အခန်း (၁၁၃၁-၁၁၃၅)
Vol. 65 Ch. 1131-1135
အခန်း(၁၁၃၁)
ဗယ်သ အထွတ်အမြတ်ခေါင်းလောင်း
“ဂုဏ်ယူပါတယ်အသုံးပြုသူ အသုံးပြုသူက ပထမဦးဆုံးအကြိမ်အနေနဲ့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ကို သတ်လိုက်နိုင်ပြီး သမိုင်းရဲ့အပြောင်းအလဲကို ကြိုးကိုင်လိုက်နိုင်ပါတယ်။ ဒါကြောင့် ကံကြမ္မာစွမ်းအင်အမှတ် လေးထောင်ကို ဆုလဒ်ချီးမြှင့်ခံရပါမယ်။ ဒီမတော်တဆမှုက တာလာ့ရဲ့ တိုက်ပွဲအပေါ် သက်ရောက်မှုကြီးသွားပါလိမ့်မယ်”
ဝမ်ချောင်၏စိတ်အတွင်း အေးစက်သောအသံက ထွက်လာသည်။ ဒါက ကံကြမ္မာကျောက်တုံး၏ အသံဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ချောင်က ထိုအသံကို အာရုံမစိုက်နိုင်ချေ။ သူက တုစုန့်မာန်ဖော်ကျဲ့၏ အလောင်းကို ဘေးဘက်သို့ ပစ်ထုတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဆရာဖြစ်သူကို အကျဉ်းချထားသည့် ကြီးမားသည့် ရွှေရောင်ခေါင်းလောင်းကြီးထံ ခုန်ဝင်သွားလိုက်သည်။
“မျိုးမစစ်”
“ငါတို့ရဲ့မဟာဗိုလ်ချုပ်အတွက်”
“သူ့ကိုသတ်”
တုစုန့်မာန်ဖော်ကျဲ့၏ အလောင်းက မြေပြင်ပေါ်သို့ ဝုန်းကနဲပြုတ်ကျသွားသည့် အခိုက်အတန့်တွင် တိုက်ပွဲနယ်မြေပေါ်ရှိ တိဗက်စစ်သားတိုင်းက ရူးသွပ်သွားသည်။ တောင်ပေါ်ဒေသ၏ သိန်းငှက်သည် တိဗက်တောင်ပေါ်ဒေသတွင် အလွန်အမင်း အဆင့်အတန်းမြင့်မားသည်။ ယွီစန်း၏ ကြာရှည်သော သမိုင်းမှတ်တမ်းတွင် ရာစုနှစ်ပေါင်းများစွာ ကျော်ဖြတ်ပြီးမှသာ ထန်တစ်ယောက်၏လက်အတွင်း အစစ်အမှန် မဟာဗိုလ်ချုပ်ကြီးတစ်ယောက် သေဆုံးရခြင်းဖြစ်လောက်သည်။ တုစုန့်မာန်ဖော်ကျဲ့၏ သေဆုံးမှုက ယွီစန်းအင်ပါယာကြီးအပေါ် ကြီးမားသည့် သက်ရောက်မှုရှိလေသည်။
“သတ်”
နီရဲနေသော မျက်လုံးနှင့် တိဗက်စစ်သည်တော်တစ်ယောက်က သူ၏မြင်းကို ဒုန်းစိုင်းစီးပြီး ဝမ်ချောင်ထံ ရူးသွပ်နေသလို တိုးဝင်သွားသည်။ သူတို့သည် နဂါးကိုးကောင် သွေးဝင်္ကပါကို ဖျက်ဆီးနိုင်ရန်အတွက် အာရပ်များကို ကူညီထောက်ပံ့ပေးရန် ချီတက်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် တိဗက်များအားလုံးက ရူးသွပ်သွားကြသည်။ သူတို့က မည်သည့်အတွက်ကြောင့် မည်သည့်နေရာသို့ ရောက်နေကြောင်း မေ့လျော့သွားကြပြီး ဝမ်ချောင်ထံ ရူးသွပ်စွာ ချီတက်သွားကြသည်။
“မျိုးမစစ်တွေ”
အဝေးတွင် ထန်နှင့်တိုက်ခိုက်နေသော ဟော်ရှု့ဟွေ့ခမ်းကလည်း သူ၏ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို မဖိနှိပ်နိုင်တော့ချေ။ သူက ဒုတိယမြောက် ဆက်တွေးမနေတော့လေဘဲ ချက်ချင်းလိုလို ခုန်ဝင်ရန် ကြိုးစားလိုက်သည်။
သို့သော် ရုတ်တရက် ဟော်ရှု့ဟွေ့ခမ်းက မြန်လွန်းသည်ဟု ခံစားမိသည့်တိုင်အောင် တစ်စုံတစ်ယောက်ဟာ သူ့ထက်ပိုမြန်နေသည်။ ကောင်းကင်က မည်းမှောင်သွားပြီး တောက်ပလွန်းသော ရွှေရောင်ဓားချီကသာ ထိန်လင်းနေသော တစ်စုံတစ်ရာအဖြစ် ပြောင်းလဲသွားလေသည်။ ဟော်ရှု့ဟွေ့ခမ်းက ရှေ့သို့ခုန်ဝင်သွားသည့် အခိုက်အတန့်တွင် ပေတစ်သောင်းကျော် ရှည်လျားသည့် ဓားချီတစ်စင်းက သစ်ပင်ကြီးတစ်ပင် အမြစ်ကကျွတ်ထွက်လျှက် လွင့်လာသလိုမျိုး အပေါ်မှ ဆင်းသက်လာသည်။ ထိုသို့ဖြင့် ဟော်ရှု့ဟွေ့ခမ်းကို ကျော်ဖြတ်သွားပြီး အဝေးရှိဝမ်ချောင်ကို ခုတ်ပိုင်းလေသည်။
ထိုဓားချီသည် ကောင်းကင်တွင် အလွန်မြင့်သောနေရာမှ စတင်ကာ ဖြစ်တည်လာခဲ့ခြင်းဖြစ်ပြီး ဝမ်ချောင်နှင့် အလွန်ဝေးနေခဲ့သည်။ သို့သော် တခဏခန့်ကြာရုံနှင့် သူ၏ခေါင်းတည့်တည့်သို့ ရောက်သွားလေပြီ။
ချွီထေပါး
ထိုကဲ့သို့ ကြောက်စရာကောင်းသော တိုက်ကွက်မျိုးကို ထုတ်နိုင်သည်မှာ အာရပ်စစ်နတ်ဘုရား ချွီထေပါးသာရှိသည်။ သို့သော် ဝမ်ချောင်က ထိုဓားဖြင့်အခုတ်ခံရပြီး ဆိုးရွားလွန်းသော တိုက်ကွက်အောက်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတော့မည့် အခိုက်အတန့်တွင်...
ဘုန်း
မြေကမ္ဘာကြီးက တသိမ့်သိမ့်တုန်သွားပြီး ကြီးမားသည့် ချီစက်ကွင်းတစ်ခုက စတင်ကာ ပြန့်ထွက်လာသည်။ ထို့နောက် ထိုချီစက်ကွင်းက ပေငါးဆယ်မှ ခြောက်ဆယ်ခန့်အထိ ရှည်လျားသွားလေသည်။ အပေါ်ပိုင်းတွင် အလွန်ရှုပ်ထွေးပြီး ရှေးကျလွန်းသော သင်္ကေတများဖြင့် မွန်းမံခြင်းခံထားရသည်။ ထိုချီစက်ကွင်းက ဝမ်ချောင်၏ကိုယ်အတွင်းမှပေါက်လျှက် အပြင်ဘက်သို့ ထွက်လာခြင်းဖြစ်သည်။ ဒုတိယ၊ တတိယ၊ စတုတ္ထ... ချီစက်ကွင်း တစ်ကွင်းပြီးတစ်ကွင်း ဆက်တိုက်ထွက်ပေါ်လာသည်။ တစ်ကွင်းချင်းစီတိုင်းက တောက်ပပြီး ခမ်းနားထည်ဝါလွန်းသည်။ သို့သော် အားလုံး၏ အရှိန်အဝါနှင့် အရောင်အသွေးက ကွာခြားသည်။
ဝမ်ချောင်က ထုတ်လွှတ်နေသော အလင်းက ချွီထေပါးကို ယှဉ်နိုင်သည်။
ကျယ်လောင်သော ပေါက်ကွဲသံထွက်လာပြီးနောက် ဝမ်ချောင်၏ ကိုယ်အတွင်းမှ ခြောက်ခြားဖွယ်ကောင်းသော ဓားချီတစ်စင်းကလည်း ပေါ်ထွက်လာသည်။
ဝါး...
ခြောက်ခြားဖွယ်ကောင်းလွန်းသော ရှေးဦးမူလ သားရဲကြီးတစ်ကောင်၏ အော်သံလိုအသံမျိုးက ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဝမ်ချောင်ဟာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲပျောက်ကွယ်သွားပြီး အလွန်ကြီးမားသည့် နတ်ဘုရားပုံရိပ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုနတ်ဘုရားပုံရိပ်ကြီးသည် ခြိမ်းခြောက်ဖွယ်ကောင်းသော စွမ်းအားနှင့် မှင်သက်ဖွယ်ကောင်းသည့် အရှိန်အဝါကို သယ်ဆောင်ထားသည်။
ခြိမ်း
ချွီထေပါး၏ တိုက်ကွက်အတွင်းတွင် ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို ဖော်ပြရန် မဖြစ်နိုင်ပေ။ ထိုဓားချီက နတ်ဘုရားများကို ကြောက်လန့်စေပြီး တစ္ဆေများကိုမူ ငိုညဉ်းမိစေနိုင်သည်။ မြေကမ္ဘာကိုလည်း စက္ကူလို စုတ်ဖြဲမိစေနိုင်သည်။ ထိုသို့ဖြင့် အပိုင်းအစများ၊ အလောင်းများ၊ ဖုန်များအားလုံးက မြေပြင်အထက် ပေတစ်ထောင်ကျော် မြင့်သည်အထိ မြောက်တက်သွားသည်။ ထိုတိုက်ကွက်ဟာ ချွီထေပါးအနေနှင့် သူ၏တစ်ဘဝလုံးတွင် ထုတ်ခဲ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံး မှင်သက်ဖွယ်အကောင်းဆုံး တိုက်ကွက်ဟု ဆို၍ရသည်။
ဝမ်ချောင်သည် သူ၏ဓားအောက်မှ တစ်ကြိမ်ပြီးတစ်ကြိမ် လွတ်မြောက်နေခဲ့သည်။ သူဟာ တိဗက်မဟာဗိုလ်ချုပ်ကြီး တုစုန့်မာန်ဖော်ကျဲ့ကိုပင် သတ်နိုင်ခဲ့ပြီး မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် မေးခွန်းထုတ်ရန် မလိုလောက်အောင် ချွီထေပါးကို သွယ်ဝိုက်၍ စိန်ခေါ်ကာ အရှက်ခွဲသလိုဖြစ်နေသည်။ သူ၏သတ်ဖြတ်လိုစိတ်က လှုံ့ဆော်ခံလိုက်ရသည်။ သူသည် ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်ကို ဂရုမစိုက်နိုင်တော့ချေ။
ဝုန်း
ဓားချီက ပြတ်တောက်သွားသော အခိုက်အတန့်တွင် တိုက်ပွဲနယ်မြေတစ်ဝက်ကျော်ခန့်က တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော မျက်ဝန်းပေါင်းများစွာက ဓားချီကျသွားသော နေရာကိုသာ ကြည့်နေသည်။ မည်သူကမှ ချွီထေပါး၏ ခြောက်ခြားဖွယ်ကောင်းသောဓားကို မတားနိုင်ချေ။ ထို့ကြောင့် အစင်းရာများပြည့်နှက်ပြီး မဟာရွတ်ထင်သလို ဖြစ်နေသည့် မြေကမ္ဘာကြီးကိုမြင်လိုက်ရုံနှင့် ထိုတိုက်ကွက်ဟာ သူတို့မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ အင်အားကြီးမားကြောင်း သိနိုင်သည်။ ဝမ်ချောင်က သေလောက်သည်။
“မြန်မြန် အဲ့ဒီကိုကြည့်”
အာရပ်မြင်းသည်တော် တစ်ယောက်က ရုတ်တရက်ပြောလိုက်သည်။ သူက အဝေးသို့ လက်ညိုးညွှန်ထားသည်။ သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုများက ပြည့်နှက်နေသည်။
လူတိုင်းကလည်း ထိုလက်ညိုးညွှန်ရာ နေရာဘက်သို့ လှည့်ကြည့်လိုက်ကြသည့် အခိုက်အတန့်တွင် ဖုန်တိမ်စိုင်လုံးကြီးများ ပေါင်းစပ်ကာ တွန့်လိမ်ရှုံ့တွနေသည့် ဝန်းကျင်တစ်နေရာကို မြင်လိုက်ရသည်။ ထိုဖုန်တိမ်စိုင်လုံးများ၏ အလယ်တွင် ရွှေရောင်အလင်းတန်းတစ်ခုက ပေါ်ထွက်နေသည်။
ဘန်း
လူတိုင်းက ထိုရွှေရောင်ပုံရိပ်ကြောင့် မှင်သက်သွားသည်။ သူအသက်ရှင်နေတယ်။
အဲ့ဒီငယ်ရွယ်တဲ့ ထန်ဗိုလ်ချုပ်က ချွီထေပါးရဲ့ဓားကို တားလိုက်နိုင်တယ်။
ဝှစ်
သူတို့၏အတွေးကို တုန့်ပြန်လိုက်သလိုမျိုး ကြမ်းတမ်းခက်ထန်သည့် လေပြင်းက ဖုန်များကို ဖယ်ရှားလိုက်ပြီး အတွင်းမှ ငယ်ရွယ်သည့်ပုံရိပ်ကို ထုတ်ဖော်ပြသသည်။ စုတ်ပြတ်သတ်နေသော ဆံပင်မှစတင်ပြီး သူ၏အနက်ရောင် သံချပ်ကာအထိ ထို့နောက်တဖန်ထပ်ပြီး တောက်ပကာ ပြတ်သားသည့် မျက်ဝန်းတောက်လျှောက် အားလုံးက ထင်ရှားစွာ မြင်လိုက်ရသည်။ သူဟာ ကျောကိုပင်ကွေးသွားစေခြင်းမရှိဘဲ တိုက်ခိုက်ရန် ဆုံးဖြတ်နေသေးသည်။
ဘန်း
ဝမ်ချောင်က ချွီထေပါးကို ခက်ထန်စွာ တစ်ချက်စိုက်ကြည့်လိုက်ပြီး ရွှေရောင်ခေါင်းလောင်းထံ ခုန်ဝင်သွားသည်။
“သတ်”
