လှည့်စားပြီး ပိုးအိမ်မှဖောက်ထွက်ခြင်း။
Vol. 69 Ch. 820
ထိုခဏတွင် စုရီသည် ထူးခြားမှုတစ်ခုကို သတိပြုမိလိုက်၏။ ရွှေပိုးကောင်သည် သူ့ဓားကို ခုခံနိုင်ခဲ့သော်လည်း ခန္ဓာကိုယ်မှ ရွှေရောင် အလင်းများ မှေးမှိန်လာခြင်းပေပင်။
သူ့ခန္ဓာကိုယ်ရှိ သေးငယ်သော ပြတ်ရှရာများသည်လည်း ကွဲအက်တော့မည့် အသွင်အပြင်မျိုး ပြသလာနေ၏။
သံသယဖြစ်ဖွယ်မရှိ ဤရွှေပိုးကောင်၏ ဒဏ်ရာများသည် ပိုမိုပြင်းထန်လာခြင်းပေပင်။
“ ဟမ့် ... ကောင်းပြီ ... ဒီမှာတင် ရပ်လိုက်လို့ရမလား၊ ငါအရှုံးပေးတယ် ... ။ ”
ရုတ်တရက် ရွှေပိုးကောင်၏ အေးစက်စက်မကျေနပ်သော အသံတစ်သံ ပျံ့လွင့်လာသည်။ ထိုအသံသည် အလွန်အမင်း အားနည်းနေပြီး အမျိုးသမီးဆန်နေ၏။
သည့်ပြင် ဤသို့အရှုံးပေးရခြင်းသည် သူ့အတွက်အလွန်ကြီးမားသော အရှက်ရစေမှု ခံစားနေရပုံနာကျည်းရိပ်များပါရှိနေသည်။
“ ဘီလူးစု ... ၊ ဒီအခွင့်အရေးကို အသုံးချပြီးတော့ သူ့ကိုငါတို့သိမ်းသွင်းလိုက်ရင် မကောင်းဘူးလား။ ”
တစ်ဖက်တွင် ခေါင်းတလားထမ်း တစ္ဆေအိုကြီးမှအကြံပြုလာသည်။ သူ့အမြင်အရ ဤရွှေပိုးကောင်သည် အလွန်ပင်ထူးခြား၏။
ထို့ကြောင့် ၎င်းကို မိမိတို့ဘက်သို့ ဆွဲဆောင်နိုင်သော် အကျိုးကျေးဇူးများသည် အတိုင်းအဆမရှိနိုင်ချေ။
“ အန္တရာယ်များတဲ့ တစ်စုံတစ်ရာကို မင်းဘေးမှာထားချင်နေတာလား သေဘေးကို လိုချင်နေတာလား။ ”
စုရီက တစ္ဆေအိုကြီး၏ အကြံပြုချက်ကို ဂရုမစိုက်ဘဲ ထပ်မံတိုက်ခိုက်လိုက်တော့သည်။
“ ရွှပ် ... ။ ”
ဓားချီများ ဟိန်းဟောက်သွားပြီး ကောင်းကင်တခွင်သတ်ဖြတ်ခြင်း ရောင်ဝါများ ဖုံးလွှမ်းလာတော့၏။
ယခုတစ်ကြိမ်တွင် စုရီသည် ငရဲဘုံကိုးပါးဓားရောင်ဝါကို အနည်းငယ်မျှ ထည့်သွင်း အသုံးပြုလိုက်သည်။ ဤထူးဆန်းသော ရွှေပိုးကောင်ကို သူ အပြတ်မရှင်းနိုင်မည်ဟု မယုံချေ။
“ လူယုတ်မာ ... ငါသာ ဒီဝင်စားခြင်းသစ်ပင်ကြောင့် ဒဏ်ရာရမထားရင် နင့်ကို တစ်ချက်တည်း သတ်ပစ်နိုင်တယ်။ ”
ရွှေပိုးကောင်က ဒေါသတကြီး အော်ဟစ်တော့၏။ သူ့အနေဖြင့် အရှုံးပေး ခဲ့သော်လည်း ကနဦးရွှမ်ကျောက်အဆင့်မျှသာ ရှိနေသေးသည့် ထိုလူငယ်သည် သတ်ဖြတ်ရန် ကြိုးစားလာချေပြီ။
