← Chapters

ရွှမ်ဟွမ်ကြယ်စုသို့ပြန်ခြင်း၊ အရိုင်းမြေကိုးပါး ... ။

Vol. 69 Ch. 825

ရွှမ်ဟွမ်ကြယ်စုသို့ပြန်ခြင်း၊ အရိုင်းမြေကိုးပါး ... ။

Vol. 69 Ch. 825

အချိန်ကာလသည် မြစ်ရေအလား တရွေ့ရွေ့စီးဆင်းနေပြီး သုံးလတာကာလသည် လက်ဖျောက် တစ်ချက်တီးစာမျှအတွင်း ကုန်ဆုံးသွားခဲ့သည်။

မြွေတစ္ဆေမြို့တော် ကြာပန်း တောင်ထိပ် ဝါးရုံတောတစ်နေရာတွင် တားမြစ်အစီအမံများ ကာရံထားသော ဝါးအိမ်လေးတစ်လုံးရှိ၏။

ဝါးအိမ်အတွင်းမှ ဆူညံသံများသည် တဖြည်းဖြည်းငြိမ်သက်သွားကာ စကားသံအချို့ ထွက်ပေါ်လာသည်။

“ နှစ်မွှာကျင့်ကြံခြင်းဆိုတာ ဝိညာဉ်ချင်းချင်းပေါင်းစပ်ပြီး ကောင်းကင်ပေါ် ပျံတက်သွားသလို ထူးကဲတဲ့ ခံစားချက်မျိုးပဲ။ ”

စုရီတစ်ယောက် ပျင်းရိစွာ လှဲလျောင်းနေလျက်မှ မှတ်ချက်ပေးလေသည်။ သူ့ မျက်ဝန်းများသည် ကြည်လင်နေပြီး အနည်းငယ်မျှ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်မရှိချေ။

သူ့ဘေးတွင်မူ နုနယ်လွန်းသော မိန်းမပျိုသဖွယ် လှပလွန်းသည့် သစ်ရွက်လေးမှ နွမ်းနယ်စွာ လှဲလျောင်းနေသည်။

သွယ်လျဖြောင့်စင်းသော ခြေတံရှည်လေးများကို ကွေးညွတ်လျက်ဖြင့် ပွေလီရှုပ်ထွေးနေသော ဆံနွယ်များအပေါ် မသိမ်းအားသေးချေ။

ခြုံထားသော စောင်အောက်မှ ဝင်းဝါစိုပြည်နေသော ပခုံးသားဖြူဖြူလေးများ တစ်ဝက်တစ်ပျက် ပေါ်ထွက်နေသည်။

စောင်းငဲ့ကြည့်နေသည့် သူမမျက်ဝန်းအိမ်ထဲတွင် ချစ်ခင်နှစ်သက်မှုနှင့် ကြင်နာမှုများပြည့်လျှံနေ၏။

“ အစ်ကိုစု ... မင်းအမြဲ ဒီလိုသန်မာနေတာပဲလား။ ”

“ ဟားဟားဟား ... ။ ”

ရီယု၏ အသံသည် ရှက်ရွံ့သံဖြစ်၏။ စုရီတစ်ယောက် သဘောကျစွာ ရယ်မော လိုက်လေသည်။

ထို့နောက် သူမပုခုံးသားကိုဖက်ကာ ဆံနွယ်များထံ အသာအယာ သပ်တင်ပေးနေပြီး၊

“ ငါက အမြဲသန်မာတယ် မင်း စမ်းကြည့်ချင်သေးလား။ ”

-ဟု တုန့်ပြန်လိုက်၏။

“ အစ်ကိုစု ... မင်း ဒီအခွင့်အရေးကို အပြည့်ယူနေတာပဲ။ ”

