ချီတက်လာလေသည်။

အာရပ်များသည် လက်ရွေးစင်စစ်သားများ ပြည့်နှက်နေသည်။ ထိုလူများအားလုံးက ထိုအလံနားတွင် ရှိနေပြီးသားဖြစ်သည်။ ထိုထဲတွင် ဖွင့်ဟခြင်းစစ်တပ်၊ သွေးသားရဲစစ်တပ်နှင့် သေဆုံးခြင်းစစ်တပ်မှ အဖွဲ့ဝင်များလည်းပါသည်။ ထိုစစ်တပ်သုံးခုက အော့စမန်းကို ခပ်မြန်မြန် စုစည်းနိုင်စေသည်။ ဒီလိုတိုက်ပွဲနယ်မြေမျိုးတွင် အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းတူရကီများက အရေအတွက်အားဖြင့် အပြတ်အသတ်သာနေသေးသည်။

အော့စမန်း၏စိတ်က ချက်ချင်းလိုလို တည်ငြိမ်သွားသည်။ ဒီတိုက်ပွဲတွင် မူလရည်ရွယ်ချက်က ထန်များကို သတ်ဖြတ်ပြီး အထိနာရန်သာဖြစ်သည်။ သို့သော် ယခုမူ ဒီဝင်္ကပါကြီးတစ်ခုလုံးကို ဖျက်ဆီးလျှက် အလံကို ဖျက်ဆီးချေမွရန်ဖြစ်လာသည်။ ထိုအလံက ပျက်စီးသွားမှသာ ထန်ဝင်္ကပါက ပြိုလဲကျသွားပြီး အာရပ်စစ်သားများကို ခြိမ်းခြောက်နေသည့် ရန်စွယ်က ပြေပျောက်သွားပေလိမ့်မည်။

ဝုန်း

အော့စမန်း၏မျက်လုံးထဲတွင် ထိုအနီအနက် အလံကြီးက တောက်ပနေသည်။ တုန့်ဆိုင်းမနေတော့ဘဲ ဝင်္ကပါအလယ်ကြားရှိ အဟကြားနေရာကို တိုက်ရိုက် ကျော်ဖြတ်လျှက် ခုန်ဝင်သွားလေပြီး မလှုပ်မရှားဘဲ ရပ်နေသည့် အနက်ရောင်သံချပ်ကာဝတ် အစောင့်ထံ ခုန်ဝင်သွားလိုက်သည်။

“ပစ်”

စုဟန်ရှန်းကအော်သည်။ သူက အရှေ့ဘက်မှလာသည့် အန္တရာယ်ကို ခံစားမိသဖြင့် ကာရီယိုအစိုးရ ရှိရာနေရာသို့ လက်နက်ကြီးများကို ချိန်ရွယ်ကာ ပစ်ခိုင်းလိုက်သည်။

သူ၏အမူအရာက အေးစက်နေသည်။ မျက်လုံးများက ခံစားချက်မဲ့နေသည်။

တိုက်ပွဲနယ်မြေရှိ အခြေအနေက အလွန်ရှုပ်ထွေးပြီး အချိန်တိုင်းလိုလို ဆက်တိုက် ပြောင်းလဲနေသည်။ ပို၍အရေးကြီးသည်မှာ အော့စမန်းသည် သူ၏လေးစားဖွယ်ကောင်းသော ခွန်အားကို မှီခိုပြီး နဂါးကိုးကောင် သွေးဝင်္ကပါ၏ အလယ်တည့်တည့်သို့ ချိုးဖျက်ဝင်ရောက်လိုက်ခြင်းဖြစ်သည်။ သူ့ကို ထန်စစ်သားများက ဝိုင်းနေသည်။ သို့တိုင်အောင် ထန်လက်နက်ကြီးများနှင့် သူ့အကြား အကွာအဝေးက မကျဉ်းမြောင်းသည့်အတွက် အော့စမန်းကို အထိနာအောင်မလုပ်နိုင်ချေ။ ဒီအခြေအနေက ထန်စစ်သားများကိုလည်း သေစေနိုင်လောက်သေးသည်။

သာမာန်လူတစ်ယောက်ဆိုလျှင် ဒီလိုအခြေအနေမျိုးတွင် ထန်လက်နက်ကြီးကို မသုံးရဲလောက်ချေ။

သို့သော် စုဟန်ရှန်းကမူ သုံးရဲရုံသာ မကသေးလေဘဲ တုန့်ဆိုင်းမနေဘဲ သုံးခဲ့သည်။

“သေချင်နေတာပဲ”

အော့စမန်း၏ မျက်ဝန်းက အေးစက်သွားပြီး ရက်စက်လာသည်။ သူဟာ လက်နက်ကြီးများကို ရှောင်ရမည့်အစား တိုက်ရိုက်ပင်ဝင်တိုးပြီး ပြင်းထန်သည့် ခွန်အားနှင့် ကျော်ဖြတ်လိုက်သည်။

