အခန်း (၁၁၁၆-၁၁၂၀)
Vol. 64 Ch. 1116-1120
အခန်း(၁၁၁၆)
“မဟာအမတ်မင်း ဘယ်လိုအကြောင်းပြချက်ကြောင့်များ ဒီလောက်ညနက်မှ လာရောက်ရတာလဲ”
အပုမူစလင်က မေးလိုက်သည်။ သူ၏မျက်မှောင်က သိသိသာသာ ကျုံ့နေသည်။
သူသည်လည်း သာ့လွန်ရော့ကျန်းနှင့် တိဗက်များကြောင့် အတိအကျ စိတ်ရှုပ်နေခြင်းမဟုတ်သော်လည်း အာရပ်များသည် အာရပ်များသာဖြစ်ပြီး တိဗက်များသည် တိဗက်များသာဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့်လည်း အစည်းအဝေးပွဲထိုင်ပြီး သူက သာ့လွန်ရော့ကျန်းကို မဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ဟား ဟား အရှင်မြို့စားက မေးလာမှတော့ သာ့လွန်ရော့ကျန်းကလည်း ဖြေပေးရတော့မှာပေါ့”
သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးသည်။ သူမျက်နှာတွင် တစ်ဖက်သူများ၏ အပြုအမူများကို အမှုမထားဟန် ပေါ်နေသည်။ သူက ရွက်ဖျင်တဲအတွင်းရှိ လူများကို တစ်ချက် ဝေ့ဝဲကြည့်ပြီးနောက် အခြေအနေကို ကြည့်လိုက်သည်။
“သာ့လွန်ရော့ကျန်းကသာ ခန့်မှန်းတာမှန်မယ်ဆိုရင် အရှင်မြို့စားက ဆမ်ဆာခမ်း အနောက်ဘက်ခြမ်းကို နောက်ဆုတ်ဖို့ ကြံစည်နေတာဖြစ်လောက်တယ်”
ရွက်ဖျင်တဲက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားသည်။ အပြင်လူများ၏အရှေ့တွင် ဖော်ထုတ်ခံရခြင်းက အလွန်အမင်း မသက်မသာဖြစ်စေသည်။
“မှန်တယ် ငါတို့မှာ ဒီအကြံရှိတယ်။ ဒီစစ်ပွဲကပြီးသွားပြီ။ ငါတို့သာဆက်နေမယ်ဆိုရင် ထန်တွေကို အလဲထိုးနိုင်မယ်လု့ိ ယုံကြည်ချက်မရှိဘူး”
အပုမူစလင်က ခပ်ပြတ်ပြတ်ပြောသည်။ စစ်ပွဲက ဒီအဆင့်ထိ ရောက်နေပြီဆိုကတည်းက ဖုံးကွယ်စရာ မရှိတော့ချေ။
“ဟား ဟား အရှင်မှာ စစ်သားတွေ မလုံလောက်တော့တာကြောင့်လား”
သာ့လွန်ရော့ကျန်းက ခပ်အေးအေးမေးသည်။
“အတိအကျကြီးတော့ မဟုတ်ဘူး။ ဒါက အကြောင်းပြချက်တွေထဲက တစ်ခုပဲ”
အပုမူစလင်က တည်ငြိမ်စွာသာဖြေသည်။
“ငါတို့မှာရှိတဲ့ စစ်သားတွေနဲ့ဆိုရင် ရန်သူရဲ့ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။ ငါတို့က အရှုံးကို ပိုများသွားစေလိမ့်မယ်”
ခပ်ပြတ်ပြတ်ပြောရသော သူသည်လည်း သာ့လွန်ရော့ကျန်းက မည်သည့်အတွက်ကြောင့် ညလယ်ခေါင်ကြီး ရောက်လာပြီး ဒီမေးခွန်းများ မေးနေကြောင်း သိချင်နေမိလေသည်။ သို့သော် သူက ကိုယ့်ကိုယ်ကို ချုပ်ထိန်းရန် ကြိုးစားနေရသည်။ သူသည် သာ့လွန်ရော့ကျန်းကို အနည်းငယ် နားလည်သည်။ တစ်ဖက်သူဟာ ယွီစန်း၏ ဉာဏ်ကောင်းပြီး မြင်နိုင်စွမ်းရည်ရှိသည့် အမတ်မင်းတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ယခုလိုမေးခွန်းများ မေးနေကတည်းက အကြောင်းပြချက် ရှိရပေမည်။
သို့သော် အပုမူစလင်အနေဖြင့် သူတို့၏အတွေးများကို မသိနိုင်သည့်အတွက် ပို၍သိချင်စိတ် ပြင်းပြနေမိသည်။ ယွီစန်း၏မဟာအမတ်မင်းက စစ်ပွဲ၏ဒီအဆင့်တွင် မည်သည့်အခြေအနေကို ပြောင်းလဲလုပ်ဆောင်ချင်နေကြောင်း သိရန်လိုအပ်လေသည်။ ယွီစန်း၏စန်းပေါ်က နောက်ဆုံးတွင် အပြည့်အဝ လှုပ်ရှားရန် ကြံစည်လိုက်ပြီလောဟူသော အကြောင်းအရာကိုလည်း သိရန်လိုအပ်သည်။ သို့သော် ယွီစန်းဟာ စစ်သည်တော်များ ပြတ်လတ်သည့် အခြေအနေကို ရင်ဆိုင်နေရသေးသည်။
“တကယ်လို့ အဲ့ဒီလိုသာဆိုရင် သာ့လွန်ရော့ကျန်းမှာ အရှင်မြို့စားကိုကူညီပြီး ဝင်္ကပါကို ဖျက်ဆီးပေးမဲ့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ အရှင်မြို့စားအနေနဲ့ အလောတကြီး နောက်ဆုတ်ဖို့တော့ မလိုအပ်ပါဘူး”
သာ့လွန်ရော့ကျန်းကပြုံးသည်။
ဝုန်း
ရွက်ဖျင်တဲအတွင်းရှိ စိတ်အခြေအနေက ရုတ်တရက် ပြောင်းလဲသွားပြီး လူတိုင်းက အံ့အားတကြီး တုန်ယင်သွားကြသည်။
အားပါး၊ အော့စမန်း၊ အပုမူစလင်၊ ကျစ်ရနှင့် စစ်အစိုးရတို့ကပင် စိတ်ဝင်စားသွားကြပြီး သာ့လွန်ရော့ကျန်းကို ကြည့်ကြသည်။
သူတို့ထဲမှ မည်သူကမှ တိဗက်ခေါင်းဆောင်ကို အာရုံမစိုက်ကြချေ။ သို့သော် တစ်ဖက်သူတွင် ဝင်္ကပါကို ဖျက်ဆီးရန် နည်းလမ်းရှိပြီဆိုလျှင်မူ အာရုံစိုက်ပေးရန် လိုအပ်သည်။
“ဟင်း”
သာ့လွန်ရော့ကျန်းက ရယ်သည်။ သူဟာ အာရပ်ဗိုလ်ချုပ်ကြီးများ၏ တုန့်ပြန်မှုကို မျှော်လင့်ထားပြီးပုံပေါ်သည်။
အဆုံးသတ်တွင် မဟာထန်ကို သူ့ထက်ပိုပြီး မည်သူကမှ နားမလည်နိုင်ချေ။
“မင်းမှာဘာနည်းလမ်းရှိလဲ”
ခပ်ပြတ်ပြတ်အသံနှင့် ချွီထေပါးက ဝင်ပြောလိုက်သည်။ သူက အာရပ်များဘက်မှ အဓိက မေးမြန်းသည့် တာဝန်ကို ယူလိုက်သည်။
“အရှင်ချွီထေပါး ခင်ဗျားက ဒီတစ်ကြိမ် အစိုးရိမ်ရဆုံးက မဟာထန်ဘက်က အဲ့ဒီအနက်ရောင်ဝတ်စုံနဲ့ အကြီးအကဲဆိုတာကို ငါသိတယ်။ အမှန်တိုင်းပြောရရင် ငါ့မှာ ခင်ဗျားကိုကူညီပြီး သူ့ကို ကိုင်တွယ်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့အကူအညီကိုတော့ လိုအပ်တယ်”
သာ့လွန်ရော့ကျန်းက ဖြေသည်။ သူကပြုံးရယ်နေသည်။
ဝုန်း
လူတိုင်းကလည်း ထိုစကားလုံးများကြောင့် အံ့ဩသွားကြပြန်သည်။ ချွီထေပါးကပင် မျက်ခုံးပင့်မိ၏။ ချွီထေပါးကဲ့သို့ မာနကြီးသော လူတစ်ယောက်အနေနှင့်ပင် အမည်းရောင်ဝတ်စုံနှင့် လူကြီးက အင်အားကြီးမားလွန်းကြောင်း ဝန်ခံရသည်။သို့သော် ထိုတိဗက်ကမူ ထိုအကြီးအကဲကို ကိုင်တွယ်ရန် နည်းလမ်းရှိကြောင်း ပြောလာခြင်းဟာ မယုံနိုင်စရာကောင်းသော အခြေအနေမျိုး ဖြစ်သွားသည်။
“တုစုန့်မာန်ဖော်ကျဲ့ အဲ့ဒါကိုယူလာခဲ့”
အာရပ်များ၏ တုန့်ပြန်မှုကို သိလိုက်သည့် သာ့လွန်ရော့ကျန်းက တုစုန့်မာန်ဖော်ကျဲ့ကို ဟန်အမူအရာပြသည်။ တခဏခန့်ကြာပြီးနောက် ချွင်ကနဲအသံထွက်လာသည်။ တုစုန့်မာန်ဖော်ကျဲ့က ရှေ့သို့တက်လာပြီး သေးငယ်သည့် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ခေါင်းလောင်းလေးကို လာချပေးသည်။ ထိုခေါင်းလောင်းလေး၏ အပေါ်တွင် ရှုပ်ထွေးပြီး လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများက ပြည့်နှက်နေသည်။
အာရပ်များက သံသယဝင်သွားပုံပေါ်သည်။
“ဒါကဘာလဲ”
သိချင်စိတ်ကို မဖုံးကွယ်နိုင်သည့် အားပါးက အရင်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲသည်။
“ဒါက ငါတို့ရဲ့ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက အဆက်အစပ် လက်ဆင့်ကမ်းပေးခဲ့တဲ့ စတေးခံပစ္စည်းတစ်မျိုးပေါ့။ ဒီပစ္စည်းမှာလည်း နှစ်တစ်ထောင်ကျော်နီးပါး သက်တမ်းရှိတယ်။ တစ်စုံတစ်ယောက်က ဘယ်လောက်ပဲ အင်အားကြီးကြီး အဲ့ဒီလူကို ပိတ်လှောင်ထားနိုင်တယ်”
သာ့လွန်ရော့က ရှင်းပြသည်။ သူကထိုသို့ပြောလိုက်ပြီးနောက် တုစုန့်မာန်ဖော်ကျဲ့ကို ဟန်အမူအရာ ထပ်ပြသည်။
ဘန်း
တစ်ဖက်သူက အခြေအနေကို ချက်ချင်းနားလည်လိုက်ပြီး ရှေ့သို့တိုးလိုက်သည်။ ထို့နောက် မန်ထရာကို ရေရွတ်သည်။ ကျယ်လောင်လွန်းသော ဘုန်းကနဲအသံကြီး ထွက်ပေါ်လာပြီးနောက် လက်သီးဆုပ်ခန့် အရွယ်အစားသာရှိသော ရွှေရောင်ခေါင်းလောင်းကြီးက မြေပြင်အထိ ဆယ်ပေခန့်အထိ မြောက်တက်သွားကာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ရွက်ဖျင်တဲတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
ခွက် ခွက် ခွက်
လူတိုင်း၏မျက်နှာက တင်းမာသွားသည်။ သူတို့၏ခန္ဓာကိုယ်က ပြင်းထန်သည့် စွမ်းအင်များနှင့် ထိုခေါင်းလောင်း၏ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားကို ခုခံသည်။ သို့သော် အပုမူစလင်နှင့် အားပါးကဲ့သို့သော လူမျိုးကပင် ဖျက်ဆီးခြင်းစွမ်းအားများကြောင့် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်ခဲ့ရသည်။ ထိုအရာသာမကသေးချေ သူတို့က ခေါင်းလောင်း၏ စွမ်းအားကို ခုခံရန် ကြိုးစားကြသော်လည်း အားလုံးက သတ္ထုချင်းထိခတ်သံကိုသာ ကြားလိုက်ရသည်။
တစ်စက္ကန့်ခန့်ကြာပြီးနောက် လူတိုင်းက အံ့အားတကြီးကြည့်နေသည့် အကြည့်အောက်တွင် နက်ရှိုင်းသော ပင်လယ်ရွှမ်သတ္ထုသားဖြင့် လုပ်ထားသော အားပါး၏ လက်ဝါးချက်ကြောင့် ချိုင့်ထားသည့် စားပွဲကြီးက လေထဲသို့မြောက်တက်သွားသည်။ ထို့နောက် လျှင်မြန်စွာ လည်ထွက်သွားလေပြီး မျက်တောင်တစ်ခတ် အချိန်အတွင်း သတ္ထုအပျက်အစီးပုံအဖြစ် ပြောင်းလဲသွားလေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် အလင်းတန်းက ပြန့်လာပြီး ထိုအပိုင်းအစ စားပွဲကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ထိုပြုတ်ကျပြီး မြေပြင်သို့ထိသွားသည့် အခိုက်အတန့်တွင် သတ္ထုတုံးငယ်လေးများ ဖြစ်သွားလေပြီ။
ဝှစ်
တခဏခန့်ကြာပြီးနောက် တုတ်ခိုင်ပြီး အားအင်အပြည့်ပါသည့် လက်ဝါးတစ်ချက်က ဆန့်ထွက်လာသည်။ လေထဲရှိခေါင်းလောင်းက စွမ်းအင်အားလုံး ကုန်ဆုံးသွားပုံပေါ်ပြီး တုစုန့်မာန်ဖော်ကျဲ့၏ လက်ဖဝါးပေါ်သို့ ကျသွားသည်။
ထိုသို့ပြောပြီးနောက် တုစုန့်မာန်ဖော်ကျဲ့က ခေါင်းလောင်းကိုသိမ်းကာ သာ့လွန်ရော့ကျန်း၏ အနောက်သို့ ပြန်ဆုတ်သည်။
မုန်တိုင်းက ခပ်မြန်မြန်ရောက်ရှိလာပြီး ခပ်မြန်မြန် ထွက်ခွာသွားသည်။ ထိုရွှေရောင်ခေါင်းလောင်းကြီး၏ ခွန်အားက လျှင်မြန်စွာ ပျောက်ကွယ်သွားလေပြီး အရာအားလုံးက တည်ငြိမ်သွားလေသည်။ သို့သော် တိုက်ပွဲ၏ ခြေရာလက်ရာများကို သယ်ဆောင်ထားသည့် ရွက်ဖျင်တဲနှင့် အားပါးနှင့် အခြားသော သူများ၏ နွမ်းလျသောပုံစံများကြောင့်သာ အဖြစ်အပျက်ကို အမှန်ဟု လက်ခံရပေလိမ့်မည်။ အစပိုင်းတွင်မူ သာ့လွန်ရော့ကျန်းက စကားများကို ချဲ့ကားစွာပြောနေသည်ဟုသာ ထင်ထားကြသည်။ သို့သော် ယခုမှသာ အလေးအနက် ထားဖြစ်ကြသည်။
