← Chapters

အခန်း (၁၁၄၆-၁၁၅၀)

Vol. 66 Ch. 1146-1150

အခန်း (၁၁၄၆-၁၁၅၀)

Vol. 66 Ch. 1146-1150

အပိုင်း (1146)

”ပုံရိပ်ယောင်”

ချွီထေပါးသည် အဖြစ်အပျက်ကို ချက်ချင်းလိုလို နားလည်သွားပြီး သူ၏ မျက်နှာက ရှုံ့မဲ့ကာ တင်းမာသွားသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိလာချိန်တွင် သာမန်ပုံရိပ်ယောင်များလောက်က သူ၏အမြင်ကို အရူးမလုပ်နိုင်သည့် လှည့်ကွက်သာသာဖြစ်သည်။ သူ့ကိုလှည့်စားရန် ပို၍ပင် မဖြစ်နိုင်သေးချေ။ သို့သော် ဝမ်ချောင်၏ ပုံရိပ်ယောင်များကမူ အမှန်တရားကို အတုအယောင်နှင့် ရောနှောထားသဖြင့် သူကိုယ်တိုင်ကပင် လှည့်စားခံလိုက်ရသည်။ ရှင်းလင်းစွာပင် ဒါဟာ သာမန်ပုံရိပ်ယောင်မဟုတ်နိုင်ချေ။

ဘုန်း။

သူ့တွင် တွေးတောရန် အချိန်မရှိတော့ချေ။ ထို့ကြောင့် ချွီထေပါးက သူ၏ကျောပြင်ထံမှတစ်ဆင့် ဖျက်ဆီးခြင်းစွမ်းအား အပြည့်ပါသော ရွှေရောင်အလင်းတန်းများကို ပေါက်ကွဲသွားစေလျက် ထိုးထွက်သွားစေလိုက်သည်။ ထိုအလင်းတန်းများက ကြီးမားလွန်းလှသော သံချပ်ကာ အပြားကြီးတစ်ပြားအဖြစ် ပြောင်းလဲသွားလေစေပြီး သူ့ကို ကာကွယ်ပေးလေသည်။

ဘုန်း။

ဝမ်ချောင်၏ ဝူ့စ်သံမဏိဓားက လက်ရာအကောင်းဆုံးသော အရည်အသွေးရှိ သံမဏိဓားကိုပင် ရွှံ့နွံများကဲ့သ်ို့ လှီးဖြတ်နိုင်သော စွမ်းရည်ရှိသည်။ သို့တိုင်အောင် သိမ်မွေ့စွမ်းအင်ထံမှ ဖြစ်တည်လာသော ထိုသံချပ်ကာကိုမူ တစ်လက်မမျှပင် ဖောက်ဝင်နိုင်စွမ်းရည်မရှိချေ။

ဘုန်း ဘုန်း ဘုန်း။

ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာသည်။ ဝမ်ချောင်က ချွီထေပါးကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ရုံသာ မကသေးလေဘဲ သူကိုယ်တိုင်ကလည်း ပေါက်ကွဲထွက်လာသည့် အားလှိုင်းများကြောင့် ခြေလှမ်းဆယ်လှမ်းကျော် နောက်ဆုတ်ရသည်အထိ တွန်းအားအပေးခံလိုက်ရသည်။

”ချောင်ဝမ် သတိထား၊ သူက သိမ်မွေ့နယ်မြေရဲ့ စွမ်းအားတွေကို ပိုပြီး နားလည်လာပြီ၊ သူ့ကိုသာ အချိန်ပိုပေးလိုက်ရင် သူ့ကို မတိုက်ခိုက်နိုင်လောက်တော့ဘူး၊ မင်းရဲ့ဆရာ မင်းကိုပြောပြခဲ့ဖူးတဲ့ မူလစွမ်းအင်တွေရဲ့ ဇစ်မြစ်အကြောင်းအရာတွေကို တွေးကြည့်စမ်း၊ သူက သိမ်မွေ့နယ်မြေရဲ့ စွမ်းအင်ကို နားလည်ခါစပဲ ဖြစ်နေသေးတာ၊ ဒါကြောင့် စွမ်းအင်လောကကြီးတစ်ခုလုံးကို နားလည်နိုင်သေးတာမဟုတ်ဘူး၊ မင်းအနေနဲ့ အဲဒီအရင်းမြစ်နဲ့ သူ့ရဲ့ဆက်နွှယ်မှုကို ဖြတ်ဖို့ နည်းလမ်းရှာရလိမ့်မယ်”

မိစ္ဆာဧက္ကရာဇ်လျိုကျီ့မန်က အဝေးမှ လှမ်းပြောသည်။ သူ၏မျက်လုံးက အေးစက်နေပြီး အမူအယာက တင်းမာနေသည်။

သူက ဝမ်ချောင်နှင့် ချွီထေပါးတို့၏ တိုက်ပွဲကို ဝင်မပါနိုင်လောက်အောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော်လည်း မိစ္တာဧက္ကရာဇ်လျိုကျီးမန်က တည်ငြိမ်နေသေးသည်။ သူဟာ ထိုနှစ်ယောက်၏ တိုက်ပွဲအခြေအနေတိုင်းကို အသေးစိတ်ကျကျ စိုက်ကြည့်နေသည်။ သူ၏ မှင်တက်ဖွယ်ကောင်းသော မြင်နိုင်စွမ်းအား၊ ဗဟုသုတ၊ ကြွယ်ဝသည့် အတွေ့အကြုံများကြောင့် သူဟာ ချွီထေပါးကို ကိုင်တွယ်ရာတွင် အဓိက လိုအပ်သည့် သော့ချက်ကို လျင်မြန်စွာ နားလည်နိုင်စွမ်းရည်ရှိနေသည်။

ဝုန်း။

ဝမ်ချောင်၏စိတ်အတွင်း အကြံတစ်ခုရသွားသည်။ မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်၏ စကားလုံးများက သူ၏စိတ်အတွင်းတွင် မရေမတွက်နိုင်သည့် အားလှိုင်းပေါင်း မြောက်များစွာကို ချပေးလိုက်သလို ဖြစ်သွားစေသည်။ သူ၏ ဆရာဖြစ်သူ၏ စကားက မှန်ကန်သည်။ ချွီထေပါးသည် စွမ်းအင်လောကထဲသို့ မဝင်ရောက်ဖူးသေးသော အားနည်းချက်ကြီး ရှိနေသည်။

စွမ်းအင်လောကသည် လူတိုင်း မြင်ချင်တိုင်း မြင်၍ရသော အရာမျိုး မဟုတ်ချေ။ ဒါဟာ ဆရာဖြစ်သူ၏ ထူးခြားသော စွမ်းရည်မျိုးကြောင့်သာ သူ့ကို မြင်နိုင်စေခဲ့ခြင်း ဖြစ်သည်။ ထူးခြားပြီး ဒဏ္ဍာရီဆန်သော အန္တိမ ဝိညာဉ်ပင်လယ်သိုင်းကြောင့် ဆရာဖြစ်သူဟာ ကိုယ်ပိုင်နည်းလမ်းတစ်မျိုးနှင့် မူလစွမ်းအင်ကို နားလည်သဘောပေါက်နိုင်ခဲ့ပြီး ဝူရှန်းရွာသူကြီးနှင့် ဝမ်ချောင်တို့ကို ဆက်လက်ပြီး သင်ကြားပေးနိုင်ခဲ့သည်။ ဆိုလိုသည်မှာ လူနှစ်ယောက်တည်းကသာ ထိုလောကအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

သို်သော် ချွီထေပါးကမူ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို မကျင့်ဖူးချေ။ ထိုအတွက်ကြောင့် သူကိုယ်တိုင်ကလည်း ထိုလောကသို့ မရောက်ဖူးချေ။ ဆိုလိုသည်မှာ....။

ဝမ်ချောင်၏ စိတ်အတွင်း အလင်းမှုန်ပေါင်းများစွာက ပေါက်ကွဲသလို ကွဲထွက်သွားသည်။ သူဟာ ချက်ချင်းလိုလို အကြံတစ်ခုရသွားသည်။

ဘုန်း။

သူသည် စွမ်းအင်လောကထဲသို့ ဝင်ရောက်လိုက်သည်။

သူ၏ မျက်လုံးကို ကြိုဆိုသည်မှာ အဆုံးအစမဲ့သော စွမ်းအင်လောကကြီးဖြစ်သည်။ သို့သော် သူတစ်ချိန်က ရောက်ခဲ့ဖူးသော အခြေအနေမျိုးနှင့် ခြားနားသည့် လောကကြီး ဖြစ်နေသည်။ ဒီလောကအတွင်းရှိ စွမ်းအင်တိုင်းက ခဲနေသော အနေအထားမျိုးတွင် ဖြစ်သည်။ ဒီတိုက်ပွဲဟာ ထိုနယ်မြေအတွင်းရှိ မူလစွမ်းအင် ဖြန့်ဝေမှုကိုပင် အပြည့်အဝ ကြိုးကိုင်လိုက်နိုင်သည်။ အကြမ်းဖျင်းတစ်ချက်ခန့် ကြည့်ပြီးနောက် ဝမ်ချောင်က တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ တစ်စစီကွဲကာ တည်ရှိနေသည့် မရေမတွက်နိုင်သော စွမ်းအင်လေဝဲပေါင်းများစွာကို မြင်လိုက်နိုင်သည်။ ထိုအရာများက အမျိုးမျိုးသော အရွယ်အစား၊ အမျိုးမျိုးသောအရောင်၊ အမျိုးမျိုးသော သိပ်သည်းဆများနှင့်အတူ ရှိနေကြသည်။

စစ်တပ်ပေါင်းများစွာရဲ့ ဗိုလ်ချုပ်တွေပဲ။

ဝမ်ချောင်သည်လည်း ထိုအရာများကို နားလည်လိုက်သည်။ လူတိုင်းသည် အလွန်အမင်း နွမ်းနယ်နေကြပြီဖြစ်သည်။ သူတို့ထဲမှ မည်သူကမှ သူနှင့် ချွီထေပါးအကြားရှိ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်နိုင်သည့် အင်အားမျိုး မရှိကြတော့ချေ။ ထို့ကြောင့် သူတို့ဒီအချိန်တွင် လုပ်နိုင်သမျှက မူလစွမ်းအင်တိုင်းကို ရနိုင်သမျှ စုပ်ယူပြီး အင်အားကို ဖြည့်တင်းရန်ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း သူနှင့် ချွီထေပါးအကြားရှိ တိုက်ပွဲ အဆုံးသတ်သွားသောအချိန်တွင် ထိုလူများက. အဆုံးအဖြတ်တိုက်ပွဲအတွက် ကြမ်းတမ်းသည့် ရလဒ်မျိုးကို လွှတ်ထုတ်ရန် တိုက်ခိုက်နိုင်လာပေလိမ့်မည်။

”ဒါက ချွီထေပါး ဖြစ်လောက်တယ်”

ဝမ်ချောင်၏အကြည့်က ရုတ်တရက် ဗိုလ်ချုပ်ပေါင်းများစွာထံမှ ခပ်မြန်မြန် ထုတ်လိုက်လေပြီး အကြီးမားဆုံးသော ဆွဲစုပ်အားတစ်ရပ်ကို တွေ့လိုက်ရသည်။

ထိုသူတွေ့လိုက်ရသည့် စွမ်းအင်များကို ဆွဲစုပ်နေသည့် စုပ်ဝဲကြီးသည် မယုံနိုင်စရာကောင်းလောက်အောင် ကြီးသည်။ အရွယ်အစားနှင့် ကြမ်းတမ်းမှုက တခြားသော ဗိုလ်ချုပ်တိုင်းကို အလွန်အမင်း သေးငယ်သိမ်နုပ်သွားစေသည်။

ဂရုတစိုက် တစ်ချက်ကြည့်ပြီးနောက် ထိုအရာဟာ ဝိညာဉ်နယ်မြေစွမ်းအင်တိုင်းကို ဝါးမြိုနေသည့် ကြီးမားသော လေဝဲကြီးတစ်ခုလို ဖြစ်နေသော အနက်ရောင်တွင်းနက်ကြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ ပုံစံက တစ်ချက်ကြည့်လိုက်ရုံနှင့် ဝရုန်းသုန်းကားဖြစ်ပြီး အစီစဥ်မကျဖြစ်နေသည်။ ထိုသို့ဖြင့် အစီစဥ်မကျစွာ စွမ်းအင်များကို စုပ်ယူနေသလို သို့မဟုတ် တချို့သော အကြောင်းပြချက်များကြောင့် စွမ်းအင်လုံးတချို့က အချင်းချင်းဝင်တိုက်ကာ တွန်းထိုးပြီး အတွင်းသို့ ဆွဲငင်ခံနေရသည်။ သာမန်သိုင်းပညာရှင်တစ်ယောက်ကသာ ထိုမျှ ကြီးမားလွန်းသော စွမ်းအင်စုပ်ဝဲကြီးကို မြင်နေမည်ဆိုလျှင်ပင် ဒါက အလွန်အမင်း မတည်မငြိမ်ဖြစ်နေပြီး အချိန်မရွေး ပြိုကျသွားနိုင်ကြောင်း ပြောနိုင်ပေလိမ့်မည်။

ကြည့်ရတာ သူ့ရဲ့ဒဏ်ရာတွေက သူထင်ထားတာထက် ပြင်းထန်နေတာပဲ။

ဝမ်ချောင်သည် ယခုအခါ အရာအားလုံးကို နားလည်သွားပြီဖြစ်သည်။ ချွီထေပါးသည် ထိုအခြေအနေကို သူတို့မသိအောင် ဖုံးကွယ်နိုင်ကောင်းနိုင်လောက်သည်။ သို့သော် သူ၏စွမ်းအင်များကိုမူ မဖုံးကွယ်နိုင်ချေ။

သူထိုစွမ်းအင်များ၏ အစီစဥ်မကျ ဖြစ်နေမှုမှတစ်ဆင့် ချွီထေပါးဟာ လက်ရှိပြသထားသော ပုံစံထက် အစပေါင်းများစွာ ဆိုးရွားနေကြောင်း မြင်နိုင်သည်။

သို့တိုင်အောင် ချွီထေပါးသည် ပြိုလဲကျသော အဆင့်သို့ရောက်ရန် အလှမ်းကွာဝေးလွန်းနေသေးသည်။ ကြီးမားသော အနက်ရောင်တွင်းကြီး၏ အလယ်ဗဟိုတွင် ရွှေရောင်စွမ်းအင်အလင်းတန်းကို ဝမ်ချောင်က လှမ်းမြင်လိုက်သည်။ ထိုအရာက စွမ်းအင်လောက၏ အမြင့်ဆုံးသော ဆုံမှတ်တစ်ခုမှတစ်ဆင့် ကြောက်မက်ဖွယ်ကောင်းအောင် ကြမ်းတမ်းသည့် စွမ်းအားများကို ဆွဲစုပ်ပြီး စုပ်ဝဲအတွင်းသို့ သွင်းနေခြင်းဖြစ်သည်။

ထိုစွမ်းအင်တန်းက တူတစ်ချောင်းစာမျှသာ ထူသည်။ သို့သော် ထိုစွမ်းအားများက ဆက်လက်ပြီး မြင့်တက်လာနေသည်။ ဝမ်ချောင်သည်လည်း ထိုရွှေရောင်စွမ်းအင်တန်းနောက်မှ လိုက်ပြီး စွမ်းအင်လောက၏ အနက်ရှိုင်းဆုံးအပိုင်းသို့ သွားလိုက်သည်။ ထိုနေရာတွင် နေမင်းထက် ပိုကြီးသော စွမ်းအင်အလုံးပေါင်းမြောက်မြားစွာ ရှိနေသည်။ ထိုအလင်းရောင်များက အလွန်တောက်ပပြီး မျက်စိကျိန်းမတတ်ဖြစ်နေသော အနေအထားမျိုးနှင့် အထက်တွင် လွင့်မြောလျက် တည်ရှိနေသည်။ အရေအတွက်က တစ်ဆယ်ကျော်သည်။ ချွီထေပါး၏ စွမ်းအင်များက ထိုနေရာမှလာသည်။

သိမ်မွေ့နယ်မြေရဲ့ စွမ်းအားတွေ။

ဝမ်ချောင်သည် အဖြစ်အပျက်ကို မြင်လိုက်နိုင်သည်။ ချွီထေပါး၏ စွမ်းအင်များက သူ၏ခေါင်းအထက် ပိုမြင့်သော နယ်မြေမှ လာပုံရသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် အကွာအဝေးကို မသိနိုင်လောက်သော်လည်း ထိုနေရာသို့ ရောက်ရှိရန် မဖြစ်နိုင်ချေ။ ဝမ်ချောင်သည် သူတော်စင် သိုင်းနယ်မြေအထွတ်အထိပ် အဆင့်နှင့် သိမ်မွေ့နယ်မြေကြားမှ ကွာခြားချက်က အကွာအဝေးတစ်ခု သက်သက်သာမဟုတ်ဘဲ မရေမတွက်နိုင်သော ကြားခံနယ်မြေပေါင်းများစွာ ခြားနေသည်ဖြစ်ကြောင်း နားလည်နေသည်။