လွန်ခဲ့သော သုံးလအတွင်း သူတို့သည် အနားယူခြင်းမရှိခဲ့ချေ။ ထို့ကြောင့် စုရီကျင့်ကြံမှု အဆင့်သည် ရွှမ်ကျောက်အလယ်အလတ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် သူနားလည်ထားသော မရဏကမ္ဘာဥပဒေ၏ အမှန်တရားများကိုလည်း ကနဦး ဝင်စားခြင်းဥပဒေအဖြစ် စုစည်းနိုင်ခဲ့၏။

ဤကာလအတွင်း အပြင်သို့ နှစ်ကြိမ် ခရီးထွက်သည်။ ပထမအကြိမ် စွေ့လုံရှင်းထံသို့ ဖြစ်ပြီး ချင်းယန်ဓားကို ပြန်လည် ယူဆောင်လာခဲ့၏။

လက်ရှိခွန်အားဖြင့် အလိုက်ဖက်ဆုံးမှာ ထိုဓားပင်ဖြစ်သည်။ ဓားသမား တစ်ယောက် အတွက် အသင့်လျော်ဆုံးသောဓားတစ်လက် ရရှိနိုင်ရန် အရေးကြီးလှချေပြီ။

ဒုတိယအကြိမ်သည် ဝေမိသားစုထံဖြစ်ကာ ကောင်းကင်ခိုးယူခြင်းထီးပြန်ယူလျက် ရီယုထံ ပေးအပ်ခြင်းဖြစ်၏။

ထိုထီးအတွင်း ပိတ်လှောင်ခံထားရသော မီးငှက်ဝိညာဉ်သည် သူနှင့်အတူလိုက်ပါလာရန် ဖိတ်ခေါ်လိုက်သော်လည်း ထိုငှက်သည် မာနကြီးကာ ငြင်းပယ်ခဲ့သည်။

“ ရီလေး ... မနက်ဖြန် ငါသွားတော့မယ်။ ”

ရုတ်တရက် စုရီ၏ အသိပေး စကားသံကြောင့် ရီယုခမျာ ဆွံ့အသွားတော့၏။ သူမ၏မျက်ဝန်းများ ချက်ချင်းမှေးမှိန်သွားကာ၊

“ အစ်ကိုစု ... မင်းအရိုင်းမြေကို ပြန်တော့မှာလား ဒီနေ့ရောက်လာမယ်ဆိုတာ ငါသိထားပေမယ့် ဒီလောက်မြန်မယ်လို့တော့ မထင်ထားမိဘူး ငါ့ကိုခေါ်သွားလို့ရမလား။ ”

“ မရဘူး ... ငါ့ခွန်အားက မင်းကို ကာကွယ်ပေးဖို့ မလုံလောက်သေးဘူး နောင်မှာ ငါတို့အတူရှိနေမယ့် အချိန်တွေ အများကြီး ကျန်နေပါသေးတယ်။ ”

စုရီငြင်းဆန်မှုကြောင့် ရီယုခမျာ စိတ်ပျက်သွားပြီး စုရီ၏ပုခုံးကိုနာကျင်အောင် ကိုက်ခဲပစ်လိုက်သည်။ စုရီမှ နာကျင် လွန်းသဖြင့် ပြန်ငုံ့ကြည့်၏။

ထို့နောက်တွင် ဝါးအိမ်အတွင်း မုန်တိုင်းကြီးတစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။ အသက်ရှူသံများမှာ တစ်နေ့နှင့်တစ်ည လုံးဝမရပ်ခဲ့ချေ။ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေသလိုပေပင်။

နောက်တစ်နေ့ နံနက်တွင် ရီယုနိုးလာသောအခါ၌ သူမဘေးနားမည်သူမျှ ရှိမနေတော့ချေ။ အိပ်ရာဘေးတွင် ကျောက်စိမ်း စာလိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

“ ရီယု ... ငါတစ်နေ့ မင်းကိုလာခေါ်မယ်လို့ ကတိပေးတယ်။ ”