“ခင်ဗျားတို့လည်း ဒီပစ္စည်းရဲ့စွမ်းအားကို မြင်ကြတာပဲ။ ဒါက ပထမအဆင့် စွမ်းအားပဲ ရှိနေသေးတယ်။ ဒီစွမ်းအားကို အပြည့်အဝသာ ထုတ်သုံးလိုက်မယ်ဆိုရင် ခင်ဗျားတို့ ရပ်နေတဲ့ နေရာတစ်ခုလုံးက မြေပြင်ကနေ ကျွတ်ထွက်သွားလိမ့်မယ်။ ဒါ့အပြင် ငါတို့ရဲ့ အင်အားတစ်ခုတည်းက ဒီပစ္စည်းကိုထုတ်သုံးတာ မလုံလောက်ခဲ့ဘူး။ တကယ်လို့ အရှင်ချွီထေပါးနဲ့ အဲ့ဒီ အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲတို့လို အင်အားကြီးမားလွန်းတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ငါတို့က အနီးကပ်ဖို့ အခွင့်အရေး မရှိနိုင်လို့ ဒီပစ္စည်းကို အသုံးမပြုနိုင်လောက်ဘူး။ ဒါပေမဲ့ ဒီအခြေအနေမှာ အရှင်ချွီထေပါးက ငါတို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးဖို့ လိုအပ်ပါတယ်”
သာ့လွန်ရော့ကျန်းက လူအုပ်ကိုကြည့်ပြီး လေးနက်စွာပြောလိုက်သည်။
သာ့လွန်ရော့ကျန်း၏ စကားလုံးများက လူတိုင်းကို တိတ်ဆိတ်သွားစေသည်။ လူတိုင်းသည် ချွီထေပါးနှင့် ထိုအနက်ရောင်ဝတ်စုံဝတ် လူကြီးတို့၏ တိုက်ပွဲကို မြင်ဖူးကြသည်။ ထို့ကြောင့် ထိုစကားကို သံသယမဝင်ကြတော့ချေ။ ထိုနှစ်ယောက်သည် အင်အားကြီးမားလွန်းသည်။ ထိုနှစ်ယောက်က ထုတ်လွှတ်သော စွမ်းအားများက သူတို့ရှိရာ နယ်မြေတစ်ခုလုံးကို သဲမုန်တိုင်းထန်စေလေပြီး ထိုနယ်မြေကို ဖျက်ဆီးခြင်းနယ်မြေအဖြစ် သတ်မှတ်စေသည်။
ထိုကဲ့သို့သော စွမ်းအားမျိုးကို ရင်ဆိုင်ရသောအခါ မဟာဗိုလ်ချုပ်ကြီးအဆင့်ကပင် နှစ်ကြိမ်ခန့် စဉ်းစားရပေလိမ့်မည်။ သူတို့က အနီးမကပ်နိုင်သေးခင် အံ့အားသင့်ဖွယ် အားလှိုင်းများကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်သည်။
“အရမ်းကောင်းတယ်”
ချွီထေပါးက ရှားရှားပါးပါး အသိအမှတ်ပြုဟန်နှင့် ခေါင်းညိမ့်လိုက်သည်။ သာ့လွန်ရော့ကျန်းက ထိုစကားများကြောင့် ပြုံးလိုက်သည်။
“နောက်ထပ်ကိစ္စတစ်ခု ရှိပါသေးတယ်။ ဒီသာ့လွန်ရော့ကျန်းက ငါတို့ရဲ့အရှုံးကို အနိုင်အဖြစ် ပြောင်းနိုင်မဲ့ အကြံအစည်တစ်ခုရှိတယ်။ ဒါပေမဲ့ ငါတို့အားလုံး အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ လူတိုင်းက ကူညီမှပဲ ဒီသာ့လွန်ရော့ကျန်းကလည်း အဆုံးအစွန် အနိုင်ကို အရယူဖို့ ယုံကြည်မှု ရှိသွားမှာပါ။ ဗိုလ်ချုပ်တွေအားလုံးက ဆမ်ဆာခမ်းကို အနိုင်နဲ့ ပြန်နိုင်ပါ့လိမ့်မယ်”
သာ့လွန်ရော့ကျန်းက သူ၏အကြံအစည်ကို ရှင်းပြသည်။ မူလကမူ လူတိုင်းက သာ့လွန်ရော့ကျန်း၏ စကားလုံးများကို နားလည်မှုလွဲနေသေးသည်။ သို့သော် သူ၏အကြံကို ကြားပြီးမှသာ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေသော နောက်ဆုတ်ချင်နေသည့် အော့စမန်းကပင် လက်ခံမိသည်။
အော့စမန်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။
“မဟာအမတ်မင်း ငါတို့မင်းကို ယုံလို့ရနိုင်လား။ တကယ်လို့ မင်းပြောတဲ့အတိုင်းဖြစ်လာပြီး အကြံအစည်က အောင်မြင်သွားမယ်ဆိုရင် ဒီတိုက်ပွဲမှာ ငါတို့အပြတ်အသတ် နိုင်လိမ့်မယ်”
သာ့လွန်ရော့ကျန်းကပြောသည်။
လူတိုင်းကလည်း ရှားရှားပါးပါး စိတ်အေးသွားကြသည်။ အားလုံး၏ ပူပန်မှုများက ပျောက်ကွယ်သွားသည်။
“ငါတို့ဒီတိုက်ပွဲအတွက် အသေးစိတ်ဗျူဟာကို ဆွေးနွေးကြတာပေါ့”
ပြုံးနေသေးသည့် သာ့လွန်ရော့ကျန်းက သူ၏အင်္ကျီလက်ထဲသို့ ထည့်လာသည့် ကုန်းမြေကြည့် မြေပုံတစ်ခုလုံးကို စားပွဲပေါ်သို့တင်ကာ ဖြန့်လိုက်သည်။
သူ၏ပတ်ပတ်လည်တွင် အပုမူစလင်၊ အော့စမန်း၊ အားပါးနှင့် ချွီထေပါးတို့အားလုံးက အနားသို့ လျှောက်လာပြီး ဆွေးနွေးမှုအတွင်း ဝင်ပါလာပြီဖြစ်သည်။
သုံးဖွဲ့ကြားတွင် အကွာအဝေးတစ်ခု ရှိနေသေးသည့်တိုင်အောင် ယခုအခါ ဗိုလ်ချုပ်ကြီးများ အားလုံးက အစစ်အမှန် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ကြတော့မည်ဖြစ်သည်။ ထိုသို့ဖြင့် သူတို့အကြားမှ ကွာဟချက်များက ပျောက်ကွယ်သွားလေသည်။
.....
သာ့လွန်ရော့ကျန်းနှင့် အခြားသောသူများက အတူစုစည်းပြီး လာမည့်တိုက်ပွဲအတွက် ဗျူဟာကို ဆွေးနွေးနေသည့်အချိန်တွင် တာလာ့အဓိက ဆွေးနွေးပွဲအတွင်းတွင် ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ပါးနားဟန်၊ ကမ်းခယ်ဘုရင်နှင့် အခြားသောလူများ အားလုံးကလည်း စုဝေး၍ အကြိတ်အနယ် ဆွေးနွေးနေကြသည်။
တောက်ပလင်းထိန်နေသော ခန်းမအတွင်းတွင် ရှီယွမ်ချင်က စားပွဲကိုလက်ဝါးဖြင့် ဖြောင်းကနဲရိုက်ပြီး တည်ငြိမ်စွာပြောသည်။
“သိန်းငှက်အသင်းက အာရပ်တွေ နောက်မဆုတ်သေးဘူးလို့ အကြောင်းကြားလာတယ်။ သူတို့က တိုက်ခိုက်ဖို့ကို လက်လျော့ဦးမှာမဟုတ်ဘူး။ သူတို့တွေ အချင်းချင်းပူးပါင်းပြီး တည်ငြိမ်အောင်ထိန်းလို့ ခြေလှမ်းခိုင်မာသွားတာနဲ့ ပြန်လာဦးမှာပဲ”
အခန်းအတွင်းရှိလူတိုင်းက အလားတူစွာပင် စိုးရိမ်စိတ်ကြီးနေသော မျက်နှာထားမျိုးကို ထုတ်ပြသည်။
“မင်းတို့က ဘာတွေကြောက်တာလဲ။ ငါတို့က သူတို့ကို တစ်ကြိမ်မောင်းထုတ်ပြီးပြီ။ နောက်ထပ်တစ်ကြိမ် မောင်းထုတ်နိုင်သေးတယ်။ ငါတို့နဂါးကိုးကောင် သွေးစစ်အလံကြောင့် သူတို့ကို ကြောက်စရာလိုတယ်လို့ကို မထင်ဘူး”
လုံရှီက ဒေါသတကြီးပြောသည်။ သူ၏မျက်နှာက နီရဲနေသည်။
“ရှီရီ ဒါကဒီလောက် မရိုးရှင်းဘူး။ မင်းလည်းအရှင်ဝမ်ပြောတာကို ကြားတာပဲ။ စီနီယာကျန်းက ကောင်းမွန်တဲ့ အခြေအနေမျိုးမှာ မရှိဘူး။ သူ့ရဲ့ခန္ဓာကိုယ်က ရှည်လျားတဲ့ တိုက်ပွဲဒဏ်ကို မခံနိုင်ဘူး။ ဒါကြောင့်ငါတို့က ချွီထေပါးက ဒီအခြေအနေကို မသိထားဖို့ပဲ မျှော်လင့်ရတော့မယ်။ ပိုဆိုးတာက အာရပ်တွေမှာ တပ်ကူတွေမရှိဘူးလို့ မသေချာနိုင်ဘူး။ ချွီထေပါး အသက်တစ်ရက်ရှည်နေရင် ငါတို့အန္တရာယ်ရှိနိုင်တဲ့ နောက်ထပ်တစ်ရက် ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ချန်းချန့်လီက ရှင်းပြပေးသည်။
အခန်း(၁၁၁၇)
ဝမ်ချောင်ရဲ့အကြံ
“ချန့်လီပြောတာမှန်တယ်။ ဒီစစ်ပွဲမှာ အာရပ်တွေက စစ်သည်တစ်သိန်းကျော် ရှိနေသေးတယ်။ ဒါကြောင့် ငါတို့ထက် ပမာဏပိုများနေတယ်။ ထပ်ပေါင်းပြောရရင် ငါတို့တွေက ဒီတိုက်ပွဲမှာ အများကြီး မဆုံးရှုံးပေမဲ့လည်း လက်နက်ကြီးစစ်တပ်က ကျည်ဆံတွေအားလုံး သုံးလို့ကုန်သွားနိုင်တဲ့ အခြေအနေ ရှိနေတယ်။ ဒါကြောင့် ဒီကျည်ဆံတွေရဲ့ အထောက်အပံ့ မရှိတော့တဲ့အခါ လက်နက်ကြီးစစ်တပ်က အင်အားတွေစစ်ထုတ်ဖို့ ခက်သွားလိမ့်မယ်”
ကောင်းရှန်းကျစ်က ဗျူဟာကျကျပြောသည်။ မဟာထန်သည် စစ်သည်ငါးသောင်း ရှိနေသေးသည့်တိုင်အောင် ထိုထဲမှ နှစ်သောင်းခွဲက လက်နက်ကြီးစစ်သားဖြစ်နေသည်။
လက်နက်ကြီးစစ်သားများ အားလုံးက ပိုးသားလမ်းတွင် ကြီးစိုးခဲ့သည့် ဓားမြများဖြစ်သည်။ ထိုလူများက စုဟန်ရှန်း၏ ထိန်းချုပ်မှုအောက်တွင် မွန်းမံခံရပြီးသည့်တိုင်အောင် အင်အားကြီးမားသော တိုက်ခိုက်ရေးသမားများ ဖြစ်လာနိုင်သေးသည်။ ထို့ကြောင့် ရိုးရှင်းစွာဖြင့်ပင် ယခုလိုအာရပ် လက်ရွေးစင် တပ်ဖွဲ့များနှင့်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
အခြားစကားဖြင့် ဆိုရသော် မဟာထန်၏ အစစ်အမှန် စစ်သားအင်အားက သုံးသောင်းပင်မရှိချေ။ ထိုသုံးသောင်းနှင့် တစ်သိန်းကျော်ကို နှိုင်းယှဉ်ခြင်းကမူ အလွန်အမင်း မသင့်တော်သော အနေအထားမျိုး ဖြစ်နေသည်။
“စုဟန်ရှန်း ငါတို့တိုက်ပွဲကနေ ပြန်လည်စုဆောင်းရမိခဲ့တဲ့ လက်နက်ကြီးတွေရဲ့ အရေအတွက်က ဘယ်လောက်လဲ”
ဝမ်ချောင်က စုဟန်ရှန်းကိုမေးသည်။
“ငါတို့မှာ အရင်က အသုံးမပြုရသေးတဲ့ လက်နက်ကြီး ခုနှစ်ထောင်ကျန်မယ်။ ငါတို့ရဲ့လူတွေက တိုက်ပွဲနယ်မြေကနေ လက်နက်တွေကို ပြန်လည်ရယူထားခဲ့ပေမဲ့လည်း အများစုက ပျက်စီးနေတယ်။ အချို့က ပုံစံပျက်သွားတာမျိုးတွေ ဖြစ်နေသေးလို့ ငါကစီနီယာ ကျန်းရှို့ကျစ်ကို ပြန်လည်ပြင်ဆင်ခိုင်းတာ။ ဒါပေမဲ့ စိုးရိမ်တာက အချိန်မလောက်နိုင်ဘူး”
စုဟန်ရှန်းကပြောသည်။
အချိန်လိုအပ်တယ်။ အချိန် အချိန် နောက်ထပ် တိုက်ပွဲတစ်ပွဲက ဖြစ်လာဦးမည်မှာ သေချာသည်။ အာရပ်များကလည်း ထန်များကို ထိုလက်နက်ကြီးများကို ပြင်ဆင်ရန် အခွင့်အရေး ပေးလိမ့်မည်မဟုတ်ချေ။ ထို့အပြင် ရှိနေသော လက်နက်ခုနှစ်ထောင်က ရိုးရှင်းစွာဖြင့် အာရပ်များကို ဖိနှိပ်ရန်မလုံလောက်ချေ။
“အမှန်တိုင်းပြောရရင် လက်ရှိစစ်သည်တော်တွေရဲ့ အရေအတွက်နဲ့ဆိုရင် ငါတို့က ဒီတိုင်းငြိမ်ငြိမ်ထိုင်ပြီး အာရပ်တွေတိုက်ခိုက်လာမှာကို စောင့်နေရုံပဲ။ ငါတို့ကမြို့ရိုးကို မှီခိုရုံနဲ့ သူတို့ကိုအထိနာအောင်လုပ်ပြီး မောင်းထုတ်လို့ရနိုင်တယ်”
ဖားနားဟန်၏ ခေါင်းဆောင် ပါးနားဟန်ကပြောသည်။
“အာရပ်တွေမှာ မူလက စစ်သည်အင်အား လေးသိန်းကျော်ရှိတယ်။ အခုသူတို့မှ တစ်သိန်းဝန်းကျင်ပဲ ရှိတော့တာ။ ဒါကတင် တော်တော်လေးကို ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်နေပြီ။ သူတို့က စိတ်မရှည်ဖြစ်လောက်ပေမဲ့ ငါတို့ကတော့ မဟုတ်ဘူး”
ဖားဟားနမ်သည် ဒီစစ်ပွဲတွင် အများကြီးဆုံးရှုံးခဲ့သေးသော်လည်း ပါးနားဟန်အနေနဲ့ မဟာထန်အပေါ် အလွန်ယုံကြည်မှုရှိသည်။ ဖားဟားနမ်သည် ဆုံးရှုံးမှုအနည်းအများကို ခံစားရသည့်တိုင်အောင် ဒါဟာ ရေရှည်အကျိုးအမြတ်ကို ကြည့်ရဦးပေမည်။
