← Chapters

အခန်း (၁၄၄၅-၁၄၄၆)

Vol. 108 Ch. 1445-1446

အခန်း (၁၄၄၅-၁၄၄၆)

Vol. 108 Ch. 1445-1446

အခန်း (၁၄၄၅) သဘောထားကွဲလွဲသော ဆွေးနွေးမှု

ယန်ကျန့်၊ လုကျီဝမ်နှင့် လျိုစန်း၏ စက္ကူလူ သုံးဦးတို့သည် ဘုရင်အဖွဲ့အစည်းနှင့် ဗွီဒီယိုကော ဖြင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြသည်။

နှစ်ဖက်စလုံးက ပြဿနာ ပြေလည်သွားမည် မဟုတ်ကြောင်း သိထားကြသော်လည်း လောလောဆယ်တွင် တိုက်ပွဲ ထပ်မဖြစ်ချင်ကြသေးပေ။ အကြောင်းမှာ နှစ်ဖက်စလုံး အသင့်မဖြစ်သေးသောကြောင့် ဖြစ်သည်။

ယန်ကျန့်တို့ဘက်က တစ္ဆေသင်္ဘော ကို ရင်ဆိုင်ဖို့ နည်းလမ်း မရှာရသေးသလို၊ ဘုရင်အဖွဲ့အစည်း ဘက်ကလည်း ခေါင်းဆောင်တွေကို နိုင်မယ်လို့ ယုံကြည်မှု မရှိသေးဘူး။

ဒါ့ကြောင့် ဒီလို အခြေအနေမျိုးမှာ ဆွေးနွေးပွဲ ဖြစ်လာတာ ယုတ္တိရှိပါတယ်။

တာတုန်းမြို့ရှိ ကျယ်ဝန်းသော အခန်းလွတ် တစ်ခုတွင်...

ဝမ်ကော်ချန် သည် စက်ပစ္စည်းများကို တပ်ဆင်ထားပြီး ဖြစ်သည်။ အချိန်မရွေး စတင်နိုင်ပြီ။

"အချိန်ကျပြီ ဟိုဘက်ကို ချိတ်ဆက်လိုက်တော့"

ယန်ကျန့် ပြောလိုက်သည်။

"ဟုတ်ကဲ့ ခေါင်းဆောင်ယန်"

ဝမ်ကော်ချန် စက်ပစ္စည်းများကို ဖွင့်လိုက်သည်။

ဖန်သားပြင် ပေါ်လာသည်။ တစ်ဖက်လူ၏ မြင်ကွင်းကို ပြသနေသည်။

ဟိုဘက်မှာလည်း အစည်းအဝေးခန်း တစ်ခုလိုပါပဲ။ ထူးခြားမှု မရှိပါဘူး။ စားပွဲဝိုင်းကြီး တစ်ခု ရှိပြီး လူ ၆ ယောက် ထိုင်နေကြတယ်။

"၆ ယောက်တည်းလား"

ယန်ကျန့် ကြည့်လိုက်သည်။

သိသာတာကတော့ သူတို့ဘက်ကလည်း 'ဘုရင်' တွေ အကုန် ထုတ်မပြချင်ကြဘူး။ သတင်း အချက်အလက်တွေကို ဖုံးကွယ်ထားချင်ကြတာ။

ယန်ကျန့် ရင်းနှီးတဲ့ မျက်နှာ တစ်ခု တွေ့လိုက်ရတယ်။ ဆိပ်ကမ်းမှာ လီလဲ့ဖိန် နဲ့ တိုက်ခိုက်ခဲ့တဲ့ သာသနာပြု ဆရာ။

ကျန်တဲ့ ၅ ယောက်ကိုတော့ မသိပါဘူး။ သာသနာပြု ဆရာက ထိပ်ဆုံးမှာ ထိုင်မနေဘဲ ဘေးမှာ ထိုင်နေတယ်။ မျက်နှာထားက မကောင်းဘူး။

"မစ္စတာယန်... ဒီဆွေးနွေးပွဲကို လက်ခံပေးလို့ ဝမ်းသာပါတယ် ဒါ ပထမဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပေမယ့် ငါတို့ကြားမှာ အထင်လွဲမှုလေးတွေ ရှိနေပါတယ် ဒါပေမဲ့ ဒီနေ့ နေ့လယ်ခင်းလေးက ပျော်ရွှင်စရာ ကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်"

ဦးထုပ်ဆောင်းထားပြီး မြင့်မြတ်တဲ့ လူတန်းစားပုံစံ ပေါက်နေတဲ့ နိုင်ငံခြားသား တစ်ယောက်က ပြုံးပြီး ပြောလိုက်သည်။

"မိတ်ဆက်ပေးပါရစေ ကျွန်တော့် နာမည် ချာလီ ပါ ဘုရင်အဖွဲ့အစည်းကိုယ်စား မစ္စတာယန်တို့ ဌာနချုပ် နဲ့ ဆွေးနွေးမှာပါ"

