အခန်း (၁၄၃၉-၁၄၄၀)
Vol. 107 Ch. 1439-1440
အခန်း (၁၄၃၉) နောက်တစ်ကြိမ် တွေ့ဆုံခြင်း
ဘုရင်အဖွဲ့အစည်းကို ပိုမိုကောင်းမွန်စွာ တိုက်ခိုက်နိုင်ရန်အတွက် ယန်ကျန့်နှင့် အခြား ခေါင်းဆောင်များသည် လူအင်အား ဖြည့်တင်းရန် လိုအပ်ကြောင်း သဘောပေါက်လာကြသည်။
အဘယ်ကြောင့်ဆိုသော် ချောင်ယန်၊ လီကျွင်း၊ ကျန်းကျွင်းနှင့် ဝေ့ကျင်း တို့ လေးဦး ထွက်ခွာသွားပြီ ဖြစ်သဖြင့် ကျန်ရှိနေသော ခေါင်းဆောင်များသည် ဖိအားများနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ပြင်ပ အကူအညီ မရှာပါက အနိုင်ရလျှင်ပင် ကြီးမားသော ပေးဆပ်မှုများ ရှိလာပေလိမ့်မည်။
လောလောဆယ်တွင် ခေါင်းဆောင်များ၏ ဆွေးနွေးချက်အရ အဆိုပြုချက် နှစ်ခုကို အတည်ပြုလိုက်သည်။
ပထမ အချက်မှာ ခေါင်းဆောင်လောင်း စာရင်းဝင်များကို ခေါ်ယူရန် ဖြစ်သည်။
ဒုတိယ အချက်မှာ သဘာဝလွန် ဖိုရမ်အဖွဲ့မှ ရဲကျန့်ကို ဖိတ်ခေါ်ရန် ဖြစ်သည်။
ယန်ကျန့် အဆိုပြုသော ကျန်းရှန်ကွမ် ကို ပြန်လွှတ်ပေးမည့် ကိစ္စကိုမူ လူအများစုက ကန့်ကွက်ကြသည်။
သို့သော် အချို့သော ခေါင်းဆောင်များက စမ်းသပ်ကြည့်သင့်သည်ဟု ဆိုကြသည်။
"အခုချက်ချင်း လွှတ်ပေးစရာ မလိုပါဘူး သူ့ကို အရင် သွားတွေ့ပြီး စကားပြောကြည့် တကယ်လို့ အခြေအနေက ပြန်ပြင်လို့ မရနိုင်လောက်အောင် ဆိုးရွားလာမှ လွှတ်ပေးမယ် ဆိုရင်လည်း မဖြစ်နိုင်တာ မဟုတ်ပါဘူး ယန်ကျန့် ဒါ ငါ့အမြင်ပါ"
လျိုစန်း၏ စက္ကူလူက အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်သည်။
"ဟုတ်တယ် စစ်ပွဲ ရှုံးတာနဲ့ ယှဉ်ရင် ကျန်းရှန်ကွမ် ကို လွှတ်ပေးတာက ဘာမှ မဟုတ်ဘူး"
ဝမ်ချာလင်း မျက်မှန် တပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
လုကျီဝမ်လည်း ထောက်ခံသည်။
"တကယ် လူလိုလာတဲ့အချိန်ကျရင် ကျန်းရှန်ကွမ် ကို လွှတ်ပေးတာ ငါ သဘောတူတယ် ဒါပေမဲ့ ယန်ကျန့် မင်း သူ့ကို နားချနိုင်ဖို့တော့ လိုလိမ့်မယ်"
"ဒီကိစ္စကို ငါ တာဝန်ယူမယ် တခြား ကိစ္စ ဆက်ဆွေးနွေးရအောင် ဒီနေ့ တိုက်ပွဲ ပြီးသွားပြီ ဆုံးရှုံးမှုနဲ့ အမြတ်ကို အားလုံး သိကြပါတယ် ဘုရင်အဖွဲ့အစည်း က အထိနာသွားပြီ ဆိုတော့ နောက်ပိုင်း ပိုသတိထားလာလိမ့်မယ် ဒါပေမဲ့ နောက်ထပ် တိုက်ပွဲတွေက ပိုပြင်းထန်လာလိမ့်မယ်"
ယန်ကျန့် ထိုင်ခုံတွင် ထိုင်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"တစ္ဆေသင်္ဘော စီမံကိန်း စတင်တာ ၂ ရက် ရှိပြီ ဆိုတော့ နောက် ၃ ရက်လောက် နေရင် ကမ်းကပ်တော့မယ် နောက်ထပ် တိုက်ခိုက်မှုက အဲဒီအချိန်ကျမှ လာလိမ့်မယ် ဒီကြားထဲမှာ ဘုရင်အဖွဲ့အစည်း လည်း ငါတို့လိုပဲ လူအင်အား ဖြည့်တင်းရဦးမှာ ဆိုတော့ သင်္ဘော ကမ်းမကပ်ခင်အထိ သူတို့ ဘာမှ ထပ်လုပ်မှာ မဟုတ်ဘူး"
"ငါလည်း သဘောတူတယ် သူတို့ အထိနာထားပြီးပြီ ငါတို့ ခေါင်းဆောင်တွေ အကုန် စုစည်းထားတာကိုလည်း သိသွားပြီ ဆိုတော့ လွယ်လွယ်နဲ့ လှုပ်ရှားရဲမှာ မဟုတ်ဘူး နိုင်ချင်ရင် ထိပ်တိုက် တွေ့ရုံပဲ ရှိတော့တယ် အဲဒီအချိန်ကျရင် အင်အားချင်း ယှဉ်ရမှာပဲ"
လုကျီဝမ် ခေါင်းငြိမ့်လိုက်သည်။
"ဒါ့ကြောင့် နောက် ၂ရက် ၃ ရက် အတွင်း ငါတို့ လုပ်ရမှာက ကိုယ့်အင်အားကို တတ်နိုင်သလောက် မြှင့်တင်ထားဖို့ပဲ"
ခေါင်းဆောင်များ အစည်းအဝေး လုပ်နေစဉ်...