မြက်ခင်းလွင်ပြင်ဒေသမှ ရေကြည်ရာမြက်နုရာ ရှာသောလူများအနေနှင့် ဗဟိုပြင်ကျယ်၏ မြေဩဇာကောင်းသော ဒေသတွင် နေသောလူများနှင့် ခြားနားသည်။ သူတို့သည် သေရေးရှင်ရေးကို ခြားနားသော ပုံစံမျိုးဖြင့် လက်ခံထားကြသည်။ ကြေးစားစစ်သားများအတွက် ယခုလို ကျယ်ပြောခမ်းနားသော စစ်ပွဲတွင် သေဆုံးရခြင်းက ထိုစစ်သည်တော်၏ သေဆုံးခြင်းအတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ဖားဟားနမ်အဖွဲ့က အနာဂတ်တွင် အင်အားကြီးမားလာပြီး အဆင့်အတန်း မြင့်မားလာသောအခါ ဒီကြိုးစားအားထုတ်မှုများ အားလုံးက တစ်စိတ်တစ်ပိုင်း ပါဝင်ဖြည့်စွက် ကူညီပေးသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ ထိုလူများ၏သေဆုံးမှုက ထိုက်တန်လေသည်။
ခမ်းကယ်ဘုရင်ကလည်း ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကာ ပြောသည်။ သူသည်လည်း အလွန်အမင်း စိုးရိမ်နေပုံရသည်။
“ဒါကဒီလောက် မရိုးရှင်းဘူး။ ဒီတိုက်ပွဲထဲမှာ ပါဝင်နေတာက အာရပ်တွေရဲ့ စစ်သည်တစ်သိန်းကျော်တင် မဟုတ်သေးဘူး။ ချွီထေပါးက အဓိကပဲ။ ငါတို့က ချွီထေပါးကို မသတ်နိုင်ရင် ငါတို့က ငြိမ်ငြိမ်ထိုင်နေတာပဲဖြစ်ဖြစ် သွားပြီးတိုက်ခိုက်တာပဲဖြစ်ဖြစ် အရေးမကြီးတော့ဘူး။ သူကဒီတိုင်း ဓားလေးကို ယမ်းလိုက်ရုံနဲ့ ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံးက အလဟသ ဖြစ်သွားမှာပဲ”
ခမ်းကယ်ဘုရင်၏ စိတ်နေသဘောထားနှင့် ဗဟိုပြင်ကျယ်တွင် ပညာသင်ကြားခဲ့သော ဗဟုသုတများကြောင့် သူဟာဒီစစ်ပွဲ၏ အရေးပါသော အချက်အလက်များကို ထောက်ပြနိုင်သည်။
ခမ်းကယ်ဘုရင်၏ စကားလုံးများက ခန်းမအတွင်းရှိ လူတိုင်းကို တိတ်ဆိတ်သွားစေပြီး စတင်ကာ တွေးတောမိစေသည်။
သူတို့သည် ချွီထေပါး၏ခွန်အားကို သံသယမဝင်ချေ။ သူသည် ထိုက်တောင်ကြီးကဲ့သို့ ဖြစ်နေခဲ့ပြီး လူတိုင်း၏ခေါင်းကိုဖိထားကာ အသက်မရှုနိုင်အောင် ဖြစ်စေသည်။
သူတို့ကသာ ထိုပြဿနာကို မဖြေရှင်းနိုင်လျှင် မဟာထန်သည် အစစ်အမှန်အနိုင်ကို အရယူရန် ခက်ခဲပေလိမ့်မည်။ အကြောင်းမူကား ချွီထေပါးနှင့် အပုမူစလင်ကတင် စစ်သည်တော်များကို သတ်ဖြတ်ကာ ရှင်းလင်းနိုင်သောကြောင့်ဖြစ်သည်။ ထိုခြိမ်းခြောက်မှုကို မဖယ်ရှားနိုင်သမျှ မဟာထန်ဘက်ကလည်း အလွယ်တကူ အနားယူနိုင်မည်မဟုတ်ချေ။ တာလာ့ကလည်း အချိန်မရွေး ကျသွားနိုင်သည်။
ခန်းမထဲရှိလူတိုင်းက အမျိုးမျိုးသော အကြံများကို ထုတ်နေကြသည်။ သို့သော် သိုင်းပညာများကမူ ဗျူဟာများနှင့်ခြားနားသည်။ တစ်ဖက်က စကားဖြင့်ထုတ်ပြော၍ရသည့် အမျိုးမျိုးသော နည်းလမ်းများကို ထည့်စဉ်းစားနိုင်သော်လည်း အခြားတစ်ဖက်တွင်မူ အစစ်အမှန် အသွေးအသား ခြေထောက်များကို အသုံးပြုနေရခြင်းဖြစ်သည်။ ချွီထေပါးကို အနိုင်အရယူခြင်းက ပြောသည်ထက် ခက်ခဲလွန်းနေသည်။
ထိုသို့ဖြင့် သူတို့အားလုံး၏မျက်မှောင်က ကျုံ့လာကြသည်။ ဝမ်ချောင်က မျက်မှောင်ကျုံ့နေသည်။ သူ၏မျက်လုံးက အရှေ့ဘက်ရှိ ပုံစံငယ်ပေါ် ထပ်ခါတလဲလဲ ရောက်သွားပြီး တောင်ကုန်းတိုင်း၊ တောင်တန်းတိုင်း၊ ပြင်ကျယ်တိုင်း၊ ခံတပ်တိုင်းကိုကြည့်သည်။ သူကအဝေးရှိ အမှောင်တောအုပ်ကိုပင် ကြည့်လိုက်သေးသည်။ ဝမ်ချောင်က တာလာ့၏ထိုပုံစံလို သူ၏လက်ခုံလို သိနေပြီးသားဖြစ်သည်။ သို့သော် သူ၏အကြည့်က တာလာ့မြို့ပေါ် ဖြတ်ပြေးသွားပြီးနောက် ရုတ်တရက် အကြံတစ်ခုရလာသည်။
“အရှင်ကောင်း၊ ဗိုလ်ချုပ်ချန်း ငါချွီထေပါးကို သတ်နိုင်လောက်မဲ့ နည်းလမ်းတစ်ခုတော့ရပြီ”
ဝမ်ချောင်ကရုတ်တရက်ပြောသည်။ သူကခေါင်းကိုမော့လိုက်သည်။
ဝမ်ချောင်၏ရိုးရှင်းသော စကားလုံးက လူတိုင်း၏စိတ်အတွင်း မုန်တိုင်းထန်သွားစေသည်။
ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ခမ်းကယ်ဘုရင်၊ စုဟန်ရှန်းနှင့် အခြားသောလူတိုင်းက ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။ သူတို့၏မျက်ဝန်းအတွင်း တောက်ပမှုက လင်းလက်လာသည်။
အရာအားလုံးသည် ဉာဏ်ရည်၊ ဗျူဟာတို့အပါအဝင် အရာအားလုံးကို ပေါင်းစပ်စဉ်းစားထားသည့် ဖြေရှင်းချက်က ခွန်အားကိုကျော်လွန်နိုင်မည်မှာ သေချာသည်။ သို့သော် ဝမ်ချောင်ကသာ ချွီထေပါးကို သတ်နိုင်သည့်နည်းလမ်းမျိုး အမှန်တကယ် ပိုင်ဆိုင်ထားမည်ဆိုလျှင် သူတို့က မည်သည့် အကြောင်းအရာကိုမှ ဆက်တွေးရန်မလိုအပ်တော့ချေ။ အပုမူစလင်၊ အားပါး၊ တိဗက်များ၊ အနောက်ပိုင်း တူရကီများ စသဖြင့် မည်သူကမှ မဟာထန်ကို မယှဉ်နိုင်တော့ချေ။
“ငါ့အနေနဲ့ ဒီကိစ္စအောင်မြင်မယ်လို့ ငါးဆယ်ရာခိုင်နှုန်းအထိ ယုံကြည်မှုရှိတယ်။ ဒါပေမဲ့ လူတိုင်းသဘောတူပြီး ငါနဲ့ပူးပေါင်းပေးဖို့လိုအပ်တယ်”
ဝမ်ချောင်ကရုတ်တရက် သူ၏အကြံကို စတင်ကာရှင်းပြသည်။
ဝုန်း
ဝမ်ချောင်က ထိုစကားလုံးများကို အထူးတလည် အလေးအနက်ထားပုံ မရသော်လည်း လူတိုင်းကမူ ထိုအကြံကြောင့်မှင်သက်သွားကြသည်။
သူတို့ထဲမှ ခေါင်းအမာဆုံးလူကပင် ဒီလိုအကြံမျိုးကို မတွေးဖူးချေ။ သူတို့ထဲက မည်သူကမှလည်း အချိန်အတန်ကြာအောင် စကားမပြောနိုင်ကြတော့ချေ။ ခမ်းကယ်ဘုရင်၊ ပါးနားဟန်၊ ရှီယွမ်ချင်နှင့် လုံရှီတို့က ဝမ်ချောင်ကိုအံ့အားတကြီး ကြည့်ကြသည်။
“ရူးတာပဲ တကယ်ကိုရူးလွန်းတယ်”
ရှီယွမ်ချင်က နောက်ဆုံးတွင်အော်လိုက်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် မင်းက ဒီအကြံအစည်ကို ထုတ်ပြောခဲ့တာကြောင့်သာမဟုတ်ရင် ငါဒီလူကို သူရူးလို့သတ်မှတ်မှာပဲ”
ရှီယွမ်ချင်က ဝမ်ချောင်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသည်။ သို့သော် ဝမ်ချောင်ဟာ အတော်လေး ထူးဆန်းကြောင်း တွေ့လိုက်ပြန်သည်။ ထိုကဲ့သို့ရူးသွပ်ပြီး ခေါင်းမာမှုဟာ လူတိုင်းအပေါ် နက်ရှိုင်းလွန်းသည့် ထင်မြင်ချက်ကို ကျန်စေနိုင်သည်။ ရှီယွမ်ချင်သည်လည်း ဝမ်ချောင်နှင့် ပတ်သတ်သည့် ကောလဟာလများ၊ ဒဏ္ဍာရီပေါင်းများစွာကို ကြားဖူးသည်။ သို့သော် မည်သည့်ဒဏ္ဍာရီကမှ အစစ်အမှန်အရာကို မယှဉ်နိုင်ချေ။ ဝမ်ချောင်၏ လုပ်ကိုင်ရဲသောစိတ်နှင့် သတ္တိက ပုံပြင်များထက်ပင် မှင်သက်ဖွယ်ကောင်းသေးသည်။
“ဒါကရူးပေမဲ့ လက်ခံနိုင်သေးတဲ့အကြံပဲမဟုတ်လား”
ချန်းချန့်လီက နောက်ဆုံးတွင် တွေးတောပြီးနောက် ပြောလိုက်သည်။
“ငါတို့မှာ ဒီထက်ပိုကောင်းတဲ့ အကြံလည်းရှိတာမဟုတ်ဘူး”
“ဗိုလ်ချုပ်ချန်းပြောတာ အကျိုးအကြောင်း သင့်တော်တယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ အကြံက လက်ခံနိုင်တယ်လို့ ယုံကြည်တယ်”
ကုလီကဝင်ပြောသည်။ ရှားရှားပါးပါး သူဟာ ဒီဗျူဟာအစည်းအဝေးတွင် စကားဝင်ပြောခြင်းဖြစ်သည်။
“ဝမ်ချောင် ငါတို့မင်းပြောတဲ့အတိုင်းလုပ်မယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ ငါကိုင်တွယ်လိုက်မယ်”
ထိုအချိန်တွင် ကောင်းရှန်းကျစ်က နောက်ဆုံးသံကိုရိုက်ရင်း သူ၏ဆုံးဖြတ်ချက်ကို ထုတ်ပြောသည်။
“အာရပ်တွေတိုက်ခိုက်လာတဲ့အခါ ဒါကပဲ ငါတို့ရဲ့အခွင့်အရေး ဖြစ်လိမ့်မယ်”
နောက်ဆုံးစကားလုံးများနှင့်အတူ ကောင်းရှန်းကျစ်၏ မျက်လုံးများက ခန်းမအတွင်းရှိလူတိုင်းထံ မိုးကြိုးပစ်လိုက်သလိုမျိုး ဖြတ်ပြေးသွားလေသည်။
လူတိုင်းက ခပ်မြန်မြန် သဘောတူကြသည်။ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်က တာလာ့တွင် အဆင့်အတန်း အမြင့်ဆုံးဖြစ်သည်။ သူတို့ဗိုလ်ချုပ်ကြီးနှစ်ယောက်က သဘောတူသမျှ လူတိုင်းကလည်း ငြင်းစရာမရှိပေ။
“ငြင်းစရာမရှိမှတော့ စတင်ကြရအောင်”
ထိုသို့ဖြင့် အရာရှိများထံ အကြည့်တစ်ချက်ပေးပြီး ကောင်းရှန်းကျစ်က သူ၏အကြံ အသေးစိတ်ကို စတင်ကာ ဆွေးနွေးလေသည်။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲက မျှော်လင့်ထားသည်ထက် စောစွာရောက်လာသည်။
ခြိမ်း
စစ်မြင်းသောင်းကျော်က ခုန်ထွက်သွားသောအခါ ဖုန်တိမ်စိုင်လုံးများက ဖြစ်ပေါ်လာသည်။ နောက်ဆုံးသော မဟာမိတ်စစ်သည် တစ်သိန်းကျော်က တာလာ့၏ တိုက်ပွဲနယ်မြေပေါ်တွင် ရောက်ရှိလာပြီး ပထမခုခံရေးအားလှိုင်းနှင့် ပေခုနှစ်သောင်းကျော်တွင် ရပ်တန့်သွားသည်။
“သူတို့ရောက်လာတာ မြန်လိုက်တာ”
မြင့်မားသော မြို့ရိုးအနောက်ဘက်တွင် ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ဝမ်ရန်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က ဘေးချင်းယှဉ်လျှက် ရပ်နေကြသည်။ သူတို့က အဝေးရှိ အာရပ်စစ်သားများကိုကြည့်ပြီး သူတို့၏ မျက်ဝန်းအတွင်း အေးစက်သောအလင်းက လက်သွားသည်။
ကောင်းကင်က မှောင်နေသေးသည်။ ကျလာသောအရိပ်က အရာအားလုံးဟာ ပြိုလဲကျနေသလို ထင်ရစေသည်။
သူတို့၏နေရာမှကြည့်သော် သူတို့မြင်နိုင်သမျှက သိပ်သည်းစွာရှိနေသော အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းတူရကီ စစ်သားများဖြစ်သည်။ ကြောက်စရာကောင်းသော ဆုံးရှုံးမှုကို ခံလိုက်ရသည့်တိုင်အောင် ထိုတစ်သိန်းကျော်က မြောက်များလွန်းသော ပမာဏအနေနှင့် ရှိနေသေးသည်။
ကျယ်ပြောလွန်းသော မြင်းတပ်၏အလယ်တွင် စစ်အလံခြောက်ခုက လေထဲတွင်လွင့်နေသည်။ ထိုသို့ဖြင့် ပြင်းထန်လွန်းသည့် စိတ်ပိုင်းဆိုင်ရာဖိအားကို ထုတ်လွှတ်ထားသည်။
စစ်မြင်းများက အချိန်မရွေး ချီတက်ရန် အသင့်ဖြစ်နေသလိုမျိုး ဟီကြသည်။ လေထုက အလွန်အမင်း တင်းမာတည်ငြိမ်လာသည်။
အာရပ်များက မနေ့ညက တစ်ညလုံး လီတစ်ဆယ်ကျော်အကွာတွင် အခြေစိုက်ထားသည်။ ထို့ကြောင့် လူတိုင်းကလည်း သူတို့ပြန်လာမည်ဖြစ်ကြောင်း သိထားသည်။ သို့သော် ထိုမျှအထိ စောစွာရောက်ရှိလာမည်ဟု မထင်ထားကြချေ။ ဆိုလိုသည်မှာ သူတို့ကဆုံးဖြတ်ချက်ချပြီး တိုက်ခိုက်ရန် စီစဉ်ထားပြီးလေပြီ။
ထိုကဲ့သို့ လုပ်နိုင်စွမ်းရည်က မယုံနိုင်စရာဖြစ်သည်။ အာရပ်များ၊ တိဗက်များ၊ အနောက်ပိုင်းတူရကီများက သိသာစွာပင် အားလုံးကို ကြိုတင်ကြံစည်ပြီးလောက်လေပြီ။
“အသင့်ပြင်”
ကျယ်လောင်သောအသံက တိုက်ပွဲနယ်မြေကို ကျော်ဖြတ်သွားသည်။
ခလှီး..
