← Chapters

အခန်း (၁၄၄၃-၁၄၄၄)

Vol. 108 Ch. 1443-1444

အခန်း (၁၄၄၃-၁၄၄၄)

Vol. 108 Ch. 1443-1444

အခန်း (၁၄၄၃) အခြေအနေကို မသိရသော ရုပ်တု

အစ်မဟုန် ပေါ်လာတာ အံ့သြစရာ ကောင်းပေမယ့် ဒီအချိန်မှာ ယန်ကျန့်က အစ်မဟုန်နဲ့ ရန်မဖြစ်ချင်ဘူး။ ငွေစက္ကူ တချို့ ပေးပြီး ပူးပေါင်းဖို့တောင် ဆန္ဒရှိသေးတယ်။

"မိုးလင်းတော့မယ်"

ယန်ကျန့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

မနက် ၅ နာရီ ထိုးနေပြီ။ ကောင်းကင်ကြီး လင်းစပြုလာပြီ။ မှောင်မိုက်တဲ့ ညတစ်ည ကုန်ဆုံးသွားပြီ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ မပေါ့ပါးဘူး။ အချိန် တစ်ရက် ကုန်သွားတိုင်း တစ္ဆေသင်္ဘော ကမ်းကပ်ဖို့ နီးလာလေပဲ။

သူ ညည်းညူမနေဘဲ နောက်တစ်နေရာကို ဆက်သွားလိုက်သည်။

ဒီတစ်ခါ ဌာနချုပ်ကို သွားလိုက်သည်။

မနက် ၅ နာရီ ဆိုပေမယ့် ဌာနချုပ်မှာ မီးတွေ လင်းထိန်နေတုန်းပဲ။ ဝန်ထမ်း အများအပြား ညလုံးပေါက် အလုပ်လုပ်နေကြသည်။

ယန်ကျန့် ရုတ်တရက် ရောက်လာတော့ ဝန်ထမ်းတွေ သတိထားမိကုန်ကာ ချက်ချင်း သတင်းပို့လိုက်ကြသည်။

မကြာမီ...

တစ်ညလုံး မအိပ်ရလို့ မျက်လုံးတွေ နီရဲနေတဲ့ ချောင်ယန်ဟွာ နဲ့ လက်ထောက် ၂ ယောက် အပြေးအလွှား ရောက်လာကြသည်။

ယန်ကျန့် ကြည့်လိုက်သည်။

"ချောင်ယန်ဟွာ ဒီပုံစံနဲ့ ဆိုရင် ရုတ်တရက် သေသွားနိုင်တယ်နော် သွားနားလိုက်ပါဦး"

"မသေပါဘူး စိတ်မပူပါနဲ့"

ချောင်ယန်ဟွာ မျက်နှာသစ်ပြီး အိပ်ချင်ပြေအောင် လုပ်လိုက်သည်။

"တာတုန်းမြို့ ကိစ္စ ပြီးတာ သိပ်မကြာသေးဘူး ဘာလို့ ဌာနချုပ်ကို ရောက်လာတာလဲ အရေးကြီး ကိစ္စ ရှိလို့လား"

"အရေးကြီး ကိစ္စတော့ မဟုတ်ပါဘူး ဌာနချုပ် ဂိုဒေါင်ထဲက သဘာဝလွန် ပစ္စည်းတချို့ လာယူတာ"

"သြော် တစ္ဆေဖယောင်းတိုင် နဲ့ အစားထိုးအရုပ် လား ဖုန်းဆက်လိုက်ရင် ရတာကို လူလွှတ်ပေးလိုက်မှာပေါ့ ကိုယ်တိုင် လာစရာ မလိုပါဘူး"

"ငါ့ဘာသာ လာတာက ပိုမြန်တယ်"

"ရှောင်လျို ခေါင်းဆောင်ယန်ကို ဂိုဒေါင် လိုက်ပို့ပေးလိုက်"

ချောင်ယန်ဟွာ လက်ထောက် တစ်ယောက်ကို ခိုင်းလိုက်သည်။

"မလိုပါဘူး ငါ့ဘာသာ သွားလိုက်မယ် ငါ လာတာကို အသိပေးချင်လို့ ဝင်ပြောတာ ဂိုဒေါင်ထဲက ပစ္စည်း ပျောက်သွားရင် မသိလိုက်မှာ စိုးလို့"

