← Chapters

ဝှက်ဖဲများချေမွှခံရခြင်း ... ။

Vol. 69 Ch. 828

ဝှက်ဖဲများချေမွှခံရခြင်း ... ။

Vol. 69 Ch. 828

ကျယ်ပြောလှသော ရေကန်ကြီးတစ်ခု ဘေးတွင် ကောင်းကင်ပေါ် ထိုးတက်နေသည့် ချောက်ကမ်းပါးကြီးတစ်ခု တည်ရှိသည်။

ဆောင်းဦးရာသီ၏ နေဝင်ဆည်းဆာ အလင်းရောင်အောက်တွင် ရေမျက်နှာပြင်သည် ရွှေရောင်များတောက်လျက် ရှုခင်းတစ်ခုလုံး အလွန်ပင်လှပဆန်းကြယ်နေ၏။

“ ယွီပိုင်လင်း ... ယွီကျန်းထျန်းနဲ့ ယွီရှစ်ချန်ဘယ်မှာလဲ ... ။ ”

ယွီမိသားစု ရောက်ရှိလာချိန်တွင် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦးသည် ချောက်ကမ်းပါးထိပ်မှသည် တိမ်ပင်လယ်ထံသို့ လှမ်းတက်လာပြီး မေးမြန်းတော့၏။

သူ့မျက်ဝန်းများသည် လျှပ်စီးများ ဖြာထွက်လျက် အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလှလေသည်။ ယွီပိုင်လင်းမှ ပြန်လည် မော့ကြည့်လျက်၊

“ ကျန်းစွန်းဟုန် ... မင်း နည်းနည်းလွန်ကြူးနေတယ်လို့ မထင်ဘူးလား ဒီနေ့ရလာဒ်က ဘာဖြစ်မလဲ မသိသေးပါဘူး။”

-ဟု တုန့်ပြန်လိုက်၏။ ယွီယွန်ရှန်းက စုရီအနားကပ်လာကာ တိုးတိုးလေးမိတ်ဆက် ပေးလေသည်။

“ တာအိုမိတ်ဆွေ ... အဲဒီလူက ကြာနီဂိုဏ်းရဲ့ ရွှမ်ယုအဆင့်မိစ္ဆာအိုကြီးတစ်ပါးပဲ သူ့အမည်ကို ကျန်းစွန်းဟုန်လို့ ... ။ ”

“ ဒီလိုလူတစ်ယောက်နဲ့ ... မင်းငါ့ကို မိတ်ဆက်ပေးနေစရာမလိုပါဘူး ... ။ ”

သူ့စကားမဆုံးမီမှာပင် စုရီကခေါင်းကို အသာအယာခါယမ်းပြလိုက်ပြီး တည်ငြိမ်စွာဖြင့် စိတ်မဝင်စားဟန် ပြောကြားလာသည်။

ထိုစကားကြောင့် ယွီယွန်ရှန်းတစ်ယောက် မှင်တက်သွား၏။ ရွှမ်ယုအဆင့်ဧကရာဇ်ဟူသည် အင်အားစုတစ်ခု၏ ပြယုဂ်ပေပင်။ ထိပ်တန်း ဂိုဏ်းကြီးများအတွက် မဏ္ဍိုင်များဖြစ်ချေ၏။

သို့သော် ဤလူငယ်အတွက်မူ ထိုအဆင့်ဧကရာဇ်များသည် သူ့စိတ်ဝင်စားမှုနှင့် မထိုက်တန်ကြောင်း ဆိုလိုနေသည်။

“ ဟားဟားဟား ... ကောင်းပြီ မင်းရဲ့ယွဲ့မိသားစုက တကယ်ပဲ သွေးမမြင်မချင်း သေခြင်းတရားအပေါ် စာလုံးပေါင်းနိုင်မှာ ...

