လေဟာနယ် ရှေးလမ်းကြောင်း
Vol. 46 Ch. 364
“ပြီးသွားပြီ”
တစ်နာရီခန့် ကြာပြီးနောက် ရှန်းဝမ်တာ့ရှီးသည် အလင်းစီးကြောင်း ရာချီအနည်းငယ်ကို ထုတ်ဖော်လိုက်ရာ ထူးဆန်းသော ပုံသဏ္ဌာန်က နောက်ဆုံး၌ လေထဲတွင် ဖွဲ့တည်လာ၏။ ထိုပုံသဏ္ဌာန်က အလွန်ရှုပ်ထွေးပြီး တလက်လက် တောက်ပနေကာ ကြယ်တာရာများဖြင့် ပြည့်နေသော ကျယ်ဝန်းသည့် မြေပုံတစ်ချပ်ဖြစ်နေ၏။
ရှန်းဝမ်တာ့ရှီးက နောက်ဆုံး အလင်းစီးကြောင်းကို ထုတ်လိုက်သည့်အချိန်တွင် ပုံသဏ္ဌာန်က စတင်အသက်ဝင်လာတော့၏။ အဖြူရောင်မြင်းပေါ်ရှိ ရေးသစ်ထွင်းစာများက ပြဒါးရည်သဖွယ် စီးဆင်းနေပြီး ဗဟိုအဖြူရောင် အစက်ဆီသို့ စုဝေးသွားလေ၏။
ထိုအစက်က တဖြည်းဖြည်းချင်း ပြန့်ကားလာကာ နောက်ဆုံးတွင် အနက်ရောင် ရှေးလမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ယင်းက မကြီးမားပေ။ ဆယ်ယောက်ခန့်သာ သွားနိုင်ပေ၏။ အလွန်ရက်စက် ကြမ်းကြုတ်ပုံပေါ်ကာ မည်မျှရှည်လျားသည်မသိ မည်သည့်အရပ်မျက်နှာကို ဦးတည်နေမှန်း မသိရပေ။ ယင်းက ဧရာမသားရဲတစ်ကောင်၏ ပါးစပ်ကြီးသဖွယ် အကြောက်တရားကို ဖြစ်စေ၏။
“သွားကြမယ်”
ရှီးဖေးက လက်နောက်ပစ်ထားလျက် ပိန်ချုံးနေသော အကြီးအကဲက ကျန်းရှင်းကျားကို တွဲကာ ရှန်းဝမ်တာ့ရှီးကမူ လက်ဟန်ဖွဲ့တည်ထားလျက် ပုံရိပ်ယောင်တစ်ခုပမာ အနက်ရောင် ရှေးလမ်းကြောင်းဆီသို့ ဝင်သွားတော့သည်။ ရှီးဖေးနှင့် ကျန်သည့် ကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်က အနောက်မှ နီးကပ်စွာ လိုက်ပါလာပြီး နက်မှောင်နေသော ရှေးလမ်းကြောင်းထဲ ဝင်သွား၏။
ဘီး
လူတိုင်းက လေဟာနယ် ရှေးလမ်းကြောင်းအတွင်း ပျောက်ကွယ်သွားစဉ် ထူးဆန်းသော ပုံသဏ္ဌာန်က ဖျတ်ခနဲလှုပ်သွားလေ၏။ ၎င်းကပျော်ဝင်သွားပြီး လေထဲပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်က မူလအနေအထား ပြန်ရောက်လာပြီး မည်သည့်အရာမှ မဖြစ်ခဲ့သည့်ပမာ ဖြစ်နေတော့သည်။
ဘီး
တစ်နာရီခန့် ကြာပြီးနောက် အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ တောင်ဘက်အရပ် သွေးညအကြောက်တရား ပင်လယ်၌ လေဟာနယ် အတက်အကျ ဖြစ်လာပြီး အနက်ရောင် ဥမင်တစ်ခု ပေါ်လာတော့သည်။
ရှီးဖေးနှင့် ကျန်သည့်သူများသည် လေဟာနယ် ရှေးလမ်းကြောင်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်လာ၏။ သူတို့က အကန့်အသတ်မဲ့ ပင်လယ်ကိုကြည့်ပြီး မှင်တက်သွားတော့သည်။ ရှန်းဝမ်တာ့ရှီးက အမှန်တကယ် အစွမ်းထက်၏။ သူတို့ကိုတစ်နာရီမျှဖြင့် မိုင်တစ်သောင်းခန့် ခရီးကို ဖြတ်ကျော်လာပြီး သွေးညအကြောက်တရား ပင်လယ်သို့ ရောက်လာခဲ့သည်။