အာရပ်မြင်းတပ် သောင်းပေါင်းများစွာက ထိုအခါမှသာ အသိပြန်ဝင်လာပြီး ဝမ်ချောင်ထံ ချီတက်သွားကြသည်။ သို့သော် တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ကိုယ်အတွင်းမှ ရွှေရောင်နှင့် အနီရောင် ကြယ်တာရာစွမ်းအင်များက ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် လေထုက ဖိညှစ်ခံလိုက်ရပြီး ခြောက်ထောင့်ဝင်္ကပါကြီးက ဝမ်ချောင်၏ခန္ဓာကိုယ်ကို လွှမ်းခြုံပေးလိုက်သည်။ မည်သည့်အာရပ် မြင်းတပ်ကမှ မချဉ်းကပ်နိုင်ချေ။ ထိုသို့ချဉ်းကပ်လိုက်သည်နှင့် သူတို့၏စွမ်းအင်နှင့် သွေးများက ခန္ဓာကိုယ်အတွင်းမှ စိတ်လိုလက်ရ အလိုလိုထွက်သွားလေပြီး ဝမ်ချောင်ဖန်တီးထားသော ဝင်္ကပါကတစ်ဆင့် သူ၏ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
မဟာရင်ယန်ဝင်္ကပါ
ယခုအခါ ဝမ်ချောင်က မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်သွားသည်။ မဟာရင်ယန် ကောင်းကင်ဘုံ ဖန်တီးခြင်းသိုင်းကလည်း အဆင့်တက်သွားသည်။ ဝမ်ချောင်သည် ယခုအခါ ကိုယ်ခန္ဓာကို ဗဟိုပြုပြီး ဝင်္ကပါတစ်ခု ဖန်တီးလျှက် အာရပ်လက်ရွေးစင်များကို ကိုင်တွယ်နိုင်သွားသည်။
“ဆရာ”
ဝင်္ကပါကိုချခင်းပြီးနောက် ဝမ်ချောင်က အနောက်ဘက်မှ အဖြစ်အပျက်များအားလုံးကို မေ့လျော့လိုက်ပြီး ခြောက်မီတာခန့်မြင့်သည့် ရွှေရောင်ခေါင်းလောင်းကြီးထံ အပြေးသွားသည်။ သူ၏ပုဂ္ဂိုလ်ရေးရာ ခံစားချက်ကြောင့်ပင်ဖြစ်စေ တိုက်ပွဲတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲကြိုးကိုင်နိုင်ရန်အတွက်ဖြစ်စေ ဝမ်ချောင်ဟာ ဆရာဖြစ်သူကို ကယ်ရန်လိုအပ်သည်။ သူက ကယ်လိုက်သည်နှင့် မဟာထန်က နောက်ထပ် ထိပ်တန်းအဆင့် တိုက်ခိုက်နိုင်သော အင်အားစုတစ်ရပ်ကို ပိုင်ဆိုင်မည်ဖြစ်ပြီး ချွီထေပါးကို အနိုင်ယူနိုင်လာပေလိမ့်မည်။
သို့ရာတွင် တုစုန့်မာန်ဖော်ကျဲ့ကသာ ခေါင်းလောင်းကိုသုံးပြီး ချောင်းတိုက်ခိုက်ခဲ့သည်။ သူက သေသွားပြီးသည့်တိုင်အောင် ခေါင်းလောင်းက အကောင်းအတိုင်း ကျန်ရစ်လေသေးပြီး ဆရာဖြစ်သူကို ပိတ်လှောင်ထားနေသေးသည်။ ထို့ပြင် အတွင်းဘက်မှစတင်ပြီး ပျံ့နှံ့လာသည့် အလွန်အမင်း အန္တရာယ်များသည့် အရှိန်အဝါကိုလည်း ထုတ်လွှတ်ထားသေးသည်။
ဘုန်း
ဝမ်ချောင်က အများကြီး တွေးမနေတော့ဘဲ ခေါင်းလောင်းကိုလက်ဝါးဖြင့် ရိုက်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်လာသည်။ သို့သော် ဝမ်ချောင်၏ လက်ဖဝါးက ပုံမှန်အားဖြင့် တောင်များကို ကွဲသွားစေလောက်သော်လည်း ဒီခေါင်းလောင်းကမူ ပျက်ယွင်းသွားခဲ့ခြင်းမရှိချေ။ အနည်းငယ်ပင် မတုန်ခါသွားချေ။ ဝမ်ချောင်သည် ရွှေရောင်ခေါင်းလောင်းကြီးအား ကြီးမားသော မှန်တစ်ချပ်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ အနည်းဆုံး ဝမ်ချောင်က ထည့်ထားသော စွမ်းအားက ခြောက်ဆယ်ရာခိုင်နှုန်းခန့်အထိ ရှိသည်။ သို့သော် ထိုစွမ်းအင်များက ခေါင်းလောင်းအပေါ် မကျရောက်သွားချေ။
ဝမ်ချောင်ကလည်း ရွှေရောင်ခေါင်းလောင်းတည့်တည့် ချိန်ရွယ်ပြီး လက်သီးဖြင့်ဆက်တိုက်ထိုးသည်။ သို့သော် ငါးချက်မှ ခြောက်ချက်အထိ ထိုးပြီးနောက် ရပ်တန့်လိုက်လေသည်။
“ဆရာ”
ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားသည်။ ရွှေရောင်ခေါင်းလောင်းကြီးက မယိမ်းယိုင်သော တောင်တစ်လုံးအလား ဖြစ်နေသည်။ သို့သော် ဒါဟာဝမ်ချောင်ကို တိုက်ကွက်များ ရပ်တန့်သွားစေသည့်အချက် မဟုတ်သေးချေ။ ခေါင်းလောင်းကို တိုက်ခိုက်နေရင်းမှ ဝမ်ချောင်သည်လည်း အတွင်းဘက်မှ ထွက်လာသည့် ခြားနားသည့် အားလှိုင်းတစ်ရပ်ကို ခံစားမိလိုက်သည်။ သူ၏ဆရာကလည်း အတွင်းဘက်မှ တိုက်ခိုက်နေလောက်သည်။ သူသည်လည်း အောင်မြင်လုနီးပါး ဖြစ်နေလောက်လေသည်။
ဝမ်ချောင်ကစတင်ကာ တွေးတောသည်။ လက်ရှိအချိန်တွင် သူ့တွင် မည်သည့် စတေးခံပစ္စည်း ရှေးဟောင်းအမွေအနှစ် ပစ္စည်းကိုမျှ မပိုင်ဆိုင်ထားချေ။ သူသည်လည်း ထိုပစ္စည်းများဟာ အလွန်အမင်း ထူးခြားကြောင်းသိသည်။ အပြင်ဘက်မှ အလောတကြီး တိုက်ခိုက်ရင်းနှင့် မည်သူ့ကိုမှ မကယ်နိုင်လေဘဲ ဒုက္ခရောက်သွားနိုင်သော ဖြစ်နိုင်ချေကိုလည်း ထည့်တွက်သင့်သည်။ သူဟာ ဆရာဖြစ်သူကို ဒုက္ခမရောက်စေချင်သလို ဒဏ်ရာလည်း မရစေချင်ပေ။
ငါဆရာနဲ့ဆက်သွယ်ရမယ်။
ထိုအတွေးက သူ၏စိတ်အတွင်း ဖြတ်ဝင်လာသည်။ ရွှေရောင်ခေါင်းလောင်းကြီးသည် ရှေးဟောင်းလက်နက် တစ်မျိုးဖြစ်ပြီး မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ လက်ဆင့်ကမ်းပေးခဲ့သည့် ရတနာတစ်မျိုးဖြစ်သည်။ တုစုန့်မာန်ဖော်ကျဲ့က သေသွားခဲ့သည့်တိုင်အောင် ခေါင်းလောင်းက အလိုလို ဆက်လက်ပြီး တည်ရှိနေသေးသည်။ သန့်စင်သောစွမ်းအားတစ်ခုတည်းကတင် ဖျက်ဆီးရန် မလုံလောက်ချေ။ သို့သော် ဝမ်ချောင်သည်လည်း ရိုးရှင်းစွာဖြင့် သိုင်းပညာရှင်တစ်ယောက် မဟုတ်နေချေ။
ဝုန်း
သူ၏ခန္ဓာကိုယ်အတွင်းမှ စိတ်စွမ်းအား စွမ်းအင်အတန်းလိုက်က ဖြာထွက်သွားပြီး ခေါင်းလောင်းအတွင်းသို့ ဝင်ရောက်သွားသည်။
စိတ်စွမ်းအားစွမ်းအင်သည် ထိတွေ့ကိုင်တွယ်၍မရသလို သဏ္ဍန်မဲ့သည်။ ထို့ကြောင့် ဗယ်သ အထွတ်အမြတ် ခေါင်းလောင်းက မည်မျှအင်အားကြီးမားနေစေကာမူ ဒီစွမ်းအားကို မတားနိုင်ချေ။
ဝုန်း
ဝမ်ချောင်၏ သိပ်သည်းထားသော စိတ်စွမ်းအားစွမ်းအင်များက ရွှေရောင်ခေါင်းလောင်း၏ အပေါ်ယံ မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားပြီး မမြင်ရသော အကာအကွယ်လွှာနှင့် ဝင်တိုးသည်။ ထိုအကာအကွယ်လွှာထဲတွင် ဝမ်ချောင်ဟာ မည်းမှောင်သော်လည်း အဆင့်မြင့်နက်နဲသည့် ဗုဒ္ဓစွမ်းအားများကို ခံစားမိသည်။
ဒါက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ အဆင့်မြင့်ဘုန်းတော်ကြီးမျိုးဆက်က ထည့်သွင်းထားတဲ့ စိတ်စွမ်းအင်ပဲ။
ဝမ်ချောင်သည်လည်း ထိုအရာကို ခပ်မြန်မြန် နားလည်လိုက်သည်။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ ကျင့်ကြံသူများဟာ အင်အားကြီးမားသော သိုင်းပညာရှင် သီးသန့်မဟုတ်ချေ။ သူတို့တွင် အလွန်အမင်း လေးစားဖွယ်ကောင်းသည့် စိတ်စွမ်းအားစွမ်းအင် ကျင့်ကြံသူများ ရှိနေသေးသည်။ အတိတ်တွင် ဝမ်ချောင်က ထိုအခြေအနေကို ရှာတွေ့ခဲ့သည်။ သု့ိသော် မမျှော်လင့်ထားစွာပင် တောက်ပခြင်းနေမင်းသိုင်းကို မာစီ၏ မှတ်ဉာဏ်မှတစ်ဆင့် သင်ယူလိုက်နိုင်သည်။ ထို့ကြောင့် ဝမ်ချောင်သည်လည်း စိတ်စွမ်းအားစွမ်းအင် နယ်မြေတွင် လူအနည်းစုသာ လှမ်းမှီနိုင်သည့် အဆင့်သို့ တက်ရောက်သွားနိုင်လေသည်။
ဝုန်း
ဝမ်ချောင်၏စိတ်စွမ်းအားစွမ်းအင်က လှိုင်းတစ်ခုအဖြစ်ပြောင်းပြီး စိတ်စွမ်းအားတစ်ခုလုံးကို လွှမ်းခြုံလာသည်။
“တွေ့ပြီ”
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က စိတ်စွမ်းအားစွမ်းအင် အကာအကွယ်ကြားမှ အဟကြားနေရာတစ်ခုကို တွေ့လိုက်သည်။ ထိုအပေါက်လေးက လက်မအရွယ်အစားခန့်သာရှိပြီး နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်သောကြောင့် ဗုဒ္ဓစွမ်းအင် တစ်စိတ်တစ်ပိုင်းက ကုန်ဆုံးသွားခဲ့သောကြောင့် ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်သည်။ ဒါက ဝမ်ချောင်၏ ရည်ရွယ်ချက်အတွက် လုံလောက်နေပြီဖြစ်သည်။
ဝုန်း
ဝမ်ချောင်၏စိတ်စွမ်းအား စွမ်းအင်က ခေါင်းလောင်းအတွင်းသို့ ထိုလက်မအရွယ် အပေါက်လေးကတစ်ဆင့် ဝင်ရောက်သွားသည်။
စက္ကန့်ပေါင်းများစွာက အဆုံးအစမဲ့သော ခေတ်ပေါင်းများစွာ ကုန်လွန်သလိုမျိုး ကြာမြင့်သွားပြီးနောက် ဝမ်ချောင်က ရင်းနှီးကျွမ်းဝင်သောအရာကို အာရုံခံလိုက်မိသည်။
“ချောင်အာ မင်းလား”
ဝမ်ချောင်က စကားမပြောနိုင်သေးခင် ဝမ်ချောင်၏စိတ်အတွင်း အကြီးအကဲတစ်ယောက်၏ နွမ်းလျနေသော အသံတစ်မျိုးကို ကြားလိုက်ရသည်။ ဝမ်ချောင်၏မျက်လုံးက နီရဲသွားသည်။ သူက ငိုချင်သွားလေသည်။
“ဆရာ ဆရာဘယ်လိုနေသေးလဲ”
ဝမ်ချောင်က စိုးရိမ်တကြီးမေးသည်။ သူ၏ဆရာဖြစ်သူ၏ အခြေအနေက သူအစိုးရိမ်ရဆုံး အခြေအနေဖြစ်သည်။ သို့သော် အသံမှတစ်ဆင့် တစ်ဖက်သူ၏ အခြေအနေက မကောင်းချေ။
“ချောင်အာ ငါပြောတာနားထောင် ဒါက ယွီစန်းရဲ့ ဘိုးဘေးအမွေအနှစ်လို ရှေးဟောင်းကိရိယာ တစ်မျိုးပဲ။ နောက်ပြီး အရမ်းထူးခြားတယ်။ ဒါကြောင့် မင်းရဲ့တိုက်ကွက်တွေက သူ့ပေါ်ရောက်ရှိသွားတာနဲ့ စွမ်းအားအဖြစ်ပြောင်းပြီး ငါ့ကိုပြန်လည်ပြီး ရင်ဆိုင်လာလိမ့်မယ်။ ဒါကြောင့် အလောတကြီး မတိုက်ခိုက်နဲ့”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏အသံက ခေါင်းလောင်း၏အတွင်းဘက်မှ ဖျော့တော့စွာ ထွက်ပေါ်လာလေသည်။
အခန်း(၁၁၃၂)
ဆရာဖြစ်သူကို ကယ်တင်ခြင်း
“ဘာ”
ဝမ်ချောင်၏နှလုံးသားက လေးလံသွားပြီး မျက်နှာကလည်း တင်းမာသွားသည်။ သူအစိုးရိမ်ရဆုံးက ထိုပစ္စည်းက အပြင်ဘက်မှတိုက်ကွက်များကို အတွင်းဘက်သို့တိုက်ခိုက်ရန် အသုံးပြုမည့် အခြေအနေဖြစ်သည်။ ထိုကဲ့သို့သော ပစ္စည်းများက ဒုက္ခအများဆုံးဖြစ်သည်။ သံသယဝင်ရန် မလိုလောက်အောင် ဗယ်သအထွတ်အမြတ် ခေါင်းလောင်းကလည်း ထိုခေါင်းစဉ်အောက်တွင် ရှိနေသည်။
ဝမ်ချောင်က ချက်ချင်းဆိုသလို တုန့်ဆိုင်းသွားရသည်။
.....