ရီယုမှ ထိုစာလိပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက်၊

“ စုရွှမ်ကြွယ် ... ငါအမြဲတမ်း နင့်ကိုစောင့်နေမှာပါ။ ”

-ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤစကားစုကို ထိုသို့ပြောကြားခဲ့ဖူးလေသည်။ သို့သော် ထိုစဉ်က မျက်ရည်များဖြင့် ကျန်ရစ်ခဲ့ရခြင်းဖြစ်၏။

တစ်ရက်အကြာတွင် စုရီသည် စွေ့မိသားစု၏ကမ္ဘာတစ်သောင်း သစ်ပင်ကြီး ရှေ့သို့ ရောက်ရှိနေသည်။

“ အဘိုးကြီး... ငါအရိုင်းမြေကို ပြန်တဲ့အခါ မင်းကူညီပေးမယ်လို့ပြောတာ ဒီလိုနည်းလမ်းနဲ့ မဟုတ်လား ... မင်းက တကယ့်မြေခွေးအိုကြီးပဲ၊ ငါနဲ့အတူလိုက်လာဖို့ ဆန္ဒမရှိတာငါသိတယ်။ ”

စုရီက စွေ့လုံရှင်းထံ လှည့်ကြည့်ကာ လှောင်ပြောင် မှတ်ချက်ပေးလိုက်လေသည်။

“ ဟားဟားဟား ... ငါ့ကိုနားလည်နိုင်တာ ဒီကမ္ဘာမှာ မင်းပဲရှိတယ် အဖိုးကြီးစု။ ”

စွေလုံရှင်းမှ အရှက်မဲ့စွာဖြင့် ရယ်မောလျက် တုန့်ပြန်၏။ ထို့နောက် သဘာဝစိတ်ဝိညာဉ်ဖိုစု ထွက်ပေါ်လာပြီး စုရီကိုနှုတ်ဆက်သည်။

“ တာအိုစု ... ခရီးလမ်းမှာ ဂရုစိုက်ပါ အရိုင်းမြေကိုးပါရဲ့သတင်းတွေကို ကြားရဖို့ ငါ မျှော်လင့်နေမယ်။ ”

“ ဟမ့် ... စောင့်မျှော်ရတာ အရမ်းပင်ပန်းပါတယ် ကိုယ်တိုင်မြင်ရဖို့အတွက် ဘာလို့ ငါနဲ့အတူလိုက်မလာတာလဲ။ ”

စုရီစကားကြောင့် စွေ့လုံရှင်းခမျာ မျက်နှာပျက်သွားပြီး စိုးရိမ်တကြီးဖြင့် ချက်ချင်း ချောင်းဟန့် သတိပေးလိုက်၏။

“ အဟမ်း ... ဘီလူးစု လမ်းခရီး ဂရုစိုက်ပါ၊ မြန်မြန် အာကာသလမ်းပွင့်နေပြီ။ ”

“ ဟားဟားဟား မြေခွေးအိုကြီးစွေ့ နှုတ်ဆက်ပါတယ် ... ။ ”

စုရီက လက်ဝှေ့ယမ်းနှုတ်ဆက်ကာ ကမ္ဘာတစ်သောင်းသစ်ပင်မှ ဖွင့်လှစ်ပေးသော အာကာသဥမင်အတွင်း ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ဤသည်မှာ စုရီအတွက် မရဏကမ္ဘာစွန့်စားခန်းများ ပြီးဆုံးသွားချေပြီ။ သူ့ရှေ့တွင် အရိုင်းမြေဟူသော ရွှမ်းဟွမ်ကြယ်မှ စောင့်မျှော်နေချေ၏။

***

အာကာသဟင်းလင်းပြင်ကြီးအတွင်း လှေငယ်တစ်စင်းသည် လေဟုန်စီးနင်းကာ ပျံသန်းနေ၏။

ထိုလှေငယ်သည် စုရီ၏ လရိပ်ဓားမှ အသွင်ပြောင်းထားခြင်းဖြစ်ပြီး တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။

