← Chapters

အခန်း (၁၄၄၉-၁၄၅၀)

Vol. 108 Ch. 1449-1450

အခန်း (၁၄၄၉-၁၄၅၀)

Vol. 108 Ch. 1449-1450

အခန်း (၁၄၄၉) ၁၆ ယောက်မြောက် လူ

ယန်ကျန့် အိပ်မက်ထဲမှာ စန္ဒရားပညာရှင်ကို သတ်လို့ မရခဲ့ဘူး။ ခွေးဆိုးကြီးက နိုင်နေပေမယ့် သတ်လို့ မရတော့ အချိန်ကုန်သွားရင် ကိုယ်ပဲ နစ်နာမှာ။

ဒါ့ကြောင့် ယန်ကျန့်က စန္ဒရားပညာရှင်ကို ဆက်မတိုက်တော့ဘဲ တခြား ထောက်လှမ်းရေးတွေရဲ့ အသိစိတ်ကို အိပ်မက်ထဲ ဆွဲခေါ်ဖို့ ကြိုးစားလိုက်တယ်။

သူ့စွမ်းရည်နဲ့ ဆိုရင် သာမန် ထောက်လှမ်းရေးတွေကို ရှင်းပစ်ဖို့က လွယ်လွယ်လေး။

ယန်ကျန့် ခွေးဆိုးကြီးကို ခေါ်ပြီး ခန်းမကျယ်ကြီးထဲ လှည့်ပတ်သွားလာနေတယ်။ ခွေးဆိုးကြီး ဖြတ်သွားတဲ့ နေရာတိုင်းမှာ ကျူးကျော်မှု အစအနတွေ ကျန်ခဲ့တယ်။ အဲဒီကနေတဆင့် အသိစိတ်တွေကို ဖမ်းယူဖို့က လွယ်လွယ်လေး။

စန္ဒရားပညာရှင် က ဘာမှ မလုပ်နိုင်ဘဲ ကြည့်နေရသည်။

ဒါပေမဲ့ သူက ယန်ကျန့်ကို အလွယ်တကူ လွှတ်ပေးချင်ပုံ မရဘူး။ အမည်းရောင် စန္ဒရား ရှေ့မှာ ပြန်ထိုင်ပြီး ထူးဆန်းတဲ့ သီချင်းသံကို တီးခတ်လိုက်တယ်။

သီချင်းသံ ထွက်လာတာနဲ့ သံစဉ် ပြောင်းသွားတာ ယန်ကျန့် သတိထားမိလိုက်သည်။ အရင်လို ကြောက်စရာ သီချင်း မဟုတ်တော့ဘဲ နူးညံ့သိမ်မွေ့တဲ့ သီချင်း ဖြစ်သွားသည်။ ချော့သိပ်သီချင်း လိုမျိုး ဖြစ်သည်။

သီချင်းသံ ထွက်ပေါ်လာတာနဲ့ ရွှေရောင် ခန်းမကြီး ဝေဝါးသွားကာ အသိစိတ် ကမ္ဘာကြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။

"သူ့နေရာကို ဖျက်ဆီးလိုက်တော့ ငါ နေလို့ မရတော့ဘူး ငါ့ကို မောင်းထုတ်ချင်လို့ ဒီနေရာကို ဖျက်ဆီးလိုက်တာ"

ယန်ကျန့် သဘောပေါက်သွားသည်။

သူ ဒီမှာ ရှိနေသရွေ့ စန္ဒရားပညာရှင် စိတ်ချမ်းသာမှာ မဟုတ်ဘူး။

ယန်ကျန့် ရပ်လိုက်သည်။ ခုနက လှည့်ပတ်သွားလာရင်း ထောက်လှမ်းရေး တော်တော်များများကို ဖမ်းမိလိုက်ပြီ။ အမြတ်ထွက်ပါတယ်။

"နောက်တစ်ခါ တွေ့ရင် ငါ့ဖျော်ဖြေပွဲကို လာခဲ့ပါဦး"

စန္ဒရားပညာရှင် ရဲ့ အသံက သီချင်းသံနဲ့အတူ ထွက်ပေါ်လာသည်။

ရွှေရောင် ခန်းမကြီး ပျောက်ကွယ်သွားပြီ။ ကျန်ရစ်တာက တိတ်ဆိတ်ခြောက်သွေ့နေတဲ့ ရွာကလေး တစ်ရွာ။

ယန်ကျန့် ရွာလမ်းမလေးပေါ်မှာ ခွေးဆိုးကြီးနဲ့အတူ ကျန်ရစ်ခဲ့တယ်။ ပတ်ဝန်းကျင်က မည်းမှောင်နေတယ်။

