← Chapters

အခန်း (၁၁၃၆-၁၁၄၀)

Vol. 66 Ch. 1136-1140

အခန်း (၁၁၃၆-၁၁၄၀)

Vol. 66 Ch. 1136-1140

အခန်း(၁၁၃၆)

စစ်တပ်တစ်ခုလုံး နောက်ဆုတ်ပြီ

“အော့စမော့သိုင့်၏ အမျက်ဒေါသ”

အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့အားလုံးက နောက်သို့လွင့်ထွက်သွားရင်း နောက်ဆုတ်လိုက်ကြရသည်။ နောက်ထပ် ကျယ်ပြောသော စွမ်းအားတစ်ရပ်က ဝမ်ချောင်ထံ ချဉ်းကပ်သွားသည်။ ထိုပုံရိပ်က ဝမ်ချောင်၏အရှေ့ လေထဲတွင်ရပ်နေသည်မှာ မိစ္ဆာနတ်ဆိုးတစ်ပါးနှင့် ပက်ပင်းကြုံသလိုမျိုး ထင်ရသည်။ သူ၏လက်တစ်ဖက်က ကြေးနီရောင် ရုပ်ထုလေးကို ကိုင်ဆောင်ထားလေပြီး ထိုအရာမှတစ်ဆင့် ခြောက်ခြားဖွယ်ကောင်းသည့် အလင်းများက ဖြာထွက်နေလေသည်။

အပုမူစလင်

ဝမ်ချောင်၏မျက်နှာထားက အေးစက်သွားပြီး သူဟာ ထိုလူကို သတိထားလိုက်မိလေသည်။

အရှေ့ပိုင်းမှ အာရပ်အစိုးရ... သူ၏ဘက်မှ မဟာဗိုလ်ချုပ်သုံးယောက်က ဆိုးဆိုးရွားရွား နောက်ဆုတ်လိုက်ကြောင်း မြင်သောအခါ နောက်ဆုံးတွင် သူဟာ ဝမ်ချောင်ကို တိုက်ခိုက်သင့်ကြောင်း ခံစားမိသွားပုံပေါ်သည်။

ဝမ်ချောင်၏မျက်လုံးက အေးစိမ့်သွားပြီး အပုမူစလင်၏ လေးလံသောရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူက အနည်းငယ်ပင် နှောင့်နှေးကြန့်ကြာခြင်းမရှိတော့လေဘဲ ခပ်ကြမ်းကြမ်း လက်သီးဖြင့် ထိုးလိုက်လေသည်။

ချွင်

ဝမ်ချောင်၏ ခြေထောက်အောက်ဘက်မှ အကြီးမားဆုံးသော ရွှေသားချီစက်ကွင်းကြီးက ရုတ်တရက် မြေကမ္ဘာအတွင်းမှ မြောက်တက်လာလေပြီး သူ၏လက်သီးစွမ်းအားနှင့် ပေါင်းစပ်သွားသည်။

ဝေါင်း

မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အကြည့်အောက်တွင် ဝမ်ချောင်၏ ရွှေရောင်လက်သီး စွမ်းအားများက အရှိန်အဝါကြီးမြတ်သော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲလျှက် အပုမူစလင်၏ အနက်ရောင်စွမ်းအင်များ ရစ်ခွေနေသော အနက်ရောင်လက်သီးထံ ထိပ်တိုက်ဝင်တိုးလေသည်။

ဘန်း

လက်သီးနှစ်လုံးက ထိပ်တိုက်ဆုံသွားသည်။ ပတ်ဝန်းကျင်ရှိ အာကာသပြင်က ပင့်ကူအိမ် တစ်ခုလိုမျိုး ကွဲအက်ရာများ ပြည့်နှက်သွားသည်မှာ မှန်တစ်ချပ်နှင့်ပင် တူသေးလေသည်။

ထိုထိပ်တိုက်ရင်ဆိုင်မှုတွင် ဝမ်ချောင်သည် လှုပ်ရှားမှု မရှိချေ။ သို့သော် အပုမူစလင်၏ ပုခုံးကမူ တသိမ့်သိမ့်တုန်သွားပြီး သူဟာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရလေသည်။

“မဖြစ်နိုင်ဘူး”

အပုမူစလင် ကိုယ်တိုင်ကပင် ဒေါသတကြီးဖြစ်နေသော အရှိန်အဟုန်နှင့် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကို သယ်ဆောင်ထား၍ ရောက်လာခဲ့ခြင်းဖြစ်နေသည်။ သို့သော် ထိုမြင်ကွင်းက သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို တုန်ယင်သွားစေသည်။

သိပ်မကြာခင်ကတင် ဝမ်ချောင်ဟာ အင်အားသိပ်မကြီးသော ထန်ဗိုလ်ချုပ်တစ်ယောက် ဖြစ်ကာစသာဖြစ်သည်။ သူဟာ ဉာဏ်ပညာကိုသာ မှီခိုပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းမိုးခဲ့ရသည်။ သို့တိုင်အောင် ရက်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ချောင်ဟာ သူနှင့် ကြမ်းတပြေးတည်း တိုက်ခိုက်နိုင်လာသည်။ သူက ဒီတိုက်ပွဲတွင် အခြေအနေ အနည်းငယ် ပိုဆိုးသွားရသည်မှာလည်း သူက လေထဲတွင်ရှိနေသောကြောင့် သူ့ကိုထိန်းထားပေးမည့် အရာများ မရှိသောကြောင့်ဖြစ်သည်။

သို့သော် အပုမူစလင်အနေဖြင့် ထိုရိုက်ချက်မှတစ်ဆင့် ဝမ်ချောင်၏ခွန်အားဟာ မယုံနိုင်စရာကောင်းသည့် အဆင့်သို့ မြောက်တက်နေပြီဖြစ်ကြောင်း ခံစားမိနိုင်လေသည်။ ဒါဟာ အရှေ့ပိုင်း၏ အစိုးရနှင့် အဆင့်တူသော အနေအထားမျိုး ဖြစ်နိုင်သလို ထိုထက် အနည်းငယ် မြင့်လောက်သေးသည်။

“ဟွန်း”

ဝမ်ချောင်က အပုမူစလင်ကို နောက်သို့ တွန်းပို့လိုက်ပြီးနောက် အပေါ်ဘက်မှ ခပ်အေးအေး နှာခေါင်းရှုံ့သံက ထွက်ပေါ်လာသည်။ ထိုအသံက လူတိုင်းကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေသည်။

ဝမ်ချောင်က မတုန့်ပြန်နိုင်သေးခင် ထိုက်တောင်ထက်ပင် လေးလံလွန်းသော ရွှေရောင်မိုးကြိုးတန်းကြီးက သူ၏ခေါင်းအထက် နယ်မြေတစ်ခုလုံးကို ခုတ်ထွင်ရှင်းလင်း ဝင်ရောက်လာလေသည်။

“ချွီထေပါး”

ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏ကြွက်သားများက တောင့်တင်းသွားပြီး ဦးခေါင်းခွံကလည်း ပေါက်ကွဲမတက် ဖြစ်လာသည်။ သူ၏အာရုံခံနိုင်စွမ်းအားများ အားလုံးကို ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိလိုက်သည့် ခံစားချက်က ကျော်လွန်သွားသည်။ သူဟာ တွေးတောရန် အချိန်မရှိတော့ချေ။ ဝမ်ချောင်၏ခန္ဓာကိုယ်ဟာ ရွှေရောင်အလင်းတန်းများဖြင့် ပေါက်ကွဲသွားသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်ချီစက်ကွင်းပေါင်း များစွာက ပေါက်ထွက်လာလေပြီး ကြယ်တာရာစွမ်းအင်ပေါင်း များစွာနှင့် ပေါင်းစပ်သွားသည်။

“မဟာပျက်စီးခြင်းသိုင်း”

ဝမ်ချောင်၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးက တွန့်လိမ်ရှုံ့တွသွားသည်။

ဘုန်း ဘုန်း ဘုန်း

ချွီထေပါး၏ ဓားချီက ခုတ်ချခံလိုက်ရသည်။ ထိုဓားချီ၏ထိပ်က ဝမ်ချောင်၏ စွမ်းအင်အလင်းတန်းပေါင်း များစွာနှင့် ထိပ်တိုက်ရင်ဆိုင်သွားပြီးနောက် ပေါက်ထွက်လာသည့် စွမ်းအင်များက ဖျက်ဆီးခြင်းစွမ်းအား ပြင်းထန်လွန်းလေရာ မည်သူ့ကိုမဆို နောက်သို့ တွန့်သွားစေနိုင်သည်။ ထိုပေါက်ကွဲမှု ဖြစ်သွားသည့် အခိုက်အတန့်တွင် ဝမ်ချောင်ဟာ ဆယ်ပေခန့်အကွာသို့ လွင့်ထွက်သွားသည်။ သူ၏ခြေထောက်က မြေပြင်တွင် ရှည်လျားသည့် တူးမြောင်းလို အတန်းလိုက်ကြီးကို ရေးဆွဲသွားသေးသည်။

“သေစမ်း”

ဝမ်ချောင်က ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။ သူဟာ လေထဲရှိ နတ်ဘုရားကဲ့သို့ ပုံရိပ်မျိုးကို ပြန်ကြည့်လိုက်သည်။ သူ၏စိတ်အတွင်းတွင် မရေမတွက်နိုင်သည့် အတွေးပေါင်းများစွာက ဖြတ်ပြေးသွားလေသည်။ သူဟာ အောင်မြင်စွာနှင့် ထိုထိုးနှက်ချက်ကို လက်ခံရရှိလိုက်သော်လည်း သူ၏လက်မောင်းနှစ်ဖက်လုံးက ခြောက်ခြားဖွယ်ကောင်းသည့် ခွန်အားများကြောင့် ထုံထိုင်းသွားသည်။ သူ၏ခန္ဓာကိုယ်အတွင်းတွင် မည်သူမျှ မမြင်နိုင်သော တစ်နေရာတွင် ဝမ်ချောင်သည် သူ၏သွေးပြန်ကြောပေါင်း များစွာက ပေါက်ထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဒဏ်ကို တောင့်မခံနိုင်ကြောင်း ခံစားမိလိုက်သည်။

ဒါကမလုံလောက်သေးဘူး။

ဝမ်ချောင်က ရေရွတ်သည်။ သူ၏မျက်ဝန်းက စူးရှပြီး ခက်ထန်သွားသည်။

သူသည် ယခုအခါ မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိနေပြီး အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ကို လက်ဗလာနှင့် ရှုံးအောင်လုပ်နိုင်သော်လည်း သူအဆင့်တက်ပြီးသည်မှာ အချိန်တခဏသာ ကြာသေးသည်။ လိုအပ်သောကြာချိန်က သူ၏အုတ်မြစ်ကို တည်ငြိမ်အောင် မလုပ်နိုင်အောင် ဖြစ်သွားစေသည်။ ထို့ကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် မထိန်းရသေးလေရာ သူနှင့် ချွီထေပါးကြား ကွာဟချက်က ရှိနေပေလိမ့်မည်။

“လီစစ်ယဲ့၊ ခုံးကျစ်အန်း၊ ချွေ့ဖြောင်းချီ တာလာ့ကိုစွန့်ပစ်ပြီး စစ်တပ်ကို အရှိန်နှုန်းမြင့်လို့ နောက်ကိုဆုတ်ခိုင်းတော့”

ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်လာသည်။ သူ၏ဆံပင်က ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းအောက်တွင် လွင့်နေသည်။

သူ၏အဖေဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်။ ချန်းချန့်လီ၊ ဝူရှန်းရွာသူကြီး၊ အနက်ရောင်သံချပ်ကာဝတ် အစောင့်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်... သူ့အနားတွင် ဘေးချင်းယှဉ်လျှက် ရှိခဲ့သော စစ်တပ်တစ်ခုလုံးနှင့် ကောင်းရှန်းကျစ်တို့က ပြင်းထန်လွန်းသည့် ဆုံးရှုံးမှုဒဏ်ကို ခံနေရလေပြီ။

တိုတောင်းသော အချိန်ကာလ အတောအတွင်း ရွှမ်ဝူစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်နှင့် အခြားသော လက်ရွေးစင်စစ်တပ်များ အားလုံးက အာရပ်များနှင့် မဟာဗိုလ်ချုပ်များဖြစ်သည့် ဟော်ရှု့ဟွေ့ခမ်းတို့ကဲ့သို့ ပုဂ္ဂိုလ်ကြီးများ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆုံးရှုံးမှု ပြင်းထန်စွာ ခံစားခဲ့ရသည်။

စုဟန်ရှန်း လက်နက်ကြီးအဖွဲ့ကပင် ဆုံးရှုံးမှု အလွန်များနေပြီဖြစ်သည်။

သူတို့သည် ဒီတိုက်ပွဲတွင် နောက်ဆုံးသော နေ့ရက်ပေါင်းများစွာကို ကျော်ဖြတ်နေခဲ့သည်မှာ သူတို့၏ ပြင်းထန်လွန်းသော ဒဏ်ရာများကို အဖော်ပြုနေရသေးသည်။ သို့သော် ဒီနောက်ဆုံးသော အခိုက်အတန့်တွင် လက်နက်ကြီးအဖွဲ့မှ လက်နက်ပေါင်းများစွာကို ပစ်လွှတ်၍ ပြီးသွားလေပြီ။ ထို့ကြောင့် လက်နက်ကြီးအဖွဲ့မှ စစ်သည် နှစ်ထောင့်ငါးရာက ပြင်းထန်လွန်းသည့် ဆုံးရှုံးမှုဒဏ်ကို ခံရသည်။ ယခုဆိုလျှင် သောင်းနှစ်ထောင်ဝန်းကျင်ခန့်သာကျန်သည်။ ကျန်သောလူများ အားလုံးက တိုက်ပွဲနယ်မြေတွင် သေဆုံးသွားခဲ့ကြသည်။

မဟာထန်ဘက်မှ လူအင်အားက သုံးသောင်းဝန်းကျင်ခန့်သာရှိသည်။ ထိုအရေအတွက်က ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်နှုန်းဖြင့် ဆက်တိုက်ထိုးကျနေသည်။ သူတို့ကလည်း ယခု နောက်မဆုတ်လျှင် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့အနေဖြင့် အသက်ရှင်လျှက် လွတ်မြောက်နိုင်လောက်သော်လည်း ကျန်သောစစ်တပ် တစ်ခုလုံးက အလုံးစုံ ရှင်းလင်းခံရရင်း မြုပ်နှံခံရနိုင်သည်။

ဝုန်း

မြေကမ္ဘာက တုန်ခါသွားသည်။ မဟာထန်ဘက်မှ စစ်သားများက သေသည်အထိ တိုက်ခိုက်လိုစိတ် ရှိနေခဲ့ရာမှ ဝမ်ချောင်၏ အမိန့်က သူတို့ကို တုန့်ဆိုင်းသွားစေသည်။ စစ်အမိန့်များက တောင်များကဲ့သို့ ရွေ့လျားရန်ခက်ခဲသည်။ မည်သည့်အခြေအနေတွင်မဆို ဝမ်ချောင်ဟာ သူတို့၏ နှလုံးသားအတွင်းတွင် အမြင့်ဆုံးသောနေရာကို သိမ်းယူထားပြီးသားဖြစ်နေသည်။

ပို၍ဆိုးသည်မှာ နဂါးကိုးကောင် သွေးဝင်္ကပါက ပြိုလဲကျသည့် လက္ခဏာမျိုးကို ပြနေသည်။ ထိုကဲ့သို့သာ ဆက်လက်ပြီး လုပ်ဆောင်နေလျှင် သူတု့ိကသာ သေရနိုင်သည်။

“နောက်ဆုတ်”

လီစစ်ယဲ့က သူ၏ကြီးမားသော ဓားကြီးကို ယမ်းလိုက်ရင်း တွန့်ဆုတ်စွာပြောသည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကိုနာခံ။ ဝူရှန်းမြင်းတပ်က နောက်ဆုတ်တဲ့လူတွေအားလုံးကို ကာထားပေးကြ။ ကျန်တဲ့လူတွေအားလုံး အရှိန်နှုန်းမြှင့်ပြီး နောက်ဆုတ်ကြစမ်း”

ဝမ်ချောင်၏အမိန့်က လီစစ်ယဲ့၏ ဆက်လက်ပြီး အမိန့်ထပ်ပေးမှုနှင့် ပေါင်းစပ်လိုက်သော် စစ်တပ်တစ်ခုလုံးက နောက်ဆုတ်ကြသည်။

“သတ် ငါတို့ရဲ့ ညီအစ်ကိုတွေအတွက် ကလဲ့စားချေ”

လက်နက်ကြီးအဖွဲ့မှ စစ်သည်တော်တစ်ယောက်က သွေးဆာလောင်နေပုံရသည်။ သူက အမိန့်ကို မကြားချေ။ သူဟာ ရှေ့သို့ချီတက်သွားရန်သာ ဂရုစိုက်နေသည်။ သူ၏မျက်လုံးထဲရှိ အရာက အခြားတစ်ဖက်ခြမ်းမှ အာရပ်မြင်းတပ်ဖြစ်သည်။ သို့သော် တခဏခန့်ကြာပြီးနောက် လက်ဝါးတစ်ဖက်က သူ့ကို အသာလှမ်းဆွဲသည်။

