အခန်း (၁၁၁၁-၁၁၁၅)
Vol. 64 Ch. 1111-1115
အခန်း(၁၁၁၁)
“သွား”
လေထဲတွင် ကျစ်ရက သူ၏သမုဒ္ဒရာလက်စွပ်ကို ပစ်လွှတ်လိုက်သည်။ ထိုလက်စွပ်က အနက်ရောင် စွမ်းအင်များနှင့် ပေါက်ကွဲလာလေပြီး ချန်းချန့်လီ၏ အဆင့်မြင့်ခွဲခြားခြင်း နတ်ဘုရားအတွင်းသို့ ဝင်ရောက်ပေါက်ကွဲသွားသည်။
ဘန်း
ကျစ်ရက ချန်းချန့်လီက ပစ်လွှတ်ထားသည့် ကြယ်တာရာစွမ်းအင် ချိန်းကြိုးအချို့ကို ခပ်မြန်မြန် ဆောင့်ဆွဲရင်း ပစ်ထုတ်လိုက်ကာ ခပ်မြန်မြန် ထွက်ပြေးလေသည်။
ကျစ်ရသည် တိုက်ပွဲပေါင်းများစွာတွင် ဝင်ပါခဲ့ဖူးသည်။ သို့သော် ဒီတစ်ပွဲက သူသတ်ဖူးသမျှထဲတွင် အထူးဆန်းဆုံးဟု ဆင်ခြင်၍ရသည်။ အလွန်ထူးဆန်းလွန်းသဖြင့် အလွန်လျှင်မြန်လွန်းစွာ အဆုံးသတ်လိုက်ရသည်။
ဝှစ်
ကျစ်ရပြီးနောက် ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း နယ်ပယ်အသီးသီးကို နောက်ပြန်ဆုတ်အောင်လုပ်လျှက် အကွာအဝေး ခြားလိုက်ကြသည်။ ထိုအခိုက်အတန့်တွင် အပုမူစလင်ကလည်း ထိုအခိုက်အတန့်ကို လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားအောင်လုပ်ပြီး စတင်ကာ နောက်သို့ပြန်ဆုတ်သည်။
ဘုန်း ဘုန်း ဘုန်း
သူကနောက်ဆုတ်သည့် အခိုက်အတန့်တွင် ရုတ်တရက် ကျယ်လောင်လွန်းသော ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ပေသောင်းပေါင်းများစွာ ဝေးကွာနေသေးသည့်တိုင်အောင် စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသည်။
“မကောင်းတော့ဘူး”
အပုမူစလင်၏ နှလုံးသားက တဒိတ်ဒိတ်တုန်သွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်မိသည်။
“ချွီထေပါးပဲ”
အပုမူစလင်၏ ကျင့်ကြံခြင်းအဆင့်တွင်ရှိသော လူတစ်ယောက်ကိုပင် ကြောက်လန့်အောင် လုပ်နိုင်သော တိုက်ပွဲမျိုးကို ဖန်တီးနေသည့် တိုက်ပွဲကမူ ချွီထေပါးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့ဖြစ်သည်။ ထိုနှစ်ယောက်၏ တိုက်ပွဲထံမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းများက လိမ့်တက်လာသည်။ ထိုနှစ်ယောက်ကသာ အပုမူစလင်ကို ထိုကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်လေသည်။
အပုမူစလင်သည် ခေါင်းကိုလှည့်ပြီး တိုက်ပွဲနယ်မြေ အခြားတစ်ဖက်ခြမ်းရှိ ပေတစ်ဆယ်ကျော်သော တိုက်ပွဲနေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် သဲများက မြေပြင်အထက် ပေထောင်ကျော်သည်အထိ မြောက်တက်နေပြီဖြစ်သည်။ ထိုသဲမုန်တိုင်းများက မရေမတွက်နိုင်သော ကျောက်သားများ၊ မြေသားများနှင့် မြင်း၊ စစ်သည်တော်များ၏ အကြွင်းအကျန်များ ပေါင်းလျှက် သဲမုန်တိုင်းတစ်ခု ဖြစ်တည်လာခြင်းဖြစ်သည်။ အရာအားလုံးက လျှင်မြန်စွာ လည်ပတ်နေလေပြီး လေထဲတွင် စူးရှသည့်အသံကို ထုတ်လွှတ်နေသည်။
ဘန်း
ထိုသဲမုန်တိုင်းအစွန်နားရှိ အလောင်းပုံက ရုတ်တရက် ပေါက်ကွဲသွားပြီး ဒေါသတကြီးဖြစ်နေသည့် စွမ်းအင်မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
အပုမူစလင်၏ ခန္ဓာကိုယ်က လေထဲတွင် တောင့်ခဲသွားသည်။ ချွီထေပါးလို အကျင့်စရိုက်မျိုး ရှိသောလူက ဘယ်သောအခါမှ နောက်ဆုတ်လိမ့်မည်မဟုတ်ချေ။
ချက်ချင်းဆိုသလိုပင် အပုမူစလင်က ချွီထေပါးပေးထားသော အမိန့်ကို မှတ်မိသွားသည်။
‘နောက်ဆုတ်တဲ့ကောင်တိုင်း သေရမယ်’
ပထမတိုက်ပွဲတွင် အပုမူစလင်က ခရာသံမှုတ်ပြီး နောက်ဆုတ်ခိုင်းကတည်းက ချွီထေပါး၏ အမိန့်ကို ဖီဆန်မိသွားသည်။ သို့သော် ဒါဟာ ထပ်ဖြစ်၍မရချေ။ ချွီထေပါးသည် ထန်ပေါင်းများစွာ၏ အရှေ့တွင် မာနကြီးလွန်းသဖြင့် နောက်ဆုတ်ခွင့်ပြုလိမ့်မည် မဟုတ်ချေ။
ပို၍အရေးကြီးသည်မှာ အပုမူစလင်က အရှေ့ပိုင်းတွင် ရာထူးအမြင့်ဆုံးဗိုလ်ချုပ်ကြီး ဖြစ်နေသော်လည်း သူ၏အမိန့်များက ချွီထေပါးလက်အောက်ရှိ စစ်သည်တော်များပေါ် သက်ရောက်မှုမရှိချေ။
ထို့ကြောင့် ချွီထေပါး၏ ထိပ်တန်းအဆင့် စစ်တပ်သုံးခုဖြစ်သည့် ဖွင့်ဟခြင်းစစ်တပ်၊ သေဆုံးခြင်းစစ်တပ်နှင့် သွေးသားရဲစစ်တပ်တို့က နောက်မဆုတ်သေးကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် အခြားသောစစ်သားများကို တုန့်ဆိုင်းသွားစေသည်။ ဒါဟာ အာရပ်များအတွက် အလွန်အထိနာစေသည်။
“ဒါက ပြဿနာပဲ ငါတို့နောက်ဆုတ်လို့မရဘူး။ ငါတို့ချွီထေပါးကို နောက်ဆုတ်အောင် လုပ်လို့မရရင် ဒီလိုနောက်ဆုတ်တာက ရှုံးကြောင်းလက်ခံလိုက်သလို ဖြစ်သွားလိမ့်မယ်”
တစ်ချိန်ထဲလိုလို အဝေးရှိ သာ့လွန်ရော့ကျန်းကလည်း မျက်လုံးကို ဖြတ်ကနဲဖွင့်သည်။ သူ၏မျက်လုံးဟာ သုန်မှုန်သွားသည်။
ချွီထေပါးက လူတိုင်းဆုတ်သလို နောက်မဆုတ်လျှင် အင်ပါယာကြီး သုံးခုလုံးက ဆိုးရွားသည့်အရှုံးကို ရင်ဆိုင်ရပေလိမ့်မည်။ ကျန်သောသူများအားလုံးက ချွီထေပါးကို ဂရုမစိုက်လျှင် ရလဒ်ကို ခန့်မှန်းရခက်သွားပေလိမ့်မည်။ ထိုသို့သော အခိုက်အတန့်မျိုးတွင် မဟာထန်က ဒီတိုက်ပွဲတွင် တဖန်ထပ်ပြီး အနိုင်ရသွားပေလိမ့်မည်။ အာရပ်များကမူ ပျော်ရွှင်စရာကိစ္စများ မရှိတော့ချေ။
ဘုန်း
အပုမူစလင်က ချွီထေပါးကိုထောက်ပံ့ရန် အမိန့်ထပ်ထုတ်တော့မည့် အချိန်တွင် နောက်ထပ် ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ စစ်သည်သိန်းပေါင်းများစွာ၏ စောင့်ကြည့်နေမှုအောက်တွင် မီတာတစ်ဆယ်ကျော်သော ကြီးမားသည့် သဲမုန်တိုင်းကြီးက ကောင်းကင်သို့ ထိုးတက်သွားပြီး ပေါက်ကွဲသွားသည်။ မယုံနိုင်စရာ ကောင်းလောက်အောင် ပြင်းထန်လွန်းသော စွမ်းအင်နှစ်ရပ်က အတွင်းတွင် အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားပုံပေါ်သည်။ သဲမုန်တိုင်းကို စုတ်ဖြဲလိုက်လေသည်။
ခွက် ခွက်
ရွှေရောင်ပုံရိပ်နှင့် အနက်ရောင်ပုံရိပ်တို့က သဲမုန်တိုင်း၏ အလယ်တွင် ပေါ်လာသည်။
ရွှေရောင်ပုံရိပ်သည် လူတိုင်း၏နှလုံးသားထဲမှ နတ်ဘုရားဖြစ်သည်။ သို့သော်သူဟာ ပေတစ်ရာကျော်သို့ နောက်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။
ကလက်
ချွီထေပါးကို ဆယ်နှစ်ကျော် အဖော်ပြုခဲ့သည့် ရွှေရောင်ဦးထုတ်က သူ၏ခေါင်းမှကျွတ်သွားသည်။ လေထဲတွင် ကွဲအက်လျှက် ထွက်သွားလေသည်။ ထို့နောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အခိုက်အတန့်တွင် ကြေမွနေပြီဖြစ်သည်။ ဦးထုတ်မရှိတော့သည့် ချွီထေပါး၏ဆံပင်က လေထဲတွင် လွတ်လပ်စွာ ကခုန်နေသည်။ သို့သော် ထိုဆံပင်များက နွမ်းလျပြီး သူ၏ပုံစံကို ပို၍ ဖရိုဖရဲဖြစ်သွားစေသည်။
လူတိုင်းက ဝရုန်းသုန်းကားဖြစ်သွားလေသည်။
အာရပ်မြင်းတပ်ဝင်များက မယုံကြည်နိုင်သလို စောင့်ကြည့်နေကြသည်။ သူတို့၏နှလုံးသားထဲတွင် ချွီထေပါးသည် အင်အားကြီးပြီး အမြဲတစေ ယုံကြည်မှုအပြည့် ရှိနေခဲ့ကာ အားလုံးကို ချေမွနိုင်သည့် ခွန်အားမျိုးကို ဆွဲကိုင်ထားနိုင်သူဖြစ်သည်။ မည်သို့ပင်ဆိုစေ မည်သူကမှလည်းသူ့ကို နောက်ဆုတ်အောင် မလုပ်နိုင်ချေ။ ထိုအတွက်ကြောင့် မည်သူကမှ နောက်မဆုတ်ခဲ့ကြခြင်းဖြစ်သည်။ အာရေးဗီးယားရှိ လူတိုင်းတွင် အပုမူစလင်၏ အမိန့်ကို နာခံသောသူများကပင် ချွီထေပါးကို လေးစားကြသည်။ တစ်ဖက်သူဟာ အာရေးဗီးယား၏ အစစ်အမှန် စစ်နတ်ဘုရားကြီးဖြစ်သည်။ သို့သော် ချွီထေပါးကပင် ယခုလို နှစ်ပေါင်းများစွာ တိုက်ခိုက်ပေးပြီးသော တိုက်ပွဲများအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဒီအခိုက်အတန့်တွင်မှ နောက်သို့တွန်းထုတ်ခံရမည်ဟု မထင်ထားကြချေ။
“မဖြစ်နိုင်ဘူး ဒါမဖြစ်နိုင်ဘူး ဒီလောကက ဘယ်သူကမှ အရှင့်ကိုရှုံးအောင် မလုပ်နိုင်ဘူး”
ချွီထေပါး၏ လက်အောက်ခံများဖြစ်သည့် မြောက်ပိုင်းစစ်နယ်မြေဇုံမှ ခေါ်ဆောင်ခြင်းခံခဲ့ရသော လူများထက် မည်သူကမှ ပို၍မအံ့ဩလောက်ချေ။ ချွီထေပါး၏ဦးထုတ်က လေထဲသို့ လွင့်ထွက်သွားပြီး ဆံပင်ကလေထဲတွင် လွင့်နေကြောင်း မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူတို့၏နှလုံးသားထဲတွင် မြေငလျှင်လှုပ်နေပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် အပုမူစလင်၊ ကျစ်ရ၊ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် အခြားသောလူတိုင်းက စစ်သားများနည်းတူ အံ့ဩနေကြသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အပုမူစလင်ကိုယ်တိုင်က ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
သူဟာ ချွီထေပါးနှင့် ပို၍ရင်းနှီးမိလေလေ ချွီထေပါးဟာ မည်မျှအင်အားကြီးကြောင်း နားလည်လေလေ ဖြစ်ပေလိမ့်မည်။ ထိုသို့နားလည်သောကြောင့်လည်း ထိုမြင်ကွင်းကြောင့် အံ့ဩသွားရခြင်းဖြစ်သည်။
သူဟာ သတိလက်လွတ် ချွီထေပါးနှင့် မျက်နှာချင်းဆိုင် ရပ်နေသောလူကို လှည့်ကြည့်လိုက်မိသည်။ လျို့ဝှက်ဆန်းကြယ်လွန်းသော အနက်ရောင်ဝတ်စုံနှင့် အဘိုးကြီးက လေထဲတွင်လွင့်မျောနေသည်။ သူ၏ဆံပင်ကလည်း လေထဲတွင် လွင့်စင်နေသည်။ မျက်နှာကလည်း ဖြူဖျော့နေသည်။ သူသည်လည်း ချွီထေပါးနည်းတူ ဒဏ်ရာရသွားပုံပေါ်သည်။
“ဘယ်သူကနောက်ဆုတ်ရဲလဲ”
အေးစက်လွန်းသောအသံက သူ၏နားထဲတွင် ဟိန်းထွက်လာသည်။
ချွီထေပါးက မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကိုကြည့်သည်။ သူ၏အကြည့်က ခက်ထန်ပြီး ဆံပင်က ဖရိုဖရဲဖြစ်နေသည်။ သူ၏နှလုံးသားထဲတွင်လည်း ရက်စက်လွန်းသော သတ်ဖြတ်လိုစိတ်များက ပို၍သာ မြင့်တက်လာသည်။
ဝုန်း
သူနှင့်ပေတစ်ထောင် ဝန်းကျင်အတွင်းရှိ အာကာသပြင်က စတင်ကာ တွန့်လိမ်ရှုံ့တွလာပြီး ထိုနေရာကြီးတစ်ခုလုံးကို ဝေဝါးကာ သဲသဲကွဲကွဲမမြင်ရအောင် ဖြစ်သွားစေသည်။
“အဘိုးကြီး မင်းကငါ့ကို ဒေါသထွက်စေလိုက်ပြီ”
ချွီထေပါးက မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို ခက်ထန်စွာစိုက်ကြည့်လိုက်သည်။
သူ၏တစ်ဘဝလုံးတွင် မည်သူကမှသူ့ကို ဒီအခြေအနေထိ တွန်းအားမပေးနိုင်ခဲ့ဖူးချေ။ အပုမူစလင်ကပင် သူ၏အရှေ့တွင် နှိမ့်ချကာ ခေါင်းငုံ့နေရသည်။ သူ၏ဘဝတွင် ပထမဦးဆုံး အကြိမ်အနေနှင့် ချွီထေပါးဟာ ထိုလူကို သတ်ရန်လိုအပ်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်လိုက်မိသည်။ ထိုတစ်ကြိမ်မှ မတွေ့ခဲ့ဖူးသော အရှေ့တိုင်းသားက သူပင်နားမလည်နိုင်သောသူ ဖြစ်နေသည်။
“အနောက်ပိုင်းက မျိုးနွယ်ခြားအကောင် မင်းကိုဘယ်သူကမှ မထိန်းချုပ်နိုင်ဘူးလို့ ထင်နေတာလား”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ တည်ငြိမ်သောမျက်နှာက အလွန်အမင်း ဖြူဖျော့နေသည်။ သို့သော် သူဟာ နောက်ဆုတ်မည့်လက္ခဏာ မပြသေးချေ။ ယခုဖြစ်သွားခဲ့သည့် တိုက်ပွဲတွင် နှစ်ယောက်လုံးက လက်ရည်ညီသည်။ မည်သည့်ဘက်ကမျှ အသာစီးမရခဲ့ချေ။
“ဆရာ”
အဝေးမှ စိုးရိမ်တကြီးအော်သံက ထွက်လာသည်။
ခွာဖြူအရိပ်မြင်းကို စီးထားသည့် ဝမ်ချောင်က မိစာဧကရာဇ် လူအိုကြီးမန်ကို စိုးရိမ်တကြီး လှမ်းကြည့်သည်။ ချွီထေပါးက ပုံစံအရ ပို၍ဆိုးရွားသည်ဟု ခံစားရသော်လည်း ဆရာဖြစ်သူ၏ အခြေအနေကလည်း မကောင်းကြောင်း သူကိုယ်တိုင်က နားလည်သည်။ ဝမ်ချောင်၏ နှလုံးသားထဲတွင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ပြိုင်ဘက်ကင်း၏ အဆင့်အတန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထို့ကြောင့် မည်သူကမှသူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ရန် မျှော်လင့်မိလေသည်။