အခြားတစ်ဖက်တွင်...
ဘုရင်အဖွဲ့အစည်း လည်း အစည်းအဝေး ကျင်းပနေသည်။ ယနေ့ ဖြစ်ပျက်ခဲ့သည်များကို ဆွေးနွေးနေကြသည်။
ဧရာမ အစည်းအဝေး စားပွဲကြီးတွင် သာသနာပြု ဆရာ မျက်နှာ ပျက်နေသည်။ သူ စိတ်ဓာတ်ကျနေသည်။ ဒီစီမံကိန်းကို သူ ရေးဆွဲခဲ့တာလေ။ ခေါင်းဆောင်တွေ မစုစည်းခင် အလစ်ဝင်တိုက်ပြီး သင်္ဘော ကမ်းမကပ်ခင် အပြတ်ရှင်းပစ်ချင်ခဲ့တာ။
ဒါပေမဲ့ ဒီလောက် ပြည့်စုံတဲ့ စီမံကိန်းကြီးက လုံးဝ ကျရှုံးသွားခဲ့သည်။
တာဝန်ခံတွေကို မသတ်နိုင်ခဲ့တဲ့အပြင် 'ဘုရင်' တွေပါ ဆုံးရှုံးလိုက်ရတယ်။ အဖွဲ့ဝင်တွေလည်း အများကြီး သေကုန်တယ်။
"ဒီစီမံကိန်းက သိပ်ညံ့ဖျင်းလွန်းတယ် တစ်ဖက်လူက ကြိုတင် ပြင်ဆင်ထားပြီးသားလေ ငါတို့ လှုပ်ရှားတာနဲ့ သူတို့ ပြန်တိုက်တော့တာပဲ တာဝန်ခံတွေကို လိုက်သတ်တယ် ဆိုတာ ဟာသ ဖြစ်သွားပြီ မင်း လုပ်ခဲ့သမျှထဲမှာ ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တာ တစ်ခုပဲ မှန်တယ် မဟုတ်ရင် ဆုံးရှုံးမှုက ဒီထက် ပိုများဦးမှာ"
အနောက်တိုင်း ဝတ်စုံ ဝတ်ဆင်ထားပြီး ဦးထုပ်ဆောင်းထားသော နိုင်ငံခြားသား တစ်ဦးက သာသနာပြု ဆရာကို ပြစ်တင် ဝေဖန်လိုက်သည်။
သာသနာပြု ဆရာ ဘာမှ ပြန်မပြောဘဲ ငြိမ်နေသည်။
ဦးထုပ်ဆောင်း အမျိုးသားက ဆက်ပြောသည်။
"ဒီကိစ္စအတွက် မင်း တာဝန်ယူရမယ် မင်းက တစ်ဖက်လူရဲ့ အင်အားနဲ့ စစ်ကူ ရောက်လာမယ့် အချိန်ကို မှားယွင်း တွက်ချက်ခဲ့တယ် 'ဘုရင်' ၅ ပါးနဲ့ အဖွဲ့ ၃ ဖွဲ့ ပေါင်းတိုက်တာတောင် ခေါင်းဆောင် ၃ ယောက်ကို မသတ်နိုင်ခဲ့ဘူး မင်းတို့ကို တုံးတယ်လို့ ပြောရမလား၊ ဘဝင်မြင့်တယ်လို့ ပြောရမလားပဲ"
"မင်း မှားနေတယ် ချောင်ယန် ဆိုတဲ့ ခေါင်းဆောင် သေချာပေါက် သေမှာ ငါ အာမခံရဲတယ် သူ ကြောက်စရာ ကောင်းတဲ့ ကျိန်စာ မိထားတယ် ဒါ့ကြောင့် ငါ အပေးအယူ လုပ်ဖို့ သဘောတူလိုက်တာ"
အဖြူအမည်း ပုံရိပ်တစ်ခု ပေါ်လာသည်။ တစ္ဆေတစ်ကောင်လို ဝေဝါးနေသည်။
ဦးထုပ်ဆောင်း အမျိုးသားက နှာခေါင်းရှုံ့လိုက်သည်။
"ခေါင်းဆောင် တစ်ယောက် သတ်နိုင်တယ် ဆိုဦးတော့ ငါတို့ဘက်က 'ဘုရင်' ၂ ပါး ဆုံးရှုံးလိုက်ရတယ် ဆိုတာ မမေ့နဲ့ ပြီးတော့ ဟို ကောင်းဘွိုင်ကောင်လည်း အဆက်အသွယ် ပြတ်နေတယ် သူလည်း သေလောက်ပြီ"
"ဆိုင်မွန် လည်း သေပြီလား ဒါ သတင်းဆိုးပဲ သူ့လောက် တော်တဲ့ ကောင်းဘွိုင် တစ်ယောက်ကိုတောင် သတ်နိုင်တယ် ဆိုတော့ ငါတို့ စစ်ကြေညာမိတာ မှားသွားပြီလား မသိဘူး ဒီအတိုင်း ဆက်တိုက်ရင် နိုင်ပါ့မလား"
ပန်းချီဆရာက သက်ပြင်းချလိုက်သည်။