“ရပ်တော့”

စုဟန်ရှန်းက ခပ်တင်းတင်းပြောသည်။ သူ၏အသံက တည်ငြိမ်ပြီး ခံစားချက်မဲ့သည်။ သို့သော် ထိုစစ်သည်တော်အတွက် ဒါဟာ မိုးခြိမ်းသံကဲ့သို့ဖြစ်သည်။ သူဟာ ချက်ချင်းလိုလို ရပ်တန့်လိုက်မိသည်။ သူ၏ခန္ဓာကိုယ်က လေထဲတွင် တောင့်ခဲသွားသည်။

စုဟန်ရှန်းက ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို လှမ်းကြည့်ကာပြောသည်။

“မင်းဘယ်လိုခံစားနေရလဲ ငါသိတယ်။ ဒါပေမဲ့ စစ်အမိန့်ကို ဖီဆန်လို့မရဘူး။ ငါလည်း အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ကြီးမှာ အကြောင်းပြချက် ကောင်းကောင်း ရှိမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် သူ့ကိုယုံကြည့်လိုက်ပါ”

စုဟန်ရှန်းက သူ၏ဘဝတွင် မိတ်ဆွေတစ်ယောက်ကိုမျှ မပိုင်ဆိုင်ခဲ့ဖူးချေ။ သို့သော် ဝမ်ချောင်ကမူ သူထိုသို့ အသိအမှတ်ပြုလိုသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် စွမ်းရည်အရပင်ဖြစ်စေ၊ လုပ်နိုင်စွမ်းရည် အရပင်ဖြစ်စေ၊ လုပ်ကိုင်ရဲသော စိတ်ဓာတ်တွင်ပင်ဖြစ်စေ စုဟန်ရှန်းကဲ့သို့ မာနကြီးသော မည်သူကမှ ထိုသို့ တစ်စုံတစ်ယောက်ကို လေးစားသည်ဆိုသော ခံစားချက်မျိုးကို မရခဲ့ဖူးချေ။ ထိုအတွက်ကြောင့်လည်း သူဟာ ထိုမျှဝေးကွာသော အကွာအဝေးမှတစ်ဆင့် ချီရှီသို့လာရောက်ပြီး ဝမ်ချောင်ကို ကူညီပေးခဲ့သည်။ ဒီနည်းအားဖြင့် လက်နက်ကြီး စစ်တပ်တစ်ခုကို တည်ဆောက်ပေးခဲ့ကာ တာလာ့သို့ အလျင်စလို အပြေးလာခဲ့သည်။ စုဟန်ရှန်းသည် သေရမည်ကိုမကြောက်ချေ။ အခြားသော မဟာဗိုလ်ချုပ်ကြီးများကသာ အမိန့်လာပေးလျှင် စုဟန်ရှန်းက နားထောင်လိမ့်မည်မဟုတ်ချေ။ သို့သော် ဝမ်ချောင်က အမိန့်ပေးလာသောကြောင့် တစ်ဖက်သူဟာ ရေရှည်အထိ ထည့်သွင်းစဉ်းစားပြီးမှ အမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း လက်ခံလိုက်သည်။

“နောက်ဆုတ်”

စုဟန်ရှန်းက ဓားကိုယမ်းသည်။ လက်နက်ကြီးအဖွဲ့မှ စစ်သည်တော်တိုင်းက နောက်ကိုဆုတ်ကြသည်။

“မင်းတို့ထွက်သွားနိုင်မယ်လို့ ထင်နေလား”

အနောက်ဘက်မှ အေးစက်သောအသံက ထွက်လာသည်။

ရွှေရောင်သံချပ်ကာကို ဝတ်ထားသော ချွီထေပါးက ဓားပေါ်သို့လက်တင်ထားသည်။ သူဟာ အရာအားလုံးကို သိန်းငှက်တစ်ကောင်ကဲ့သို့ စူးရှသည့် မျက်လုံးမျိုးဖြင့် လိုက်ကြည့်နေခြင်းဖြစ်သည်။ သူ၏အာရုံက ဝမ်ချောင်ထံတွင်ဖြစ်သော်လည်း ထန်စစ်သည် သောင်းပေါင်းများစွာက နောက်ဆုတ်နေကြောင်း မြင်သောအခါ သူ၏မျက်နှာက အေးစက်သွားသည်။

ဘုန်း

ချွီထေပါး၏ ခေါင်းအထက်တွင် ခမ်းနားထည်ဝါသည့် ဓားချီတစ်စင်းက ပေါ်ထွက်လာသည်။ ထိုဓားချီက ပေတစ်သောင်းကျော်ရှည်သည်။ ထိုဓားချီသည် ကောင်းကင်ကို ကျော်ဖြတ်သွားသည်။

“ချွီထေပါး မင်းရဲ့ပြိုင်ဘက်ကငါ”

ချွီထေပါး၏ဓားက ကျလာတော့မည့် အခိုက်အတန့်တွင် ထိုဓားကျလာသည်နှင့် လက်ရှိအခြေအနေမျိုးတွင် ရှိနေသည့် ထန်စစ်တပ်ကြီးတစ်ခုလုံးကို ဆိုးရွားလွန်းသည့် ဆုံးရှုံးမှုကို ပေးစွမ်းနိုင်သည့် အခိုက်အတန့်တွင် ဝမ်ချောင်က ချက်ချင်းဆိုသလို လေထဲသို့ခုန်တက်ပြီး တိုက်ခိုက်ရင်ဆိုင်လိုက်သည်။

“သေချင်နေတာပဲ မင်းကငါ့ကိုမှ မယှဉ်နိုင်တာ”

ချွီထေပါး၏မျက်လုံးက အထင်သေးမှုအပြည့်နှင့် တောက်ပလာသည်။ သူဟာ ဝမ်ချောင်ကို တစ်ချက်ပင်မကြည့်သလို ပျက်စီးခြင်းတိုက်ကွက်၏ အရှိန်ကလည်း မနှေးကွေးသွားချေ။

ဝုန်း

ဝမ်ချောင်က ရှေ့သို့ ခုန်ဝင်လိုက်သည့် အခိုက်အတန့်တွင် ချွီထေပါးက သူ၏ညာလက်ကို တစ်ချက်ယမ်းလိုက်သည်။ တခဏခန့်ကြာပြီးနောက် နောက်ထပ် တောက်ပလွန်းသော ဓားချီတစ်စင်းက ဝမ်ချောင်ထံ ခုတ်ပိုင်းသည်။

ချွီထေပါးဟာ စွမ်းအားချင်းတူသော တိုက်ကွက်မျိုးကို တစ်ပြိုင်တည်းလိုလို ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် လျို့ဝှက်ဆန်းကြယ်သော နတ်အရှိန်အဝါနှင့် ပူးပေါင်းလိုက်လေပြီး ပြင်းထန်သည့် စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိနေသည်။ ထိုအရာသာ မကသေးချေ။ ကောင်းရှန်းကျစ်သည်လည်း ချွီထေပါးဟာ ဒီတိုက်ပွဲကြောင့် ပို၍အင်အားကြီးလာကြောင်း ခံစားမိလိုက်သည်။

ကြည့်ရသည်မှာ သူဟာ ရန်သူများနှင့် တိုက်ခိုက်ရန် အချို့သော အတွေ့အကြုံများကို ဝါးမြိုနိုင်ခဲ့ပုံပေါ်သည်။ ထိုအတွက်ကြောင့် သူ့ကိုယ်သူ အင်အားမြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်လောက်သည်။

ထိုအချက်က ကောင်းရှန်းကျစ်၏ နှလုံးသားကို အေးစိမ့်သွားစေသည်။ သူက ရုတ်တရက် ချွီထေပါးအား မည်သည့်အတွက်ကြောင့် အာရေးဗီးယား၏ စစ်နတ်ဘုရားဟု ကျော်ကြားကြောင်း သိလိုက်သည်။ ဒါဟာ ခွန်အားကြောင့်ဆိုပြီး ကောက်ချက်ချ၍ မရနိုင်ချေ။

“ဝမ်ချောင် ကြည့်အုံး”

ကောင်းရှန်းကျစ်က စိုးရိမ်တကြီး အော်သည်။

သူ၏ပြိုင်ဘက်ကင်းရှစ်သွယ် ထိုးဖောက်ခြင်းသိုင်းက ဝမ်ချောင်ကို ချောင်းပြီးတိုက်ခိုက်တော့မည့် အပုမူစလင်ကို လှမ်း၍နှောက်ယှက်လိုက်သည်။ ကောင်းရှန်းကျစ်က ဒီအချိန်တွင် ဒီလိုအခြေအနေဖြင့်သာ ကူညီပေးနိုင်တော့သည်။

“မဟာပျက်စီးခြင်းသိုင်း”

ချွီထေပါးက သူ့ကိုဆက်တိုက် နှောက်ယှက်လိုက်ပြီး ထန်လက်ရွေးစင်များအပေါ် ပြင်းထန်သည့် ဆုံးရှုံးမှုကို ယူဆောင်တော့မည့် အခိုက်အတန့်တွင် ဝမ်ချောင်ဟာ ကြယ်တာရာစွမ်းအင်များနှင့် ပေါက်ကွဲသွားသည်။ သူ၏မျက်လုံးက နီရဲသွားပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ နောက်ဆုံးအဆင့် အင်အားအကြီးဆုံးအကွက်ကို ထုတ်သုံးလိုက်သည်။

ထိုအကွက်တွင်ပါဝင်သည့် စွမ်းအားများကို မည်သူကမှ ဖော်ပြ၍မရနိုင်ချေ။ သူက သုံးလိုက်သည့် အခိုက်အတန့်တွင် ကောင်းကင်ဘုံကိုးဆင့်မှ မိုးကြိုးတန်းကြီးက အောက်သို့ထိုးဆင်းလာပြီး အရာအားလုံးကို ခွဲခြမ်းမည့် အရှိန်အဝါက ထွက်ပေါ်လာသည်။ တခဏခန့်ကြာပြီးနောက် ပတ်ဝန်းကျင်ရှိ အရာအားလုံးက ကြောက်မက်ဖွယ်ကောင်းသည့် အားလှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ သူနှင့် ပေတစ်ရာဝန်းကျင်အတွင်းရှိ အလင်းတိုင်းက ပျောက်ကွယ်သွားပြီး အဆုံးစွန်သော အမှောင်ထုအတွင်းသို့ ကျဆင်းသွားသည်။ ထိုအမှောင်ထုထဲတွင် မှင်သက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားသည့် ဖျက်ဆီးခြင်းစွမ်းအင်များက ပါဝင်နေလေသည်။

အခန်း(၁၁၃၇)

ဝုန်း

ချွီထေပါး၏ မူလအကြံအစည်က နောက်ဆုတ်နေသော ထန်စစ်တပ်ကို အာရုံစိုက်ရန်ဖြစ်သည်။ သို့သော် ဝမ်ချောင်က တိုက်ခိုက်လာသည့် အခိုက်အတန့်တွင် သူ၏မျက်နှာက ချက်ချင်းဆိုသလို တင်းမာသွားပြီး ခေါင်းကိုလှည့်ကြည့်လိုက်သည်။ သူ၏အထင်သေးသော မျက်ဝန်းများဟာ တည်ငြိမ်တင်းမာသွားသည်။

မဟာဖျက်ဆီးခြင်းသိုင်း

ထိုသိုင်းသည် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အဆင့်အမြင့်ဆုံးသိုင်းဖြစ်နေသည်။ ကြီးမားသော စစ်ပွဲကြီးတွင် မိစာဧကရာဇ် လူအိုကြီးမန်ကလည်း ထိုအကွက်ကိုသုံးပြီး လမ်းမှန်နှင့် လမ်းဆိုးဂိုဏ်းခွဲ အများစုမှ အဓိက ကျွမ်းကျင်ပညာရှင် ဆယ်ယောက်ထက်မနည်း သတ်ဖြတ်နိုင်ခဲ့သည်။ အနောက်မှ အမျိုးမျိုးသော ဂိုဏ်းများအပါ ကျွမ်းကျင်ပညာရှင် များစွာကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။ ထိုသို့လုပ်နိုင်ခဲ့သောကြောင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က သိုင်းပညာကို ကျင့်သုံးသောလောကတွင် အဆင့်အမြင့်ဆုံးသော အဆင့်အတန်းကို တည်ဆောက်နိုင်ခဲ့ပြီး မိစ္ဆာဧကရာဇ်ဆိုသော ဘွဲ့နာမည်ကို ရရှိခဲ့သည်။

ထိုအကွက်ဟာ အာကာသပြင်ကို စုတ်ဖြဲပြီး လေဟာနယ် အနက်ရှိုင်းဆုံးအပိုင်းရှိ သန့်စင်လွန်းသော ဖျက်ဆီးခြင်းစွမ်းအားများကို ဆွဲထုတ်ယူကာ ပြိုင်ဘက်ကို တိုက်ခိုက်ခြင်းဖြစ်သည်။ ချွီထေပါးကဲ့သို့ အင်အားကြီးမားသော လူမျိုးကပင် ထိုကဲ့သို့သော တိုက်ကွက်မျိုးကို ရင်ဆိုင်ရသည့်အခါ အာရုံအပြည့်စိုက်ထားရန် လိုအပ်သည်။

ဝုန်း

ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ရွှေရောင်အလင်းများ ပြည့်နှက်နေသည့် ဓားချီအလင်းတန်းက ဆုတ်ခွဲနေသော ထန်စစ်တပ်ကို ဦးတည်နေခဲ့ရာမှ ရုတ်တရက် ဘက်ပြောင်းလိုက်ပြီး ဝမ်ချောင်ကိုသာ ခုတ်ပိုင်းလိုက်သည်။

ထိုသို့ဖြင့် ဓားချီနှစ်တန်းလုံးက ဦးတည်ရာဘက်တစ်ခုစီကိုခွဲကာ တိုက်ခိုက်လိုက်ရာမှ နောက်ဆုံးတွင် ပြန်လှည့်ပေါင်းစည်းလေပြီး ဝမ်ချောင်တစ်ယောက်တည်းကိုသာ အာရုံစိုက်လိုက်သည်။ ထိုသို့ဖြင့် ယခင်ထက် အဆပေါင်းများစွာ တောက်ပသွားလေကာ မျက်စိကြိမ်းမတက် ဖြစ်သွားသည်။

ဘုန်း

ထိုသို့ဖြင့် မတူကွဲပြားသော ဖျက်ဆီးခြင်းစွမ်းအင် အမျိုးအစားနှစ်ရပ်က ထိပ်တိုက်ဆုံသွားသည်။ ထိုအမျိုးအစား နှစ်ခုလုံးက အလွန်အမင်း သန့်စင်လွန်းသည်။ ထိုသို့ဖြင့် လေထဲတွင် ထိပ်တိုက်ဆုံသွားသည်။

လူတိုင်းမြင်ရသမျှဟာ အမှောင်ထုအတွင်း လင်းလက်တောက်ပလာသော အလင်းတန်းနှစ်တန်းဖြစ်သည်။ ထိုသို့ဖြင့် မျက်စိကြိမ်းမတက် တောက်ပသော ရွှေရောင်နေမင်း၏ အလင်းရောင်နှင့် နီရဲလွန်းသော လမင်း၏ အလင်းရောင်များအဖြစ် ပြောင်းလဲကာ ပေါက်ကွဲထွက်သွားသည်။

ဝမ်ချောင်က ယခင်ကထုတ်ဖော်ဖူးသော နေမင်းနှင့်လမင်း ပုံရိပ်ယောင်များထက် ပို၍ အစစ်အမှန် ဆန်လွန်းသည်။ ထိုတောက်ပလွန်းသော နေမင်းကြီးထံမှ မြင်ရသမျှက ထိုးထွက်လာသော ရောင်ချည်တန်းများဖြစ်သည်။ လပြည့်ဝန်းကြီး၏ အပေါ်ယံမျက်နှာပြင်တွင် ရှိနေသော ချိုင့်သားများ၊ ကွဲအက်ရာများကိုလည်း ထင်ထင်ရှားရှား မြင်နေရသည်။ ဝမ်ချောင်ဟာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သူ၏စိတ်စွမ်းအားလောကအပေါ် နားလည်သဘောပေါက်မှုနှင့် ပေါင်းစပ်ပြီး တဖန်ပြန်လည်ဖန်တီးလိုက်ခြင်းဖြစ်သည်။

စွမ်းအားချင်း ထိပ်တိုက်ရင်ဆိုင်သည့်အခါ ဝမ်ချောင်ဟာ နောက်သို့လွင့်ထွက်သေးသည်။ သို့သော် ချွီထေပါး၏ ဓားချီနှစ်တန်းပေါင်းစပ်ပြီး ထွက်လာသည့် အင်အားကြီးမားသည့် တိုက်ကွက်ကပင် ဝမ်ချောင်၏ မဟာဖျက်ဆီးခြင်းသိုင်းအောက်တွင် ပျက်စီးသွားရသည်။ ချွီထေပါးကဲ့သို့ မယိမ်းယိုင်သည်ဟု ယူဆထားရသော ပုဂ္ဂိုလ်ကြီးကပင် အနည်းငယ် တုန်ယင်သွားသည်။

ချွီထေပါးဟာ နောက်သို့လွင့်သွားသော ဝမ်ချောင်ကိုကြည့်သည်။ သူ၏မျက်နှာသည်လည်း တင်းမာသွားသည်။

