← Chapters

အခန်း (၅၁၄-၅၁၅)

Vol. 44 Ch. 514-515

အခန်း (၅၁၄-၅၁၅)

Vol. 44 Ch. 514-515

အခန်း ၅၁၄ မဟာမိတ်

ယန်ယန် လျှာထုတ်ပြတာ မြင်မှ ကျန်းပေရန် သတိရသွားသည်။

အရင်တုန်းက ယန်ယန် သူ့ကို လျှာနဲ့လျက်ပြီး အမှတ်အသား လုပ်သွားဖူးသည်။

'အဲဒါ အမှတ်အသားလား'

ပါးကို ပွတ်လိုက်ပြီး ကျန်းပေရန်က ဆက်မေးသည်။

"မင်း ဒီကို ဘယ်လို ရောက်လာတာလဲ"

ယန်ယန်က ရေခဲထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး ပြောသည်။

"မင်းဆီက ထွက်လာပြီး ငါ့အမေကို သွားရှာတာ အမေက ပြန်တောင် မရောက်သေးဘူး ငါပျောက်သွားတာတောင် မသိဘူး"

ကျန်းပေရန် သနားသွားသည်။

အမေက သမီး ပျောက်သွားတာတောင် မသိဘူး ဆိုတော့...

ဘယ်လောက်တောင် ပေါ့ဆတဲ့ အမေမျိုးလဲ။

"နောက်မှ အမေ့ကို တွေ့တော့ ငါ့ကို လူသားတွေ ဖမ်းထားပြီး အကြာကြီး လှောင်ထားတယ် ဆိုတာ သိသွားတယ် ငါ့အတွက် လက်စားချေပေးမယ် ပြောပေမယ့် ငါက ကိုယ့်ဘာသာ လက်စားချေချင်လို့ တားလိုက်ရတယ်"

ကျန်းပေရန် စိတ်ထဲက တွေးလိုက်သည်။

'ဒီစကားလုံးတွေက မုယောင် နဲ့ စကားပြောတုန်းက ဟာတွေနဲ့ တူနေပါလား နန်းတော်ထဲမှာတုန်းက ခိုးနားထောင်ထားတာ ဖြစ်မယ်'

"ပြီးတော့ ဘာဆက်ဖြစ်လဲ"

"အမေက လူသား နယ်မြေမှာ နေရတာ အန္တရာယ် များတယ် ဆိုပြီး ဒီကို ခေါ်လာတာပဲ"

"အရင်က ဘာလို့ ဒီမှာ မနေကြတာလဲ"

ကျန်းပေရန်လည်း သိချင်နေသည်။

ဒီနေရာက သားရဲတွေ အတွက် နိဗ္ဗာန်ဘုံပဲလေ။

ဘာလို့ အပြင်မှာ ဒုက္ခခံ နေနေကြတာလဲ။

ယန်ယန်က ဒေါသတကြီး ပြန်ဖြေသည်။

"မင်းတို့ လူသားတွေ ကြောင့်လေ ဝင်ပေါက်မှာ ထောင်ချောက်တွေ အများကြီး ဆင်ထားတာ ငါ့အမေက လူသား အစီအရင် ပညာရှင် တစ်ယောက်ကို အကူအညီ တောင်းလိုက်လို့သာ ဝင်လာလို့ ရတာ"

'ဪ... ဟုတ်သားပဲ'

ကျန်းပေရန် ဝင်လာတုန်းကလည်း အစီအရင်တွေ တွေ့ခဲ့သည်။

ပျံသန်းသော စံအိမ် ကြောင့်သာ လွယ်လွယ်ကူကူ ဝင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သာမန် သားရဲတွေ အတွက်တော့ မလွယ်ကူပေ။

"မင်းအမေက တော်တော် စွမ်းတာပဲ လူသား ပညာရှင်ကိုတောင် အကူအညီ တောင်းနိုင်တယ်"

အဆင့် ၇ အစီအရင်ကို ကျော်ဖြတ်နိုင်တယ် ဆိုကတည်းက အဆင့် ၈ ပညာရှင် ဖြစ်ရမည်။

အဆင့် ၈ ဆိုတာ ရှားပါး ပညာရှင် ဖြစ်သည်။

'ပြုစားခံလိုက်ရတာ နေမှာပါ'

ယန်ယန်ရဲ့ အမေ ဆိုတော့ အလှပဂေး ဖြစ်မှာ သေချာသည်။

"ပြီးတော့ မင်း ဒီမှာပဲ ဆက်နေဖြစ်သွားတာပေါ့"

"အင်း ဟိုအဘိုးကြီးကို နိုင်တဲ့အထိ ကျင့်ကြံမယ် ပြီးမှ ထွက်သွားပြီး လက်စားချေမယ် မင်းကိုလည်း ဖမ်းမယ်လို့ စိတ်ကူးထားတာ အခုတော့ မင်းဘာသာ ရောက်လာပြီ ဟီးဟီး"

