← Chapters

အခန်း (၄၀၈)

Vol. 41 Ch. 408

အခန်း (၄၀၈)

Vol. 41 Ch. 408

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၀၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“ဘုရားသခင်က ငါ့ကို သေစေချင်နေပြီဆိုရင် ဘယ်လိုလုပ်ရမလဲ...” မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းသည် ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။

ထို့နောက် သူသည် ချက်ချင်း အမိန့်ပေးလိုက်သည်။ “မဟာအန်ချိုကျွန်းပေါ်က မဟာဆရာသခင်အဆင့်အောက် လူတွေအားလုံး လှေတွေနဲ့ ချက်ချင်း ထွက်ခွာကြ။ မဟာဆရာသခင်အဆင့်နဲ့အထက် သိုင်းပညာရှင်အားလုံး လူတွေကို ကယ်ဆယ်ဖို့အတွက် ငါနဲ့အတူ နဂါးဂူထဲ လိုက်ခဲ့ကြ”

ထိုစကားကြောင့် တုပိုင် အနည်းငယ် လေးစားသွားမိသည်။လီတောက်ယွဲ့ ပြောဖူးသကဲ့သို့ပင်။ ကျွန်းသခင်တစ်ယောက် ဖြစ်ရန်အတွက် အရေးအကြီးဆုံးမှာ သိုင်းပညာ မဟုတ်ဘဲ တရားမျှတမှုပင် ဖြစ်သည်။

မဟာအန်ချိုကျွန်းတွင် သိုင်းပညာအမြင့်ဆုံးသူများမှာ မိစ္ဆာမ မိုချိုနှင့် တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းတို့ ဖြစ်ကြသည်။ သို့သော် သူတို့နှစ်ယောက်၏ အာဏာက အမြင့်ဆုံးတွင် ရှိမနေပေ။ ယခုအချိန်တွင် ဟယ်ကျင်း၏ အမိန့်ပေးမှုသည် မဟာအန်ချိုကျွန်းသခင် ရာထူးနှင့် ထိုက်တန်ပေသည်။

ဟယ်ကျင်း၏ အမိန့်အောက်တွင် မဟာအန်ချိုကျွန်းမှ လူတစ်ထောင်ကျော်သည် ချက်ချင်း နှစ်ဖွဲ့ခွဲလိုက်ကြသည်။ မဟာဆရာသခင်အဆင့်အောက် ဂိုဏ်းသားအများစုသည် လှေများပေါ် တက်ပြီး အမြန်ဆုံး ထွက်ခွာသွားကြသည်။

“တုပိုင်... မင်းလည်း မြန်မြန်သွားတော့” လီတောက်ယွဲ့က ပြောလိုက်သည်။

ကျန်းရှဲ့က ဝင်ပြောသည်။ “သူ သွားလို့မရဘူး။ သွားချင်ရင် ငါ့အဖေရဲ့ ရတနာတွေကို အကုန်အပ်ခဲ့မှ ရမယ်”

တုပိုင်က ဟယ်ကျင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်တော် မသွားပါဘူး”

ဟယ်ကျင်း ခေါင်းညိတ်ပြလိုက်သည်။ လီတောက်ယွဲ့ စိုးရိမ်သွားပြီး တုပိုင်လက်ကို တင်းတင်းဆုပ်ကိုင်ကာ အခွင့်ကောင်းယူပြီး ထွက်ပြေးစေချင်နေသည်။

“ဒါမှမဟုတ် ခဏနေ နဂါးဂူထဲ ရောက်ရင် ဘယ်သူမှ သတိမထားမိခင် ငါတို့ ထွက်ပြေးကြမလား” လီတောက်ယွဲ့က တုပိုင်၏ နားသို့ကပ်ပြီး တီးတိုးပြောလိုက်သည်။

‘ခိုးပြေးကြမည်လော’

တုပိုင် တိုးတိုးပြန်ပြောလိုက်သည်။ “ခင်ဗျား ရူးနေလား။ ပေမင်ဓားဂိုဏ်းရဲ့ အဆုံးစွန် လိုက်လံတိုက်ခိုက်တာကို ခံချင်လို့လား”

နောက်ဆုံးတွင် လူ ၄၉ ယောက်သာ ကျန်ရစ်ခဲ့သည်။

တုပိုင် အမှန်တကယ် အံ့သြသွားသည်။ မဟာအန်ချိုကျွန်း တစ်ခုတည်း၌ပင် မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ၄၉ ယောက် ရှိနေသည်လော။