ချွီထေပါးက တိုက်ပွဲနယ်မြေတွင် စတင်ပေါ်ပေါက်လာပြီး ဝမ်ချောင်နှင့် ဆုံခဲ့ချိန်ကဆိုလျှင် ဝမ်ချောင်ဟာ မည်သို့ကြိုးစားစေကာမူ သူ့ကိုထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ ဝမ်ချောင်က ကောင်းရှန်းကျစ်၊ ဝမ်ရန်နှင့် ချန်းချန့်လီတို့နှင့် ပူးပေါင်းခဲ့သည့်တိုင်အောင် သူ့ကိုဘာမှမလုပ်နိုင်ခဲ့ချေ။ သို့သော် ယခုမူ ဝမ်ချောင်က သူ၏အင်အားအပြည့်ရိုက်ချက်ကို တောင့်ခံနိုင်ခဲ့ရုံသာ မကသေးလေဘဲ သူက ချွီထေပါး၏ ပုခုံးကိုပင် တုန်အောင်လုပ်နိုင်သွားသည်။ ထိုအခြေအနေက ချွီထေပါးအား သတ်ဖြတ်လိုစိတ် ပို၍ပြင်းထန်လာစေသည်။

ချွီထေပါးက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြန်လည်တိုက်ခိုက်ရန် ကြံစည်လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရသည်။

“ချောင်အာ မင်းရဲ့ဆရာက လာပြီးကူညီမယ်”

သူက မတုန့်ပြန်နိုင်သေးခင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က အနက်ရောင်မိုးကြိုးတန်း တစ်ခုလိုမျိုး ဆင်းသက်လာလေပြီး နှစ်ယောက်ကြားရှိ တိုက်ပွဲနယ်မြေသို့ ဝင်ရောက်ရင်း ဝင်ပါလာသည်။

“မင်းပဲ”

ရင်းနှီးကျွမ်းဝင်သောပုံရိပ်က ချွီထေပါး၏မျက်နှာကို ပို၍တင်းမာသွားစေသည်။ သူ၏မျက်နှာတွင် အသိအမှတ်ပြုဟန်က ပေါ်ထွက်လာသည်။

ဘုန်း

မျက်တောင်တစ်ခတ် အချိန်အတွင်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲလျှက် ချွီထေပါးထံ တိုးဝင်သွားသည်။ တစ်ချိန်ထဲလိုလို ကြီးမားသော အလံကြီးက ယမ်းခါသွားသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်က သူ၏စွမ်းအင်တိုင်းကို ဖိနှိပ်ပြီး နဂါးကိုးကောင် သွေးစစ်အလံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် တိုက်ပွဲအတွင်းသို့ ခုန်ဝင်လာလေသည်။

“ဆရာ သ သတိထား”

တစ်စက္ကန့်ခန့်ကြာပြီးနောက် ဝမ်ချောင်က အလန့်တကြားအော်ဟစ်လျှက် ဝင်ရောက်လာသည်။ ထိုသို့ဖြင့် သူတို့သုံးယောက်ကပေါင်းပြီး ချွီထေပါးနှင့် ရင်ဆိုင်သည်။

ချွီထေပါးသည် အာရေးဗီးယားဘက်မှ နံပါတ်တစ် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေပြီး ရပ်တန့်၍ မရလောက်ဟု ထင်ရလောက်သည့်တိုင်အောင် သူဟာ ထိုတိုက်ခိုက်သူ သုံးယောက်လုံးကို အဓိက အာရုံစိုက်ထားရသည်။ မည်သို့ပင်ဆိုစေ ဒါဟာ မဟာဗိုလ်ချုပ်ကြီးအဆင့် သုံးယောက်၏ ပူးပေါင်းလုပ်ကြံ သတ်ဖြတ်မှုဖြစ်နေသည်။

ယခုအခါ ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့က ပူးပေါင်းလာသောအခါ ထန်စစ်တပ်ပေါ်သို့ ရောက်ရှိနေသည့်ဖိအားက အများကြီး လျော့ကျသွားလေသည်။

“သူတို့ကိုမေ့ထားလိုက် သူတို့သုံးယောက်က အခြေခံအားဖြင့် အင်အားကြီးတယ်ဆိုပေမဲ့လည်း ချွီထေပါးက သူတို့ကို ထိန်းနိုင်သေးတယ်။ ထန်စစ်သားတွေကို နောက်မဆုတ်စေနဲ့။ သူတို့အားလုံးကိုသတ်။ ဒီတိုက်ပွဲမှာ ဘယ်သူက အမှန်တကယ် အနိုင်ရလဲဆိုတာကို ပြလိုက်ရအောင်”

ဝရုန်းသုန်းကားဖြစ်နေသည့် တိုက်ပွဲနယ်မြေအတွင်း လေပြင်းများက ဟိန်းဟောက်နေသည်။ အားပါး၏အကြည့်က ဝမ်ချောင်ထံ တခဏသာ ကျရောက်လာပြီးနောက်တွင် သူဟာ အနောက်သို့ ဆုတ်ခွာနေသည့် ထန်စစ်တပ်ထံ အာရုံစိုက်လိုက်သည်။

အားပါး၏စကားကိုကြားသော ဟော်ရှု့ဟွေ့ခမ်းနှင့်ကျစ်ရတို့ကလည်း တုန့်ဆိုင်းမနေဘဲ နောက်မှလိုက်လာကြပြီး ထွက်ပြေးသွားသော ထန်များ၏နောက်သို့ ချီတက်ကြသည်။

မဟာထန်သည် စစ်သားအများကြီး မကျန်ရစ်တော့ချေ။ လက်နက်ကြီးအဖွဲ့ဝင်များလည်း မရှိတော့ချေ။ ကျန်ရစ်သော စစ်သားများက လက်ရွေးစင်များဖြစ်နေသည်။ ထိုလူများအားလုံးကိုသာ အနောက်ပိုင်းနယ်မြေသို့ ပြန်ခွင့်ပြုလိုက်လျှင် အနာဂတ်တွင် အဆုံးမသတ်နိုင်သည့် မုန်တိုင်းများကို ထိုးမွှေပေလိမ့်မည်။

ထို့ကြောင့် သူတို့ကထန်စစ်သားများကို ရသမျှ သတ်ထားရပေမည်။ ဒါဟာ ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် အနက်ရောင်အစောင့်တို့ မည်မျှရုန်းကန်စေကာမူ မပြောင်းလဲနိုင်သည့် အချက်ဖြစ်သွားသည်။

စစ်တပ်တစ်ခုက စစ်သားများမရှိပါက အစစ်အမှန် စစ်တပ်ဟု ခေါ်ဆို၍မရချေ။ ထန်စစ်သားများအားလုံးကို သတ်လိုက်ပြီး ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ကဲ့သို့ ဗိုလ်ချုပ်ကြီးများသာ ကျန်ရစ်မည်ဆိုလျှင်လည်း သူတို့ သေသေ မသေသေ အရေးမကြီးတော့ချေ။

“သတိထား အာရပ်တွေက လိုက်ဖမ်းနေပြီ”

အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က စတင်လှုပ်ရှားသည့် အခိုက်အတန့်တွင် ဝမ်စစ်လီ၊ တုဝူဝေ့နှင့် အခြားသော ထန်ဗိုလ်ချုပ်တိုင်း၏ မျက်နှာက တင်းမာသွားကြသည်။ ထုံလော့မြင်းတပ်မှ လက်ထောက်ဗိုလ်ချုပ်ကြီး ချူလော့ဟုန်လည်း ပါဝင်သည်။

ထိုမဟာဗိုလ်ချုပ်ကြီး သုံးယောက်က အတူပေါင်းပြီး သူတို့အားလုံးထံသို့ ရောက်ရှိနေသည့် ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားများ အားလုံးကို သိမ်းယူသွားသော်လည်း ကျန်သောသုံးယောက်က လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် သူတို့ထံ ဝင်ရောက်လာနေသေးသည်။ ထို့ကြောင့် ဝမ်စစ်လီတို့အားလုံး၏ မျက်နှာကလည်း ဖြူဖျော့သွားရသည်။

“ငါတို့ဒီလောက်အများကြီး စိုးရိမ်နေလို့မရဘူး။ ဘယ်လိုနည်းနဲ့မဆို စစ်တပ်ကို လုံလုံခြုံခြုံ ထွက်သွားနိုင်အောင် လုပ်ပေးရမယ်”

ယခုလိုအရေးကြီးသော အခြေအနေမျိုးတွင် ဟော်ရှု့ဟွေ့ခမ်းတို့က လိုက်မှီလာခဲ့ပါက ထန်စစ်တပ်က ခြောက်ခြားဖွယ်ကောင်းလွန်းသည့် ဆုံးရှုံးမှုဒဏ်ကို ခံရပေလိမ့်မည်။ ထို့ကြောင့် တွေးတောရန် အချိန်မရှိတော့သည့်အလျောက် ဝမ်စစ်လီက ဟော်ရှု့ဟွေ့ခမ်းတို့၏ အဖွဲ့သို့ ခုန်ဝင်သွားလိုက်ရသည်။

တုဝူဝေ့၊ ချူလော့ဟုန်နှင့် အခြားသော ဗိုလ်ချုပ်များကလည်း ဆုံးဖြတ်ချက် ချလိုက်ကြသည်။

ဘန်း ဘန်း ဘန်း

ထိုသို့ဖြင့် ပုံရိပ်တစ်ခုပြီးတစ်ခုက ခုန်ထွက်သွားသည်။ သူတို့၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြည့်နှက်နေပြီး အညံ့မခံလိုစိတ်က ထင်ရှားနေသည်။

“ဟွန်း ကိုယ့်အင်အားကို အထင်ကြီးနေတဲ့ ကိုယ်ပွားသာသာပါပဲ”

အားပါးက ထိုမြင်ကွင်းကြောင့် အေးစက်စွာရယ်လိုက်သည်။ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးများနှင့် မဟာဗိုလ်ချုပ်ကြီးတို့အကြား ကွာခြားချက်ကို စိတ်အားထက်သန်မှုနှင့် သတ္တိလောက်က ဖြည့်ပေး၍မရချေ။ အားပါး၏ ရှု့ထောင့်ဘက်မှကြည့်လျှင် ထန်ဘက်မှ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်များ အားလုံးက တစ်ဖက်သတ် အသေခံရန် လှုပ်ရှားလာကြခြင်းဖြစ်သည်။

ဘန်း ဘန်း ဘန်း

ထိုသို့ဖြင့် အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်မုန်တိုင်းများက တစ်လုံးပြီးတစ်လုံး လိမ့်ထွက်လာသည်။ ထိုသုံးယောက်က သတ်ဖြတ်လိုစိတ် အပြည့်နှင့် သတ်ဖြတ်ခြင်း အခြေအနေသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက်...

စွစ်

နို့နှစ်ဖြူရောင် အလင်းတန်းတစ်တန်းက ပေါ်ထွက်လာသည်။ ထိုအလင်းတန်းဟာ ထက်ရှပြီး ခမ်းနားထည်ဝါလွန်းလေရာ အကန့်အသတ်သို့ပင် ရောက်ရှိချဉ်းကပ်သွားသည်။ ထိုသို့ဖြင့် ထိုစွမ်းအားတန်းကြီးက ထိုသုံးယောက်ထံ ချဉ်းကပ်လာသည်။

ထိုစွမ်းအားတန်းက အလွန်အမင်း သိပ်သည်းနေသည်။ ထို့ကြောင့် အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ကဲ့သို့ အင်အားကြီးမားသော သူများကပင် ထိုစွမ်းအားတန်းအတွင်းတွင် ပါဝင်နေသည့် သိပ်သည်းလွန်းသော ဖျက်ဆီးခြင်းစွမ်းအားအောက်တွင် ကြောက်လန့်ကာ တုန်ယင်ရသည်။ သူတို့အားလုံးက ရပ်တန့်ပြီး နောက်ဆုတ်လိုက်ရသည်။

“မျိုးမစစ်တွေ ဒီအဘိုးကြီးက အသက်ရှင်နေသေးတယ်”

အားပါးက ဆံပင်အဖြူနှင့် စုတ်ပြတ်သပ်နေသော ဝတ်စုံကို ဝတ်ထားသည့် အဘိုးကြီးတစ်ယောက်က သံမဏိမြို့ရိုးကြားမှ ထွက်ပေါ်လာလျှက် ရပ်တန့်နေကြောင်း မြင်လိုက်ရသည်။ သူ၏မျက်လုံးများက မှေးကျဉ်းသွားသည်။ သူဟာ အံ့ကိုကြိတ်လိုက်ပြီး အတန်းလိုက် ကျိန်ဆဲလိုက်သည်။

ထိုအဘိုးကြီးသည် ချွီထေပါး၏ ဖျက်ဆီးခြင်းစွမ်းအား တိုက်ကွက်များထဲမှ တစ်ကွက်ကို လက်ခံရရှိခဲ့သည်။ လွင့်ထွက်သွားပြီးနောက် အချိန်အတန်ကြာအောင် မလှုပ်မယှက် ငြိမ်နေခဲ့သည်။ ထို့ကြောင့် အားပါးကလည်း ထိုအဘိုးကြီး သေသွားပြီဟု ထင်နေခဲ့သည်။ မမျှော်လင့်ထားစွာပင် အသက်ရှုနိုင်သေးပုံရသည်။

“ချွီထေပါး မင်းမျိုးမစစ်ကောင် ဘာလို့သူ့ရဲ့ခေါင်းကို မဖြတ်လိုက်တာလဲ။ အဆုံးသတ်မှာတော့ ငါတို့ကို ဒုက္ခပေးနေတုန်းပဲ”

အားပါးက မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။

ထိုအဘိုးကြီးသည် လျစ်လျူရှု့၍မရသည့် တည်ရှိမှုကြီး ဖြစ်နေသေးသည်။ ထိုအဘိုးကြီးက လက်ညိုးလေး ညွှန်လိုက်ရုံနှင့် သူတို့က အလေးအနက်ထားပြီး အင်အားအကုန်သုံးကာ ခုခံရလောက်သည်။ ထိုစွမ်းအင်တန်းအောက်တွင် သူတို့အားလုံး သေသွားနိုင်သည်။ ထိုအတွက်ကြောင့်လည်း အားပါးတို့အားလုံးက နောက်ဆုတ်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် အားပါးက အထွန့်တက်ရုံသာ လုပ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးသည်လည်း မဟာဗိုလ်ချုပ်ကြီးများ ဖြစ်နေလေရာ အလွန်အမင်း ပြင်းထန်သည့် အတက်စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အသက်ကယ်နည်းလမ်းများလည်း ရှိနေသေးလေသည်။ ဥပမာအားဖြင့် တုဝူစစ်လီက တစ်စုံတစ်ရာ မှားယွင်းကြောင်း သတိထားမိသောအခါ ချက်ချင်း ထွက်ပြေးခဲ့သည်။ အစိုးရအော့စမန်းကလည်း သူ၏သွေးလွတ်မြောက်ခြင်းသိုင်းကို ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ထိုအဘိုးကြီးတွင်လည်း သူ့ကိုယ်သူ အသက်ရှင်အောင် ထိန်းပေးနိုင်မည့် ကိုယ်ပိုင်လွတ်လမ်း ရှိပေလိမ့်မည်။

“သူတို့ကို အသက်ရှုချိန်ပေးလိုက်ဦး။ ငါတို့ ဒီအဘိုးကြီးကိုသတ်ပြီးတာနဲ့ ထန်တွေကို အလားတူ သတ်လို့ရတယ်”

အားပါးက ဝူရှန်းရွာသူကြီးကို ခပ်ကြမ်းကြမ်းကြည့်လိုက်ပြီး ရှေ့သို့ခုန်ထွက်သွားသည်။ ကျစ်ရက နောက်ဘက်မှ လိုက်ပါသွားပြီး သမုဒ္ဒရာလက်စွပ်ကွင်းကို ပစ်လိုက်ကာ ဝေဝါးသော အလင်းတန်းအဖြစ် ပြောင်းလဲလျှက် ဝူရှန်းရွာသူကြီးထံ တိုးဝင်သွားစေသည်။ ဟော်ရှု့ဟွေ့ခမ်းက တခဏခန့် တုန့်ဆိုင်းသွားသည်။ သို့သော် အဆုံးသတ်တွင် သူသည်လည်း ပူးပေါင်းတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဒီတိုက်ပွဲ၏ ဒီလိုအဆင့်တွင် ယွီစန်းဟာလည်း နောက်ဆုတ်၍မရနိုင်တော့ချေ။ သူတို့က ထန်များကိုသတ်ပြီး ကြီးမားသော တန်ကြေးတစ်ခုကိုရအောင် မပေးဆပ်ခိုင်းလျှင် ယွီစန်းသည် အစစ်အမှန် နိုင်သည်ဟု သတ်မှတ်၍မရချေ။ သူတို့က ဆုံးရှုံးထားသော စစ်သားများနှင့် တုစုန့်မာန်ဖော်ကျဲ့၏ သေဆုံးမှုက အလဟသ ဖြစ်သွားပေလိမ့်မည်။