... မဟုတ်ဘူးဆိုတာ ငါသိတယ် ... ဒီနေ့ ယွီမိသားစု ဘယ်လောက်တောင် ကျောရိုးရှိမလဲ ငါကြည့်မယ်။ ”

စကားဆုံးသည်နှင့် ကျန်းစွန်းဟုန်က ချောက်ကမ်းပါးထိပ်သို့ ငှက်တစ်ကောင်အလား ပေါ့ပါးစွာ ပြန်လည်ဆင်းသက်သွား၏။

တစ်ဖက်တွင် ယွဲ့မိသားစုဝင်များသည် အမူအရာများလေးနက်ကုန်သည်။ ကြာနီဂိုဏ်း အနေဖြင့် ယနေ့အတွက် ယုံကြည်ချက် ပြင်းထန်နေကြောင်း မြင်သာနေ၏။

“ သွားရအောင် ... ။ ”

ယွီပိုင်လင်းက အသက်ပြင်းပြင်းရှူလျက် လူတိုင်းကိုဦးဆောင်ကာ ချောက်ကမ်းပါးပေါ်သို့ ပျံသန်းသွားတော့သည်။

“ ဝှစ် ... ။ ”

ချောက်ကမ်းပါးသည် မတ်စောက်ပြီး အန္တရာယ်များကာ ပေတစ်ရာခန့်ကျယ်ဝန်းသည့် ရင်ပြင်တစ်ခုဖြစ်သည်။

ရင်ပြင်ပေါ်တွင် ထိုင်ခုံများကို အစီအရီ ခင်းကျင်းထားပြီးဖြစ်သည်။ ယွီမိသားစုရောက်ရှိ လာချိန်၌ ကြာနီဂိုဏ်းမှာ လူစုံနေချေပြီ။

ရွှမ်ယုအဆင့် မိစ္ဆာအိုကြီးနှစ်ဦးနှင့် ရွှမ်ကျောက်အဆင့် အကြီးအကဲခြောက်ဦးတိတိ စေလွှတ်ထားသည်။

လူဦးရေအားဖြင့် မများလှသော်လည်း ရွှမ်ယုဧကရာဇ်နှစ်ပါးဟူသော အရေအတွက်မှာ ကောင်းကင်နယ်မြေ၌ လွှမ်းမိုးနိုင်စွမ်းရှိ၏။

သည့်ပြင် အခြားသောအင်အားစုများ ထံပါးမှလည်း ထိပ်တန်းပုဂ္ဂိုလ် ဆယ်ဂဏန်းခန့် ဖိတ်ကြားထားသေးသည်။

ထိုသူများအားလုံးသည် ဧကရာဇ်အဆင့် ကျင့်ကြံသူများဖြစ်ကြပြီး ဂိုဏ်းအသီးအသီးမှ ရှေးဟောင်းမြေခွေးကြီးများဖြစ်၏။

ရက်စက် ကောက်ကျစ်ကြပြီး နှစ်ပေါင်းသောင်းချီ တိုက်ပွဲအတွေ့အကြုံများကို ပိုင်ဆိုင်ထားကြသည်။ ထိုထဲတွင် ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါးပင် ပါရှိနေ၏။

ဤကဲ့သို့သော တွေ့ဆုံပွဲမျိုးသည် သာမန်ဧကရာဇ်များအတွက် တက်ရောက်ရန် အရည်အချင်း မပြည့်မီချေ။

ထိုအခင်းအကျင်းအရ ယွီပိုင်လင်းနှင့် အဖွဲ့သည် သက်ပြင်းကိုခိုးချလိုက်တော့သည်။ ယွီမိသားစုတွင် ယွီပိုင်လင်းတစ်ဦးတည်းသာ ရွှမ်ယုအဆင့်ဖြစ်၏။ ကွာခြားချက်သည် ကြီးမားလွန်းချေပြီ။

“ ယွဲ့ပိုင်လင်း မင်းတစ်ယောက်တည်းနဲ့ ဒီနေ့ပွဲကို တက်ရောက်ဝံ့သလား။ ”

အနက်ရောင် ဝတ်ရုံဝတ်ထားသော ကျန်းစွန်းဟုန်သည် လှောင်ပြုံးများဖြင့် မေးမြန်း လာလေသည်။ သူ့ဘေးရှိ ရွှမ်ယုအမျိုးသမီး ဧကရာဇ်သည်လည်း အေးစက်စွာဖြင့်၊

