← Chapters

အခန်း (၁၁၄၁-၁၁၄၅)

Vol. 66 Ch. 1141-1145

အခန်း (၁၁၄၁-၁၁၄၅)

Vol. 66 Ch. 1141-1145

အခန်း(၁၁၄၁)

ချွီထေပါးနှင့် အခြားသော မဟာဗိုလ်ချုပ် လေးယောက်လုံးက သူတို့၏ အင်အားအကြီးဆုံး တိုက်ကွက်များကို ထုတ်ထားကြသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကပင် ထိုတိုက်ကွက်များကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။

“ဝမ်ချောင်”

ကောင်းရှန်းကျစ်၏နှုတ်ခမ်းက တဆတ်ဆတ်တုန်သွားပြီး ပေါက်ကွဲမှုရှိရာဘက်သို့ ကြည့်လိုက်သည်။ ထိုတခဏတွင် သူ၏စိတ်က ဗလာဖြစ်သွားသည်။ သူ၏စိတ်အတွင်း ဖော်ပြရန်ခက်ခဲသည့် ဝမ်းနည်းမှုက ကြီးစိုးလာသည်။

“အရှင်အမတ်”

အနီးအနားရှိ လီစစ်ယဲ့၊ ရွှယ်ချန်ကျွင်း၊ ခုံးကျစ်အန်း၊ စုဟန်ရှန်းနှင့် ဝမ်ချောင်၏ အခြားသော လက်အောက်ငယ်သားများ အားလုံး၏ မျက်နှာက သေလုခြောက်ခြားဖွယ်ကောင်းလောက်အောင် ဖြူဖျော့သွားသည်။ ပေါက်ကွဲမှုဖြစ်လာသည့်ဘက်မှ စတင်ပြီး ဒေါသတကြီးဖြစ်နေသော လေမုန်တိုင်းက မြင့်တက်လာသည်။ ထိုအချိန်တွင် ထိုနယ်မြေကမူ ပြိုလဲကျနေပြီဖြစ်သည်။ တိုက်ကွက်ငါးကွက်လုံးကြောင့် ဖြစ်ပေါ်လာသော ဖျက်ဆီးခြင်းစွမ်းအားများက ဒီဘက်သို့ ဆက်ပျံ့လာသေးသည်။ ထို့ကြောင့် ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ပြီး မြေပြင်ကို ကျွံ့ကျနေစေသည်။

သူတို့က အချိန်အတန်ကြာအောင် မကြေကွဲနိုင်သေးခင် ရုတ်တရက် စွမ်းအင်မုန်တိုင်းအတွင်းမှ ရွှေရောင်ပုံရိပ်တစ်ခုက ပေါက်ကွဲလျှက် ခုန်ထွက်လာသည်။ သိန်းငှက်တစ်ကောင်လိုမျိုး လေထဲသို့ ခုန်တက်သွားပြီးနောက် လေထဲတွင် တဖြတ်ဖြတ်လတ်နေသော ဝတ်စုံများနှင့်အတူ ခမ်းနားထည်ဝါစွာ ပေါ်ထွက်လာရင်း ပထမခုခံရေးအားလှိုင်းထံ လျှင်မြန်စွာ ပြေးထွက်လာသည်။

“အားလုံးပဲသွားကြတော့”

ဝမ်ချောင်၏အော်သံက တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ မိုးခြိမ်းသံလို လွှမ်းမိုးသွားသည်။

“အရှင်”

“အရှင်အမတ်”

စိတ်ဓာတ်ကျနေသော ထန်စစ်တပ်က အောင်ပွဲခံသံများနှင့် ပေါက်ကွဲသွားသည်။

“ဝမ်းသာစရာပဲ”

လူတိုင်းက စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားကြသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီးနှင့် ကောင်းရှန်းကျစ်တို့ကပင် အံ့အားသင့်မှုမှ ရုန်းထွက်နိုင်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်ကြသည်။

“လက်နက်ကြီးစစ်တပ် အရင်ဆုံးနောက်ဆုတ်”

“ကျန်ရှို့ကျစ် ပျားပုံးလက်နက်တွေကို ဆက်လက်ပြီး အမိန့်ပေးနေ။ ရန်သူတွေအားလုံးကို တားထား”

“မြင်းတပ်အဖွဲ့ဝင်တိုင်း မင်းတို့ရဲ့စစ်မြင်းတွေပေါ်တက်ပြီး နောက်ကိုဆုတ်ဖို့ ပြင်ဆင်ကြတော့”

ကောင်းရှန်းကျစ်က စတင်ပြီး အမိန့်တသီတတန်းကြီးထုတ်သည်။

တော်လိုက်တဲ့ကလေး မင်းအလွယ်တကူ မသေနိုင်မှန်းငါသိတယ်။

ကောင်းရှန်းကျစ်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှု အားလုံးက ရှင်းလင်းခြင်းခံရသည်။ ဝမ်ချောင်၏ အရှိန်အဝါက နွမ်းလျပြီး အစီအစဉ်မကျဖြစ်နေသည်။ အဝတ်အစားများကလည်း စုတ်ပြတ်သတ်နေသည်။ သူ၏လက်မောင်း၊ ပုခုံး၊ မျက်နှာ၊ လည်တိုင်များတွင် ပေါက်ကွဲသံကြောင့် ထိခိုက်ခဲ့သည့် အစင်းရာများ၊ လောင်ကျွမ်းရာများကိုမြင်နိုင်သည်။ သို့သော် ဝမ်ချောင်က အသက်ရှင်နိုင်လျှင် မည်သည့်အရာကမှ အရေးမကြီးတော့ချေ။ ကောင်းရှန်းကျစ်သည်လည်း သူကိုယ်တိုင်ကသာ ပေါက်ကွဲမှုအတွင်း ရှိနေခဲ့ပါက ယခုလိုမျိုး အကောင်းတိုင်း မကျန်ရစ်နိုင်ကြောင်း နားလည်နေသည်။

ခြိမ်း

ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့၏ အမိန့်နောက်မှ ထန်စစ်တပ်တစ်ခုလုံးက လိုက်ပါလုပ်ဆောင်ကြသည်။ ဝမ်ချောင်ကပင် စတင်ကာနောက်ဆုတ်သည်။

“သေစမ်း မင်းတကယ်လွတ်သွားသေးတာလား”

ထိုမြင်ကွင်းကြောင့် ချွီထေပါး၏မျက်လုံးက ဒေါသတကြီး နီရဲသွားသည်။ ဝမ်ချောင်က သူ၏တိုက်ကွက်ကို တားနိုင်ခဲ့သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ ထို့ကြောင့်သူက မည်သို့သော ခွန်အားမျိုးကို သုံးနေစေကာမူ ဝမ်ချောင်က မသေနိုင်ပုံပေါ်သည်။

ထို့ကြောင့်သူဟာ ဝမ်ချောင်ကို ပေါ့သေးသေး သဘောမထားတော့ဘဲ အလေးအနက်ထားကာ ရင်ဆိုင်မိခဲ့သည်။ နောက်ဆုံးတွင် ချွီထေပါးက ဝမ်ချောင်ကို အထူးတလည် အလေးပေးပြီး တိုက်ခိုက်ခဲ့သည်။ သူ၏တိုက်ကွက်က ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို သယ်ဆောင်သွားသည်။ သို့သော အဆုံးသတ်တွင် ဝမ်ချောင်က စစ်တပ်နှင့်အတူ ထွက်ပြေးနိုင်သေးသည်။ ထိုတိုက်ပွဲက အနိုင်ရသလို ရှုံးလည်းရှုံးသေးသည်။ အနည်းဆုံး မာနကြီးသော ချွီထေပါးအတွက် အရှက်ခွဲခံလိုက်ရသည်။

ဘန်း

လေထုက ပေါက်ကွဲသံလို ထွက်လာသည်။ ကြီးမားသော ရွှေရောင်အားလှိုင်းကြီးက ချွီထေပါး၏ ခြေထောက်အောက်မှ စတင်ကာ လိမ့်တက်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သူက ပျောက်သွားသည်။ ထို့နောက် အနောက်ဘက်တွင် အဖြူရောင် အစင်းတန်းရှည်ကြီးကို ချန်ထားရစ်ခဲ့သည်။ သူဟာ ဝမ်ချောင်နှင့် ပထမခုခံရေးအားလှိုင်းထံ ခုန်ဝင်လာသည်။ တိုက်ပွဲက မည်သို့ဖြစ်သွားစေကာမူ ဝမ်ချောင်က သေရမည်ဖြစ်သည်။

“နောက်ကလိုက်”

တစ်ချိန်ထဲလိုလို အပုမူစလင်ကလည်း လက်ကိုယမ်းချလိုက်ပြီး ချွီထေပါး၏ အနောက်မှလိုက်သည်။ သူ၏အနောက်ဘက်တွင် ဟော်ရှုှု့ဟွေ့ခမ်း၊ အားပါးနှင့် ကျစ်ရတို့က လိုက်လာကြသည်။ အားလုံး၏မျက်လုံးက ခက်ထန်ကြမ်းတမ်းကာ စူးရှနေသည်။

“ဒီမျိုးမစစ် သူ့ကို ဒီအခြေအနေမျိုးထိ မသတ်နိုင်သေးဘူးလား။ ဘယ်လောက်တောင် မာလိုက်တဲ့ဝိညာဉ်လဲ။ ဒါပေမဲ့ ငါကတော့ မင်းဘယ်လောက်ထိ တောင့်ခံနိုင်မလဲကြည့်မယ်”

အားပါးက ခပ်ကြမ်းကြမ်းအော်ရင်း လိုက်လာသည်။

တိုက်ပွဲဟာ တည်ငြိမ်သွားလေပြီး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ပြီးနောက်တွင် အာရေးဗီးယားက နိုင်သွားသည်။ အာရပ်များသည် သူတို့၏ မည်သည့်ရန်သူကိုမှ ညှာတာပေးရိုးထုံးစံ မရှိခဲ့ချေ။ ရန်သူကို ထွက်ပြေးခွင့်လည်း မပြုတတ်ချေ။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ။ အရှိန်နှုန်းမြှင့်ပြီး လိုက်ကြ”

“တပ်ကူတွေသွား နောက်ဆုတ်တဲ့ကောင်တိုင်းကိုသတ်”

အပုမူစလင်၏ အေးစက်ပြီး တင်းမာသည့်အသံက စစ်တပ်တစ်ခုလုံးအနှံ့ လွှမ်းခြုံသွားသည်။ ကောင်းရှန်းကျစ်က စစ်သည်သုံးသောင်းထဲနှင့် တာလာ့တွင် နှစ်လခန့်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။ သို့သော် ယခုမူ ကျန်သောစစ်သားများက အန်းရှီကာကွယ်ရေးစစ်တပ်ထက် အဆပေါင်းများစွာ အင်အားကြီးမားသွားသည်။ သူတို့ကိုသာ အနောက်ပိုင်းနယ်မြေသို့ ပြန်ခွင့်ပြုလိုက်သော် အဆုံးအစမဲ့သည့် ပြဿနာများက ဖြစ်လာနိုင်သည်။

ခြိမ်း

ထို့နောက် လေထဲတွင် ပေါက်ကွဲသံများက ထွက်လာပြန်သည်။

ချွီထေပါး၊ အပုမူစလင်၊ ဟော်ရှု့ဟွေ့ခမ်း၊ ကျစ်ရနှင့် အားပါးတို့အားလုံးက အင်အားအကုန်သုံးပြီး ဝမ်ချောင်၏အနောက်သို့လိုက်ကြကာ နောက်တွင် အဖြူရောင် အစင်းကြောင်းရာများကို ချန်ထားရစ်ခဲ့သည်။

“နောက်ဆုတ် မြန်မြန် နောက်ဆုတ်ကြ”

အထိတ်တလန့်ဖြစ်သံများကိုလည်း ကြားရသည်။

ထိုငါးယောက်ကလည်း ထန်လက်မှုပညာရှင်များကပင် မြင်းများပေါ်သို့တက်ကာ ထွက်ပြေးနေကြောင်း မြင်ရသည်။ တာလာ့အတွင်းတွင်ရှိသော ရေကြည်ရာမြက်နုရာရှာသော လူများနှင့် နွားကျောင်းသားများ အားလုံးကလည်း စစ်တပ်၏နောက်မှလိုက်ပြီး သူတို့၏နယ်မြေများကို စွန့်ပစ်သွားကာ အလန့်တကြား ထွက်ပြေးကြပြီဖြစ်သည်။ ထိုတိုင်းဆက်ဖြစ်နေလျှင် သိပ်မကြာခင် အစစ်အမှန် ထန်စစ်သားများက လိုက်ပါသွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားပါက အာရပ်နှင့် တိဗက်များအတွက် မကောင်းသောသတင်း ဖြစ်လာပေလိမ့်မည်။

“သတ်”

တွေးတောရန် အချိန်မရှိတော့သည့် အပုမူစလင်က တိုက်ခိုက်လိုက်သည်။ သူဟာ အနက်ရောင်စွမ်းအင်လုံးကြီးကို ထုတ်လွှတ်လိုက်ပြီး ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ ပထမခုခံရေးအားလှိုင်းထံ ပစ်လိုက်သည်။

မြေကမ္ဘာဟာ တသိမ့်သိမ့်တုန်သော ညဉ်းညူသံမျိုးကို ထုတ်လိုက်သည်။ အကြောင်းမူကား အနောက်ဘက်မှ ပို၍အင်အားကြီးမားသော စွမ်းအင်လုံးများက ကပ်ပါလာ၍ဖြစ်သည်။ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့က အလားတူ တိုက်ခိုက်လိုက်ကြသည်။ သို့သော် သူတို့ကို အစစ်အမှန် ခြိမ်းခြောက်နိုင်သည်မှာ အာရပ်စစ်နတ်ဘုရား ချွီထေပါးဖြစ်သည်။

ခလွက်

တစ်လောကလုံးဟာ စုတ်ဖြဲခံရသလိုဖြစ်သွားသည်။ ထို့နောက် ရှည်လျားသော ရွှေရောင်ဓားချီ အလင်းတန်းက ပေါ်ထွက်လာသည်။ ထိုဓားချီက ပေတစ်သောင်းကျော်သည်။ ထိုသို့ဖြင့် လောကတစ်ခုလုံးကို ခုတ်ထွင်ရှင်းလင်းနိုင်သော အရှိန်အဝါကိုသုံးကာ အောက်သို့ ခုတ်ချလိုက်သည်။ သူခုတ်ချလိုက်သော နေရာက သံမဏိခုခံရေး အားလှိုင်းထံသို့ဖြစ်ပြီး ဝမ်ချောင်နှင့် ထွက်ပြေးသွားသော ထန်စစ်တပ်ကို ရည်ရွယ်သည်။

