အခန်း (၄၀၃)
Vol. 41 Ch. 403
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၀၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ ထိုညက မည်သည်တို့ ဖြစ်ပျက်ခဲ့သည်နည်းကို တုပိုင်မသိချေ။ အဘယ်ကြောင့်ဆိုသော် အိမ်မက်စနစ်၏ လက်ချက်ကြောင့် တုပိုင်သည် ခွေးသေကြီးတစ်ကောင်ကဲ့သို့ကို အိပ်ပျော်နေခဲ့သောကြောင့်ပင်ဖြစ်လေ၏။
“ငါက အသက် ၃၉ နှစ် ရှိနေပြီ။ ဒီလိုစကားမျိုး ပြောရတာ တကယ် ရှက်ဖို့ကောင်းပါတယ်” လီတောက်ယွဲ့က အားငယ်စွာဖြင့် ပြောလိုက်၏။
တာ့နင်အင်ပါယာ၏ အစဉ်အလာနှင့် လူမှုပတ်ဝန်းကျင်အမြင်အရ ဆိုလျှင်မူ လီတောက်ယွဲ့သည် အရှက်ရဖွယ် ဖြစ်နေပေလိမ့်မည်။ သို့ရာတွင် ခေတ်သစ်ကမ္ဘာမြေ၌မူ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတို့မှာ နတ်သမီးဟု တင်စားခံရသူများ ဖြစ်ကြပြီး ၊ ထိုနတ်သမီးအများစုသည်လည်း ဤအရွယ်ရောက်မှပင် အိမ်ထောင်ပြုရန် စတင်ပြင်ဆင်ကြသည် ဖြစ်၏။
အထူးသဖြင့် နတ်သမီးလေးများမှာ အသက် ၂၀ ဝန်းကျင် လူငယ်လေးများနှင့် လက်ထပ်ထိမ်းမြားခြင်းမှာ ခေတ်သစ်၌ ဆန်းကြယ်သည့်ကိစ္စ မဟုတ်တော့ပေ။
သာ၍ ထူးခြားသည်မှာ လီတောက်ယွဲ့၏ နုပျိုမှုပင် ဖြစ်သည်။ သူမ၏ မြင့်မားလှသော သိုင်းပညာစွမ်းအားကြောင့် ကမ္ဘာမြေပေါ်ရှိ မည်သည့်နတ်သမီးနှင့်မျှ မနှိုင်းယှဉ်နိုင်လောက်အောင် ပိုမိုလှပ၍ ပိုမိုနုပျိုနေသည်။
အသက် ၃၀ ခန့်သာ ရှိဦးမည်ဟု ထင်မှတ်ရသော သူမ၏ မျက်နှာပြင်နှင့် အသက် ၃၀ ပင် မပြည့်သေးသူကဲ့သို့ တင်းရင်းလှပသော ကိုယ်ခန္ဓာအချိုးအစားမှာ မြင်သူတကာ ငေးမောဖွယ်ပင်။ သူမ၏ ပြည့်ဖြိုးတင်းရင်းသော အလှတရားမှာ ခေတ်သစ်ကမ္ဘာမြေရှိ ဆေးဝါးများနှင့် မိတ်ကပ်များဖြင့် အတုအယောင် ဖန်တီးထားသော နတ်သမီးတို့နှင့် လုံးဝ အလှမ်းကွာခြားလှသည်။
အမျိုးသမီးတစ်ဦး၏ နုပျိုမှုကို တိုင်းတာလိုလျှင် လည်ပင်းအရေပြားကို ကြည့်ရုံဖြင့် သိနိုင်သည်ဟု ဆိုစမှတ်ရှိကြ၏။ ခေတ်သစ်ကမ္ဘာမှ အသက် ၃၀ ၊ ၄၀ အရွယ် နတ်သမီးတို့သည် ခေတ်မီနည်းပညာများသုံး၍ မျက်နှာကို တင်းရင်းအောင် ပြုပြင်နိုင်ကြသော်လည်း တွဲကျနေသော လည်ပင်းအရေပြားက သူတို့၏ အသက်မှန်ကို ဖော်ပြနေတတ်သည်။
သို့သော် လီတောက်ယွဲ့မှာမူ လည်ပင်းအရေပြားမှာ ငန်းဖြူလေးတစ်ကောင်ကဲ့သို့ပင် ချောမွေ့သွယ်လျလျက် သူမ၏ နုပျိုမှုမှာ အစစ်အမှန်ဖြစ်ကြောင်း သက်သေထူနေသယောင် ရှိတော့သည်။