ထို့ကြောင့် သိမ်မွေ့နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်မှုများကိုသာ နားမလည်ထားလျှင် မည်မျှ ကြိုးစားအားထုတ်စေကာမူ ထိုနယ်မြေရှိ စွမ်းအားများကို ဘယ်သောအခါမှ စုပ်ယူနိုင်လိမ့်မည်မဟုတ်ချေ။

ပို၍ဒုက္ခများသေးသည်မှာ ချွီထေပါးက သိမ်မွေ့နယ်မြေမှ စုပ်ယူနေသော ထိုစွမ်းအင်စီးကြောင်းက တူတစ်ချောင်းစာမျှသာ ထူနေရုံ ဖြစ်နေသည့်တိုင်အောင် ထိုစွမ်းအင်များက အလွန်များပြားလာနေခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ အဆင့်မြင့်မားသော နယ်မြေမှလာသည့် ထိုစွမ်းအင်က ဝရုန်းသုန်းကားဖြစ်နေသည့် စွမ်းအင်လှိုင်းတိုင်းကို ဖိနှိပ်ပြီး တည်ငြိမ်အောင် လုပ်ပေးနိုင်နေခြင်းဖြစ်သည်။

တခြားစကားဖြင့် ဆိုရသော် ချွီထေပါးက ထိုစွမ်းအင်ကို ဆက်တိုက် စုပ်ယူနိုင်နေသမျှ သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများနှင့် အစီအစဥ်မကျဖြစ်နေသော စွမ်းအင်တိုင်းက အလွယ်တကူ ပေါက်ကွဲမည်မဟုတ်သလို ပြိုလဲကျလိမ့်မည်လည်းမဟုတ်ချေ။

ဆရာပြောတာမှန်တယ်။ ငါချွီထေပါးကို နိုင်ချင်ရင် ဒီဆက်နွှယ်မှုကို ဖြတ်တောက်ဖို့ လိုအပ်တယ်။ အဲဒီလိုမှမဟုတ်ရင် ဘယ်သူမှ သူ့ကိုယှဥ်နိုင်မှာမဟုတ်ဘူး။ ကောင်းကင်ဘုံအာဏာ တိုက်ပွဲဝင် သံချပ်ကာတောင်မှ သူ့ကို မတားနိုင်ဘူး။

ဝမ်ချောင်က စိုးရိမ်တကြီး ရေရွတ်လိုက်သည်။

ဝမ်ချောင်သည် သူ၏ဘဝတွင် ချွီထေပါးလောက် ပါရမီပါပြီး အင်အားကြီးကာ လုပ်နိုင်စွမ်းရည်ရှိသော လူမျိုးကို မတွေ့ခဲ့ဖူးချေ။ ဗဟိုပင်လယ်ကို ကျော်လွန်သော နယ်မြေများတွင်ပင် ချွီထေပါးဟာ အမျိုးကောင်းသားများအတွင်းမှ အစစ်အမှန် သူရဲကောင်းကြီး ဖြစ်နေသည်။ သို့သော် ဝမ်ချောင်က ခံစားရသည့် ဖိအားက ကြီးမားလွန်းနေသည့်အတွက် သူဟာ တည်ငြိမ်သွားသည်။

အဆင့်နိမ့်ဖြစ်ပြီး မသက်မသာ ဖြစ်နေခြင်းက သူ၏အခြေအနေကို ဖြေရှင်းရန် မကူညီနိုင်ချေ။ စစ်တပ်တစ်ခု၏ စစ်သေနာပတိချုပ် တစ်ယောက်လည်း ဖြစ်သလို ဗိုလ်မှူးကြီးတစ်ယောက်လည်း ဖြစ်နေသည့်အလျောက် ဝမ်ချောင်ဟာ ဒီကပ်ဘေးကို ဖြေရှင်းရန်အတွက် တည်ငြိမ်ပြီး အနုစိတ်ကျကျ တွေးတောနိုင်ရန် လိုအပ်သည်။

သူ၏စိတ်အတွင်း အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည့် အခိုက်အတန့်တွင် ဝမ်ချောင်က ဟန်အမူအယာကို ချက်ချင်း ထိန်းလိုက်နိုင်ပြီဖြစ်သည်။

သိမ်မွေ့နယ်မြေက ကျင့်ကြံခြင်းကို အဓိကထားပြီး မူတည်နေတာ။ ကျင့်ကြံခြင်းက လူတစ်ယောက်ရဲ့ နားလည်သဘောပေါက်မှုပေါ် မူတည်တယ်။ ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့နယ်မြေတွေကို နားလည်သဘောပေါက်ချက်တဲ့ ဘယ်သူကမဆို စိတ်စွမ်းအားကို ပိုင်ဆိုင်ထားရလိမ့်မယ်။ ဆိုလိုတာက ချွီထေပါးက အဆင့်မြင့်မားတဲ့ နယ်မြေကြီးက စွမ်းအားတွေကို စုပ်ယူနိုင်တာက သူ့ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကြောင့် မဟုတ်ဘဲ စိတ်စွမ်းအားကြောင့်ပဲ။

ဝမ်ချောင်၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက အကျယ်ချဲ့ခံရသလိုမျိုး ပီသရှင်းလင်း ပြတ်သားလာသည်။ အချိန်က တိုသည်။ အသက်သောင်းပေါင်းများစွာနှင့် စစ်ပွဲတစ်ခုလုံး၏ ရလဒ်က သူ၏အပေါ် မူတည်နေခြင်းဖြစ်သည်။ ဝမ်ချောင်က ခံစားနေရသော ဖိအားက တောင်တန်းကြီးထက်ပင် လေးလံသေးသည်။

ဝမ်ချောင်အနေနှင့် သူ၏စိတ်အတွင်းမှ အတွေးတိုင်းကို အလွန်အမင်း မြန်ဆန်လွန်းစွာ တွေးတောနေသည့်တိုင်အောင် ဝေဝါးမှုကလည်း တည်ရှိနေသေးသည်။ တစ်စုံတစ်ယောက်ကသာ ဝမ်ချောင်၏ ဦးနှောက်ကို ဖောက်ကြည့်ပြီး ဦးနှောက်၏ အလုပ်လုပ်ပုံ မြန်ဆန်နေသော အခိုက်အတန့်ကိုသာ မြင်တွေ့သွားရမည်ဆိုလျှင် မှင်တက်သွားလောက်သည်။

ဆိုတော့ ချွီထေပါးကို နိုင်ဖို့အတွက် အဲဒီလူရဲ့ ခွန်အားနဲ့ ကြယ်တာရာစွမ်းအင်က အဓိက မဟုတ်ဘဲ သိမ်မွေ့နယ်မြေရဲ့ စွမ်းအားတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်စွမ်းရည်ရှိနေဖို့ လိုအပ်နေတာပဲ။

ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသထက် တောက်ပလာပြီး အင်အားပြည့်လာသည်။

ငါဘာလုပ်ရမလဲ သိပြီ။

နောက်ဆုံးအတွေးတစ်ခုနှင့်အတူ ဝမ်ချောင်၏မျက်ဝန်းက ပြောင်းလဲသွားသည်။

ကျင့်ကြံခြင်းအဆင့်ချင်းယှဥ်သော် ဝမ်ချောင်ဟာ မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ တက်ရောက်ပြီးနောက် အာရပ်စစ်နတ်ဘုရားကို မယှဥ်နိုင်သေးကြောင်း ဝန်မခံချင်လျှင်ပင် ဝန်ခံရပေလိမ့်မည်။ သို့သော် စိတ်စွမ်းအားချင်း ယှဥ်လျှင်မူ ဒီလောကတွင် သူ့ကိုယှဥ်နိုင်သူ အနည်းငယ်သာရှိကြောင်း ယုံကြည်မှုအပြည့်နှင့် ပြောရဲသည်။ ချွီထေပါးက သိမ်မွေ့နယ်မြေသို့ တက်ပြီးလျှင်ပင် သူ့ကို မယှဥ်နိုင်သေးချေ။

ဝမ်ချောင်က မျက်လုံးကို ပြန်ဖွင့်ပြီး အရှေ့သို့ ကြည့်သည်။ ထိုနေရာတွင် ချွီထေပါးက သူ၏လက်ထဲမှ မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင်သိမ်မွေ့နယ်မြေ၏ စွမ်းအင်ဓာတ်လှိုင်းကို ထုတ်လွှတ်ခါစဖြစ်သည်။ မျက်စိကျိန်းမတတ် တောက်ပလွန်းသော ရွှေရောင်ဓားက ကောင်းကင်ဘုံကိုးစင်းမှ လောကသို့ ဆင်းသက်လာသော လက်နက်တစ်လက်အလား ထင်ရပြီး လေထဲတွင် မော့ကြွားစွာ မြှောက်လျက် ကြောက်မက်ဖွယ်ကောင်းလောက်သော ရိုက်ချက်မျိုးကို ထုတ်လွှတ်ရန် ပြင်ဆင်နေသည်။

ဝမ်ချောင်သည် လောက၏ စွမ်းအင်များအတွင်းတွင် အချိန်အတန်ကြာ နေခဲ့သော်လည်း အပြင်လောကတွင်မူ တစ်စက္ကန့်သာ ကြာသည်။

ဘုန်း။

ချွီထေပါးက သူ၏ ဖျက်ဆီးခြင်းစွမ်းအား ပြင်းထန်သော တိုက်ကွက်ကို မထုတ်လွှတ်နိုင်သေးခင် သူ၏စိတ်အတွင်းသို့ ဆူနာမီမုန်တိုင်းလိုမျိုး စိတ်စွမ်းအားလှိုင်းကြီးတစ်ခုက ဟိန်းဟောက်လျက် အတင်းဝင်တိုးကာ ခြေမွလာသည်။

ဘုန်း။

ဒါက မြေကမ္ဘာပေါ်သို့ ကြီးမားသော ဥက္ကာတုံးကြီးတစ်တုံး ပြုတ်ကျလာသည်နှင့် တူသည်။ ချွီထေပါး၏ ခန္ဓာကိုယ်က စတင်ကာ တုန်ခါသွားပြီး အလွန်အမင်း အံ့အားသင့်သော မျက်နှာထားမျိုးက ပေါ်ထွက်လာသည်။ သူ၏လက်ထဲရှိ နတ်ဘုရား၏ အရှိန်အဝါကပင် တုန်ခါသွား၏။ မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်ကို ချိန်ထားသော တိုက်ကွက်ကပင် ရပ်တန့်သွားရသည်။

အသွေးအသားဖြင့် တည်ရှိနေသော မျက်လုံးဖြင့် မမြင်နိုင်သောစွမ်းအင်လောကအတွင်းတွင် ဝမ်ချောင်က အဆင့်မြင့်မားသော နယ်မြေတစ်ခုထံမှလာသည့် ရွှေရောင်စွမ်းအင်အလင်းတန်းက မမြင်ရသော လက်တစ်ဖက်ဖြင့် လှမ်းရိုက်ဖြတ်မှုကို ခံလိုက်ရကြောင်း တွေ့ လိုက်ရသည်။ ထို့ကြောင့် ထိုစွမ်းအားလှိုင်းကြီးက ခပ်ကြမ်းကြမ်း တုန်ခါသွားသည်။

ထိုအခြေအနေက ချိန်းကြိုးလိုမျိုး ဆက်တိုက်ဆိုသလို တုန့်ပြန်မှုကို ဖြစ်သွားစေလေသည်။ ချွီထေပါးကို ကိုယ်စားပြုသော စွမ်းအင်လေဝဲကြီးက ပို၍ပင် အစီစဥ်မကျဖြစ်ကာ ဝရုန်းသုန်းကား ဖြစ်လာသည်။

”မျိုးမစစ်ကောင်”

ချွီထေပါးက ဝမ်ချောင့်ကို ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏မျက်လုံးထဲတွင် ဒေါသများက ပြည့်နှက်ပြီး မျက်နှာက နီရဲသွားသည်။ မူလကမူ သူဟာ မရွေ့နိုင်သော တောင်တစ်လုံးလို ဖြစ်နေခဲ့သည်။ သို့သော် ရုတ်တရက် ရှေ့သို့တိုးပြီး ဖနောင့်ပေါက်လိုက်သည်။ ထိုအခါ သူဟာ နေရာမှ ချက်ချင်းပျောက်ပြီး ဝမ်ချောင်၏အရှေ့တွင် ပေါ်လာသည်။ သူ၏ ကြီးမားလွန်းသော မဟာဓားကြီးက လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ခေါင်းကိုကျော်အောင် မြှေက်လေပြီး ဝမ်ချောင့်ကို ခုတ်လေသည်။

ဘုန်း။

ဓားက လောကကိုပင် ခုတ်ထွင်နိုင်ပုံပေါ်သည်။ ထိုသို့ဖြင့် လေထဲတွင် ရေလှိုင်းများအလား ပေသောင်းကျော်သည်အထိ လိမ့်တက်သွားသော အားလှိုင်းများကို ထုတ်ဖော်လေပြီး မီတာတစ်ဆယ်ကျော်သည့် လေဟာနယ်လို နယ်မြေကြီးတစ်ခုကို ဖန်တီးလိုက်လေသည်။ သို့သော် ချွီထေပါး၏ ဆုံးဖြတ်ချက် ပြတ်သားသော ရိုက်ချက်က လွဲသွားသည်။ ဝမ်ချောင်က ချက်ချင်းဆိုသလို အလင်းတစ်ချက်လက်ရုံဖြင့် ပျောက်ကွယ်သွားသည်။ ချွီထေပါးက ဝမ်ချောင်နဂိုရှိနေသော နေရာတွင် ပေါ်မလာသေးခင် ဝမ်ချောင်က တူညီသော မျက်နှာ၊ တူညီသော ဝတ်စုံ၊ တူညီသော ဟန်ပန်နှင့် သုံးကိုယ်ကွဲသွားပြီဖြစ်သည်။

အပိုင်း (1147)

”ချွီထေပါး အသုံးမဝင်ဘူး၊ ငါမင်းရဲ့အားနည်းချက်ကို သိလိုက်ပြီ၊ မင်းအနေနဲ့ မင်းရဲ့ခွန်အားကို ပြန်ပြီးဖြည့်တင်းပြီး အခြေအနေကို ပြောင်းပြန်လှန်ဖို့ လုပ်နိုင်မယ်လို့ တွေးမနေနဲ့”

ဝမ်ချောင်သုံးယောက်လုံးက တစ်ချိန်တည်းလိုလို တူညီသောစကားကိုပြောပြီး မတူညီသော ဦးတည်ရာဘက်၃ခုသို့ ခုန်ထွက်သွားသည်။ ထိုသို့ဖြင့် ချွီထေပါးနှင့် သူတို့၏အကြားအကွာအဝေးကို တိုးချဲ့လိုက်လေသည်။

ဘုန်း။

ဝမ်ချောင်က နောက်သို့ ခုန်ဆုတ်လိုက်သည့် အခိုက်အတန့်တွင် ဒေါသတကြီးဖြစ်နေသော လေပြင်းက ဖြတ်တိုက်သွားပြီး ခပ်ရိုင်းရိုင်းအသံမျိုးက ထွက်လာသည်။

”ကောင်စုတ်လေး ဟွန့် ငါမင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ဆွဲမထုတ်နိုင်ဘူးလို့ မယုံဘူး”

ဝမ်ချောင်နှင့် ချွီထေပါးက တိုက်ခိုက်နေသည့် အခိုက်အတန့်တွင် အားပါ့က တိုက်ပွဲအတွင်းတွင် မပါစေရန် အကွာအဝေးကြီးခြားလိုက်ပြီဖြစ်သည်။ သို့သော် မည်သည့်အချိန်ကမှန်းမသိ အားပါ့က ဝမ်ချောင်၏အနောက်ဘက်သို့ ချောင်းမြောင်းကာ ဝင်ရောက်သွားသည်။ ယခုအခါ သူက ရုတ်တရက်ရှေ့သို့ ခုန်ထွက်လိုက်သည်။

ရား။

အားပါ့သည် ဝမ်ချောင်တစ်ယောက်ထံ ခုန်အုပ်လိုက်သည့် အခိုက်အတန့်တွင် ထိုဖားရ၏ စွမ်းအားပေါင်းများစွာက သူ၏လက်ထဲမှ စတင်ကာ တုန်ခါကာ ဖြာထွက်လာပြီး ဒုတိယမြောက်ဝမ်ချောင်ထံ ဝင်ရောက်သွားနေပြီဖြစ်သည်။

ဝမ်ချောင်၏ ကိုယ်ပွားသိုင်းက ရိုးရှင်းစွာပင် အင်အားကြီးမားလွန်းသည်။ ချွီထေပါးကပင် မည်သည့်သူက အစစ်အမှန်ဖြစ်ကြောင်း မပြောနိုင်ချေ။ သို့သော် အားပါ့ကလည်း အင်အားအကြီးမားဆုံး ကိုယ်ပွားသိုင်း သို့မဟုတ် ပုံရိပ်ယောင်သိုင်းများကပင် အစစ်အမှန်ခန္ဓာကိုယ်ထက် နိမ့်ကျသည်ဆိုသော အားနည်းချက်မျိုး ရှိမည်ဟု ယုံကြသည်။ ချွီထေပါးက ဝမ်ချောင်တစ်ယောက်ကို ကိုင်တွယ်နေချိန်တွင် သူက နှစ်ယောက်ကို နောက်တန်းမှ ကိုင်တွယ်ပေးထားနိုင်သည်။ သူက ကြာကြာစွမ်းအင်ဖြင့် ဝမ်ချောင်တစ်ယောက်ကို တိုက်ခိုက်ပြီး သူ၏ခန္ဓာကိုယ်ကမူ နောက်ထပ်တစ်ယောက်ကို တိုက်ခိုက်နိုင်သေးသည်။ ထိုနည်းလမ်းဖြင့် မည်သည့်ခန္ဓာကိုယ်က အစစ်အမှန်ဖြစ်ကြောင်း ဖော်ထုတ်နိုင်လေသည်။