ခြိမ်း

ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏ မျက်နှာတွင်ပင် စိုးရိမ်မှု တစ်စွန်းတစ်စက ပေါ်ထွက်လာသည်။ သူက ရုတ်တရက် တစ်ဖက်သို့လှည့်လိုက်ပြီး ဓားချီအတန်းလိုက်ကို ထုတ်လွှတ်လိုက်ကာ ချွီထေပါး၏ ဆင်းသက်လာသော ရိုက်ချက်ကို တားဆီးလိုက်သည်။ တစ်ချိန်ထဲလိုလို မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ကောင်းရှန်းကျစ်နှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့ကလည်း သူတို့၏ကိုယ်ပိုင် လှည့်ကွက်အသီးသီးကို ထုတ်သုံးလိုက်ကြသည်။

“မင်းမပြေးနိုင်ပါဘူး”

တိုက်ကွက်များ မဆင်းသက်ခင် အရာအားလုံးက လေထဲတွင် ပေါက်ကွဲသွားသည်။ သို့သော် ချွီထေပါးအတွက်ကမူ ထိုအချိန်ကတင် လုံလောက်သည်။ ထိုသို့တိုက်ခိုက်လိုက်သည့် ပန်းတိုင်က ဝမ်ချောင်ကို သတ်ရန်မဟုတ်ချေ။ သို့သော် သူ့ကို ဒီနေရာတွင် ချန်ထားရစ်ခဲ့ပြီး ထွက်ပြေးနိုင်စွမ်းမရှိအောင် လုပ်ရန်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်က နောက်သို့လှည့်ပြီး တိုက်ကွက်ကိုတားသောကြောင့် ချွီထေပါးက သူ့ကိုမှီသွားသည်။ ထို့ကြောင့် သူတို့ကြားတွင် ခြေလှမ်း ခြောက်လှမ်းနှင့် ခုနှစ်လှမ်းခန့်သာ ရှိသည်။ အနောက်ဘက်တွင်လည်း အပုမူစလင်၊ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့က ကပ်လိုက်လာသေးသည်။

သူတို့က ချွီထေပါးထက် အများကြီးနိမ့်သည်။ သို့သော် ခြေလှမ်းခြောက်ဆယ်မှ ခုနှစ်ဆယ်ခန့်အထိသာ ဝေးကွာတော့သည်။ ထိုလေးယောက်လုံးက ဝမ်ချောင်ကိုအသီးသီး ဝိုင်းလိုက်ကြသည်။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် ဝူရှန်းရွာသူကြီး၊ ကောင်းရှန်းကျစ်တို့ အားလုံးကလည်း ထိုနေရာတွင် ရှိနေသည်။ ထိုလေးယောက်ကပေါင်းပြီး ချွီထေပါးကို ရင်ဆိုင်ရလျှင် ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေခြင်း ဖြစ်ပေလိမ့်မည်။ ဝမ်ချောင်က ကံကောင်းပြီး ပထမတစ်သုတ် တိုက်ကွက်အောက်တွင် ရှင်သန်ကျန်ရစ်နိုင်ခဲ့သည်။ သို့သော် အခြားသောသူများကမူ အလားတူ မဖြစ်နိုင်ချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ပင်ဖြစ်စေ၊ ဝူရှန်းရွာသူကြီးပင်ဖြစ်စေ၊ အနက်ရောင်သံချပ်ကာဝတ် အစောင့်ပင်ဖြစ်စေ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး မောပန်းနွမ်းနယ်နေပြီးသားဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်လောက် ကံမကောင်းနိုင်တော့ချေ။

ထို့ကြောင့် ချွီထေပါး၊ အပုမူစလင်၊ အားပါးနှင့် အခြားသောသူများအားလုံးက ဝမ်ချောင်ကို သတ်ဖြတ်လိုစိတ် အပြည့်နှင့် လိုက်လာကြသည်။ ထန်စစ်တပ်ကပင် မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီး၊ ကောင်းရှန်းကျစ်နှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့အားလုံး အပြေးရပ်သွားကြောင့် သတိမထားမိခဲ့ကြချေ။ ထိုအရာသာ မကသေးပေ။ သူတို့က ဝမ်ချောင်နှင့်ပင်ပေါင်းကာ ချွီထေပါးတို့ကို ရင်ဆိုင်နေသည်။

ထို့နောက် ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ထိုငါးယောက်လုံးက နေရာအသီးသီး ရွေးထားကြောင်း မြင်ရသည်။ ရွေးထားသော နေရာများကလည်း စည်းမျဉ်းအရလော၊ နည်းလမ်းအရလော ဆက်စပ်မှုရှိနေသည်။ ထိုအတွက်ကြောင့် သူတို့၏ ကြယ်တာရာစွမ်းအင်များက အချင်းချင်း ချိတ်ဆက်နေလေသည်။

ဘုန်း

ရွှေရောင်အလင်းတန်း ပေါက်ကွဲမှုအောက်တွင် ချွီထေပါးက ဓားကိုဆုပ်ကိုင်လိုက်ပြီး ဓားချီတစ်တန်းကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် တဖန်ထပ်ပြီး ဝမ်ချောင်တို့၏အဖွဲ့ကို သုတ်သင်ရှင်းလင်းရန် ကြံစည်လိုက်ပြန်သည်။ ထိုတိုက်ကွက်ဟာ ယခင်တိုက်ကွက်များနှင့် ခြားနားသွားသည်။ ခွန်အားချင်းအရပင်ဖြစ်စေ၊ အရှိန်နှုန်းအရပင်ဖြစ်စေ၊ အပူနှုန်းအရပင်ဖြစ်စေ၊ အလွန်အမင်း သိသာထင်ရှားပြီးပြင်းထန်လွန်းသော စွမ်းအားများကို သယ်ဆောင်ထားသေးသည်။ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်မှာ ချွီထေပါးကိုယ်တိုင်ကပင် ထိုတိုက်ကွက်အတွင်း အမှန်တကယ် ပူးပေါင်းထားသလို ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် မဟာဗိုလ်ချုပ်ကြီးတစ်ယောက်၏ စွမ်းအင်များကို ကျော်လွန်သွားပြီး ပေါ်ထွက်လာသည့် သန့်စင်လွန်းသော စွမ်းအားများက လောကရှိ မည်သည့်အရာကိုမဆို လောင်ကျွမ်းပစ်နိုင်သည်။

ဒါက သိမ်မွေ့နယ်မြေက စွမ်းအားပဲ။

ထိုအတွေးဝင်လာသည်နှင့် ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။ သူသည် ထိုစွမ်းအင်အဆင့်နှင့် မစိမ်းကားတော့ချေ။ သူ၏ဆရာကိုယ်တိုင်ကလည်း သူ့ကို ထိုလောကထဲသို့ ခေါ်သွားပေးပြီး သူကလည်း ကိုယ်တိုင်ခေါင်းမော့ကာ ထိုစွမ်းအင်မျိုးကို မြင်ကြည့်ခဲ့ဖူးသည်။ ချွီထေပါး၏ ယခင်တိုက်ကွက်များထဲတွင် ထိုကဲ့သို့သော စွမ်းအားမျိုးက မပါဝင်ချေ။ သို့သော် ဝမ်ချောင်ကို အံ့အားသင့်စေသည်မှာ ချွီထေပါးက ဒီတိုက်ပွဲအတွင်း အဆင့်တက်မှုအချို့ ရရှိခဲ့လေပြီး ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပုံပေါ်သည်။

ထိုတိုက်ကွက်ထဲတွင် ထိုစွမ်းအင်အများကြီး မပါဝင်နေသေးသော်လည်း ချွီထေပါးက ထိုအဆင့်နှင့် အများကြီး ဝေးကွာနေလောက်သေးသော်လည်း ထိုအခြေအနေကတင် ဝမ်ချောင်တို့အားလုံးကို ကြောင်အစေမည်ဖြစ်သည်။

“ဗိုလ်ချုပ်လီ”

ဝမ်ချောင်ကအော်သည်။ သူ၏အော်သံအတွင်း ထိတ်လန့်မှုက ပြည့်နှက်နေသည်။ ရှင်မှာလား၊ သေမှာလား၊ နိုင်မှာလား၊ ရှုံးမှာလား... ဒါတွေအားလုံးက နောက်ဆုံးတိုက်ပွဲပေါ် မူတည်နေသည်။

ဘုန်း

အချိန်ကပင် တွားသွားသလို နိမ့်ကျသွားသည်။ ကျယ်လောင်သည့် ပေါက်ကွဲသံအောက်တွင် ကြီးမားသည့် သံချပ်ကာဝတ်ထားသည့် လက်ကြီးတစ်ဖက်က တူကိုင်ထားသည့် စစ်အလံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ပထမခုခံရေးအားလှိုင်း၏ အနောက်ဘက်ရှိ မြေပြင်ထဲသို့ ထိုးစိုက်လိုက်သည်။

ထိုသို့ထိုးစိုက်လိုက်သည့်အခါ ထွက်လာသည့် စွမ်းအား၏ သက်ရောက်မှုက တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ညဉ်းသံလိုလို ထွက်ပေါ်လာစေပြီး လှုပ်ခါသွားစေသည်။ မြေပြင်က ရေများအလား လှိုင်းထသွားသည်။ တစ်ချိန်ထဲတွင်ပင် မမြင်ရသော စွမ်းအားတစ်ရပ်က မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပျံ့နှံ့လာပြီး ပေထောင်ပေါင်းများစွာအတွင်း လွှမ်းခြုံသွားသည်။ ထိုသို့ဖြင့် ဝမ်ချောင်၊ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီး၊ ကောင်းရှန်းကျစ်နှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့က နဂါးကိုးကောင် သွေးစစ်အလံနှင့် တစ်သားတည်းအဖြစ် ပေါင်းစပ်သွားလေပြီ။

အခန်း(၁၁၄၂)

ဘုန်း

လူတိုင်းဟာ မြင့်မားပြီး ခမ်းနားထည်ဝါသော တာလာ့မြို့ကြီးကပင် ရုတ်တရက် တုန်ခါသွားကြောင်း ခံစားလိုက်ရသည်။ သူတို့သည် ထွက်လာသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကိုလည်း သိလိုက်သည်။ ထိုစွမ်းအင်များက ကျယ်ပြောမြောက်များလွန်းသဖြင့် အကန့်အသတ်မဲ့သော သမုဒ္ဒရာကြီးအလား ထင်ရပြီး မည်သည့်သိုင်းပညာရှင်ကိုမဆို သိမ်ငယ်သွားစေနိုင်သည်။ ချွီထေပါးကဲ့သို့ အင်အားကြီးမားသော တည်ရှိမှုကပင် ပုရွက်ဆိတ်တစ်ကောင်လို ခံစားလိုက်ရသည်။

“ဒါက...”

အပုမူစလင်၊ အားပါး၊ ကျစ်ရနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ အားလုံးက တာလာ့အောက်ဘက်မှ လိမ့်တက်လာသည့် စွမ်းအင်များကြောင့် ဖြူဖျော့သွားကြသည်။ ချွီထေပါး၏ ခမ်းနားထည်ဝါသော ဓားချီကပင် တခဏခန့် နှေးကျသွားသည်။

“ဒါက ဒဏ္ဍာရီ ရာရှာဆာမြေသားခံတပ်ဝင်္ကပါပဲ”

အဝေးရှိ သာ့လွန်ရော့ကျန်းက မျက်လုံးပြူးသွားသည်။

တာလာ့အောက်ဘက်တွင် ထိုစွမ်းအင်အဆင့် သယ်ဆောင်ထားသော ဝင်္ကပါက ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ် ဝင်္ကပါဖြစ်ပြီး တာလာ့ကို နှစ်ရာကျော် တည်တံ့စေနိုင်ခဲ့သည်။ သို့သော် ထိုကဲ့သို့သော စွမ်းအင်များက အလွန်အမင်း တည်ငြိမ်သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် စီးဆင်းမှုကိုအာရုံခံရန် မဖြစ်နိုင်ချေ။ ယခုလိုမျိုး ရူးသွပ်စွာ ထိုးထွက်လာခြင်းက အလွန်အမင်း ပုံမှန်မဟုတ်တော့ချေ။

“ဒီမျိုးမစစ်တွေ သူတို့ဘာလုပ်မလို့လဲ”

သာ့လွန်ရော့ကျန်း၏စိတ်က မသက်မသာဖြစ်သွားသည်။ သူ၏စိုးရိမ်မှုကို တုန့်ပြန်လိုက်သလိုမျိုး မြေသားအောက်ဘက်မှ ဝုန်းကနဲအသံကြီးနှင့်အတူ တုန်ခါမှုက ပို၍မြင့်မားသွားသည်။

ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါကြီးက ပြင်းထန်သည့် စွမ်းအင်များကို ထုတ်လွှတ်ပြီး အပေါ်သို့ တွန်းတင်ပေးလိုက်သလိုမျိုး ထူးခြားသော လမ်းကြောင်းတစ်ခုမှတစ်ဆင့် စတင်ကာ စီးဆင်းလာလေပြီး မြေသားထဲမှတစ်ဆင့် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်တို့၏ ခြေထောက်အောက်သို့ ရောက်လာကာ နဂါးကိုးကောင် သွေးစစ်အလံနှင့် ပေါင်းစပ်သွားသည်။

ဖြတ်ကနဲဆိုသလိုပင် ဝမ်ချောင်၏ အရှိန်အဝါ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီး၊ အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် ကောင်းရှန်းကျစ်တို့ အားလုံး၏ အရှိန်အဝါက ထိုးတက်သွားပြီး ကြီးမားသော ဝင်္ကပါကြီးနှင့် တစ်သားတည်းအဖြစ် ပေါင်းစပ်သွားသည်။

ဝင်္ကပါ၏အမြူတေက အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် အလံမဟုတ်တော့ချေ။ သို့သော် ချွီထေပါး၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော ဝမ်ချောင်ဖြစ်သွားသည်။

“မကောင်းတော့ဘူး သူ့ကိုသတ်”

ကောင်းကင်ကိုပင် တုန်ခါစေနိုင်သည့် အော်သံတစ်ချက်နှင့် အပုမူစလင်က ဝမ်ချောင်ကို ချက်ချင်းလိုလို တိုက်ခိုက်သည်။ တူညီသော အခိုက်အတန့်တွင် အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ကလည်း တိုက်ခိုက်လိုက်ကြသည်။ သူတို့၏မျက်နှာတွင် စိုးရိမ်မှုက ပြည့်နှက်နေသည်။

