← Chapters

ကောင်းကင်နယ်မြေ ယွီမိသားစု၏ အကျပ်အတည်း ... ။

Vol. 69 Ch. 827

ကောင်းကင်နယ်မြေ ယွီမိသားစု၏ အကျပ်အတည်း ... ။

Vol. 69 Ch. 827

အမှောင်ဟင်းလင်းပြင်ကြီးအကြား သတ်ဖြတ်ခြင်းအငွေ့အသက်များ တဖြည်းဖြည်း လွင့်ပြယ်သွားပြီးနောက် သွေးရနံ့များနှင့် တိတ်ဆိတ်ခြင်း ပြန်လည်စိုးမိုးလာသည်။

စုရီက ကျောက်စိမ်းရောင်ဝတ်စုံကို အသာအယာသပ်ခါယမ်းလိုက်ပြီး တစ်ဖက်ရှိ သွေးဇီးကွက်ထံ လှည့်ကြည့်လိုက်၏။

သွေးဇီးကွက်သည် အမှောင် ဟင်းလင်းပြင်တွင် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာအိုကြီးတစ်ကောင် ဖြစ်သော်လည်း ထိုအကြည့်ကြောင့် ယုန်သူငယ်ကဲ့သို့ ထိတ်လန့်သွားလေသည်။

သူ့အတွက် ဤအခြေအနေတွင် မဟန်တော့မှန်းနားလည်လိုက်သဖြင့် အဝေးရှိ ယွီယွန်ရှန်းထံသို့ ပြေးဝင်သွားပြီး ဓားစာခံအဖြစ် ဖမ်းဆီးရန် ကြိုးပမ်းလိုက်သည်။

“ ဟမ့် ... မင်းငါ့ကို သတ်ချင်ရင် ဒီယွီမိသားစုဝင်သေရမယ်။ ”

သို့သော် သွေးဇီးကွက် အသံမဆုံးခင် လရောင်ပမာအေးမြလွန်းသော ဓားရောင်ခြည် တစ်စင်း ဟင်းလင်းပြင်ကို ဖြတ်သန်းလာ၏။

“ ဘောင်း ... ။ ”

ပေါက်ကွဲသံနှင့်အတူ သွေးဇီးကွက် ခန္ဓာကိုယ်သည် အပိုင်းပိုင်းပြတ်တောက်လျက် ပေါက်ကွဲသွားတော့သည်။ ဝိညာဉ်သည်ပင် မကျန်ရစ်ခဲ့ချေ။

စက္ကန့်ပိုင်းအတွင်းမှာပင် နာမည်ကျော် မိစ္ဆာကြီး (၁၄) ဦးလုံးသည် စုရီ၏ ဓားအောက်၌ ကြက်သွန်မြိတ်များပမာ ရိတ်သိမ်းခြင်း ခံလိုက်ရတော့၏။

ဤသတင်းသာ ပြန့်နှံ့သွားသော် တုန်လှုပ်သွားမည်မှာ အမှန်ပေပင်။ သို့သော် စုရီအတွက်မူ ဤသည်မှာ ဂရုစိုက်စရာ မဟုတ်ခဲ့ချေ။

ထို့နောက် ယွီယွန်ရှန်းထံသို့ လျှောက်လှမ်းသွားပြီး၊

“ ဒီသေတ္တာထဲက တံဆိပ်ထဲမှာ ရွှမ်ယုအဆင့်ဓားရည်ရွယ်ချက် ကိန်းအောင်း နေတယ် ... ဒါဟာ မင်းတို့ ယွီမိသားစုရဲ့ ဘိုးဘေး ချန်ထားခဲ့တာသေချာလား။ ”

-ဟု မေးမြန်းလိုက်သည်။ ယွီယွန်ရှန်းတစ်ယောက် ကြောက်ရွံ့မှုကြောင့် တုန်ရီနေသော်လည်း စုရီသည် မိမိအပေါ် ရန်လိုမှုမရှိသည်ကို သတိပြုမိသဖြင့် အမှန်အတိုင်း ဖြေကြားလိုက်၏။

“ ဟုတ်ပါတယ် ... ငါတို့ယွီမိသားစုရဲ့ တတိယဘိုးဘေးယွီကျန့်ဟယ်က ကောင်းကင် နက်နဲရာကို မသွားမီက ကြိုတင်ထာခဲ့တာပါ။ ”