“ဗိုလ်ချုပ်ချန်း၊ အဖေ၊ ရွာသူကြီး၊ ဗိုလ်ချုပ်လီ အားလုံးပဲ အတူပေါင်းပြီး ချွီထေပါးကို သတ်ရအောင်”
ဝမ်ချောင်၏အသံက တိုက်ပွဲနယ်မြေအနှံ့ ပဲ့တင်ထပ်သွားသည်။
သူဟာ အဓိကမြင်းတပ်အင်အားစု သုံးခုကို ကြည့်လိုက်ပြီး ဝူရှန်းမြင်းတပ်ခုနှစ်ထောင်ကို ဦးဆောင်ကာ ချွီထေပါးထံ ချီတက်လာသည်။
တစ်ချိန်ထဲလိုလို ကောင်းရှန်းကျစ်၊ ဝူရှန်း၊ ချန်းချန့်လီ၊ ရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့အားလုံးက တုန့်ပြန်ကြသည်။ အားလုံးက အင်ပါယာ မဟာဗိုလ်ချုပ်ကြီးအဆင့်များ ဖြစ်သည်။ ထိုလူများအားလုံးက ချွီထေပါးရှိရာသို့ ချီတက်လာကြသည်။ သူတို့ကသာ ချွီထေပါးကို သတ်နိုင်လျှင် ဒီစစ်ပွဲတွင် ထန်ကသာနိုင်ပေလိမ့်မည်။
ဝမ်ချောင်က ကြမ်းတမ်းသည့်လေပြင်းကို စီးနင်းလာသည်။ သူ၏မျက်ဝန်းဟာ နေရောင်ထက်ပင် တောက်ပလာသေးသည်။ ဒီစစ်ပွဲတွင် အရေးပါဆုံးသောပုဂ္ဂိုလ်က ချွီထေပါးဖြစ်သည်။ သူတို့ကသာ သူ့ကိုသတ်နိုင်လျှင် အာရပ်စစ်တပ် တစ်ခုလုံးက ဒီရေကို ပြောင်းပြန်မလှန်နိုင်တော့ချေ။
ခြိမ်း
တိုက်ပွဲနယ်မြေရှိ အခြေအနေက လျှင်မြန်စွာ ပြောင်းလဲသွားသည်။ လေထုဟာ အလွန်အန္တရာယ်များနေပြီး အချိန်ကလည်း အလွန်အမင်း အဖိုးတန်လာသည်။
ဘန်း
သာမာန်ဖိနပ်ကြီးထက် နှစ်ဆမျှကြီးသည့် အနက်ရောင်ဖိနပ်ကြီးက မြေပြင်ကို ဆောင့်ပေါက်လိုက်သည့် အခိုက်အတန့်တွင် အနက်ရောင်အလံကို ကိုင်ထားသည့် အနက်ရောင်သံချပ်ကာဝတ် အစောင့်က လှုပ်ရှားပြီဖြစ်သည်။ အလံကိုင်ဆွဲသူအနေနှင့် ပထမဦးဆုံး လုပ်ဆောင်ရမည့် ကိစ္စက အလံကိုကာကွယ်ရန်ဖြစ်သည်။ သို့သော်သူကလည်း တာဝန်ကိုသာ မဖီဆန်လျှင် တိုက်ပွဲအတွင်း ဝင်ပါနိုင်သည်။
တစ် နှစ် သုံး လေး... မဟာဗိုလ်ချုပ်ခုနှစ်ယောက်လုံးက လေထဲသို့ ခုန်တက်ပြီး ချွီထေပါးထံ ရောက်ရှိလာကြသည်။
ချွီထေပါးကပင် ထိုမြင်ကွင်းကြောင့် မျက်နှာထား တင်းမာသွားရသည်။ ဒါဟာ သာမာန်မဟာဗိုလ်ချုပ်များဆိုလျှင် သူဟာ ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သူက အားလုံးကို တစ်ယောက်တည်း ကိုင်တွယ်နိုင်သည်။ ချန်းချန့်လီကဲ့သို့သော လူမျိုးဆိုလျှင် စိုးရိမ်ရန်ပင် မတန်ချေ။ သို့သော် ချွီထေပါးကလည်း သူ့ကိုခြိမ်းခြောက်နိုင်သည့် တည်ရှိမှုသုံးခုကို အာရုံခံမိသည်။ ထိုသုံးခုထဲတွင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်လည်းပါသည်။
“သွားမယ်”
အပုမူစလင်ကအော်သည်။ သူ၏မျက်နှာက စိုးရိမ်မှုများဖြင့် ပြည့်နှက်လာသည်။
အော့စမန်းက တိုက်ပွဲတွင် ဝင်မပါနိုင်လောက်အောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်။ သူတို့က ဆက်လက်ပြီး တိုက်ခိုက်မည်ဆိုလျှင် အပုမူစလင်ကပင် တစ်ယောက် တစ်ယောက်စီ ရင်ဆိုင်မည်ဆိုလျှင်ပင် ယုံကြည်ပါသည်ဟု မသေချာပေ။
ထို့အပြင် အင်အားကြီးမားပြီး ကျယ်ပြောလွန်းသော စွမ်းအားများက မှင်သက်ဖွယ်ကောင်းသည့် အရှိန်နှုန်းဖြင့် သူ့ထံချဉ်းကပ်လာနေသည့်တိုင်အောင် ချွီထေပါးက လှုပ်ရှားမှုမဲ့နေသေးသည်။ သူဟာ အာရေးဗီးယားဘက်မှ မာနကြီးသောစစ်နတ်ဘုရားဖြစ်သည်။ သူ့ကို နောက်ဆုတ်ခိုင်းလိုလျှင် အမှန်တကယ် လာသတ်သည်ထက်ပင် ခက်ပေလိမ့်မည်။
“မြန်မြန်သွား”
အပုမူစလင်၏စိတ်က စိုးရိမ်မှုများဖြင့် မီးတောက်လာသည်။ သူတို့ကသာ ဒီအခွင့်အရေးကို လွတ်သွားလျှင် မည်သည့်အခါတွင်မှ နောက်ဆုတ်နိုင်တော့မည်မဟုတ်ပေ။
“အစ်ကိုဝမ်ဖူ ငါလာကူညီမယ်”
ထိုအခိုက်အတန့်တွင် ဝူရှန်းရွာသူကြီးက သူ၏အိုမင်းနေသော အသံနှင့် လှမ်းပြောသည်။ သူဟာ အနီးဆုံးဖြစ်သည်။ ထို့ကြောင့် အရင်ဆုံးရောက်လာသည်။
ဘုန်း
ဝူရှန်းရွာသူကြီးနှင့် လီတစ်ရာဝန်းကျင်အတွင်းရှိ မူလစွမ်းအင်တိုင်းက လှုပ်ရှားလာသည်နှင့်အမျှ လေပြင်းက ဟိန်းဟောက်သည်။ စွမ်းအင်အားလုံး၏ အလယ်ဗဟိုတွင်ရှိနေသော သူက တောင်တန်းလို ကြီးမားထည်ဝါသည့် အပြာရောင်လက်တစ်ဖက်ကို ထုတ်ဖော်လျှက် လေထဲသို့ထိုးသွင်းကာ ယမ်းခါရင်း ချွီထေပါးထံ လှမ်းထိုးလိုက်သည်။
ဝုန်း
ချွီထေပါး၏မျက်နှာက အံ့အားသင့်မှုကြောင့် ပျက်ယွင်းသွားသည်။
ဝူရှန်းရွာသူကြီးက သုံးလိုက်သောသိုင်းက မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ သိုင်းနှင့်တူသည်။ ဒီနှစ်ယောက်က သူ့လိုမျိုး အဲ့ဒီနယ်မြေကို ထိတွေ့မိထားတဲ့ပုံပဲ။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အရှေ့တွင် ချွီထေပါးက နောက်မဆုတ်ခဲ့ချေ။ သို့သော် ဝူရှန်းရွာသူကြီးက ပါလာပြီဆိုလျှင်မူ ထိုကိစ္စများက ခြားနားလာလေပြီ။
ဘန်း
ခမ်းနားထည်ဝါသော ရွှေရောင်ဓားချီက ဝူရှန်းရွာသူကြီး၏ ကြီးမားသော အပြာရောင်လက်ကြီးကို ချက်ချင်းဆိုသလို ခုတ်ပိုင်းလိုက်သည်။ သို့သော် တစ်ချိန်ထဲတွင်ပင် အခြားတစ်ဖက်မှ အလားတူ ပြင်းထန်လွန်းသော မူလစွမ်းအင်များကို သယ်ဆောင်ထားသည့် လက်သီးကြီးတစ်လုံးက ချွီထေပါးထံ ဝင်ရောက်လာသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း တိုက်ခိုက်ရန် ရွေးချယ်လိုက်ပြီဖြစ်သည်။
အခန်း(၁၁၁၂)
ခြိမ်း
မြေပြင်က တသိမ့်သိမ့်တုန်သွားပြီး တောင်တန်းများက ကွဲအက်သွားသည်။ ရွှေရောင်ဓားချီ အလင်းတန်းသည် အပြာရောင်လက်ကြီးကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ခွဲနိုင်ခဲ့သည်။ သို့သော် သိပ်မကြာခင် ချွီထေပါး၏ ဓားချီက မိစာဧကရာဇ်၏ လူအိုကြီးမန်၏ လက်သီးအောက်တွင် ကွဲကြေသွားရသည်။
“သွား”
ချွီထေပါး၏မာနက သူ့ကိုနောက်မဆုတ်နိုင်အောင် ဖြစ်စေသည့်တိုင်အောင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီး၊ အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် အခြားသော မဟာထန်ဗိုလ်ချုပ်များ အားလုံးနှင့် ရင်ဆိုင်ရချိန်တွင်မူ သူဟာ နောက်ဆုတ်ရတော့ပေမည်။
ဟူး
ရွှေရောင်အလင်း ဖြတ်ကနဲလက်ပြီးနောက် နောက်ထပ် ကြီးမားလွန်းသော ဓားချီအလင်းတန်းက ကောင်းကင်ကိုထိုးဖောက်ပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီးနှင့် အခြားသော ထန်စစ်သားများ ရှိနေရာနေရာသို့ ဝင်ရောက်လာသည်။
ချွီထေပါးကိုယ်တိုင်ကမူ နောက်ထပ် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး နောက်ခြမ်းသို့ ဆုတ်ခွာသွားပြီဖြစ်သည်။
“နောက်ဆုတ်”
ချွီထေပါး ဆုတ်ခွာမှုနှင့်အတူ အနောက်ပိုင်းတူရကီ၊ တိဗက်များနှင့် အာရပ်စစ်သားများ အားလုံးက အနောက်ဘက်ခြမ်းသို့ ပြန်လည်ဆုတ်ခွာနေလေပြီ။
“နောက်ကလိုက်”
ထိုအမိန့်နှင့်အတူ တက်ကြွနေသော ထန်စစ်သားများအားလုံးက အာရပ်စစ်တပ်၏ အနောက်သို့ လိုက်ကြသည်။
“လက်နက်ကြီးများအားလုံး အရှိန်နှုန်းမြှင့်ပြီးချီတက်”
စစ်တပ်၏နောက်တန်းမှ စုဟန်ရှန်း၏အကြည့်က တည်ငြိမ်သည်။ သူဟာ အခွင့်အရေးကို အမိအရယူပြီး အနည်းငယ်ပင် တုန့်ဆိုင်းမနေဘဲ ရှေ့သို့ချီတက်ရန် အမိန့်ပေးလိုက်လေသည်။
“ပစ်”
ဘုန်း ဘုန်း ဘုန်း
ဒီထဲတွင် လက်နက်ကြီးများက ကျယ်လောင်သော ဟိန်းဟောက်သံများကို ထုတ်လွှတ်သည်။ ချက်ချင်းဆိုသလိုပင် ထွက်ပြေးသွားသော အာရပ်မြင်းတပ်ကို ထိုးဖောက်ကျော်ဖြတ်လျှက် အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်သည်။
တခဏခန့်ကြာပြီးနောက် အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းတူရကီများ အားလုံးက ဆုတ်ခွာနေသည့် အလယ်တွင် သေဆုံးသွားကြရသည်။ ထန်များသည်လည်း ခုခံရေးအားလှိုင်းမှ ထွက်ခွာလာပြီး ရန်သူ၏နောက်သို့ လိုက်လာသည်။ ထိုသို့ဖြင့် အားသာချက် အမိအရယူထားသည်။
“ထွက်ပြေး”
“ပြေးကြ”
“ထန်တွေလာနေပြီ”
အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းတူရကီများ၏ မျက်နှာက ထိတ်လန့်မှု၊ ကြောက်လန့်မှုများနှင့် ပြည့်နှက်နေရင်း အဝေးသို့ ထွက်ပြေးကြသည်။
ဝှစ်
အာရပ်မြင်းသည်တော် တစ်ယောက်က နှေးကွေးသွားသဖြင့် ထန်မြင်းသည်တော် တစ်ယောက်၏ လိုက်ဖမ်းမှုနှင့်ကြုံသွားပြီး ထုတ်ချင်းထိုးဖောက်ခံလိုက်ရသည်။ လေထဲတွင် ထက်ရှလွန်းသော အလင်းက ဖြတ်ပြေးသွားလေသည်။ အလားတူသော မြင်ကွင်းမျိုးက ထပ်ခါတလဲလဲ ဖြစ်နေပြီး အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက သေဆုံးနေကြရသည်။
နောက်ဆုတ်သည့်အခါ နောက်တန်းရှိ မြင်းတပ်များက အစီအစဉ်မကျဖြစ်နေသောကြောင့် ရှေ့ဘက်မှ မြင်းတပ်များနှင့် တိုက်မိသွားကြသည်။ မကြာခဏဆိုသလိုပင် မြင်းသည်တော်များက အချင်းချင်း တိုက်မိကြပြီး နှစ်ဖက်လုံးက မြေပြင်ပေါ်သို့ ပြုတ်ကျကြသည်။ နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်တို့က သူတို့၏အသက်ကို အဆုံးသတ်ပေးလိုက်ကြသည်။
“တိဗက်မြင်းတပ် အဖွဲ့ဝင်တွေအားလုံး ဘယ်ဘက်ခြမ်းကနေ ထွက်လာကြ။ တုဝူစစ်လီ မင်းရဲ့ မီးခိုးရောင်ဝံပုလွေတွေ အားလုံးကို ထုတ်သုံးပြီး ထန်စစ်သားတွေကိုတား”
သာ့လွန်ရော့ကျန်း၏စိတ်က ဝရုန်းသုန်းကားဖြစ်နေပြီး အမိန့်တသီတတန်းကြီး ထုတ်လိုက်သည်။
တုဝူစစ်လီသည် သူနှင့်အတူ တိုက်ပွဲအတွင်းသို့ စစ်သားအများကြီး မခေါ်ဆောင်နိုင်ခဲ့ချေ။ သို့သော် သူဟာ မြောက်များလှသည့် ဝံပုလွေများကို ခေါ်လာနိုင်ခဲ့သည်။ ထန်များက ပမာဏအများအပြားကို သတ်ခဲ့သည့်တိုင်အောင် အကောင်နှစ်သောင်းမှ သုံးသောင်းအထိ ကျန်ရစ်နေသေးသည်။ စီတန်းစွာ တည်ရှိနေသည့် ထိုဝံပုလွေအုပ်က ထန်စစ်သားများကို မခြိမ်းခြောက်နိုင်သော်လည်း နောက်ဆုတ်သည့် အခိုက်အတန့်တွင် လိုက်လာသောလူများ၏ အရှိန်နှုန်းကို နှေးကွေးအောင်လုပ်နိုင်သည်။
စွစ် စွစ် စွစ်
ဓားများကိုအောက်သို့ ယမ်းချနေသည့် အခိုက်အတန့်တွင် အရွယ်ရောက်ပြီးသော လူတစ်ယောက်ထက်ပင် ကြီးထွားသန်မာသည့် ဝံပုလွေကြီးတစ်ကောင်က ထိပ်တန်းအဆင့် ထန်စစ်သည်တော်တစ်ယောက်ကြောင့် နဖူးမှစတင်ပြီး အောက်ဘက်ထိ နှစ်ခြမ်းအခွဲခံလိုက်ရသည်။ အလောင်းမှထွက်လာသည့် သွေးနှင့် ကိုယ်တွင်းအင်္ဂါများက မြေပြင်တွင် တစ်စစီ ပြန့်ကျဲသွားသည်။ သို့သော် ထိုအခြေအနေက ဝံပုလွေအုပ်ကို ရူးသွပ်စွာ ချီတက်ခြင်းမှ မတားဆီးနိုင်ခဲ့ချေ။
တုဝူစစ်လီနှင့် သာ့လွန်ရော့ကျန်းအကြားမှ မဟာမိတ်က အမြဲတစေ သိသာထင်ရှားနေခဲ့သည်။ အမိန့်တိုင်းကလည်း သက်ရောက်မှု ပြင်းထန်နေသည်။ အခြားသော အခြေအနေများတွင် တုဝူစစ်လီက လိုက်နာချင်မှ လိုက်နာလောက်သော်လည်း ဒီလိုအခြေအနေမျိုးတွင်မူ သူဟာ တုန့်ဆိုင်းမနေဘဲ သူ၏ ဝံပုလွေအုပ် အားလုံးကိုလွှတ်ကာ လိုက်ဖမ်းမှုကို တားခိုင်းလိုက်သည်။
ဒီတိုက်ပွဲက သူမျှော်လင့်ထားသည်ထက် မြန်ဆန်လွန်းစွာ အဆုံးသတ်သွားသည်။ တုဝူစစ်လီ ကိုယ်တိုင်ကပင် အလန့်တကြားဖြစ်နေရသည်။ သူတို့ကသာ ထန်စစ်သားများကို မတားလျှင် အနောက်ပိုင်းတူရကီ စစ်သားများကလည်း အလုံးအရင်းနှင့် သုတ်သင်ခံရနိုင်သည်။
“ပစ်”
စုဟန်ရှန်းက လက်မောင်းတစ်ချက် ယမ်းလိုက်ပြီးနောက် ထက်ရှလွန်းသော လက်နက် ကျည်ဆံပေါင်း များစွာက ရှေ့သို့ထိုးထွက်သွားပြီး လျှင်မြန်စွာနှင့် ဝံပုလွေဆယ်ကောင်ကျော်ကို အတန်းလိုက် သတ်ဖြတ်လိုက်နိုင်သည်။ လက်နက်ကြီးများက အလွန်အမင်း အဖိုးတန်ပြီး ရန်သူစစ်သားများ အပေါ်တွင်သာ သုံးတတ်သည့်တိုင်အောင် ယခုလို အရေးပါလွန်းသော အခိုက်အတန့်တွင် တုဝူစစ်လီက ဒီလိုကိစ္စမျိုးကို စိုးရိမ်ပူပန်နေလိမ့်မည်မဟုတ်ချေ။
အာဝူး....
