ဗုဒ္ဓလမ်းစဥ်ကျင့်ကြံခြင်း
Vol. 173 Ch. 2472
နှလုံးသားကျမ်းဂန်က ဗုဒ္ဓလမ်းစဥ်ကျင့်ကြံခြင်း၏ မိတ်ဆက်ကျင့်စဥ်တစ်ခုအဖြစ် မှတ်ယူနိုင်သော်လည်း ၎င်းက အဆုံးမဲ့ အံ့သြဖွယ်ရာကောင်းလှသည့် အခြေခံ ဗုဒ္ဓကျင့်ကြံခြင်းလမ်းစဥ် ဖြစ်လေသည်။
ရီဖူရှင်းက အတော်လေး အထင်ကြီးလေးစားမိလေသည်။ နှလုံးသားကျမ်းဂန်၌ အကြောင်းအရာများစွာမပါဝင်သော်လည်း အစပြုကျင့်ကြံသူများအတွက် ၎င်းက နားလည်ရန် မလွယ်ကူဘဲ အနည်းငယ် ရှုပ်ထွေးစေသည်။ သူက ထူးခြားဆန်းကြယ်သော လေဟာနယ်အတွင်း ဝင်ရောက်သွားသည်နှင့် ရီဖူရှင်းသည် ဗုဒ္ဓစွမ်းအားလေဟာနယ်အတွင်း ရောက်ရှိသွားပုံရသည်။ သူက တင်ပျဥ်ခွေထိုင်လိုက်ကာ ဗုဒ္ဓသင်္ကေတအက္ခရာဖြင့် ဝန်းရံခံထားရပေသည်။ ဗုဒ္ဓအသံများကို ခပ်ရေးရေး ကြားနိုင်ပြီး ထိုအသံများက နားစည်ကိုပင် ကွဲလုမတတ် စူးရှကျယ်လောင်လှပေသည်။
သူ့ခန္ဓာကိုယ်အတွင်းမှ ဗုဒ္ဓနှလုံးသားက အလင်းညှိလိုက်သလို ဗုဒ္ဓမီးအိမ်တစ်ခုက သူ့ဘေးတွင် လင်းလက်လာသည်။ ရီဖူရှင်းသည် သူက အမြဲတမ်း ဗုဒ္ဓကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သလို ဗုဒ္ဓကျမ်းဂန်များကို စတင်နားလည်သဘောပေါက်လာပေသည်။
အချိန်ကုန်လွန်လာသည်နှင့် ရီဖူရှင်းကို ဗုဒ္ဓအလင်းရောင်တို့ ဝန်းရံလာပြီး သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းလွှာနှင့် ဖုံးလွှမ်းလာသည်။ သူ့ပေါ်မှ အဖြူရောင်ဝတ်စုံက ရွှေရောင်အလင်းတို့နှင့် လွှမ်းခြုံခံထားရပေသည်။
အခြားလူများကလည်း နီးစပ်ရာ ဗုဒ္ဓကျမ်းဂန်များကို ယူငင်ကာ ဖတ်ရှုနေခဲ့သည်။ မည်သည့်ကျင့်ကြံခြင်းမှမပြုလျှင်ပင် ထိုဗုဒ္ဓကျမ်းဂန်များကို ဖတ်ရှုပြီး တရားထိုင်ခြင်းက အကျိုးရှိပေသည်။
ရီဖူရှင်းက ထွက်ခွာမသွားခင် တစ်လခန့် ဤနေရာ၌ နေခဲ့သည်။ သိပ်မကြာခင်မှာပင် ဟွာချင်းချင်းက သူ့ကို အခြားရှေးဟောင်းကျောင်းဆောင်သို့ လေ့လာရန် ခေါ်ဆောင်သွားခဲ့ပြီး ထိုနေရာ၌ ရှိနေသော ဗုဒ္ဓကျမ်းဂန်များကို နားလည်သဘောပေါက်အောင် လေ့လာကာ ဗုဒ္ဓစွမ်းရည်များကို ကျင့်ကြံစေသည်။ အနောက်ဘက်ကောင်းကင် မြင့်မြတ်နယ်မြေသို့ ရောက်လာပြီးနောက် ရီဖူရှင်းက ဗုဒ္ဓလမ်းစဥ်ကျင့်ကြံခြင်းကို အထင်ကြီးလေးစားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်လဟူသောအချိန် ကုန်ဆုံးသွားခဲ့သည်။ ရီဖူရှင်းသည် ထိုအချိန်အတောအတွင်း ရှေးဟောင်းကျောင်းဆောင်များကို လှည့်လည်သွားလာနေခဲ့သည်။ နေရာတစ်ခုချင်းစီ၌ သူနေထိုင်ရသောအချိန်က ပို၍ ပိုတောင်းလာသည်။ သူက အချိန်တခဏမျှ စူးစမ်းလေ့လာနေပြီးနောက် ထွက်ခွာသွားခဲ့၏။ ၎င်းသည် လာရောက်ကျင့်ကြံခြင်းထက် လည်ပတ်ခြင်းနှင့် ပို၍ ဆင်တူပေသည်။