“တုပိုင်… ငါအစက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် အကြောင်း လျှို့ဝှက်စာကို မဟာအန်ချိုကျွန်းသခင်ဆီ ပေးဖို့ ရည်ရွယ်ထားတာ” လီတောက်ယွဲ့က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အတိုင်းအတာတစ်ခုအထိ မဟာအန်ချိုကျွန်းသခင်ဟယ်ကျင်းက တရားမျှတမှု ရှိသေးလို့ပဲ။ ဒါပေမဲ့ အခြေအနေက ရှုပ်ထွေးနေတယ်။ မင်းကို သူ့ဆီ မပေးစေချင်ဘူး။ ဒီလျှို့ဝှက်စာကို မင်းကိုပဲ ပေးလိုက်မယ်။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် ရှိတဲ့နေရာကိုလည်း မင်းကိုပဲ ပေးလိုက်မယ်”
တုပိုင် ချက်ချင်း အံ့သြသွားသည်။ “ဘာလို့လဲ။”
လီတောက်ယွဲ့က ပြောလိုက်သည်။ “အကယ်၍ ငါက မင်းကို လျှို့ဝှက်စာ သွားပို့ခိုင်းရင် မင်းအသက်အန္တရာယ် ရှိနိုင်တယ်။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ် က ပေမင်မဟာအတတ် ရဲ့ အရေးကြီးဆုံး အနှစ်သာရ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ပေမင်မဟာအတတ် က ပေမင်ဓားဂိုဏ်းရဲ့ အဖိုးတန် ရတနာပဲ။ ဒါပေမဲ့ ပေမင်ဓားဂိုဏ်းက တစ်ချိန်က ကွဲသွားခဲ့တော့ ပေမင်မဟာအတတ်လည်း နှစ်ပိုင်းကွဲသွားခဲ့တယ်။ ပေမင်ဓားဂိုဏ်းက ပေမင်မဟာအတတ် ကို လက်လွတ်ခဲ့ရတာ နှစ်ပေါင်း တစ်ထောင်နီးပါး ရှိပြီ။ ဒီ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်က ပေမင်ဓားဂိုဏ်းရဲ့ မဟာဗျူဟာအဆင့် ပစ္စည်းပဲ။ ပေမင်ဓားဂိုဏ်းရဲ့ အရေးကြီးဆုံးအရာ ၊ ဘာနဲ့မှ မလဲနိုင်တဲ့အရာပဲ။ ငါသာ မင်းကို ဒီလျှို့ဝှက်စာ ပေးပို့ခိုင်းလိုက်ရင် ပေမင်ဓားဂိုဏ်းက လူကြီးတွေက မင်းကို အတွင်းလူလို့ ထင်ပြီး သတ်ပစ်ကြလိမ့်မယ်”
“ငါ လီတောက်ယွဲ့က တကယ် လောဘကြီးတဲ့သူပါ။ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရှိတဲ့နေရာကို သိလိုက်ရတုန်းက ပထမဆုံး စိတ်ကူးမိတာက အထက်ကို တင်ပြဖို့ မဟုတ်ဘဲ ကိုယ်ကျိုးအတွက် သိမ်းပိုက်ဖို့ပဲ။ အခု ငါ သေတော့မယ်ဆိုတော့ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရှိတဲ့နေရာက ငါ့ရဲ့ အကြီးမားဆုံး ၊ အဖိုးတန်ဆုံး အမွေအနှစ် ဖြစ်သွားပြီ။ ဒါပေမဲ့ ငါ့မှာ ဆက်ခံမယ့်သူ မရှိဘူး။ ငါ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုး လီတောက်အန်းကလည်း ရန်သူလို ဖြစ်နေတယ်။ ငါ့နားမှာ ရင်းနှီးတဲ့သူ တစ်ယောက်မှ မရှိဘူး” လီတောက်ယွဲ့က အားနည်းစွာ ပြောလိုက်သည်။ “မင်းက ငါ့အသက်ကို ကယ်ခဲ့တယ်။ ပြီးတော့ မင်းနဲ့ငါကြားမှာ ထူးဆန်းတဲ့ ဆက်ဆံရေးလေး ရှိနေသေးတယ်။ ဒါကြောင့် ငါ့ရဲ့ အဖိုးတန်ဆုံး အမွေအနှစ်ဖြစ်တဲ့ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရှိတဲ့နေရာကို မင်းဆီ လွှဲပြောင်းပေးလိုက်မယ်”
