← Chapters

အခန်း (၄၀၉)

Vol. 41 Ch. 409

အခန်း (၄၀၉)

Vol. 41 Ch. 409

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၄၀၉

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ကောင်းကင်ကတုန်ခါသလို မြေပြင်ကလှုပ်သွားပြီး နဂါးဂူသည် စတင်ပြိုကျလာကာ ကျောက်တုံးအပိုင်းအစများ ပြန့်ကျဲလာသည်။ တကယ့်ကို ကြောက်စရာကောင်းလှသည်။

လီတောက်ယွဲ့သည် သူမ၏ ထက်မြက်သော ဓားကို ဝှေ့ယမ်းလိုက်ပြီး ကျောက်တုံးတစ်တုံးမျှ တုပိုင်ကို မထိစေရအောင် ကာကွယ်ပေးလိုက်သည်။ တုပိုင်သည် သူမနှင့် သွေးကွမ်ရင် ၊ ကျီပြောင်ပြောင်တို့၏ ကွာခြားချက်ကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

ရွဲ့ကွမ်ရင်ကလည်း သူ့ကို အဝတ်အစားနှင့် အစားအသောက်ကဲ့သို့ ဂရုစိုက်ပေးတတ်သည်။ အစ်မကြီး ကျီပြောင်ပြောင်ကမူ လုံးဝ ရဲဘော်ရဲဘက်တစ်ဦး ဖြစ်သည်။ လိုအပ်လျှင် တုပိုင်ကို မြေကြီးပေါ် တွန်းလှဲပြီး ရူးသွပ်စွာ ချစ်တင်းနှောတတ်သည်။

လီတောက်ယွဲ့ကမူ သူ့ကို အချိန်တိုင်း ဂရုစိုက်ပေးပြီး အမှန်တကယ် နူးညံ့သိမ်မွေ့သည်။

အရေးကြီးဆုံးအချက်မှာ သူမသည် ရင့်ကျက်သည် ၊ လှပသည် ၊ ဆွဲဆောင်မှု ရှိသည်။ မည်သည့်ယောက်ျားမဆို သူမကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ဘဲ အများဆုံး လပိုင်းအတွင်း အညံ့ခံရပေလိမ့်မည်။

နဂါးဂူ၏ နက်ရှိုင်းသော နေရာနှင့် ပိုမို နီးကပ်လာလေ ၊ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးနှင့် ပိုမို နီးကပ်လာလေ ဖြစ်သည်။

ထိုအချိန်တွင် နဂါးဂူတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေပြီး မတ်တပ်ရပ်၍ပင် မရနိုင်တော့ပေ။ မြေငလျင် လှုပ်နေသကဲ့သို့ ဖြစ်နေသည်။ ကီလိုမီတာအနည်းငယ်အကွာတွင် နှစ်တစ်ထောင် မြွေမိစ္ဆာကြီး ရှိနေပြီး ၎င်းသည် ရူးသွပ်နေပြီ ဖြစ်သည်။ သူ၏ မိခင်ကို ရှာမတွေ့သောကြောင့် ရူးသွပ်စွာ ပေါက်ကွဲနေခြင်း ဖြစ်သည်။

လူတိုင်း၏ ခြေထောက်များ ပျော့ခွေနေကြသည်။ ဤသည်မှာ အမှန်တကယ် သေလမ်းပင် ဖြစ်သည်။

မီတာ ၂၀၀ ထပ်မံ ရှေ့တိုးပြီးနောက် လူတိုင်း ပိတ်မိသွားကြသည်။

ရှေ့တွင် အလွန် သိပ်သည်းသော အစိမ်းရောင် အဆိပ်မြူများ ရှိနေသည်။ ဤသည်မှာ နှစ်တစ်ထောင် မြွေမိစ္ဆာကြီး မှုတ်ထုတ်လိုက်သော အဆိပ်မြူများ ဖြစ်သည်။ ရှူရှိုက်ရန် မဆိုထားနှင့် ၊ အရေပြားနှင့် ထိမိရုံဖြင့်ပင် သေဆုံးသွားနိုင်သည်။

ဤအဆိပ်မြူကို ဖြတ်ကျော်၍ မရနိုင်ပေ။

“ဘယ်လိုလုပ်ကြမလဲ” ကျီမင်းကျစ်က မေးလိုက်သည်။

မဟာကျွန်းသခင် ဟယ်ကျင်း မျက်လုံးမှိတ်လိုက်သည်။ နဂါးဂူ၏ အောက်ခြေနှင့် အလွန် နီးကပ်နေပြီ ဖြစ်သည်။ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးသည် ရှေ့နှစ်ကီလိုမီတာအကွာတွင် ရှိနေပြီး အဆိပ်မြူများကြားမှ မြင်နေရသည်။

“အား... ကယ်ကြပါဦး... ကယ်ကြပါဦး...”