ယန်ကျန့်က ဂိုဒေါင်ထဲမှာ တစ္ဆေရေကန် ရဲ့ စွမ်းအားကို ချန်ထားခဲ့ပြီးသား။ ဘယ်အချိန်မဆို ဝင်ထွက်လို့ ရတယ်။

"ကောင်းပြီလေ ဒါဆို လူမထည့်ပေးတော့ဘူး"

ချောင်ယန်ဟွာ ရှောင်လျို ကို ပြန်ခေါ်လိုက်သည်။

"နောက်ပြီး မေးစရာ တစ်ခု ရှိတယ် ဖြေရ အဆင်ပြေရင် မဖြေနဲ့"

"မင်းက တရားဥပဒေစိုးမိုးရေး ခေါင်းဆောင်လေ ဌာနချုပ်မှာ မင်း မသိရမယ့် ကိစ္စ မရှိပါဘူး ဘာမေးချင်လို့လဲ"

ချောင်ယန်ဟွာ ဘေးဘီဝဲယာ ကြည့်လိုက်သည်။ လက်ထောက် ၂ ယောက်က သဘောပေါက်ပြီး တခြားလူတွေ မကြားရအောင် နေရာ ဖယ်ပေးလိုက်ကြသည်။

"ဒီနေ့ တိုက်ပွဲ အခြေအနေကို မင်း သိပြီးလောက်ပါပြီ နိုင်တယ် ဆိုပေမယ့် အခြေအနေ မကောင်းဘူး ချောင်ယန်၊ လီကျွင်း နဲ့ အာ့ဟုန် တို့ ဆုံးရှုံးလိုက်ရတယ် ခေါင်းဆောင် အရေအတွက် တော်တော် လျော့သွားပြီ ဘုရင်အဖွဲ့အစည်း ဘက်က အကုန် ထုတ်မသုံးသေးဘူး တချို့ 'ဘုရင်' တွေ ပေါ်မလာသေးဘူး"

"တကယ့် တိုက်ပွဲက တစ္ဆေသင်္ဘော ကမ်းကပ်ခါနီးမှ စမှာ ဒါ့ကြောင့် ငါတို့ ကြိုတင် ပြင်ဆင်နေကြတာ အခု ငါ သိချင်တာက ရုပ်တုထဲမှာ ပိတ်မိနေတဲ့ အဘိုးချင်း... သူ အသက်ရှင်နေသေးလား သေသွားပြီလား"

ယန်ကျန့် အသံတိုးတိုးဖြင့် မေးလိုက်သည်။ ဌာနချုပ်ရဲ့ နောက်ဆုံး ဝှက်ဖဲ အခြေအနေကို သိချင်လို့ပါ။

ချောင်ယန်ဟွာ ယန်ကျန့်နား ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒီအချိန် ရောက်မှတော့ လျှို့ဝှက်ချက် တချို့ကို မင်းကို ပြောပြသင့်တယ်လို့ ထင်တယ် တကယ်တော့ အဘိုးချင်ရဲ့ အခြေအနေကို ငါလည်း သေချာ မသိဘူး သူ ရုပ်တုထဲ ဝင်သွားတုန်းက ပြောခဲ့တာက ခဏလောက် အိပ်လိုက်ဦးမယ် သေတဲ့အထိ အိပ်မယ် လို့ ပြောခဲ့တာ အခု သူ အိပ်ပျော်နေတာလား သေသွားပြီလား ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ရုပ်တုကို ဖွင့်ကြည့်မှ သိမှာ"

"ဒါဆို ရုပ်တုကဘလိုင်းဘောက် သဘောမျိုး ဖြစ်နေတာပေါ့"

ယန်ကျန့် မျက်မှောင်ကြုတ်လိုက်သည်။

"မဟုတ်ဘူး အဘိုးချင်း ရဲ့ ရုပ်တုက ရန်သူကို ခြိမ်းခြောက်နိုင်စွမ်း ရှိတယ် ရုပ်တုကို ဖွင့်လိုက်လို့ ဘာမှ မဖြစ်လာရင် အဘိုးချင်း သေပြီ ဆိုတာ အတည်ပြုလိုက်သလို ဖြစ်သွားမယ် အဲဒီကျရင် ပြဿနာ တက်လိမ့်မယ် ဒါ့ကြောင့် ပါမောက္ခဝမ် ရှိစဉ်ကတည်းက ရုပ်တုကို ဘယ်တော့မှ မဖွင့်ဖို့ မှာထားခဲ့တာ"