အားပါ့၏ တိုက်ကွက်က မကျသွားနိုင်သေးခင် သူ၏နားထဲတွင် အေးစက်နေသော အသံများက ထွက်လာပြီဖြစ်သည်။

”အားပါ့ မင်းက တကယ်သေချင်နေတာပဲ”

သူ၏အရှေ့မှ ဝမ်ချောင်က ရုတ်တရက် ပျောက်သွားပြီး အနောက်ဘက်မှ လက်တစ်ဖက်က ထွက်လာကာ ပခုံးကို ဖိလိုက်လျက် လက်ချောင်းများက အသားအတွင်းသို့ စိုက်ဝင်သွားသည်။

”မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်း”

ထိုအသံက တစ်လောကလုံးအနှံ့ ပဲ့တင်ထပ်သွားပုံပေါ်သည်။ အားပါ့၏ နှလုံးသားက ချက်ချင်းလိုလို အေးခဲသွားပြီး မျက်နှာကလည်း တစ္ဆေတစ်ကောင်လို ဖြူစုတ်သွားသည်။ ထိုအခိုက်အတန့်တွင် အားပါ့သည် သူဟာ ထောင်ချောက်အတွင်းသို့ ရောက်သွားကြောင်း နားလည်လိုက်သည်။

သူဟာ ဝမ်ချောင်၏အနောက်သို့ ချောင်းမြောင်းကာ ရောက်လာပြီး သူ့ကို ခြုံခိုတိုက်ခိုက်လိုခဲ့သော်လည်း ဝမ်ချောင်ကမူ အားပါ့ကို ကိုင်တွယ်ရန် တမင် အကြံအစည်ချထားခြင်း ဖြစ်နေသည်။ သူ၏ အာရုံက အမြဲတစေ ချွီထေပါးထံတွင်သာ ရှိနေသည်ဟု ထင်မြင်ရသော်လည်း အားပါ့၏ လုပ်ဆောင်မှုတိုင်းကို သိနေခဲ့သည်။

”သေတော့”

ဝမ်ချောင်၏ မျက်လုံးက စူးရှသွားသည့် အလိုက်အတန့်တွင် သူ၏ လက်ချောင်းများကလည်း ခြောက်ခြားဖွယ်ကောင်းသော ဆွဲစုပ်အားတစ်ရပ်နှင့်အတူ ပေါက်ကွဲသွားပြီဖြစ်သည်။ အားပါ့၏ စွမ်းအင်များက ရေစီးသလိုမျိုး ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းလိုလို စီးဝင်လာသည်။

အားပါ့သည် အာရပ်ဗိုလ်ချုပ်များအတွင်းတွင် အင်အားအကြီးဆုံး မဟုတ်သေးချေ။ သို့သော် သူဟာ ဝမ်ချောင်နှင့် တခြားသောထန်များကို ဒုက္ခပေးနိုင်သော အခြေအနေက တခြားသော အာရပ်ဗိုလ်ချုပ်များထက် သာနေသည်။ ထိုအခြေအနေက ဝမ်ချောင်၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွလိုက်မိသဖြင့် ယခုလို ထောင်ချောက်ထဲသို့ ကျသွားစေရခြင်းဖြစ်သည်။

”ချွီထေပါး ငါ့ကို ကယ်ဦး”

သူ၏ ကြယ်တာရာစွမ်းအင်များက ခန္ဓာကိုယ်ထဲမှ ဆက်တိုက်စီးထွက်နေသည့်အလျောက် အားပါ့၏ မျက်လုံးများက ပြူးကျယ်သွားပြီး ဖျော့တော့နေသော မျက်နှာက ကြောက်လန့်မှုဖြင့် ဖြူစုတ်လာသည်။ မာမဲ့လုများ၏ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနှင့် အားပါ့သည် သူ၏ ဘဝတစ်ဝက်ကျော်ကျော်ခန့်ကို စစ်တပ်ထဲတွင်သာ နေထိုင်နေခဲ့သည်။ သူသည် မရေမတွက်နိုင်သော ပြိုင်ဘက်များကို သတ်ခဲ့သည်။ အမျိုးမျိုးသော မရေမတွက်နိုင်သည့် ပုန်ကန်မှုပေါင်းများစွာကို နှိမ်နင်းခြေမွနိုင်ခဲ့သည်။ မြို့ပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။ သို့သော် ပထမဦးဆုံးအကြိမ်အနေဖြင့် သေဆုံးခြင်းရနံ့ကို သိပ်သည်းလွန်းစွာ ရလိုက်ခြင်းဖြစ်သည်။

”အော့စမန်းသိုင်းရဲ့ အမျက်ဒေါသ”

”သမုဒ္ဒရာရဲ့ ဒေါသ”

”ဝမ်ချောင် သူ့ကိုလွှတ်စမ်း၊ ဘာရိုကားနားဗုဒ္ဓဓားသွား”

အားပါ့က အဖမ်းခံရပြီး သေနိုင်လောက်အောင် အန္တရာယ်ရှိနေကြောင်း မြင်လိုက်ရုံနှင့် အပုမူစလင်၊ ဟော်ရှုဟွေ့ခမ်းနှင့် ကျစ်ရတို့အားလုံးက ဒေါသထွက်သွားကြသည်။ သုံးယောက်လုံးက ဝမ်ချောင့်ကို ချက်ချင်းလိုလို တိုက်ခိုက်လိုက်ကြသည်။

”ဘန်း ဘန်း ဘန်း”

ထိုသုံးယောက်က လေထဲသို့ ခုန်တက်လိုက်ပြီး သူတို့၏ ကြယ်တာရာစွမ်းအင်များက အတူတကွ ပေါင်းစပ်သွားလေပြီး မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ဝမ်ချောင့်ထံ ခုန်ဝင်လာကြသည်။

”မြန်မြန်သွား”

မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်နှင့် ဝူရှန်းရွာသူကြီးတို့ကလည်း ထိတ်လန့်သွားကြပြီး အပုမူစလင်၊ ကျစ်ရနှင့် ဟော်ရှုဟွေ့ခမ်းတို့က ဝမ်ချောင့်ကို မဝိုင်းသွားမိစေရန် ကာကွယ်ရန်အလို့ငှာ အပြေးလာကြသည်။ မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်နှင့် ဝူရှန်းရွာသူကြီးတို့က အပုမူစလင် ၊ ကျစ်ရနှင့် ဟော်ရှုဟွေ့ခမ်းတို့ကို ရင်ဆိုင်ရာတွင် အနည်းငယ်သော အားနည်းမှုနှင့်အတူ ထိန်းထားနိုင်သေးသည်။ ထို့ကြောင့် သူတို့ကသာ မလှုပ်လျှင် မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်ဖြစ်ပင် ဝူရှန်းရွာသူကြီးကပင်ဖြစ်စေ လှုပ်ရှားလိမ့်မည်မဟုတ်ချေ။ နှစ်ဖက်လုံးက ဒဏ်ရာအပြင်းအထန်ရထားသည်။ သို့မဟုတ်လျှင်လည်း ယခုလိုအခြေအနေမျိုးက ဖြစ်လာလိမ့်မည်မဟုတ်ချေ။ သို့သော် ယခုမူ အပုမူစလင်တို့က တည်ငြိမ်မှုကို ဖြတ်တောက်လိုက်သည်။ ထို့ကြောင့် မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်နှင့် ဝူရှန်းရွာသူကြီးတို့ကလည်း လှုပ်ရှားရန် ဖိအားပေးခံလိုက်ရသည်။

ဝမ်ချောင်က ချွီထေပါးနှင့် တခြားသော မဟာဗိုလ်ချုပ်များကို ကိုင်တွယ်နိုင်သော အခြေအနေမျိုးတွင် မဟုတ်ချေ။

ဘန်းဘန်းဘန်း။

မိစ္ဆာဧက္ကရာဇ်လျိုကျီးမန်နှင့် ဝူရှန်းရွာသူကြီးတို့၏ အပြာရောင်လက်ကြီးများက အပုမူစလင် ကျစ်ရနှင့် ချွီထေပါးတို့ထံ လှမ်း၍ တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် မူလစွမ်းအင်ပေါင်းများစွာက လေထဲတွင် လှုပ်ခတ်လာသည်။

”ဟွန့် သေချင်နေတာပဲ”

ချွီထေပါးက ရွှေရောင်စွမ်းအင်မုန်တိုင်းကို ထုတ်လွှတ်ရင်း လက်ကိုတစ်ချက်ရမ်းလိုက်သည်။ သူ၏ လက်တစ်ချက်ရိုက်ချက်ထဲတွင် သိမ်မွေ့နယ်ပယ်မှ စွမ်းအင်ပေါင်းများစွာက ပေါင်းစပ်ပါဝင်နေသည့်အလျောက် အကြီးအကဲများ၏ တိုက်ကွက်များကို ကွဲအက်သွားစေပြီး သူတို့ကိုပင် ထိမှန်သွားစေသေးကာ လွင့်ထွက်သွားစေလိုက်သည်။

ထိုနှစ်ယောက်က လေထဲတွင် အရုပ်ကြိုးပြတ် လွင့်ထွက်သွားသည်။ သူတို့သည် အကောင်းဆုံးကြိုးစားပြီး စွမ်းအင်များကို ပျက်ပြယ်သွားအောင် လုပ်နိုင်ခဲ့သော်လည်း မြေပြင်သို့ ကျသောအခိုက်အတန့်တွင် မျက်နှာများက ဖြူဖျော့ပြီး ခန္ဓာကိုယ်က တုန်ယင်ကာ သွေးအန်လိုက်ရသေးသည်။

”ဆရာ”

ဝမ်ချောင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ၏မျက်လုံးက နီရဲသွား၏။ သူ၏ဆရာနှင့် ဝူရှန်းရွာသူကြီးတို့က အလွန်ဆိုးရွားသော အခြေအနေမျိုးတွင် ရောက်ရှိနေခဲ့ပြီးသားဖြစ်သည်။ သူတို့၏ စွမ်းအင်များက ကုန်ဆုံးလုနီးပါး ဖြစ်နေသည်။ သို့တိုင်အောင် ယခုအခြေအနေ ရောက်သည်အထိ ခံအောင်မနည်းကြိုးစားနေရခြင်းဖြစ်သည်။

”ချွီထေပါး မင်းအားပါ့ကို ကယ်ချင်ရင် ငါမင်းကို အခွင့်အရေးပေးနိုင်တယ်”

ဝမ်ချောင်၏ မျက်လုံးက နီရဲသွားပြီး မူရင်းနေရာမှ ချက်ချင်းလိုခလို ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းလိုလို ကောင်းကင်မှ ရွှေရောင်ဓားချီအလင်းတန်းက ဆင်းသက်လာပြီး ဝမ်ချောင်နဂိုက ရပ်နေသော နေရာကို ရိုက်ချလိုက်သည်။ တစ်ချိန်တည်းတွင်ပင် အပုမူစလင်၊ ကျစ်ရနှင့် ဟော်ရှုဟွေ့ခမ်းတို့၏ တိုက်ကွက်များက ရောက်ရှိလာ၏။ ထိုသို့ဖြင့် ကြီးမားလွန်းသော ပေါက်ကွဲမှုကို ဖြစ်ပေါ်လာစေသည်။ သို့သော် သူတို့လေးယောက်လုံး၏တိုက်ကွက်က လွတ်သွားပြန်သည်။

ဝမ်ချောင်ဟာ အခြေအနေတိုင်းကို မျှော်လင့်ထားပြီးသဖြင့် သူတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ပြီးပြည့်စုံစွာ ရှောင်ရှားလိုက်နိုင်သည်။

ဆယ်ပေကျော်ခန့်အကွာတွင် ဝမ်ချောင်က လျှပ်စီးအလင်းတန်းနှင့်အတူ ပြန်လည်ပေါ်လာသည်။ သူ့ဆံပင်က လေတွင် လွင့်နေသေးပြီး ကြယ်တာရာစွမ်းအင်ပေါင်းများစွာကလည်း တဟိန်းဟိန်း မြည်ဟီးနေသေးသည်။ မာမဲ့လုမှ ဗိုလ်ချုပ်ကြီး အားပါ့အတွက်ကမူ ဝမ်ချောင်က ခေါင်းကိုကျော်အောင် မြှောက်ထားလျက်သာ အကိုင်ခံထားရသည်။ သူ၏ အရေပြား၊ ကြွက်သား အရာအားလုံးက တဖြည်းဖြည်းချင်း ကျုံ့လာသည်။ တိုတောင်းသော အချိန်ကာလအတောတွင်း အားပါ့၏ စွမ်းအင်ထဲမှ သုံးပုံတစ်ပုံခန့်က အစုပ်ခံလိုက်ရသည်။

ပို၍ကြောက်စရာကောင်းသည်မှာ အားပါ့သည် ဝမ်ချောင်၏ မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် ရင်ဆိုင်ရချိန်တွင် ကူကယ်ရာမဲ့နေခြင်းဖြစ်သည်။ သူသည် စဥ်းတီတုံးပေါ် တင်ထားသော ငါးတစ်ကောင်ထက် မပိုတော့ချေ။ သူသည် အသတ်ခံရန်သာ စောင့်နေရသည်။

”အား”

နောက်ဆုံးသော အော်သံတစ်ချက်နှင့်အတူ အားပါ့၏ နောက်ဆုံးသော စွမ်းအင်အမျှင်တန်းက စုပ်ယူခံလိုက်ရပြီး သေသွားသည်။

”မင်းတို့က သူ့ကို ကယ်ချင်မှတော့ ယူလိုက်တော့”

ဝမ်ချောင်၏ ခန္ဓာကိုယ်က စွမ်းအင်များဖြင့် တဝုန်းဝုန်း တဒိုင်းဒိုင်း မြည်ဟီးကာ ပြင်းထန်လွန်းသော အရှိန်အဝါကို လွှတ်ထုတ်နေသည်။ သူ၏ ခန္ဓာကိုယ်က စွမ်းရည်များစွာဖြင့် ပေါက်ကွဲမတတ် ဖြစ်နေ၏။ ယခုအခါ သူဟာ အားပါ့၏ စွမ်းရည်များကို စုပ်ယူလိုက်နိုင်သည်။ ထို့ကြောင့် ဝမ်ချောင်ဟာ စွမ်းအင်များ ပြည့်နှက်သွားပြန်သည်။ သူ၏ ကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအင်များက အဆုံးအစမဲ့ပြီး မဆုံးနိုင်တော့သော ကြီးမားသည့် မြစ်ကျယ်ကြီးအလား ထင်ရသည်။

ဘန်း။

ဝမ်ချောင်က အားပါ့ကို အပုမူစလင်ထံ ပစ်ထုတ်လိုက်သည်။ သူ၏သံချပ်ကာက ကွဲထွက်သွားပြီး အဖြူရောင် ဆံပင်များနှင့် ခေါင်းက မြေပြင်ကို ရိုက်မိသွားလျက် လွင့်ထွက်သွားသည်။ ထိုခေါင်းက အဝေးသို့ပင် လိမ့်သွားသေးသည်။

”မျိုးမစစ်”

အပုမူစလင်နှင့် ကျစ်ရတို့နှစ်ယောက်လုံးက ထိုမြင်ကွင်းကြောင့် ဒေါသများထွက်ပြီး မျက်နှာများ နီရဲသွားကြသည်။ အပုမူစလင်ဆိုလျှင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်ပြီး ပေါက်ကွဲမတတ် ဖြစ်လာသည်။ သူသည် အားပါ့နှင့်အတူ အချိန်ကာလပေါင်းများစွာ အတူတိုက်ခိုက်ခဲ့သည်။ သူကသာ အားပါ့ကို ဒီနေရာသို့လာအောင် ဖိတ်ခေါ်ခဲ့သူဖြစ်သည်။ အပုမူစလင်အနေဖြင့် အားပါ့ဟာ ဒီနေရာတွင်ပင် သေသွားမည်ဟု မတွေးဖူးခဲ့ချေ။

”သေချင်နေတာပဲ”

အပုမူစလင်က ရူးသွပ်သွားပြီး ဝမ်ချောင့်ထံ ခုန်ဝင်လာသည်။ သူ၏ ကြေးနီရောင် ရုပ်တုလေးက အလင်းများဖြင့် တောက်ပလာပြန်သည်။ အနက်ရောင်ကြယ်တာရာ စွမ်းအင်ပေါင်းများစွာကလည်း လေထုကို ကျော်ဖြတ်လျက် မိစ္ဆာနတ်ဆိုးတစ်ကောင်၏ ဟိန်းသံကို ထုတ်ကာ ထွက်လာသည်။