"တစ္ဆေသင်္ဘော က နောက်ရက်ပိုင်းအတွင်း ကမ်းကပ်တော့မယ် ဒါပေမဲ့ သူတို့ရဲ့ ရေလွှမ်းမိုးခြင်း စီမံကိန်း ကလည်း စတင်နေပြီ ငါ ခံစားမိတယ် ငါတို့ နိုင်ငံက ရေပြင်တွေမှာ မကောင်းဆိုးဝါး အငွေ့အသက်တွေ လွှမ်းခြုံနေတယ် ဧရိယာက အကျယ်ကြီးပဲ တစ်ခုခု မှားယွင်းသွားရင် ငါတို့ ရှင်းနိုင်မှာ မဟုတ်ဘူး အဲဒီကျရင် သူတို့လည်း ပျက်စီး၊ ငါတို့လည်း ပျက်စီး အကုန် သေကုန်ကြမှာ"
သာသနာပြု ဆရာ ဝင်ပြောလိုက်သည်။
"ငါတို့ မရှုံးနိုင်ဘူး ဒီတစ်ခေါက် သူတို့ကို လျှော့တွက်မိတာ ငါ ဝန်ခံပါတယ် ဒါပေမဲ့ မင်းတို့လည်း အင်အား ချန်ထားကြသေးတယ် မဟုတ်လား ငါတို့ မဟာမိတ် အဖွဲ့က ထင်သလောက် မခိုင်မြဲဘူး ဒါပေမဲ့ အခု အချိန်မှာ မင်းတို့ ပေါ့ဆနေလို့ မရတော့ဘူး အင်အားတွေ အကုန် စုစည်းပြီး တစ္ဆေသင်္ဘော ကမ်းကပ်နိုင်အောင် လုပ်ရမယ် ပြီးရင် နောက်ဆုံး တိုက်ပွဲမှာ သူတို့ကို အပြတ်ရှင်းပစ်ရမယ်"
ဦးထုပ်ဆောင်း အမျိုးသားက လှောင်ပြောင်လိုက်သည်။
"မင်း တစ်ခါ ရှုံးပြီးပြီလေ ထပ်ရှုံးချင်သေးလို့လား ငါကတော့ မင်းရဲ့ စီမံကိန်းကို အစကတည်းက သဘောမကျဘူး ဘာမှ မလုပ်ဘဲ နေရင်တောင် ငါတို့ နိုင်မှာကို မင်းက မလိုအပ်ဘဲ ပြဿနာရှာတယ် တစ်ဖက်လူက အတုံးအရှတွေ မဟုတ်ဘူး အထူးသဖြင့် ယန်ကျန့်လေ သူ့တုံ့ပြန်မှု ဘယ်လောက် မြန်လဲ မင်း မသိတာ မဟုတ်ဘူး ခြံဝင်းပိုင်ရှင် သေသွားတာက သာဓကပဲ မင်းက သင်ခန်းစာ မယူဘဲ ဘဝင်မြင့်နေတုန်းပဲ"
"အခု 'ဘုရင်' ၄ ပါး သေသွားပြီ ဆိုတော့ နိုင်ဖို့ အခွင့်အရေး နည်းသွားပြီ ပြီးတော့ သူတို့က ဒီည နိုင်သွားတော့ ယုံကြည်မှု ရသွားပြီ ငါတို့ကို နိုင်လို့ ရတယ် ဆိုတာ သိသွားကြပြီ"
"ဘုရားသခင်က ဒဏ်ရာရသွားရင် ဘုရားသခင် မဟုတ်တော့ဘူး ဆိုတာ မင်း နားလည်လား"
"ဒါဆို မင်းက ဘာလုပ်ချင်လဲ ငါတို့ မနိုင်တော့ဘူး ဆိုပြီး လက်နက်ချမလို့လား"
သာသနာပြု ဆရာ မေးလိုက်သည်။
ဦးထုပ်ဆောင်း အမျိုးသား ခေါင်းခါလိုက်သည်။
"ဟင့်အင်း... ငါ ဆိုလိုတာက ခေါင်းဆောင် နေရာကို အရည်အချင်း ပိုရှိတဲ့သူနဲ့ လဲသင့်တယ်လို့ ပြောချင်တာ ဆက်တိုက် ရှုံးနိမ့်နေတဲ့ သူကို မထားသင့်တော့ဘူး ငါ ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ် မင်း ငါ့အမိန့်ကို နာခံသင့်တယ် ဒီလို မိုက်မဲတဲ့ ဆုံးဖြတ်ချက်တွေ မချသင့်တော့ဘူး"
ကြည့်ရတာ သူ အာဏာသိမ်းချင်နေပုံ ရတယ်။