ရက်စက် ကြမ်းကြုတ်လွန်း၏။ တစ်ဖက်လူအတွေးထဲ အစအနမကျန်အောင် ဖျက်ဆီးရန်ဆန္ဒရှိနေသည်မှာ ထင်ရှားသည်။
သို့သော် ထိုခဏ၌ သူ၏ ကြည်လင်သော မျက်ဝန်းများ၌ ထူးဆန်းသော အလင်းတန်းများ ဖြတ်ပြေးသွားပြီး၊
“ ဒါပေမယ့် ... ငါ့ကိုနင်မသတ်နိုင်ပါဘူး ... ။ ”
-ဟု ညည်းတွားလိုက်၏။
“ ဝုန်း ... ။ ”
ထိုစဉ် စုရီ၏ဓားအလင်းသည် သူ့အပေါ် ကျရောက်ပေါက်ကွဲသွားပြီး ဓားစွမ်းအင်များ ပတ်ဝန်းကျင်လေထုကို လှိုင်းထစေတော့၏။
အဆုံးတွင် ရွှေပိုးကောင်ခန္ဓာသည် ဓားရောင်ဝါကြောင့် အက်ကြောင်းများလုံးဝ ကျယ်လာကာ ပေါက်ကွဲထွက်သွားသည်။
“ ဘောင်း ... ဘောင်း ... ။ ”
ရွှေရောင် အလင်းများ ကောင်းကင်အနှံ့ ပျံ့လွင့်လာကာ မယုံကြည်နိုင်ဖွယ် မြင်ကွင်း တစ်ခု ချက်ချင်းဖြစ်ပေါ်လာ၏။
ယင်းသည် ရွှေပိုးကောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသော ရွှေမြူများအတွင်း လိပ်ပြာ တစ်ကောင် တောင်ပံခတ်နေခြင်းပေပင်။
သိမ်မွေ့သောကိုယ်ထည်နှင့် လှပသော ရွှေတောင်ပံများသည် ရွှေရောင်အလင်းများဖြင့် ရေချိုးနေသကဲ့သို့ ထင်မှားလာစေသည်။
“ သူ ... သူ ... ပိုးအိမ်ကို ဖောက်ထွက်ပြီး လိပ်ပြာဖြစ်သွားတာလား။ ”
ထိုမြင်ကွင်းကြောင့် ခေါင်းတလားထမ်း သူရဲအိုကြီးခမျာ မှင်တက်သွားပြီး မယုံကြည် နိုင်အောင် ဖြစ်နေရလေသည်။ စုရီသည်လည်း မျက်မှောင်ကြုတ်လိုက်၏။
လေထုအလယ်ရှိ လိပ်ပြာသည် ပိုးအိမ်မှ ဖောက်ထွက်ပြီးနောက် အသက်စွမ်းအားသည် များသွာမြင့်တက်လာချေပြီ။ လေထုအတွင်းမှ ရွှေရောင်အလင်းများမှာ သူ့ခန္ဓာကိုယ်အတွင်း ရေစီးကြောင်းများအလား စီးဝင်ကုန်၏။
လိပ်ပြာ၏ အရွယ်အစားသည် လက်ဖဝါးခန့်သာရှိပြီး ခန္ဓာကိုယ်သည်နူးညံ့ကာ ရွှေရောင်ဖျော့ဖျော့များဖြင့် အလွန်ပင် လှပလေသည်။
တောင်ပံတစ်စုံပေါ်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော မွေးရာပါတာအိုရူရ်များ ပါရှိနေ၏။
ဤမြင်ကွင်းအရ စုရီနှင့် ခေါင်းတလားထမ်း သူရဲအိုကြီးသည် သူတို့၏ ခန့်မှန်းချက်ထက် ကျော်လွန်နေပြီး တစ်ခုခုမှားယွင်းနေပြီ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
“ ဖရူး ... ။ ”
