← Chapters

ဗုဒ္ဓဧကရာဇ်မြို့

Vol. 46 Ch. 632

ဗုဒ္ဓဧကရာဇ်မြို့

Vol. 46 Ch. 632

ကျန်းရှင်းကျား

အရှေ့ပိုင်း တော်ဝင်နယ်မြေတွင် တိုက်ပွဲဝင်ခွန်အား အားနည်းပြီး လူဦးရေ နည်းပါးသည့် အလွန်ထူးခြားသော မျိုးနွယ်စု တစ်စုရှိသည်။ သို့သော် ထိုမျိုးနွယ်စုက နာမည်ကျော်ကြားသည့်မြို့ ကျန်းရှင်းရှုမြို့ကို ပိုင်ဆိုင်ထား၏။ သူတို့မျိုးနွယ်စု ခေါင်းဆောင်သည် စိတ်ဝိညာဉ် မျောလွင့်ခရီးသွားနယ်ပယ် အမြင့်ဆုံးအဆင့်တွင်သာ ရှိသေးသည်။ ထိုထပ်ပိုထူးဆန်းသည့် အရာတစ်ခုရှိသည်။

လွန်ခဲ့သည့် အနှစ်(၇)သိန်းကျော်၌ ကျန်းရှင်းရှုမြို့သည် နယ်မြေ၏ အလယ်၌ မြဲမြံစွာ ရပ်တည်နိုင်ခဲ့ပြီး မြို့အရှင်က ကျန်းရှင်းကျား မျိုးနွယ်စု အမြဲတမ်းဖြစ်ခဲ့သည်။ အင်အားစုတစ်စု မည်မျှအစွမ်းထက်စေကာမူ ကျန်းရှင်းကျား မျိုးနွယ်စုသည် အစွမ်းထက်သော စွမ်းရည် ကျန်းရှင်းကျားကို ပိုင်ဆိုင်ထားလေရာ သူတို့က ထိုမြို့ကို မတိုက်ခိုက်ရဲချေ။

သိုင်းပညာရှင်တစ်ဦးက အသက်ရှင်နေသ၍ ကျန်းရှင်းကျားတစ်ဦးသည် သိုင်းပညာရှင်၏ စိတ်ဝိညာဉ် အရှိန်အဝါတည်ရှိမှုပေါ် မှတ်သားလိုက်လျှင် ကျန်းရှင်းကျားက သူတို့ရန်သူ၏ တည်နေရာကို ရှာဖွေပြီး ထိုလူကို မမိမချင်း ခြေရာခံလိုက်ရန် ကျန်းရှင်းရှုကို အသုံးပြုနိုင်မှာပဲဖြစ်သည်။

ထိုအကြောင်းအရင်းကြောင့် ကျန်းရှင်းကျားများသည် မဟာမျိုးနွယ်စုများကြား၌ အလွန်နာမည် ကျော်ကြားပြီး မဟာမျိုးနွယ်စု တစ်စု၌ ကျန်းရှင်းကျားတစ်ဦး ရှိနေခဲ့လျှင် ကျွမ်းကျင်သူများကို အဟန့်အတားဖြစ်စေ၏။ သူတို့မျိုးဆက်ကို သတ်ရဲသည့်သူ မည်သူမဆို သူတို့သေသည်အထိ ခြေရာခံလိုက်ရန်အတွက် ထိုလူများက ကျန်းရှင်းကျားကို အသုံးပြုကြမှာပဲဖြစ်သည်။

ရှန်းဝမ်တာ့ရှီးများကမူ သူတို့ကပိုတောင် ဆန်းကြယ်သည့် တည်ရှိမှုဖြစ်သည်။

ရှန်းဝမ်တာ့ရှီးတစ်ဦးသည် လေဟာနယ် တာအိုပုံစံ ပါဝင်သော ထူးခြားသည့် နတ်ဘုရားပုံစံတစ်ခုကို ချမှတ်လျက် လေဟာနယ်ကိုဖြတ်ကာ လူတစ်စုလုံးကို သယ်လာနိုင်စွမ်း ရှိပေ၏။ အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ မြို့ကြီးများစွာ ရှိပြီး မြို့တိုင်း၌ ပို့ဆောင်ရေး အစီအရင်တစ်ခု ရှိကြသည်။ သို့သော် နယ်မြေက ကြီးမားလွန်းပြီး မြို့ကြီးများမရှိဘဲ ခြောက်ကပ်နေသော ရှေးဟောင်းဒေသများ လူသူကင်းမဲ့သည့် နေရာများစွာ ရှိသည်။

