← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း။ ၁၅၇

လုချွမ်းသည် မိမိရှေ့မှောက်ရှိ ဆင့်ကဲပြောင်းလဲသူ၏ ရုပ်အလောင်းကို ကြည့်ရှုရင်း မျက်ဝန်းအစုံ၌ သတ်ဖြတ်လိုသော အရှိန်အဝါတို့သည် အထင်အရှား ဖြစ်ပေါ်လာကာ သွေးရောင်လွှမ်းနေသောလွှမ်းသော သူငယ်အိမ်တို့မှာ အေးစက်သော အလင်းတန်းများဖြင့် ပြည့်နှက်နေတော့သည်။

ယခုအခါ သူသည် ဇွန်ဘီတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီ ဖြစ်သော်လည်း လူသားမျိုးနွယ်နှင့် လုံးဝအဆက်အသွယ်ဖြတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ဤသို့ဖရိုဖရဲဖြစ်နေသည့် ကမ္ဘာပျက်ကပ်ကာလအတွင်း လုချွမ်း၏ တောင်းဆိုချက်မှာ ရိုးရှင်းလှသည်။ သူနှင့် ချီချီလေး အေးချမ်းစွာ နေထိုင်နိုင်မည့် နေရာလေးတစ်ခုသာ ဖြစ်သည်။

ဇွန်ဘီဖြစ်လာပြီးနောက် သူသည် လူသားရှင်သန်သူများ၏ အဖွဲ့ကို တစ်ကြိမ်တစ်ခါမျှ ဦးစွာ စတင်တိုက်ခိုက်ခဲ့ခြင်း မရှိပေ။

လူသားများက သူ့အား လာရောက်ရန်မစရုံမျှဖြင့် သူသည် လုံလောက်စွာ နောက်ဆုတ်ပေးခဲ့ပြီးဖြစ်သည်ဟု သူ့ကိုယ်သူ ပြန်လည်မေးခွန်းထုတ်မိသည်။

အကယ်၍ အခြားသော ဇွန်ဘီများသာဆိုလျှင် တွေ့သမျှသော လူသားများကို သတ်ဖြတ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ အထူးသဖြင့် လူသားကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းနန်ခရိုင်အတွင်းသို့ ဝင်ရောက်လာချိန်တွင် လူသားအခြေစိုက်စခန်းနှင့် ပဋိပက္ခမဖြစ်ပွားစေရန် လုချွမ်းသည် သူပိုင်ဆိုင်သော ဆင့်ကဲဇွန်ဘီရုပ်သေးများအားလုံးကိုပင် ဖျောက်ကွယ်ထားပေးခဲ့သည်။

လူသားများနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုကို ရှောင်လွှဲနိုင်ရန် သူသည် အစွမ်းကုန် ကြိုးစားခဲ့သည်။

သို့သော်လည်း ဤလူသားများသည် အရှက်တရားကင်းမဲ့စွာဖြင့် လောဘဇောတိုက်ကာ ချင်းရွှေလယ်ယာခြံကို ကျူးကျော်ရန် ကြိုးပမ်းလာကြလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ထိုသူတို့၏ ကံကြမ္မာမှာ သေခြင်းတရားမှတစ်ပါး အခြားမရှိနိုင်တော့ချေ။ လုချွမ်း၏ မျက်ဝန်းအစုံမှာ ယခုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ယုတ်မာကောက်ကျစ်သော အရိပ်အယောင်များ ပေါ်လွင်နေတော့သည်။

သူသည် နေရောင်ခြည်ရပ်ကွက်မှ ချင်းရွှေလယ်ယာခြံသို့ ပြောင်းရွှေ့လာခဲ့ရခြင်းမှာ လူသားများနှင့် မပတ်သက်လိုသောကြောင့်ပင်။

သူသည် ချီချီလေးနှင့်အတူ ငြိမ်းချမ်းတည်ငြိမ်သော ပတ်ဝန်းကျင်တွင် နေထိုင်ရန် မျှော်လင့်ခဲ့သည်။ ယခုအခါ ချင်းရွှေလယ်ယာခြံမှာ သူ၏ နောက်ဆုံးစည်း ဖြစ်သွားပြီဖြစ်သည်။