လက်နက်များက လေးကြိုးများကို အဆွဲခံရပြီး တစ်ဖက်မှ မဟာမိတ်စစ်တပ်ကို ချိန်ရွယ်လေသည်။
လက်နက်ကြီးစစ်သားများ အားလုံးက တည်ငြိမ်နေကြသည်။ သို့သော် စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်နေကြရလေသည်။ သူတို့ကိုယ်တိုင်ကသာ လက်နက်ကြီးက အလက်ခုနှစ်ထောင်သာ ကျန်ရစ်တော့ကြောင့် သိနေသည်။ ထို့ကြောင့် တစ်လက်ချင်းစီတိုင်းက တစ်ကြိမ်သာပစ်ခွင့်ရှိသည်။
ဒီတစ်ကြိမ် ပြိုင်ဘက်များက ရိုးရှင်းစွာဖြင့် အင်အားကြီးမားလွန်းသည်။ သူတို့၏ တောက်ပြောင်နေသော သံချပ်ကာများကို မြောက်များလွန်းသည့် အရေအတွက်နှင့် ပေါင်းစပ်ထားခြင်းအားဖြင့် လက်နက်ကြီးများအတွက် မျှော်လင့်ထားသည်ထက် အကုန်အကျ ပိုများစေပေလိမ့်မည်။ သူတို့ထဲမှ မည်သူကမှလည်း လက်နက်ကြီးအပုံလိုက် ရှိနေသော်လည်း မည်သို့မှမလုပ်နိုင်သည့် အခြေအနေမျိုးကို မကြုံဖူးချေ။
သူတို့ကသာ လက်နက်ကြီးများ ပြတ်လတ်သွားခဲ့သော် ချီတက်လာမည့် စစ်သားများကို မည်သို့ကိုင်တွယ်မည်နည်းဆိုသည့် ကိစ္စနှင့်ပတ်သတ်ပြီး မတွေးတောရဲချေ။ သို့သော် သူတို့က တစ်ဖက်ခြမ်းတွင်ရှိသည့် တည်ငြိမ်စွာရပ်နေသော ပုံရိပ်ကိုကြည့်လိုက်ရုံနှင့် အားလုံးက တည်ငြိမ်သွားကြသည်။
လက်နက်ကြီးအဖွဲ့မှ စစ်သားများအားလုံးသည် တာလာ့၏ ကြမ်းတမ်းလွန်းသော တိုက်ပွဲတွင် ဝင်ပါခဲ့ကြသည်။ သူတို့အားလုံးသည်လည်း သူတို့ဟာ တာဝန်အတွက် အလုပ်လုပ်နေကြခြင်းမဟုတ်ကြောင်း နားလည်သည်။ သူတို့သည်မူလက ပိုးသားလမ်းတွင် လုယက်ရင်း ဓားမြတိုက်ရင်း အသက်ရှင်နေရသည့်လူများဖြစ်သည်။
သို့သော် စုဟန်ရှန်းကမူ သူတို့ကိုယုံကြည်ပေးသည်။ သူတို့ကို နေရာအသီးသီးပေးလေပြီး အလွန်အမင်း အဖိုးတန်သည့် လက်နက်ကြီးများကို အသုံးပြုခွင့်ပေးသည်။ ထိုသို့ဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် သူ့ကိုယ်သူ အန္တရာယ်အများဆုံးနေရာတွင် ထားလျှက် လေ့ကျင့်ပေးခဲ့သည်။
အခန်း(၁၁၁၈)
ပဲ့ထင်စီရင်စု၊ ချီရှီစီရင်စု၊ ယခုတာလာ့တိုက်ပွဲနယ်မြေတွင် စုဟန်ရှန်းသည် သူ၏လူများနှင့် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့လေသည်။
ထိုလူများက အဆင့်အတန်း နိမ့်ကျသော်လည်း စုဟန်ရှန်းက သူတို့၏ကိုယ်စား အမြဲတစေ ဝင်ရောက်ပြောပေးခဲ့သည်။ စုဟန်ရှန်း၏ စိတ်ထဲတွင် သူတို့သည် လက်အောက်ငယ်သားများ မဟုတ်ဘဲ ညီအစ်ကိုများဖြစ်သည်။
စိတ်အားထက်သန်မှု စွမ်းအင်တစ်စက်က နွေဦးကိုပင် ပြန်လည်ရှင်သန်နိုင်သည်။ စုဟန်ရှန်းသည် သူတို့ကို ညီအစ်ကိုများလို ဆက်ဆံသည်။ ထို့ကြောင့် သူတို့အားလုံးကလည်း စုဟန်ရှန်းကို သူတို့၏ ညီအစ်ကိုလို ဆွေမျိုးလိုဆက်ဆံကြသည်။ သူက နောက်မဆုတ်သမျှ သူတို့ထဲက မည်သူကမှ စကားတစ်ခွန်း ဆိုလိမ့်မည်မဟုတ်ချေ။ သူတို့၏ခေါင်းများကို ဆုံးရှုံးခံရမည်ဆိုလျှင်ပင် အလားတူ နောက်ဆုတ်ကြလိမ့်မည်မဟုတ်ချေ။
“အားလုံးပဲ အဆင်သင့်ပြင်ကြ”
ခြိမ်း
လက်နက်ကြီးစစ်တပ်က နေရာတကျယူပြီးနောက် အလံကြီးတစ်ခုက မြေပြင်ထဲသို့ ထိုးစိုက်ခံရသည်။ ထိုသို့ဖြင့် မြေပြင်တွင်ရှိသည့် ကျောက်တုံးကြီးကို ကွဲအက်သွားစေလေသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်က နဂါးကိုးကောင် သွေးစစ်အလံကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း စစ်တပ်နောက်တန်းမှ ထွက်လာသည်။
အနက်ရောင်သံချပ်ကာဝတ် အစောင့်က ထွက်ပေါ်လာသည်နှင့်အမျှ လေပြင်းများက ဟိန်းဟောက်ပြီး တိမ်စိုင်များက စုစည်းလာကြသည်။ နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်နှင့် အခြားသော ထိပ်တန်းအဆင့်စစ်တပ်များ အားလုံးက ဝင်္ကပါအတွင်းတွင် အစီအစဉ်တကျ နေရာယူကြလေသည်။ ထိုသို့ဖြင့် သူတို့၏ကိုယ်အတွင်းမှ ဖိအားလှိုင်းတစ်ရပ်က ဖြာထွက်လာသည်။
မဟာထန်ဘက်မှ ထိပ်တန်းအဆင့်စစ်တပ်များ ထွက်လာသည်နှင့်အမျှ လေထုက ပို၍သာ တင်းကြပ်လာသည်။ အခြားတစ်ဖက်ခြမ်းရှိ အာရပ်စစ်သားများက ပို၍သာ ထိတ်လန့်လာရသည်။ မနေ့ကတိုက်ပွဲက သူတို့၏စိတ်အတွင်း လတ်ဆတ်နေသေးသည်။ သူတို့၏အရှေ့ မျက်နှာချင်းဆိုင်တွင် ရှိနေသော ထိုစစ်တပ်များသည် လောက၏ ကြောက်စရာအကောင်းဆုံး သတ်ဖြတ်ခြင်းစက်များဖြစ်သည်။
ဒုန်း ဒုန်း ဒုန်း
လေထုက တောင့်တင်းလာသည်နှင့်အမျှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ သတ္ထုချင်းထိခတ်သံများ၊ သံချပ်ကာများ၏ အသံများက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ အာရပ်စစ်တပ်က လမ်းကြောင်းခွဲလိုက်ပြီး ဖြူစွတ်နေသော တောင်ပေါ်မြင်းကို စီးနင်းထားသည့် ပုံရိပ်တစ်ခုက အလံခြောက်ခုအောက်မှ ထွက်လာသည်။
သာ့လွန်ရော့ကျန်း
တစ်ဖက်လူကို မှိတ်မိလိုက်သည်နှင့် ဝမ်ချောင်က မျက်လုံးပြူးသွားသည်။
တစ်ချိန်ထဲလိုလို သာ့လွန်ရော့ကျန်းကလည်း သူ၏မြင်းဇာတ်ကြိုးကိုဆွဲသည်။ သူ၏ ဉာဏ်ရည်မြင့်မားသော အကြည့်က တာလာ့ကို ကျော်ဖြတ်လျှက် ခွာဖြူအရိပ်မြင်းပေါ်တွင် ထိုင်နေသည့် ဝမ်ချောင်ထံရောက်လာသည်။
“ဝမ်ချောင်၊ ကောင်းရှန်းကျစ် မင်းတို့ထွက်လာပြီး တွေ့ဆုံရဲလား”
သာ့လွန်ရော့ကျန်း၏ မျက်ဝန်းက လင်းလက်လျှက် သူဟာ ကျယ်လောင်သောအသံနှင့် လှမ်းအော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းက တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တိတ်တဆိတ် ထွက်လာကြသည်။
အခြားတစ်ဖက်ခြမ်းတွင် သူက ကောင်းရှန်းကျစ်ကို တွေ့လိုက်သောအခါ အပုမူစလင်ကလည်း တုန့်ဆိုင်းမနေဘဲ သာ့လွန်ရော့ကျန်း၏ ဘေးနားသို့ ဝင်ရောက်ပူးပေါင်းလာသည်။ ဒီနောက်ဆုံးတိုက်ပွဲ၏ အဓိကကြိုးကိုင်သူများဖြစ်သော ပုဂ္ဂိုလ်ကြီးလေးယောက်က တာလာ့၏ တိုက်ပွဲနယ်မြေတွင် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ကာ တွေ့ဆုံနေကြသည်။ လေထုအခြေအနေက ထူးဆန်းသွားသည်။
“သာ့လွန်ရော့ကျန်း တိုက်ပွဲရဲ့ ဒီအဆင့်မှာ ခင်ဗျားကလက်မလျော့သေးဘူးလား”
ဝမ်ချောင်၏ဆံပင်က တိုက်ခတ်နေသောလေကြောင့် လွင့်နေသည်။ သူက သာ့လွန်ရော့ကျန်းကို ကြည့်နေသည်။ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် ဝမ်ချောင်၏မျက်လုံးက အဆင့်သစ်တစ်ခုကို တက်လှမ်းပြီးသလိုမျိုး ရင့်ကျက်တည်ငြိမ်သွားသည်။ အမှန်တရားကိုမသိသော လူကဆိုလျှင် ယခုလို အလုံးအရင်းနှင့် ကြီးမားလွန်းသည့် စစ်ပွဲကြီးကို အမိန့်ပေးနေသောလူတစ်ယောက်ဖြစ်သည့် (၁၇)နှစ်သားလေးဖြစ်ကြောင်း ယုံကြည်ရန်ခက်ခဲသည်။
“ဟား ဟား ဟား အနိုင်ရသူကဘုရင် ရှုံးတဲ့လူကတော့ ဘာမှမရနိုင်ဘူး။ ဒါပဲလေ ဒီတိုက်ပွဲက ပြီးဖို့အများကြီး လိုသေးတယ်။ နောက်ဆုံးအခိုက်အတန့် မရောက်သမျှ ဘယ်သူကနိုင်မယ် ဘယ်သူကရှုံးမလဲဆိုတာကို ဘယ်သူက သိမှာလဲ”
သာ့လွန်ရော့ကျန်းက သဘောတကျရယ်သည်။
“မင်းမှာအဲ့ဒီလို အခွင့်အရေး ရှိမှာမဟုတ်ဘူး။ ငါကလည်းမင်းကို အဲ့ဒီလိုအခွင့်အရေးကို မပေးနိုင်ဘူး”
ကောင်းရှန်းကျစ်ကပြောသည်။
“သာ့လွန်ရော့ကျန်း ယွီစန်းကရှုံးနေပြီးသား။ အမြဲတမ်း ရှုံးနေတာ။ မင်းကအာရပ်တွေနဲ့ နောက်ထပ် မဟာမိတ်အဖြစ် ထပ်ဖွဲ့မယ်ဆိုရင်တောင်မှ ဘာအဓိပ္ပာယ်ရှိနိုင်မှာလဲ။ အဆုံးသတ်မှာ မင်းက ဒီတိုင်း ပိုကြီးတဲ့အရှုံးပဲ ခံစားရလိမ့်မယ်”
ကောင်းရှန်းကျစ်က သာ့လွန်ရော့ကျန်းကို ကောင်းကောင်း နားမလည်ချေ။ သူတို့နှစ်ယောက်က အများကြီး အဆက်အသွယ်မရှိချေ။ သို့သော် သံသယဝင်ရန် မလိုလောက်အောင် ကောင်းရှန်းကျစ်က ဒီစစ်ပွဲ၏ အရေးပါသော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်နေသည်။
သူ့ကြောင့်သာမဟုတ်လျှင် မဟာထန်နဲ့ အာရေးဗီးယားအကြားရှိ စစ်ပွဲက ယခုလောက်ထိ ရှုပ်ထွေးနေလိမ့်မည်မဟုတ်ချေ။ ပထမအခိုက်အတန့်တွင် မဟာထန်ဘက်ကလည်း ရှေ့နှင့်နောက်မှ အညှပ်ခံရနိုင်သော အခိုက်အတန့်ကို စိုးရိမ်ရန် မလိုအပ်လောက်ချေ။ ထပ်ပေါင်းဆိုရသော် တိဗက် မဟာဗိုလ်ချုပ်ကြီးများကလည်း မဟာထန်ကို ကြီးမားလွန်းသည့် ခြိမ်းခြောက်မှုကြီး ပေးနိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သာ့လွန်ရော့ကျန်း၏ ရည်မှန်းချက်က အဘက်ဘက်မှ ရှုံးနိမ့်မှုကို များစေသည်ဟု ဆိုရပေမည်။
မဟာထန်သည် ထိုသုံးဖွဲ့ပေါင်း မဟာမိတ်ကြီးကို နောက်သို့တွန်းထုတ်ထားနိုင်သော်လည်း ထန်၊ အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းတူရကီများ အားလုံးက ကြီးမားသည့်တန်ကြေးကို ပေးထားရသည်။
“ဟား ဟား ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ်ကောင်း ရှေ့ကိုကြိုမြင်လွန်းတယ်လို့ ထင်မနေပါနဲ့။ ဒီတိုက်ပွဲရဲ့ နောက်ဆုံးအခိုက်အတန့် မရောက်သမျှ မဟာထန်ကနိုင်မယ်လို့ ဘယ်လိုများ သိနိုင်မှာလဲ။ ဝမ်ချောင် အနောက်တောင်ပိုင်းရဲ့ စစ်ပွဲမှာ ငါ့မှာစစ်သည်လေးသိန်း ရှိခဲ့တယ်။ ဒါပေမဲ့ မင်းဆီမှာရှုံးသွားတယ်။ ဒီစစ်ပွဲအတွက်ကတော့ ငါကစစ်သည်ငါးသိန်းခေါ်လာတယ်။ ဒီအဆုံးအဖြတ်တိုက်ပွဲ မတိုင်ခင် ငါတို့ဘာလို့ လောင်းကြေးမထပ်ရမှာလဲ”
အနောက်တောင်ပိုင်းက စစ်ပွဲသည် သူ၏နှလုံးသားမှ ကြီးမားလွန်းသော အလေးချိန်တစ်ခုအဖြစ် ကျန်ရစ်နေသေးသည်။ သူမမေ့ဆုံးသော လူကလည်း ဝမ်ချောင်ဖြစ်သည်။