ဘုန်း။

သို့သော် အပုမူစလင်က အရှေ့သို့ ခုန်လိုက်ရုံသာ ရှိသေးသည်။ ကြီးမားလွန်းသော ရွှေရောင်စွမ်းအင်အလင်းတန်းကြီးက အပုမူစလင်ကို ကျော်ပြီး ဝမ်ချောင်ရပ်နေသောနေရာကို လာရောက်တိုက်ခိုက်သည်။ ထိုသို့ဖြင့် လေထုကိုပင် လျှပ်ကွဲသွားစေသည်။ ချွီထေပါးကဟာ ထိုကဲ့သို့ မြန်ဆန့်သည့် တိုက်ကွက်ကို ထုတ်နိုင်စွမ်းရည်ရှိသည်။

သို့တိုင်အောင် ထိုမျှ မြန်ဆန့်သည့် တိုက်ကွက်က လွဲသွားသေးသည်။ ဝမ်ချောင်၏ ခြေထောက်အောက်ဘက်တွင် အရှိန်နှုန်း မြှင့်ပေးနိုင်သော ရွှေရောင်ချီစက်ကွင်းနှစ်ကွင်း ရှိနေသောကြောင့် သူဟာ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်နေပြီး ချွီထေပါး၏ တိုက်ကွက်က အမှန်တကယ် ထိမှန်သွားရန် အလွန်ခက်ခဲသွားစေသည်။

ဘုန်း။

ချွီထေပါးက တိုက်ခိုက်လိုက်သည့် တစ်ခဏတွင် ဝမ်ချောင်က စတင်ကာ ရေတွက်နေပြီဖြစ်သည်။ သံမဏိသားလို မာကြောလွန်းသော ကြယ်တာရာ စွမ်းအင်များက လေထုကို ထိုးခွဲသွားပြီး ချွီထေပါး၏ စိတ်ကို တိုက်ရိုက် တိုက်ခိုက်သည်။ ချွီထေပါးက ညည်းညူလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က တောင့်ခဲသွားပြီး ဝမ်ချောင့်ကြောင့် လေထဲမှ ဆွဲချခံရသည်။

အတိတ်တွင်ဆိုလျှင်မူ ချွီထေပါးက အင်အားအပြည့် ရှိနေပါက ဝမ်ချောင်၏ အင်အားအပြည့်ရိုက်ချက်ကပင် သူ့ကို မထိခိုက်စေနိုင်ချေ။ သို့သော် ယခု ချွီထေပါးက ကြမ်းတမ်းခက်ထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ထင်ရသော်လည်း သူ၏ ကိုယ်တွင်းအင်္ဂါများ စွမ်းအားနယ်မြေများအားလုံးက ပျက်စီးနေသည်။ သူ၏အခြေအနေက မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်ထက် အနည်းငယ်ခန့်သာ သာသည်။

သို့သော် ချွီထေပါးသည် ငယ်ရွယ်ကာ သတ္တိအပြည့်နှင့် ဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်က ခိုင်မာနေလေရာ သိမ်မွေ့သော နယ်မြေသို့ တက်ရောက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။

”ဟွန့် မင်းဘယ်လောက်ထိခံမလဲ ငါကြည့်မယ်”

ချွီထေပါး၏ မျက်နှာက တင်းမာသွားပြီး နောက်ထပ်ရွှေရောင်စွမ်းအင်အလင်းတန်းကို လွှတ်ထုတ်လိုက်ပြန်သည်။ သူ၏ အရှိန်နှုန်းက ရုတ်တရက် မြင့်သွားသည်။ သူသည် ထက်ရှသော ဓားတစ်လက်လို ဝမ်ချောင့်ထံ ခုန်ဝင်သွားသည်။

အပုမူစလင်ကပင် အမီလိုက်ရန် ခက်ခဲလောက်အောင် မိုးကြိုးပစ်လိုက်သလို မြန်ဆန်သည့် အရှိန်နှုန်းနှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် တစ်ခဏခန့် ကြာပြီးနောက် မမြင်ရသော အားနည်းချက်က ထွက်လာလေပြီး ချွီထေပါးကို ထိပ်တိုက်ရင်ဆိုင်သည်။ သူ၏ စွမ်းအားများက ဝရုန်းသုန်းကား ဖြစ်သွားရပြန်သည်။

”ချောင်အာ ပြေးတော့”

မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်က စိုးရိမ်တကြီး လှမ်းအော်သည်။ သူကသာ ချွီထေပါးကို တိုက်ခိုက်လိုက်သူဖြစ်သည်။

”မင်းက သေချင်နေတာပဲ”

ဒေါသထွက်သွားသော ချွီထေပါးက မိစ္ဆာဧက္ကရာဇ်လျိုကျီးမန်ကို ရွှေရောင်ဓားချီဖြင့် ချိန်ကာ ပစ်ခတ်လိုက်သည်။ သို့သော် ပုံရိပ်တစ်ခုက အလင်းတန်းတစ်ခုနှင့်အတူ ရှေ့သို့ထွက်ကာ ခုန်ဝင်လာပြီး ကယ်လိုက်သည်။

”ဆရာ အာရုံစိုက်ထားပါ၊ ငါကူညီပေးမယ်”

ဝမ်ချောင်က မိစ္ဆာသခင်လျိုကျီးမန်၏ လက်မောင်းကို ဖျစ်ညှစ်လိုက်ရင်း ပြောလိုက်သည်။ မိစ္ဆာသခင် လျိုကျီးမန်က မတုန့်ပြန်နိုင်သေးခင် ပြင်းထန်ပြီး အင်အားအပြည့်ပါသော စွမ်းအားများက ဝမ်ချောင်၏ ကိုယ်မှတစ်ဆင့် သူ၏ကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။ ထိုစွမ်းအင်များက အားပါ့အပိုင်ဖြစ်သည်။ ထိုနည်းလမ်းမှတစ်ဆင့် ဝမ်ချောင်က မဟာဗိုလ်ချုပ်ကြီးတစ်ယောက်၏ ကျင့်ကြံစဥ်အဆင့်တစ်ခုလုံးကို ဆရာဖြစ်သူထံ လွှဲပေးလိုက်သည်။

မိစ္ဆာသခင် လျိုကျိီးမန်က မှင်တက်သွားသည်။ သို့သော်သူက အခြေအနေကို ခပ်မြန်မြန် နားလည်သွားသည်။ မိစ္စာသခင် လျိုကျီးမန်၏ လမ်းညွှန်မှုအောက်တွင် ထိုတောင့်ခဲနေသော စွမ်းအားများအားလုံးက ချောမွေ့စွာ အလုပ်လုပ်လေပြီး သူ၏ ကြားခံနယ်မြေများမှတစ်ဆင့် ကျော်ဖြတ်လျက် သူ၏အပိုင်စွမ်းအားများ ဖြစ်သွားသည်။

အပိုင်း (1148)

မိစ္ဆာဧက္ကရာဇ် လျို့ကျီးမန်သည် မျိုးဆက်တစ်ခုလုံး၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သော ဘုရင်တစ်ပါးအလား အတွေ့အကြုံ ကြီးရင့်သူ ဖြစ်သည်။ သူသည် သိုင်းပညာလောကတွင်ပင် အဆင့်အမြင့်ဆုံးသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ထို့ကြောင့် သူ၏တန်ထျင်းတစ်ခုလုံးက ကွဲအက်သွားခဲ့ပြီးသည့်တိုင်အောင် မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကျင့်ကြံရန် မဖြစ်နိုင်တော့သည့်တိုင်အောင် ထိုသိုင်း၏ လုပ်ဆောင်မှုတိုင်း လှုပ်ရှားကွက်တိုင်းကို သူ၏လက်ခုံလို ကောင်းကောင်း သိနေပြီးသားဖြစ်သည်။ ဝမ်ချောင်က သူ့ကို လွှဲပြောင်းပေးလာသော ကြယ်တာရာစွမ်းအင်များက သူ့အား ဒဏ်ရာများကို ဖိနှိပ်နိုင်စေသည့်အပြင် သူ၏ ခန္ဓာကိုယ်ဝန်းကျင်တွင်ရှိသော မွေးညှင်းပေါက်တန်ထျန်းပေါင်းများစွာကို ဖြည့်တင်းပေးလိုက်နိုင်သည်။ ချက်ချင်းဆိုသလိုပင် မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်၏ မျက်နှာက သွေးရောင်လွှမ်းလာသည်။ ဒဏ်ရာများအပြည့်အဝ ပျောက်ကင်းရန်အတွက် အလွန်အမင်း ရှုပ်ထွေးလောက်အောင် အချိန်ကြာနိုင်သေးသော်လည်း အနည်းဆုံး သူဟာ နောက်ထပ်တိုက်ပွဲတစ်ပွဲတိုက်ခိုက်ရန် လုံလောက်သွားပြီဖြစ်သည်။

”ချောင်အာ အခြေအနေက မကောင်းဘူး၊ ချွီထေပါးက ငါတို့မျှော်လင့်ထားတာထက် ပိုပြီးမြန်မြန် သက်သာလာတယ်၊ ဒီတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် သိပ်မကြာခင် သူ့ကို ရင်ဆိုင်နိုင်စွမ်းရည် ရှိတော့မှာမဟုတ်ဘူး”

မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်၏ ဝတ်ရုံက လေတွင် လွင့်သေနည်။ သူသည် ချွီထေပါးကို အလွန်စိုးရိမ်နေမိသည်။ ချွီထေပါးသည် အခြေအနေ ဆိုးနေသည်။ သူ၏ ရွှေရောင်သံချပ်ကာက သွေးများပင် စိမ့်ထွက်နေပြီဖြစ်သည်။ သို့သော် သူ၏ အရှိန်အဝါက ပို၍သာ အင်အားကြီးမားလာသည်။ ဝမ်ချောင်နှင့် မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်တို့၏ တိုက်ကွက်များက သူ၏ အဆင့်မြင့်နယ်မြေမှ ဒေတာစွမ်းအင်များကို စုပ်ယူနှုန်းကို အားနည်းသွားစေသော်လည်း အပြည့်အဝ မဖြတ်တောက်နိုင်သေးချေ။

ပို၍ မသက်မသာဖြစ်စေသည်မှာ ထိုနှစ်ယောက်က ချွီထေပါးကို ထိုစွမ်းအင် မစုပ်ယူနိုင်အောင် တားထားသည့် အခိုက်အတန့်တွင် သူ့ကိုလည်း ထိုစွမ်းအင်ကို နားလည်သဘောပေါက်နိုင်ခြင်းမရှိအောင် မတားမြစ်နိုင်ခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ချွီထေပါးက သိမ်မွေ့နယ်မြေမှ စွမ်းအားများကို ခပ်မြန်မြန် ဖမ်းဆုပ်သွားနိုင်ပေလိမ့်မည်။ ထိုအခါ လှုပ်ရှားကွက်အသစ်များ နားလည်သွားလောက်သည်။

ထိုအခြေအနေက မိစ္ဆာဧက္ကရာဇ်လျိုကျီးမန် အစိုးရိမ်ဆုံးဖြစ်သည်။

”အပုမူစလင်၊ ကျစ်ရ၊ ဟော်ရှုဟွေ့ခမ်း မင်းတို့အားလုံး ဒီကိုလာ”

လေထဲတွင် ရှိနေသော ချွီထေပါးက မိစ္ဆာဧက္ကရာဇ် လျို့ကျီးမန်နှင့် သူ၏ ဆက်တိုက်တိုးလာသော စွမ်းအားများကိုကြည့်ကာ အသိအမှတ်ပြုသလို အကြည့်မျိုးက ပေါ်ထွက်လာသည်။ မိစ္ဆာဧက္ကရာဇ်လျိုကျီးမန်က အားနည်းလွန်းနေသည့်အခါ ချွီထေပါးအတွက် သက်ရောက်မှု မရှိချေ။ ယခုအခါ တစ်ဖက်သူက အင်အားပြန်ရသွားသည်။ ထို့ကြောင့် ချွီထေပါးကလည်း ကျောပြင်ကို ဓားမြောင်ဖြင့် လာချိန်ထားသလို ခံစားရသည်။ ထိုအခိုက်အတန့်တွင် ချွီထေပါးသည် မတိုက်ခိုက်ရန်သာ ရွေးချယ်လိုက်သည်။

”ချွီထေပါး မင်းက ငါတို့ကို ဘာလုပ်ဖို့ လိုတာလဲ”

ချွီထေပါး၏ အနောက်ဘက်တွင် ပုံရိပ်ပေါင်းများစွာက ပေါ်လာသည်။ အပုမူစလင်၊ ကျစ်ရနှင့် ဟော်ရှုဟွေ့ခမ်းတို့က ရောက်လာသည်။

ချွီထေပါး၏ မျက်နှာက အေးစက်သွားပြီး မာကြောနေသည်။ သူက အရှေ့သို့သာ စိုက်ကြည့်နေရင်း အမိန့်ပေးလိုက်သည်။

”မင်းတို့ရဲ့ စွမ်းအင်တွေအားလုံး ငါ့ကိုပေး”

”!!!”

သုံးယောက်လုံးက ကြောင်သွားသည်။ ကြမ်းတမ်းသော တိုက်ပွဲတွင် ထန်များက အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။ သူတို့က စွမ်းအင်များ ထိုးကျသွားသော် သူတို့ကပင် ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်လောက်ချေ။

”အချိန်မရှိဘူး၊ ဒီထန်က အဲဒီစွမ်းအင်ကို မစုပ်ယူအောင် ငါ့ရဲ့လုပ်နိုင်စွမ်းရည်ကို နှောင့်ယှက်နိုင်တယ်၊ ဒီတိုင်းဆက်ဖြစ်နေရင် ငါအဲဒီစွမ်းအင်အမျိုးအစားသစ်ကို စုပ်ယူနိုင်တော့မှာ မဟုတ်ဘူး၊ မင်းတို့ရဲ့စွမ်းအားတွေအားလုံး ငါ့ကိုပေးလိုက်မှ ငါသူတို့ကို မြန်မြန်သတ်နိုင်မှာ”

ချွီထေပါး၏ မျက်လုံးအတွင်း သတ်ဖြတ်လိုစိတ်က ထိုးထွက်လာသည်။

သူသည် ကြွက်ပြေးကြောင်နောက်လိုက် ကစားပွဲကို ငြီးငွေ့နေလေပြီ။ သူကသာ ငယ်ရွယ်သော ထန်ဗိုလ်ချုပ်ကို သတ်ပြီး လျို့ဝှက်ဆန်းကြယ်သည့် အရှေ့ပိုင်းက အကြီးအကဲကို တစ်ချက်တည်းဖြင့် အဆုံးသတ်လိုနေသည်။

အပုမူစလင်က ဘာစကားမှ မဆိုချေ။ သို့သော် သူ၏စိတ်အတွင်း အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ သူက ခပ်မြန်မြန် ဆုံးဖြတ်ချက်ချသည်။

”ငါနားလည်ပြီ ကျစ်ရ၊ ငါတို့ရဲ့ စွမ်းရည်တွေအားလုံး သူ့ကိုပေးရအောင်”

အပုမူစလင်က တင်းမာစွာ ပြန်ပြောလိုက်သည်။

လက်ရှိအခြေအနေအရ ထိုရွေးချယ်မှုတစ်ခုသာ ရှိတော့သည်။ မဟာထန်၏ အန်တိမှ ရာရှာစာမြေသားခံတပ်ဝင်္ကပါကို အသုံးပြုပြီး သူတို့ကို ကိုင်တွယ်လိုက်ခြင်းက ဟန်ချက်ကို ပြတ်တောက်သွားစေသည်။ အပုမူစလင်၊ ကျစ်ရနှင့် ဟော်ရှူဟွေ့ခမ်းတို့ကလည်း မဟာထန်ကို မခြိမ်းခြောက်နိုင်တော့ချေ။

ယခုအခါ ထန်များကို ခြိမ်းခြောက်နိုင်သည်မှာ ချွီထေပါးသာ ဖြစ်သည်။ သူက ရှေ့ဆုံးတွင် ရပ်နေပြီး ထန်များ၏ အစွန်းများကို ဆက်တိုက် ဖြတ်တောက်ပေးနေသောကြောင့်သာ မဟုတ်လျှင် အာရေးဗီးယားနှင့် ယီစန်းက ရှုံးသွားပြီးလောက်လေပြီ။ သူ့ကို စွမ်းအင်များ ပေးခြင်းကသာ အကောင်းဆုံးလုပ်နိုင်သည့် အခြေအနေမျိုး ဖြစ်လောက်သည်။

ဘန်း။

အပုမူစလင်က ချွီထေပါး၏ ပခုံးပေါ်သို့ လက်နှစ်ဖက်လုံးတင်လိုက်သည်။ သူ၏ကိုယ်အတွင်းမှ စွမ်းအားပေါင်းများစွာက ဝရုန်းသုန်းကားဖြစ်လျက် ချွီထေပါး၏ ကိုယ်အတွင်းသို့ ဝင်သည်။ တစ်ချိန်တည်းလိုလို နောက်ထပ်လက်တစ်ဖက်က ထွက်လာပြီး ချွီထေပါး၏ ကိုယ်ပေါ်သို့ တင်လာသည်။ ကျစ်ရကပင် အလားတူရွေးချယ်သည်။ သူ၏စွမ်းအင်များကို တုံ့ဆိုင်းမနေဘဲ ပို့ပေးလိုက်သည်။