ကြည့်နေဆဲမှာပင် ရွှေလိပ်ပြာသည် ရွှေမှုန်များကို စုပ်ယူမှု ပြီးဆုံးသွားခဲ့ပြီးနောက် မိန်းကလေးတစ်ဦးအသွင် ပြောင်းလဲလာ၏။
“ ကျေးဇူးတင်ပါတယ် ... ငါ့ရဲ့ အခွံကိုဖျက်ဆီးပေးပြီး စစ်မှန်တဲ့ကိုယ်ခန္ဓာကို ပြန်ရအောင်ကူညီပေးခဲ့လို့ ... ။ ”
မိန်းကလေးက သာယာနာပျော်ဖွယ်ရှိသော အသံဖြင့် ပြောကြားလာ၏။ ရွှေရောင်ဖျော့ဖျော့ ဆံနွယ်များက လေထဲလွင့်မျောလျက် နတ်သမီး တစ်ပါးကဲ့သို့ ထင်းမှားစေသောရောင်ဝါမျိုး ထုတ်လွှတ်လာချေပြီ။
သူမ၏ မျက်နှာသည် ပန်းချီကားတစ်ချပ်ကဲ့သို့လှပပြီး နှုတ်ခမ်းအစုံမှာ နူးညံ့နေချေ၏။
ထူးခြားချက်အနေဖြင့် သူမ၏ နဖူးအလယ်တွင် ရွှေပိုးကောင်တစ်ကောင်သည် မိမိအမြီးကိုမိမိ ပြန်ငုံထားသည့် ရွှေရောင် အမှတ်အသားတစ်ခုရှိနေသည်။
သူမအလှသည် ခေါင်းတလားထမ်း သူရဲအိုကြီးကို ခဏမျှပင် မိန်းမောသွားစေပြီး အဆုံး၌ ဒေါသတကြီးဖြင့် အံကြိတ်လိုက်၏။
“ ဘီလူးစု ... ဒီစုန်းမက မင်းကို အသုံးချသွားတာ ... ။ ”
ထိုစကားကြောင့် စုရီက နဖူးကို ကုပ်ခြစ်လိုက်သည်။ မည်သူသည် ထိုအရာကို မမြင်ဘဲနေမည်နည်း။ လှည့်စားခံရမှုကို ဤမျှ ထုတ်ဖော်ပြောကြားရန်လိုသည်လော။
“ လှပတဲ့မိန်းမတွေက ပိုပိုပြီး လှည့်ဖျားကောက်ကျစ် တတ်ကြတယ်ဆိုတာ တကယ်ပဲကိုး ... ။”
စုရီမှ တိုးတိုးလေး ညည်းတွားလိုက်သည်။ ဤပွဲတွင် သူ ရှုံးနိမ့်သွားသည်ကို ဝန်ခံရပေမည်။ ထိုရွှေပိုးကောင်သည် သေအံ့ဆဲဆဲအဖြစ်သို့ ဟန်ဆောင်ပြီး သူ့ကိုအသုံးချကာ ပိုးအိမ်ကို ဖောက်ထွက်သွားခြင်းပေပင်။
“ ဟမ့် ... ဒီကိစ္စမှာ ငါ့ကိုအပြစ်တင်ဖို့ပဲ မကြိုးစားနဲ့ နင်ကိုယ်တိုင် ငါ့ကိုအသေသတ်ဖို့ ကြိုးစားခဲ့တာပဲ ... ဒါကြောင့် ငါ့ရဲ့အခွံကိုခွာဖို့ လှည့်ကွက်လေးသုံးလိုက်တာပါ။ ”
မိန်းကလေးက စုရီညည်းတွားသံကို ပျော်ရွှင်စွာဖြင့် တုန့်ပြန်မှတန်ချက်ပေးသည်။ သူမအသံတွင် လှောင်ပြောင်လိုစိတ်များပင် ပါရှိနေတော့၏။
ဤအချက်သည် ခေါင်းတလားထမ်း တစ္ဆေအိုကြီးကို ရှက်ဒေသများဒေါသထွက်စေ လေသည်။
လောကကြီးထံမှ ဘဝအတက်အကျ လှိုင်းပေါင်းစုံကို ဖြတ်သန်းခဲ့ဖူးသည့် သူတို့ကဲ့သို့ အဖိုးကြီးနှစ်ဦးသည် ယခုအချိန်၌ ပိုးကောင်ငယ် တစ်ကောင်၏ လှည့်စားမှုခံလိုက်ရခြင်းဖြစ်၏။
