← Chapters

အဆုံးနှင့်အစ၊ သေခြင်းနှင့်ရှင်ခြင်း သံသရာ။

Vol. 69 Ch. 819

အဆုံးနှင့်အစ၊ သေခြင်းနှင့်ရှင်ခြင်း သံသရာ။

Vol. 69 Ch. 819

ဆံပင်ဖြူဖြူနှင့် စိမ်းပြာနုရောင်ချပ်ဝတ် ဝတ်ဆင်ထားသောထိုလူသည် ပထမဆုံးအကြိမ် အဖြစ် တုန်လှုပ်ချောက်ချားသွားရသည်။

အစွမ်းထက်လှသော ငွေမြားကို ရွှမ်ကျောက်အဆင့် ဧကရာဇ် တစ်ပါးမျှသာ ရှိသေးသော လူငယ်တစ်ဦးမှ ချေဖျက်နိုင်လိမ့် မည်ဟု မတွေးတောခဲ့ဖူးချေ။

သို့သော် တွေဝေနေရန် အချိန်မရှိ။ စုရီ၏ ဓားဦးက ရွှေပိုးကောင်ငယ်ဆီသို့ ဦးတည်နေပြီ ဖြစ်သည်။

“ မင်း ... သေချင်နေတာပဲ ။ ”

ထို့ကြောင့် ဆံပင်ဖြူနှင့် လူသည် တုန်ရင်လျက် ငွေရောင်မြားသုံးစင်းလုံးကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်၏။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

နဂိုမူလ ဖရိုဖရဲ လေဟာနယ်တစ်ခုလုံး ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံများနှင့်အတူ တုန်ခါလာတော့သည်။

“ ဝုန်း ... ဝုန်း ... ဝုန်း ... ။ ”

ဓားရောင်ဝါနှင့် ငွေရောင်မြားတို့ ထိပ်တိုက်တွေ့ဆုံရာတွင် အဖျက်စွမ်းအားများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားလေသည်။

မြားပညာဟူသည် တစ်ချက်တည်းနှင့် အသက်ကို နှုတ်ယူရခြင်း ဖြစ်သော်ငြားလည်း မြားသုံးစင်းခမျာ ဖြုန်းတီးရာ ရောက်သွား၏။

ဤမြင်ကွင်းကို ကြည့်နေသော ခေါင်းတလားထမ်း သူရဲအိုကြီးသည် ရင်တထိတ်ထိတ်ဖြင့် မှင်တက်နေခဲ့သည်။

ဤငွေရောင်မြား၏ အစွမ်းကို သူကိုယ်တိုင်ခံစားထားရ၏။ အရှိန်အဟုန်သည် ပြင်းထန်ကာ ခန္ဓာကိုယ်တစ်ခုလုံး ကြေမွလုနီးပါးပေပင်။

အရေးအကြီးဆုံးသည် ထိုမြား၏ အဆိပ်အတောက်ကဲ့သို့ ထူးဆန်းသော စွမ်းအား အချို့သည် သူ့အသက်ဓာတ်ကို တိုက်စား ဖျက်ဆီးနေခြင်းဖြစ်၏။

“ သတိထား ... ။ ”

“ ဝှစ် ... ။ ”

ဆံပင်ဖြူချပ်ဝတ်နှင့် အမျိုးသားက ငွေမြားများဆွဲထုတ်ကာ ဆက်တိုက်ပစ်ချ၏။ သို့သော် စုရီသည် မြားများ၏အားနည်းချက်ကို သိရှိနေသကဲ့သို့ တစ်ခုပြီးတစ်ခု အလွယ်တကူ ဖြေရှင်းနေသည်မှာ အံ့သြဖွယ်ကောင်းသည်။

“ ဒါ ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ”

ဆံပင်ဖြူချပ်ဝတ်နှင့် အမျိုးသားခမျာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်လေသည်။ သူ့မြားပစ်ပညာသည် မည်သည့် ရွှမ်ကျောက် အဆင့် ကျင့်ကြံသူကိုမဆို သတ်ဖြတ်နိုင်၏။