ဟော်ရှူဟွေ့ခမ်းက အနည်းငယ် နောက်ဆုတ်လျက် ရပ်နေခြင်းဖြစ်သည်။ သူက အာရပ်ဘာသာစကားကို နားမလည်ချေ။ သို့သော် အခြေအနေကို ကြည့်လိုက်ရုံနှင့် နားလည်လိုက်သည်။

ခရက်။

ဟော်ရှုဟွေ့ခမ်းက ရှေ့သို့တိုးပြီး လက်မောင်းကိုဆန့်သည်။ မဟာဗိုလ်ချုပ်ကြီး သုံးယောက်လုံးက ချွီထေပါးကို စွမ်းအားအားလုံး လွှဲပေးရန် ရွေးချယ်လိုက်သည်။ ထိုနည်းလမ်းမှတစ်ဆင့် သူတို့သုံးယောက်လုံးက မဟာထန်ကို အနိုင်ယူနိုင်နိုင်မည့် မျှော်လင့်ချက်ကို ချွီထေပါးထံ စုပုံထားနိုင်သည်။

ချွီထေပါးက မဟာထန်ကို မနိုင်နိုင်တော့လျှင် သူတို့သုံးယောက်ကလည်း မတတ်နိုင်ပါချေ။

ဝုန်း။

သုံးယောက်လုံး၏ စွမ်းအားများက ရောက်ရှိလာသည်နှင့်အမျှ ချွီထေပါး၏ဆံပင်က လေတွင်လွင့်သည်။ သူ၏ ခြိမ်းခြောက်နိုင်စွမ်းရည်အပြည့် ရှိထားပြီးသား အရှိန်အဝါက မှင်တက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ မြင့်တက်လာသည်။

ဝမ်ချောင်၊ အနက်ရောင်သံချပ်ကာဝတ်အစောင့်နှင့် ကောင်းရှန်းကျစ်တို့အားလုံးက ထိုမြင်ကွင်းကြောင့် မျက်နှာထားများ တင်းမာသွားကြသည်။ ချွီထေပါး၏ လုပ်ရပ်က မမျှော်လင့်ထားစွာ ဖြစ်ပေါ်လာသည်။ သူက ထိုသုံးယောက်လုံး၏ စွမ်းအားများကို စုပ်ယူပြီးလျှင် မဟာထန်က အခြေအနေဆိုးသွားနိုင်သည်။

”ချောင်အာ နားထောင်”

မိစ္ဆာသခင် လျိုကျီးမန်၏အသံက ထွက်လာသည်။

”ချွီထေပါးကို မစိုးရိမ်နဲ့၊ သိမ်မွေ့နယ်မြေက စွမ်းအားမရှိသမျှ သူက ဘယ်လောက်စုပ်စုပ် ဆယလောင်မှုကို ပြေပျောက်နိုင်မယ်လို့ မျှော်လင့်ပြီး အဆိပ်ကို သောက်နေရသလိုပဲ၊ ငါမင်းကို ပြောထားတဲ့စကားကို သေချာပြန်တွေး၊ ဒါက အရမ်းအရေးကြီးတယ်၊ မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းရဲ့ မဟာဖျက်ဆီးခြင်းသိုင်းကလွဲပြီး နောက်ထပ်အင်အားပိုကြီးတဲ့ သိုင်းတစ်ကွက်ရှိနေသေးတယ်၊ အဲဒါကို ကောင်းကင်မြေသား သုတ်သင်ခြင်းလို့ခေါ်တယ်၊ ငါ ငါ့ရဲ့ ဘဝတစ်ဝက်ကျော်လောက် မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို လေ့လာပြီးမှ ဒီသိုင်းကို ဖန်တီးနိုင်ခဲ့တာ”

”အတိတ်က မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ပိုမြင့်တဲ့အဆင့်ကို တွန်းတင်နိုင်မယ်လို့ မျှော်လင့်ပြီး ဒီလိုသိုင်းကို ဖန်တီးခဲ့တာပဲ၊ ဒီလိုနဲ့ သိုင်းဖန်တီးသူထက်မြင့်တဲ့ အဆင့်ကို ရောက်နိုင်မယ်လို့ ယူဆခဲ့တာ၊ ဘဝတစ်ဝက်ကျော်လောက် လေ့လာရှာဖွေပြီးတဲ့နောက်မှာ ဒါကို ပိုမြင့်အောင် လုပ်နိုင်မဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ တစ်ယောက်တည်းက သုံးနိုင်တာမဟုတ်ဘူး၊ မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းကို အရမ်းကို မြင့်မားတဲ့အဆင့်ထိ ကျင့်ထားနိုင်တဲ့ လူနှစ်ယောက်က တစ်ချိန်တည်းလိုလို တစ်ကွက်တည်းကို ပေါင်းသုံးဖို့ လိုအပ်လာတယ်၊ ဒီလိုနဲ့ တစ်လောကလုံးက မူလစွမ်းအင်တိုင်းကို စုစည်းပြီး အရာအားလုံးကို သုတ်သင်နိုင်တယ်၊ ဒါကြောင့် ကောင်းကင်မြေသား သုတ်သင်ခြင်းလို့ ခေါ်တာ၊ မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းရဲ့ အမြင့်ဆုံးအဆင့်လည်း ဖြစ်တယ်၊ သိမ်မွေ့နယ်မြေက ကျွမ်းကျင်ပညာရှင်တောင်မှ သေနိုင်တယ်၊ ဒါပေမဲ့ မင်းဆရာရဲ့ တပည့်တွေထဲမှာ အားလုံးက လူရမ်းကားတွေ လူဆိုးတွေ ဖြစ်နေတယ်၊ မင်းရဲ့ဆရာက ဒီသိုင်းကို သင်ပေးဖို့ အခွင့်အရေး မရှိခဲ့ဘူး၊ ဒီသိုင်းက လောကပေါ် သူ့ရဲ့ အင်အားအပြည့် မထုတ်နိုင်ခဲ့ဘူး”

”မင်းက မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီးသား၊ မင်းက မဟာဖျက်ဆီးခြင်းသိုင်းကိုလည်း သုံးနိုင်တယ်၊ ဆိုလိုတာက ကောင်းကင်မြေသားသုတ်သင်ခြင်းကို သုံးဖို့ အုတ်မြစ်ခိုင်နေပြီးသားပဲ၊ သိပ်မကြာခင် မင်းရဲ့ဆရာက မင်းငါ့ကို ပို့ပေးထားတဲ့ ကြယ်တာရာစွမ်းအင်တိုင်းနဲ့ ဒဏ္ဍာရီ ဝိညာဉ်ပင်လယ်သိုင်းကို သုံးပြီး မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းကို တုပလို့ မင်းနဲ့နှစ်ယောက်အတူပေါင်းပြီး ကောင်းကင်မြေသားသုတ်သင်ခြင်းကို ထုတ်သုံးလိုက်မယ်”

”ဒီအဆင့်မြင့်အကွက်က အရမ်းကို အင်အားကြီးတယ်၊ ဒါပေမဲ့ မင်းရဲ့ဆရာက တစ်ခါမှ ထုတ်သုံးဖူးတာ မဟုတ်ဘူး၊ ဒါကြောင့် မင်းရဲ့ဆရာကိုယ်တိုင်တောင်မှ ဒါကို ထုတ်သုံးပြီးတဲ့နောက်မှ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို မသိဘူး၊ ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး၊ ငါတို့က သိမ်မွေ့နယ်မြေက စွမ်းအင်တိုင်းကို သူနားလည်သွားတဲ့အချိန်ထိ စောင့်နေမယ်ဆိုရင် မင်းရဲ့ စိတ်စွမ်းအားကတောင်မှ သူ့ကို ယှဥ်နိုင်တော့မှာ မဟုတ်ဘူး၊ ဒီတော့ အခွင့်အရေးက တစ်ခုပဲ ရှိတယ်၊ ဒါက ကောင်းကင်မြေသား သုတ်သင်ခြင်းပဲ”

မိစ္ဆာသခင် လျိုကျီးမန်၏ အဝတ်နှင့် ဆံပင်များက လေတွင် လွင့်နေသည်။ ကြမ်းတမ်းသော လေပြင်းက သူတို့နှစ်ယောက်ကို ဦးတည်ကာ တိုက်ခိုက်သလို ထင်ရသည်။

သို့သော် ဝမ်ချောင်၏ အခြေအနေကမူ မိစ္ဆာသခင် လျိုကျီးမန်ထက် ပို၍ပင် ဖျတ်လတ်ပြီး တက်ကြွမှုအပြည့်နှင့်ဖြစ်သည်။ ကောင်းကင်မြေသား သုတ်သင်ခြင်းဆိုသော စကားလုံးက သူ၏စိတ်ကို ပြင်းထန်သည့် အားလှိုင်းများနှင့် ရိုက်ခတ်လိုက်သလို ဖြစ်သွားသည်။ ဝမ်ချောင်သည်လည်း မဟာဖျက်ဆီးခြင်းသိုင်းသည် မဟာယင်ယန် ကောင်းကင်ဖျက်ဆီးခြင်းသိုင်း၏ အမြင့်ဆုံးအဆင့်ဟု ယုံကြည်ထားသူဖြစ်သည်။ ထို့ကြောင့် ကောင်းကင်မြေသား သုတ်သင်ခြင်းဆိုသော မဟာဖျက်ဆီးခြင်းသိုင်းထက် အဆင့်ကြီးတစ်ခု ရှိနေမည်ဟု သိထားခြင်းမရှိသလို စိတ်ကူးကြည့်ခြင်းပင် မရှိချေ။ မည်သို့ပင်စေ ထိုသိုင်းကို လူနှစ်ယောက်ပေါင်းသုံးရန် လိုအပ်နေလေသည်။

မိစ္ဆာသခင် လျိုကျီးမန်ကလည်း ထိုအကြောင်းအရာကို မပြောဖူးချေ။

သူ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ တစ်ခဏခန့် ကြာပြီးနောက် သူက အဝေးရှိ ရွှေရောင် စစ်နတ်ဘုရား၏ တောက်ပမှုကို လှမ်းကြည့်လိုက်သည်။ တစ်ဖက်သူ၏ အင်အားက ခပ်မြန်မြန် ပြည့်လာသည်။ သူ၏ အတွေးများက ချက်ချင်းပျောက်ကွယ်သွားပြီး အကြည့်က စူးရှကာ ဆုံးဖြတ်ချက်ပြတ်သားသွားသည်။

”ဆရာ ငါနားလည်ပြီ၊ ဘာကိုပဲ ရင်းရ ရင်းရ၊ ငါငါ့ရဲ့ စွမ်းအားတိုင်းကိုသုံးပြီး ဆရာ့ကို ကူညီလို့ အဲဒီ သုတ်သင်ခြင်းသိုင်းကို ထုတ်သုံးစေမယ်”

”အင်း”

မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်က ခေါင်းညိတ်သည်။ သူ၏မျက်ဝန်းကပင် တောက်ပလာသည်။

”ချောင်အာ ကောင်းကောင်းနားထောင်၊ ယင်နဲ့ယန်က ခံယူချက်ခြင်း တူတယ်၊ ကောင်းကင်နဲ့ မြေကြီးကလည်း တာဝန်ယူထားတာခြင်း တူတာပဲ၊ ယင်ကို ထွေးပွေ့ပြီး ယန်ကို သယ်ဆောင်ရမယ်၊ အရာအားလုံးက ဗလာကနေ မွေးဖွားလာကြတာ”

မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်၏ တိုးလျသော အသံက မန်ထွာတစ်ပုဒ်ကို ရွတ်ပြရင်း ကောင်းကင်နဲ့ မြေသား ဖန်တီးခြင်းအား ဝမ်ချောင့်ကို သင်ပေးသည်။

ထိုမန်ထွာက ဝမ်ချောင်ကျင့်ဖူးသမျှ သိုင်းများထက် အဆင့်မြင့်ကာ နက်နဲလွန်းသည်။ ပုံမှန်အားဖြင့် ထိုအရာကိုကြည့်ရန် အချိန်အလွန် ကြာနိုင်သည်။ သို့သော် ဝမ်ချောင်နှင့် မိစ္ဆာသခင် လျိုကျီးမန်တို့က မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို နားလည်သဘောပေါက်ထားပြီး လျို့ဝှက်ချက်တိုင်းကို သိနေသည်။ သူတို့က အထွတ်အထိပ်သို့ ရောက်ရှိနေပြီးကတည်းက ထိုသိုင်းကို နားလည်ရန် အချိန်အများကြီး မလိုအပ်ချေ။

”ချောင်အာ ငါမင်းကို အဓိက သော့ချက်တွေနဲ့ ကောင်းကင်ဘုံနဲ့ မြေသားသုတ်သင်ခြင်းရဲ့ အနှစ်သာရတွေကိုပဲ ရှင်းပြပေးနိုင်ဦးမယ်၊ ဂရုတစိုက်နားထောင်၊ ငါဒါကို တစ်ကြိမ်ပဲ ရှင်းပြပေးမယ်၊ ချွီထေပါးက စွမ်းအင်အားလုံး စုပ်ယူပြီးသွားတဲ့အခါ မင်းက ဘယ်လောက်ပဲ အသင့်ဖြစ်ဖြစ် အသုံးမဝင်နိုင်တော့ဘူး၊ အဲဒီလိုမှမဟုတ်ရင် ငါတို့အားလုံး သေရမယ်”

မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်က ကောင်းကင်မြေသား သုတ်သင်ခြင်း၏ အခြေခံအချက်နှင့် သုံးရမည့် နည်းလမ်းများအားလုံးကို ရှင်းပြပြီး ဝမ်ချောင်၏စိတ်အတွင်း အသစ်စက်စက် ရိုက်နှိပ်ပေးနေသည်။ ထပ်ပေါင်းဆိုရသော် သူဟာ အရေးကြီးသော အချက်တိုင်းကို အထူးတလည် ရှင်းပြပေးခြင်းဖြစ်သည်။

ဘုန်း။

မိစ္ဆာသခင် လျိုကျီးမန်က စကားဆုံးသွားသည့် အခိုက်အတန့်တွင် အဝေးမှ ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ချွီထေပါး၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး ကြယ်တာရာစွမ်းအင်ပေါင်းများစွာက စွမ်းအင်စီးကြောင်းအလား စိမ့်ထွက်လာသည်။

”အားလုံးနောက်ဆုတ်ကြ”

ချွီထေပါး၏ မျက်နှာက တင်းမာနေသည်။ အကြည့်ကလည်း အေးစက်သည်။

”သွားမယ်”

အပုမူစလင်၊ ကျစ်ရနှင့် ဟော်ရှူဟွေ့ခမ်းတို့အားလုံးက လက်များကို ချက်ချင်းလိုလို ရုတ်လိုက်ကြပြီး နောက်သို့ ဆုတ်သည်။ သူတို့က မြင်းများပေါ် တက်စီးပြီး နောက်တန်းသို့ ပြန်ပြေးသွားကြသည်။ သူတို့၃ယောက်လုံးက စွမ်းအင်များ ခြောက်ကပ်လုနီးပါး ဖြစ်နေသည်။ မျက်နှာများကလည်း ဖြူဖျော့နေကြ၏။ မြင်းများကို စီးရန်ပင် အင်အားအလွန် စိုက်ထုတ်နေရသည်။

”ငါတို့အားလုံး လုပ်နိုင်သမျှ လုပ်ပြီးပြီ၊ အခုချွီထေပါးအပေါ်ပဲ မူတည်တော့မယ်၊ အားလုံးပဲ တိုက်ပွဲထဲမှာ မပါအောင် အတတ်နိုင်ဆုံး နောက်ဆုတ်ကြတော့”

အပုမူစလင်က ထိုသို့ အမိန့်ထုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က မြင်းကို ကပ်ပြီး ရှေ့သို့ ငုံ့ကိုင်းထားလိုက်သည်။ သို့သော် ခေါင်းကမူ ချွီထေပါးကိုသာ လှည့်ကြည့်နေသည်။

အပိုင်း (1149)

အပုမူစလင်သည်လည်း ချွီထေပါး၏ အခြေအနေကို မသိချေ။ သို့သော် ချွီထေပါး၏ အကျင့်စရိုက်ကြောင့် သူ၏စိမ်းအင်များက ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။ ချွီထေပါး၏ ကိုယ်အတွင်းတွင် ယခင်ထက် ပိုတောက်ပပြီး ပိုပြင်းထန်သော လေလုံးကြီးတစ်လုံးက ရှိနေသလိုမျိုး ဖြစ်သည်။ ဒါဟာ သူတို့က ချွီထေပါးကို ပေးထားသော စွမ်းအားမဟုတ်ချေ။ ပို၍အဆင့်မြင့်သော စွမ်းအင်တစ်မျိုး ဖြစ်နေသလိုမျိုး ကြောက်မက်ဖွယ်ကောင်းကာ ပို၍ဖျက်ဆီးခြင်းအား ပြင်းထန်သည်။

အရာအားလုံး မင်းအပေါ်မှာ မူတည်သွားပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းနိုင်ရမယ်။