အော့စမန်း၏ ခန္ဓာကိုယ်အတွင်းတွင် သံမဏိလိုစွမ်းအင်များက ပေါက်ကွဲထွက်လာသည်။ ထိုလက်နက်ကြီးများက ကြယ်တာရာစွမ်းအင်များကို ဖောက်ဝင်နိုင်သည့်တိုင်အောင် ယခုမူ မမျှော်လင့်ထားစွာပင် ဖယ်ရှားခံနေရသည်။

စုဟန်ရှန်းက အော့စမန်းဟာ ထိုလက်နက်ကြီးတိုင်းကို ဖယ်ရှားလိုက်ကြောင်း မြင်လိုက်ရသဖြင့် မျက်နှာထားအနည်းငယ် တင်းမာသွားသည်။ သို့သော် စုဟန်ရှန်းအနေဖြင့် တစ်စုံတစ်ရာလုပ်ရန် နောက်ကျသွားပြီဖြစ်သည်။ အော့စမန်းက အောင်မြင်စွာနှင့် ခုခံရေးအားလှိုင်းကိုကျော်ဖြတ်ပြီး အနက်ရောင်သံချပ်ကာနှင့် အနည်းငယ်သာ ဝေးကွာသောနေရာသို့ ရောက်ရှိသွားပြီဖြစ်သည်။

စုဟန်ရှန်း၏ ကျင့်ကြံခြင်းအဆင့်တွင်ရှိသော လူတစ်ယောက်အနေနှင့် တိုက်ကွက်များကို တစ်သုတ်ပြီးတစ်သုတ် ထုတ်ရန်မတက်နိုင်ချေ။ တစ်ဖက်သူက အလွန်ပြောင်မြောက် ထူးချွန်လွန်းသော မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်နေသေးသည်။ ထို့ကြောင့် ဒုတိယတစ်ကြိမ် တိုက်ခိုက်နိုင်လျှင်ပင် ဒါဟာ မေးခွန်းထုတ်စရာ ဖြစ်နေလေပြီ။

“အခု အဲ့ဒီစစ်အလံကို ငါ့ကိုပေးမလား သေမလား”

ယခုအခါ သူဟာ အနက်ရောင်သံချပ်ကာဝတ် အစောင့်ရှေ့သို့ ရောက်သွားပြီဖြစ်သည်။ အော့စမန်းက အေးစက်စွာပြုံးလိုက်ပြီး တစ်ဖက်မှ အလံကိုင်ထားသည့်လူကို အသတ်ခံရန်စောင့်နေသည့် သားကောင်ကို ကြည့်သလို ကြည့်လိုက်သည်။

ဘုန်း

အော့စမန်း၏ လက်ချောင်းများအတွင်းမှ အနက်ရောင်စွမ်းအင် အလင်းလုံးက ပေါက်ထွက်သွားပြီး လျှင်မြန်သောအရှိန်နှုန်းနှင့် ဖောင်းကားလာကာ မူရင်းအရွယ်အစား၏ အဆတစ်ရာသို့ ရောက်သည်အထိ ကြီးမားသွားသည်။ ထို့နောက် အလွန်လျှင်မြန်သော အရှိန်နှုန်းနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်ထံ ဝင်ရောက်သွားသည်။

“ဝမ်းသာစရာပဲ”

ထိုအခိုက်အတန့်တွင် အချိန်ဟာ ရပ်တန့်သွားသလို ဖြစ်သွားသည်။ အနီးကဖြစ်စေ၊ အဝေးကဖြစ်စေ အာရပ်စစ်သားတိုင်းက စောင့်ကြည့်နေကြသည်။ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် အပုမူစလင်တို့ အားလုံးကလည်း စိတ်အေးသွားသလိုမျိုး သက်ပြင်းချလိုက်ကြသည်။ အခြေအနေ အလှည့်အပြောင်း အများကြီးဖြစ်သွားခဲ့သည့်တိုင်အောင် နောက်ဆုံးတွင် ပန်းတိုင်က အောင်မြင်သွားသေးသည်။

အော့စမန်း၏ ကျင့်ကြံခြင်းအဆင့်ကိုသိသော မည်သူကမဆို တစ်ဖက်သူဟာ သေချာပေါက် သေမည်ဖြစ်ကြောင်း နားလည်သည်။

အဆုံးသတ်ပြီ။

သူတို့ဟာ အလံကို အရယူနိုင်လေ မဟာထန်ဟာ အာရပ်တိဗက်နှင့် အနောက်ပိုင်းအင်အားစုများ၏ ပူးပေါင်းတိုက်ကွက်ကို ခံနိုင်တော့မည်မဟုတ်ချေ။

သာ့လွန်ရော့ကျန်း၏ စိတ်အတွင်း အတွေးတစ်ခုက ဝင်ရောက်လာသည်။ သူက အဖြူရောင် တိဗက်နွားလား အလံအောက်တွင်ရပ်နေသည်။ တုဝူစစ်လီက လုပ်ခဲ့သည့်ကိစ္စကို သူဟာ စိတ်၏ အနောက်ဘက်ခြမ်းသို့ ထိုးထည့်လိုက်သည်။ တိုက်ပွဲ၏ အခြေအနေက ပြောင်းလဲတော့မည်ဖြစ်သည်။ အော့စမန်းက အောင်မြင်သွားသည့် အခိုက်အတန့်တွင် မဟာထန်က ရှုံးပေလိမ့်မည်။