“ ဟား ဟား ဟား ... ဒီကောင် ကြောက်နေပြီ ဘီလူးစု ... သတ်ပစ်လိုက် အဲဒီ ပိုးတုံးလုံးကို သတ်ပစ်လိုက် ဟားဟားဟား။ ”

ခေါင်းတလားထမ်း သူရဲအိုကြီးက လှောင်ပြောင်ပြောကြားက်၏။ သူ့စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာနေသည်။

တစ်ဖက်တွင် ဆံပင်ဖြူထိုလူ၏ မျက်နှာအသွင်အပြင်သည် ပြာနှမ်းသွားခဲ့ပြီး မျက်ဝန်းမှ မီးတောက်များ ထွက်လာမတတ် ဖြစ်လာတော့၏။

သို့သော် သူ့အတွက် သူရဲအိုကြီးကို ပြန်လည်တုံ့ပြန်ရန် အချိန်မရှိခဲ့ချေ။ စုရီသည် ရွှေပိုးကောင်ဆီသို့ အမှန်ပင် ထပ်မံ၍ ထိုးစစ်ဆင်နေပြီဖြစ်သည်။

ဤအကြိမ်တွင် စုရီသည် သူ၏ အမြတ်နိုးဆုံးလက်နက်ဖြစ်သော စကြာဝဠာ နှလုံးသားဓားကို ထုတ်ယူလိုက်၏။

“ ချွင် ... ။ ”

လေဟာနယ်တစ်ခုလုံး ပဲ့တင်ထပ် သွားစေသော ဓားသံတစ်သံထွက်ပေါ်လာသည်။ ထို့နောက် လက်ကောက်ဝတ် အသာအယာ လွှဲလိုက်ရုံဖြင့် ဓားအလင်းများ ပေါ်လာ၏။

“ ဟမ့် ... ။ ”

ဝေဝါးနက်ရှိုင်းပြီး ထိုဓားစွမ်းအင်သည် ကြယ်မြစ်ကြီးတစ်စင်း စီးဆင်းသွားသကဲ့သို့ သစ်ရွက်ပေါ်ရှိ ရွှေပိုးကောင်ထံ ကျဆင်းသွားလေသည်။

အရှိန်အဝါသည် ကောင်းကင်မြစ်ကြီး တစ်စင်းကျိုးကျလာသကဲ့သို့ တားမနိုင်ဆီးမရ ပြင်းထန်၏။

“ ဟမ့် ... ။ ”

ဆံပင်ဖြူမှင့်လူသည် နောက်ထပ် မြားတစ်စင်းကိုပစ်ခတ်ရန် ပြင်သော်ငြားလည်း မြားကျည်တောက်မှာ ဗလာဖြစ်နေချေပြီ။ သူ့ငွေရောင်မြားများအားလုံး ကုန်ဆုံးသွားခြင်း ဖြစ်၏။ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ သွေးကဲ့သို့ နီမြန်းလာခဲ့သည်။

ထိုစဉ်သစ်ရွက်ကို တမြုံ့မြုံ့စားနေသော ရွှေပိုးကောင်သည် ခေါင်းမော့ပြီး မကျေမနပ်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး ထူးဆန်းသော သင်္ကေတများအဖြစ် ပေါင်းစည်းသွား၏။

၎င်းသည် တက်သစ်စ နေမင်းကြီးတစ်စင်းကဲ့သို့ တောက်ပလွန်းလှ သဖြင့် ဝင်စားခြင်းနယ်မြေတစ်ခုလုံးကို လင်းထိန်သွားစေသည်။

ဤသည်မှာ မည်သို့သောစွမ်းအားနည်း။ စုရီခမျာ မျက်ဝန်းများမှေးစင်းသွားပြီး မရဏ အငွေ့အသက်များ ခံစားလိုက်ရသည်။

ခေါင်းတလားထမ်း သူရဲအိုကြီးအတွက်မူ ဝိညာဉ်ပင် ကြေမွတော့မတတ် ပြင်းထန်သော ဖိအားကိုခံစားလာရတော့၏။