ထိုထန်က ဘာလုပ်လိုက်ကြောင်း မည်သူမှ မသိနိုင်ချေ။ သို့သော် ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါနှင့်တော့ဖြင့် သက်ဆိုင်နိုင်ကြောင်း နားလည်နေသည်။ ထို့ကြောင့် သံသယဝင်ရန် မလိုလောက်အောင် အရာအားလုံးဟာ ကြံစည်ထားခြင်းဖြစ်နိုင်သည်။ ဝမ်ချောင်နှင့် ထန်အကြွင်းအကျန်များက အနောက်ပိုင်းနယ်မြေသို့ဆုတ်ရန် ကြံစည်ထားခြင်း မဟုတ်လောက်ချေ။ ဒီအခြေအနေများတွင် ကြောက်လန့်တကြားဖြစ်ပြီး တာလာ့ကိုဆုတ်ခွာရန် အမိန့်ထုတ်ခြင်း စသဖြင့် အရာအားလုံးက သူတို့ကို အရူးလုပ်၍ တန်ကြေးကိုပေးဆပ်ခိုင်းပြီး ဒီနေရာသို့လာအောင် ဆွဲခေါ်ခဲ့ခြင်းဖြစ်နိုင်သည်။

“အပုမူစလင် ချွီထေပါး မင်းတို့နောက်ဆုံးတော့ သိသွားပြီလား။ အား နောက်ကျသွားပြီ”

သူတို့၏နားထဲသို့ ဝမ်ချောင်၏အသံက ဝင်ရောက်လာသည်။ သို့သော် သူ၏ခွန်အားဟာ တဖန်ထပ်ပြီး ဖောင်းကားသွားပြန်သည်။ နဂါးကိုးကောင် သွေးစစ်အလံ၏ စွမ်းအားမှတစ်ဆင့် ဝမ်ချောင်ဟာ မိစ္ဆာဧကရာဇ် လူအိုကြီးမန်၊ ကောင်းရှန်းကျစ်နှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့အပြင် ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ် ဝင်္ကပါအတွင်းတွင် ရှိနေသော စွမ်းအားတိုင်းကို စုပ်ယူနိုင်သွားသည်။ ထို့ကြောင့် ထိုစွမ်းအင်များက သိပ်သည်းလွန်းသဖြင့် ထိတွေ့ကိုင်တွယ်၍ ရလုနီးပါးဖြစ်လာလျှက် သူ၏ခန္ဓာကိုယ်ထဲသို့ မွှေးညှင်းပေါက်တိုင်းမှတစ်ဆင့် ကြမ်းတမ်းသော မုန်တိုင်းတစ်ခုအလား ထိုးဖောက်ဝင်ရောက်လာသည်။

ဝမ်ချောင်သည် ယခင်က ထိုမျှမြောက်များသော စွမ်းအင်အရင်းအမြစ်မျိုးနှင့် အထိအတွေ့ အဆက်အဆံ မရှိခဲ့ဖူးချေ။ ထိုစွမ်းအင်များက သူ၏ကျင့်ကြံခြင်းအဆင့်ကို အသစ်အသစ်သော အဆင့်များသို့ တက်လှမ်းနိုင်အောင် မယုံနိုင်စရာကောင်းလောက်အောင် မြင့်သွားအောင် တွန်းတင်ပေးနိုင်သည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက သူ၏ခန္ဓာကိုယ်အတွင်းတွင် တဝုန်းဝုန်း တဒိုင်းဒိုင်း မြည်ဟီးနေသည်။ ပုခုံးတစ်ဖက်တစ်ချက်စီမှ နေနှင့်လများကလည်း အစစ်အမှန် နေလုံးနှင့် လမင်းလုံးကြီးအလား ထည်ဝါကာ ပီသထင်ရှားလာသည်။ နေနှင့်လတို့၏ အလင်းရောင်အောက်တွင် ဝမ်ချောင်၏ခွန်အားက လိမ့်တက်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သူဟာ အပုမူစလင်၏ အဆင့်ကို ကျော်သွားရုံသာ မကသေးလေဘဲ ချွီထေပါး၏အဆင့်နားသို့ ရောက်လာသည်။

ဝုန်း

ချွီထေပါး၏မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏မျက်နှာတွင် အလွန်အမင်း လက်သင့်မခံနိုင်သည့် မျက်နှာထားမျိုးကပေါ်လာသည်။

ဝမ်ချောင်တို့ မည်သို့လုပ်လိုက်ကြောင်း မည်သူကမှမသိချေ။

ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါသည် တာလာ့မြို့အောက်တွင် ငြိမ်နေခဲ့သည်မှာ နှစ်ရာကျော်သွားလေပြီ။ ယခုမူ ဒီတိုက်ပွဲအတွင်းတွင် အမှန်တကယ် ပေါ်ထွက်လာပြီး အသုံးဝင်နေသေးသည်။

ချွီထေပါးသည် အင်အားကြီးမားသည်။ သို့သော် သူဟာ ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါကို ရင်ဆိုင်တိုက်ခိုက်နိုင်လောက်အောင် အင်အားမကြီးသေးချေ။

“သေချင်နေတာပဲ”

ချွီထေပါး၏မျက်နှာက အေးစိမ့်တက်သွားသည်။ ရုတ်တရက် နတ်ဘုရားအရှိန်အဝါက သူ၏လက်ထဲမှ ခုန်ထွက်သွားပြီး ခမ်းနားထည်ဝါသော ဓားချီအလင်းတန်းများကို ထုတ်လွှတ်လျှက် ဝမ်ချောင်၏ခေါင်းထံ တည့်တည့်သွားသည်။ အရှိန်နှုန်းက အပုမူစလင်တု့ိအားလုံး၏ တိုက်ကွက်များထက် မြန်ဆန်သည်။

“သူတို့ကိုသတ်”

အားပါးက ခပ်ကြမ်းကြမ်း အော်ဟစ်သည်။ မရေမတွက်နိုင်သော အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက စတင်ကာ ချီတက်လာသည်။ အားပါးသည်လည်း မြောက်များသော လူအင်အားစုကြောင့် ဝမ်ချောင်တို့၏အဖွဲ့မှ တိုက်ကွက်ကို အားနည်းသွားစေရန် မျှော်လင့်သည်။

သို့တိုင်အောင် အချိန်ဟာ နောက်ကျသွားသေးသည်။

အားပါးကလည်း လက်ရွေးစင်ထန်စစ်တပ်များက ဝမ်ချောင်တို့၏အဖွဲ့ကိုဝိုင်းလျှက် ပေါ်လာကြောင်း ယခုမှသာ သတိထားမိလိုက်သည်။ သူတို့သည်လည်း ကြီးမားသည့် ဝင်္ကပါအတွင်းသို့ ဝင်ရောက်လျှက် ပေါင်းစပ်သွားသည်။

လက်ရွေးစင်စစ်သားများက ထန်များနောက်ဆုတ်နိုင်ရန် ကာထားပေးခဲ့ရာမှ ဝမ်ချောင်တို့၏ အဖွဲ့အတွင်းသို့ ဝင်ရောက်လာခြင်းအားဖြင့် သူတို့အကြားရှိ ဝင်္ကပါ၏ ချိတ်ဆက်မှုနှင့် ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါ၏ ချိတ်ဆက်မှုကို ပို၍ ထင်ရှားခိုင်မာသွားစေသည်။

အရာအားလုံးက တိတ်တဆိတ် အစီအစဉ်တကျဖြစ်သွားသည်။ သာ့လွန်ရော့ကျန်းက ဝမ်ချောင်ကို ရှုံးရန် ကြံစည်နေချိန်တွင် ဝမ်ချောင်သည်လည်း နောက်ဆုတ်ရန် အခွင့်အရေးကိုအရသုံးပြီး ချွီထေပါးကို ထောင်ချောက်အတွင်းသို့ အောင်မြင်စွာ ဆွဲသွင်းလိုက်နိုင်သည်။

“ချွီထေပါး မင်းရဲ့ကံကြမ္မာကို လက်ခံလိုက် ဒီနေ့ မင်းက ဒီနေရာမှာ အမြုပ်ခံရမှာ”

ဝမ်ချောင်၏ အသံက စကြာဝဠာပေါင်းများစွာကို ဟိန်းသွားသလိုမျိုး ထွက်ပေါ်လာသည်။

ဘုန်း

သူဟာ အနည်းငယ်မျှပင် တုန့်ဆိုင်းနေခြင်းမရှိတော့ချေ။ ဝမ်ချောင်က နဂါးကိုးကောင် သွေးစစ်အလံနှင့် ပေါင်းစပ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါမှ စွမ်းအင်တိုင်းကိုသုံးလျှက် တိုက်ခိုက်လိုက်သည်။

ဘုန်း

ဝမ်ချောင်၏အနောက်ဘက်တွင် မြင့်မားသော တာလာ့မြို့ရိုးကြီးက မမြင်ရသောလက်ဖြင့် ဆွဲကိုင်ကာ လှုပ်ခါနေသလိုမျိုး တဆတ်ဆတ် တုန်ခါလာသည်။ ထို့နောက် တာလာ့မြို့ရိုးကြီးက ကျယ်လောင်သော ပေါက်ကွဲသံဖြင့်ပြိုကျသည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေသားအပိုင်းအစပေါင်းများစွာက ပွင့်ထွက်သွားသည်။ ဖုန်အလုံးလိုက် လိမ့်ထွက်လာပြီးနောက် မြောက်များလွန်းသော စွမ်းအားကြီးတစ်ရပ်က ချွီထေပါးထံသို့ ဥက္ကာတုံးတစ်တုံး ဆင်းသက်သွားသလိုမျိုး ဝင်ရောက်လာသည်။ ထိုအင်အားက မည်မျှကြီးမားလွန်းကြောင်း မည်သူမှပင် စိတ်ကူးမယဉ်ရဲလောက်သည်အထိ ဖြစ်သည်။ ချွီထေပါး၏ ဓားချီက တစ်လောကလုံးကို ဖြူဖျော့စေနိုင်လျှင် ထိုကျယ်ပြောလွန်းသော စွမ်းအားကြီးကို ရင်ဆိုင်ရသည့် အခိုက်အတန့်တွင်မူ ချက်ချင်းလိုလို ဝုန်းကနဲပြိုလဲကျသွားရသည်။ ချွီထေပါး၏ ဓားချီကို ဖျက်ဆီးပြီးနောက် မြေသားအခြေပြု စွမ်းအင်ပေါင်းများစွာက ရေလွှမ်းမိုးသလိုမျိုး ဆက်လက် လိမ့်တက်လာပြီး ချွီထေပါး၊ အပုမူစလင်၊ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ထံ ဝင်ရောက်သွားသည်။ ထို့နောက် အနောက်ဘက်ရှိ အာရပ်မြင်းတပ်ထံသို့ပင် လိမ့်တက်သွားသေးသည်။

အား

ပေါက်ကွဲသံများ၏ အကြားတွင် စူးရှသည့် အော်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် လေထုထဲတွင် ခြေပြတ်လက်ပြတ်များက လွင့်ထွက်သွားသည်။ ချီတက်လာသော အာရေးဗီးယား စစ်မြင်းပေါင်းများစွာက သက်ရောက်မှုအောက်တွင် သံမဏိတုံးလိုကွေးကာ တစ်စစီ ဖြစ်သွားရသည်။ သို့သော် ဖျက်ဆီးခြင်းစွမ်းအားများကြောင့် အာရေးဗီးယားစစ်မြင်းနှင့် သူတို့၏ သံချပ်ကာများ အားလုံးက စက္ကူများလို ကြေမွသွားရသည်။

ဘုန်း ဘုန်း ဘုန်း

နဂါးကိုးကောင် သွေးစစ်အလံကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများက အာရပ်မြင်းတပ် အဖွဲ့ဝင်များအားလုံး၏ အတွင်းထဲသို့ ဝင်ရောက်ကာ လွှမ်းခြုံလိုက်သည်။ ထန်များကို ထွက်မပြေးနိုင်ရန်အလို့ဌာ အာရပ်မြင်းတပ်ခြောက်ထောင်မှ ခုနှစ်ထောင်ခန့်က ထိုနေရာတွင် သိပ်သည်းစွာ တည်ရှိနေကြသည်။ ယခုမူ ဝမ်ချောင်က ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါကို အသက်သွင်းခြင်းအားဖြင့် လက်ရွေးစင် အာရပ်မြင်းတပ် အဖွဲ့ဝင်များအားလုံးကို အစိတ်စိတ်အပိုင်းပိုင်း ချေမွလိုက်နိုင်သည်။

လေထဲတွင် ပေါက်ကွဲသံများက ဆက်လက်ပြီး ဖြစ်ပွားနေသေးသည်။ ဖုန်များက လိမ့်သထက် လိမ့်တက်လာလေပြီး မြေပြင်အထက် ပေတစ်သောင်းအထိ မြင့်တက်သွားပြီဖြစ်သည်။ အုတ်ကျိုးအုတ်ပဲ့နှင့် ကျောက်စရစ်တုံး အပိုင်းအစများအားလုံးက ဖုန်များအတွင်းမှ ပစ်ထွက်လာပြီး သံမဏိမြို့ရိုးကို ဝင်ဆောင့်တိုက်သည်မှာ ထက်ရှသော မြှားများဖြင့် ပစ်လိုက်သလိုထင်ရသည်။

ဟီ...