"ဒီကောင်က တော်တော် ဒုက္ခပေးမယ့် ကောင်ပဲ ကံကောင်းလို့ အိပ်မက်ဆိုး ရဲတိုက်ကို ငါ သိမ်းပိုက်နိုင်ခဲ့တာ မဟုတ်ရင် ရဲတိုက် နဲ့ စန္ဒရားပညာရှင် ပေါင်းလိုက်ရင် အိပ်မက်ထဲမှာ လူသတ်လို့ ရသွားလိမ့်မယ် အခွင့်အရေး ရရင် သူ့ကို ရှင်းပစ်မှ ရမယ်"

ယန်ကျန့် စန္ဒရားပညာရှင် ကို သတိထားနေမိသည်။ ခွေးဆိုးကြီးတောင် မနိုင်တဲ့ ကောင်လေ။

"ထားပါတော့ သူနဲ့ တိုက်ခိုက်ဖူးတာလည်း ကောင်းပါတယ် သူ့အကြောင်း သိရတာပေါ့ အခု သူ ထွက်သွားပြီ ဆိုတော့ ငါလည်း ဒီမှာ နေစရာ မလိုတော့ဘူး လျိုစန်း ဘက် သွားကြည့်ရမယ်"

ယန်ကျန့် အိပ်မက်ကမ္ဘာထဲက ထွက်ပြီး လက်တွေ့ကမ္ဘာထဲ ပြန်ဝင်လာသည်။

မျက်လုံး ဖွင့်လိုက်တော့ လျိုစန်း နိုးလာတာ တွေ့လိုက်ရသည်။

စန္ဒရားပညာရှင် က အသိစိတ် ကမ္ဘာကို ဖျက်ဆီးလိုက်တော့ အထဲ ရောက်နေတဲ့ လူတွေ အကုန်လုံး အလိုလို ပြန်ထွက်လာကြတာ ဖြစ်သည်။

"အခြေအနေ ဘယ်လိုလဲ"

ယန်ကျန့် မေးလိုက်သည်။

လျိုစန်း နိုးလာပေမယ့် ချက်ချင်း စကားမပြောနိုင်သေးဘူး။ စက္ကူလူတွေဆီက မှတ်ဉာဏ်တွေကို ပြန်ရယူနေရလို့ပါ။

"မဆိုးပါဘူး ငါ့အသိစိတ်က အဲဒီထဲမှာ ပိတ်မိနေတုန်း အခန်းတစ်ခန်းထဲ ဝင်သွားမိတယ် စန္ဒရားပညာရှင် ရဲ့ မှတ်တမ်းအခန်း ဖြစ်လောက်တယ် အဲဒီကနေ သတင်း အချက်အလက်တွေ အများကြီး ရလိုက်တယ်"

" 'ဘုရင်' တွေ အကြောင်း ပါလား"

လျိုစန်း ခေါင်းငြိမ့်လိုက်သည်။ မျက်နှာထားက တည်တင်းနေသည်။

"ပါတယ် ဒါပေမဲ့ သူတို့ အကြောင်း သိလိုက်ရတော့ ပိုစိတ်ပူစရာ ကောင်းလာတယ် ဘုရင်အဖွဲ့အစည်း က သာမန် မဟုတ်ဘူး"

"ဘယ်လိုမျိုးလဲ"

"သတင်းအရ ဆိုရင် သူတို့မှာ 'ဘုရင်' ၁၅ ပါး ရှိတယ် ဒါပေမဲ့ တကယ်တမ်း 'ဘုရင်' ဖြစ်နိုင်တဲ့သူ ၂၅ ယောက်လောက် ရှိတယ် ကျန်တဲ့ ၁၀ ယောက်က အကြောင်း အမျိုးမျိုးကြောင့် မပါဝင်ကြသေးတာ ဒါပေမဲ့ ငါ့ကို စိတ်အပူဆုံး ဖြစ်စေတာက ဘုရင်အဖွဲ့အစည်း ကို တည်ထောင်တဲ့သူ... ၁၆ ယောက်မြောက် လူ ပဲ"

"ဆိုလိုတာက ၁၅ ယောက် အပြင် နောက်ထပ် လျှို့ဝှက်ထားတဲ့ တစ်ယောက် ရှိသေးတယ် ပေါ့"

"ဟုတ်တယ် ကိစ္စ တော်တော်များများက သူ့လက်ချက်နဲ့ တူတယ် သင်္ဘော စီမံကိန်း ရော၊ တစ္ဆေသင်္ဘောရော သူနဲ့ ပတ်သက်နေတယ် ယန်ကျန့်... မင်း စဉ်းစားကြည့် တစ္ဆေတွေ အများကြီး တင်လာတဲ့ သင်္ဘောက ဘယ်လောက် ထူးခြားလဲ ဘတ်စ်ကားတောင် တစ္ဆေ ၃၅ ကောင်ပဲ တင်နိုင်တာ အဲဒါတောင် ယာဉ်မောင်း လိုသေးတယ်"