ထိုအချိန်၌ အနောက်ဘက်ကောင်းကင်မြင့်မြတ်နယ်မြေရှိ ဗုဒ္ဓပွဲတော်သည် အစည်ကားဆုံး ကာလ ဖြစ်၏။ အနောက်ဘက်ကောင်းကင်တစ်ခွင်လုံးက ယခင်ကထက် ပို၍ စည်ကားကာ အသက်ဝင်လာပေသည်။ လူအများသည် ရောက်ရှိလာတော့မည့် ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲအကြောင်း ပြောဆိုနေကြသည်။
အချို့သော အဆင့်မြင့် ဗုဒ္ဓကျင့်ကြံသူအချို့က ဗုဒ္ဓလောကအတွင်း လိပ်ပြာတောင်ကုန်းများပေါ်သို့ ရောက်ရှိလာကြပြီးဖြစ်သည်ဟု ကောလာဟလများရှိပြီး သူတို့က အနောက်ဘက်ကောင်းကင်၏ မြင့်မြတ်နယ်မြေသို့ ခြေချလာကြသည်။ အချို့က ထိုပုဂ္ဂိုလ်များကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည်ဟုပင် ဆိုကြသည်။
ထိုအချိန်တွင် အနောက်ဘက်လောကအတွင်း ဗုဒ္ဓကျင့်ကြံခြင်းနေရာတစ်ခု၌ လေဟာနယ်ကို ဗုဒ္ဓအလင်းများဖြင့် ဝန်းရံထားကာ ငြိမ်းချမ်းအပြည့်နှင့် ဖြစ်ပေသည်။
နေရာတစ်ခုတွင် အဆင့်အတန်းမြင့်မားသည့် ဘုန်းကြီးတစ်ပါးက သင်ကြားပို့ချပေးနေသည်။ ဗုဒ္ဓကျင့်ကြံသူများက ထိုင်၍ တိတ်ဆိတ်စွာ နားထောင်နေကာ သူတို့၏ မျက်နှာသည် ခမ်းနားထည်ဝါ၍ ကျက်သရေရှိလှ၏။ ဗုဒ္ဓအလင်းများက သူတို့အနီးတွင် ဝန်းရံနေပြီး သူတို့က ရောက်ရှိလာမည့် ဗုဒ္ဓကျင့်ကြံသူစည်းဝေးပွဲအတွက် ပြင်ဆင်နေကြသည်။
သင်ကြားပို့ချမှုပြီးဆုံးသွားသည့်အခါ ထိုဗုဒ္ဓကျင့်ကြံသူပုံရိပ်က တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။ ဗုဒ္ဓအလင်းများက ထိုဗုဒ္ဓကျင့်ကြံသူများ၏ အထက်ရှိ တိတ်ဆိတ်သော လေဟာနယ်ကို ရစ်သိုင်းနေဆဲ ဖြစ်သည်။ တခဏကြာပြီးနောက် သူတို့က မျက်လုံးများကို ဖွင့်ကာ ဗုဒ္ဓ၏နာမတော်အား ရေရွတ်၍ ကျေးဇူးတင်လိုက်ပေသည်။
“လူတိုင်းဘယ်လိုခံစားလိုက်ရလဲ။” ကျင့်ကြံသူတစ်ယောက်က အပြုံးနှင့် မေးလိုက်သည်။
“ဗုဒ္ဓအရှင်ရဲ့ ဟောပြောပို့ချချက်က ဉာဏ်အလင်းပွင့်ပြီး တိုးတက်လာစေတယ်။ အကျိုးအမြတ်က မယုံနိုင်ဖွယ်ရာပဲ။” တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။