ယန်ယန်က မျက်လုံးလေး မှေးစင်းသွားတဲ့အထိ ရယ်မောလိုက်သည်။

"ကြည့်ရတာ မင်း ဒီမှာ အဆင်ပြေနေပုံပဲ"

"ဒါပေါ့ ငါက အနီရောင် ဝိညာဉ်အဆင့် ရောက်နေပြီလေ ခေါင်းဆောင် ဖြစ်နေပြီ"

"ဒါဆို ရာထူး ထပ်တိုးချင်လား"

ယန်ယန် သံသယ ဝင်သွားသည်။

"မင်းက ကူညီပေးနိုင်လို့လား"

"ရတာပေါ့ ငါ့စကား နားထောင်ရင် အကျိုးအမြတ်တွေ အများကြီး ရစေရမယ်"

ယန်ယန်က ကျန်းပေရန် နား ကပ်လာပြီး အနံ့ခံကြည့်လိုက်သည်။

"ဒါနဲ့ မင်း ဒီကို ဘာလာလုပ်တာလဲ မပြောရသေးဘူးနော်"

"မျိုးနွယ်စု အားလုံးကို ကူညီဖို့ လာတာ"

"ကူညီမယ်"

ယန်ယန် မျက်ခုံး ပင့်လိုက်သည်။

"ဟုတ်တယ် မင်းတို့ သားရဲတွေက လူသားတွေကို ဘာလို့ မနိုင်တာလဲ စဉ်းစားကြည့်လေ"

"ဘယ်သူပြောလဲ စောင့်ကြည့်နေ ငါ ထန်တိုင်းပြည်ကို ဖျက်ဆီးပစ်မှာ"

"တကယ် စွမ်းရင် ဒီလို နေရာကျဉ်းကျဉ်းလေးမှာ ပုန်းနေစရာ မလိုပါဘူး"

ယန်ယန် ပြန်မပြောနိုင် ဖြစ်သွားသည်။

"ဒါပေမဲ့ လူသားတွေလည်း ဒီနေရာကို မသိမ်းနိုင်ပါဘူး"

"မှန်တယ် ဒါကြောင့် ငါက မင်းတို့ကို ကူညီချင်တာ နည်းနည်းလေး တွန်းပေးလိုက်ရင် လူသားတွေကို ပြန်တိုက်နိုင်မှာ"

"ဥပမာ"

"လူသားတွေက ကျင့်ကြံမှု အပြင် လက်နက်တွေ ဆေးလုံးတွေ အစီအရင်တွေ အဆောင်လက်ဖွဲ့တွေ သုံးကြတယ် မင်းတို့မှာ အဲဒါတွေ မရှိဘူး"

"ဟုတ်တယ် အဲဒီ လက်နက်တွေက တော်တော် မုန်းစရာ ကောင်းတယ်"

"မင်းတို့မှာသာ အဲဒါတွေ ရှိရင် လူသားတွေက မင်းတို့ကို ယှဉ်နိုင်ပါ့မလား"

ယန်ယန် သဘောပေါက်သွားသည်။

"မင်း ကူညီမယ် ဆိုတာ အဲဒါလား"

"ဟုတ်တယ် ငါက လက်နက်တွေ ဆေးလုံးတွေ ထောက်ပံ့ပေးမယ် အသုံးပြုနည်းတွေ သင်ပေးမယ်"

"အဖိုးအခကရော"

"တန်ဖိုးတူ လဲလှယ်ကြေး"

"ဒါဆို မင်းက ဈေးလာရောင်းတာပေါ့ ဘာကူညီတာလဲ"

"ငါကလွဲရင် ဘယ်လူသားက မင်းတို့နဲ့ ဈေးလာရောင်းဖူးလို့လဲ"

"အဲဒါတော့..."

ယန်ယန် ငြင်းမရတော့ပေ။

"ဒါဆို ငါ့ကို ဘာကူညီခိုင်းချင်တာလဲ"

"ရိုးရိုးလေးပါ ငါပြောတဲ့အတိုင်း လုပ်ရင် ရပြီ"

ကျန်းပေရန်က နားနားကပ်ပြီး အစီအစဉ်ကို ပြောပြလိုက်သည်။

ယန်ယန် မျက်လုံး ပြူးသွားသည်။

"လူသားတွေက တကယ် မယုံရဘူး"

"ဒါက မုသားဖြူ "

"ဒါပေမဲ့ မင်းပဲ အမြတ်ရမယ့် ပုံစံ ဖြစ်နေတယ် ငါ့အတွက်ကရော"

"ငါ အမြတ်ရရင် မင်းကို မေ့ထားပါ့မလား"

"ဘယ်သိမလဲ မင်းက လူကောင်းမှ မဟုတ်တာ"

"မင်းသဘောပဲ ငါ့ဘာသာ သွားပြောလည်း ရတယ်"