"အပိုစကားတွေ ပြောမနေနဲ့ လိုရင်းကို ပြော ငါ့မှာ အချိန် သိပ်မရှိဘူး အနှစ်သာရ မရှိတာတွေ ပြောနေမယ်ဆိုရင် လိုင်းဖြတ်လိုက်မယ်"

ယန်ကျန့် လက်ကာပြပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

ချာလီ က စိတ်ဆိုးပုံ မရပါဘူး။ အပြုံးမပျက်ဘဲ ဆက်ပြောသည်။

"မစ္စတာယန် က ပွင့်လင်းတာပဲ ကောင်းပြီ လိုရင်းကို ပြောကြတာပေါ့ ဒီရက်ပိုင်း အတွင်း ဘုရင်အဖွဲ့အစည်း နဲ့ ဌာနချုပ် ကြားမှာ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်"

"နှစ်ဖက်စလုံး အထိနာကြတယ် ဒီအတိုင်း ဆက်သွားရင် ဘယ်သူ့အတွက်မှ မကောင်းဘူး ဒါ့ကြောင့် ယာယီ အပစ်အခတ် ရပ်စဲကြရအောင် မစ္စတာယန်သာ သဘောတူရင် ကျွန်တော်တို့ လူတွေကို တိုင်းပြည်ထဲကနေ ပြန်ခေါ်သွားပေးမယ် တစ္ဆေသင်္ဘော စီမံကိန်းကိုလည်း ဖျက်သိမ်းပေးမယ် ကမ်းမကပ်စေရဘူး ဘယ်လိုလဲ"

နားထောင်ကောင်းတဲ့ ကမ်းလှမ်းချက်ပါပဲ။

ဒါပေမဲ့ ကလေး ကစားစရာ စကားတွေပါ။

ဘုရင်အဖွဲ့အစည်းဝင်တွေ တိုင်းပြည်ထဲမှာ ဆက်နေရင် အသတ်ခံရမှာ သေချာတယ်။ ပြန်ခေါ်တာနဲ့ မခေါ်တာ အတူတူပါပဲ။ သင်္ဘော စီမံကိန်း ဖျက်သိမ်းမယ် ဆိုတာကလည်း ဟာသပါပဲ။ သင်္ဘောက ပင်လယ်ထဲ ရောက်နေပြီလေ။ သူတို့ သဘောရှိ ကမ်းကပ်လို့ ရတာပဲ။

ယန်ကျန့် တည်ငြိမ်စွာ ပြောလိုက်သည်။

"စစ်ပွဲကို မင်းတို့ စတင်ခဲ့တာ ငါတို့ ခေါင်းဆောင် ၂ ယောက် သေသွားပြီ ကိစ္စက ပြီးသွားပြီလို့ မထင်နဲ့ ငါ စစ်ကြေညာပြီးပြီ ငါတို့ ဆက်တိုက်ကြမယ် မင်းတို့ သင်္ဘော စီမံကိန်းကို လုပ်ချင်ရင် လုပ်လိုက် ငါတို့ကလည်း ရေလွှမ်းမိုးခြင်း စီမံကိန်း နဲ့ တုံ့ပြန်မယ် နောက်ဆုံးမှာ မင်းတို့ အရူးတွေကို ငါ မျိုးဖြုတ်ပစ်မယ်"

ချာလီ မျက်နှာ ပျက်သွားသည်။

ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင် ခေါင်းငြိမ့်လိုက်ရုံပဲလေ ဘာလို့ ငြင်းတာလဲ။

"မစ္စတာယန်... ဒါ ခင်ဗျား သဘောထားလား ဌာနချုပ် သဘောထားလား"

"ငါ့သဘောထားက ဌာနချုပ် သဘောထားပဲ"

"အချိန်ဆွဲဖို့ မကြိုးစားနဲ့ တစ္ဆေသင်္ဘော ကမ်းကပ်လာရင်လည်း ဂရုမစိုက်ဘူး ငါတို့ နိုင်မယ်လို့ ယုံကြည်တယ် မင်းတို့ 'ဘုရင်' တွေကို သတ်ရတာ သိပ်မခက်ပါဘူး"

"သောက်ကျိုးနည်း..."

ဘုရင်အဖွဲ့အစည်း ဘက်က လူတစ်ယောက် ဒေါသထွက်ပြီး မတ်တတ်ထရပ်လိုက်သည်။

ယန်ကျန့် ကြည့်လိုက်သည်။

မသိတဲ့ လူတစ်ယောက်…..