တိုက်ပွဲနယ်မြေက အပြောင်းအလဲများ အချိန်မရွေးဖြစ်နိုင်သည်။ ဝမ်ချောင်က ချွီထေပါး၏တိုက်ကွက်ကို လက်ခံရရှိခဲ့ပြီး ဗယ်သအထွတ်အမြတ် ခေါင်းလောင်းဘက်သို့ ရောက်လာသည့်အချိန်က တခဏအတွင်း ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ သို့သော် ဟော်ရှု့ဟွေ့ခမ်းအတွက်ကမူ သူ၏စိတ်အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်လောက်အောင် ကြာညောင်းလေသည်။
ဝမ်ချောင်က တုစုန့်မာန်ဖော်ကျဲ့ကို သတ်လိုက်သည့် အခိုက်အတန့်တွင် ဟော်ရှု့ဟွေ့ခမ်းကလည်း ဒေါသအမျက် တောက်လောင်လာပြီး ဝမ်ချောင်ကို သတ်ချင်စိတ် ပြင်းထန်လာသည်။ သို့သော် ဝမ်ချောင်ဟာ ချွီထေပါး၏ အင်အားအပြည့် တိုက်ကွက်ကို လက်ခံရရှိခဲ့ကြောင်း မြင်သောအခါ သူ၏ ဝရုန်းသုန်းကားဖြစ်နေသည့် စိတ်အခြေအနေက တည်ငြိမ်သွားသည်။
ဝမ်ချောင်က မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ တက်ရောက်ပြီးကာစ အချိန်မှာတင် ထိုမျှအင်အားကြီးမားနေခဲ့လျှင် ဟော်ရှု့ဟွေ့ခမ်းအနေဖြင့် မည်မျှဒေါသထွက်နေစေကာမူ ဝမ်ချောင်ကို မသတ်နိုင်လောက်ချေ။
အနည်းဆုံး ဟော်ရှု့ဟွေ့ခမ်းကလည်း တူညီသော အခြေအနေမျိုးတွင် ချွီထေပါး၏ ရိုက်ချက်မျိုးကို တောင့်ခံနိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။
“တိဗက်၊ ထန် သူ့ကိုလျစ်လျူရှု့လိုက်။ အရင်ဆုံး ဒီထန်တွေကိုသတ်ပြီး အဲ့ဒီကောင်ကိုသတ်မယ်”
တစ်စုံတစ်ယောက်က အာရပ်ဘာသာစကားနှင့် အလောတကြီး လှမ်းပြောလာသည်။ ဟော်ရှု့ဟွေ့ခမ်းက ခေါင်းလှည့်ပြီးကြည့်စရာ မလိုချေ။ ပြောလိုက်သောလူက မာမဲ့လုများ၏ဗိုလ်ချုပ် အားပါးဖြစ်ကြောင်း သိနိုင်သည်။ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် ဟော်ရှု့ဟွေ့ခမ်းနှင့် အားပါးတို့က အချင်းချင်း သိနားလည်သော နက်ရှိုင်းသည့် ခံစားချက်တစ်ရပ်ကို ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။ သူတို့က အချင်းချင်း နားလည်သော ဘာသာစကားကို ထုတ်ပြောရန် မလိုအပ်တော့ချေ။
ဟော်ရှု့ဟွေ့ခမ်းသည် တခဏခန့် တုန့်ဆိုင်းသွားသည်။ သူက အံ့ကိုကြိတ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ တိုက်ပွဲအတွင်းသို့ ခုန်ဝင်လိုက်သည်။
ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကိုကယ်ပြီး တိုက်ပွဲအခြေအနေကို ပြောင်းလိုသည်။ အာရပ်များနှင့် တိဗက်များကလည်း ဒီအချိန်ကာလ အတောအတွင်း ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်ကို သတ်ဖြတ်ရင်း တိုက်ပွဲကိုအဆုံးသတ်လိုနေသည်။
ဘုန်း
ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ဟော်ရှု့ဟွေ့ခမ်းက တိုက်ပွဲအတွင်းသို့ ခုန်ဝင်သွားသည်။ ဒီတစ်ကြိမ် တိုက်ခိုက်မှုက အလွန်ပြင်းထန်သွားသည်။ မဟာထန်က အလွန်အမင်း ဆိုးရွားသော အခြေအနေကို ရင်ဆိုင်နေရသည်။
“အကြီးအကဲဟောင်၊ ဗိုလ်ချုပ်လီ၊ ချန့်လီ၊ ဝမ်ရန် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ သေချာပေါက်ထိန်းထားပြီး ဝမ်ချောင်အတွက် အချိန်ဆွဲပေးရမယ်”
ကောင်းရှန်းကျစ်က လှမ်းအော်သည်။
သူသည် ဝမ်ချောင်နှင့် လပေါင်းများစွာကြာအောင် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့သည်။ သူတို့အချင်းချင်း စကားတကူးတက ထုတ်ပြောမှ နားလည်မှုရယူရန် မလိုအပ်တော့ချေ။ ဝမ်ချောင်လုပ်လိုသည့် ကိစ္စကို သူတန်းသိနိုင်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကို ကယ်တင်ပြီးလျှင် မဟာထန်ဘက်တွင် ဝမ်ချောင်နှင့်အတူ ဘေးချင်းယှဉ်လျှက်တိုက်ခိုက်ပြီး တိုက်ပွဲအခြေအနေကို ကြိုးကိုင်ပြောင်းလဲပေးနိုင်မည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ပိုင်ဆိုင်လာနိုင်မည်ဖြစ်သည်။
ဘန်း
ကောင်းရှန်းကျစ်၏ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက မုန်တိုင်းတစ်ခုလိုမျိုး ဖြာထွက်လာပြီး အပုမူစလင်ထံသို့ တိုးဝင်သွားလေသည်။
ကောင်းရှန်းကျစ်ဟာ ဒီအခွင့်အရေးကို အရယူပြီး စစ်တပ်ထဲသို့ ခုန်ဝင်သွားသည်။
ဘုန်း
သူက ချက်ချင်းဆိုသလိုပင် ပြိုင်ဘက်ကင်းရှစ်သွယ် ခွဲခြမ်းခြင်းသိုင်းကို ထုတ်သုံးလိုက်ပြီး တိုင်ရှစ်တိုင်ကို ထွက်ပေါ်လာစေလိုက်သည်။ ထိုတိုင်များကလည်း ချွီထေပါး၏ ပတ်ပတ်လည်တွင် ပေါ်လာပြီး ဖျက်ဆီးခြင်းစွမ်းအားများနှင့် သူ့ကို ဝိုင်းထားသည်။
“ကောင်းရှန်းကျစ် မင်းကဘယ်လဲ”
ရုတ်တရက် အနောက်ဘက်မှ အလွန်အမင်း အေးစက်ပြီး လှောင်လိုသံက ထွက်ပေါ်လာသည်။ တခဏခန့်ကြာပြီးနောက် အပုမူစလင်က စွမ်းအားများပြည့်နှက်နေသည့် ခန္ဓာကိုယ်တစ်ခုနှင့် ချွီထေပါး၏ ဘေးဘက်တွင် ပေါ်လာသည်။ အရှိန်အဝါ အပြည့်ပါသော လက်သီးချက်တစ်ချက်နှင့်အတူ သူက အနက်ရောင် ဒီရေလို စွမ်းအင်လှိုင်းပေါင်းများစွာကို ထုတ်လွှတ်လျှက် ကောင်းရှန်းကျစ်ထံ တိုးဝင်သွားစေသည်။ ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့ကလည်း သက်ရောက်ခံရသည်။
ကောင်းရှန်းကျစ်နှင့် အပုမူစလင်တို့ ဝင်ရောက်လာမှုနှင့်အတူ တိုက်ပွဲက သရေကျနေသော အနေအထားမျိုးမှ ပို၍အန္တရာယ်များသော အခိုက်အတန့်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်ခြမ်းတွင် ဝမ်ချောင်က အလွန်အမင်း အန္တရာယ်များသည့် အခြေအနေမျိုးကို ရင်ဆိုင်နေရသည်။ သူက ဆရာဖြစ်သူ၏ အသက်အန္တရာယ်အတွက် စိတ်မတည်မငြိမ် ဖြစ်နေသည်။ ဆရာဖြစ်သူဟာ အန္တရာယ်များသော အခြေအနေမျိုးတွင် ရောက်ရှိနေသည်။ သို့သော် ဗယ်သအထွတ်အမြတ် ခေါင်းလောင်းကြောင့် ဝမ်ချောင်ဟာ ကူညီပေးနိုင်ရန်ပင် မကြိုးစားရဲသော အခိုက်အတန့်မျိုးသို့ ရောက်ရှိသွားသည်။
ဟိန်းသံနှင့် ပေါက်ကွဲသံများက တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်ပေါ်လာနေရင်း ဝမ်ချောင်ဟာ ထန်ဟာ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း ဖော်ပြနေသည်။ မြောက်များလှစွာသော ထန်စစ်သည်တိုင်းက မိနစ်တိုင်းတွင် သေဆုံးနေကြသည်။ မဟာထန်၏ အခြေအနေက ပို၍သာ ဆိုးရွားလာသည်။ ဝမ်ချောင်က အမြန်ဆုံး ဆုံးဖြတ်ချက်ချရန် လိုအပ်နေသည်။
သူသည် ယခုလက်လျော့ပြီး စစ်တပ်ကိုသွားရောက်ကူညီရင်း ချွီထေပါးကို ရင်ဆိုင်၍ရသည်။ ထိုသို့ဆိုလျှင် သူဟာ ဆရာဖြစ်သူကို လက်လျော့ရပေလိမ့်မည်။ သို့မဟုတ်လျှင် သူဟာဆရာကို အမြန်ဆုံးကယ်တင်လျှက် နှစ်ယောက်သားအတူပေါင်းပြီး တိုက်ပွဲ၏ အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်။ သို့သော် ထိုအခြေအနေက စစ်တပ်၏ ဆုံးရှုံးမှုကို ပို၍ဆိုးရွားစေနိုင်သည်။ သို့သော် မည်သည့်ရွေးချယ်မှုကို ရွေးချယ်စေကာမူ သူခပ်မြန်မြန် ဆုံးဖြတ်ရတော့ပေမည်။
“ဘယ်မှာဖြစ်ဖြစ် ငါလက်မလျော့နိုင်ဘူး”
ဝမ်ချောင်၏မျက်လုံးက လင်းလက်သွားသည်။ သူက ကိုယ့်ကိုယ်ကိုပြောသည်။
ဝုန်း
မရေမတွက်နိုင်သည့် စိတ်စွမ်းအားစွမ်းအင်ပေါင်း များစွာက ထိုးထွက်သွားပြီး ဗယ်သအထွတ်အမြတ် ခေါင်းလောင်းကို လွှမ်းခြုံလိုက်သည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်က ကြယ်တာရာစွမ်းအင် အားလှိုင်းများစွာကို ခေါင်းလောင်းထံ တွန်းထည့်ပြီး စမ်းသပ်ကြည့်လေသည်။ ဝမ်ချောင်သည်လည်း ဆရာဖြစ်သူကို ကယ်တင်ရန် အခွင့်အရေး ဘယ်သောအခါမှ လက်လျော့လိမ့်မည်မဟုတ်ချေ။ သူက လက်လျော့လိုက်လျှင် တစ်ဘဝလုံးနောင်တရနေပေမည်။ ပို၍ဆိုးသည်မှာ တိုက်ပွဲက တစ်ဖက်သူ၏ အကူအညီကို လိုအပ်သည်။
ဝမ်ချောင်က ထိုသို့လုပ်နေသည့် အချိန်တွင် သူ၏နားအတွင်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အသံက ထွက်လာသည်။
“ချောင်အာ မင်း ငါမင်းကိုသင်ပေးထားတဲ့ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို မှတ်မိသေးလား”
“မှတ်မိပါတယ်”
ဝမ်ချောင်က ချက်ချင်းဆိုသလို ပြန်ပြောလိုက်သည်။
“အရာအားလုံးမှာ ပြစ်ချက်ရှိတယ်။ ဒီလိုပဲ အမျိုးသားတွေမှာလည်းရှိတယ်။ ဒီလိုလက်နက်ပစ္စည်းတွေမှာလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံရဲ့ တာအိုတောင်မှ မပြီးပြည့်စုံဘူး။ ငါဒီကိရိယာနဲ့ မာန်ထရာကို ဘယ်လိုပေါင်းသုံးရမလဲ မသိပေမဲ့လည်း မင်းကသာ ပြစ်ချက်ကိုရှာနိုင်ရင် ရအောင်ဖွင့်နိုင်လိမ့်မယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ခပ်တင်းတင်းပြောသည်။
သူ၏အရှိန်အဝါက အစီအစဉ်မကျဖြစ်လာသည်။ သူဟာ အလွန်အမင်း ဆိုးရွားသော အခြေအနေသို့ ရောက်နေသည်။ သို့တိုင်အောင် တည်ငြိမ်သည့်ခံစားချက်ကို ထုတ်ပြနေပြီး တစ်ဖက်သူအား အလိုအလျောက် တည်ငြိမ်စေသည်။
ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်း၏ အရေးပါဆုံးအချက်က ပြိုင်ဘက်၏ခန္ဓာကိုယ်မှ ပြစ်ချက်ကို ရှာနိုင်ခြင်းဖြစ်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ထိုသိုင်းကို သူ့အားလက်ဆင့်ကမ်းပေးခဲ့သည်။ မနေ့ညကတင် သူ့ကို အထူးတလည် သင်ပေးခဲ့သေး၏။ ထိုအတွင်းတွင် မူလစွမ်းအင် ဗဟုသုတများလည်း ပါဝင်သည်။ သို့သော် ဝမ်ချောင်က မူလစွမ်းအင်ကို အပြည့်အဝ နားလည်နေသော်လည်း ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကိုမူ အထူးတလည် နားမလည်သေးချေ။
ပြောရမည်ဆိုလျှင် ထိုနှစ်ခုအကြားတွင် မမြင်ရသည့် အကာအကွယ်လွှာ တစ်ခုက တည်ရှိနေပုံပေါ်ပြီး ဝမ်ချောင်အနေဖြင့် ထိုသိုင်းကို အချိန်တိုအတွင်း အပြည့်အဝ ဖမ်းဆုပ်နိုင်ခြင်းမရှိချေ။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အသံက ဆက်ထွက်လာသည်။
“ချောင်အာ ငါအခုကြိုးစားကြည့်တော့ ဒီလက်နက်ရဲ့ ချီဝင်ပေါက်မှာ ပြစ်ချက်ရှာတွေ့လိုက်တယ်။ ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး။ ဒီလိုအခြေအနေမျိုးမှာ မင်းက ဒီလက်နက်အပြင်ဘက်က ချီဝင်ပေါက်ကို ရှာနိုင်မှပဲ ဖြစ်လိမ့်မယ်။ ငါတို့ရဲ့အင်အားတွေကို ပူးပေါင်းပြီး အဲ့ဒီချီဝင်ပေါက်ကို တိုက်ခိုက်လိုက်ရင်တော့ လက်နက်ကို ဖွင့်နိုင်မှာပဲ”
ဝမ်ချောင်က အပေါ်ယံတွင် တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း သူ၏နှလုံးသားကမူ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ စကားလုံးများကြောင့် လှိုင်းထန်လာသည်။ သူတို့တွင် ခြားနားသည့် ကျင့်ကြံခြင်းအဆင့် ရှိနေသည်။ ထို့ကြောင့် နှစ်ယောက်လုံးက မူလစွမ်းအင်ကို နားလည်သဘောပေါက်ထားသည့်တိုင်အောင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ဝမ်ချောင်ထက်ပိုပြီး နားလည်သည်။
သို့သော် ဝမ်ချောင်သည်လည်း ဒီအခြေခံအချက်ကို နားလည်ထားသည်မှာ တစ်ရက်သာရှိနေသေးသည်။ သူ့အတွက် ဒီလက်နက်၏ ချီဝင်ပေါက်ကို အမြန်ဆုံးရှာတွေ့ရန် မဖြစ်နိုင်လောက်ချေ။ သူက မည်သည့်နည်းနှင့်မှ မိစ္ဆာဧကရာဇ် လူအိုကြီးမန်လောက် မမြန်နိုင်ချေ။ ထပ်ပေါင်းဆိုရသော် သူဟာ ထိုသိုင်းကို အောင်မြင်စွာ မကျင့်ကြံရသေးချေ။
“ချောင်အာ ဒါတွေအားလုံးက မင်းအပေါ်ပဲ မူတည်တော့တယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အသံက ထပ်ထွက်လာသည်။
ခလွက်
ဝမ်ချောင်၏ လက်ချောင်းများက ကွေးသွားသလိုမျိုး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