မရေမတွက်နိုင်သော စစ်မြင်းများက ဟီကြသည်။ ထိုသို့ဖြင့် စီးနင်းသူများကို ကျောပေါ်မှ ကန်ချကြပြီး တိုက်ပွဲနယ်မြေအတွင်းမှ ထွက်ပြေးကြသည်။ ထိုသို့ဖြင့် ဝရုန်းသုန်းကား မြင်ကွင်းက ပေါ်လာသည်။

အရာအားလုံးဟာ ရုတ်ချည်းဆန်စွာ ဖြစ်ပျက်သွားသည်။ မည်သူကမှလည်း ကြောက်လန့်တကြား ထွက်ပြေးနေရသည့် ထန်များက မျှော်လင့်ချက် ကုန်ဆုံးလုနီးပါးဖြစ်ပြီး ဒီနေရာတွင် အလုံးစုံ သုတ်သင်ခံရတော့မည်ဟု ယူဆထားချိန်မှ ရုတ်တရက် နောက်ဆုံးအခိုက်အတန့်မျိုးဖြင့် လှုပ်ရှားလိုက်မည်ဟု မယုံကြည်နိုင်ကြချေ။ ထို့ကြောင့် မူလက ထန်များကို အလုံးစုံ သုတ်သင်မည့် အာရပ်မြင်းတပ် ခြောက်ထောင်မှ ခုနှစ်ထောင်ခန့်နှင့် ချွီထေပါး၊ အပုမူစလင်၊ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့အားလုံး၏ ကံကြမ္မာက ပြောင်းလဲသွားရလေသည်။

“ဒါက... မယုံနိုင်စရာပဲ”

သာ့လွန်ရော့ကျန်းက မျက်လုံးပြူးနေသည်။ သူ၏မျက်လုံးက ဆက်တိုက်လင်းလက်သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးက မိုးကြိုးအပစ်ခံလိုက်ရသလို တုန်ယင်သွားလေသည်။

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး”

သာ့လွန်ရော့ကျန်း၏ နှလုံးသားက ရေခဲတုံးဖြင့် လုပ်ထားသလိုမျိုး ခံစားလိုက်ရသည်။ သူ၏ဘေးဘက်သို့ ချထားသော လက်နက်က တဆတ်ဆတ် တုန်နေသည်။ သူ၏ အမြဲတစေ တည်ငြိမ်ပြီး ဉာဏ်ပညာရှိသော မျက်နှာက တစ္ဆေတစ်ကောင်လို ဖြူစုတ်နေလေပြီ။

သာ့လွန်ရော့ကျန်းအနေဖြင့် မဟာထန်အလုံးစုံ ရှုံးပြီဟု လက်ခံလိုက်သည့် အခိုက်အတန့်တွင်မှ ဝမ်ချောင်က အခြေအနေကို တဖန်ပြောင်းလဲလိုက်မည်ဟု မယုံကြည်နိုင်ချေ။

ဂါထာတစ်ခု၏ သက်ရောက်ခံလိုက်ရသလိုမျိုး သာ့လွန်ရော့ကျန်းကလည်း သူဟာနိုင်သွားပြီ ဝမ်ချောင်က ဒီတစ်ကြိမ် ရှုံးသွားပြီဟု လက်ခံခဲ့သည်။ သို့သော် ယခုမှသာ တိုက်ပွဲ၏ဦးတည်ရာက သူမမြင်ချင်ဆုံးသော ဦးတည်ရာဘက်သို့ ရောက်သွားသည်။

အရာအားလုံးက တိတ်ဆိတ်သွားသည်။ အာရပ်မြင်းတပ်နှင့် ဗိုလ်ချုပ်များအားလုံးက မျက်လုံးပြူးကျယ်စွာနှင့် မုန်တိုင်းဖြစ်တည်ရာ နေရာသို့သာ ကြည့်နေကြသည်။ သူတို့၏မျက်နှာတွင် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများကို မြင်နိုင်သည်။ သူတို့ဟာ နောက်ဆုံးသောရလဒ်ကို စောင့်နေကြသည်။

အခန်း(၁၁၄၃)

ဝမ်ချောင်၊ မိစာ္ဆဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့အားလုံးက နောက်ဆုံးရလဒ်ကိုစောင့်ရန် စိုက်ကြည့်နေကြသည်။ သူတို့၏အနောက်ဘက်တွင် မြင့်မားလွန်းသော တာလာ့မြို့ကြီးက မရှိတော့ချေ။ ထို့ကြောင့် ပြိုကျသွားသော မြို့ရိုးများနှင့် ဝရုန်းသုန်းကားဖြစ်နေသည့် ဖုန်တိမ်စိုင်လုံးများကြောင့် အရှေ့နှင့်အနောက် ညှပ်ပိတ်ထားသလိုထင်ရသည်။ ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါ၏ အထောက်အပံ့ မရှိတော့သောအခါ ထိုအဆောက်အဦး ခံတပ်ကြီးကလည်း ပျောက်ကွယ်သွားရလေပြီ။

အာရေးဗီးယား ပဲ့ဟယ်မော့စစ်တပ်က မဖျက်ဆီးနိုင်ခဲ့သည့် တာလာ့က ယခုအခါ အမှန်တကယ် ပျက်စီးသွားရသည်။ သို့သော် မည်သူကမှလည်း တာလာ့မြို့ကြီးက စတေးခဲ့ပြီး ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါကို ဖျက်ဆီးခဲ့သည့်တိုင်အောင် အာရပ်စစ်နတ်ဘုရားကို မသတ်နိုင်သော အခြေအနေမျိုးကို တွေ့ထားကြခြင်းမရှိခဲ့ချေ။

တခဏခန့်ကြာပြီးနောက် ဖုန်တိမ်စိုင်လုံးအတွင်းမှ ခပ်ကြမ်းကြမ်း ချောင်းဆိုးသံက ထွက်ပေါ်လာသည်။ ထိုအခြေအနေက ဝမ်ချောင်တို့အားလုံး၏ မျက်နှာကို တင်းမာသွားစေသည်။

“မယုံနိုင်စရာပဲ လုံးဝကို လက်မခံနိုင်စရာပဲ”

လူတိုင်း၏နားအတွင်း လှောင်သံလိုလို ဒေါသထွက်သံများကို ကြားလိုက်ရသည်။ ဟူး....

ကြမ်းတမ်းသည့်လေပြင်းက ဖြတ်တိုက်သွားပြီးနောက် တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားသည့် ဖုန်တိမ်စိုင်လုံးကြီးက အက်ကွဲသွားသည်။ မြေပြင်အထက် ပေတစ်ရာကျော်နေရာတွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ သူဟာ ယခင်အတိုင်း လူတိုင်းကို ငုံ့ကြည့်ဆဲ၊ လူတိုင်းကို အထင်သေးဆဲ၊ ခမ်းနားထည်ဝါဆဲဖြစ်သည်။ သူ၏မျက်နှာကို မမြင်ရသေးသော်လည်း ထိုလူဟာ မည်သူဖြစ်ကြောင်းသိလိုက်သည်။

အာရေးဗီးယားစစ်နတ်ဘုရား ချွီထေပါး

“မဖြစ်နိုင်ဘူး”

ဝမ်ချောင်၊ မိစာ္ဆဧကရာဇ် လူအိုကြီးမန်၊ ကောင်းရှန်းကျစ်တို့အားလုံးက မျက်လုံးပြူးကျယ်ကာ အံ့ဩသွားရသည်။ ကောင်းရှန်းကျစ်က မှင်သက်သွားသည်။ သူ၏လက်က လက်သီးအဖြစ်ပြောင်းသွားသည်။

ဝမ်ချောင်က ဒီအကြံကို ကမ်းလှမ်းခဲ့သောအခါ ကောင်းရှန်းကျစ်က ဖြစ်စဉ်တစ်ခုလုံး တောက်လျှောက် ဆက်ကြည့်နေခဲ့သည်။ ပို၍ဆိုးသည်မှာ သူသည် ဝမ်ချောင်ကို မေးပြီး အကြံအစည်ကို ထပ်ခါတလဲလဲ အသေးစိတ် အတည်ပြုခိုင်းခဲ့သေးသည်။ ထို့ကြောင့် အကြံအစည်တစ်ခုလုံးကို သူ၏လက်ခုံလို ကောင်းကောင်း သိနေပြီးသားဖြစ်သည်။

ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါ၏ စွမ်းအားက အလွန်အမင်း ပြင်းထန်လွန်းလေရာ မည်သည့်သိုင်းပညာရှင်ကိုမဆို ကျော်လွန်သွားသည်။ ဝမ်ချောင်ကပင် နဂါးကိုးကောင် သွေးစစ်အလံကိုသုံးပြီး စွမ်းအားများကိုပေါင်းကာ ထုတ်သုံးခဲ့ရလေသည်။ ထို့ကြောင့် ရိုးရှင်းစွာဖြင့်ပင် သူကိုယ်တိုင်အတွက်ပင် လက်ခံရန်အတွက် စွမ်းအားများက ပြင်းထန်လွန်းခဲ့သည်။

သို့သော် မည်သူကမှလည်း ထိုစွမ်းအားဒဏ်ကို တောင့်ခံနိုင်ခြင်းမရှိလောက်ချေ။ ထိုကဲ့သို့သော စွမ်းအားမျိုးကို ခန္ဓာကိုယ်အတွင်းတွင် အကြာကြီးရှိနေရုံနှင့် အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည်။

ကောင်းရှန်းကျစ်၏ အတွေ့အကြုံနှင့် ဗဟုသုတများအရ မည်သည့်သိုင်းပညာရှင်ကမှ ဒီဒဏ်ကိုမခံနိုင်ဟု ယုံကြည်နေသည်။ ထိုဒဏ်ကိုခံနိုင်လျှင် ဒါဟာ လူသားဆိုသော အကန့်အသတ်ကို ကျော်လွန်သွားလေပြီး ကောင်းရှန်းကျစ်ကမူ ချွီထေပါးက ရှင်သန်နိုင်မည်ဟု မထင်ထားချေ။

ဘန်း ဘန်း ဘန်း

ကောင်းရှန်းကျစ်က စတင်ကာ တွေးတောနေသည့် အချိန်တွင် ရုတ်တရက် စွမ်းအင်မုန်တိုင်းများအတွင်းမှ ခမ်းနားထည်ဝါသော ပုံရိပ်ကြီးတစ်ခုက စတင်ကာ ခုန်ထွက်လာသည်။

ဘုန်း

ဖုန်တိမ်စိုင်လုံးများက ဖယ်ရှားခံရပြီးနောက် ရွှေရောင်တောက်ပနေသော ပုံရိပ်ကြီးတစ်ခုက ဝမ်ချောင်တို့ထံ ခုန်ဝင်လာသည်။

ထိုရွှေရောင်ခန္ဓာကိုယ်ကြီးက အလွန်အမင်း ဝေးကွာနေသေးသည်။ တခဏခန့်ကြာပြီးနောက် မည်သူမှ မတုန့်ပြန်နိုင်သေးခင် အားလုံး၏ ရှေ့တည့်တည့်သို့ရောက်လာသည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်က အလန့်တကြားဖြစ်သွားသည်။ သူက ချက်ချင်းဆိုသလို လက်သီးဖြင့်ထိုးလိုက်သည်။ ထိုလက်သီးအတွင်းတွင် သူ၏ကြယ်တာရာစွမ်းအင်များ အားလုံးကို သံမဏိသားဖြင့်လုပ်ထားသော တောင်တန်းလုံးကြီးအလား ပြင်းထန်သည့် စွမ်းအားများအဖြစ် ပြောင်းလဲလိုက်ကာ ချွီထေပါးကို ရင်ဆိုင်သည်။ ထိုအခိုက်အတန့်တွင် စစ်နတ်ဘုရား ချွီထေပါးက သွေးများစိုရွှဲနေသည်။ သူ၏ဆံပင်က စုတ်ပြတ်သပ်နေပြီး အသက်ရှုသံက အလွန်အမင်း အလောတကြီးနိုင်နေကာ နွမ်းလျနေသည်။ သူ၏စွမ်းအင်များကမူ ပို၍စွမ်းအားကြီးမားလာပြီး ယခင်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားသည်။

ဝမ်ချောင်ကလည်း ချွီထေပါးဟာ ထိခိုက်သွားကြောင်း သိလိုက်သည်။ သူ၏ကိုယ်အတွင်းရှိ စွမ်းအားများက ပို၍စွမ်းအားကြီးမားလာပြီး ပို၍သန့်စင်လာသည်။ သူ၏ကိုယ်အတွင်းတွင် တောက်လောင်နေသော နေမင်းတစ်လုံးရှိသလိုမျိုး သာမာန်ကြယ်တာရာ စွမ်းအင်များကို အသွင်ပြောင်းပေးနေသည်။

သိမ်မွေ့နယ်မြေ

ဝမ်ချောင်သည် ထိုစွမ်းအင်ကို အာရုံခံမိလိုက်ရုံနှင့် မယုံကြည်နိုင်သော မျက်နှာထားမျိုးအဖြစ် ပြောင်းလဲသွားသည်။ ထိုကဲ့သို့ သန့်စင်ပြီး နေမင်းလိုစွမ်းအားမျိုးနှင့် သူဟာ မစိမ်းသက်ချေ။ သို့သော် ချွီထေပါးဟာ ထိုမျှအထိ ပါရမီကြီးပြီး စွမ်းအားပြင်းထန်နေမည်ဟု မထင်ထားမိချေ။ ပြင်းထန်သည့် တိုက်ပွဲအလယ်တွင်သူက သိမ်မွေ့နယ်မြေအဆင့်သို့ တက်ရောက်နိုင်ခဲ့သေးသည်။

သို့သော်သူက ထိုသို့မတက်ရောက်ခင် ချွီထေပါးက ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ် ဝင်္ကပါအတွင်းတွင် သေသွားခဲ့သင့်သည်။ သို့သော် ယခုလို အဆင့်တက်ရောက်ပြီးနောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးသည့်တိုင်အောင် ထိုအဆင့်သို့ ခုန်တက်သွားကာ ရှင်သန်နိုင်ခဲ့သေးသည်။ ထို့ပြင်သူက အပုမူစလင်၊ အားပါး၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျစ်ရတို့ပင် ကန်နိုင်ခဲ့သည်။ အားလုံးက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်။ သို့သော် မည်သူကမဆို အသက်ရှင်ခဲ့သည်။

ဝုန်း

ဖုန်များသယ်ဆောင်လာသော လေပြင်းက ချွီထေပါး၏ ဆံပင်ရှည်ကို လွင့်နေစေသည်။ သူ၏မျက်လုံးက သွေးနီရောင်အဖြစ်ပြောင်းသွားသည်။ ဒီတိုက်ပွဲတွင် ဝမ်ချောင်က နောက်ဆုတ်ရန် ရုပ်ဖျက်ပြီး တိုက်ခိုက်ခဲ့သည်။ ထိုသို့ဖြင့် ချွီထေပါးကို ထောင်ချောက်အတွင်းသို့ ဝင်အောင် မြှားနိုင်ခဲ့သည်။ သူ့ကိုလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့သည်။ သို့သော် သူဟာ ချွီထေပါး၏ နှလုံးသားအတွင်းရှိ ဒေါသတိုင်းကို လောင်မြိုက်အောင် အောင်မြင်စွာ လုပ်လိုက်နိုင်သည်။

မည်သူကမှ ချွီထေပါးကို ဒီလိုမဆော့ကစားရဲချေ။ အာရေးဗီးယားတွင် ချွီထေပါးကသာ ဆက်တိုက်နိုင်ပြီး ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ လူတိုင်းကသူ့ကို စစ်နတ်ဘုရားကဲ့သို့ ကိုးကွယ်ကြသည်။ အရှေ့ပိုင်းမြို့တစ်မြို့ဖြစ်သော တာလာ့တွင် သူဟာ ပထမဦးဆုံးအကြိမ်အဖြစ် လက်ခုံမှ သွေးထွက်ခဲ့သည်။ ထို့နောက် မိစာ္ဆဧကရာဇ် လူအိုကြီးမန်နှင့် စွမ်းရည်တန်းတူ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရသေးသည်။ ထို့နောက် အသက် (၁၇)နှစ်သာ ရှိသေးသည့် လူငယ်လေးတစ်ယောက်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ရသည်။ အရာအားလုံးက ချွီထေပါး၏ ဆယ်စုနှစ်ပေါင်းများစွာ ထိန်းသိမ်းထားသော ပြိုင်ဘက်ကင်းသည်ဆိုသည့် ခေါင်းစဉ်ကို ဖယ်ရှားသလိုဖြစ်လာသည်။