“ ဟမ့် ... ဒီလောက်ခွန်အားလေးနဲ့ ငါ့ကြာနီဂိုဏ်းကိုအန်တုဝံ့နေတာ ယွီမိသားစု သေချင်နေတာပဲ။ ”

-ဟု နှာခေါင်းရှုတ်ကာ မှတ်ချက်ပေးလိုက်၏။

“ မိန်းကလေးချင်း ... ဒီအဖိုးကြီး ယွီပိုင်လင်းက ... နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာဆိုတော့ ဘယ်လောက် အစွမ်းထက်နေလဲ ငါ မစောင့်နိုင်တော့ဘူး။ ”

“ ဟားဟားဟား ... ။ ”

သူမ မှတ်ချက်ကြားသည်နှင့် ထိုနေရာရှိ ကြာနီဂိုဏ်းမှဖိတ်ကြားထားသော ဧည့်သည်များ အားလုံး ရယ်မောလှောင်ပြောင်လာကုန်သည်။

ထိုစဉ် စုရီသည် အာရုံစိုက်ရန် ပျင်းလွန်းသဖြင့် ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ကာ ချောက်ကမ်းပါးအစွန်းသို့ လျှောက်လှမ်းသွားပြီး ထင်ရှူးပင်ကြီးတစ်ပင်အောက်၌ ကုလားထိုင် ထုတ်ယူလျက် ကျောမီချလိုက်၏။

ယွဲ့မိသားစုနှင့် ကြာနီဂိုဏ်းသည် စစ်မှန်သောတိုက်ပွဲမစခင် စကားရည်လုကာ ဝှက်ဖဲများ ထုတ်ကြပေဦးမည်။ ထို့ကြောင့် အချိန်အနည်းငယ် ပေးရနိုင်၏။

သူ့အမြင်တွင် ကြာနီဂိုဏ်းသည် မရဏကမ္ဘာရှိ မန်ပိုနန်းတော်အုတ်မြစ်ကိုပင် မယှဉ်နိုင်သေးချေ။ အရိုင်းမြေကိုးပါးတွင်မူ ပထမတန်းစားဂိုဏ်း အဆင့်မျှသာရှိ၏။

ထို့နောက်တွင် ဝိုင်အိုးကိုထုတ်လျက် တစ်ငုံချင်းအရသာခံသောက်ကာ မျက်စိမှိတ် စောင့်ဆိုင်းနေလိုက်လေသည်။

ဤနေရာမှ လှမ်းကြည့်သော် အဝေးရှိ တိမ်ပင်လယ်ကြီးနှင့် မြေပြင်ရှိရေကန်ကြီးကို မြင်နိုင်ချေပြီ။

“ ဒါ ... ။ ”

စုရီ၏ လုပ်ရပ်ကိုမြင်သောအခါ စကားရည်လုနေသော ရွှမ်ယုဧကရာဇ်များသည် မျက်ခုံးပင့်လျက် အံ့အားသင့်သွားကြသည်။

“ ဒီကောင်လေးက ဘယ်သူလဲ။ ”

ဧည့်သည်တော်တစ်ဦးမှ မျက်မှောင်ကြုတ်ကာ သူ့ဘေးရှိအမျိုးသားထံ မေးမြန်းလိုက်သည်။ အမေးခံလိုက်ရသည့် ထိုအမျိုးသားမှ ပခုံးတွန့်ပြီး၊

“ မင်းက ငါ့မေးနေမှတော့ ... ငါဘယ်သူ့ သွားမေးရမှာလဲ။ ”

-ဟု ချက်ချင်း တုန့်ပြန်လိုက်၏။

ကောင်းကင်နယ်မြေရှိ ထိပ်တန်း အင်အားစုကြီးနှစ်ခု၏ တွေ့ဆုံပွဲတွင် ဤကဲ့သို့ ငယ်ရွယ်အားနည်းသော လူငယ်တစ်ဦးသည် မောက်မာစွာ ပြုမူဝံ့လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားချေ။