ဘုရင်အဖွဲ့အစည်း အတွင်းမှာလည်း မညီညွတ်ကြပါဘူး။ အထူးသဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း ပဋိပက္ခတွေ ပိုကြီးထွားလာတတ်တယ်။
ဒါတွေကို ယန်ကျန့် စိတ်မဝင်စားပါဘူး။
ညဉ့်နက်နေပြီ။
သူ အိပ်ဖို့ နေရာ ရှာရမယ်။
ယန်ကျန့် နင်းအန်း အဆောက်အအုံ ကနေ ထွက်လာပြီး တာတုန်းမြို့ထဲက လုံခြုံတဲ့ နေရာတစ်ခုမှာ အိပ်ပျော်သွားတယ်။
အိပ်ပျော်တာနဲ့ အိပ်မက်ဆိုး ကမ္ဘာထဲ ရောက်သွားတယ်။
မဟုတ်သေးဘူး... အခုတော့ အိပ်မက်လှလှ ဖြစ်နေပြီ။ အိပ်မက်ထဲမှာ သူ ကြိုက်သလို လုပ်လို့ ရတယ်လေ။
ဒါပေမဲ့ ယန်ကျန့်က အိပ်မက်ထဲမှာ ဆော့ကစားရတာ ဝါသနာ မပါဘူး။ တိတ်ဆိတ်နေတဲ့ ရွာလေးထဲ လျှောက်သွားပြီး စာသင်ကျောင်းလေး တစ်ကျောင်း ရှေ့ကို ရောက်သွားတယ်။
တံခါး ဖွင့်လိုက်တယ်။
စာသင်ခန်းထဲမှာ အသက် ၃၀ ကျော် ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသား တစ်ယောက်က စာသင်နေတယ်။
ခုံတန်းလျားမှာ အသက် ၁၅ နှစ်၊ ၁၆ နှစ်လောက် မိန်းကလေး တစ်ယောက်က သေသေသပ်သပ် ထိုင်ပြီး စာလိုက်မှတ်နေသည်။
ယန်ကျန့် ရောက်လာတော့ စာသင်ချိန် ပျက်သွားလေသည်။
ကျန်းရှန်ကွမ် မျက်မှောင်ကြုတ်ပြီး ယန်ကျန့်ကို ကြည့်လိုက်သည်။
"အရင်တခါ ပြောဖူးတယ်လေ တံခါးခေါက်သင့်တယ် လို့"
"ငါ့မှာ တံခါးခေါက်တဲ့ အကျင့် မရှိဘူး အရင်ကလည်း မရှိသလို နောက်လည်း ရှိလာမှာ မဟုတ်ဘူး" ယန်ကျန့် ပြန်ပြောလိုက်သည်။
"ကိစ္စလေး ရှိလို့ ဒီနေ့တော့ ဒီလောက်ပဲ သင်ကြတာပေါ့ ရှောင်ရာ... သမီး ကြိုက်တာ သွားလုပ်တော့" ကျန်းရှန်ကွမ် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ" ကျောက်ရှောင်ရာ ယဉ်ကျေးစွာ ပြန်ဖြေပြီး ထွက်သွားသည်။
ကျန်းရှန်ကွမ် ယန်ကျန့် ဆီ လျှောက်လာသည်။ မျက်နှာထား တင်းမာနေသည်။
ယန်ကျန့်ကတော့ အေးဆေးပါပဲ။
ကျန်းရှန်ကွမ် တံခါးဝမှာ ရပ်လိုက်သည်။
"ပြော... ဘာကိစ္စ လာတာလဲ"
ယန်ကျန့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ခင်ဗျား ဒီထဲမှာ နေနေတော့ အပြင်က အခြေအနေတွေကို သိမှာ မဟုတ်ဘူး ကိစ္စတချို့ မပြောခင် လက်ရှိ အခြေအနေကို ပြောပြဖို့ လိုမယ် ထင်တယ်"
ယန်ကျန့် ဘုရင်အဖွဲ့အစည်း အကြောင်း၊ သင်္ဘော စီမံကိန်း အကြောင်း၊ လက်ရှိ တိုက်ပွဲ အခြေအနေ အကြောင်းတွေကို အကျဉ်းချုံး ပြောပြလိုက်သည်။
"နောက် ၃ ရက်လောက် နေရင် တစ္ဆေသင်္ဘော ကမ်းကပ်တော့မယ် ကျွန်တော်တို့ဘက်က ခေါင်းဆောင်တွေ တော်တော်များများ ဆုံးရှုံးလိုက်ရပြီ လူအင်အား မလောက်တော့ဘူး ဒါ့ကြောင့် ခင်ဗျား ကျွန်တော်တို့ကို ကူညီပြီး ဘုရင်အဖွဲ့အစည်း ကို တိုက်ပေးစေချင်တယ်"