“ ယွီကျန့်ဟယ်နဲ့ ယွီရှစ်ချန် ဘယ်လိုပတ်သတ်လဲ ... ။ ”

စုရီက တစ်ဖက်လူ၏ စကားကို ကြားသောအခါ စိတ်ဝင်စားသွားလေသည်။ အကြောင်းမှာ မိုးပြာတိုက်ကြီးမှ ယွီရှစ်ချန်တွင် ဤဓားတံဆိပ်မျိုး ရှိနေခဲ့၏။

“ တာအိုမိတ်ဆွေ မင်းရှစ်ချန်ကို သိနေတာလား။ ”

ယွီယွန်ရှန့်မှ အံ့အားသင့်သွား၏။ စုရီက ခေါင်းညိတ်ပြကာ၊

“ မှန်တယ် ... ငါ သူမနဲ့တွေ့ဖို့ ... အခုပဲ ကောင်းကင်နယ်မြေကို သွားနေတာ၊ ရော့ ... မင်းရဲ့ဘိုးဘေးတံဆိပ်ကို ပြန်ယူ။ ”

-ဟု ကြေးညိုသေတ္တာကို ပြန်ပေးလိုက်သည်။

“ ဒါပေမယ့် ရှစ်ချန်က ကောင်းကင်နယ်မြေမှာမရှိဘူး။ ”

ရုတ်တရက် စုရီမှ မျက်ခုံးပင့်သွားပြီး ပြန်ကြည့်လိုက်၏။ ယွီယွန်ရှန့်ခမျာကျောရိုးများ အေးစက်သွားချေပြီ။

“ ဒီကိစ္စ ... မင်းငါ့ကို ရှင်းရှင်းလင်းလင်း ပြောပြသင့်ပြီ။ ”

ထို့နောက်တွင် ယွီယွန်ရှန့်သည် ယွီမိသားစုကြုံတွေ့နေရသည့် အခက်အခဲများ အပေါ် ပြန်ပြောင်းပြောပြလာတော့၏။

ယွီမိသားစုသည် ယခုအခါတွင် အလွန်အန္တရာယ်များသော အခြေအနေသို့ ဆိုက်ရောက်နေသည်။

ကောင်းကင်နယ်မြေရှိ ထိပ်တန်း မိစ္ဆာဂိုဏ်းတစ်ခုဖြစ်သည့် ကြာနီဂိုဏ်းကြီးသည် ယွီမိသားစုအာဏာကို သွေးတိုးစမ်းနေ၏။

အကြောင်းမှာ လွန်ခဲ့သော တစ်နှစ်က ယွီရှစ်ချန်သည် ကြာနီဂိုဏ်း၏ တပည့်တစ်ဦးကို သတ်မိခဲ့‌သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ကြာနီဂိုဏ်းသည် အခြားအင်အားကြီးပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ဆောင်းဦးရေကန် ညီလာခံကို ကျင်းပရန် ပြင်ဆင်နေတော့၏။

ထိုပွဲတွင် ယွီရှစ်ချန်နှင့် သူမ၏ ဖခင်ကိုအပ်နှံခြင်းမပြုသော ယွီမိသားစုဝင်တိုင်း သုတ်သင်မည်ဟု ခြိမ်းခြောက်ထားသည်။

ယွီရှစ်ချန်မှာမူ လက်ရှိတွင် အရိုင်းမြေကိုးပါး၏ အသန်မာဆုံးဂိုဏ်းဖြစ်သည့် ကျိုကျီရွှမ်တုတွင် သွားရောက်ကျင့်ကြံနေ၏။

သူမအတွက် လတ်တလော ဘေးကင်းနေသော်လည်း၊ သူမ၏ မိသားစုမှာမူ ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။

“ ဒါဆို... မင်းတို့ ယွီမိသားစုက ရှစ်ချန်ကို ကြာနီဂိုဏ်းလက်ထဲ အပ်မှာလား။ ”

စုရီက မေးလိုက်သည်။ ယွီယွန်ရှန်းမှ ပြတ်သားစွာ ခေါင်းခါပြလျက်၊

“ ဘယ်တော့မှ မလုပ်ပါဘူး ... ငါတို့ ယွီမိသားစုဟာ အသက်ပေးရမယ်ဆိုရင်တောင် ကိုယ့်မိသားစုဝင်ကို ရန်သူ့လက်ထဲအပ်မှာ မဟုတ်ဘူး။ ”