ဤကောင်းကင် ကြယ်တာရာ နယ်မြေက အလွန်ကြီးမားရာ ပို့ဆောင်ရေး အစီအရင်မရှိဘဲ သူတို့သည် ကိုယ်ဖော့ပြီးသွားလျှင် အနည်းဆုံး လချီ၊နှစ်ချီတောင် ကြာနိုင်သည်။

ရှန်းဝမ်တာ့ရှီးက ထူးခြားသော မျိုးနွယ်စုမဟုတ်ပေ။ သို့သော် တစ်ယောက်ပျိုးထောင်ရန်အတွက် အင်မတန် ခက်ခဲသည်။ ရှန်းဝမ်တာ့ရှီးတစ်ဦးသည် အမျိုးမျိုးသော အဓိက မျိုးနွယ်စုကြီးများအတွက် လူခေါ်ဖို့ရာ ပစ်မှတ်တစ်ခု ဖြစ်လာတော့သည်။ ဆိုရလျှင် လူတစ်ယောက်က အဖွဲ့ကြီးတစ်ဖွဲ့ဖြင့် လေဟာနယ်ကို ကျော်ဖြတ်ကာ သွားလာနိုင်မည်ဆိုလျှင် ပို့ဆောင်ခအဖြစ် ကောင်းကင်ဘုံ ကျောက်တုံးများစွာ ချွေတာနိုင်မှာ သေချာ၏။

“ကျန်းရှင်းကျားလား။ ရှန်းဝမ်တာ့ရှီးလား”

ရင်သပ်ရှုမောဖွယ်ကောင်းသော တည်ရှိမှုဖြင့် လူရွယ်က ရှီးဖေး၏ တောင်းဆိုချက်ကို ကြားသောအခါ သူ၏မျက်လုံးက အလင်းဖျတ်ခနဲ လက်သွားသည်။ အရှိန်အဝါ တည်ရှိမှုက ရုတ်တရက် ပြင်းထန်လာကာ နန်းတော်၏ လေထုကလည်း တောင့်တင်းလာတော့သည်။ သူက ရှီးဖေးကို တစ်ချက်ကြည့်လျက် စဉ်းစားကာ ပြောလိုက်တော့သည်။

“နဂါးညှိုးရော်မြက်က အလုခံလိုက်ရတာလား။ အသေးစိတ် ရှင်းပြ”

ရှီးဖေးက အသက်ရှုထုတ်ပြီးနောက် ဆန်းကြယ်နတ်ဘုရား နန်းတော်၏ ရတနာရှာဖွေမှုရှိ အဖြစ်အပျက်ကို မြန်မြန်ဆန်ဆန် ရှင်းပြလိုက်သည်။ သူက ရတနာနှစ်မျိုးရပြီး ပထမဆုံး အပြင်ပို့ခံခဲ့ရသူဖြစ်၏။ ထို့ကြောင့် ရှီးမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို မကျစေခဲ့ပေ။

သို့သော် ကျန်းရီသည် ရှဲ့ကျွင်းကို သတ်နိုင်ခဲ့သည်က သူ့ကိုအလွန် အရှက်ကွဲစေ၏။ သူကကျန်းရီကို မသတ်နိုင်ခဲ့လျှင် နဂါးညှိုးရော်မြက်ပင်၊ ကောင်းကင်ရှောင်တိမ်းခြင်းနှင့် မီးတိမ်သံချပ်ကာတို့ကို ပြန်မယူနိုင်ခဲ့လျှင် ဤအရှက်ကွဲမှုကို မြိုသိပ်ရန် ခက်ခဲပေလိမ့်မည်။