ဝမ်ချောင်ကြောင့်သာမဟုတ်လျှင် သာ့လွန်ရော့ကျန်းသည် နာ့ယိတော်ဝင်တပ်ရင်းမှ အဆင့်အတန်းမြင့်မားကာ တက်ကြွသည့် မဟာအမတ်မင်း ဖြစ်နေလောက်သေးသည်။ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် သာ့လွန်ရော့ကျန်းသည် တစ်ကြိမ်ပြီးတစ်ကြိမ်ရှုံးပြီး တာလာ့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လျှက် အာရပ်များထံ မျှော်ကိုးပြီး မဟာထန်ကို အနိုင်ယူနိုင်ရန် မျှော်လင့်ချက်ထားနေရလိမ့်မည်မဟုတ်ချေ။
သူ့လိုရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်က ဘာလို့တစ်ကြိမ်ပြီးတစ်ကြိမ် ဒူးကွေးပေးနေရမှာလဲ။
“လောင်းကြေးထပ်မယ်ဟုတ်လား”
ဝမ်ချောင်က မျက်လုံးကိုမှေးကျဉ်းလိုက်သည်။ သာ့လွန်ရော့ကျန်း၏ စကားလုံးထဲမှ ထူးခြားသော အဓိပ္ပာယ်ကို သူကြားနိုင်သည်။
“ခင်ဗျားကဘာကို လောင်းကြေးထပ်ချင်တာလဲ”
“ဟမ့် ဒါကငါတို့ကြားက နောက်ဆုံးတိုက်ပွဲဖြစ်လိမ့်မယ်။ ဒါကို ဘာလို့သဘောမတူတာလဲ။ တစ်ဖက်ဖက်က သူတို့ရဲ့ အင်အားစုဟာ ရှုံးကြောင်း ဝန်မခံသမျှ တစ်ဖက်က အရှုံးမပေးသမျှ ဘယ်သူမှ နောက်ဆုတ်ခွင့်မရှိဘူးဆိုတာပဲ။ ရှုံးသွားတဲ့ဘက်ကလည်း သူတို့ရဲ့တစ်ဘဝလုံး တိုင်းပြည်ထဲက မထွက်နိုင်ရဘူး။ နောက်ပြီး အခြားတစ်ဖက်ခြမ်းရဲ့ ပိုင်နက်နယ်မြေထဲကိုလည်း မဝင်ရဘူး ဘယ်လိုလဲ”
သာ့လွန်ရော့ကျန်း၏ မျက်ဝန်းက စူးရှသွားသည်။
“ဒါပေါ့ မင်းငြင်းလို့ရတယ်”
တိုက်ပွဲနယ်မြေက ခြောက်ခြားဖွယ် တိတ်ဆိတ်သွားပြီး လူတိုင်းကဝမ်ချောင်ကို ကြည့်ကြသည်။ ကောင်းရှန်းကျစ်ကပင် ဝမ်ချောင်ကိုကြည့်သည်။ ဝမ်ချောင်က ဘာစကားမှမဆိုဘဲ သာ့လွန်ရော့ကျန်းကိုသာ ကြည့်နေသည်။ သာ့လွန်ရော့ကျန်းက ခပ်အေးအေး နောက်သို့မှီထားသည်။ သူ၏နှုတ်ခမ်းတွင် အပြုံးတစ်စက ရှိနေ၏။ သူဟာ ဝမ်ချောင်ငြင်းမည့် အခြေအနေကို ကြောက်လန့်ပုံမရချေ။
“ဟင်း ခင်ဗျားရဲ့ဆန္ဒအတိုင်းပဲ”
ဝမ်ချောင်ကရုတ်တရက်ပြောသည်။
မဟာထန်ပင်ဖြစ်စေ၊ အာရေးဗီးယားပင်ဖြစ်စေ နောက်ဆုတ်ရန် ဆန္ဒမရှိချေ။ သာ့လွန်ရော့ကျန်း၏ စကားလုံးများက ဝမ်ချောင်ကို ပြောနေသည်ဟု ဆိုလိုသော်လည်း သူကိုယ်တိုင်ကို ပြောနေခြင်းဖြစ်သည်။ သူက မဟာထန်နှင့် သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြောင်း သေချာသည်။ ထို့ကြောင့် ဝမ်ချောင်က သဘောတူမတူ အရေးမကြီးတော့ချေ။
ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်းတို့က တစ်ယောက်ကသေပြီး တစ်ယောက်ကသာ အသက်ရှင်ရမည့် ကံကြမ္မာ ပါနေပြီးသားဖြစ်သည်။
ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်းတို့ စကားဆုံးသွားသည့် အခိုက်အတန့်တွင် အပုမူစလင်ကပြောသည်။ သာ့လွန်ရော့ကျန်းနှင့် မတူသည်မှာ သူက ကောင်းရှန်းကျစ်ကိုသာ ကြည့်သည်။ ဒီကြာရှည်သော စစ်ပွဲက သူတို့နှစ်ယောက်ထံမှ စတင်ခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကသာ အဆုံးသတ်သင့်သည်။
“ကောင်းရှန်းကျစ် ဘာလို့မင်းလည်း သဘောတူညီမှု မယူတာလဲ။ အာရေးဗီးယားက ဒီတိုက်ပွဲမှာ ရှုံးသွားခဲ့ရင် ငါကငါ့ရဲ့တိုက်ပွဲကို ခိုရာစန်းအနောက်ပိုင်းကို ခေါ်သွားမယ်။ ငါ့ရဲ့တစ်ဘဝလုံး အဲ့ဒီနေရာက မထွက်တော့ဘူး။ အာရေးဗီးယားကလည်း နောက်ဆယ်နှစ်ကြာတဲ့အထိ တာလာ့ကို ခြေချမှာမဟုတ်ဘူး။ ငါတို့က ဗဟိုပြင်ကျယ်ကိုလည်း ဆယ်နှစ်လုံးလုံး အာသီသမရှိအောင်နေမယ်။ ဒါပေမဲ့မင်းက ရှုံးသွားခဲ့ရင်တော့...”
“မဟာထန်ကရှုံးရင် ဒီကောင်းရှန်းကျစ်က အာရပ်စစ်သားတွေ ချီတက်လာတာကို မြင်တာနဲ့ အကွာအဝေးတစ်ခု ခြားထားမယ်။ ဘယ်တော့မှ အတိုက်အခံမလုပ်ဘူး”
ကောင်းရှန်းကျစ်က အပုမူစလင်မပြောခင် အရင်ပြောလိုက်သည်။
“ကောင်းပြီလေ ဒါဆိုရင် ဒီတိုင်းပဲဆုံးဖြတ်တာပေါ့”
အပုမူစလင်၏ မျက်ဝန်းက လင်းလက်သွားပြီး မြင်းကိုပြန်လည့်ကာ နောက်သို့ပြန်စီးသွားသည်။ သာ့လွန်ရော့ကျန်းက ဝမ်ချောင်၏ ရန်သူဆိုလျှင် အပုမူစလင်ကလည်း အန်းရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး ကောင်းရှန်းကျစ်၏ ရန်သူဖြစ်သည်။
ထိုနှစ်ယောက်သည် သုံးလမှ လေးလခန့်အထိ တိုက်ပွဲဆင်နွဲခဲ့သည်။ အပုမူစလင်ကပင် ကောင်းရှန်းကျစ်ဟာ အင်အားအကြီးဆုံး သူတိုက်ခိုက်ခဲ့ဖူးသမျှထဲတွင် အလေးစားရဆုံးဖြစ်ကြောင်း ဝန်ခံရပေမည်။
အကယ်၍သူက ဒီတိုက်ပွဲတွင် ကောင်းရှန်းကျစ်ကို မသတ်နိုင်ခဲ့လျှင်ပင် ထိုအလောင်းအစားအရ အင်အားကြီးမားလွန်းသော မဟာထန်၏ မဟာဗိုလ်ချုပ်ကြီးက ဒုက္ခိတဖြစ်သွားရန် လုံလောက်သည်။ ဒါက အာရေးဗီးယား၏ အင်အားကြီးမားသော ရန်သူကို ဖယ်ရှားပစ်ရာရောက်သည်။
သွားမယ်။
ကောင်းရှန်းကျစ်က ဝမ်ချောင်ကို လက်ယမ်းပြသည်။ ထို့နောက် နှစ်ယောက်လုံးက နောက်ပြန်လှည့်ကြသည်။
ဒီတိုက်ပွဲက မည်သို့ဖြစ်လာစေကာမူ မည်သည့်စစ်ပွဲအသစ်ကမှ ဒီအင်ပါယာကြီးနှစ်ခုကြား ဖြစ်လာလိမ့်မည်မဟုတ်ချေ။ သိသာစွာပင် မဟာထန်နှင့် အာရေးဗီးယားတို့ကလည်း ဒီတိုက်ပွဲ၏ အများကြီး ရင်းနှီးထားရသည်။ ထို့ကြောင့် အင်အားအများကြီး ကုန်ဆုံးသွားသည်။
“အသင့်ပြင်”
အာရေးဗီးယားဘာသာစကားနှင့် ကျယ်လောင်သောအသံက အဝေးမှ စတင်ထွက်ပေါ်လာသည်။ သိပ်မကြာခင် ခရာမှုတ်သံက ထွက်ပေါ်လာလေပြီး စစ်တပ်ကချီတက်လာသည်။
ချွင်
ကြောက်မက်ဖွယ်ကောင်းသော ဓားချီက လေထဲတွင် ဟိန်းဟောက်လာသလို ထန်စစ်သားများကလည်း လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။
ဟူး....
လေပြင်းက ပြင်းထန်လွန်းသည့် တိုက်ပွဲကို မျှော်လင့်စောင့်စားမှု အပြည့်နှင့် စုတ်ဖြဲပစ်ကာ ကွင်းပြင်အတွင်းသို့ ဝင်ရောက်လာသည်။
“သတ်”
နှစ်ဖက်လုံးက တစ်စက္ကန့်အတွင်း မရေမတွက်နိုင်သည့် ခေတ်ပေါင်းများစွာကို ကျော်ဖြတ်လိုက်သလို ကြာညောင်းသည့်အချိန်ကို စောင့်ဆိုင်းပြီးနောက် ကျယ်လောင်သည့် ဟိန်းဟောက်သံက ကောင်းကင်ထိတိုင် ပဲ့တင်ထပ်သွားသည်။ အာရေးဗီးယားဘက်မှ မဟာမိတ် စစ်သည်တစ်သိန်းကျော်က ထန်ခုခံရေးအားလှိုင်းထံ ချီတက်လာသည်။
ဘန်း
မြေပြင်က တသိမ့်သိမ့်တုန်ပြီး တုန်ယင်သွားသည်။
အာရေးဗီးယား၏ စစ်အလံလေးခုနှင့် အဖြူရောင်တိဗက် နွားလားစစ်အလံ၊ အပြာရောင်ဝံပုလွေ အနောက်ပိုင်းတူရကီ အလံတို့က ရုတ်တရက်မြေပြင်မှ မြောက်တက်သွားပြီး မဟာထန်ဘက်သို့ အပြေးနှင်လာသည်။ ထိုမြင်ကွင်းက ထန်များကို မျက်နှာထားတင်းမာသွားစေသည်။
“ချွီထေပါးနဲ့ ကျန်တဲ့လူတွေအားလုံး ကွင်းထဲကိုဝင်လာပြီ”
ကောင်းရှန်းကျစ်က တင်းမာစွာပြောသည်။
အာရပ်များသည် ဒီတစ်ကြိမ်တွင် ဗျူဟာကို ပြောင်းလိုက်သည်။ သိသာစွာပင် ယခင်အာရပ်များက သူတို့၏ စစ်သားများကို အရင်ပို့လွှတ်ပြီးမှသာ မဟာဗိုလ်ချုပ်ကြီးများက အဆုံးသတ်ကလိုက်သည်။ သို့သော် ယခုအခါ သူတို့က အကုန်ပို့လိုက်ကြသည်။
ဒီစစ်ပွဲက မစတင်ရသေးချေ။ သို့သော် ချွီထေပါး၊ အပုမူစလင်၊ အားပါး၊ ကျစ်ရ၊ အော့စမန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုဝူစစ်လီတို့အားလုံးက လှုပ်ရှားလာကြသည်။
အလံခြောက်ခုက အရိပ်လိုမျိုး နောက်မှကပ်လိုက်လာသည်။
ဒီတိုက်ပွဲတွင် အင်ပါယာကြီးသုံးခုက မီးဖိုများကိုဖြိုဖျက်လျှက် လှေကိုပင်မြုပ်ချင်နေသည်။ ထိုနည်းအားဖြင့် နောက်ဆုံးတစ်ကြိမ် တိုက်ပွဲကိုဆင်နွဲသည်။ အောင်မြင်လျှင်အောင်မြင် မအောင်မြင်လျှင် အားလုံး အသေခံရမည်ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဝရုန်းသုန်းကား အခြေအနေက ထန်များမျှော်လင့်ထားသော အခိုက်အတန့်ပင်ဖြစ်သည်။ ထို့ကြောင့် အားလုံး၏ မျက်နှာများက တင်းမာသွားကြသည်။
အခန်း(၁၁၁၉)
အစပိုင်းတွင် ထန်များအားလုံးသည် အင်အားကြီးဆုံး မဟာဗိုလ်ချုပ်ကြီးက ထန်စစ်သားများကို ရင်ဆိုင်လာလိမ့်မည်မဟုတ်ဟု ယုံကြည်ထားသည်။ သို့သော် ယခုအခြေအနေက ပြောင်းလဲသွားသည်။ လက်ရွေးစင်စစ်သည် သုံးသောင်းနှင့် ဓားမြနှစ်သောင်းခွဲက လက်နက်ကြီးစစ်သည်တော်များအဖြစ် ပြောင်းလဲခံလိုက်ရသည်။ ထို့ကြောင့် သူတို့က မည်သည့်နည်းနှင့်မှ မဟာဗိုလ်ချုပ်ရှစ်ယောက်ကို မတားနိုင်ချေ။
ဝမ်ရန်က တစ်ဖက်မှ ကြီးမားသည့် အလံကြီးခြောက်ခု၏ ဦးတည်ရာဘက်ကို မြင်လိုက်ပြီး အော်လိုက်သည်။
“သူတို့က နဂါးကိုးကောင် သွေးစစ်အလံကို ဦးတည်နေကြတာ။ အားလုံးပဲ လှုပ်ရှားကြ”
“ချွီထေပါးကို ငါ့ရဲ့တာဝန်ထား”
အနက်ရောင်ဝတ်စုံနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပြောသည်။
“ငါကအပုမူစလင်ကို တာဝန်ယူတယ်”
ကောင်းရှန်းကျစ်က ချက်ချင်းပြောသည်။
“ဒါဆိုရင်လည်း ငါကကျစ်ရကို တာဝန်ယူမယ်”
ချန်းချန့်လီက မျက်လုံးများကိုမှေးကျဉ်းလိုက်သည်။
“တုဝူစစ်လီနဲ့ အားပါးကို ငါ့ရဲ့တာဝန်ထား”
ဝမ်ချောင်က ချက်ချင်းဝင်ပြောသည်။ ထိုစကားလုံးများက လူတိုင်းကို မှင်သက်သွားစေသည်။
ချွီထေပါး၏အဆင့်တွင် ရှိနေသောလူကလွဲပြီး အခြားသော မဟာဗိုလ်ချုပ်ကြီးများတွင် ကွာခြားချက်မရှိချေ။ သို့သော် ဝမ်ချောင်ကမူ တစ်ကြိမ်တည်းနှင့် နှစ်ယောက်လုံးကို ကိုင်တွယ်ခြင်းက ခေါင်းမာလွန်းရာကျသည်။
သို့သော် တခဏခန့်ကြာပြီးနောက် လူတိုင်းက တည်ငြိမ်သွားပြီး မငြင်းဆန်ကြတော့ချေ။ တိုတောင်းသော စကားပြောခန်းက သိပ်မကြာခင် အဆုံးသတ်သွားပြီး တစ်ယောက်ချင်းစီတိုင်းက အသီးသီးသော ပြိုင်ဘက်များကို ရင်ဆိုင်ကြသည်။
.....