ယွဲ့ပိုင်လင်းနှင့် ယွီမိသားစုဝင်များမှ မျက်ခုံးပင့်လျက် တစ်ဦးကိုတစ်ဦးပြန်ကြည့်ကာ အနည်းငယ်တည်ငြိမ်မှု ရရှိလာကြ၏။

မည်သို့ပင် ဆိုစေကာမူ ယနေ့ ကောင်းကင်ကြီးပြိုကျခြင်း မရှိသေးကြောင်းကို စုရီအပြုအမူမှတဆင့် သင်ယူနိုင်လိုက်သည်။

“ ယွဲ့ပိုင်လင်း ... ဒီလူမိုက်လေးကို မင်းရဲ့ယွဲ့မိသားစုက ဖိတ်ကြားထားတာလား ... ။ ”

ကြာနီဂိုဏ်းမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအနက် တစ်ဦးတည်းသော ရွှမ်ယုဧကရာဇ်ဖြစ်သူမှ မေးမြန်းလိုက်သည်။

သူ့အမည်မှာ ချန်ဟန်ယွမ်ဖြစ်ပြီး မျက်နှာပေါ်တွင်လည်း လှောင်ပြောင်ရိပ်များ ဖုံးကွယ်မထားခဲ့ချေ။

သူ့စကားကြောင့် ချောက်ကမ်းပါးရှိ လေထုတွင် ရယ်သံများဖြင့် ဆူညံသွားသည်။ ယွီပိုင်လင်းနှင့်အဖွဲ့သည် မျက်နှာများ ပြောင်းလဲကုန်တော့၏။

“ ဒါက လူမိုက်တစ်ယောက်ပဲ ... အရေးလုပ်နေဖို့ မလိုပါဘူး ငါတို့အရေးကြီးတာ ဆွေးနွေးကြရအောင်။ ”

ကျန်းစွန်းဟုန်က လေးနက်သော အမူအရာဖြင့် ပြောကြားလိုက်၏။ ထို့နောက် ယွီမိသားစုသည် ထိုင်ရန်စိတ်ကူးမရှိသည်ကို မြင်ပြီး၊

“ ဒီနေ့ မင်းရဲ့ဝှက်ဖဲကို ထုတ်ပါ ... စစ်မှန်တဲ့စိတ်ပျက်အားငယ်မှုဆိုတာ ဘာလဲ ငါပြပါရစေ။ ”

-ဟု ထပ်မံပြောကြားလိုက်သည်။

“ ဒါပေမယ့် ငါ့အမြင်မှာတော့ မင်းစိတ်လျော့လိုက်သင့်ပြီ အဖိုးကြီးပိုင်လင်း ... ။ ”

ကြာနီဂိုဏ်း၏ ရွှမ်ယုအဆင့် အမျိုးသမီးဧကရာဇ်မှ ပြောကြားလိုက်သည်။ ထို့နောက် သူမကပင်၊

“ အိုး ... နေဦး မင်းအတွက် သတင်းတစ်ခုရှိတယ် ဓားတစ်ထောင်ဂိုဏ်းက အကြီးအကဲကျောက်လင်ခုန်းနဲ့ မိုးတိမ်ခန်းမရဲ့ ဂိုဏ်းချုပ်ရှောင်ဝူကျိတို့ နှစ်ယောက်စလုံးက ဒီနေ့လာနိုင်တော့မယ် မထင်ဘူး။ ”

-ဟု ဖြည့်စွက်ပြောကြားလိုက်၏။

ထိုစကားကြောင့် ယွဲ့မိသားစုဝင်များ၏ မျက်နှာများ ဖြူဖျော့သွားသည်။ ယွဲ့ပိုင်လင်းပင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး တည်ငြိမ်အောင် မနည်းထိန်းလိုက်ရ၏။

ထိုကျောက်လင်ခုန်းနှင့် ရှောင်ဝူကျိတို့ဟူသည် သူနှင့်နှစ်ပေါင်းများစွာ တိုင်အောင်ခင်မင်နေခဲ့သော သူငယ်ချင်းများ ဖြစ်ချေပြီ။