"သေသွားတဲ့ အဘိုးချင်း က အသက်ရှင်နေတဲ့ အဘိုးချင်း ထက် ပိုအသုံးဝင်တယ်ပေါ့လေ သဘောပေါက်ပြီ ဒါပေမဲ့ အခြေအနေ အရမ်း ဆိုးလာရင် ရုပ်တုကို မဖွင့်လည်း အလကား ဖြစ်သွားမှာပဲ"

"ဟုတ်ပါတယ် ခေါင်းဆောင်တွေ အကုန် သေကုန်ရင် ရုပ်တု မဖွင့်လည်း အဘိုးချင် သေပြီ ဆိုတာ သက်သေပြလိုက်သလို ဖြစ်နေမှာ"

ချောင်ယန်ဟွာ သက်ပြင်းချလိုက်သည်။

"အခြေအနေ ကြည့်ပြီး ငါ ရုပ်တုကို ဖွင့်ကြည့်မယ် အဘိုးချင် သေမသေ သိရအောင်လို့ အဘိုးချင်း နိုးလာမလား တစ္ဆေတစ်ကောင် ထွက်လာမလား ဆိုတာတော့ ကံတရားပဲ"

ယန်ကျန့် ဌာနချုပ် ခန်းမထဲက ရွှေရောင် ရုပ်တုကြီးကို လှမ်းကြည့်လိုက်သည်။

ရွှေနဲ့ လုပ်ထားတော့ ဘာမှ မြင်ရမှာ မဟုတ်ဘူး။ ရိုက်ခွဲကြည့်မှ သိမှာ…..

"မင်း သဘောပါ"

ချောင်ယန်ဟွာ မကန့်ကွက်ပါဘူး။ အသက်လုရမယ့် အချိန် ရောက်ရင် ဘာမဆို လုပ်ရမှာပဲလေ။

"မကန့်ကွက်ရင် ပြီးတာပဲ"

ယန်ကျန့် ရုပ်တုနား သွားပြီး တစ္ဆေရေကန် ရဲ့ စွမ်းအားကို ချန်ထားခဲ့လိုက်သည်။ ပြီးတာနဲ့ ပျောက်ကွယ်သွားသည်။

ယန်ကျန့် ဌာနချုပ် ဂိုဒေါင်ထဲ ရောက်သွားသည်။

ဂိုဒေါင်ထဲမှာ သေတ္တာကြီးတွေ အများကြီး ရှိတယ်။ ဌာနချုပ်က နှစ်တွေနဲ့ချီပြီး စုဆောင်းထားတဲ့ ပစ္စည်းတွေ။ တချို့ ပစ္စည်းတွေက ရှားပါးပြီး ထပ်ရှာလို့ မရတော့ဘူး။

သေတ္တာ တစ်လုံး ဖွင့်လိုက်သည်။ အနီရောင် တစ္ဆေဖယောင်းတိုင် တွေ အများကြီး တွေ့လိုက်ရသည်။ တိုက်ပွဲမှာ သိပ်အသုံးမဝင်ပေမယ့် တစ်ခါလောက်တော့ ကာကွယ်ပေးနိုင်တယ်။

နောက် သေတ္တာ တစ်လုံး ဖွင့်လိုက်သည်။ ပုံစံမျိုးစုံ အစားထိုးအရုပ် တွေ တွေ့ရသည်။ အရေအတွက် နည်းနေပြီ။

ယန်ကျန့် တစ်ဝက်လောက် ယူလိုက်သည်။ ကျန်တစ်ဝက်ကို ချန်ထားခဲ့သည်။

သူ အကုန် မယူချင်လို့ မဟုတ်ဘူး။ ဒီပစ္စည်းတွေကို သုံးနိုင်တဲ့ ခေါင်းဆောင် အရေအတွက်က နည်းနည်းလေးပဲ ရှိတာ။ ပြီးတော့ တိုက်ပွဲ ရှုံးသွားရင် ကျန်တဲ့ တာဝန်ခံတွေ သုံးဖို့ ချန်ထားပေးရမယ်။