“ ဝုန်း ... ။ ”

အဆုံး၌ ထိုထူးဆန်းသောရောင်ဝါ စွမ်းအားအောက်တွင် စုရီ၏ ကြယ်ဓားမြစ်သည် ချက်ချင်းပျက်ပြယ်သွားလေသည်။

“ ဘရူး ... ။ ”

အကျိုးဆက်အနေဖြင့် ရွှေပိုးကောင်ထံမှ စွမ်းအားများပြန့်ကားလာသဖြင့် တောင်တန်း သဖွယ် မြင့်မားကြီးမားလှသော ဝင်စားခြင်း သစ်ပင်က ပြင်းထန်စွာ တုန်ခါလာ၏။

ထို့နောက် ဖရိုဖရဲစွမ်းအားများနှင့် ဝင်စားခြင်းစည်းမျဉ်းများသည် ရွှေပိုးကောင်ထံ အလုံးအရင်းနှင့် ကျဆင်းသွားသည်။

“ ခရစ် ... ။ ”

‌ရွှေပိုးကောင်၏ တောက်ပနေသော ရွှေရောင်ဝါသည် ချက်ချင်းပျက်စီးသွားခဲ့ကာ ခန္ဓာကိုယ်၌ အက်ကြောင်းများ ဖြစ်ပေါ်လာ၏။

“ ဘရူး ... ။ ”

တစ်ဖက်တွင် ရွှေပိုးကောင်၏ စွမ်းအားကြောင့် ဝင်စားခြင်းသစ်ပင်သည် လုံးဝ နိုးထလာခဲ့ပြီဖြစ်သည်။

“ ဝရူး ... ။ ”

သစ်ကိုင်းများ ရမ်းခါလျက် သစ်ရွက်များစွာ၏မြည်ကျွေးသံသည် ပင်လယ် လှိုင်းတံပိုးများကဲ့သို့ ဆူညံလာခဲ့၏။

“ ဟမ့် ... ဒီနေ့မပြီးသေးဘူး ရွှမ်‌ကျောက်ပုရွက်ဆိတ် ... မှတ်ထားလိုက်မယ် ငါ့နာမည်ချင်းရှောင် ... တစ်နေ့မှာ မင်းရဲ့ အသက်ကို ငါကိုယ်တိုင် နှုတ်ယူမယ်။ ”

ဆံပင်ဖြူနှင့်လူက စိတ်ပျက်သွားပြီး ဒေါသတကြီးအော်ဟစ်လျက် ပျောက်ကွယ်သွား တော့လေသည်။ တစ်ဆက်တည်းမှာပင် ရွှေပိုးကောင်သည် ဝင်စားခြင်းသစ်ပင်၏ စွမ်းအားအောက် နစ်မြုပ်သွား၏။

“ အသက်ဝင် ... ။ ”

စုရီက တံဆိပ်တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်သည်။ တံဆိပ်မှ အနက်ရောင် အလင်းများ ထွက်ပေါ်လာပြီး ဝင်စားခြင်း ဥပဒေနှင့်ထိတွေ့ကာ ပတ်ဝန်းကျင် တစ်ခုလုံး ပြန်လည်ငြိမ်သက်သွားတော့၏။

ဤတံဆိပ်သည် ခေါင်းတလားထမ်း သူရဲအိုကြီး၏ မြေအောက်ကမ္ဘာမှတ်တမ်းကြီး ဖြစ်သည်။

ထိုရတနာ၏ ကာကွယ်မှုကြောင့် စုရီနှင့်ခေါင်းတလမ်းထမ်း သူရဲအိုကြီးတို့သည် ဘေးအန္တရာယ်ကင်းရှင်းသွား၏။ သို့တိုင် ခေါင်းတလားထမ်း သူရဲအိုကြီးသည် စိတ်မသက်မသာဖြစ်နေဆဲပေပင်။

“ အဲဒီလူ ငါတို့ကို လာကလဲ့စားချေဖို့ ပြန်လာလိမ့်မယ်၊ ဒါက တကယ့်ကို ဒုက္ခပဲ။ ”