“ဟိုးက ကျွန်းလေးပဲ။ သွားကြမယ်”
ရှီးဖေးက စိတ်လှုပ်ရှားသွားသည်။ ကျန်းရှင်းကျားက ကျန်းရီပုန်းနေသော နေရာသည် သွေးညအကြောက်တရား ပင်လယ်အတွင်းဖြစ်ကြောင်း ဆုံးဖြတ်ချက် ချထားပြီးဖြစ်ကာ သူတို့က ပင်လယ်အထက်သို့ ရောက်နေပြီဖြစ်သည်။ ဆက်လက် ခြေရာခံမည်ဆိုလျှင် ကျန်းရီရှိနေသည့်နေရာကို ရှာနိုင်လောက်၏။ ပြီးနောက်သူသည် ရှန်းဝမ်တာ့ရှီးကို လေဟာနယ်ကို ဖြတ်ကျော်ရန် ခေါ်လာခိုင်းပြီးနောက် ဖုန်းရှန်ကျဲက ကျန်းရီကို ချက်ချင်း သတ်လိုက်မှာပဲဖြစ်သည်။
လူတိုင်းကကျွန်းဆီ ပျံသန်းသွားစဉ် ပိန်ချုံးသော အကြီးအကဲသည် ကျန်းရှင်းကျားနှင့် ရှန်းဝမ်တာ့ရှီးကို မြေပြင်ပေါ် ချပေးလိုက်၏။ ရှီးဖေးက လက်သီးနှစ်ဖက်ဆုပ်ကာ အမြန်အရိုအသေပေးပြီး ကျန်းရှင်းကျားကို ပြောလိုက်တော့သည်။
“ဝူလောင် ထပ်ပြီးဒုက္ခ ပေးရတော့မှာပဲ”
“အိမ်း”
ဝတ်ရုံဖြူဖြင့် အကြီးအကဲ ကျန်းရှင်းကျားက ခေါင်းညိတ်လိုက်ပြီး မောက်မာထောင်လွှားသည့် အမူအရာ ပေါ်လာသည်။ သူတို့မျိုးနွယ်စု၌ အလွန် ဂုဏ်ယူရသည့် စွမ်းရည်ရှိသည်။ ရှန်းဝမ်တာ့ရှီးကို ပျိုးထောင်နိုင်သော်ငြား သူတို့ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှုကမူ မွေးရာပါ ဖြစ်ပေ၏။
ကျန်းရှင်းရှုအတက်ကို အပ်နှင်းလျှင်တောင် ကျန်းရှင်းကျား မဟုတ်သည့်သူများက ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။
ကျန်းရှင်းကျားသည် မြေပြင်ပေါ်၌ တင်ပျဉ်ခွေချိတ်ထိုင်လျက် သူ၏လက်များဖြင့် သင်္ကေတတစ်ခု ဖွဲ့တည်လိုက်တော့သည်။ ခန္ဓာကိုယ်က သက်တံ့ရောင်အလင်းတို့ဖြင့် ဖြေးဖြေးချင်း တောက်ပလာပြီး လျှို့ဝှက်ဆန်းကြယ်သော သစ်ထွင်းအက္ခရာများက အလင်းထဲ စီးဆင်းလာတော့သည်။ ထူးဆန်းပြီး အမည်မသိ အရှိန်အဝါ တည်ရှိမှုက ခန္ဓာကိုယ်တစ်ဝိုက် စီးဆင်းလာပြီး ပတ်ဝန်းကျင်တွင် ရစ်ဝဲနေသော ဆန်းကြယ်သည့် တည်ရှိမှုတစ်ခု ပေါ်လာတော့၏။ လူတိုင်းက တစ်စုံတစ်ခုကို အာရုံခံရန် ကြိုးစားကြသော်ငြား ၎င်းကို ထိတွေ့၍ မရနိုင်ကြောင်း သိလိုက်ရသည်။ မည်သည့်အရာမှန်း မသိရသော်ငြား အလွန်ဆန်းကြယ်နေပေ၏။
ရှီးဖေးနှင့် ကျန်သည့်သူများက ထိုင်ပြီး အနားယူနေကြသည်။ ကျန်းရှင်းရှုအတတ် ထုတ်ဖော်လိုက်သည့်အချိန်၌ အနည်းဆုံး တစ်နာရီခန့်ကြာကာ သူတို့ရွေးချယ်စရာမရှိဘဲ စောင့်ဆိုင်းကြသည်။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ
ကျန်းရှင်းကျားက သူ၏အတတ်ပညာကို ရပ်တန့်လိုက်ရ၏။ ရှီးဖေးနှင့် ကျန်သည့်သူများက ထူးဆန်းသော အမူအရာ ပေါ်လာပြီး ယခုအခေါက်တွင် အဘယ့်ကြောင့် ထိုမျှကြာနေလဲဆိုတာ တွေးနေကြ၏။ တစ်ခုခု မူမမှန်တာ ရှိနေသည်လော။
“ဟမ့်”
နောက်ထပ် မိနစ်သုံးဆယ် ကြာပြီးနောက် ကျန်းရှင်းကျားသည် နောက်ဆုံးတွင် ရပ်တန့်လိုက်ကာ နွမ်းနယ်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။ သက်တံ့ရောင် ရောင်ခြည်က ပျောက်ကွယ်သွားပြီးနောက် သူသည် သက်ပြင်းရှည်ကြီးချကာ ပြောလိုက်တော့၏။
“သခင်လေးဖေး ကျန်းရှင်းရှုအတတ် ကျရှုံးခဲ့ပါတယ်။ အဲဒီလူရဲ့နေရာကို ရှာမတွေ့ဘူး”
“ဘာ”
ရှီးဖေး၏ အမူအရာက ပြောင်းလဲသွားစဉ် ပိန်ချုံးနေသော အကြီးအကဲ၏ မျက်လုံးက ကျောစိမ့်ဖွယ် အလင်းတို့ ဖျတ်ခနဲ ပေါ်လာပြီးနောက် မေးလိုက်၏။
“အခြေအနေက ဘယ်လိုလဲ”
ကျန်းရှင်းကျားက ခေါင်းခါပြီးနောက် သက်ပြင်းချလိုက်သည်။
“ကျုပ်အစကတော့ အဲ့ဒီတစ်ယောက်ကို ရှာချင်တာပဲ။ ဒါပေမဲ့ သူ့အရှိန်အဝါ တည်ရှိမှုကို အာရုံမခံနိုင်ဘူး။ သူက သွေးညအကြောက်တရား ပင်လယ်ရဲ့ မြောက်အရပ်မှာ ရှိလောက်တယ်လို့ပဲ ဆုံးဖြတ်နိုင်တာ။ သူက ဆန်းကြယ်တဲ့ လေဟာနယ် နယ်မြေတစ်ခုထဲမှာ ရှိလောက်တယ်။ အနည်းဆုံးတော့ သာလွန်သူတော်စင် အသုံးအဆောင်ဖြစ်တဲ့ လေဟာနယ် အသုံးအဆောင် တစ်ခုခု ရှိရမယ်”
“သေစမ်းကွာ”
ရှီးဖေးက ကျိန်ဆဲလိုက်သည်။ သွေးညအကြောက်တရား ပင်လယ်က ကြီးမားလွန်းပြီး ၎င်း၏မြောက်ပိုင်းကတောင် နတ်မြင်းပျံ နယ်မြေ၏ အရွယ်အစားခန့်ရှိသည်။ သူသည် ဧရိယာကို ရှာဖွေမည်ဆိုလျှင် အနည်းဆုံး လဝက်ခန့် အချိန်မသုံးဘဲ မဖြစ်နိုင်ပေ။
“နေအုံး”
ရှီးဖေး၏ မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး အံ့ကြိတ်ကာ ပြောလိုက်တော့သည်။
“ကျုပ်တို့ဒီမှာ စောင့်နေမယ်။ သုံးရက်တစ်ကြိမ် ကျန်းရှင်းရှု အတတ်ကို ထုတ်ဖော်မယ်။ အဲ့ဒီလေဟာနယ် အသုံးအဆောင်ထဲမှာ တစ်သက်လုံး ပုန်းနေနိုင်မယ်ဆိုတာ မယုံဘူး”
ဖုန်းရှန်ကျဲနှင့် ကျန်သည့်သူများက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ သူတို့ဆက်လက် ရှာဖွေလျှင် အချိန်ကုန် စွမ်းအင်ကုန်ဆုံးပေမည်။ သွေးညအကြောက်တရား ပင်လယ်ထဲ၌ နတ်ဆိုးဧကရာဇ် များစွာရှိသည်။ မြောက်အရပ်သည် အရှေ့ပိုင်း တော်ဝင်နယ်မြေနှင့် အလွန်နီးသော်ငြား နတ်ဆိုးဧကရာဇ်များက အစွမ်းထက်လွန်းနေရင် အန္တရာယ် များနေသေးသည်။
...