ထိုအတွေးနှင့်အတူ အပုမူစလင်က နောက်သို့လှည့်ပြီး မြင်းကို မြန်ဆန်စွာ အပြင်းဒုန်းစိုင်း စီးလေသည်။ ဒီနေရာဟာ အန္တရာယ်နယ်မြေ ဖြစ်သွားသည်။ ချွီထေပါးသည် ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွှဲတော့မည်ဖြစ်သည်။ သူတို့ထဲမှ မည်သူကမှ ဒီလိုပေါက်ကွဲမှုဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ချေ။

”ရွာသူကြီး၊ အရှင်ကောင်း ခင်ဗျားတို့အားလုံး နောက်တန်းကိုဆုတ်ကြပါ”

ဝမ်ချောင်ကလည်း တစ်ချိန်တည်းလိုလို လှမ်းအော်လိုက်သည်။

ရွာသူကြီးကမူ အခြေအနေဆိုးနေသည်။ ကောင်းရှန်းကျစ်ကလည်း ကြယ်တာရာစွမ်းအင်အားလုံး ကုန်လုနီးပါး ဖြစ်နေသည်။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်က မတော်တဆမှုတစ်ခုခု ရှိလာခဲ့သော် အနည်းဆုံး မဟာထန်တွင် ကောင်းရှန်းကျစ် ရှိနေရန်မျှော်လင့်သည်။

”အားလုံးပဲ နောက်ဆုတ်”

ဝမ်ချောင်က ချွှီထေပါးကိုကြည့်ရင်း ခပ်တင်းတင်းအမိန့်ထုတ်သည်။ တစ်ဖက်သူဟာ စွမ်းအင်တိုင်းကို စုပ်ယူပြီး တဖြည်းဖြည်းချင်း ရှေ့တိုးလာနေပြီဖြစ်သည်။

ဒါဟာ နောက်ဆုံးနှင့် အဆုံးအဖြတ်တိုက်ပွဲ ဖြစ်နိုင်သည်။ မဟာထန်နှင့် အာရေးဗီးယားအကြားမှ အနိုင်ကို ဆုံးဖြတ်ပေးနိုင်သည်။ သာမန်စစ်သားများ၏ ခွန်အား သို့မဟုတ် လော့ရှန်းစစ်တပ်နှင့် နတ်အကျဥ်းထောင်စစ်တပ်ကဲ့သို့ လက်ရွေးစင် စစ်တပ်များကပင် ဒီအဆင့်တိုက်ပွဲတွင် အသုံးမဝင်ချေ။

ဂျိန်း။

ဝမ်ချောင်၏ အမိန့်အောက်တွင်..... သံမဏိမြို့ရိုးအနားတွင် နေပြီး နောက်သို့ ဆုတ်နေသည့် ထန်စစ်သားများ၊ အထူးသဖြင့် မြားပုန်းလက်နက်များ၏ အကူအညီနှင့် နောက်သို့ဆုတ်နေရသော ထန်စစ်သားများအားလုံးက ဒီရေစီးထွက်သွားသလိုမျိုး ပြန်လည်ဆုတ်ခွာကြသည်။ သူတို့အားလုံး၏ အမူအယာက စိုးရိမ်မှုအပြည့်နှင့်ဖြစ်သည်။ သို့သော် လေးစားမှုအပြည့်လည်း ရှိနေသေးသည်။

မဟာထန်၏ အခြေအနေက အလွန်ဆိုးနေသည်။ အာရပ်စစ်နတ်ဘုရား ချွီထေပါးက သူတို့၏ အဆိုးရွားဆုံး အိပ်မက်ဆိုးကဲ့သို့ တည်ရှိမှုမျိုး ဖြစ်နေကာ လူတိုင်း၏အပေါ်တွင် အရိပ်ကြီးတစ်ခု တွဲလောင်းဆွဲထားသလိုမျိုး တောက်လျှောက်ကပ်ပါလာနေသည်။ အင်အားအဆင့်တစ်ခုကို ရောက်ရှိသွားပြီးသော လူတစ်ယောက်အနေနှင့် သူတို့သည်လည်း တစ်ဖက်သူနှင့် ပတ်သက်လာသော် အလွန်စိတ်ပျက်အားငယ်ရသည်။ ချွီထေပါးဟာ ထိုကဲ့သို့သောလူမျိုး ဖြစ်နေသည်။ ဒီတိုက်ပွဲဟာ မည်သို့အဆုံးသတ်မည်ဖြစ်ကြောင်း မည်သူကမှ မသိနိုင်ချေ။ သို့သော် သူတို့အားလုံးသည် ဝမ်ချောင်နှင့် မိစ္ဆာဧက္ကရာဇ်လျိုကျီးမန်ကို ယုံကြည်ကြသည်။

မဟာထန်ကသာ နိုင်ရန် နည်းလမ်းရှိမည်ဆိုလျှင် ချွီထေပါးကိုသာ နိုင်နိုင်မည်ဆိုလျှင် ထိုနှစ်ယောက်ကသာ လုပ်နိုင်လောက်သည်။

ဘန်း။

လွန်ကဲလွန်းစွာ ခမ်းနားထည်ဝါပြီး အရှိန်အဝါပြင်းထန်လျက် ခမ်းနားထည်ဝါလွန်းသော စွမ်းအားများနှင့် ဝန်းရံခြင်း ခံထားရသည့် ရွှေရောင်စစ်ဖိနပ်တစ်ရံက အောက်သို့ ဖနောင့်ပေါက်ချလိုက်သည်။

ချွီထေပါးက လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ခြေလှမ်းတိုင်းက ယုံကြည်မှုအပြည့်နှင့် အလေးချိန်စီးသည်။ ချွီထေပါးက လေထဲတွင် လမ်းလျှောက်နေသည်မှာ သိုင်းပညာရှင်များ မြေပြင်ပေါ်တွင် လမ်းလျှောက်နေသလိုမျိုး ထင်ရသည်။ သူကရှေ့သို့ အသာလျှောက်လာသည်။ သူ၏ကိုယ်ထဲမှ စွမ်းရည်များကလည်း ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုလိုမျိုး တိုက်ခတ်ကာ ပေါက်ကွဲနေသေးသည်။

ဝမ်ချောင်က စွမ်းအင်လောကကို လှမ်းကြည့်လိုက်သည်။ ထိုအခါ ချွီထေပါး၏ ကိုယ်ထဲတွင် တစ်ချိန်က အေးခဲနေသော စွမ်းအားများက အနည်းငယ်တည်ငြိမ်သွားကြောင်း တွေ့လိုက်သည်။ ချွီထေပါးနှင့် ဆက်စပ်နေသော အဆင့်မြင့်နယ်မြေမှ စွမ်းအင်စီးကြောင်းကလည်း အများကြီးပို၍ ထူထဲလာသည်။ ထိုစွမ်းအားဟာ ချွီထေပါးကို မှင်တက်ဖွယ်ကောင်းသည့် အရှိန်နှုန်းဖြင့် ပြန်လည်သက်သာလာစေသည်။

”မင်းဘယ်သူလဲဆိုတာကို ငါ ဂရုမစိုက်ဘူး၊ မင်းဘယ်လို ရုန်းကန်ရုန်းကန် ငါ ဂရုမစိုက်ဘူး၊ အခုတော့ အားလုံးသေရတော့မှာပဲ”

ချွီထေပါး၏ အေးစက်သောအသံက လေထဲတွင် ပေါက်ကွဲသွားသည်။

ခရက်။

ချွီထေပါးက လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်သည်။ ထိုအခါ လက်ချောင်းများ၏ အဆစ်များက ကွဲထွက်သွားသည်။

ဘုန်း။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအားလှိုင်းတစ်ရပ်က လေထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက်တွင် ထိုနေရာရှိ အာကာသပြင်ကို ရှုံ့တွသွားစေသည်။ ထိုသို့ဖြင့် ဝမ်ချောင်နှင့် မိစ္ဆာသခင် လျိုကျီးမန်တို့ကို ဝိုင်းလိုက်သည်။

တာလ၏ တိုက်ပွဲနယ်မြေက တင်းကြပ်မှုအပြည့် ဖြစ်လာချိန်တွင် အပူချိန်က အများကြီး ထိုးတက်လာသည်။

ဝမ်ချောင်နှင့် မိစ္ဆာသခင် လျိုကျီးမန်တို့၏ ခန္ဓာကိုယ်ကလည်း တောင့်တင်းသွားသည်။ သူတို့သည်လည်း အချိန်မရွေးတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

”ချောင်အာ မင်းဆရာ ပြောထားတာကို မှတ်ထား၊ အခွင့်အရေးက တစ်ခုပဲရှိတယ်၊ အမှားလုပ်လို့မရဘူး”

မိစ္ဆာဧက္ကရာဇ်လျိုကျီးမန်က ခပ်တိုးတိုး ပြောသည်။ သူ၏အမူအယာက တည်ငြိမ်နေသည်။

”နားလည်ပါတယ်”

ဝမ်ချောင်ကလည်း ခေါင်းညိတ်သည်။ သူ၏ လက်ချောင်းလေးများနှင့် ခပ်ပေါ့ပေါ့ လှုပ်ရှားလိုက်သည့် ဟန်အမူအယာကို မည်သူကမှ သတိထားမိလိမ့်မည် မဟုတ်ချေ။

”ချွီထေပါး လာ”

ဝမ်ချောင်က ခေါင်းကို ခပ်မြန်မြန် မြှောက်လိုက်ပြီး အဝေးရှိ ချွီထေပါးကို လှမ်းစလိုက်သည်။ သူ၏မျက်ဝန်းက တောက်ပသွားသည်။

”ကုန်းမြေကို လွှမ်းမိုးနိုင်တဲ့ အစစ်အမှန် အရှင်သခင်က မဟာထန်လား အာရေးဗီးယားလားဆိုတာကို ကြည့်ကြရအောင်”

ဘန်း။

ဝမ်ချောင်နှင့် မိစ္ဆာသခင်လျိုကျီးမန်တို့က ရှေ့သို့ ခုန်ထွက်သွားသည်။ နှစ်ယောက်လုံးက တစ်စိတ်တစ်ဝမ်းတည်းလိုလို ချွီထေပါးထံ ခုန်ဝင်သွားလိုက်ကြသည်။

ဘန်း ဘန်း။

တစ်ချိန်တည်းလိုလို စွမ်းအားကြီးမားလွန်းသော အားလှိုင်းနှစ်ရပ်က သူတို့၏ ကိုယ်အတွင်းမှ အပြင်သို့ ပေါက်ကွဲကာ ထွက်လျက် ချွီထေပါး၏ တိုက်ခိုက်လိုစိတ်ကို ရင်ဆိုင်လေသည်။

ထိုသို့ဖြင့် မတူညီသော အမျိုးအစားအဖြစ် တည်ရှိနေသော စွမ်းအင်သုံးမျိုးက ထိပ်တိုက်ရင်ဆိုင်ကာ ရောနှောသွားသည့် အခိုက်အတန့်တွင် လေထုတစ်ခုလုံးက ပေါက်ကွဲကာ စုတ်ပြတ်သတ်သွားပြီး လေဟာနယ်အဖြစ်ပင် ပြောင်းလဲသွားသည်။

စွမ်းအင်သုံးမျိုး ဆုံရာတိုက်ပွဲက ပြင်းထန်လွန်းသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်ချည်းတိတ်ဆိတ်သွားသည်။ လူတိုင်းက ဝမ်ချောင်၊ မိစ္ဆာဧက္ကရာဇ်လျိုကျီးမန်နှင့် ချွီထေပါးကိုသာ ကြည့်နေကြသည်။ အနှေးကွေးဆုံးလူပင် ဒါဟာ တိုက်ပွဲကြီးတစ်ခုလုံး၏ အရေးအပါဆုံးသော အခိုက်အတန့်ဖြစ်ကြောင်း သိနေကြသည်။ ချွီထေပါး၊ ဝမ်ချောင်နှင့် မိစ္ဆာသခင် လျိုကျိီးမန်တို့က တိုက်ပွဲ၏ ရလဒ်ကို သိပ်မကြာခင် ဆုံးဖြတ်ပေးပေလိမ့်မည်။

သာမန်စစ်သားများကမူ ဒီအဆင့်တိုက်ပွဲမျိုးကို နားမလည်နိုင်ချေ။ ချွီထေပါးနှင့် ဝမ်ချောင်၊ မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်တို့အကြားက တိုက်ပွဲက ဆုံးဖြတ်ပြီးနောက်တွင် ပွဲကြီးတစ်ခုလုံးက တည်ငြိမ်သွားပေလိမ့်မည်။ ရှည်ကြာလွန်းသော စစ်ပွဲက နောက်ဆုံးတွင် အနိုင်အရှုံးဆုံးဖြတ်ပေးနိုင်သည်။

ဝှစ်။

ကြမ်းတမ်းသော လေပြင်းက တိုက်ခတ်လာသည်။ ထိုသို့ဖြင့် ကျောက်သားနှင့် ဖုန်မှုန့်များကို တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ လွင့်ထွက်သွားစေသည်။

အချိန်က ထာဝရတမျှ ကြာညောင်းပြီးနောက် ချွီထေပါး၊ ဝမ်ချောင်နှင့် မိစ္ဆာသခင် လျိုကျီးမန်တို့က တိုက်ခိုက်လျက်သာ ရပ်တန့်နေကြပြီးနောက် တစ်ခဏခန့် ကြာပြီးချိန်တွင်.....။

ဘုန်း။

ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ချွီထေပါး၏ ကိုယ်အတွင်းမှ အလွန်ကျယ်ပြောပြီး အကန့်သတ်မဲ့သော စွမ်းအင်များက ပေါက်ထွက်လာသည်။

ခရက်။

ချွီထေပါး၏ ခန္ဓာကိုယ်ပတ်ဝန်းကျင် ပေတစ်ထောင်ကျော်ခန့်ရှိ အာကာသပြင်က ဖန်သားလို ကွဲအက်သွားသည်။ ထို့နောက် ကွဲအက်ရာသိန်းပေါင်းများစွာက ပေါ်ထွက်လာလေသည်။

ပေထောင်ပေါင်းများစွာအကွာရှိ အာရပ်မြင်းသည်တော်တစ်ယောက်က ထိုစွမ်းအင်ကွဲအက်ကြောင်း၏ လမ်းတစ်ခုတွင် ပိတ်ရပ်မိသားဖြစ်သွားသည်။

ဘန်း။

သူက ညည်းညူသံပင် မထွက်လိုက်နိုင်ချေ။ မြင်းစီးသူနှင့် မြင်းအပါအဝင် သံချပ်ကာများအားလုံးက ဖုန်ဖြစ်သွားသည်။

”နောက်ဆုတ် မြန်မြန်လေး နောက်ဆုတ်ကြ”

အာရပ်များနှင့် တိဗက်များက ထိုမြင်ကွင်းကြောင့် ကြောက်လန့်တကြား နောက်ဆုတ်ကြသည်။

သူတို့သည်လည်း ချွီထေပါးက ဝမ်ချောင်နှင့် မိစ္ဆာသခင် လျိုကျီးမန်ကို ချိန်ရွယ်ထားကတည်းက ပေထောင်ပေါင်းများစွာအကွာတွင် ရပ်နေခြင်းက အကွာအဝေးတစ်ခု ခြားနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် တိုက်ပွဲက စပင်မစရသေးချိန် ချွီထေပါးက အဖွင့်အကွက်လုပ်ရုံမျှနှင့် ထွက်လာသော စွမ်းအားများက ကိုယ်ပိုင်စစ်သားများကိုပင် ထိမှန်လာမည်ဟု မထင်ထားကြပေ။

ဝုန်း။

ထိုသို့ဖြင့် စစ်သည်သောင်းပေါင်းများစွာက ကစဥ့်ကလျား နောက်ဆုတ်ကြသည်။

ချွီထေပါးနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော မြင့်မားလွန်းသော သံမဏိမြို့ရိုးကြီးက မရေမတွက်နိုင်သော သေးငယ်သော ကွဲအက်ရာများနှင့် ပြည့်နှက်သွားသည်။

ဘန်း။

အာရပ်မြင်းသည်တော်က ပျောက်ကွယ်သွားပြီးချိန်တွင်ပင် ထိုသံမဏိမြို့ရိုးကြီးက ဖုန်ဖြစ်သွားသည်။

”စစ်သားတိုင်း နောက်ဆုတ်”

ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ရှီယွမ်ကျင်နှင့် တခြားသော လူတိုင်းက ထိုမြင်ကွင်းကြောင့် မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့အားလုံးကလည်း စစ်သားများကို နောက်ဆုတ်ရန် အမိန့်ထုတ်ကြ၏။ သူတို့က နောက်ဆုတ်နေသည့် အခိုက်အတန့်တွင် ချွီထေပါး၏ အေးစက်နေသော အသံကို ကြားလိုက်ရသည်။

”ကံကြမ္မာကို လက်ခံလိုက်”