"ချာလီ... မင်းက ခေါင်းဆောင် ဆိုရင် မင်းလူတွေကို သေချာ ထိန်းသိမ်းထားဦး သူ စကားပြောရမယ့် အလှည့် မဟုတ်သေးဘူး"

"ချာလီက ငါတို့ အားလုံးကို ကိုယ်စားမပြုဘူး"

ထိုလူက အံကြိတ်ပြီး ပြောလိုက်သည်။

"သြော်... ချာလီက ခေါင်းဆောင် မဟုတ်ဘူးလား ဒါဆို ဒီဆွေးနွေးပွဲက အလကားပဲပေါ့ မင်းတို့ ခေါင်းဆောင် အစစ် ရောက်လာမှ ပြန်ဆက်သွယ်လိုက် အခုတော့ တော်ပြီ"

ချာလီ မျက်နှာ ပျက်သွားသည်။ ယန်ကျန့်ကို ဒေါသထွက်တာ မဟုတ်ဘဲ ဝင်ပြောတဲ့ လူကို ဒေါသထွက်သွားတာ ဖြစ်သည်။

"ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားပေး ၁၀ မိနစ်လောက်ပဲ ဖြစ်ဖြစ် ငါ စကားပြောနေတုန်း ဖြတ်မပြောနဲ့ ဒါ သတိပေးတာ နောက်တစ်ခါ သည်းမခံဘူး"

လုကျီဝမ် တွေးလိုက်သည်။

"ဘုရင်အဖွဲ့အစည်း အတွင်းမှာ ပြဿနာ ရှိနေတာ သေချာတယ်"

လျိုစန်း ရဲ့ စက္ကူလူက ပြုံးလိုက်သည်။ ယန်ကျန့်က ရန်တိုက်ပေးနေမှန်း သိလို့ပါ။

ထိုလူက ပြန်ထိုင်လိုက်ပေမယ့် ယန်ကျန့်ကို စိုက်ကြည့်နေသည်။ အခွင့်အရေး ရရင် သတ်ချင်နေပုံ ရတယ်။

ချာလီ ပြန်ပြောသည်။

"တောင်းပန်ပါတယ် မစ္စတာယန်... ဆွေးနွေးပွဲကို ဆက်ကြရအောင် ဒီလို အခွင့်အရေးမျိုးက ရှားပါတယ် နောက်တစ်ခါ ပြန်တွေ့ရပါ့မလား မသေချာဘူးလေ"

"ငါ ပြောပြီးပြီလေ အပစ်အခတ် ရပ်စဲဖို့ မဖြစ်နိုင်ဘူး မင်းတို့ အဖွဲ့အစည်းကို ဖျက်ဆီးပစ်မယ် သင်္ဘော စီမံကိန်းကို တားဆီးမယ် ဒါပဲ"

လုကျီဝမ် ဝင်ပြောသည်။

"စစ်ပွဲကို မင်းတို့ စခဲ့တာ ငါတို့ ခေါင်းဆောင် တစ်ယောက်ကို သတ်ခဲ့တယ် ငြိမ်းချမ်းရေး လိုချင်ရင် ရိုးသားမှု ပြရမယ် လူသတ်တရားခံကို ထုတ်ပေးပြီး သင်္ဘော စီမံကိန်းကို ဖျက်သိမ်းမယ် ဆိုရင် ယန်ကျန့်ကို ငါ နားချပေးမယ်"

ယန်ကျန့်က တင်းခံထားပြီး လုကျီဝမ်က ညှိနှိုင်းပေးမယ့် ပုံစံ ဖမ်းထားတာ။

အလကားတော့ ဘယ်ရမလဲ။

ချာလီ မျက်လုံး ကစားလိုက်သည်။

"စိတ်မကောင်းပါဘူး ခင်ဗျားတို့ ခေါင်းဆောင် ကျန်းကျွင်း သေဆုံးတာက မတော်တဆမှုပါ သူက ငါတို့ကို စုံစမ်းပြီး အဖွဲ့ဝင်တွေကို သတ်ခဲ့တယ် ငါတို့က သူမှန်း မသိဘဲ ပြန်ခုခံရင်း သတ်မိသွားတာပါ ဒါက အထင်လွဲမှုပါ ဒီအထင်လွဲမှုကို ဖြေရှင်းချင်ပါတယ်"

အထင်လွဲမှုတဲ့လား။

ယန်ကျန့် လှောင်ပြုံး ပြုံးလိုက်သည်။

"မနိုင်တော့မှ အထင်လွဲမှု ဖြစ်သွားတာလား အရင်တုန်းက ဒီလို မပြောပါဘူး ဘာမှ ပြောစရာ မရှိတော့ဘူး မင်းတို့ 'ဘုရင်' တွေ စောင့်နေကြတော့ စစ်ပွဲ စမိတာကို နောင်တရစေရမယ်"

"မစ္စတာယန်... စိတ်လျော့ပါဦး ညှိနှိုင်းလို့ ရပါသေးတယ် မလိုအပ်ဘဲ ခေါင်းဆောင်တွေ သေကုန်မှာကို ခင်ဗျားလည်း မလိုလားပါဘူး နောက်ဆုံးမှာ ခင်ဗျားတို့ နိုင်ရင်တောင် ပေးဆပ်ရတာ များလွန်းနေလိမ့်မယ်"