ဘုန်း

အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့အားလုံးက ပူးပေါင်းပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည့် ဝူရှန်းရွာသူကြီးကို တိုက်ခိုက်ကြသည်။ ဝူရှန်းရွာသူကြီးက အလွန်အမင်း ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်။ သို့သော် စစ်တပ်ကြီး ဆုတ်ခွာနိုင်ရန်အလို့ငှာ သူက နောက်မဆုတ်နိုင်ချေ။

“အမျိုးသားတစ်ယောက်က ဂုဏ်ယူစွာနဲ့ သေသင့်တယ်။ လာစမ်းပါ ဒီအဘိုးကြီးက မင်းတို့ကို အဆုံးသတ်ထိ တိုက်ခိုက်ပေးလို့ရတယ်”

ထိုသို့ဖြင့် ဝူရှန်းရွာသူကြီး၏ နှုတ်ခမ်းထောင့်မှ သွေးအတန်းလိုက် ပန်းထွက်သွားသည်။ သူ၏ ဆံပင်ဖြူများ ပြည့်နှက်နေသော ခေါင်းက သွေးများရဲသွားသည်။ သို့သော် ကျောကမူ ဖြောင့်မတ်နေပြီး မျက်လုံးကလည်း စူးရှနေသည်။ သူဟာ မယိမ်းယိုင်နိုင်သည့် တောင်တန်းတစ်ခုအလား ထင်ရပြီး ဘယ်သောအခါမှ နောက်ဆုတ်သွားလိမ့်မည်မဟုတ်ချေ။

မျက်တောင်တစ်ခတ် အချိန်အတွင်း လေးယောက်က ကြမ်းတမ်းသည့် တိုက်ပွဲကို ဆင်နွဲနေကြသည်။

“ဟွန်း သူတို့ကိုမပြေးစေနဲ့”

ဟော်ရှု့ဟွေ့ခမ်းတို့ကို ဝူရှန်းရွာသူကြီးက ဆွဲခေါ်သွားသောအခါ သူတို့၏စစ်တပ်ကမူ ကျန်သောစစ်သားများနောက်သို့ လိုက်သွားနေသေးသည်။

တာ့မာတာ့ရီမော့က သူ၏အနီရောင် ဓားကြီးကို လက်နှစ်ဖက်လုံးဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် ထွက်ပြေးသွားသော ထန်များ၏အနောက်သို့လိုက်သည်။ သူ၏မျက်လုံးက သွေးနီရောင် သမ်းနေပြီး ရူးသွပ်မှုက ပြည့်နှက်နေသည်။ ဒီတိုက်ပွဲတွင်သူဟာ သတ်ဖြတ်လိုစိတ် အပြည့်အဝ ထုတ်သုံးနိုင်မည်ဖြစ်လေသည်။ ထိုသို့ဖြင့် ကြီးလေးလွန်းသော သတ်ဖြတ်လိုစိတ်ဆန္ဒက နောက်မှ ကပ်လိုက်လာသည်။

“ထန်တစ်ယောက်ကို သတ်နိုင်တိုင်း မင်းတို့ကို အရာရှိရာထူးတစ်ခု ချီးမြှင့်မယ်။ ထန်ဆယ်ယောက်ကို သတ်ရင် မင်းတို့က ယွီစန်းရဲ့သူရဲကောင်းပဲ။ ဘယ်သူက နောက်ဆုတ်ခွင့်မရှိဘူး။ အားလုံးပဲ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ”

တစ်ချိန်ထဲလိုလို သာ့ယန်အစုန့်ရုန်၊ တာလက်နျဲ့စိုင်၊ ချီလီစုရုန်နှင့် အခြားသော ငယ်ရွယ်သည့် တိဗက်မှ မွေးရာပါ ပါရမီရှင်များအားလုံးက အော်ဟစ်ကာ ကိုယ်ပိုင်အင်အားစု အသီးသီးကို ဦးဆောင်လျှက် လိုက်ဖမ်းကြသည်။ ထိုသို့ဖြင့် သူတို့၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်ဆန္ဒများက ပန်းထွက်လာသည်။

ပွက် ပွက် ပွက်

ကြမ်းတမ်းသည့် တိုက်ပွဲတွင် ထန်စစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်က ဓားမောက်ရှည်များအောက်တွင် လဲကျသေဆုံးနေကြရသည်။ သူတို့ဟာ နောက်ဆုတ်ရင်း ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွဲနေရသည်။ ထိုသို့ဖြင့် တိဗက်နှင့် အာရပ်များကို တွန်းထုတ်ရင်း အတက်နိုင်ဆုံး အမြန်ဆုံး ဆုတ်နေရသည်။ သို့သော် ခြေထောက်နှစ်ဖက်က လေးဖက်ကို မယှဉ်နိုင်ချေ။ သူတို့အနေနှင့်လည်း မြေပြန့်ပေါ်တွင် လျှင်မြန်သောအရှိန်နှုန်းနှင့် စီးနင်းနိုင်သည့် အာရပ်မြင်းတပ်ကို မျက်ခြေမပျက် ချန်ထားရစ်ခဲ့ပြီး ထွက်ပြေးရန် မဖြစ်နိုင်ချေ။

ထန်များဟာ တိုက်ပွဲနယ်မြေအတွင်း ဆက်တိုက်ဆိုသလို သတ်ဖြတ်ခံနေရသည်။ သို့သော် တိဗက်များနှင့် အာရပ်များ၏ အခြေအနေကလည်း အလားတူသာလျှင်ဖြစ်သည်။

အခန်း(၁၁၃၈)

“အားလုံးပဲ နောက်ဆုတ်ဖို့ အသင့်ပြင်ကြ”

ကျန်းရှို့ကျစ်က မြင့်မားလွန်းသော သံမဏိမြို့ရိုးကြီး၏ အနောက်ဘက်တွင် ရပ်နေသည်။ သူဟာ အလွန်တင်းမာသည့် မျက်နှာထားကို ချိတ်ဆွဲထားသည်။ သူ၏မုတ်ဆိတ်နှင့် ဆံပင်များက လေကြောင့်လွင့်နေသည်။

မဟာထန်ဟာ ရှုံးသွားသည်။ အမြောက်အများ ဆုံးရှုံးထားရသည်။ ထိုအခိုက်အတန့်တွင် တာလာ့တွင် စစ်သည်အများကြီး မကျန်ရစ်တော့ချေ။ မျိုးနွယ်ခြား တိုက်ပွဲနယ်မြေကြီးတွင် ကျန်ရစ်ခဲ့သောအရာက မဟာထန်၏ အမှတ်တံဆိပ်ဖြစ်သည်။ အာရပ်လက်ရွေးစင်များနှင့် တိဗက်မြင်းတပ်များ၏ ဖမ်းဆုပ်မှုမှ ထိုသူရဲကောင်းများ လွတ်မြောက်နိုင်ရန်အလို့ငှာ ထိုလူများ အနောက်ပိုင်းနယ်မြေသို့ ပြန်နိုင်ရန်အလို့ငှာ မျှော်လင့်ကြရမည်ဖြစ်သည်။

ပေငါးရာ၊ ပေသုံးရာ၊ ပေတစ်ရာ... အကွာအဝေးဟာ ကျုံ့သထက် ကျုံ့လာသည်။ အာရပ်နှင့် တိဗက်များအားလုံးက နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်နှင့် အခြားသော ထန်စစ်တပ်တိုင်းကို အာရုံစိုက်နေကြပြီး သံမဏိမြို့ရိုးအနောက်ဘက်မှ ထန်လက်မှုပညာရှင်များကို အာရုံမစိုက်ကြချေ။ ထိုလက်မှုပညာရှင်များကမူလကမူ သံမဏိမြို့ရိုးများကို ပြင်ဆင်ခြင်း၊ လက်နက်များကို ပြင်ဆင်ခြင်းတို့ လုပ်နေကြသည်။ ယခုမူ အားလုံး၏လက်က ပျားပုံးလက်နက်များ၏ ခလုတ်အသီးသီးကို ကိုင်ဆွဲထားကြသည်။

“ပစ်”

ကျန်းရှို့ကျစ်၏ အမူအရာအောက်တွင် ထန်လက်မှုပညာရှင်များက ခလုတ်ကို နှိပ်လိုက်ကြသည်။ ထိုအခါ ကောင်းကင်တစ်ခုလုံးက ဟိန်းဟောက်သလို အော်သံများနှင့် ပေါက်ကွဲထွက်သွားသည်။ အကြောင်းမူကား ထိုပျားပုံးလက်နက်များ အတွင်းမှ မြှားသိန်းကျော်က ထွက်လာသောကြောင့် ဖြစ်ပေါ်လာသော အသံဖြစ်သည်။ ထိုသို့ဖြင့် အာရပ်နှင့် တိဗက်စစ်သားများ အပေါ်သို့ ဆင်းသက်လာကြသည်။

ဟီ...

ဝရုန်းသုန်းကား အခြေအနေက အာရပ်နှင့် တိဗက်များကိုပင် အလန့်တကြားဖြစ်သွားစေသည်။ သူတို့ဟာ မြှားမိုးအောက်သို့ ကျရောက်သွားသည်။ မည်သူကမှလည်း ဒီလိုအားနည်းတဲ့ လက်မှုပညာရှင်များက ပျားပုံးလက်နက်များကို အရယူပြီး ကြမ်းတမ်းစွာ တိုက်ခိုက်လာမည်ဟု မထင်ထားကြပေ။

“မျိုးမစစ်တွေ သတ်ကြစမ်း”

အာရပ်နှင့် တိဗက်အရာရှိများက ဒေါသထွက်သွားသည်။ လက်မှုပညာရှင်များကို စစ်သားများဟု ထည့်တွက်၍မရချေ။ ထို့ကြောင့် မည်သည့်နည်းနှင့်မျှ သူတို့တွင် တိုက်ခိုက်နိုင်စွမ်းရည် မရှိပါချေ။ ထိုအတွက်ကြောင့် ယခုလိုမျိုး ထိုလူများက ခြုံခိုတိုက်ခိုက်လာသည့် ဖြစ်ရပ်ကို လက်ခံရခြင်းဟာ သူတို့ကို အရှက်ကွဲသလိုခံစားရစေသည်။ ထိုသို့ဖြင့် မြင်းတပ်တစ်ဖွဲ့က ချက်ချင်းဆိုသလို ဦးတည်ရာဘက် ပြောင်းလိုက်ပြီး ထန်လက်မှုပညာရှင်များထံသွားသည်။

“သူတို့ကိုသတ် တစ်ကောင်မှ မရှင်စေနဲ့”

မြေပြင်ကို ခွာများက ဆက်တိုက်ဆောင့်ပေါက်လိုက်သည့် အခိုက်အတန့်တွင် မြေပြင်က တသိမ့်သိမ့် တုန်သွားသည်။ အာရပ်မြင်းတပ်အဖွဲ့ဝင် ထောင်ပေါင်းများစွာက ရှေ့သို့ချီတက်သွားသည်။

“ပစ်”

“ထပ်ပစ်”

ကျန်းရှို့ကျစ်၏ဆံပင်က လေတွင်လွင့်နေသည်။ သူ၏မျက်ဝန်းအတွင်း ပုံမှန်မဟုတ်လောက်သည့် တည်ငြိမ်မှုက ရှိနေသည်။ လက်မှုပညာရှင် အများစုက သာမာန်လူများဖြစ်သည်။ သို့သော် ကျန်းရှို့ကျစ်ကမူ ဝမ်ချောင်နှင့် အလုံးအရင်းနှင့် တိုက်ခိုက်သည့် တိုက်ပွဲပေါင်းများစွာတွင် ဝင်ရောက်ပါဝင်ခဲ့ဖူးလေရာ အမျိုးမျိုးသော အခြေအနေတိုင်းကို အတွေ့အကြုံရှိသည်။ ထို့ကြောင့်သူ့တွင် လေးစားဖွယ်ကောင်းသည့် စိတ်ဓာတ်ခွန်အားကို ပိုင်ဆိုင်ထားသည်။

မြင်းတပ်အဖွဲ့ဝင်ပေါင်းများစွာက သူတို့ထံ ချီတက်လာနေပြီး ခုခံအားလှိုင်း ကျော်ဖြတ်လာနိုင်သည်နှင့် သူတို့ထဲမှ အဖွဲ့ဝင် အမြောက်အများ သေရနိုင်ကြောင်း သိနေသည့်တိုင်အောင် ကျန်းရှို့ကျစ်ကမူ အနည်းငယ်သော်မျှ မထိတ်လန့်သွားချေ။

ဘုန်း

ထိုသို့ဖြင့် ခလုတ်များက တဖန်ထပ်အနှိပ်ခံရသည်။ ပျားပုံးလက်နက်များက လေထုအတွင်းသို့ ဟိန်းဟောက်သောအသံများကို ထုတ်လွှတ်လျှက် မရေမတွက်နိုင်သော မြှားမိုးကိုရွာသွန်းသည်။

ပွက် ပွက် ပွက်

ထိုသို့ဖြင့် မြှားများက အသွေးအသားများကို ကျော်ဖြတ်သွားပြီး မြောက်များလှစွာသော အာရပ်မြင်းသည်တော်များကို ခုတ်လှဲပစ်သည်။

“ထပ်ပစ်”

“ထပ်ပစ်”

ကျန်းရှို့ကျစ်က လက်မောင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် အောက်သို့ချနေသည်။ ပြင်းထန်သော မြှားမိုးဒဏ်ကို ခံရသည့်အချိန်တွင် အာရပ်နှင့်တိဗက် အဖွဲ့ဝင် သောင်းပေါင်းများစွာကလည်း အရှိန်နှုန်း နှေးကျသွားရသည်။ ပျားပုံးလက်နက်များ၏ လုပ်ကြံသတ်ဖြတ်မှုက ထန်စစ်သားများကို အသက်ရှုချိန် ရသွားစေသည်။ ဒီနည်းအားဖြင့် အသက်ရှင်နိုင်ရန် အခွင့်အရေး ပေးလိုက်နိုင်သည်။

“နောက်ဆုတ် အားလုံးပဲ နောက်ဆုတ်ကြ”

လီစစ်ယဲ့၊ ရွှယ်ချန်ကျွင်း၊ ခုံးကျစ်အန်းနှင့် ကျန်းချွယ်တို့အားလုံးက စိုးရိမ်တကြီး အော်ကြသည်။ စစ်တပ် ယခုလောက်အထိ ဆိုးရွားသော အခြေအနေမျိုးကို မကြုံဖူးကြချေ။ အာရပ်များသည် သူတို့နောက်သု့ိ တောက်လျှောက်လိုက်နေသလို ထန်စစ်တပ်ကလည်း စစ်သည်သုံးသောင်းကျော်ပင် မကျန်ရစ်တော့ချေ။ စုဟန်ရှန်း၏ လက်နက်ကြီးအဖွဲ့ကို ဖယ်ရှားလိုက်မည်ဆိုလျှင်ပင် သူတို့တွင် အမှန်တကယ် တိုက်ခိုက်နိုင်သော ပမာဏက တစ်သောင်းဝန်းကျင်သာ ရှိနေသည်။ မဟာဗိုလ်ချုပ်ကြီးများအတွက်ကမူ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်ကလွဲပြီး လူတိုင်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြသည်။ ထို့ကြောင့် ဒီတိုက်ပွဲတွင် ပထမဦးဆုံး အကြိမ်အနေနှင့် မဟာထန်၏စစ်တပ်က အလုံးစုံ သုတ်သင်ခံရလုနီးပါး အခြေအနေကို ရင်ဆိုင်နေရသည်။

“သတ် သူတို့ကို မလွတ်စေနဲ့”

မဟာထန်စစ်တပ်က ခုခံရေးအားလှိုင်း အနောက်ဘက်သို့ ဆုတ်ခွာရန်ပြင်ဆင်နေကြောင်း မြင်သောအခါ ချွီထေပါး၏ နံပါတ်တစ်လက်ထောက် မန်ဆာ၏မျက်နှာထားက တင်းမာသွားသည်။ သူ၏ခန္ဓာကိုယ်က သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာလေပြီး ဓားကိုဆွဲလျှက် ဖွင့်ဟခြင်းစစ်တပ်မှ ကျန်သောလူများအားလုံးကို ဦးဆောင်ကာ လိုက်ဖမ်းလေသည်။

မြောက်ပိုင်းစစ်နယ်မြေဇုံမှ စစ်သားများက ဒီတိုက်ပွဲတွင် လူအမြောက်အများကို ဆုံးရှုံးထားရသည်။ ဖွင့်ဟခြင်းစစ်တပ်ကပင် ကြီးလေးသည့် ဆုံးရှုံးမှုကို ခံလိုက်ရလေသည်။ ထို့ကြောင့် မန်ဆာက ဒီစစ်တပ်ကို ချွီထေပါးထက်ပင် တန်ဖိုးထားသေးသည်။ ကြီးလေးသည့် ဆုံးရှုံးမှုက သူ၏နှလုံးသားကို သွေးစိမ်းရှင်ရှင် ထွက်စေသည်။

“မျိုးမစစ်တွေ မင်းတို့ထဲက ဘယ်ကောင်မှ အသက်ရှင်ရက် ထွက်သွားနိုင်မယ်လို့ မထင်နဲ့”