“သခင်လေး ပစ်မှတ်ရဲ့ အငွေ့အသက် တည်ရှိမှု ပျောက်သွားပြီ”
တစ်ချိန်တည်းနီးပါး၌ နတ်မြင်းပျံနယ်မြေ၏ တောင်ဘက်အကျဆုံးမြို့တွင် ကျန်းရှင်းကျားတစ်ဦးက ကျန့်ဝူယင်ကို သတင်းပို့လိုက်ရာ သူကထိုလူကို ထခုန်ပေါက်ပြီး ကျိန်ဆဲတော့သည်။ သူ၏ယခင် ရှာဖွေမှုက ကျန်းရီ၏ တည်နေရာကို သိသိသာသာ တွေ့နေပြီဖြစ်သော်ငြား အဘယ့်ကြောင့် ရုတ်တရက် ပျောက်သွားသနည်း။
“ဆက်သွားမယ် သူ့ကိုရှာရမယ်”
ကျန့်ဝူယင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ သူကအလွန် ငယ်ရွယ်ပြီး ဓားဧကရာဇ်၏ အလိုလိုက်ခြင်း ခံထားရသည်။ သူက ထိုကျန်းရှင်းကျား၏ အဆင့်အတန်းကို ကရုမစိုက်ပေ။ သူဒေါသထွက်လျှင် အမှုမထားဘဲ ချက်ချင်း သတ်လောက်ပေ၏။
“ဘာ သူ့ကိုမရှာနိုင်ဘူးလား”
မြောက်ပိုင်းဧကရာဇ်မြို့ထဲတွင် ဝူနီကလည်း ကျန်းရှင်းကျားနှင့် ရှန်းယမ်တာ့ရှီးကို အသုံးပြုရန် ခွင့်ပြုချက် ရကာစဖြစ်သည်။ ချက်ချင်းပင် ရှာဖွေခိုင်းလိုက်လေရာ ကျန်းရီ၏ တည်နေရာကို မရှာနိုင်ဟု ပြောလကြသည်။
“အဲဒီကောင်က ရှဲ့ ဒါမှမဟုတ် ရှီး ဒါမှမဟုတ် ကျန်းမျိုးနွယ်စုသတ်တာ ခံလိုက်ရာတာများလား။ ဒါမှမဟုတ် လေဟာနယ် အသုံးအဆောင် တစ်ခုထဲမှာ ပုန်းနေတာများလား။ ဒါပေမဲ့ ဆန်းကြယ်နတ်ဘုရား အသုံးအဆောင်ထဲမှာ ဘယ်လေဟာနယ် အသုံးအဆောင်ကိုမှ သူ မရခဲ့ဘူးမလား”
ဝူနီက သံသယဖြင့် ရေရွတ်ပြောလျက် ကျန်းရှင်းကျားကို အနားယူခိုင်းလိုက်သည်။ ပြီးနောက် ရက်အနည်းငယ်ကြာလျှင် တစ်ကြိမ် ထပ်ရှာဖွေပြီးနောက် သတင်းအချက်အလက် ရပါက သူ့ကိုအကြောင်းကြားရန် ပြောထားခဲ့၏။ သူသည် ကျန်းရီအကြောင်း မှတ်တမ်းတင်ထားသော အချက်အလက် အသေးစိတ်ပါသည့် စာရွက်ကို ကိုင်ထားတာပဲဖြစ်သည်။ ကောင်းကင်ကြယ်တာရာ နယ်မြေရှိ အချက်အလက်များနှင့် ဖီးနစ်အော်သံနယ်မြေရှိ အဖြစ်အပျက်များ သားရဲလူသား နယ်မြေရှိ အကြောင်းအရာများ အားလုံးပါဝင်သည်။
အချက်အလက်များကို ကရုတစိုက် စစ်ဆေးကြည့်နေစဉ် အိမ်တော်ထိန်းနှင့်တူသည့် လူတစ်ဦးက ညင်သာသောလေသံဖြင့် ပြောလိုက်သည်။