လီတောက်ယွဲ့က လက်ထဲရှိ လျှို့ဝှက်စာကို တုပိုင်ထံ ကမ်းပေးလိုက်သည်။ သို့သော် တုပိုင် လက်မခံခဲ့ပေ။
“ဘာလို့လဲ… မင်း မလိုချင်ဘူးလား။ ဒါက ဒဏ္ဍာရီလာ သိုင်းကျမ်း ကြယ်တာရာစုပ်ယူခြင်းမဟာအတတ် ရှိတဲ့နေရာလေ။ ဘယ်သူပဲ ရရ ၊ ကမ္ဘာ့နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာနိုင်တာ။ ပြီးတော့ မိစ္ဆာမ မိုချိုသာ ရသွားရင် ကမ္ဘာကြီးအတွက် ကပ်ဘေးပဲ။ သူ ဖြစ်စေမယ့် အန္တရာယ်က အရင်တုန်းက ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကျီယင်ယင်ထက်တောင် ကျော်လွန်သွားလိမ့်မယ်”
ထိုအချိန်တွင် တုပိုင်၏ စိတ်ထဲမှ ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။
“စနစ်ရှင်… တကယ်တော့ လီတောက်ယွဲ့ကို ကယ်လို့ရပါတယ်”
တုပိုင် ကြောင်သွားသည်။ “ငါ့ရဲ့ အတွင်းအားနဲ့ ရွှမ်းချီစွမ်းအင်တွေ အကုန်ကုန်သွားပြီလေ။ အပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့ အနည်းဆုံး နာရီအနည်းငယ် လိုဦးမယ်။ လီတောက်ယွဲ့က အများဆုံး ၁၅ မိနစ်ပဲ ခံနိုင်တော့မှာ”
အလင်းရောင်အရိပ်က ပြောသည်။ “တျန်ဂျီကျွန်းသခင် ရေးသားခဲ့တဲ့ ဟွမ်းယန်မဟာအတတ်ကျမ်းကို မှတ်မိသေးလား”
တုပိုင် သေချာပေါက် မှတ်မိသည်။ တျန်ဂျီကျွန်းသခင်က ဗေဒင်တွက်ပြီး ကိုယ်ကျိုးရှာလွန်းလို့ ကောင်းကင်ပြစ်ဒဏ်သင့်ပြီး ယောက်ျားတစ်ယောက် ဖြစ်နိုင်စွမ်း ပျောက်ဆုံးသွားကာ ဥနှစ်လုံး ကျုံ့ဝင်ပျောက်ကွယ်သွားခဲ့ကြောင်း သူ သိထားသည်။
လှပသော ဇနီးမယားများစွာ ပိုင်ဆိုင်ထားသော တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းသည် စိတ်ပျက်အားငယ်ကာ မိမိကိုယ်ကို ကယ်တင်ရန် ကြိုးစားရင်း ပုံမှန်ယောက်ျားတစ်ယောက် ပြန်ဖြစ်လာဖို့အတွက် ဟွမ်းယန်မဟာအတတ် ကျမ်းကို ရေးသားခဲ့ခြင်း ဖြစ်သည်။
အလင်းရောင်အရိပ်က ပြောသည်။ “သူ့ရဲ့ ဟွမ်းယန်မဟာအတတ်က မပြီးဆုံးသေးပေမဲ့ စုံတွဲကျင့်ကြံခြင်းအပိုင်းတော့ ပါဝင်နေပါသေးတယ်။ အဓိကကတော့ ယင်ဓာတ်ကို စုဆောင်းပြီး ယန်ဓာတ်ကို ဖြည့်တင်းခြင်း ၊ တစ်နည်းအားဖြင့် မိန်းမနဲ့ အတူနေရင်း မိန်းမရဲ့ စွမ်းအင်အနှစ်သာရကို စုပ်ယူတဲ့ မိစ္ဆာနည်းလမ်းပဲ”
တုပိုင် ရုတ်တရက် ခေါင်းနားပန်းကြီးသွားသည်။