အချိန်ကတိုသည်။ မည်မျှခက်ခဲနေစေကာမူ ဝမ်ချောင်က ဆရာဖြစ်သူ၏ အမိန့်အတိုင်း လိုက်ပါဆောင်ရွက်ရင်း ဗယ်သအထွတ်အမြတ်ခေါင်းလောင်း၏ ချီဝင်ပေါက်ကို ဖွင့်ရပေမည်။ အခြားရွေးချယ်စရာ မရှိတော့ချေ။
“ဆရာ စိတ်အေးအေးထားပါ။ ငါသေချာပေါက် ဆရာကိုကယ်မှာ”
ဝမ်ချောင်က အသက်ပြင်းပြင်းရှုပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်သည်။ သူ၏စိတ်စွမ်းအင်တိုင်းကို ခေါင်းလောင်းထဲသို့ ထိုးသွင်းလိုက်သည်။
နောက်ထပ်တစ်ကြိမ် ထပ်တွေးလိုက်သောအခါ သူ၏ခန္ဓာကိုယ်အတွင်းတွင်ရှိသော ကြယ်တာရာစွမ်းအင်များက ဒဏ္ဍာရီဝိညာဉ်ပင်လယ် အရိုးသိုင်း၏ နိယာမအတိုင်း ဆက်လက်ပြီး လည်ပတ်နေသည်။
ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းသည် သိုင်းပညာအားလုံး၏ အားနည်းချက်ကို ဖောက်မြင်နိုင်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အဆင့်တွင်ဆိုလျှင် သူဟာ ဒီလက်နက်၏ အားနည်းချက်ကို ချက်ချင်းမြင်နိုင်သည်။ ဝမ်ချောင်ကသာ ဆရာဖြစ်သူနှင့်အတူ ယှဉ်ပြိုင်ပြီး ခေါင်းလောင်းကို ဖွင့်ချင်လိုလျှင် ထိုသိုင်းကို နားလည်သဘောပေါက်ရပေလိမ့်မည်။ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းက ဖန်တီးမှုမလာခင် အရင်ဖျက်ဆီးရန်လိုအပ်သည်။ ထို့ကြောင့် မူလစွမ်းအင်၏ ပိုမြင့်သောအနှစ်သာရ အဆင့်ကိုသာ နားလည်သဘောပေါက်ထားခြင်း မရှိလျှင် သူ့အနေဖြင့် ထိုသိုင်းကို အောင်မြင်စွာ ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ချေ။
“သတ်”
အဝေးတွင် ပေါက်ကွဲသံများ၊ အော်ဟစ်သံများက ဟိန်းထွက်နေသည်။ ထိုအသံများက မမြင်ရသော လက်များအလား ဝမ်ချောင်၏ သွေးကြောများကိုဆွဲနေသည်။ ထို့ကြောင့်သူက ပို၍ထိတ်လန့်လာရသည်။
အချိန်မရှိတော့ဘူး
ရုတ်တရက် ဝမ်ချောင်က သူ၏ခန္ဓာကိုယ်ကို လျစ်လျူရှု့လိုက်ပြီး စိတ်တစ်ခုလုံးအား မူလစွမ်းအင် လောကအတွင်းတွင် ပစ်ထည့်လိုက်သည်။
ဘုန်း
ထိုလောကတစ်ခုလုံးက ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် ဝမ်ချောင်ဟာ စွမ်းအင်လောကအတွင်းသို့ ဝင်ရောက်သွားနိုင်သည်။ လောကရှိ ပစ္စည်းတိုင်းက ပျောက်ကွယ်သွားပြီး အဆုံးအစမဲ့သည့် အလင်းနှင့် အပူ မရေမတွက်နိုင်အောင် မြောက်များသော စွမ်းအင်မုန်တိုင်းများကသာ ကြီးစိုးသွားသည်။ တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်စွမ်းအားအသီးသီးရှိနေသည်။ ဝမ်ချောင်အနေဖြင့် ပထမဦးဆံုံးအကြိမ် ယခုလို ကိုယ်ပိုင်ခွန်အားကိုသုံးပြီး ဒီလောကအတွင်းသို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။
“ရှာတွေ့ပြီ”
ဝမ်ချောင်က ရုတ်တရက် စွမ်းအင်လောကအတွင်းတွင်ရှိသည့် ဗယ်သအထွတ်အမြတ် ခေါင်းလောင်းကို ရှာတွေ့သွားလေသည်။
စွမ်းအင်လောကအတွင်းသို့ ဝင်ရောက်ပြီးမှသာ ဝမ်ချောင်က ခေါင်းလောင်းကြီး၏ အစစ်အမှန် မျက်နှာကို မြင်လိုက်ရသည်။ ဒါဟာ ခေါင်းလောင်းမဟုတ်တော့ဘဲ ရွှေရောင်နှင့်အနီရောင် ရောယှက်ထားသည့် ချော်ရည်လို စွမ်းအင်များ ပြည့်နှက်နေသော အလုံးတစ်လုံးဖြစ်နေသည်။
အပေါ်ယံမျက်နှာပြင်တွင် ဗုဒ္ဓစွမ်းအင်များရှိနေသည်။ ဝမ်ချောင်သည်လည်း မရေမတွက်နိုင်သည့် အရွယ်အစား အမျိုးမျိုးရှိနေသော ဗုဒ္ဓရုပ်ပွားတော်များက ကျောပေးလျှက် ပူးကပ်နေကြပြီး ရွှေရောင်နှင့်အနီရောင် ရောယှက်နေကြသည့် ရှုပ်ထွေးသော စက်ကွင်းတစ်ခု ပုံသဏ္ဍန်မျိုး ဖော်ဆောင်ထားကြောင်း မြင်လိုက်ရသည်။ သူတို့၏အရှိန်အဝါများက မတူညီကြဘဲ ခြားနားမှုရှိသည်။ ဗုဒ္ဓတစ်သောင်းကျော်လုံးက ကြီးမားသည့် ဝင်္ကပါကြီးတစ်ခုအတွင်းသို့ ဝင်ရောက်ပြီး မျက်စိကြိမ်းမတက် တောက်ပကာ ခမ်းနားထည်ဝါပြီး ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော ခေါင်းလောင်းကြီးအဖြစ် ပြောင်းလဲထားခြင်းဖြစ်သည်။
ဒါကမှ ဒီခေါင်းလောင်းရဲ့ အစစ်အမှန် ပုံစံပဲ။
ဝမ်ချောင်ကလည်း ဝင်္ကပါကိုကြည့်ရင်း မှင်သက်သွားသည်။ ခေါင်းလောင်းက အကာအကွယ်လွှာသာ ဖြစ်သည်။ အထွတ်အမြတ် ခေါင်းလောင်း၏ အစစ်အမှန် စွမ်းအားက ဝင်္ကပါအတွင်းတွင်ဖြစ်သည်။
ဝုန်း
စွမ်းအင်အမုန်များက အာကာသပြင်အတွင်း လွင့်မျောနေရာမှ ဝမ်ချောင်၏ စိတ်စွမ်းအားစွမ်းအင်၏ ထိန်းချုပ်မှုအောက်တွင် မရေမတွက်နိုင်သော ဗုဒ္ဓရုပ်ပွားတော် သောင်းကျော်ထံ ဝင်ရောက်သွားလေသည်။
ဘုန်း
ထိုစွမ်းအင်အမျှင်များက ရွှေရောင်နှင့်အနီရောင် ရောယှက်ထားသည့် ဗုဒ္ဓဝင်္ကပါကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ကြီးမားသည့် အားလှိုင်းများက ထလာသည်။
စွမ်းအင်လောကအတွင်းတွင် ဝမ်ချောင်က ဗုဒ္ဓဝင်္ကပါ၏ တစ်လွှာချင်းစီတိုင်းက အသက်ဝင်လာကြောင်း မြင်လိုက်သည်။ သူတို့က စွမ်းအင်မျှင်အသီးသီးကို ထုတ်လွှတ်ပြီး ဝင်္ကပါ၏ အနှစ်သာရအတွင်းသို့ ပို့လွှတ်နေသည်။ ထို့ကြောင့် ထိုစွမ်းအင်များ ပျောက်ကွယ်သွားသည့် အချိန်တိုင်းလိုလို အလွန်အမင်း အန္တရာယ်များသည့် ရွှေနီရောင်စွမ်းအားများက အားအင်မြှင့်တင်ပေးခြင်းခံရသည်။
ထိုစွမ်းအင်မျှင်များ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ဝမ်ချောင်ကလည်း ကြီးမားလွန်းသော ရွှေရောင်စာသားကြီးတစ်လုံးကို မြင်လိုက်ရသည်။
အခန်း(၁၁၃၃)
ဥုံ
ထိုဥုံဆိုသော စကားလုံးပေါ်လာသည့် အခိုက်အတန့်တွင် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်များ အားလုံးက စတင်ကာ ရွတ်ဖတ်ကြသည်။
ဝမ်ချောင်၏ မျက်နှာက တဖြည်းဖြည်းချင်း တင်းမာလာသည်။
မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းနှင့် ပတ်သတ်ပြီး ဒဏ္ဍာရီပေါင်းများစွာရှိသည်။ တိဗက်တောင်ပေါ်ဒေသ၏ အထွတ်အမြတ် နေရာအဖြစ်လည်း သတ်မှတ်ထားကြ၏။ ထိုနေရာတွင် နှစ်ပေါင်းထောင်ကျော်ကာလက အမွေအနှစ်များက ပြည့်နှက်နေသည်ဟုဆိုကြပြီး ပိတ်လှောင်၍တစ်မျိုး၊ ပေါ်တင်တစ်ဖုံ သိမ်းဆည်းထားကြသည်။
မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ အဆင့်မြင့်အင်အားစုတွင် မရေမတွက်နိုင်သော လျို့ဝှက်ချက်ပေါင်းများစွာ ရှိနေသည်။ ဝမ်ချောင်ကပင် ပြိုင်ဘက်ကင်းသော သိုင်းများထဲတွင် မာန်ထရာဥမ္မာနီသဏ္ဍန်ဆိုသော အခြေခံအကြောင်းအရာကို နားလည်ထားသည်။ ထိုအရာက မာန်ထရာ၏ စကားခြောက်လုံးဖြစ်သည်။ သို့သော် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ လူများကလွဲပြီး ထိုစကားလုံးများ၏ လျို့ဝှက်ချက်ကို မသိသလို စွမ်းအားများကိုလည်း နားမလည်နိုင်ချေ။
ထိုစွမ်းအားများက ဗဟိုပြင်ကျယ်အတွက် ခြားနားနေသည်။ ကပ်ဘေးကာလခေတ်တွင်မူ အမျိုးမျိုးသော သိုင်းများကို ပေါင်းစပ်အသုံးပြုခဲ့သည့်တိုင်အောင် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက သူတို့၏ အဆင့်လွန်သိုင်းများနှင့်ပတ်သတ်ပြီး တိတ်ဆိတ်နေခဲ့သည်။
ဝမ်ချောင်က လောက၏ ခမ်းနားသော မဟာမာရှယ်ကြီး ဖြစ်လာခဲ့ပြီး လူသားများ၏ နောက်ဆုံးသော ခွန်အားကိုသယ်ဆောင်ကာ အခြားသော မျိုးနွယ်ခြား ကျူးကျော်သူများကို နှိမ်နှင်းခဲ့သည့် အခိုက်အတန့်တွင်ပင် ထိုဘုရားကျောင်းမှ ဘုန်းတော်ကြီးများနှင့် ဆက်သွယ်နိုင်ခဲ့ခြင်းမရှိချေ။
သို့သော် ထိုသို့ဖြစ်နေခဲ့သည့်တိုင်အောင် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ပြိုင်ဘက်မကင်းနိုင်ချေ။ ထိုသိုင်းများတွင် ပြစ်ချက်ရှိသည်။ ဒါဟာ လောကရှိ အရာတိုင်းအတွက် စည်းမျဉ်းဖြစ်သည်။ မဟာနှင်းတေင်တန်း တော်ဝင်ဂူဘုရားကျောင်းကပင် ချွင်းချက်မရှိချေ။
ဝမ်ချောင်သည် ဆရာဖြစ်သူ၏စကားကို ယုံသည်။ သူဟာ ထိုခေါင်းလောင်း၏ပြစ်ချက်ကို ရှာနိုင်သမျှ ထိုချီဝင်ပေါက်ကိုဖွင့်ပြီး ဆရာဖြစ်သူနှင့်ပူးပေါင်းကာ ခေါင်းလောင်းကိုဖယ်ရှားရင်း ဆရာဖြစ်သူကို ထုတ်ပေးနိုင်ပေလိမ့်မည်။
ဒီခေါင်းလောင်းရဲ့ ချီဝင်ပေါက်ကိုရှာဖို့ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းထက် သင့်တော်တာမရှိဘူး။ ဒီသိုင်းက သိုင်းပညာတွေရဲ့ပြစ်ချက်ကို ရှာတဲ့နေရာမှာ တအားတော်တယ်။ ဘယ်လိုနည်းနဲ့မဆို ငါရအောင် ရှာနိုင်ရမယ်။ ငါဒီသိုင်းကို ရအောင်ကျင့်ရမယ်။
ဝမ်ချောင်၏စိတ်က ဝရုန်းသုန်းကားဖြစ်သွားသည်။ သူဟာ သူ၏စိတ်အတွင်း ထိုသိုင်းနှင့်ပတ်သတ်သည့် စကားလုံးများကို ရေရွတ်ပြီး တခဏခန့်ကြာပြီးနောက် သူ၏ကြယ်တာရာစွမ်းအင်များက စတင်ကာ သဏ္ဍန်ပြောင်းလာသည်။ ထိုသို့ဖြင့် အမျှင်တစ်သောင်းကျော်အဖြစ် ပြောင်းလဲလိုက်လေပြီး ခန္ဓာကိုယ်၏ အကြောအမှတ်တိုင်းထံ ပျံ့နှံ့သွားကာ သေးငယ်သည့် လေဝဲလေးများအဖြစ် အသွင်ပြောင်းသွားလေသည်။
စွမ်းအင်တွေက တန်ထျန်းထဲဝင်တယ်။ ခန္ဓာကိုယ်ရဲ့ အမှတ်တွေက တန်ထျန်းတစ်သောင်းကျော်အဖြစ် ပြောင်းလဲသွားတဲ့အခါ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းက အခြေခံအကျဆုံး အပိုင်းကို ကျော်ဖြတ်နိုင်သွားတယ်။
အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်ကသူ၏ ကျယ်ပြောသော အတွေ့အကြုံနှင့် မဟာဗိုလ်ချုပ်ကြီးအဆင့် ကျင့်ကြံခြင်းစွမ်းအားကိုသုံးနေပြီး သူ၏ခန္ဓာကိုယ်မှ သွေးကြောနေရာတိုင်းကို စွမ်းအင်စုပ်ဝဲ တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
ထိုသို့ဖြင့် အမှတ်တစ်သောင်းကျော်လုံးမှ ပေါက်ကွဲသံများက တစ်ပြိုင်တည်းလိုလို ထွက်လာသည်။ သို့သော် ထိုစွမ်းအင်များအားလုံးက အပြင်းထန် အသိပ်သည်းဆုံး အခိုက်အတန့်အတွင်းတွင် ရှိနေသည့် ကြယ်တာရာစွမ်းအင်ပေါင်းများစွာက လှုပ်ရှားသွားသည်။ တခဏခန့်ကြာပြီးနောက် စွမ်းအားများ အားလုံးက အလုံးစုံခြောက်ကပ်သွားလေပြီး ဝမ်ချောင်၏အသေးစား တန်ထျန်းများကလည်း ပျောက်ကွယ်သွားသည်။
ဝမ်ချောင်က တောင့်ခဲသွားသည်။ ထို့နောက်သူက ချက်ချင်းဆိုသလိုပင် ကြယ်တာရာစွမ်းအင်များကို လှည့်ပတ်ကြည့်သည်။ ထို့နောက် တူညီသော နည်းလမ်းအတိုင်း လုပ်ဆောင်သည်။ သို့သော် ဒီတစ်ကြိမ်တွင် ပို၍သတိထားမိသေးသည်။
စွမ်းအင်လောကမှတစ်ဆင့် ဝမ်ချောင်က ကြယ်တာရာစွမ်းအင် တစ်မျှင်ချင်းစီတိုင်းကို အနုစိတ်ကျစွာ ထိန်းချုပ်ရင်း အမှတ်တစ်ခုစီထံပို့လျှက် လည်ပတ်နေစေသည်။ သူဟာ မဟာဗိုလ်ချုပ်ကြီး ဖြစ်နေသော်လည်း ကြယ်တာရာစွမ်းအင်ပေါ် ထိန်းချုပ်နိုင်စွမ်းအားက လူအများ မမျှော်လင့်နိုင်သည့် အခိုက်အတန့်သို့ ရောက်ရှိသွားသည့်တိုင်အောင် မဟာဗိုလ်ချုပ်တိုင်းက ယှဉ်ပြိုင်နေ၍မရချေ။
ယခုအခါ သူ့တွင် အတွေ့အကြုံအချို့ရှိသည်။ သူသည် သူ၏ကြယ်တာရာစွမ်းအင်များကို ထိုအမှတ်များအတွင်းသို့ ပို့လွှတ်လျှက် လည်ပတ်စေခြင်းအားဖြင့် ပို၍တည်ငြိမ်အောင် လုပ်လာနိုင်သည်။ ထို့ပြင် အချိန်အကြာကြီး တည်ရှိနေနိုင်သွားသည်။ သို့သော် တခဏခန့်ကြာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံက တဖန်ထွက်ပေါ်လာပြီး ကျရှုံးသွားပြန်သည်။
ဒီနေရာတွင် ဖျက်ဆီးခြင်းမရှိဘဲ ဖန်တီး၍မရချေ။ ဖျက်ဆီးပြီးမှသာ အောင်မြင်နိုင်သည်။
ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းက ကျင့်ကြံသူတစ်ယောက်ကို ကျင့်ကြံခြင်းအဆင့် ဖျက်ဆီးပြီးမှ ကျင့်ကြံစေသည်။ ထိုသို့လုပ်မှသာ သူတို့ကသိုင်းကို အမှတ်တကယ် ကျင့်ကြံနိုင်သည်။ သို့သော် ဝမ်ချောင်၏ တန်ထျန်းကမူ စွမ်းအားများအပြည့်ရှိနေပြီး အားအင်အပြည့်နှင့်ဖြစ်သည်။ ထို့ကြောင့်သူက ထိုသိုင်းကိုတစ်ခါတည်း မကျင့်ကြံနိုင်သလို ကြယ်တာရာစွမ်းအင်များကိုလည်း မထိန်းသိမ်းထားနိုင်ချေ။