ပစ္စည်းတွေ ရေထဲ မြုပ်သွားတာ ကြည့်ပြီး ယန်ကျန့် အတွေးထဲ နစ်မျောနေသည်။

သွားရမယ့် အချိန် ရောက်ပြီ။

ယန်ကျန့် ဂိုဒေါင်ထဲက ထွက်လာခဲ့သည်။

ဒီတစ်ခါ ဘယ်မှ မသွားတော့ဘဲ ကွမ်ကျန်း ရပ်ကွက် ကို ပြန်လာခဲ့သည်။

အမေနဲ့ တွေ့မယ်။ ကျန်းယန်၊ ကျန်းလိချင် တို့ကို မှာစရာ ရှိတာ မှာခဲ့မယ်။ ပြီးရင် စိတ်အေးလက်အေး တိုက်ပွဲဝင်လို့ ရပြီ။

မိုးလင်းနေပေမယ့် မြစ်ကမ်းနားက အိမ်ကြီးမှာ မီးလင်းနေတုန်းပဲ။

ယန်ကျန့် အိမ်ကြီးကို ကြည့်ပြီး တစ္ဆေဆရာ စဖြစ်တုန်းက အချိန်တွေကို သတိရမိလိုက်သည်။

အဲဒီတုန်းက အမေ စိတ်ချမ်းသာဖို့ ပိုက်ဆံ ရှာချင်ခဲ့တာ။ အခုတော့ လူအများကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အဆင့် ရောက်နေပြီ။

ယန်ကျန့် သက်ပြင်းချပြီး အိမ်ထဲ ဝင်သွားလိုက်သည်။

အခန်း (၁၄၄၄) ရုတ်တရက် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း

"ဘုရင်အဖွဲ့အစည်း နဲ့ ဌာနချုပ် ကြားက ကိစ္စတွေကို မင်းတို့ သိကြပြီ ငါက တရားဥပဒေစိုးမိုးရေး ခေါင်းဆောင် ဆိုတဲ့ ရာထူးကို ယူထားတော့ ရှောင်လွှဲလို့ မရဘူး အခု ဘုရင်အဖွဲ့အစည်း က ငါ့ကို ပစ်မှတ်ထားနေပြီ ငါ မပါဝင်ချင်ရင်တောင် သူတို့က ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး"

အခန်းထဲတွင် ယန်ကျန့်သည် ကုတင်နားမှာ ရပ်ပြီး အဝေးက မြစ်ရေစီးဆင်းနေတာကို ကြည့်ရင်း ရင်ဖွင့်နေသည်။

ကျန်းလိချင် နဲ့ ကျန်းယန် က အခုလေးတင် မှတ်တမ်းတင်တဲ့ အလုပ်တွေ ပြီးလို့ ကုတင်ပေါ်မှာ အကြောဆန့်နေတုန်း ယန်ကျန့် အသံကို ကြားလိုက်ရတာ ဖြစ်သည်။

"ဒီတစ်ခေါက် ထွက်သွားပြီးရင် ပြန်လာနိုင်မလား ဆိုတာ မသေချာဘူး ဒါ့ကြောင့် ထုံးစံအတိုင်း ကြိုတင် ပြင်ဆင်ထားတာ"

ယန်ကျန့် သူတို့နှစ်ယောက်ဘက် လှည့်ပြီး ပြောလိုက်သည်။

"မင်းတို့ ငါ့နောက် လိုက်နေတာ ကြာပြီ ငါ့အကြောင်းလည်း သိတယ် ငါက အလုပ်ပြီးရင် ပစ်ထားခဲ့တတ်တဲ့ လူစားမျိုး မဟုတ်ဘူး ငါ အပြင်မှာ သေသွားရင် ငါ့အမေကို စောင့်ရှောက်ပေးပါ ကျေးဇူးဆပ်တဲ့ အနေနဲ့ ငါ့ပိုင်ဆိုင်မှု အများစုကို မင်းတို့ နှစ်ယောက်ကို ပေးခဲ့မယ်"

"ယန်ကျန့်... အဲဒီလို မပြောပါနဲ့ အန်တီ့ကို စောင့်ရှောက်ဖို့က ငါတို့ တာဝန်ပါ ဒီတစ်ခေါက်လည်း နင် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မှာပါ ငါ ယုံတယ်"