"ငါတို့ ပေးဆပ်ရတာက မင်းတို့ ထင်သလောက် မများပါဘူး"

"ကြည့်ရတာ မစ္စတာယန် စိတ်မပြေသေးဘူး ထင်တယ် မနေ့ညက ကိစ္စကြောင့် ဒေါသထွက်နေတုန်းပဲ ၃ ရက်လောက် အချိန်ပေးမယ် စိတ်အေးသွားမှ ပြန်ဆွေးနွေးကြတာပေါ့"

လုကျီဝမ် ဝင်ပြောသည်။

"ငါလည်း အဲဒီလိုပဲ ထင်တယ် နှစ်ဖက်စလုံး စိတ်အေးသွားအောင် ၃ ရက်လောက် စောင့်ကြတာပေါ့ ၃ ရက်နေရင် ပြန်တွေ့ကြမယ်"

ယန်ကျန့် ဘာမှ မပြောတော့ဘူး။

ချာလီ ခေါင်းငြိမ့်ပြီး လိုင်းဖြတ်လိုက်သည်။

လျိုစန်း ရဲ့ စက္ကူလူက ခေါင်းခါလိုက်သည်။

"ကောက်ကျစ်တဲ့ ကောင်တွေ ဘာမှ မပေးဆပ်ချင်ဘဲ အချိန်ဆွဲချင်နေကြတာ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတာ ဟန်ပြသက်သက်ပဲ"

"မျှော်လင့်ထားပြီးသားပါ" လုကျီဝမ် ပြောလိုက်သည်။

"ယန်ကျန့်... မင်း ဘယ်လို မြင်လဲ"

"ဘာမှ မမြင်ပါဘူး သူတို့လည်း တိုက်ဖို့ ပြင်ဆင်နေတာပဲ ဒါပေမဲ့ အချိန်ကပ်နေတော့ ငါတို့ အင်အားကို မခန့်မှန်းနိုင်ဘဲ တိုက်ရမှာ ကြောက်နေကြတာ ဒါ့ကြောင့် အချိန်ဆွဲချင်နေတာ"

ယန်ကျန့် ဆက်ပြောသည်။

"ငါတို့ လက်ဦးမှု ရယူပြီး အရင် တိုက်ခိုက်သင့်တယ် သူတို့ကို ဖိအားပေးရမယ်"

"သူတို့ စိတ်ဓာတ်ကျနေပြီ ဖိအားပေးလိုက်ရင် အထဲမှာ ပြဿနာ တက်ကုန်လိမ့်မယ် သူတို့ အဖွဲ့အစည်းက ရှုပ်ထွေးတယ် ငါတို့လောက် မညီညွတ်ဘူး ခုနက မြင်တဲ့အတိုင်းပဲ"

အခန်း (၁၄၄၆) အိပ်မက်ဆိုး ပေါ်ပေါက်လာခြင်း

အွန်လိုင်း အစည်းအဝေးပွဲ တစ်ခု အလျင်အမြန် ပြီးဆုံးသွားသည်။ နှစ်ဖက်စလုံး၏ သဘောထားက ရှင်းလင်းသည်။

ဘုရင်အဖွဲ့အစည်းဘက်က အထိနာထားသော်လည်း အလျှော့မပေးချင်ပေ။ အချိန်ဆွဲပြီး ပြင်ဆင်ချင်နေသည်။ ယန်ကျန့်ဘက်ကလည်း ပြတ်သားသည်။ ဘုရင်အဖွဲ့အစည်း ကို မျိုးဖြုတ်ပစ်မည်။ ငြိမ်းချမ်းရေး ဆွေးနွေးစရာ အကြောင်းမရှိချေ။

ဒါ့ကြောင့် အစည်းအဝေးပွဲက မပျော်မရွှင်နဲ့ ပြီးဆုံးသွားသည်။

"သူတို့က အွန်လိုင်း အစည်းအဝေးမှာ ဘာမှ မလုပ်ကြဘူး ထူးဆန်းတယ် ငါတို့ဘက်က ခေါင်းဆောင် ၃ ယောက်ပဲပါလို့ အမြတ်မထွက်နိုင်မှန်း သိလို့ ငြိမ်နေတာ ဖြစ်မယ်"

လျိုစန်း ရဲ့ စက္ကူလူက ပြောလိုက်သည်။

"မင်းက သူတို့မှာ အွန်လိုင်းကနေ လူသတ်နိုင်တဲ့ နည်းလမ်း ရှိတယ်လို့ ဘာလို့ ဒီလောက် ယုံကြည်နေရတာလဲ"