တစ်ဖက်ကနိုင်လျှင် တစ်ဖက်ကရှုံးရသည်။ အာရပ်၊ အနောက်ပိုင်းတူရကီနှင့် တိဗက်များအားလုံးက ထိုသို့ပျော်ရွှင်နေသည့် အခိုက်အတန့်တွင် ထန်စစ်သားများ၏ စိတ်ဓာတ်ခွန်အားကမူ ထိုးကျလာသည်။

“မကောင်းတော့ဘူး”

“နဂါးကိုးကောင် သွေးစစ်အလံက ဖျက်ဆီးခံရတော့မယ်”

“မြန်မြန်လေး ဗိုလ်ချုပ်လီကိုကယ်ကြ”

အနက်ရောင်သံချပ်ကာဝတ် အစောင့်က အော့စမန်း၏ အရှိန်အဝါ ပြင်းထန်လွန်းသော တိုက်ကွက်၏အောက်တွင် အလွန်အားနည်းနေပုံပေါ်သည်။ တစ်ဖက်သူဟာ ထိုတိုက်ကွက်နှင့်ယှဉ်သော် သေးငယ်လွန်းသဖြင့် သမုဒ္ဒရာထဲမှ ရေတစ်စက်အလား ဖြစ်သွားသည်။ ထို့ကြောင့် ထန်စစ်သားတိုင်းကလည်း ကြောက်လန့်ပြီး စိုးရိမ်သွားကြသည်။

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက စဉ်းစားဆင်ခြင်ဉာဏ် မရှိတော့သလိုမျိုး အော့စမန်းထံ ဝင်ရောက်သွားလေသည်။

အခန်း(၁၁၁၀)

ဟီ....

အဝေးတွင် ရှိနေသော ဝမ်ချောင်က အားပါးနှင့် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲကို ဆင်နွဲရန် ပြင်ဆင်နေသည့် အခိုက်အတန့်ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက် နောက်သို့လှည့်ပြီး နဂါးကိုးကောင် သွေးစစ်အလံထံသို့ စတင်ကာ ချီတက်လိုက်သည်။

ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဝူရှန်းရွာသူကြီးတို့ အားလုံးက အတက်နိုင်ဆုံးကြိုးစားပြီး အော့စမန်းကိုတားရန် အပြေးသွားကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူတို့၏လုပ်ဆောင်မှု အားလုံးက နောက်ကျလွန်းသွားပြီဖြစ်သည်။ သူတို့ကမည်သို့ ကြိုးစားစေကာမူ မည်သည့်နည်းနှင့်မှ ထိုအခြေအနေတွင် အကူအညီဖြစ်အောင် မလုပ်နိုင်တော့ချေ။

ထိုအခိုက်အတန့်တွင် တိုက်ပွဲနယ်မြေတစ်ခုလုံးရှိ လေထုအခြေအနေက တင်းအားအပြင်းဆုံး အခိုက်အတန့်သို့ ထိုးတက်သွားပြီဟု ဆို၍ရသည်။

အနက်ရောင်သံချပ်ကာဝတ် အစောင့်က အော့စမန်း၏ တိုက်ကွက်အောက်တွင် သေလုနီးပါး ဖြစ်တော့မည်ဟု တွေးထင်လိုက်ကြသည့် အခိုက်အတန့်တွင်ပင်...

“အနောက်တိုင်းက မျိုးနွယ်ခြားက ကိုယ့်ခွန်အားကို အထင်ကြီးလွန်းနေတာပဲ”

အော့စမန်းကလည်း သူဟာ အနိုင်ကို အမိအရ ဖမ်းဆုပ်ထားနိုင်ပြီဟု ယုံကြည်နေသည့် အခိုက်အတန့်တွင် သူ၏နားအတွင်းသို့ ခံစားချက်များကင်းလွတ်သည့် လေးနက်လွန်းသော အသံတစ်သံက ထွက်ပေါ်လာသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်က တစ်ချိန်လုံး လှုပ်ရှားမှုကင်းမဲ့လျှက် ရပ်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ သူက ရုတ်တရက် ခေါင်းကိုမော့ပြီး အော့စမန်းကိုစိုက်ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် အော့စမန်းသည် ဖော်ပြရန်ခက်ခဲလွန်းသည့် ခံစားချက်တစ်ရပ်ကို ရလိုက်သည်။ အော့စမန်း၏ ကျင့်ကြံခြင်းအဆင့်တွင် မည်သူကမှ ယခုလိုတိုတောင်းသော ဝန်းကျင်အတွင်း လှမ်း၍တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် ခေါင်းကိုအသာမော့ရန်ပင် အချိန်ရှိလိမ့်မည်မဟုတ်ချေ။ သို့သော်...