“ မင်းနဲ့ချင်းရှောင်ဆိုတဲ့ အဲဒီတစ်ယောက်နဲ့က တစ်ဖွဲ့တည်းလား။ ”
စုရီက မေးလိုက်သည်။ ချင်းရှောင်၏ အမည်ကိုကြားချိန်၌ မိန်းကလေး မျက်ဝန်းများ အတွင်း၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးသွား၏။ သို့သော် သူမက ပြုံးလျက်၊
“ ဒါတွေ နင်နဲ့ဘာဆိုင်လဲ ... နင်ငါ့ကို သတ်ချင်နေတာမဟုတ်လား ... ဒါဆိုအခုဘာလို့ ဆက်မလုပ်ရတာလဲ။ ”
-ဟု စိန်ခေါ်တော့သည်။
ခေါင်းတလားထမ်း သူရဲအိုကြီးက ချက်ချင်းပင် ချောင်းတစ်ချက်ဟန့်လိုက်ကာ စိုးရိမ်ဟန်၊
“ အဟမ်း ... မိန်းကလေး ငါတို့က ဘာကြောင့်ပဲဖြစ်ဖြစ် မင်းကိုဒီပိုးအိမ်ကနေ ဖောက်ထွက်နိုင်အောင် ကူညီပေးခဲ့တာပဲ ငါတို့ မဟာမိတ်ဖွဲ့ကြမလား။ ”
“ ဟား ဟား ဟား ... ။ ”
-ဟု စုရီအစား ဦးစွာဖျားယောင်းလိုက်သည်။ လိပ်ပြာမိန်းကလေးမှ တဟားဟား ရယ်မောပြီး၊
“ ကြောက်သွားပြီလား ... ၊ ကောင်းပြီ အခုငါခံစားချက် ကောင်းနေတာမို့ နင်တို့ကို စကားပြောခွင့်ပေးမယ်။ ”
-ဟု တုန့်ပြန်၏။
“ ဒါပေမဲ့ ငါကတော့ စကားမပြောချင်ဘူး။ ”
တစ်ဖက်တွင် စုရီမှငြင်းဆန်သည်။ ယင်းကြောင့် မိန်းကလေးခမျာ မှင်သပ်သွားပြီး မျက်မှောင်ကြုတ်လျက်၊
“ နင် ဘာကိုဆိုလိုတာလဲ။ ”
-ဟု ပြန်မေးတော့၏။
“ ရွှပ် ... ။ ”
“ ဟမ့် ... ။ ”
စုရီက စကားဖြင့်မဆိုတော့ဘဲ ဓားကို ခုတ်ပိုင်းလိုက်သည်။ မိန်းကလေးခမျာ ချက်ချင်း ပျောက်ကွယ်သွားပြီး ထိုဓားချက်ကို ရှောင်တိမ်းလိုက်ရတော့၏။
“ ဘာလဲ ... လှည့်စားခံလိုက်ရလို့ ဒေါသထွက်နေတာလား နင်ကငယ်သေးတယ် စိတ်တည်ငြိမ်မှု မရှိသေးတာ သဘာဝပါပဲ။ ”
တစ်ဆက်တည်းမှာပင် သူမ၏ လှပသောမျက်နှာ၌လည်း လှောင်ပြောင်သည့် အရိပ်အယောင်များဖြင့် ပြောကြားလိုက်သည်။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
စုရီခမျာ စကားမဆိုဘဲ ထပ်မံ တိုက်ခိုက်တော့၏။ လိပ်ပြာမိန်းကလေးက အသာအယာပင် ရှောင်တိမ်းနေပြီး စုရီကို လှောင်ပြုံးဖြင့် တုန့်ပြန်နေချေပြီ။
ဤမြင်ကွင်းကြောင့် ခေါင်းတလားထမ်း သူရဲအိုကြီးကစိုးရိမ်လာသည်။ တစ်ဖက်လူသည် တိုက်ပွဲအတွင်း ဝင်စားခြင်းသစ်ပင်ပေါ်၌ပင် လွတ်လပ်စွာ သွားလာနိုင်နေ၏။