ယနေ့ပွဲအတွက် အကြီးမားဆုံးသော ဝှက်ဖဲများဖြစ်၏။ သို့သော်ဤမျှအရေးကြီးချိန်၌ တစ်ဖက်လူများသည် မြေခွေးမြီးများကို ထုတ်ပြလာတော့သည်။

ထိုစဉ် ကြာနီဂိုဏ်းထံမှ ရွှမ်ယုအဆင့် အမျိုးသမီးဧကရာဇ်က တံဆိပ်တစ်ခုထုတ်ကာ အသက်သွင်းလိုက်၏။ ချက်ချင်းပင် လူအိုကြီး နှစ်ယောက်အသံ ထွက်ပေါ်လာလေသည်။

“ တာအိုကျန့် ကြာနီဂိုဏ်းနဲ့ ယွီမိသားအရေးဒီကိစ္စတွေမှာ ငါပါဝင်ပတ်သတ် တော့မှာမဟုတ်ဘူး မင်းစိတ်ချနေပါ။ ”

“ တာအိုကျန့် ဘာပဲဖြစ်ဖြစ် ... ပိုင်လင်းဆိုတာ တစ်ချိန်က ငါ့ရဲ့မိတ်ဆွေပဲမို့ မင်းသူ့အသက်ကို ချမ်းသာပေးပါ။ ”

ပထမအသံသည် ကျောက်လင်ခုန်းဖြစ်ပြီး ဒုတိယသည် ရှောင်ဝူကျိပေပင်။ ထိုသူနှစ်ဦး၏ အသံများကို ကြားလိုက်ရသောအခါ ယွဲ့ပိုင်လင်း မျက်နှာသည် ဒေါသဖြင့်ရဲတွတ်လာ၏။

“ လူသားတွေ နှလုံးသားကြားက ... ဆက်ဆံရေးဆိုတာ စက္ကူတစ်ရွက်ထက်တောင် ပါးလွှာလွန်းပါတယ်။ ”

တစ်ဖက်တွင် စုရီသည် မျက်ဝန်းများ ပြန်ဖွင့်လာကာ ဝိုင်တစ်ငုံမော့သောက်လျက်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်တော့သည်။

“ မင်းရဲ့ကြာနီဂိုဏ်း တကယ်ပဲ ကောက်ကျစ်လွန်းပါတယ် ဒါပေမယ့်ယွီမိသားစု အပေါ် အနိုင်ယူဖို့ မလုံလောက်သေးပါဘူး။ ”

ယွီပိုင်လင်းတစ်ယောက် အသက်ပြင်းပြင်းရှူလျက် ခေါင်းမာစွာ တုန့်ပြန် ပြောကြားလိုက်လေသည်။ သူ့အမူအရာကြောင့် ကျန်းစွန်းဟုန်က လှောင်ပြုံးဖြင့်၊

“ မင်း ... လက်မခံနိုင်သေးဘူးဆိုတာ ငါသိတယ် ... တာအိုယွင်ရင်ထွက်လာပြီး တာအို ပိုင်လင်းအတွက် အလင်းပြပေးပါဦး။ ”

-ဟု ဖိတ်ခေါ်လိုက်ပြန်၏။

စကားဆုံးသည်နှင့် တိမ်ပင်လယ်ကြားမှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာလေသည်။

“ ဘီလူးအိုကြီးယွီ ... မင်းအညံ့ခံသင့်ပြီ လူနှစ်ယောက်အတွက် မင်းရဲ့ယွီမိသားစုကြီးကို အပျက်စီးခံချင်နေတာလား။ ”

“ တိမ်အရိပ် ... ။ ”

ဤတစ်ကြိမ်တွင် ယွဲ့ရွှေဟန်နှင့် ယွဲ့ယွန်ရှန်းတို့သည်ပင် မျက်လုံးများ ပြူးကျယ် သွားလေသည်။ ယွင်ရင်ဟူသည် ကောင်းကင် နယ်မြေတွင် တိမ်အရိပ်အဖြစ် ကျော်ကြားသော ယွီပိုင်လင်း၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်၏။