မန်ဆာ၏မျက်လုံးက သတ်ဖြတ်လိုစိတ်များနှင့် ပေါက်ကွဲလာလေပြီး သူ၏ အတော်ဆုံးသော စစ်သားများကို ဦးဆောင်လျှက် ချီတက်စေသည်။ သို့သော် သူတို့က ချီတက်ရုံသာ ရှိသေးသည်။ ကြမ်းတမ်းသည့် ဓားချီတစ်စင်းက ထွက်ပေါ်လာလေပြီး မန်ဆာ၏ အနောက်ဘက်မှ စစ်သည်တော်များကို တိုက်ခိုက်လိုက်သည်။ ကျယ်လောင်သည့် ပေါက်ကွဲသံများအောက်တွင် မရေမတွက်နိုင်သည့် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက ထိုးဖောက်အသတ်ခံရသည်။ ထိုအခိုက်အတန့်တွင် တိုက်ခိုက်လိုက်သောလူက ဝမ်ချောင်ဖြစ်သည်။

သူ၏မျက်လုံးက စူးရှနေလေပြီး တိုက်ပွဲနယ်မြေရှိ အရာရာတိုင်းကို စောင့်ကြည့်နေခြင်းဖြစ်သည်။ ထို့ကြောင့် မန်ဆာက ထွက်ခွာလိုက်သည်နှင့် မန်ဆာက တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

“ကောင်စုတ်လေး မင်းကသေချင်နေတာလား”

လူတိုင်း၏နားအတွင်း ကျယ်လောင်ဩရှပြီး ဒေါသထွက်နေသောအသံက ထွက်ပေါ်လာသည်။ ချွီထေပါးဟာ အမြဲတစေ တင်းမာသော မျက်နှာထားနှင့် မယိမ်းယိုင်သော ပုဂ္ဂိုလ်ကြီးကဲ့သို့ ထင်ရသည်။ လောကရှိ မည်သည့်အရာကမှ သူ့ကိုသက်ရောက်နိုင်ပုံမပေါ်ချေ။ သို့သော် ဝမ်ချောင်က သူနှင့်တိုက်ခိုက်နေသည့် အခိုက်အတန့်တွင် မန်ဆာကို အာရုံစိုက်နိုင်သေးသည်။ ထို့ပြင် ချောင်းမြောင်း၍ပင် တိုက်ခိုက်လိုက်သေး၏။ ထိုအခြေအနေက ချွီထေပါးကို အရှက်ခွဲသလိုဖြစ်သွားသည်။

ပြိုင်ဘက်တိုင်းနီးပါးကို အမြဲတစေ အထင်သေးခဲ့သည့် မာနကြီးသော ချွီထေပါးအနေဖြင့် ဝမ်ချောင်၏ လုပ်ဆောင်မှုက သူ့ကို ဒေါသထွက်စေလိုက်သည်။

ခြိမ်း

ကောင်းကင်က တုန်ခါသွားပြီး မျက်စိကြိမ်းမတက် တောက်ပသည့် ရွှေရောင်ဓားချီပေါင်းများစွာက ပေါက်ထွက်လာသည်။ မူလက ထိုအလင်းတန်းက အနက်ရောင်သံချပ်ကာဝတ် အစောင့်ကို ချိန်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် ယခုမူ ဝမ်ချောင်ထံ ဦးတည်ရာဘက်ပြောင်းသွားသည်။

ဝမ်ချောင်၏ခန္ဓာကိုယ် တစ်ခုလုံးက ရွှေသားဖြင့် ဖန်တီးထားသည့်အလား တောက်ပလာသည်။ သူ၏ အနောက်ဘက်တွင် ကြီးမားသည့် ရွှေရောင်နတ်ဘုရား ခန္ဓာကိုယ်ကြီးက ပေါ်ထွက်လာသည်။ ထိုခန္ဓာကိုယ်ကြီးက လက်ကိုပိုက်လျှက် ချွီထေပါး၏ ကြောက်မက်ဖွယ်ကောင်းသည့် ရိုက်ချက်ကိုတားသည်။

“ဆရာ၊ ဗိုလ်ချုပ်လီ၊ အရှင်ကောင်း၊ ရွာသူကြီး အားလုံးပဲ နောက်ဆုတ်ကြပါ။ တာလာ့ကိုစွန့်ပစ်ပြီး အနောက်ပိုင်းနယ်မြေကို ပြန်ကြပါတော့”

ဝမ်ချောင်၏ ကျယ်လောင်သည့် အော်သံက ကောင်းကင်တွင် မိုးခြိမ်းသံလို ပေါက်ကွဲသွားသည်။ ထိုသို့ဖြင့် တာလာ့တခွင်လုံးအနှံ့ ပျံ့နှံ့သွားသည်။ ထိုအမိန့်ဟာ ထန်ဘက်မှလူတိုင်းကို အံ့ဩသွားစေသည်။ သုံး၊ လေးလခန့်ကြာအောင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီးနောက် သူတို့ဟာ အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းတူရကီများကို တစ်ကြိမ်ပြီးတစ်ကြိမ် တွန်းထုတ်နိုင်ခဲ့ပြီးနောက် အဆုံးသတ်တွင် ဝမ်ချောင်က ယခုလိုဆုံးဖြတ်ချက်ကို ချလိုက်သည်။ ထန်စစ်တပ်သည် အလုံးအရင်းနှင့် နောက်ဆုတ်ရန် လိုအပ်လာသည်။ ထိုသို့ဖြင့် အနောက်ပိုင်းနယ်မြေသို့ပြန်ပြီး နောက်ဆုံးသော အင်အားစုကို ထိန်းသိမ်းရန် လိုအပ်သည်။

ဝုန်း

လေဝဲတစ်ခုက ဖြတ်တိုက်သွားသလိုမျိုး မြို့ရိုးပေါ်ရှိ အမျိုးမျိုးသော လက်မှုပညာရှင်များနှင့် အဖွဲ့ဝင်ပေါင်းများစွာက ထိတ်လန့်လာကြသည်။

ရှုံးပြီ

မဟာထန်က တကယ်ရှုံးပြီ။

အဆုံးသတ်တွင် မဟာထန်သည် အာရပ်နှင့်တိဗက်တို့ ပူးပေါင်းထားသည့် တိုက်ပွဲတွင် ရှုံးသွားသည်။ တာလာ့မရှိတော့လျှင် ပူးပေါင်းထားသော ထိုမဟာမိတ်စစ်တပ်ကြီးက အနောက်ပိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာပေလိမ့်မည်။

ကောင်းကင်တွင် သံမဏိနှင့်သွေး အစိုးရကပင် ကြောင်သွားသည်။ ထို့ကြောင့်သူက စရယ်သည်။

“ဟား ဟား ကောင်းရှန်းကျစ်၊ ဝမ်ချောင် မင်းတို့နောက်ဆုံးတော့ ရှုံးသွားပြီပဲ။ အာ မင်းတို့ထဲက ဘယ်သူကမှ အနောက်ပိုင်းနယ်မြေကို မပြန်နိုင်စေရဘူး”

သူသည်လည်း ထန်ဘာသာစကားကို အနည်းငယ်သိသည်။ ထို့ကြောင့် ဝမ်ချောင်၏အမိန့်ကို နားလည်လိုက်သည်။ ကြီးမားသည့် တန်ကြေးကိုပေးဆပ်ပြီးနောက် အာရေးဗီးယားဟာ ဒီစစ်ပွဲတွင် နိုင်သွားလေပြီ။ ထိုအခြေအနေအရ အပုမူစလင်ဟာ သူ၏မူရင်းပန်းတိုင်ဖြစ်သည့် တာလာ့ကိုသိမ်းယူပြီး မဟာထန်ကို တိုက်ခိုက်ရန် လမ်းကြောင်းဖောက်ရမည့် အစီအစဉ်ကို မေ့လျော့သွားသည်။ ယခုမူ သူ၏ဆန္ဒများအားလုံးက ပြည့်တော့မည်ဖြစ်သည်။ သို့သော်သူက တာလာ့လောက်ကိုသာ မလိုချင်တော့ချေ။

“မင်းတို့အားလုံး ဒီနေရာမှာနေသင့်တယ်”

အပုမူစလင်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ မိစ္ဆာနတ်ဆိုး၏ အညိုရောင်မျက်ဝန်းတစ်စုံက လက်ထဲမှ ခုန်ထွက်လာလေပြီး ကြီးမားသော တောက်ပသည့်အလင်းကို လွှတ်ထုတ်လာလေသည်။

ဝေါင်း

ထိုမျက်လုံးတစ်စုံအတွင်းမှ ရှေးကျပြီး ကျယ်လောင်သည့် ဟိန်းသံက ပေါ်ထွက်လာသည်။ ထိုအသံဟာ ဒေါသထွက်နေပုံရပြီး သွေးဆာလောင်နေလေရာ လူတိုင်း၏ စိတ်ဓာတ်ကို ပြင်းထန်စွာ တိုက်ခိုက်နိုင်စွမ်းရည်ရှိသည်။

ဘုန်း ဘုန်း ဘုန်း

ကြယ်တာရာစွမ်းအင်ပေါင်း များစွာက မုန်တိုင်းလုံးများအလား လိမ့်တက်လာပြီးနောက် အနက်ရောင် နဂါးများအဖြစ်ပြောင်းလဲကာ ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်တို့ထံ တိုးဝင်လာသည်။

“ပြိုင်ဘက်ကင်းရှစ်သွယ် ထိုးဖောက်ခြင်းသိုင်း”

တွေးတောရန် အချိန်မရှိတော့သည့် ကောင်းရှန်းကျစ်က လက်ချောင်းများကို ဖြန့်ကားလိုက်သည်။ ထိုသို့ဖြင့် ပြိုင်ဘက်ကင်းရှစ်သွယ် ထိုးဖောက်ခြင်းသိုင်းမှ တိုင်ရှစ်တိုင်က ပေါ်ထွက်လာပြီး အပုမူစလင်၏ တိုက်ကွက်ကိုတားသည်။ စွမ်းအင်များအားလုံး ထိပ်တိုက်ဆုံသွားသောအခါ ကောင်းရှန်းကျစ်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အရှိန်အဝါက ယိမ်းယိုင်သွားသည်။ သူဟာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သူ၏မျက်နှာကလည်း ဖြူဖျော့သွားသည်။

ကောင်းရှန်းကျစ်သည် ဒီတိုက်ပွဲကြောင့် ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို ထုတ်သုံးထားရသည်။ သူကပင် ဆက်လက်တောင့်ခံရန် ခက်ခဲလာသည်။

“ဝမ်ချောင် မင်းအရင်သွားပါ။ မာဟာထန်က မင်းကိုဆုံးရှုံးလို့မရဘူး။ ငါ မင်းတို့နောက်ဆုတ်တာကို ကာထားပေးမယ်”

ကောင်းရှန်းကျစ်က ခပ်တင်းတင်းပြောသည်။ သူ၏မျက်ဝန်းက တောက်ပလာသည်။

သာ့လွန်ရော့ကျန်း၏ အကြံအစည်ဟာ ရက်စက်လွန်းသည်။ သူတို့ထဲမှ မည်သူကမှ ဒီအကြံအစည်အတွင်း ထိုပစ္စည်းကို ထည့်မတွက်ခဲ့ကြချေ။ ထို့ကြောင့် မဟာထန်၏ စီစဉ်မှုများအားလုံးကို ပျက်စီးသွားစေသည်။ ပို၍ဆိုးသည်မှာ ချွီထေပါးက ရိုးရှင်းစွာဖြင့် အင်အားကြီးမားလွန်းလေရာ သူတို့ကို အလွယ်တကူ နောက်မဆုတ်နိုင်အောင် ဖြစ်စေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်ကသာ ကြီးမားသည့် တန်ကြေးတစ်ခုကို ပေးဆပ်ပြီး မကာကွယ်ထားလျှင် မည်သူကမှ ထွက်ခွာသွားနိုင်မည်မဟုတ်ချေ။

ဒီလိုအခြေအနေမျိုးတွင် အနက်ရောင်သံချပ်ကာဝတ် အစောင့်၊ ဝူရှန်းရွာသူကြီးနှင့်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြသည်။ သူတို့အားလုံး၏ ဒဏ်ရာက ဆိုးသထက် ဆိုးလာသည်။ ရိုးရှင်းစွာဖြင့်ပင် သူတို့က ကာထားပေးနိုင်သည့်စွမ်းရည် မရှိတော့ချေ။ ဝမ်ချောင်အတွက်ကမူ...

ကောင်းရှန်းကျစ်၏ ဘဝတွင် ဂျူနီယာတစ်ယောက်ကို ကာကွယ်ပေးချင်စိတ် မရှိခဲ့ဖူးချေ။ ကောင်းရှန်းကျစ်သည် မဟာထန်ကြီးတစ်ခုလုံးကိုယ်စား ဝမ်ချောင်ကို မျှော်လင့်မိသည်။ တစ်ဖက်သူ၏ ဉာဏ်ရည်၊ ဗျူဟာကို ဖမ်းဆုပ်နိုင်စွမ်းရည်နှင့် သတ္တိ၊ ဇွဲ၊ လုံ့လ၊ ပါရမီကြီးမှု၊ မဟာထန်ကို သစ္စာရှိမှု... အရာအားလုံးအရ ဒီခေတ်တွင် မဟာထန် အလိုအပ်ဆုံး တစ်စုံတစ်ရာ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကောင်းရှန်းကျစ်ကသာ သူ့ကိုကာကွယ်ပြီး အသက်ရှင်လျှက် ချန်နေရစ်ပေးနိုင်မည်ဆိုလျှင် သူက နောင်တမရှိဘဲ သေနိုင်သည်။

“မလိုဘူး ဒီရောကို ငါနဲ့ထားခဲ့ပါ အရှင်ကောင်း မင်းကတော့ အားလုံးကို ကာထားပေးပြီး ထွက်သွားကြ။ တစ်ယောက်မှ မနေခဲ့ကြနဲ့”

ဝမ်ချောင်က ကောင်းရှန်းကျစ်၏ အတွေးကိုသိသည်။ စစ်တပ်က တစ်စုံတစ်ယောက် ကာထားပေးပြီး နောက်ဆုတ်ပေးရန် လိုအပ်နေသည်။ သို့သော် ကောင်းရှန်းကျစ်က ထိုသို့မလုပ်နိုင်ချေ။

“ဝမ်ချောင် ခေါင်းမမာနဲ့ ဒီနေရာကထွက်သွား”

ကောင်းရှန်းကျစ်က စိုးရိမ်တကြီးပြောသည်။

သူတို့တွင် အချိန်အများကြီး မကျန်ရစ်တော့ချေ။ တစ်စက္ကန့် ဖြုန်းနေချိန်တိုင်း အင်အားစုတစ်သုတ်ပြီး တစ်သုတ် ကုန်ဆုံးနေသည်။ ထို့ကြောင့် ထွက်ပြေးနိုင်ချေက ပို၍လျော့ကျလာပေလိမ့်မည်။

အခန်း(၁၁၃၉)

ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာ

“ဟွန်း ဆက်လက်ပြီး ငြင်းခုံမနေကြနဲ့။ မင်းတို့အားလုံး ထွက်သွားနိုင်မှာမဟုတ်ဘူး”

တုဝူစစ်လီ၏ အေးစက်သောအသံက လူတိုင်း၏နားအတွင်း ဟိန်းထွက်လာသည်။ ချွီထေပါးကမူ ထန်ဘာသာစကားကို နားမလည်ချေ။ ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ ပြောသောစကားပြောခန်းက လျို့ဝှက်ချက်မဟုတ်ပေ။ သို့သော် တိုက်ပွဲ၏ ဒီအဆင့်တွင် ထွက်ပြေးရန်တွေးတောခြင်းက စိတ်ကူးယဉ်နေခြင်းဖြစ်ရပေမည်။

“အော့စမော့သိုင့်ရဲ့ အမျက်ဒေါသ”

အပုမူစလင်က ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်သည်။ ထိုသို့ဖြင့် ကြီးမားသည့် ခေါင်းကြီးသုံးလုံးနှင့် မိစ္ဆာနတ်ဆိုးတစ်ပါးက အနောက်ဘက်တွင် ပေါ်ထွက်လာပြန်သည်။ တောင်တန်းများကိုပင် နုတ်နုတ်စင်းနိုင်သည့် ကြယ်တာရာစွမ်းအင် မုန်တိုင်းပေါင်းများစွာအား ကောင်းရှန်းကျစ်ရှိရာဘက်သို့ ပစ်လွှတ်လိုက်သည်။

ဘုန်း

သူတို့၏ ကြယ်တာရာစွမ်းအင်များက တဖန်ထပ်ပြီး ထိပ်တိုက်တွေ့ဆုံသွားပြန်သည်။ သို့သော် ဒီတစ်ကြိမ်တွင် ကောင်းရှန်းကျစ်က ဆယ်လှမ်းခန့်အထိ နောက်ဆုတ်လိုက်ရသည်။ သူ၏မျက်နှာက ပို၍ဖြူဖျော့သွားသည်။

အပုမူစလင်က သူ၏စွမ်းအင်များကို ဆက်တိုက်ကုန်ဆုံးအောင် လုပ်နေသည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် သူဟာ ဝမ်ချောင်၏ ဆုတ်ခွာမှုကို ကာထားပေးချင်လျှင်ပင် လုပ်နိုင်စွမ်းရည် ရှိတော့မည်မဟုတ်ချေ။ သို့သော် ကောင်းရှန်းကျစ်ကသာ ဝမ်ချောင်ကို ထွက်သွားစေလိုသူမဟုတ်ချေ။