“ဗုဒ္ဓအရှင်ရဲ့ ဓမ္မက နက်နဲသိမ်မွေ့ပြီး ထူးချွန်တာကြောင့် ကျင့်ကြံခြင်းနဲ့ပတ်သတ်တဲ့ ကျုပ်ရဲ့ မေးခွန်းတချို့ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လာအောင် လုပ်ပေးနိုင်တယ်။ အဲဒါကြောင့် ကျုပ်ရဲ့ ကျင့်ကြံခြင်းက ပိုတိုးတက်လာသလို ခံစားရတယ်။” အခြားတစ်ယောက်က ဝင်ပြောလိုက်သည်။
“ဆရာတော်ရဲ့ ကျင့်ကြံခြင်းက ထိပ်ဆုံးကို ရောက်နေခဲ့ပြီး အခု ခင်ဗျားရဲ့ နားလည်သဘောပေါက်မှုက ပိုတိုးတက်လာတာကြောင့် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ဖို့ နီးကပ်လာပြီ။ ဒီတစ်ကြိမ် ဗုဒ္ဓကျင့်ကြံသူစည်းဝေးပွဲမှာ အားလုံးထက် သာလွန်တောက်ပနိုင်မှာပဲ။” လူတိုင်းက ချီးမွမ်းပြောဆိုနေသည့် သူမှာ ရှန်းယန်ရဟန်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
“ရီဖူရှင်း အခု ဘာလုပ်နေမယ်ထင်လဲ။ သူ အခုထိ ကျမ်းစာတွေ ဖတ်နေတုန်း ဖြစ်မလား။” ရှန်းယန်ရဟန်းက မေးလိုက်၏။ အနောက်ဘက်ကောင်းကင် မြင့်မြတ်နယ်မြေတွင် ရီဖူရှင်း၏ လှုပ်ရှားမှုတိုင်းက သူတို့မျက်လုံးများမှ ပြေးမလွတ်နိုင်ပေ။ ထိပ်တန်းအဆင့် ဗုဒ္ဓစက္ခုအာရုံသည် အဆုံးမဲ့လေဟာနယ်ကို ဖြတ်မြင်နိုင်စွမ်းရှိပြီး အနောက်ဘက်ကောင်းကင်၏ နယ်မြေအတွင်း ရီဖူရှင်း ရှိနေသည့်နေရာကို မြင်နိုင်ကာ သူ မည်သည်တို့လုပ်နေသည်ကိုလည်း တိုက်ရိုက် တွေ့နိုင်ကြပေသည်။
ထို့ကြောင့် ရီဖူရှင်း၏ ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံနေခြင်းက သူတို့ အာရုံစိုက်မှုမှ ပြေးမလွတ်နိုင်ပေ။
ရီဖူရှင်းသည်လည်း သူ မည်သည့်နေရာကို သွားကာ မည်သို့ လုပ်နေသည်ကို သူတို့ သိကြ၏။ ရီဖူရှင်းကလည်း သူ့ လှုပ်ရှားမှုတိုင်းသည် ထိုဗုဒ္ဓကျင့်ကြံသူများ၏ စိစစ်မှုမှ ပြေးမလွတ်နိုင်ကြောင်း သိရှိ၏။ သူ့ကို စောင့်ကြည့်နေသူများတွင် ထျန်းယင်ရဟန်းလည်း တစ်ယောက်အပါအဝင် ဖြစ်သည်။ သူသည် ယခင်က ယွီမုနှင့် ရီဖူရှင်း ပြောခဲ့သည့်စကားများကို ကျယ်လောင်ရှင်းလင်းစွာ ကြားသိခဲ့ပေသည်။
“ဟုတ်တယ်။ သူက အနောက်ဘက်ကောင်းကင်ရဲ့ ရှေးဟောင်းကျောင်းဆောင်တွေကြား လှည့်လည်သွားလာနေပြီး သူ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ဘယ်သူမှ မသိကြဘူး။” တစ်စုံတစ်ယောက်က တုန့်ပြန်လိုက်သည်။