“ချောင်အာ မင်းရဲ့ပါရမီက ဖော်ပြဖို့တောင်ခက်တယ်။ လူတိုင်းကိုလည်း ပါးစပ်အဟောင်းသား ဖြစ်စေနိုင်တဲ့ အနေအထားမျိုးပါ။ ငါမင်းကိုတစ်ကြိမ်ပဲ ရှင်းပြနိုင်တယ်။ မင်းက ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို ဒီအဆင့်ထိ တက်မြောက်သွားပြီ။ ဒီလိုနဲ့ မင်းရဲ့ဆရာရဲ့ ဆုံးဖြတ်ချက်က မှန်တယ်ဆိုတာကို သက်သေပြလိုက်တာပဲ။ ဒါပေမဲ့ မင်းနားမလည်သေးဘူး။ မူလစွမ်းအင်တွေရဲ့ နောက်ကွယ်က အခြေခံအချက်ကို မင်းသေချာမသိသေးဘူး။ မင်းရဲ့ဆရာက မင်းကိုမေးမယ်။ သမုဒ္ဒရာကြီးက မြစ်တိုင်းကို ထိန်းသိမ်းထားနိုင်သလို နှလုံးသားက အရာအားလုံးကို ထွေးပွေ့နိုင်တာက ဘာကြောင့်လဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏အသံက ဝမ်ချောင်၏စိတ်အတွင်း တဖန်ပြန်လည်ထွက်ပေါ်လာပြန်သည်။ သူ၏ စိတ်စွမ်းအားစွမ်းအင်များက ဝမ်ချောင်နှင့် ဆက်သွယ်ထားသည်။ ထို့ကြောင့် ဝမ်ချောင်၏ တိုးတက်မှုတိုင်းကို သူကသိနေသည်။
“ဒါက”
ဝမ်ချောင်က တောင့်ခဲသွားသည်။ သူသည်လည်း ဆရာဖြစ်သူက ဒီလိုမေးခွန်းမျိုးကို ဒီလိုအခြေအနေမျိုးတွင် မေးလာမည်ဟု မထင်ထားမိချေ။ သို့သော် ဝမ်ချောင်ကလည်း ဒါဟာ နက်နဲသော အဓိပ္ပာယ်ပါကြောင်း နားလည်လိုက်သည်။
“သမုဒ္ဒရာက မြစ်တွေထက်ပိုပြီး တောင့်ခံနိုင်စွမ်းရည်ရှိလို့ ရေကန်တွေ စမ်းချောင်းတွေထက်ပိုပြီး တောင့်ခံနိုင်စွမ်းရည်ရှိလို့ ကျယ်ပြောနေလို့လား”
ဝမ်ချောင်ကမေးသည်။
“ဟား ဟား မင်းရဲ့အဖြေက မှန်တယ်လို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ မင်းဆရာက ထပ်မေးပါဦးမယ်။ ဒီတောင့်ခံနိုင်တယ် ကျယ်ပြောတယ်ဆိုတာတွေကို လိုအပ်ရင် ဘာလို့ မြစ်ရေကြီးတာမျိုးတွေလို အခြေအနေတွေက ရှိလာမှာလဲ”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပြောသည်။
“ဒါက”
ဝမ်ချောင်က စကားလုံးများ ပျောက်ဆုံးသွားပြန်သည်။
“ဆိုတော့ အာကာသပြင်ထဲမှာ ရှိနေလို့လား”
“ဟား ဟား မင်းကတကယ် ဉာဏ်ကောင်းတာပဲ။ ဒီလိုသေးငယ်တဲ့ သဲလွန်စကိုတောင် မှတ်မိတယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က သဘောကျသလို လေသံမျိုးနှင့်ပြောသည်။
“မှန်တယ် သမုဒ္ဒရာက မြစ်တိုင်းကို တောင့်ခံနိုင်တယ်။ နှလုံးသားက အရာအားလုံးကို နွေးထွေးစွာ ပွေ့ဖက်ပေးနိုင်တယ်။ ဒါတွေအားလုံးက သူကကြီးမားနေလို့မဟုတ်ဘဲ နေရာရှိနေလို့။ နေရာရှိနေမှ အရာအားလုံးကို ထည့်ထားလို့ရမှာ။ သမုဒ္ဒရာကြီးက မြစ်တွေအားလုံးကိုလည်း တောင့်ခံနိုင်တယ်။ ချောင်အာ မင်းရဲ့တန်ထျန်းက ဖောက်ခွဲခြင်းစွမ်းအား အပြည့်ရှိနေပြီးသား။ ဒါကြောင့်ပဲ မင်းရဲ့သွေးကြောတွေက ကြယ်တာရာစွမ်းအင်တွေကို မတောင့်ခံထားနိုင်တာ။ မင်းရဲ့တန်ထျန်းက ရှင်းလင်းမှုမရှိဘူး။ ဒီတော့မင်းက ဒီသိုင်းကို ဘယ်ကျင့်ကြံနိုင်ပါ့မလဲ။ ဒါကြောင့်ပဲ မင်းက မအောင်မြင်နိုင်တာ”
“ဆိုတော့ ငါ့ရဲ့တန်ထျန်းကပြည့်နေလို့... ငါက တန်ထျန်းကို ရှင်းလင်းသွားအောင် လုပ်သင့်တယ်။ နေရာနဲ့ပတ်သတ်ရင် သိသာထင်ရှားဆုံးက လောကကြီးပဲ။ ဆရာ ငါ ငါ့ရဲ့အတွင်းပိုင်း တန်ထျန်းအပြင် အပိုတစ်ခု ထပ်လုပ်သင့်လား။ ဒီလိုနဲ့ တစ်လောကလုံးကို ရှင်းလင်းတဲ့ တန်ထျန်းတစ်ခုပေးပြီး စွမ်းအင်တွေ သိုလှောင်ခိုင်းလိုက်မယ်လေ”
ဝမ်ချောင်က ခပ်တိုးတိုးပြောလိုက်သည်။
ဝုန်း
ထိုစကားလုံးများကြောင့် ခေါင်းလောင်းကြီးက တုန်ခါသွားသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပင် ကြောင်သွားသည်။
သူ၏မူလ ရည်ရွယ်ချက်ကမူ ဝမ်ချောင်အား သူ၏ တန်ထျန်းမှ တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားခိုင်းခြင်းဖြစ်သည်။ သို့သော် တစ်ခုကိုဖျက်ဆီးပြီး တစ်ခုကိုကျင့်ကြံခိုင်းရန် မမျှော်လင့်ထားပေ။ ထို့အပြင် ဒါဟာ တူညီသောသက်ရောက်မှု ရရှိနိုင်သည်။ ဝမ်ချောင်ကလည်း ထိုသိုင်းကို ဒီအဆင့်သို့ရောက်အောင် ကျင့်ဖြစ်လိမ့်မည်မဟုတ်ချေ။ သို့သော် ခြောက်ဆယ်ရာခိုင်နှုန်းမှ ခုနှစ်ဆယ်ရာခိုင်နှုန်းအထိ ကျင့်ကြံနိုင်လျှင်ပင် အဆင်ပြေသည်။ ဒီနည်းအားဖြင့် ပြစ်ချက်ကိုမြင်နိုင်သည်။
သို့သော် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း ဝမ်ချောင်၏အတွေးက ထိုသို့ပြောင်းလဲနေမည်ဟု မထင်ထားမိချေ။ အဆုံးအစမဲ့သော လေဟာနယ်ပြင်ကို တန်ထျန်းအဖြစ်အသုံးပြုရန် တွေးတောခြင်းက ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးခြင်းထက် ပို၍သာလွန်သည်။
“ချောင်အာ မင်းရဲ့ဆရာက မင်းကမ်းလှမ်းတာကို လက်မခံချင်တာမဟုတ်ဘူး။ မင်းနဲ့မတူတာက မင်းရဲ့ဆရာရဲ့ တန်ထျန်းက ပျက်စီးနေပြီးသား။ ဒီတော့ မင်းရဲ့ဆရာက မင်းနားလည်ထားတဲ့ ကိစ္စက မှန်လား မှားလားဆိုတာကို ဆုံးဖြတ်နိုင်စွမ်းအား မရှိတော့ဘူး။ ဒါပေမဲ့ မင်းအောင်မြင်ရင် မင်းရဲ့ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းရဲ့ သိုင်းအပေါ် နားလည်သဘောပေါက်မှုက ဆရာကိုတောင် ကျော်လွန်သွားလိမ့်မယ်။ မင်းကသိုင်းကို ဖန်တီးတဲ့သူတောင် ဖြစ်သွားလောက်တယ်”
အရာအားလုံးတွင် အကန့်အသတ်ရှိသည်။ စိတ်ကူးယဉ်မှုကလည်း အကန့်အသတ်ကို ကျော်နိုင်၏။ ထိုသို့ဖြင့် ကန့်သတ်ထားခြင်း ခံနေရသော လောက၏ အပြင်ဘက်သို့ ဖောက်ထွက်နိုင်လေသည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပင် ဝမ်ချောင်ဟာ အောင်မြင်ခြင်းရှိမရှိ မသိနိုင်ချေ။ သို့သော် သီအိုရီအရ ပြောရသော် ဝမ်ချောင်၏အကြံက မမှားချေ။ သို့သော် ဝမ်ချောင်က အကြောင်းအရာများကို ဆက်တွေးနေရန် အချိန်မရှိတော့ချေ။ သူက ဆရာဖြစ်သူကို အမြန်ဆုံးလွှတ်နိုင်သမျှ အခြေအနေအားလုံးကို မလွှတ်နိုင်တော့ချေ။
ဝုန်း
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က အကြံကိုပြောင်းလိုက်သည်။ သူက ကြယ်တာရာစွမ်းအင်များကို ခန္ဓာကိုယ်၏ အမှတ်တိုင်းထံ ပို့လွှတ်လိုက်သည်။ သို့သော် ဒီတစ်ကြိမ်တွင် သူက ကြယ်တာရာစွမ်းအင်များကို ညွှန်ကြားနေကြ ဦးတည်ရာဘက်နှင့် ဆန့်ကျင်ဘက်သို့ ပို့လိုက်သည်။
တစ်ချိန်ထဲတွင်ပင် သူက လောကကို တန်ထျန်းအဖြစ် စိတ်ကူးယဉ်ကြည့်သည်။ သူ၏ခန္ဓာကိုယ်မှ အမှတ်များကိုလည်း လောက၏ အမှတ်များအဖြစ် ပြောင်းလဲစိတ်ကူးယဉ်ကြည့်သည်။
ဖြစ်နိုင်တာက ဒီလိုမဟုတ်ဘဲ...
ဝမ်ချောင်က ရုတ်တရက် ခေါင်းကိုမော့ပြီး နားလည်သွားလေသည်။ သူဟာ အကန့်အသတ်မဲ့အောင် ကျယ်ပြောသော စွမ်းအင်လောကကိုကြည့်သည်။ လူသား၏ခန္ဓာကိုယ်က လောကတစ်ခုဖြစ်သည်။ ထိုသို့ဆိုလျှင် ကောင်းကင်နှင့်မြေကြီးက နောက်ထပ်လောကတစ်ခု ဖြစ်နိုင်သည်။
သူက ဂရုစိုက်ကြည့်လိုက်မည်ဆိုလျှင် ကောင်းကင်နှင့်မြေပြင်အတွင်း ရှိနေသည့် ကြယ်တာရာစွမ်းအင်ပေါင်း များစွာက လူတိုင်း၏ခန္ဓာကိုယ်ကို ကျော်ဖြတ်လျှက် လှည့်လည်သွားလာနေကြောင်း မြင်နိုင်သည်။ ဒါဟာ အဆင့်မြင့်အဆင့် နဂါးလို စွမ်းအင်မုန်တိုင်းများက လူသား၏ခန္ဓာကိုယ်မှ သွေးကြောများအလား လှုပ်ရှားနေပုံနှင့်တူသည်။ ရှု့ထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် အရောင်ခွဲခြားနေခြင်း၊ ပုံသဏ္ဍန်ခွဲခြားနေခြင်းသာ ရှိလေသည်။ ထိုအရာများအားလုံးကလည်း လူသားခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများပေါ် မူတည်နေသည်။
ထိုအတွေးက ဝမ်ချောင်၏စိတ်ကို တည်ငြိမ်သွားစေသည်။ သူ့ကိုလည်း တိမ်စိုင်လုံးများ ပိတ်ဆို့တားဆီးထားသည့် ဖုံးကွယ်နေသည့် အရာများကို ရှင်းလင်းစွာ မြင်နိုင်သွားလေသည်။ ထိုသို့ဖြင့် တစ်လောကလုံးပေါ် နေရောင်က ဖြာကျလာသည်။
ခြိမ်း
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏စိတ်အတွင်းမှ ပြောင်းလဲမှုကို တုန့်ပြန်လိုက်သလိုမျိုး သူနှင့် ပေနှစ်ဆယ်အကွာရှိ လေထုက ရေနွေးတည်ထားသလို ပွက်ပွက်ဆူလာသည်။ ပို၍သိသာထင်ရှားသည်မှာ စွမ်းအင်များကစတင်ကာ ဖောင်းပွလာခြင်းဖြစ်သည်။ ထိုသို့ဖြင့် အမျိုးမျိုးသော အရောင်ရှိသည့် စွမ်းအင်များက လိမ်တွန့်လာလေပြီး ပုံသဏ္ဍန်ပေါ်ကာ ပြောင်းလဲလာလေသည်။
ထိုဖြစ်စဉ်အဆုံးသတ်တွင် ထိုသို့ပုံသဏ္ဍန်ပြောင်းလဲသွားသည့် အရာ၏ အဆုံးသတ်က ဝမ်ချောင်၏ကိုယ်ပေါ်ရှိ မွှေးညှင်းပေါက်တစ်ခုနှင့် ဆက်သွယ်ထားသည်။ ထိုသို့ဖြင့် ဝေဝါးသော်လည်း လျို့ဝှက်ဆန်းကြယ်သည့် မြင်ကွင်းတစ်ခုကို ပေါ်လာစေလေသည်။
တခဏခန့်ကြာပြီးနောက် ပုံရိပ်ယောင်အားလုံးက ပျောက်ကွယ်သွားသည်။ ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းတွင် ပေါက်ကွဲသံကလည်း ထွက်ပေါ်လာလေသည်။
ဝမ်ချောင်သည် မဟာဗိုလ်ချုပ်ကြီးအဆင့်ကို တက်ရောက်ပြီးနောက် အလွန်အမင်း မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်လိုက်ပြီဖြစ်သည်။ သို့သော် ယခုမူ သူ၏မွှေးညှင်းပေါက် တစ်ခုချင်းစီတိုင်းက တန်ထျန်းအဖြစ် ပြောင်းလဲသွားသည်။ တစ်ခုချင်းစီတိုင်းအတွင်းတွင် ကြယ်တာရာစွမ်းအင်များက အပြည့်ရှိနေသည်။ သူ၏ခန္ဓာကိုယ်က တဖန်ထပ်ပြီး မြောက်များလာသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ထိုအချိန်တွင် တိုက်ပွဲနယ်မြေတွင် အချိန်နှင့်စွမ်းအင်ကို စောင့်ကြည့်လေ့လာနိုင်သောလူက သာ့လွန်ရော့ကျန်းသာ ရှိလောက်သည်။
သူသည် ပြည်တွင်းရေးရာ အမတ်ကြီးဖြစ်သည်။ သူဟာသိုင်းဗိုလ်ချုပ်ကြီးတစ်ယောက် မဟုတ်ချေ။ သူဟာ ဗျူဟာပညာရှင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲနယ်မြေတစ်ခုလုံးကို အမြဲတစေ စောင့်ကြည့်နေပြီး နားလည်နိုင်ရန် ကြိုးစားထားရသည်။
သာ့လွန်ရော့ကျန်းသည်လည်း ဝမ်ချောင်လုပ်နေသော ကိစ္စများကိုမသိချေ။ သို့သော် ဝမ်ချောင်၏အရှိန်အဝါ အပြောင်းအလဲကတင် ယွီစန်း၏ ကြောက်စရာကောင်းသော ရန်သူဟာ ပို၍အင်အားကြီးပြီး လေးစားဖွယ်ကောင်းသွားကြောင်း ခံစားလိုက်ရသည်။
သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်ဟာ ယခုဆိုလျှင် ကောင်းရှန်းကျစ်နှင့် အပုမူစလင်တို့ကိုပင် ယှဉ်နိုင်နေကြောင်း သိလိုက်သည်။ ထိုထက်ပင် သာလွန်နေလောက်သေးသည်။
ချွီထေပါးသည် ယခင်က ထိုကဲ့သို့သော ပြိုင်ဘက်မျိုးကို မကြုံဖူးချေ။ ဝမ်ချောင်သည် အားပါးနှင့် ကျစ်ရတို့ကို တိုက်ခိုက်ခဲ့သည်။ ထို့နောက် ချွီထေပါး၏ တိုက်ကွက်နှစ်ကွက်ကိုလည်း လက်ခံရရှိခဲ့သေးသည်။ သူဟာ အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာကို သတ်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ ဝမ်ချောင်က အားမနည်းသွားရုံသာ မကသေးလေဘဲ သူ၏ခွန်အားက ပို၍မြင့်တက်လာသည်။ သူသည် ယခင်ထက် အဆပေါင်းများစွာ ခြိမ်းခြောက်နိုင်စွမ်းအား မြင့်မားလာလေရာ သာ့လွန်ရော့ကျန်းက အလွန်အမင်း မသက်မသာဖြစ်လာသည်။
“ချွီထေပါး၊ အပုမူစလင် မင်းတို့အပေါ်ပဲ မူတည်တော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ အမြန်ဆုံး သူတို့ကိုဖယ်ရှားပြီး မဟာထန်ရဲ့ သွေးဝင်္ကပါကို ဖျက်ဆီးရမယ်”