"နေဦး တခါလောက် ယုံကြည်ပေးလိုက်မယ် လိမ်ရင်တော့ မင်းကို ဖမ်းချုပ်ထားလိုက်မှာ"

"ကောင်းပြီ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေ"

ကျန်းပေရန် ပြုံးနေတာ မြင်တော့ ယန်ယန် စိတ်ထဲ တစ်မျိုး ဖြစ်သွားသည်။

တကယ်ဆို မုန်းရမယ့် လူသား ဖြစ်ပေမယ့် မုန်းလို့ မရ ဖြစ်နေသည်။

တခြား လူသားတွေနဲ့ မတူလို့ ဖြစ်မည်။

ကြောက်ရွံ့တာလည်း မရှိ လောဘတက်တာလည်း မရှိဘဲ တန်းတူ ဆက်ဆံလို့ ဖြစ်မည်။

"သွားစို့ မင်းတို့ ခေါင်းဆောင်ဆီ သွားမယ်"

"မင်း သေချင်နေတာလား ခေါင်းဆောင်က မြင်တာနဲ့ ရိုက်သတ်လိုက်မှာနော်"

"မင်း ရှိနေတာပဲ"

"ငါ မတားနိုင်ဘူးနော်"

"ကိစ္စမရှိဘူး သွားမယ်"

ယန်ယန်က ကျန်းပေရန်ကို အမြီးနဲ့ ရစ်ပတ်ပြီး ခေါ်သွားလိုက်သည်။

နှင်းတွေကြားထဲ သွားနေရင်း ကျန်းပေရန် မေးလိုက်သည်။

"ဒီနှင်းတွေက ဘယ်လို ဖြစ်တာလဲ"

"ငါလည်း မသိဘူး မွေးကတည်းက ရွာနေတာပဲ"

ကျန်းပေရန် သိချင်စိတ် ဖြစ်မိသည်။

ဒီလောက် အေးတဲ့ နေရာမှာ သားရဲတွေ ဘယ်လို မျိုးပွားကြလဲ။

အဆင့်နိမ့် သားရဲတွေ ဆိုရင် မွေးလာတာနဲ့ ခဲပြီး သေကုန်ကြမှာပဲ။

ဒါပေမဲ့ မျိုးနွယ်စု တည်ရှိနေတယ် ဆိုကတည်းက နည်းလမ်း ရှိလို့ ဖြစ်မည်။

ခဏကြာတော့ ကြီးမားတဲ့ ရေခဲ နန်းတော်ကြီး ရှေ့ ရောက်လာသည်။

ဒီဇိုင်း လက်ရာ မြောက်လှသည်။

'ဒီက သားရဲတွေက အနုပညာ စိတ်ဓာတ် ရှိသားပဲ'

ထောင်ဝူတို့လို တွင်းအောင်းနေတာနဲ့ ယှဉ်ရင် အများကြီး သာသည်။

"ရောက်ပြီ"

ယန်ယန်က ချပေးလိုက်သည်။

"အစောင့် မရှိဘူးလား"

"မလိုပါဘူး ခေါင်းဆောင် အိမ်ကို ဘယ်သူမှ မလာရဲကြဘူး လာရဲတဲ့ကောင်ကိုလည်း အစောင့်တွေက တားနိုင်မှာ မဟုတ်ဘူး"

'အင်း... ဟုတ်တာပဲ'

ဒါပေမဲ့ အခမ်းအနား သဘောအရတော့ ရှိသင့်သည်။

ယန်ယန်က တန်းဝင်သွားတာ မြင်တော့ ကျန်းပေရန် ကြောင်သွားသည်။

တံခါးတောင် မခေါက်ဘူးလား။

"လာလေ"

ယန်ယန် လှည့်ခေါ်သည်။

'ထားလိုက်ပါတော့'

"ခေါင်းဆောင် ခေါင်းဆောင် ရှိလား"

ဝင်ဝင်ချင်း ယန်ယန်က အော်ခေါ်သည်။

အိမ်လည်လာတဲ့ ပုံစံမျိုး ဖြစ်နေသည်။

"ဘယ်သူလဲ"

ဒုတိယထပ်ကနေ အသံဩဩကြီး ထွက်ပေါ်လာသည်။

အဖြူရောင် ကျားတစ်ကောင် ထွက်လာသည်။

နားရွက် ၄ ဖက် ပါပြီး အတောင်ပံ ပါသည်။

မျက်လုံးတွေက စူးရှသည်။

'ကျားဖြူ ပါလား'

"လူသား"

ကျားဖြူ အံ့သြသွားပေမယ့် ဟန်မပျက်ဘဲ မေးလိုက်သည်။

"ဘယ်လို ဖြစ်တာလဲ"

"ခေါင်းဆောင် လူသား နယ်မြေမှာတုန်းက သူက ကျွန်မကို ကယ်ခဲ့တာ အခု အရေးကြီး ကိစ္စ ဆွေးနွေးစရာ ရှိလို့ ခေါ်လာတာ"