"တစ္ဆေသင်္ဘော က တစ်စင်းလုံး အပြည့် တင်လာနိုင်တာ ဘယ်လိုလူက မောင်းနှင်နေတာလဲ 'ဘုရင်' တွေ လုပ်နိုင်မယ် မထင်ဘူး ၁၆ ယောက်မြောက် လူ နဲ့ ပတ်သက်နေမှာ သေချာတယ်"

ယန်ကျန့် စဉ်းစားလိုက်သည်။

"ငါ အဲဒါကို မတွေးမိဘူး ငါ ထင်တာက သူတို့ နည်းလမ်း တစ်ခုခုနဲ့ သင်္ဘောကို ဆွဲခေါ်လာတာလို့ ထင်နေတာ သင်္ဘောကို ထိန်းချုပ်မောင်းနှင်တဲ့ သူ ရှိမယ်လို့ မထင်မိဘူး အဲဒီ သင်္ဘောက အရမ်း အန္တရာယ် များတယ် ဘယ်သူမှ မောင်းရဲမှာ မဟုတ်ဘူး ပြည်သူ့သမ္မတနိုင်ငံ ခေတ်က ကျန်ရစ်တဲ့ လူကြီးတွေလောက်ပဲ လုပ်နိုင်မှာ"

"ဒါပေမဲ့ ၁၆ ယောက်မြောက် လူရဲ့ အချက်အလက်တွေက အဲဒီခေတ်က လူတွေနဲ့ မတူဘူး အဲဒီခေတ်က လူဆိုရင် မှတ်တမ်း ရှိရမှာ အဘိုးချင် လိုပေါ့ အခုဟာက ရုတ်တရက် ပေါ်လာသလို ဖြစ်နေတယ်"

"မင်းပြောတာ ဖြစ်နိုင်ပါတယ် ဒါပေမဲ့ အခု အဲဒါတွေ တွေးနေလို့ မထူးပါဘူး လောလောဆယ် 'ဘုရင်' တွေကို ရှင်းပစ်ဖို့ပဲ လိုတယ် ၁၆ ယောက်မြောက် လူ ဆိုတာလည်း နောက်ကျရင် ပေါ်လာမှာပါ"

"ငါ သိပါတယ် ဒါပေမဲ့ မင်း သတိထားလို့ ရအောင် ကြိုပြောပြတာ" လျိုစန်း ပြောလိုက်သည်။

"နားလည်ပြီ"

" 'ဘုရင်' ၁၅ ပါးရဲ့ အချက်အလက်တွေကို ငါ ပြုစုပြီး ပို့ပေးမယ် ဒါပေမဲ့ အကုန် မပါဘူးနော်"

"အကြမ်းဖျင်း သိရင် ရပါပြီ အသေးစိတ်ကို ဘယ်သူမှ မှတ်တမ်းတင်ထားမှာ မဟုတ်ပါဘူး"

"မင်း လုပ်တာ ကောင်းတယ် ထောက်လှမ်းရေး ကွန်ရက်ကို ဖျက်ဆီးလိုက်နိုင်ပြီ စန္ဒရားပညာရှင် လည်း ပေါ်လာပြီ ဆိုတော့ သူတို့ ပြည်တွင်းမှာ ပုန်းနေတဲ့ ထောက်လှမ်းရေးတွေကို စွန့်လွှတ်လိုက်ရတော့မယ် ငါတို့ လှုပ်ရှားရတာ ပိုလွတ်လပ်သွားပြီ တာဝန်ခံတွေ အသတ်ခံရတာလည်း လျော့သွားလိမ့်မယ်"

"အလကား မဖြစ်ခဲ့ဘူးပေါ့ ကဲ... ငါ သတင်းအချက်အလက်တွေ သွားပြုစုလိုက်ဦးမယ်"

လျိုစန်း မတ်တတ်ထရပ်လိုက်သည်။ ပြီးမှ သတိရသွားပြီး ဆက်ပြောသည်။

"ဒါနဲ့ ယန်ကျန့်... ဒီရက်ပိုင်း သတိထားပါ တစ္ဆေသင်္ဘော က ငါတို့ ရေပိုင်နက်ထဲ ရောက်နေပြီ ကမ်းကပ်ဖို့ နီးနေပြီ သူတို့ အချိန်ဆွဲပြီး အလစ်ဝင်တိုက်မလား မသိဘူး"