“တုစုန့်မာန်ဖော်ကျဲ့ မင်းငါတို့ရဲ့ အကြံအစည်ကို မှတ်မိလား။ ဒီတစ်ကြိမ်မှာ ဘယ်လိုအမှားအယွင်းမှ ရှိလို့မရဘူး။ ငါတို့က အကြံအစည်ကို အောင်မြင်အောင်လုပ်ရမယ်”
စစ်တပ်နောက်တန်းတွင်ရှိသော သာ့လွန်ရော့ကျန်းက လိမ့်တက်လာသော ဖုန်တိမ်စိုင်လုံးများနှင့် ကြီးမားသည့် အလံခြောက်ခုကို ကြည့်ရင်းပြောသည်။ သူ၏မျက်လုံးက မှေးကျဉ်းနေရင်း အမူအရာက အလွန်အမင်း တင်းမာနေသည်။
“နားလည်တယ်”
တုစုန့်မာန်ဖော်ကျဲ့က ခေါင်းအသာညိမ့်လိုက်သည်။ သူ၏အသံက အလွန်တိုးသည်။ သူသည်လည်း သာ့လွန်ရော့ကျန်း ပြောသည့်စကားကို နားလည်သည်။ ယခင်မဟာဗိုလ်ချုပ်ကြီးများ၏ တိုက်ပွဲတွင် သာ့လွန်ရော့ကျန်းက သူ့ကိုဝမ်ချောင်နှင့် ကိုင်တွယ်ခိုင်းသည်။ သို့သော် အားပါးက ရှေ့သို့တက်ပြီး ဝမ်ချောင်ကိုထိန်းသွားသည်။ တုစုန့်မာန်ဖော်ကျဲ့က အခြားသောဗိုလ်ချုပ်ကြီးများကို သွားမရှာခဲ့ချေ။ သို့သော် စိတ်မရှည်ဖြစ်သွားလေပြီး ချွီထေပါးနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့ ရှိရာနေရာသို့ သွားခဲ့လေသည်။
ထိုအတွက်ကြောင့်လည်း စစ်တပ်တစ်ခုလုံးက ရှုံးသွားခဲ့ရခြင်းဖြစ်နိုင်သည်။
တုစုန့်မာန်ဖော်ကျဲ့နှင့် အော့စမန်းတို့ကသာ ပူးပေါင်းပြီး အနက်ရောင်သံချပ်ကာဝတ် အစောင့်ကို ကိုင်တွယ်ခဲ့မယ်ဆိုလျှင် အခြေအနေများက ခြားနားသွားနိုင်သည်။
“စိတ်အေးအေးထား ဒီတစ်ကြိမ် အမှားမရှိစေရဘူး”
တုစုန့်မာန်ဖော်ကျဲ့က ခပ်တင်းတင်းပြောသည်။
“ဘယ်လိုနည်းနဲ့မဆို ငါအကျိုးဆက်ကို တာဝန်ယူမယ်။ ဒါပေမဲ့ဒါက ငါတစ်ယောက်တည်းအတွက် မဟုတ်ဘူး သာ့ယန်မာန်ပန့်လည်းပါတယ်”
တုစုန့်မာန်ဖော်ကျဲ့က နောက်ဆုံးစကားကို ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူတစ်ယောက်တည်းကသာ ကြားနိုင်လောက်၏။
“ဟိုက်ရား”
တုစုန့်မာန်ဖော်ကျဲ့က မြင်းကိုဒုန်းစိုင်းစီးကာ အပြေးနှင်ပြီး ဖုန်တိမ်စိုင်လုံးများကိုသာ ချန်ရစ်လျှက် စစ်တပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ဒီတစ်ကြိမ်မှာ ဒီတာဝန်ကို တစ်ချက်တည်းနဲ့ တကယ်ပြီးမြောက်အောင်မြင်နိုင်ရမယ်။ ငါတို့တွေ မဟာထန်ကို နိုင်တာမနိုင်တာ တာလာ့မှာ အနိုင်ထွက်လာခြင်း ရှိမရှိဆိုတာတွေက သူတို့တွေ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့အပေါ် မူတည်သွားပြီ။
သာ့လွန်ရော့ကျန်းက ခပ်တိုးတိုးရေရွတ်သည်။ သူက ချွီထေပါး၊ အပုမူစလင်နှင့် အခြားသောသူများကို နောက်တန်းမှသာကြည့်သည်။
ပွဲစဉ်ကစတင်ပြီဖြစ်သည်။ အပိုင်းအစများ အားလုံးက လှုပ်ရှားနေကြ၏။ ဗျူဟာကိုလည်း ချခင်းပြီးလေပြီ။ ဒါဟာ မဟာထန်နှင့် အာရေးဗီးယားအကြားမှ စစ်ပွဲဖြစ်ပြီး တစ်ဖက်ကသာ ရှင်သန်ကျန်ရစ်ရပေလိမ့်မည်။ ထို့နောက် မည်သည့်စစ်ပွဲမှ ဆက်ရှိလာလိမ့်မည်မဟုတ်ချေ။ တစ်ဖက်က အသက်ရှင်လျှင် တစ်ဖက်က သေဆုံးမည်ဟု ဆိုလိုသေးသည်။
.....
စစ်တပ်နှစ်ခုက နီးကပ်လာသောအခါ မြေကမ္ဘာအတွင်းမှ အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလွန်းသည့် ပုံရိပ်ပေါင်းများစွာက ထွက်လာသည်။ ချန်းချန့်လီ၊ ဝမ်ရန်နှင့် ဝမ်ချောင်တို့အားလုံးက သူတို့၏ကျော်ကြားသည့် နတ်ဘုရားဝင်္ကပါများကို ထုတ်သုံးလိုက်ကြသည်။ အရှန်အဟုန်မြင့် မှင်သက်ဖွယ်နတ်ဘုရား၊ အဆင့်မြင့်ခွဲခြမ်းခြင်း နတ်ဘုရားနှင့် နတ်ဘုရင်ရာမတို့က လျှင်မြန်စွာ ပေါ်ထွက်လာသည်။
ပေနှစ်သောင်း.... ပေတစ်သောင်း... ပေငါးထောင်... အကွာအဝေးက ကျုံ့သထက်ကျုံ့လာလေပြီး ဖိအားက မြင့်သထက် မြင့်လာသည်။ စစ်၏ရနံ့က သိပ်သည်းလွန်းသဖြင့် လူတိုင်း၏ ဦးခေါင်းခွံကိုပင် ကြိမ်းတက်စေလောက်သည်။
ခလွက်
နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် ပေငါးထောင်ခန့်သာ ဝေးကွာတော့သည့် အခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းက သုန်မှုန်သည့် ကောင်းကင်ကို ထိုးခွဲသွားပြီး တိုက်ပွဲအတွက် လိုက်ကာကို ဖွင့်လှစ်ပေးလိုက်သည်။
ဘုန်း
မူလစွမ်းအင်ပေါင်းများစွာက အရပ်မျက်နှာအနှံ့ စုစည်းလာပြီး ကြီးမားလွန်းသည့် အပြာရောင် လက်ဝါးချက်ကြီးအဖြစ် ပြောင်းလဲလိုက်ကာ ချွီထေပါး၏ မိုးခြိမ်းသံလို ကျယ်လောင်သည့် ရိုက်ချက်ကို တားမြစ်လိုက်သည်။ အနည်းငယ်သော တုန့်ဆိုင်းမှုမရှိလေဘဲ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က လေထဲသို့ခုန်တက်ပြီး ချွီထေပါးကိုရင်ဆိုင်သည်။
တစ်ချိန်ထဲလိုလို ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့ကလည်း ပြိုင်ဘက်အသီးသီးနှင့် တွေ့သွားသည်။ သို့သော် တစ်စုံတစ်ယောက်ကမူ လူတိုင်းထက်မြန်လေသည်။
“တုဝူစစ်လီ ငါမင်းကိုတအားယုံတယ်။ မင်းငါ့ရဲ့ဝင်္ကပါနဲ့ ဘယ်အဆင့်ထိ ကျင့်ကြံပြီးပြီလဲ”
ဝမ်ချောင်က ရုတ်တရက် ရှေ့သို့ခုန်ထွက်သွားပြီး လေထဲတွင်မျောလွင့်နေသည့် တုဝူစစ်လီကို ကြည့်သည်။
“ဆိုးယုတ်တဲ့အကောင် မင်းအခြေအနေကို မမေ့နဲ့ဦး။ ငါမင်းရဲ့ခေါင်းကို ခုတ်ဖြတ်ပြီး မြေကြီးထဲကိုထည့်ပြီးမှ မင်းငါ့ရဲ့အရှေ့မှာ ဘယ်လိုစကားပြောရမလဲဆိုတာကို သိလိမ့်မယ်”
တုဝူစစ်လီက သူ၏အနက်ရောင် တောက်ပနေသော တောင်ပေါ်မြင်းကြီးကိုစီးရင်း နဂါးတစ်ကောင်ကဲ့သို့ လေထဲသို့ ထိုးတက်သွားသည်။ သူ၏အနက်ရောင် ခြုံလွှာကလည်း လေထဲတွင်လွင့်နေသည်။ မျက်ဝန်းကမူ အေးစိမ့်လွန်းသည့် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေလေသည်။
“ဟား ဟား တုဝူစစ်လီက မြေခွေးလိုစင်းလဲပြီး ကြွက်လိုပုန်းတတ်တယ်ဆိုတာကို လူတိုင်းသိတယ်။ မင်းကိုဒီတစ်ကြိမ် နည်းနည်းပိုပြီး ရဲရင့်နေတာနဲ့ပဲ အလွယ်တကူ ထွက်ပြေးနိုင်မယ်လို့ ထင်မနေနဲ့”
ဝမ်ချောင်ကရယ်သည်။
“မျိုးမစစ်ကောင်”
တုဝူစစ်လီက ထိုစကားလုံးများကြောင့် ဒေါသထွက်သွားသည်။ ဝမ်ချောင်ဟာ ဝူရှန်းရွာသူကြီးနဲ့ မတိုက်ခိုက်ဘဲ ထွက်ပြေးခဲ့သည့်အကြောင်းကို ထည့်သွင်းလှောင်ပြောင်နေခြင်းဖြစ်သည်။
“မင်းမှာပေါက်ရတွေပြောဖို့ အချိန်ရှိနေသေးရင် ငါကမင်းရဲ့ ပါးစပ်ကို ဆွဲဖြဲပေးမယ်။ ဒါ့အပြင် အစစ်အမှန် ဝင်္ကပါက ဘာလဲဆိုတာကို ငါမင်းကိုပြသပေးမယ်”
တုဝူစစ်လီ၏ မျက်ဝန်းက ချက်ချင်းဆိုသလို စူးရှသွားပြီး ကြောက်မက်ဖွယ်ကောင်းလာသည်။
ရက်တစ်ထောင်အတွင်း လေ့ကျင့်ထားသော စစ်သားများက အခိုက်အတန့်တစ်ခုအတွက်သာ ဖြစ်သည်။ တုဝူစစ်လီ၏ အရှိန်အဟုန်မြင့် ဝင်္ကပါက ဝမ်ချောင်ထံမှလာသော်လည်း သူ၏စစ်သားများ လေ့ကျင့်ခဲ့သော ဝင်္ကပါကို ဝမ်ချောင်၏ အင်အားစုက ဖျက်ဆီးနိုင်ခဲ့သည့်တိုင်အောင် တုဝူစစ်လီကမူ ဝင်္ကပါတွင် အားသာချက်ကြီးကို ရရှိထားသေးသည်။
သူက သူ၏အတွေ့အကြုံများကို ဝင်္ကပါအတွင်းသို့ ပေါင်းထည့်ကာ ပိုမြင့်သည့်အဆင့်သို့ တက်နိုင်ခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်ကပေးထားသော အခွဲဝင်္ကပါကို ကျော်လွန်သွားပြီဖြစ်သည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်ကို မကြောက်လန့်နေခြင်းဖြစ်လောက်သည်။
ခြိမ်း
တုဝူစစ်လီထံမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များက ပေါက်ထွက်လာပြီး ဓားတစ်လက်ကဲ့သို့ ကောင်းကင်ကို ထိုးခွဲဝင်ရောက်သွားသည်။ တခဏခန့်ကြာပြီးနောက် လခြမ်းကွေးလို လျှပ်စီးတန်းလေးက အနောက်ပိုင်းတူရကီ မြင်းတပ်များထံမှ ထိုးဖောက်ထွက်လာလေပြီး တုဝူစစ်လီ၏ တန်ထျန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။
အထွတ်အထိပ် မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိနေပြီးသား တုဝူစစ်လီက မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ပို၍အင်အားကြီးမားသွားသည်။
မိုးခြိမ်းသံများက တိမ်စိုင်များကို ဖြူဖျော့ရင်း အလျှင်အမြန် စုဝေးလာစေသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း မိုးကြိုးမုန်တိုင်းက ပုံသဏ္ဍန်ပေါ်လာသည်။
မိုးကြိုးတိမ်စိုင်များအတွင်းတွင် မရေမတွက်နိုင်သည့် လျှပ်စီးစက်ဝိုင်းခြမ်းလေးများက ရှိနေကြသည်။ မိုးခြိမ်းသံများက ကျယ်လောင်စွာ ထွက်ပေါ်နေပြီး တုဝူစစ်လီကိုယ်အတွင်းရှိ စွမ်းအင်များကလည်း အလားတူ တုန့်ပြန်နေသည်မှာ တသားတည်းဖြစ်နေသည့်အလား ထင်ရသည်။
“ဒီမျိုးမစစ်က တော်တော်လေးတော့ လေးစားဖို့ကောင်းတယ်”
ဝမ်ချောင်ကိုယ်တိုင်ကပင် တစ်ဖက်သူကို ချီးကျူးမိသွားသည်။
ဝမ်ချောင်က တုဝူစစ်လီကို ပေးခဲ့သော ဝင်္ကပါကို မြင်းတပ်ကသာ အသုံးပြုနိုင်ပြီး အလုံးအရင်းနှင့် တိုက်ခိုက်သည့် ဝင်္ကပါမျိုးတွင်သာ အသုံးပြုနိုင်သော်လည်း တုဝူစစ်လီကမူ အောင်မြင်စွာဖြင့် မွန်းမံနိုင်ခဲ့သည်။ လူတစ်ယောက်တည်းက တူညီသောရလဒ်မျိုးကို ထုတ်နိုင်သည်ဟု ဆို၍ရသည်။ သူက ဒီဝင်္ကပါကိုသုံးပြီး စစ်သားများထံမှ စွမ်းအားများကိုယူကာ သူ့ကိုယ်သူ အားအင်မြှင့်တင်လိုက်သည်။ ထိုနည်းအားဖြင့် ဒါက သူပေးထားခဲ့သော မူလအခွဲအတိုင်း မဟုတ်တော့ချေ။
“ဒါပေမဲ့မင်းက ဘယ်လောက်ဉာဏ်ကောင်းကောင်း မင်းရဲ့အဆုံးသတ်က သတ်မှတ်ထားပြီးသားပဲ”
ဝမ်ချောင်က မျက်တောင်တစ်ချက် ခတ်လိုက်သည်။ သူ၏မျက်ဝန်းက စူးရှပြီး ခက်ထန်လာသည်။
“အရာအားလုံးက တန်ကြေးတစ်ခုကိုပေးရမယ်။ မျိုးမစစ်ကောင် မင်းရဲ့လုပ်ဆောင်မှုတွေအတွက် သေလိုက်တော့”
တုဝူစစ်လီက လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏မျက်နှာထားက တင်းမာနေပြီး မရေမတွက်နိုင်သည့် လျှပ်စီးကြောင်းများစွာက လက်အတွင်း စုဝေးလာကာ ကြီးမားသည့် မိုးကြိုးစွမ်းအင်လုံးကြီးကို ဖြစ်ပေါ်လာစေသည်။ တုဝူစစ်လီက လှံပေါ်သို့ လက်နှစ်ဖက်လုံးတင်လိုက်ပြီး လျှပ်စီးနှင့်ပေါင်းစပ်လိုက်သည်။ ထို့နောက် လျှပ်စီးတန်းတစ်ခုလိုမျိုး ဝမ်ချောင်ထံ ခုန်ဝင်လာကာ လေဝဲများကိုလည်း သယ်ဆောင်လာသေးသည်။
“ဟွန်း”
ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ဗာဂျရာ ငရုတ်ကျည်ပွေ့က ချက်ချင်းလိုလိုပင် စွမ်းအင်မုန်တိုင်းတစ်ခုကို ထုတ်ဖော်လေရင်း တုဝူစစ်လီကိုရင်ဆိုင်သည်။