မောက်မာထောင်လွှားလွန်းသော ချွီထေပါး၏ အဆင့်အတန်းက သူ့ကိုသည်းမခံနိုင်အောင် ဖြစ်စေသည်။ သူဟာ မြေပြင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖနောင့်ဖြင့်ပေါက်နေပြီး ဒေါသကို မြှင့်တင်နေသည်။

ဘန်း

ချွီထေပါးက လက်သီးကို ခပ်ကြမ်းကြမ်းထိုးလိုက်သည်။ ဒီတစ်ကြိမ်တွင်သူက ဓားချီတန်းကို ထုတ်လွှတ်ခြင်းမရှိတော့ချေ။ ထိုအစား နေမင်း၏ အလင်းရောင်ကဲ့သို့ထင်ရသည့် စွမ်းအင်တန်းကို ထုတ်လွှတ်လိုက်သည်။ သို့တိုင်အောင် ပုံမှန်ထက်ပို၍ပူပြင်းပြီး မျက်စိကြိမ်းမတက် တောက်ပလေရာ လောကရှိ အရာအားလုံးကို လောင်ကျွမ်းနိုင်ပုံပေါ်သည်။

“သတိထား”

ထိုအသံတစ်ချက်နှင့်အတူ မိစာ္ဆဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီး၊ အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် ကောင်းရှန်းကျစ်တို့အားလုံးက ချွီထေပါးထံ ခုန်ဝင်သွားသည်။ ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းများ အားလုံးက တစ်လောကလုံးအနှံ့ လွှမ်းခြုံထားပြီး ချွီထေပါးကို ဘက်ပေါင်းစုံမှ တိုက်ခိုက်သည်။ ဝမ်ချောင်က သူ၏ကိုယ်ပိုင် တောက်ပသော အလင်းတန်းကို ထုတ်လွှတ်ပြီး အခြားသောလူများနှင့် ပူးပေါင်းကာ ချွီထေပါးကိုသတ်ဖြတ်သည်။

“သတိပေးချက် အပိုအရန်တာဝန်.. စစ်နတ်ဘုရား ချွီထေပါးကိုသတ်”

“အနက်ရောင်မီးတောက်က မြေအောက်လောကကို စီးဆင်းနေတဲ့ ချော်ရည်တွေပဲ။ ဒါက ငရဲကနေတောင် ခုံးတက်လာနိုင်တဲ့ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ပါရမီက အကန့်အသတ်မဲ့တယ်။ သူဟာ အာရေးဗီးယားရဲ့ သိုင်းဝိညာဉ်ကို ကိုယ်စားပြုနိုင်တယ်”

“အခုကစတင်ပြီး အသုံးပြုသူက အာရပ်စစ်နတ်ဘုရား ချွီထေပါးကို စက္ကန့်နှစ်ဆယ်အတွင်း သတ်နိုင်ခဲ့ရင် အသုံးပြုသူကို ကံကြမ္မာစွမ်းအင်အမှတ် လေးသောင်းချီးမြှင့်မယ်။ အချိန်နည်းသွားတာနဲ့ စွမ်းအင်က ပိုများမယ်။ ဒါပေမဲ့ စက္ကန့်နှစ်ဆယ်ထက် ပိုကြာရင်တော့ အသုံးပြုသူ သေရမယ်”

ဝမ်ချောင်က ရုတ်တရက် ကံကြမ္မာကျောက်တုံးထံမှ ထွက်လာသည့် သတင်းစကားများကို ကြားလိုက်သည်။ သူ့အနေဖြင့် ကံကြမ္မာကျောက်တုံးဟာ ချွီထေပါးကိုသတ်ရန်အတွက် ကံကြမ္မာစွမ်းအင်အမှတ် လေးသောင်းဖြင့် ကမ်းလှမ်းမည်ဟု မထင်ထားမိချေ။

ထိုတာဝန်ဟာ ဝမ်ချောင်ရခဲ့ဖူးသမျှထဲတွင် အကြီးမားဆုံး ဆုလဒ်ပေးသည့် တာဝန်ကြီးဖြစ်လောက်သည်။ သို့သော် ဝမ်ချောင်ကမူ စိုးရိမ်စရာ အကြောင်းမရှိတော့ချေ။ သူ၏ဆံပင်က လေတွင်လွင့်နေသည်။ သူဟာ ဦးခေါင်းခွံတစ်ခုလုံး ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရသည်။ သူ၏တစ်ကိုယ်လုံးဟာလည်း ပြင်းထန်လွန်းသည့် အန္တရာယ်ကို ခံစားနေမိသည်။

ချွီထေပါးသည် ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားခဲ့သော်လည်း သိမ်မွေ့နယ်မြေအဆင့်သို့ အောင်မြင်စွာ တက်ရောက်သွားနိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ခြိမ်းခြောက်မှုက ပိုမြင့်သွားသည်။

ခြိမ်း

ကံကြမ္မာကျောက်တုံး၏အသံက ဝမ်ချောင်တို့အဖွဲ့၏ တိုက်ကွက်များအောက်တွင် ပျောက်ကွယ်သွားသည်။

“အား”

ငါးယောက်လုံးက တုန်ယင်သွားပြီး အနောက်သို့ လွင့်ထွက်သွားကြသည်။

ဘန်း ဘန်း ဘန်း

ချွီထေပါး၏ တိုက်ကွက်အောက်တွင် ကျန်ရစ်သောစွမ်းအားများ အားလုံးက နတ်သိုင်းစစ်တပ်နှင့် နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်တော်အချို့ကို သတ်ဖြတ်လိုက်သေးသည်။

“အား”

လေထဲတွင် အော်ဟစ်သံများက ပြည့်နှက်လာသည်။ သူတို့၏ ခန္ဓာကိုယ်များက ထိုးဖောက်ခံရပြီး သံချပ်ကာများက အရည်ပျော်ကျသွားသည်။

“နောက်ဆုတ် အားလုံးပဲ မြန်မြန်နောက်ဆုတ်ကြ”

လီစစ်ယဲ့၊ ခုံးကျစ်အန်း၊ ရွှယ်ချန်ကျွင်း၊ ကျန်းချွယ်နှင့် စုဟန်ရှန်းတို့အားလုံးက အလန့်တကြား အော်ကြသည်။ အားလုံးက စစ်တပ်ကိုကာထားပေးလျှက် နောက်ဆုတ်စေသည်။

သူတို့အားလုံးသည်လည်း ဒီမြင်ကွင်းအတွက် အလွန်ကြောက်လန့်သွားကြသည်။ တာလာ့သည် ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါနှင့်အတူ ပြိုကျသွားသည်။ သို့တိုင်အောင် ထိုတိုက်ကွက်ကို ချွီထေပါးက တောင့်ခံနိုင်ခဲ့ပြီး ပိုအင်အားကြီးမားသွားသေးသည်။ သူ၏လက်သီးတစ်ချက်ကတင် ဝမ်ချောင်တို့အဖွဲ့မှ ငါးယောက်လုံးကို ဒဏ်ရာရသွားစေသည်။

“ဒီနေ့ ငါမင်းတို့အားလုံးကိုသတ်မယ်”

ချွီထေပါး၏ မျက်လုံးက အေးစက်နေသည်။ သူ၏ခြောက်ခြားဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ် ဆန္ဒက လေထုကိုပင် တွန့်လိမ်ရှုံ့တွစေသေးသည်။

ချွင်

သူက လက်တစ်ဖက်ညွှန်လိုက်သည်။ သူ၏ကြီးမားသော ဓားကြီးက ရွှေရောင်အလင်းတန်းများနှင့်အတူ မြေပြင်ထဲမှထိုးထွက်လာပြီး လက်ဝါးပေါ်သို့ကျရောက်လာသည်။

ယခုအခါ ချွီထေပါးက ဓားပြန်ရသွားသည်။ သူ၏သတ်ဖြတ်လိုစိတ်က ပို၍သာ မြင့်တက်လာသည်။ သူဟာ နတ်ဘုရားနှင့် နတ်ဆိုးပေါင်းများစွာကိုပင် ကြောက်လန့်မှုကြောင့် တုန်ယင်စေသေးသည်။

“ပြေးတော့”

“အားလုံးပဲ လူစုခွဲပြီးပြေးတော့”

လူတိုင်းဟာလည်း ထိုမြင်ကွင်းကြောင့် မျက်နှာများဖြူဖျော့ကာ ကြောက်လန့်သွားကြသည်။ လက်ဗလာနှင့် ချွီထေပါးကပင် ကြောက်စရာကောင်းနေခဲ့ပြီးသားဖြစ်သည်။ ယခုမူသူက ပြောင်မြောက်ထူးချွန်လွန်းသော ဓားသိုင်းကို သုံးနိုင်သွားလေရာ သူတို့၏အလောင်းများက အလှဆင်ပစ္စည်းသပ်သပ် ဖြစ်ရတော့ပေမည်။

မရေမတွက်နိုင်သော စစ်မြင်းပေါင်းများစွာက ကြောက်လန့်တကြား အော်ဟစ်ကြပြီး နောက်ပြန်ဆုတ်ကြသည်။ ထိုသို့ဖြင့် မြင်းဇာတ်ကြိုးများကို ပြန်ကိုက်ကာ ဦးတည်ရာမဲ့ ပြေးကြလေသည်။

မြေကမာ္ဘက ဖုန်များ၊ အုတ်ကျိုးအုတ်ပဲ့များနှင့် ပြည့်နှက်နေသည်။ နတ်ဘုရား၏ အရှိန်အဝါဓားက မှင်သက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းဖြင့် တောက်ပလျှက် ချွီထေပါးကနောက်ထပ် တိုက်ကွက် တစ်ကွက်ကို ထုတ်လွှတ်လိုက်ပြန်သည်။

ဝှက်

သတိပေးချက် အလျဉ်းမရှိလေဘဲ ချွီထေပါး၏ရင်ဘက်က တုန်ခါသွားသည်။ သူဟာ သွေးများကို အန်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ပတ်ဝန်းကျင်ရှိ အရှိန်အဝါက သိသိသာသာ အားနည်းသွားသည်။

“သူဒဏ်ရာရထားတယ်။ ဒီမျိုးမစစ်က ဒဏ်ရာရသွားတယ်”

“သူကထင်သလောက် အင်အားမကြီးပါဘူး။ ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါက သူ့ကို အောင်အောင်မြင်မြင် ဒဏ်ရာရအောင် လုပ်လိုက်နိုင်တယ်”

ထိုမြင်ကွင်းကြောင့် လူတိုင်းက ပျော်သွာသည်။ ဝူရှန်းရွာသူကြီးနှင့် အခြားသောသူများ အားလုံး၏ မျက်ဝန်းက တောက်ပသွားသည်။

အပိုင်း (1144)

ချွီထေပါးသည် ရိုးရှင်းစွာဖြင့် အင်အားကြီးမားလွန်းသည်။ အင်အားကြီးမားလွန်းလှသဖြင့် သူတို့အားလုံးသည်လည်း သူဟာ ဘယ်သောအခါမှ မသေနိုင် ဒဏ်ရာမရနိုင်တော့ဟု ထင်နေကြသည်။ ဒီတိုက်ကွက်တွင် သူတို့သည် တာလ၏ သက်တမ်းရင့် ခံတပ်ကြီးကို စတေးပြီး ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ် ဝင်္ကပါကို အသုံးပြုခဲ့သည်။ သို့သော် သူ့ကို မသတ်နိုင်သေးချ။ ထို့ကြောင့် ချွီထေပါးပေါ်အမြင်က ပို၍သာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သွားသည်။

သို့ရာတွင် ချွီထေပါးသည်လည်း လူသားဖြစ်သည်။ သူသည် နတ်ဘုရားမဟုတ်ချေ။ သူ၏ စိတ်နေစရိုက် ရှိသောလူမျိုးက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသောကြောင့်သာ မဟုတ်လျှင် လူအရှေ့တွင် သွေးထုတ်အန်လိမ့်မည်မဟုတ်ချေ။ ရှင်းလင်းစွာဖြင့် ချွီထေပါးသည်လည်း သူ၏စွမ်းအားများကို သုံးပြီး ဒဏ်ရာများကို ဖိနှိပ်ထားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ သူဟာ ထင်သလောက် အင်အားမကြီးချေ။

”သွား”

ဝမ်ချောင်၏ မျက်ဝန်းက အေးစက်စွာ တောက်ပသွားသည်။ သူက ရှေ့သို့ ချက်ချင်းခုန်ဝင်သွားသည်။ ကောင်းကင်အာဏာ တိုက်ပွဲဝင်သံချပ်ကာက ရန်သူ၏ တိုက်ကွက်ကို ၄၀%အထိ အားနည်းစေသည်။ ထို့ကြောင့် ချွီထေပါးက သိမ်မွေ့နယ်မြေအတွင်းသို့ ဝင်ရောက်သွားသော်လည်း သူ၏စွမ်းအားများက လူတိုင်းထက် ပိုမြင့်နေသည့်တိုင်အောင် ဝမ်ချောင့်အပေါ် သက်ရောက်မှုက နည်းပါးနေသေးသည်။ ထို့ကြောင့် ခုခံနိုင်စွမ်းရည်နှင့် ယှဥ်သော် လက်ရှိအချိန်တွင် မိစ္ဆာသခင်ကြီးမန်ပင် ဖြစ်စေ ရှန်းယွမ်သူကြီးကပင်ဖြစ်စေ မည်သူကမှ ဝမ်ချောင်ကို မယှဥ်နိုင်ချေ။ သူတစ်ယောက်တည်းကသာ ချွီထေပါးကို ခေါင်းချင်းယှဥ် တိုက်ခိုက်နိုင်သည်။

”မဟာဖျက်ဆီးခြင်းသိုင်း”

ဝမ်ချောင်က မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အင်အားအကြီးဆုံးအကွက်ကို ထုတ်သုံးလိုက်သည်။ လောက တစ်ခုလုံးက မှေးမှိန်သွားသည်။ ဖျက်ဆီးခြင်းစွမ်းအင်များက မုန်တိုင်းတစ်ခုလိုမျိုး ချွီထေပါးထံ တိုးဝင်သွားသည်။

“ချောင်အာ သတိထား”

တစ်ချိန်တည်းတွင်ပင် မိစ္ဆာသခင်ကြီးမန်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုက ပေါ်ထွက်လာသည်။ သူက ထပ်တွေးမနေတော့ဘဲ ရှေ့သို့ ခုန်ထွက်လာသည်။

ဆာလောင်နေသော ကုလားအုပ်သည် မြည်းတစ်ကောင်ထက်ပိုကြီးသည်။ ကင်းခြေများတစ်ကောင်ကလည်း မသေမချင်း လဲကျလိမ့်မည်မဟုတ်ချေ။ ချွီထေပါးဟာ အဆင့်တက်သွားခြင်းမတိုင်ခင်ကတင် အင်အားကြီးမားနေပြီးသားဖြစ်သည်။ ယခုလို အဆင့်တက်သွားပြီးနောက် သူ၏ကိုယ်တွင်း ချီစွမ်းအင်များက တောက်ပပြီး ခမ်းနားထည်ဝါလွန်းနေသည်။ ထို့ကြောင့် ချွန်းရှောင်းတစ်ယောက်တည်း ချီတက်သွားခြင်းက အလွန်အမင်း အန္တရာယ်များသည်။