ယန်ကျန့် မေးလိုက်သည်။

လျိုစန်း ရဲ့ စက္ကူလူက ထူးဆန်းစွာ ပြုံးလိုက်သည်။

"သူတို့က အွန်လိုင်း အစည်းအဝေး လုပ်ချင်ပါတယ်လို့ ကမ်းလှမ်းလာတယ်လေ အဲဒီလို နည်းလမ်း မရှိရင် ဘာလို့ ဒီလောက် အရဲစွန့်ပြီး လုပ်ချင်ရမလဲ ကိုယ်စားလှယ် လွှတ်လိုက်ရင် ရတာပဲလေ သူတို့ ကိုယ်တိုင် ပါဝင်ပြီး သတင်းပေါက်ကြားမယ့် အန္တရာယ်ကိုယူတယ် ဆိုကတည်းက တခုခု ကြံစည်ထားလို့ နေမှာပေါ့"

"တကယ်လို့ ငါတို့ ခေါင်းဆောင်တွေ အကုန်လုံး စုပြီး အစည်းအဝေး တက်မယ် ဆိုရင် သူတို့ သေချာပေါက် တိုက်ခိုက်မှာ ငါ ရဲရဲကြီး အာမခံရဲတယ်"

"ဟုတ်တယ် အွန်လိုင်းကနေ တိုက်ခိုက်ရင် အကုန်လုံး မသေနိုင်ပေမယ့် တချို့ ခေါင်းဆောင်တွေတော့ ခံရနိုင်တယ် နိုင်ငံခြားမှာ အဲဒီလို ထူးဆန်းတဲ့ လူသတ်နည်းတွေ ရှိတယ် ဖုန်းဆက်ပြီး သတ်တာ၊ သန်းခေါင်ယံ ဘဲလ်တီးပြီး သတ်တာ၊ သီချင်းဖွင့်ပြီး သတ်တာ... အခု ဗွီဒီယိုကော နဲ့ သတ်တာလည်း ဖြစ်နိုင်တာပဲ"

လုကျီဝမ် ထောက်ခံလိုက်သည်။

အဲဒီ သဘာဝလွန် ဖြစ်ရပ်တွေ ပျောက်ကွယ်သွားပေမယ့် စွမ်းအားတွေကတော့ ကျန်ရှိနေမှာပဲ။ ဘုရင်အဖွဲ့အစည်း က လူတွေ ရယူသွားတာ ဖြစ်နိုင်တယ်။

ပြည်တွင်းက တံခါးခေါက်တစ္ဆေ လိုပေါ့။ အခု လီယန် လက်ထဲ ရောက်နေပြီလေ။

"ဘုရင်အဖွဲ့အစည်း တည်နေရာကို ရှာတွေ့ဖို့ နည်းလမ်း ရှိမလား ဒီ ၃ ရက် အတွင်း ငါ တစ်ခုခု လုပ်ချင်တယ်"

ယန်ကျန့် မေးလိုက်သည်။

"သူတို့က မျက်နှာပြပေမယ့် နာမည်ရင်း မသုံးကြဘူး ချာလီ ဆိုတာလည်း နာမည်တု ဖြစ်လောက်တယ် သတင်းအချက်အလက် မရှိရင် နေရာ ရှာဖို့ ခက်တယ် နေရာ သိရင်တောင် သွားတိုက်ဖို့ မလွယ်ဘူး သူတို့ စုနေကြမှာ ဆိုတော့ အန္တရာယ် များတယ်"

လုကျီဝမ် သုံးသပ်ပြသည်။

"ငါ သူတို့ရဲ့ ထောက်လှမ်းရေး တစ်ယောက်ကို တွေ့ထားတယ် ဒါပေမဲ့ သူက လက်တွေ့ကမ္ဘာမှာ မရှိဘူး အသိစိတ်နဲ့ ချိတ်ဆက်ထားတာ နေရာ ရှာဖို့ ခက်တယ်"

လျိုစန်း ဝင်ပြောသည်။

"လက်တွေ့ကမ္ဘာမှာ မရှိဘူး ဟုတ်လား"

ယန်ကျန့် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"လွယ်ပါတယ် ငါ့ခွေးကို လွှတ်လိုက်ရင် ရပြီ သူက လူရဲ့ အသိစိတ်ထဲ ဝင်ပြီး အိပ်မက်ထဲ ဆွဲခေါ်သွားနိုင်တယ်"

"တကယ်လား ဒါဆို ငါ့ဆီ လာခဲ့ ငါ့ခန္ဓာကိုယ် အစစ်က တာတုန်းမြို့က တိုက်ခန်း တစ်ခုမှာ ရှိတယ်"

လျိုစန်း ရဲ့ စက္ကူလူက လိပ်စာ ပေးလိုက်သည်။

"ကောင်းပြီ အချိန်မဖြုန်းတော့ဘူး အခုပဲ သွားမယ် သူတို့ သတင်း ကွန်ရက်ကို ဖျက်ဆီးပစ်နိုင်ရင်တောင် အမြတ်ပဲ လုကျီဝမ်... ဒီနေ့ ခေါင်းဆောင်လောင်းတွေ ရောက်လာလိမ့်မယ် မင်း ဧည့်ခံလိုက်ပါ"

"စိတ်ချပါ"

ယန်ကျန့် တစ္ဆေနယ်မြေ သုံးပြီး ပျောက်ကွယ်သွားသည်။

မကြာမီ...