လူရွယ်က ရှီးဖေးရှင်းပြတာ နားထောင်ပြီးနောက် သူက အတန်ငယ် စဉ်းစားပြီးနောက် တံဆိပ်ပြားပေးကာ ပြောလိုက်တော့သည်။

“မင်းနဲ့အတူ ရှန်းဝမ်တာ့ရှီးတစ်ယောက်နဲ့ ကျန်းရှင်းကျားတစ်ယောက် ခေါ်သွားလိုက်။ ဒါ့အပြင် ဖုန်းရှန်ကျဲတစ်ယောက်နဲ့ မိစ္ဆာဧကရာဇ် စစ်သည်သုံးဆယ် ခေါ်သွားလိုက်။ မှတ်ထား ငါတို့ရှီးမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို မကျစေနဲ့။ ရှန်းဝမ်တာ့ရှီးနဲ့ ကျန်းရှင်းကျား တစ်ခုခုဖြစ်လာခဲ့ရင် မျိုးနွယ်စု စည်းမျဉ်းတွေအတိုင်း မင်းအညံ့ခံရမယ်”

“ဖုန်းရှန်ကျဲ”

ရှီးဖေးက ပျော်ရွှင်သည့် အမူအရာပေါ်လာသည်။ ဖုန်းရှန်ကျဲသည် ရှီးမျိုးနွယ်စု၏ အထွတ်အထိပ် သိုင်းပညာရှင်များဖြစ်ပြီး အယောက်တစ်ရာသာရှိသည်။ တစ်ယောက်ချင်းစီက ကောင်းကင်ကို တုန်လှုပ်နိုင်သော ခွန်အားရှိပြီး ပုံမှန်ဆို ကောင်းကင်ဧကရာဇ် အမြင့်ဆုံးအဆင့်တွင် ရှိကြ၏။

ဖုန်းရှန်ကျဲများကို လှုပ်ရှားခိုင်းရန် အလွယ်တကူ မလှုပ်ရှားခိုင်းနိုင်ပေ။ သူတို့ရှီးမျိုးနွယ်စုသည် ငါးယောက်အောက်သာ ရှိတော့၏။ ရှီးမျိုးနွယ်စု၌ ပိုတောင်ကြောက်မက်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါးကြီးများ ရှိသော်ငြား သူ၏အဖေတောင် သူတို့ကို မစေလွှတ်ပေ။ သူ၏အဘိုး မိစ္ဆာဧကရာဇ်သာလျှင် သူတို့ကို အမိန့်ပေးနိုင်၏။

“ကျေးဇူးပါအဖေ”

ရှီးဖေးက အရိုအသေ ပေးလိုက်၏။ သူ၏အဖေသည် ခက်ထန်ပုံပေါ်သော်ငြား သူ့အပေါ် အမှန်တကယ်ကောင်း၏။ ကျန်းရှင်းကျား၊ ရှန်းဝမ်တာ့ရှီးနှင့် ဖုန်းရှန်ကျဲတို့က သာမာန်လူများ စေလွှတ်ပေးနိုင်သည့် အရာမဟုတ်ပေ။ သူ၏အဖေက သူ့အတွက် အလွယ်တကူ လူလွှတ်ပေးနိုင်ခြင်းက သူ့ကို မြင့်မြင့်မားမား သတ်မှတ်ပြီးသားဖြစ်သည်။

သူက နှုတ်ဆက်ပြီးနောက် ရှီးဖေး၏ မျက်နှာထက်တွင် သတိအနေအထားတို့ ပြန်ပေါ်လာ၏။ သူက မိစ္ဆာဆန်ဆန် ပြုံးလိုက်မိရာ မရေမတွက်နိုင်သော ရံရွှေတော်များကို အချစ်ရူးများပမာ ဖြစ်သွားစေတော့၏။ သူသည် အနောက်ဘက် အရပ်ဆီသို့ သတ်ဖြတ်လိုစိတ်များ တဖြတ်ဖြတ်လက်လျက် ကြည့်နေတော့သည်။ မကျေမချမ်း ပြောလိုက်၏။