ဟယ်ကျင်းသည် မရေမတွက်နိုင်သော အော်ဟစ်သံများကို ကြားလိုက်ရသည်။ နဂါးဂူစမ်းသပ်ပွဲသို့ လာရောက်ကြသော ဂိုဏ်းသား တစ်ထောင်ကျော်အနက် အများစုသည် ထိုနေရာတွင် ရှိနေကြသည်။

ဤသည်မှာ ပုံမှန်ပင် ဖြစ်သည်။ အန္တရာယ်ကို ခံစားမိသည်နှင့် သူတို့သည် အသည်းအသန် ထွက်ပြေးကြရင်း နဂါးဂူ၏ အောက်ခြေအထိ ရောက်သွားကြခြင်း ဖြစ်သည်။ ထို့နောက် မိခင်ဖြစ်သူကို ရှာဖွေရန်အတွက် နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကလည်း နဂါးဂူအောက်ခြေသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

ထို့ကြောင့် မဟာအန်ချိုကျွန်းမှ ဂိုဏ်းသား တစ်ထောင်ကျော်သည် နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကြောင့် နဂါးဂူထဲတွင် ပိတ်မိနေကြပြီး ကြောက်လန့်တကြား အော်ဟစ်နေကြခြင်း ဖြစ်သည်။

မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်း စိတ်ပျက်အားငယ်သွားသည်။ ဂိုဏ်းသား တစ်ထောင်ကျော်က အထဲတွင် ရှိနေသည်။ သို့သော် နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကလည်း အထဲတွင် ရှိနေသည်။ ထို့ပြင် ဤအဆိပ်မြူနယ်မြေကို ဖြတ်ကျော်၍ မရနိုင်ပေ။

‘ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ...’

အချိန်ဆက်ဆွဲနေလျှင် အတွင်းထဲရှိ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးက လူသတ်ပွဲ ကျင်းပတော့မည် ဖြစ်ပြီး ဂိုဏ်းသား တစ်ထောင်ကျော်လုံး သေဆုံးကုန်ပေလိမ့်မည်။

ယခု ရှေ့တိုးလျှင်လည်း သေမည် ၊ နောက်ဆုတ်လျှင်လည်း သေပေမည်။ မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်း အကျပ်ရိုက်နေပြီ ဖြစ်သည်။ အသက်ပြင်းပြင်းရှူပြီးနောက် တုပိုင် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။ “မဟာကျွန်းသခင်... ကျွန်တော် ဝင်ပြီး သူတို့ကို ကယ်လိုက်ပါ့မယ်”

ဤစကား ထွက်ပေါ်လာသည်နှင့် မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းသည် တုပိုင်ကို မယုံနိုင်သလို ကြည့်လိုက်သည်။

လီတောက်ယွဲ့ကမူ ထိတ်လန့်သွားပြီး တုန်ရီစွာ ပြောလိုက်သည်။ “မဖြစ်ဘူး... မသွားရဘူး...”

ထို့နောက် သူမသည် တုပိုင်ကို အပြင်သို့ အတင်း ဆွဲခေါ်သွားတော့သည်။

တုပိုင်က လီတောက်ယွဲ့၏ နားနားသို့ ကပ်ပြီး သူမတစ်ယောက်တည်း ကြားရုံလေသံဖြင့် ပြောလိုက်သည်။ “ကျွန်တော့်မှာ မိစ္ဆာကာကွယ်ရေးပုတီးစေ့ ရှိလို့ ဒီအဆိပ်မြူတွေကို လုံးဝ မကြောက်ပါဘူး။ ပြီးတော့ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ရေနဂါးသွေး ရှိနေလို့ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးက ကျွန်တော့်ကို သူ့အမေလို သဘောထားပြီး ရန်ရှာမှာ မဟုတ်ပါဘူး။ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်”