ကျန်းရှန်ကွမ် ပြုံးလိုက်သည်။
"ယန်ကျန့် မင်း တော်တော် သတ္တိ ရှိတာပဲ ဒီလို အချိန်မှာ ငါ့ကို အကူအညီ လာတောင်းရဲတယ် ဆိုတော့ ငါ့ကို လွှတ်ပေးဖို့ ပြင်ဆင်ပြီးသား ဖြစ်ပုံရတယ် ဒါပေမဲ့ မင်း သိထားရမှာက ငါ့ကို လွှတ်ပေးလိုက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာပဲ"
"ဘယ်လောက်ပဲ ဆိုးဆိုး တစ္ဆေသင်္ဘော ကမ်းကပ်တာလောက်တော့ မဆိုးနိုင်ပါဘူး တစ္ဆေတွေ ထိန်းမရ ဖြစ်ကုန်ရင် လူတွေ အများကြီး သေကုန်မှာ ဒီတစ်ခေါက် ငါတို့ နိုင်ကို နိုင်မှ ဖြစ်မယ် အပြတ်အသတ် နိုင်မှ ရမယ် ပြီးတော့ ခင်ဗျားရဲ့ စီမံကိန်းက ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး ငါ တားဆီးနိုင်တယ်" ယန်ကျန့် လေးလေးနက်နက် ပြောလိုက်သည်။
"ငါ ဒီကနေ ထွက်သွားရင် မင်း ငါ့ကို ပြန်ဖမ်းလို့ မရတော့ဘူး ဆိုတာ သိထားနော်"
"အဲဒါက စစ်ပွဲပြီးမှ စဉ်းစားရမယ့် ကိစ္စပါ"
"ငါ ထွက်သွားပြီးတာနဲ့ ကတိဖျက်လိုက်ရင် ဘယ်လိုလုပ်မလဲ မကြောက်ဘူးလား"
"လောင်းကြေး ထပ်ရမှာပေါ့ ခင်ဗျားရဲ့ စွမ်းရည်က လောင်းကြေး ထပ်ရကျိုး နပ်တယ်"
"ကောင်းပြီ ငါ ကူညီပေးမယ် ဒါပေမဲ့ အပေးအယူ တစ်ခု ရှိတယ်"
"ဘာလဲ"
"ငါ့ဓား ပြန်ပေး စစ်တိုက်ထွက်မှတော့ လက်နက် ကောင်းကောင်း ပါမှ ဖြစ်မှာပေါ့"
"ကောင်းပြီ ပြန်ပေးမယ် ခင်ဗျားကို လွှတ်ပေးရဲမှတော့ ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်နေမှာ မဟုတ်ဘူး"
အခန်း (၁၄၄၀) ဖိတ်ကြားခြင်း
အိပ်မက်ထဲတွင် ယန်ကျန့်နှင့် ကျန်းရှန်ကွမ် သဘောတူညီချက် ရရှိခဲ့ကြသည်။
ယန်ကျန့်က ကျန်းရှန်ကွမ်ကို လွှတ်ပေးမည်။ ကျန်းရှန်ကွမ်က စစ်ပွဲနိုင်အောင် ကူညီပေးမည်။
လွှတ်ပေးမည့် အချိန်ကို အတိအကျ မပြောကြသော်လည်း မကြာမီ ဖြစ်လာမည်ကို နှစ်ဦးစလုံး နားလည်ကြသည်။
ကိစ္စပြီးသည်နှင့် ယန်ကျန့် အိပ်မက်ကမ္ဘာထဲတွင် ကြာကြာ မနေတော့ဘဲ နိုးထလာကာ ချက်ချင်း လှုပ်ရှားလိုက်သည်။
ပင်လယ်မြို့သို့ ဦးတည်လိုက်သည်။
ကျန်းရှန်ကွမ် တစ်ယောက်တည်းနှင့် မလုံလောက်သဖြင့် ရဲကျန့်ကိုလည်း ဖိတ်ခေါ်ရန် လိုအပ်သေးသည်။
တစ္ဆေနယ်မြေ ကို အသုံးပြုသဖြင့် ပင်လယ်မြို့သို့ အချိန်တိုအတွင်း ရောက်ရှိသွားသည်။
ပင်လယ်မြို့သည် စည်ကားသိုက်မြိုက်ပြီး ညဉ့်နက်သော်လည်း မီးရောင်စုံ လင်းလက်ကာ လူစည်ကားနေဆဲ ဖြစ်သည်။