လယ်ယာခြံ၏ လုံခြုံရေးကို အာမခံနိုင်ရန်အတွက် သူသည် ခြံသို့ဦးတည်သော လမ်းကြောင်းအသီးသီး၌ ဆင့်ကဲဇွန်ဘီရုပ်သေး အမြောက်အမြားကို ခြုံခိုတိုက်ခိုက်ရန် စီစဉ်ထားပြီးဖြစ်သည်။

ဤမျှအထိ လမ်းဖယ်ပေးခဲ့သော်လည်း သူ၏ အိုးအိမ်ကို လာရောက်ထိပါးသော ဤလူသားများအား သူသည် ရက်စက်စွာ တုံ့ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။

လျှပ်စီး ၁ နှင့် ဤမီးလျှံဆင့်ကဲပြောင်းလဲသူတို့၏ တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် ယခုရင်ဆိုင်ရသည့် ရန်သူများသည် အဆင့်အတန်း ပိုမိုမြင့်မားကာ တိုက်ပွဲအတွေ့အကြုံလည်း ပိုမိုကြွယ်ဝကြောင်း လုချွမ်း သတိပြုမိသည်။

"ဇွန်ဘီရုပ်သေးတွေရဲ့ စောင့်ကြည့်မှုအရ အခြေစိုက်စခန်းက ရိက္ခာတွေကို တစ်ကြိမ်ပဲ လာချပေးသေးတာ။ ကျန်းနန်ခရိုင်အတွင်းက ရင်းမြစ်အားလုံးကိုလည်း ငါ သိမ်းကျုံးသယ်ယူထားပြီးပြီ။ ဒီလောက်များတဲ့ ရှင်သန်သူတွေကို ကျွေးမွေးဖို့ ရိက္ခာမလုံလောက်ဘဲနဲ့တော့ ဒီလူသားတွေ ဒီမှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး"

လုချွမ်း တွေးတောနေမိသည်။

ကမ္ဘာပျက်ကပ်အတွင်း အချိန်အတော်ကြာ ရှင်သန်လာခဲ့သည့် လုချွမ်းအတွက် အစားအစာသည် မည်မျှအရေးကြီးကြောင်း ကောင်းစွာ သိရှိထားသည်။ အစားအစာမရှိပါက အခြေစိုက်

စခန်းအနေဖြင့် အင်အားသုံး၍ပင် ရှင်သန်သူများကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

ထို့ပြင် ဆင့်ကဲပြောင်းလဲသူများသည်လည်း လူသားများပင် ဖြစ်သဖြင့် ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် အစားအစာ လိုအပ်နေဦးမည်သာ ဖြစ်သည်။

သာမန်ရှင်သန်သူများက ငတ်မွတ်မှုကို အောင့်အည်းနိုင်လျှင်ပင် ဤဆင့်ကဲပြောင်းလဲသူများသည် အစာငတ်ခံလျက် ဤနေရာ၌ ဆက်လက်နေထိုင်နိုင်ကြမည် မဟုတ်ပေ။

ခြေရင်းရှိ ဆင့်ကဲပြောင်းလဲသူ၏ ရုပ်အလောင်းအား တစ်ချက်မျှ ငဲ့စောင်းကြည့်ရင်း လုချွမ်း၏ နှုတ်ခမ်းအစုံမှာ အေးစက်သော လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားတော့သည်။

သူတို့သည် အခွင့်အရေးပေးသည်ကို အလွဲသုံးစားပြုကာ တစ်ဆင့်တက်၍ ရဲတင်းလာကြသဖြင့် ထပ်မံ၍ သတိပေးချက်တစ်ခု ထုတ်ပြန်ရန် သူ ဆုံးဖြတ်လိုက်သည်။

"မင်းတို့တွေ စည်းကမ်းရှိရှိ နေထိုင်ကြဖို့ မျှော်လင့်ပါတယ်။ အရှက်မဲ့တဲ့ လုပ်ရပ်မျိုးတော့ မလုပ်ကြနဲ့ပေါ့"

"ငါက ကျန်းနန်ခရိုင်တစ်ခုလုံးကို မင်းတို့အတွက် ဖယ်ပေးထားပြီးပြီ ဖြစ်ပါလျက်နဲ့ ငါ့ရဲ့ နယ်မြေကိုပါ လောဘတက်လာကြသေးတယ်။ အခု ငါပေးမယ့် သတိပေးချက်ကို မြင်ပြီးရင်တော့ မင်းတို့မှာ ကိုယ်ချင်းစာစိတ်နဲ့ အသိတရား အနည်းငယ် ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

