← Chapters

အခန်း (၁၁၂၁-၁၁၂၅)

Vol. 65 Ch. 1121-1125

အခန်း (၁၁၂၁-၁၁၂၅)

Vol. 65 Ch. 1121-1125

အခန်း(၁၁၂၁)

ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ မိစာ္ဆဧကရာဇ် လူအိုကြီးမန်၊ ဝူရှန်းရွာသူကြီးနှင့် အခြားသောလူများ အားလုံးက ချွီထေပါးနှင့် အခြားသောလူများ အလံနားသို့ မကပ်လာရန် ကြိုးစားနေကြသည်။

ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့၊ ကျစ်ရနှင့် အော့စမန်းတို့အားလုံးကလည်း အင်အားအကုန်သုံးပြီး ပြိုင်ဘက်များကိုကျော်ဖြတ်လျှက် နဂါးကိုးကောင် သွေးဝင်္ကပါကို ဖျက်ဆီးရန်ကြိုးစားနေကြသည်။

အခိုက်အတန့်တစ်ခု ကြာပြီးနောက် သတိပေးချက် အလျဉ်းမရှိလေဘဲ လူတစ်ယောက်က သူတို့၏ အသီးသီးသော ပစ်မှတ်များကို စွန့်ပစ်သွားကြပြီး ပြိုင်ဘက်များထဲမှ လွတ်မြောက်မှုကို ခံယူလိုက်ကြသည်။ ထိုသို့ဖြင့် ထိုလူများက သူတို့၏ အင်အားအကြီးဆုံး တိုက်ကွက်များကို ချန်းချန့်လီ၏ အနောက်ဘက်ရှိ ဝမ်ရန်နှင့် အန်းရှီကာကွယ်စောင့်ရှောက်ရေး စစ်တပ်ထံ တိုက်ခိုက်နိုင်ပြီဖြစ်သည်။

ထိုနှစ်ဖွဲ့သည် သူတို့၏အနောက်ဘက်တွင် စစ်သည်တော်အများကြီးကို မပိုင်ဆိုင်ထားချေ။ ရုတ်တရက် ထိပ်တန်းအဆင့် မဟာဗိုလ်ချုပ်ကြီးလေးယောက်၏ တိုက်ကွက်က သူတို့ကို ကြီးမားသည့် ဆုံးရှုံးမှုကို ခံရစေနိုင်သည်။ ပြင်းထန်သည့် ပေါက်ကွဲသံများနှင့်အတူ ခြေပြတ်လက်ပြတ်များက လေထဲသို့ မြောက်တက်သွားသည်။ ထိုသို့ဖြင့် ဝမ်ရန်နှင့် ချန်းချန့်လီ၏ အနောက်ဘက်တွင် အလောင်းများပုံလာပြီး ဒဏ်ရာရရှိသောလူများ၏ အော်ဟစ်သံများက ထွက်ပေါ်လာသည်။

နှစ်ယောက်၏ လေ့ကျင့်ပေးမှုကို ခံလိုက်ရသော စစ်သားများအားလုံးက အတွေ့အကြုံရှိ လူဟောင်းများဖြစ်ကြသည်။ သို့သော် သူတို့သည်လည်း မဟာဗိုလ်ချုပ်လေးယောက်ကို ရင်ဆိုင်နိုင်သည်ဟု မဆိုလိုချေ။

ထိုသို့ဖြင့် တိုက်ပွဲနယ်မြေတွင် ထူးခြားသည့် မြင်ကွင်းတစ်ရပ်က ပေါ်ထွက်လာသည်။

ဝုန်း

ဝမ်ရန်နှင့် ချန်းချန့်လီတို့၏ အဖွဲ့တွင် ကြောက်မက်ဖွယ်ကောင်းသည့် ဆုံးရှုံးမှုက ကြီးမားသည့် လုပ်ကြံမှုကြီးကို ဖြစ်သွားစေသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ချန်းချန့်လီနှင့် ဝမ်ရန် အနားရှိ အလင်းများက ပျောက်ကွယ်သွားလေပြီး အဆင့်မြင့်ခွဲခြားခြင်း နတ်ဘုရားနှင့် အရှိန်အဟုန်မြင့် နတ်ဘုရားတို့၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးများက ပျောက်ကွယ်သွားကြသည်။ ထိုဝင်္ကပါကြီးနှစ်ခု၏ ကာကွယ်ပေးမှု မရှိတော့သောအခါ ဝမ်ရန်နှင့် ချန်းချန့်လီတို့က ကောင်းကင်ဘုံမှ ပြုတ်ကျလာကြသည်။ သူတို့၏မျက်နှာတွင် အံ့အားသင့်မှုက အထင်းသားပေါ်ထွက်နေပြီး မျက်လုံးပြူးကျယ်နေကြသည်။

ယခုလေးတင် နှစ်ယောက်က သူတို့ဘက်က ဆုံးရှုံးမှုကို စိုးရိမ်နေကြသေးသည်။ သို့သော် တခဏခန့် ကြာပြီးနောက် သူတို့၏ နတ်ဘုရား အဘရာများက ပျောက်ကွယ်သွားကြပြီး သူတို့ကသာ ကြောင်တောင်တောင်ဖြစ်လျှက် သတိလက်လွတ် ကျန်ခဲ့သည်။

“ဝမ်ရန် ပြေး”

ချန်းချန့်လီက ချက်ချင်းဆိုသလို ကျယ်လောင်သည့် ဟိန်းသံကိုထုတ်လွှတ်သည်။ အရာအားလုံးက မြန်ဆန်လွန်းစွာ ဖြစ်သွားခဲ့သည်။ သို့သော် ချန်းချန့်လီကမူ သိပ်မကြာခင် အဖြစ်အပျက်ကို သိလိုက်ပြီး သူတို့အကဲဖြတ်မှု မှားသွားကြောင်း သိလိုက်သည်။ လူတိုင်းကလည်း အာရပ်များ၏ပန်းတိုင်က ဝင်္ကပါဟု ယူဆထားသည့် အချိန်တွင် မည်သူကမှ သူတို့၏ပစ်မှတ်က ဝမ်ရန်နှင့် ချန်းချန့်လီဖြစ်ကြောင်း သတိထားမိကြလိမ့်မည် မဟုတ်ချေ။

ရုတ်တရက် အပြောင်းအလဲက မဟာထန်ကို မဟာဗိုလ်ချုပ်ကြီးနှစ်ယောက်ကို ဆုံးရှုံးသွားစေနိုင်သည်။ ဝမ်ရန်နှင့် ချန်းချန့်လီတို့က အသက်ရှင်နိုင်သော်လည်း အဆင့်မြင့်ခွဲခြားခြင်း နတ်ဘုရားနှင့် အရှိန်အဟုန်မြင့် နတ်ဘုရားတို့က မရှိတော့ပေ။

“အောင်မြင်တယ်”

သာ့လွန်ရော့ကျန်း၏ မျက်ဝန်းက ထက်ရှသောအလင်းဖြင့် လက်သွားရင်း လက်သီးကို စိတ်လှုပ်ရှားစွာ ဆုပ်လိုက်မိသည်။

ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီးက ထွက်ပြေးသွားသော်လည်း အရာအားလုံးက အစီအစဉ်တိုင်း ဖြစ်လာသည်။

ချန်းချန့်လီနှင့် ဝမ်ရန်တို့က မဟာထန်ဘက်မှ အားနည်းချက်များ ဖြစ်ကြသည်။ သာ့လွန်ရော့ကျန်း၏ အကြံအစည်တွင် သူတို့က အရေးပါသောဘက်မှ ပါဝင်လေသည်။ အရေးပါသော နယ်ရုပ်များက မဟာထန်ကို ရှုံးနိမ့်စေပြီး တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်စေသည်။

အချိန်ကြာရှည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်သည့် တိုက်ပွဲအတွင်းတွင် ဝမ်ရန်နှင့် ချန်းချန့်လီတို့ လက်အောက်မှ စစ်သားများက အလွန်အမင်း ဆိုးရွားသောအဆင့်သို့ ထိုးကျသွားသည်။

မဟာထန်၏ နတ်ဘုရားဝင်္ကပါ ဆယ်ခုဟာ လုပ်သားအင်အားပေါင်း များစွာကိုလိုအပ်သည်။ နတ်ဘုရား အဗာရာတစ်ခုကို တည်ဆောက်ရန်အနေနှင့် လူတစ်ယောက်ဟာ စစ်သည်တော် အရေအတွက်ကို အတိုင်းအတာတစ်ခုအထိ အမိန့်ပေးနေရန် လိုအပ်လေသည်။ ထို့နောက် စစ်သည်တော်များ အားလုံး၏ အရေအတွက်က ဆက်တိုက်ထိုးကျသွားခဲ့သော် ထိုနတ်ဘုရားဝင်္ကပါများ အားလုံးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပေလိမ့်မည်။

နောင်တရစရာကောင်းသည်မှာ ဝမ်ရန်နှင့် ချန်းချန့်လီတို့၏ ကြောက်စရာကောင်းသည့် တိုက်ခိုက်နိုင်စွမ်းက ထိုအချက်ကို မေ့သွားစေနိုင်ခြင်းဖြစ်သည်။ ထိုအသေးစိတ် အချက်အလက်က သူတို့၏ အထိမခံနိုင်သော အားနည်းချက်ဖြစ်သွားသည်။

နောက်ထပ်ဖြစ်လာမဲ့အရာက ပိုပြီးအရေးကြီးတယ်။ ဒါတွေအားလုံးက သူတို့ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ် မူတည်သွားပြီ။

အချိန်ကတိုသည်။ သာ့လွန်ရော့ကျန်း၏ မျက်နှာတွင် တင်းမာမှုက ပေါ်ထွက်လာသည်။ ဝမ်ရန်နှင့် ချန်းချန့်လီတို့က မဟာဗိုလ်ချုပ်ကြီးများထံမှ ဖယ်ရှားလိုက်သည့် အခိုက်အတန့်တွင် အာရပ်များဘက်တွင် ကြီးမားသည့်အသာစီး ရရှိထားပြီဖြစ်သည်။ မဟာဗိုလ်ချုပ်ကြီးနှစ်ယောက် အပြတ်အသတ် သာနေမှုက မဟာထန်၏ နဂါးကိုးကောင် သွေးဝင်္ကပါကို အများကြီးခြိမ်းခြောက်နိုင်သည်။

သာ့လွန်ရော့ကျန်းက ထိုသို့သဘောကျနေသည့် အခိုက်အတန့်တွင် မဟာထန်စစ်တပ်ကလည်း အလွန်အမင်း ဆိုးရွားသည့်ဘက်သို့ ရောက်သွားသည်။

“အဖေ”

ဝမ်ချောင်ကအော်လိုက်သည်။ သူ၏မျက်လုံးက နီရဲသွားသည်။

အရာအားလုံးဟာ မြန်ဆန်လွန်းစွာ ဖြစ်သွားခဲ့သည်။ နတ်ဘုရားအဗာရာနှစ်ခု ပျောက်ကွယ်သွားမှုနှင့် မဟာထန်၏ အခြေအနေက ရုတ်တရက် ပြောင်းပြန်အလှန်ခံရသည်။ ဝမ်ချောင်က ခေါင်းလှည့်ပြီး အခြေအနေကို ကြည့်လိုက်သည့် အခိုက်အတန့်တွင် ဟော်ရှု့ဟွေ့ခမ်း တုစုန့်မာန်ဖော်ကျဲ့နှင့် အော့စမန်းတို့က ဝမ်ရန်ကိုပေါင်းပြီး တိုက်ခိုက်နေပြီဖြစ်သည်။

သူ၏အထွတ်အထိပ် အခြေအနေတွင်ပင် ဝမ်ရန်က မဟာဗိုလ်ချုပ်သုံးယောက်၏ ပေါင်းတိုက်ကွက်ကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။ ယခုလိုမျိုး အဗာရာက ပျက်စီးနေသည့် အခိုက်အတန့်မျိုးတွင်ဆိုလျှင် ပို၍ဆိုးသေးသည်။

“လာစမ်း”

ဝမ်ရန်က အဆုံးသတ်ပြီဟု ထင်ရသည်။ သို့သော် ကျော်ကြားသော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး မဟာကလန်ကြီးတစ်ခုမှ ဆက်ခံသူဖြစ်သည့်အလျောက် ဝမ်ရန်က အကြောက်အလန့်မဲ့စွာ ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

အစစ်အမှန် အမျိုးကောင်းသား တစ်ယောက်အနေနဲ့ ဘဝမှာအပျော်ရွှင်ရဆုံးသော အခိုက်အတန့်က ဘာလဲ။ ကြောက်လန့်ရဆုံးသော အခိုက်အတန့်က သေဆုံးမှာတဲ့လား။

ဝမ်ရန်၏မျက်လုံးက ရှင်းလင်းစွာဖြင့်ပင် သူဟာအသေခံရန် ဆုံးဖြတ်ထားပြီးကြောင်း ဖော်ပြနေသည်။

“ဟ”

ဝမ်ရန်က ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် အခိုက်အတန့်တွင် အရိုးများထဲမှ ညဉ်းညူသံလို အသံမျိုးက ဖြစ်လာပြီး မဟာဗိုလ်ချုပ်သုံးယောက်ထံ ခုန်ဝင်သွားလိုက်သည်။

“ဝမ်ရန် မင်းရဲ့အသက်ကိုပေးစမ်း”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်လုံးက ခက်ထန်လာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက သတ်ဖြတ်လိုစိတ်များနှင့် ပေါက်ကွဲသွားသည်။

အနောက်ပိုင်းရှိစစ်ပွဲတွင် နာ့ယိတော်ဝင်တပ်ရင်းမှ စစ်သည်နှစ်သိန်းက ဖုန်ဖြစ်ကာ မြေသားအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ ဟော်ရှု့ဟွေ့ခမ်းအနေဖြင့် ဒီကိစ္စနှင့်ပတ်သတ်ပြီး မပြောခဲ့ဖူးသော်လည်း ဒါဟာ သူ၏နှလုံးသားထဲမှ ပြင်းထန်သည့်နာကျင်မှုဖြစ်ခဲ့သည်။ ယခုအခါ သူဟာ နောက်ဆုံး ထိုစစ်သားများအတွက် ကလဲ့စားချေနိုင်မည်ဖြစ်သည်။

ခြိမ်း

ရွှေရောင်အလင်းက ဖြတ်ကနဲ ဖြတ်သန်းသွားပြီးနောက် ဟော်ရှု့ဟွေ့ခမ်းက ကြီးမားသည့် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးအဖြစ် ပြောင်းလဲသွားသည်။ သူ၏ လက်တစ်ဖက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဝမ်ရန်ကိုလှမ်းထိုးလိုက်သည်။ တစ်ချိန်ထဲတွင်ပင် အော့စမန်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း သူတို့၏ ကိုယ်ပိုင်တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။

လေပြင်းကဟိန်းဟောက်ပြီး မြေသားက ညဉ်းညူသည်။ ကြယ်တာရာစွမ်းအင်များက လေထဲတွင် ဒေါသများနှင့် တောက်လောင်လာကြသည်။

ဝမ်ရန်ကလည်း မဟာဗိုလ်ချုပ်သုံးယောက်၏ တိုက်ကွက်အောက်တွင် သေတော့မည့်အချိန်တွင် တစ်လောကလုံးကို ဖြူဖျော့သွားစေသည့် အင်အားကြီးမားသည့် စိတ်စွမ်းအားလှိုင်း တစ်ရပ်က ပေါ်ထွက်လာသည်။

ချက်ချင်းဆိုသလိုပင် ထိုအားလှိုင်းက ဟော်ရှု့ဟွေ့ခမ်း၏ ခန္ဓာကိုယ်နှင့် ဝင်ဆောင့်တိုက်သွားသည်။ ဟော်ရှု့ဟွေ့ခမ်းသည် ဗုဒ္ဓရုပ်ပွားကိုယ်ထည်ကြီး၏ စွမ်းအားများဖြင့် မွန်းမံပေးခြင်းကို ခံထားရပြီး အင်အားကြီးမားသော မဟာဗိုလ်ချုပ်ကြီးတစ်ယောက်လည်း ဖြစ်နေသေးသည်။ သို့သော် ထိုထိုးနှက်ချက်က သူ၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေပြီး လှုပ်ရှားမှုကို ရပ်ဆိုင်းသွားစေသည်။