"တစ္ဆေသင်္ဘော စောစော ကမ်းကပ်မယ် ဟုတ်လား ကောင်းပြီ ငါ သိပြီ"

ယန်ကျန့် မျက်နှာ တည်တင်းသွားသည်။

ဘုရင်အဖွဲ့အစည်း က ရက်စက်သားပဲ။ ၃ ရက်လောက် နားမယ် ပြောပြီး အလစ်ဝင်တိုက်ဖို့ ကြံနေတာ။

လျိုစန်း သတိမပေးရင် ခံလိုက်ရမှာ။

"သူတို့က ရေလွှမ်းမိုးခြင်း စီမံကိန်း ကို ဂရုမစိုက်ဘူးလား"

ပုံမှန်ဆိုရင် သူတို့ ကြောက်ရမှာလေ။

ကြည့်ရတာ တစ်ယောက်ယောက်က သဘာဝလွန် ဖြစ်ရပ်တွေ ထိန်းမရ ဖြစ်အောင် တမင် လုပ်နေသလိုပဲ။ ငြိမ်းချမ်းရေး မလိုချင်တဲ့ ပုံစံပဲ။

သဘာဝလွန် ဖြစ်ရပ်တွေ ထိန်းမရ ဖြစ်သွားရင် ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ 'ဘုရင်' တွေရော၊ ခေါင်းဆောင်တွေရော တစ္ဆေတွေကြားထဲမှာ နေချင်မှာ မဟုတ်ဘူး။

"လျိုစန်း ပြောတာ ကြားမှ ဘုရင်အဖွဲ့အစည်း အတွင်းမှာ ပုံမှန် မဟုတ်တာတွေ ရှိနေတယ်လို့ ထင်လာတယ် ဂျပန်က တစ္ဆေရှင်းလင်းရေး အဖွဲ့ လို ဖြစ်နေမလား အဲဒီတုန်းက တစ္ဆေတစ်ကောင် အဖွဲ့ထဲ ဝင်ရောနေလို့ ပြဿနာ တက်ခဲ့တာလေ ဘုရင်အဖွဲ့အစည်း မှာရော အဲဒီလို ဖြစ်နေမလား"

"ဖြစ်နိုင်ချေ နည်းပါတယ် သူတို့က မဟာမိတ် အဖွဲ့လေ တစ်ယောက် ဖြစ်ရုံနဲ့ အကုန်လုံး ဖြစ်သွားစရာ မရှိပါဘူး"

ယန်ကျန့် ဆက်စဉ်းစားနေပေမယ့် သတင်း အချက်အလက် မလုံလောက်သေးဘူး။

လျိုစန်း ထွက်သွားပြီးနောက် ဝမ်ကော်ချန် ဆီက သတင်း ရောက်လာသည်။

ခေါင်းဆောင်လောင်း အဖွဲ့တွေ တာတုန်းမြို့ကို ရောက်နေပြီ။ ယန်ကျန့် စီစဉ်တာကို စောင့်နေကြတယ်။

"မြန်သားပဲ ဌာနချုပ်က တော်တော် လောနေပုံ ရတယ်"

ယန်ကျန့် မတ်တတ်ထရပ်လိုက်သည်။

ခေါင်းဆောင်လောင်းတွေကို သွားတွေ့ပြီး တာဝန် ပေးရမယ်။ တိုက်ပွဲအတွက် ပြင်ဆင်ရမယ်။

အခန်း (၁၄၅၀) အဖွဲ့သစ်

ညနေစောင်းချိန်….

တာတုန်းမြို့၊ နင်းအန်း အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင်။

ဌာနချုပ်က ဆင့်ခေါ်ထားသော ခေါင်းဆောင်လောင်းများ စုစည်းရောက်ရှိနေကြပြီ။ အရေအတွက် မများလှပါ။ လီယန်၊ ထုန်ချန်၊ လျိုချီ၊ စုဖန်၊ ကျန်းလေ၊ ဝန်ကျုံး နှင့် တစ္ဆေဆရာဟောင်းကြီး လင်လုံ တို့ ဖြစ်ကြသည်။ ဖုန်ချွမ် ကတော့ တစ္ဆေစာတိုက် သင်္ချိုင်းဟောင်းတွင် ပိတ်မိနေ၍ မလာရောက်နိုင်ပေ။

၇ ယောက်သော ခေါင်းဆောင်လောင်းများသည် အလျင်အမြန် ရွေးချယ်ခံထားရသူများ ဖြစ်သည်။ အချိန်ရပါက နောက်ထပ် အရည်အချင်းရှိသူများကို ထပ်မံ ရှာဖွေနိုင်မည် ဖြစ်သည်။