ဝံပုလွေများက ထပ်ခါတလဲလဲ ခုတ်ဖျက်ချပြီး အသတ်ခံနေရသည့် အခိုက်အတန့်တွင် အသားကုန် အော်ဟစ်နေကြသည်။ ထန်စစ်တပ်က ဝံပုလွေများအားလုံးကို သတ်ပြီး သူတို့ရန်သူများ၏နောက်သို့ စတင်ပြီး လိုက်ဖမ်းကြပေသည်။
သို့သော် အဆုံးသတ်တွင် တုဝူစစ်လီ၏ ဝံပုလွေအုပ်က ထိုစစ်သားများအတွက် အသက်ရှုချိန်ရအောင် အချိန်ဝယ်ပေးလိုက်နိုင်သည်။
စစ်သည်သောင်းကျော်က အနှောက်အယှက်မရှိဘဲ ဆက်လက်ပြီး လိုက်ဖမ်းနေကြသည်။ ထိုအခိုက်အတန့်တွင် သူတို့ဟာ လမ်းတစ်ဝက်တွင် မရပ်ကြတော့ချေ။ ထန်စစ်သည်များ အားလုံးက အာရပ်၊ တိဗက်နှင့် တူရကီများ၏ နောက်သို့လိုက်ပြီး တိုက်ပွဲနယ်မြေ၏ အနောက်ဘက်ခြမ်းသို့သွားသည်။ ထို့နောက် ဆက်လက်ပြီး လိုက်ဖမ်းကြသည်။
သူတို့ဟာ ဆယ်လီခန့်အထိ လိုက်ဖမ်းပြီးနောက် ကျန်ခဲ့သော နေရာတောက်လျှောက်တွင် ထိုအင်အားစု သုံးခုလုံး၏ အလောင်းများကပုံလျှက် ကျန်ခဲ့သည်။
“ဝူရှန်းမြင်းတပ် အဖွဲ့ဝင်အားလုံး ငါ့ရဲ့အမိန့်ကိုနာခံ အရှိန်နှုန်း အသားကုန်မြှင့်ပြီးလိုက်”
ဝမ်ချောင်၏အသံက လေထဲတွင်ထိုးတက်နေသည့် ဖုန်မှုန့်များအကြားတွင် ပြတ်သားရှင်းလင်းစွာ ပေါ်ထွက်လာသည်။ သူ၏အနောက်ဘက်တွင်လည်း ဝူရှန်းမြင်းတပ်ခြောက်ထောင်ဟာ အဆူရာငရဲ ဝင်္ကပါအတွင်း ဝင်္ကပါပုံစံကို ထိန်းသိမ်းရင်း သူတို့က ရန်သူ၏အနောက်သို့ လိုက်နေကြသည်။ ခြောက်ခြားဖွယ်ကောင်းသော ခွန်အားက ခွေးသေကောင်များလို ထွက်ပြေးနေရသည့် ရန်သူစစ်သားတိုင်းအတွက် အိမ်မက်ဆိုးဖြစ်နေသည်။
ဝူရှန်းမြင်းတပ်သည် ထန်စစ်သားများအတွင်းတွင် အမြန်ဆုံးဖြစ်သည်။ သူတို့၏ ဖုန်မှုန့်ချီစက်ကွင်း လေးခုက မာမဲ့လုများကပင် မယှဉ်နိုင်လောက်အောင် မြန်ဆန်သည်။ ထိုအတွက်ကြောင့်လည်း တိဗက်၊ အနောက်ပိုင်းတူရကီနှင့် အာရပ်များကို အလွန်ခြိမ်းခြောက်နိုင်နေသည်။ သူတို့၏ အဖွဲ့ဝင်ပေါင်း များစွာက ဝူရှန်းမြင်းတပ်၏ လိုက်ဖမ်းမှုအောက်တွင် ဆက်တိုက်သေဆုံးနေရသည်။
ဝုန်း
ဝမ်ချောင်က စစ်တပ်ကိုဦးဆောင်ခေါ်သွားမည့် အခိုက်အတန့်တွင် ရုတ်တရက် အနက်ရောင်ပုံရိပ်တစ်ခုက ယမ်းခါသွားပြီး မြင်းပေါ်မှပြုတ်ကျသွားသည်။
ဝမ်ချောင်က အစပိုင်းတွင်မူ သတိမထားမိချေ။ သို့သော် တစ်ချက်ကြည့်ပြီးမှ မျက်နှာဖြူဖျော့ကာ အံ့ဩသွားရသည်။
“ဆရာ”
ဝမ်ချောင်၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ထံ အသားကုန် အပြေးသွားလိုက်သည်။ သူဟာ ခွာဖြူအရိပ်မြင်းပေါ်မှ ခုန်ထွက်လျှက် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ထံသွားသည်။ ထိုအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏မျက်နှာက စက္ကူလိုမျိုး ဖြူဖျော့နေသည်။ သူ၏မျက်နှာက ပုံမှန်ဖြစ်နေသေးသော်လည်း ဝမ်ချောင်ကမူ သူ၏နှုတ်ခမ်းမှ သွေးစက်များကို မြင်နိုင်သည်။ တစ်ဖက်သူက ဝမ်ချောင်မမြင်နိုင်အောင် ညာဘက်လက်ကို အတက်နိုင်ဆုံး ဖုံးကွယ်ထားသေးသော်လည်း ဝမ်ချောင်ကမူ ထိုလက်မှသွေးများ စီးကျနေကြောင်း မြင်လိုက်ရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်က အလန့်တကြားဖြစ်သွားရသလို စိုးရိမ်စိတ်ကြီးသွားရသည်။ သူသည် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို ချက်ချင်းလိုလို ဖမ်းတွဲလိုက်သည်။ ထို့ပြင် မြောက်များလွန်းသော စွမ်းအင်များစွာကိုလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်ထံသို့ ထည့်သွင်းပေးလိုက်သည်။
“ချောင်အာ မထိတ်လန့်နဲ့”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က လက်ကိုယမ်းသည်။ သူက မျက်လုံးကိုမှိတ်ပြီး သူ၏ကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအင်များကို တည်ငြိမ်အောင် ထိန်းသိမ်းလေသည်။
“ဒါက အသေးစားဒဏ်ရာလေးပါ။ ငါတောင့်ခံနိုင်တယ်။ အခုလုပ်ရမဲ့ အရေးအကြီးဆုံးအချက်က ဒီအာရပ်တွေနဲ့ ချွီထေပါးကို သတိထားမိစေလို့မဖြစ်တာပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ပြောလိုက်သည့် အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ဝန်းကျင်တွင် အရှိန်အဝါက ပို၍အစီအစဉ်မကျဖြစ်လာသည်။
သူ၏ဂိုဏ်းအတွင်းရှိ ပူးပေါင်းကြံစည်မှု၊ တပည့်တစ်ယောက်၏ သစ္စာဖောက်မှုများက ဝမ်ချောင်မျှော်လင့်ထားသည်ထက် သူ့အပေါ် အများကြီး သက်ရောက်စေခဲ့သည်။ ဒဏ္ဍာရီ ဝိညာဉ်ပင်လယ်သိုင်းက သူ့ကို သူ၏ခန္ဓာကိုယ်ပေါ်ရှိ မွှေးညှင်းတိုင်းနှင့် အကြောတိုင်းကို ဖြည့်ဆည်းပေးခဲ့သော်လည်း သူ၏အစစ်အမှန် တန်ထျန်းက အရေးမပါတော့၊ မအက်ကွဲနိုင်တော့ဟု မဆိုလိုပေ။
အမှန်တိုင်းဆိုရသော် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ထိုသိုင်းကိုဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သော်လည်း သူ၏တန်ထျန်းကမူ ကွဲကြေသွားခဲ့ပြီးသားဖြစ်သည်။ ထိုသို့ဖြစ်နေခဲ့သည့်တိုင်အောင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ တန်ထျန်း၏ ပျက်စီးနေမှုက သူ့အား ဆက်လက်ပြီး ဒုက္ခပေးနေသေးသည်။
“ဆရာ စကားမပြောနဲ့တော့ ငါဆရာရဲ့ဒဏ်ရာတွေကို ကူညီပြီး ကုသပေးမယ်”
စစ်တပ်တစ်ခု၏ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေသည့်အလျောက် ဝမ်ချောင်သည် အမြဲတစေ တည်ငြိမ်ပြီး အကျိုးအကြောင်းကျကျ တွေးတောနိုင်သည်။ သို့သော် ဒီအခိုက်အတန့်တွင်မူ သူဟာ ဒဏ်ရာရနေသော မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို မြင်လိုက်ရရုံနှင့် သူ၏မျက်နှာတွင် ပထမဦးဆုံး အကြိမ်အနေနှင့် စိုးရိမ်မှုများပေါ်လာသည်။
“ဝမ်ချောင် ငါလုပ်ပါရစေ”
ဝူရှန်းရွာသူကြီးက နောက်တန်းမှ ခုန်ထွက်လာသည်။
“ငါကမင်းဆရာရဲ့ အခြေအနေကို ကောင်းကောင်း နားလည်ပါတယ်။ ပိုဆိုးတာက မင်းမှာ အဲ့ဒီလို စွမ်းအင်မလုံလောက်ဘူး”
အမှန်တိုင်းဆိုရသော် သူဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အခြေအနေကို လူတိုင်းထက်အရင်ဆုံး သတိထားမိခဲ့ခြင်းဖြစ်သည်။ သူတို့ဟာ ဒီတိုက်ပွဲတွင် ချွီထေပါးကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့သည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း အပေါ်ယံတွင် ထင်ရသည်ထက် ဒဏ်ရာပိုပြင်းထန်နေသည်။
မည်သို့ပင်ဆိုစေ ချွီထေပါးက အသက်အရွယ်ချင်း ခွန်အားချင်းယှဉ်သော် သူတို့ထက် အပြတ်အသတ် သာနေသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် မတူသည်မှာ တစ်ဖက်သူ၏ တန်ထျန်းက အကောင်းတိုင်း ရှိနေသည်။
သူသည် ချွီထေပါးနှင့် တိုက်ခိုက်ခဲ့သည့် အခိုက်အတန့်တွင် ဝူရှန်းရွာသူကြီး ကိုယ်တိုင်ကလည်း ထိုအာရပ်စစ်နတ်ဘုရားဟာ ကိုင်တွယ်ရအလွန်ခက်ကြောင်း သိသည်။ တစ်ချိန်ထဲတွင်ပင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဒဏ်ရာရသွားကြောင်း ရှာတွေ့လိုက်သည်။ သို့သော် ပို၍ကြီးလေးသည့် တာဝန်ကြီးကြောင့် သူကထုတ်မပြောနိုင်ခဲ့ချေ။
“ဝမ်ချောင် ချွီထေပါးကို သံသယမဝင်စေနဲ့။ စစ်သားတွေကို ဦးဆောင်ပြီး နောက်ကလိုက်ဖမ်းနေဦး။ သူငါတို့ရဲ့ အားနည်းချက်ကို မြင်စေလို့မရဘူး”
ဝမ်ချောင်က ဘာစကားမှမပြောဘဲ ဖြူဖျော့နေသောမျက်နှာနှင့် ဆရာကိုသာ ကြည့်လိုက်သည်။ သူတို့ ပထမဦးဆုံး တွေ့သောအချိန်ကလွဲပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ယခုလိုဒဏ်ရာရသော အခြေအနေမျိုးကို မမြင်ဖူးသေးချေ။ ရိုးရှင်းစွာဖြင့်ပင် သူဟာ အင်အားကြီးမားလွန်းသော လုဝူကိုပင် အသာအယာ ဖိနှိပ်နိုင်ခဲ့သည်။ ဝမ်ချောင်၏ လောကပေါ် အမြင်တွင် ဆရာဖြစ်သူက ဘယ်သောအခါမှ မရှုံးနိုင်ပေ။
“ချောင်အာ သွား တာဝန်က အရေးအကြီးဆုံးပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ထိုသို့ပြောသည်။ သူဟာ မျက်လုံးကိုမှိတ်ထားသေးသည်။
“ရွာသူကြီး ငါဆရာကို ခင်ဗျားနဲ့ထားခဲ့မယ်”
ဝမ်ချောင်ကအံ့ကိုကြိတ်လိုက်ပြီး သူ၏မြင်းပေါ်သို့ ခုန်တက်ကာ စစ်တပ်ကို ဦးဆောင်လိုက်သည်။
ထိုသို့တောက်လျှောက် လိုက်ဖမ်းကာ သတ်ဖြတ်မှုဟာ ညအချိန်ရောက်သည်အထိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ထို့နောက်မှသာ အဆုံးသတ်သွား၏။ အဆုံးသတ်တွင် ထန်များသည် မြင်းသည်တော်အများကြီးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ဆက်တိုက်လိုက်ဖမ်းခြင်းဟာ စစ်တပ်ကို ဟန်ချက်ပျက်သွားစေနိုင်သည်။ ဒီနည်းအားဖြင့် အာရပ်များကို ပြန်လှည့်ပြီးတိုက်ခိုက်ရန် အခွင့်အရေး ပေးမိသလို ဖြစ်သွားနိုင်သည်။
အရှေ့ဘက်မှ အာရပ်များကို မမြင်ရတော့မှသာ ဝမ်ချောင်က အချက်ပြလွှတ်ပြီး စစ်တပ်ကို တာလာ့သို့ ပြန်ဆုတ်ခိုင်းသည်။
ဘန်း
အနိုင်ရသွားသောကြောင့် တာလာ့၏ မြင့်မားလွန်းသော မြိုရိုးပေါ်တွင် အောင်ပွဲခံသံများနှင့် ပေါက်ကွဲသွားစေသည်။
“ဝမ်းသာစရာပဲ စစ်တပ်ကနိုင်သွားပြီ ငါတို့ရဲ့မဟာထန်က နိုင်သွားတယ်”
ကျန်းရှို့ကျစ်နှင့် သူ၏လက်မှုပညာရှင်များ အားလုံးက စစ်တပ်၏ အနောက်မှလိုက်ကာ တာလာ့သု့ိရောက်ရှိပြီး ဒီမြင့်မားလွန်းသော သံမဏိမြို့ရိုးကြီးများနှင့် အခြားသော ဆောင်ရွက်ရမည့် အရာရာတိုင်းအတွက် ကူညီပေးခဲ့သည်။ သူတို့သည်လည်း မြို့ထဲမှထွက်ပြီး ဝမ်းသာအားရ အောင်ပွဲခံကြသည်။ သူတို့၏ တစ်ဖက်တွင် ရေကြည်ရာမြက်နုရာ ရှာသောလူများ၊ လိုက်ပါလာကြသည်။