ကျန်းယန် ချက်ချင်း မတ်တတ်ထရပ်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

"ဘယ်သူ သိနိုင်မလဲ သေတမ်းစာ မှာခဲ့တာ မမှားပါဘူး ရုတ်တရက် သေသွားရင် နောင်တရစရာ မကျန်တော့ဘူးလေ ပြီးတော့ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တာ သိပ်စိတ်မပူပါနဲ့ ဒီနေ့ နေ့လယ်စာကို အမေနဲ့ အတူ စားပြီးရင် ငါ ထွက်သွားတော့မယ် ကုမ္ပဏီ ကိစ္စတွေလည်း စီစဉ်ပြီးပြီ ဒီရက်ပိုင်း အလုပ်မသွားဘဲ အိမ်မှာပဲ နေကြ အခြေအနေ မကောင်းရင် တစ္ဆေကလေးကို ခေါ်လိုက် ငါ သူ့ကို ကွမ်ကျန်း ရပ်ကွက် မှာ ထားခဲ့မယ်"

ယန်ကျန့် တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့စကားဆုံးတာနဲ့ ပြတင်းပေါက် လိုက်ကာ နောက်ကနေ တစ္ဆေကလေး ခေါင်းပြူထွက်လာတယ်။ မျက်လုံး သူငယ်အိမ် မရှိတဲ့ မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကို လှည့်ကြည့်နေတယ်။

ယန်ကျန့်က သူ့နာမည် ခေါ်လိုက်လို့ ထွက်လာတာ။

"မင်းကို ထွက်လာခိုင်းတာ မဟုတ်ဘူး အခု ပြန်သွားတော့"

ယန်ကျန့် ပြောလိုက်သည်။

တစ္ဆေကလေး ခေါင်းပြန်သွင်းပြီး ပျောက်ကွယ်သွားသည်။

ကျန်းယန် နဲ့ ကျန်းလိချင် တို့က ဒါမျိုးတွေ မြင်နေကျမို့ မကြောက်တော့ပါဘူး။ တစ္ဆေကလေး ရှိနေတာ ပိုတောင် စိတ်လုံခြုံသေးတယ်။

"သူဌေးယန်... ကျွန်မတို့က သာမန် မိန်းမသားတွေပါ ရှင် မှာသမျှ လုပ်ပေးတာကလွဲရင် တခြား ဘာမှ မကူညီနိုင်ဘူး ဒါပေမဲ့ ရှင် သေတမ်းစာ မှာတိုင်း ကျွန်မတို့ ရင်ထိတ်ရတယ် တကယ်ကြီး ပြန်မလာတော့မှာကို ကြောက်တယ်"

ကျန်းလိချင် သက်ပြင်းချလိုက်သည်။

"ရိုင်းရိုင်းပြောရရင် ရှင် မရှိတော့ရင် ကျွန်မတို့ ဘယ်လို ဆက်နေရမလဲ ရှင်နဲ့ ပတ်သက်နေမှတော့ ကျွန်မတို့ အကြောင်းကို တစ္ဆေလောက က လူတွေ သိနေလောက်ပြီ ရှင် မရှိရင် သူတို့ လက်က လွတ်မှာ မဟုတ်ဘူး"

"ကျွန်မ ကိုယ်ကျိုးအတွက် ပြောတာ မဟုတ်ဘူး ရှင် မရှိရင် ကျွန်မတို့ သေမှာမို့လို့ ရှင် အသက်ရှင်စေချင်တာ"

"ငါ နားလည်ပါတယ် မင်း ပြောချင်တာက ငါ သေရင် မင်းတို့တင် မကဘူး ငါ့အမေပါ ဒုက္ခရောက်မှာကို စိုးရိမ်နေတာမလား"

ကျန်းလိချင် ခေါင်းငြိမ့်လိုက်သည်။

"မင်း သတ္တိ ရှိသားပဲ ငါ့ကို ဒါမျိုး သတိပေးရဲတယ် ဒါပေမဲ့ အခု အခြေအနေက အရင်နဲ့ မတူတော့ဘူး မင်းတို့ မှတ်တမ်းတင်ထားတာတွေ သိပါတယ် ဒီပွဲ ရှုံးရင် လူအများကြီး သေကုန်မှာ သဘာဝလွန် ဖြစ်ရပ်တွေ ထိန်းမရ ဖြစ်ကုန်လိမ့်မယ် အဲဒီကျရင် ဘာမဆို ဖြစ်သွားနိုင်တယ် အသက်ပေး တိုက်ရုံကလွဲပြီး ရွေးစရာ မရှိတော့ဘူး ကံတရားကိုပဲ ပုံအပ်ရတော့မယ်"