"လင်လုံ... မင်း အသက်ရှင်နေသေးတာလား"

ထုန်ချန် က မျက်နှာ ညိုမည်းမည်းနှင့် အသက် ၂၆၊ ၂၇ အရွယ် လူငယ်တစ်ဦးကို ကြည့်ပြီး မေးလိုက်သည်။

"ဖုန်ချွမ်တောင် မသေတာ ငါ ဘယ်သေမလဲ"

လင်လုံ ပြန်ဖြေလိုက်သည်။

"နောက်ဆုံး တွေ့တာက တာချန်းမြို့ ငတ်မွတ်နေသောတစ္ဆေ ဖြစ်ရပ်တုန်းကလေ အဲဒီနောက်ပိုင်း မင်းသတင်း လုံးဝ ပျောက်သွားတာ"

"အဲဒီတုန်းက အကြောင်း မပြောပါနဲ့တော့ အဲဒီဖြစ်ရပ် ပြီးတော့ ငါနဲ့ ယန်ကျန့် ရန်ဖြစ်ကြသေးတယ် သူ ငါ့ကို အရှင်လတ်လတ် မြေမြှုပ်မလို့ လုပ်တာ လီကျွင်းတို့ ဝင်တားလို့ သက်သာသွားတာ ဒါပေမဲ့ ယန်ကျန့် နဲ့ ဝေးဝေးနေဖို့ သတိပေးခံရတယ် ဒါ့ကြောင့် ငါ မြို့ငယ်လေး တစ်ခုမှာ တာဝန်ခံ သွားလုပ်နေတာ တမြို့လုံး အေးချမ်းနေတော့ ငါလည်း အဆင်ပြေနေတာပေါ့"

လင်လုံ အတိတ်ကို ပြန်တွေးပြီး သက်ပြင်းချလိုက်သည်။ အရာရာ ပြောင်းလဲကုန်ပြီ။ လီကျွင်း မရှိတော့ဘူး။ ယန်ကျန့် ကတော့ တရားဥပဒေစိုးမိုးရေး ခေါင်းဆောင် ဖြစ်နေပြီ။

ဒီတစ်ခေါက် ဆင့်ခေါ်မှုသာ မရှိရင် သူ သေတဲ့အထိ ပေါ်လာမှာ မဟုတ်ဘူး။

"ယန်ကျန့် နဲ့ ရန်ဖြစ်ပြီး အသက်ရှင်နေတာ ကံကောင်းတယ်"

လျိုချီ က လေးစားစွာ ပြောလိုက်သည်။

ယန်ကျန့်က ရန်ဖြစ်ရင် လက်သီးနဲ့ ထိုးလေ့မရှိဘူး။ သတ်ပစ်တတ်တာ။ ရန်စ ရှိရင် နောက်မှ ဒုက္ခပေးမှာ စိုးလို့ ရှင်းပစ်တတ်တဲ့ အကျင့်ရှိတယ်။

ဒါက စိတ်ရောဂါ တစ်မျိုးပါပဲ။

လင်လုံ မျက်နှာ ပိုမည်းသွားသည်။

"အဲဒီတုန်းက ငယ်စိတ်နဲ့ မှားခဲ့တာပါ ထားလိုက်ပါတော့ ခေါင်းဆောင်လောင်းက ငါတို့ ၇ ယောက်တည်းလား"

"မသိဘူး"

ကျန်းလေ က ခေါင်းခါလိုက်သည်။ သူ့အရေပြားက နီရဲနေပြီး မီးလောင်နံ့ ရနေသည်။ အသက်ရှူလိုက်တိုင်း မီးပွားတွေ ထွက်နေသလိုပဲ။

"ငါက ကောင်းမင် နေရာမှာ ဝင်လုပ်နေတာ အခြေအနေ သိပ်မသိဘူး ဒါပေမဲ့ ဌာနချုပ်က ခေါ်မှတော့ လာသင့်တဲ့သူတွေ အကုန် လာကြမှာပါ"

"ဟောင်ကောင် ဘက်မှာလည်း ရှင်းစရာတွေ အများကြီး ကျန်သေးတယ် ဒါပေမဲ့ ငါ လာခဲ့ရတာပဲလေ"

စုဖန် လက်ကာပြလိုက်သည်။

"တာချန်းမြို့မှာလည်း အမည်းရောင်ထီး ဆိုတဲ့ ဖြစ်ရပ် တစ်ခု ကျန်နေသေးတယ် ဒါပေမဲ့ ဘုရင်အဖွဲ့အစည်း ကို တိုက်ဖို့က ပိုအရေးကြီးတယ်လေ"