သာ့လွန်ရော့ကျန်းက စိုးရိမ်တကြီးတွေးတောသည်။ သူ၏အကြည့်က အဝေးရှိ နတ်ဘုရားလို တောက်ပနေသည့် ပုံရိပ်တစ်ခုထံရောက်သွားသည်။
အကြံအစည်တိုင်းက အောင်မြင်နေလေပြီး နောက်ဆုံးအရေးကြီးဆုံးအဆင့်က မဟာထန်ကို အနိုင်ရယူရန်ဖြစ်သည်။
ထိုအခါမှသာ စတေးခဲ့ရသူများ၏ စတေးမှုက အလဟသ မဖြစ်မည်ဖြစ်သည်။ ထိုအခါမှသာ တုစုန့်မာန်ဖော်ကျဲ့၏ စတေးမှုက အဓိပ္ပာယ်ရှိပေလိမ့်မည်။
အခန်း(၁၁၃၄)
လက်ရှိဝမ်ချောင်က မည်သည့်အရာကိုမှ အာရုံမစိုက်နိုင်တော့ချေ။ သူ၏စိတ်က စွမ်းအင်လောကနှင့် ဗယ်သအထွတ်အမြတ် ခေါင်းလောင်းထံတွင်သာ ဖြစ်နေသည်။
“ဘယ်လောက်အောင် ထူးဆန်းတဲ့ ခံစားချက်လဲ။ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းက ဒါကိုး”
ဝမ်ချောင်က ရေရွတ်လိုက်သည်။ ယခုအခါ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် မွှေးညှင်းပေါက် တန်ထျန်းများ၏ အခြေခံအကျဆုံး အဆင့်က ပြီးမြောက်အောင်မြင်ကာ ဖြစ်တည်လာပြီဖြစ်ပြီး သူ၏သွေးကြောနှင့် သွေးပြန်ကြောများ အားလုံးကလည်း ပြောင်းလဲသွားသည်။ ထိုသို့ဖြင့် ဝမ်ချောင်က လောကကို ကြိုးကိုင်နိုင်သွားပြန်သည်။ ယခင်က စွမ်းအင်လောကကို စောင့်ကြည့်လေ့လာခဲ့သည့် အခိုက်အတန့်တွင် ဝမ်ချောင်ဟာ ထိုစွမ်းအင်များ၏ အရွယ်အစားကိုသာ အာရုံခံနိုင်ခဲ့သည်။ သူတို့၏ တောက်ပသော အရောင်ကိုသာ မြင်နိုင်ခဲ့သည်။ ထို့ကြောင့်သူဟာ 2-D ကုန်းမြေကြီးတစ်ခု ရှု့ထောင့်ပုံစံမျိုးဖြင့် ကြည့်ခဲ့ရသည်။
သို့သော် ယခုမူ သူဟာ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်း၏ အခြေခံအကျဆုံး ပုံသဏ္ဍန်မျိုးကို နားလည်သဘောပေါက်သွားသောကြောင့် သူ၏အပိုတန်ထျန်းလောကရှိ အရာအားလုံးက ပြောင်းလဲသွားသည်။
ဝမ်ချောင်သည် စွမ်းအင်၏ ခွန်အားကိုသာ အာရုံခံမိခြင်းမဟုတ်တော့ချေ။ သူတို့၏ လှုပ်ရှားပုံ၊ လွင့်မျောပုံ၊ တုန်ခါပုံတိုင်းကို သိလာသည်။ ထို့ကြောင့် 2D လောကမှ 3D လောကသို့ ပြောင်းလဲသွားသလို ဖြစ်သွားသည်။
ဝမ်ချောင်သည်လည်း အမျိုးမျိုးသော စွမ်းအင်များ၏ အသေးစိတ် အချက်များထိ အာရုံခံနိုင်သည်ထိ သူ၏စွမ်းအားက အဆင့်တစ်ခုသို့ မြောက်တက်သွားသည်။
ဝမ်ချောင်သည် ဗယ်သအထွတ်အမြတ် ခေါင်းလောင်းကို ပြစ်မှတ်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ရုတ်တရက် ခေါင်းလောင်း၏အပေါ်တွင်ရှိသော တစ်သောင်းကျော်သော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်များက ပေါင်းစပ်ဖြစ်ပေါ်နေသော ကြီးမားသည့် ဝင်္ကပါကြီးနှင့် ရှုပ်ထွေးသော စာသားများအားလုံးက ခြားနားသော ပုံသဏ္ဍန် အသွင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဝမ်ချောင်သည် ထိုရွှေရောင်ဗုဒ္ဓလေးများ အားလုံးက ရွေ့လျားနေပြီး လောက၏ စွမ်းအင်များနှင့်အတူ အနည်းငယ် တုန်ခါနေကြောင်း သိလိုက်သည်။ သို့သော် သူ၏ ဒီစွမ်းအင်လောကအပေါ် နားလည်သဘောပေါက်မှုက ယခင်ကလောက် ခပ်တိမ်တိမ် အနေအထားမျိုး မဟုတ်တော့ချေ။ ရှင်းလင်းပီသလာပြီဖြစ်သည်။
“ရှာတွေ့ပြီ”
ဝမ်ချောင်က ရုတ်တရက် မျက်လုံးကိုဖွင့်လိုက်သည်။ ထိုအခါ ခေါင်းလောင်းပေါ်တွင်ရှိသော စွမ်းအားများကို သေးငယ်သည့် စုပ်ဝဲလေးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ဒါဟာ အလွန်အမင်း ဖျော့တော့သော စုပ်ဝဲတစ်ခုဖြစ်သော်လည်း ဗုဒ္ဓဝင်္ကပါ၏ ရွှေရောင်အလင်းတန်းအောက်တွင် ပုန်းကွယ်နေသည်။ ထို့ကြောင့်ဒါဟာ အလွန်ခက်ခဲလေသည်။ ပို၍ဆိုးသည်မှာ တုန်ခါနေသော ရွှေရောင်ဗုဒ္ဓများကလည်း အတွင်းမှစွမ်းအားများကို ဆွဲထုတ်နိုင်နေပုံပေါ်သည်။
ဗယ်သအထွတ်အမြတ် ခေါင်းလောင်းက ရှင်းလင်းစွာဖြင့် စွမ်းအားအများကြီး ပိုင်ဆိုင်ထားသည်။ သူ၏ ကျင့်ကြံခြင်းအဆင့် အစောပိုင်းတွင် ဝမ်ချောင်ဟာ ထိုစုပ်ဝဲကို သတိထားမိလိမ့်မည်ပင် မဟုတ်ချေ။
မည်သည့်ကိရိယာကမဆို ကြယ်တာရာစွမ်းအင်များကို ထည့်သွင်းနိုင်ရန် နေရာချန်ထားပေးလေ့ရှိသည်။ သို့သော် ဒီခေါင်းလောင်းကလည်း ချွင်းချက်မရှိခဲ့ချေ။ ရိုးရှင်းစွာဖြင့်ပင် အသုံးပြုသူက သူတို့ထည့်သွင်းလိုက်သည့် စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် နည်းလမ်းကို သိထားရမည်ဖြစ်သည်။ ဒါဟာ ဒီလက်နက်ကြီးအတွက် နောက်တံခါးဖြစ်သည်။
ထပ်ပေါင်းဆိုရသော် ထိုကဲ့သို့ ရှေးဟောင်းလက်နက် တစ်ခုချင်းစီတိုင်းတွင် ဖန်တီးသူကရှိသည်။ ထိုဖန်တီးသူက မည်မျှစွမ်းအားကြီးမားနေစေကာမူ ဒီလက်နက်စတင်ဖြစ်ပေါ်လာသည့် စမှတ်ဆိုသော အချက်ကရှိနေသည်။ ထိုစမှတ်ကို ဖုံးကွယ်ထားရန် ကြိုးစားခြင်း၊ အားနည်းသွားအောင် လုပ်ခြင်းတို့ဖြင့် မသိသာမထင်ရှားအောင် ကွယ်ဝှက်ထားလေ့ရှိကြသည်။ ထိုအရာက ဝမ်ချောင်ရှာနေသော ချီဝင်ပေါက်ဖြစ်သည်။
“ဝမ်းသာစရာပဲ”
ပျော်ရွှင်သွားသော ဝမ်ချောင်က မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် စတင်ကာ ဆက်သွယ်သည်။
“ဆရာ ငါတို့အတူပေါင်းပြီး အတွင်းနဲ့အပြင်ညှပ်လို့ ဖွင့်ကြမယ်”
“သုံး”
“နှစ်”
“တစ်”
ဘန်း
တစ်ဆိုသောခေါ်သံ ထွက်လာပြီးနောက် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က တစ်ပြိုင်တည်း လက်ဝါးကိုမြှောက်ကာ ခေါင်းလောင်းကိုမြှောက်လိုက်ကြသည်။
ဘုန်း
ထိုဘုန်းဆိုသောအသံက အကျယ်ဆုံးဖြစ်သည်။ ဗယ်သအထွတ်အမြတ် ခေါင်းလောင်းကြီး တစ်ခုလုံးက ခပ်ကြမ်းကြမ်းတုန်ခါသွားပြီး အပေါ်သို့ကျရောက်လာသည့် စွမ်းအင်တိုင်းကို ခပ်ကြမ်းကြမ်း စုပ်ယူသွားကာ တုန်ခါသံ၊ ညဉ်းညူသံလို အသံမျိုးနှင့် မြေပြင်ကိုဖိချသည်။
ဝမ်ချောင်၏ ခြေထောက်အောက်တွင် နောက်ထပ် ကျောက်သားလွှာ တစ်လွှာက စွမ်းအင်များအောက် ပြားပြားဝပ်ကာ လွင့်ထွက်သွားသည်။
ထိုအခိုက်အတန့်တွင် ရွှေရောင်ခေါင်းလောင်းကြီးက တောင်တန်းလို လေးလံသွားသည်။ အောက်ဘက်ရှိ မြေထုက တုန်ခါလာသည်။ သို့သော် သူက မလှုပ်သေးချေ။ ရွှေရောင်အထွတ်အမြတ် ခေါင်းလောင်း၏ အတွင်းအပြင် ချီဝင်ပေါက်များကို ရှာတွေ့ထားသည့်တိုင်အောင် ခေါင်းလောင်းကို အမှန်တကယ် အသက်မသွင်းနိုင်သေးချေ။ ထို့ကြောင့် တုန်ခါအောင်သာ လုပ်လိုက်နိုင်သည်။
“ငါ့ရဲ့လမ်းကဖယ်”
ခေါင်းလောင်းက စတင်ပြီး ပြန်လည်တည်ငြိမ်သွားတော့မည့် အချိန်တွင် ဝမ်ချောင်က ဆရာဖြစ်သူ မထွက်လာနိုင်သေးကြောင်း မြင်လိုက်ရသဖြင့် သူ၏မျက်နှာက နီရဲသွားသည်။ သူ၏ခန္ဓာကိုယ်တွင် စွမ်းအားများနှင့် ပေါက်ကွဲသွားသည်။ ထိုစွမ်းအင်များအားလုံးက ထိုခေါင်းလောင်း၏ အပြင်ဘက် ချီဝင်ပေါက်ထဲသို့ ဆူနာမီမုန်တိုင်းတစ်ခုလို ဝင်ရောက်သွားလေသည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်က သူ၏ အဆင့်မြင့် စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်သုံးလိုက်သည်။
ဘုန်း
ထိုအခါတွင် တစ်လောကလုံးက တုန်ခါသွားပြီး ကောင်းကင်ကိုပင် လှုပ်ခါစေသည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ဝမ်ချောင်က တိတ်ဆိတ်နေပြီး လှုပ်ရှားမှုမဲ့နေသည်။ သူ၏သွေးနီရောင် မျက်ဝန်းများက ခေါင်းလောင်းကိုသာ စိုက်ကြည့်နေသည်။
တစ်စက္ကန့်က ခေတ်ပေါင်းများစွာအလား ကြာညောင်းသွားပြီးနောက် ခလွက်ဆိုသော အသံနှင့်အတူ အာကာသ အလင်းတန်းတစ်ခုက ပေါ်ထွက်လာသည်။ ထိုအလင်းတန်းက ခေါင်းလောင်း၏ အောက်တည့်တည့်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
“ဆ ဆရာ မြန်မြန်ထွက်လာပါတော့”
ဝမ်ချောင်က သူ၏စွမ်းအားတိုင်းကိုသုံးပြီး ခေါင်းလောင်းကို ဖိနှိပ်ထားသည်။ သူ၏ခန္ဓာကိုယ်ရှိ သွေးကြောများက ဖောင်းကားတက်လာသည်။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ အဆင့်မြင့် ဘုန်းတော်ကြီးလက်ထပ်က အဆင့်ဆင့် လက်ဆင့်ကမ်းပေးခဲ့သော စွမ်းအင်ပေါင်းများစွာက နှစ်ထောင်ကျော်ကြာအောင် တည်ရှိနေခဲ့လေရာ ဝမ်ချောင်အနေဖြင့် တွန်းလှန်ရန်ခက်ခဲသည်။ ပို၍ဆိုးသည်မှာ ထိုပစ္စည်းဟာ အတွင်းတွင်တည်ရှိနေသည့် ပြင်းထန်လွန်းသည့် စွမ်းအားများကို ထုတ်သုံးနိုင်နေသေးသည်။ ထို့ကြောင့် ထိုငွေရောင် အက်ကွဲကြောင်းကြီးက အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။
ဝမ်ချောင်က စိတ်မရှည်သလို ကြည့်လိုက်လေပြီး ထိုအခိုက်အတန့်တွင် အတွင်းဘက်မှ ကြီးမားသည့် အင်အားစုတစ်ရပ်က ပေါ်ထွက်လာပြီး ထိုငွေရောင် အစင်းကြောင်လေးကို ကျယ်သွားစေသည်။
ဝှစ်
ထို့နောက် အတွင်းဘက်မှ ပုံရိပ်တစ်ခုက ပေါ်ထွက်လာသည်။ သူ၏အနောက်ဘက်တွင် ခြောက်ပေခန့်မြင့်သော ခေါင်းလောင်းကြီးက ကျယ်လောင်သော ဘုန်းကနဲအသံနှင့်အတူ ပြန်လည်ပြုတ်ကျသွားသည်။
ထိုသို့ဖြင့် အောက်ဘက်မှ ဖုန်များက မြောက်တက်လာပြီး မြေပြင်အထက် ပေတစ်ဆယ်ကျော်ခန့်အထိ မြောက်တက်သွားသည်။
“ဆရာ”
ဝမ်ချောင်က ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကိုမြင်လိုက်သောကြောင့် ပျော်ရွှင်သွားသည်။ သူက ဆရာဖြစ်သူကို အပြေးအလွှား သွားဖက်သည်။
“ချောင်အာ အခြေအနေက အရေးကြီးနေတယ်။ မင်းရဲ့ဆရာက စွမ်းအင်အများကြီး ကုန်သွားပြီ။ ဒါကြောင့် ချွီထေပါးကို ရင်မဆိုင်နိုင်တော့ဘူး။ မင်းလည်း မူလစွမ်းအင်ကို နားလည်နေပြီပဲ။ မင်းက မဟာဗိုလ်ချုပ်ကြီးအဆင့်ကို တက်ရောက်သွားနိုင်ပြီဆိုတော့ ဆရာဖြစ်သူရဲ့ ဒဏ္ဍာရီဝိညာဉ်ပင်လယ် သိုင်းကိုလည်း ကျွမ်းကျင်နေပြီ။ မင်းရဲ့ဆရာက မင်းကို သင်သင့်သမျှ၊ သိသင့်သမျှ အရာအားလုံး သင်ပေးပြီးပြီ။ အခု အရာအားလုံးက မင်းအပေါ်ပဲ မူတည်တော့တယ်”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က အလွန်အမင်း ဆိုးရွားသော အခြေအနေမျိုးတွင်ဖြစ်သည်။ သူ၏အရှိန်အဝါက မတည်မငြိမ်ဖြစ်နေသည်။ သူ၏အဝတ်များကလည်း သွေးများစိုရွှဲနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးက အလွန်အမင်း နွမ်းလျနေသည်။
သူသည် ချွီထေပါးနှင့်တိုက်ခိုက်ရင်း အလွန်အမင်း နွမ်းနယ်နေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် တုစုန့်မာန်ဖော်ကျဲ့က သူ့ကို သတိလက်လွတ် အငိုက်ဖမ်းပြီး အောင်မြင်စွာ ပိတ်လှောင်လိုက်သေးသည်။ ထိုခေါင်းလောင်း၏ စည်းတံဆိပ်က အဆင့်မြင့်ဘုန်းတော်ကြီး၏ မျိုးဆက် အဆက်ဆက်က မွန်းမံခဲ့ကြလေရာ စွမ်းအင်အများကြီး ကုန်ဆုံးစေခဲ့သေးပြန်သည်။
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က အထွတ်အထိပ်ကာလတွင်သာဆိုလျှင် သူ၏ တန်ထျန်း၏ သက်ရောက်မှုကြောင့် မည်သည့်အရာကိုမှ ကြားနာရန်မလိုအပ်ချေ။ သူ၏တန်ထျန်းက ကွဲနေသည်။ သူက ကြာရှည်တိုက်ပွဲများကို မဆင်နွဲနိုင်တော့ချေ။ ထို့ပြင် ယခုတစ်ခေါက် ခေါင်းလောင်းကို ခုခံလိုက်ရသည့် အခြေအနေကို ထပ်ပေါင်းထည့်လိုက်သော် သူက မည်သည့်နည်းနှင့်မျှ အထွတ်အထိပ် ပညာရှင်တစ်ယောက်နှင့် မတိုက်ခိုက်နိုင်တော့ချေ။
ရှင်သန်လွတ်မြောက်ရန်အလို့ငှာ ပြင်းထန်သည့် ခွန်အားမျိုးကိုလိုအပ်သည်။ ထိုခေါင်းလောင်းကြီး၏ အတွင်းပိုင်း ချီဝင်ပေါက်က မှင်သက်ဖွယ်ကောင်းသည်။ ထို့ကြောင့် ယခုလို အခြေအနေမျိုးကို တွေးတောလက်ခံ၍ရသည်။ သို့သော် နှမြောစရာကောင်းသည်မှာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်က ချွီထေပါးနှင့် တန်းတူမတိုက်ခိုက်နိုင်တော့ခြင်းဖြစ်သည်။
“အား”