ထိုလူများသည် အစပိုင်းတွင်မူ ထင်သလောက် ဆုံးဖြတ်ချက် မပြတ်သားခဲ့ကြပေ။ သို့သော် ယခုလို အနိုင်ရသွားသော စစ်တပ်ကို မြင်ရပြီး သိပ်သည်းလွန်းသော ကြေးစားစစ်သားများကို မြင်ရသည့် အခိုက်အတန့်တွင် ကျယ်လောင်စွာ အော်ဟစ်အားပေးနိုင်လေသည်။
မဟာထန်က နိုင်သွားတယ်။
ထိုစစ်သားများသည် တိဗက် အနောက်ပိုင်း တူရကီနှင့် အာရပ်များကို အရေအတွက် အပြတ်အသတ် နည်းပါးနေသော အခိုက်အတန့်တွင်ပင် အနိုင်အရယူနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်က စစ်သည်ငါးသိန်း ကျော်နေခဲ့သည်။ ဒါဟာ မည်သည့်အချိန်တွင်မှ ဖြစ်နိုင်မည်မဟုတ်လောက်သော အခိုက်အတန့်မျိုးဖြစ်သည်။
သူတို့သည်လည်း ဒီမုန်တိုင်းတွင် ကြံကြံခံ ရပ်တည်နိုင်ခဲ့သည်။
ဝမ်ချောင်က အောင်ပွဲခံနေသော လူတိုင်းကို တစ်ချက်ကြည့်သည်။
သို့သော် သူကမူ ပျော်ရွှင်နေသော အမူအရာမျိုး ရှိမနေဘဲ မြို့အတွင်းသို့သာ မြင်းစီးပြီးဝင်သွားလေသည်။
အခန်း(၁၁၁၃)
ဟူး
မိစ္ဆာဧကရာဇ် လူအိုကြီးမန်သည် အိပ်ယာပေါ်တွင် တင်ပြင်ခွေထိုင်နေသည်။ သူ၏ခေါင်းထိပ်မှ စန်းရေကန် တစ်ခုလိုမျိုး သိပ်သည်းလွန်းသော စွမ်းအင်စီးကြောင်းများက ဆက်တိုက်ထိုးထွက်နေသည်။ အချိန်တစ်ခုကြာပြီးနောက် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ဟာ နောက်ဆုံးတွင် မျက်လုံးကိုဖွင့်လာသည်။ သူဟာ သက်ပြင်းရှည်ကြီးကိုချသည်။ သူ၏ဖြူဖျော့နေသော မျက်နှာတွင် သွေးရောင်က အတန်ငယ် ပြန်ပေါ်လာပြီဖြစ်သည်။
သူ၏အနားတွင် ကောင်းရှန်းကျစ်၊ ဝမ်ချောင်၊ ချန်းချန့်လီနှင့် ဝမ်ရန်တို့အားလုံးက စောင့်ကြည့်နေကြသည်။ သူတို့အားလုံးက မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကိုသာ အနီးကပ်စိုက်ကြည့်နေကြလေသည်။ ဒီမြင်ကွင်းကို မြင်သောအခါမှသာ အားလုံးက စိတ်အေးသွားသလို သက်ပြင်းချနိုင်ကြသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်သည် ဒီစခန်းတစ်ခုလုံးတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သည်။ သူကသာ ချွီထေပါးကို လက်ရည်တူ တိုက်ခိုက်နိုင်သည်။ သူကသာ တစ်စုံတစ်ရာကို ဖြစ်သွားခဲ့သော် အကျိုးဆက်ကို သူတို့ မမျှော်လင့်ရဲချေ။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ကျင့်ကြံခြင်းပြီးဆုံးသွားကြောင်း မြင်သောအခါ ဝမ်ချောင်က ချက်ချင်းလိုလို ရှေ့တက်ပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“ဆရာ ဘယ်လိုနေလဲ”
“ငါအခုတော့ အဆင်ပြေပြီ”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ခေါင်းကိုအသာခါပြီး အိပ်ယာပေါ်မှထသည်။ ဝမ်ချောင်က ဆရာဖြစ်သူကို ဂရုစိုက်စစ်ဆေးကြည့်ပြီး အနည်းငယ် အစီအစဉ်မကျဖြစ်နေသော အရှိန်အဝါကို အာရုံခံမိလိုက်သည်။ သို့သော် ထိုအရှိန်အဝါဟာ အစပိုင်းကလောက် မပြင်းထန်တော့ချေ။ သို့သော် သူ၏မျက်ဝန်းထဲတွင် စိုးရိမ်မှုက ရှိနေသေးသည်။ သိသာစွာပင် ဆရာဖြစ်သူ၏ အခြေအနေဟာ တစ်ဖက်သူပြောသလောက် ကောင်းမွန်မနေပါချေ။
ဝမ်ချောင်ကခေါင်းကိုလှည့်ပြီး အခြားသောသူများကို ပြောလိုက်သည်။
“အရှင်ကောင်း ဗိုလ်ချုပ်ချန်း ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာက အဆင်ပြေသွားပြီ။ ဒီတော့ အားလုံးပဲ အနားယူကြပါတော့။ ဒါ့အပြင် ငါကဆရာနဲ့ ကိစ္စအချို့ ဆွေးနွေးချင်သေးလု့ိပါ”
“အွန်း ရတယ်။ ဒါကတကယ်ကို အန္တရာယ်များတဲ့ တိုက်ပွဲပါ။ ဗိုလ်ချုပ်လီကြောင့်သာမဟုတ်ရင် အခြေအနေက ဘယ်လိုဖြစ်သွားမလဲ မသိနိုင်ဘူး။ ပိုဆိုးတာက လူတိုင်းကလည်း အင်အားတွေကုန်ပြီး ကြယ်တာရာစွမ်းအင်တွေ ဆုံးရှုံးထားတာပဲ။ ဒီတော့ အားလုံးပဲပြန်ပြီး အနားယူသင့်ပြီ”
ကောင်းရှန်းကျစ်က အသိပြန်ဝင်သွားပြီး ခေါင်းညိမ့်လိုက်သည်။ သူက လူတိုင်းကို ဟန်အမူအရာပြရင်း အတူထွက်သွားလိုက်ကြသည်။
သိပ်မကြာခင် အခန်းထဲတွင် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့သာ ကျန်ရစ်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဝူရှန်းရွာသူကြီးကို သိကျွမ်းသည်မှာ မကြာသေးသော်လည်း ထိုနှစ်ယောက်ဟာ မဟာတာအိုကို အတူတကွ နားလည်ဆင်ခြင်ထားဖူးသဖြင့် မိတ်ဆွေကောင်းများ ဖြစ်နေလေသည်။
“ဆရာ ဒီတစ်ကြိမ်က အဲ့ဒီလောက်ထိ လေးနက်တာလား”
ဝမ်ချောင်က စိုးရိမ်တကြီးမေးမြန်းသည်။ အခန်းအတွင်းတွင် အပြင်လူမရှိတော့ချေ။ ထို့ကြောင့် ဝမ်ချောင်ကလည်း သဘာဝအလျောက် ဒီမေးခွန်းကို ရှောင်ရှားရန် မလိုအပ်တော့ချေ။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှသာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ခေါင်းညိမ့်လာသည်။
“ဒီတစ်ကြိမ်က အရမ်းပြင်းထန်နေတာမဟုတ်ဘဲ အမြဲတမ်း ဒီလိုဖြစ်နေခဲ့တာပဲ။ တန်ထျန်းအတွင်းမှာ အကြီးမားဆုံး စွမ်းအင်အမှတ် မရှိတော့တဲ့အခါ ငါကသိမ်မွေ့နယ်မြေ အစွန်းနားကို ရောက်နေတဲ့ လူတစ်ယောက်နဲ့ အကြာကြီးမတိုက်ခိုက်နိုင်ဘူး”
“တန်ထျန်းကို ပြင်ဆင်နိုင်မဲ့နည်းလမ်း မရှိတော့ဘူးလား”
ဝမ်ချောင်က ဆက်မေးသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဝူရှန်းရွာသူကြီးကိုကြည့်သည်။ နှစ်ယောက်လုံးက ခေါင်းကိုခါကြသည်။
ဝူရှန်းရွာသူကြီးက မိစ္ဆာဧကရာဇ် လူအိုကြီးမန်ထက် အရင်ပြောလာသည်။
“အမှန်တိုင်းပြောရရင် ငါမင်းရဲ့ဆရာကို အဖော်ပြုပြီး တိဗက်တောင်ပေါ်ကို သွားခဲ့ပြီး အဲ့ဒီတိဗက်တွေကို အနိုင်ယူခဲ့တဲ့အချိန်မှာ မင်းဆရာနဲ့ငါက စာအုပ်တွေ၊ ကျမ်းစာတွေအများကြီးကို လေ့လာဖြစ်ခဲ့တယ်။ ဝူရှန်းရွာက လောကနဲ့ ခွဲထွက်နေပေမဲ့လည်း အပြင်လောကမှာ မရှာနိုင်တဲ့ စာအုပ်တွေတော့ အများကြီးရှိတယ်။ အစ်ကိုဝမ်ဖူနဲ့ငါက ဒီစာအုပ်တွေအားလုံးကိုဖတ်ပြီး မွှေနှောက်ရှာခဲ့ပြီးပြီ။ ဒါပေမဲ့ ဒီအကြောင်းအရာကိုတော့ ရှာမတွေ့ခဲ့ဘူး”
“တန်ထျန်းက လူသားရဲ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေရဲ့ မူလပဲ။ တန်ထျန်း အက်ကွဲသွားခဲ့ရင် အဲ့ဒီလူက ကျင့်ကြံနိုင်တော့မှာတောင် မဟုတ်ဘူး။ အစ်ကိုဝမ်ဖူအနေနဲ့ ဒီလိုအထွတ်အထိပ်ကို ပြန်ရောက်လာတာကတင် တော်တော်လေး အံ့ဩဖို့ကောင်းနေပြီ။ ဒီအဘိုးကြီးက သေဆုံးခါနီးထိ ရှင်သန်နေပြီးပါပြီ။ ဒါပေမဲ့ ဒီအဘိုးကြီးရဲ့မျက်လုံးနဲ့ ကိုယ်တိုင်သာမမြင်ရရင် ယုံနိုင်မှာတောင် မဟုတ်ဘူး”
ဝမ်ချောင်က တစ်ချက်ကြည့်လိုက်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က တိတ်နေကြောင်းမြင်သောကြောင့် ဒီစကားများကိုလက်ခံကြောင်း သိလိုက်သည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်ကရေရွတ်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ကျင့်ကြံခြင်းအဆင့်နှင့် လုပ်နိုင်စွမ်းအားတို့နှင့်ပတ်သတ်ပြီး ဝမ်ချောင်ထက် မည်သူကမှ ပို၍မရှင်းလင်းနိုင်ချေ။ ဂိုဏ်းပေါင်းများစွာကို ကျော်ဖြတ်ပြီး သို့မဟုတ် တစ်လောကလုံးတွင်ပင် သူ၏ဆရာဖြစ်သူဟာ ပြိုင်ဘက်ကင်းတည်ရှိမှုမျိုးဖြစ်သည်။ သူက ထိုပြဿနာကို ဘာမှမလုပ်နိုင်လျှင်ပင် တန်ထျန်းကို ပြင်ဆင်နိုင်မည့် နည်းလမ်းမရှာနိုင်စရာ အကြောင်းမရှိပေ။
“ချောင်အာ မင်းဒီလောက်ထိ စိုးရိမ်မနေနဲ့တော့။ မင်းရဲ့ဆရာက အချိန်အကြာကြီး အသက်ရှင်ပြီးပြီ။ ဒါကြောင့် နောင်တလည်းမရှိပါဘူး။ မင်းရဲ့ဆရာက ချွီထေပါးကိုပဲ ပိုပြီးစိုးရိမ်တယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပြောသည်။
“မင်းရဲ့ဆရာနဲ့ ရွာသူကြီးက သူ့ကိုဒီတစ်ကြိမ် မောင်းထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူဟာငါတို့ထက် အများကြီး ငယ်ရွယ်နေတယ်။ ဒါကြောင့် သူက ဒဏ်ရာတွေကနေ သက်သာသွားတဲ့အခါ ပြန်လာလိမ့်မယ်။ ရွာသူကြီးနဲ့ငါက သူ့ကိုယာယီအားဖြင့် တားနိုင်သေးတယ်။ ဒါပေမဲ့ ရေရှည်အနေနဲ့ မဖြစ်နိုင်ဘူး။ ငါပဲဖြစ်ဖြစ် ရွာသူကြီးပဲဖြစ်ဖြစ် ဒီတာဝန်က တအားခက်နေတယ်”
ဝမ်ချောင်က ဘာစကားမှမဆိုတော့ချေ။ သူ၏နဖူးတွင်လည်း စိုးရိမ်မှုများကြောင့် အနက်ရောင်တိမ်စိုင်က စုစည်းလာနေပြီဖြစ်သည်။
ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က ထန်ဘက်မှ အင်အားအကြီးဆုံး ပုဂ္ဂိုလ်နှစ်ယောက်ဖြစ်သည်။ သူတို့ကပင် ချွီထေပါးကို မကိုင်တွယ်နိုင်လျှင် မည်သူကမှ မကိုင်တွယ်နိုင်တော့ချေ။ ပို၍ဆိုးသည်မှာ ဆရာဖြစ်သူ၏ တန်ထျန်းက ကွဲအက်နေသည်။ ဝူရှန်းရွာသူကြီးက နှစ်ကိုးဆယ်ကျော် ရှင်သန်ပြီးလေပြီ။ ချွီထေပါးက အဘက်ဘက်တွင် သူတို့ထက် သာနေသည်။ ထိုအချက်ကြောင့်လည်း ဝမ်ချောင်က မည်သည့်အရာကိုမှ ပြောင်းလဲအောင် မလုပ်နိုင်ခြင်းဖြစ်သည်။
“ဆရာ အရင်နားလိုက်ပါဦး။ ချွီထေပါးကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုအနိုင်အရယူဖို့ ငါနည်းလမ်းရှာပါ့မယ်”
ထိုစကားများနှင့်အတူ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့က အကြည့်ချင်းဖလှယ်လိုက်ပြီး ရယ်လိုက်သည်။
“ဟား ဟား ငါဒီကိစ္စကို မင်းရဲ့ဆရာနဲ့ ဆွေးနွေးပြီးပြီ။ ငါတို့မင်းကိုပဲ မှီခိုရတော့မှာ အမှန်ပဲ”
ဝူရှန်းရွာသူကြီးကရယ်သည်။ သူက မုတ်ဆိတ်မွှေးကို ပွတ်သပ်နေသည်။
“မှန်တယ်ချောင်အာ ဒါကလည်း မင်းဆရာရဲ့ထင်မြင်ချက်ပဲ။ မင်းရဲ့ပါရမီ နားလည်နိုင်စွမ်းအားနဲ့ စွမ်းရည်တွေအားလုံးက မင်းဆရာ တစ်ဘဝလုံးမြင်ဖူးသမျှမှာ အရှားပါးဆုံးပဲ။ မင်းက ဒီလောက်မြန်မြန် သူတော်စင်သိုင်းနယ်မြေကို တက်လှမ်းနိုင်တာကတင် မင်းရဲ့လုပ်နိုင်စွမ်းရည်ကို ဖော်ပြနေပြီ”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဖျော့တော့စွာ ပြုံးသည်။
“???”