လုချွမ်းက ရေရွတ်လိုက်သည်။

ခေတ္တအကြာတွင် မြေလျှိုးဇွန်ဘီသည် လုချွမ်း၏ အနားသို့ ရောက်ရှိလာပြီး လင်းယန်၏ ရုပ်

အလောင်းအား သယ်ဆောင်ကာ မြေအောက်သို့ ချက်ချင်း ငုပ်လျှိုးသွားတော့သည်။

၎င်းသည် မြေအောက်မှတစ်ဆင့် ကျန်းနန်မြို့ပြခရိုင်အတွင်းသို့ တိတ်တဆိတ် ထိုးဖောက်

ဝင်ရောက်သွားခဲ့သည်။

မြေလျှိုးဇွန်ဘီသည် အသံတိတ် လှုပ်ရှားနိုင်စွမ်းရှိသဖြင့် ဤကဲ့သို့သော လုပ်ငန်းတာဝန်များအတွက် အသင့်တော်ဆုံးပင်။

"ဘာတွေဖြစ်နေတာလဲ။ လင်းယန် ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။ ရေဒီယိုကလည်း ဘာသံမှ မကြားရဘူး"

ညဉ့်နက်ပိုင်း အချိန်ကာလတွင် ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့ဝင် ငါးဦးမှာ ယခင်ဆိုင်အတွင်း၌ ပြန်လည်စုစည်းမိသော်လည်း လင်းယန်တစ်ဦးတည်းသာ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသည်။

ဝမ်လေ့နှင့် အဖွဲ့သားများက လင်းယန်အား ရေဒီယိုမှတစ်ဆင့် အကြိမ်ကြိမ် ခေါ်ယူသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

သူသည် ကျန်းနန်ခရိုင်အတွင်း၌ လေထဲသို့ အငွေ့ပျံ ပျောက်ကွယ်သွားသည့်အလား ဖြစ်နေသဖြင့် အဖွဲ့အတွင်းရှိ လေထုမှာ ချက်ချင်းပင် လေးလံထိုင်းမှိုင်းသွားတော့သည်။

မကြာသေးမီရက်များအတွင်း ဆင့်ကဲဇွန်ဘီများနှင့် မတွေ့ဆုံခဲ့ရသော်လည်း ဝမ်လေ့အနေဖြင့် ကျန်းနန်ခရိုင်သည် မမြင်ရသော အရိပ်မည်းကြီးတစ်ခုဖြင့် ဖုံးလွှမ်းနေသည်ဟု ခံစားနေရသည်။

အထူးသဖြင့် ရှင်သန်သူများထံမှ ကြားသိရသည့် ထူးဆန်းသော ဇွန်ဘီများအကြောင်းက သူ့ကို ပိုမို စိတ်မသက်မသာ ဖြစ်စေသည်။ ထို့ကြောင့် ရလဒ် မည်သို့ပင်ဖြစ်စေ နေမဝင်မီ အဖွဲ့သို့ ပြန်လည်ရောက်ရှိရန် ဝမ်လေ့က စည်းကမ်းထုတ်ထားခဲ့ခြင်း ဖြစ်သည်။

အခြေစိုက်စခန်းမှ စေလွှတ်လိုက်သော ဆင့်ကဲပြောင်းလဲသူများမှာ အတွေ့အကြုံရင့်ကျက်ပြီး အစွမ်းထက်သူများ ဖြစ်ကြသည်။

သူတို့သည် ကိုယ်ပိုင်စရိုက်နှင့် မာန်မာန ရှိကြသော်လည်း အကြောင်းမဲ့ နောက်ကျခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းကဲ့သို့သော အခြေခံအမှားမျိုးကို ပြုလုပ်မည့်သူများ မဟုတ်ပေ။

ဤသည်မှာ မြို့ပြခရိုင်ဖြစ်ပြီး တောအုပ်အတွင်း၌ ဇွန်ဘီ မည်မျှ ပုန်းအောင်းနေမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