မိစ္ဆာဧကရာဇ် လူအိုကြီးမန်က စကားပြောပြီးရုံသာ ရှိသေးသည်။ လေထဲတွင် အော်သံက ထွက်လာသည်။ ထို့နောက် စွမ်းအင်အားလှိုင်းပေါင်း များစွာက တာလာ့၏ တိုက်ပွဲနယ်မြေကို ကျော်ဖြတ်သွားသည်မှာ ကမ္ဘာကပ်ဘေးခေတ် ရောက်သွားသည်အလား ထင်ရသည်။
“မဟာထန်ဘက်ကပဲ”
ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က ခေါင်းကိုမော့ကာ အံ့အားတကြီး ကြည့်လိုက်ကြသည်။
ပထမခုခံရေးအားလှိုင်း၏ အရှေ့တွင် ပုံရိပ်တစ်ခုက လေထဲသို့ မြောက်တက်သွားသည်။ သူ၏ကိုယ်မှ သွေးများပန်းထွက်လာသည်။
“ကျောင်းဖုန်းချန်း”
ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားသည်။ ထိုလူကို သူက တန်းသိလိုက်သည်။ ဝမ်ချောင်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်ပြီး သူကနောက်ထပ် ပုံရိပ်တစ်ခုကို တွေ့သွားသည်။
“ကျစ်ရပဲ”
ထိုလူဟာ အခြားစစ်သားများ၏ အနောက်တွင် ပုန်းနေသည်။ သူဟာ ကျောင်းဖုန်းချန်း၏ အောက်တည့်တည့်တွင် ဖြစ်နေသည်။ သမုဒ္ဒရာစက်ကွင်းက သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။
ကျစ်ရသည် အာရေးဗီးယားအင်ပါယာရှိ မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လေရာ သူဟာ သာမာန်စစ်သားများ အတွင်းသို့ ဝင်ရောက်ပြီး ကျောင်းဖုန်းချန်းကို တိုက်ခိုက်လိမ့်မည်ဟု မထင်ထားလောက်ချေ။ ထို့ကြောင့် တစ်ချက်တည်းဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေသည်။ ကျောင်းဖုန်းချန်းက ကျစ်ရထက် အားနည်းပြီးသားဖြစ်သည်။ ထို့ကြောင့် ယခုလို ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ကျစ်ရကို မယှဉ်နိုင်တော့ချေ။
“သူတို့ကိုသတ်”
ကျစ်ရ၏ အေးစက်သော အသံထဲတွင် သတ်ဖြတ်လိုစိတ်များက ပြင်းထန်နေသည်။ သူက အနည်းငယ်ပင် တုန့်ဆိုင်းခြင်းမရှိဘဲ ချန်းချန့်လီကို မြှားခေါ်သွားသည်။ ချွီထေပါး၊ အပုမူစလင်၊ ဟော်ရှု့ဟွေ့ခမ်း၊ အားပါးနှင့် ကျစ်ရတို့အားလုံးက ပူးပေါင်းပြီး မဟာထန်ကို ဆက်တိုက်ဖိနှိပ်နေသည်။ ဒါဟာ အစပိုင်းမျှသာ ရှိသေးသည်။ သို့သော် ကျောင်းဖုန်းချန်းကို ချောင်းမြောင်းတိုက်ခိုက်လိုက်ရုံနှင့် ဖဲချပ်များကို အတန်းလိုက် ကျသွားစေသည်။
ဝုန်း
အလင်းတစ်ချက်လက်ပြီးနောက် ကြီးမားသည့် ရွှေရောင်ဓားချီတစ်စင်းက တောင်တန်းကြီးလို ထည်ဝါသည့် အရှိန်အဝါအပြည့်နှင့် အောက်ဘက်သို့ ဆင်းသက်လာသည်။ သူဦးတည်နေသော နေရာက ဆံပင်ဖြူများနှင့် ဝူရှန်းရွာသူကြီးဖြစ်သည်။ ဝူရှန်းရွာသူကြီးက ကျောင်းဖုန်းချန်း၏ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော အခြေအနေကြောင့် စိတ်လွင့်သွားသည်။
ထိုရိုက်ချက်က ကွက်တိကျသည်။ ဝူရှန်းရွာသူကြီးကဲ့သို့သော အင်အားမျိုးရှိသော လူကပင် မရှောင်နိုင်ချေ။
စူးရှသော အော်သံနှင့်အတူ ဝူရှန်းရွာသူကြီးက ချွီထေပါး၏ဓားဖြင့် အခုတ်ခံလိုက်ရသည်။ သူ၏အိုမင်းနေသော ခန္ဓာကိုယ်ကြီးက တုန်ယင်သွားပြီး သွေးများအန်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က တစ်ချက်တည်းနှင့် လွင့်ထွက်သွားပြီး မြင့်မားသော မြို့ရိုးတစ်ခုနှင့် ဝင်ဆောင့်တိုက်ကာ သွေးများစိုရွှဲသွားစေသည်။
ဘုန်း
ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က မိုးကြိုးအပစ်ခံလိုက်ရသလို တုန်ယင်သွားသည်။ အဝေးရှိ ထန်စစ်သားများကလည်း အလန့်တကြား အော်ကြသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်၏ မျက်နှာကပင် ဖြူဖျော့သွားသည်။
ကျစ်ရ၏ အောင်မြင်စွာ ချောင်းမြောင်းတိုက်ခိုက်မှုက တိုက်ပွဲ၏ ဟန်ချက်ကို ဖျက်လိုက်သည်။ ချွီထေပါးနှင့် သူ၏ပြင်းထန်သော ခွန်အားများက ဝူရှန်းရွာသူကြီးကို အထိနာအောင် လုပ်လိုက်နိုင်သည်။ ဝူရှန်းရွာသူကြီးက နဂိုကတည်းက ရောဂါဒဏ်ကို ခံစားနေရပြီးသားဖြစ်သည်။ သူဟာ အသက်အလွန် ကြီးနေလေပြီ။ သူက ချွီထေပါးထံမှ ရိုက်ချက်နှစ်ချက်ကို ခံရပြီးနောက် ယခင်ကထက်ပို၍ ဒဏ်ရာကြီးသွားသည်။
ဝူရှန်းရွာသူကြီး၏ အထောက်အပံ့ မရှိတော့သောအခါ မဟာထန်၏ ခုခံရေးအားလှိုင်းက ပြင်းထန်စွာ ထိုးဖောက်ခံရသည်။ ထို့ကြောင့် ချွီထေပါးကို သူတို့က မယှဉ်နိုင်တော့ချေ။
“မကောင်းတော့ဘူး”
“ပြေး”
ဝမ်ချောင်နှင့် ဆရာဖြစ်သူတို့ နှစ်ယောက်လုံး၏ မျက်နှာက ဖြူဖျော့သွားသည်။ သူတို့တွင် တွေးတောရန် အချိန်မရှိတော့ချေ။ ဝမ်ချောင်က မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ဆရာဖြစ်သူကိုသယ်ကာ အဝေးသို့ ခုန်ထွက်သွားသည်။ ဝမ်ချောင်၏ တုန့်ပြန်မှုက အလွန်မြန်ဆန်သော်လည်း သူဟာ အလွန်နောက်ကျသွားသေးသည်။ ဒီတိုက်ပွဲတွင် နှစ်ဖက်လုံးက အချိန်အတွက်လုကာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ချွီထေပါးက ဝူရှန်းရွာသူကြီးကို ဖိနှိပ်ထားသည်။ ထို့ကြောင့် သူ၏တိုက်ကွက် တစ်ဝက်ကျော်ကျော်ခန့်က ရွာသူကြီးအပေါ် ရောက်ရှိနေခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ မတူတော့ချေ။
အနက်ရောင်သံချပ်ကာဝတ် အစောင့်က အင်အားကြီးမားသော်လည်း ချွီထေပါးက ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်ကပင် ချွီထေပါးကို တစ်ယောက်တည်း မတားနိုင်ချေ။
အခန်း(၁၁၃၅)
အဆင့်တက် အင်ပါယာမဟာဗိုလ်ချုပ်
“ဒီနေ့က မင်းသေရမဲ့နေ့ပဲ”
ချွီထေပါး၏ ရက်စက်ပြီး ခံစားချက်မဲ့သည့်အသံက တစ်လောကလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ ထိုသို့ဖြင့် အော်သံများအားလုံးကို လွှမ်းမိုးလိုက်လေသည်။ မြင်းခွာသံများ၊ လက်နက်ချင်း ထိခတ်သံများ၊ လေပြင်း၏ ဟိန်းဟောက်သံများအားလုံးက တိတ်ကျသွားသည်။ အခြားသော အသံများက အလုံးစုံ ဖုံးလွှမ်းခံလိုက်ရသည်။ ထိုအခိုက်အတန့်တွင် တစ်လောကလုံးက ကျယ်လောင်သည့် အသံကြီးအောက်တွင် ပြိုလဲကျမည့်ပုံပေါ်သည်။ ထိုအသံက သူတို့၏နားအတွင်း ဟိန်းထွက်နေပြီး သွေးကျမတက် ပြင်းထန်ကျယ်လောင်လွန်းသည်။
နေမင်းလိုတောက်ပသော ရွှေရောင်အလင်းတန်းက အုံ့ဆိုင်းနေသည့် ကောင်းကင်အောက်တွင် ပေါက်ကွဲသွားသည်။ လီတစ်ဆယ်ကျော်အကွာက လူများကပင် ချွီထေပါးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူ၏ဆံပင်က လေထဲတွင် လွင့်နေသည်။ ခန္ဓာကိုယ်က မျက်စိကြိမ်းမတက် တောက်ပသော ရွှေရောင်အလင်းများဖြင့် အဝိုင်းခံထားရပြီး ကောင်းကင်ကိုပင် လှုပ်ခါစေနိုင်သည့် ဓားချီကိုလည်း ထုတ်လွှတ်ထားသေးသည်။
ထုအခိုက်အတန့်တွင် ချွီထေပါးသည် ကောင်းကင်အထက်တွင် ရပ်နေသည့် အရှိန်အဝါကြီးမြတ်ပြီး ခမ်းနားထည်ဝါသော နတ်တစ်ပိုင်း ပုဂ္ဂိုလ်တစ်ယောက်ဟု ထင်ရသည်။ သူက မရေမတွက်နိုင်သည့် မြင်းတပ်အဖွဲ့ဝင်များနှင့် အလောင်းများပြည့်နှက်နေသော နယ်မြေတစ်ခုလုံးကို အထင်တသေး ငုံ့ကြည့်သည်။ သူ့ကိုမြင်သော လူတိုင်းကလည်း သူတို့၏ဝိညာဉ် အနက်ရှိုင်းဆုံးအပိုင်းမှလာသည့် ကြောက်လန့်မှု သိမ်ငယ်မှုကို ခံစားရစေသည်။
ဘန်း
တစ်စက္ကန့်ခန့်ကြာပြီးနောက် နောက်ထပ် ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ပေသောင်းပေါင်းများစွာကျယ်သော ရွှေရောင်ဓားချီကြီးက ကောင်းကင်ကို စုတ်ဖြဲလိုက်သည့် အခိုက်အတန့်တွင် အချိန်က လိပ်တစ်ကောင် တွားသွားသလို နှေးကွေးသွားသည်ဟု ထင်ရသည်။ ထို့နောက် အနက်ရောင်တိမ်စိုင်ပေါင်း များစွာက ခုန်ထွင်ခံရလေသည်။ မိုးခြိမ်းမတက် ကျယ်လောင်သောအသံ ခမ်းနားထည်ဝါသော ထိုးနှက်ချက်က အနက်ရောင်သံချပ်ကာဝတ် အစောင့်၏ သန်မာကာ အင်အားအပြည့်ပါသော ခန္ဓာကိုယ်ကြီးပေါ်သို့ တက်ရောက်သွားပြီး လွင့်ထွက်သွားလေသည်။
“သတ်”
လေထဲတွင် အော်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ချွီထေပါးက အနက်ရောင်သံချပ်ကာဝတ် အစောင့်ကို လွင့်ထွက်သွားစေပြီး ဒဏ်ရာရအောင် လုပ်လိုက်သည့် အခိုက်အတန့်တွင် ထန်ထိပ်တန်းအဆင့် စစ်တပ်များ၏ ကိုယ်ပေါ်သို့ ရောက်ရှိနေသော ချီစက်ကွင်းပေါင်း များစွာက ဖယောင်းတိုင်မီးများလို ငြိမ်းသွားကြသည်။
ထိုအခိုက်အတန့်တွင် အားပါး၊ ဟော်ရှု့ဟွေ့ခမ်း၊ ကျစ်ရနှင့် အခြားသောလူတိုင်းက တိုက်ခိုက်လိုက်ကြသည်။ သို့သော် သူတို့၏ ပြစ်မှတ်ကမူ ဝူရှန်းရွာသူကြီးပင် မဟုတ်သလို အနက်ရောင်သံချပ်ကာဝတ် အစောင့်လည်းမဟုတ်ဘဲ ထန်လက်ရွေးစင် စစ်တပ်များဖြစ်သွားသည်။
ဘုန်း ဘုန်း ဘုန်း
ဝရုန်းသုန်းကားဖြစ်နေသော တိမ်စိုင်များနှင့် အော်သံများအကြား ပေါက်ကွဲသံများက ထွက်ပေါ်လာသည်။ ပြင်းထန်သည့် အလှည့်အပြောင်းအောက်တွင် နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်နှင့် အဆူရာသိုင်းစစ်တပ်တို့မှ စစ်သားများအားလုံးက လေထဲသို့ လွင့်ထွက်ကုန်သည်။ မရေမတွက်နိုင်သော ကြယ်တာရာစွမ်းအင်ပေါင်း များစွာက သူတို့၏ ကိုယ်အင်္ဂါများကို စုတ်ဖြဲပစ်သည်။
ကောင်းကင်မှ သွေးများနှင့် ခြေပြတ်လက်ပြတ်များက ပြတ်ကျလာသည်။
ထိပ်တန်းအဆင့် စစ်သားများက မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို သူတို့၏ နယ်စပ်အတွက် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့ကြသည်။ ထိုလူများက လက်ရွေးစင် အာရပ်စစ်တပ်ပေါင်း များစွာကို ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ အာဏာအမြင့်ဆုံး၊ စွမ်းအားအမြင့်ဆုံး ပုဂ္ဂိုလ်ကြီးများ ဝိုင်းတိုက်ခိုက်သည့် အန္တရာယ်မျိုးကို ရင်ဆိုင်နေရလေသည်။
မဟာထန်က ချက်ချင်းဆိုသလိုပင် ပြင်းထန်လွန်းသည့် ဆုံးရှုံးမှုဒဏ်ကို ခံရသည်။
တက်ဆိုသောအသံက ကျယ်လောင်စွာ ထွက်ပေါ်နေသေးသည်။ မြင်းခွာသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အာရပ်နှင့် တိဗက်စစ်သည် သောင်းပေါင်းများစွာက ချီတက်လာသည်။ သူတို့၏ မျက်လုံးများက နီရဲနေပြီး သတ်ဖြတ်လိုစိတ်များက ပြင်းထန်စွာ ထွက်ပေါ်နေသည်။ ဒီတိုက်ပွဲက ပြီးဆုံးသင့်သည်မှာ ကြာနေပြီဖြစ်သော်လည်း အာရပ်နှင့် တိဗက်များက အလွန်ပြင်းထန်သည့် ဆုံးရှုံးမှုဒဏ်ကို ဆက်ခံနေရသည်။
ထိုသို့ဖြင့် အင်အားစုသုံးခု၏ မဟာမိတ်က စစ်သည်တစ်သိန်း ပတ်ဝန်းကျင်သာကျန်သည်။ သို့သော် ယခုမူ သူတို့တွင် ငါးသောင်းဝန်းကျင်သာရှိသည်။ ပို၍ဆိုးသည်မှာ အစပိုင်းကတည်းက သူတို့၏ မဟာမိတ်စစ်တပ်က ငါးသိန်းကျော်ပိုင်ဆိုင်ခဲ့သည်။
ဒီဆုံးရှုံးမှုကမှ အံ့အားသင့်စရာမကောင်းရင် ဘာက အံ့အားသင့်စရာကောင်းမှာလဲ။
ထို့ကြောင့် ထိုလူများ၏ နှလုံးသားအတွင်း ဒေါသများက ပြည့်နှက်နေသည်မှာ ကြာလှပြီဖြစ်သည်။ ယခုအခါ အခွင့်အရေးရလာသည့် အခိုက်အတန့်တွင် အာရပ်အဖွဲ့ဝင်များအားလုံးက သူတို့၏မြင်းများကို အရှိန်နှုန်း အကန့်အသတ်သို့ တိုးမြှင့်လိုက်ကြသည်။
ဘုန်း
ကြီးမားသည့် လှိုင်းလုံးက ကမ်းစပ်သို့ လိမ့်တက်လာသလိုမျိုး မရေမတွက်နိုင်သည့် စစ်မြင်းပေါင်းများစွာက ထန်ခုခံရေးအားလှိုင်းအတွင်းသို့ ကျယ်လောင်သည့် ထိုးနှက်သံနှင့်အတူ ဝင်ရောက်သွားသည်။ တခဏခန့်သာကြာပြီးနောက် ခုခံရေးအားလှိုင်းက အန္တရာယ်များလွန်းသော နေရာအဖြစ် ပြောင်းလဲသွားသည်။
“နောက်ဆုတ် နောက်ဆုတ် အားလုံးပဲ နောက်ဆုတ်ကြ”