မဖြစ်နိုင်ဘူး။

အော့စမန်းက စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

တခဏခန့်ကြာပြီးနောက် သူဟာအလွန်ပြင်းထန်သည့် ခြိမ်းခြောက်မှုအန္တရာယ်ကို ခံစားမိလိုက်သည်။

ဘန်း

ထိုအခိုက်အတန့်တွင် အလင်းကဖြတ်ကနဲ လက်လာပြီး လက်ဝါးတစ်ဖက်က ရှေ့သို့ရောက်ရှိလာသည်။

ထိုလက်ဖဝါးက အော့စမန်း၏ အနက်ရောင်စွမ်းအင် မုန်တိုင်းကို ချက်ချင်းဆိုသလို အက်ကွဲသွားစေပြီး ရင်ဘက်သို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ ထိုစွမ်းအင်များသည် ကြီးမားပြင်းထန်လွန်းသဖြင့် အော့စမန်း ကိုယ်တိုင်ကပင် လောကကပင် အရောင်အဝါ ပျောက်ဆုံးသွားရပြီဟု ခံစားလိုက်ရသည်။ ဒီလောကရှိ သက်ရှိတိုင်းဟာ ထိုလက်ဖဝါး၏အရှေ့တွင် သေးငယ်လွန်းသလို ဖြစ်သွားသည်။

ခလွက်

အချိန်ကပင် လိပ်တစ်ကောင် တွားသွားနေသလို နှေးကျသွားသည့် အခိုက်အတန့်တွင် အော့စမန်းဟာ သူ၏ရင်ဘက်ထံမှလာသည့် ကျိုးကြေသွားသလို အသံမျိုးကို ကြားလိုက်ရသည်။

သူက အင်အားအများကြီးစိုက်ထုတ်ကာ အရင်းအမြစ်အများကြီး ထည့်သွင်းထားရသလို မရေမတွက်နိုင်သည့် ကတိကဝတ်များကို ပြုထားရပြီးမှ တော်ဝင်အိမ်ထောင်စု အဖွဲ့သားတစ်ယောက်ထံမှ ရရှိနိုင်ခဲ့သည့် နိုင်းတိုက်ပွဲဝင် သံချပ်ကာက အစိတ်စိတ်အပိုင်းပိုင်းအဖြစ် ကွဲအက်သွားသည်။ ထိုသံချပ်ကာသည် ဆမ်ဆာနှင့်မင်းဆက်၏ မဟာဗိုလ်ချုပ်ကြီးသုံးယောက်ကပင် အစင်းရာထင်အောင် မလုပ်နိုင်ခဲ့ချေ။ သို့သော် အနက်ရောင်သံချပ်ကာဝတ် အစောင့်၏ လက်ဝါးတစ်ချက်ကြောင့် ကွဲအက်သွားရသည်။

ပွက်

အော့စမန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားပြီး သွေးများကိုအန်ထုတ်လိုက်ရသည်။ ထို့နောက် ပင်လယ်ကြီးတမျှ ကျယ်ပြောသော မရပ်တန့်နိုင်လောက်အောင် ပြင်းထန်လွန်းသော စွမ်းအားများက သူ့ကို နောက်ဘက်သို့ လွင့်ထွက်သွားစေပြီး မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားစေသေးသည်။

ဘုန်း

ထိုမြေသားသည် စက္ကူသားဖြင့် လုပ်ထားသလိုမျိုး အလွယ်တကူ ကွဲအက်ကာ ကျွံကျပြီး ပေါက်ကွဲထွက်သွားသည်။ ထိုသို့ဖြင့် ကျောက်တုံးများနှင့် မြေသားအတုံးကြီးပေါင်း များစွာကို လေပေါ်သို့ မြောက်တက်သွားစေလေသည်။ ထိုအတုံးကြီးများက အလွန်ဝေးကွာသော အခိုက်အတန့်သို့ မရောက်သေးခင် လေထဲတွင် သေးငယ်သော ကျောက်တုံးသားများ၊ မြေသားအမှုန်များ သိန်းပေါင်းများစွာအဖြစ် ပြောင်းလဲလျှက် ပေါက်ကွဲထွက်သွားလေသည်။

ထိုဖုန်များအားလုံး အနည်ထိုင်သွားသည့် အခိုက်အတန့်တွင် လူတိုင်းဟာ အော့စမန်း၏ သွေးများစိုရွှဲနေသည့် ခန္ဓာကိုယ်ကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော ကွဲကြေနေသည့် သံချပ်ကာ အပိုင်းအစများကိုလည်း မြင်ရသည်။

ပွက်

အော့စမန်းက မြေပြင်ပေါ်မှ ထနေသည့်အခိုက်အတန့်တွင် ခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေသေးသည်။ သူဟာ သွေးထပ်အန်လိုက်ရသည်။ သူ၏အမြဲတစေ တင်းမာပြီး ဆုံးဖြတ်ချက် ပြတ်သားသည့်မျက်နှာက စက္ကူလိုမျိုး ဖြူစုတ်နေပြီဖြစ်သည်။

“???”