မှောင်မိုက်သော အချိန်တွင် လူသားတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကျဆင်းသွားနိုင်သော်လည်း ဇွန်ဘီများမှာမူ မည်သို့မျှ ထိခိုက်မှု မရှိပေ။

ယခုမူ ညဉ့်နက်သော်လည်း လင်းယန် ပြန်မလာသေးသဖြင့် တစ်ခုခု ဖြစ်ပွားနေပြီမှာ အသေအချာပင်။

"လင်းယန် လမ်းပျောက်နေတာ ဖြစ်နိုင်မလား"

ကျန်းဟောက်က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

"အဓိပ္ပာယ်မရှိတာ။ ငါတို့အားလုံးမှာ လမ်းညွှန်စနစ်တွေ ပါတာပဲ။ သူ ဘယ်လိုလုပ် လမ်းပျောက်မှာလဲ"

သားသတ်သမား လျိုယန်က ချက်ချင်း တုံ့ပြန်လိုက်သည်။

"လင်းယန်က ငယ်လည်းငယ်၊ စိတ်လည်း မြန်တတ်တော့ မြို့လယ်ခေါင်ဘက်ကို တစ်ခေါက် ပြန်သွားမိလို့ ပိတ်မိနေတာလား ဒါမှမဟုတ် ချောမောတဲ့ ရှင်သန်သူ အမျိုးသမီးတွေနဲ့ တွေ့နေလို့လား မသိဘူး..."

လျိုယန်က မထီမဲ့မြင် ပြောလိုက်သည်။ သူသည် လင်းယန်၏ မာန်တက်သော အပြုအမူများကို သဘောမကျသူ ဖြစ်သည်။ ဝမ်လေ့၏ မကျေနပ်သော အကြည့်ကို မြင်လိုက်ရသဖြင့် လျိုယန်မှာ နှုတ်ဆိတ်သွားတော့သည်။

ယန်ရှို့က ဓားရှည်ကို ကိုင်ဆောင်ရင်း ပြတင်းပေါက်ပြင်ပသို့ မျက်မှောင်ကြုတ် ကြည့်ရှုကာ "ငါတို့ ကျန်းနန်ခရိုင်ထဲ ရောက်နေတာ ဒီလောက်ကြာပြီ။ ဆင့်ကဲဇွန်ဘီ အရိပ်အယောင်တောင် မတွေ့ရဘူး။ လင်းယန်ရဲ့ အစွမ်းနဲ့ဆိုရင် သာမန်ဇွန်ဘီတွေက သူ့အတွက် ပြဿနာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လျိုယန်လည်း ခေါင်းညိတ်မိသည်။ လင်းယန်၏ စရိုက်ကို သဘောမကျသော်လည်း မီးလျှံထိန်းချုပ်မှုတွင် လင်းယန် ကျွမ်းကျင်ကြောင်း သူ ဝန်ခံရပေမည်။

"ဒါဆိုရင်... လင်းယန်က မြို့ထဲမှာ ပုန်းနေတဲ့ ဆင့်ကဲဇွန်ဘီတွေနဲ့ တွေ့သွားတာလား"

ယန်ရှို့၏ စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ ငါးဦးပါ အဖွဲ့ထဲမှ အစွမ်းထက်သော လင်းယန် ပျောက်ဆုံးသွားခြင်းမှာ ကောင်းသော သတင်းမဟုတ်ပေ။

အဖွဲ့ခေါင်းဆောင် ဝမ်လေ့က လေးလံနေသော လေထုကို သတိပြုမိပြီး "ကဲ... အားလုံး ခန့်မှန်းနေတာတွေ ရပ်ကြတော့။ မြို့ထဲမှာ ဘာမဆို ဖြစ်နိုင်တယ်။ ညဘက် မြို့ပြက အရမ်း အန္တရာယ်များတယ်။ မိုးလင်းမှပဲ အားလုံး စုပေါင်းပြီး သူ့ကို သွားရှာကြတာပေါ့" ဟု ပြောလိုက်သည်။

"လင်းယန်လို လူမျိုးတောင် သဲလွန်စမရှိ ပျောက်သွားတယ်ဆိုရင် ကျန်းနန်ခရိုင်က ငါတို့ထင်သလောက် မလုံခြုံဘူးဆိုတာ သေချာပြီ။ အခုကစပြီး ဘယ်သူမှ တစ်ကိုယ်တည်း ခွဲမသွားကြနဲ့တော့"