-ဟု တုန့်ပြန်သည်။

ထိုစကားကြောင့် စုရီတစ်ယောက် ယွီမိသားစု၏ကျောရိုးကို သဘောကျသွားသည်။

“ ကောင်းပြီ... ဒါဆိုရင် ငါ မင်းနဲ့အတူ ဆောင်းဦးရေကန်ညီလာခံကို လိုက်ခဲ့မယ် အဲဒီ ကြာနီဂိုဏ်း ဘယ်လောက်အထိ မာနကြီးမလဲ ကြည့်ရအောင်။ ”

(၂) ရက်ခန့်အကြာတွင် နှစ်ယောက်သား ကောင်းကင်နယ်မြေသို့ ရောက်ရှိလာကြသည်။ ကောင်းကင်နယ်မြေသည် အရိုင်းမြေကိုးပါးကို ဝန်းရံထားသည့် ကမ္ဘာငယ် (၃၃) ခုအနက် တစ်ခုဖြစ်၏။

ထိုကမ္ဘာငယ်အတွင်း ကျင့်ကြံခြင်း အင်အားစုများစွာသည် ရှုပ်ထွေးသောအာဏာ ခွဲဝေမှု ရှိနေ၏။ ၎င်းတည်နေရာသည် အရိုင်းမြေ ကိုးပါးနှင့် ဝေးလံလွန်းသောကြောင့်ပေပင်။

“ ကောင်းကင်အကယ်ဒမီမှာ ... အဲဒီစားကြူးသူ စာအုပ်ဂျပိုးအိုကြီး ရှိသေးလား မသိဘူး။ ”

စုရီက ကောင်းကင်ကိုမော့ကြည့်ကာ တစ်ကိုယ်တည်းရေရွတ်လိုက်၏။ အတိတ်တွင် ဤကမ္ဘာငယ်ရှိ ကောင်းကင်အကယ်ဒမီမှ အဖိုးကြီးတစ်ဦးနှင့် သိကျွမ်းခဲ့ဖူးသည်။

ထိုအဘိုးကြီးသည် စာဖတ်ခြင်းကို ဝါသနာပါသော်လည်း အသားစားရန်အတွက် ဆိုလျှင် စာအုပ်များပင် ပစ်ချထားနိုင်၏။

ယင်းကြောင့် စုရီသည် ထိုအဖိုးကြီးကို အစားကြူးသူစာဂျပိုးအိုကြီး အဖြစ်ခေါ်သည်။ ဒုတိယမြောက် တပည့်ဖြစ်သူ ကျင်ရှင်းကို ထိုအဖိုးကြီးထံ တစ်ခေါက်စေလွှတ်ဖူး၏။

ကျင်းရှင်းသည် အလွန်ရိုးသားပြီး မေတ္တာတရားရှေ့ထားသူဖြစ်ရာ စာပေသမား ဖြစ်သင့်ကြောင်း အကဲဖြတ်ခြင်းခံခဲ့ရသည်။

( ဒီတစ်ခါရောက်တုန်းလေး ကောင်းကင် အကယ်ဒမီကို ဝင်ကြည့်ရဦးမယ် အဲဒီအဘိုးကြီး ရှိနေသေးရင် ကျင်းရှင်း အခုဘယ်မှာလဲဆိုတာ သူ သိနိုင်လောက်တယ်။ )

စုရီတစ်ယောက် တွေးတောလျက် ကောင်းကင်ကမ္ဘာငယ်ထံ မျှော်ကြည့်လိုက်မိ၏။ ထိုစဉ်ကပင်းမိုနှင့်ချင်းတန်သည် ရန်သူများကဲ့သို့ သဘောထားကာအမုန်းပွားနေစဉ် ကျင်းရှင်းမှ ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားခဲ့သည်။

သို့သော် ချင်းတန်၏ မောင်းထုတ်ခြင်း ဖြင့်သာ အဆုံးသတ်သွား၏။ ထိုအချိန်မှစကာ ကျင်းရှင်းသည် မည်သည့်အရပ်သို့ ရောက်ရှိ နေသည်ကို မသိနိုင်တော့ချေ။