ဝမ်ချောင်က ပြုံးရယ်နေသော ဆရာဖြစ်သူနှင့် ဝူရှန်းရွာသူကြီးတို့ကို အံ့အားတကြီး စိုက်ကြည့်လိုက်သည်။ သူတို့ပြောနေသော စကားများကို သူလိုက်မမှီတော့ချေ။
“ဒါပေမဲ့ဆရာ ငါကရာမဝင်္ကပါကို သုံးမယ်ဆိုရင်တောင်မှ မဟာဗိုလ်ချုပ်ကြီးအဆင့်ကို အမှန်တကယ် မရောက်နိုင်သေးဘူး။ နောက်ပြီး ချွီထေပါးက သိမ်မွေ့နယ်မြေကိုတောင် ရောက်လုနီးပါးဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်လေ။ ငါ့ရဲ့လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ငါကဘယ်လိုများ ချွီထေပါးကို ယှဉ်နိုင်မှာလဲ”
ဝမ်ချောင်ကပြောသည်။
သူ၏ဆရာနှင့် ဝူရှန်းရွာသူကြီးတို့၏ စကားများက မမျှော်လင့်ထားစွာ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ချွီထေပါးနှင့် ကောင်းကောင်းမွန်မွန် တိုက်ခိုက်ဖူးခြင်း မရှိသည့်တိုင်အောင် တစ်ဖက်သူ၏ အကြောင်းအရာကို ကောင်းကောင်းနားလည်သည်။
“လက်ရှိမင်းကတော့ သေချာပေါက် မလုပ်နိုင်ဘူးပေါ့”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကရယ်သည်။ သူ၏အကြည့်က နက်နဲသွားသည်။
“ဒီတော့မင်းက မင်းဆရာ အခုကစပြီး ပြောမဲ့စကားတွေကို ဂရုတစိုက် နားထောင်ရမယ်။ ရွာသူကြီး ဒီဆရာနဲ့ တပည့်ကိုပဲ အချိန်ခဏပေးပါဦး။ ဒါပေမဲ့ ငါမင်းကိုအချိန်ခဏတော့ ဆွဲထားရမယ်။ မင်းငါတို့ကို အပြင်မှာစောင့်ကြပ်ပေးပါဦး”
“ဟား ဟား အစ်ကိုဝမ်ဖူ မင်းကယဉ်ကျေးနေပြန်ပြီ”
ရွာသူကြီးက ထိုသို့ပြောပြီး အပြင်သို့ထွက်သွားသည်။
မှင်သက်နေသော ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကိုကြည့်သည်။ ထို့နောက် ရုတ်တရက် နားလည်သွားပြီး စကားဆက်မဆိုတော့ချေ။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း ဝမ်ချောင်ဟာ သူပြောလိုသည့် ဆိုလိုရင်းကို အမှန်တကယ် နားလည်ကြောင်း သိလိုက်သဖြင့် ခေါင်းကိုသာ ညိမ့်လိုက်မိသည်။ ဝမ်ချောင်က ဖော်ပြရန်ခက်ခဲလောက်သော နားလည်နိုင်စွမ်းရည်နှင့် အကျိုးအကြောင်း စဉ်းစားနိုင်သည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည်။ ဒါဟာလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို အမှန်တကယ် ကျေနပ်စေသည့် အချက်များထဲမှ တစ်ချက်ဖြစ်သည်။
“ချောင်အာ မင်းနဲ့ရှောင်ယောင်က ငါ့ရဲ့နောက်ဆုံး တပည့်နှစ်ယောက်ဖြစ်သလို ငါ့မှာရှိတဲ့ တပည့်နှစ်ယောက်လည်းဖြစ်တယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပြောသည်။
“ရှောင်ယောင်က ပေါ့ပေါ့ဆဆနေတတ်တယ်။ ဒါကြောင့် မင်းရဲ့ဆရာကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး မတက်နိုင်ဘူး။ ဒီတော့ မင်းဆရာရဲ့ အမွေအနှစ်ကို အမှန်တကယ် ဆက်ခံနိုင်တာက မင်းပဲရှိတယ်။ မင်းရဲ့ဆရာက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို မင်းကိုပေးပြီးပြီ။ အခုမင်းရဲ့ဆရာက ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို ပြန်လွှဲပေးမယ်။ ဒါကမင်းဆရာရဲ့ တာလာ့ကို လိုက်လာရတဲ့ အခြားအကြောင်းပြချက် တစ်ခုပဲ”
ဝမ်ချောင်၏မျက်ဝန်းအတွင်း ကျေးဇူးတင်စိတ်က ဖြတ်ပြေးသွားသည်။
သူ၏ဆရာဖြစ်သူသည် သူ့ကို တက်စွမ်းသမျှကူညီပေးပြီး သိထားသမျှ အရာအားလုံး သင်ထားပေးခဲ့သည်။ သူ၏ကိုယ်ပိုင်မိသားစုဝင်များကလွဲပြီး မည်သူကမှ သူ့ကို ထိုသို့ ကောင်းမွန်စွာ မဆက်ဆံခဲ့ဖူးချေ။ ဝမ်ချောင်၏ နှလုံးသားထဲတွင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ဟာ သူ၏ဆွေမျိုး ဖြစ်နှင့်နေပြီ။
ထိုအတွေးများက တခဏသာကြာသည်။ ထို့နောက် သူက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထိန်းလိုက်သည်။
“ဒါပေမဲ့ဆရာ ဆရာပြောတော့ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနဲ့ သွေဖယ်နေလို့ မကျင့်ကြံနိုင်ဘူးလို့ ပြောထားတာမဟုတ်လား”
ဝမ်ချောင်က စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီး အကျိုးအကြောင်းကျကျ မေးလိုက်သည်။
“ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းက ဖျက်ဆီးပြီးမှ ပြန်လည်ဖန်တီးရတာ ဒါကြောင့် ကျင့်ကြံဖို့ လိုအပ်ချက်က တအားကို ကြာရှည်လိမ့်မယ်။ တာလာ့ရဲ့ဖြစ်စဉ်ကြောင့် ဆရာ့တပည့်အနေနဲ့ ဒီလိုအခြေအနေမျိုးမှာ အစကစပြီး ကျင့်ကြံလို့မဖြစ်နိုင်ပါဘူး”
ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းသည် လူတစ်ယောက်၏ သွေးကြောများအားလုံးကို တန်ထျန်းအတွင်းသို့ စီးဝင်စေလျှက် အခြားသော သိထားပြီးသမျှသိုင်းများ အားလုံးနှင့် သွေဖယ်နေသော နည်းလမ်းမျိုးကိုသုံးကာ ကျင့်ကြံရသည်။ ထိုအတွက်ကြောင့်လည်း အခြားသော သိုင်းပညာရှင်များက မကျင့်နိုင်ကြခြင်းဖြစ်သည်။
“ဟား ဟား အဲ့ဒါကအရင်က အခုက မတူတော့ဘူး။ အတိတ်က ဒီအခြေအနေကတော့ သေချာပေါက် မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ မင်းရဲ့ဆရာက မင်းကို ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းလောက်ကိုပဲ သင်ပေးမှာမဟုတ်ပဲ တာအိုစွမ်းအင်ရဲ့ မူလဇစ်မြစ်ကျတဲ့ အပိုင်းကိုပါ သင်ပေးသွားအုံးမှာ”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ရယ်လိုက်သည်။
“တာအိုစွမ်းအင်လား”
ဝမ်ချောင်က မျက်ခုံးကိုပင့်လိုက်ပြီး အံ့အားတကြီး ကြည့်လိုက်သည်။ ထိုစကားလုံးများက သူမျှော်လင့်ထားသည်နှင့် ခြားနားနေသည်။
“ဘယ်သိုင်းလှုပ်ရှားမှုကမဆို ပုံသေတစ်ခု ရှိနေရုံပဲ။ နိယာမကို နားလည်ပြီး အခြေခံတွေကို သိထားတာနဲ့ ဒီလှုပ်ရှားမှုကို ထိတွေ့နိုင်လိမ့်မယ်။ တစ်စုံတစ်ယောက်က ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ကျင့်ကြံခြင်းအဆင့်ရဲ့ အကန့်အသတ်ကိုရောက်အောင် ကျင့်ကြံသွားနိုင်လိုက်တာနဲ့ စောင့်ထိန်းရမဲ့ အရာတွေ မရှိနိုင်တော့ဘူး။ ဒါက ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်း အတွက်လည်း အကျုံးဝင်တယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က သူ၏မုန်ဆိတ်ကို ပွတ်သပ်နေပြီး ပြုံးရယ်ကာ သိုင်းသီအိုရီများ ဖြစ်စဉ်နှင့် ခြားနားလွန်းသော ကျယ်ပြောသည့် စည်းမျဉ်းများအကြောင်းကို ရှင်းပြလိုက်သည်။
ဝမ်ချောင်က အစပိုင်းတွင်မူ ကြောင်အသွားသည်။ ထို့နောက် တစ်စုံတစ်ရာကို နားလည်သွားပုံပေါ်ပြီး စတင်ကာ တွေးတောသည်။
“ချောင်အာ အခု မင်းရဲ့ဆရာကမင်းကို ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်း တစ်ခုလုံးရဲ့ မန်ထရာကိုပေးမယ်။ ဂရုတစိုက်နားထောင် ချီကချီနဲ့ ချိတ်ဆက်နေတယ်။ ဒဏ္ဍာရီဆန်တဲ့အရာတွေက အချင်းချင်း ပူးပေါင်းပြီး အတူတကွ တည်ရှိနေလို့ ဆွဲဆောင်နိုင်တယ်”
...
အချိန်ကတိုသည်။ ထို့ကြောင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်း၏ မန်ထရာတစ်ပုဒ်လုံးကို ချက်ချင်းလိုလို ရွတ်ပြလိုက်သည်။ ဝမ်ချောင်က ဆရာဖြစ်သူက သင်ကြားပေးနေသည့် အခိုက်အတန့်တွင် သတိလက်လွတ် မနေရဲချေ။ သူ၏စိတ်တစ်ခုလုံးကို အာရုံစိုက်လျှက် ဂရုတစိုက် နားထောင်နေလေသည်။ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းသည် စကားလုံး တစ်သောင်းကျော်ပြီး ပါဝင်သော အကြောင်းအရာများက အလွန်အမင်း နက်နဲလွန်းနေသည်။
“ချောင်အာ မှတ်ထား”
သူ၏နားအတွင်း အိုမင်းသော အသံတစ်သံ ထွက်လာသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ပုခုံးကိုအသာပုတ်သည်။
“အခု ငါကမင်းကို တာအိုရဲ့အစစ်အမှန် စွမ်းအင်ကိုပြောပြမယ်”
ဘန်း
တစ်စက္ကန့်ခန့်ကြာပြီးနောက် ဝမ်ချောင်၏ ဝိညာဉ်အတွင်း ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ခပ်ကြမ်းကြမ်း လှုပ်နှိုးခံလိုက်ရသည်။ သူက မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ နောက်သို့လိုက်ပြီး လျို့ဝှက်ဆန်းကြယ်လွန်းသော မည်သည့်အခါကမှ မထိတွေ့ဖူးသည့် လောကအတွင်းသို့ ရောက်ရှိသွားသည်။
“ချောင်အာ မျက်လုံးကိုဖွင့် ဂရုတစိုက်ကြည့်။ ဒါက အစစ်အမှန် စွမ်းအင်ရဲ့မျက်နှာပဲ။ စွမ်းအင်ရဲ့ အဆီအနှစ်ကို အမှန်တကယ် နားလည်ထားတဲ့လူကပဲ သိမ်မွေ့နယ်မြေကို လှမ်းထိနိုင်တယ်”
မဟာဗိုလ်ချုပ်ကြီးအဆင့်ဟာ သိုင်းပညာလမ်းကြောင်း၏ ထိပ်ဆုံးအဆင့်ဖြစ်ကြောင်း လူတိုင်းသိသည်။ သို့သော် လူအနည်းစုကသာ ထိုအဆင့်ကိုကျော်လွန်ပြီးလျှင် ပို၍နက်နဲကာ သိမ်မွေ့လွန်းသည့် နယ်မြေရှိနေကြောင်း နားလည်ပေလိမ့်မည်။
ကောင်းရှန်းကျစ်နှင့် တုဝူစစ်လီကဲ့သို့ အင်အားကြီးမားသော လူများရှိနေသည့်တိုင်အောင် သူတို့ကလည်း သိမ်မွေ့နယ်မြေအကြောင်း မသိကြသေးချေ။ ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က တစ်ဘဝလုံးသုံးပြီး သိုင်းပညာလမ်းကြောင်းကို မရှာဖွေခဲ့လျှင် ထိုနယ်မြေကို ရှာတွေ့လိမ့်မည်မဟုတ်ချေ။
ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို လက်ဆင့်ကမ်းပေးခြင်းနှင့် သူနားလည်ထားသမျှ တိုင်းတာရခက်ခဲသော သိမ်မွေ့နယ်မြေအကြောင်း ဆက်တိုက် ပြောပြခြင်းက မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အစစ်အမှန် ပန်းတိုင်ဖြစ်သည်။
ဝမ်ချောင်ကလည်း ကံကောင်းလွန်းသလို ခံစားရသည်။ သူက အခြားသော အတွေးတိုင်းကို ဘေးဖယ်ထားပြီး သူ၏ပတ်ဝန်းကျင်ရှိ လောကကိုသာ အာရုံအပြည့်စိုက်လျှက် အာရုံခံနေလိုက်သည်။
အခန်း(၁၁၁၄)
လောကရဲ့စွမ်းအင်
ဝမ်ချောင်၏ ပတ်ပတ်လည်တွင် လေပြင်းက ဆောင့်တိုက်လာပြီး အဆုံးအစမဲ့သည့် အလင်းများက ထိုးထွက်လာသည်။ ဒါဟာ ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ် ထိုမျှအထိမခံဖြစ်ပြီး နက်နဲလွန်းသော နယ်မြေကို ထိတွေ့မိခြင်းဖြစ်သည်။ သူဟာ ကောင်းကင်၏ နေရာတိုင်းတွင် ပြည့်နှက်နေသော အမျိုးမျိုးသော ရောင်စဉ်အလင်းတန်း အစက်ပေါင်းများစွာကို မြင်လိုက်ရသည်။