အလင်းရောင်အရိပ်က ပြောသည်။ “ဒါကြောင့် မင်းက ဟွမ်းယန်မဟာအတတ်ထဲက မိစ္ဆာနည်းလမ်းကို သုံးပြီး လီတောက်ယွဲ့ရဲ့ ခန္ဓာကိုယ်ထဲက အေးစက်တဲ့ စွမ်းအင်တွေကို မင်းခန္ဓာကိုယ်ထဲ စုပ်ယူလိုက်။ ပြီးမှ မင်းဒန်တျန်ထဲက နဂါးသွေး ရွှေရောင်စွမ်းအင်နဲ့ ဖြည်းဖြည်းချင်း ချေဖျက်လိုက်။ ဒီနည်းနဲ့ လီတောက်ယွဲ့ကို ကယ်တင်နိုင်တယ်”
တုပိုင်က ပြောလိုက်သည်။ “ငါ… ငါက အခု မိန်းမစိုး ဖြစ်နေသေးတယ်လေ။ စုံတွဲကျင့်ကြံလို့ ရမလား”
အလင်းရောင်အရိပ်က ပြောသည်။ “အဲဒီအချိန်တုန်းက တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းလည်း မိန်းမစိုး ဖြစ်နေတာပဲလေ။ စုံတွဲကျင့်ကြံတယ်ဆိုတာ အတူနေမှ ရတာ မဟုတ်ဘူး။ တစ်ကိုယ်လုံးက သွေးကြောတွေ ၊ ကြွက်သားတွေကို ထပ်တူကျအောင် လုပ်ပြီး စွမ်းအင်တွေ လွှဲပြောင်းရယူတာပဲ”
တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် အရမ်း ရင်းနှီးလွန်းနေမလား”
အလင်းရောင်အရိပ်က ပြောသည်။ “အရမ်း… အရမ်းကို ရင်းနှီးမှာပါ။ မင်း အမြတ်ထွက်တာပေါ့။ လီတောက်ယွဲ့က တကယ် လှတယ်။ အသက် ၃၀ မကျော်သေးသလိုပဲ။ မင်းအစ်မ ကျီပြောင်ပြောင်နဲ့ ရွယ်တူလောက်ပဲ ရှိမယ်”
“တော်… တော်တော့။ ဆက်မပြောနဲ့တော့” တုပိုင် တားလိုက်သည်။
ဘာကြောင့်မှန်းမသိ လီတောက်ယွဲ့ကို မြင်တိုင်း လီမိုချိုကို သွားသတိရမိသည်။ သူ ဝန်မခံချင်ပေမဲ့ သိုင်းလောကရဲ့ လင်းယုန်သူရဲကောင် ဇာတ်လမ်းကို ကြည့်တိုင်း သူ အလိုချင်ဆုံးက ရှောင်လုံနွီ မဟုတ်ဘဲ လီမိုချို ဖြစ်နေတတ်သည်။ ထိုသည်က တကယ်ကို ရှက်စရာကောင်းလှ၏။
သူနားရှိ အမျိုးသမီးများအားလုံးသည် သူ့ထက်အသက်ကြီး၏။ နှစ်အနည်းငယ်မဟုတ်ဘဲ ဆယ်စုနှစ်တစ်ခုနီးပါးဖြစ်သည်။ ကျီပြောင်ပြောင်က အသက် ၂၉ ဖြစ်ပြီး သွေးကွမ်ရင်မယ်တော်သည်လည်း ထိုပတ်ဝန်းကျင်လောက်သာဖြစ်၏။ ရှက်စရာကောင်းလွန်းသောကြောင့် တုပိုင်က လီတောက်ယွဲ့အပေါ် ဘာစိတ်ကူးမှ မရှိခဲ့ပေ။ သူမမျက်နှာက အသက် ၃၀ လောက် ရှိပေမဲ့ ခန္ဓာကိုယ်ကတော့ ၂၇ ၊ ၂၈ နှစ်လောက်ပဲ ရှိသေး၏။
အလင်းရောင်အရိပ်က ပြောသည်။ “မလုပ်ချင်ရင်လည်း လီတောက်ယွဲ့ကို သေခိုင်းလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် သူက ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြပြီးပြီပဲ။ သေသွားရင် ဘာမှ မကျန်တော့ဘူး”
ထိုအချိန်တွင် လီတောက်ယွဲ့သည် တကယ် သေလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူမ၏ လှပသော မျက်ဝန်းများသည် မှေးမှိန်နေပြီး လက်ထဲတွင် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရှိသောနေရာ လျှို့ဝှက်စာကို ကိုင်ထားဆဲပင်။