အပြင်လောက သိုင်းလောကတွင် ဂိုဏ်းတစ်ခု၌ မဟာဆရာသခင်အဆင့် သိုင်းပညာရှင် တစ်ယောက် ၊ နှစ်ယောက် ရှိရုံဖြင့် အလွန် ဂုဏ်ယူစရာ ကောင်းနေပြီ ဖြစ်သည်။ ပေမင်ဓားဂိုဏ်း၏ မဟာအန်ချိုကျွန်း တစ်ခုတည်းမှာပင် မဟာဆရာသခင် ၄၉ ယောက် ရှိနေသည် ဆိုရာ ၊ ပေမင်ဓားဂိုဏ်းက သိုင်းလောကကို နှစ်ထောင်ချီ လွှမ်းမိုးထားနိုင်သည်မှာ မဆန်းတော့ချေ။

သို့သော် ယွီမဟာဆရာသခင်အဆင့် ရောက်သူများကား အလွန် ရှားပါးသည်။

တျန်ဂျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်း သေဆုံးသွားပြီ ဖြစ်သဖြင့် ယခု မဟာအန်ချိုကျွန်းတစ်ခုလုံးတွင် မဟာကျွန်းသခင် ဟယ်ကျင်းနှင့် အကြီးအကဲ ကျန်းဝူရှင်း နှစ်ယောက်သာ ယွီမဟာဆရာသခင်အဆင့် ရှိတော့သည်။

ပေမင်ဓားဂိုဏ်းတွင်ပင် ယွီမဟာဆရာသခင်အဆင့်သို့ ရောက်ရှိရန် အလွန် ခက်ခဲသည်။ ထို့အပြင် အသက်ကြီးမှ ယွီမဟာဆရာသခင် ဖြစ်လာနိုင်သည် မဟုတ်ပေ။

အမှန်စင်စစ် အသက် ၅၀ မပြည့်မီ ယွီမဟာဆရာသခင်အဆင့် မရောက်ခဲ့လျှင် နောက်ပိုင်းတွင် အခွင့်အရေး နည်းပါးသွားတတ်ပေသည်။ ထို့ကြောင့် ယွီမဟာဆရာသခင် တိုင်းတွင် ကြီးမားသော ကံတရား ရှိတတ်ကြသည်။

ကျီပြောင်ပြောင်က အသက် ၂၉ နှစ်တွင် အဆင့်တက်နိုင်ခဲ့ပြီး လီတောက်ယွဲ့ကလည်း အသက် ၂၉ နှစ်တွင် အဆင့်တက်နိုင်ခဲ့သည်။ သို့သော် ဆယ်နှစ်ကြာပြီးသည့်တိုင် လီတောက်ယွဲ့သည် ယွီမဟာဆရာသခင်အဆင့်သို့ မရောက်နိုင်သေးဘဲ နောက်ငါးနှစ်အတွင်းတွင်လည်း မျှော်လင့်ချက် မရှိသလောက်ပင်။

လီတောက်ယွဲ့ တစ်သက်လုံး ယွီမဟာဆရာသခင် ဖြစ်လာနိုင်ခြေသည် ၃၀ ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။

သူမသည် ကြီးမားသော စွန့်စားခန်းများနှင့် မကြုံတွေ့ရသဖြင့် ယွီမဟာဆရာသခင် ဖြစ်လာရန် မျှော်လင့်ချက် နည်းပါးနေသည်။ ထို့ကြောင့် သူမသည် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို ရယူပြီး ယွီမဟာဆရာသခင် ဖြစ်လာချင်နေခြင်း ဖြစ်သည်။

အမှန်စင်စစ် သူမ၏ ပိုမိုကြီးမားသော ဆန္ဒကမူ အလှအပကို ထိန်းသိမ်းထားလိုခြင်းပင် ဖြစ်သည်။ နောက်နှစ် ၂၀ ကြာလျှင်လည်း ယနေ့ကဲ့သို့ နုပျိုလှပနေပြီး တုပိုင်က သူမနှင့် အတူအိပ်လိုစိတ် ဖြစ်ပေါ်နေစေရန်ပင်။ သူမအရွယ် အမျိုးသမီးတစ်ဦး၏ ခံစားချက်အပေါ် နားလည်မှုကား အလွန် ရိုးရှင်းလှသည်။ ဝိညာဉ်ချင်း ဆက်နွှယ်မှု မဟုတ်ဘဲ အတူအိပ်နိုင်ရန် ၊ စိတ်နှင့် ကိုယ်ခန္ဓာ ပေါင်းစပ်နိုင်ရန်သာ ဖြစ်သည်။