”စီနီယာ ဗိုလ်ချုပ်လီ ငါတို့လည်း အတူသွားရအောင်”

ကောင်းရှန်းကျစ်က အော်လိုက်သည်။

ကောင်းရှန်းကျစ်၊ ဝူရှန်းရွာသူကြီးနှင့် အစောင့်တို့အားလုံးက ချွီထေပါးထံ ခုန်ဝင်သွားသည့်အချိန်တွင် ရုတ်တရက် ပေါက်ကွဲသံများက ပေါ်ထွက်လာသည်။

အနက်ရောင်သံချပ်ကာဝတ်အစောင့်က ထူးခြားသော စစ်ကာကို ဝတ်ဆင်ထားသောကြောင့် တိုက်ကွက်အများစုကို တားဆီးနိုင်ခဲ့ပုံပေါ်သော်လည်း တခြားသောသူများကမူ အလွန်အမင်း အခြေအနေဆိုးနေမည်ဖြစ်သည်။

သို့သော် အခုလို သေရေးရှင်ရေးအခြေအနေမျိုးတွင် တစ်ဖက်ကသာ ရှင်သန်နိုင်နေရာ သူတို့တွင် ဒဏ်ရာများကို ဂရုစိုက်ချိန် မရှိတော့ချေ။

”ဟွန့် မောက်မာတဲ့ကောင်တွေ မင်းတို့လောက်က ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေလား၊ မင်းတို့အားလုံး သေချင်နေတယ်ဆိုမှတော့လည်း ငါကလည်း ဆန္ဒဖြည့်ပေးရတာပေါ့”

ချွီထေပါး၏ မျက်နှာက အေးစက်သွားသည်။ သူဟာ မြင့်မားသော ကုန်းပြင်ကြီးတစ်ခုမှ စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းမှ လွှတ်ထုတ်လိုက်သည်။ သတ္ထုကိုပင် အရည်ပျော်ကျစေနိုင်သည့် ရွှေရောင်အလင်းတန်းက ချွီထေပါး၏ ဓားကြီးနှင့် ပေါင်းစပ်သွားလေသည်။

ချွီထေပါးက ခုန်ချလိုက်သည့် အခိုက်အတန့်တွင် တစ်လောကလုံးက ရွှေရောင်အောက်တွင် မှေးမှိန်သွားသည်။

ဘုန်း။

ဒေါသတကြီးဖြစ်နေသော စွမ်းအင်မုန်တိုင်းက ဝမ်ချောင် မိစ္ဆာသခင် လူအိုကြီးမန်နှင့် အနက်ရောင်သံချပ်ကာဝတ်အစောင့်တို့ကို နောက်သို့ တွန်းပို့သည်။

“ချောင်အာသူ့ကို အချိန်မပေးနဲ့၊ သူက သိမ်မွေ့နယ်မြေအဆင့်ကို တက်ထားပြီးခါစ၊ အဲဒီစွမ်းအားကို မကျွမ်းကျင်သေးဘူး၊ ဒါကြောင့် ဒီစွမ်းအားကို သုံးတဲ့အချိန်တိုင်း ကန့်သတ်မှုတွေ.ရှိနေတယ်၊ တကယ်လို့ သူကသာ ဒီစွမ်းအင်ကို အကျွမ်းဝင်သွားပြီဆိုရင် ငါတို့အားလုံး သေလိမ့်မယ်”

မိစ္ဆာသခင်လူအိုကြီးမန်၏ မုတ်ဆိတ်က စိုးရိမ်မှုဖြင့် တုန်ခါနေသည်။ သူ၏မျက်နှာကပင် စိုးရိမ်ပူပန်မှုများကို မြင်နိုင်သည်။ သူသည်လည်း အခြေအနေကို လူတိုင်းထက် ပိုသိနေသည်။

ဘန်း။

မိစ္ဆာသခင် လူအိုကြီးမန်က ရှေ့သို့ ဖနောင့်ပေါက်လျက် ခုန်ဝင်သွားသည်။ သူက ဖုန်မှုန့်များကို ချန်ထားရစ်ခဲ့လျက် ချွီထေပါးကို ခုန်အုပ်လိုက်သည်။

သိမ်မွေ့နယ်မြေက မည်မျှ ကြောက်စရာကောင်းလွန်းကြောင်း သူ့ထက် မည်သူကမှ ပိုမသိနိုင်ချေ။ ချွီထေပါးက ထိုခွန်အားကို ဖမ်းဆုပ်နိုင်သွားသည့်အချိန်တွင် သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေလျှင်ပင် သူတို့၅ယောက်လုံးက သူ့ကို ရင်ဆိုင်နိုင်တော့မည်မဟုတ်ချေ။

”ဆရာ သတိထား”

ဝမ်ချောင်က ချက်ချင်းဆိုသလို ခုန်ဝင်သွားပြီး ချွီထေပါးကို အရင်တိုက်ခိုက်လိုက်သည်။ သူ၏နောက်ဘက်မှ ဝူရှန်းရွာသူကြီးက တုတ်ကောက်ဖြင့် လိုက်၍တိုက်ခိုက်သည်။ အနက်ရောင်သံချပ်ကာဝတ်အစောင့်ကအလံကို ရမ်းသည်။ ကောင်းရှန်းကျစ်ကလည်း ဓားကိုရမ်း၍ ဝင်ရောက်လာသည်။ အားလုံးက သူတို့၏ အင်အားအကြီးဆုံး တိုက်ကွက်များကို ထုတ်သုံးပြီး ချွီထေပါးကို ရင်ဆိုင်သည်။

”သတိထား ချွီထေပါးကို သီးသန့်ရင်မဆိုင်ခိုင်းနဲ့”

ဘုန်း။

အားပါ့က မြေပြင်ကို လက်ဖြင့် ဖိထောက်ရင်း ဝမ်ချောင်တို့ ရှိရာဘက်သို့ ခုန်ထွက်လာသည်။

သူက လေထဲတွင် ပျံသန်းနေသည့် အခိုက်အတန့်တွင် မျက်လုံးပြူးကျယ်ကာ အံ့သြသွားရသည်။ အကြောင်းမူကား ချွီထေပါး၏ လက်ချောင်းများမှ သွေးများစီးကျလာသောကြောင့်ဖြစ်သည်။

ချွီထေပါးသည် ဝမ်ချောင်တို့မသိအောင် ထိုကိစ္စများကို ဖုံးကွယ်ရန် ဆန္ဒရှိခဲ့သည်။ သို့သော် အားပါ့ကမူ ချွီထေပါး၏ အနောက်ဘက်တွင် ဖြစ်သဖြင့်.အရာအားလုံးကို မြင်လိုက်ရသည်။

သူသည် ချွီထေပါးနှင့် ရန်စရှိသည်။ သူတို့နှစ်ယောက်လုံးက အစိုးရအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူဟာ ဘယ်သောအခါမှ အရှုံးမပေးလိုချေ။ သို့သော် ထိုအခိုက်အတန့်တွင်မူ ချွီထေပါးဟာ အာရေးဗီးယား၏ သိုင်းအဆင့်ဝိညာဉ်ဖြစ်ကြောင်း မေးခွန်းထုတ်စရာ မရှိတော့ချေ။ သူသာ မရှိလျှင် အာရေးဗီးယားက မဟာခံတပ် အင်အားနှစ်ဆများနေမည်ဆိုလျှင်ပင် ရှုံးနိုင်သေးသည်။

ချွီထေပါး၏ နေရာကို မည်သူကမှ အစားမဝင်နိုင်ချေ။ အားပါ့ဖြစ်စေ အပုမူစလင်ပင်ဖြစ်စေ ကျစ်ရပင်ဖြစ်စေ တိဗက်မဟာဗိုလ်ချုပ် ဟော်ရှုဟွေ့ခမ်းပင်ဖြစ်စေ ဝင်မယူနိုင်ပေ။

”သွား”

အားပါ့၏ အနောက်ဘက်တွင် အနက်ရောင် သံမဏိစွမ်းအင်လုံးတစ်လုံးက ပေါက်ကွဲလျက် ဝင်ရောက်လာသည်။ အပုမူစလင်က မြေကိုဖနောင့်ပေါက်ပြီး လေထဲသို့ ခုန်တက်လာပြီဖြစ်သည်။

အရှေ့ပိုင်း၏ အစိုးရတစ်ယောက်အနေနှင့် အပုမူစလင်သည် ခုန်းတောင်တန်းအနောက်ဘက်ခြမ်းတွင် ကျော်စောသော ဂုဏ်သတင်းကို ပိုင််ဆိုင်ထားသည်။ သို့သော် အပုမူစလင်၊ ချွီထေပါး၊ အားပါ့တို့ အားလုံးကလည်း ဒီစစ်ပွဲတွင် အနိုင်ယူပြီး မဟာထန်ကို ချေမွလိုစိတ်ပြင်းထန်သည့် မာနကြီးသောသူများ ဖြစ်နေသည်။သို့သော် အပုမူစလင်အနေဖြင့် မဟာထန်ကို အမှန်တကယ် အနိုင်ယူနိုင်ရန် မျှော်လင့်မိသည်။ မည်သည့် တန်ကြေးကိုမဆို သူက ပေးဆပ်လိုသည်။

“အော့စမန်းသိုင်းရဲ့ အမျက်ဒေါသ”

အပုမူစလင်၏ အနောက်ဘက်တွင် ခေါင်းသုံးလုံးနှင့် မိစ္ဆာနတ်ဆိုးကြီးက ချက်ချင်းလိုလို ထွက်ပေါ်လာပြီး စူးရှစွာ အော်ဟစ်သည်။ သူ၏ ခန္ဓာကိုယ်က ဖျက်ဆီးခြင်းစွမ်းအင်များနှင့် တောက်ပလာသည်။ အပုမူစလင်က သူ၏ သံမဏိလက်သီးကို ဝမ်ချောင်တို့၏အဖွဲ့အား ချိန်ရွယ်ကာ ထိုးလိုက်သည်။

တူညီသော အော့စမန်းသိုင်းရဲ့၏ အမျက်ဒေါသက ယခင်ကကဲ့သို့ မဟုတ်တော့ချေ။ အရှိန်အဝါပင်ဖြစ်စေ ခွန်အားပင်ဖြစ်စေ အရှိန်နှုန်းပင်ဖြစ်စေ ကွာခြားသွားသည်။ ခေါင်းသုံးလုံးနှင့် အော့စမန်းသိုင်းက ပျောက်ကွယ်ခုနီးပါး ဖြစ်နေလေပြီ။

ချွီထေပါးနှင့် အပုမူစလင်တို့၏ ဒဏ်ရာများက ထင်ထားသည်ထက် အများကြီး ပြင်းထန်လွန်းနေသည်။

ချွီထေပါးသည် သူ၏ ပါရမီကိုသုံးပြီး ထိုနယ်မြေသို့ တက်လှမ်းလိုက်ကာ အပုမူစလင်တို့အားလုံးကို ကာကွယ်ပေးခဲ့သောကြောင့် ထိုလူများက တောင့်ခံနိုင်ခဲ့သည်။ အသက်ရှင်ခဲ့သည်။ သို့သော် သူတို့သည်လည်း ဒဏ်ရာရသွားခဲ့သေးသည်။ ထို့ကြောင့် အပုမူစလင်တို့၏ အခြေအနေက မည်မျှဆိုးရွားကြောင်း သိနိုင်လေသည်။

ထိုအခိုက်အတန့်တွင် အပုမူစလင်၏ ကိုယ်တွင်းအင်္ဂါများနှင့် ကြားခံနယ်မြေများအာလုံးက ဒဏ်ရာအလိမ်းလိမ်း ဖြစ်နေသည်။ သူသည် အထွတ်အထိပ် ခွန်အားမျိုးကို မပိုင်ဆိုင်တော့ချေ။

ခွပ် ခွပ် ခွပ်။

ကြီးမားသော ပေါက်ကွဲသံလျှပ်က လောကကြီးတစ်ခုလုံးကို ကျော်ဖြတ်သွားသည်။ ဗုဒ္ဓစွမ်းအားများဖြစ်သည့် ရွှေရောင်အလင်းများကို သယ်ဆောင်လျက် ဟော်ရှုဟွေ့ခမ်းကလည်း ပါဝင်လာပြီဖြစ်သည်။

ကျစ်ရသည်လည်း သူ၏လက်စွပ်ကို တစ်ချိန်တည်းတွင်ပင် ထုတ်သုံးလိုက်သည်။ သို့ရာတွင် ဟော်ရှုဟွေ့ခမ်းပင်ဖြစ်စေ ကျစ်ရပင်ဖြစ်စေ သူတို့၏ တိုက်ကွက်များအားလုံးက ယခင်ကလောက် ခမ်းနားထည်ဝါတောက်ပခြင်းမရှိတော့ချေ။

”ဟွန့် မင်းတို့ရဲ့ အကန့်အသတ်ရောက်နေတဲ့ ခွန်အားမျိုးနဲ့တောင် ချဥ်းကပ်လာရဲတယ်”

ဝမ်ချောင်က အရာအားလုံးကို သိသည်။ သူဟာ ချွီထေပါးနှင့် ကြမ်းတမ်းသည့် တိုက်ပွဲကို ဆင်နွှဲနေသည့်တိုင်အောင် အားပါ့တို့အားလုံး၏ လှုပ်ရှားမှုကို စောင့်ကြည့်နေနိုင်သည်။

အတိတ်တွင် သူက ထိုလေးယောက်၏ ပူးပေါင်းတိုက်ကွက်ကြောင့် ဝမ်ချောင်၏ခွန်အားကို ကိုင်တွယ်နိုင်ခဲ့သည်။ သို့သော် ယခုမူ ထိုလေးယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည်။ ဝူရှန်းရွာသူကြီးနှင့် မိစ္ဆာသခင် လူအိုကြီးမန်တို့ထက်ပင် ဆိုးရွားနေသေးသည်။ သူတို့အတွက် ဒီလိုအခြေအနေမျိုးနှင့် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခြင်းက ရိုးရှင်းစွာဖြင့် အသေခံခြင်းဖြစ်သည်။

”မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း”