အားလုံးက အံ့အားသင့်သွားကြသည်။ ဒီမြင်ကွင်းကိုမြင်သော လူတိုင်းက ဒီထက်ပို၍ မအံ့ဩနိုင်တော့လောက်အောင် အံ့ဩသွားရသည်။ ထိုအနက်ရောင်သံချပ်ကာဝတ် အစောင့်သည် ဝင်္ကပါ၏အလယ်တွင်သာ အသာအယာ ရပ်နေခဲ့ပြီး အင်အားကြီးမားသည်ဟုလည်း မထင်ခဲ့ရချေ။ သို့သော် အော့စမန်းကို လက်ဝါးတစ်ချက်တည်းနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်သည်။ ထိုလူများကမူ သူတို့၏လောကဟာ ပြောင်းပြန်အလှန်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။

“မဖြစ်နိုင်တာ”

ထိုအခိုက်အတန့်တွင် အပုမူစလင်ထက် မည်သူကမှပို၍ မအံ့ဩနိုင်ချေ။ သူ၏လက်ချောင်းများကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ လက်ချောင်းမှအရိုးများကပင် ကျိုးလုနီးပါးဖြစ်လာသည်။

အော့စမန်းနှင့် အနီးကပ်တိုက်ခိုက်ခဲ့ဖူးသော အပုမူစလင်အနေနှင့် သူ၏ခွန်အားကို ကောင်းကောင်း နားလည်သည်။ သူကိုယ်တိုင်ကပင် အော့စမန်းက လက်ဝါးတစ်ချက်တည်းကြောင့်နှင့် ထိုမျှအထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမည်ဟု မယုံကြည်နိုင်ချေ။

သာ့လွန်ရော့ကျန်းကလည်း မှင်သက်သွားသည်။ သူ၏နှလုံးသားက ရေခဲတုံးလို ဖြစ်နေခဲ့ရာမှ အမှန်တကယ် လွင့်ထွက်သွားခဲ့သောလူက အော့စမန်းမဟုတ်ဘဲ သူဖြစ်သွားသလိုမျိုး အရာအားလုံးက ကွဲကြေသွားသလိုမျိုး ခံစားလိုက်ရသည်။

“အင်ပါယာမဟာဗိုလ်ချုပ်”

“အင် အင်ပါယာမဟာဗိုလ်ချုပ် သူတို့က အင်ပါယာ မဟာဗိုလ်ချုပ်ကိုတောင် နဂါးကိုးကောင် သွေးစစ်အလံ ကိုင်ဖို့အတွက် လွှတ်ပေးလိုက်တယ်”

သာ့လွန်ရော့ကျန်း၏ နှုတ်ခမ်းက တဆတ်ဆတ်တုန်သွားသည်။ သူ၏စိတ်ကလည်း ကစဉ့်ကလျားဖြစ်သွားသည်။

ချွီထေပါးသည် လျို့ဝှက်ဆန်းကြယ်သော အဘိုးကြီးနှင့် တိုက်ခိုက်နေသည်။ အပုမူစလင်က ကောင်းရှန်းကျစ်ကို မြှားထားပေးသည်။ ကျစ်ရက ချန်းချန့်လီကို ဘေးသို့ခေါ်ထုတ်သွားသည်။ ဟော်ရှု့ဟွေ့ခမ်းသည်လည်း ဝမ်ရန်ကို ဘေးသို့ခေါ်ထုတ်သွားသေးသည်။ အဆုံးသတ်တွင် အော့စမန်းက တစ်ယောက်တည်းသွားပြီး အလံကိုင်သူကိုသတ်လျှက် ထိုအလံကို ဖျက်စီးရမည်ဖြစ်သည်။ အရာအားလုံးက သာ့လွန်ရော့ကျန်း၏ အကြံအစည်တိုင်း ဖြစ်လာသည်။

သို့သော် အလံကိုကိုင်ထားသည့် အနက်ရောင်သံချပ်ကာဝတ် အစောင့်ကိုယ်တိုင်ကပင် ထိုမျှအထိ အရေးပါနေမည်ဟု မမျှော်လင့်ထားမိချေ။ သိသာထင်ရှားခြင်းမရှိသည့် အလံကိုင်သူတစ်ယောက်က ကာရီယိုအစိုးရထက်ပင် အင်အားကြီးမားလွန်းနေသည်။

ထိုသို့ဖြင့် ထိုမြင်ကွင်းတစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ထိုအခိုက်အတန့်တွင် တိုက်ပွဲနယ်မြေတစ်ခုလုံးက တိတ်ကျသွားသည်။

လူတိုင်းက အံ့အားသင့်ပြီးနောက်တွင် စွံ့အသွားရသည်။ ဝမ်ချောင်ကပင် ကြောင်တောင်တောင် ဖြစ်သွားသည်။ အခြားသောသူများဆိုလျှင် ပို၍ဆိုးသည်။

“မင်းရဲ့အသက်ကို ပေးစမ်း”

ထို့နောက် အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းသည်။ ရလဒ်ကြောင့် မအံ့ဩသောသူက အနက်ရောင် သံချပ်ကာဝတ် အစောင့်ကိုယ်တိုင်ဖြစ်သည်။

ဘုန်း

အစောင့်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏မျက်လုံးက အော့စမန်းထံတွင်ရှိနေသည်။ သို့သော် အနက်ရောင် သံချပ်ကာဝတ် အစောင့်က မရိုက်နိုင်သေးခင် ဘုန်း...