“ချောင်အာ မင်းအရင်သွားပါ။ ငါကာကွယ်ပေးထားမယ်”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ မျက်နှာက လေတွင်လွင့်နေသည်။ သူ၏မျက်နှာကမူ လေးနက်နေသည်။

“မနေ့ညက ငါမင်းကိုဘာပြောခဲ့လဲ မှတ်မိလား။ သွားအခု မင်းကပဲ အဲ့ဒီလိုလုပ်နိုင်တာ”

ဝူရှန်းရွာသူကြီးနည်းတူ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကလည်း သွေးများစိုရွှဲနေသည်။ သူသည် စွမ်းအားအများကြီး သုံးထားရသည်။ သူ၏ကွဲကြေပြီးသား တန်ထျန်းက ခန္ဓာကိုယ်၏ နေရာတိုင်းမှ ကြယ်တာရာစွမ်းအင်ပေါင်းများစွာကို ဆက်တိုက်ဆိုသလို စုပ်ယူနေလေပြီး ယိုဖိတ်ထွက်နေလေသည်။ သူ၏တန်ထျန်းပြဿနာဟာ ရိုးရှင်းစွာပင် သူ၏တစ်ခုတည်းသော ပြဿနာ မဟုတ်တော့ချေ။ တန်ထျန်းမရှိသော သိုင်းပညာရှင် တစ်ယောက်အနေနှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်က လုံလောက်အောင် အင်အားကြီးမားခဲ့သည်။ သူဟာ ခွန်အားနှင့် သိုင်းများနှင့် ပတ်သတ်သမျှ ပြဿနာတိုင်းကို ဖိနှိပ်နိုင်ခဲ့သည်။ သို့သော် ယခုမူ သူ၏စွမ်းအင်များက အကန့်အသတ်သို့ ရောက်ရှိသွားလေရာ ထိုပြဿနာများကို မဖိနှိပ်နိုင်တော့ချေ။

အခြေအနေဟာ တစ်စက္ကန့်ချင်းစီ ကြာလာသည်နှင့်အမျှ ဆိုးရွားသထက် ဆိုးရွားလာသည်။ ချွီထေပါး၏ ဓားချီက လူတိုင်း၏ဒဏ်ရာကို ဆက်တိုက် ထပ်ဖြည့်ပေးနေခဲ့သည်။ သူ့ကိုယှဉ်နိုင်သည့် တန်းတူစွမ်းအားမျိုး မရှိလေဘဲ သူ၏စွမ်းအားကို တားနိုင်လိမ့်မည်မဟုတ်ချေ။

ဘန်း

ရုတ်တရက် လက်ဝါးတစ်ချက်က ထွက်ပေါ်လာလေပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ လက်မောင်းကို လှမ်းကိုင်လိုက်သည်။

ခြိမ်း

ဝမ်ချောင်၏ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲလာပြီး မိစ္ဆာဧကရာဇ် လူအိုကြီးမန်၏ အတွင်းတွင် စီးဝင်သွားသည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ပြိုင်ဘက်၏စွမ်းအားကို စုပ်ယူရုံသာ မကသေးလေဘဲ လိုအပ်လျှင် တစ်ဖက်သူကို ကူညီပေးနိုင်သေးသည်။

“ဆရာ စကားဆက်မပြောနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ငါဆရာ့ကို လက်လျော့လိုက်မှာမဟုတ်ဘူး”

ဝမ်ချောင်က ဆုံးဖြတ်ချက် ခိုင်မာစွာပြောသည်။

သူ၏စိတ်အတွင်း မရေမတွက်နိုင်သည့် အတွေးပေါင်းများစွာက ပြည့်နှက်သွားသည်။ ဝမ်ချောင်က ချက်ချင်းဆိုသလို ကံကြမ္မာကျောက်တုံးကို လှမ်းပြောလိုက်သည်။

“ကံကြမ္မာကျောက်တုံး ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာအတွက် အမှတ်ဘယ်လောက် လိုမှာလဲ”

ဝမ်ချောင်က စိတ်ဆုံးဖြတ်ချက်ချလျှက် ပြောလိုက်သည်။

ကံကြမ္မာတိုက်ပွဲဝင် သံချပ်ကာတစ်ခုတည်းက ချွီထေပါးကို ရင်မဆိုင်နိုင်ချေ။ သူကသာ ချွီထေပါးကို ရင်ဆိုင်ပြီး တစ်ပါးသူများဆုတ်ခွာသည့် အခြေအနေကို ကာကွယ်ပေးလိုလျှင် ချွီထေပါး၊ အပုမူစလင်နှင့် အားပါးတို့၏တိုက်ကွက်ကို ခံနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်အဆင့် ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာကို လိုလာသည်။

“အသုံးပြုသူအနေနဲ့ ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာကို လဲနိုင်တဲ့အဆင့်မျိုး မရှိသေးပါဘူး”

ကံကြမ္မာကျောက်တုံး၏ အသံက အေးစက်ပြီး ခံစားချက်မဲ့သည်။ ဝမ်ချောင်က အေးခဲသွားသည်။ သူ၏နှလုံးသားက လျှင်မြန်စွာ လေးလံသွားသည်။ ယခုလိုမျိုး ထိုသံချပ်ကာကို လိုချင်သည့် အခိုက်အတန့်တွင်ပင် မရနိုင်သည့် အခြေအနေမျိုးကို မတွေးဖူးချေ။

ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာ မရှိလျှင် သူ့အနေဖြင့် ပြိုင်ဘက်ပေါင်းများစွာကို အသက်ရှင်ရက် ထိန်းထားနိုင်မည်မဟုတ်ချေ။ သူက မဟာဗိုလ်ချုပ်ကြီး ဖြစ်ပြီးလျှင်ပင် ထိုသို့မလုပ်နိုင်သေးချေ။ ထို့ကြောင့် သူ၏မျက်မှောင်က ကျုံ့လာသည်။

“...”

“ဒါပေမဲ့ အသုံးပြုသူရဲ့ ထူးခြားတဲ့ အခြေအနေနဲ့ အချိန်အခါကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ကံကြမ္မာစွမ်းအင် အပိုထပ်ယူလိုက်ပြီး ဒီသံချပ်ကာကို ကြိုတင်ဝယ်ယူနိုင်ခွင့် ပေးလိုက်ပါ့မယ်။ ဒီတော့ အသုံးပြုသူက လဲလှယ်ဖို့ ဆန္ဒရှိပါသလား”

ဝမ်ချောင်ကို အံ့အားသင့်စေသည်မှာ သူ၏နှလုံးသားက လေးလံသွားသည့် အခိုက်အတန့်တွင် ကံကြမ္မာကျောက်တုံး၏အသံက ထပ်ထွက်လာခြင်းဖြစ်သည်။ အံ့အားသင့်မှုပြီးနောက် ဝမ်ချောင်က ပျော်ရွှင်သွားသည်။

“အတည်ပြုတယ် ငါကြိုတင်လဲလှယ်မယ်”

ဝမ်ချောင်က ချက်ချင်းလိုလို ပြောလိုက်သေးသည်။

“အသုံးပြုသူအနေနဲ့ ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာကို စောစောဖွင့်လိုက်နိုင်ပါပြီ။ ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာက ပွင့်သွားပါပြီ”

အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် တစ်သောင်းခွဲ အသုံးပြုရပါမယ်။

ကံကြမ္မာကျောက်တုံးက ထိုသို့ပြောပြီးနောက် ဝမ်ချောင်၏မျက်လုံးအရှေ့တွင် ရွှေရောင်စာလုံးများ အတန်းလိုက် ပေါ်ထွက်လာလေသည်။ ထိုသို့ဖြင့် ကြီးမားသထက် ကြီးမားလာလေပြီး အရေအတွက်က တစ်သောင်းခွဲထိ ရောက်ရှိသွားသည်။ ထိုအရေအတွက်က ဝမ်ချောင် ယခင် မည်သည့်ဆုအတွက်မဆို ပေးခဲ့ရသည့် ပမာဏထက် မြောက်များလွန်းသည်။ ယခုအခြေအနေက ထိုပစ္စည်းကိုဖွင့်ရန်သာ အသုံးပြုခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က သံချပ်ကာကို တိုက်ရိုက်ရမည်ဟု မဆိုလိုနိုင်သေးချေ။

အတိတ်တွင်သာဆိုလျှင် ဝမ်ချောင်က ကြီးမားသောတန်ကြေးကို ပေးဆပ်ရသည်ဟု တွေးမိပြီး ထပ်ခါတလဲလဲ တွေးမိလောက်သည်။ သို့သော် ဒီအခိုက်အတန့်တွင်မူ ဝမ်ချောင်အနေဖြင့် ကံကြမ္မာစွမ်းအင် မည်မျှသုံးရသုံးရ မတွေးတောနိုင်တော့ချေ။ သူကသာ ထိုသံချပ်ကာကို ရရှိမည်ဆိုလျှင် မည်သည့်အရာကမှ အရေးမကြီးနိုင်တော့ချေ။

“ကံကြမ္မာကျောက်တုံး ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာကို လဲလိုက်တော့”

ဝမ်ချောင်က ကံကြမ္မာကျောက်တုံးကို အော်ပြောသည်။

“ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာကို လဲလှယ်ဖို့အတွက် ကံကြမ္မာစွမ်းအင်အမှတ် လေးသောင်းလိုအပ်တယ်။ အသုံးပြုသူက တိုက်ပွဲဝင်သံချပ်ကာရဲ့ လေ့ကျင့်ရေးကို အသုံးမပြုရသေးတဲ့အတွက် သံချပ်ကာရဲ့ စွမ်းအင်အပြည့်အဝကို ထုတ်သုံးနိုင်ဦးမှာမဟုတ်ဘူး။ ဒါတောင်မှ လဲချင်နေတုန်းပဲလား”

ကံကြမ္မာကျောက်တုံး၏ ခံစားချက်မဲ့သည့်အသံက ထပ်ထွက်လာသည်။

“အတည်ပြုတယ်”

ဝမ်ချောင်က စိုးရိမ်မှုဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

သူ၏ စိတ်ထဲမှအသံက ပတ်ဝန်းကျင်ထက် မြန်ဆန်ကြောင်း သိနိုင်သည်။ သူဟာ ကံကြမ္မာကျောက်တုံးနှင့် စကားအများကြီးပြောထားသော်လည်း ပတ်ဝန်းကျင်တွင်မူ လက်တစ်ချောင်းကို လှုပ်ရှားရန်ပင် အချိန်မကုန်သေးချေ။ သို့သော် အချိန်က မည်မျှနှေးကွေးနေစေကာမူ အချိန်ဟာ သွားလာနေသေးသည်။ ထို့ကြောင့် သိုင်းပညာရှင်များအကြားမှ တိုက်ပွဲဟာ တစ်စက္ကန့်အတွင်း မျိုးစုံပြောင်းလဲသွားနိုင်လေသည်။ ထို့ကြောင့် ပထမဦးဆုံးအကြိမ်အနေနှင့် ဝမ်ချောင်ဟာ ကံကြမ္မာကျောက်တုံးနှင့် လဲလှယ်ရာတွင် အလွန်ကြာညောင်းပြီး နှေးကွေးနေသလို ခံစားလိုက်ရသည်။

“အသုံးပြုသူက ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာကို လဲလှယ်လိုက်ပါပြီ”

“အသုံးပြုသူဆီက ကံကြမ္မာစွမ်းအင်အမှတ် လေးသောင်းကို ထုတ်ယူလိုက်ပါပြီ။ ကံကြမ္မာတိုက်ပွဲဝင် သံချပ်ကာကလည်း အဆင့်တက်သွားပြီ”

ကံကြမ္မာကျောက်တုံးက ဝမ်ချောင်ထံ အမျိုးမျိုးသော သတင်းများကို ဆက်တိုက်ပေးပို့သည်။ ထိုသို့ပြောနေရင်းမှ ဝမ်ချောင်က ဝတ်ဆင်ထားသည့် ကံကြမ္မာတိုက်ပွဲဝင် သံချပ်ကာက စတင်ကာ ပြောင်းလဲလာသည်။ ရွှေရောင်အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာသည်။ ရွှေရောင်အလင်းတန်းများ၏ အကြားတွင် လျို့ဝှက်ဆန်းကြယ်သည့် သင်္ကေတပေါင်းများစွာက စတင်ကာစီးဆင်းလျှက် ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ အချိန်နှင့်အာကာသ အနက်ရှိုင်းဆုံးအပိုင်းမှ ပေါက်ထွက်လာပြီး လောကအတွင်းသို့ ဝင်ရောက်လျှက် သံချပ်ကာအတွင်းသို့ စီးဝင်သွားသော စွမ်းအားများကို ခံစားလိုက်ရသည်။

ဝမ်ချောင်၏ ကံကြမ္မာတိုက်ပွဲဝင် သံချပ်ကာက လျှင်မြန်စွာ ပြောင်းလဲလာသည်။ ထိုသို့ဖြင့် အနက်ရောင်မှ ခမ်းနားသော ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။ ဒါဟာ အရောင်သီးသန့် ပြောင်းလဲသွားခြင်းမဟုတ်ချေ။ ကံကြမ္မာတိုက်ပွဲဝင် သံချပ်ကာ၏ အနှစ်သာရက အများကြီး ပြောင်းလဲသွားလေသည်။

ပုခုံးများပေါ်တွင် ရွှေရောင်လက်သည်းကြီး ငါးခုက ပေါ်ထွက်လာသလို သံချပ်ကာပေါ်သို့ လျို့ဝှက်ဆန်းကြယ်လွန်းသော သင်္ကေတပေါင်းများစွာကလည်း အလိုလို ဝင်ရောက်လာသည်။ ထိုသင်္ကေတပေါင်းများစွာက ယခင်လက်နက်များ၊ ပစ္စည်းများပေါ်တွင် ရေးသားသည့် သင်္ကေတပေါင်းများစွာနှင့် ခြားနားသည်။ ထိုသင်္ကေတများက အလွန်အမင်း ခမ်းနားသည်။ ထို့ပြင် လျို့ဝှက်ဆန်းကြယ်ပြီး နက်နဲသည်။ လောက၏ အခြေခံသဘောတရား စည်းမျဉ်းများနှင့် ပေါင်းစပ်ထားသေးပုံရသည်။ ထို့ကြောင့် ထိုသင်္ကေတများအားလုံးက သံချပ်ကာကို ဖုံးလွှမ်းသွားသောအခါ ဝမ်ချောင်ဟာ ခမ်းနားထည်ဝါပြီး မြင့်မြတ်သလိုထင်ရသည်။ ဝမ်ချောင်၏ဘယ်ဘက် ရင်ဘက်ပေါ်တွင်ရှိသော သတ္ထုပြားကလည်း အသက်ဝင်လာသလို ဖြစ်လာပြီး ဖောင်းကားလာလျှက် ရှေးဟောင်းသားရဲကြီး တစ်ကောင်၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ ဒါဟာ လူသားများထက် ရှေးကျပြီး သက်တမ်းရင့်လောက်သည့် ပုံရိပ်ကြီးတစ်ခုဖြစ်လေသည်။ အဝေးမှသာ ကြည့်မည်ဆိုလျှင် အလွန်အမင်း ခမ်းနားထည်ဝါပြီး ရက်စက်ကြမ်းတမ်းသည့် အရှိန်အဝါက ကြည့်မိသူတိုင်းကို ကြောက်လန့်စေလောက်သည်။

ချွင် ချွင် ချွင်

ထိုရှေးဟောင်းသားရဲကြီး၏ခေါင်းက ရုတ်တရက် ပေါ်ထွက်လာပြီးနောက် ဝမ်ချောင်၏ တံတောင်၊ ဒူး၊ အခြားအဆစ်များထံမှ ဆူးချွန်များက ထွက်ပေါ်လာသည်။ ဒါဟာ ထက်ရှသောအပ်များက တစ်စုံတစ်ရာကိုဖောက်ကာ ထွက်လာသလိုမျိုး ဖြစ်လာသည်။ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်၏ ခန္ဓာကိုယ်က အလုံးစုံပြောင်းလဲသွားသည်။

ထိုသို့ပြောင်းလဲသွားခြင်းက ချွီထေပါး၊ အပုမူစလင်၊ ဟော်ရှု့ဟွေ့ခမ်းနှင့် အားပါးတို့ကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။

“ဘာတွေဖြစ်နေတာလဲ”

အပုမူစလင်၏ မျက်မှောင်က ကျုံ့သွားသည်။ သူကျယ်ပြောသော အတွေ့အကြုံနှင့် ဗဟုသုတများကပင် ဒီလိုအခြေအနေမျိုးကို မကြုံဖူးချေ။ ယခုလိုပြင်းထန်သည့် တိုက်ပွဲအလယ်တွင် ဝမ်ချောင်၏ သံချပ်ကာက ရုတ်တရက် ပုံပန်းသွင်ပြင် ပြောင်းလဲသွားလေပြီး အရှိန်အဝါကလည်း ပြောင်းလဲလာသည်။ ယခင်ကထက်ပို၍ စွမ်းအားကြီးမားသွားသည့်အပြင် အလွန်စိုးရိမ်ရသည့် အနေအထားမျိုး ဖြစ်သွားသည်။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်မည်သို့လုပ်လိုက်ကြောင်း မည်သူကမှ နားမလည်နိုင်ချေ။ ချွီထေပါးကပင် မျက်မှောင်ကျုံ့မိသွားသည်။