ယန်ကျန့် လူမနေတဲ့ တိုက်ခန်း တစ်ခုထဲ ရောက်သွားသည်။ လျိုစန်း အစစ်က ဆိုဖာပေါ်မှာ အိပ်ပျော်နေသည်။

"ဒါ ဘုရင်အဖွဲ့အစည်း ထောက်လှမ်းရေးတွေ သုံးတဲ့ အသံဖမ်းစက်ပဲ အထဲကနေ ထူးဆန်းတဲ့ သီချင်းသံ ထွက်လာပြီး အသိစိတ်ကို နေရာတစ်ခုဆီ ဆွဲခေါ်သွားတယ် သူတို့က ဒီနည်းနဲ့ ဆက်သွယ်ကြတာ ဒါ့ကြောင့် သူတို့ တည်နေရာ အတိအကျ မရှိတာ"

ဘေးခန်းထဲကနေ စက္ကူလူ တစ်ရုပ် ထွက်လာပြီး ရှင်းပြသည်။

ယန်ကျန့် ကြည့်လိုက်တော့ လျိုစန်း ရှေ့က စားပွဲပေါ်မှာ အသံဖမ်းစက် အဟောင်းလေး တစ်လုံး တင်ထားတာ တွေ့လိုက်ရတယ်။

"မင်း အဲဒီထဲ ရောက်နေတာ ဘယ်လောက် ကြာပြီလဲ"

"အကြိမ်ကြိမ် ဝင်ကြည့်ပေမယ့် လမ်းပျောက်နေတုန်းပဲ ဒီတစ်ခေါက် နည်းနည်း ကြာသွားပြီ နာရီပိုင်းလောက် ရှိပြီ"

"မင်း အသိစိတ်က သူတို့ နယ်မြေထဲ ရောက်နေတာ ဆိုတော့ သူတို့ဘက်က ကာကွယ်ရေး စနစ်တွေ ရှိမှာ သေချာတယ် ဒါပေမဲ့ ငါ့အတွက်တော့ ပြဿနာ မရှိပါဘူး ငါ့ခွေးကို ခေါ်သွားရင် အဆင်ပြေသွားလိမ့်မယ်"

"မင်းခွေးက ကြမ်းလွန်းတယ် ငါ မစွန့်စားရဲဘူး မင်းပဲ ခွေးကို ခေါ်ပြီး ဝင်လိုက်ပါ"

လျိုစန်း ရဲ့ စက္ကူလူက ခေါင်းခါလိုက်သည်။ ခွေးဆိုးကြီးကို ကြောက်နေပုံ ရတယ်။

ခွေးဆိုးကြီးက တစ္ဆေအစစ်လေ။ ဘယ်အချိန် စိတ်ဖောက်မလဲ မသိနိုင်ဘူး။

"ကောင်းပြီ ငါ သွားလိုက်မယ် ဒါ ဘယ်လို သုံးရတာလဲ"

ယန်ကျန့် အသံဖမ်းစက်ကို ကောက်ယူလိုက်သည်။

စက္ကူလူက အသုံးပြုနည်း သင်ပေးလိုက်သည်။

ယန်ကျန့် လျှို့ဝှက်သင်္ကေတ တစ်ခု ရိုက်ထည့်လိုက်တော့ အသံဖမ်းစက်ထဲကနေ ထူးဆန်းတဲ့ သီချင်းသံ ထွက်ပေါ်လာသည်။

"ဂီတသေတ္တာ သံနဲ့ တူလိုက်တာ ဒါပေမဲ့ သံစဉ် မတူဘူး တခြား သံစဉ် တစ်ခု ဒါပေမဲ့ အမျိုးအစား တူတယ် ဆိုတာ သေချာတယ်"

ယန်ကျန့် သတိထားမိလိုက်သည်။

ဒါ ဂီတသေတ္တာ ကျိန်စာရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လောက်တယ်။ သူ ကိုင်ဆာ ဟိုတယ်မှာတုန်းက သံစဉ် တစ်ခု ရခဲ့ဖူးတယ်။ တတိယ သံစဉ်က နိုင်ငံခြားမှာ ရောက်နေတာကိုး။

"သီချင်းသံက အသိစိတ်ကို ဆွဲခေါ်သွားတာလား"

ယန်ကျန့် အသိစိတ် ဝေဝါးလာပြီး မြင်ကွင်းတွေ ပြောင်းလဲလာသည်။ ခန်းမကျယ်ကြီး တစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ ခန်းမ အလယ်မှာ စန္ဒရား တစ်လုံး ရှိနေတယ်။

ဒါပေမဲ့ ချက်ချင်းပဲ...