ဝမ်ချောင်က လက်ဝါးကို ဆန့်လိုက်ပြီး သံမဏိလက်သီးအဖြစ် ပြောင်းလဲလိုက်ကာ နောက်ဘက်မှ ရွှေရောင်နတ်ဘုရားနှင့် ပေါင်းစပ်လိုက်သည်။ ထိုသို့ဖြင့် ချွီထေပါးနှင့် ဆက်လက်ရင်ဆိုင်သည်။ ထိုအခိုက်အတန့်တွင် သူ၏ဘယ်လက်ကမူ အပုမူစလင်တို့၏ဘက်သို့ ချိန်ရွယ်ထားသည်။

မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ ကြောက်မက်ဖွယ်ကောင်းသော ဆွဲစုပ်အားတစ်ရပ်က ချက်ချင်းလိုလို ပေါက်ထွက်သွားသည်။

”မကောင်းတော့ဘူး”

အပုမူစလင်တို့အားလုံးက တိုက်ခိုက်တော့မည့်အချိန်အတွင်မှ ရုတ်တရက် တစ်စုံတစ်ရာမှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ အပုမူစလင်၏ အော့စမန်းသိုင်း၏ အမျက်ဒေါသ၊ အားပါ့၏ စွမ်းအား၊ ဟော်ရှုဟွေ့ခမ်း၏ ဗုဒ္ဓစွမ်းအင်နှင့် ကျစ်ရ၏ တွန်းပြန်လက်စွပ်တို့အားလုံးက ဆွဲစုပ်ခံရသည်။

ထိုလေးယောက်သည်လည်း သူတို့၏ ဒေတာစွမ်းအင်များက ထိန်းချုပ်မှု လွတ်ကင်းသွားကြောင်း သူတို့၏ မွှေးညှင်းပေါက်များအတွင်းမှ သွေးမြူအဖြစ် ပြောင်းလဲကာထွက်လျက် ဝမ်ချောင့်ထံ စီးဝင်သွားကြောင်း သိလိုက်သည်။

”ဒီမျိုးမစစ်က သူ့ရဲ့မိစ္ဆာသိုင်းကို သုံးနေပြန်ပြီ”

အားပါ့က အံ့အားသင့်သလို ဒေါသလည်း ထွက်မိသေးသည်။ သူဟာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ဖောက်ခွဲခြင်းစွမ်းအားအပြည့်နှင့် နောက်သို့ဆုတ်သည်။

သူက လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာ ထွက်သွားသည်။

အပုမူစလင်၊ အားပါ့နှင့် ဟော်ရှုဟွေ့ခမ်းတို့အားလုံးက အလျင်စလို နောက်ဆုတ်ကြသည်။ ကျစ်ရကမူ ခက်ခဲသော အခြေအနေမျိုးတွင်ဖြစ်သည်။ သူ၏ သမုဒ္ဒရာလက်စွပ်က ဝမ်ချောင့်ထံသို့ ပြေးဝင်သွားသည်။ ထို့ကြောင့် ချက်ချင်းလိုလို အဆွဲခံရလုနီးပါး ဖြစ်သွားသေးသည်။

သူသည် ထိုလက်စွပ်ကြောင့် မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏တိုက်ကွက်များအားလုံးကို ထိုလက်စွပ်အပေါ် မှီခိုထားရသည်။ ဝမ်ချောင်က လက်စွပ်ကို ရသွားခဲ့လျှင် ကျစ်ရသည်လည်း နောက်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်သို့ လျော့ကျသွားပေလိမ့်မည်။ ထို့ကြောင့် သူက ချန်းချန့်လီကိုပင် မယှဥ်နိုင်လောက်တော့ချေ။

”ရမ်းကားတယ်”

ဝမ်ချောင်က မဟာဗိုလ်ချုပ်လေးယောက်က်ို လက်တစ်ဖက်တည်းဖြင့် နောက်သို့ လွင့်ထွက်အောင် လုပ်ပြီးချိန်တွင် ချွီထေပါး၏ အေးစက်ပြီး ခံစားချက်မဲ့သောအသံက ဟိန်းထွက်လာပြန်သည်။

ဘန်း။

ဝမ်ချောင်က မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုသုံးပြီး အပုမူစလင်တို့၏ အသွေးအသားစွမ်းအင်များကို ထုတ်ယူပြီးခါစ အခိုက်အတန့်တွင်.....။

ချွီထေပါးက လက်ဝါးတစ်ချက် ထုတ်လွှတ်လိုက်ပြီး တောက်ပလွန်းသော ရွှေရောင်သံချပ်ကာကို ထိန်လင်းလာစေလိုက်သည်။ ထိုသို့ဖြင့် ဝမ်ချောင်နှင့် အပုမူစလင်တို့အဖွဲ့ကြားတွင် ထားထားလိုက်ပြီး မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းကို တားလိုက်သည်။

ဝုန်း။

နေမင်းထက်ပင် တောက်ပလွန်းသော စွမ်းအင်များက ချွီထေပါး၏ လက်ဖဝါးကို ဗဟိုပြုလျက် ထွက်ပေါ်လာသည်။

ဝုန်း။

မြေကမ္ဘာက ကွဲအက်သွားပြီး လေထုကပင် ဆုတ်ယုတ်သွားသည်။

ဝမ်ချောင်သည် သိမ်မွေ့နယ်မြေ၏ ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားများကို ရင်ဆိုင်ရသည့် အခိုက်အတန့်တွင်မူ နောက်ဆုတ်မည့် လက္ခဏာမပြချေ။ သူက ချက်ချင်းဆိုသလို လက်ဝါးတစ်ချက်ထုတ်ပြီး ချွီထေပါးကို ရင်ဆိုင်သည်။

မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းက အပုမူစလင်တို့၏အဖွဲ့ကို ချိန်ရွယ်ထားရာမှ ရုတ်တရက် ချွီထေပါး၏ ကိုယ်ပေါ်မှ စွမ်းအားများကို စုပ်ယူရန် ကြိုးစားသည်။

ဘန်း။

ဝမ်ချောင်က ကြောင်တောင်တောင် ဖြစ်သွားသည်။

ဝမ်ချောင်က လက်ဝါးကို ရှေ့သို့ တိုးလိုက်သောအခါ ချွီထေပါး၏ ကိုယ်ပေါ်ရှိ မျက်စိကျိန်းမတတ် တောက်ပသော စွမ်းအင်အလင်းတန်းများက လှုပ်ရှားခြင်းမရှိဘဲ ကျောက်သားတုံးလို မာကြောကာ ကျန်နေရစ်သေးကြောင်း တွေ့လိုက်သည်။ ထိုစွမ်းအင်ကို စုပ်ယူ၍ မရနိုင်ချေ။

အပိုင်း (1145) ချွီထေပါး၏ သေဆုံးမှု

”ချောင်အာသတိထား မင်းက အဲဒီအဆင့်ကို မရောက်သေးတော့ ဒီစွမ်းအင်ကို မစုပ်ယူနိုင်ဘူး”

မိစ္ဆာသခင်လူအိုကြီးမန်က ဝမ်ချောင့်ကိုကြည့်သည်။ သူ၏မျက်နှာတွင် စိုးရိမ်မှုက ပြည့်နှက်နေသည်။

မိစ္ဆာသခင်လူအိုကြီးမန်၏ သတိပေးချက်က ရုတ်တရက်ဆန်သည်။ သို့သော် ချွီထေပါးအတွက်မူ နှေးကွေးလွန်းသွားသည်။

ဘုန်း။

ရွှေရောင်စွမ်းအင်လေဝဲတစ်ခုက ပေါက်ကွဲသွားသည်။ ထိုသို့ဖြင့် ဝမ်ချောင်တို့အားလုံးကို နောက်သို့တွန်းထုတ်ပြန်သည်။ ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ်အစောင့် တို့က နောက်သို့ဆုတ်သွားရသည်။

ဘုန်း။

ခရက်။

ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်က မိစ္ဆာသခင်လျိုကျီ့မန်ကို သံမဏိမြို့ရိုးနှင့် ဝင်ဆောင့်လိုက်မိသွားစေသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြီးမားသည့် ဘောလုံးများကို မြောက်တက်လာစေပြီး မိစ္ဆာသခင် လျိုကျီ့မန်နှင့် သံမဏိမြို့ရိုးတို့က အတူတကွ လဲပြိုကျသွားသည်။

ထိုအခိုက်အတန့်တွင် ဝူရှန်းရွာသူကြီးက မြေပြင်နှင့် ခပ်ကြမ်းကြမ်း ဆောင့်ရိုက်မိပြီး ကြောက်မက်ဖွယ်ကောင်းသည့် ကွဲအက်ရာကြီးကို ထွက်ပေါ်လာစေသည်။ ထိုကွဲအက်ရာများက ထက်ရှသော မြားများအလား အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားလေသည်။

အနက်ရောင် သံချပ်ကာဝတ်အစောင့်နှင့် ကောင်းရှန်းကျစ်တို့ကမူ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူတို့၏ရင်ဘတ်က တဆတ်ဆတ် တုန်ခါနေပြီး သွေးများကို အန်ထုတ်လိုက်ရသည်။

ချွီထေပါး၏စွမ်းအားက မယုံနိုင်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိသွားသည်။ သူတို့အားလုံးက ဒဏ်ရာရထားပြီးသားဖြစ်သည်။ ယခုအခါ ပို၍ပင် အခြေအနေဆိုးသွားသည်။

ဘုန်း။

နောက်ဆုံး ပျံထွက်လာသောသူက ကောင်းရှန်းကျစ်နှင့် အနက်ရောင်သံချပ်ကာဝတ်အစောင့်တို့မဟုတ်ဘဲ ဝမ်ချောင်ဖြစ်သည်။ သူက မြေပြင်တွင် ဝင်ဆောင့်တိုက်မိသွားပြီး မြေပြင်တွင် လူသားပုံသဏ္ဍာန်အရာကြီးကို ချန်ထားရစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်က မြေထဲနှစ်မီတာအထိ ဝင်ရောက်သွားပြီးမှ ရပ်တန့်သွားသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ပုံပျက်ပန်းပျက်ဖြစ်နေသော အနေအထားမျိုးကို မြင်နိုင်သည်။

ဖုန်များက အနယ်ထိုင်သွားပြီးနောက် ဝမ်ချောင်၏ လျှို့ဝှက်ထောက်ထားသော ခန္ဓာကိုယ်ကို မြင်နိုင်သည်။ သူက တဖြည်းဖြည်းချင်း ခေါင်းမော့လာသေးသည်။

ကွက်။

သူ၏ရင်ဘတ်က တုန်ခါသွားပြီး အတတ်နိုင်ဆုံး ထိန်းထားသော်လည်း မရသည့်အတွက် သွေးများကို အန်ထုတ်လိုက်ရသည်။ ဝမ်ချောင်၏ မျက်ဝန်းအတွင်းရှိ အလင်းက မှေးမှိန်သွားပြီး မျက်နှာက စက္ကူစလို ဖြူဖျော့သွားသည်။ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတိုင်းက စူးရှသည့် နာကျင်မှုဒဏ်ကို ခံနေရသည်။ ပုရွက်ဆိတ်သောင်းပေါင်းများစွာက ဝိုင်းကာကိုက်နေသလိုထင်ရသည်။

ကောင်းကင်ဘုံအာဏာတိုက်ပွဲဝင် သံချပ်ကာက သက်ရောက်မှုအားကို ၄၀%အထိ လျှော့ချပေးပြီး အလွန်အမင်း အင်အားကြီးမားသည့် ခုခံခြင်းရတနာတစ်ခု ဖြစ်နေသေးသော်လည်း ကျန်သော ၆၀%ကတင် ဝမ်ချောင့်ကို ပြင်းထန်စွာ ပျက်စီးစေသည်။ ဝမ်ချောင်သည် ပထမဦးဆုံးအကြိမ်အဖြစ် ထိုသိမ်မွေ့ဆိုသော စွမ်းအားမျိုးကို ခံစားဖူးလိုက်သည်။ ဒါဟာ သူတော်စင်သိုင်းနယ်မြေကို ကျော်လွန်နေသည့် စွမ်အားတစ်ရပ်ဖြစ်သည်။ ဝမ်ချောင်က ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါထဲမှ ဆွဲထုတ်ထားသော စွမ်းအားများကပင် ထိုဒဏ်ကို မခံနိုင်ချေ။

“အင်အားကြီးလွန်းတယ်၊ ငါတောင်မှ မတားနိုင်ဘူး၊ သူ့ရဲ့ကိုယ်ထဲက စွမ်းအင်တွေက အင်အားမကြီးဘူးဆိုပေမဲ့လည်း သဘာဝက ထက်ရှပြီး ပြင်းထန်ခက်ထန်နေတာ၊ ဒီတော့ ထိတွေ့မိတဲ့ အရာတိုင်းကို ဖျက်ဆီးနိုင်တယ်”

ဒူးတစ်ဖက်ထောက်နေသော ဝမ်ချောင်က ရေရွတ်လိုက်သည်။ သူ၏နှလုံးသားက ကြောက်လန့်မှုဖြင့် ခုန်လှုပ်နေသေးသည်။

သူဟာ ချက်ချင်းဆိုသလိုပင် ကံကြမ္မာကျောက်တုံးက ပေးသည့်တာဝန်၏ ဆုလာဘ်မြောက်မြားနေရသည့် အကြောင်းအရာကို နားလည်သွားသည်။

ချွီထေပါးက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်။ သို့တိုင်အောင် သူဟာ ခြောက်ခြားဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသေးသည်။ ထို့ကြောင့် ရှုထောင့်တစ်ခုမှကြည့်သော် သူဟာ ယခင်ထက်ပို၍ ကြောက်စရာကောင်းသွားသည်။

ဝမ်ချောင်၏စိတ်တွင် မရေမတွက်နိုင်သည့် အတွေးပေါင်းများစွာက ဖြတ်သန်းသွားသည်။ ရုတ်တရက် သူဟာ ရေစက်များ ကျနေသည့်အသံကို ကြားလိုက်ရသည်။ အသံက အလွန်တိုးသည်။ ထို့ကြောင့် တိုက်ပွဲနယ်မြေ၏ ဟိန်းသံများအကြားတွင် သတိမထားမိလောက်လုနီးပါးဖြစ်သည်။ သို့သော် ယခုမူ သူဟာ မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိသွားပြီး ထိုနယ်မြေ၏ အထွတ်အထိပ်အကျဆုံး နေရာတွင် ရပ်နေနိုင်သည့်အတွက် ထိုအသံကို ကြားလိုက်ရသည်။

သို့သော် ဝမ်ချောင်အတွက်မူ ထိုအသံလာသည့် အရင်းမြစ်နေရာက ပို၍ အရေးကြီးသည်။

”ချွီထေပါး အဆုံးမှာတော့ မင်းလည်း ဒဏ်ရာရထားတာပဲ၊ မင်းဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ငါကြည့်မယ်”