တွေးတောရန်မလိုအပ်သည်မှာ ဒါဟာ တောက်ပခြင်းနေမင်းသိုင်းဖြစ်သည်။

ဝမ်ချောင်သည် မာစီကို ရင်ဆိုင်ချိန်တွင် အသုံးပြုခဲ့သည့် အဆင့်မြင့်သိုင်းဖြစ်သည့် နေမင်းဆင့်ခေါ်မှုကို ထုတ်သုံးထားသည်။

မဟာဗိုလ်ချုပ်များအားလုံးသည် သန်မာလှသည့် စိတ်စွမ်းအားစွမ်းအင်များကို သယ်ဆောင်ထားသည်။ စိတ်စွမ်းအားစွမ်းအင် သိုင်းများကိုသာသုံးပြီး သူတို့ကိုရင်ဆိုင်မည်ဆိုလျှင် သက်ရောက်မှုက တစ်ဝက်ခန့်သာရှိနိုင်သည်။ ထိုအတွက်ကြောင့် ဝမ်ချောင်က ယခင်တိုက်ပွဲများတွင် ထိုအကွက်ကို ထုတ်မသုံးခဲ့ချေ။ သို့သော် ယခုလို ဒေါသတကြီးဖြစ်နေသည့် အခိုက်အတန့်မျိုးတွင် ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးက ပုံမှန်မဟုတ်လောက်အောင် ပြင်းထန်သည့် စိတ်စွမ်းအားများနှင့် တောက်လောင်လာသည်။ ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသော လူမျိုးကပင် ထိုစိတ်စွမ်းအား စွမ်းအင်သိုင်းကြောင့် ညဉ်းညူလိုက်ရသည်အထိဖြစ်သည်။

သို့တိုင်အောင် အခြေအနေက ထိုမျှနှင့် အဆုံးမသတ်သေးချေ။ သာမာန်စိတ်စွမ်းအား လုပ်ကြံသတ်ဖြတ်မှုလောက်က ဟော်ရှု့ဟွေ့ခမ်းကို တားလိုက်နိုင်ပြီးသည့် အခိုက်အတန့်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်အတွင်းမှ နောက်ထပ်ကျယ်ပြောသော စိတ်စွမ်းအားစွမ်းအင်များက ပေါက်ကွဲလာသည်။

“မဟာပျက်စီးခြင်းသိုင်း”

အလွန်ကျယ်ပြောသော စွမ်းအင်မုန်တိုင်းတစ်ရပ်က ကောင်းကင်တွင် မြောက်တက်သွားသည်။ နေမင်းနှင့် လမင်းတို့၏ပုံရိပ်များက ဝမ်ချောင်၏ပုခုံး တစ်ဖက်တစ်ချက်စီတွင် ပေါ်လာသည်။

သို့သော် ဝမ်ချောင်၏ မဟာပျက်စီးခြင်းသိုင်းက တိုက်ခိုက်ရန်အတွက် မရည်ရွယ်ထားချေ။ ထိုအစား အဝေးရှိ အော့စမန်း၏ သိုင်းကွက်များ၏ စွမ်းအားကြီးမားသည့် စွမ်းအင်များအားလုံးကို ချိန်ရွယ်ထားသည်။

ဝုန်း

အော့စမန်းက ဝမ်ရန်ထံ လှမ်းနေသည့် အခိုက်အတန့်တွင်မူ မဟာပျက်စီးခြင်းသိုင်းက သူ့ပေါ်စတင်ကာ သက်ရောက်သွားသည်။ သူ၏ခန္ဓာကိုယ်က ဝမ်ချောင်ရှိရာဘက်သို့ အဆွဲခံရရုံသာ မကသေးလေဘဲ သူ၏တိုက်ကွက်ကိုလည်း ဝမ်ချောင်၏သိုင်းက ဆွဲယူလိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

အော့စမန်းက အလွန်ကြောက်လန့်သွားသည်။

အနက်ရောင်သံချပ်ကာဝတ် အစောင့်က ဒဏ်ရာရပြီးနောက်တွင် သူသည် အထွတ်အထိပ် အခြေအနေတွင် မရှိတော့ချေ။ ထို့ကြောင့် မဟာဗိုလ်ချုပ်ကြီးအဆင့်တွင်ပင် မရှိချေ။ တိုက်ပွဲ၏ အရေးပါမှုကြောင့်သာ မဟုတ်လျှင် သူဟာ ကွင်းပြင်အတွင်းသို့ ဝင်ရောက်လာလိမ့်မည် မဟုတ်ချေ။

ဝမ်ချောင်၏ မဟာပျက်စီးခြင်းသိုင်းသည် အလွန်အမင်း စွမ်းအားကြီးမားလွန်းသည်။ ဝမ်ချောင်က စွမ်းအင်၏ မူလဇစ်မြစ်ကို နားလည်သဘောပေါက်ထားနိုင်ပြီးကတည်းက မဟာပျက်စီးခြင်းသိုင်းဟာ ကြောက်မက်ဖွယ်ကောင်းလောက်သည့် စွမ်းအားအဆင့်သို့ ရောက်ရှိသွားသည်။

ခြိမ်း

အော့စမန်းက တွေးတောရန်အချိန်မရှိသေးခင် ဝမ်ချောင်ရှိရာဘက်သို့ အဆွဲခံလိုက်ရသည်။ သူတို့၏လက်ဝါးက ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။

ဒါဟာ ရေလွှမ်းမိုးမှုကို တားထားသည့် ဂိတ်တစ်ခုကို အဖွင့်ခံလိုက်ရသလိုမျိုး အော့စမန်း၏ စွမ်းအင်များအားလုံးက ဝမ်ချောင်၏ကိုယ်အတွင်းတွင် ရူးသွပ်စွာ စတင်စီးဝင်သွားသည်။

ဒေါသထွက်နေသော ဝမ်ချောင်ဟာ စွမ်းအင်ကို ချင့်ချိန်မသုံးစွဲနိုင်တော့ချေ။ ထို့ကြောင့် တစ်ချက်တိုက်ခိုက်လိုက်ရုံနှင့် အော့စမန်းက ချက်ချင်းဆိုသလိုပင် ပို၍ထိခိုက် နာကျင်သွားရပြီး သူ၏စွမ်းအင်က ငါးပုံတစ်ပုံခန့်အထိ အစုပ်ခံလိုက်ရသည်။ ထိုအခြေအနေက အော့စမန်း မျှော်လင့်ထားနိုင်သမျှကို ကျော်လွန်နေပြီဖြစ်သည်။

ပုဇွန်တစ်ကောင်၏အနားတွင် ကြီးမားသည့် နဂါးတစ်ကောင်၏အရိပ်ကြီး ပေါ်နေသော ရေပြင်ကျယ်ကို မြင်နေရသလို မြေပြန့်ပေါ်တွင် ကျားတစ်ကောင်ကို ခွေးများက အနိုင်ကျင့်နေသလိုဖြစ်သည်။ အော့စမန်းသည် အထွတ်အထိပ် အခြေအနေတွင်သာဆိုလျှင် ယခုလိုတစ်ချက် တိုက်ခိုက်ရုံနှင့် စွမ်းအင်အများကြီး အစုပ်ခံရလိမ့်မည်မဟုတ်ချေ။ သို့သော် သူ၏လက်ရှိ အခြေအနေကြောင့် အော့စမန်းက ဝမ်ချောင်ကိုမယှဉ်နိုင်ချေ။

ထိုအရာသာမကသေးချေ။ အော့စမန်းသည် ပို၍မှင်သက်ဖွယ်ကောင်းသော အချက်တစ်ချက်ကို တွေ့လိုက်ရသည်။ ဝမ်ချောင်က မဟာပျက်စီးခြင်းသိုင်းကိုသုံးပြီး အော့စမန်းကို ဆွဲထားသည့် အခိုက်အတန့်တွင် တုစုန့်မာန်ဖော်ကျဲ့ထံလည်း ချီတက်သွားသေးသည်။

“သောက်ကျိုးနည်း မျိုးမစစ်ကောင်”

အော့စမန်းက ဒေါသထွက်သလို ကြောက်လန့်နေမိသည်။ သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည်။ ယခုအခါ စွမ်းအင်အချို့ကို ဝမ်ချောင်ကစုပ်သွားသေးသည်။ သူကသာ ဝမ်ချောင်ကြောင့် တရွတ်တိုက်အဆွဲခံရပြီး တုစုန့်မာန်ဖော်ကျဲ့၏ တိုက်ကွက်အောက်တွင် အတားခံရန် အကာအကွယ် တစ်ခုအဖြစ် အသုံးခံရသော် ရလဒ်က မျှော်လင့်ကြည့်ရန် အလွန်လွယ်သည်။ အဆိုးရွားဆုံး အခြေအနေတွင် ဒါဟာ သူ၏နောက်ဆုံးသော အသက်ရှင်ရာနေရာ ဖြစ်သွားပေလိမ့်မည်။

ဘန်း

ရုတ်တရက် အော့စမန်း၏ ကိုယ်အတွင်းမှ သွေးမြူတစ်ရပ်က ပေါ်ထွက်လာပြီး ဝမ်ချောင်၏ ဆွဲကိုင်ထားမှုမှ လွတ်ထွက်အောင်ရုန်းသည်။

သူဟာဝမ်ချောင်၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည့် အခိုက်အတန့်တွင် လေလွင့်ခွေးတစ်ကောင်လိုမျိုး သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲလျှက် ထွက်ပြေးသည်။ ထိုအခိုက်အတန့်တွင် သူ၏ကိုယ်ထဲမှ စွမ်းအင်များက လျှင်မြန်စွာ အားနည်းလာသည်။

ဓာကာရာဗာရဲ့ ပျံသန်းမှု

ဒါဟာ မိစာ္ဆနတ်ဆိုး ဓာကာရာဇာ၏ အဆင့်မြင့်သိုင်းဖြစ်သည်။ ထိုနတ်ဆိုးသည် မိစာ္ဆနတ်ဆိုးတိုင် (၇၂)တိုင်ထဲမှ (၆၉)တိုင်မြောက်ဖြစ်သည်။

အဆင့်(၆၉)တွင် ရှိနေသောကြောင့် ဓာကာရာဗာက အရေးကြီးဆုံး မိစာ္ဆနတ်ဆိုးများထဲမှ မဟုတ်ကြောင်း မြင်နိုင်သော်လည်း ထွက်ပြေးလွတ်မြောက်ရာတွင်မူ သူဟာ အလွန်ကျွမ်းကျင်လေသည်။

ဓာကာရာဗာထက် အဆင့်အများကြီးမြင့်သော မိစာ္ဆနတ်ဆိုးများကပင် နက်ရှိုင်းသော ပင်လယ်အတွင်းတွင် ချိတ်ပိတ်ခံလိုက်ရသည့် အခိုက်အတန့်တွင် ဓာကာရာဗာက ထွက်ပြေးရန် အချိန်အရယူနိုင်ခဲ့သေးသည်။

အဆုံးသတ်တွင် ချိတ်ပိတ်ခံလိုက်ရသော မိစာ္ဆနတ်ဆိုးပေါင်း များစွာကြောင့် နတ်ဘုရားနှင့် နတ်သားပေါင်းများစွာက သူတို့၏စွမ်းအင်များကို ပြန်လည်စုပ်ယူနိုင်ခဲ့လေပြီ။ ဓာကာရာဗာကို ထိန်းထားလျှက် ချိတ်ပိတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဓာကာရာဗာ၏ ထွက်ပြေးနိုင်သော စွမ်းရည်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိန်ိုုင်သည်။

အော့စမန်းသည် ဓာကာရာဇာ၏ ပျံသန်းသည့်သိုင်းကို အင်အားအများကြီးသုံးပြီးမှ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ထိုသိုင်းကိုထုတ်သုံးရန်အတွက် တန်ကြေးကြီးစားစွာ ပေးဆပ်ရန် လိုအပ်သည်။ ထို့ကြောင့် အော့စမန်းကလည်း တိုတောင်းသော ကာလအတောအတွင်း နှစ်ကြိမ်သာသုံးနိုင်သည်။ ထို့ကြောင့် သူကဲ့သို့ အင်အားကြီးမားသော တစ်စုံတစ်ယောက်ကပင် ထပ်ခါတလဲလဲသုံးလျှင် ဒဏ်ရာရသွားနိုင်သေးသည်။

သို့သော် ထိုအခြေအနေက တုစုန့်မာန်ဖော်ကျဲ့၏ တိုက်ကွက် တစ်ကွက်ကြောင့် အရိုက်ခံရခြင်းနှင့်ယှဉ်လျှင် ပြောပလောက်ခြင်းမရှိသေးချေ။

ဝမ်ချောင်က ဖြတ်ပြေးသွားသော အော့စမန်းကို တစ်ချက်ပင်မကြည့်ချေ။ တုစုန့်မာန်ဖော်ကျဲ့က ဝမ်ရန်ကို တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် ဝမ်ချောင်က သူတို့နှစ်ယောက်ကြားသို့ ဝင်ရပ်လိုက်ပြီး သူ၏ ကျောကိုသုံးလျှက် တုစုန့်မာန်ဖော်ကျဲ့၏ တိုက်ကွက်ကိုခံယူရင်း အဖေဖြစ်သူကို ကာကွယ်လိုက်သည်။

အရာအားလုံးဟာ စက္ကန့်ပိုင်းအတွင်း ဖြစ်သွားသည်။ မည်သူကမှ မတုန့်ပြန်နိုင်ခင် တုစုန့်မာန်ဖော်ကျဲ့၏ တိုက်ကွက်က ဝမ်ချောင်၏ကျောပေါ် ကျသွားပြီဖြစ်သည်။

အခန်း(၁၁၂၂)

ခြိမ်း

ဝမ်ချောင်နှင့် ဝမ်ရန်တို့က တကွဲတပြားစီ လွင့်ထွက်သွားသည့်အချိန်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။

ခလွက်

ဝမ်ချောင်က ပေတစ်ရာကျော်ခန့်အကွာသို့ ပြုတ်ကျသည်။ ထိုအခါ ပတ်ဝန်းကျင်ရှိ အုတ်ကျိုးအုတ်ပဲ့များက ထက်ရှသော ဓားများအလား လေပေါ်သို့ မြောက်တက်သွားသည်။ ထိုနေရာရှိ မြေပြင်က ကြီးမားသည့် တွင်းကြီးအလား ပြောင်းလဲသွားလေသည်။

အခြားတစ်ဖက်ခြမ်းတွင် ဝမ်ချောင်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသည်။

ခွက် ခွက် ခွက်

သူကခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ မျက်နှာက အလွန်အမင်း ဖြူဖျော့သွားသည်။

“ချောင်အာ”

ဝမ်ရန်၏ ရင်ခွဲနာကျသလိုအော်သံက ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် သူဟာ ဝမ်ချောင်ပြုတ်ကျလာသည့် နေရာသို့ လှမ်းကြည့်သည်။ သူ၏အသံက ဩရှနေသည်။

“ဝမ်ချောင်”

အဝေးမှ ချန်းချန့်လီက မြင်လိုက်ရသော မြင်ကွင်းကြောင့် တုန်ယင်သွားသည်။ သူ၏မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားသည်။

ရန်သူများ၏အကြံက ချိတ်ဆက်နေသည်။ သူတို့က သူနှင့်ဝမ်ရန်ကို ဒုက္ခိတဖြစ်အောင်လုပ်သည်။ ထို့နောက် ဝမ်ချောင်၏အဖေကို ဦးစွာပစ်မှတ်ထားလိုက်သည်။ သူတို့သည်လည်း ဝမ်ရန်နှင့် ဝမ်ချောင်၏ ဆက်ဆံမှုကိုသိထားသည်။ ထို့ကြောင့် ဝမ်ချောင်၏စိတ်ကို ထိခိုက်အောင်လုပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်လေသည်။ အခြေအနေ တစ်ခုလုံးက အနုစိတ်တွက်ချက်ထားသည်။ စက္ကန့်အနည်းငယ်တည်းနှင့် မဟာထန်က ဆိုးရွားသော အခြေအနေသို့ ရောက်သွားသည်။

“ဟွန်း သူ့ကိုစိုးရိမ်တာထက် ကိုယ့်လုံခြုံမှုကို အရင်တွေးသင့်တယ်”

ချန်းချန့်လီ၏ နားအတွင်း အေးစက်သောအသံက ထွက်လာသည်။ ရုတ်တရက် သမုဒ္ဒရာအတွင်းမှ ကြီးမားသော သတ္ထုလက်စွပ်ကြီးတစ်ကွင်းက သူ့ထံရောက်ရှိလာပြီး ဖျက်ဆီးခြင်းစွမ်းအားအပြည့်နှင့် ချဉ်းကပ်လာသည်။