ထိုသို့သောနူးညံ့လွန်းသည့် ကျင်းရှင်း၏ သဘောထားသည် စုရီအတွက်ဤတပည့်အပေါ် အလေးအနက်မိစေခြင်းဖြစ်သည်။

တစ်ဖက်တွင် ထိုအရာများထက် လက်ရှိ ယွီမိသားစုရင်ဆိုင်နေရသော ဆောင်းဦးရေကန် ညီလာခံကို ဦးစွာဖြေရှင်းရပေဦးမည်။

***

ယွီမိသားစု အခြေစိုက်ရာတောင်တန်းကြီး ပေါ်တွင် ရှေးဟောင်း နန်းဆောင်တစ်ခုအတွင်း မိသားစုအကြီးအကဲများ စုဝေးနေကြ၏။

ယွီမိသားစု၏ ပထမအကြီးအကဲဖြစ်သော ယွီရွှေဟန်တစ်ယောက် ခေါင်းကိုက်နေဟန်ဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။

“ ယွီယွန်ရှန်း ... ဘာလို့ အခုထိ ပြန်မလာသေးတာလဲ ... လမ်းမှာ တစ်ခုခုများ ဖြစ်သွားလို့လား။ ”

သူ့အသံတွင် စိုးရိမ်ခြင်း အရိပ်အမြွက်များ ပါရှိနေ၏။ ယနေ့တွင်ဆောင်းဦးရေကန်ညီလာခံ ကျင်းပမည်ဖြစ်သဖြင့် အချိန်သည် များစွာ တန်ဖိုးရှိနေသည်။

တစ်ဖက်တွင် ထိုင်နေသော ဆံဖြူအဖိုးအိုတစ်ဦးက သက်ပြင်းချလိုက်၏။ ဤအဖိုးအိုသည် ယွီပိုင်လင်းဖြစ်ပြီး မိသားစု၏ သက်ရှိထင်ရှား ရုပ်ကြွင်းကြီးလည်းဖြစ်သည်။

ထိုသူသည် ရွှမ်ယုအဆင့်ကျင့်ကြံမှု ပိုင်ဆိုင်ထားပြီး မိသားစု၏ဤကပ်ဘေးကြောင့် ကျင့်ကြံနေရာမှ ထွက်လာခဲ့ခြင်းပေပင်။

ယွီမိသားစုတွင် ရွှမ်ယုအဆင့် ကျင့်ကြံသူသုံးဦးရှိသော်လည်း ရှစ်ချန်ဖခင်သည် ကြာနီဂိုဏ်းတိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာ ရရှိလာခဲ့သဖြင့် ကုသနေရ၏။

ကျန်တစ်ဦးသည် အရိုင်းမြေကိုးပါးသို့ ခရီးထွက်သွားခဲ့သည်မှာ ကြာပြီဖြစ်၍ မိသားစု အတွင်းး ရွှမ်ယုဧကရာဇ်အဖြစ် သူသည်သာ ရှိချေတော့သည်။

“ ယွီယွန်ရှန်းက တတိယဘိုးဘေးရဲ့ ရတနာသေတ္တာကို ပြန်ယူလာနိုင်ခဲ့ရင်တောင် ဒီအခြေအနေကို ပြောင်းလဲနိုင်ပါ့မလားဆိုတာ ငါကြောက်မိပါတယ်။ ”

အဆုံး၌ ဆံပင်ဖြူအဖိုးအိုယွီပိုင်လင်းမှ ညည်းတွားသံပြုလေသည်။ ခန်းမကြီးတစ်ခုလုံး ချက်ချင်းပင်တိတ်ဆိတ်သွား၏။ အခြေအနေမှာ အလွန်ဆိုးဝါးနေချေပြီ။

“ ဒီအတွက် မိတ်ဆွေတချို့ကိုတော့ ငါအကူအညီတောင်းထားပါတယ် ဘာပဲဖြစ်ဖြစ် ဒီနေ့ရလဒ် ဘယ်လိုပဲဖြစ်နေပါစေ ... ငါတို့ ယွီမိသားစုဟာ အညံ့မခံနိုင်ဘူး။ ”

“ အကြီးအကဲယွီယွန်ရှန်း ရောက်ရှိလာပါပြီ ... ။ ”