“ခင်ဗျားက သူ ဗုဒ္ဓလမ်းစဥ်ကျင့်ကြံလားဆိုတာကို ပြောတာဆိုရင် ကျောင်းဆောင်တစ်ခုကို တစ်ရက်နှစ်ရက်လောက်သွားပြီး ပြန်ထွက်လာရင် ဘယ်သူမှ ဗုဒ္ဓလမ်းစဥ်ကျင့်ကြံခြင်းကို နားလည်သဘောပေါက်နိုင်မှာ မဟုတ်ဘူး။” အခြားသော ကျင့်ကြံသူအချို့က အပြုံးနှင့် ပြောလိုက်သည်။ သူ့အပြုံးက အနည်းငယ် လှောင်ပြောင်ကာ ပြောလိုက်သည်။ သူက ရီဖူရှင်း၏တုံးအမှုကို လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။
“ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံရင် စိတ်မရှည်တာမျိုး လုပ်လို့မရဘူး။ ရီဖူရှင်းက အရည်အချင်းရှိပေမယ့် သူက သူ့ကိုယ်သူ အထင်ကြီးလွန်းတယ်။ သူက အောင်မြင်ဖို့ စိတ်အားထက်သန်လွန်းနေတယ်။ ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံရင်းနဲ့ နားလည်သဘောပေါက်အောင် လုပ်ပြီး ကျင့်ကြံဆင့် တိုးတက်ချင်နေတာ ဖြစ်မယ်။ ဒါပေမယ့် သူက အချိန်ဖြုန်းနေရုံပဲရှိတယ်။”
“သူက ဗုဒ္ဓလမ်းစဥ်ကို တကယ် နားလည်သဘောပေါက်ပြီး ဉာဏ်အလင်းတချို့ ရရှိပြီး ဗုဒ္ဓစွမ်းရည်ကျင့်စဥ်တွေ ကျင့်ကြံနိုင်ရင် ဘယ်လိုလုပ်မလဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။” တစ်စုံတစ်ယောက်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သူက အရှင်ဒွန်ဟောင်ကို ဥပမာယူပြီး ဗုဒ္ဓကျင့်ကြံသူ စုဝေးပွဲမှာ ပါဝင်ရင်း အဲဒီမှာရှိတဲ့လူတွေကို အနိုင်ယူဖို့များ ရည်ရွယ်နေတာလား။” ဗုဒ္ဓကျင့်ကြံသူတစ်ယောက်က အပြုံးနှင့် ပြန်ဖြေလိုက်ပြီး လူတိုင်းက ရုတ်တရက် ရယ်ပွဲဖွဲ့လိုက်ကြသည်။ ကိစ္စတစ်ခုလုံးက ဟာသဆန်နေပုံရလေသည်။
“ဗုဒ္ဓကျင့်ကြံသူအားလုံးကို အနိုင်ယူဖို့လား။” ရှန်းယန်ရဟန်း၏ ရွှေရောင်မျက်လုံးများမှ ကြောက်မက်ဖွယ် ထက်ရှသော အလင်းတန်းတချို့ ထွက်ပေါ်လာပေသည်။ “သူသာ ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲကိုလာပြီး ပါဝင်ဖို့ပြောခဲ့ရင် နောက်ပိုင်းဖြစ်သမျှက ကျုပ်တို့ကို အပြစ်တင်လို့ မရနိုင်ဘူး။”
ရီဖူရှင်းက သူတို့၏ တပည့်များကို သတ်ပစ်ခဲ့သည့်အတွက် ပြန်မပေးဆပ်ရသေးသော်လည်း ယခု သူက ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲတွင် ပါဝင်ပြီး ဗုဒ္ဓကျင့်ကြံသူအားလုံးကို အနိုင်ယူချင်နေသည်လား။ ၎င်းက အရူးစကားမှမဟုတ်လျှင် မည်သို့ဖြစ်နိုင်ပါမည်နည်း။