လှေငယ်ပေါ်တွင် စုရီသည် ပျင်းရိငြီးငွေ့စွာ ထိုင်နေကာ ပန်းချီကားတစ်ချပ်ကို အသေအချာ စိုက်ကြည့်နေသည်။

ဤပန်းချီကားသည် ယခင်က သွမ့်ခိုမှ လက်ဆောင်ပေးထားခြင်းဖြစ်သည်။ သွမ့်ခိုတွင် ဝိညာဉ်နှစ်ခုရှိပြီး ၎င်းတို့အနက်တစ်ခုသည် ပန်းချီတာအိုကိုရှာဖွေသူဖြစ်၏။ လက်ရာမှာ အလွန်ပင် ပြောင်မြောက်လှသည်။

ပန်းချီကားထဲတွင် ယွီရှစ်ချန်တစ်ယောက် ကျယ်ပြောလှသော ရေကန်ကြီးထဲတွင် ရေချိုး နေဟန် သရုပ်ဖော်ထား၏။

နက်မှောင်သော ဆံနွယ်ရှည်များမှ ရေစက်များစီးကျနေပြီး လှပချောမောသော မျက်နှာလေးသည် ရေမျက်နှာပြင်လှိုင်းများ၏ ရောင်ပြန်ဟပ်မှုကြောင့် တောက်ပနေသည်။

ဖြူဖွေးနုနယ်သော ကောက်ကြောင်းသည် ပခုံးရိုးထိတိုင်ရေထဲတွင် နစ်မြုပ်နေသော်လည်း ဝိုတဝါးပေါ်လွင်နေဆဲပေပင်။

၎င်းမှာ ပန်းချီကားတစ်ချပ်မျှသာ ဖြစ်သော်လည်း လူသားတစ်ယောက် အသက် ဝင်နေသကဲ့သို့ ထင်မှတ်ရ၏။

ထိုပန်းချီကားကို ကြည့်လျက် စုရီ၏ စိတ်ထဲတွင် အေးစက်ပြီး ဓားတာအိုလမ်းအပေါ် စွဲလန်းလွန်းသော မိန်းကလေးကို သတိရလာခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က သူမ၏ ဖခင်ယွီချန်ထျန်းနှင့်အတူ ကမ္ဘာ(၃၃)ခုအနက် တစ်ခုဖြစ်သော ထျန်းရွှမ်ကမ္ဘာ (ကောင်းကင် နှင်းနယ်မြေ)သို့ ထွက်ခွာသွားခဲ့၏။

ထိုစဉ်က စုရီသည် သူမထံ စကားအချို့ မှာကြားခဲ့သည်။ အကယ်၍ မဖြေရှင်းနိုင်သော အခက်အခဲများနှင့်ကြုံရသော် အနောက်ဘက် သုခဘုံရှိ ကျောက်တုံးနှလုံးသားထံ သွားရောက်နိုင်၏။

ထိုနေရာသို့ရောက်လျှင် ‘ကြာပလ္လင် ရှိသေးလား၊ ’ ဟု မေးမြန်းကာ လိုအပ်သော အကူအညီများ ရယူနိုင်မည်။

အချိန်ကို တွက်ဆကြည့်သော ယွီရှစ်ချန်ထွက်ခွာသွားခဲ့သည်မှာ နှစ်နှစ်တိုင် နေချေပြီ။

စုရီက လက်ဖဝါးကို ဖြန့်လိုက်ရာ အိုဟောင်းပြီး အရောင်မှိန်နေသော သစ်သား ဆံညှပ်တစ်ခု ပေါ်လာသည်။ ၎င်းသည် သာမန် စန္ဒကူးသားဖြင့် ပြုလုပ်ထား၏။