ဘုန်း။

တစ်လောကလုံး လှုပ်ခတ်သွားအောင် ခြိမ်းလိုက်သော မိုးသံအလား ကျယ်လောင်လွန်းသော ထိုအသံကြီးဟာ တခြားသော အသံတိုင်းကို တိတ်ဆိတ်သွားစေသည်။ တစ်ခဏခန့်ကြာပြီးနောက် ချွီထေပါးရှိရာဘေးနား ပတ်ဝန်းကျင်တစ်ခုလုံးရှိ အာကာသပြင်က အမှောင်ထုအဖြစ် ပြောင်းလဲသွားကြောင်း မြင်လိုက်ရသည်။ ဝမ်ချောင်နှင့် မိစ္ဆာဧက္ကရာဇ်လျိုကျီးမန်တို့ကလည်း အမှောင်ထုအတွင်းရောက်နေသည်။

အမှောင်ထု၏ အလယ်ဗဟိုတွင် နေမင်းထက်ပင် အစပေါင်းများစွာ တောက်ပလွန်းသော ရွှေရောင်အလင်းတန်းပေါင်းများစွာက ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။ တစ်ချိန်လုံး လေထဲတွင် နတ်ဘုရားတစ်ပါးအလား မျောလွင့်နေခဲ့သော ချွီထေပါးက ရုတ်တရက် ပျောက်ကွယ်သွားပြီး အချင်းပေရာပေါင်းများစွာကြီးသည့် တောက်ပလွန်းသော နေမင်းကြီးအဖြစ် အစားထိုးကာ အမှောင်ထုတစ်ခုလုံးကို ကြီးစိုးလိုက်လေသည်။

”အဲဒီကိုကြည့်ဦး”

အာရပ်မြင်းသမားတစ်ယောက်က ရုတ်တရက် ခေါင်းကိုမော့လိုက်သည်။ သူက ချွီထေပါး၏ တောက်ပလွန်းသော ဓားဆီမှ အမြင့်ဆုံးသော စွမ်းအားကို လှမ်းမြင်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း အံ့အားသင့်မှုက ပေါ်ထွက်လာသည်။

ထိုစကားလုံးများက တခြားသောသူပေါင်းများစွာကို အကြည့်ပြောင်းသွားစေသည်။ တစ်ခဏခန့် ကြာပြီးနောက် တိုက်ပွဲနယ်မြေတစ်ခုလုံးက အော်သံများနှင့် ပြည့်နှက်သွားသည်။ လူတိုင်းက အံ့အားသင့်မှုအပြည့်နှင့် တောင့်ခဲသွားသည်။

ချွီထေပါး၏ တောက်လောင်နေသော နေမင်းအထက်ကောင်းကင်က စတင်ကာ စုတ်ပြဲလာပြီး မရေမတွက်နိုင်သော ထူးဆန်းသည့် ပုံရိပ်ပေါင်းများစွာနှင့် ပြည့်နှက်လာသည်။ ချွီထေပါး၏ တိုက်ကွက်က ကောင်းကင်တစ်ခုလုံးကို ခုတ်ထွင်နိုင်လိုက်ရုံသာ မကသေးလေဘဲ လျို့ဝှက်ဆန်းကြယ်ပြီး အမည်မသိရသော မရေမတွက်နိုင်သည့် ကြားခံနယ်မြေပေါင်းများစွာကိုပင် ထိုးဖောက်လိုက်နိုင်သည်။

ထိုလောက၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ချွီထေပါးက အသုံးပြုနေသည့် တူညီသော အမျိုးအစားနှင့် တောက်ပသော နေစွမ်းအားလုံးကြီးက တည်ရှိနေသည်။ ဒါဟာ ဝမ်ချောင် စွမ်းအင်လောကထဲတွင် မြင်ခဲ့ရသည့် မြင်ကွင်းဖြစ်သည်။

ချွီထေပါး၏ ဓားက သိမ်မွေ့နယ်မြေဆိုသော ခြားခံနယ်မြေနှင့် ချိတ်ဆက်ပေးထားသည့် ခြားခံနယ်မြေပေါင်းများစွာကို ဖြတ်တောက်လိုက်နိုင်သည်။

ခြောက်ခြားဖွယ်ကောင်းလွန်းသော စွမ်းအင်များက လောကမှ ယိုဖိတ်ကျလာခြင်းက လူတိုင်း၏ မျက်နှာကို ဖြူဖျော့သွားစေသည်။ သူတို့၏ကိုယ်ပေါ်သို့ ကျရောက်လာသော ဖိအားက လောက၏အဆုံးသတ်က ရောက်ရှိလာပြီဟု ခံစားရစေသည်။

ထိုတိုက်ကွက်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ ကောင်းကင်နှင့် မြေကြီးကို အကွာအဝေးခြားလိုက်နိုင်ခြင်းဖြစ်သည်။ ထိုအရှိန်နှုန်းက လူတိုင်း၏ အတွေးကို ကျော်လွန်သည်။ အမြန်ဆန်ဆုံးသော သိုင်းပညာရှင်ကပင် မရှောင်နိုင်ချေ။ တားဆီးရန်ဆိုလျှင် ပို၍ဝေးကွာသေးသည်။ ထိုဓားက အောက်သို့ ဆင်းသက်လာပြီးပြီးချင်း တစ်လောကလုံးက လောင်ကျွမ်းရလောက်သည်။

မဟုတ်သေးဘူး။ ဒါက လောင်ကျွမ်းရုံတင်မဟုတ်ဘူး။ စပြီးလောင်နေပြီ။

ချွီထေပါး၏ဓားက အောက်သို့ ခုတ်ချလိုက်သည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သည့် ရွှေရောင်မီးတောက်များက ပေါ်ထွက်လာသည်။ လေထုကိုယ်တိုင်ကပင် လောင်ကျွမ်းလာ၏။ ဒါသာ အစမျှသာ ဖြစ်နေသေးသည်။

ခရက်။

မြေကမ္ဘာက ရမ်းခါသွားသည်။ ကြီးမားလွန်းသော စွမ်းအင်အားတစ်ရပ်က ချွီထေပါး၏ အောက်ဘက်တွင် ပေါ်ထွက်လာပြီးနောက်တွင် အနောက်ဘက်သို့ တည့်တည့် ပတ်လျက် ပျံ့နှံ့သွားကာ အာရပ်စစ်တပ်ကို လွှမ်းခြုံသည်။ ထို့နောက် အရှေ့ဘက်သို့ ဆက်လက်ပျံ့နှံ့ပြီး ထန်စစ်တပ်ကို လွှမ်းခြုံသည်။

ထိုစွမ်းအားများက ပေသုံးထောင်ကျော် ကြီးလေပြီး မယုံနိုင်စရာကောင်းလောက်အောင် နက်ရှိုင်းသည်။

”အား”

အာရပ်၊တိဗက်နှင့် ထန်ပေါင်းများစွာက အော်ဟစ်လိုက်ရလေသည်။

*** *** ***

အပိုင်း (၁၁၅၀)

လူတိုင်း၏ မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားကြသည်။ ချွီထေပါး၏ တိုက်ကွက်က သူတို့မျှော်လင့်ထားသည်ထက် အလွန့်အလွန် အင်အားကြီးမားလွန်းနေသည်။ သူတို့အားလုံးကလည်း သူတို့၏ဝိညာဉ်၏ အနက်ရှိုင်းဆုံးအပိုင်းမှလာသည့် ခြောက်ခြားမှုကို ခံစားလိုက်ရသည်။

”ဝမ်ချောင် ကြည့်”

ကောင်းရှန်းကျစ်က စိုးရိမ်တကြီး လှမ်းပြောသည်။ သူသည်လည်း အခုလို ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးနောက်တွင် ချွီထေပါးက ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် ရိုက်ချက်မျိုးကို ထုတ်နိုင်မည်ဟု မမျှော်လင့်ထားဖူးချေ။ ကောင်းရှန်းကျစ်သည်လည်း ဒီလိုတိုက်ကွက်မျိုးကို တောင့်ခံနိုင်မည်မဟုတ်ချေ။ သူ၏ အထွတ်ထိပ်အခြေအနေတွင်ပင် မတောင့်ခံနိုင်လောက်ချေ။

ဝူရှန်းရွာသူကြီး၊ ချန်းချန့်လီ၊ ရှီယွမ်ချင်နှင့် ခန်းငယ်ဘုရင်တို့ အားလုံးကလည်း ထိုမြင်ကွင်းကြောင့် မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့၏ နှလုံးသားက လေးလံသွားသည်။

”ငါတို့နိုင်ပြီ၊ ဘယ်သူကမှ ဒီတိုက်ကွက်ကို လက်မခံနိုင်ဘူး၊ ငါတို့ ဒီတိုက်ပွဲမှာ နိုင်မှာသေချာတယ်”

တစ်ချိန်တည်းလိုလို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော အပုမူစလင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏မျက်ဝန်းက စိတ်လှုပ်ရှားမှုအပြည့်နှင့် တောက်ပလာသည်။

ဒီတိုက်ပွဲတွင် အံ့အားသင့်စရာအများကြီးဖြစ်သွားသည်။ အပုမူစလင်က ဒီတိုက်ပွဲတွင် အာရေးဗီးယားက ရှုံးမည်ဟု ယုံကြည်ရလောက်သည်အထိ ကိစ္စအများကြီး ဖြစ်သွားသည်။ သို့သော် အဆုံးသတ်တွင် ချွီထေပါးက သူတို့ကို စိတ်မပျက်စေခဲ့ချေ။ ထိုရိုက်ချက်တစ်ချက်တည်းကတင် အာရေးဗီးယားကို အရှေ့ပိုင်းနယ်မြေတစ်ခုလုံးကို သိမ်းနိုင်စေမည့် အခြေအနေအထိ ပြောင်းလဲသွားစေနိုင်သည်။

”ချွီတေပါး မင်းလုပ်နိုင်မယ်ဆိုတာကို ငါသိလိုက်တယ်၊ မင်းငါ့ကို စိတ်မပျက်စေဘူး”

စစ်တပ်နောက်တန်းမှ တလင်ယွမ်ကျန်းကလည်း မြင့်မားသော တောင်ကုန်းကြီးပေါ်တွင် ရပ်နေသည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်မွေး၊ ဝတ်ရုံတို့က လေတွင် လွင့်နေသည်။

မနေ့က စစ်တပ်၏ အရှုံးပြီးနောက် တလင်ယွမ်ကျန်းက အာရပ်များကို ထွက်မသွားအောင် တားခဲ့သည်မှာ သူ၏ကိုယ်ပိုင်ဉာဏ်ရည်ကို ယုံကြည်မှုရှိလွန်းခဲ့သောကြောင့် ဖြစ်သည်။ အဆုံးအစမဲ့သော ခွန်အား၏ အရှေ့တွင် အကြံအစည်များကပင် အဓိပ္ပါယ်မဲ့ရသည်။ ဉာဏ်အကောင်းဆုံးသော လူကပင် ထိုဗျူဟာကို လိုက်လုပ်ရန် ပူးပေါင်းမည့် လူများ လိုအပ်သည်။ ထို့ကြောင့် အစစ်အမှန် ဗျူဟာပညာရှင်ဟာ တတ်နိုင်သမျှ အရာအားလုံးကို ချေးငှားယူရသည်။ ထိုအထဲတွင် အင်အားလည်းပါသည်။ ချွီထေပါးက တိုက်ဆိုင်စွာပင် တလင်ယွမ်ကျန်း ချေးငှားယူလိုသည့် အကြံအစည်ထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သွားသည်။

သူတို့က ဒီတိုက်ပွဲတွင် မဟာထန်ကို နိုင်နိုင်လျှင် တလင်ယွမ်ကျန်းအနေဖြင့် မဟာထန်က ဆုတ်ယုတ်သွားပြီးနောက် အနည်းဆုံး ဆယ်နှစ်ခန့်အချိန်ယူပြီးမှသာ ပြန်လည်အင်အားကြီးနိုင်ကြောင်း နားလည်သည်။ ပို၍အရေးကြီးသည်မှာ မဟာထန်၏ လက်ရွေးစင်စစ်သားများအားလုံးက ဒီနေရာတွင် စုစည်းနေကြသည်။ မဟာထန်က ဒီလိုအခြေအနေမျိုးတွင် ရှုံးသွားခဲ့ပါက ဗဟိုပြည်နယ်တစ်ခုလုံးအတွက် မယုံနိုင်လောက်သော ထိုးနှက်မှုကြီးတစ်ခု ဖြစ်သွားနိုင်လေရာ လူတိုင်း၏စိတ်ဓာတ်နှင့် ယုံကြည်မှုများကို ကွဲကြေစေပေလိမ့်မည်။

ယွင်စန်းက ဒီတိုက်ပွဲမှ အကျိုးအမြတ်အများကြီး ရပေလိမ့်မည်။ လက်ရှိ စစ်တပ်အခြေအနေအရ မဟာထန်ကို ကိုင်တွယ်နိုင်သွားပြီဖြစ်သည်။

တလင်ယွမ်ကျန်းက ကောင်းကင်ကို ကြည့်ပြီး တွေးလိုက်သည်။

ဝမ်ချောင် ငါမင်းလို ပြိုင်ဘက်ဆီမှာ ရှုံးရတာ တအားကို နောင်တရပေမဲ့လည်း ဒီလိုသေသွားရတာက မင်းအတွက် အကောင်းဆုံး ဆုလာဘ် ဖြစ်လောက်ပါတယ်။

ဘန်း။

ထန်များ၏ နှလုံးသားများက လေးလံသွားပြီး တိဗက်နှင့် အာရပ်များက ပျော်ရွှင်အောင်ပွဲခံနေသည့် အခိုက်အတန့်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကို လူတိုင်းက ကြားလိုက်ရသည်။ ဘယ်သူကမှ မည်သို့ ဖြစ်ပျက်နေကြောင်း မသိသေးခင် တာလဝန်းကျင် လီတစ်ဆယ်ကျော်ဝန်းကျင်တစ်ခုလုံးက မည်းမှောင်သွားသည်။

ထိုအခြေအနေက လူတိုင်းကို သတိလက်လွတ် ဖြစ်သွားစေသည်။ အပုမူစလင်၊ တလင်ယွမ်ကျန်းနှင့် ဟော်ရှုဟွေ့ခမ်းတို့၏ မျက်နှာများက တောင့်ခဲသွားသည်။ ကောင်းကင်ရှိ ချွီထေပါးကပင် ကြောင်သွားသည်။

”ကောင်းကင်နဲ့ မြေပြင်ကို တစ်သားတည်းအဖြစ် ဖန်တီးတယ်၊ ဒဏ္ဍရီဆန်ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ အရာတွေအားလုံးက အတူတကွ သုတ်သင်ခံရနိုင်တာပဲ”

လောကတစ်ခုလုံးကို အသံတစ်သံက ကြီးစိုးသွားသည်။ ထို့နောက်..

ဘုန်း။

ဘုန်း။

လေဟာနယ်အတွင်း ပေါက်ကွဲသံနှစ်သံက ဆက်တိုက်ထွက်လာသည်။ အမှောင်ထု အလယ်ဗဟိုအတွင်းမှ ကြီးမားကာ တောက်ပလွန်းသည့် လေတစ်စင်းက ထွက်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို အလင်းတစ်ဖြတ် လက်သွားလေပြီး ကြီးမားနီရဲလွန်းသော လမင်းကြီးက အနီးနားတွင် ကပ်လျက် ပေါ်လာလေသည်။

တာလ၏ တိုက်ပွဲနယ်မြေတွင် ပထမဦးဆုံးအကြိမ်အဖြစ် နေနှင့်လဟာ တစ်ပြိုင်တည်း တောက်ပလာခြင်း ဖြစ်သည်။ သာမန်လူများ အမြဲတစေ မော်ကြည့်ရသည့် နေနှင့်လက သေမျိုးလောကသို့ ဆင်းသက်ဝန်အမူအယာနှင့် ဖြစ်သည်။ သို့ရာတွင် ထိုနေနှင့်လကမူ လောကရှိ အရာတိုင်းကို ကျော်လွန်ကာ တောက်ပနိုင်သည့် စွမ်းရည်ပြည့်ဝနေခြင်း မဟုတ်လေဘဲ မာကြောကာ နူးညံ့သည့် ယန်နှင့် ယင် စွမ်းအားသာ ပြည့်နှက်နေခြင်းဖြစ်သည်။ ထိုစွမ်းအားက ဆန့်ကျင်ဘက်သဘာဝကို ပိုင်ဆိုင်ထားသည်။ သို့သော် ဖျက်ဆီးခြင်းစွမ်းအား အသယ်ဆောင်နိုင်ဆုံး ဖြစ်နေသေးသည်။

မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အရေးပါသည်မှာ ယင်နှင့်ယန်ဖြစ်သည်။ လောက၏ အရာအားလုံးကို ထိုအရာနှစ်ခုကို မူတည်ကာ ဖန်တီးထားရခြင်းဖြစ်သည်။

ကောင်းကင်မြေသား သုတ်သင်ခြင်း၏ အနှစ်သာရက ယင်နှင့် ယန်၏ အခြေခံသဘောတရားများကို အကန့်အသတ်အထိ တွန်းပို့ပြီး ထိုခွန်အားများကိုသုံးကာ လေးစားဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းအား အပြင်းထန်ဆုံးသော စွမ်းအားတစ်ရပ်ကို ဖန်တီးရန်ဖြစ်သည်။ ဒါကလည်း ဝမ်ချောင်နှင့် မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်တို့က ချွီထေပါးကို ပြန်လည်တိုက်ခိုက်မည့် အဓိက သော့ချက်ဖြစ်သည်။

