← Chapters

အခန်း (၅၁၈-၅၁၉)

Vol. 45 Ch. 518-519

အခန်း (၅၁၈-၅၁၉)

Vol. 45 Ch. 518-519

အခန်း ၅၁၈ အခြေချခြင်း

"ဆရာ... ချင်းဟုန်ခန်းမဆောင်က လူတွေ လက်ခံလိုက်ပြီ သူတို့က အတွင်းလူ အနေနဲ့ ကူညီပေးမယ်လို့ ပြောပါတယ်"

ခန်းမဆောင် အတွင်းမှာ ဝမ်ယွမ်က ကူချင်းဟွမ်းကို ဂါရဝပြုပြီး ပြောလိုက်သည်။

"ကောင်းပြီ အဲဒါဆိုရင် အစီအစဉ်က ပိုအဆင်ပြေသွားမှာပါ"

ဝမ်ယွမ်က ကူချင်းဟွမ်းကို လေးစားစွာ ကြည့်ပြီး မေးလိုက်သည်။

"ဆရာ... ချင်းဟုန်ခန်းမဆောင် ဆိုတာ ရှန်မိသားစုရဲ့ အားကိုးရတဲ့ လက်ပါးစေလေ သူတို့က အကျိုးအမြတ် အများကြီး ရနေတာပဲ ဘာလို့ အခုမှ အတွင်းလူ လုပ်ချင်ရတာလဲ"

ကူချင်းဟွမ်းက ပြုံးလိုက်သည်။

"တချို့ခွေးတွေက ဘယ်လောက်ပဲ ကျွေးကျွေး ယဉ်ပါးမလာဘူးလေ သူ့ကို ကောင်းကောင်း ဆက်ဆံလေ ပိုပြီး အထင်သေးလေပဲ ချင်းဟုန်ခန်းမဆောင် က အဲဒီလို ခွေးရိုင်းမျိုးပဲ သူတို့က ရှန်မိသားစု ပစ်ကျွေးတဲ့ အရိုးလောက်နဲ့ မကျေနပ်တော့ဘဲ စားပွဲပေါ်တက်ပြီး အသားစားချင်နေကြတာ ကြာပြီ"

ဝမ်ယွမ်က ခေါင်းညိတ်လိုက်သည်။

ကူချင်းဟွမ်း ဒီစကား မပြောခင်က လူတိုင်း ထင်ထားတာက ချင်းဟုန်ခန်းမဆောင် ဟာ ရှန်မိသားစုရဲ့ သစ္စာအရှိဆုံး ခွေးလို့ပဲ။

ကူချင်းဟွမ်းက ချင်းဟုန်ခန်းမဆောင်ကနေ ထိုးဖောက်မယ်လို့ ပြောတုန်းက မဟာမိတ် အဖွဲ့ဝင်တွေ အားလုံးက မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြသည်။

ဒါပေမဲ့ ဆရာက ဆရာပါပဲ။

သူက စကားအများကြီး မပြောဘဲ သုံးရက်အတွင်းမှာပဲ အားလုံးကို လက်တွေ့ သက်သေပြခဲ့သည်။

ချင်းဟုန်ခန်းမဆောင် က အလွယ်ကူဆုံး ထိုးဖောက်နိုင်တဲ့ နေရာ ဆိုတာကိုပေါ့။

အားလုံးက ချီးကျူးရုံကလွဲပြီး ဘာမှ မပြောနိုင်ကြတော့ပေ။

"ဆရာက တကယ်ပဲ အမြော်အမြင် ကြီးမားပါတယ် ကျွန်တော် လေးစားပါတယ်"

အံ့ဖွယ်နဂါးတိုက်ကြီး ဆိုတာ အင်အားကြီးသူက အရာရာကို ဖန်တီးနိုင်တဲ့ ကမ္ဘာ ဖြစ်ပေမယ့် ဝမ်ယွမ်ကတော့ လက်သီးကြီးတာ အဓိကလို့ ယုံကြည်ခဲ့ဖူးသည်။

ဒါပေမဲ့ ကူချင်းဟွမ်းက မဖြစ်နိုင်တဲ့ ပြဿနာတွေကို စကားလုံး အနည်းငယ်နဲ့ ဖြေရှင်းလိုက်တာ တွေ့ရတော့ ကျင့်ကြံမှုအဆင့်က အရာအားလုံး မဟုတ်မှန်း နားလည်သွားသည်။