ဒါက လောကရဲ့စွမ်းအင်အား
ဝမ်ချောင်က ပတ်ဝန်းကျင်ကိုကြည့်ရင်း စိတ်ထဲတွင် တွေးမိသွားသည်။
“ဟုတ်တယ်”
လေဟာနယ်အတွင်းမှ ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။ ဒါဟာ ဆရာဖြစ်သူ၏ အသံဖြစ်သည်။
“လောကက မတူကွဲပြားတဲ့ စွမ်းအင်သောင်းကျော်ကို သယ်ဆောင်ထားတယ်။ ကြယ်တာရာစွမ်းအင်က အမျိုးအစား တစ်ခုသီးသန့်ပဲ။ ဒါမှမဟုတ် အမျိုးအစား အများကြီး ကွဲသွားတာလို့ ပြောလို့ရနိုင်တယ်။ သိုင်းတွေက ခြားနားတယ်။ စွမ်းအင်ကလည်း ခြားနားတယ်ဆိုရင် ဝိသေသလက္ခဏာတွေကလည်း ခြားနားနေမှာပေါ့။ ငါတို့က ဒီလောကကြီးရဲ့ စွမ်းအားတွေကို ကိုယ်အတွင်းကို ဆွဲသွင်းပြီးမှ အသုံးပြုနိုင်တယ်။ ဒါကြောင့်ပဲ သိုင်းပညာလမ်းကြောင်း ကျင့်ကြံခြင်းဆိုတာက ဖြစ်လာတာပဲ”
“ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ဒီတပည့်က နားလည်ပါပြီ”
ဝမ်ချောင်က ချက်ချင်းဆိုသလို နားလည်သွားသည်။
မတူသော လောကများကို ကျော်ဖြတ်ပြီးသည့် ဝိညာဉ်တစ်ခုအနေနှင့် ဝမ်ချောင်သည် မိစ္ဆာဧကရာဇ် လူအိုကြီးထက် အချို့သော အခြေခံအချက်များကို အကင်းပါးပါး နားလည်ထားပြီးသားဖြစ်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဝမ်ချောင်ကို အနည်းငယ် ထောက်ပြလိုက်ရုံနှင့် သူက အားလုံးကို နားလည်သွားသည်။
“ဟား ဟား ချောင်အာ မင်းကတကယ်ကို မယုံနိုင်စရာတဲ့ နားလည်နိုင်တဲ့စွမ်းအင်ကို ပိုင်ဆိုင်ထားတာပဲ။ မင်းရဲ့ဆရာနဲ့ ရွာသူကြီးတို့က အချိန်အတန်ကြာ ကြိုးစားပြီးမှ ဒီအချက်ကိုနားလည်ခဲ့တာ။ ငါအစကတော့ မင်းအချိန်အများကြီး လိုအပ်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ မမျှော်လင့်ထားဘဲ မင်းကချက်ချင်း ထောက်ပြလိုက်နိုင်တယ်”
မိစ္ဆာဧကရာဇ်လူအိုကြီးမန်က သဘောကျသော မျက်နှာထားမျိုးဖြစ်သွားသည်။ သူ၏ကျောင်းသားက ဆရာဖြစ်သူကို ကျော်နေသည်။ ထိုမျှထူးချွန်လွန်းသော တပည့်က အလားအလာ အများကြီး ရှိနေလေရာ သူ့တွင်နောင်တရစရာ မရှိလောက်တော့ချေ။
“ချောင်အာ ဂရုတစိုက် အာရုံခံကြည့်။ မင်းဘာကို အာရုံခံမိလဲ။ ခြားနားတဲ့အရောင်တွေက ခြားနားတဲ့ ဝိသေသလက္ခဏာတွေကို သယ်ဆောင်ထားတယ်။ ခြားနားတဲ့အရောင်တွေမှာ ခြားနားတဲ့အဆင့်တွေ ရှိသေးတယ်။ အချို့က ဒီအတိုင်း မှိတ်တုပ်မှိတ်တုပ် လင်းလက်နေတဲ့ စွမ်းအင်စီးကြောင်းတွေဆိုရင် အခြားတွေကတော့ ခပ်ကြမ်းကြမ်းစီးဆင်းနေတဲ့ မြစ်တွေလိုပဲ။ သိုင်းပညာရှင်တွေလိုပေါ့။ ငါတို့က ဒီမြစ်ထဲက စွမ်းအင်တွေကို စုပ်ယူပြီး ငါတို့ရဲ့ခန္ဓာကိုယ်ကို အင်အားကြီးအောင် လုပ်နေရတာ”
“ဟုတ်တယ် မင်းဒီလိုလုပ်လိုက်မယ်ဆိုရင် မင်းရဲ့ကျင့်ကြံခြင်းအဆင့်က မမြင့်လာရင်တောင်မှ မင်းရဲ့ခွန်အားကတော့ အနည်းနဲ့အများ ပြောင်းလဲသွားဦးမှာပဲ။ အဲ့ဒီအခါ မင်းက မင်းရဲ့ကျင့်ကြံခြင်း အဆင့်ထက် ပိုမြင့်တဲ့ တိုက်ခိုက်နိုင်စွမ်းရည်ကို ထုတ်ပြလာနိုင်လိမ့်မယ်။ မင်းက ဒီအဆင့်ကို ရောက်သွားပြီးတဲ့အခါ မဟာဗိုလ်ချုပ်အဆင့် မရောက်သေးရင်တောင်မှ ဘာဖြစ်လဲ”
ဝုန်း
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ စကားများက ဝမ်ချောင်၏ မျက်လုံးအကြည့်ကို ပြောင်းလဲသွားစေသည်။ တစ်လောကလုံးက အများကြီး ထင်ရှားတောက်ပလာပြီး မျက်စိကြိမ်မတက် ဖြစ်လာသည်။ လောကရှိ စွမ်းအင်အလင်းစက် တစ်ခုချင်းစီတိုင်းက ခြားနားသောအရောင် စွမ်းအင်နှုန်းကို သယ်ဆောင်ထားကြသည်။ ဝမ်ချောင်က အာရုံစိုက်လိုက်သည်နှင့်အမျှ ဒီလောကကြီး တစ်ခုလုံးက ပို၍သာ သိသာထင်ရှားပြီး အနုစိတ်လာသည်။ သူဟာ ထူလွန်းသောဖန်သားကို ဖောက်ကြည့်နေရသလို ဖြစ်သွားသည်။
ဝမ်ချောင်သည်လည်း ဆရာဖြစ်သူက သူ၏ စွမ်းအားကြီးမားသော ကျင့်ကြံခြင်းအဆင့်ကိုသုံးပြီး သူ၏လောကပေါ် ရှု့မြင်ပုံအား ဝမ်ချောင်၏မျက်လုံးအတွင်းသို့ တိုက်ရိုက်မြင်ယောင်နိုင်ရန် ထုတ်ပြနေခြင်းဖြစ်ကြောင်း သိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူတို့၏စိတ်က ချိတ်ဆက်နေသည်။ ထိုအတွက်ကြောင့် ဝမ်ချောင်ကလည်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်မြင်နိုင်သည့် အရာအားလုံးကို မြင်နိုင်နေခြင်းဖြစ်သည်။
ဝမ်ချောင်သည် ထိုကဲ့သို့သော အရာများကို တွေ့ကြုံခဲ့ဖူးသည်။ သူဟာ ဒီအခွင့်အရေးကို ပို၍ပင် တန်ဖိုးထားသေးသည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် မျက်လုံးကိုဖွင့်ကာ ဒီလောက၏ စွမ်းအင်များအတွင်းသို့ ခန္ဓာကိုယ်ကို ပစ်သွင်းလိုက်သည်။
အသိစိတ် လောကအတွင်းတွင် စွမ်းအင်များလည်းရှိသည်။ ခန္ဓာကိုယ်က အမှန်တကယ် မတည်ရှိသလို အခြားသော ခိုင်မာသည့် ရုပ်ဝတ္ထုပစ္စည်းများနှင့် မတည်ရှိပေ။
ဝမ်ချောင်က သူ၏စိတ်ကို ခပ်ကြမ်းကြမ်း ဖြန့်ကျက်လိုက်ပြီးနောက် ပို၍နားလည်လာသည်။ တစ်လောကလုံးတွင် ရှာတွေ့ရသမျှ ထိုစွမ်းအား အားလုံးကို သူကဂရုတစိုက် အာရုံခံမိသွားသောအခါ အချို့သော တောက်ပသည့် အရောင်စွမ်းအားလုံးများက မီးတောက်လိုမျိုး ဖောက်ခွဲစွမ်းအားပြင်းထန်ပြီး အချို့ကမူ ရေစမ်းချောင်းလို ညင်သာသိမ်မွေ့နေကြောင်း မြင်လိုက်ရသည်။ အချို့ကမူ ရေခဲတုံးများအလား အေးစက်နေပြီး အချို့ကမူ နေမင်းအလား နွေးထွေးသည်။
တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုး၊ လေးမျိုး... ဝမ်ချောင်က လေ့လာစူးစမ်းလေလေ ပို၍နက်နဲသော ခြားနားသည့် စွမ်းအားများကို ထိတွေ့မိလာလေလေဖြစ်သည်။ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း... ဝမ်ချောင်က အားလုံးကို အာရုံခံမိလာလေလေ လောက၏စွမ်းအင်များကို ခံစားမိလာလေလေ မူလစွမ်းအင်နှင့် ကြယ်တာရာစွမ်းအင်လောက် မရိုးရှင်းကြောင်း နားလည်လာလေလေဖြစ်သည်။ ထိုအရာများက နာမည်များသာ ခြားနားသွားခြင်းဖြစ်သလို သိုင်းပညာရှင်များက အသုံးပြုကာ ကျင့်ကြံ၍ရသည့် စွမ်းအင်များကလည်း ပို၍ရှုပ်ထွေးနေသေးသည်။
ဝမ်ချောင်က အနီရောင်စွမ်းအင်လုံး တစ်လုံးကိုမြင်သောအခါ ရုတ်တရက် တောင့်မခံနိုင်သည့် အကြံတစ်မျိုးကို ရလာသည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်ကသူ၏ စိတ်စွမ်းအင်တစ်မျှင်ကို ထိုအလုံးလေးထံ ပို့ကြည့်လိုက်သည်။
ဝုန်း
သူဟာ လောကတစ်ခုမှ အခြားသော လောကတစ်ခုသို့ ဝင်ရောက်လိုက်မိသလို ဖြစ်သွားသည်။
ဝမ်ချောင်၏မျက်လုံးရှေ့တွင် ကာထားသည့် လိုက်ကာတစ်ခုက အဖယ်ခံလိုက်ရသည်။ ထိုအနီရောင်အလုံးက မရေမတွက်နိုင်သော အမှုန်လိုအရာများ ပြည့်နှက်ပြီး စုဝေးစွာ တည်ရှိနေခြင်းဖြစ်သည်။
“ချောင်အာ မင်းအခုမြင်နေရတာက အဲ့ဒီစွမ်းအင်ရဲ့ လျို့ဝှက်ချက်တွေပဲ။ မင်းအခု မြင်နေရတဲ့ သေးငယ်တဲ့အရာတွေကို ငါနဲ့ဝူရှန်းရွာသူကြီးကတော့ မျိုးစေ့လေးတွေလို့ခေါ်တယ်။ ဒီစွမ်းအင်တွေ အားလုံးက ဒီမျိုးစေ့သောင်းကျော်နဲ့ ဖွဲ့စည်းထားတာ။ နောက်ပြီး လောကရဲ့ လျို့ဝှက်ချက်တွေပဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ထိုသို့ပြောသည်။ သူ၏စိတ်က ဝမ်ချောင်နှင့်ဆက်စပ်နေသောကြောင့် တစ်ဖက်သူ မြင်သမျှ အရာအားလုံးကိုလည်း မြင်နိုင်နေသည်။
ဒီလောကတွင် ဖော်ပြရန်ခက်ခဲလောက်အောင် ပါရမီကြီးလွန်းသော လူအချို့က လေ့လာဆင်ခြင်ပြီး နားလည်လျှက် ကိစ္စတစ်ခုတည်းမှ အကြောင်းအရာများအားလုံးကို ဆွဲထုတ်ကာ အနှစ်ချုပ် သုံးသပ်နိုင်သော စွမ်းအင်များကို ရှိတတ်သည်။ ဒါဟာ အနက်နဲဆုံးသော အခြေခံအချက်များဖြစ်နေသလို သူတို့ကိုအနည်းငယ် ရှင်းပြလိုက်ရုံနှင့် အပြည့်အဝ နားလည်သွားစေနိုင်သော ပါရမီများကို ပိုင်ဆိုင်ထားသော လူများကသာ လုပ်နိုင်စွမ်းရည်ရှိလေသည်။ မေးခွန်းထုတ်ရန် မလိုလောက်အောင် ဝမ်ချောင်က ထိုကဲ့သို့သော သိုင်းပညာရှင်၊ မွေးရာပါ ပါရမီရှင်တစ်ယောက်ဖြစ်နေလေသည်။
အား ငါဒီကလေးကို နည်းနည်းသာစောပြီး တွေ့ခဲ့ရမယ်ဆိုရင်
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က အနည်းငယ် နောင်တရသွားသည်။
သူကသာ ဝမ်ချောင်၏ရှု့ထောင့်မှ ကြည့်မြင်နိုင်သော လူမျိုးကို ခပ်စောစောတွေ့ခဲ့ရပြီး လမ်းညွှန်ပေးခဲ့မိမည် ဆိုလျှင် ဖြစ်နိုင်မည်မှာ ဝမ်ချောင်ဟာသူ့ကိုကျော်ပြီး သိမ်မွေ့သောနယ်မြေသို့ ရောက်ရှိနေလောက်လေပြီ။
ထိုအခိုက်အတန့်တွင် ဝမ်ချောင်ကမူ ဆရာဖြစ်သူ၏ အတွေးများကို မသိနိုင်ချေ။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ စကားလုံးများက ဝမ်ချောင်၏စိတ်ကို ဝေဝါးသွားစေပြီး တစီစီအသံများကိုပင် ထွက်လာစေလေသည်။ သူသည်လည်း သူ၏ ခေတ်သစ်လောကတွင် နေထိုင်ခဲ့ဖူးသော အစောဆုံးဘဝထက် ဒီလိုအရာများကို သိနေခြင်းဖြစ်ကြောင်း နားလည်သည်။ ထို့ကြောင့်သူက မိစ္ဆာဧကရာဇ် လူအိုကြီးမန်ပြောပြသည့် အရာအားလုံးကို လက်ခုံလိုမျိုး ကောင်းကောင်းနားလည်နေခြင်း ဖြစ်သည်။ သု့ိသော် ဆရာဖြစ်သူကမူ လောက၏ အမှန်တရားကို နားလည်ရန်အတွက် ကိုယ်ပိုင်အင်အားကို အသုံးပြုခဲ့ခြင်းဖြစ်လေရာ ပို၍ပင် လေးစားဖွယ်ကောင်းသေးသည်။
ဝမ်ချောင်က ဆာလောင်နေသူ တစ်ယောက်လိုမျိုး လောက၏ လျို့ဝှက်ဆန်းကြယ်မှုများ အားလုံးကို တိတ်တဆိတ် စူးစမ်းရှာဖွေနေခဲ့သည်။ ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမန်ဆိုလိုသည့် စွမ်းအင်နှင့် မျိုးစေ့ဆိုသော အရာမျိုးကို နားလည်လာလေလေ ထိုအရာများနှင့်ပတ်သတ်ပြီး ခြားနားချက်ကို အမှန်တကယ် အာရုံခံမိလာလေလေဖြစ်သည်။ ဝမ်ချောင်သည်လည်း ထိုကိစ္စများကိုတိုက်ရိုက် မြင်နိုင်မည်ဟု မတွေးဖူးချေ။ ထိုကဲ့သို့သော အတွေ့အကြုံမျိုးက ဝမ်ချောင်အတွက် အများကြီး အကူအညီ ဖြစ်သွားသည်။