“အား”

ချန်းချန့်လီက ကောင်းကင်ပေါ်မှ တွန်းချခံရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအခိုက်အတန့်တွင် သူဟာအသားကုန် ကုန်းအော်လေသည်။

တစ်ချက်တည်းနှင့် ချန်းချန့်လီက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်။ သူသည် ဝင်္ကပါကို မထောက်ပံ့နိုင်တော့ချေ။ ထို့ကြောင့် ချန်းချန့်လီက ကျစ်ရကိုပင် ရင်မဆိုင်နိုင်တော့သည့် ရိုးရှင်းသော နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်သာ ဖြစ်သွားသည်။

သို့သော် အောင်မြင်သွားပြီးနောက် ကျစ်ရကလည်း ဆက်လက်ပြီး မတိုက်ခိုက်ချေ။ သူဟာ ချန်းချန့်လီကို မမြင်ခဲ့ဖူးသလိုသာ ပြုမူဆက်ဆံလေသည်။

တခဏခန့်ကြာပြီးနောက် သူ၏ခန္ဓာကိုယ်က နဂါးကိုးကောင် သွေးစစ်အလံထံ ခုန်ဝင်သွားသည်။

“သတိထား”

“အလံကိုကာကွယ်”

“အားလုံးပဲ အတူပေါင်းပြီး တားကြစမ်း”

ပထမခုခံရေးအားလှိုင်းပေါ်ရှိ တင်းအားက ပြင်းထန်လာသည်။ ကျစ်ရ၏ လှုပ်ရှားမှုများက ကျယ်လောင်ကာ ရှင်းလင်းပြတ်သားသည်။ သူတို့အားလုံးက ဝမ်ရန်နှင့် ချန်းချန့်လီကို အစပိုင်းတွင် ချိန်ရွယ်ထားခဲ့ကြသည်။ ဒါကအလံကိုတိုက်ခိုက်ရန်အတွက်ဖြစ်သည်။

မဟာထန်သည် စစ်သားများ လိုအပ်ချက် ရှိနေပြီးသားဖြစ်သည်။ ယခုအခါ ဝမ်ရန်နှင့် ချန်းချန့်လီတို့က ဒဏ်ရာရသွားသည်။ နဂါးကိုးကောင် စစ်အလံကသာ ဖျက်ဆီးခံလိုက်ရလျှင် ထန်ဘက်က သေချာပေါက် ရှုံးပေလိမ့်မည်။

“အားလုံးကိုသတ်”

ကျစ်ရက ခုန်တက်သွားသည့်အချိန်တွင် အားပါး၊ ဟော်ရှု့ဟွေ့ခမ်းတို့က ပြိုင်ဘက်များကို ခါချလိုက်သည်။ တုစုန့်မာန်ဖော်ကျဲ့ကလည်း ချက်ချင်းဆိုသလိုပင် အလံထံခုန်ဝင်လာလေသည်။

မဟာဗိုလ်ချုပ်ကြီး လေးယောက်က တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ လေထုက တင်းကြပ်မှုများနှင့် ပြည့်နှက်လာသည်။

နဂါးကိုးကောင် သွေးစစ်အလံက အင်အားကြီးမားပြီး မဟာဗိုလ်ချုပ်အဆင့် သံချပ်ကာဝတ် အစောင့်က စောင့်ကြပ်ကာကွယ်ပေးထားသော်လည်း အခြေအနေ၏ အန္တရာယ်များမှုက အော့စမန်းတစ်ယောက်တည်းကို ရင်ဆိုင်ရချိန်ထက် အစပေါင်းများစွာ အလေးသာနေသေးသည်။

မဟာဗိုလ်ချုပ်ကြီးလေးယောက်ကို အထင်သေး၍မရချေ။ အနက်ရောင်သံချပ်ကာဝတ် အစောင့်က ထိန်းနိုင်ခြင်းရှိမရှိ မည်သူကမှ မသိနိုင်ချေ။ သို့သော် အလံကသာ ဖျက်ဆီးခံရမည်ဆိုလျှင် တိုက်ပွဲနယ်မြေကြီး တစ်ခုလုံးက အခြေအနေ ပြောင်းသွားပေလိမ့်မည်။

ဝုန်း

အန္တရာယ်ကို အာရုံခံမိသလိုမျိုး အနက်ရောင်သံချပ်ကာဝတ် အစောင့်က အလံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ အမူအရာက တင်းမာလာသည်။

ဝေါင်း

တစ္ဆေသရဲ ထောင်ပေါင်းများစွာ၏ ငိုညဉ်းသံလိုမျိုး စူးရှသော အသံတစ်သံက ထွက်လာသည်။ ပထမဦးဆုံး တိုက်ခိုက်လိုက်သူမှာ ကျစ်ရမဟုတ်ဘဲ ဝမ်ချောင်၏မူရင်းပြိုင်ဘက် အားပါးဖြစ်သည်။

သူက ဝမ်ချောင်ကို ဆက်လက်ပြီး ဒဏ်ရာရအောင်မလုပ်ချေ။ ထိုအစား နဂါးကိုးကောင် သွေးစစ်အလံထံ ခုန်ဝင်လာသည်။

အသေးစားပေါက်ကွဲမှု ဖြစ်ပျက်ပြီးနောက် လေဟာနယ်အတွင်းမှ ကြီးမားသည့် အနက်ရောင် အရိုးခြောက်ကြီးတစ်ခုက ပေါ်ထွက်လာပြီး အနီးစပ်ဆုံး နတ်အကျဉ်းထောင်စစ်တပ်ထံ ဝင်ရောက်သွားသည်။

အားပါး၏ အင်အားအပြည့် တိုက်ကွက်အောက်တွင် ထိပ်တန်းအဆင့် စစ်တပ်ကလည်း တောင့်ခံနိုင်မည်မဟုတ်ချေ။

ထိုသို့ဖြင့် နတ်အကျဉ်းထောင်စစ်တပ်မှ စစ်သည်ထောင်ပေါင်းများစွာက ပြင်းထန်သည့် ဆုံးရှုံးမှုကို ခံရတော့မည့် အခိုက်အတန့်တွင် ...

ဝုန်း

အင်အားကြီးမားသော အဖြူရောင် စွမ်းအင်အလင်းတန်းက ပေါ်ထွက်လာသည်။ ထိုစွမ်းအင်များက သံမဏိလို မာကြောလေပြီး ဆေဘာကဲ့သို့ ထက်ရှသည်။ ရုတ်တရက် ထောင့်တစ်ခုမှ ခုန်ထွက်လာကာ ထိုအနက်ရောင်အရိုးခြောက်ကြီးကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်လိုက်သည်။ ကျန်သော စွမ်းအင်များက ဆက်လက်ပြီး တိုးဝင်သွားလျှက် အားပါးကို ထိမှန်ပြီး နောက်သို့တွန်းထုတ်လိုက်သည်။ မည်သို့ပင်ဆိုစေ မာမဲ့လုများ၏ ကျော်ကြားသော ဗိုလ်ချုပ်ကြီးကလည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

အားပါး၏မျက်နှာက တင်းမာသွားသည်။

“မျက်လုံးပြာနဲ့ကောင် မင်းက ရမ်းကားလိုက်တာ”

ဝူရှန်းရွာသူကြီး၏ ဒေါသတကြီး ထွက်လာသောအသံက သူ၏နားအတွင်းတွင် ဟိန်းထွက်လာသည်။ အန္တရာယ်များသော အခိုက်အတန့်တွင် ဝူရှန်းရွာသူကြီးက ချက်ချင်းဆိုသလို တုန့်ပြန်လာသည်။ သူက အားပါးကို နောက်သို့တွန်းထုတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် လက်ကိုယမ်းချလိုက်ကာ အင်အားကြီးမားသည့် စွမ်းအင်များကို ကြီးမားသည့် အပြာရောင် လက်တစ်ဖက်အဖြစ် ပြောင်းလဲလျှက် လေထဲတွင် ဟိန်းဟောက်သံကိုထုတ်လွှတ်လေသည်။

ဘန်း

ဟော်ရှု့ဟွေ့ခမ်းက အလံနားသို့ ချဉ်းကပ်ကာစဖြစ်သည်။ သို့သော်သူက ဝူရှန်းရွာသူကြီး၏ လက်ဝါးအောက်တွင် လွင့်ထွက်သွားရသည်။ သူ၏ကြီးမားသည့် ဗာဂျရာ ဗုဒ္ဓရုပ်ပွားတော်ကြီးက ပုံမှန်အားဖြင့် သံမဏိကဲ့သို့ မာကြောပြီး သိပ်သည်းမှုအပြည့် ရှိသော်လည်း ဝူရှန်းရွာသူကြီး၏ လက်ဝါးချက်အောက်တွင်မူ ကွဲအက်ရာများဖြင့် ပြည့်နှက်လာလေသည်။

အလန့်တကြားဖြစ်သွားသော ဟော်ရှု့ဟွေ့ခမ်းက နောက်သို့ဆုတ်လိုက်ပြီး ရှေ့သို့မတက်ရဲတော့ချေ။

တစ်ချက်တည်းနှင့် ဝူရှန်းရွာသူကြီးက မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ပြီး နောက်တစ်ယောက်ကို တွန်းထုတ်လိုက်နိုင်သည်။

သို့သော် နှစ်ယောက်လုံးက ဒဏ်ရာရသွားသည့်တိုင်အောင် ဝူရှန်းရွာသူကြီးကို အောင်မြင်စွာ ထိန်းထားလိုက်နိုင်သည်။

“မြန်မြန်”

အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က နောက်ဆုတ်သွားသည့် အခိုက်အတန့်တွင် ကျစ်ရက အလျှင်အမြန် ချီတက်သည်။

အခွင့်အရေးက တစ်ကြိမ်သာရှိနိုင်သည်။ ဒါဟာ စက္ကန့်အနည်းငယ်အတွက်သာ အချိန်ရသည်။ သာ့လွန်ရော့ကျန်းက မနေ့ညက သေချာတွက်ချက်ခဲ့ပြီး အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြထားပြီးသားဖြစ်သည်။ အာရေးဗီးယားက ရှုံး၍မရချေ။ အနည်းဆုံး ဒီအခြေအနေမျိုးတွင်ဖြစ်သည်။

“ငါ့အတွက်သေစမ်း”

ကျစ်ရ၏မျက်နှာက တင်းမာသွားပြီးနောက် သူဟာ ကြီးမားသည့် အပြာရောင် သတ္ထုစက်ကွင်းကြီးကို ခေါင်းပေါ်မှကျော်လျှက် ပစ်လွှတ်လိုက်သည်။ ထိုစက်ကွင်းကြီးက တဆတ်ဆတ် တုန်ခါလာပြီး ဆက်တိုက် လည်ပတ်သည်။ ထိုအချိန်တွင်သူက အရှေ့ဘက်ရှိ ဟိန်းဟောက်ခြင်းကျားစစ်တပ်ကို တိုက်ခိုက်လိုက်ပြီဖြစ်သည်။

သမုဒ္ဒရာလက်စွပ်

ကျစ်ရက ရှေးဟောင်းအာရေးဗီးယား လက်နက်ကြီးတစ်ခုကို ပစ်လွှတ်လိုက်ပြီးနောက် လေထဲတွင် ကြီးမားသည့် စက်ကွင်းကြီးက ပေါ်ထွက်လာကာ မုန်တိုင်းတစ်ခုလိုမျိုး ပြင်းထန်သည့် စွမ်းအင်များကို ထုတ်လွှတ်လေသည်။ ထွက်လာသည့်အသံနှင့် အမျက်ဒေါသက ဆူနာရီမုန်တိုင်းအလား ထင်ရသည်။

သမုဒ္ဒရာလက်စွပ် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အပြာရောင်စွမ်းအင်လှိုင်းများက ထွက်ပေါ်လာသည်။ ထိုစွမ်းအင်လှိုင်းများက ပေတစ်ရာကျော်မြင့်သော အားလှိုင်းလုံးကြီးများ ဖြစ်လေပြီး ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် နဂါးတပ်ရင်းစစ်တပ်တို့ထံ ဝင်ရောက်သွားလေသည်။

လက်စွပ်ကွင်း၏ စွမ်းအားက မထိတွေ့ခင်ကတည်းက ထိပ်တန်းအဆင့် စစ်သားများအားလုံးကို ပြင်းထန်သည့် ဖိအားကို ခံစားရစေပြီး အလန့်တကြား နောက်ဆုတ်မိစေသည်။

“သတိထား”

“အားလုံးပဲ အတူစုစည်းပြီး ပေါင်းပြီးရင်ဆိုင်ကြ”

လူတိုင်းက အထိတ်တလန့်ဖြစ်နေကြသည်။ သူတို့သည် တိုက်ပွဲနယ်မြေတွင် ပြိုင်ဘက်ကင်းနေကြသော်လည်း အာရေးဗီးယား ဖွင့်ဟခြင်းစစ်တပ်ကို ရင်ဆိုင်နိုင်ခဲ့သည့်တိုင်အောင် ကျစ်ရ၏လက်နက်က သူတို့ကို ကူကယ်ရာမဲ့စေသေးသည်။

ထိုလက်စွပ်က မဟာထန်၏ ထိပ်တန်းအဆင့် စစ်သည်များကို ထိပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဆုံးရှုံးမှုကို ဖြစ်စေတော့မည့် အခိုက်အတန့်တွင်

ဘန်း

ထောင့်တစ်ခုမှ ပြင်းထန်သည့် စွဲစုပ်အားတစ်ရပ်က ပေါ်ထွက်လာလေပြီး မရပ်တန့်နိုင်သည့် သမုဒ္ဒရာစက်ကွင်းအား တုန်ခါသွားစေလျှက် ဟိန်းဟောက်ခြင်းကျားစစ်တပ်နှင့် လွဲချော်သွားစေသည်။

“အား”

ပြန်လည်တုန့်ပြန်လိုက်သလိုမျိုး ကျယ်လောင်သည့် အော်ဟစ်သံများနှင့်အတူ မရေမတွက်နိုင်သည့် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက သေဆုံးသွားသည်။ သူတို့၏ ခြေပြတ်လက်ပြတ်များ၊ သွေးများက မြေပြင်တွင် စိုရွှဲသွားသည်။

“မျိုးမစစ်”

ထိုအပြောင်းအလဲက ကျစ်ရကို မှင်သက်သွားစေသည်။ သို့သော် သူ၏နှလုံးသားထဲတွင် ဒေါသမီးတောက်က တောက်လောင်လာသည်။

ကျစ်ရက ဆွဲစုပ်အားဖြစ်လာသည့်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ငယ်ရွယ်ပြီး ရင်းနှီးသည့်ပုံရိပ်ကို မြင်လိုက်ရသည်။

ဘန်း

ကျစ်ရက မတုန့်ပြန်နိုင်သေးခင် သွေးများစိုရွှဲနေသည့် ဝမ်ချောင်က လေထုကိုကျော်ဖြတ်လျှက် သူ့ထံခုန်အုပ်လာသည်။ အလင်းတန်းက တစ်ချက်ဖြတ်ပြေးသွားသည့် အခိုက်အတန့်တွင် ဝမ်ချောင်ဟာ အလွန်အမင်း အံ့အားသင့်နေပြီး စွံ့အနေသော ကျစ်ရကို ထောင့်တစ်ခုသို့ လွင့်ထွက်သွားအောင် ကန်ထုတ်လိုက်သည်။

“သေစမ်း”

ကျစ်ရက ကျိန်ဆဲသည်။ သို့သော်သူက ဘာမှမလုပ်နိုင်သေးခင် ဆွဲစုပ်အားတစ်ရပ်က သူ့ကို ဝမ်ချောင်၏ကိုယ်ထဲသု့ိ ပြန်လည်ဆွဲစုပ်ယူပြန်သည်။ ကျစ်ရ၏မျက်နှာက ပြောင်းလဲသွားသည်။ ထို့နောက်သူက စိတ်ကိုအာရုံစိုက်လိုက်ပြီး ဆွဲစုပ်အားကိုရင်ဆိုင်သည်။

ကံကြမ္မာတိုက်ပွဲဝင် သံချပ်ကာ၏ ကာကွယ်ပေးမှုကြောင့် ဝမ်ချောင်က ထင်ရသလောက် ဒဏ်ရာမရထားချေ။ ချွီထေပါး၏ တိုက်ကွက်ကပင် သူ့ကိုမသတ်နိုင်လေရာ တုစုန့်မာန်ဖော်ကျဲ့လောက်၏ တိုက်ကွက်က ပြောရန်ပင်မလိုအပ်ချေ။

အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်က မူလစွမ်းအင်ကို နားလည်သဘောပေါက်ထားပြီးချိန်ကတည်းက သူက သိုင်းတိုင်းကို ထိုစည်းမျဉ်းများ၊ အခြေခံသဘောတရားများနှင့် ပေါင်းစပ်ကာ သုံးလေ့ရှိလေရာ တိုက်ကွက် တစ်ကွက်ချင်းစီတိုင်းက အင်အားကြီးမားလွန်းသည်။

ကျစ်ရသည် အာရေးဗီးယား မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး အရှေ့ပိုင်း၏ လက်ထောက်တစ်ယောက် ဖြစ်သည်။ သူ၏ စွမ်းအင်များက အလွန်အမင်း ခိုင်မာပြီး သိပ်သည်းစွာ တည်ရှိနေသည်။ သို့သော် သူကပင် ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ဆွဲစုပ်သည့်ဒဏ်ကို မတားနိုင်ချေ။

ဝုန်း

ကျစ်ရထံမှ စွမ်းအင်များကို ရယူသောကြောင့် ဝမ်ချောင်၏ဒဏ်ရာများက လျှင်မြန်စွာ သက်သာလာသည်။ သူ၏ခွန်အားက စတင်ပြီးမြင့်လာသည်။

“ကျစ်ရ လာ”

ဘုန်း

ဝမ်ချောင်က ကျစ်ရကို ခပ်ကြမ်းကြမ်း လက်သီးဖြင့်ထိုးလိုက်ပြီး တိုက်ပွဲကို ချောမွေ့စွာစတင်သည်။

အားပါး၊ ဟော်ရှု့ဟွေ့ခမ်း၊ ကျစ်ရတို့ မရှိတော့သောအခါ တုစုန့်မာန်ဖော်ကျဲ့ တစ်ယောက်လောက်ကသာ တိုက်ခိုက်နိုင်သည်။

ဘုန်း

တုစုန့်မာန်ဖော်ကျဲ့က ရုတ်တရက် တိုက်ခိုက်လိုက်သည်။ ထိုသို့ဖြင့် ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို ရှေ့သို့ ထိုးထွက်ဝင်ရောက်သွားစေသည်။ သို့သော် သူ၏ဦးတည်ရာက အနက်ရောင်သံချပ်ကာဝတ် အစောင့်မဟုတ်လေဘဲ ထုံလော့မြင်းတပ်နှင့် ရွှမ်ဝူမြင်းတပ်တို့ဖြစ်သည်။

“အား”

ထုံလော့မြင်းတပ်နှင့် ရွှမ်ဝူမြင်းတပ်မှ စစ်သည်တော်များက လေထဲသို့မြောက်တက်သွားသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ချီစက်ကွင်းများက လေတိုက်ခတ်နေသည့် နေရာတွင် ရှိနေသည့် ဖယောင်းတိုင်များကဲ့သို့ မှိတ်တုတ်မှိတ်တုတ် လင်းလက်လာပြီး ပျောက်ကွယ်သွားကြသည်။ ထုံလော့မြင်းတပ်ကဲ့သို့ အင်အားကြီးမားသော စစ်သားများကပင် တုစုန့်မာန်ဖော်ကျဲ့ကို ရင်မဆိုင်နိုင်ချေ။

“ဟွန်း”

နဂါးကိုးကောင် သွေးစစ်အလံအောက်မှ အနက်ရောင်သံချပ်ကာဝတ် အစောင့်၏မျက်လုံးက အေးစက်သွားသည်။ အော့စမန်း၏ နမူနာရှိနေပြီးသောကြောင့် တုစုန့်မာန်ဖော်ကျဲ့က အကြံပြောင်းသွားပုံပေါ်သည်။ သူက ဝင်္ကပါ၏ အစွန်ဆုံးနေရာတွင်ရှိနေသည့် လက်ရွေးစင်စစ်သားများကို ဖယ်ရှားရင်း ကြွယ်ဝသည့်နည်းလမ်းဖြင့် မဟာထန်၏ အင်အားအကြီးဆုံး ဝင်္ကပါကို ဖျက်ဆီးချင်ပုံရသည်။

အခန်း(၁၁၂၃)

နဂါးကိုးကောင် သွေးဝင်္ကပါကို ဖျက်ဆီးရသောကိစ္စက လွယ်ကူသော တာဝန်မဟုတ်ချေ။ မဟာဗိုလ်ချုပ် တစ်ယောက်အတွက်ပင် မလွယ်ချေ။

ဘန်း

အနက်ရောင်သံချပ်ကာဝတ် အစောင့်က ရှေ့သို့ခြေနှစ်လှမ်းတိုးပြီး ဖနောင့်ပေါက်လိုက်သည်။ ထိုအခါ ချက်ချင်းဆိုသလိုပင် ကျည်ဆံတစ်ခုလိုမျိုး လေထဲသို့ ခုန်တက်သွားလေပြီး တုစုန့်မာန်ဖော်ကျဲ့ထံ ခုန်အုပ်လိုက်သည်။

တုစုန့်မာန်ဖော်ကျဲ့က မတုန့်ပြန်နိုင်သေးခင် အနက်ရောင်သံချပ်ကာဝတ် အစောင့်က သူ၏အရှေ့သို့ ရောက်လာသည်။ သံမဏိလက်သီးကြီးတစ်လုံးက လျှင်မြန်စွာဖြင့် ကြီးမားလာပြီးနောက်တွင် သူ၏ရင်ဘက်အတွင်းသို့ စိုက်ဝင်သွားသည်။

ထိုလက်သီးချက်က မြောက်များလွန်းသော အလေးချိန်ကို သယ်ဆောင်ထားလေရာ တုစုန့်မာန်ဖော်ကျဲ့ကို လေထဲသို့ လွင့်ထွက်သွားစေလေသည်။

သူ့ကိုအမြှောက်ကြီးထဲသို့ထည့်ကာ ပစ်လွှတ်လိုက်သလိုမျိုး တုစုန့်မာန်ဖော်ကျဲ့က ပေထောင်ပေါင်းများစွာ ကျော်သည်အထိ လွင့်ထွက်သွားပြီး မြေပြင်အနက်ရှိုင်းဆုံးအပိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ ဖုန်တိမ်စိုင်လုံးကြီးကို လိမ့်တက်သွားစေသည်။

ထိုအခိုက်အတန့်တွင် မဟာထန်သည် အာရပ်၊ တိဗက်နှင့် တူရကီများပေါင်းလာပြီး ချောင်းတိုက်ခိုက်သည့် အခိုက်အတန့်ကို ကျော်လွန်လိုက်နိုင်သည်။ မဟာဗိုလ်ချုပ်ကြီးအဆင့် လေးယောက်၏ လုပ်ကြံသတ်ဖြတ်မှုက ပြိုလဲကျသွားသည်။ ထိုသို့ဖြင့် တောင်ပေါ်ဒေသမှ သိန်းငှက် တုစုန့်မာန်ဖော်ကျဲ့က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။

ဘန်း

ထိုအခိုက်အတန့်တွင် ပြင်းထန်လွန်းသော တိုက်ပွဲနယ်မြေကြီးက အောင်ပွဲခံသံများဖြင့် ပြည့်နှက်သွားသည်။ ထန်စစ်သားများက ကျယ်လောင်စွာ အော်ဟစ်ကြသည်။ သို့သော် အနက်ရောင် သံချပ်ကာဝတ်အစောင့်က လေထဲတွင် မျောလွင့်နေရာမှ မျက်မှောင်ကျုံ့ထားကြောင်း သတိမထားမိကြချေ။

မည်သူကမှ သတိမထားမိသည်မှာ တုစုန့်မာန်ဖော်ကျဲ့ကို အနက်ရောင်သံချပ်ကာဝတ် အစောင့်က တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် သူကလည်း တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းမိုးနေသည့် သဲမုန်တိုင်းကြီးထံ တွန်းထုတ်ခံလိုက်ရသည်။ ထိုနေရာတွင် အာရပ်စစ်နတ်ဘုရားက မိစာ္ဆဧကရာဇ် လူအိုကြီးမန်နှင့် တိုက်ခိုက်နေသည်။

“အောင်မြင်ပြီ”

သွေးများစိုရွှဲလျှက် ပြုတ်ကျသွားသော တုစုန့်မာန်ဖော်ကျဲ့၏ နှုတ်ခမ်းတွင် ဖျော့တော့သည့်အပြုံးက ရှိနေသည်။ သူက ခေါင်းမော့ကာကြည့်သည်။ သူ၏ ပိန်းပိတ်အောင် မည်းမှောင်နေသော မျက်ဝန်းအတွင်း ခြားနားသောမြင်ကွင်းက ပေါ်ထွက်နေသည်။

ကျယ်ပြောသော အဝါရောင်သဲမုန်တိုင်းကြီး အတွင်းတွင် ကြီးမားသည့် တုန်ခါသံက ရှိနေပြီး ကောင်းကင်နှင့် မြေပြင်လိုမျိုး ကွာဟချက်က ရှိနေသည်။ ထို့နောက် ရှည်လျားကြီးမားသည့် တူးမြောင်းကြီးက ပွင့်ထွက်သွားသည်။ မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့် ဝရုန်းသုန်းကားဖြစ်နေသော သဲများက ပျောက်ကွယ်သွားပြီးနောက် ပုံရိပ်တစ်ခုက ပေါ်လာသည်။ တစ်ခုက ရွှေရောင်အလင်းနှင့် ပေါင်းစပ်နေလေပြီး နေမင်းနှင့်လမင်း၏ အရှိန်ကိုပင် ယှဉ်နိုင်စွမ်းအားရှိသည်။ အခြားတစ်ခုက မည်းမှောင်နေသော ပုံရိပ်ကြီးဖြစ်သည်။ လေထဲတွင် ဝတ်ရုံက တဖြတ်ဖြတ် လွင့်နေသည်။

သူတို့နှစ်ယောက်ဟာ အကာအကွယ်တစ်ခုခြားပြီး ရပ်နေကြသည်။ သူတို့၏ မျက်ဝန်းက အချင်းချင်း ထိပ်တိုက်ဆုံနေကြပြီး ခန္ဓာကိုယ်များကလည်း ပြင်းထန်လွန်းသော တိုက်ခိုက်လိုစိတ်ဆန္ဒများဖြင့် ပေါက်ကွဲနေကြသည်။ တခဏခန့်ကြာပြီးနောက် နှစ်ယောက်လုံးက တစ်ကြိမ်ထပ်ပြီး တိုက်ခိုက်ကြပြန်သည်။ သို့သော် သူတို့နှစ်ယောက် တိုက်ခိုက်ပြီး ရပ်တန့်နေသော အခိုက်အတန့်ကလည်း တုစုန့်မာန်ဖော်ကျဲ့အတွက် လုံလောက်သည်။ သူက ရှာဖွေနေသည့် အခိုက်အတန့်က ရောက်ရှိလာပြီဖြစ်သည်။

တင် တင်

ရုတ်တရက် ခေါင်းလောင်းသံ ခပ်တိုးတိုးက ထွက်ပေါ်လာသည်။ ထိုသို့ဖြင့် တိုက်ပွဲနယ်မြေ၏ ကြမ်းတမ်းသော တိုက်ပွဲသံအကြားတွင် ထိုအသံတိုးတိုးက မည်သူ၏အာရုံကိုမှ ဆွဲဆောင်နိုင်မည် မဟုတ်ချေ။

ရွှေရောင်ခေါင်းလောင်းလေးက လေထုကိုကျော်ဖြတ်ကာ ချောမွေ့စွာ ပျံသန်းသွားလေပြီး သဲမုန်တိုင်းအကြားနေရာကို ကျော်ဖြတ်လျှက် အနက်ရောင်ဝတ်စုံနှင့် မိစာ္ဆဧကရာဇ် လူအိုကြီးမန်ထံ ရောက်သွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း မိစာ္ဆဧကရာဇ် လူအိုကြီးမန်နှင့် ပေတစ်ဆယ်ကျော်သာ ဝေးကွာတော့သည်။ တစ်ချိန်ထဲလိုလို မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏နှလုံးက ခုန်လှုပ်သွားပြီး မျက်လုံးက သတိလက်လွတ် ခေါင်းလောင်းကိုကြည့်လိုက်မိသည်။

သူသည်လည်း သူ့ထံ ပျံသန်းလာသောအရာကို မမြင်ရသေးသည့်တိုင်အောင် မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ မသိစိတ်က သူ့ကိုလျှင်မြန်စွာ တုန့်ပြန်မိစေသည်။

ဝုန်း

သူ၏ခန္ဓာကိုယ်အတွင်းမှ ကျယ်ပြောသောစွမ်းအင်များ ပေါက်ထွက်သွားပြီး ပိန်းပိတ်အောင် မည်းမှောင်သော ကြယ်တာရာစွမ်းအင်များက သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က အလွန်လျှင်မြန်စွာ တုန့်ပြန်လိုက်သည်။ သို့သော်သူက ထိုလက်နက်၏ စွမ်းအားကို အထင်သေးမိသွားသည်။

တင် တင်

ရွှေရောင်ခေါင်းလောင်းက မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ တုန့်ပြန်မှုကို ပြန်လည်တုန့်ပြန်လိုက်သလိုမျိုး အသံကိုထုတ်ပေးသည်။ ရုတ်တရက် အရှိန်နှုန်းကို မြှင့်လိုက်လေပြီး လေထုကိုထိုးခွဲကာ ကျော်ဖြတ်လျှက် မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ ခေါင်းတည့်တည့်၏အထက်တွင် ပေါ်လာသည်။

ဘုန်း

ထို့နောက် အလင်းဖွားများက လင်းလက်လာလေပြီး မိုးကြိုးတန်းက ပေါ်ထွက်လာသည်။ ထိုရွှေရောင်ခေါင်းလောင်းငယ်လေးက ခြောက်ခြားဖွယ်ကောင်းပြီး ဖျက်ဆီးခြင်းစွမ်းအားအပြည့်ကို ထုတ်လွှတ်လျှက် ချက်ချင်းဆိုသလို မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကို လွှမ်းခြုံလိုက်သည်။ ထိုအခိုက်အတန့်တွင် ခေါင်းလောင်းက သာမာန်ပစ္စည်းတစ်ခုဟု မထင်ရတော့ချေ။ အခြားလောကသို့ ဖြတ်သန်းရသည့် ဝင်ပေါက်တစ်ခုအလား ဖြစ်သွားသည်။ ထိုအခြားလောကသို့သွားသော ဝင်ပေါက်၏ စွမ်းအားများက ရူးသွပ်စွာထိုးထွက်လာပြီး မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသည်။ ထိုစွမ်းအင်အတွင်းမှ ကျယ်ပြောသော စွမ်းအားများက တုစုန့်မာန်ဖော်ကျဲ့၏ ကိုယ်ပိုင်ခွန်အားဖြင့် လုံလောက်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့်သူက ဒီကိရိယာ၏ ခွန်အားကိုသာ မှီခိုထားရသည်။

တုစုန့်မာန်ဖော်ကျဲ့က သတိလက်လွတ်ဖြစ်သွားသေးသည်။ ပိန်းပိတ်အောင် မည်းမှောင်ပြီး ခမ်းနားထည်ဝါသော စွမ်းအင်များက မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ကိုယ်အတွင်းမှ ပေါက်ထွက်လာလေပြီး ကြီးမားသည့် အပြာရောင်လက်တစ်ဖက်အဖြစ် ပြောင်းလဲလျှက် ခေါင်းလောင်းကိုဆုပ်ကိုင်သည်။

“???”