ဗုဒ္ဓကျင့်ကြံသူစုဝေးပွဲက ဗုဒ္ဓကျင့်ကြံသူများ၏ အဓိကပွဲတော် ဖြစ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီခန့်က အရှင်ဒွန်ဟောင်လာရောက်လည်ပတ်စဥ် အချိန်ကို လူအများကြီး မသိရှိခဲ့ကြပေ။ ထိုစဥ်က အဖြစ်အပျက်၌ ပါဝင်ခဲ့သည့် အချို့သော လူများသာ တိတိကျကျ သိရှိခဲ့ကြသည်။ သို့သော် ဤတစ်ကြိမ် သူတို့၏ မျိုးဆက်များတွင် ထိုသို့ တူညီသော အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပျက်ခွင့် ပြုလိမ့်မည် မဟုတ်ပေ။
အရှင်ဒွန်ဟောင်က မဟာအင်ပါယာဖြစ်လာပြီးနောက် ဤနေရာ၌ ဖြစ်ပျက်ခဲ့သည်များက ကောင်းကင်ဒေသ၏ နယ်မြေများတွင် အပြုသဘောဆောင်သည့် ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။ သို့သော် ထိုဗုဒ္ဓကျင့်ကြံသူများ၏ မျက်လုံးထဲတွင် သူတို့ဗုဒ္ဓကျင့်ကြံသူများ အားလုံးက အပြတ်အသတ်ရှုံးနိမ့်ခဲ့ရသည့်အတွက် သူတို့၏ အဓိကပွဲတော်က အပြင်လူအချို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် သူတို့က သေချာပေါက် ကောင်းသော အမြင်ရှိလိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် အရှင်ဒွန်ဟောင်ကြောင့် ရှုံးနိမ့်ခဲ့ရသော ဗုဒ္ဓကျင့်ကြံသူများက ထိုရှုံးနိမ့်မှုကို လက်ခံရန် ခက်ခဲခဲ့သည်။
အချို့သော ဗုဒ္ဓကျင့်ကြံသူများသည် ထိုအချိန်ကတည်းက ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုနိုင်သည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းရာချီခန့်က အဖြစ်အပျက်ကြောင့် ကြီးစွာသော သက်ရောက်မှုကို ခံခဲ့ရပြီး ထိုအဖြစ်အပျက်မှ အပြည့်အဝ ပြန်လည်သက်သာခဲ့ခြင်း မရှိကြသေးပေ။ သူတို့သည် မဟာလမ်းစဥ်ကို သက်သေပြပြီးသည့်တိုင်အောင် ပြန်လည်ထွက်ပေါ်လာရန် ဆုံးဖြတ်ချက် မချနိုင်သေးပုံရသည်။ ထိုအဖြစ်အပျက်ကြောင့် ပျံလွန်သွားသည့် ဗုဒ္ဓတစ်ပါးပင် ရှိခဲ့ပေသည်။
ထိုကြောင့် ဤကိစ္စက ဗုဒ္ဓကျင့်ကြံသူများအတွက် ကျိန်းသေ အရှက်ရဖွယ် ဖြစ်ခဲ့ရသည်။
၎င်းကို စိတ်ထဲမထားသည့် ထိပ်သီးဗုဒ္ဓအချို့ ရှိပေသည်။ သူတို့၏ အမြင်အရ သက်ရှိအားလုံးက သာတူညီမျှဖြစ်ပြီး ထိုကိစ္စကြောင့် သူတို့က အရှင်ဒွန်ဟောင်ကို လေးစားကြပေသည်။ ထိုသည်မှာ ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံရာ၌ သူတို့၏ စိတ်နေစိတ်ထားက အခြားလူများနှင့် ကွာခြားသောကြောင့် ဖြစ်လေသည်။