"ကဲ... ပြောစရာ ရှိတာ ပြောပြီးပြီ စူပါမားကတ် သွားပြီး ဈေးဝယ်လိုက်ကြဦး နေ့လယ်စာ ပြင်ဆင်ရအောင်"

နှစ်ယောက်သား ခေါင်းငြိမ့်ပြီး ထွက်သွားကြသည်။

ယန်ကျန့် နာရီအနည်းငယ် နားလိုက်သည်။ နေ့လယ်စာ စားပြီးနောက် တာတုန်းမြို့သို့ တစ်ယောက်တည်း ထွက်ခွာလာခဲ့သည်။

တစ်ရက်အတွင်း ပြင်ဆင်စရာ ရှိတာတွေ အကုန် ပြင်ဆင်ပြီးသွားပြီ။

ယန်ကျန့် တစ်ယောက်တည်း ကြိုးစားနေတာ မဟုတ်ပါဘူး။ တခြား ခေါင်းဆောင်တွေလည်း ကြိုးစားနေကြပါတယ်။ ဒါက အသက်လုပွဲလေ။ ဘယ်သူမှ ပေါ့ပေါ့ဆဆ မနေရဲကြပါဘူး။

ယန်ကျန့် နင်းအန်း အဆောက်အအုံ ရောက်တော့ ဝမ်ကော်ချန် က သတင်းသစ် တစ်ခု ပြောပြသည်။

"ခေါင်းဆောင်ယန်... လွန်ခဲ့တဲ့ နာရီဝက်လောက်က ဘုရင်အဖွဲ့အစည်း ဘက်က ဆက်သွယ်လာတယ် ခင်ဗျားနဲ့ ဗွီဒီယို ဆွေးနွေးပွဲ လုပ်ချင်တယ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ် ပဋိပက္ခတွေကို ဖြေရှင်းပြီး စစ်ပွဲကို ရပ်တန့်ချင်တယ်တဲ့"

ယန်ကျန့် အံ့သြသွားသည်။

"သူတို့က ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ် ဟုတ်လား"

"ဟုတ်တယ်"

ဝမ်ကော်ချန် ခေါင်းငြိမ့်လိုက်သည်။

လုကျီဝမ် က အေးစက်စွာ ပြောလိုက်သည်။

"မနေ့ညက သူတို့ အထိနာသွားလို့ ဖြစ်မယ် ဘုရင်အဖွဲ့အစည်း အတွင်းမှာ ပြဿနာ တက်နေပုံ ရတယ် ငြိမ်းချမ်းရေး ဆွေးနွေးချင်တာ ဖြစ်နိုင်တယ် တစ္ဆေသင်္ဘော ကမ်းကပ်ဖို့ ရက်ပိုင်းပဲ လိုတော့တာလေ သူတို့ ဆက်မစွန့်စားရဲတော့ဘူး ထင်တယ် သင်္ဘော ကမ်းကပ်ရင် ပြန်ပြင်လို့ မရတော့ဘူး"

"မင်းက ဆွေးနွေးတာကို သဘောတူလား" ယန်ကျန့် မေးလိုက်သည်။

"သူတို့က အချိန်ဆွဲချင်တာ ဆိုရင်လည်း ငါတို့ဘက်က အဆင်ပြေပါတယ် ဒါပေမဲ့ ငြိမ်းချမ်းရေး ရဖို့ ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာ ငါတို့ သိတယ် သူတို့ စစ်မတိုက်ချင်ရင်တောင် ငါတို့က ဘုရင်အဖွဲ့အစည်း ကို ခွင့်လွှတ်မှာ မဟုတ်ဘူး သင်္ဘောစီမံကိန်း က အရမ်း အန္တရာယ် များတယ် သူတို့ ရှိနေသရွေ့ ဒီစီမံကိန်းက ဆက်ရှိနေမှာပဲ ဒါ့ကြောင့် သူတို့ကို အပြတ်ရှင်းပစ်မှ ရမယ်"