သူရဲအိုကြီးက စိုးရိမ်တကြီး ပြောသည်။ သို့သော် တစ်ဖက်တွင် စုရီသည် ထိုအချင်းအရာ အပေါ် ဂရုမစိုက်ဘဲ၊

“ သူ လာပါစေလို့ ... ငါမျှော်လင့်နေပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။ သူ့ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ရစ်သိုင်းနေ၏။

တစ်စုံတစ်ယောက်သည် သူ့ကို အကြောင်းမဲ့သတ်ရန် ကြိုးစားလာသည့်နောက် ထိုသူ့အပေါ် သက်ညှာနိုင်မည် မဟုတ်ချေ။

“ ဟမ့် ... မသေဘူးလား။ ”

ဝင်စားခြင်း ဥပဒေစွမ်းအားများ ငြိမ်သက်သွားချိန်တွင် နှစ်ဦးသား ပြန်ကြည့်ပြီး အံ့သြသွားကြလေသည်။

ရွှေပိုးကောင်သည် သေဆုံးခြင်းမရှိဘဲ အရွယ်အစား သေးငယ်စွာ ကျန်ရစ်ခဲ့တော့၏။ ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှရာများနှင့်အတူ ရှင်သန်နိုင်စွမ်းမှာ အံ့မခန်းပေပင်။

“ သူ အားနည်းနေတုန်း မြန်မြန်သတ်ပစ်လိုက် ဘီလူးစု ... မြန်မြန်။ ”

ခေါင်းတလားထမ်း သူရဲအိုကြီးက အော်ဟစ်လိုက်သည်။ စုရီမှ မျက်ခုံးပင့်ပြီး သူရဲအိုကြီးစကားအတိုင်း နှောင့်နှေးခြင်းမရှိ ဓားဖြင့် ထပ်မံပိုင်းဖြတ်လိုက်၏။

“ ရွှပ် ... ။ ”

သို့သော် အတွေးထဲတွင်မူ ဤသူရဲအိုကြီးသည် သူ့ကိုအမိန့်ပေးဝံ့သည့် အပေါ် အံ့အားသင့်နေခဲ့သည်။

“ ဟမ့် ... ။ ”

တစ်ဖက်တွင် ရွှေပိုးကောင်သည် စုရီထံမှဓားအလင်းကို မြင်ချိန်တွင် သူ့အမြီးကို ပါးစပ်ဖြင့် ပြန်ခဲလိုက်ပြီး စက်ဝိုင်းပုံစံ ချက်ချင်းပြောင်းသွား၏။

“ ဝုန်း ... ။ ”

ထိုစက်ဝန်းအတွင်းမှ ထူးဆန်းသော မီးခိုးရောင်မြူခိုးများထွက်လာကာ ဓားချက်ကို ခံယူသွားတော့သည်။

ဤသည်မှာ အဆုံးနှင့်အစ၊ သေခြင်းနှင့်ရှင်ခြင်းသံသရာဟူသော ဥပဒေသ စည်းမျဉ်းတစ်ခုပေပင်။

“ တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ ပိုးကောင်လေးပဲ။ ”

စုရီတစ်ယောက် ရေရွတ်လိုက်သည်။ ယခင်ဘဝတွင် ထူးဆန်းသော သတ္တဝါများစွာကို မြင်ဖူးသော်လည်း ဤပိုးကောင်ကဲ့သို့ အမိုက်စားမျိုး မတွေ့ဖူးခဲ့ချေ။

ဤရွှေပိုးကောင်သည်သာ မူလ အထွတ်အထိပ် ခွန်အားများ ရရှိလာပါက မည်မျှ ကြောက်စရာကောင်းမည်ကို မြင်နိုင်ချေ၏။

ထို့ကြောင့် ဤရွှေပိုးကောင်ကို အပြတ်ရှင်းရန်ဆုံးဖြတ်ချက်မှာ ပိုမိုခိုင်မာလာ စေတော့၏။

***

All Chapters