ခေါင်းထဲကနေ ခွေးဆိုးကြီး ဟိန်းသံ ကြားလိုက်ရပြီး အသိစိတ် ပြန်ကြည်လင်လာသည်။

"ငါ့ကို ခေါ်သွားလိုက်" ယန်ကျန့် ခွေးဆိုးကြီးကို အမိန့်ပေးလိုက်သည်။

အသိစိတ်က ထပ်ပြီး ဆွဲခေါ်ခံလိုက်ရသည်။ ဒီတစ်ခါတော့ သူ လိုလိုလားလား လိုက်ပါသွားခြင်း ဖြစ်သည်။

မကြာမီ...

ယန်ကျန့် အသိစိတ်က ခန်းမကျယ်ကြီးထဲ ရောက်သွားသည်။ သူ့ဘေးမှာ ခွေးဆိုးကြီးလည်း ပါလာသည်။

"ဒါ လျိုစန်း ပြောတဲ့ နေရာလား"

ယန်ကျန့် ဘေးဘီဝဲယာ ကြည့်လိုက်သည်။ ထူးဆန်းနေသည်။ ကိုယ့်ခန္ဓာကိုယ်ကို မမြင်ရပေမယ့် ရှိနေတယ်လို့ ခံစားရတယ်။

လမ်းလျှောက်ရတာလည်း ထူးဆန်းတယ်။ ခြေထောက် မပါဘဲ လေထဲမှာ မျောနေသလိုပဲ။

အိပ်မက်ထဲ ရောက်တာနဲ့ မတူဘူး။

"လျိုစန်း လည်း ငါ့လို ဖြစ်နေမှာပဲ ခန္ဓာကိုယ် မရှိတော့ ငါ သူ့ကို မမြင်ရသလို သူလည်း ငါ့ကို မမြင်ရဘူး ဒါ့ကြောင့် ဒီထဲက လူတွေက တစ်ယောက်နဲ့ တစ်ယောက် မမြင်ရကြဘူး လျိုစန်း စုံစမ်းရ ခက်နေတာ မဆန်းပါဘူး"

"ဒါပေမဲ့ သူတို့ သတင်း အချက်အလက်တွေကို ဘယ်လို ဖလှယ်ကြလဲ မှတ်တမ်းထားတဲ့ နေရာ တစ်ခုခု ရှိရမယ် လျိုစန်း အဲဒီနေရာကို ရှာနေတာ ဖြစ်မယ်"

ယန်ကျန့် သဘောပေါက်သွားသည်။

ဘုရင်အဖွဲ့အစည်း က တော်တော် လျှို့ဝှက်တာပဲ။ လျိုစန်း တောင် ဘာမှ ရှာမတွေ့ဘူး။

"ဒါပေမဲ့ ငါက လျိုစန်းလို လိုက်ရှာနေမှာ မဟုတ်ဘူး ဒီနေရာက သူတို့ပိုင်တယ် ဆိုပေမယ့် ငါ့ပိုင်နက် ဖြစ်အောင် လုပ်လိုက်ရင် ငါ့စည်းကမ်း အတိုင်း ဖြစ်သွားမှာပေါ့"

ယန်ကျန့် ခွေးဆိုးကြီးကို အမိန့်ပေးလိုက်သည်။

"ကျူးကျော်လိုက် ဒီထဲက အသိစိတ်တွေ အကုန်လုံးကို အိပ်မက်ဆိုးထဲ ဆွဲခေါ်လိုက်"

ခွေးဆိုးကြီး ဟိန်းဟောက်လိုက်သည်။ သူ့ခြေထောက်အောက်မှာ ကတ္တရာလမ်းမဟောင်း တစ်ခု ပေါ်လာပြီး ဘေးဘက်ကို ပြန့်ကားသွားသည်။

ရွှေရောင် ခန်းမကြီး ပျောက်ကွယ်သွားပြီး တိတ်ဆိတ်ခြောက်သွေ့နေတဲ့ ရွာကလေး တစ်ရွာ ပေါ်လာသည်။

ရွာကလေးက တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

ယန်ကျန့် ရွာလမ်းမပေါ် ရောက်သွားသည်။ ခန္ဓာကိုယ် ပြန်ပေါ်လာသည်။ အိပ်မက်ထဲ ရောက်သွားသလိုပဲ။

အသိစိတ် ကမ္ဘာကနေ အိပ်မက် ကမ္ဘာထဲ ကူးပြောင်းသွားတာ။

"အောင်မြင်ပြီ"

ယန်ကျန့် မျက်လုံး မှေးပြီး ကြည့်လိုက်သည်။

ဒီနေရာကို လွှမ်းမိုးလိုက်တာနဲ့ ပုန်းနေတဲ့ အသိစိတ်တွေ ပေါ်လာလိမ့်မယ်။

မကြာမီ...