လီယန် ဝင်ပြောသည်။

"ငါ့ဘက်ကတော့ အေးဆေးပါပဲ တစ္ဆေလောက သတင်းတွေ နားစွင့်နေတာ ဒီပွဲမှာ ပါရမယ် ဆိုတော့ စိတ်လှုပ်ရှားနေတယ်"

ဝန်ကျုံး ပြုံးလိုက်သည်။ အပြုံးက အေးစက်နေသည်။

"ငါတို့ ၇ ယောက် ပေါင်းရင် ခေါင်းဆောင် တစ်ယောက် နဲ့ ညီမျှတယ် ဆိုတာ နည်းလွန်းတယ် ၂ ယောက်နဲ့ ညီမျှတယ် ဆိုတာလည်း များလွန်းတယ် တစ်ယောက်ခွဲလောက်တော့ ရှိမယ် ထင်တယ် ဆိုလိုတာက 'ဘုရင်' တစ်ပါး နဲ့ သူ့အဖွဲ့ တစ်ဖွဲ့ကို ငါတို့ ရှင်းနိုင်တယ်"

လီယန် ခန့်မှန်းလိုက်သည်။

တကယ်တော့ ဒါက ပုံမှန် အခြေအနေကို ပြောတာပါ။ အသက်ပေး တိုက်ခိုက်ရင် ထုန်ချန် တစ်ယောက်တည်းနဲ့တင် 'ဘုရင်' တစ်ပါးကို သတ်နိုင်တယ်။

"လူအင်အား များတိုင်း နိုင်တာ မဟုတ်ဘူး ခေါင်းဆောင် အဆင့် တိုက်ခိုက်မှုနဲ့ ကြုံရင် ချက်ချင်း သေသွားနိုင်တယ် မပေါ့ဆနဲ့"

လျိုချီ သတိပေးလိုက်သည်။

"ဟုတ်တယ် တိုက်ကြည့်မှ သိမှာ" လီယန် ခေါင်းငြိမ့်လိုက်သည်။

သူတို့ စကားပြောနေစဉ် ခန်းမထဲမှာ ရွှေရောင် အလင်းတန်း တစ်ခု ပေါ်လာသည်။ ပူနွေးတဲ့ အငွေ့အသက်တွေ ခံစားလိုက်ရသည်။

အလင်းတန်း ပျောက်သွားတော့ ယန်ကျန့် ပေါ်လာသည်။

"ရှောင်ဝမ်ဝမ် မပါဘူးလား လီယန်... ဘယ်လို ဖြစ်တာလဲ"

"ရှောင်ဝမ်ဝမ် ကြောက်လို့ အိမ်မှာ ပုန်းနေတာ သူ့အမေ ချန်ရှူမေ ကလည်း သဘောမတူဘူး ကျွန်တော်တို့က အိမ်ထဲထိ ဝင်ဆွဲလို့ မကောင်းဘူးလေ ခေါင်းဆောင် ကိုယ်တိုင် သွားခေါ်မှ ရမယ် ထင်တယ်"

လီယန် ပြောလိုက်သည်။

"ထားလိုက်တော့ လောလောဆယ် သူ့ကို မလိုသေးပါဘူး"

ယန်ကျန့် တခြားလူတွေကို ကြည့်လိုက်သည်။

"ယန်ကျန့်"

"ခေါင်းဆောင်ယန်"

လျိုချီ၊ စုဖန်၊ ကျန်းလေ တို့ မတ်တတ်ထရပ်ပြီး နှုတ်ဆက်လိုက်ကြသည်။

"မတ်တတ်ရပ်မနေကြပါနဲ့ ထိုင်ပါ လူရင်းတွေပဲလေ ဌာနချုပ်က ဆင့်ခေါ်လိုက်တာကို မင်းတို့ သိပြီးသားပါ အထွေအထူး ရှင်းပြမနေတော့ဘူး မင်းတို့ ၇ ယောက်က အဖွဲ့ တစ်ဖွဲ့ အနေနဲ့ ဖွဲ့စည်းပြီး ခေါင်းဆောင် တစ်ယောက် နေရာ ယူရမယ် လီယန်က အဖွဲ့ခေါင်းဆောင် လုပ်မယ် တာဝန် အတိအကျကို နောက်မှ ပြောမယ် မေးစရာ ရှိရင် မေးလို့ ရတယ်"

ယန်ကျန့် လိုရင်းပဲ ပြောလိုက်သည်။

"ငါ ဘာမှ ပြောစရာ မရှိပါဘူး" ထုန်ချန် ပြောလိုက်သည်။

"ငါလည်း မရှိပါဘူး"