နေ့တိုင်း အတူမအိပ်နိုင်လျှင် မည်သည့်ခံစားချက်မျှ မဟုတ်တော့ပေ။

အသက် ၃၀ ဆို ဝံပုလွေ ၊ ၄၀ ဆို ကျားဟူသော စကားသည် အချို့ အမျိုးသမီးများအတွက် ဟာသ ဖြစ်နိုင်သော်လည်း လီတောက်ယွဲ့အတွက်မူ လက်တွေ့ကျသော စကားလုံးပင် ဖြစ်သည်။

မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းသည် မဟာဆရာသခင်အဆင့်နှင့်အထက် ၄၉ ယောက်နှင့် တုပိုင်ကို ဦးဆောင်ပြီး မဟာအန်ချိုကျွန်း၏ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားကြသည်။

“သတိထားကြ။ နှစ်တစ်ထောင် မြွေမိစ္ဆာကြီး မှုတ်ထုတ်လိုက်တဲ့ အဆိပ်မြူတွေကို ရှောင်ကြ” ဟယ်ကျင်းက သတိပေးလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် နဂါးဂူဝသို့ ရောက်ရှိလာကြသည်။

“ဝုန်း ဝုန်း ဝုန်း...”

အတွင်းဘက်မှ တုန်ခါမှုများကို လူတိုင်း ရှင်းလင်းစွာ ခံစားနေရသည်။ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးက အတွင်းထဲတွင် ရှိနေပြီး မဟာဆရာသခင် ၄၉ ယောက်စလုံး မျက်နှာပျက်နေကြသည်။

“ဂျူနီယာမောင်လေး... ခဏနေရင် ငါ့ဘေးကနေ ခြေတစ်လှမ်းမှ မခွာနဲ့နော်” လီတောက်ယွဲ့က တုပိုင်လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။

‘သောက်ကျိုးနည်း ၊ တခြားလူတွေ မမြင်ရဘူး ထင်နေလား။ မဟာအန်ချိုကျွန်းသခင်ကတောင် ခဏခဏ လှမ်းကြည့်နေပြီ’

ဟယ်ကျင်းက ပြောလိုက်သည်။ “အားလုံးပဲ... နှစ်တစ်ထောင် မြွေမိစ္ဆာကြီးက နဂါးဂူထဲမှာ ရောက်နေပြီ။ ပြီးတော့ ငါတို့ရဲ့ ဂိုဏ်းသား တစ်ထောင်ကျော်လည်း အထဲမှာ ရောက်နေတယ်။ ငါတို့ သူတို့ကို ကယ်တင်ရမယ်။ ငါတို့အားလုံး သေချင်သေသွားနိုင်တယ်။ ဒါပေမဲ့ ဒီနေ့ ဘယ်သူမဆို နောက်တစ်လှမ်း ဆုတ်ရဲရင် ၊ ငါ အသက်ရှင်နေသရွေ့ အဲဒီလူကို ပေမင်ဓားဂိုဏ်းက လိုက်လံသတ်ဖြတ်ဖို့ အမိန့်ထုတ်မယ်”

“ဝင်မယ်”

အမိန့်ပေးလိုက်သည်နှင့် မဟာဆရာသခင်အဆင့်နှင့်အထက် ၄၉ ယောက်သည် မျက်နှာသေများဖြင့် နဂါးဂူထဲသို့ ဝင်ရောက်သွားကြသည်။ ရုတ်တရက် အားလုံး၏ အမြင်အာရုံများ မှောင်မည်းသွားသည်။

လီတောက်ယွဲ့က ချက်ချင်း တုပိုင်နား ကပ်လာပြီး သူမပေါင်ဖြင့် တုပိုင်ပေါင်ကို ပွတ်သပ်ကာ လက်တစ်ဖက်က တုပိုင်လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဓားကို ကိုင်ထားသည်။

‘အစ်မကြီး... ဒီအချိန်ရောက်မှတော့ ဒီလောက်ထိ မလုပ်ပါနဲ့တော့လား’

အမှောင်ဆုံးနေရာသို့ ရောက်သောအခါ လီတောက်ယွဲ့က တုပိုင်နှုတ်ခမ်းကို နမ်းလိုက်သည်။ လူအများအပြားကြားထဲတွင် ဤသို့ပြုလုပ်ရသည်မှာ ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းနေပုံရသည်။

“ဝုန်း ဝုန်း ဝုန်း...”