အော့စမန်း၏ခန္ဓာကိုယ်က သွေးအလင်းများဖြင့် ဖောင်းကားလာသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အော့စမန်း၏ တိုက်ကွက်ကို လက်ခံတော့မည့် အခိုက်အတန့်တွင် သူမျှော်လင့်ထားဖူးသော ဖြစ်ရပ်မျိုးက ဖြစ်လာသည်။

“မင်းလောက်နဲ့လား သွား”

ပထမမေးခွန်းကမူ အနက်ရောင်သံချပ်ကာဝတ် အစောင့်အတွက်ဖြစ်ပြီး သွားဆိုသော စကားကမူ အော့စမန်းအတွက်ဖြစ်သည်။ အော့စမန်းက သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး ခွေးသေတစ်ကောင်လို ထွက်ပြေးသွားသည်။

“သွေးထွက်ပြေးခြင်း”

အနက်ရောင်သံချပ်ကာဝတ် အစောင့်၏မျက်ဝန်းတွင် အေးစက်သောအလင်းက ဖြတ်ပြေးသွားသည်။ ထိုအခိုက်အတန့်တွင် သူက နောက်တစ်လှမ်းပြန်ဆုတ်သည်။ သူဟာ အော့စမန်း၏နောက်သို့ မလိုက်ချေ။

ဒီလောကတွင် တစ်ယောက်၏ အလားအလာကို မြှင့်တင်ပြီး အချိန်တိုအတွင်း စွမ်းအားများကို မြောက်များစွာ ထုတ်သုံးနိုင်စေသော သိုင်းများစွာရှိသည်။ ထိုထဲတွင် သွေးထွက်ပြေးခြင်းဆိုသော သိုင်းကလည်း အမျိုးအစားတစ်မျိုး ပါဝင်လေသည်။ အော့စမန်းက သွေးထွက်ပြေးခြင်းသိုင်းကို အသုံးပြုလိုက်ခြင်း မဟုတ်လောက်သော်လည်း အလားတူသော တစ်စုံတစ်ရာ ဖြစ်နိုင်လေသည်။

“ငါမင်းကိုအခုတော့ လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ လာမဲ့တိုက်ပွဲတွေမှာ မင်းရှေ့ထွက်ရဲသလား”

အနက်ရောင်သံချပ်ကာဝတ် အစောင့်၏မျက်လုံးက တောက်ပသွားပြီး အော့စမန်းကိုကြည့်နေသည့် အကြည့်ကို ပြန်ရုတ်သည်။ သူက နဂိုနေရာတွင်ပြန်နေလျှက် အလံကြီး၏ အောက်တည့်တည့်တွင် လှုပ်ရှားမှုမဲ့စွာ ရပ်နေလိုက်လေသည်။ ထိုသို့ဖြင့် ယခုလေးတင် ဖြစ်သွားခဲ့သည့် ကိစ္စ၏ သက်ရောက်ခံရပုံ မပေါ်တော့ချေ။

အလံကိုင်ဆွဲသူ တစ်ယောက်ဖြစ်သည့်အလျောက် သူ၏အရေးပါဆုံး တာဝန်က အလံကိုကိုင်ထားရန်ဖြစ်သည်။ ရန်သူကို သတ်ရန်မဟုတ်ချေ။

အလံက လူများနှင့်အတူ ရှိပေလိမ့်မည်။ သူသေမှသာ အလံကျရပေမည်။ ဒါဟာ အနက်ရောင် သံချပ်ကာဝတ် အစောင့်တိုင်း၏ မျိုးဆက် အဆက်ဆက်က လက်ခံကျင့်သုံးသည့် စည်းမျဉ်းတစ်ရပ်လည်း ဖြစ်သည်။

အော့စမန်းက ထွက်ပြေးသွားသည့် အခိုက်အတန့်တွင် တိုက်ပွဲနယ်မြေတစ်ခုလုံးက လှုပ်နှိုးလာသလို ဖြစ်သွားသည်။ ထန်စစ်သားတိုင်းက အောင်ပွဲခံသံများနှင့် ပြည့်နှက်သွားသည်။

“သတ်”

“အာရပ်တွေကိုသတ်”

“ချီတက် အားလုံးကို သတ်ကြစမ်း”

အလံကိုင်သူတွင် ထိုမျှနက်နဲလွန်းသော စွမ်းအားများကို ကိုင်ဆွဲထားမည်ဟု မည်သူကမှ မထင်ထားမိခဲ့ချေ။ မဟာထန်က နောက်ထပ် ပုန်းအောင်းနေသော အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ကို ပိုင်ဆိုင်ထားသည်။ ဒီတစ်ယောက်ဟာ အော့စမန်းထက်ပင် အင်အားကြီးမားသေးသည်။