ကျားဖြူက ကျန်းပေရန်ကို ကြည့်လိုက်သည်။

ကျန်းပေရန်က ဂါရဝပြုလိုက်သည်။

"ခေါင်းဆောင်ကို ဂါရဝပြုပါတယ်"

"မင်း စကားပြောတတ်တယ်လား"

"ဟုတ်တယ်"

"ဘာကိစ္စ ရှိလို့လဲ"

ကျန်းပေရန်က စိတ်စွမ်းအင်နဲ့ စစ်ဆေးလိုက်သည်။

အဆင့် ၉ သားရဲ ဆိုတာ သေချာသည်။

ဒဏ်ရာ တစ်ချက်မှ မရှိဘဲ ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝနေသည်။

'ထောင်ဝူထက်တောင် စွမ်းအားကြီးသေးတယ်'

ကုသရေး ဆေးလုံး ပေးပြီး သိမ်းသွင်းမယ့် အစီအစဉ် ပျက်သွားပြီ ဖြစ်သည်။

ဒါပေမဲ့ စိတ်စွမ်းအင်တွေ ကမောက်ကမ ဖြစ်နေတာ တွေ့လိုက်ရသည်။

တိုက်ခိုက်ခံရလို့ မဟုတ်ဘဲ တခြား အကြောင်းအရာ တစ်ခုခုကြောင့် ဖြစ်သည်။

'ထူးဆန်းတယ်'

ကျန်းပေရန်က သိုလှောင်လက်စွပ်ထဲက ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်လိုက်သည်။

"ကျွန်တော်က ခေါင်းဆောင်ရဲ့ စိတ်ညစ်စရာတွေကို ဖြေရှင်းပေးဖို့ ရောက်လာတာ"

"ငါ့မှာ ဘာစိတ်ညစ်စရာ ရှိလို့လဲ"

"ဒါလေး တပ်ကြည့်လိုက်ရင် သိပါလိမ့်မယ်"

ဒီအချိန်မှာ ယန်ယန် နားထဲကို ကျန်းပေရန်ရဲ့ အသံ ရောက်လာသည်။

"မင်းအလှည့် ရောက်ပြီ"

ဇာတ်တိုက်ထားတဲ့အတိုင်း ယန်ယန်က ဝင်ပြောလိုက်သည်။

"ခေါင်းဆောင် သူ့ကို ယုံကြည်လိုက်ပါ သူက တကယ် စွမ်းတဲ့သူပါ တခြား သားရဲတွေကိုလည်း ကုသပေးဖူးတယ်"

ကျားဖြူက စိတ်သဘောထား နူးညံ့ပြီး တကယ်လည်း စိတ်ညစ်စရာ ရှိနေတာမို့ စမ်းကြည့်ဖို့ လက်ခံလိုက်သည်။

လက်သည်းနဲ့ ကျောက်စိမ်းပြားကို ယူလိုက်သည်။

ကျန်းပေရန်က ပြောလိုက်သည်။

"နဖူးပေါ်မှာ တပ်လိုက်ပါ စိတ်ညစ်စရာတွေ ပျောက်သွားပါလိမ့်မယ်"

အခန်း ၅၁၅ စိတ်နှစ်ခွ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေလို့လား ကျန်းပေရန်ကို အထင်သေးနေလို့လား ဒါမှမဟုတ် တကယ်ပဲ စိတ်ညစ်စရာတွေ ပျောက်သွားမလား သိချင်လို့လားတော့ မသိပေ။

ကျားဖြူက ကျောက်စိမ်းပြားကို ချက်ချင်း ယူပြီး နဖူးပေါ် ကပ်လိုက်သည်။

တစ်ခဏအတွင်းမှာပဲ...

လေနုအေးလေး တိုက်ခတ်သွားသလိုမျိုး စိတ်တွေ ကြည်လင်သွားသည်။

မွေးကတည်းက တစ်ခါမှ မခံစားဖူးတဲ့ ငြိမ်းချမ်းမှုကို ရရှိသွားသည်။

"ဟူး..."

ကျားဖြူက သက်ပြင်းချလိုက်ပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

ခေါင်းဆောင်ရဲ့ မျက်နှာထားကို ကြည့်ပြီး ယန်ယန်က ကျန်းပေရန်ကို စိတ်ချင်းဆက်သွယ်ပြီး မေးလိုက်သည်။

"နင် ခေါင်းဆောင်ကို ဘာလုပ်လိုက်တာလဲ"

"သိချင်လို့လား"

"အင်း"

"ဒါဆို ငါ့စကား နားထောင် ပြီးရင် ပြောပြမယ်"

ယန်ယန်က ပါးကို ဖောင်းလိုက်သည်။

"အခု ပြောပြလေဟာ"

ကျန်းပေရန်က ပြန်မဖြေတော့ပေ။

"ဟွန်း မသိချင်ပါဘူး"