အချင်းချင်း အသက်ပေးရန်ပင် သိုင်းညီအစ်ကိုဖွဲ့ထားသည်ဟု ကောလဟာလ ထွက်ပေါ်နေခဲ့သည်။ ယနေ့မူ ကြာနီဂိုဏ်းနှင့် ပူးပေါင်းသွားချေ၏။ ယွဲ့ပိုင်လင်းအတွက် ကြီးစွာသော အရှက်ရမှုကြီးပေပင်။

“ ဘီလူးကြီးယွီ ... ငါ့စကားကို နားထောင်စမ်းပါ ယွီချန်ထျန်းနဲ့ ယွဲ့ရှစ်ချန်တို့ သားအဖကိုအပ်လိုက်ပါ ... ဒါဆိုရင် မင်းရဲ့ ယွီမိသားစုဝင်တိုင်း ဘေးကင်းလိမ့်မယ်။ ”

“ အရှက်မဲ့တဲ့အဖိုးကြီး ... မင်း မကူညီချင်ရင်တောင် ဘေးကနေကြည့်လိုက်လို့ ရနေတယ် မဟုတ်လား ဒါကိုဘာလို့ငါ့ရှေ့မှာ ဒီလိုအရှက်မဲ့နေရတာလဲ။ ”

ဤတစ်ကြိမ်တွင် ယွီပိုင်လင်းသည် ဒေါသများကြောင့် တုန်လှုပ်မှုအပေါ် မထိန်းနိုင် တော့ချေ။ သွေးကြောများ ပေါက်ထွက်လျက် အန်ထွက်လုနီးပါးပေပင်။

ယနေ့တွင် ဝှက်ဖဲများ ထုတ်ဖော်ရန်ပင် အချိန်မရှိလိုက်ဘဲ တစ်ဖက်လူမှ တစ်ခုပြီးတစ်ခု ချေမှုန်းပြနေခဲ့သည်။ ကျောက်လင်ခုန်းနှင့် ရှောင်ဝူကျိ၏ ဖယ်ခွာကို လက်ခံနိုင်စရာ ရှိနေသေးသည်။

သူ့မျက်စိရှေ့ရှိ ဤမိစ္ဆာအိုကြီးကိုမူ သေမကွာရှင်မကွဲ သိုင်းညီအစ်ကိုများအဖြစ် မှတ်ယူထားမိခဲ့၏။

“ ဘီလူးကြီးယွီ ... အခြေအနေနဲ့ အချိန်အခါကို နားလည်သိတတ်တာ ပညာရှိပဲ မင်းဒေါသထွက်နေလို့ ဘာမှထူးမှာမဟုတ်ဘူး ငါတို့ရဲ့နှစ်ပေါင်းများစွာ ...

... ခင်မင်မှုကိုထောက်ပြီး အဲဒီသားအဖကို အပ်လိုက်ရင် ... မင်းတို့ဒုက္ခမရောက်စေရဘူးလို့ ငါအာမခံနိုင်ပါတယ်။ ”

“ ပါးစပ်ပိတ်ထား ... မဟုတ်ရင် ငါ့အသက်နဲ့ရင်းပြီး မင်းလိုလူယုတ်မာကို အရင် သတ်ပစ်မိလိမ့်မယ်။ ”

ထိုစဉ် ကျန်းစွန်းဟုန်မှ လက်ပြလျက်၊

“ ပိုင်လင်း ... မင်း ဒေါသထွက်တာကြည့်ဖို့အတွက် ဒီမှာငါရှိနေတာ မဟုတ်ဘူး မင်းမှာဝှက်ဖဲရှိသေးရင်ထုတ်ပါ။ ”

-ဟု ပြောကြားလိုက်၏။

ယွီပိုင်လင်းတစ်ယောက် အနည်းငယ် တိတ်ဆိတ်သွားပြီး တစ်ခုခုပြန်ပြောရန်ပြင်စဉ် အဝေးမှအလင်းတန်းတစ်ခု ရွေ့လျားလာနေ သည်ကို မြင်လိုက်ရတော့သည်။

***

All Chapters