တုစုန့်မာန်ဖော်ကျဲ့၏ မျက်လုံးကပြူးကျယ်ပြီး မေးရိုးက အဟောင်းသားဖြစ်သွားသည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ကိုင်တွယ်ရမလွယ်ကြောင်း သိထားပြီးသားဖြစ်သည့်တိုင်အောင် ထိုမြင်ကွင်းကြောင့် သူသည် မှင်သက်သွားရသည်။

အထွတ်အမြတ်ခေါင်းလောင်းကို အပြင်အားဖြင့် ဖမ်းကိုင်၍မရချေ။ ထိုသို့အလွယ်တကူကိုင်၍သာ ရမည်ဆိုလျှင် တစ်စုံတစ်ယောက်ကို အကျဉ်းချနိုင်တော့မည်မဟုတ်ချေ။ ယခုလို အဖြစ်အပျက်မျိုးကလည်း မဖြစ်ခဲ့ဖူးချေ။ တုစုန့်မာန်ဖော်ကျဲ့ကိုယ်တိုင်ကပင် ကိုယ့်မျက်လုံးကို မယုံကြည်နိုင်ချေ။ ထို့ကြောင့် ထိုလျို့ဝှက်ဆန်းကြယ်သည့် အဘိုးကြီးက မယုံနိုင်စရာကောင်းလောက်အောင် တိုင်းတာရခက်ခဲလောက်အောင် အင်အားကြီးကြောင်း မေးခွန်းထုတ်ရန် မလိုအပ်တော့ချေ။ အထွတ်အမြတ်ခေါင်းလောင်း၏ သက်ရောက်မှုများက သူ့အပေါ် အများကြီး လျော့ကျသွားသည်။

“ဒါပေမဲ့ အသုံးမဝင်ဘူး”

တုစုန့်မာန်ဖော်ကျဲ့၏ မျက်လုံးက ရုတ်တရက် တင်းမာကာ စူးရှသွားသည်။ သူ၏လက်ချောင်းများက လျှပ်စီးများကိုထုတ်ဖော်လျှက် သူဟာ ဂါထာကိုရေရွတ်ရင်း လေထဲသို့ခုန်တက်လိုက်သည်။

ဘုန်း

တခဏခန့်ကြာပြီးနောက် ထိုရွှေရောင်ခေါင်းလောင်းကြီးက လက်သီးအရွယ်အစားမှတစ်ဆင့် စတင်ကာ ကြီးမားလာလေပြီး အဆရာကျော်ကြီးမားလာသည်။ ထို့နောက် တောင်တန်းအရွယ်အစားတမျှ ကြီးမားသည့် ရွှေရောင်ခေါင်းလောင်းကြီးအဖြစ် ပြောင်းလဲသွားသည်။

ဘုန်း

ထို့နောက် ကောင်းကင်ပေါ်မှ ပြုတ်ကျလေပြီး မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကို ဖိချလိုက်သည်။

စွမ်းအင်မုန်တိုင်းက ပျောက်ကွယ်သွားသောအခါ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် ခြောက်မီတာခန့်မြင့်သည့် ရွှေရောင်ခေါင်းလောင်းကြီးက ပေါ်လာသည်။ ခေါင်းလောင်း၏ အပေါ်ယံတွင် အလင်းများကကွဲအက်နေပြီး သောင်းပေါင်းများစွာသော ငွေရောင်မြွေလေးများက ပတ်ပတ်လည်တွင် ရစ်ခွေနေကြသည်။

ရုတ်တရက်... အရာအားလုံးက ရုတ်တရက်ဆန်လွန်းသည်။

တုစုန့်မာန်ဖော်ကျဲ့က ဘယ်သူကမှ သတိမထားမိခင် အောင်မြင်စွာဖြင့် မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကို ခေါင်းလောင်းအောက်တွင် ဖိနှိပ်နိုင်သည်။ ထိုမြင်ကွင်းကိုမြင်သော လူတိုင်း၏စိတ်က တုန်ယင်သွားသည်။ ထိုသို့ဖြင့် တိုက်ခိုက်သံများကပင် တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။

“အောင်မြင်တယ်”

အဝေးရှိသာ့လွန်ရော့ကျန်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပျော်ရွှင်စွာနှင့် အော်ဟစ်လိုက်သည်။

သာမာန်စစ်သားများကို သတ်ဖြတ်ခြင်းမှ ချန်းချန့်လီနှင့် ဝမ်ရန်ကို ဒဏ်ရာရအောင်လုပ်ခြင်း၊ အနက်ရောင်သံချပ်ကာဝတ် အစောင့်၏ တိုက်ခိုက်မှုကစတင်ပြီး အရာအားလုံးက ချိန်းကြိုးလို ဆက်စပ်နေသည်။ ထိုသို့ဖြင့် အကြံအစည်များကို အကြံအစည်များနှင့် ဆက်ထားသည်။ ဒါတွေအားလုံးဟာ အနက်ရောင်သံချပ်ကာဝတ် အစောင့်၏လက်ကိုသုံးပြီး တုစုန့်မာန်ဖော်ကျဲ့ကို ချွီထေပါးနှင့် မိစာ္ဆဧကရာဇ် လူအိုကြီးမာန်တို့ ရှိရာဘက်သို့ သံသယအဝင်ခံရခြင်းမရှိဘဲ တွန်းပို့နိုင်ရန်အတွက်ဖြစ်သည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ ကျင့်ကြံခြင်းအဆင့်တွင် ရိုးရှင်းစွာဖြင့်ပင် သူက အားလုံးကို ရှု့မြင်သုံးသပ်နိုင်စွမ်းရည်ရှိသည်။ ထို့ကြောင့် သူဟာ ချွီထေပါးလို အင်အားကြီးမားသော ပုဂ္ဂိုလ်မျိုးနှင့် တိုက်ခိုက်နေခဲ့သည့်တိုင်အောင် အကွက်ချကြံရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဒီနည်းလမ်းကိုသုံးပြီး တစ်ဖက်သူ၏အနားသို့ ချဉ်းကပ်မှသာ သူက သံသယမဝင်မည်ဖြစ်သည်။

သို့သော် အဆုံးသတ်တွင် သူတို့ကအောင်မြင်သွားသည်။ ဝမ်ချောင်၏ဆရာလို အင်အားကြီးမားသော တည်ရှိမှုကြီးက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ အထွတ်အမြတ် လက်နက်အောက်တွင် အပိတ်လှောင်ခံရလေသည်။

ဝုန်း

အချိန်တခဏကြာ တိတ်ဆိတ်ပြီးအောက် အာရပ်စစ်သည် တစ်သိန်းနီးပါးက ထိုမြင်ကွင်းကြီးကြောင့် ကျယ်လောင်စွာ အော်ဟစ်အားပေးကြလေသည်။ ချွီထေပါး၏လူများ၊ မြောက်ပိုင်းစစ်နယ်မြေဇုံမှ လက်ရွေးစင်များအားလုံးက အကျယ်ဆုံးဖြစ်သည်။

“အာရေးဗီးယား”

“အာရေးဗီးယား”

“အာရေးဗီးယား”

သူတို့၏အော်သံများက ကောင်းကင်ကို တုန်ခါစေသလို အာရပ်မြင်းတပ်ကလည်း စိတ်ဓာတ်အင်အား တက်ကြွသွားကြသည်။ သူတို့ထဲမှ မည်သူကမှ ထိုအနက်ရောင်ဝတ်စုံနှင့် အကြီးအကဲဟာ မည်သူဖြစ်ကြောင်း မသိကြချေ။ သို့သော် သူတို့အားလုံးသိသည်မှာ တစ်ဖက်သူက ဒီတိုက်ပွဲနယ်မြေတွင် အင်အားအကြီးဆုံးဖြစ်သည်။ ထိုလူ၏တည်ရှိမှုက အာရပ်စစ်သည်သိန်းကျော်ကို အရှုံးနှင့်ရင်ဆိုင်စေပြီး နောက်သို့ထပ်ခါတလဲလဲ ပြန်လှည့်စေခဲ့သည်။ ထိုလျို့ဝှက်ဆန်းကြယ်သော လူအိုကြီးသာမရှိလျှင် တိုက်ပွဲနယ်မြေရှိ မည်သူကမှ ချွီထေပါးကို မတားနိုင်ချေ။

“ချွီထေပါး”

“ချွီထေပါး”

“ချွီထေပါး”

အာရပ်စစ်နတ်ဘုရား၏ နာမည်က ကောင်းကင်ကိုပင် လှုပ်ခါနိုင်သည်။ လေးရက်လုံးလုံး ခါးသီးစွာတိုက်ခိုက်ပြီး မရေမတွက်နိုင်သော စစ်သားများ၏အသက်ကို စတေးပြီးနောက် အာရေးဗီးယားက နောက်ဆုံးတွင် အနိုင်ရလေပြီ။

အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းနယ်မြေများ၏ အောင်ပွဲခံသံများနှင့်ယှဉ်သော် မဟာထန်ဘက်မှ စစ်သားများအားလုံး၏ မျက်နှာက ဖြူဖျော့သွားကြသည်။

ကျစ်ရနှင့်တိုက်ခိုက်နေသည့် တိုက်ပွဲအလယ်တွင်ရှိသည့် ဝမ်ချောင်က အသံများကိုကြားသဖြင့် လှည့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဝမ်ချောင်က တစ်စုံတစ်ရာကို နားလည်သွားသည်။

“ဆရာ”

သူ၏ကိုယ်ရှိ သွေးများက ခြောက်ကပ်သွားပြီဟု ခံစားလိုက်ရသည်။ သူ၏လက်နှင့် ခြေထောက်များက ရေခဲလိုအေးစက်သွားသည်။

“အစ်ကိုဝမ်ဖူ”

တစ်ချိန်ထဲလိုလို ဝူရှန်းရွာသူကြီးကလည်း ခြောက်မီတာခန့်မြင့်သည့် ခေါင်းလောင်းကြီးကို မြင်လိုက်ပြီး တုန်ယင်သွားသည်။ သူ၏အသက်ရှုသံက နွမ်းလျသွားပြီး ပြင်းထန်သည့် ထိုးနှက်ချက်ကို ခံလိုက်ရပုံပေါ်သည်။

“စီနီယာကျန်း”

ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ စုဟန်ရှန်းနှင့် အခြားသောလူတ်ိုင်းက မှင်သက်သွားကြသည်။ သူတို့၏မျက်နှာက စက္ကူများလို ဖြူဖျော့သွားကြ၏။ အနက်ရောင်သံချပ်ကာဝတ် အစောင့်ကိုယ်တိုင်ကပင် မျက်နှာထားတင်းမာသွားပြီး အရှိန်အဝါက လှုပ်ခတ်လာသည်။

သူတို့ထဲမှ အနှေးကွေးဆုံးလူကပင် ယခုအခါ သူတို့ဟာ အာရပ်နှင့် တိဗက်များ၏ အကြံအစည်အောက် ရောက်သွားပြီဖြစ်ကြောင်း သိကြသည်။ သူတို့၏ပစ်မှတ်က ဝမ်ရန်လည်းမဟုတ်သလို ချန်းချန့်လီလည်းမဟုတ်ဘဲ အလံလည်းမဟုတ်ချေ။ သူတို့၏အဓိကပစ်မှတ်က လူတစ်ယောက်တည်းသာဖြစ်သည်။ ဝမ်ချောင်၏ဆရာ မိစာ္ဆဧကရာဇ် လူအိုကြီးမန်ဖြစ်သည်။

လေးရက်လုံးလုံး ကြမ်းတမ်းစွာတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်လုံးက သာမာန်စစ်သားများကို မပိုင်ဆိုင်ထားကြတော့ချေ။ သို့သော် အာရပ်များကမူ မဟာထန်စစ်တပ်ကို ဘာမှမလုပ်နိုင်သေးချေ။ အကယ်၍ သူတို့က မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကို အကျဉ်းချထားနိုင်ပြီး အင်အားအကြီးဆုံးလူကို ဖမ်းထားနိုင်မည်ဆိုလျှင် နဂါးကိုးကောင် သွေးစစ်အလံနှင့် မဟာထန်တို့က ရှုံးပေလိမ့်မည်။

ဝင်္ကပါက အလွန်အမင်း အရေးပါသည့်တိုင်အောင် မည်သည့်စစ်ပွဲတွင်မဆို မဟာဗိုလ်ချုပ်ကြီးများ၏ အင်အားကသာ ဝင်္ကပါများနှင့် လက်ရည်တူသည့် အင်အားကြီးသော တည်ရှိမှုဖြစ်နေလေသည်။

အခန်း(၁၁၂၄)

“ရှုံးပြီ ငါတို့ဒီတစ်ကြိမ် တကယ်ရှုံးပြီ”

ထန်စစ်တပ်နောက်တန်းမှ စုဟန်ရှန်းက ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ ယခင်ဓားမြ အယောက်(၂၅၀၀)က သူ၏အနောက်ဘက်တွင်ဖြစ်သည်။ မည်သည့်အချိန်ကမှန်းမသိ ထိုဓားက ဘယ်ဘက်လက်ထဲမှ လွတ်ကျသွားသည်။ သို့သော် စုဟရှန်းကပင် သတိမထားမိပေ။

ဒါဟာစုဟန်ရှန်း၏ ပထမဦးဆုံးအကြိမ် ထိုမျှကြီးမားသည့် တိုက်ပွဲကြီးတွင် ဝင်ပါခဲ့ဖူးခြင်းဖြစ်သည်။ သူ၏မြင့်မားသောဉာဏ်ရည်ကလည်း တိုက်ပွဲကို ပြောင်းပြန်လှန်ရာတွင် အရေးပါသော အခိုက်အတန့်တွင် ပါဝင်ကစားပြခဲ့သည်။ ထို့ကြောင့်သူက ဖိအားဒဏ်ကို တောင့်ခံရင်း ရန်သူပေါင်းများစွာကို ချေမှုန်းနိုင်သည့် ရလဒ်မျိုးကို ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ချွီထေပါးသည် မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကသာ မတားထားပါက ထန်စစ်သားတိုင်း၏ခေါင်းကို ဖြတ်နိုင်သည့် ထက်ရှသည့်ဓားတစ်လက် ဖြစ်သွားနိုင်သည်။ ထို့ကြောင့် မည်သည့်အကြံအစည်၊ မည်သည့်ခွန်အားကမဆို တစ်ဖက်သူ၏အရှေ့တွင် အလွန်အားနည်းနေပေလိမ့်မည်။ စုဟန်ရှန်းကပင် သူ၏လက်နက်များအားလုံးကို ပစ်လွှတ်မည်ဆိုလျှင် ထိုအာရပ်စစ်နတ်ဘုရားကို မတားနိုင်ချေ။

ပထမဦးဆုံး အကြိမ်အနေနှင့် စုဟန်ရှန်းဟာ ခြောက်ခြားဖွယ်ကောင်းသော ဖိအားမျိုးကို အမှန်တကယ် ခံစားလိုက်ရသည်။ ထိုကဲ့သို့သော ကူကယ်ရာမဲ့မှုနှင့် စိတ်ပျက်အားငယ်ဖွယ်ကောင်းသော ခံစားချက်က လူတိုင်းကို တိုက်ခိုက်လိုစိတ်ဆန္ဒ လျော့ကျသွားစေနိုင်သည်။

“သွားပြီ ငါတို့အဆုံးသတ်ပြီ ငါတို့အားလုံး ဒီနေရာမှာ သေရတော့မယ်”

“မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကတောင် ရှုံးသွားမှတော့ ငါတို့က ဘာလုပ်နိုင်တော့မှာလဲ”

လက်နက်ကြီးစစ်သားများ အားလုံးက ခြောက်မီတာမြင့်သည့် ထိုခေါင်းလောင်းကြီးကိုကြည့်ကြပြီး သူတို့၏မျက်ဝန်းအတွင်း စိတ်ပျက်အားငယ်မှုများက ပေါ်ထွက်လာသည်။ ထိုသို့ဖြင့် ထိုစစ်တပ်တစ်ခုလုံးကလည်း အောက်ဘက်ရှိ ကျောက်သားအမာသားကို ထိမှန်မိသလိုမျိုး စိတ်ပျက်အားငယ်သွားကြသည်။

မဟာထန်ဘက်တွင် ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်ရှိနေသေးသော်လည်း မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကိုပင် မယှဉ်နိုင်သောသူများ ဖြစ်နေသည့်အလျောက် ထိုနှစ်ယောက်က ချွီထေပါးကို မယှဉ်နိုင်တော့ချေ။ ဒီတိုက်ပွဲက ရှုံးနေပြီးသားဖြစ်သည်။ အချိန်တစ်ခုသာ ကြာလောက်၏။

“လမ်းကဖယ်”

လူတိုင်းက စိတ်ပျက်အားငယ်ပြီး အေးစက်သောမျက်နှာများကို ပိုင်ဆိုင်နေကြသည့် အခိုက်အတန့်တွင် ဒေါသတကြီးဖြစ်နေသည့်အသံက တာလာ့ကိုကျော်လွန်သွားသည်။