“မဖြစ်နိုင်ဘူး...” လီတောက်ယွဲ့ ငိုမဲ့မဲ့ ဖြစ်သွားသည်။

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ကျန်းဝူရှင်းက သားရဲဆန်းဥတွေကို အတင်း တောင်းနေတယ်။ မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းကလည်း ကျွန်တော့်ရဲ့ တျန်ဂျီကျွန်းသခင် ရာထူးကို အသိအမှတ်မပြုဘူး။ ပြီးတော့ ခင်ဗျားကလည်း လမ်းတစ်လျှောက်လုံး ဘယ်လို ဖုံးကွယ်ရမလဲ မသိဘူး။ ကျွန်တော်တို့ ဆက်ဆံရေးကို သူတို့ ရိပ်မိနေပြီ။ အရေးကြီးတဲ့ အချိန်မို့လို့ သူ ခင်ဗျားကို အရေးမယူတာ။ ဒီကိစ္စပြီးရင် မဟာအန်ချိုကျွန်းက ခင်ဗျားကို သေချာပေါက် အပြစ်ပေးလိမ့်မယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက် ကျွန်တော် စွန့်စားရလိမ့်မယ်”

“ဒါဆို ငါလည်း မင်းနဲ့အတူ လိုက်မယ်” လီတောက်ယွဲ့က ပြောလိုက်သည်။

“ခင်ဗျား ရူးနေလား။ ခင်ဗျားမှာ မိစ္ဆာကာကွယ်ရေးပုတီးစေ့ ရှိလို့လား” တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် သေချာတယ်လို့ ပြောရင် သေချာပေါက် သေချာလို့ပဲ”

ထို့နောက် တုပိုင်သည် လီတောက်ယွဲ့ကို ကျီမင်းကျစ်ဆီသို့ တွန်းပို့လိုက်သည်။

“ကျွန်းသခင်ဟယ်... ကျွန်တော် မဟာအန်ချိုကျွန်းက ဂိုဏ်းသား တစ်ထောင်ကျော်ကို သွားကယ်လိုက်ပါဦးမယ်။ နောင်တစ်ချိန်ကျရင် ခင်ဗျားရဲ့ တရားမျှတမှုကို ဆက်လက် ထိန်းသိမ်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်” တုပိုင်က ပြောလိုက်သည်။

ထို့နောက် သူသည် အစိမ်းရောင် အဆိပ်မြူထဲသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးဝင်သွားပြီး တစ်ချိန်တည်းမှာပင် မိစ္ဆာကာကွယ်ရေးပုတီးစေ့ကို ပါးစပ်ထဲ ငုံလိုက်သည်။

မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်း လုံးဝ မှင်သက်သွားသည်။

‘သူ့ကျင့်ကြံမှုအဆင့်က ဒီလောက် နိမ့်ကျနေတာကို နှစ်တစ်ထောင် မြွေမိစ္ဆာကြီးရဲ့ လက်ထဲကနေ လူတစ်ထောင်ကျော်ကို ဘယ်လို ကယ်ထုတ်နိုင်မှာလဲ။ အိပ်မက်မက်ပြီး ရူးနေတာလား။´

သို့သော် တုပိုင် ပြတ်ပြတ်သားသား အဆိပ်မြူထဲ ဝင်သွားသည့် မြင်ကွင်းက မဟာအန်ချိုကျွန်းသခင် ဟယ်ကျင်းကို တုန်လှုပ်စေခဲ့သည်။ သူသည် လီတောက်ယွဲ့နှင့် တုပိုင်တို့၏ ဖောက်ပြန်မှုကို ဆက်လက် အရေးမယူတော့ရန် ဆုံးဖြတ်လိုက်သည်။

တုပိုင် အဆိပ်မြူထဲ ဝင်သွားသည်ကို မြင်လိုက်ရသောအခါ လီတောက်ယွဲ့ မှင်သက်သွားသည်။ ထို့နောက် အော်ဟစ်လိုက်ပြီး ကျီမင်းကျစ်၏ လက်မောင်းထဲမှ ရုန်းထွက်ကာ အခြားလမ်းကြောင်းတစ်ခုသို့ ထွက်ပြေးသွားတော့သည်။

နဂါးဂူအောက်ခြေသို့ ရောက်နိုင်သော အခြားလမ်းခွဲတစ်ခု ရှိသေးကြောင်း သူမ သတိရသွားခြင်း ဖြစ်သည်။

ဤရူးသွပ်နေသော အမျိုးသမီးက စိတ်လိုက်မာန်ပါနှင့် အတွင်းထဲက နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကို ဂရုမစိုက်ဘဲ အခြားလမ်းမှတစ်ဆင့် နဂါးဂူအောက်ခြေကို ပြေးသွားလေတော့သည်။

တုပိုင်က မိစ္ဆာကာကွယ်ရေးပုတီးစေ့ကို ငုံထားသဖြင့် ဤကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် အဆိပ်မြူများသည် သူ့ကို မည်သို့မျှ အန္တရာယ် မပေးနိုင်ပေ။

သို့သော် အတွင်းထဲရှိ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးက ရူးသွပ်နေသဖြင့် မြေကြီးတစ်ခုလုံး တုန်ခါနေသည်။ လမ်းလျှောက်ရင်း လဲကျလုမတတ် ဖြစ်နေပြီး အတွင်းကလီစာများပင် ကွဲကြေလုမတတ် ခံစားရသည်။

“အား... ကယ်ကြပါဦး... ကယ်ကြပါဦး...”