ယင်းကို ယွီရှစ်ချန် ထွက်ခွာသွားစဉ် အမှတ်တရ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သူမ၏ အဖွားဖြစ်သူမှ ကလေးဘဝတွင် ပထမဆုံး ဝယ်ပေးခဲ့သော ဆံထိုးဖြစ်၏။ သူမအတွက် တန်ဖိုးမဖြတ်နိုင်သော အမှတ်တရပေပင်။

စုရီကို သိမ်းဆည်းပေးရန် သူမ တောင်းဆိုခဲ့စဉ် အမြဲတမ်း အေးစက်နေသော မျက်နှာပေါ်တွင် နွေးထွေးသည့် အပြုံးတစ်ပွင့် ရှိနေသည်။

ထိုအပြုံးသည် ဆီနှင်းများ နေရောင်အောက်တွင် အရည်ပျော်သွားသကဲ့သို့ အလွန်ပင်သက်ဝင်လွန်းလှ၏။

“ ထျန်းရွှမ်ကမ္ဘာကို တစ်ချက်လောက် ဝင်ကြည့်ရမယ်။”

သုံးရက်ခန့် ကြာပြီးနောက် စုရီ၏ မျက်စိရှေ့တွင် ရင်းနှီးနေသော ဟင်လင်းပြင် မြင်ကွင်းကြီးပေါ်လာသည်။

ထို့ကြောင့် မတ်တပ်ရပ်လျက် နတ်အာရုံအသုံးပြုကာ အဝေးတစ်နေရာသို့ မျှော်ကြည့်လိုက်မိသည်။ အလွန်ဝေးကွာသော အရပ်တွင် ကြယ်အဖွဲ့အစည်းတစ်လုံး၏ ပုံရိပ်ကိုခပ်ဝါးဝါး မြင်တွေ့နေရသည်။

၎င်းကြယ်စုသည် အလယ်၌ တောက်ပပြီး ဘေးပတ်ပတ်လည်တွင် ကမ္ဘာငယ်များစွာသည် ပုလဲကုံးအလား ခါးပါတ်ကွင်းသဏ္ဍာန် ရစ်သိုင်းနေတော့၏။

“ နောက်ဆုံးတော့ ငါပြန်လာပြီ ... ။ ”

စုရီက တိုးတိုးလေး ရေရွတ်လိုက်၏။ ယခင်ဘဝတွင် အာကာပြင်ဗဟိုဒေသအတွင်းသို့ မရောက်ဖူးသော်လည်း ဤကြယ်စုတဝိုက် ကူးလူးသွားလာခဲ့ဖူးသည်။

ထို့ကြောင့် မြင်ရုံဖြင့် ဖွဲစည်းပုံ ပျက်စီးလိုက်လာနေသော ရွှမ်ဟွမ်ကြယ်စုကြီး ဖြစ်ကြောင်းသိရှိနိုင်၏။ အတိတ်ဘဝ လွမ်းဆွတ် တမ်းတမှုများ အရိပ်ထင်လာချေပြီ။

ယခင်ဘဝ၏ မှတ်ဉာဏ်များသည် ရုပ်ရှင်ကားချပ်တစ်ခုကဲ့သို့ ဦးနှောက်အတွင်း တဖျပ်ဖျပ်ပေါ်လာနေ၏။ အချိန်အတော်ကြာ သည်အထိ မပျောက်ခဲ့ချေ။

အကွာအဝေးသည် လွန်စွာ ဝေးကွာလှသောကြောင့် ဝိုးတဝါးပုံရိပ်အဖြစ်သာ မြင်နေရသည်။

“ ဝှစ် ... ။ ”

အတွေးဖြင့် လရိပ်ဓားကိုအရှိန်မြှင့်ကာ ထိုရွှမ်းဟွမ်ကြယ်စုတည်ရှိရာသို့ ဦးတည်လိုက် တော့၏။ အသိုက်ကို ပြန်လာနေသော ပျံလွှာအလား လျင်မြန်လွန်းချေပြီ။

***

All Chapters