ရုတ်တရက် နဂါးဂူတစ်ခုလုံး အပေါ်အောက် တုန်ခါသွားသည်။

“အားးးး”

နဂါးဂူ၏ နက်ရှိုင်းသော နေရာမှ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

“နှစ်တစ်ထောင် မြွေမိစ္ဆာကြီးက ရှေ့က နဂါးဂူ အနက်ပိုင်းထဲမှာ ရှိနေတယ်။ ငါတို့နဲ့ ဆယ်မိုင်လောက် ဝေးမယ်” မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်သည်။ “အားလုံး ပါးစပ်ဟထားကြ။ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးရဲ့ အော်သံကြောင့် နားစည်ကွဲမသွားအောင် သတိထားကြ”

လူအုပ်ကြီးသည် ရင်တထိတ်ထိတ်ဖြင့် သတိထားပြီး ရှေ့ဆက်သွားနေကြသည်။ ခြေတစ်လှမ်း လှမ်းတိုင်း ငရဲထဲသို့ တစ်လှမ်း ပိုနီးသွားသကဲ့သို့ ခံစားနေရသည်။

အမှန်ပင် ဖြစ်သည်။

မဟာဆရာသခင်အဆင့်နှင့်အထက် ၄၉ ယောက် ရှိသော်လည်း နှစ်တစ်ထောင် မြွေမိစ္ဆာကြီးနှင့် ရင်ဆိုင်ရလျှင် လူမည်မျှ သေဆုံးမည်ကို မသိနိုင်ပေ။

မီတာရာဂဏန်းခန့် သွားပြီးနောက် လမ်းခွဲတစ်ခု တွေ့လိုက်ရသည်။

မဟာကျွန်းသခင် ဟယ်ကျင်းက ပြောလိုက်သည်။ “ဦးလေးကျန်း... ဦးလေးက လူတစ်ဝက်ကို ခေါ်ပြီး ဘယ်ဘက် လမ်းခွဲအတိုင်း သွားပါ။ လမ်းမှာ ဂိုဏ်းသားတွေကို တွေ့ရင် ချက်ချင်း ကယ်တင်ပါ”

မဟာအန်ချိုကျွန်း အကြီးအကဲ ကျန်းဝူရှင်းက ချက်ချင်း ပြန်ဖြေသည်။ “ကောင်းပြီ

ထို့နောက် သူသည် ကျန်းရှဲ့ အပါအဝင် မဟာဆရာသခင်အဆင့် ၂၄ ယောက်ကို ခေါ်ပြီး ဘယ်ဘက်လမ်းခွဲအတိုင်း နဂါးဂူထဲ ဝင်ရောက်သွားကြသည်။ မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းက မဟာဆရာသခင်အဆင့် ၂၅ ယောက်နှင့် တုပိုင်ကို ခေါ်ပြီး ညာဘက်လမ်းခွဲအတိုင်း နဂါးဂူထဲ ဝင်ရောက်သွားကြသည်။

“ဝေါင်းးးး ဝေါင်းးးး ဝေါင်းးးး”

နှစ်တစ်ထောင် မြွေမိစ္ဆာကြီး၏ အော်သံသည် ပိုမို ကျယ်လောင်လာပြီး နားကွဲမတတ် ဖြစ်လာသည်။ တုပိုင် ခံနိုင်ရည် မရှိတော့ဘဲ နားစည်များ ကွဲထွက်မတတ် ဖြစ်လာသည်။ လီတောက်ယွဲ့က နဂါးဂူနံရံမှ ကျောက်တုံးတစ်တုံးကို ဓားဖြင့် ခုတ်ဖြတ်လိုက်ပြီး နားကြပ်နှစ်ခု ပြုလုပ်ကာ တုပိုင်၏ နားထဲသို့ ညင်သာစွာ ထည့်ပေးလိုက်သည်။

“အခု သက်သာလား”

တုပိုင် သူမ ဘာပြောသည်ကို မကြားရသော်လည်း ပါးစပ်လှုပ်ရှားမှုကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ လီတောက်ယွဲ့ ပျော်ရွှင်စွာ ပြုံးလိုက်သည်။

အမှန်တကယ်ပင် ပိုမိုသက်သာသွားသည်။ မဟုတ်လျှင် တုပိုင်သည် နှစ်တစ်ထောင် မြွေမိစ္ဆာကြီး၏ အသံလှိုင်း စွမ်းအင်ကို လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

“ဝုန်းးးး”

အပိုင်း ၄၀၈ ပြီး။

All Chapters