“ဆရာ၊ ရွာသူကြီး၊ ဗိုလ်ချုပ်လီ၊ အရှင်ကောင်း သွားပါ။ ငါ ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ်”

ဝမ်ချောင်က ထိုသု့ိအလောတကြီးအော်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့၏ အရှိန်အဝါက အားနည်းသထက် အားနည်းလာပြီး တစ်စက္ကန့်နှင့်အမျှ အစီအစဉ်မကျဖြစ်လာသည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် ဝမ်ချောင်ဟာ တစ်စုံတစ်ရာဖြစ်သွားပြီး ဒီနေရာမှာတင် လဲကျသွားမည့် အခြေအနေကို စိုးရိမ်မိလေသည်။

“ဒါက”

မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီး၊ အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် ကောင်းရှန်းကျစ်တို့ အားလုံး၏မျက်နှာက တင်းမာသွားသည်။ သူတို့၏မျက်လုံးထဲတွင် တုန့်ဆိုင်းမှုကိုမြင်နိုင်သည်။ သူတို့လေးယောက်လုံးဟာ ဝမ်ချောင်၏ ပြောင်းလဲမှုကိုမြင်လိုက်သည်။ သို့တိုင်အောင် သူ့ကို မထားရစ်နိုင်ကြသေးချေ။ သို့ရာတွင် အမှန်တကယ်အားဖြင့် တွေးကြည့်သော် ဝမ်ချောင်တစ်ယောက်တည်းကသာ ချွီထေပါး၊ အပုမူစလင်၊ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ကို ထိန်းထားနိုင်လောက်သည်။

“မြန်မြန်သွား”

ဝမ်ချောင်က စိုးရိမ်တကြီး ဆက်အော်သည်။

ဝမ်ချောင်က ချက်ချင်းဆိုသလို လက်သီးထိုးလိုက်သည်။ သူ၏လက်သီးထဲတွင် မဟာဖျက်ဆီးခြင်းသိုင်း၏ စွမ်းအားများ ပါဝင်သည်။ ထိုစွမ်းအား၏အရှေ့တွင် အပုမူစလင်ကပင် ယာယီအားဖြင့် နောက်ဆုတ်ရသည်။

“အစ်ကိုဝမ်ဖူ သွားရအောင် အခုက တုန့်ဆိုင်းနေရမဲ့အချိန်မဟုတ်ဘူး။ ဒီကလေးကိုယုံလိုက် သူလုပ်နိုင်တယ်”

ရုတ်တရက်အိုမင်းသော အော်သံကထွက်လာသည်။ အသံထဲတွင် ထိတ်လန့်မှုနှင့် စိုးရိမ်မှုများက တောက်လောင်နေသည်။

ထိုအခိုက်အတန့်တွင် ဝူရှန်းရွာသူကြီးကသာ အကျိုးအကြောင်း စဉ်းစားနိုင်သောသူ ဖြစ်လောက်သည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ကောင်းရှန်းကျစ်တို့အားလုံး၏ ဆုံးဖြတ်မှုက ခံစားချက်များ ပါနေသောကြောင့် ဝမ်ချောင်၏အရှိန်အဝါ ပြောင်းလဲသွားသည့် အဓိက အခြေအနေကို မမြင်နိုင်ကြချေ။ အနည်းဆုံး ဝမ်ချောင်က ဝတ်ထားသော ရွှေရောင်သံချပ်ကာကြီးက သူ့ကိုလုံခြုံစွာ ကာကွယ်ပေးနိုင်လောက်သည်။

“ဒါက... သွားရအောင်”

အရင်ဦးဆုံး ဆုံးဖြတ်ချက်ချလိုက်သူက အရှင်ကောင်းဖြစ်သည်။ ထို့နောက် အနက်ရောင်သံချပ်ကာဝတ် အစောင့်၊ နောက်ဆုံးမှသာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ဖြစ်သည်။

သူတို့သည် ဆက်တောင့်ခံနိုင်သော အခြေအနေမျိုးတွင် မဟုတ်ကြချေ။ သူတို့က ဆက်နေမည်ဆိုလျှင် ထာဝရနေရလောက်သည်။

စွစ် စွစ် စွစ်

လေးယောက်လုံးကနောက်သို့ ခပ်မြန်မြန် ဆုတ်လိုက်ကြသည်။ ထိုသို့ဖြင့် တိုက်ပွဲနယ်မြေမှ အကွာအဝေး ခြားလိုက်သည်။ ထိုမျှတစ်ဆင့် ဝမ်ချောင်က စိတ်ထဲတွင်ပေါ်လာသည့် ကံကြမ္မာကျောက်တုံး၏ အသံကို ကြားလိုက်သည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူက ကောင်းကင်အာဏာ တိုက်ပွဲဝင်သံချပ်ကာကို ရရှိသွားပါပြီ။ ကောင်းကင်အာဏာ တိုက်ပွဲဝင်သံချပ်ကာက သံချပ်ကာ အမျိုးအစားထဲမှာမှ ထိပ်တန်းအဆင့် အမျိုးအစားတစ်ခုပါ။ အသုံးပြုသူက သူ့ကို အဆင့်မြင့်တင်ချင်ရင် ကြယ်တာရာစွမ်းအင်နဲ့ အဆင့်မြင့်တင်နိုင်ပါတယ်။ ဖောက်ခွဲခြင်းစွမ်းအား၊ ကွဲအက်ခြင်းစွမ်းအားနှင့် ဖျက်ဆီးခြင်းစွမ်းအားတွေ အားလုံးကို ခြောက်ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်မှာပါ။ ဒါတွေအပြင် ကြယ်တာရာစွမ်းအင် အသက်သွင်းနိုင်စွမ်းအားကလည်း မြင့်တက်သွားပါလိမ့်မယ်။ ဒါတွေအပြင် အသုံးပြုသူက သံချပ်ကာကို ဝတ်ဆင်ထားတဲ့အချိန်မှာ အသုံးပြုသူက ကုစားနိုင်တဲ့စွမ်းအင်ကိုလည်း ရရှိဦးမှာပါ။ အသုံးပြုသူရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်နဲ့ ကြယ်တာရာစွမ်းအင်တွေ ပြန်လည်ဖြည့်တင်းနိုင်တဲ့ အရှိန်နှုန်းကလည်း ခြောက်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဦးမှာပါ”

အခန်း(၁၁၄၀)

ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာ၏ စွမ်းအား

“ခုခံနိုင်စွမ်းရည်.. အသုံးပြုသူက ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားတဲ့အခါ ထိခိုက်ဒဏ်ရာ ရရှိမှုနှုန်းက အများကြီး လျော့ကျသွားပါလိမ့်မယ်။ ကြယ်တာရာစွမ်းအင် တိုက်ကွက်များ အားလုံးကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုနှုန်းက လေးဆယ်ရာခိုင်နှုန်းအထိ လျော့ကျသွားမှာပါ”

“ခွန်အားမြှင့်တင်နိုင်သောစွမ်းရည်.. အသုံးပြုသူက ဒီတိုက်ပွဲဝင်သံချပ်ကာ လေ့ကျင့်ပေးတဲ့ တာဝန်ကို မကျော်ဖြတ်ရသေးတော့ ဒီစွမ်းအင်ကတော့ ပိတ်နေဦးမှာပါ”

“သတိပေးချက်.. အသုံးပြုသူက ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင်သံချပ်ကာကို အဆင့်ကန့်သတ်ချက်ကို ကျော်ဖြတ်ပြီး အသုံးပြုခဲ့တဲ့အတွက်ကြောင့် ဒီတိုက်ပွဲဝင်သံချပ်ကာကို အသုံးပြုတဲ့ ငါးစက္ကန့်ကြာချိန်တိုင်းမှာ ကံကြမ္မာစွမ်းအင်အမှတ် ရှစ်ဆယ်ကို နှုတ်နေမှာပါ။ အသုံးပြုဆီမှာ ကံကြမ္မာစွမ်းအင်အမှတ် မရှိတော့ခင်အထိ ဒီတိုင်းဆက်ဖြစ်နေဦးမှာပါ။ အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် မရှိတော့တဲ့အခါ ဒီသံချပ်ကာက သူ့အလိုလို ကျွတ်သွားပြီး လွတ်လပ်တဲ့ သံချပ်ကာ ကြားခံနယ်မြေတစ်ခုမှာ ရှိပြီးသားဖြစ်နေမှာပါ”

“အသုံးပြုသူအနေနဲ့ သံချပ်ကာတပ်ဆင်ခြင်းစွမ်းရည်ကို ပိုင်ဆိုင်လိုက်ပါပြီ။ တိုက်ပွဲဝင်နေတဲ့ အချိန်ပဲဖြစ်ဖြစ်၊ တိုက်ပွဲမဝင်နေတဲ့ အချိန်ပဲဖြစ်ဖြစ် အသုံးပြုသူအနေနဲ့ သံချပ်ကာကို ချက်ချင်းဆင့်ခေါ်ပြီး အချိန်မရွေး ဝတ်နိုင်ပါတယ်”

ဝမ်ချောင်၏စိတ်အတွင်း အမျိုးမျိုးသော သတင်းစကားများက ပေါ်ထွက်လာသည်။ သို့သော်သူက ထိုအခြေအနေများကို အာရုံစိုက်ခြင်းမရှိတော့ချေ။ ဝတ်ဆင်ထားချိန် အတောအတွင်း ကံကြမ္မာစွမ်းအင်အမှတ် မည်မျှနှုတ်စေကာမူ ဝမ်ချောင်က ဂရုမစိုက်နိုင်ချေ။

“ချွီထေပါး ငါ့ရဲ့ဓားကိုစားစမ်း”

ဝမ်ချောင်၏မျက်လုံးက သွေးနီရောင်အဖြစ် ပြောင်းလဲသွားပြီး ချွီထေပါးထံ ခုန်ဝင်သွားသည်။ သူ၏ ဝု့စ်သံမဏိဓားက လက်ထဲတွင် ထင်းစွာပေါ်ထွက်လာသည်။ သူဟာ သူနှင့်ချွီထေပါးအကြား အင်အားခြင်းကွာခြားချက် ရှိနေသေးသည့်တိုင်အောင် ဝမ်ချောင်က အရင်စိန်ခေါ်ရန် ဆုံးဖြတ်လိုက်လေပြီ။

ဘုန်း

ရွှေရောင်အလင်းက ဖြတ်ကနဲလက်သွားသည်။ မယုံနိုင်စရာကောင်းလောက်အောင် လေးလံသည့် ဓားချီတစ်ရပ်က အပေါ်ပိုင်းမှ ဆင်းသက်လာလေပြီး ဝမ်ချောင်၏ဓားချီကို ရင်ဆိုင်သည်။

ဘုန်း

ဝမ်ချောင်၏ ဓားထိပ်နှင့် ချွီထေပါးတို့၏ဓားထိပ်က ထိပ်တိုက်ရင်ဆိုင်သည့် အခိုက်အတန့်တွင် ဖျက်ဆီးခြင်းစွမ်းအားတန်းက အရပ်မျက်နှာအနှံ့ လွင့်စင်ထွက်သွားသည်။ ထိုအလင်းတန်းဟာ နေမင်းထက်ပင် အဆပေါင်းများစွာ တောက်ပနေသေးလေသည်။

“မင်းကသေချင်နေတာပဲ”

ချွီထေပါးက ဝမ်ချောင်ကို အထင်တသေး စိုက်ကြည့်သည်။ သူဟာ ဝမ်ချောင်၏စိန်ခေါ်မှုကို ထိုသို့သာ တုန့်ပြန်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်က ဆက်တိုက်ဆိုသလို မြင့်တက်နေသည်။ သူဟာ သိမ်မွေ့သောနယ်မြေကို နားလည်သထက် နားလည်လာသည်။ ထို့ကြောင့် အနည်းငယ်သာကြာလျှင် ချွီထေပါးအနေဖြင့် အကာအကွယ်လွှာကို ကျော်ဖြတ်ပြီး ထိုနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည်ဟု ခံစားထားရသည်။ ထို့ကြောင့် အချိန်ကျလာသည်နှင့်အမျှ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကိုပင် အာရုံစိုက်ရန် မလိုအပ်တော့လေရာ မည်သူကမဆို သူ့ကို မည်သို့မျှ မလုပ်နိုင်တော့ချေ။ သို့သော် ထိုအခြေအနေကို ချွီထေပါးကလွဲပြီး မည်သူကမှမသိချေ။ ဝမ်ချောင်က ချွီထေပါးဟာ မယုံနိုင်စရာကောင်းလောက်အောင် အင်အားကြီးမားကြောင်းကိုသာ ခံစားမိသည်။

“အပုမူစလင် ဒီကောင့်ကို လျစ်လျူရှု့ထား။ ချွီထေပါးကိုပဲ ကိုင်တွယ်ခိုင်းထားလိုက်။ အဲ့ဒီထန်ဗိုလ်ချုပ်တွေကို တားကြစမ်း။ ဘယ်လိုနည်းနဲ့မဆို ဒီကောင်တွေကို အနောက်ပိုင်းနယ်မြေကို ပြန်ခွင့်ပြုလို့မရဘူး”

ရုတ်တရက် လေထဲမှ ခပ်ကြမ်းကြမ်း အော်ဟစ်သံက ထွက်ပေါ်လာသည်။ အားပါးက ကောင်းရှန်းကျစ်ကို စူးစိုက်ကြည့်သည်။ အထူးသဖြင့် ထွက်ပြေးသွားသော ကောင်းရှန်းကျစ်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီးနှင့် အခြားသူများဖြစ်သည်။ သူ၏မျက်ဝန်းအတွင်း သတ်ဖြတ်လိုစိတ်က ပြင်းထန်လာသည်။

သူသည် တိုက်ပွဲ၏ ဒီအခြေအနေသို့ ခက်ခက်ခဲခဲ ရောက်ရှိအောင် လုပ်ဆောင်ထားရသည်။ မရေမတွက်နိုင်သော အာရပ်အဖွဲ့ဝင်ပေါင်း များစွာက ထိုတခဏအတွက် သေဆုံးပေးထားရလေသည်။ တုစုန့်မာန်ဖော်ကျဲ့ကဲ့သို့ အင်အားကြီးမားသော မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ကပင် သေဆုံးသွားလေသည်။ တုစုန့်မာန်ဖော်ကျဲ့ကလည်း လွတ်မြောက်ခြင်းကိုသုံးပြီး ထွက်ပြေးခဲ့ရသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီးနှင့် ကောင်းရှန်းကျစ်တို့ကသာ ခန္ဓာကိုယ်အကောင်းအတိုင်း ကျန်ရစ်လျှက် ထွက်ပြေးသွားနိုင်ခဲ့မည်ဆိုလျှင် သူတို့၏ ကြိုးစားအားထုတ်မှုများ အားလုံးက အလဟသ ဖြစ်သွားပေလိမ့်မည်။

ဝမ်ချောင်ကပင် သူတို့အားလုံးကို လက်ဗလာနှင့် မထိန်းထားနိုင်ချေ။ ထို့ကြောင့် ဝမ်ချောင်က သူ့ကိုယ်သူ စတေးမည်ဆိုလျှင်ပင် အားပါးက သူဆန္ဒရှိသောအရာကို ရအောင် လုပ်မည်ဖြစ်သည်။

စွစ် စွစ် စွစ်

အားပါးက ချက်ချင်းဆိုသလို နောက်မှလိုက်သည်။ သို့သော် အားပါးက အခြေအနေကို ခပ်မြန်မြန် တုန့်ပြန်လိုက်သည့်တိုင်အောင် ဝမ်ချောင်ကပို၍ မြန်ဆန်သွားသည်။

ဘုန်း

တစက္ကန့်ခန့်ကြာပြီးနောက် ကျယ်လောင်လွန်းသော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ထိုအသံက ကျယ်လွန်းသဖြင့် စကြာဝဠာကြီး၏ ဖန်တီးမှုအရင်းအမြစ်မှ စတင်ကာ ပေါ်ထွက်လာသလို ခံစားရသည်။ ထို့နောက် ရုတ်တရက် ကြီးမားလွန်းသော နေမင်းကြီးတစ်စင်းက ပေါ်ထွက်လာသည်။ တစ်ချိန်ထဲတွင်ပင် ကြီးမားလွန်းသော စွဲစုပ်အားတစ်ရပ်က ပေါ်ထွက်လာပြီး အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ကို ဆွဲစုပ်လိုက်သည်။ ထိုထဲတွင် အပုမူစလင်ကပင် သက်ရောက်ခံရသေးသည်။

ကောင်းရှန်းကျစ်နှင့် တိုက်ပွဲတွင် အပုမူစလင်ဟာလည်း စွမ်းအားအများကြီး ကုန်ဆုံးထားသည်။ သူဟာ အထွတ်အထိပ် အခြေအနေတွင်သာဆိုလျှင် အနည်းဆုံး ထိုဆွဲစုပ်နေသည့်အားကို တောင့်ခံနိုင်လောက်သည်။ သို့သော် ယခုမူ သူဟာ ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို မတွန်းလှန်နိုင်တော့ချေ။