တစ်စက္ကန့်ချင်းစီ ကုန်ဆုံးလာသည်နှင့်အမျှ ဝမ်ချောင်က သိုင်းပညာ၏မူလဆိုသော အရာကို ပို၍နားလည်လာသည်။ ထိုနားလည်သဘောပေါက်မှုက သူ၏အခြေအနေကို မြင့်တက်စေနိုင်သည်။ သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ပြောထားသလိုမျိုး မူလစွမ်းအင်များကို နားလည်ခြင်းဖြင့် ဝမ်ချောင်က သူနားလည်ထားသည့် အရာအားလုံးကို သေသပ်အောင် ပြန်လည်ပြင်ဆင်မွန်းမံနိုင်သလိုမျိုး ပို၍မြင့်မားသည့် တိုက်ခိုက်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်လာနိုင်သည်။ ထိုနည်းအားဖြင့် သူက ကျင့်ကြံခြင်းအဆင့် မြင့်သောသူများကိုပင် ရင်ဆိုင်လာနိုင်မည်ဖြစ်သည်။
အချိန်ကတဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်က သူ၏နားလည်သဘောပေါက်မှုကို မြှင့်တင်နေသည်။ ရုတ်တရက် သူကဆရာဖြစ်သူ၏ အသံကို ကြားလိုက်ရသည်။
“ချောင်အာ မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းကမင်းရဲ့ဆရာကို စိတ်မပျက်စေခဲ့ဘူး။ ဒီတော့ ဒီအခြေခံ အချက်တွေကို နားလည်အောင် မြန်မြန်လေးကြိုးစားပါ။ အခုမင်းရဲ့ဆရာက မင်းကို အရေးပါဆုံးနဲ့ နောက်ဆုံး အချက်တစ်ခုဖြစ်တဲ့ သိမ်မွေ့ဆိုတာကို သင်ပေးမယ်”
ဝုန်း
ဝမ်ချောင်၏စိတ်က ထိုစကားလုံးများနှင့်အတူ တုန်ယင်သွားသည်။ သူဟာ အာရုံအလွန်စိုက်ထားသဖြင့် အသက်ပင် မရှုမိတော့ချေ။ သူသည်လည်း ဆရာဖြစ်သူပြောသော စကားလုံးတိုင်းက အလွန်အရေးပါကြောင်း နားလည်သည်။
သိမ်မွေ့နယ်မြေ
သူသည် စစ်သူတော်စင် ဖြစ်ခဲ့ဖူးသည့်တိုင်အောင် သိမ်မွေ့နယ်မြေကို မထိတွေ့ဖူးချေ။ တစ်လောကလုံးတွင် ဝမ်ချောင်အပါအဝင် မည်သူကမှ ထိုနယ်ပယ်အကြောင်းကို မသိကြချေ။ လူတိုင်းကမူ မဟာဗိုလ်ချုပ်ကြီးအဆင့်က အမြင့်ဆုံးဟုထင်နေကြသည်။ အချက်အဆင့်တွင် နတ်သိုင်းနယ်မြေဟုသာ သတ်မှတ်ထားကြ၏။ နတ်သိုင်းနယ်မြေနှင့်ပတ်သတ်ပြီး ဝမ်ချောင်ကလည်း မည်သည့်နေရာက စတင်နေကြောင်း မသိပါချေ။ သူ၏အင်အား အားလုံးကို သုံးလျှင်ပင် ထိုအတိုင်းအတာကို မကျော်လွန်နိုင်ခဲ့ဖူးချေ။
ဝမ်ချောင်က မဟာဗိုလ်ချုပ်ကြီးအဆင့်တွင် တစ်နေခဲ့ပြီး အရှေ့သို့ မတက်နိုင်ခဲ့ချေ။ မရေမတွက်နိုင်သော လူများကလည်း ထိုအခြေအနေကို ကြုံနေရသည်။ ကောင်းရှန်းကျစ်၊ တုဝူစစ်လီ၊ အန်းစစ်ရွှန်း၊ ခဲ့ရှု့ဟန်... ထိုစာရင်းက ဆက်တိုက်ဖြစ်ပွားနေသည်။ တစ်လောကလုံးတွင် နတ်သိုင်းနယ်မြေကို အစစ်အမှန် ထိတွေ့နိုင်ပြီး ထိုအဆင့်သို့ရောက်ရှိခဲ့ဖူးသောလူက ကျော်ကြားလွန်းသော သူတော်စင်ဧကရာဇ်သာဖြစ်သည်။
ဝမ်ချောင်သည်လည်း ဒါဟာပါရမီနှင့်ဆိုင်သည်ဟု ယုံကြည်ထားခဲ့သည်။ ပို၍မြင့်မားသော အဆင့်သို့ ရောက်ရှိရန်အလို့ငှာ သူတော်စင်ဧကရာဇ်တွင် ပြိုင်ဘက်ကင်းသည့် ပါရမီကို ပိုင်ဆိုင်ထားသင့်သည်ဟု ယူဆလေသည်။ သို့ရာတွင် ယခုအခြေအနေက ထိုသို့မဟုတ်လောက်ချေ။ နတ်သိုင်းနယ်မြေက နေမင်းနှင့် လမင်းလိုမျိုး လက်လှမ်းမမှီနိုင်သော်လည်း ကောင်းကင်တွင် ကြယ်စင်များက ပြည့်နှက်နေသေးသည်။ ထို့ကြောင့် သိမ်မွေ့သောနယ်မြေက သံသယဝင်ရန် မလိုလောက်အောင် အခြားတစ်ဖက်ခြမ်းသို့ သွားရောက်မည့် ပထမဦးဆုံး ခြေလှမ်းဖြစ်နေသည်။
ဝမ်ချောင်သည် အနည်းငယ် စိတ်လှုပ်ရှားလာပြီး တောင့်တလာမိသည်။ ဝမ်ချောင်၏ မူလယုံကြည်ချက်များအရ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က အလွန်အမင်း နက်နဲသော အခြေခံ သဘောတရားများကို ပြောပြတော့မည်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် ဖြစ်ရပ်က ထိုသို့မဟုတ်ခဲ့ချေ။
“ချောင်အာ မင်းရဲ့ခေါင်းကိုမော့ပြီးကြည့်”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အသံက နားနားမှ ကပ်ထွက်လာသည်။ ဝမ်ချောင်က သတိလက်လွတ် မော့ကြည့်လိုက်သည်။ သူ၏တစ်ကိုယ်လုံးက တုန်ယင်သွား၏။ သူမြင်လိုက်ရသော အရာက သူ၏တစ်ဘဝလုံး မမေ့နိုင်သည့် မြင်ကွင်းဖြစ်သည်။
စွမ်းအင်နှုန်းပေါင်းများစွာကို ကျော်ဖြတ်ပြီး ဒီကြားခံနယ် နယ်မြေကြီး၏ ထိပ်ဆုံးတွင် အနက်ရှိုင်းဆုံး အပိုင်းတစ်နေရာတွင် မှင်သက်တောက်ပလွန်းသည့် ရွှေရောင်အလင်းတန်းကို မြင်လိုက်ရသည်။ ထိုအလင်းတန်းများက နေမင်းအလင်းရောင်များအလား ထင်ရပြီး အခြားသော စွမ်းအားလုံးတိုင်းထက် စွမ်းအားကြီးမားလွန်းနေသည်။ ဝမ်ချောင်ကပင် ထိုစွမ်းအားလုံးများက ချော်ရည်လိုစွမ်းအင်များကို သယ်ဆောင်ထားပြီး ပူပြင်းတောက်လောင်နေကြောင်း ခံစားမိလိုက်သည်။
ထိုစွမ်းအင်များက မယုံနိုင်စရာကောင်းလောက်အောင် သိပ်သည်းစွာ တည်ရှိနေသည်။ ဝမ်ချောင်က မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင်ပင် နေမင်းထက် မျက်လုံးကြိမ်းသွားရသလို ခံစားလိုက်ရသည်။ ထိုနယ်မြေအတွင်းရှိ စွမ်းအားတိုင်းက ထိုရွှေရောင်လိုလို သွေးနီရောင်ရောယှက်နေသည့် ရွှေအလင်းတန်းလိုလို၏ အရှေ့တွင် ပေါ်ထွက်နေပြီး ရွှေရောင်စွမ်းအင်လုံးများအလား ပြောင်းလဲနေသည်။ အခြားသော စွမ်းအင်လုံးများကမူ ထိုအလင်း၏အရှေ့တွင် လမင်းရှေ့သို့သွားကာ ဝင့်ကြွားနေသော ပိုးစုန်းကြူးသာသာဖြစ်သွားသည်။
“ဒါက”
ဝမ်ချောင်သည်လည်း မှင်သက်သွားသည်။ သူ၏စိတ်အတွင်း အတွေးထောင်ပေါင်းများစွာက ပေါ်ထွက်လာ၏။ သူဟာတစ်စုံတစ်ရာကို ခံစားမိလိုက်ပုံပေါ်သည်။ သို့သော် ထိုအရာဟာ မည်သည့်အရာဖြစ်ကြောင်း မဝေခွဲနိုင်ပေ။
“မြင်လား ဒီစွမ်းအင်အားလုံးရဲ့နောက်မှာ သိမ်မွေ့နယ်မြေပဲ။ ဒါကို သိမ်မွေ့လောကကြီးလို့ခေါ်တယ်။ ပြောရရင် ဒီလောကမှာ မရေမတွက်နိုင်တဲ့ ကြားခံနယ်မြေတွေ အများကြီး တည်ရှိတယ်။ ဒါပေမဲ့ ငါတို့ိသိုင်းပညာရှင်တွေက အင်အားနည်းလွန်းလို့ စိတ်ဓာတ်အင်အားညံ့လွန်းလို့ ဒါတွေကို မထိတွေ့နိုင်တာ။ ငါတို့သိုင်းပညာရှင်တွေအနေနဲ့ မဟာဗိုလ်ချုပ်တွေ အပါအဝင် လူတိုင်းက အခြေခံအကျဆုံး သာမာန်အကျဆုံး စွမ်းအင်ကိုပဲ စုပ်ယူကြတာ။ ဒါပေမဲ့ ငါတို့က သိမ်မွေ့နယ်မြေကိုရောက်အောင် ကျင့်ကြံတဲ့ ကိစ္စတွေက ခြားနားသွားပြီ။ ငါတို့အနေနဲ့ ဒီကြားခံနယ်မြေရဲ့ အနက်ရှိုင်းဆုံးအပိုင်းက ပိုမြင့်တဲ့စွမ်းအင်ကို စုပ်ယူနိုင်ရမယ်။ ဒါကအခုမင်းမြင်တဲ့အရာပဲ”
“အဲ့ဒီအာရပ်က ဒီလောက်ထိ စွမ်းအားကြီးနေတာကလည်း သူက ဒီသိမ်မွေ့နယ်မြေရဲ့ စွမ်းအင်နည်းနည်းလောက်ကို စုပ်ယူထားမိလို့ပဲ။ ဒါကြောင့်ပဲ မင်းရဲ့ဆရာနဲ့ ရွာသူကြီးက အဲ့ဒီလိုလုပ်ထားခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဒါက အစစ်အမှန် သိမ်မွေ့နယ်မြေမဟုတ်ဘူး။ ဒါကြောင့် မနက်ဖြန်တိုက်ပွဲမှာ ရွာသူကြီးနဲ့ငါက အချိန်အကြာကြီး မတိုက်ခိုက်နိုင်ပေမဲ့လည်း ဒီအာရပ်ကောင်ကို ကိုင်တွယ်ဖို့တော့ နည်းလမ်းတစ်ခု ရှာနိုင်ပါသေးတယ်”
အခန်း(၁၁၁၅)
“ဆရာ ဆရာ့ရဲ့တပည့်က နားလည်ပါပြီ”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏အမူအရာက ရိုးသားသွားသည်။
“ချောင်အာ မင်းရဲ့ဆရာကလည်း မင်းဟာတစ်နေ့မှာ သူတော်စင်သိုင်းပညာရှင်ဆိုတဲ့ အကန့်အသတ်ကို ကျော်ဖြတ်ပြီး သိမ်မွေ့နယ်မြေကို ဝင်ရောက်နိုင်မယ်လို့ ယုံကြည်တယ်။ မင်းဆရာ ဘယ်တော့မှ မရောက်နိုင်တဲ့နေရာကို မင်းကရောက်နိုင်မှာ”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏အသံက ဖျော့တော့သွားပြန်သည်။ သူသည် သူတက်နိုင်သမျှ အရာအားလုံးကို သင်သွားပြီးလေပြီ။ ယခုအခါ ဝမ်ချောင်ကိုယ်တိုင်ကသာ ကိုယ့်ကိုယ်ကို မှီခိုရတော့ပေမည်။
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အခန်းအတွင်း လေးနာရီခန့်နေပြီးမှသာ ထွက်သွားသည်။ ထိုအချိန်က ညကအလွန်နက်နေလေပြီ။
သူက အခန်းအတွင်းမှ ထွက်လိုက်သည့် အခိုက်အတန့်တွင် ဝူရှန်းရွာသူကြီးကိုမြင်လိုက်ရသည်။ သူက တလေးတစား ဂါရဝပြုလိုက်သည်။
“ရွာသူကြီး ကျေးဇူးတင်ပါတယ်”
“ဟား ဟား ဒါကမင်းရဲ့ကိုယ်ပိုင်ကံကြမ္မာပဲ။ မင်းရဲ့ဖော်ပြဖို့ခက်တဲ့ နားလည်နိုင်တဲ့ စွမ်းရည်ကြောင့်ပဲလေ။ ဒါကငါနဲ့ ဘာဆိုင်လို့လဲ”
ဝူရှန်းရွာသူကြီးက ဖျော့တော့စွာပြုံးသည်။ ဝမ်ချောင်သည် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေလေပြီး သူ၏ကျင့်ကြံခြင်းအဆင့်က မပြောင်းလဲသေးချေ။ သို့သော် ဝူရှန်းရွာသူကြီးကမူ ဝမ်ချောင်က ထုတ်လွှတ်ထားသော အရှိန်အဝါက ပို၍သိပ်သည်းပြီး နက်နဲသွားကြောင်း မြင်လိုက်ရသည်။ ဒါဟာ နွေဦးနေမင်းက ပြင်းထန်သည့် အတက်စွမ်းအင်ကို ပိုင်ဆိုင်လေပြီး အလွန်အမင်း တောက်ပလာသလိုမျိုးဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်လောက်နဲ့ ရိုးရှင်းစွာ ဖော်ပြ၍မရနိုင်ပေ။
ဝမ်ချောင်က အသက်(၁၇)နှစ်သာ ရှိသေးသော်လည်း ထိုအဆင့်သို့ရောက်နေပြီး ထိုကဲ့သို့ ဖော်ပြရန် ခက်ခဲသည့် အကျိုးအကြောင်းမသင့်သော စွမ်းအင်အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားသောအချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သေးသည်။
ဝမ်ချောင်က ခပ်မြန်မြန် ထွက်ခွာသွားသည်။
“အရှင်အမတ်”
ဝမ်ချောင်က ထွက်သွားရုံသာရှိသေးသည်။ အရိပ်တစ်ရိပ်က ခုန်ထွက်လာပြီး သူ၏လမ်းကိုတားသည်။
သတင်းပို့က ဂါရဝပြုလိုက်ရင်း အလျင်စလိုပြောသည်။
“ကျွန်တော်တို့ ကင်းထောက်တွေဆီက စာရထားပါတယ်။ သိန်းငှက်တွေက တာလာ့နဲ့ လီနှစ်ဆယ်လောက်မှာ တာလာ့စစ်သားတွေကို တွေ့ရတယ်။ ဒါက အရှင်မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီအာရပ်တိဗက်နဲ့ အနောက်ပိုင်းတူရကီတွေက ထွက်မသွားကြဘူး။ အရှင်ကောင်း၊ ဗိုလ်ချုပ်ချန်းနဲ့ အခြားဗိုလ်ချုပ်တွေက အစည်းအဝေးခန်းမမှာ စုစည်းနေကြပါပြီ။ အရှင်အမတ်ပဲ လိုအပ်တာပါ။ အရှင်ကောင်းကတော့ ဒီနိမ့်ကျတဲ့အစေခံကိုလွှတ်ပြီး အရှင်အမတ်ကို ဖိတ်ခေါ်ခိုင်းတာပါ”
“ငါနားလည်ပြီ”
ဝမ်ချောင်၏ပုခုံးကပင့်သွားသည်။ သူဟာစကားတစ်ခွန်း ထပ်မဆိုတော့ဘဲ ခပ်မြန်မြန်ထွက်သွားလေသည်။
.....