တုဝူစစ်လီ၏ လျှပ်စီးနှင့် ဝမ်ချောင်၏ ဗာဂျရာငရုတ်ကျည်ပွေ့တို့က ထိပ်တိုက်ဆုံသွားကြသည်။
ဝုန်း
ဝမ်ချောင်၏ ဗာဂျရာငရုတ်ကျည်ပွေ့မှ ကြယ်တာရာစွမ်းအင်များက ကွဲအက်သွားပြီး ကြီးမားလှသည့် ပုံရိပ်ကြီးက လွှဲယမ်းသွားကာ နောက်သို့ယိုင်ထိုးသွားသည်။
တုဝူစစ်လီက ထိုမြင်ကွင်းကြောင့် ပြုံးလိုက်သည်။ သူ၏ တစ်လကျော် ကြိုးစားအားထုတ်မှုများက အလဟသ မဖြစ်ခဲ့ရချေ။ ဝမ်ချောင်၏ အရှိန်အဟုန်မြင့်ဝင်္ကပါက တုဝူစစ်လီကိုပင် ပို၍အဆင့်မြင့်သော အဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ ယခုအခါသူက ထိုရူးသွပ်ပြီး မရင့်ကျက်သေးသည့် အကောင်ကို ဖိနှိပ်နိုင်လေပြီ။
သို့သော် တုဝူစစ်လီက ဆက်လက်ပြီးတိုက်ခိုက်ရန် ကြံစည်လိုက်သည့် အခိုက်အတန့်တွင် မမျှော်လင့်ထားသော နေရာမှ အဆုံးအစမဲ့သည့် တိုက်ကွက်များက သူ၏ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
သူဟာ အင်အားကြီးမားလွန်းသဖြင့် ပြိုကျလာသည့်တောင်ကိုပင် တားနိုင်သည်။ သို့သော် ထိုပေါက်ကွဲလာသည့် စွမ်းအားများကမူ တုဝူစစ်လီ၏ ကြယ်တာရာစွမ်းအင်များကို စက္ကူတစ်စလိုမျိုး ကျော်ဖြတ်လိုက်ပြီး ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ သို့သော် အဓိက သေစေနိုင်သည့် နေရာများသို့ ထိမှန်စေလေသည်။
“အား”
တုဝူစစ်လီ၏ ခန္ဓာကိုယ်အတွင်းမှ ရေတံခွန်တစ်ခုလို သွေးများပန်းထွက်လာသည့် အခိုက်အတန့်တွင် ကြောက်လန့်လွန်းသော အသံကြီးက ဟိန်းထွက်လာသည်။ ခြောက်ခြားဖွယ်ကောင်းသော အသံကြီးဖြစ်ပြီး လူတိုင်းက ကြောက်လန့်သွားကြ၏။
ဘုန်း
တုဝူစစ်လီ၏ ခန္ဓာကိုယ်က ပစ်လွှတ်လိုက်သည့် ကျည်ဆံတစ်ခုလို မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ထို့နောက် ကြီးမားသည့်တွင်းကြီးကို ဖြစ်ပေါ်လာစေပြီး အုတ်ကျိုးအုတ်ပဲ့များ ပစ္စည်းပေါင်းများစွာကို လေထဲသို့ မြောက်တက်လျှက် အရပ်မျက်နှာအနှံ့ လွင့်ထွက်သွားစေသည်။ တုဝူစစ်လီ၏ ဦးထုတ်က ပေတစ်ရာကျော်အထိ လွင့်စင်သွားပြီဖြစ်ပြီး သူ၏ဆံပင်က ကွဲအက်ကုန်သည်။
“???”
လူတိုင်းကလည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ ကျစ်ရ၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် အားပါးတို့ကိုယ်တိုင်ကပင် မှင်သက်သွားပြီး ကြောင်အသွားကြသည်။
တုဝူစစ်လီက ကွင်းထဲသို့အကြိမ်အများကြီး မဝင်ရောက်သေးသော်လည်း မည်သူကမှ သူ၏အင်အားကို သံသယမဝင်ကြချေ။ သူသည်လည်း အပုမူစလင်၏ အဆင့်နှင့် သိပ်မဝေးသော လူတစ်ယောက်ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဝမ်ချောင်က တစ်ချက်တည်းနှင့် သူ့ကိုဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်လိုက်နိုင်လေသည်။
အခန်း(၁၁၂၀)
မဟာဗိုလ်ချုပ်တိုင်းက ဖော်ပြရန်ခက်ခဲလောက်အောင် သန်မာလွန်းပြီး သူတို့အကြားရှိ တိုက်ပွဲဟာ ဘယ်သောအခါကမှ စောစောမဆုံးဖြတ်နိုင်သင့်ချေ။ အပုမူစလင်ပင်ဖြစ်စေ၊ အော့စမန်းပင်ဖြစ်စေ သူတို့၏ အထွတ်အထိပ် အခြေအနေပင်ဖြစ်စေ တုဝူစစ်လီကဲ့သို့သော တည်ရှိမှုမျိုးကို တစ်ချက်တည်းနဲ့တင် ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် မလုပ်နိုင်ကြပေ။ မည်သို့ပင်ဆိုစေ အရာအားလုံးက ရုတ်တရက်ဆန်လွန်းသည်။
“မဖြစ်နိုင်ဘူး”
အာရပ်စစ်တပ် အနောက်တန်းမှ သာ့လွန်ရော့ကျန်း၏ မျက်နှာက သွေးများကင်းလွတ်သလို ဖြစ်သွားပြီး နှုတ်ခမ်းက တဆတ်ဆတ် တုန်ယင်သွားသည်။
တုဝူစစ်လီသည် အမြဲတစေ သတိကြီးသော ကောက်ကျစ်သည့် မြေခွေးအိုကြီးဖြစ်သည်။ သူက ဝူရှန်းရွာသူကြီးကို ရင်ဆိုင်ရသည့် အခိုက်အတန့်တွင်ပင် တိုက်ခိုက်ရန် ကြံစည်ပြီးမှ နောက်ဆုတ်ကာ ထွက်ပြေးတတ်သေးသည်။ ထို့ကြောင့် သူဟာ တိုက်ပွဲနယ်မြေတွင် အကောင်းဆုံးအခြေအနေကို ထိန်းထားနိုင်ခဲ့သည်။
သို့သော် တုဝူစစ်လီကပင် တိုက်ပွဲနယ်မြေထဲသို့ ခြေလှမ်းဝင်ပြီးပြီးချင်း ဝမ်ချောင်နှင့် ထိုကဲ့သို့သော အခြေအနေအထိ တွန်းပို့ခံလိုက်ရသည်။
သာ့လွန်ရော့ကျန်း၏ ပထမဦးဆုံး တုန့်ပြန်မှုကမူ တုဝူစစ်လီကို ဟန်ဆောင်နေသည်ဟု ထင်မိခြင်းဖြစ်သည်။ ဒါကလည်း သူ၏အကြံအစည်ဟု တွေးလိုက်မိ၏။ သို့သော် သာ့လွန်ရော့ကျန်းက ခပ်မြန်မြန် သတိထားလိုက်မိသည်။ အရာအားလုံးက မှန်ကန်နေသည်။ တုဝူစစ်လီက ဝမ်ချောင်ကြောင့် အမှန်တကယ် ဒဏ်ရာရသွားသည်။
သူ၏အားနည်းပြီး အစီအစဉ်မကျ ဖြစ်နေသော အရှိန်အဝါက တုပ၍မရနိုင်သလို ခန္ဓာကိုယ်ထဲမှ ပန်းထွက်လာသည့် သွေးများကိုလည်း တုပ၍မရချေ။ အရာအားလုံးက ဟန်ဆောင်နေသည်ဆိုလျှင် ဒါဟာ အလွန်အကျူးချဲ့ကားကာ ကစားပြနေခြင်းဖြစ်ပေလိမ့်မည်။
ဘန်း
အခြားသောသူများက မည်သို့တွေးနေစေကာမူ တုဝူစစ်လီက မြေပြင်ပေါ်သို့ ဝုန်းကနဲပြုတ်ကျသည့် အခိုက်အတန့်တွင် ဝမ်ချောင်က ချက်ချင်းဆိုသလို နောက်မှလိုက်ပြီး တုဝူစစ်လီထံ ခုန်အုပ်လိုက်ပြီဖြစ်သည်။
ခြိမ်း
မြေကမာ္ဘက တသိမ့်သိမ့်တုန်သွားသည့် အခိုက်အတန့်တွင် အံ့အားသင့်မှု အားလှိုင်းများက ကြီးမားသော စွမ်းအင်မုန်တိုင်းများအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ဝမ်ချောင်၏ သေစေနိုင်သော ရိုက်ချက်က လွဲသွား၏။ တုဝူစစ်လီက ပြိုကျသွားသောနေရာမှ ပျောက်ကွယ်သွားပြီး ပေတစ်ဆယ်ကျော်ခန့် အကွာတွင် ပြန်ပေါ်လာသည်။ သူက သွေးအလင်းနှင့်အတူ ဖော်ပြရန်ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ထွက်ပြေးခြင်းဖြစ်သည်။
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ဘယ်သူကမှ ငါ့ရဲ့ဝင်္ကပါကို မဖောက်နိုင်သင့်ဘူး”
“သွား အားလုံးပဲ ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”
တုဝူစစ်လီက အထိတ်တလန့်ဖြစ်နေသော လေလွင့်ခွေးတစ်ကောင်နှင့်တူသည်။ သူ၏အသံက ကြောက်လန့်မှုနှင့် ပြည့်နှက်နေသည်။ ဝမ်ချောင်၏လက်ဝါးက သူ၏သတ္တိကို ကွဲအက်သွားစေခဲ့သည်။ ရိုးရှင်းစွာဖြင့်ပင် ဝမ်ချောင်က မည်သည့်အတွက်ကြောင့် ထိုဝင်္ကပါကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကြောင်း နားမလည်ပေ။ သူ၏စိတ်ရှုပ်ထွေးမှုနှင့် နားမလည်နိုင်မှုက နှလုံးသားကို ကြောက်လန့်မှုနှင့် ပြည့်နှက်နေစေသည်။ သူက ဝမ်ချောင်နှင့် အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွဲရန် ဆန္ဒမရှိတော့ချေ။
တုဝူစစ်လီ၏ အော်သံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ကျန်သော အနောက်ပိုင်းတူရကီ စစ်သားများ အားလုံးက ဝရုန်းသုန်းကားဖြစ်သွားသည်။ ထိုထဲတွင် ရှားမနှင့် ချဲ့ခွန်းပန်းပါ့တို့လည်းပါသည်။
ယခုအခါ သူတို့၏ဗိုလ်ချုပ်က ထွက်ပြေးသွားသည်။ အနောက်ပိုင်းတူရကီများက တိုက်ခိုက်လိုစိတ် မရှိတော့ချေ။ အားလုံးကလည်း ရူးသွပ်စွာဖြင့် လူစုခွဲကြသည်။ အားလုံးက အထိတ်တလန့်ဖြစ်ပြီး စိတ်ရှုပ်ထွေးကာ ခြောက်ခြားဖွယ်ကောင်းသည့် သေဆုံးခြင်းစွမ်းအားများနှင့် ပြည့်နှက်သွားကြသည်။ တုဝူစစ်လီ အသံထဲမှ ကြောက်ရွံ့မှုက လူတိုင်းအတွက် ကပ်ဘေးကဲ့သို့ဖြစ်သည်။
ဒုန်း ဒုန်း ဒုန်း
တခဏခန့်ကြာပြီးနောက် စစ်တပ်တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်သွားသည်။ အနောက်ပိုင်းတူရကီဘက်မှ စစ်သားများအားလုံးက နေရာအားလုံးကိုပစ်ချပြီး ထွက်ပြေးကြသည်။ ဝမ်ချောင်ကပင် ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။ သို့သော်သူက နောက်ကမလိုက်ခဲ့ချေ။
အား ငါအကြာကြီးပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ အောင်မြင်ဖို့ လိုအပ်သွားသေးတယ်။ ကြည့်ရတာ ဒီတစ်ကြိမ်တော့ သူမသေလောက်သေးဘူး။
ဝမ်ချောင်က တုဝူစစ်လီကိုပေးခဲ့သော ဝင်္ကပါထဲတွင် ကြီးမားလွန်းသည့် ပြစ်ချက်ကြီးရှိသည်။ ထို့ကြောင့် ကျင့်ကြံလေလေ ပြစ်ချက်ကရှိလေလေဖြစ်ပြီး တုဝူစစ်လီ ထုတ်ဖော်ထားသော ကျင့်ကြံခြင်းအဆင့်ကြောင့် ပြဿနာက အလွန်အမင်း ပြင်းထန်နေရပေမည်။ သို့သော် ရှင်းလင်းစွာဖြင့် တစ်ဖက်သူက သတိမထားမိသေးချေ။
ရှန်းယန်အမှတ်
ထိုနေရာသို့ တိုက်ခိုက်လိုက်သည်နှင့် တုဝူစစ်လီ၏ ကျင့်ကြံခြင်းအဆင့်က မည်မျှမြင့်မားနေစေကာမူ သူ၏ခုခံမှုတိုင်းကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။ ဒီနည်းအားဖြင့် သူ၏အသက်သွေးကြောများ အားလုံးကို လုပ်ကြံလျှက် အမြူတေကိုထိခိုက်အောင် လုပ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် တုဝူစစ်လီက တိုက်ပွဲနယ်မြေထဲက ထွက်သွားပြီ။ သူ့ရဲ့ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်နဲ့ အခြားအနောက်ပိုင်း မြင်းတပ်တွေကိုလည်း ခေါ်သွားတယ်ဆိုတော့ ပန်းတိုင်ကတော့ အောင်မြင်သွားပါတယ်။
ထိုအတွေးနှင့်အတူ ဝမ်ချောင်က အားပါးထံခုန်ဝင်သွားသည်။
“လာ အားပါး ငါတို့ရဲ့မပြီးသေးတဲ့ တိုက်ပွဲကို စရအောင်”
ဝမ်ချောင်က နဂါးတစ်ကောင်ကဲ့သို့ ခုန်ဝင်သွားသည်။ သူ၏ခန္ဓာကိုယ်တွင် ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲသွားသည်။
“မဟာပျက်စီးခြင်းသိုင်း”
ဝမ်ချောင်၏ ပုခုံးဝန်းကျင်တွင် အလင်းများက သိပ်သည်းလာပြီးနောက် ရွှေရောင်နှင့်အနီရောင် နေမင်းနှင့် လမင်းပုံရိပ်များက ပေါ်ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် အာကာသပြင်က ဝေဝါးသွားပြီး ကြီးမားလွန်းသော စွမ်းအင်က လိမ်တွန့်လာကာ လမ်းကြောင်းရှိအရာအားလုံးကို ကျော်ဖြတ်လျှက် အားပါးထံ တိုးဝင်သွားလေသည်။
ယခုအခါဝမ်ချောင်က စွမ်းအင်တာအိုကို နားလည်သဘောပေါက်ထားသည်။ သူက တူညီသော မဟာပျက်စီးခြင်းသိုင်းကို ခြားနားသော အဆင့်တွင် ရှိသည့်စွမ်းအားမျိုးကို ထုတ်သုံးနိုင်သွားပြီဖြစ်သည်။ ကျယ်ပြောသောစွမ်းအင်များက မရေမတွက်နိုင်သည့် အကန့်အသတ်များ အားလုံးကို ကျော်ဖြတ်န်ိုင်သည်။ ထိုသိုင်းက လေးစားဖွယ်ကောင်းလွန်းသော ဆွဲစုပ်သည့် စွမ်းအားတစ်ရပ်ကို ထုတ်နိုင်လေပြီး အနီးအနားရှိ အာရပ်မြင်းတပ်အဖွဲ့ဝင်တိုင်းကို ဆွဲယူခံရစေသည်။
ဟီ...