“သူခိုးလေး မင်းစောင့်နေလိုက်။ ကောင်းကင်ရှောင်တိမ်းခြင်းကို မင်းသိကောင်းသိမယ်။ ဒါပေမဲ့ မင်းကို မကြာခင်မှာ ခြေရာခံမိပြီး အပိုင်းပိုင်း စုတ်ဖြဲပစ်မယ်”

“အဘိုးက တံခါးပိတ် ကျင့်ကြံနေတာလား။ အဖေက ဆန်းကြယ်ဧကရာဇ်မြို့ကို သွားတယ်တဲ့လား”

လက်ရှိတွင် ဝူနီက မြောက်ပိုင်းဧကရာဇ်မြို့သို့ ပြန်ရောက်လာ၏။ သို့သော် သူ၏အဖေမရှိမှန်း သိလိုက်ရသည်။ ကျန်းရီ၏ အချက်အလက်အကြောင်း စစ်ဆေးရန် အကြီးအကဲနှစ်ဦးကို ဆင့်ခေါ်ကာ အမိန့်ပေးလိုက်တော့သည်။

တစ်ချိန်ထဲတွင် ဆန်းကြယ်ဧကရာဇ်မြို့တွင်ရှိသည့် သူ၏အဖေဆီ စာတစ်စောင်ပို့ကာ ကျန်းရှင်းကျားတစ်ဦးနှင့် ရှန်းဝမ်တာ့ရှီးတစ်ဦးကို ကျန်းရီနောက် လိုက်ပါပေးရန် စေလွှတ်ပေးဖို့ စာတစ်စောင်ပို့လိုက်သည်။ ကျန်းရီသည် ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်၌ သူ့ကိုသတ်ရန် ကြိုးစားခဲ့သည့်သူဖြစ်သည်။ သို့သော် ကျရှုံးခဲ့၏။ ထိုသို့တိုင် ဝူနီကို အရှက်ကွဲစေသေးသည်။ ထို့အပြင်သူက နဂါးညှိုးရော်မြက် ကောင်းကင်ရှောင်တိမ်းခြင်းနှင့် မီးတိမ်သံချပ်ကာတို့ကို လိုချင်နေ၏။ အထူးသဖြင့် ပထမဆုံး ပစ္စည်းနှစ်မျိုးက ချွင်းချက်မရှိ ရတနာများ ဖြစ်ကြသည်။

ထူလုံသည် သားရဲဧကရာဇ်မြို့သို့ ပြန်ရောက်သည့်အချိန်တွင် သူသည်လည်း ကျန်းရီအကြောင်း တစ်စုံတစ်ယောက်ကို ချက်ချင်း စုံစမ်းခိုင်းလိုက်ပြီး ကျန်းရှင်းကျားတစ်ဦးနှင့် ရှန်းဝမ်တာ့ရှီးတစ်ဦးကို တပ်ဖြန့်ခိုင်းတော့သည်။ ရှီးမျိုးနွယ်စု၏ သိုင်းပညာရှင် အယောက်သုံးဆယ်နှင့် နတ်မြင်းပျံ အင်ပါယာမှ မရေမတွက်နိုင်သော သိုင်းပညာရှင်များသည် ကျန်းရီကို ရှာဖွေနေကြ၏။ သူတို့သည် ဝိညာဉ်လင်းနို့များစွာတောင် စေလွှတ်ခဲ့သော်ငြား လက်ဗလာဖြင့်သာ အဆုံးသတ်ခဲ့သည်။ ကျန်းရီ၏ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းက မယုံနိုင်စရာ ကောင်းလွန်းနေရာ ထူလုံကို အင်မတန် စိတ်ဝင်စားစေ၏။ ထိုကဲ့သို့ နတ်ဘုရား စွမ်းရည်သည် ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စု လက်တွင်သာ ရှိကိုရှိရမည်။