“သခင်လေး ကောင်းကင်ကြယ်တာရာ နယ်မြေရဲ့ ခန်းမခွဲကနေ ထွက်ပြေးလာတဲ့ နတ်မိမယ်က တွေ့ခွင့်တောင်းနေပါတယ်။ သူက ကျန်းရီကို ကောင်းကောင်းနားလည်ပြီး သူ့ကိုဖြေရှင်းဖို့ ကူညီပေးနိုင်တယ်လို့ပြောတယ်”
“သူဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ”
ဝူနီက မျက်တောင်ခတ်လျက် လက်ဝှေ့ယမ်းကာ ဒေါသတကြီး ပြောလိုက်သည်။
“အဲဒီမျိုးမစစ်ကောင် ကျန်းရီက သေနေလောက်ပြီ။ ဘာတွေဖြေရှင်းရအုံးမှာလဲ။ ခန်းမခွဲတွေအားလုံး အနီးကပ် အာရုံစိုက်ဖို့ သတင်းပို့လိုက်။ အဲ့ဒီကောင် အသက်ရှင်သေးရင် ငါ့ဆီသတင်းလာပို့ကြ။ အရင်ဆုံး ဆန်းကြယ်ဧကရာဇ် မြို့ကိုသွားအုံးမယ်။ ဆန်းကြယ်နတ်ဘုရား နန်းတော်ကို ရခဲ့မယ်ဆိုရင် နဂါးညှိုးရော်မြက်တောင် မလိုတော့ဘူး ဟား ဟား”
ကျန်းရှင်းကျားသည် ကျန်းရီ၏ အရှိန်အဝါ တည်ရှိမှုကို မရှာနိုင်။ လေဟာနယ် အသုံးအဆောင်က အလွန်ရှားပါးနေသောကြောင့် ဝူနီသည် ကျန်းရီပျောက်ကွယ်သွားပြီဟု ဆုံးဖြတ်ချက် ချပြီးဖြစ်ကာ နဂါးညှိုးရော်မြက်သည် ရှီးဖေး ဒါမှမဟုတ် ကျန့်ဝူယင်၏လက်ထဲ ကျရောက်လောက်ပြီဖြစ်သည်။
သူသည် ထိုရလဒ်ကို လက်ခံရန် အလျှော့ပေးလိုစိတ် မရှိပေ။ သို့သော် အလျှော့ပေးရမည်။ ဆန်းကြယ်နတ်ဘုရား တောင်ပေါ်၌ ဆန်းကြယ်နတ်ဘုရား နန်းတော် ပေါ်လာခြင်းက နဂါးညှိုးရော်မြက်ထက် ပိုတောင်သိသာနေသည်။ ထို့ကြောင့် ဝူနီသည် ကျန်းရီကိစ္စကို မဖြေရှင်းချင်သေးပေ။
သားရဲဧကရာဇ် မြို့တွင်ရှိသော ထူလုံ၊ လင်းချီကျန့်နှင့် ကျန်သည့်သူများကလည်း သူတို့၏ ဖုန်းရှင်းကျားများဖြင့် ကျန်းရီ၏ အရှိန်အဝါ တည်ရှိမှုကို မရှာနိုင်ခဲ့ပေ။ အများစုသည် အစ၌ ကျန်းရီကို အာရုံစိုက်ကြသော်ငြား ယခုမူ သူ့ကိုဘေးချိတ်ထားပြီး ဆန်းကြယ်ဧကရာဇ်မြို့ဆီသို့လာကာ ဆန်းကြယ်နတ်ဘုရား နန်းတော်ကိုရရန်အတွက် ဆန်းကြယ်နတ်ဘုရား တောင်ပေါ်တက်ရန် ကြိုးစားနေကြသည်။
ဆန်းကြယ်နတ်ဘုရား နန်းတော်အကြောင်း အချက်အလက်သည် မလွဲမသွေ ပေါ်ပေါက်လာ၏။