လုကျီဝမ် လေးလေးနက်နက် ပြောလိုက်သည်။

"တခြား ခေါင်းဆောင်တွေ သိပြီးပြီလား"

"အများစု သိပြီးပါပြီ"

ဝမ်ကော်ချန် ဝင်ပြောသည်။

"သူတို့က ဗွီဒီယိုကော နဲ့ပဲ ပြောချင်တာပါ လူချင်း တွေ့စရာ မလိုပါဘူး ဒါပေမဲ့ ဗွီဒီယိုကော ကနေ တိုက်ခိုက်လာနိုင်တာကိုလည်း သတိထားရမယ် ခေါင်းဆောင်ယန်... လက်ခံမှာလား ငြင်းမှာလား"

" ဗွီဒီယိုကောကနေ ခေါင်းဆောင်တွေကို တိုက်ခိုက်မယ် ဆိုရင်တော့ သူတို့ တော်တော် တုံးတာပဲ ခေါင်းဆောင်တွေက အဲဒီလောက် လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး ပြီးတော့ ဆွေးနွေးပွဲ လုပ်မယ် ဆိုကတည်းက ကြိုတင် ကာကွယ်ထားမှာပဲ သူတို့ ဆွေးနွေးချင်ရင် ဆွေးနွေးလိုက်ကြတာပေါ့ သူတို့ ဘာလုပ်ချင်လဲ သိရတာပေါ့"

ယန်ကျန့်လည်း ငြိမ်းချမ်းရေး ရဖို့ မဖြစ်နိုင်ဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက စိုးရိမ်နေကြတာလေ။ ဘုရင်အဖွဲ့အစည်း က အရင်လို အသာစီး မရတော့ဘူး။ ဌာနချုပ်ကလည်း အရင်လို အားနည်းမနေတော့ဘူး။

အင်အားချင်း တူလာရင် ဆွေးနွေးခွင့် ရလာတာပဲ။

ယန်ကျန့် သဘောတူလိုက်သည်။ ဝမ်ကော်ချန် ကို ပြန်ပြောခိုင်းလိုက်သည်။

မကြာမီ...

ဝမ်ကော်ချန် ပြန်ရောက်လာသည်။ နောက် တစ်နာရီ နေရင် ဆွေးနွေးပွဲ စမည်။

"ခေါင်းဆောင်တွေ အကုန်လုံး ပြစရာ မလိုဘူး ငါတို့ ၂ ယောက်နဲ့ လျိုစန်း ဆို ရပြီ ငါတို့ သတင်းတွေက ပေါက်ကြားပြီးသားပဲ တခြား ခေါင်းဆောင်တွေကို သူတို့ မမြင်စေနဲ့ ပြီးတော့ နေရာ ပြောင်းမယ် ဒီနေရာ မဟုတ်ဘူး"

ယန်ကျန့် ပြောလိုက်သည်။

"စိတ်ချပါ ကျွန်တော် စီစဉ်လိုက်ပါ့မယ်"

ဝမ်ကော်ချန် အလုပ်ရှုပ်သွားပြန်သည်။

နေရာသစ် ရှာ၊ စက်ပစ္စည်းတွေ တပ်ဆင် လိုက်သည်။

လုကျီဝမ် က မေးလိုက်သည်။

"ယန်ကျန့်... ငါတို့ဘက်က ပြင်ဆင်မှု အခြေအနေ ဘယ်လိုလဲ"

"မင်းက ထောက်လှမ်းရေးနဲ့ မှတ်တမ်း ဌာနက လာတာလေ မသိဘူးလား"

"နောက်ဆုံး အခြေအနေကို မသိလို့ပါ ပြောပြလို့ ရမလား ငါတို့ စိတ်ချရအောင်လို့ပါ"