ကျန့်ဝူယင်က နတ်မြင်းပျံ အင်ပါယာထဲတွင် ရှိနေသေးလောက်သည်။ သို့သော်သူက ဓားဧကရာဇ်ဆီသို့ သူကိုယ်တိုင် သွားနေပြီဖြစ်သည်။ ဓားဧကရာဇ်က ချက်ချင်းပင် ကျန်းရှင်းကျားတစ်ဦး ရှန်းဝမ်တာ့ရှီးတစ်ဦးနှင့် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင် (၁၂)ယောက်ကို နတ်မြင်းပျံ အင်ပါယာဆီသို့သွားရန် စေလွှတ်လိုက်တော့သည်။ သူ၏မြေးလေးကို အလွန်ချစ်မြတ်နိုင်၏။ အလွန်အကျွံ မဖြစ်သ၍ မြေးလေး၏ တောင်းဆိုချက်များကို ငြင်းပယ်မှာမဟုတ်ပေ။

အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ သတင်းက လျင်မြန်စွာ ပြန့်သွားလေရာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီး သခင်လေးကျန်း၏ အမည်ကို ကျော်ကြားစေတော့သည်။ ကျန်းရီကို သေလူအဖြစ် သတ်မှတ်ပြီးသည့် လူများစွာလည်းရှိ၏။ ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ စွမ်းဆောင်ရည်ကို အမေးထုတ်ရန် မလိုသောကြောင့်ဖြစ်သည်။ သူကရှီးဖေး၊ ဝူနီနှင့် ကျန့်ဝူယင်ကို ရန်စခဲ့လျှင် ထိုလူသေရပေမည်။

ယဉ်ရို့ပင်းနှင့် လင်းချီကျန့်က သူတို့မျိုးနွယ်စုဆီသို့ ပြန်လာပြီးနောက် သူတို့၏ဖခင်များ မြို့ထဲတွင်မရှိဘဲ ဆန်းကြယ်ဧကရာဇ် မြို့ဆီသို့သွားကြောင်း သိလိုက်ရသည်။ နှစ်ယောက်က ရွှမ်ဧကရာဇ်ကို သွားရှာရန် အရည်အချင်းမမှီ၊ ယဉ်ဧကရာဇ်ကို သွားရှာရန်လည်း အရည်အချင်း မရှိချေ။ သူတို့က လူစေလွှတ်ပိုင်ခွင့် အာဏာလည်းမရှိ။ ရွေးချယ်စရာ မရှိဘဲ ကျန်းရီအကြောင်း စုံစမ်းစစ်ဆေးရန် လူအချို့သာ စေလွှတ်ပြီး အခြေအနေအရပ်ရပ်ကိုသာ သတင်းမေးနေရ၏။

ဗုဒ္ဓဧကရာဇ်မြို့

ရီချန်းသည် ရင်ပြင်ထဲ၌ ပေါ်လာချိန်၌ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ ရီမျိုးနွယ်စု တတိယမျိုးဆက်၏ အထူးချွန်ဆုံး မျိုးဆက် ဗုဒ္ဓဧကရာဇ်၏ အနှစ်သက်ရဆုံးမြေး သုံးနှစ်တိုင်တိုင် တစ်ဦးတည်း စွန့်စားသွားလာခဲ့သည့်လူက နောက်ဆုံး၌ ပြန်ရောက်လာခဲ့ချေပြီ။

“တတိယအစ်မ”

“သခင်မလေး”

ဗုဒ္ဓဧကရာဇ်မြို့၏ မြောက်ဘက်ခြမ်းက ဧရာမ တောင်ထွတ်ကြီးဖြစ်သည်။ ရီချန်း၏ ပုံရိပ်က မြို့၏ပို့ဆောင်ရေး အစီအရင်ထဲတွင် ပေါ်လာသည်နှင့် တောင်ထွတ်ပေါ်မှ လူတစ်ဒါဇင်ကျော်သည် ပျံသန်းလာပြီး မလှမ်းမကမ်းကနေ စိတ်လှုပ်ရှားစွာ အော်လိုက်တော့၏။