ခြိမ်း

ကျယ်လောင်သည့်ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ မည်သူမှဘာဖြစ်နေကြောင်း မပြောနိုင်သေးခင် လေထဲကို ကြောက်မက်ဖွယ်ကောင်းသည့် အော်သံတစ်ရပ်က ထိုးခွဲသွားသည်။ ပုံပျက်ပန်းပျက်ဖြစ်နေပြီး သွေးများစိုရွှဲနေသည့် ပုံရိပ်တစ်ခုက ပေါက်ကွဲမှုအလယ်မှ လယ်သာဘောလုံးတစ်လုံးလို ခုန်ထွက်သွားပြီး အကွာအဝေးတစ်ခုတွင်ရှိသည့် မြေပြင်နှင့် ဝင်တိုက်မိသွားသည်။

တိုက်မိသွားသည့်အားက ဖုန်တိမ်စိုင်လုံးများကို မွှေနှောက်လိုက်သလိုဖြစ်သွားသည်။ သို့သော် ဖုန်များက အနည်ထိုင်သွားသည့် အခိုက်အတန့်တွင် သွေးများစိုရွှဲနေသည့်ပုံရိပ်က ဝမ်ချောင်နှင့် တိုက်ခိုက်နေသည့် အရှေ့ပိုင်း လက်ထောက်အစိုးရ ကျစ်ရဖြစ်ကြောင်း သိလိုက်သည်။

ဝုန်း

တိုက်ပွဲနယ်မြေတစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ လူတိုင်းက ထိုမြင်ကွင်းကြောင့် တောင့်ခဲသွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ပြုတ်ကျသွားသော ကျစ်ရကိုယ်တိုင်ကလည်း လေထဲသို့ခုန်တက်သွားသည့် အရူးလိုပုံရိပ်ကြောင့် အံ့ဩနေကြသည်။ သူဟာဝမ်ချောင်နှင့် ယခုအချိန်ထိ လက်ရည်တူ တိုက်ခိုက်နိုင်နေသေးသည်။ မည်သည့်ဘက်ကမှ အသာစီးမရချေ။ သို့သော်ယခုလေးတင် ထိုမျိုးမစစ်ကောင်က ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားများဖြင့် ပေါက်ကွဲထွက်လာသည်။ ကျစ်ရကပင် မမျှော်လင့်ထားစွာ တောင့်မခံနိုင်တော့ဘဲ လွင့်ထွက်သွားရသည်။

သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ချောင်က ကျစ်ရကို မကြည့်နိုင်တော့ချေ။ သူ၏မျက်လုံးက နီရဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေသည်။ သူ၏မြင်ကွင်းထဲတွင် ကျန်ရစ်နေသည်မှာ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ အထွတ်အမြတ်ခေါင်းလောင်းဖြစ်သည်။

ထောင်ချောက်

ဒါကထောင်ချောက်

ဝမ်ချောင်က ရုတ်တရက် အရာအားလုံးကို နားလည်သွားသည်။ ဆရာဖြစ်သူက သာ့လွန်ရော့ကျန်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ အကြံအစည်အောက် ကျရောက်သွားခဲ့သည်။ သူကမည်သို့ပင် လုပ်ရစေကာမူ ဆရာဖြစ်သူကိုရအောင်ကယ်ရမည်။

“လမ်းကဖယ်စမ်း”

ဝမ်ချောင်ကအော်သည်။

အာရပ်အရာရှိပေါင်းများစွာက ဝမ်ချောင်ထံ တောက်ပသော ဓားမောက်ရှည်များနှင့် ချီတက်လာသော်လည်း မနီးကပ်နိုင်သေးခင် ဝမ်ချောင်ကလက်ကို တစ်ချက်သာယမ်းလိုက်သည်။ ကြယ်တာရာစွမ်းအင် တစ်တန်းက ပေါ်ထွက်လာပြီး အာရပ်အရာရှိများနှင့် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာကို ကြောက်လန့်တကြားအော်ဟစ်လျှက် ပေတစ်ရာကျော်ခန့်အထိ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။

ဝမ်ချောင်က ဒေါသထွက်နေပြီဖြစ်သည်။ သူဟာ လမ်းပိတ်လာသည့် မည်သူ့ကိုမဆို သတ်နိုင်သည်။ နတ်ဘုရားနှင့် နတ်ဆိုးများဆိုလျှင်ပင် ဂရုမစိုက်ချေ။

“ဒီမျိုးမစစ်ကောင်”

အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က ထိုမြင်ကွင်းကြောင့် ကြောင်သွားကြသည်။ သူတို့သည်လည်း ကျစ်ရဟာ မည်မျှအင်အားကြီးကြောင်းသိသည်။ သူကမဟာဗိုလ်ချုပ်ကြီးအဆင့်သို့ မရောက်သေးသော်လည်း သမုဒ္ဒရာလက်စွပ်၏ စွမ်းအားများကြောင့် သူဟာ မည်သည့်မဟာဗိုလ်ချုပ်နှင့်မဆို အဆင့်တူနေသည်။

သို့သော် ဒေါသထွက်နေသော ဝမ်ချောင်က သူ့ကို ဆိုးဆိုးရွားရွား ရိုက်နှက်လိုက်မည်ဟု မထင်ထားကြပေ။

ဘန်း

နှစ်ယောက်ကလည်း ရှေ့တက်ကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ချောင်က တစ်စုံတစ်ရာကို သတိထားမိပုံပေါ်သည်။ သူကရူးသွပ်နေသော မျက်လုံးများနှင့် ခေါင်းကိုလှည့်ကာ ထိုနှစ်ယောက်ကို စိုက်ကြည့်သည်။ ထိုအကြည့်ကတင် နှစ်ယောက်ကို အလန့်တကြား ရပ်မိသွားစေသည်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ်လိုစိတ်ဆန္ဒလဲ”

“ဒါကအရူးပဲ”

နှစ်ယောက်လုံး၏စိတ်က တုန်ယင်သွားသည်။ လက်ရှိဝမ်ချောင်ဟာ သွေးနီရောင်မျက်လုံးနှင့် သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်ထားသဖြင့် ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်နှင့် တူလာသည်။ ထိုအခိုက်အတန့်တွင် ထိုနှစ်ယောက်ကလည်း သူ့ကိုတားရဲသော မည်သူကမဆို အသက်ကိုစတေးရနိုင်ကြောင်း ခံစားမိလိုက်သည်။ ဒါဟာ ကိုယ့်အုတ်ဂူကိုယ်တူးသလို ဖြစ်နေပေလိမ့်မည်။

သူတို့နှစ်ယောက်လုံးဟာလည်း ကျော်ကြားသော မဟာဗိုလ်ချုပ်ကြီးများ ဖြစ်နေသည့်တိုင်အောင် တုန့်ဆိုင်းမိသွားသည်။ ဝမ်ချောင်၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်က သူတို့ကိုပင် နောက်မှလိုက်လိုစိတ် လျော့ကျသွားစေသည်။

“ဝမ်ချောင် ကြည့်ထား”

အနောက်ဘက်မှ အလန့်တကြား အသံတစ်သံက ထွက်လာသည်။ ဝူရှန်းရွာသူကြီးကလည်း ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။ ဝမ်ချောင်က ဆရာဖြစ်သူကိုကယ်ရန်သာ စိတ်ဝင်စားနေပြီး အသက်ကို ဂရုမစိုက်တော့ချေ။ သို့သော် သူရင်ဆိုင်နေရသောသူက အာရေးဗီးယား စစ်နတ်ဘုရားဖြစ်နေသည်။ ဝမ်ချောင်၏ စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားသော လူမျိုးက မည်သည့်နည်းနှင့်မှ သူ့ကိုမယှဉ်နိုင်ချေ။ သို့သော် ဝမ်ချောင်က နားမထောင်တော့ချေ။

ခြိမ်း

ဝမ်ချောင်က အာရပ်စစ်တပ်တခွင်လုံးအနှံ့ ဝရုန်းသုန်းကားဖြစ်နေသည့် အော်သံများကို ချန်ထားရစ်ခဲ့ပြီးနောက် လမ်းလာပိတ်သောလူများကို စက္ကူများလို ဆောင့်ကန်လွှတ်ရင်း မြေပြင်ပေါ်သို့ လွင့်ထွက်စေကုန်သည်။

“သတ်”

အာရပ်မြင်းသည်တော်များက အပြေးအလွှားသွားနေကြသည့် အခိုက်အတန့်တွင် သူတို့၏ ဓားမောက်ရှည်များက သူတို့နှင့်အတူ လေထဲတွင် လွင့်ထွက်ကုန်သည်။ သို့သော် နောက်ထပ် များပြားသောလူများက ချီတက်လာနေကြသေးသည်။ ဝမ်ချောင်က မရပ်တန့်နိုင်သည့် အရှိန်နှုန်းနှင့် ချွီထေပါးနှင့် ရွှေရောင်ခေါင်းလောင်းကြီးရှိရာနေရာသို့သွားရင်း တောက်လျှောက် တက်သွားသည်။ ချွီထေပါးလို နတ်ဘုရားကဲ့သို့သော ပုံရိပ်မျိုးကပင် ထိုမြင်ကွင်းကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။

သို့သော် ချွီထေပါးက ခပ်မြန်မြန် ဟန်အမူအရာထိန်းသည်။

“ပုရွက်ဆိတ်သာသာပဲ”

ချွီထေပါးက မည်သို့တိုက်ခိုက်လိုက်ကြောင်း မည်သူကမှ မမြင်လိုက်ရချေ။ သို့သော် တောက်ပလွန်းသော ရွှေရောင်ဓားချီတစ်စင်းက ကောင်းကင်ကို ဟက်တက်ကွဲသွားအောင် ဆွဲဖြဲလိုက်လေပြီး ဝမ်ချောင်ထံ တိုးဝင်သွားကြောင်း မြင်လိုက်ရသည်။

ဝှစ်

ဝမ်ချောင်က တောင်တစ်လုံးဖြင့် အရိုက်ခံလိုက်ရသလို ဖြစ်သွားသည်။ သူက ခေါင်းမော့ရင်း သွေးများပန်းထုတ်လိုက်သည်။ သူက ဥက္ကာပျံတစ်ခုလိုမျိုး နောက်သို့လွင့်ထွက်သွားသည်။ နောက်ဆုံးတွင် မြေကြီးထဲသို့ဝင်ရောက်ကာ ပြုတ်ကျသွားသည်။ ထိုအခါ ဖုန်တိမ်စိုင်လုံးများက ပေရာပေါင်းများစွာထိ မြောက်တက်သွားသေးသည်။

ချွင်

နောက်တန်းမှ စုဟန်ရှန်း၏မျက်လုံးက နီရဲသွားသည်။ သူက ဓားအတွင်းသို့ စွမ်းအင်များကို ထိုးထည့်လိုက်သည်။ သူတာလာ့သို့ ဝင်ရောက်လာပြီးသည့် အခိုက်အတန့်တွင် ဒီနေရာတွင် ထာဝရကျန်နေရစ်ရန် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဝမ်ချောင်က နောက်မဆုတ်လျှင် သူသည်လည်း နောက်မဆုတ်ချေ။

“အားလုံးပဲ အာရုံစိုက်ကြစမ်း ငါတို့သေရမယ်ဆိုရင်တောင်မှ ဒူးမထောက်ဘူး။ အားလုံး မတ်မတ်ရပ်”

စုဟန်ရှန်းက ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း အံ့ကိုကြိတ်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် သေဘေးကိုမကြောက်သည့် တိုက်ခိုက်လိုစိတ်များက မြင့်တက်လာသည်။

“မင်းတို့တွေက ဓားမြတွေ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါဂရုမစိုက်ဘူး။ မင်းတို့က တစ်ရက်စစ်သားဖြစ်ဖူးတာနဲ့ မဟာထန်အတွက် တစ်ဘဝလုံးရှင်သန်ရမယ်။ ဒီတိုက်ပွဲမှာငါက မင်းတို့ကို မဟာထန်ကို အရှက်ခွဲဖို့ ခွင့်မပြုထားဘူး။ မင်းတို့ရဲ့လက်နက်တွေကိုကိုင်ပြီး မဟာထန်အတွက် တိုက်ခိုက်ကြစမ်း”

စုဟန်ရှန်း၏ စကားလုံးများက ကျယ်လောင်လွန်းသည်။ ထို့နောက်သူက မြေပြင်ကို ခပ်ကြမ်းကြမ်း ဖိနင်းရင်း ရှေ့သို့တက်သည်။

ယခုလိုရက်စက်ပြီး ကြမ်းတမ်းသော တိုက်ပွဲနယ်မြေတွင် စုဟန်ရှန်းက နောက်တန်းတွင်သာရပ်လျှက် တပ်ဖွဲ့များကို အမိန့်ပေးနေခဲ့သည်။ အကြောင်းမူကား ဒီနေရာတွင် သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များက များလွန်းသည်။ နောင်ဖြစ်လာမည့် အဆင့်များကလည်းများသည်။ မဟာဗိုလ်ချုပ်များလည်းများသည်။ အထွတ်အထိပ် သိုင်းနယ်မြေအဆင့်များလည်းများသည်။ ထို့ကြောင့် စုဟန်ရှန်းဟာ ထိုလူများ၏အရှေ့တွင် အားနည်းလွန်းနေသေးသည်။

သို့သော် ဝမ်ချောင်က ဆုံးဖြတ်ချက်ပြတ်သားစွာနှင့် ချွီထေပါးထံ ခုန်ဝင်သွားကြောင်း မြင်လိုက်သည့် အခိုက်အတန့်တွင် စုဟန်ရှန်းဟာ လှုံ့ဆော်မှုခံလိုက်ရသလိုမျိုး ရုတ်တရက် နားလည်သွားသည်။

အဆင့်လွန် စစ်သေနာပတိချုပ်ကြီးဖြစ်သည့် ဝမ်ချောင်ကပင် လက်မလျော့သေးလျှင် သူက ချွီထေပါးနှင့် ယှဉ်ရန်အတွက် ရှေ့သို့သတ္တိအပြည့်နှင့် ဝင်ရောက်သွားရဲလျှင် ဝမ်ချောင်၏ ညီအစ်ကိုကောင်းလည်းဖြစ် အယုံကြည်ရဆုံးသော လက်အောက်ငယ်သားလည်းဖြစ်သော စုဟန်ရှန်းက တုန့်ဆိုင်းနေစရာ အကြောင်းမရှိချေ။

“ထ”

“အားလုံးပဲ လက်နက်တွေကိုထုတ်ပြီး အတူတိုက်ခိုက်ကြမယ်”

“အခုက မဟာထန်ပေါ်ထားတဲ့ ငါတို့ရဲ့သစ္စာကို ပြရမဲ့အချိန်ပဲ။ ဒီအနောက်တိုင်းသား လူထွားကောင်တွေရဲ့အရှေ့မှာ ငါတို့က မဟာထန်ကို အရှက်ရစေလို့မရဘူး”

ရုတ်တရက် စစ်တပ်အတွင်း ကူးစက်သွားသလို စိတ်ခွန်အားတစ်ရပ်က ပျံ့နှံ့သွားသည်။ လက်နက်ကြီး စစ်သည်တော်များ အားလုံးက သူတို့၏ဓားများကို ဆွဲထုတ်လျှက် ရန်သူကိုရင်ဆိုင်သည်။ သူတို့ဟာ အင်အားကြီးသူ၊ အင်အားနည်းသူ မခွဲခြားတော့ချေ။ မည်သူမှ အာရပ်မြင်းတပ်ကို ခြိမ်းခြောက်နိုင်ခြင်းဆိုသော အချက်က အရေးမပါတော့ချေ။ သူတို့အားလုံးက သေသည်အထိ တိုက်ခိုက်ကြတော့မည်ဖြစ်သည်။

ထိုသို့ဖြင့် စစ်တပ်၏ရှေ့တန်းတွင် ဓားတစ်လက်က ဖြတ်ကနဲလက်သွားသည်။ စုဟန်ရှန်းကသာ ဝမ်ချောင်၏ သရုပ်ပြမှုကြောင့် မှင်သက်သွားခြင်းမဟုတ်ချေ။

အင်ပါယာသိုင်းစစ်တပ်မှ ကျောင်းဖုန်းချန်းကလည်း သူ၏ဓားကိုဆွဲထုတ်လိုက်ပြီး အာရပ်စစ်သားများကို ရင်ဆိုင်သည်။

ထိုအခိုက်အတန့်တွင် အချိန်က ပုံမှန်အတိုင်း ပြန်လည်စီးဆင်းပြီး လူတိုင်းက အံ့အားသင့်မှုက ရုန်းထွက်လာနိုင်ပုံပေါ်သည်။