တာလာ့မှ အနောက်ပိုင်းသို့ စတင်ပြီး ထွက်ခွာမည်ဆိုလျှင် လီနှစ်ဆယ်ခန့်ကျော်ပြီးရုံနှင့် သိသာထင်ရှားသော နေရာမျိုးကို မြင်ရမည်ဖြစ်သည်။ ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းများနှင့် မီးတုတ်အစက်လေးများကို မြင်ရသည်။ ထိုအခိုက်အတန့်တွင် တိဗက်၊ တူရကီနှင့် အာရပ်များက စုစည်းနေကြသည်။
ဒီတိုက်ပွဲတွင် စစ်တပ်သုံးခုက လူတစ်သိန်းကျော်ကို ရှုံးနိမ့်သွားသည်။ ကျန်သောတစ်သိန်းကလည်း နေရာတွင်ပင်ရှုံးရင်း ထွက်ပြေးခဲ့ရသည်။
တိုက်ပွဲက ပြီးသွားသည့်တိုင်အောင် အာရပ်စခန်းအတွင်းတွင်မူ ထိုနေ့ရက်က အဆုံးမသတ်သေးချေ။
“ငါငြင်းတယ်။ ငါဘယ်တော့မှ ဒီလိုအခြေအနေမျိုးမှာ နောက်ဆုတ်ခွင့်မပြုနိုင်ဘူး”
ရွက်ဖျင်တဲအတွင်း ငြင်းခုံမှုက ဖြစ်ပွားနေသည်။ အားပါးက သံမဏိစားပွဲကို လက်သီးဖြင့်ထိုးလိုက်သည်။ သူ၏မျက်နှာက နီရဲနေသည်။
“ဒီစစ်ပွဲက ပြီးဖို့အများကြီး လိုအပ်နေသေးတယ်။ ငါတို့မှာ လူတစ်သိန်းကျော်တောင် ရှိနေသေးတာပဲ။ ဒီတော့ တိုက်ပွဲတစ်ပွဲတိုက်ခိုက်ဖို့ လုံလောက်တယ်။ ငါ့မှာမာမဲ့လုတွေ ရှိနေသေးတယ်။ တိဗက်၊ မူထရီမဟာမြင်းတပ် နောက်ပြီး အဲ့ဒီတူရကီ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ဆိုတာလည်း ရှိနေသေးတယ်။ ငါတို့မှာ အင်အားရှိတယ်။ စစ်သားတွေလည်းရှိတယ်။ ဒီတော့ တိုက်ခိုက်နိုင်တယ်။ ဘာလို့နောက်ဆုတ်ရမှာလဲ”
“နောက်ပြီး ငါမှတ်မိပါသေးတယ်။ ကာလစ်က ငါတို့ကို ဒီတာလာ့ကိုဖျက်ဆီးပြီး ထိုးဖောက်လို့ အရှေ့ပိုင်း တစ်လောကလုံးကို စုစည်းခိုင်းထားတယ်။ ငါတု့ိသာအခု နောက်ဆုတ်သွားရင် ကာလစ်ရဲ့ဒေါသကို ခံဖို့ပဲ ပြင်ဆင်ထားရတော့မယ်။ မင်းတို့အားလုံး အစိုးရတွေက ငါတို့ကို ဘယ်လိုထင်မယ်လို့ တွေးမိကြလဲ။ အမတ်တွေက ငါတို့ကို ဘယ်လိုထင်ကြမလဲ။ ကာလစ်က ငါတို့ကို ဘယ်လိုထင်မှာလဲ။ ငါတို့ရဲ့နေ့ရက်တွေက ဘယ်လိုအဆုံးသတ်မှာလဲ”
အားပါး၏ မျက်နှာထားက ပို၍ပင် ပြင်းထန်လာသည်။ နက်ရှိုင်းသော ပင်လယ်ပြင်မှရသည့် ရွှမ်သတ္ထုသားဖြင့် လုပ်ထားသည့် စားပွဲက နောက်ဆုံးတွင်ချိုင့်ဝင်သွားပြီး လက်ဝါးရာကြီးကပေါ်လာသည်။
ရွက်ဖျင်တဲအတွင်းရှိ လူတိုင်းက တိတ်ဆိတ်သွားသည်။ အားပါး၏ဒေါသကို နားလည်၍ရသည်။ သို့သော် ထိုထက်မပိုနိုင်ချေ။
“အားပါး မင်းလည်းဒီနေ့ဖြစ်ခဲ့တာကို မြင်တာပဲ။ ဒီထန်တွေက ငါတို့ထင်တာထက် အများကြီး အင်အားကြီးလွန်းနေတယ်။ မင်းရဲ့မာမဲ့လုတွေက အများကြီးမဆုံးရှုံးခဲ့ပေမဲ့ တိုက်ခိုက်နိုင်စွမ်းရည် ရှိနေသေးရင်တောင်မှ ငါ့ရဲ့ခေါင်းဖြတ်သူစစ်တပ်နဲ့ တိုင်ပါ့စစ်တပ်တွေကတော့ အလုံးစုံ သုတ်သင်ခံရလုနီးပါးပဲ။ အပုမူစလင်ရဲ့ သံမဏိသွေးစစ်တပ်နဲ့ အကြောက်အလန့်မဲ့ စစ်တပ်ကလည်း အများကြီးဆုံးရှုံးထားတယ်။ ငါကိုယ်တိုင်တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်”
“ငါတို့သာဆက်ပြီး အတိုက်အခံ လုပ်နေမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ရလဒ်ကို တွေးမိလား။ မင်းကငါတို့ရဲ့စစ်တပ်ကြီး တစ်ခုလုံး အလုံးစုံ သုတ်သင်ခံရမှ ရပ်မှာလား”
အော့စမန်း၏မျက်နှာက ဖြူဖျော့နေသည်။ သူသည် အစောင့်ကြောင့် ကွဲကြေသွားသော သံချပ်ကာမှ ကျန်ရစ်ခဲ့သည့် အကြွင်းအကျန်များကို ဆက်ဝတ်ထားသေးသည်။ သူ၏ရင်ဘက်ရှိ ဒဏ်ရာကို သိသာထင်ရှားစွာ မြင်နိုင်နေသည်။ ပတ်တီးဖြင့်စည်းထားသည့်တိုင်အောင် သွေးများက နီရဲနေသည်။
အနက်ရောင်သံချပ်ကာဝတ် အစောင့်၏လက်က သူ့ကိုလွင့်ထွက်သွားစေရုံလောက် မရိုးရှင်းပေ။ သူ၏ကိုယ်အတွင်းတွင်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အဖြစ်အပျက်အများကြီး ဖြစ်သွားစေခဲ့သေးသည်။
“အားပါး မင်းကထန်တွေကို အရှုံးမပေးချင်ဘူးဆိုတာကို နားလည်တယ်။ ဒါပေမဲ့ အော့စမန်းပြောထားသလိုပဲ အော့စန်းနဲ့ငါကလည်း မင်းလုပ်ချင်သလိုမျိုး ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ ငါတို့အခု ရေရှည်ကိုတွေးရမယ်။ ဒီကိစ္စကို သေချာစဉ်းစားဖို့လိုအပ်နေပြီ။ လက်ရှိအခြေအနေမျိုးမှာ မဟာဗိုလ်ချုပ်တွေရဲ့ အရေအတွက်ပဲဖြစ်ဖြစ် စစ်သည်တော်တွေရဲ့ အရေအတွက်ပဲဖြစ်ဖြစ် ငါတို့က ဘယ်နည်းနဲ့မှ အားမသာနိုင်တော့ဘူး။ ငါတို့ကဆက်ပြီး တိုက်ခိုက်မယ်ဆိုရင်တောင်မှ အပြောင်းအလဲဖြစ်ဖို့ခက်တယ်”
အပုမူစလင်က ပြောနေရင်း သက်ပြင်းချလိုက်သည်။ သူဟာ ရန်သူကို အရှုံးပေးရမည်ဆိုလျှင်ပင် နောက်ဆုတ်ရန် ဆန္ဒမရှိသေးချေ။
“ဒါ့အပြင် ငါတို့ကဒီတိုင်း နောက်ဆုတ်ရုံပဲ လက်လျော့တာမဟုတ်ဘူး။ ငါတု့ိစစ်သားတွေ စုဆောင်းမိတာနဲ့ ပြန်လာပြီးတိုက်ခိုက်ဦးမယ်။ အဲ့ဒီအခါ ထန်တွေနဲ့ အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွဲလို့ရတယ်”
“သဘောမတူဘူး”
အားပါး၏မျက်လုံးက နီရဲနေသည်။
“ငါတို့နောက်ဆုတ်လိုက်ရင် ငါတို့ဘယ်တော့မှ ဆေးကြောလို့မရနိုင်တဲ့ အမဲစက် စွန်းထင်းသွားလိမ့်မယ်။ အပုမူစလင် သေချာတွေးကြည့်စမ်း။ မင်းအရင်တစ်ခေါက် ရှုံးခဲ့တဲ့အချိန်က ဘာဖြစ်သွားလဲ။ မင်းဒါကို ထပ်ပြီးခံစားချင်လို့လား”
“အားပါး ငါတို့အားလုံး မင်းပြောတာကိုနားလည်တယ်။ ဒါပေမဲ့ ငါတို့ဆက်ပြီး ဒီလိုအခြေအနေမျိုးနဲ့ တိုက်ခိုက်လို့ မနိုင်တဲ့အခါ ဘာဖြစ်လာနိုင်တယ်လို့မင်းထင်လဲ”
အပုမူစလင်ကပြောသည်။
အားပါး၏မျက်နှာက တောင့်ခဲသွားသည်။ သူ့အနေဖြင့် ဒီအခြေအနေကို အလွယ်တကူ လက်လျော့ရန် ခက်ခဲလွန်းနေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ နောက်မဆုတ်ဘူး။ ချွီထေပါး မင်းကဘယ်လိုလဲ။ မင်းကသူတို့နောက်ကို လိုက်ပြီး မတိုက်ခိုက်ဘဲ ထွက်ပြေးမှာလား”
အားပါး၏အသံက ရွက်ဖျင်တဲအတွင်း ဟိန်းထွက်သွားသည်။ သူဟာ ထိုစကားနှင့် ရွက်ဖျင်တဲတစ်ခုလုံးကို ခြောက်ခြားဖွယ် တိတ်ဆိတ်သွားစေသည်။ ကျစ်ရကပင် အလန့်တကြား လှမ်းကြည့်လာသည်။ ဒီတိုက်ပွဲတွင် အပုမူစလင်နှင့် အော့စမန်းတို့က ဆုံးရှုံးမှုအများကြီး ရှိခဲ့သော်လည်း အကြီးမားဆုံး ဆုံးရှုံးသွားသည်မှာ ချွီထေပါး၏ အင်အားစုများဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက လူတိုင်းထက် အင်အားစုအများကြီး ခေါ်ဆောင်လာခဲ့ခြင်းဖြစ်နေသည်။
သွေးသားရဲစစ်တပ်၊ သေဆုံးခြင်းစစ်တပ်နှင့် ဖွင့်ဟခြင်းစစ်တပ်တို့သည် ချွီထေပါး၏ ထိပ်တန်းအဆင့် စစ်တပ်သုံးခုဖြစ်ပြီး အင်ပါယာကြီးတစ်ခုလုံးအနှံ့ ကျော်ကြားသည့် သူ၏အဓိက အင်အားစုများဖြစ်နေသည်။ ဒီတိုက်ပွဲက သူ၏စစ်တပ်အင်အားစုများ အားလုံးအပေါ် အကြီးမားဆုံး သက်ရောက်သွားစေသည်။ အဓိကအင်အားစုများ မရှိသောအခါ ချွီထေပါး၏စစ်တပ်ကလည်း အာရေးဗီးယား အင်ပါယာ၏ အင်အားအကြီးဆုံး စစ်တပ်ကြီးဆယ်ခုထဲမှ တစ်ခုဟု ပြော၍မရနိုင်တော့ချေ။ ထိုအတွက်ကြောင့်လည်း လူတိုင်းက အတက်နိုင်ဆုံးကြိုးစားပြီး ထိုအကြောင်းအရာကို ထည့်မပြောမိအောင် ရှောင်ရှားနေကြခြင်းဖြစ်သည်။
ထပ်ပေါင်းဆိုရသော် ချွီထေပါးသည် အာရေးဗီးယားတွင် ဖော်ပြရန်ခက်ခဲလောက်အောင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သူ၏စကားများကလည်း ဖီဆန်ရန်ခက်ခဲလေသည်။ ထို့ကြောင့် မည်သူကမှသူ့ကို ရန်မစလိုကြချေ။ သို့သော် ဒေါသထွက်နေသော အားပါးက ရုတ်တရက် ချွီထေပါးကို ဆွဲသွင်းမည်ဟု မထင်ထားမိချေ။ အားပါးကသာ ရန်စခံလိုက်ရလျှင် မည်သူကမှ အကျိုးအကြောင်းကို ထည့်မတွက်နိုင်ချေ။
ဝုန်း
ရွက်ဖျင်တဲအတွင်းရှိ လေထုအခြေအနေက တောင့်တင်းသွားသည်။ အပုမူစလင်က အနည်းငယ် မသက်မသာဖြစ်သွားသည်။ သို့သော် အားပါးက ဒေါသထွက်လွန်းနေသဖြင့် မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်ပေ။
“အားပါး ဒါက နောက်ဆုတ်ဖို့အချိန်ကောင်း မဟုတ်တာတော့ အမှန်ပဲ”
လူတိုင်းကို အံ့အားသင့်စေသည်မှာ ချွီထေပါးက ဒေါသထွက်သွားခြင်းမရှိချေ။
အပုမူစလင်နှင့် အော့စမန်းပင်မဆိုထားဘိ အားပါးကိုယ်တိုင်ကပင် ကြောင်သွားသည်။ စိတ်ငြိမ်ပြီးမှ သူသည်လည်း သူပြောလိုက်သည့်စကားက မှားသွားကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ၏ကျောပြင်တွင် ချွေးများရွှဲသွားလေသည်။
“ဒီစစ်ပွဲက အဆုံးသတ်ဖို့ အဝေးကြီးလိုသေးတယ်။ ငါကအဲ့ဒီအဘိုးကြီးကို ဒဏ်ရာရအောင် လုပ်ထားတယ်။ ငါသူ့ရဲ့အားနည်းချက်ကို သိလိုက်ပြီ။ သူ့ရဲ့ခန္ဓာကိုယ်က ငါနဲ့ကြာရှည် မတိုက်ခိုက်နိုင်အောင် ပြဿနာကြီးရှိနေတယ်”
ချွီထေပါးက အေးစက်စွာပြောသည်။
ထိုစကားလုံးများက လူတိုင်းကို မှင်သက်သွားစေသည်။ သူတို့အားလုံးကလည်း အနက်ရောင်ဝတ်စုံနှင့် လူအိုကြီး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကိုသာ သိခဲ့သည်။ တစ်ဖက်သူက လောက၏ စွမ်းအင်များကိုသုံးပြီး ချွီထေပါးနှင့် လက်ရည်တူ တိုက်ခိုက်နိုင်သည်။ တစ်ဖက်သူသာ မတည်ရှိလျှင် ချွီထေပါး၏ အင်အားမျိုးကြောင့် ခြားနားသော ရလဒ်မျိုးနှင့် အဆုံးသတ်သွားသည်မှာ ကြာလှချေပြီ။
ထိုအတွက်ကြောင့်လည်း ဒီကိစ္စနှင့်ပတ်သတ်ပြီး အားလုံးက အံ့အားသင့်သွားခြင်းဖြစ်သည်။ တိုက်ခိုက်ခဲ့သောလူက အော့စမန်းမဟုတ်ဘဲ ချွီထေပါးသာဆိုလျှင် ထိုအလံကိုင်သောလူကလည်း ယခုလောက်ထိ မထောင်လွှားနိုင်လောက်ချေ။
လူတိုင်းက ချွီထေပါးကို လှည့်ကြည့်ကြသည်။ ထိုအခါမှသာ ချွီထေပါးက အတွေးနက်နေကြောင်း သိလိုက်သည်။
“မနက်ဖြန်တိုက်ပွဲမှာ ငါအဲ့ဒီကောင်ကို ကိုယ်တိုင်ကိုယ်ကျ သတ်မယ်”
ချွီထေပါးကခပ်တင်းတင်းပြောသည်။ အပုမူစလင်က မျက်မှောင်ကျုံ့သည်။ သူကလည်း ရွက်ဖျင်တဲ၏ အခြေအနေက ထူးဆန်းသွားကြောင်း သိလိုက်သည်။
အော့စမန်းက ယခင်တိုက်ပွဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး သူ၏စစ်သားများကလည်း အများကြီး ဆုံးရှုံးထားသည်။ ထိုအတွက်ကြောင့် သူက နောက်ဆုတ်ချင်သည်။ သို့သော် ယခုအခါ ချွီထေပါးက ဆက်လက်တိုက်ခိုက်မည်ဟု ဆိုလာလေရာ အော့စမန်းကိုယ်တိုင်ကလည်း ကို့ယို့ကားယား အနေအထားအတွင်းသို့ ရောက်သွားသည်။ သူ့အနေဖြင့် ထွက်သွားလျှင်လည်း မသင့်တော်သလို ဆက်နေရင်လည်း မသင့်တော်ပြန်ချေ။
“သတင်းပို့”
ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်လာသည်။ အာရပ်သတင်းပို့က ခေါင်းကိုငုံ့လျှက် ဝင်လာသည်။
“အရှင့်ကိုတင်ပြပါတယ်။ တိဗက်နဲ့ အနောက်ပိုင်းတူရကီတွေက တွေ့ခွင့်တောင်းပါတယ်”
ရွက်ဖျင်တဲက တိတ်ဆိတ်သွားသည်။ အပုမူစလင်က တုန့်ဆိုင်းပြီးမှပြောလိုက်သည်။
“သူတို့ကိုဖိတ်လိုက်ပါ”
အာရပ်ဖြစ်စေ၊ တူရကီဖြစ်စေ၊ အနောက်ပိုင်းတူရကီဖြစ်စေ အားလုံးက အများကြီးဆုံးရှုံးသွားသည်။ အာရေးဗီးယားဘက်က မဟာမိတ်များကို ဝေဖန်အကဲဖြတ်ချင်သော်လည်း တိဗက်နှင့် အနောက်ပိုင်းတူရကီများကလည်း ဒီနေ့တွင် သူတို့၏စွမ်းအင်ကို သက်သေပြခဲ့ကြသည်။ ထိုသို့ဖြင့် အာရပ်များ၏ လေးစားမှုကို လက်ခံရရှိခဲ့လေသည်။ ပို၍ဆိုးသည်မှာ ဒီအခြေအနေတွင် သူတို့က တိဗက်နှင့် အနောက်ပိုင်းတူရကီများနှင့် ရန်ဖြစ်နေရန် မလိုအပ်ချေ။
ဟူး...
လေပြင်းက ဖြတ်တိုက်သွားသည့်အခိုက်တွင် ရွက်ဖျင်တဲ၏ လိုက်ကာက မြောက်တက်သွားသည်။ ထို့နောက် သာ့လွန်ရော့ကျန်းက ဦးဆောင်လျှက် ဝင်လာသည်။ အနောက်ဘက်မှ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် တုဝူစစ်လီတို့ပါသည်။
“အရှင်အစိုးရတို့ အရှင်ချွီထေပါး လူကြီးမင်းတို့အားလုံးပဲ ဂါရဝပြုပါတယ်”
သာ့လွန်ရော့ကျန်းက ချက်ချင်းဆိုသလို အာရပ်ဘာသာစကားဖြင့် နှုတ်ဆက်လာသည်။ သူကသာ တိဗက်များနှင့် အနောက်ပိုင်းတူရကီများအကြားတွင် အာရေးဗီးယား ဘာသာစကားကို အနားလည်ဆုံးဖြစ်သလို ကောင်းကောင်း ပြောနိုင်စွမ်းအားရှိသည်။ ထို့ကြောင့် သူဟာ ဒီအချိန်တွင် ဦးဆောင်ရန် အရည်အချင်း ပြည့်မှီလေသည်။