ဝမ်လေ့က ပြတ်သားစွာ သတိပေးလိုက်တော့သည်။

အခန်း။ ၁၅၈

ဝမ်လေ့၏ အမိန့်ကို နာခံပြီးနောက် အားလုံးက ဆွေးနွေးမှုများကို ရပ်တန့်လိုက်ကြသော်လည်း ပတ်ဝန်းကျင်ရှိ လေထုမှာ ပိုမိုလေးလံလာပြီး လူတိုင်း၏ မျက်နှာတွင် သုန်မှုန်ခြောက်ခြားနေသော အရိပ်အယောင်များ ထင်ဟပ်နေတော့သည်။

ရှင်သန်သူများပင်လျှင် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားကြသည်။ အကြောင်းမှာ လူသားအခြေစိုက်စခန်းမှ လာသော လူငါးဦးအနက် တစ်ဦး ပျောက်ဆုံးနေသည်ကို သူတို့လည်း မြင်တွေ့နေရသောကြောင့်ပင်။ တစ်ညလုံး မည်သူမျှ စကားတစ်ခွန်းပင် မဟရဲကြပေ။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် တစ်စုံတစ်ရာသော ဆူညံသံများကြောင့် ယန်ရှို့ နိုးလာခဲ့သည်။

သိုင်းပညာမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ရာ သူ၏ အာရုံခံနိုင်စွမ်းမှာ သာမန်လူများထက် သဘာဝအတိုင်း ပိုမိုအားကောင်းပေသည်။

ဆင့်ကဲပြောင်းလဲသူ ဖြစ်လာပြီးနောက်တွင်မူ ယန်ရှို့၏ အာရုံငါးပါးမှာ ပိုမိုထက်မြက်လာခဲ့သည်။

အသံလာရာသို့ လိုက်ကြည့်ရင်း ယန်ရှို့သည် အိပ်ချင်မပြေဖြင့် ပြတင်းပေါက်အနားသို့ ချဉ်းကပ်သွားသော်လည်း အပြင်ဘက်မှ မြင်ကွင်းကြောင့် သူ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရသည်။

"ဗိုလ်ကြီး တစ်ခုခုတော့ မှားနေပြီ"

ယန်ရှို့၏ အော်ဟစ်သံကြောင့် အိပ်ပျော်နေသော ဝမ်လေ့နှင့် အခြားသူများ ချက်ချင်း နိုးလာကြပြီး တိုက်ပွဲဝင် အနေအထားဖြင့် ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်ရှုလိုက်ကြသည်။

သို့သော် ပြတင်းပေါက်အနားတွင် မျက်နှာဖြူဖျော့လျက် ရပ်နေသော ယန်ရှို့ကိုသာ တွေ့ရလေသည်။

နိုးလာသူများအားလုံးသည်လည်း ခပ်အုပ်အုပ် ဟိန်းဟောက်သံများကို ကြားလိုက်ရပြီး ယန်ရှို့ ကြည့်နေသည့် ပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြရာ တစ်ဦးပြီးတစ်ဦး မှင်သက်သွားကြတော့သည်။

သူတို့ စခန်းချထားသော ဆိုင်၏ အပြင်ဘက်တည့်တည့်တွင် လူသေအလောင်းတစ်ခုကို ချိတ်ဆွဲထားသည်။ ၎င်းမှာ တစ်ညလုံး ပြန်မလာဘဲ ပျောက်ဆုံးနေသော လင်းယန်။

ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားခဲ့သည်မှာ သုံးလရှိပြီဖြစ်ရာ လူသားအသားလတ်လတ်ဆတ်ဆတ်မှာ အလွန်ရှားပါးနေပြီဖြစ်သည်။ လမ်းမပေါ်တွင် ချိတ်ဆွဲခံထားရသော ဤအသားစိမ်းကြောင့် ဇွန်ဘီအမြောက်အမြား စုရုံးရောက်ရှိနေကြသည်။

ဇွန်ဘီများသည် လက်များကို ဝေ့ယမ်းကာ လင်းယန်၏ ရုပ်အလောင်းအား ဝါးမြိုရန် ကြိုးပမ်းနေကြပြီး ယန်ရှို့ကို နိုးလာစေသည့် အသံမှာလည်း ထိုဇွန်ဘီများ၏ အသံပင်။