ဝမ်ချောင်က ခေါင်းကိုမော့ပြီး ချွီထေပါးကို စိုက်ကြည့်သည်။ တစ်ဖက်သူဟာ သူ၏လက်ကို ကျောဘက်တွင် ဝှက်ထားသည်။ သို့သော် သွေးက ထိုနေရာမှ ကျလာသည်။ ချွီထေပါးကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ထိုနယ်မြေအဆင့်သို့ တက်ရောက်ပြီးနောက် မိစ္ဆာဘုရင်လျိုကျီ့မန် မရောက်နိုင်သော အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်ဆိုလျှင်ပင် သူ၏လက်မှသွေးကို အသာအယာတိတ်အောင် လုပ်နိုင်သင့်သည်။

သို့သော် ယခုလေးတင် ထုတ်ပြထားသည့် ဖော်ပြရန်ခက်ခဲသော ခွန်အားများ ရှိနေလင့်ကစား လက်ချောင်းမှသွေးက ဆက်တိုက်ကျနေသည်။ ဆိုလိုသည်မှာ ချွီထေပါး၏ ဒဏ်ရာက မျှော်လင့်ထားသည်ထက် အများကြီး လေးနက်နေသည်။ ဆိုးရွားလွန်းသဖြင့် ကိုယ့်သွေးကိုယ် မကျအောင် မထိန်းခနိုင်လုနီးပါး ဖြစ်လာသည်။

ပို၍ဆိုးသည်မှာ ချွီထေပါးသည် လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် ဖျော်ဖြေမှုကို လုပ်လိုက်သည်။ ဝမ်ချောင်တို့အားလုံးကို တွန်းထုတ်ပြီးနောက် သူဟာ ထူးဆန်းစွာပင် လိုက်မလာခဲ့ချေ။

ချက်ချင်းဆိုသလို ဝမ်ချောင်က နားလည်သွားသည်။

ဒီကောင်က ဟန်ဆောင်နေတာ။ သူ့ဒဏ်ရာသူ ကုနိုင်မဲ့အချိန်ယူနေတာပဲ။

ဝမ်ချောင်က ပျော်ရွှင်သွားသည်။ သူတို့အားလုံးက ချွီထေပါး၏ ခွန်အားကို မြင်လိုက်ရသည်။ ထို့ကြောင့် သူကသာ ဒဏ်ရာမှ သက်သာလာမည်ဆိုလျှင် လူတိုင်းက သေရပေလိမ့်မည်။

”အချိန်နည်းလေလေ ဆုလာဘ်က ကြီးလေလေ၊ အသုံးပြုသူက စက္ကန့်၂၀ထက်ပိုပြီး အချိန်ယူလိုက်ရင် သေရပါတော့မယ်”

ဝမ်ချောင်က ရုတ်တရက် ကံကြမ္မာကျောက်တုံး၏အသံကို သတိရသွားပြီး ချက်ချင်းဆိုသလို နားလည်လိုက်သည်။ ဒီတာဝန်ကျရှုံးသွားလျှင် သူသေရမည်ဆိုသော အချက်ကို နားလည်သွားသည်။ အကြောင်းမူကား ထိုအချိန်ကာလအတောအတွင်း ချွီထေပါးက ဒဏ်ရာကို ကုစားမိလိုက်နိုင်သည်။ ထိုသို့ကုစားပြီးနောက် သူက သေချာပေါက် သေရလောက်သည်။

ထို့အပြင် ထန်များအားလုံးကလည်း တာလတွင် အမြှုပ်ခံရလောက််သည်။

”ချွီထေပါး ငါ့အတွက် သေစမ်း”

ဝမ်ချောင်က ချက်ချင်းလိုလို ခုန်ထွက်သွားသည်။ သူဟာ ရူးသွပ်နေသလိုမျိုး ကြောက်လန့်မှုကို မေ့လျော့သွားပြီး ချွီထေပါးထံ ခုန်အုပ်လိုက်သည်။

ကောင်းကင်တွင် ရှိနေသည့် ချွီထေပါး၏ မျက်နှာက တင်းမာသွားသည်။ ဝမ်ချောင်က ထန်ဘာသာစကားဖြင့် ပြောလိုက်ခြင်းမဟုတ်ဘဲ အာရပ်ဘာသာစကားကို သုံးလိုက်သည်။ ထို့ကြောင့် သူသည်လည်း နားလည်လိုက်သည်။

ဝမ်ချောင်၏ ခန့်မှန်းမှုက မှန်ကန်သည်။ ချွီထေပါးဟာ တစ်ချိန်လုံး သူ၏ဒဏ်ရာများကို ဖုံးကွယ်ပြီး ကုစားရန် အချိန်ယူလိုသည်။ သို့ရာတွင် ဒဏ္ဍာရီ ရာရှာဆာ မြေသားခံတပ်ဝင်္ကပါ၏ စွမ်းအားက ပြင်းထန်လွန်းသည်။ ထို့ကြောင့် ချွီထေပါးကိုယ်တိုင်ကပင် အတတ်နိုင်ဆုံး ဖုံးကွယ်ရန် ကြိုးစားခဲ့သည့်တိုင်အောင် ဝမ်ချောင်က အားနည်းချက်ကို တွေ့သွားသေးသည်။

”သေချင်နေတာပဲ ငါက ဒီ့ထက်ပိုပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရမယ်ဆိုရင်တောင်မှ မင်းကိုသတ်ဖို့ကတော့ လက်မြှောက်ရုံလောက်ပဲ”

ချွီထေပါး၏ မျက်နှာက ရှုံ့မဲ့သွားပြီး သတ်ဖြတ်လိုစိတ်က သိပ်သည်းစွာ ပေါက်ကွဲထွက်လာသည်။ သူတစ်ချိန်လုံး ခံစားနေခဲ့ရသည့် ဒေါသနှင့် သတ်ဖြတ်လိုစိတ်ဆန္ဒက ပြင်းထန်သိပ်သည်းလာလေပြီး မဖုံးမဖိနိုင်အောင် ဖြစ်သွားစေသည်။

အာရေးဗီးယား၏ ကျော်ကြားပြီး နာမည်ကြီးလွန်းသော စစ်နတ်ဘုရားတစ်ပါးအနေနှင့် ချွီထေပါးဟာ မရေမတွက်နိုင်သော ပုဂ္ဂိုလ်ပေါင်းများစွာကို သတ်ခဲ့သည်။ သို့သော် ဝမ်ချောင်ကမူ သိသာစွာပင် အရှေ့ပိုင်းမှ ဘာမှမဟုတ်သေးသည့် ဆယ်ကျော်သက်သာသာ ဖြစ်သည်။ သို့သော် ထိုဝင်္ကပါနှင့် ပေါင်းပြီး သူ၏အဆင့်အတန်းကို ထိခိုက်အောင် ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်သည်။ သူ့ကို ပထမဦးဆုံးအကြိမ် အရှုံးဆိုသော အရသာကို ခံစားလိုက်စေသည်။

ချွီထေပါးအတွက် အရှေ့ပိုင်းသားများနှင့် တိုက်ခိုက်ရင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်ဆိုသော ကိစ္စက ရှုံးသည်နှင့် မခြားတော့ချေ။ ချွီထေပါးဟာ သူ၏ ဒဏ်ရာများကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားထားသည်။ သို့သော် ယခုမူ အာရပ်များအားလုံး၏ အရှေ့တွင် ပေါ်ထွက်သွားလေပြီ။ ထို့ကြောင့် ချွီထေပါးက ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။

ချွင်။

ကျယ်လောင်သော အော်သံနှင့်အတူ နတ်ဘုရား၏ အရှိန်အဝါက ချွီထေပါး၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး ဝမ်ချောင်ကို ခုတ်ပိုင်းသည်။

ဘုန်း။

ချွီထေပါး၏ ရွှေရောင်ဓားချီက ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် လောကက နှစ်ခြမ်းအခွဲခံရမလိုဖြစ်သွားသည်။

ယခုအခါ သူဟာ ဒဏ်ရာကို ဖိနှိပ်ထားခြင်း မရှိတော့သဖြင့် ချွီထေပါးဟာ ပို၍ ကြောက်စရာကောင်းပြီး ခက်ထန်ကြမ်းတမ်းသွားလေသည်။

ဝုန်း။

ဓားချီက မျက်တောင်တစ်ခတ်အချိန်အတွင်း ဝမ်ချောင်၏ ခေါင်းတည့်တည့်သို့ ရောက်ရှိလာသည်။

ဘုန်း။

တိုက်ကွက်က ကျရောက်လာသောအခါ ကြောက်မက်ဖွယ်ကောင်းသော ဖုန်မှုန့် မြူဆိုင်းများအားလုံးက ထွက်ပေါ်လာသည်။ ပေတစ်သောင်းကျော်သော အစင်းရာကြီးကလည်း ထွက်ပေါ်လာသေး၏။ ခမ်းနားသော ဓားချီအလင်းရောင်က လမ်းရှိ ကျောက်သားများအားလုံးကို ကျော်ဖြတ်ရင်း သံမဏိမြို့ရိုးတစ်ခုလုံးကို နှစ်ခြမ်းကွဲသွားစေလိုက်သည်။ စွမ်းအင်များ အက်ကွဲသွားသောအခါ ကျန်နေရစ်သည့် အမာရွတ်လို အစင်းကြောင်းကတင် တချို့သော နတ်လက်မှုပညာရှင်များ၏ လက်ရာကဲ့သို့ ထင်ရနေပြီဖြစ်သည်။

”မျိုးမစစ်”

ချွီထေပါးက မြင်လိုက်ရသောအရာကြောင့် မျက်နှာမဲ့သွားသည်။ ယခင်နှင့်မတူသည်မှာ ဝမ်ချောင်က ထိုရိုက်ချက်ကို လက်မခံတော့ချေ။ ထို့အစားရှောင်လိုက်သည်။

”ချွီထေပါး၊ မင်းဘယ်လောက်အထိ ခံနိုင်မလဲ ငါကြည့်မယ်၊ စုဟန်ချွမ်း၊ ကျန်းရှန် မင်းတို့အားလုံး လမ်းကဖယ်”

ဝမ်ချောင်၏အသံက တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ သူ၏ကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအင်များက ဝရုန်းသုန်းကား ဖြစ်လာသည်။ သူ၏ကိုယ်အတွင်းတွင် အသစ်စက်စက် ရောက်ရှိလာသည့် စွမ်းအင်အသစ်တစ်မျိုးက စတင်ပြီး စုစည်းခံနေရသည်။ ထိုသို့ဖြင့် သတ္ထုချင်း ထိကပ်သံမျးက ပေါ်ထွက်လာသည်။ တစ်ခဏခန့် ကြာပြီးနောက် သူ၏ သံချက်ထဲမှ ရွှေရောင်ချီစက်ကွင်းအသစ်တစ်ခုက ခြေထောက်အောက်သို့ရောက်ပြီး စတင်ကာ မြောက်တက်လာသည်။ တစ်ချိန်တည်းတွင်ပင် သိပ်သည်းလွန်းသော ဖုန်းချီစက်ကွင်း၃ခုလုံးက ဝမ်ချောင်ကို မြှင့်တင်ပေးလာသည်။

သူဟာ မဟာဗိုလ်ချုပ်ကြီးဖြစ်လာပြီး အထွတ်အထိပ်သို့ တက်ရောက်ပြီးချိန်ကတည်းက သိုင်းများကို လွယ်လင့်တကူ သုံးနိုင်လာသည်။ ထို့ကြောင့် ခဏချင်း ချက်ချင်သင်ပြီး ချက်ချင်းသုံးနိုင်သည်။ ထိုချီစက်ကွင်းများ၏ စွမ်းအားကြောင့် ဝမ်ချောင်၏ အရှိန်နှုန်းက အမြောက်အများ မြင့်တက်သွားသည်။

”ချွီထေပါး လာ၊ ငါတို့ထဲက တစ်ယောက်ကပဲ နောက်ဆုံးနိုင်မဲ့လူ”

ဝမ်ချောင်က ရှေ့သို့ ခုန်ထွက်သွားသည်။ သူသည် ကံကြမ္မာကျောက်တုံး သူ့ကိုပြောသော စကားများကြောင့် ချွီထေပါးအနေဖြင့် စက္ကန့်၂၀တည်းနှင့် ဒဏ်ရာများကို ဖိနှိပ်နိုင်ကြောင်း နားလည်ထားသည်။ ထိုသို့ ဖိနှိပ်လိုက်နိုင်သည်နှင့် အားလုံးက သေရပေလိမ့်မည်။

ဝမ်ချောင်၏ တစ်ခုတည်းသော ရွေးချယ်စရာက တစ်ဖက်သူကို အသက်ရှူချိန် မပေးရန်ဖြစ်သည်။

ဝမ်ချောင်က တိုက်ပွဲကို မရှောင်နိုင်ချေ။ ထို့ကြောင့် အလုံးအရင်းနှင့် အင်တိုက်အားတိုက် တိုက်ခိုက်မှသာ တစ်ယောက်ကို ဆွဲချနိုင်ပေလိမ့်မည်။

ဘုန်း။

ဝမ်ချောင်က ရှေ့သို့ ဖနောင့်ပေါက်လျက် ခုန်ထွက်သွားသည်။ သူဟာ မီးခိုးလုံးတစ်ခုလိုမျိုး ရှေ့သို့ တိုးဝင်သွားသည်။ သို့သော် ချွီထေပါး၏ အရှေ့တည့်တည့်သို့ တောက်ပလွန်းသည့် အလင်းတန်းက ဦးဆောင်ရောက်ရှိသွားသည်။ ထိုအလင်းတန်းကမူ ဝူ့စ်သံမဏိဓားဖြစ်သည်။ ထိုဓားက အဆင့်မြင့် မြွေတစ်ကောင်လိုမျိုး အာကာသပြင်ကို ကျော်ဖြတ်လျက် ချွီထေပါး၏ လည်မျိုတည့်တည့်သို့ တိုးဝင်သည်။

ချွီထေပါး၏ မျက်လုံးက အေးစက်သွားသည်။ သူ၏ ဓားကြီးက ဝမ်ချောင်ထက် မြန်ဆန်စွာ လှုပ်ရှားနိုင်သည်။ ထို့ကြောင့်သူက ဝူ့စ်သံမဏိဓားကို လျစ်လျူရှုပြီး ဝမ်ချောင်ကို နှစ်ခြမ်းခွဲနိုင်လောက်သည်။ သို့သော် ထိုအောင်မြင်မှုက ချွီထေပါးကို မပျော်စေနိုင်ချေ။ သူ၏မျက်နှာကို ပို၍ဖြူဖျော့စေသည်။ အကြောင်းမူကား တောက်ပသော ဓားချီက လေထုကို ထိုးခွဲသွားပြီးနောက် အလွန်လျင်မြန်လွန်းသော အရှိန်နှင့်အတူ ချွီထေပါး၏ ကျောဘက်သို့ ကွေ့ပတ်လျက် ရောက်ရှိလာသောကြောင့်ဖြစ်သည်။

All Chapters