ခြိမ်း

မြေကြီးက တုန်ခါသွားသည့် အခိုက်အတန့်တွင် မမြင်ရသော ခွန်အားတစ်ရပ်က လက်ရွေးစင် ထန်စစ်တပ်များအတွင်းသို့ ထိုးသွင်းသွားသည်။ ကြီးမားသည့် ဘိမ်းကြီးတစ်လုံးကို လှည့်လိုက်သလိုမျိုး ထန်စစ်တပ်အားလုံးက အာရပ်စစ်သားများထံ ချီတက်သွားကြသည်။

ချွင် ချွင် ချွင်

ထိုသို့ဖြင့် သတ္ထုရောင် တလက်လက်တောက်ပနေသော ချီစက်ကွင်းများနှင့်အတူ ထိုစစ်တပ်ကြီးက အကြောက်အလန့်မဲ့စွာ ရှေ့သို့ချီတက်ကြသည်။

“အား”

မရေမတွက်နိုင်သော အာရပ်စစ်သည်တော်ပေါင်း များစွာက ပေါင်းပင်များလို ခုတ်ပိုင်းခံရသည်။

ထန်စစ်တပ်က နိုးထလာသည်နှင့် အသားနှင့်သွေးမြစ်ကိုသာ ချန်ထားရစ်ခဲ့သည်။

ထိုသို့ဖြင့် သေဘေးကိုပင် မကြောက်ရွံ့လောက်အောင် သတ္တိများဖြင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ခံထားရသော စစ်တပ်က အနိုင်ရနိုင်သည်။

ထန်စစ်တပ်ကြီးတစ်ခုလုံးက ဝမ်ချောင်၏ လုပ်ဆောင်မှုကြောင့် လှုံ့ဆော်ခံလိုက်ရသည်။ သူတို့က ရူးသွပ်စွာဖြင့် အာရပ်စစ်တပ်ထံ သတ်ဖြတ်ရန် ထိုးဖောက်ဝင်ရောက်သွားသည်။

“အရူးတွေ”

အာရပ်စစ်နတ်ဘုရားက ကြီးမားသောဓားကြီးကိုကိုင်လျှက် လေထဲတွင် အသာအယာရပ်နေသည်။ သူ၏မျက်ဝန်းက အေးခဲသောအလင်းဖြင့် တောက်ပနေသည်။ အဆုံးစွန်သော ခွန်အား၏အရှေ့တွင် သတ္တိလောက်က အရေးမပါချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်သာမရှိလျှင် ထန်စစ်သားများက သူ့အတွက် ပုရွက်ဆိတ်သာသာဖြစ်သည်။ သူ၏အမြင်တွင် နဂါးကိုးကောင် စစ်ဝင်္ကပါကပင် အသုံးမကျချေ။

အင်အားကိုသာ အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားပြီးလျှင် ဝင်္ကပါတိုင်း အကြံအစည်တိုင်းကို လျစ်လျူရှု့၍ရသည်။

ဝုန်း

ထန်စစ်တပ်က တိုက်ခိုက်ပြီး အာရပ်စစ်တပ်ကို အားနည်းအောင် လုပ်တော့မည့်အချိန်တွင် ချွင်

ရုတ်တရက် ချွီထေပါးက သူ၏နတ်ဘုရား အရှိန်အဝါဓားကိုမြှောက်ပြီး ခုတ်ပိုင်းသည်။

ဘုန်း

သတ္ထုချင်း တုန်ခါသံနှင့်အတူ ကောင်းကင်က မည်းမှောင်သွားသည်။ ခမ်းနားသော ရွှေရောင်ဓားချီက ကောင်းကင်တစ်ခုလုံးကို မိုးကြိုးတန်းလို ဖြတ်ပြေးသွားသည်။ ချက်ချင်းဆိုသလိုပင် ပေထောင်ပေါင်းများစွာကို ကျော်ဖြတ်သွားလေပြီး နဂါးကိုးကောင် သွေးစစ်အလံရှိရာဘက်သို့ ဦးတည်ဝင်ရောက်သွားသည်။ ထိုဓား၏ ဦးတည်ရာက နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်... ထိပ်တန်းအဆင့် ထန်စစ်တပ်တိုင်းဖြစ်သည်။

ထိုဓားကြောင့် ဖြစ်ပေါ်လာသော ကြောက်လန့်ဖွယ်ကောင်းသည့် ခံစားချက်ကို မည်သူကမှ မဖော်ပြနိုင်လောက်ချေ။ အသေခံရန်ဆန္ဒရှိပြီးသား စစ်သည်တော်များ အားလုံးကပင် ခြောက်ခြားဖွယ်ကောင်းသည့် ဖိအားကို ခံစားမိပြီး ခေါင်းမော့ကြည့်မိကြသည်။ ထိုအခိုက်အတန့်တွင် နေမင်းထက်ပင် တောက်ပသည့် ရွှေရောင်ဓားကြီးက သူတို့၏ခေါင်းပေါ်တွင် လွှဲယမ်းနေပြီဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုဓားချီက ကောင်းကင်၏ အလွန်မြင့်သောနေရာတွင် ရှိနေသေးသည်။ သို့သော် တခဏအတွင်း တောင်တန်းကိုပင် ဖိခွဲနိုင်သည့် အင်အားတစ်မျိုးနှင့် သူတို့၏ခေါင်းထံ တိုးဝင်လာသည်။

ကျယ်ပြောပြီး ခမ်းနားသော ထိုရွှေရောင်ဓားချီက နောက်ဆုံးသောနေ့ရက်များ ရောက်လာပြီဟု ဖော်ပြနေသလိုဖြစ်သွားသည်။ ကြီးမားလွန်းသည့် ကောင်းကင်ကြီးက နှစ်ခြမ်းကွဲသွားပြီး အလင်းများကပင် ထိုးဖောက်ခံရသည်။ နဂါးကိုးကောင် သွေးစစ်အလံအပါအဝင် မရေမတွက်နိုင်သော ထန်စစ်သားများ၏ မျက်နှာက ပြာနှမ်းသွားသည်။

ထိုထန်စစ်သားများ အားလုံးအတွက် ဒါဟာ အဆုံးသတ်ရိုက်ချက်ဖြစ်လောက်သည်။

အခန်း(၁၁၂၅)

“မကောင်းတော့ဘူး”

တွေးတောရန် အချိန်မရှိတော့သည့် ဝူရှန်းရွာသူကြီးက လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏လက်ထဲရှိ အဖြူရောင်တုတ်ကောက်က လေထဲသို့ မြောက်တက်သွားလေပြီး မှင်သက်ဖွယ်ကောင်းလွန်းသည့် ရွှေရောင်ဓားချီကို ရင်ဆိုင်သည်။

“ခေါင်းဆောင်မရှိတဲ့ နဂါးတွေ”

အရှိန်အဝါပြင်းထန်သည့် လေမုန်တိုင်းက သောင်းပေါင်းများစွာသော နဂါးများလို ရုတ်တရက် အသက်ဝင်လာကြသလို ပုံစံမျိုးနှင့် လေထဲတွင် ပေါ်ထွက်လာကြသည်။ နဂါးတိုင်းက ဝူရှန်းရွာသူကြီး၏ ပတ်ပတ်လည်တွင်ပေါ်လာပြီး သူ၏အဖြူရောင်တုတ်ကောက်ကို ဝိုင်းထားသည်။

ဘုန်း

ကြီးမားသည့် ပေါက်ကွဲသံနှင့်အတူ ထိုနဂါးများအားလုံးက ပုံရိပ်ယောင်မှ အသက်ဝင်လာကြပြီး ချွီထေပါး၏ ကြီးမားသော ရွှေရောင်ဓားချီထံ ဝင်ရောက်သွားသည်။ ထောင်ပေါင်းများစွာသော နဂါးများက ဓားချီထံ ထိပ်တိုက်ရင်ဆိုင်သည်။ သက်ရောက်မှု တစ်ခုချင်းစီတိုင်းက ကျယ်လောင်သည့် ပေါက်ကွဲသံကို ထုတ်လွှတ်နေသည်မှာ ထိတွေ့၍မရသော ဓားချီက သံမဏိသားဖြင့် လုပ်ထားသည့်အလား ထင်ရသည်။

ချွီထေပါး၏ ရွှေရောင်ဓားချီက နဂါးများ၏ သက်ရောက်မှုအားဖြင့် အရောင်အဝါ ပျောက်ဆုံးသွားသည်။

သို့သော် တခဏခန့်ကြာပြီးနောက် နဂါးများနှင့်ဓားချီ၏ ထိပ်တိုက်တွေ့ဆုံသည့် အရေးပါသော အခိုက်အတန့်တွင် ဝူရှန်းရွာသူကြီးက ရုတ်တရက် တုန်ယင်သွားပြီး ကြယ်တာရာစွမ်းအင်များကို ထပ်မလွှတ်နိုင်တော့ချေ။ သူကသွေးအန်လိုက်သည်။ သူက ဆက်လက်ပြီး တိုက်ခိုက်နိုင်စွမ်းအား မရှိတော့ချေ။ နဂါးများက ကွဲအက်သွားပြီး ဓားချီက သူ့ကိုပြန်လည်တွန်းထုတ်လိုက်သည်။

“ရွာသူကြီး”

“စီနီယာ”

လူတိုင်း၏မျက်နှာက တင်းမာသွားသလို အလန့်တကြားအော်သံများက ထွက်လာသည်။ မရေမတွက်နိုင်သည့် ဝူရှန်းမြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက မျက်နှာများဖြူဖျော့သွားရင်း အပြေးအလွှား သွားကယ်ကြသည်။ သို့သော် မည်သူကမည်မျှမြန်စွာ တုန့်ပြန်နိုင်စေကာမူ သူတို့ထဲက မည်သူကမှ ချွီထေပါး၏ ဓားချီလောက်မမြန်ချေ။

ဝူရှန်းရွာသူကြီးက မတားနိုင်တော့သောအခါ ကျန်ရစ်နေသည့် စွမ်းအင်များက နတ်သိုင်းစစ်တပ်၊ နတ်အကျဉ်းထောင်စစ်တပ်၊ နဂါးတပ်ရင်းစစ်တပ်၊ ဟိန်းဟောက်ခြင်းကျားစစ်တပ်တို့ထံ ဆင်းသက်လာသည်။

ဝူရှန်းရွာသူကြီးက အားနည်းအောင် လုပ်ထားပြီးသည့်တိုင်အောင် ထိုတိုက်ကွက်က ထန်စစ်သားများ တားနိုင်သည့် အခြေအနေမျိုးမဟုတ်ချေ။

ဘုန်း

ချွီထေပါး၏တိုက်ကွက်က အောက်သို့ ဆင်းသက်တော့မည့်အချိန်တွင် ကြီးမားလွန်းသည့် သံမဏိလက်သီးကြီးတစ်လုံးက ပေါ်ထွက်လာသည်။ ထိုလက်သီးက မှင်ရည်ကဲ့သို့ မည်းမှောင်နေလေပြီး တောင်တန်းကြီးအလား ကြီးမားလွန်းသည်။ ရုတ်တရက် ရှေ့သို့တိုးဝင်လာသောအခါ ကျန်နေသည့် တိုက်ကွက်များအားလုံးကို ပျောက်ကွယ်သွားစေလေသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်က မိစ္ဆာနတ်ဘုရားတစ်ပါးလိုမျိုး လေပြင်းများအောက်တွင် ရပ်နေသည်။ သူ၏ညာဘက်လက်က အလံကိုကိုင်ထားပြီး ဘယ်ဘက်လက်ကမူ လက်သီးကို တဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်သည်။ သူက အဝေးရှိချွီထေပါးကိုကြည့်သည်။ မျက်လုံးက ရေခဲအလားအေးစက်သွားသည်။

ဝူး...

လေပြင်းများက နောက်တန်းမှ သဲများအားလုံးကို မောင်းထုတ်လိုက်ပြီး အနက်နှင့်အနီ နဂါးကိုးကောင် သွေးစစ်အလံကို တဖြတ်ဖြတ် လွင့်စေလေသည်။ တိုက်ပွဲက တည်ငြိမ်သွားသည့်အခိုက်အတန့်တွင် နှစ်ဖက်လုံးက လုပ်ကြံသတ်ဖြတ်မှုအရှိန်နှုန်းကို နှေးကွေးလိုက်ကြလေသည်။

“ရွာသူကြီး”

ဝူရှန်းမြင်းတပ်က ဒီအခွင့်အရေးကို အပြေးယူသည်။ ချွေ့ဖြောင်းချီကပင် ပါဝင်သေးသည်။ သူတို့အားလုံးက ဝူရှန်းရွာသူကြီးကို ဝိုင်းထားကြသည်။ ဝူရှန်းရွာသူကြီးက ရွာအတွင်း အလွန်အမင်းမြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သူသည် ဝူရှန်းမြင်းတပ်အတွင်းမှ ကလေးများ အရွယ်ရောက်သည်အထိ စောင့်ကြပ်ကြည့်ရှု့ပေးခဲ့ရသည်။ ထို့ကြောင့် ထိုလူများအားလုံးကို သူတို့၏ တူသားများလို သဘောထားကြလေသည်။

ထိုအတွက်ကြောင့် ထိုလူများ၏စိတ်အတွင်း ဝူရှန်းရွာသူကြီး၏ အဆင့်အတန်းကို သိနိုင်သည်။

“ငါအဆင်ပြေတယ် မကြောက်ကြနဲ့”

ဝူရှန်းရွာသူကြီးက ရင်ဘက်ကို လက်တစ်ဖက်ဖြင့် ကပ်ထားသည်။ သူ၏နှင်းလိုဖြူဖွေးနေသော မုတ်ဆိတ်က သွေးများစွန်းထင်းနေပြီး ခြောက်သွေးနေသောနှုတ်ခမ်းက သွေးနီရောင် တောက်ပနေသည်။ သို့သော် သူ၏မျက်လုံးကမူ အဝေးသို့သာကြည့်သည်။ သူဟာ အလွန်အင်အားကြီးသည့် အန္တရာယ်ကို ရင်ဆိုင်နေရပုံပေါ်သည်။

မိစ္ဆာဧကရာဇ် လူအိုကြီးမန်က လျို့ဝှက်ဆန်းကြယ်သော လက်နက်ကြောင့် ဖိနှိပ်ခံလိုက်ရသည်။ သို့သော် ချွီထေပါးက ရှိနေသေးသည်။ ယခုအခါ မဟာထန်ဘက်က အလွန်အမင်း အင်အားနည်းသော အခြေအနေမျိုး ဖြစ်နေလေပြီး အချိန်မရွေး သုတ်သင်ခံရနိုင်လေသည်။

အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် ဝူရှန်းရွာသူကြီးတို့က ချွီထေပါးနှင့် အကွာအဝေးတစ်ခု ခြားထားသည်။ သူတို့၏မျက်နှာက တင်းမာနေသည်။ လေထုက တင်းအားများဖြင့် ပြည့်နှက်လာသည်။

“ဟွန်း မင်းတို့ထဲကတစ်ကောင်က အတွင်းဒဏ်ရာရှိတယ်။ နောက်တစ်ကောင်က အလံရဲ့စွမ်းအားကို မှီခိုနေရတယ်။ မင်းတို့ထဲက ဘယ်ကောင်ကမှ အဲ့ဒီနယ်မြေကို မထိတွေ့နိုင်သေးဘူး။ မင်းတို့နှစ်ကောင်လောက်က ငါ့ကိုမယှဉ်နိုင်ဘူး”

ဘန်း

ချွီထေပါးက ရှေ့သို့တက်ကာ ဖနောင့်ပေါက်လိုက်သည့် အခိုက်အတန့်တွင် လေထုက တုန်ခါသွားသည်။ သူ၏ဝတ်ရုံက လေတွင်လွင့်နေလေပြီး မျက်ဝန်းက တောက်ပလာသည်။

တစ်ချက်တည်းနှင့် ချွီထေပါးက ဝူရှန်းရွာသူကြီးကို ဒဏ်ရာရအောင် လုပ်နိုင်သလို အနက်ရောင်သံချပ်ကာဝတ် အစောင့်ကို နောက်ဆုတ်စေလိုက်သည်။ သို့သော် ဒါဟာ သူ၏ အင်အားအကုန် သုံးထားရခြင်းမဟုတ်သေးချေ။ မိစ္ဆာဧကရာဇ် လူအိုကြီးမန်ကသာ သူ့ကိုမတားလျှင် တိုက်ပွဲနယ်မြေရှိ မည်သူကမှသူ့ကို အချိန်အတန်ကြာ မထိန်းထားနိုင်ချေ။

ဘုန်း

ချွီထေပါးက ရုတ်တရက် ခြေတစ်လှမ်းတိုးလိုက်သည့် အခိုက်အတန့်တွင် တစ်လောကလုံးက တုန်ယင်သွားသည်။ သူ၏ခန္ဓာကိုယ်က ပြင်းထန်သည့် ရွှေရောင်အလင်းများဖြင့် ဖောင်းကားလာလေပြီး တိုက်ပွဲနယ်မြေသို့ ဆင်းသက်တော့မည့် နတ်ဘုရားတစ်ပါးအလား ထင်ရစေသည်။ ထိုသို့ဖြင့် လူတိုင်း၏ ကြောက်လန့်မှု၊ လေးစားမှုများကို ခံရလေသည်။

မြင်းတပ်၊ ခြေလျှင်တပ်၊ ဗိုလ်ချုပ်များအားလုံးက စွမ်းအင်မုန်တိုင်း၏အရှေ့တွင် ပုရွက်ဆိတ်သာသာဖြစ်သည်။

ခြေတစ်လှမ်းချင်းစီလှမ်းလျှက် ချွီထေပါးက လေထဲသို့တက်လှမ်းရင်း မဟာထန်၏ နဂါးကိုးကောင် စစ်အလံထံ မုန်တိုင်းတစ်ခုလို ချဉ်းကပ်သွားသည်။ ထိုသို့ဖြင့် သူ၏ခြေထောက်အောက်ဘက်ရှိ လေထုက မြေအမာသားလိုဖြစ်လာသည်။ ချွီထေပါးက နီးကပ်သထက် နီးကပ်လာလေလေ ဝူရှန်းရွာသူကြီး၊ အနက်ရောင်သံချပ်ကာဝတ်အစောင့်၊ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီ၊ ကျောင်းဖုန်းချန်း၊ စုဟန်ရှန်းနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်က ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားကို ခံစားရစေလေလေဖြစ်သည်။ ဒါဟာ အမှန်တကယ် အင်အားကြီးမားသောသူ၏ စွမ်းအားများဖြစ်သည်။ မဟာထန်စစ်တပ်ကို အကြီးမားဆုံး ခြိမ်းခြောက်နိုင်သူလည်းဖြစ်သည်။

...