"တောက် ဒါ လင်းယန် မဟုတ်လား။ ဘာတွေ ဖြစ်ကုန်တာလဲ"

လျိုယန်၏ သူငယ်အိမ်များမှာ သိသိသာသာ ကျုံ့သွားပြီး မအောင့်နိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။ သူသည် လင်းယန်၏ စရိုက်ကို မနှစ်သက်သော်လည်း လင်းယန်မှာ သူ၏ ရဲဘော်တစ်ဦး ဖြစ်သည်။

ယခုကဲ့သို့ သူ့ရှေ့မှောက်တွင် သေဆုံးနေသည်ကို မြင်ရခြင်းက လျိုယန်ကို ကျောချမ်းသွားစေသည်။

"ဗိုလ်ကြီး... လင်းယန်ကို ဒီအတိုင်း ချိတ်ထားလို့ မဖြစ်ဘူး"

လင်းယန်နှင့် တက္ကသိုလ်တစ်ခုတည်းမှ လာသော ကျန်းဟောက်က ဒေါသတကြီး ပြောလိုက်သည်။

ဝမ်လေ့က ခေါင်းညိတ်လိုက်သည်။ လင်းယန်၏ ရုပ်အလောင်းအား မဖြစ်မနေ ပြန်လည်ရယူရမည်ဖြစ်သည်မှာ ရဲဘော်တစ်ဦးဖြစ်သောကြောင့်သာမက ဤအလောင်းမှာ မည်မျှကြာအောင် ချိတ်ဆွဲခံထားရသည်မသိဘဲ သွေးနံ့များကြောင့် ဇွန်ဘီများစွာ စုရုံးလာနေသောကြောင့် ဖြစ်သည်။

အကယ်၍ ဆင့်ကဲဇွန်ဘီများပါ ထပ်မံရောက်ရှိလာပါက အလွန်အန္တရာယ်များပေလိမ့်မည်။ ထို့ပြင် သူတို့၏ အဓိကတာဝန်မှာ ရှင်သန်သူများကို ကယ်ဆယ်ရန်ဖြစ်ရာ ထိုရှင်သန်သူများသည် သူတို့ကဲ့သို့ ဇွန်ဘီအုပ်ကြားမှ အလွယ်တကူ တိုက်ခိုက်ထွက်ပြေးနိုင်သူများ မဟုတ်ကြပေ။

သူတို့ လေးဦးသည် အလောင်းအား ပြန်လည်ရယူရန် ချက်ချင်း လှုပ်ရှားကြသည်။ သာမန်

ဇွန်ဘီများမှာ သူတို့၏ တိုက်ခိုက်မှုကို မယှဉ်နိုင်ဘဲ ခေတ္တအတွင်းမှာပင် ရှင်းလင်းသွားကာ လင်းယန်၏ ရုပ်အလောင်းအား စခန်းအတွင်းသို့ ပြန်လည်သယ်ဆောင်လာခဲ့ကြသည်။

ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လင်းယန်၏ ရုပ်အလောင်းအား ကြည့်ရင်း လူတိုင်း၏ မျက်နှာမှာ အလွန်ပင် ညှိုးငယ်လေးလံသွားတော့သည်။

ဝမ်လေ့က ငုံ့ကြည့်ကာ စစ်ဆေးလိုက်ရာ လင်းယန်၏ သေစေနိုင်သော ဒဏ်ရာမှာ လည်ပင်းတွင် ဖြစ်ပြီး ဓားချက်မှာ အလွန်ပြင်းထန်ကြောင်း တွေ့ရသည်။

ထိုဒဏ်ရာအပြင် လင်းယန်၏ ခန္ဓာကိုယ်အနှံ့တွင် ဓားဒဏ်ရာများစွာ ရှိနေပြီး ဒဏ်ရာတစ်ခုချင်းစီမှာ လင်းယန်၏ အကြောများကို ဖြတ်တောက်ရန် ရည်ရွယ်ကာ ရက်စက်စွာ တိုက်ခိုက်ထားခြင်း ဖြစ်သည်။

"ဒီမြို့ထဲမှာ တခြားဆင့်ကဲပြောင်းလဲသူတစ်ယောက် ရှိနေတာလား။ သူက ဘာလို့ ငါတို့ကို တိုက်ခိုက်ရတာလဲ"