“ယူလိုက်ပါ… ယူလိုက်ပါ။ ငါ တကယ် ဝမ်းနည်းပါတယ်။ သေခါနီးအချိန်မှာ မင်းက ငါ့ရဲ့ အရင်းနှီးဆုံးလူ ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
တုပိုင် သွားကို တင်းတင်းစေ့လိုက်ပြီး ပြောလိုက်သည်။ “ဂိုဏ်းချုပ်လီ… ခင်ဗျား… ခင်ဗျားကိုလည်း ကျွန်တော် ကယ်နိုင်ပါတယ်”
ထိုစကား ထွက်ပေါ်လာသည်နှင့် လီတောက်ယွဲ့၏ မျက်လုံးများ အရောင်တောက်လာပြီး ချက်ချင်း မေးလိုက်သည်။ “တကယ်လား”
သိသာလှစွာပင် လီတောက်ယွဲ့လည်း မသေလိုသေးပေ။ အသက်ရှင်ဖို့ နည်းလမ်းရှိနေသေးသည်ဆိုပါက သူမ လက်လွှတ်ခံမည်မဟုတ်ချေ။
တုပိုင် ပြောရခက်နေသည်။ သူက တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း ရေးသားခဲ့သော ဟွမ်းယန်မဟာအတတ်ကျမ်းကို ယူလိုက်ပြီး စုံတွဲကျင့်ကြံခြင်း မိစ္ဆာနည်းလမ်း အခန်းကို ဖွင့်ပြလိုက်သည်။ စာသားများနှင့် ပုံများက သဘောတရားတစ်ခုလုံးကို ရှင်းလင်းစွာ ဖော်ပြနေသည်။
လီတောက်ယွဲ့ တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်နှာတစ်ခုလုံး ရဲသွားလေ၏။
ဤစုံတွဲကျင့်ကြံခြင်း မိစ္ဆာနည်းလမ်းသည် တကယ်တမ်း အတူနေခြင်း မဟုတ်သော်လည်း အတူနေခြင်းထက် ပို၍ နီးကပ်နေသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ ၊ သွေးကြောများ ၊ အပ်စိုက်ကွက်များနှင့် လမ်းကြောင်းများ ထပ်တူကျနေရမည် ဖြစ်ပြီး စွမ်းအင်များကို အပြန်အလှန် လွှဲပြောင်းပေးရမည် ဖြစ်သည်။
လီတောက်ယွဲ့ တုန်ရီစွာ ပြောလိုက်သည်။ “ဆိုလိုတာက… မင်းက ဒီမိစ္ဆာနည်းလမ်းကို သုံးပြီး ငါ့ခန္ဓာကိုယ်ထဲက စွမ်းအင်အနှစ်သာရတွေနဲ့ မြေအောက်ကမ္ဘာလက်ဝါးသိုင်း အဆိပ်တွေကို မင်းခန္ဓာကိုယ်ထဲ စုပ်ယူလိုက်မယ်။ ပြီးရင်… မင်း အန္တရာယ် ဖြစ်မလား”
တုပိုင် ခေါင်းခါလိုက်ပြီး ပြောသည်။ “မဖြစ်ပါဘူး။ ကျွန်တော့် ဒန်တျန်ထဲမှာ ထူးခြားတဲ့ စွမ်းအင်တစ်မျိုး ရှိတယ်။ အဲဒီစွမ်းအင်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပြီး မြေအောက်ကမ္ဘာလက်ဝါးသိုင်း အဆိပ်ကို ချေဖျက်နိုင်တယ်။ တကယ်တော့ ကျွန်တော်က မြေအောက်ကမ္ဘာအဆိပ်ကို အကြိမ်ကြိမ် ခံစားဖူးပြီးပြီ။ ခင်ဗျားထက်တောင် ပိုပြင်းထန်ပါသေးတယ်”
“ဒီကျင့်စဉ်က တကယ် မိစ္ဆာဆန်တာပဲ။ လင်မယားတွေတောင် ဒီလောက်ထိ မနီးကပ်နိုင်ဘူး” လီတောက်ယွဲ့ တုန်ယင်စွာ ပြောလိုက်သည်။