ဆိုလိုသည်မှာ ဤဝင်စားခြင်း ဥပဒေစည်းမျဉ်းများသည် သက်ရောက်မှုမရှိဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် မျက်နှာ ပျက်ယွင်းလျက်၊
“ အဖိုးကြီးစု ငါတို့ဆုတ်ခွာကြမလား ဒီမိန်းကလေးက အရမ်းအန္တရာယ်များတယ်။ ”
-ဟု သတိပေးလိုက်၏။
“ မင်းရူးနေလား သူရဲအိုကြီး ... ငါ့ကိုလူမိုက်ထင်နေတာလား ဒီအင်းစက်လေး တောက်လျှောက် ရှောင်နေတာ မတွေ့ဘူးလား သူသာတကယ် အစွမ်းထက်နေတယ်ဆိုရင် ဒီလိုရှောင်နေဖို့ လိုမလား။ ”
စုရီက ပြန်လည် အော်ဟစ်လျက် မြေအောက်ကမ္ဘာမှတ်တမ်းကို ဘယ်လက်ဖြင့် ထုတ်ယူလိုက်သည်။
“ ဘရူး ... ။ ”
အနက်ရောင်မြူများစွာ ထွက်ပေါ်လာပြီး ဝင်စားခြင်းသစ်ပင်နှင့် ချိတ်ဆက်လိုက်တော့၏။ ထိုခဏတွင် ဝင်စားခြင်းသစ်ပင်သည် ပြင်းထန်စွာတုန်ခါလာသည်။
“ မကောင်းတော့ဘူး ... ။”
ဝန်းကျင်ရှိ ဝင်စားခြင်းဥပဒေများ လှိုင်းထလာသည်ကို သတိထားမိပြီး လိပ်ပြာ မိန်းကလေးက မျက်နှာပျက်သွားသည်။
ချက်ချင်း ရှောင်တိမ်းရန် ကြိုးစားလိုက် သော်လည်း ပတ်ဝန်းကျင်မှ ဥပဒေစည်းမျဉ်းများ စွမ်းအားကြောင့် ချက်ချင်းပိတ်မိသွား၏။
“ ကောက်ကျစ်တဲ့ လူယုတ်မာ။ ”
လိပ်ပြာမိန်းကလေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤလူငယ်မှ ဝင်စားခြင်း သစ်ပင်ကို ထိန်းချုပ်အမိန့်ပေးနိုင်လိမ့်မည်ဟု သူမ မထင်ထားချေ။
“ ခရစ် ...။ ”
များမကြာခင်ခုခံနိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာပြီး အဆုံး၌ သူမအပေါ်သိုင်းခြုံ ကာကွယ်ထားသော ရွှေရောင်အလွှာမှာ အက်ကွဲသွား၏။
ဤတစ်ကြိမ်တွင် သူမမျက်နှာသည် ဖြူလျော်သွားကာ အမှန်တကယ် ရှုံးနိမ့်သွားမှန်း မြင်သာနေတော့သည်။
“ ဘာလို့ ... ရပ်လိုက်တာလဲ။ ”
သို့သော် ထိုခဏတွင် ဝင်စားခြင်း ဥပဒေ ရပ်တန့်သွားသောကြောင့် အံ့အားသင့်စွာ စုရီကို ပြန်မော့ကြည့်မိ၏။
“ ဒီလိုအခြေအနေမျိုးမှာ ငါတို့စကားပြောဖို့အတွက် အကောင်းဆုံးလို့ မင်းမထင်ဘူးလား။ ”
စုရီတစ်ယောက် လေထုအလယ် လွင်မျောနေလျက်မှ မြေပြင်ပေါ်ဆင်းသက်ကာ အရက်အိုးထုတ်ယူလျက် တစ်ငုံသောက်ပြီး တည်ငြိမ်စွာဖြင့် ဖြေကြားလိုက်တော့သည်။
***