ယန်ရှို့၏ မျက်နှာသည် အလွန်ပင် သုန်မှုန်နေတော့သည်။ ဇွန်ဘီများသည် ဓားကဲ့သို့သော လက်နက်များကို အသုံးမပြုတတ်ကြောင်းနှင့် ဤသွေးဆာနေသော သတ္တဝါများသည် လင်းယန်ကို သတ်ဖြတ်ခဲ့လျှင်ပင် အလောင်းကို အကြွင်းအကျန်မရှိ ဝါးမြိုပစ်ကြမည်ကို သူတို့ ကောင်းစွာသိရှိထားသည်။

ဇွန်ဘီတို့သည် လူကိုသတ်ပြီးလျှင် အလောင်းကို ပြန်မပေးတတ်သလို ကြိုးဖြင့်ချည်နှောင်ကာ စခန်းအပြင်ဘက်တွင် ချိတ်ဆွဲထားခြင်းမျိုးမှာလည်း လုံးဝ မဖြစ်နိုင်သောအရာပင်။

"တောက် ဒီကောင်တွေ ဘာကို ရည်ရွယ်နေတာလဲ။ ငါတို့ကို တမင်သက်သက် ရန်စနေတာလား"

လျိုယန်က ဒေါသတကြီးဖြင့် ကြမ်းပြင်ကို လက်သီးဖြင့် အရှိန်အဝါပြင်းစွာ ထိုးနှက်လိုက်သည်။

"ဇွန်ဘီတွေက တစ်မြို့လုံး အပြည့်ဖြစ်နေတာတောင် ဒီလူတွေက အချင်းချင်း တိုက်ခိုက်နေကြတုန်းပဲလား။ ငါတို့က လူတွေကို လာကယ်တာပါ၊ နယ်မြေလုဖို့ လာတာမဟုတ်ဘူး။ သူတို့က ဘာတွေ ထင်နေကြတာလဲ"

လျိုယန်၏ အမြင်အရ ဤသို့ ပြုလုပ်နိုင်သူမှာ လူသားဆင့်ကဲပြောင်းလဲသူသာ ဖြစ်ရမည်

ဖြစ်ပြီး အင်အားလည်း မသေးလှဟု ယူဆထားသည်။ သူတို့က အသက်နှင့်ရင်း၍ ကူညီရန် လာခဲ့ကြသော်လည်း ဤလူသားများ၏ ရန်ပြုမှုကို ခံရကာ အလောင်းကိုပင် လူမြင်ကွင်း၌ အရှက်ခွဲခံရသဖြင့် သူတို့၏ မျက်ဝန်းများတွင် ဒေါသမီးများ တောက်လောင်နေတော့သည်။

"ဗိုလ်ကြီး ဒါကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။ ကျွန်တော် လင်းယန်အတွက် ကလဲ့စားချေပြီး အဲ့ဒီကောင်တွေကို သတ်ပစ်ရမယ်"

ဒေါသအလိပ်လိပ် ထွက်နေသော ကျန်းဟောက်က ပြောလိုက်သည်။ သူ၏ သူငယ်ချင်းမှာ ဤကဲ့သို့ ရက်စက်စွာ အသတ်ခံရသည်ကို သူ မခံစားနိုင်တော့ချေ။

"မဖြစ်ဘူး ငါတို့ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး"

အခြေအနေများ ပိုမိုတင်းမာလာသည်ကို မြင်သောအခါ ဝမ်လေ့က ချက်ချင်း တားဆီးလိုက်သည်။

သူသည် လင်းယန်၏ ကိုယ်ပေါ်ရှိ ဓားဒဏ်ရာများကို ညွှန်ပြကာ တည်ကြည်သော မျက်နှာထားဖြင့် "လျှော့မတွက်ကြနဲ့။ လင်းယန်ရဲ့ အစွမ်းကို မင်းတို့လည်း သိတာပဲ။ သူ့လို လူမျိုးတောင် ဓားချက်အနည်းငယ်နဲ့ အလွယ်တကူ အသတ်ခံလိုက်ရတယ်ဆိုရင် ဒီလူရဲ့ အစွမ်းက အတော်လေး ကြောက်စရာကောင်းတယ်။ အမှောင်ထဲမှာ ပုန်းနေတဲ့ အဲ့ဒီလူက ငါတို့အဖွဲ့ထဲက ဘယ်သူ့ကိုမဆို သတ်နိုင်တဲ့ အစွမ်းရှိတယ်" ဟု ပြောလိုက်သည်။

"သူက ငါတို့အားလုံး မသိအောင် စခန်းအရှေ့မှာ အလောင်းကို လာချိတ်သွားတာ..."