ပထမအကြီးအကဲ ယွီရွှေဟန်မှ ယွီပိုင်လင်းစကားအပေါ် တုန့်ပြန်ရန်ပြင်နေစဉ် တစ်စုံတစ်ယောက်သည် အခန်းအပြင်မှနေ၍ အော်ဟစ်သတင်းပို့လာခဲ့၏။

များမကြာခင် ယွီယွန်ရှန်းနှင့်အတူ ကျောက်စိမ်းရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးက လက်နှစ်ဖက်နောက်ပို့လျက် အသွင်အပြင်ဖြင့် သက်တောင့်သက်သာ ဝင်ရောက်လာသည်။

“ ယွန်ရှန်း ... မင်းဘေးကင်းလို့ တော်သေးတယ် ... ဒါနဲ့ ဒီမိတ်ဆွေလေးက ဘယ်သူလဲ။ ”

တတိယအကြီးအကဲယွီရွှေဖျင်မှ စုရီကိုမြင်ပြီးနောက် စိတ်ဝင်စားသွားလေသည်။ ယွီယွန်ရှန်းက လေးနက်သောမျက်နှာဖြင့်၊

“ ဒီတာအိုမိတ်ဆွေအမည်ကို စုရီလို့ ခေါ်ပါတယ် တတိယအကြီးအကဲ ... ရှစ်ချန်ရဲ့ မိတ်ဆွေပါ ... ဘိုးဘေးတံဆိပ်ကိုပြန်ရအောင် ဒီတာအိုမိတ်ဆွေပဲ ကူညီပေးခဲ့တာပါ။ ”

-ဟု ပြန်လည်ဖြေကြားလိုက်၏။

ထိုစကားကြောင့် ယွီမိသားစုဝင် အကြီးအကဲများအားလုံး အံ့ဩသွားလေသည်။ ယွီယွန်ရှန်းမှ မိစ္ဆာအိုကြီး(၁၄)ပါးကို စုရီမှ အသက်(၃)ရှိုက်စာအတွင်း ရှင်းလင်းခဲ့ပုံကို အတိုချုံး ရှင်းပြလိုက်တော့၏။

တစ်ဦးတည်းသော ရွှမ်ယုအဆင့် ထိုရှေးဟောင်းသက်ရှိကြီးသည် မယုံနိုင်အောင် စိတ်လှုပ်ရှားသွားကာ စုရီထံလေးစားစွာဖြင့် အရိုအသေပေးလိုက်သည်။

“ ယွီမိသားစုကို ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ဒီကျေးဇူး ငါတို့ဘယ်တော့မှ မမေ့ပါဘူး။ ”

“ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး ငါတို့သွားကြတော့မလား။ ”

စုရီမှ အချိန်ဖြုန်းလိုခြင်း မရှိသောကြောင့် မေးမြန်းလိုက်သည်။ ယွီမိသားစုဝင်များအားလုံး သက်ပြင်းချလျက် အချင်းချင်းပြန်ကြည့်၏။

ယွီယွန်ရှန့်မှ ဘိုးဘေးတံဆိပ်ကို ပြန်ယူလာနိုင်သော်လည်း သူတို့၌စိတ်သက်ရာ မရနိုင်သေးချေ။

ကြာနီဂိုဏ်းတွင် ရွှမ်ယုအဆင့် မြေခွေးအိုကြီးအမြောက်အမြား ရှိနေသည်။ ဤတိုက်ပွဲတွင် စုရီတစ်ဦးတည်းနှင့် အရာရာကို ပြောင်းလဲနိုင်လိမ့်မည်ဟု မမျှော်လင့်ချေ။

အရေးအကြီးဆုံးမှာ တစ်ဖက်လူသည် ရှစ်ချန်၏မိတ်ဆွေဖြစ်ကာ ကျင့်ကြံမှုအဆင့်အရ အနည်းငယ်အားနည်းသေး၏။

ထို့ကြောင့် အန္တရာယ်အတွင်း မဆွဲသွင်းလိုကြခြင်းပေပင်။ တစ်ဖက်တွင် စုရီ၏ ခိုင်မာသောအသွင်ကြောင့် သက်ပြင်းချရုံသာ တက်နိုင်ချေပြီ။

“ သွားရအောင် ... ဒီနေ့ ကြာနီဂိုဏ်းကို ယွီမိသားစုရဲ့ ကျောရိုးဘယ်လောက်မာတယ် ဆိုတာ ငါတို့ပြရမယ်။ ”

***

All Chapters