သူတို့၏စစ်မြင်းများက အနားသို့ မကပ်နိုင်သေးခင် သူတို့၏ခန္ဓာကိုယ်က ကွဲအက်ပြီး ညဉ်းလိုက်ကြရသည်။ လူနှင့်မြင်းများက သွေးသားများ ပေါင်းစပ်ထားသည့် အသားလုံးများအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ပြုတ်ကျသည်။
“မဖြစ်နိုင်တာ ဘယ်လိုကြောင့်သူက ရုတ်တရက်ကြီး အင်အားကြီးမားသွားတာလဲ”
အားပါးကလည်း အလန့်တကြားဖြစ်သွားသည်။
သို့သော် သူ့တွင်တွေးတောရခြင်း မရှိတော့ချေ။
ဝေါင်း
အလွန်ကြီးမားလွန်းသော ဖားရချီစက်ကွင်းတစ်ခုက သူ၏အနောက်ဘက်တွင် ပေါ်လာသည်။ သူကိုယ်တိုင်ကလည်း ဝမ်ချောင်၏ကိုယ်ထံ ခုန်ဝင်သွားလေသည်။
ဘုန်း
သူတို့နှစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များက ဥက္ကာတုံးများလို အချင်းချင်း လေထဲတွင် တွေ့ဆုံသွားသည့် အခိုက်အတန့်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ဝမ်ချောင်က လေထဲတွင်ယမ်းခါပြီး နောက်သို့ခြေတစ်လှမ်း ဆုတ်ရသည့် အခိုက်အတန့်တွင် လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းသံများက ထွက်ပေါ်လာသည်။ သို့သော် အားပါးကမူ အနားသို့ ခြေသုံးလှမ်း သို့မဟုတ် လေးလှမ်းခန့်အထိ ဆုတ်လိုက်ရသည်။ သူ၏လည်ချောင်းက တင်းကြပ်သွားပြီး သွေးများဆန်တက်လာကြောင်း ခံစားလိုက်ရသည်။ သို့သော် သူက အတက်နိုင်ဆုံး မြိုချလိုက်သည်။
“မဖြစ်နိုင်ဘူး”
အားပါး၏စိတ်က မုန်တိုင်းထန်သွားသည်။ သူ၏မျက်နှာကလည်း ဖြူဖျော့နေသည်။ ဝမ်ချောင်သည် နတ်ဘုရားဝင်္ကပါကို သုံးထားသေးသည်။ သို့သော် ထိုဝင်္ကပါမရှိလျှင်ပင် သူက မဟာဗိုလ်ချုပ်ကြီး တစ်ယောက်၏ စွမ်းအားကို ထုတ်နိုင်လေသည်။ သူက ပင်လယ်သမုဒ္ဒရာကဲ့သို့သော ပစ္စည်းမျိုးကိုပင် ထုတ်သုံးထားခြင်းမဟုတ်ပေ။ ထိုအခြေအနေက လက်ခံနိုင်စရာမရှိချေ။
တစ်ညတည်းနှင့် လူတစ်ယောက်က ထိုမျှအင်အားကြီးမားသွားသည်။
ဝမ်ချောင်က အားပါးကိုကြည့်ပြီး အာရပ်ဘာသာစကားနှင့်ပြောသည်။
“အားပါး အဲ့ဒါကအရင်က အခုက အခုပဲ။ ငါတို့ထဲမှာ ဘယ်သူကသာသလဲဆိုတာကို ဆုံးဖြတ်လိုက်ရအောင်”
ဘုန်း
ဝမ်ချောင်၏ခန္ဓာကိုယ်က အရှိန်အဟုန်မြင့် နတ်ဘုရားအဖြစ် ပြောင်းလဲလိုက်သည်။ ဗာဂျရာ ငရုတ်ကျည်ပွေ့ကြီးက လေထဲတွင် လွှဲယမ်းသွားလေပြီး အားပါးထံတိုးဝင်သွားလေသည်။ သို့သော် ဒီတစ်ကြိမ်တွင် အဆုံးအစမဲ့သည့် မူလစွမ်းအင်များ အားလုံးက အရပ်မျက်နှာအနှံ့မှ ဆွဲစုပ်ယူခံရလေပြီး ဝမ်ချောင်၏ တိုက်ကွက်အတွင်းတွင် ပေါင်းစည်းဝင်ရောက်လာလေသည်။
အကန့်အသတ်မဲ့သော စွမ်းအင်များ၏ မွန်းမံမှုကိုခံရသောအခါ ဗာဂျရာငရုတ်ကျည်ပွေ့ကြီးက နှစ်ဆယ်ရာခိုင်နှုန်းကျော် အင်အားကြီးလာသည်။ ဖြစ်နိုင်သည်မှာ ငါးဆယ်ရာခိုင်နှုန်းသို့ပင် ရောက်နေလောက်သေး၏။ ဒါကဝမ်ချောင်၏ မူလစွမ်းအင်ကို နားလည်ထားသောကြောင့် ရလဒ်တိုးတက်လာခဲ့ခြင်းဖြစ်သည်။
ဘုန်း
နောက်ထပ်ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ထိုရိုက်ချက်က အားပါးကို ပေတစ်ဆယ်ကျော်အထိ လွင့်ထွက်သွားစေသည်။ နောက်ဆုံးမှသာသူက တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။
ဝမ်ချောင်က အားပါးနှင့် တိုက်ခိုက်နေသည့် အချိန်တွင်ပင် မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကလည်း ချွီထေပါးနှင့်တိုက်ခိုက်နေသလို ကောင်းရှန်းကျစ်ကလည်း အပုမူစလင်နှင့် တိုက်ခိုက်နေသည်။ ထိုသို့ဖြင့် အားလုံးက အသီးသီး ပြိုင်ဘက်များကို ရင်ဆိုင်နေကြသည်။ တခဏခန့်ကြာပြီးနောက် နှစ်ဖက်လုံးမှ အင်အားစုများက အရှိန်အဟုန်မြင့်သည့် အားလှိုင်းများကို ထုတ်ဖော်နေလေပြီး တိုက်ပွဲကိုပို၍ ပြင်းထန်စေလေသည်။
“သတ်”
ကြောက်မက်ဖွယ်ကောင်းသည့် အော်သံများ အော်ဟစ်အားပေးသံများက ကောင်းကင်ဘုံအနှံ့ ပဲ့တင်ထပ်နေသည့် အခိုက်အတန့်တွင် အာရပ်စစ်သည် တစ်သိန်းနီးပါးက သံမဏိခုခံရေးအားလှိုင်းထံ ဝင်ရောက်ရန် ကြိုးစားလာကြသည်။
“ပစ်”
စုဟန်ရှန်းက တည်ငြိမ်စွာပြောပြီး အေးစက်စွာ အမိန့်ပေးသည်။
ဝှစ်
လက်နက်ကြီးများက အာရပ်နောက်တန်းများကို ဆက်တိုက် လျော့ချပေးနိုင်သည်။ သို့သော် ဒီတစ်ကြိမ်တွင် လက်နက်ကြီးအလက် ငါးထောင်လုံးက ပစ်ခတ်ခြင်းမဟုတ်ချေ။ တစ်ထောင်ကသာ ပစ်ခတ်လာသည်။
မဟာထန်သည် လက်နက်ကြီးများတွင် ကျည်ဆံအများကြီး မကျန်ရစ်တော့ချေ။ ထို့ကြောင့် အမြင့်ဆုံးသော တိုက်ခိုက်နိုင်စွမ်းရည်ကို ဖော်ပြနိုင်ရန်အလို့ငှာ စုဟန်ရှန်းက သူ၏လက်နက်ကြီးအဖွဲ့ ငါးထောင်ကို တစ်ထောင်စီ ငါးကြိမ်ပစ်ရန် ဆုံးဖြတ်ထားလေသည်။ ထို့ကြောင့် တစ်ကြိမ်ပစ်ခတ်စေလေတိုင်း လက်နက်ကြီးတစ်ထောင်ကိုသာ ပစ်ခတ်ရမည်။ ဒါက သူတို့၏ ခြိမ်းခြောက်နိုင်စွမ်းကို အများကြီး လျော့ကျလာစေသည့်တိုင်အောင် ခုနှစ်ထောင်လုံး၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ရာ ရောက်လေသည်။
ဝှစ် ဝှစ် ဝှစ်
ထက်ရှသော ကျည်ဆံများက လေထုကိုထိုးခွဲပြီး အသားများကိုကျော်ဖြတ်သည်။ ထိုသို့ဖြင့် အာရပ်စစ်သည် အတန်းလိုက် လျော့ချပစ်လေသည်။ ထို့ကြောင့် တစ်သုတ်တည်းနှင့် အာရပ်မြင်းတပ် အဖွဲ့ဝင် ငါးထောင်မှ ခြောက်ထောင်ခန့်အထိ သေဆုံးသွားရသည်။ သူတို့၏သွေးများက တိုက်ပွဲနယ်မြေတွင် ပြည့်နှက်နေသေးသည်။
စုဟန်ရှန်း၏ လက်နက်ကြီးစစ်တပ်ကသာ တိုက်ခိုက်မှုအောက်သို့ ရောက်ရှိနေခဲ့ခြင်းမဟုတ်ချေ။ လက်ရွေးစင် ထန်စစ်တပ်ကလည်း နဂါးကိုးကောင် သွေးစစ်အလံနားတွင်ဝိုင်းကာ လုပ်ကြံသတ်ဖြတ်မှုကို စတင်နေကြလေသည်။
လက်နက်ကြီးစစ်တပ်နှင့် မတူသည်မှာ ထိုလက်ရွေးစင်စစ်တပ်များက အာရပ်စစ်တပ်အတွင်းသို့ ဝင်ရောက်သွားကြသည်။
“ချီတက်”
ကျယ်လောင်ပြီး ပြတ်တောင်းသည့် အသံနှင့်အတူ နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သားများက သူတို့၏ဓားကို လေထဲသို့ မြှောက်လိုက်ကြပြီး သံမဏိမြို့ရိုးထံ ချီတက်လာကြသည်။
စွစ်
သူတို့၏ဓားက လေထုကိုထိုးခွဲသွားလေပြီး သွေးများကိုပန်းထွက်လာစေသည်။ ထို့နောက် မြင်းများ၏ဟီသံက ပေါ်ထွက်လာ၏။ ချီတက်လာသော အာရပ်မြင်းတပ် အဖွဲ့ဝင်များက စက္ကူသားဖြင့် လုပ်ထားသလိုမျိုး နတ်အကျဉ်းထောင်စစ်တပ်၏ ထက်ရှသောဓားများအောက်တွင် သေဆုံးသွားကြရသည်။
နတ်သိုင်းစစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ ဟိန်းဟောက်ခြင်းစစ်တပ်နှင့် အခြားသောစစ်တပ်တိုင်းက အနားမှကပ်လိုက်လာကြသည်။ သူတို့အားလုံးက ယုံကြည်မှုအပြည့်နှင့် ဆုံးဖြတ်ချက်ပြတ်သားစွာနှင့်အတူ အာရပ်နောက်တန်းသို့ ဝင်ရောက်သွားကြသည်။
ချွင် ချွင် ချွင်
နဂါးကိုးကောင် သွေးစစ်အလံက လေထဲတွင်လွင့်မျောနေသည့် အချိန်တွင် ချီစက်ကွင်းများက ပဲ့တင်ထပ်လာသည်။ ထိုစစ်သားများ၏ အရှိန်အဝါများကလည်း ပြောင်းလဲသွား၏။ မဟာထန်ဘက်မှ အတော်ဆုံးသော ခြေလျင်တပ်သားများက ကြောက်စရာအကောင်းဆုံးသော သတ်ဖြတ်ခြင်းစက်များ ဖြစ်သွားကြသည်။ ထို့ကြောင့် ထိုစစ်သားများက မည်သို့ကြိုးစားစေကာမူ သူတို့ကို နောက်ဆုတ်အောင် မည်သည့်အရာကမှ မလုပ်နိုင်တော့ချေ။
“အား”
“သူတို့ကိုသတ်”
“ငါတို့တွေ သူတို့ကိုမနိုင်ဘူး ပြေးတော့”
စစ်တပ်က ဝရုန်းသုန်းကားဖြစ်သွားသည့် အခိုက်အတန့်တွင် အော်ဟစ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ နဂါးကိုးကောင် စစ်သွေးအလံက ဖန်တီးထားသော ဝင်္ကပါစစ်ပွဲက အာရပ်စစ်သည်တော်တိုင်းအား သူတို့ဟာ သစ်ပင်ကြီးတစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေကြသလို ဖြစ်နေကြောင်း သိလိုက်သည်။ ဒီသစ်ပင်က ရပ်လိမ့်မည်မဟုတ်ချေ။
အာရပ်စစ်သားများ၏ နားအတွင်းတွင် စကားလုံးများက ကြောက်လန့်မှုများအဖြစ် ပြောင်းလဲသွားသည်။ မဟာထန်ဘက်မှ စစ်သားများ၏ ရိုးရှင်းသောစိတ်အခြေအနေ အပြောင်းအလဲနှင့် နှိုင်းယှဉ်သော် သူတို့ဘက်မှ ဒီအခြေအနေကို လက်သင့်မခံလိုသော စိတ်အခြေအနေက ပေါများလာလေသည်။
အာရပ်၊ အနောက်ပိုင်းတူရကီနှင့် တိဗက်များအားလုံးက သူတို့၏နောက်ဆုံးတိုက်ပွဲတွင် အဓိက အရှုံးကို ရင်ဆိုင်ရမည့်ပုံပေါ်နေသည်။
သို့သော်...
ဘန်း
ဘန်း
ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာပြီးနောက် စစ်သားများအားလုံးက ကျယ်လောင်စွာ အော်ဟစ်ကြလေသည်။