ဝမ်လေ့၏ စကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ထိုသူသည် စခန်းအနားသို့ အသံတိတ် ချဉ်းကပ်နိုင်သည်ဆိုပါက သူတို့အားလုံးကိုလည်း အသံတိတ် ရှင်းလင်းပစ်နိုင်စွမ်း ရှိပေလိမ့်မည်။

"သူက လင်းယန်ရဲ့ အလောင်းကို ချိတ်ဆွဲပြီး ငါတို့ကို သတိပေးလိုက်တာပဲ။ ငါတို့က ရှင်သန်သူတွေကို ကယ်ဖို့ လာတာဆိုတော့ ပြဿနာကို မကြီးထွားစေနဲ့တော့။ တာဝန်ကို မြန်မြန်အဆုံးသတ်ပြီး ဒီကနေ မြန်မြန်ထွက်ကြတာပေါ့"

သို့သော် ကျန်းဟောက်မှာမူ ဝမ်လေ့၏ တားဆီးမှုကို ဂရုမစိုက်ဘဲ လင်းယန်အတွက် ကလဲ့စားချေရန် စိတ်ပိုင်းဖြတ်ထားသည်။ သူသည် လင်းယန် မနေ့က ကယ်တင်ခဲ့သော ရှင်သန်သူများထံ သွားရောက်ကာ လင်းယန် နောက်ဆုံးသွားခဲ့သည့် နေရာကို စုံစမ်းခဲ့သည်။

"လင်းယန်က ရှင်သန်သူတွေကို ကယ်ပြီးတာနဲ့ မြို့စွန်ဘက်ကို သွားခဲ့တယ်ပေါ့။ အဲ့ဒီမှာပဲ သူ အန္တရာယ်တွေ့ခဲ့တာ ဖြစ်ရမယ်"

ကျန်းဟောက်သည် ဝမ်လေ့၏ အမိန့်ကို ဖီဆန်ကာ မြို့စွန်သို့ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့သည်။

လမ်းတွင် ထပ်ခါတလဲလဲ ဖြစ်နေသော ကားဘီးရာများကို တွေ့သောအခါ သူက "လင်းယန်က ဒီမှာ သံသယဖြစ်စရာ တစ်ခုခုတွေ့လို့ အသတ်ခံရတာ ဖြစ်ရမယ်။ ဇွန်ဘီတွေ ကားမောင်းတယ်ဆိုတာ အလကားပါ။ ဒီဆင့်ကဲပြောင်းလဲသူတွေကပဲ ကားမောင်းပြီး လူတွေကို လှည့်စားနေတာနေမှာ" ဟု လှောင်ပြောင်လိုက်သည်။

ချင်းရွှေလယ်ယာခြံတွင် ချီချီလေးနှင့် ကျောက်လင်းအတွက် ဆန်ပြုတ်ချက်နေသော လုချွမ်းသည် ရုတ်တရက် အာရုံတစ်ခု ရရှိလိုက်သည်။

ဇွန်ဘီရုပ်သေး၏ မြင်ကွင်းမှတစ်ဆင့် နောက်ထပ် လူသားဆင့်ကဲပြောင်းလဲသူတစ်ဦးသည် လယ်ယာခြံဘက်သို့ ဦးတည်လာနေကြောင်း သူ မြင်လိုက်ရသည်။

လုချွမ်း၏ နူးညံ့သော မျက်ဝန်းများမှာ ချက်ချင်းပင် အေးစက်သော သတ်ဖြတ်လိုစိတ်များအဖြစ် ပြောင်းလဲသွားတော့သည်။

"ငါ သတိပေးခဲ့ပြီးပြီပဲ။ မင်းတို့က စည်းမကျော်သင့်တာကို မသိကြသေးဘူး"

"သေချင်ဇော တိုက်နေမှတော့ ငါကပဲ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်"

All Chapters