ယန်ယန်က မျက်နှာလွှဲသွားသည်။

ယန်ယန် စိတ်ကောက်နေချိန်မှာ ကျားဖြူကတော့ ငြိမ်းချမ်းမှုကို အပြည့်အဝ ခံစားနေသည်။

သူ့ခန္ဓာကိုယ်ထဲမှာ မွေးကတည်းက ကျား ၉ ကောင် နေထိုင်နေသည်။

ကျန်းပေရန်သာ သိရင် စိတ်နှစ်ခွ ဖြစ်နေတာပဲ လို့ ပြောလိမ့်မည်။

ဒါပေမဲ့ ဒါက ရိုးရိုး စိတ်နှစ်ခွ မဟုတ်ပေ။

ကျား ၉ ကောင်စလုံးက အစစ်တွေ ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ပြောရရင် ပင်မ စိတ်ဝိညာဉ် ဒဏ်ရာရသွားရင် ဒုတိယ စိတ်ဝိညာဉ်က အစားထိုး ဝင်ရောက်လာပြီး အားအင်ပြည့် အနေအထားနဲ့ ပြန်တိုက်ခိုက်နိုင်သည့် စွမ်းရည် ဖြစ်သည်။

ဒါက ကျားဖြူရဲ့ မွေးရာပါ ပါရမီ ဖြစ်သည်။

ဒါပေမဲ့ ဒီပါရမီမှာ ဆိုးကျိုး တစ်ခု ရှိသည်။

ကျား ၉ ကောင်စလုံးက ပင်မနေရာကို လိုချင်ကြတာကြောင့် လက်ရှိ ပင်မ စိတ်ဝိညာဉ် အနေနဲ့ ကျန်တဲ့ ၈ ကောင်ကို နေ့တိုင်း ထိန်းချုပ်နေရသည်။

ကြာလာတော့ ပင်ပန်းလာသည်။

အရင် ပင်မ စိတ်ဝိညာဉ်ကလည်း ပင်ပန်းလွန်းလို့ သူ့လက်ထဲ နေရာ လွှဲပေးလိုက်ရခြင်း ဖြစ်သည်။

အခု ကျောက်စိမ်းပြား တပ်လိုက်တဲ့အခါ ကမ္ဘာကြီးက ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။

နားထဲမှာ ဆူညံနေတဲ့ အသံတွေ ပျောက်သွားသည်။

အသားစားချင်တယ် တိုက်ခိုက်ချင်တယ်ဆိုတဲ့ အသံတွေ မကြားရတော့ပေ။

"ခေါ... ခေါ..."

ကျန်းပေရန် စောင့်ကြည့်နေတုန်းမှာပဲ ကျားဖြူ ဆီက ဟောက်သံတွေ ထွက်လာသည်။

'ထိုင်ရင်း အိပ်ပျော်သွားတာလား'

ကျန်းပေရန် ပြုံးလိုက်သည်။

'ငြိမ်းချမ်းခြင်း ကျောက်စိမ်းပြားက တော်တော် အစွမ်းထက်တာပဲ'

ခေါင်းဆောင် အိပ်ပျော်သွားတာ မြင်တော့ ယန်ယန်က မနေနိုင်ဘဲ ထပ်မေးပြန်သည်။

"နင် ဘာလုပ်လိုက်တာလဲ ပြောပါဆို"

"မသိချင်ပါဘူး ဆို"

"နင်နော်... ဟွန်း"

ကျန်းပေရန်က မဖြေတာကြောင့် ယန်ယန် ခေါင်းစဉ် ပြောင်းလိုက်သည်။

"ဒါဆို အခု ဘာလုပ်ကြမလဲ"

"စောင့်မယ်"

"ခေါင်းဆောင် နိုးတဲ့အထိလား"

"ဟုတ်တယ်"

"ပျင်းစရာကြီးဟာ နင် ဒီနှစ်တွေထဲ ဘာတွေ လုပ်ခဲ့လဲ ပြောပြပါလား"

"ဘာမှ မလုပ်ပါဘူး"

"ဒါဆို ဒီကို ဘယ်လို ရောက်လာတာလဲ"

"အရေးမကြီးပါဘူး"

"ဟွန်း နင်က အရင်လိုပဲ ဘာမှ မပြောင်းလဲဘူး စကားပြောရင် ဒေါသထွက်စရာ ကောင်းတုန်းပဲ"

အရင်တုန်းက ပန်းခြံထဲမှာ ကျန်းပေရန်ကို စိတ်ဆိုးပြီး အိပ်မပျော်ခဲ့တဲ့ ညတွေကို သတိရသွားသည်။

ကိုက်ချင်စိတ် ပေါက်လာပေမယ့် သူ့ကို ကယ်ခဲ့တာ သတိရပြီး စိတ်ထိန်းလိုက်သည်။

"မင်းရော ဒီမှာ ဘာတွေ လုပ်နေလဲ ပြောပြပါလား"

ကျန်းပေရန်က ရုတ်တရက် မေးလိုက်သည်။

ယန်ယန် ရယ်လိုက်သည်။

"ဟီးဟီး သိချင်လို့လား မပြောပြဘူး"

"အင်း"

ကျန်းပေရန်က မျက်လုံးမှိတ်ပြီး ငြိမ်နေလိုက်သည်။

"ဟေ့"

ယန်ယန် အော်လိုက်မိသည်။

ချက်ချင်းပဲ ပါးစပ်ပိတ်ပြီး ကျားဖြူကို ကြည့်လိုက်သည်။

ကံကောင်းစွာနဲ့ နိုးမလာပေ။

"ဟူး..."