ဤမြို့တွင် သဘာဝလွန် ဖြစ်ရပ်များ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွားခြင်း မရှိခဲ့ဖူးပေ။ ရဲကျန့်သည် ဌာနချုပ်၏ ခေါင်းဆောင် မဟုတ်သော်လည်း သဘာဝလွန် ဖိုရမ်အဖွဲ့၏ အုပ်ချုပ်သူ အနေဖြင့် မြို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ ထိုအကြောင်းကြောင့် ဌာနချုပ်က သူ့ကို လက်ခံထားခြင်း ဖြစ်သည်။
အကယ်၍ ရဲကျန့်သာ ဖျက်လိုဖျက်ဆီး လုပ်တတ်သူ ဖြစ်ပါက ဌာနချုပ်က သူ့ကို အရင် ရှင်းပစ်ပြီး ဖြစ်ပေလိမ့်မည်။
ယန်ကျန့်သည် ပင်လယ်မြို့ရှိ အဆောက်အအုံ တစ်ခု၏ ခေါင်မိုးပေါ်တွင် ရပ်လျက် တစ္ဆေမျက်လုံး ကို လှုပ်ရှားပြီး တစ္ဆေနယ်မြေ ဖြန့်ကျက်ကာ ရဲကျန့်ကို ရှာဖွေလိုက်သည်။
သာမန်လူများအတွက် တစ္ဆေနယ်မြေ ကို သတိမထားမိနိုင်သော်လည်း ထိပ်တန်း တစ္ဆေဆရာများအတွက်မူ တစ္ဆေနယ်မြေ ဖွင့်လိုက်ခြင်းသည် "ငါ ရောက်နေပြီ" ဟု ကြေညာလိုက်ခြင်းနှင့် တူသည်။
တစ္ဆေနယ်မြေ သည် ပင်လယ်မြို့ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သဘာဝလွန် ဖိုရမ်အဖွဲ့မှ ထိပ်တန်း တစ္ဆေဆရာများသည် ချက်ချင်း သတိထားမိလိုက်ကြသည်။
ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ မည်းမှောင်နေသော ကောင်းကင်အစား ရွှေရောင် နေရောင်ခြည်များ လွှမ်းခြုံနေသကဲ့သို့ တောက်ပနေသည်ကို တွေ့လိုက်ရသည်။ အရိပ်မည်းများပင် မရှိတော့ပေ။
"ဒါ... တစ္ဆေနယ်မြေ လား တစ်ယောက်ယောက် ပင်လယ်မြို့ကို ရောက်လာတာပဲ အရမ်း အန္တရာယ် များမယ့်ပုံ ပေါ်တယ် မြို့တစ်မြို့လုံးကို လွှမ်းခြုံထားနိုင်တယ် မဖြစ်ဘူး ဆရာ့ကို အကြောင်းကြားမှ ဖြစ်မယ်"
အာဝူ သည် မျက်နှာပျက်သွားပြီး ရဲကျန့်ကို ချက်ချင်း အကြောင်းကြားလိုက်သည်။
"ဘုရင်အဖွဲ့အစည်း က လူတွေ လာတိုက်တာ ဖြစ်နိုင်တယ် ငါတို့က ဌာနချုပ်နဲ့ ပူးပေါင်းမယ်လို့ ကြေညာထားတာကိုး"
တချို့က ဘုရင်အဖွဲ့အစည်း လက်ချက်ဟု ထင်ကြေးပေးကြသည်။
ယန်ကျန့် လက်ချက်ဟု မည်သူမျှ မထင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ယန်ကျန့်၏ တစ္ဆေနယ်မြေ သည် အနီရောင် ဖြစ်ကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။
ပင်လယ်မြို့စွန်ရှိ ခြံဝင်းတစ်ခုတွင်...
အမိုးပေါ်၌ လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ မြို့လယ်ခေါင်ဘက်ကို လှမ်းကြည့်လိုက်သည်။
"ဒီ တစ္ဆေနယ်မြေ က ထူးဆန်းတယ် အရင်က မမြင်ဖူးဘူး တောက်ပလွန်းတယ် ငါနဲ့ လိုက်ဖက်လွန်းတယ် ကောင်းပြီ... ဒီကောင့်ကို သတ်ပြီး ဒီစွမ်းရည်ကို ငါ ယူမယ်"
နောက်တစ်ခဏတွင်...