အထိတ်တလန့်ဖြစ်သံက ထွက်ပေါ်လာသည်။ ဝမ်ချောင်၏ နှလုံးသားထဲတွင် စိုးရိမ်မှုမီးတောက်က တောက်လောင်လာပြီး သူဟာ ရူးသွပ်စွာ အပြေးလာသည်။ သူက လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပြေးလာလေပြီး ပေသောင်းပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း ကျော်ဖြတ်လာသည်။ ထိုအချိန်တွင် လေထဲတွင် အဖြူရောင်အစင်းများက ကျန်ရစ်ခဲ့သည်။ သူ့ကိုသာ လှမ်းကြည့်မည်ဆိုလျှင် အနောက်ဘက်တွင် ကျန်ရစ်ခဲ့သည့် အဖြူရောင်အစင်းရာလို ပုံရိပ်ပေါင်းများစွာကို မြင်နိုင်သည်။
သူ၏ဘဝတွင် ပထမဦးဆုံး အကြိမ်အနေနှင့် ဝမ်ချောင်ဟာ အလွန်အမင်း နှေးကွေးကြောင်း ခံစားလိုက်ရသည်။ ကြယ်တာရာစွမ်းအင်များက ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်နေပြီး တန်ထျန်းအတွင်းမှ ဖောက်ထွက်လာမတက် ဖြစ်လာသည်။
မြန်မြန် ပိုမြန်မယ် ပိုမြန်မယ်
လေပြင်းက ဟိန်းဟောက်ပြီး သူ့ကိုကျော်ဖြတ်သွားသည့် အခိုက်အတန့်တွင် ဝေဝါးသော အရိပ်အယောင်ပေါင်း များစွာအဖြစ် ပြောင်းလဲသွားသည်။ ဝမ်ချောင်၏လက်က လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ မေးရိုးကလည်း သံမဏိတုံးကို ကိုက်ထားရသလို တင်းကြပ်နေသည်။ တာလာ့၏ ကျယ်ပြောသော တိုက်ပွဲနယ်မြေတွင် မည်သည့်အာရပ်ပင်ဖြစ်စေ၊ ထန်စစ်သားပင်ဖြစ်စေ ဝမ်ချောင်၏လမ်းတွင် လာပိတ်သည်နှင့် လေထဲသို့မြောက်တက်သွားရသည်။
ဝမ်ချောင်ဟာ ရှည်လျားပြီး ဖြောင့်တန်းနေသော သိပ်သည်းသည့် လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။ သူက ထိုလမ်းကြောင်းကို ရန်သူစစ်တပ်အတွင်းမှ ဖောက်ထွက်သွားခြင်းဖြစ်သည်။ မရေမတွက်နိုင်သော စစ်သည်ပေါင်းများစွာက သူ၏ ကြယ်တာရာစွမ်းအင်နှင့် တစ်ချက် ထိတွေ့ရုံနှင့် ပေါက်ထွက်သွားရသည်။ ဝမ်ချောင်၏ အရှိန်နှုန်းက အလွန်အမင်း မြန်သည်။ သို့သော် ယခုအခြေအနေအရ တိုက်ပွဲနယ်မြေဟာ ဆက်တိုက်ပြောင်းလဲနေသောကြောင့် သူ၏အရှိန်ကို နှေးကွေးသည်ဟု သတ်မှတ်နိုင်ခြင်းဖြစ်သည်။
“အား”
နောက်ထပ်အော်သံက ထွက်ပေါ်လာပြန်သည်။ အာရပ်မြင်းတပ်တစ်စုက ချီတက်လာသည်။ သူတို့၏ ထက်ရှသော ဓားမောက်ရှည်များက လင်းလက်တောက်ပလျှက် မြောက်များလှစွာသော ထန်စစ်သားများကို ခုတ်ပိုင်းသတ်သည်။ တစ်ချက်တည်းနှင့် စုဟန်ရှန်း၏ လက်နက်ကြီးအဖွဲ့မှ စစ်သည် ခြောက်ထောင်မှ ခုနှစ်ထောင်ခန့်က အသတ်ခံရသည်။
မဟာထန်စစ်သားများအတွင်းတွင် ထိုလူများကသာ ဓားမြများဖြစ်ခဲ့ကြသည်။ ထို့ကြောင့် အားအနည်းဆုံးဖြစ်သည်။ ထိုအတွက်ကြောင့် ကြီးမားသည့် ဆုံးရှုံးမှုကို တရွေ့ရွေ့ ခံစားရခြင်းဖြစ်သည်။ ကြောက်လန့်ခြင်းစစ်တပ်မှ စစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်က အာရပ်များအကြား ဖြတ်ပြေးကြသည်။ သူတို့၏သွေးများက မြေပြင်တွင် အိုင်ထွန်းလာသည်။
“သေချင်နေတာပဲ”
ထိုမြင်ကွင်းကြောင့် ဝမ်ချောင်၏မျက်လုံးက မျက်အိမ်မှ ကျွတ်ထွက်မတက် ပြူးထွက်လာသည်။
ဘုန်း
သူက ကျည်ဆံတစ်ခုလိုမျိုး ရှေ့သို့ခုန်ထွက်သွားပြီး သိပ်သည်းစွာ တည်ရှိနေသည့် အာရပ်မြင်းတပ်အတွင်းသို့ ခုန်ဝင်လိုက်သည်။ ထိုသို့ခုန်ဝင်လိုက်သည့် အခိုက်အတန့်တွင် သွေးနှင့် အသွေးအသားများက လေထဲသို့ ပေါက်ထွက်လာပြီး အော်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဝမ်ချောင်၏ကိုယ်ထဲမှ ထွက်ပေါ်လာသော ကြယ်တာရာစွမ်းအင်များက နဂါးများအလား မရေမတွက်နိုင်သည့် အာရပ်နှင့် တိဗက်မြင်းသည်တော်များကို သတ်သည်။
“သတိထား”
“သူ့ကိုတား”
ဝမ်ချောင်ဟာ အလွန်အမင်း မြန်ဆန်စွာ ရွေ့လျားသွားသည်။ သူ၏ရုတ်ချည်းဆန်သော လုပ်ကြံသတ်ဖြတ်မှုက အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ကို အထိတ်တလန့် ဖြစ်သွားစေသည်။ ထိုသုံးယောက်သည် ဝမ်ချောင်နှင့် အကွက်ချင်းဖလှယ်ခဲ့ဖူးသည်။ ထို့ကြောင့် ရှင်းလင်းစွာဖြင့်ပင် ဆိုးရွားသော အခြေအနေကို ခံစားမိလိုက်သည်။ သူတို့အားလုံးက မျက်နှာထားများ တင်းမာသွားကြသည်။
“ဖားရရဲ့ဖမ်းဆုပ်မှု”
“ဗိုင်ရိုဂါးနားဗုဒ္ဓ”
“သမုဒ္ဒရာရဲ့ ကြောက်မက်ဖွယ် ဒီရေလှိုင်း”
မဟာဗိုလ်ချုပ်ကြီး သုံးယောက်လုံးက ပူးပေါင်းလိုက်ကြသည်။ ဖားရ၏ အမျက်ဒေါသဟိန်းသံ၊ ဗုဒ္ဓ၏ ဂါထာရွတ်ဖတ်သံနှင့် သမုဒ္ဒရာလက်စွပ်ကွင်း၏ ဟိန်းဟောက်သံများအားလုံးက လေထုထဲတွင် ကျယ်လောင်သည့် တဒင်ဒင် တဒေါင်ဒေါင် အသံများကို ထွက်ပေါ်လာစေသည်။ ထိုအင်အားကြီး ပုဂ္ဂိုလ်သုံးယောက်၏ ကျယ်ပြောလွန်းသော ကြယ်တာရာစွမ်းအင်လှိုင်းများကလည်း ဝမ်ချောင်ထံ အရှိန်အဝါ ကြီးမြတ်သည့် အားလှိုင်းများကို ချဉ်းကပ်ဝင်ရောက်လာပြီး သူ၏ခေါင်းကို တိုင်တစ်လုံးကိုင်ပြီး ဆောင့်တိုက်သလိုမျိုး ဖိနှိပ်ရန်ကြိုးစားသည်။
မဟာဗိုလ်ချုပ်ကြီးသုံးယောက်၏ ပူးပေါင်းတိုက်ကွက်က တစ်လောကလုံးကို တုန်ခါပြီး လူတိုင်းကို အံ့အားတကြီး ဖြူဖျော့သွားရန် လုံလောက်နေပြီဖြစ်သည်။ အခြားသော မဟာဗိုလ်ချုပ်များဆိုလျှင် ဒီသုံးယောက်၏ ပူးပေါင်းတိုက်ကွက်ကို တောင့်ခံနိုင်မည်မဟုတ်ချေ။
“ဝမ်ချောင် သတိထား”
ကောင်းရှန်းကျစ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် ပူးပေါင်းပြီး ချွီထေပါးနှင့် အပုမူစလင်ကို ထိန်းထားရသည်။ သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် သူဟာ တိုက်ပွဲ၏ အလှည့်အပြောင်းကို အမြဲတစေ အာရုံစိုက်နေခြင်းဖြစ်သည်။ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ကပေါင်းပြီး ဝမ်ချောင်ကို တိုက်ခိုက်လိုက်သောကြောင့် သူဟာ အလွန်စိုးရိမ်သွားသည်။
“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”
ဝမ်ချောင်က ဒေါသတကြီးအော်သည်။ သူ၏မျက်လုံးက အေးစက်သွားပြီး ပြင်းထန်သည့် မီးတောက်အဖြစ် ပြောင်းလဲတောက်လောင်လာကာ တိုက်ကွက်တိုင်းထံ တိုက်ရိုက် ချီတက်သွားသည်။ ထိုအခိုက်အတန့်တွင် ရှိနေသည့် ဝမ်ချောင်ဟာ ပြိုင်ဘက်သုံးယောက်ကို မျိုးစုံလွှမ်းမိုးနိုင်သည်။
ဘုန်း
ဝမ်ချောင်က တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် လောကက မုန်တိုင်းအထန်ဆုံး သမုဒ္ဒရာကြီးအဖြစ် ပြောင်းလဲသွားပုံပေါ်သည်။ ထိုလောကအတွင်းတွင် ရှိနေသော မူလစွမ်းအင်နှင့် ကြယ်တာရာ စွမ်းအားတိုင်းက ဝမ်ချောင်၏ ခန္ဓာကိုယ်ကိုသာ ဗဟိုပြုပြီး လည်ပတ်လာသည်။
အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ကြောင့် ဖြစ်ပေါ်လာသော ဖျက်ဆီးခြင်းစွမ်းအင်မုန်တိုင်းပေါင်း များစွာက ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကြောင့် ပျက်စီးပြီး ပျောက်ကွယ်သွားရသည်။
“ဘာ”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
သုံးယောက်လုံးကလည်း သူတို့၏ ကြယ်တာရာစွမ်းအင်များက ထိန်းချုပ်မှု လွတ်ကင်းသွားကြောင်း သိလိုက်ရုံနှင့် မှင်သက်သွားကြသည်။ ကျောက်သားလို မာကြောသော ကြယ်တာရာစွမ်းအင်ကို ပိုင်ဆိုင်ခြင်းမရှိဘဲ မဟာဗိုလ်ချုပ်အဆင့်သို့ မတက်နိုင်ချေ။ သူတို့အားလုံးကလည်း လောက၏ အခြေခံ အချက်များကို တစ်စိတ်တစ်ပိုင်းအထိ လေ့လာဆင်ခြင်ပြီးလေပြီ။ ထို့ကြောင့် သူတို့၏ ကြယ်တာရာစွမ်းအင်များကို လှုပ်ခါအောင်လုပ်ရန် ကြိုးကိုင်အောင်လုပ်ရန် အလွန်အမင်းခက်သည်။ သူတို့၏ ကြယ်တာရာစွမ်းအင်ကို ထိန်းချုပ်ရန်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ချေ။
သို့သော် ဝမ်ချောင်က လုပ်လိုက်သည်။
သူသည် အဆင့်မြင့် မဟာဗိုလ်ချုပ်ကြီးတစ်ယောက်၏ တိုက်ကွက်ကို ခံနိုင်ခဲ့သည်။ ထိုသို့ဖြင့် မူရင်းအခြေအနေကို ပြောင်းလဲလိုက်နိုင်သည်။ ဒါဟာ မယုံနိုင်စရာကောင်းလွန်းသော အခိုက်အတန့် ဖြစ်သွားသည်။ ဝမ်ချောင်၏စွမ်းရည်က သူတို့မျှော်လင့်ထားနိုင်သမျှကို ကျော်လွန်သွားသည်။
ဘုန်း ဘုန်း ဘုန်း
တခဏခန့်ကြာပြီးနောက် သုံးယောက်ကပေါင်းကာ ဖွဲ့စည်းထားသည့် ကြယ်တာရာစွမ်းအင် ရေလှိုင်းလို စွမ်းအင်လှိုင်းတန်း သုံးတန်းက အချင်းချင်း ပေါင်းစပ်သွားပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကို ဆက်တိုက် ထုတ်ဖော်စေသည်။
“အား”
သတိလက်လွတ်ဖြစ်သွားသည့် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက ပေါက်ကွဲမှုအောက်သို့ ရောက်သွားပြီး စွမ်းအင်မုန်တိုင်းများအောက်တွင် သုတ်သင်ရှင်းလင်းခြင်းခံရသည်။
မဟာဗိုလ်ချုပ်များအကြားရှိ တိုက်ပွဲက သာမာန်စစ်သားများ ဝင်ရောက်ပါဝင်နိုင်သော အဆင့်မျိုးမဟုတ်ချေ။
ထိုတိုက်ပွဲဟာ အဆုံးသတ်ရန် ဝေးကွာလွန်းနေသေးသည်။ ဟော်ရှု့ဟွေ့ခမ်း၊ အားပါးနှင့် ကျစ်ရတို့က ချက်ချင်းလိုလို ညဉ်းညူလိုက်ရပြီး မျက်နှာများက တင်းမာသွားကြသည်။ သူတို့အားလုံးက တစ်ပြိုင်တည်းလိုလို နောက်ဆုတ်သည်။ နောက်ဆုတ်လိုက်သော အခိုက်အတန့်တွင် ပွက်ပွက်ပွက်ဆိုသော အသံများနှင့် သူတို့၏ကိုယ်အတွင်းတွင် သွေးမြူများက ပေါက်ထွက်လာသည်။
ယခုအခါ ဝမ်ချောင်ဟာ မဟာဗိုလ်ချုပ်တစ်ယောက်ဖြစ်သွားသည်။ ထို့ကြောင့် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အင်အားအပြည့် ထုတ်နိုင်သွားသည်။ မဟာဗိုလ်ချုပ်ကြီးများ၏ ကြယ်တာရာစွမ်းအင်များက သူ၏စုပ်ယူမှုကို တောင့်ခံနိုင်စွမ်းပင်မရှိချေ။ တစ်စက္ကန့်တည်းနှင့် သုံးယောက်လုံးက ဒဏ်ရာရသွားသည်။ သူတို့၏ကိုယ်ထဲမှ သွေးမြူများကပေါက်ထွက်ပြီး ဝမ်ချောင်၏ ကိုယ်အတွင်းသို့ ပြေးဝင်သည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းသည် လောက၏ အဆင့်မြင့် မိစ္ဆာသိုင်းဖြစ်သည်။ တိကျစွာဆိုရသော် ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားက မရေမတွက်နိုင်သော ဂိုဏ်းများ၏ အင်အားကြီပုဂ္ဂိုလ်များကိုပင် ကြောက်လန့်တုန်လှုပ်စေခဲ့သည်။ မရေမတွက်နိုင်သော သွေးမုန်တိုင်းပေါင်း များစွာက သိုင်းပညာလောကကို လှုပ်ခါနိုင်ခဲ့သည်။ ထိုသို့လှုပ်ခါနိုင်ခဲ့သည်မှာလည်း ထိုသိုင်းကြောင့်ဖြစ်သည်။
ထိုသိုင်းက သိုင်းပညာရှင်တိုင်းအတွက် အငမ်းမရဖြစ်စေလောက်အောင် လှုံ့ဆော်နိုင်စွမ်းရည် ပြင်းထန်သည်။ ကျင့်ကြံခြင်းအဆင့် တူတူများအတွင်းတွင်ပင် ပြိုင်ဘက်ကင်းဖြစ်နိုင်၏။ ထို့ပြင် တစ်ယောက်တည်းနှင့် သုံးယောက်ကို ရင်ဆိုင်နိုင်စွမ်းရည်လည်းရှိစေသည်။ ထို့ကြောင့် မြောက်များလှစွာသော ရန်သူများကို ရင်ဆိုင်ခဲ့ရသည့်တိုင်အောင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ပိုင်ဆိုင်သူအား ပြိုင်ဘက်ကင်းစေနိုင်သေးသည်။
“အား”
အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့က ခပ်မြန်မြန်နောက်ဆုတ်ပြီး အချိန်ကိုက် ရှောင်ရှားနိုင်ခဲ့သော်လည်း အာရပ်နှင့် တိဗက်စစ်သားများကမူ အလားတူလုပ်နိုင်သည်ဟု မဆိုလိုပေ။
ဘန်း ဘန်း ဘန်း
မျက်တောင်တစ်ခတ် အချိန်အတွင်း သွေးမြူများ၏ ပေါက်ကွဲသံက ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထိုအခိုက်အတန့်တွင် လေထဲတွင်ပင် သွေးမြူများက ပျံ့နှံ့သွားပုံပေါ်သည်။ ဝမ်ချောင်က အားလုံးကို ဝါးမြိုလိုက်သည်။ သူသည် နောက်ဆုံးသောမြူထုကို တစ်ချက်စုပ်ယူလိုက်ပြီးနောက် သူနှင့် ပတ်ပတ်လည် ခြေလှမ်းတစ်ဆယ်ကျော် ဝန်းကျင်တစ်ခုလုံးတွင် အလောင်းများ ပြည့်နှက်သွားသည်။ သို့သော် မည်သည့်ပုံရိပ်ကမှ မတ်တပ်ရပ်နိုင်စွမ်းအား မရှိတော့ချေ။