"ပင်လယ်မြို့က ရဲကျန့် သဘောတူလိုက်ပြီ ဒီနေ့ ညနေလောက် ရောက်လာလိမ့်မယ် ကျန်းရှန်ကွမ် နဲ့လည်း သဘောတူညီမှု ရထားပြီ ဒါပေမဲ့ သူ့ကို လွှတ်ပေးရမယ့် အန္တရာယ်တော့ ရှိတယ် ပြီးတော့ အစ်မဟုန် ဆိုတဲ့ ပြင်ပ အကူအညီ တစ်ယောက် ငှားထားတယ် နောက်တစ်ခါ တွေ့ရင် သူ့ကို မတိုက်ခိုက်နဲ့ ဒါပေမဲ့ သတိတော့ ထားရမယ် သူက ဘယ်ဘက်ပါမလဲ မသေချာဘူး နောက်ဆုံးအနေနဲ့ ငါ့အဖွဲ့သား လီယန် နဲ့ ထုန်ချန် ကို ခေါ်ထားတယ်"

"ရဲကျန့်၊ ကျန်းရှန်ကွမ်၊ အစ်မဟုန်... အခြေအနေ ကောင်းသားပဲ တခြား ခေါင်းဆောင်တွေကို အသိပေးလိုက်ပါ့မယ်"

လုကျီဝမ် ခေါင်းငြိမ့်လိုက်သည်။

"မင်းဘက်က အခြေအနေကော" ယန်ကျန့် ပြန်မေးလိုက်သည်။

"ခေါင်းဆောင်လောင်း အဖွဲ့တွေ လာနေကြပါပြီ ဟဲယင်အာက တစ္ဆေရေကန် ဖြစ်ရပ်တုန်းက ပါဝင်ခဲ့တဲ့ တိုင်းဖျင်မြို့ဟောင်း က လူ ၂ ယောက်ကို ခေါ်ထားတယ် လျိုစန်း က သူ့စက္ကူလူတွေ အကုန်လုံးကို တာတုန်းမြို့ကို ခေါ်ထားတယ် လမ်းတိုင်းမှာ သူ့စက္ကူလူတွေ ရှိနေတယ် သတင်းကွန်ရက် ဖြန့်ထားတာပေါ့"

"ဟဲယွဲ့လျန် က ကမ်းရိုးတန်း မြို့တွေကို တစ္ဆေပန်းချီကား နဲ့ ဆက်သွယ်ထားတယ် လိုအပ်ရင် တစ္ဆေပန်းချီကား ထဲ ဆွဲထည့်လို့ ရအောင်ပေါ့ ဒါမှ အရပ်သားတွေ မထိခိုက်မှာ ဒါ မက်မွန်ဥယျာဉ် စီမံကိန်း တစ်ဝက်လောက် ပြီးသွားတာပဲ"

"ဝမ်ချာလင်း က မင်းကို မေးခိုင်းလိုက်တယ် တစ္ဆေနာရီကို ဘယ်နား ထားရမလဲ တဲ့"

"နေရာ မစဉ်းစားရသေးဘူး နောက်ဆုံးကျမှ သုံးမယ် သူ့ကို မလောပါနဲ့လို့ ပြောလိုက် တစ္ဆေနာရီ က ငါတို့ရဲ့ နောက်ဆုံး ဝှက်ဖဲပဲ အရေးကြီးတဲ့ အချိန်ကျမှ သုံးရမှာ"

"အခု အခြေအနေ ကြည့်ရတာ ငါတို့ဘက်က အင်အား တောင့်တင်းလာပြီ နည်းလမ်းတွေလည်း စုံလာပြီ ထင်ထားတာထက် ပိုကောင်းလာတယ်"

"ဟုတ်တယ် ဌာနချုပ်ရဲ့ အခြေခံ အုတ်မြစ်က ခိုင်မာတယ် အရင်က အလစ်အငိုက် မိသွားလို့ အခု ပြန်ပြင်ဆင်လိုက်တော့ သူတို့နဲ့ ယှဉ်နိုင်သွားပြီ ငါတို့ ညီညွတ်ရင် သူတို့ ငါတို့ကို လွယ်လွယ်နဲ့ မနိုင်ပါဘူး"

"ဒါပေါ့ သူတို့လည်း သေမှာ ကြောက်တာပဲ ငါတို့ မလွယ်မှန်း သိလို့ အခု ငြိမ်းချမ်းရေး ဆွေးနွေးမယ် လုပ်နေတာပေါ့ ကဲ... လျိုစန်း ရဲ့ စက္ကူလူကို ခေါ်လိုက်တော့ ဘုရင်အဖွဲ့အစည်း က လူတွေနဲ့ စကားပြောရအောင်"

All Chapters