ထိုလူ ပျောက်ကွယ်သွားသည်။
ပင်လယ်မြို့ ကောင်းကင်ယံတွင် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာပြီး မူလ မည်းမှောင်သော ကောင်းကင် အရောင် ပြန်ပေါ်လာသည်။
ရဲကျန့်သည် မကျေမနပ် မျက်နှာထားဖြင့် တစ္ဆေနယ်မြေ ထဲ ကျူးကျော် ဝင်ရောက်လာသည်။ သူက ဒီလို ပွဲထွက်ရတာ မကြိုက်ဘူး။ အမှောင်ထု လွှမ်းခြုံထားတာက တစ္ဆေဆိုး တစ်ကောင်လို ဖြစ်နေတယ်လေ။
"ပင်လယ်မြို့က ငါ့နယ်မြေ ဆိုတာ တစ္ဆေလောက တစ်ခုလုံး သိတယ် မင်းက ငါ့နယ်မြေထဲ လာပြီး တစ္ဆေနယ်မြေ ဖြန့်ကျက်ရဲတယ် ဆိုတော့ ငါ့ကို စိန်ခေါ်ချင်လို့ နေမှာပေါ့ ကဲ... ငါ ရောက်လာပြီ ထွက်ခဲ့တော့ ပုန်းမနေနဲ့"
ရဲကျန့် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
တစ္ဆေနယ်မြေ လွှမ်းခြုံထားသော ပင်လယ်မြို့သည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ရဲကျန့် တစ်ယောက်တည်းသာ ရှိနေသည်။
"ညကြီးမင်းကြီး အော်ကြီးဟစ်ကျယ် လုပ်မနေပါနဲ့ကွာ မင်းက တက်ကြွနေတုန်းပါပဲလား ရဲကျန့်"
ယန်ကျန့်၏ အသံ ထွက်ပေါ်လာသည်။ တစ္ဆေမီး တစ်ခု တောက်လောင်လာပြီး မီးထဲမှ ယန်ကျန့် ထွက်လာသည်။
"ယန်ကျန့်"
ရဲကျန့် မျက်လုံး ပြူးကျယ်သွားသည်။ မယုံနိုင် ဖြစ်နေသည်။
"မဖြစ်နိုင်တာ ဘယ်လိုလုပ် မင်း ဖြစ်နေရတာလဲ မင်း တစ္ဆေနယ်မြေ က ဒီပုံစံ မဟုတ်ပါဘူး"
"ကိစ္စတချို့ ရှိလို့ စွမ်းအားသစ် တစ်ခု ရလိုက်တာ မင်း သတင်းတွေ ခေတ်နောက်ကျနေပြီ" ယန်ကျန့် ပြောလိုက်သည်။
"သောက်ကျိုးနည်း"
ရဲကျန့် မနာလို ဖြစ်သွားသည်။
သူ လိုချင်နေတဲ့ တောက်ပတဲ့ စွမ်းအားကို ယန်ကျန့်က လွယ်လွယ်လေး ရသွားတာ။ ဒီလောက် တောက်ပတဲ့ တစ္ဆေနယ်မြေ က သူ့ပိုင်ဆိုင်မှု ဖြစ်သင့်တာ။
ယန်ကျန့်သာ ရန်သူ ဖြစ်ရင် ကောင်းမယ်။ ဒါဆို အသေတိုက်ပြီး လုယူလိုက်လို့ ရတယ်။
"ကဲပါ... လိုရင်းပဲ ပြောကြရအောင် ငါ ဒီကို လာတာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ပြောဖို့ပါ"
"ပူးပေါင်းတာက လွယ်ပါတယ် မင်း ကိုယ်တိုင် လာစရာတောင် မလိုဘူး"
"ဒီနေ့ ဘုရင်အဖွဲ့အစည်း နဲ့ ခေါင်းဆောင်တွေ တိုက်ပွဲ ဖြစ်ကြတယ် နှစ်ဖက်စလုံး အထိနာကြတယ် ဒါပေမဲ့ ဘုရင်အဖွဲ့အစည်း က လူအင်အား တောင့်တင်းတယ် ဒီအတိုင်း ဆက်သွားရင် ဌာနချုပ် နိုင်ရင်တောင် အများကြီး ပေးဆပ်ရလိမ့်မယ် ပြီးတော့ တစ္ဆေသင်္ဘော ကလည်း ကမ်းကပ်တော့မယ် ဒီအချိန်မှာ ငါတို့ လူအင်အား ဖြည့်တင်းဖို့ လိုတယ်"
"သာမန် တစ္ဆေဆရာတွေက ဒီတိုက်ပွဲမှာ ဝင်ပါဖို့ အရည်အချင်း မမီဘူး ဒါ့ကြောင့် ငါ ပြင်ပ အကူအညီ လိုက်ရှာနေတာ မင်း ဌာနချုပ်ကို ခဏ ဝင်ပြီး ငါတို့နဲ့ ပူးပေါင်း လှုပ်ရှားပေးစေချင်တယ် ပင်လယ်မြို့မှာ တစ်ယောက်တည်း လှုပ်ရှားနေမယ့်အစားပေါ့"
ယန်ကျန့် ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