စုဖန် လီယန်ကို ကြည့်လိုက်သည်။ သူက လီယန်ထက် ဝါရင့်ပေမယ့် အခုတော့ လီယန်က သူ့အထက် ရောက်သွားပြီ။

လောကကြီးက ဆန်းကြယ်သားပဲ။

"အဖွဲ့ခေါင်းဆောင် ဘယ်သူလုပ်လုပ် ကိစ္စ မရှိဘူး"

ဝန်ကျုံး ပြောလိုက်သည်။

"သဘောတူရင် ပြီးတာပဲ မင်းတို့က ဒီတိုက်ပွဲမှာ အန္တရာယ် များတယ် ဒါ့ကြောင့် ပစ္စည်းတချို့ ပြင်ဆင်ပေးထားတယ် တစ်ယောက်ကို အစားထိုးအရုပ် ၂ ရုပ်နဲ့ တစ္ဆေဖယောင်းတိုင် ၃ တိုင် ရမယ်"

ယန်ကျန့် ပစ္စည်းတွေ ထုတ်ပေးလိုက်သည်။

"အရင်ကဆို တစ္ဆေဖယောင်းတိုင် တစ်တိုင် ရဖို့တောင် မလွယ်ဘူး အစားထိုးအရုပ် ဆို ပိုဆိုးသေး ခေါင်းဆောင်ယန် က တကယ် ရက်ရောတာပဲ"

စုဖန် ပြုံးလိုက်သည်။

"ဌာနချုပ် ဂိုဒေါင်ကို ပြောင်သလောက် ရှိနေပြီ မင်းတို့အတွက် ထုတ်ပေးလိုက်ရင် သိပ်မကျန်တော့ဘူး လူအသက်က ပစ္စည်းထက် ပိုအရေးကြီးတယ်လေ တိုက်ပွဲ ရှုံးရင် ပစ္စည်းတွေ ရှိနေလည်း အလကားပဲ မင်းတို့က အဖွဲ့လိုက် လှုပ်ရှားမှာ ဆိုတော့ ဒီလောက်ဆို လုံလောက်ပါပြီ"

"ဟုတ်တယ် ၁၄ ရုပ်နဲ့ ၂၁ တိုင် ဆိုတာ တော်တော် များပါတယ်" ဝန်ကျုံး ခေါင်းငြိမ့်လိုက်သည်။

"တာဝန် မပေးခင် မင်းတို့ အချင်းချင်း မိတ်ဆက်ပြီး စွမ်းရည်တွေကို နားလည်အောင် လုပ်ထားကြ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ် 'ဘုရင်' တွေက လွယ်မနေဘူး မနေ့ညက လီကျွင်း နဲ့ အာ့ဟုန် သေသွားတယ် ချောင်ယန် ဒဏ်ရာ ပြင်းထန်ပြီး ထွက်ပြေးရတယ် ကြိုတင် မပြင်ဆင်ရင် လီလဲ့ဖိန် နဲ့ လင်းပေလည်း သေနိုင်တယ် သူတို့ဘက်က 'ဘုရင်' ၃ ပါးနဲ့ အဖွဲ့တချို့ ဆုံးရှုံးပေမယ့် ငါတို့ဘက်က ပြင်ဆင်ထားလို့သာ ဒီလောက်နဲ့ ပြီးသွားတာ"

"တကယ် တိုက်ရင် ငါတို့ဘက်က အားနည်းနေတုန်းပဲ"

ယန်ကျန့် သတိပေးလိုက်သည်။

"နားလည်ပါတယ် ခေါင်းဆောင်တွေ အသာစီး ရနေရင် ငါတို့ ပါစရာ မလိုဘူးလေ" လင်လုံ ပြောလိုက်သည်။

"မင်းကို မြင်ဖူးသလိုပဲ" ယန်ကျန့် လင်လုံကို ကြည့်လိုက်သည်။

"တာချန်းမြို့ ငတ်မွတ်နေသောတစ္ဆေ ဖြစ်ရပ်တုန်းက ငါတို့ ရန်ဖြစ်ဖူးတယ်လေ မင်း ငါ့ကို သတိပေးပြီး မောင်းထုတ်ခဲ့တာ ဒါ့ကြောင့် ငါ မြို့ငယ်လေးမှာ သွားနေရတာ"

လင်လုံ ရှက်ရှက်နဲ့ ပြောပြလိုက်သည်။

"သြော်... မှတ်မိပြီ မင်းကိုး တောင်းပန်ပါတယ် ငါ မမှတ်မိလိုက်လို့ပါ"