“ချွီထေပါး”

“ချွီထေပါး”

“ချွီထေပါး”

ချွီထေပါးက မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာကြောင်း မြင်သောအခါ တိတ်ဆိတ်နေသော အာရပ်စစ်တပ်ကလည်း သူရူးများလို အော်ဟစ်အားပေးကြသည်။ သူတို့၏လက်များကို ကောင်းကင်ပေါ်သို့မြှောက်လျှက် အော်ကြသည်။ အာရပ်များသည် သူတို့၏သတ္တိရှိမှုနှင့် နယ်မြေများကို အုပ်စိုးချဲ့ထွင်နိုင်မှုအတွက် ကျော်ကြားသည်။ သို့သော် ဒီတစ်ကြိမ်တွင် အစစ်အမှန် ပြိုင်ဘက်ကို ရင်ဆိုင်ခဲ့ရသည်။

သူတို့အားလုံးကလည်း ဒီစစ်ပွဲတွင် ရှုံးပြီဟု ယူဆထားခဲ့ကြသည်။ သို့သော် အခြေအနေက အပြောင်းအလဲ ဖြစ်သွားလေပြီး အာရပ်များက နိုင်မည်ဟု မျှော်လင့်ထားကြသည်။ သူတို့ဟာ အရှေ့ပိုင်းသား ရန်သူများကို ဆက်တိုက် ထိုးနှက်နိုင်လာသည်။

“သတ်”

ရပ်တန့်သွားသော အာရပ်စစ်တပ်က ပြန်လည်အသက်ဝင်လာသလိုမျိုး သူတို့၏ အာရပ်စစ်နတ်ဘုရား၏ အနောက်မှ ခုန်ထွက်လာကြသည်။ အားလုံးက အော်ဟစ်ရင်း ဓားမောက်ရှည်များကိုယမ်းလျှက် ဆူနာမီမုန်တိုင်းတစ်ခုလိုမျိုး အလံထံ ဝင်ရောက်သွားကြသည်။

“အသင့်ပြင်”

“သတ်”

ယခုအခါ ချွီထေပါးက လှုပ်ရှားပြီဖြစ်ပြီး သူချပေးသော အရှိန်အဟုန်က တိုက်ပွဲနယ်မြေကို သက်ရောက်သွားကာ တစ်ဖက်သူများကို ခပ်မြန်မြန်တိုက်ခိုက်ရင်း အဆုံးသတ်နိုင်မည်ဖြစ်သည်။

ဘုန်း

စစ်တပ်နှစ်ခုက ထိပ်တိုက်တွေ့ဆုံသောအခါ စစ်သားများက လေထဲသို့ လွင့်ထွက်ကုန်ပြီး မြေပြင်ပေါ်သို့ ဖိချခံရသည်။

“ဗိုလ်ချုပ်တွေ သတိထား”

ဝူရှန်းရွာသူကြီး၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူက ချွီထေပါးကိုကြည့်သည်။

ချွီထေပါး၏ ဝူရှန်းရွာသူကြီးအပေါ် သုံးသပ်ချက်က သိသာထင်ရှားသည်။ ဆားစားသုံးပြီး ကျင့်ကြံခဲ့သော ဝူရှန်းရွာသူကြီးတွင် အတွင်းဒဏ်ရာများ ရှိနေပြီးသားဖြစ်သည်။ သူသည်ပင် ချွင်းချက်မရှိချေ။

ထို့ကြောင့် လကြတ်သည့်ညတွင် ဝမ်ချောင်၏ ထောက်ပံ့မှုက ဝူရှန်းရွာသူကြီး၏ အသက်ကို ကယ်နိုင်ခဲ့သည့်တိုင်အောင် ဖျားနာမှုက အပြည့်အဝ ပျောက်ကွယ်မသွားသေးချေ။ ထို့ကြောင့် ပုံမှန်အားဖြင့် မထကြွလာသော်လည်း အရေးပါလွန်းသော အခိုက်အတန့်မျိုးတွင် လက်ရွေးစင်အချင်းချင်း ထိပ်တိုက်ရင်ဆိုင်သည့်အခါ ဒါဟာ သေစေနိုင်သည့် အားနည်းချက်တစ်ခုဖြစ်လာသည်။

ပို၍ဆိုးသည်မှာ ဝူရှန်းရွာသူကြီးသည် အလွန်အသက်ကြီးနေပြီဖြစ်သည်။ ထို့ကြောင့် အခြားသော နယ်ပယ်များနှင့် ခွန်အားချင်းယှဉ်သော် သူဟာ မည်သည့်နည်းနှင့်မှ ငယ်ရွယ်သေးပြီး အထွတ်အထိပ်တွင်ရှိနေသည့် ချွီထေပါးကို မယှဉ်နိုင်ချေ။

သို့သော် ယခုအခြေအနေက ဒီကိစ္စများကို စိုးရိမ်နေ၍မရချေ။ ဝူရှန်းရွာသူကြီးသည် ချက်ချင်းဆိုသလိုပင် ကြယ်တာရာစွမ်းအင်များကို စုစည်းလိုက်ပြီး ချွီထေပါးနှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ အခြားတစ်ဖက်ခြမ်းတွင် အနက်ရောင်သံချပ်ကာဝတ် အစောင့်က နဂါးကိုးကောင် စစ်အလံကိုကိုင်ထားပြီး တိုက်ပွဲဝင်ရန် အသင့်စောင့်နေသည်။

ကျွမ်းကျင်ပညာရှင်များက အလွန်အမင်း ထက်ရှသည့် မသိစိတ်ကို ပိုင်ဆိုင်ထားသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်ကလည်း အားမနည်းချေ။ သူဟာ အနည်းဆုံး အော့စမန်းထက် အင်အားကြီးမားသည်။သို့သော် သူနှင့်ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များဖြစ်သည့် မိစ္ဆာဧကရာဇ် လူအိုကြီးမန်နှင့် ချွီထေပါးတို့အကြား ကွာဟချက်က ရှိနေသည်။ သို့ရာတွင် ထိုကွာဟချက်က ထင်သလောက် မကြီးမားချေ။

“သူတို့ကိုအရင်သတ်”

ချွီထေပါးက ပေထောင်ပေါင်းများစွာအကွာတွင် ရှိနေသေးချိန်တွင် အနက်ရောင်သံချပ်ကာဝတ် အစောင့်က ရုတ်တရက် အလံကို ယမ်းလိုက်သည်။ ကောင်းကင်တစ်ခုလုံးက မှေးမှိန်သွားပြီး ကျယ်ပြောသော စွမ်းအင်များက ထိုးထွက်လာသည်။ သု့ိသော် ထိုစွမ်းအင်က ချွီထေပါးထံ ဝင်ရောက်သွားခြင်းမဟုတ်ဘဲ အနီးကပ်ဆုံးအားပါးထံဖြစ်သည်။

တစ်ချိန်ထဲလိုလို ဝူရှန်းရွာသူကြီးက လက်တစ်ချောင်းညွှန်လိုက်သည်။ နို့နှစ်ဖြူရောင် စွမ်းအင်အလင်းတန်းက ဟော်ရှု့ဟွေ့ခမ်းထံ ဥက္ကာတုံးတစ်ခုလို တိုးဝင်သွားသည်။

ထိုနှစ်ယောက်က စကားလုံးဖလှယ်မနေကြချေ။ သို့သော် အချင်းချင်း၏ အသိစိတ်နားလည်မှုရှိသည်။ သာ့လွန်ရော့ကျန်း၏ အကြံများက မဟာထန်ဘက်မှ မဟာဗိုလ်ချုပ်နှစ်ယောက်ကို ဆုံးရှုံးစေခဲ့သည်။ ထို့ကြောင့် အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းကလည်း တိုက်ပွဲနယ်မြေတွင် ပျောက်ကွယ်သွားသင့်သည်။ ထိုနှစ်ယောက်က ချွီထေပါးကို ငြိမ်းငြိမ်းချမ်းချမ်း ကိုင်တွယ်စေလိုလျှင် သူတို့အရင်ဆုံး အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းကို ကိုင်တွယ်ရပေမည်။

ဘုန်း

တခဏခန့်ကြာပြီးနောက် မြေပြင်က ပေါက်ကွဲသွားသည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် ဝူရှန်းရွာသူကြီးတို့၏ တိုက်ကွက်များက သိပ်သည်းသော အာရပ်မြင်းတပ် အဖွဲ့ဝင်များထံ ရောက်ရှိလာလေပြီး အသွေးနှင့်အသားများကို လွင့်ထွက်သွားစေသည်။

အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကလည်း ထိုတိုက်ကွက်များကို လက်ခံရန် မျှော်လင့်ထားပြီးပုံရသည်။ ထိုနှစ်ယောက်က ချက်ချင်းဆိုသလိုပင် ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့နှင့် အကွာအဝေး ခြားလိုက်သည်။

“ဟွန်း နောက်ဆုံးအကြိမ် ရုန်းကန်မှုတွေပဲ”

အားပါးက လှောင်လိုက်ပြီး ထိုနှစ်ယောက်ကိုကြည့်သည်။ ဒီစစ်ပွဲမှာ အဓိကအင်အားစုက သူမဟုတ်သလို ဟော်ရှု့ဟွေ့ခမ်းလည်းမဟုတ်ဘဲ ချွီထေပါးသာဖြစ်သည်။ သူတို့နှစ်ယောက်က ဒီတိုင်း အကူသာဖြစ်သည်။

သူတို့နှစ်ယောက်ကလည်း ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့၏အတွေးကို သဘာဝအလျောက်ပင် ပြောနိုင်နေသည်။ သူတို့သည် မျက်နှာပြင်တွင် ဖော်ပြခြင်းမရှိသည့်တိုင်အောင် ဒီအခြေအနေအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဝူရှန်းရွာသူကြီးနှင့် အနက်ရောင်သံချပ်ကာဝတ် အစောင့်တို့က အလွန်အမင်း စွမ်းအားကြီးမားနေသည့်တိုင်အောင် သူတို့ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးများကို သတ်လိုလျှင် ထင်သလောက် မလွယ်ကူနိုင်ချေ။ အထူးသဖြင့် သူတို့က သတိအပြည့် ကပ်ထားချိန်တွင်ဖြစ်သည်။

“တိဗက်တွေ သတိထား ဒီနှစ်ယောက်က ငါတို့ကို တိုက်ခိုက်လာလောက်တယ်”

အားပါးက ဟော်ရှု့ဟွေ့ခမ်းကို အာရပ်ဘာသာစကားဖြင့် လှမ်းအော်သည်။ တစ်ဖက်သူ နားလည်ခြင်း ရှိမရှိ ဂရုမစိုက်ချေ။

အနီးအနားမှ ဟော်ရှု့ဟွေ့ခမ်းက ခေါင်းကိုအသာငုံ့လိုက်ပြီး သူ၏ညာဘက်လက်ကို ဓားမောက်ရှည်ပေါ်တင်သည်။ သူ၏မျက်ဝန်းက သတိကပ်မှုအပြည့်နှင့် တောက်ပလာသည်။ သူတို့နှစ်ယောက်က ဘာသာစကားခြင်း မတူသော်လည်း ဒီအခြေအနေတွင် နားလည်နိုင်နေလေသည်။

အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် ဝူရှန်းရွာသူကြီးတို့က နောက်ဆုံးအခွင့်အရေးကို အရယူပြီး တိုက်ပွဲနယ်မြေ၏ အခြေအနေကို ပြောင်းပြန်လှန်လိုလျှင် သူတို့၏မျှော်လင့်ချက်က အလဟသ ဖြစ်ရပေလိမ့်မည်။

“စိုးရိမ်စရာမလိုဘူး။ ဒီအနက်ရောင်သံချပ်ကာဝတ် အစောင့်က ဝင်္ကပါထဲက မထွက်နိုင်ဘူး”

ဟော်ရှု့ဟွေ့ခမ်းက အနက်ရောင်သံချပ်ကာဝတ် အစောင့်ကို စိုက်ကြည့်ရင်းပြောသည်။

သူတို့ကို အောင်မြင်မှုက အရှုံးကို ပြန်လည်သယ်ဆောင်လာစေနိုင်သည်။ အနက်ရောင်သံချပ်ကာဝတ် အစောင့်က အင်အားကြီးမားသည်။ သို့သော်သူက ဝင်္ကပါထဲက ထွက်လိုက်သည်။ ထိပ်တန်းအဆင့် ထန်စစ်သားများက အာရပ်နှင့် တိဗက်စစ်တပ် ပူးပေါင်းတိုက်ကွက်အောက်တွင် ရှုံးနိမ့်သွားရပေလိမ့်မည်။ ဖွင့်ဟခြင်းစစ်တပ်၊ သွေးသားရဲစစ်တပ်နှင့် မာမဲ့လုများ၏ ချီတက်မှုက ထန်များအပေါ် ကြီးမားသည့် ဆုံးရှုံးမှုကို ခံရစေနိုင်သည်။

ဟော်ရှု့ဟွေ့ခမ်း၏ အနှစ်ချုပ်မှုကလည်း အမှန်တိုင်းဖြစ်သည်။ လုပ်ကြံသတ်ဖြတ်မှုများ အားလုံးကို ဖယ်ထုတ်ပြီး အနက်ရောင်သံချပ်ကာဝတ် အစောင့်နှင့် ဝူရှန်းရွာသူကြီးတို့က ချက်ချင်းဆိုသလိုပင် ရပ်တန့်လိုက်ကာ ချွီထေပါးကို ပြန်လည်အာရုံစိုက်လိုက်ကြသည်။

သူတို့သည် အားပါးနှင့် ဟော်ရှု့ဟွေ့ခမ်းကို သတ်ရန်အခွင့်အရေးရသည်။ သို့သော် ချွီထေပါးကမူ အရေးကြီးဆုံးဖြစ်သည်။

“ဟွန်း”

ချွီထေပါးက ထိုအခြေအနေကို အေးစက်စွာသာကြည့်သည်။ သို့သော် သူက ဝင်ရောက်စွက်ဖက်ရန် မကြိုးစားချေ။ မည်သို့ပင်ဆိုစေ ပြင်းထန်သည့် ခွန်အားအောက်တွင် ထိုနှစ်ယောက်က သေရတော့မည်ဖြစ်သည်။

All Chapters