“မပြောနဲ့တော့…” တုပိုင် မျက်နှာလွှဲလိုက်ပြီး ပြောသည်။ “အသက်ရှင်ချင်လား ၊ မရှင်ချင်ဘူးလား ပြော။ ရှင်ချင်တယ်ဆိုရင် မြန်မြန်လုပ်။ မရှင်ချင်ရင်တော့ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ရှိတဲ့နေရာကို ပေးခဲ့ပြီး သေလိုက်တော့”
လီတောက်ယွဲ့ မျက်လုံးမှိတ်လိုက်ပြီး ပြင်းထန်စွာ ရုန်းကန်နေရသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူမ မျက်လုံးဖွင့်လိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ၏ အင်္ကျီကြယ်သီးများကို ဖြုတ်ကာ ကျန်လက်တစ်ဖက်ဖြင့် ဟွမ်းယန်မဟာအတတ် ကျမ်းကို လေ့လာလိုက်သည်။
“အသက်ရှင်လို့ရရင် ဘယ်သူက သေချင်မှာလဲ။ မြန်မြန်လုပ်… အချိန်မဖြုန်းနဲ့။ ငါ သေတော့မယ်…”
တုပိုင် အံ့သြသွားသည်။ ‘ဂိုဏ်းချုပ်လီ… ခင်ဗျား ဒီလောက်ထိ သတ္တိရှိသယောင် မဆောင်ပါနဲ့လား။’
နောက်ဆက်တွဲအနေဖြင့် လီတောက်ယွဲ့၏ လုပ်ရပ်များ ပိုမို ရဲတင်းလာသည်။ တုပိုင်၏ အဝတ်အစားများကို လာရောက်ချွတ်ပေးပြီး မြေကြီးပေါ်သို့ တွန်းလှဲလိုက်သည်။ “မြန်မြန်… ဒီကျမ်းထဲက ပုံစံအတိုင်း တစ်ကိုယ်လုံးက ကြွက်သားတွေ ၊ သွေးကြောတွေ ၊ အပ်စိုက်ကွက်တွေကို ထပ်တူကျအောင် လုပ်။ လွှဲပြောင်းစုပ်ယူဖို့ အဆင်သင့်ပြင်ထား”
‘အရှက်မရှိဘဲ အသက်ရှင်ဖို့ ဆုံးဖြတ်လိုက်မှတော့ ဘာကို ထိန်းသိမ်းနေရဦးမှာလဲ။’ ထိုသည်က လီတောက်ယွဲ့ရဲ့ အတွေးပင်ဖြစ်၏။
ထို့နောက် တုပိုင် ထပ်မံ အဓမ္မကျင့်ခံရပြန်သည်။ တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း၏ ဟွမ်းယန်မဟာအတတ် ကို အခြေခံပြီး တုပိုင်သည် မိစ္ဆာနည်းလမ်းကို အသုံးပြုကာ သူမ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်အနှစ်သာရများနှင့် မြေအောက်ကမ္ဘာလက်ဝါးသိုင်း စွမ်းအင်များကို တစ်ကိုယ်လုံးရှိ ကြွက်သားများနှင့် အပ်စိုက်ကွက်များမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။
တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းက ဤသိုင်းကျမ်းကို ကိုယ်ကျိုးအတွက် ရေးသားခဲ့တာ ဖြစ်သော်လည်းဘဲ တုပိုင်ကတော့ သူတပါးကို ကယ်တင်ဖို့ ၊ အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို စုပ်ယူဖို့ သုံးလိုက်တာကို သိရင် မိစ္ဆာအိုကြီးကျန်းတစ်ယောက် ဆွံ့အသွားပေလိမ့်မည်။
ထိုသို့ဖြင့် တုပိုင်နှင့် လီတောက်ယွဲ့တို့သည် မကြုံစဖူး ရင်းနှီးသော ထိတွေ့မှုတစ်ခု ၊ မိစ္ဆာဆန်သော ထိတွေ့မှုတစ်ခုကို ပြုလုပ်လိုက်ကြသည်။ နာရီဝက်ကြာပြီးနောက် အရာအားလုံး ပြီးဆုံးသွားလေ၏။
အပိုင်း ၄၀၃ ပြီး။