အတွင်းထဲမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ဤသည်မှာ သိသာထင်ရှားစွာပင် မဟာအန်ချိုကျွန်းမှ ဂိုဏ်းသားများ ဖြစ်ကြသည်။ တုပိုင် အရှိန်မြှင့်လိုက်ပြီး မီတာရာပေါင်းများစွာ ရှည်လျားသော အဆိပ်မြူနယ်မြေကို ဖြတ်ကျော်လိုက်သည်။

ရုတ်တရက် အမြင်အာရုံ ရှင်းလင်းသွားသည်။ ထို့နောက် သူ့ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားရလေ၏။ ဤသည်က နှစ်တစ်ထောင် မြွေမိစ္ဆာကြီးလော။

အရှည် မီတာ ၁၇၀ ကျော် ရှိပြီး အချင်း ၄ မီတာခန့် ရှိသည်။ အမှန်တကယ် ဧရာမ သားရဲကြီး ၊ ဘီလူးကြီးဖြစ်၏။

ဤသည်မှာ တုပိုင် မြင်ဖူးသမျှ အသန်မာဆုံး ၊ အကြောက်ဆုံးနှင့် အကြီးဆုံး သားရဲကောင်ကြီး ဖြစ်သည်။ တုပိုင် မဆိုထားနှင့် ၊ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်တောင် ဤသတ္တဝါကြီးအား သတ်ဖြတ်ရန် လုံလောက်မည် မဟုတ်ပေ။

“ဝေါင်းးး ဝေါင်းးး”

သားရဲကြီးသည် ရူးသွပ်နေပြီ ဖြစ်သည်။ ဖျက်ဆီးလိုစိတ်ဖြင့် ရူးသွပ်နေပြီ ဖြစ်သည်။ သူသည် ရူးသွပ်စွာ အော်ဟစ်နေပြီး သူ၏ ထွက်သက်သည် အမြောက်ဆံ၏ ရှော့ခ်လှိုင်းကဲ့သို့ ပြင်းထန်သည်။ ထိမှန်ခံရသော မဟာအန်ချိုကျွန်း ဂိုဏ်းသားများသည် ကောက်ရိုးမျှင်များကဲ့သို့ လွင့်စဉ်သွားကြပြီး သွေးများ ပန်းထွက်ကုန်ကြသည်။

“အားးးး” ရုတ်တရက် တုပိုင် ရင်းနှီးသော အော်သံတစ်ခုကို ကြားလိုက်ရသည်။

ထို့နောက် သူ၏ စေ့စပ်သူဟောင်း ဖန်းချင်းယီသည် နှစ်တစ်ထောင် မြွေမိစ္ဆာကြီး၏ လည်ပင်းပေါ်တွင် လဲလျောင်းနေပြီး မကြုံစဖူး အော်ဟစ်နေသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။ သူမ၏ စကတ်များ စိုရွှဲနေပြီး အလွန် ကြောက်လန့်နေကြောင်း သိသာထင်ရှားလှသည်။

ထိုအချိန်တွင် တုပိုင်၏ စိတ်ထဲမှ ထူးဆန်းသော အလင်းရောင်အရိပ်က ပြောလိုက်သည်။

“ပထမမစ်ရှင် စတင်ပါပြီ - နှစ်တစ်ထောင် မြွေမိစ္ဆာကြီးကို အနိုင်ယူပြီး မဟာအန်ချိုကျွန်းမှ ဂိုဏ်းသား တစ်ထောင်ကျော်ကို ကယ်တင်ကာ ကြီးမြတ်သော ကယ်တင်ရှင် ဖြစ်လာရမည်”

“ဒုတိယ မစ်ရှင်သစ် စတင်ပါပြီ - ဖန်းချင်းယီကို ညစ်ညမ်းစေခြင်း ၊ နှိပ်စက်ခြင်းနှင့် စော်ကားခြင်းများ ပြုလုပ်ပြီး သူမ၏ အတွင်းစိတ်မှ နာကျင်မှုကို နှစ်သက်သော စိတ်ကို နှိုးဆွပေးရမည်” (🌚🌚🌚)

အပိုင်း ၄၀၉ ပြီး။

All Chapters