ခြိမ်း

မဟာဗိုလ်ချုပ်ကြီး လေးယောက်လုံးအပြင် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးများ၊ ထန်စစ်သားများ အားလုံးက ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကြောင့် ဆွဲယူခံနေရသည်။

“မျိုးမစစ် မင်းသေချင်ရင်လည်း ငါက ဆန္ဒဖြည့်ပေးမယ်”

အားပါးက အံ့ကိုကြိတ်လိုက်ပြီး ခပ်မြန်မြန် နောက်လှည့်သည်။ ယခုလို အခြေအနေမျိုးတွင် သူဟာ ဝမ်ချောင်ကိုသာ အရင်မသတ်လျှင် ကောင်းရှန်းကျစ် မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ဝူရှန်းရွာသူကြီးတို့၏ အနောက်သို့ မလိုက်နိုင်တော့ချေ။

“သေဆုံးခြင်းအကြည့်”

အားပါး၏ အနောက်ဘက်တွင် ကြီးမားလှသည့် ဖားရပုံရိပ်ကြီးက ပေါ်ထွက်လာသည်။ သို့သော် သူဖားရ၏ခေါင်းက ယခင်နှင့်ခြားနားသွားသည်။ သူ၏မျက်လုံးက ပိန်းပိတ်အောင် မည်းမှောင်ပြီး ကျဉ်းမြောင်းသောခေါင်းက ဖွဲ့တည်လာသည်။ ထို့ကြောင့် အလွန်သိပ်သည်းသော သေဆုံးခြင်း အရှိန်အဝါကို ထုတ်လွှတ်ထားနိုင်သည်။ အားပါး၏အနောက်ဘက်တွင် ဖားရရှိနေသည်။ ဖားရ၏ အနောက်ဘက်တွင် အနက်ရောင်အရိပ်ကြီးကို ဆင့်ခေါ်ခံထားရသည်။ ထိုအရိပ်ကလည်း ပိန်းပိတ်အောင် မည်းမှောင်နေသော မြစ်တစ်စင်းဖြစ်လေသည်။ ထိုမြစ်ပေါ်တွင် မရေမတွက်နိုင်သည့် အလောင်းများ ပုံနေသည်။ အလောင်းများ၏လက်တိုင်းတွင် အဖြူရောင်အဝတ်များဖြင့် ပတ်ထားသည်။ သူတို့ဟာ ရင်ဘက်တွင် ကြက်ခြေခတ် ခတ်ထားသော ပုံစံမျိုးဖြင့် ဖြစ်နေကြသည်။ အပေါ်ယံတွင်မူ တဖြည်းဖြည်း ရွေ့လာသော အနေအထားအရ အားပါး၏နောက်သို့လိုက်ကာ ရန်သူထံ တိုးဝင်လာသလို ထင်ရလေသည်။

မြစ်နှင့်အလောင်းများ၏ အထက်တွင် ကြီးမားလွန်းသော အနက်ရောင် ကြေးခွံကြီးတစ်ခု ပေါ်လာသည်။ ဒါဟာ အလွန်လေးလံသော တစ်စုံတစ်ရာ ဖြစ်နိုင်လေသည်။ ထိုကြေးခွံ၏အောက်ဘက်တွင် ကြောက်မက်ဖွယ်ကောင်းပြီး ခြောက်ခြားဖွယ်ကောင်းသော မျက်ဝန်းတစ်စုံက ပေါ်လာသည်။ သေဆုံးခြင်းအကြည့်သည် မြေအောက်လောက၏ အလှမ်းကွာဝေးလွန်းသော နတ်ဆိုးတစ်ပါးထံမှ ဖြစ်ဖျားခံလာသည်။ ဒါကို ကျိန်စာဟု သတ်မှတ်၍ရသည်။ အားပါး၏ အင်အားအကြီးဆုံးနှင့် ခြိမ်းခြောက်နိုင်ဆုံးသော အကွက်ဖြစ်နေသေးလေသည်။

ထိုတိုက်ကွက်က ရုပ်ပိုင်းဆိုင်ရာ အင်အားနှင့် စိတ်စွမ်းအားပေါင်းများစွာကို ကုန်ဆုံးစေသည်။ ထို့နောက် တစ်လလုံးလုံး အချိန်ယူပြီးမှသာ ပြန်လည်ဖြည့်တင်းနိုင်လေသည်။ ထိုအတွက်ကြောင့် မည်သည့် ထိပ်တန်းအဆင့် တိုက်ပွဲတွင်မဆို အသုံးပြုခဲသည်။ ထို့ကြောင့် အားပါးက ထိုသိုင်းကို အသုံးပြုလေ့မရှိချေ။ သို့သော် ဒီလိုအခိုက်အတန့်တွင် ဒီလိုအခြေအနေမျိုးကို စိုးရိမ်ရန် မလိုအပ်တော့ကြောင်း နားလည်နေသည်။

“အရာအားလုံးရဲ့ ပုံရိပ်ယောင်”

တစ်ချိန်ထဲတွင်ပင် ဟော်ရှု့ဟွေ့ခမ်းကလည်း ဗုဒ္ဓ၏စွမ်းအင်များနှင့်အတူ သိုင်းတစ်မျိုးကို ထုတ်သုံးလိုက်သည်။ သူကလည်း ဗာရိုဂါးနား ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဆင့်ခေါ်လိုက်သည်။ သူ၏ ဓားမောက်ရှည်ကို တစ်ချက်ယမ်းလိုက်ရုံဖြင့် သူဟာ ကောင်းကင်ခစားခြင်း ခုတ်ချက်ကို ထုတ်သုံးလျှက် ဝမ်ချောင်ထံ ထုတ်ဝင်သွားသည်။ တိုက်ပွဲ၏ အခြေအနေအရ ဟော်ရှု့ဟွေ့ခမ်းသည်လည်း သူ၏ခန္ဓာကိုယ်အနှံ့ ပေါက်ထွက်မတက် ပြင်းထန်နေသည့် ဒေါသကို သယ်ဆောင်ထားရသည်။

မဟာဗိုလ်ချုပ်ကြီး လေးယောက်နှင့် အာရပ်စစ်နတ်ဘုရား ချွီထေပါးတို့က မမျှော်လင့်ထားစွာပင် အသက်(၁၇)နှစ်အရွယ် ဝမ်ချောင်ကို မကိုင်တွယ်နိုင်ချေ။ ဒါဟာ လောက၏ ကြောက်စရာအကောင်းဆုံးသော ဖြစ်ရပ်ကြီးဖြစ်လောက်သည်။ ထိုလူငယ်က အနောက်တောင်ပိုင်းက စတင်ပြီး တဖြည်းဖြည်းချင်း အင်အားကြီးမားသထက် ကြီးမားလာလေရာ သူ့ကိုကိုင်တွယ်ရန် လူပေါင်းများစွာက လိုအပ်လာသည်။

“အရင်ဆုံး သူ့ကိုသတ် နောက်မှ တခြားသူတွေကို ကိုင်တွယ်မယ်”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်လုံးက သတ်ဖြတ်လိုသည့် စိတ်ဆန္ဒဖြင့် တောက်လောင်လာသည်။ သူ၏ဒေါသနှင့် သတ်ဖြတ်လိုစိတ်ဆန္ဒများက ထိုဗုဒ္ဓရုပ်ပွားတော်ကြီး၏ မျက်နှာကို ပုံပျက်ပန်းပျက် ဖြစ်သွားစေသည်။

ဘုန်း

လေထဲသို့ ဆေဘာစွမ်းအင်တစ်ရပ်က စုတ်ဖြဲလျှက် ဝင်ရောက်သွားလေပြီး ဝမ်ချောင်၏ခေါင်းအထက်သို့ ကျဆင်းသွားသည်။

“သမုဒ္ဒရာလက်စွပ်”

လေထဲတွင် ဝေဝါးသော အပြာရောင်အလင်းတန်းက ပေါ်ထွက်လာသည်။ အမြင်အာရုံစူးရှသော ကျစ်ရက သူ၏သမုဒ္ဒရာလက်စွပ်ကွင်းကို ပစ်လွှတ်လိုက်ပြီဖြစ်သည်။

ဝုန်း

လေပြင်းက ဟိန်းဟောက်သည်။ မိုးခြိမ်းသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အနက်ရောင် တိမ်စိုင်များကလည်း စတင်ကာ စုဝေးလာ၏။ သမုဒ္ဒရာလက်စွပ်ကွင်းက အလားတူသော စွမ်းအင်ကို ထုတ်လွှတ်သော်လည်း ပုံမှန်ထက် အဆပေါင်းများစွာ အင်အားကြီးသွားသည်။

ယခုလို အရေးပါသော အခိုက်အတန့်တွင် ကျစ်ရသည်လည်း တုန့်ဆိုင်းမနေဘဲ အင်အားတိုင်းကို စိုက်ထုတ်လိုက်ပြီး အင်အားအကြီးဆုံးတိုက်ကွက်ကို ထုတ်သုံးသည်။

အားပါးနှင့် အခြားသောသူများက ဝမ်ချောင်၏ နောက်ဆုတ်လမ်းကို ဖြတ်တောက်ထားသည့် အချိန်တွင် အင်အားကြီးဆုံး တိုက်ကွက်တိုင်းကိုလည်း ထုတ်ထားသေးသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်ဟာ အပုမူစလင်နှင့် ချွီထေပါးကိုလည်း ရင်ဆိုင်ရဦးပေမည်။

“အော့စမော့သိုင့်၏ အမျက်ဒေါသ”

အပုမူစလင်၏ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေသည်။ လေထဲတွင်လည်း ခေါင်းသုံးလုံးနှင့် မိစ္ဆာနတ်ဆိုးကြီး၏ ပုံရိပ်က ယမ်းလျှက် ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် အပုမူစလင်၏ အနောက်တွင် နေထိုင်ခြင်းမရှိတော့လေဘဲ သူ့ကိုကျော်ဖြတ်လျှက် ဝမ်ချောင်ထံခုန်ဝင်ကာ ဖိသိပ်ရန် ကြိုးစားချင်ပုံရသည်။ ချွီထေပါးကမူ အလားတူပင် တိုက်ခိုက်လိုက်သည်။

ဘုန်း

သူ၏သိမ်မွေ့သော နယ်မြေပေါ် နားလည်သဘောပေါက်မှုက နက်ရှိုင်းလာသည်နှင့်အမျှ ချွီထေပါးဟာ ရုတ်တရက် ဓားကိုသုံးပြီး ခုတ်ပိုင်းလိုက်ရုံနှင့် မှင်သက်ဖွယ်ကောင်းလွန်းသော ရွှေရောင်ဓားချီ အလင်းတန်းက ပေါ်ထွက်လာသည်။ ထိုဓားချီက ကောင်းကင်နှင့် မြေပြင်၏ ကွာဟချက်ကိုပင် ဖာထေးနိုင်ပြီး ကျော်ဖြတ်နိုင်ပုံပေါ်လေသည်။

စွစ်

ထိုဓားချီက အောက်သို့ဆင်းသက်လာသည့်အခါ ရွှေရောင်မီးတောက်များက အသက်ဝင်လာသလိုမျိုး တောက်လောင်လာသည်။ ထိုမီးတောက်များက ပူပြင်းလွန်းပြီး စူးရှလွန်းလေရာ အာကာသပြင်ကပင် အပူဒဏ်အောက်တွင် ပုံပျက်ပန်းပျက် ဖြစ်လာသည်။

ထိုသို့ဖြင့် အမျိုးမျိုးသော ဦးတည်ရာဘက် အသီးသီးမှ မဟာဗိုလ်ချုပ်ငါးယောက်က အင်အားအကြီးဆုံး တိုက်ကွက်များကို ထုတ်သုံးလိုက်ပြီး ဝမ်ချောင်ကို ဗဟိုပြုလျှက် ရင်ဆိုင်တိုက်ခိုက်သည်။ အချို့သော အရှိန်အဝါကြီးမြတ်သည့် ဝင်္ကပါကပင် သူ့ကို ထိုနေရာတွင် ပိတ်လှောင်ထားနေသေးသည်။ ဖျက်ဆီးခြင်းစွမ်းအင်ပေါင်း များစွာက မည်သည့်မဟာဗိုလ်ချုပ်ကိုမဆို ကြောက်လန့်မှုကြောင့် တုန်ယင်စေနိုင်လေသည်။ သူတို့ဟာ အဆုံးစွန်သော ခြောက်ခြားဖွယ်ကောင်းသည့် အခိုက်အတန့်ကို ခံစားရနိုင်လေသည်။

အကြောင်းမူကား မည်သည့်မဟာဗိုလ်ချုပ်ကမှ ဒီဒဏ်ကို မခံနိုင်သောကြောင့်ဖြစ်သည်။ ယခုလို ခြိမ်းခြောက်သော အခြေအနေမျိုးကို ရင်ဆိုင်ရသော အခိုက်အတန့်တွင်မူ ဝမ်ချောင်၏ မျက်လုံးက အလွန်အေးစက်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက သတ်ဖြတ်လိုစိတ်ဆန္ဒများဖြင့် တောက်လောင်လာပြီး နောက်မဆုတ်လိုသော စိတ်ဆန္ဒကို ဖော်ပြသည်။

သူသည် ဒီတိုက်ပွဲကို ဆင်နွဲရပေလိမ့်မည်။ သူက နောက်ဆုတ်နိုင်ခြင်းမရှိချေ။

“မဟာဖျက်ဆီးခြင်းသိုင်း”

သူ၏ အော်ဟစ်သံထဲတွင် အကန့်အသတ်မဲ့သော တိုက်ခိုက်လိုစိတ်ဆန္ဒများက ပြည့်နက်လျှက် ပါဝင်လာသည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်၏ အနောက်ဘက်တွင် ကြီးမားလွန်းသော ရွှေရောင်နတ်ဘုရားက ပေါ်ထွက်လာသည်။ ထိုနတ်ဘုရားက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အကွက်သုံးကွက်ထဲမှ အင်အားအကြီးဆုံး အကွက်ဖြစ်သည့် မဟာဖျက်ဆီးခြင်းသိုင်းကို ထုတ်လွှတ်လိုက်သည်။

ဘုန်း

လောကတွင် စုတ်ဖြဲခံရသည့် အစင်းကြောင်းရာက ပေါ်ထွက်လာသည်။ ထိုအစင်းကြောင်းရာက လောကတစ်ခုလုံးအနှံ့ ဖျက်ဆီးသွားနိုင်သည့် ဖျက်ဆီးခြင်းမုန်တိုင်းကို ထုတ်လွှတ်လိုက်လေသည်။

ဘုန်း

လူတိုင်းက ဝမ်ချောင်ထံ အင်အားအကုန်သုံးကာ တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် ဝမ်ချောင်ကလည်း အလားတူပင် အင်အားကြီးသည့် တိုက်ကွက်ကို ထုတ်သုံးထားသည်။ ထိုအချိန်တွင် ချွီထေပါး၊ အပုမူစလင်၊ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့အားလုံးက သူ့ကိုတိုက်ခိုက်လိုက်ကြပြီဖြစ်သည်။ အားလုံးထိပ်တိုက်ဆုံသွားသည့် အခိုက်အတန့်တွင် တစ်လောကလုံးက မည်းမှောင်သွားသည်။

သို့သော် တစ်စက္ကန့်ခန့်သာကြာသည်။ တစ်စက္ကန့်ခန့်ကြာပြီးနောက် စကြာဝဠာကြီးက ပြန်လည်မွေးဖွားလာသလို မြင်ကွင်းမျိုးဖြင့် ကျယ်လောင်သည့် အသံမျိုးကို ကြားလိုက်ရလေသည်။ အမှောင်ထုက ကွဲအက်သွားသည်။ မျက်စိကြိမ်းမတက် တောက်ပသော အလင်းတန်းက ပေါ်ထွက်လာ၏။ ထိုအလင်းတန်းက နေမင်းထက်ပင် အဆတစ်သောင်းမက တောက်ပထိန်လင်းနေလေသည်။ အရာအားလုံးက တိတ်ဆိတ်သွားသည်။ ထိုသို့ဖြင့် ခြောက်ခြားဖွယ်ကောင်းသော တဘုန်းဘုန်း တဒိုင်းဒိုင်း အသံများကသာကျန်ရစ်သည်။

ဝူး...

ပေါက်ကွဲသံပြီးနောက် ဖျက်ဆီးခြင်းလေပြင်းပေါင်း များစွာက ဖယ်ရှားခံရသည်။ ဖုန်တိမ်စိုင်လုံးများက ထိုနေရာကို မွှေနှောက်နေသည်။

ထိုအချိန်တွင် ပေါ်ထွက်လာသည့် မြင်ကွင်းဟာ လူတိုင်း၏စိတ်အတွင်း နက်ရှိုင်းစွာ ကျန်ရစ်လောက်သည်။ လူတိုင်းကလည်း ထိုမြင်ကွင်းကြောင့် ကြောက်ရွံ့ရိုသေမှုကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

“ချောင်အာ”

အံ့အားသင့်ဖွယ်ကောင်းသော အားလှိုင်းများကို အာရုံခံမိသည့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် နောက်ဆုတ်သွားသော ထန်စစ်တပ်က ပေါက်ကွဲမှုအလယ်ဗဟိုသို့ လှည့်ကြည့်လိုက်သည်။ သူတို့၏မျက်နှာက ဖြူဖျော့ပြီး သွေးများဆုံးရှုံးသွားလေသည်။

All Chapters