သို့သော် ရီဖူရှင်းက ထိုနေရာ၌ ဖြစ်ပျက်ခဲ့သည်များကို မသိခဲ့ပေ။ သူက သူ၏ ကိုယ်ပိုင် ဗုဒ္ဓလမ်းစဥ်ကျင့်ကြံခြင်းနှင့် ကျင့်စဥ်များတွင် ဆက်လက်မွေ့လျော်နေခဲ့သည်။
ဗုဒ္ဓကျင့်ကြံသူ စုဝေးပွဲကို ကျင်းပရန် အချိန်ခုနစ်ရက်သာ ကျန်တော့သည်။ ရီဖူရှင်းက ဗုဒ္ဓလမ်းစဥ်ကို နားလည်သဘောပေါက်အောင် လုပ်ဆောင်နေခြင်းအား ရပ်တန့်လိုက်ပြီး ရှေးဟောင်းကျောင်းဆောင်အတွင်း ဆက်လက်မကျင့်ကြံတော့ပေ။
ထိုအချိန်တွင် ရီဖူရှင်းနှင့် သူ့အဖွဲ့က အနောက်ဘက်ကောင်းကင်အတွင်း တောင်ထွတ်တစ်ခုပေါ်သို့ ရောက်ရှိလာပေသည်။
တောင်စောင်းအဖျားတွင် တစ်စုံတစ်ယောက်က အနောက်ဘက်ကောင်းကင် အောက်ဘက် ကျယ်ပြောသော လေဟာနယ်ကို စူးစမ်းလေ့လာနေခဲ့သည်။ ရီဖူရှင်းက တင်ပျဥ်ခွေကာ ထိုင်နေပြီး သူ့ကို ရွှေရောင်အလင်းတို့ဖြင့် လွှမ်းခြုံနေပေသည်။ ယခုတွင် ၎င်းက ရိုးရှင်းသည့် ဗုဒ္ဓအလင်းရောင်သက်သက်သာ မဟုတ်တော့ပေ။ သူ့ခန္ဓာကိုယ်က ရွှေရောင်ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။ သူ့တစ်ကိုယ်လုံးကို အလင်းရောင်တို့ဖြင့် လွှမ်းခြုံထားသည်။ ၎င်းက ရှေးဟောင်းရွှေရောင်ဗုဒ္ဓတစ်ပါး၏ ခန္ဓာကဲ့သို့ ဖြစ်လေသည်။ ၎င်းက အသွင်ပြောင်းလဲသွားသည်နှင့် သူ့ကို များပြားလှသည့် ဗုဒ္ဓသင်္ကေတအက္ခရာများက ဝန်းရံထားကာ ဗုဒ္ဓအသံတို့က လေထဲတွင် ပဲ့တင်ထပ်လာသည်။
ရီဖူရှင်း၏ သက်စောင့်ဟော်နန်းအတွင်း ဟော်နန်းတစ်ခုလုံး ဗုဒ္ဓ၏ ရွှေရောင်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရကာ ဗုဒ္ဓကမ္ဘာလောကတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤလောကအတွင်း အဆုံးအစမဲ့ ကြီးမားသည့် ဗုဒ္ဓတစ်ပါး၏ ပုံရိပ်က ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။ ၎င်းက တင်ပျဥ်ခွေကာ ထိုင်နေသည့် ရီဖူရှင်းပေါ်သို့ ရောင်ပြန်ဟပ်နေခဲ့သည်။
ရီဖူရှင်း၏ နောက်တွင် ဟွားဂျီယူနှင့် ဟွာချင်းချင်းတို့က တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သူ ကျင့်ကြံနေသည်အား စောင့်ကြည့်နေခဲ့သည်။
“ကြည့်ရတာ သူက ငါ့ အကူအညီကို ထပ်မလိုတော့ဘူး ထင်ပါတယ်။” ဟွာချင်းချင်းက သိမ်မွေ့စွာ ပြောလိုက်သည်။ ရီဖူရှင်း၏ နားလည်သဘောပေါက်နိုင်မှုနှင့် တိုးတက်မှုက သူမကို အံ့အားသင့်စေခဲ့ပေသည်။