ထန်များ၏ တိုက်ခိုက်လိုစိတ်များက ကောင်းကင်ဘုံထိ ထိုးတက်သွားသလို မရေမတွက်နိုင်သည့် ထန်စစ်သည်တော်ပေါင်း များစွာကလည်း လက်ရွေးစင်စစ်သည် နှစ်သောင်းနှင့် ပူးပေါင်းလျှက် အာရပ်များထံ ချီတက်သွားကြသည်။

“တစ်”

“အသင့်ပြင်”

“ပစ်”

တစ်ချိန်ထဲတွင်ပင် စုဟန်ရှန်းကလည်း အာရုံကို ပြန်ပြောင်းလိုက်ပြီး အမိန့်များကို တသီတတန်းထုတ်သည်။

လက်နက်ကြီးအဖွဲ့ဝင် ငါးထောင်က နဂါးကိုးကောင် သွေးဝင်္ကပါနှင့် ပူးပေါင်းပြီး အာရပ်များ၊ အနောက်ပိုင်းတူရကီများနှင့် တိဗက်များထံ ချဉ်းကပ်သွားလေသည်။ ပို၍များပြားသော စစ်သားများက ပထမခုခံရေးအားလှိုင်းမှ ထွက်လာပြီး ပြင်းထန်သည့် တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားကြသည်။

ဒီတစ်ကြိမ်တွင် မဟာထန်ဟာ ခုခံသောနေရာကိုသာ မထိန်းထားတော့ချေ။ သူတို့၏စစ်တပ် တစ်ခုလုံးသည် ကြီးမားသောစက်ကြီးတစ်လုံးကို အသက်သွင်းလိုက်သလိုမျိုး တိုက်ခိုက်နိုင်စွမ်းအား အပြည့်နှင့် အာရပ်များကို ရင်ဆိုင်နေလေသည်။

စွစ် စွစ် စွစ်

ကောင်းကင်တွင် လက်နက်ကျည်ဆံများက ပြည့်နှက်သွားသလို အာရပ်များကိုထိုးဖောက်ပြီး မြေပြင်ကို သူတို့၏သွေးနှင့် စိုရွှဲသွားစေလေသည်။ ထိုသို့ဖြင့် အံ့အားသင့်မှု၊ အထိတ်တလန့်ဖြစ်မှုများ ပြည့်နှက်နေသော အာရပ်များဟာ ခပ်မြန်မြန် လဲကျသေဆုံးပြီး အလောင်းများက ပုံထပ်လာသည်။

“သတ်”

တိုက်ပွဲနယ်မြေတွင် ထိုဝင်္ကပါထက် မည်သည့်အရာကမှ ခြိမ်းခြောက်မှု မပြင်းထန်နိုင်ချေ။

ချွင် ချွင် ချွင်

ထုံလော့မဟာချီစက်ကွင်း၊ ရွှမ်ဝူချီစက်ကွင်း၊ နဂါးတပ်ရင်းချီစက်ကွင်း၊ နတ်အကျဉ်းထောင်ချီစက်ကွင်း၊ နတ်သိုင်းချီစက်ကွင်း၊ သံမဏိမြို့ရိုးချီစက်ကွင်း၊ မိုးပြာရောင်ချီစက်ကွင်း... ထိပ်တန်းအဆင့် ချီစက်ကွင်းကိုးခုလုံးဟာ မျက်စိကြိမ်းမတက် တောက်ပပြီး ခမ်းနားထည်ဝါနေသည်။ ဒါဟာ ထန်စစ်သည် လက်ရွေးစင် နှစ်သောင်းလုံး၏ စွမ်းအားကို မြှင့်တင်ပေးထားသည်။

ထိုအခိုက်အတန့်တွင် ထိုစစ်တပ်သည် ကုန်းမြေကြီးတစ်ခုလုံးတွင် အင်အားအကြီးဆုံး သို့မဟုတ် တစ်လောကလုံးတွင် အင်အားအကြီးဆုံးဖြစ်သွားသည်။

အာရပ်ဘက်ရှိ အင်အားအကြီးဆုံး စစ်တပ်ဖြစ်သောဖွင့်ဟခြင်းစစ်တပ်ကပင် သူတို့ကိုမယှဉ်နိုင်ချေ။

“သွား မြန်မြန်”

ထိုအချိန်တွင် အာရပ်များဟာ အမှန်တကယ် အလုံးအရင်းနှင့် သုတ်သင်ခံနေရသည်။ အော့စမန်း၏ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသောဖြစ်ရပ်ကြီးက အာရပ်အားလုံး၏ စိတ်ဓာတ်ခွန်အားကို မယုံနိုင်စရာကောင်းလောက်အောင် ထိုးကျသွားစေခဲ့သည်။