သက်ပြင်းချပြီး စိတ်ချင်း ဆက်သွယ်လိုက်သည်။

"နင်ကလည်း ထပ်မေးပါဦးလား"

"ငါက သူများ မလုပ်ချင်တာကို အတင်း မခိုင်းတတ်ဘူး မြေခွေးလည်း အတူတူပဲ"

"နင် နောင်တရမယ်နော်"

ပြောပြီးတာနဲ့ ငြိမ်နေလိုက်သည်။

တစ်နာရီ... နှစ်နာရီ... သုံးနာရီ...

ကျားဖြူက အိပ်ကောင်းတုန်း ဖြစ်သည်။

ကျန်းပေရန်ကလည်း အေးဆေးပဲ။

ယန်ယန်ကသာ ဂနာမငြိမ် ဖြစ်နေသည်။

ကျန်းပေရန်က သူ့အကြောင်း မေးလိုက်တုန်းက ပျော်သွားခဲ့မိသည်။

သူ့ကို သတိရသားပဲ ဆိုပြီး တွေးလိုက်မိသည်။

ပြောပြချင်နေတာ ပါးစပ်ယားနေပြီ ဖြစ်သည်။

'ဒီလူကတော့လေ...'

ယန်ယန် သွားကြိတ်လိုက်သည်။

"အခု ငါပြောမယ့် စကားတွေက ငါ့ဘာသာ ပြောနေတာ နင့်ကို ပြောတာ မဟုတ်ဘူး"

ကျန်းပေရန် ပြုံးလိုက်ပြီး ပြန်ဖြေသည်။

"ကောင်းပြီ သိပါပြီ"

"ငါ ဒီကို ရောက်လာတုန်းက ဒီနေရာရဲ့ ဝိညာဉ်စွမ်းအင်တွေက ငါနေခဲ့တဲ့ ဂူထက် အများကြီး ပိုများတာ တွေ့လိုက်ရတယ်"

"အမေက ဒီနေရာမှာ အသိမိတ်ဆွေ ရှိတယ် ဆိုပြီး နှင်းလက်ဝါး မျိုးနွယ်စုဆီ ခေါ်လာတယ် ဒီနေရာက ယဇ်ပလ္လင်နဲ့ အနီးဆုံး နေရာ တစ်ခုပဲ"

ယန်ယန်က ကျန်းပေရန် စိတ်ဝင်စားမလား ဆိုပြီး ခဏ ရပ်လိုက်သည်။

ဒါပေမဲ့ ကျန်းပေရန်က ဘာမှ မပြောပေ။

ယန်ယန် စိတ်ပျက်သွားပြီး ဆက်ပြောသည်။

"ခေါင်းဆောင်က ပြောတယ် ယဇ်ပလ္လင်ထဲ ဝင်နိုင်ရင် စွမ်းအားရှင် လေးပါး ဖြစ်လာပြီး မိုးမြေသိမ့်ခါတဲ့ စွမ်းအင်တွေ ရလာမယ်တဲ့ အဲဒီကျရင် ငါတို့က လူသားတွေကို ပြန်တိုက်ခိုက်နိုင်ပြီ ဟီးဟီး ကြောက်သွားပြီမလား အခု ငါ့ကို ဖားထားရင် နောင်ကျ ငါ့ကျွန်အဖြစ် ထားပြီး အသက်ချမ်းသာ ပေးမယ်"

"..."

"ဟေ့ကောင် တခုခု ပြန်ပြောဦးလေ"

"နင့်ဘာသာ ပြောနေတာ ဆို"

"အခု နင့်ကို ပြောနေတာလေ"

"ဪ မလိုပါဘူး"

ဒီအဖြေကို မျှော်လင့်ထားပြီးသားမို့ ယန်ယန် သိပ်စိတ်မဆိုးတော့ပေ။

"ဟွန်း နောင်တရလိမ့်မယ်"

ဆက်ပြောသည်။

"ဒီနေရာက အကောင်းဆုံး နေရာ တစ်ခုမို့ တခြား မျိုးနွယ်စုတွေ လာတိုက်ခိုက်တာ ခဏခဏပဲ ငါက အဲဒီ တိုက်ပွဲတွေကြားမှာ ကြီးပြင်းလာပြီး အမြီး ၇ ချောင်း ထွက်လာတာပဲ အခုဆိုရင် ခေါင်းဆောင် တစ်ယောက် ဖြစ်နေပြီ"