”ချွီထေပါး သေတော့”

လေဟာနယ်ထဲတွင် ဝမ်ချောင်၏အသံက ထွက်လာသည်။ ပထမဦးဆုံးအကြိမ်အဖြစ် သူဟာ မဟာယင်ယန်ကောင်းကင်ဖန်တီးခြင်းသိုင်းကို သုံးပြီး သူ၏ကြယ်တာရာစွမ်းအင်တိုင်းကို အဆင့်လွန် ယန်စွမ်းအားအဖြစ် အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်။ မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်ကမူ သူ၏ ဒဏ္ဍာရီဝိညာဉ်ပင်လယ်သိုင်းကို သုံးပြီး သူ၏ ကိုယ်ပိုင်စွမ်းအားတိုင်းကို အလွန်အမင်း စစ်မှန်လွန်းသော ယင်စွမ်းအားများအဖြစ် အသွင်ပြောင်းလိုက်ပြီး အထွတ်အထိပ် မဟာဗိုလ်ချုပ်ကြီးနှစ်ယောက်က သူတို့၏ စွမ်းအားတိုင်းကို ဆန့်ကျင်ဘက် သဘောသဘာဝကို ပိုင်ဆိုင်ထားသည့် စွမ်းအားအသီးသီး ပြောင်းလိုက်ကြပြီး အတူတကွ ပေါင်စပ်လေသည်။

ဘုန်း။

မရေမတွက်နိုင်သည့် လူပေါင်းများစွာ၏ စောင့်ကြည့်နေမှုအောက်တွင် နေနှင့်လက အချင်းချင်း ခပ်ကြမ်းကြမ်း ဝင်တိုက်လိုက်သည်။ ထိုအခိုက် တစ်လောကလုံးက တိတ်ကျသွားသည်။ အချိန်ကပင် တစ်စက္ကန့်လုံး ရပ်တန့်သွားပုံပေါ်သည်။ ထို့နောက် လောကက ပြိုလဲကျသည်။ အချိန်နှင့်အာကာသပြင်က ကွဲအက်သည်။

ဝမ်ချောင်နှင့် မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်တို့က နေနှင့်လအသီးသီးအဖြစ် အသွင်ပြောင်းပြီး အချင်းချင်း တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် သူတို့ဟာ လောကတွင် ကြီးမားသည့် ကွဲအက်ရာကြီးတစ်ခုကို ခုတ်ထွင်လိုက်ပုံပေါ်သည်။ ထိုသို့ဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပေါင်းများစွာက ထိုးထွက်လာပြီး ချွီထေပါးထံ တိုးဝင်သွားသည်။

ဒါဟာ ချွီထေပါး၏ တိုက်ကွက်ကိုပင် သိမ်နုပ်လွန်းသည်ဟု ခံစားရစေလောက်အောင် ကျယ်ပြောသော စွမ်းအားတစ်ရပ်ဖြစ်သည်။

ဂျိန်း။

လောက၏ မူလအကျဆုံးသော စွမ်းအားများနှင့် ပေါင်းစပ်ထားသည့် ထိုစွမ်းအားများဟာ ကျယ်လောင်သည့် အသံများကို လွှတ်ထုတ်ကာ ဟိန်းဟောက်နေသော စွမ်းအင်မုန်တိုင်းကြီးတစ်ခုအလား ပြောင်းလဲလျက် ချွီထေပါး၏ တိုက်ကွက်များကို တစ်ချက်တည်းနှင့် ဆိုးဆိုးရွားရွား ကွဲအက်သွားအောင် ခြေမွလိုက်နိုင်သည်။ တစ်လောကလုံးအနှံ့ ပြည့်နေသော ရွှေရောင်အလင်းတိုင်းက ပျောက်သွားပြီး ချွီထေပါး၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တည်ရှိနေသော တောက်ပနေသည့် နေမင်းကိုလည်း ဖျက်ဆီးလိုက်သည်။

”အား....”

ဒါဟာ ငယ်သံပါအောင် ကျယ်သည့် အော်သံကြီးဖြစ်သည်။ ထို့နောက် ရွှေရောင်အလင်းတန်း၊ နေမင်း၊ လမင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတိုင်းက ပျောက်သွားသည်။ အပေါ်ယံတွင် ရွှေရောင်အလင်းများ စီးဆင်းနေသလို တောက်ပလွန်းသည့် ရွှေရောင်ပုံရိပ်ကြီးက အဝတ်စုတ်တစ်ခုလိုမျိုး စက်ဝိုင်းခြမ်းသဏ္ဍာန် ကွေးကောက်လျက် ထိုးဆင်းလာပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသည်။

ဘုန်း။

ချွီထေပါး၏ခြေထောက်က မြေပြင်ကို ထိသွားသည့် အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက သူ၏ခြေထောက်မှတစ်ဆင့် မြေကြီးထဲသို့ တိုးဝင်သွားပြီး ချက်ချင်းလိုလိုပင် ထိုနေရာတစ်ခုလုံးကို ခုတ်ထွင်လိုက်သလိုမျိုး ကွဲအက်သွားစေသည်။ ကျောက်သားနှင့် ကျောက်စရစ်ခဲတိုင်းကို လေထဲသို့ မြောက်တက်သွားစေသည်။

ဘုန်း။

ဘုန်း။

ဘုန်း။

တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်...။

သုံးကြိမ်ဆက်တိုက် ပေါက်ကွဲသွားပြီးမှ ချွီထေပါး ကျသွားသောနေရာက ပေရာကျော်ကျယ်သော ကြီးမားသည့် ကွဲအက်ကြောင်းကြီးအသွင် ပြောင်းသွားသည်။ ထို့နောက် ထိုနေရာတွင် ရှိသမျှ မာကြောသည့် အမျိုးမျိုးသော ပစ္စည်းများနှင့် အကျိုးအပျက် ပစ္စည်းများအားလုံးက ပျောက်ကွယ်သွားသည်။

ဖူး။

ချွီထေပါးသည် ထိုစွမ်းအားတိုင်းကို မြေသားအတွင်းသို့ လွှဲပြောင်းလျက် တည်ငြိမ်အောင် ထိန်းလိုက်နိုင်သော်လည်း သူကိုယ်တိုင်လည်း သွေးအန်လိုက်ရသေးသည်။ သူ၏မျက်နှာက စက္ကူစုတ်လို ဖြူဖျော့သွားသည်။ ချွီထေပါး၏ ရဲစွမ်းသတ္တိနှင့် ပြည့်နှက်နေသော ဟန်ပန်ကလည်း လျှင်မြန်စွား ညှိုးနွှမ်းလာသလို ပြောင်းလဲလာပြီး မှင်တက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ထိုးကျလာသည်။

”မဟုတ်ဘူး မဖြစ်နိုင်ဘူး၊ ငါဘယ်သူ့ဆီမှ မရှုံးနိုင်ဘူး”

ချွီထေပါး၏ ဆံပင်များက ဖရိုဖရဲဖြစ်ပြီး စုတ်ပြတ်သတ်နေသည်။ သူဟာ သူရူးအလား ထင်ရ၏။ သူ၏ ခန္ဓာကိုယ်က ပြင်းထန်လွန်းသော ဒဏ်ရာများနှင့် ပြည့်နှက်နေပြီးသား ဖြစ်သည်။ သို့သော် ချွီထေပါးအတွက် အထိနာဆုံးသော ဒဏ်ရာက စိတ်ဒဏ်ရာဖြစ်သည်။

ထိုတိုက်ကွက်က ချွီထေပါး၏ အင်အားအကြီးဆုံး တိုက်ကွက်ဖြစ်သည်။ သူသည် သူ၏ ဖမ်းဆုပ်မှုတွင် အပြည့်အဝနိုင်ပြီဟု ယုံကြည်ထားသည်။ မမျှော်လင့်ထားစွာပင် ဝမ်ချောင်နှင့် မိစ္ဆာသခင် လျိုကျီးမန်တို့က မယုံနိုင်စရာကောင်းလောက်အောင် အင်အားကြီးမားလွန်းသော တိုက်ကွက်မျိုးဖြင့် သူ၏ ဓားချီကို ဆုတ်ဖြဲကာ ပျက်ယွင်းသွားစေသည်။ ထိုအရာသာ မကသေးချေ။ ထိုစွမ်းအင်က သူ၏ကိုယ်အတွင်းသို့ ဝင်ရောက်လာသေးပြီး ရွှေရောင်သံချပ်ကာကိုပင် ဖျက်ဆီးလိုက်သည်။

”ချောင်အာ အချိန်ကျပြီး၊ သူ့ကို မပြေးစေနဲ့”

အဆုံးအစမဲ့သော အမှောင်ထုက ကွဲအက်သွားပြီးနောက် မိစ္ဆာဧက္ကရာဇ် လျိုကျီးမန်၏ ခန္ဓာကိုယ်က လေထဲတွင် ရုတ်တရက် ပေါ်ထွက်လာသည်။ သူသည် ချွီထေပါး၏ အခြေအနေကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။ ထိုမျိုးနွယ်ခြား လူထွားဗိုလ်ချုပ်ကြီးက အင်အားကြီးလွန်းသည်။ သို့သော် သူဟာ ဘဝ၏အဆုံးသတ်သို့ ရောက်သွားပြီဖြစ်သည်။

ကောင်းကင်မြေသား သုတ်သင်ခြင်း၏ ဖျက်ဆီးခြင်းစွမ်းအားများက သူ၏အသက်စွမ်းအားကို အချိန်တိုင်းလိုလို ဝါးမြိုနေသည်။ ဒါဟာ သူ့ကို အဆုံးသတ်ရမည့် အချိန်ဖြစ်သည်။

ဘန်း။

ဝမ်ချောင်နှင့် မိစ္ဆာသခင် လျိုကျီးမန်တို့၏ ကိုယ်အတွင်းမှ စွမ်းအင်လှိုင်းနှစ်ရပ်က ပေါက်ကွဲထွက်သွားပြီး သူတို့က ချွီထေပါးထံ ခုန်ဝင်သွားလိုက်ကြသည်။

”ချွီထေပါးကို ကာကွယ်”

အဝေးမှ အပုမူစလင်က ကြောင်တောင်တောင်ဖြစ်နေသည်။ ယခုအချိန်ထိ ချွီထေပါးက ရှုံးသွားကြောင်း သူမယုံနိုင်သေးချေ။ သို့သော် သူက ခပ်မြန်မြန် အသိပြန်ဝင်သွားသည်။ ထိုသို့ဖြင့် အာရပ်များနှင့် တိဗက်စစ်သား သောင်းကျော်၏ အော်သံက လေထဲတွင် ပြည့်နှက်သွားပြီး ထန်စစ်တပ်ထံ ဒုန်းစိုင်းပြေးသွားသည်။

ချွီထေပါးသည် စစ်တပ်တစ်ခုလုံး၏ နှလုံးသားဖြစ်သလို ဝိညာဉ်လည်း ဖြစ်သည်။ အာရေးဗီးယားကို ပြိုင်ဘက်ကင်းစေသည့် သင်္ကေတလည်း ဖြစ်သည်။ အပုမူစလင်ကပင် ထိုနေရာကို မယူနိုင်ချေ။ မည်သို့ပင်ဆိုစေ ချွီထေပါးကို ဒီနေရာတွင် သေခွင့်ပြု၍ မရချေ။

သို့သော် အပုမူစလင်က အမိန့်ကို ခပ်မြန်မြန်ထုတ်သော်လည်း နှေးသွားပြန်သည်။

”သတ်”

ဟိန်းဟောက်လိုက်သော လေပြင်းလိုမျိုး ဝမ်ချောင်နှင့် မိစ္ဆာဧက္ကရာဇ်လျိုကျီးမန်တို့က ချွီထေပါး၏ ဘယ်နှင့်ညာသို့ တိုက်ခိုက်လိုက်ကြသည်။

”မဟာဖျက်ဆီးခြင်းသိုင်း”

”ဒဏ္ဍာရီလာ စွမ်းအင်တွေကလည်း တစ်သားတည်း ဖြစ်သွားတယ်”

စွမ်းအင်လှိုင်းနှစ်လှိုင်းက ဥက္ကာတုံးနှစ်တုံး လိုမျိုး ချွီထေပါးထံ ဝင်တိုးသွားသည်။

ဘုန်း။

တိုက်ကွက်များကို ရင်ဆိုင်ရသည့်အခါ ချွီထေပါး၏ မျက်နှာက မဲ့သွားသည်။ သူသည် ရှောင်မည့်လက္ခဏာ မပြသေးပေ။ သူက ချက်ချင်းလိုလို လင်းလက်လိုက်ပြီး ရွှေရောင်ဓားချီကိုသုံးလျက် ထိုနှစ်ယောက်ကို ရင်ဆိုင်လိုက်သည်။

”လင်းစစ်ယဲ့ အချိန်ကျပြီ”

ဝမ်ချောင်က ရုတ်တရက် လှမ်းအော်သည်။

ဒုန်း ဒုန်း ဒုန်း ။

ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ထောင်ပေါင်းများစွာက သူတို့၏ အောက်ဘက်မှ တောက်ပလွန်းသော ချီစက်ကွင်းများနှင့်အတူ အခြားဦးတည်ရာဘက်တစ်ဖက်မှ ချီတက်လာပြီဖြစ်သည်။ လူတိုင်းကလည်း ဝမ်ချောင်တို့နှင့် ချွီထေပါးတို့က အဆုံးအဖြတ်တိုက်ပွဲကို ရင်ဆိုင်မည်ဖြစ်ကြောင်း သိလိုက်ကြသည့် အခိုက်အတန့်တွင် အရာအားလုံးက အမှောင်ထုကျသွားသည့် အခိုက်အတန့်တွင် လီစစ်ယဲ့နှင့် ရွှေ့ချောင်းချီတို့က ဝူရှန်းမြင်းတပ်ကို ပထမခုခံရေးအားလှိုင်းမှ တိုက်ပွဲနယ်မြေသို့ ခေါ်ဆောင်လာခဲ့ပြီးသားဖြစ်သည်။ ထိုအချိန်တွင် တိုက်ပွဲနယ်မြေရှိ စွမ်းအားလှိုင်းများက တည်ငြိမ်သွားသောကြောင့် သူတို့က တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာသည့်တိုင်အောင် ထိခိုက်နစ်နာမှု မရှိခဲ့ချေ။ ယခုအခါ လူတိုင်းနှင့်ယှဥ်လျှင် သူတို့က အနီးဆုံးဖြစ်နေသည်။

”မကောင်းတော့ဘူး”

တလင်ယွမ်ကျန်းကလည်း ထိုမြင်ကွင်းကြောင့် မျက်နှာထား တင်းမာသွားသည်။ သူက မည်သို့ပင်တွေးတွေး နောက်ကျသွားပြီဖြစ်သည်။

ဟီးဟီး။

စူးရှသော အော်သံတစ်ရပ်နှင့်အတူ ဝူရှန်းမြင်းတပ်ထောင်ပေါင်းများစွာက အရည်ဖျော်ထားသော သံမဏိက စီးလာသလိုမျိုး အသွင်ပြောင်းသွားသည်။

ဘုန်း။

သူတို့က ဖြတ်တောက်ခြင်းဝင်္ကပါအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်လိုက်သည်။ သူတို့၏ စစ်မြင်းများက ကျည်ဆန်များလိုမျိုး ချွီထေပါးထံ တိုက်ရိုက် ဝင်တိုးသွားပြီဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း။

စစ်မြင်းများက တစ်ဖက်သူကို များပြားလွန်းသော မိုးရေစက်များအလား ဝင်တိုက်လိုက်သည့် အခိုက်အတန့်တွင် ကောင်းကင်ကိုပင် လှုပ်ခါနိုင်သေးသည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။

ပထမဦးဆုံး တိုက်ခိုက်လိုက်သူက လင်စစ်ယဲ့ဖြစ်သည်။ သူ၏ ကြီးမားသော ဓားကြီးက ချွီထေပါး၏ ကျောကို ခပ်ကြမ်းကြမ်း ခုတ်လိုက်သည်။ တစ်ချိန်တည်းလိုလို ရွှေ့ဖျောင်းချီကလည်း ကိုယ်ပိုင်ဓားကို ထုတ်သုံးပြီး ခုတ်လိုက်ပြီဖြစ်သည်။

ချွီထေပါး၏ မျက်နှာက ချက်ချင်းလိုလို တင်းမာသွားသည်။ အတိတ်တွင်သာဆိုလျှင် ပုရွက်ဆိတ်သာသာ တည်ရှိမှုများက သူ့ကိုမခြိမ်းခြောက်နိုင်ချေ။ သို့သော် ယခုအခါ သူဟာ အလွန်အားနည်းနေသည်။ သူ၏စွမ်းအင်တိုင်းကိုသုံးပြီး ဝမ်ချောင်နှင့် မိစ္ဆာသခင် လျိုကျီးမန်တို့ကို ကိုင်တွယ်နေရသည်။ ထို့ကြောင့် ရိုးရှင်းစွာဖြင့် သူက ဝူရှန်းမြင်းတပ်ကို ကိုင်တွယ်နိုင်စွမ်းရည် မရှိတော့ချေ။

All Chapters