လူစိမ်း တစ်ယောက် ပေါ်လာသည်။ အသိစိတ် ကမ္ဘာထဲ ရောက်နေတဲ့ လူတစ်ယောက်။ အခုတော့ အိပ်မက်ထဲ အဆွဲခံလိုက်ရပြီ။

ထိုလူ အံ့သြသွားပြီး ယန်ကျန့်ကို မြင်တော့ ကြောက်လန့်တကြား ထွက်ပြေးဖို့ ကြိုးစားသည်။ ယန်ကျန့်ကို သိပုံရတယ်။

ခွေးဆိုးကြီး တစ်ချက် ဟိန်းလိုက်တာနဲ့ ထိုလူ မလှုပ်ရှားနိုင်တော့ဘူး။ မျက်လုံးပဲ ကစားလို့ ရတော့တယ်။

ဒါ ကျန်းရှန်ကွမ် ရဲ့ စာသင်ခန်းတစ္ဆေ စွမ်းရည်ပဲ။ အိပ်မက်ထဲ ရောက်တာနဲ့ မလှုပ်ရှားနိုင်အောင် ချုပ်ထားလို့ ရတယ်။

အရင်ကဆို ပြေးလို့ ရသေးတယ်။ ခုခံလို့ ရသေးတယ်။ အခုတော့ သိုးတစ်ကောင်လို အသတ်ခံရဖို့ စောင့်နေရုံပဲ။

"မင်း ငါ့ကို သိတယ် ဆိုတော့ အလုပ်ရှုပ် သက်သာသွားတာပေါ့ စကားပြောခွင့် ပေးမယ် ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့"

ယန်ကျန့် အမိန့်ပေးလိုက်တော့ ထိုလူ ခန္ဓာကိုယ် အပေါ်ပိုင်း လှုပ်ရှားလို့ ရသွားသည်။ ခြေထောက်ကတော့ ကပ်နေတုန်းပဲ။

"ကျွန်... ကျွန်တော့် နာမည် ကျန်းလီ ပါ ဘုရင်အဖွဲ့အစည်း ရဲ့ ထောက်လှမ်းရေးပါ တာဖူမြို့ တာဝန်ခံ မာကျွင်း အကြောင်း စုံစမ်းနေတာပါ ခေါင်းဆောင်ယန်... ကျွန်တော့်ကို လွှတ်ပေးပါ ကျွန်တော် နှုတ်ထွက်ပါ့မယ် ဌာနချုပ်ကို အလင်းဝင်ပါ့မယ် သိသမျှ အကုန် ပြောပြပါ့မယ်"

ကျန်းလီ ကြောက်လန့်တကြား တောင်းပန်နေသည်။

"ကြည့်ရတာ နိုင်ငံခြားသားလည်း မဟုတ်ဘဲနဲ့ ဘုရင်အဖွဲ့အစည်း က ပိုက်ဆံ အများကြီး ပေးလို့ အလုပ်လုပ်ပေးနေတာလား"

ယန်ကျန့် အေးစက်စွာ ပြောလိုက်သည်။

"ခေါင်းဆောင်ယန်... ဒါ အလုပ်သဘောပါ ကျွန်တော် ဘာမှ..."

"ငါ မင်းနဲ့ စကားမများချင်ဘူး ငါ့ခွေးနဲ့ပဲ စကားပြောလိုက်တော့"

ယန်ကျန့် သတင်း မမေးတော့ဘူး။ ခွေးဆိုးကြီးကို လွှတ်ပေးလိုက်သည်။

ခွေးဆိုးကြီး ခုန်အုပ်လိုက်ပြီး ကျန်းလီ ကို ကိုက်သတ်လိုက်သည်။

ကျန်းလီ နာကျင်စွာ အော်ဟစ်လိုက်သည်။ သွေးတွေ ပန်းထွက်လာသည်။ ခဏအကြာမှာ အသံတိတ်သွားသည်။

ခွေးဆိုးကြီးက အိပ်မက်ထဲမှာ ထောက်လှမ်းရေးသမားကို ကိုက်သတ်လိုက်တာ။

ဒီမြင်ကွင်းကို မြင်တော့ နောက်ထပ် ရောက်လာတဲ့ ထောက်လှမ်းရေး ၂ ယောက် ခြေထောက်တွေ ပျော့ခွေကုန်သည်။

အိပ်မက်ကမ္ဘာက ဆက်လက် ပြန့်ကားနေသည်။ ပုန်းနေတဲ့ အသိစိတ်တွေ တစ်ယောက်ပြီး တစ်ယောက် ရွာထဲ ရောက်လာကြသည်။

"မင်းတို့ အကြောင်း ပြောပြစမ်း"

ယန်ကျန့် မေးလိုက်သည်။ သူ့ဘေးမှာ မျက်လုံးနီရဲပြီး သွေးတွေ ပေကျံနေတဲ့ ခွေးဆိုးကြီးက သွားဖြဲထားသည်။

ထောက်လှမ်းရေး ၂ ယောက် မျက်နှာ ဖြူဖျော့သွားပြီး ချွေးတွေ ပြန်လာကြသည်။

All Chapters