ယန်ကျန့် သတိရသွားသည်။

"အတိတ်က အတိတ်ပါပဲ အဲဒီတုန်းက ငါ မှားခဲ့တာပါ ဒီတိုက်ပွဲ ပြီးလို့ အသက်ရှင်ရင် မင်းကို ထမင်းဝယ်ကျွေးပါ့မယ်"

ယန်ကျန့် တောင်းပန်လိုက်သည်။

ယန်ကျန့် တောင်းပန်တာကို မြင်တော့ လင်လုံ အံ့သြသွားသည်။

"ရပါတယ် ကိစ္စ မရှိဘူး မင်း လုပ်ရပ်တွေကို ငါ လေးစားတယ် မင်းသာ ခေါင်းဆောင် မလုပ်ရင် ငါတို့ အကုန် သေကုန်လောက်ပြီ"

"ငါလည်း မလုပ်ချင်ပါဘူး သူငယ်ချင်းတွေ မိသားစုတွေ အတွက် လုပ်ရတာ သဘာဝလွန် ဖြစ်ရပ်တွေ ထိန်းမရ ဖြစ်ကုန်ရင် ဘယ်သူမှ ကောင်းမှာ မဟုတ်ဘူး"

"ဟုတ်တယ် ငါတို့အတွက်လည်း ပါပါတယ်" လျိုချီ ထောက်ခံလိုက်သည်။

ဘုရင်အဖွဲ့အစည်း ကို မတိုက်ရင် သူတို့လည်း အသတ်ခံရမှာပဲလေ။

"ကဲ... နားလိုက်ကြပါဦး ငါ တခြား ကိစ္စတွေ စီစဉ်ရဦးမယ် လီယန်... အမိန့် မရမချင်း အသင့်ပြင်ထားကြ"

"စိတ်ချပါ ခေါင်းဆောင်"

ယန်ကျန့် ထွက်ခွာသွားသည်။

ယန်ကျန့် ထွက်သွားတော့ ၇ ယောက်သား စကားလက်ဆုံ ကျနေကြသည်။ ကိုယ့်စွမ်းရည် အကြောင်း ပြောပြနေကြသည်။

ထုန်ချန် က အရင် စပြောသည်။

"လိုအပ်ရင် ငါ မျက်နှာ ၃ ခုလုံး သုံးပြီး တိုက်မယ် ပုံမှန် အချိန်ဆို မျက်နှာ ၂ ခု သုံးမယ် ခေါင်းဆောင် ၂ ယောက်ရဲ့ စွမ်းအား ၆၀ ရာခိုင်နှုန်း ရနိုင်တယ် တစ္ဆေမျက်နှာရဲ့ ငိုသံနဲ့ ရယ်သံ အပြင် ကိုယ်ပျောက်လက်စွပ်လည်း ရှိတယ် မင်းတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"

အားလုံး အံ့သြသွားကြသည်။

"တစ္ဆေငြိမ်သက်နေတဲ့ မျက်နှာ၊ တစ္ဆေမိတ်ကပ် ရဲ့ စွမ်းအား၊ ကိုယ်ပျောက်လက်စွပ်... ထုန်ချန် မင်း ခေါင်းဆောင် မဖြစ်တာ နှမြောစရာပဲ"

စုဖန် ပြောလိုက်သည်။

"ငါ့ခန္ဓာကိုယ်က အားနည်းလွန်းတယ် ဒါ့ကြောင့် ယန်ကျန့်က လက်စွပ် ပေးထားတာ"

ထုန်ချန် ရှင်းပြသည်။

လီယန်လည်း ပြောပြသည်။

"ငါ့မှာ တစ္ဆေ ၃ ကောင် ရှိတယ် ဟန်ချက်ညီနေတယ် လက်နက်ကတော့ သံချိတ်ကောက် အဟောင်းပဲ"

တခြားသူတွေလည်း ပြောပြကြသည်။

အားလုံး စွမ်းရည် ကိုယ်စီ ရှိကြတာ သိလိုက်ရတော့ ယုံကြည်မှု တိုးလာကြသည်။

သူတို့ အဖွဲ့ရဲ့ အားနည်းချက်က တစ္ဆေနယ်မြေ အားနည်းတာပဲ။

ဒါပေမဲ့ စုဖန် ရဲ့ အာရုံခံ စွမ်းရည်က အဲဒါကို ဖြည့်ဆည်းပေးနိုင်တယ်။ ပြီးတော့ တစ္ဆေဖယောင်းတိုင် နဲ့ အစားထိုးအရုပ် တွေလည်း ရှိသေးတယ်။ လီယန် ရဲ့ တစ္ဆေတံခါး ကလည်း ထွက်ပြေးဖို့ အသုံးဝင်တယ်။

All Chapters