အရှေ့ပိုင်း တော်ဝင်နယ်မြေ တစ်ခုလုံးက လှုပ်လှုပ်ခတ်ခတ် ဖြစ်ကုန်သည်။ မရေမတွက်နိုင်သည့် သိုင်းပညာရှင်များက ဆန်းကြယ်ဧကရာဇ်မြို့တွင် စုဝေးလာကြကာ တစ်သက်လျှင် တစ်ကြိမ်သာရသည့် အခွင့်အရေးကို ရယူလိုကြသည်။ ကောင်းကင်ဘုံ ကျောက်တုံးသုံးပြီး ပို့ဆောင်ရေး အစီအရင်ကနေ ရောက်လာကြသည့် လူများက ကျယ်ဝန်းသော နယ်မြေကို ဖြတ်သန်းရန်အတွက် အချို့ကမူ ပို့ဆောင်ရေး အစီအရင်ကိုသုံးရန် ကောင်းကင်ဘုံ ကျောက်တုံးများ ရှိကြသည်။ ကောင်းကင်ဘုံ ကျောက်တုံးများ မရှိသည့်သူများကမူ ကျယ်ဝန်းသော နယ်မြေကို ဖြတ်သန်းရန် အမျိုးမျိုးသော ပျံသန်းရေး ကိရိယာများ လေကြောင်းဖြင့်သာ ခါးသက်စွာ လာရသည်။ သူတို့က အားနည်းသော သိုင်းပညာရှင်များဖြစ်ပြီး တစ်နှစ်စာ ခရီးထွက်ရန် သို့မဟုတ် ဆန်းကြယ်နတ်ဘုရားတောင်သို့ တစ်သက်လျှင် တစ်ကြိမ်တောင် ရောက်ခဲသောကြောင့် သူတို့ကံကို စမ်းချင်နေကြသည်။
ဆန်းကြယ်နတ်ဘုရား နန်းတော်ကို ရယူနိုင်ခဲ့မည်ဆိုလျှင် ချက်ချင်း တက်လှမ်းသွားနိုင်ပြီး လောကကြီးထဲရှိ အစွမ်းအထက်ဆုံး သိုင်းပညာရှင်များထဲမှ တစ်ဦးဖြစ်လာမည်။ ဆန်းကြယ်နတ်ဘုရား ဓားမှော်နှင့် ဆန်းကြယ်နတ်ဘုရား သံချပ်ကာ ရှိနေလျှင် သူတို့ကိုမည်သူက သတ်နိုင်မည်နည်း။ အဆိုးဆုံးတွင် ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲတွင် ပုန်းနေလျှင် မည်သူကများ အစီအရင်ကို ဖြတ်နိုင်မည်နည်း။
အရှေ့ပိုင်း တော်ဝင်မြို့တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။ ကျန်းရီကမူ ဧကရီနန်းတော်ထဲ ရုတ်တရက် ဝင်ရောက်သွားသောကြောင့် မသိပေ။ ဆန်းကြယ်နတ်ဘုရား နန်းတော်က ဆန်းကြယ်နတ်ဘုရား တောင်တန်းပေါ်၌ ရုတ်တရက် ပေါ်ပေါက်လာခြင်းသည် သူ့ကိုကပ်ဘေးမှ ရှင်သန်စေရန် ကူညီပေးလိုက်တာပဲဖြစ်သည်။ ယခုအချိန်တွင် မျိုးနွယ်စုများအားလုံး သူ့နောက်လိုက်လာခဲ့လျှင်တောင် သူသည် ကမ္ဘာဆုံးထိ ထွက်ပြေးလျှင်တောင် သေခြင်းတရားက စောင့်ကြိုနေမှာပဲဖြစ်သည်။
***