ယန်ယန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"စောစောက ငါသာ မကယ်ရင် ထုန်ထုန်တို့လက်ချက်နဲ့ နင် သေနေလောက်ပြီ အခုထိ ကျေးဇူးတင်စကား မပြောသေးဘူးနော်"

"ဪ ကျေးဇူးပါ"

ခံစားချက် မပါတဲ့ ကျေးဇူးတင်စကား ကြားရတော့ ယန်ယန် ဒေါသထွက်သွားသည်။

ဒါပေမဲ့ စကား မရပ်ဘဲ ဆက်ပြောသည်။

ဘယ်သူနဲ့ မိတ်ဆွေဖွဲ့ခဲ့တယ် ဘယ်သူ့ကို တပည့်မွေးခဲ့တယ် ဘယ်သူက ဘယ်လောက် စွမ်းတယ် စသဖြင့် တရစပ် ပြောပြနေသည်။

ကျန်းပေရန်က နားထောင်ရင်း သတင်းအချက်အလက်တွေ စုဆောင်းနေသည်။

ဒီနေရာက အကောင်းဆုံး နေရာ တစ်ခု ဆိုတဲ့ အချက်က စိတ်ဝင်စားစရာ ကောင်းသည်။

နေရာတိုင်းမှာ စွမ်းအားရှင် လေးပါးရဲ့ ဝိညာဉ်တွေ ရှိနေတာ မဟုတ်ဘူး ဆိုတဲ့ သဘော ဖြစ်သည်။

မဲဖောက်သလိုမျိုး ဘယ်နေရာမှာ ဘာရှိလဲ မသိနိုင်တဲ့ သဘော ဖြစ်သည်။

စွမ်းအားရှင် လေးပါး ဆိုတဲ့ အကြောင်းအရာကို ကျန်းပေရန် ခဏခဏ ကြားနေရသည်။

လူသားတွေရဲ့ အနက်ရောင်ဧကရာဇ်လို ဒဏ္ဍာရီ လာ သက်ရှိတွေ ဖြစ်ပုံရသည်။

'ဘာလို့ ပျောက်ကွယ်သွားကြတာလဲ'

ရှီမိသားစု ဘိုးဘေး ပြောပြတဲ့ သမိုင်းကြောင်းကို ပြန်သတိရမိသည်။

အစွမ်းထက်တဲ့ သက်ရှိတွေ အကုန်လုံး ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်ထပ် ပေါ်မလာတော့တာ ဘာကြောင့်လဲ။

ဒါပေမဲ့ သိချင်ရုံ သက်သက်သာ ဖြစ်ပြီး အဖြေရှာဖို့ စိတ်ကူးမရှိပေ။

အန္တရာယ် များမှန်း သိသာနေသည်။

"ဟေ့ကောင် နားထောင်နေသေးရဲ့လား"

ယန်ယန်က မေးလိုက်သည်။

"အင်း နားထောင်နေပါတယ်"

"ဒါဆို ငါ့ရဲ့ ဒုတိယ မိတ်ဆွေက ဘယ်သူလဲ"

"ယာယာ လေ"

"မဟုတ်ပါဘူးဟ"

ယန်ယန် အော်မလို့ လုပ်တုန်း ကျားဖြူက အိပ်ရာ နိုးလာသည်။

"ဝါး..."

သမ်းဝေလိုက်ပြီး ယန်ယန်ကို ကြည့်ကာ ပြောလိုက်သည်။

"ယန်ယန် မင်း အပြင်ထွက်နေလိုက်ဦး"

ယန်ယန် ကြောင်သွားသည်။

ကျန်းပေရန်ကို မောင်းထုတ်မယ် ထင်နေတာ သူ အထုတ်ခံလိုက်ရသည်။

ဒါပေမဲ့ ခေါင်းဆောင် အမိန့်မို့ မလွန်ဆန်ရဲဘဲ ထွက်သွားလိုက်သည်။

ယန်ယန် ထွက်သွားတော့ ကျားဖြူက ကျန်းပေရန်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ဟားဟားဟား မင်းက တကယ်ပဲ ငါ့ပြဿနာကို ဖြေရှင်းပေးလိုက်တာပဲ ဒါပေမဲ့ မင်းက ဘယ်လို သိတာလဲ"

စိတ်နှစ်ခွ ဖြစ်နေတာကို ဘယ်သူ့ကိုမှ မပြောပြဖူးပေ။

ဒါကြောင့် ကျန်းပေရန် သိနေတာကို အံ့သြနေခြင်း ဖြစ်သည်။

ကျန်းပေရန်က ကြေးဖားရုပ် တစ်ရုပ် ထုတ်ပြလိုက်သည်။

"ဒီကောင်လေး တွက်ချက်ပေးတာပါ"

"တွက်ချက်တယ်..."