ရဲကျန့် ရယ်မောလိုက်သည်။
"မင်း အခုမှ နားလည်လာတာလား ဒီကမ္ဘာကြီးကို လွှမ်းမိုးထားတာက ငါတို့လို ထိပ်တန်း လူတွေပဲ သာမန် အကောင်သေးလေးတွေ မဟုတ်ဘူး ငါ့ကို လာဖိတ်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ မင်းနဲ့ ပူးပေါင်းမယ်လို့ ငါ ပြောထားပြီးသား ဒါပေမဲ့ ဌာနချုပ် ဝင်ဖို့တော့ ငြင်းပယ်တယ် ငါ ရဲကျန့်က ပင်လယ်မြို့မှာရော၊ အပြင်မှာရော ဆရာကြီးပဲ တသက်လုံး ဆရာကြီးပဲ လုပ်မှာ သူများအောက်မှာ တပည့် မခံနိုင်ဘူး ယန်ကျန့်... မင်း ဖြစ်နေရင်တောင် မရဘူး"
သူ ယန်ကျန့် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။ အကြောင်းပြချက်က ရိုးရှင်းသည်။ တပည့် မလုပ်ချင်လို့။
သို့သော် ရဲကျန့် ဆက်ပြောသည်။
"ဒါပေမဲ့ မင်း ကိုယ်တိုင် လာဖိတ်မှတော့ မျက်နှာသာ ပေးရမှာပေါ့ ဒီလို လုပ်ကြမယ်... သဘာဝလွန် ဖိုရမ်အဖွဲ့ အုပ်ချုပ်သူ အနေနဲ့ ဌာနချုပ် နဲ့ ပူးပေါင်းမယ် ဒီကိစ္စ ပြီးရင် ပူးပေါင်းမှု ရပ်စဲမယ် မမေ့နဲ့နော်... ငါက မင်းကို ကျော်ဖြတ်ပြီး အသန်မာဆုံး ဖြစ်လာဦးမှာ သူများအောက်မှာ ကြာကြာ မနေနိုင်ဘူး"
"..."
ယန်ကျန့် ဘာပြန်ပြောရမှန်း မသိတော့ပေ။
ပူးပေါင်းတာနဲ့ ခဏတာ ဝင်ရောက်တာ ဘာကွာလို့လဲ။
"မင်းသဘောအတိုင်း လုပ်ကြတာပေါ့"
"ကောင်းပြီ မင်း ငါ့ကို ကြောက်နေတုန်းပဲ ဆိုတာ သိသာပါတယ် ငါ့ကို မျက်နှာသာ ပေးတတ်သားပဲ"
ရဲကျန့် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
"ပူးပေါင်းမယ် ဆိုမှတော့ ဌာနချုပ် အစည်းအဝေးကို တက်ရမယ် မနက်ဖြန် ခေါင်းဆောင်တွေ အစည်းအဝေး ရှိတယ် မင်း လာတက်စေချင်တယ်"
"ရပါတယ် အချိန်နဲ့ နေရာ ပြောလိုက် ငါ အချိန်မှန် ရောက်လာခဲ့မယ်"
"မနက် ၉ နာရီ၊ တာတုန်းမြို့ နင်းအန်း အဆောက်အအုံ အပေါ်ဆုံးထပ်"
ယန်ကျန့် ပြောလိုက်သည်။
"ဒါ ခေါင်းဆောင်တွေ စုစည်းတဲ့ နေရာပဲ လျှို့ဝှက်ချက်နော် ပေါက်ကြားလို့ မရဘူး ဘုရင်အဖွဲ့အစည်း က ငါတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေတာ"
"လျှို့ဝှက်ချက် ပေါက်ကြားရင် တစ်မိသားစုလုံး သေပါစေ စိတ်ချပါ ငါ ရဲကျန့်က နှုတ်လုံပါတယ်"
"ဒါဆို ဒီကိစ္စ အတည်ပဲ ငါ သွားစရာ ရှိသေးတယ် မနက်ဖြန်မှ တွေ့ကြတာပေါ့"
"မလိုက်ပို့တော့ဘူးနော်" ရဲကျန့် ခေါင်းငြိမ့်လိုက်သည်။
ကိစ္စပြီးတာနဲ့ ယန်ကျန့် ထွက်ခွာသွားသည်။ ပင်လယ်မြို့ကို လွှမ်းခြုံထားတဲ့ တစ္ဆေနယ်မြေ လည်း ပျောက်ကွယ်သွားသည်။
ရဲကျန့် မျက်လုံးထဲမှာတော့ ရွှေရောင် အလင်းတန်းကြီးက ယန်ကျန့်နဲ့အတူ ပါသွားသလို မြင်နေရသည်။ ကောင်းကင်ကြီး ပြန်မည်းမှောင်သွားသည်။ မြို့ပြ မီးရောင်စုံတွေက ခုနက အလင်းရောင်ကို မမီပါဘူး။
"သောက်ကျိုးနည်း"
ရဲကျန့် မနာလိုလွန်းလို့ ရူးမတတ် ဖြစ်နေသည်။ ယန်ကျန့်ရဲ့ တစ္ဆေနယ်မြေ ကို လိုချင်နေမိသည်။