သူတို့အားလုံးသည် မူလကမူ မဟာဗိုလ်ချုပ်ကြီးများ၏ အရေအတွက်က အပြတ်အသတ် သာနေသောကြောင့် အနိုင်ရပြီဟု ယုံကြည်ထားခဲ့သည်။ သို့သော် ယခုမူ သူတို့၏ အားသာချက်ကိုလည်း ဆုံးရှုံးလိုက်ရသည်။ မဟာထန်သည် အင်ပါယာသုံးခု ပေါင်းထားသည့် မဟာဗိုလ်ချုပ် အရေအတွက်နှင့် တူညီနေခဲ့သည်။

အာရပ်၊ တိဗက်၊ အနောက်ပိုင်းတူရကီများတွင် စစ်သည်ပိုများသော်လည်း သူတို့၏စစ်တပ်က တိုက်ခိုက်နိုင်စွမ်းအား မရှိတော့ချေ။ တိုက်ခိုက်နိုင်သည့် စိတ်ဓာတ်ခွန်အား မရှိတော့ခြင်းဖြစ်သည်။ အာရပ်စစ်သားများ အားလုံးသည် ရှေးဟောင်းအနီအနက် အလံနှင့် တက်နိုင်သမျှ ဝေးရာသို့ပြေးကြသည်။

“နောက်ဆုတ် နောက်ဆုတ် အားလုံးပဲ နောက်ဆုတ်ကြစမ်း”

အပုမူစလင်ကလည်း အော်သည်။ သူက ဒေါသထွက်နေသည်။ သူလည်း ဒီအခြေအနေကို လက်သင့်မခံနိုင်ချေ။ သို့သော် သူ၏ကူကယ်ရာမဲ့နေသော အသံကသာ တိုက်ပွဲနယ်မြေတွင် ပဲ့တင်ထပ်သွားသည်။

လေထဲတွင်ရှိနေသည့် အပုမူစလင်နှင့် သူ၏မိစ္ဆာနတ်ဆိုး မျက်ဝန်းတစ်စုံက ကောင်းရှန်းကျစ်နှင့် တိုက်ပွဲမှ ခပ်မြန်မြန် အဆုံးသတ်ရန် ကြိုးစားနေသည်။ သို့ရာတွင် ကောင်းရှန်းကျစ်၏ အင်အားက တိုးတက်လာသော်လည်း သူဟာ အပုမူစလင်ကို အနိုင်ယူနိုင်သော အခိုက်အတန့်သို့ မရောက်သေးချေ။ သို့သော် မဟာဗိုလ်ချုပ်ကြီးများအကြားရှိ တိုက်ပွဲ၏ အခြေအနေကို မဆုံးဖြတ်နိုင်နေသေးသော်လည်း အပုမူစလင်က နောက်ဆုတ်ရန် အမိန့်ပေးပြီးလေပြီ။

ဘုန်း

အာရပ်စစ်တပ် နောက်တန်းမှ ခရာမှုတ်သံကထွက်လာသည်။ သို့သော် တိုက်ခိုက်ရန်အချက်ပြသော ကျယ်လောင်သည့် အချက်ပြမှုနှင့်ယှဉ်သော် ဒီအသံဟာ ထိတ်လန့်မှုနှင့်သာ ပြည့်နှက်နေသည်။

ခြိမ်း

ဖုန်များကလုံးလျှက် လေထဲသို့တက်သွားသည့် အခိုက်အတန့်တွင် စစ်တပ်တစ်ခုလုံးက ပို၍မြန်ဆန်သည့် အရှိန်ဖြင့် ဆုတ်ခွာကြသည်။

တိုက်ပွဲနယ်မြေရှိ အခြားသောနေရာများလည်း အလားတူသက်ရောက်ခံရသည်။ ကျစ်ရ၊ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ အားလုံးက နောက်သို့စဆုတ်ကြသည်။ သူတို့သည်လည်း တိုက်ခိုက်လိုစိတ် မရှိကြတော့ချေ။

ဒီတိုက်ပွဲတွင် မဟာထန်၏ အကြီးမားဆုံးသော အားနည်းချက်က နဂါးကိုးကောင် သွေးဝင်္ကပါဖြစ်နေသည်။ အလံကြောင့် ဝင်္ကပါက ဖြစ်တည်လာပြီး ထိုဝင်္ကပါကိုသာ ဖျက်ဆီးနိုင်လျှင် ထန်စစ်တပ်ဟာ အလိုလို ကျသွားပေလိမ့်မည်။ သို့သော် အနက်ရောင်သံချပ်ကာဝတ် အစောင့်က တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် ထိုအားနည်းချက်က အလုံးစုံပျောက်ကွယ်သွားပြီဖြစ်သည်။

မဟာထန်ခုခံရေးအားလှိုင်းတွင်ရှိသော ကျယ်ပြောလွန်းသော အဟကြားက ခပ်မြန်မြန် လူပြည့်သွားသည်။ ယခုအခါ အာရေးဗီးယားက နောက်သို့ဆုတ်နေရပြီး အော့စမန်းကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ အထိနာသွားသည်။ အင်ပါယာကြီးသုံးခုလုံးတွင် မဟာဗိုလ်ချုပ်ကြီးကို ဆုံးရှုံးလိုက်ရသည်။

All Chapters