ကျားဖြူက ဖားရုပ်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

"လူသားတွေမှာ ထူးဆန်းတဲ့ ပစ္စည်းတွေ ရှိတတ်တာပဲ ဒါနဲ့ မင်းက ဘယ်မျိုးနွယ်စု ဘက်ကနေ ဝင်လာတာလဲ"

"အရှေ့ဘက်ကပါ"

"အရှေ့ဘက်..."

ကျားဖြူ စဉ်းစားလိုက်သည်။

"ငါ သိပြီ ဒါပေမဲ့ မင်း ဒီလောက် ဝေးဝေးလာတာ ငါ့ပြဿနာ ရှင်းပေးဖို့ သက်သက်တော့ မဟုတ်လောက်ဘူး"

"ဟုတ်ပါတယ် ခေါင်းဆောင်ရဲ့ ပြဿနာက ဒါတစ်ခုတည်း မဟုတ်ဘူးလေ"

"ဟားဟားဟား ဒါဆို ပြောကြည့်ပါဦး ငါ့မှာ ဘာပြဿနာ ရှိသေးလဲ"

"စွမ်းအားရှင်လေးပါး နေရာကို လိုချင်တာလေ"

ကျားဖြူရဲ့ မျက်နှာ တည်သွားသည်။

"မင်း... လူသား မဟုတ်ဘူးလား"

ထောင်ဝူလိုပဲ မေးလာတာမို့ ကျန်းပေရန်က အဖြေဟောင်းပဲ ပေးလိုက်သည်။

"ဟုတ်ချင်လည်း ဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး"

ကျားဖြူ စိတ်ဝင်စားသွားသည်။

"ဒါဆို မင်းက ဘာကောင်လဲ"

"ခေါင်းဆောင်တို့ကို ကူညီဖို့ လာတဲ့သူ ဆိုတာ သိရင် ရပါပြီ"

နောက်ဆက်တွဲ စကားပြောခန်းတွေက ထောင်ဝူနဲ့ ပြောသလိုပဲ ဖြစ်သွားသည်။

ကျားဖြူကလည်း ကျန်းပေရန်ကို "မိတ်ဆွေ" လို့ ခေါ်လာသည်။

ဒီစကားလုံး ကြားရတော့ ကျန်းပေရန် စိတ်လှုပ်ရှားသွားသည်။

'ရိုးသားလိုက်ကြတာကွာ'

ဒီလို စကားလုံးတွေနဲ့တင် ခေါင်းဆောင် နှစ်ယောက်ကို သိမ်းသွင်းနိုင်ခဲ့သည်။

လူသား အနက်ရောင်သူတော်စင် တွေသာ ဆိုရင် အကွက်တွေ ခင်းနေကြဦးမှာ။

"မိတ်ဆွေ ပေးတဲ့ ပစ္စည်းက အမြဲတမ်း အစွမ်းထက်နေမှာလား"

ကျားဖြူက သူစိတ်နှစ်ခွ ဖြစ်နေတာကို ကျန်းပေရန် ဘယ်လို သိလဲ စိတ်မဝင်စားတော့ဘဲ ဒီပစ္စည်း အကြောင်းသာ စိတ်ဝင်စားနေသည်။

"အမြဲတမ်းတော့ မခံဘူး ခေါင်းဆောင်လို စွမ်းအားကြီးတဲ့ သူဆိုရင် ပိုမြန်မြန် ပျက်စီးနိုင်တယ်"

ကျန်းပေရန်က ထက်ဝက်မှန် ထက်ဝက်မှား ဖြေလိုက်သည်။

ပုံမှန်ဆိုရင် တစ်နှစ်လောက် ခံပေမယ့် ဘယ်လောက်ခံမလဲ ဆိုတာ သူ့သဘောသာ ဖြစ်သည်။

ကျားဖြူ စိုးရိမ်သွားသည်။

'ဒါဆို ဘယ်လို လုပ်မလဲ'

"မပူပါနဲ့ ပျက်သွားရင် အသစ်လဲပေးပါ့မယ် ဒါပေမဲ့ ကုန်ကြမ်း ရှာရ ခက်တယ် ကျွန်တော့်မှာလည်း သိပ်မရှိဘူး..."

"ဘာကုန်ကြမ်းလိုလဲ ပြော ငါရှာပေးမယ်"

ကျားဖြူက ချက်ချင်း ပြောလိုက်သည်။

စိတ်ဒုက္ခ ဘယ်လောက် ရောက်နေလဲ ဆိုတာ သိသာသည်။

ကျန်းပေရန်က ဒီလို ပွင့်လင်းတဲ့ သူတွေကို သဘောကျသည်။

လိုချင်တာ မလိုချင်တာ မျက်နှာမှာ ပေါ်နေသည်။

စကားဝှက်တွေ ဖြေနေစရာ မလိုပေ။

ဆက်ဆံရတာ...အရမ်း ကောင်းသည်။

All Chapters