ရီချန်းက မျက်နှာဖုံး ဝတ်ထားဆဲဖြစ်သည်။ ထိုကြောင့် သူမ၏ အမူအရာကို မည်သူမျှ မမြင်နိုင်ပေ။ သို့သော်သူမ၏ ကြည်လင်သော မျက်ဝန်းများက ရေသဖွယ်ဖြစ်နေ၏။ သူမက နက်ရှိုင်းစွာ အရိုအသေပေးပြီးနောက် ကောင်းကင်ထဲသို့ တက်သွားသည်။ နှစ်လိုဖွယ်အသံကလည်း ပဲ့တင်သံ ပေါ်ထွက်လာ၏။

“ဒုတိယအစ်ကို အကြီးအကဲတို့”

ထိုလူများ၏ရှေ့တွင် အင်မတန် ကြည့်ကောင်းသည့် ခန့်ညားသော လူငယ်လေးက အမြန်ဆုံးအရှိန်ဖြင့် ပျံသန်းလာ၏။ သူကရီချန်း၏လက်ကို ဆွဲပြီး ချစ်ခင်ကာ အလိုလိုက်သော လေသံဖြင့် ပြောလိုက်တော့သည်။

“တတိယညီမ ဒီနှစ်တွေမှာ ခံစားခဲ့ရမှာပဲ။ မြန်မြန်တောင်ပေါ်တက် အမေက မင်းကို စိတ်ပူနေတာ”

“အင်း”

ရီချန်းသည် ခေါင်းညိတ်ပြီး ထိုလူများနှင့်အတူ တောင်ထွတ်ပေါ်သို့ ပျံသန်းသွားတော့၏။ တောင်ထွတ်ပေါ်သို့ ဆင်းသက်ပြီးနောက် ရှင်းလင်းသည့် အိမ်တော်တစ်ခုသို့ ရောက်လာသည်။ အိမ်ဝန်း၏ အပြင်ဘက်၌ လူတစ်စုကို ကြိုဆိုရန် စောင့်နေသည့် မိန်းမလှတစ်ဦးရှိသည်။ ထိုအမျိုးသမီးက ရီချန်းကို မြင်တွေ့သည့်အချိန်တွင် သူမမျက်လုံးထဲ၌ မျက်ရည်များ ပြည့်သွားကာ ဂုဏ်ယူဝင့်ကြွားမှုတို့ဖြင့် ပြုံးလျက် ပြောလိုက်တော့သည်။

“ငါတို့မျိုးနွယ်စုရဲ့ မင်းသမီးလေး နောက်ဆုံးတော့ ပြန်လာပြီ”

“အမေ”

ရီချန်း၌ မာကြောသော နှလုံးသားရှိသည့်တိုင် မျက်ရည်ကို မထိန်းထားနိုင်တော့ချေ။ သူမသည် လှပသော အမျိုးသမီးရှေ့ လျှောက်သွားပြီးနောက် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် တလေးတစား အရိုအသေ ပေးလိုက်၏။ ပြီးနောက် မျက်ရည်စများဖြင့်ပြုံးလျက် မတ်တပ်ထရပ်ကာ မေးလိုက်တော့သည်။

“အမေ အမေ့ရဲ့ကလေးက ကျေးဇူးမသိတတ်ပါဘူး။ ဒီနှစ်တွေမှာ ဘယ်လိုနေလဲ”

ထိုအမျိုးသမီးက ပြုံးပြီးနောက် ပြောလိုက်တော့သည်။

“အားလုံးအဆင်ပြေတယ်။ ချန်းအာလေးကို လွမ်းနေရုံပဲ”

“အမေ”

ရီချန်းသည် လှပသော အမျိုးသမီး၏လက်ကို ဆုပ်ကိုင်ထားလျက် အနည်းငယ် ခါလိုက်သည်။ ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည်။ သူမက ထိုအမျိုးသမီးကို ကြည့်ပြီးနောက် လေးနက်သော လေသံဖြင့် မေးလိုက်၏။

“အမေ ရီဖျောင်ဖျောင်နဲ့ ယွီဝန်အကြောင်းကို သိလား”

***

All Chapters