ဝမ်ယွမ် စဉ်းစားနေတုန်း ကူချင်းဟွမ်းက အိတ် ၃ လုံး ထုတ်ပေးလိုက်သည်။

"ချင်းဟုန်ခန်းမဆောင်က သခင်ကိုတောင် ပြန်ကိုက်မယ့် ခွေးရိုင်းမျိုးမို့ သတိထားရမယ် မတော်တဆ တစ်ခုခု ဖြစ်လာရင် ဒီအိတ် ၃ လုံးထဲမှာ အကောင်း အလတ် အညံ့ ဆိုပြီး နည်းလမ်း ၃ ခု ထည့်ပေးထားတယ် အနီရောင်က အကောင်း အပြာရောင်က အလတ် အစိမ်းရောင်က အညံ့ အခြေအနေကို ကြည့်ပြီး ရွေးချယ်ပါ"

အိတ် ၃ လုံးကို လှမ်းယူပြီး ဝမ်ယွမ်က မေးလိုက်သည်။

"တစ်ခုခု ဖြစ်ရင် ဆရာ ဆုံးဖြတ်လိုက်ရင် ရတာပဲလေ ဘာလို့ ကျွန်တော့်ကို ပေးရတာလဲ"

"စစ်ပွဲ စပြီ ဆိုတာနဲ့ ဘာမဆို ဖြစ်သွားနိုင်တယ် အိတ်ပေးတာက အရန်သင့် ပြင်ဆင်ထားတဲ့ သဘော"

"ဪ... ဆရာက တကယ် စေ့စပ်သေချာတာပဲ"

ဝမ်ယွမ်က ဂါရဝပြုပြီး အိတ် ၃ လုံးကို ကြည့်ကာ မေးလိုက်သည်။

"အကောင်း အလတ် အညံ့ ရှိတယ် ဆိုရင် ဘာလို့ အကောင်းဆုံး နည်းလမ်းကိုပဲ တန်းမသုံးတာလဲ"

"အစီအစဉ်တိုင်း နည်းလမ်းတိုင်းမှာ လိုအပ်ချက်တွေ ရှိတယ် အခြေအနေ မပေးရင် အကောင်းဆုံး နည်းလမ်းက အညံ့ဆုံး နည်းလမ်းလောက်တောင် အသုံးမဝင် ဖြစ်သွားတတ်တယ်"

ဝမ်ယွမ် အံ့သြသွားပြီး ဂါရဝပြုလိုက်သည်။

"မှတ်သားထားပါ့မယ် ဆရာ"

အိတ် ၃ လုံးကို သိုလှောင်လက်စွပ်ထဲ ထည့်ပြီးနောက် ဝမ်ယွမ် လက်သီးဆုပ်လိုက်သည်။

အစ်ကိုကြီး အတွက် လက်စားချေရတော့မယ် ဆိုတဲ့ အတွေးနဲ့ စိတ်လှုပ်ရှားနေသည်။

စာကြည့်စားပွဲနား လျှောက်သွားပြီး ပါဝင်မယ့် မိသားစုတွေနဲ့ ဂိုဏ်းတွေကို ကြည့်လိုက်သည်။

ခဏကြာတော့ ဝမ်ယွမ်က သက်ပြင်းချပြီး ပြောလိုက်သည်။

"ဆရာ... အခုထိ မယုံနိုင်သေးဘူး ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက် ကြီးမားတဲ့ မဟာမိတ် အဖွဲ့ကြီးကို ဖွဲ့စည်းနိုင်တာ တကယ် အံ့သြဖို့ ကောင်းတယ်"

ဝမ်ယွမ်က တစ်သီးပုဂ္ဂလ နေတတ်ပေမယ့် ဝမ်မိသားစုရဲ့ သခင်လေး ဖြစ်တာကြောင့် မဟာမိတ် ဖွဲ့တယ် ဆိုတာ ဘယ်လောက် ခက်ခဲလဲ သိသည်။

ဒီလောက် အင်အားစုကြီး တစ်ခုကို အချိန်တိုအတွင်း စုစည်းနိုင်တာ မလွယ်ကူပေ။

ကူချင်းဟွမ်းက လက်ဖက်ရည်ခွက်ကို ချပြီး ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ဒီမဟာမိတ် အဖွဲ့က အကျိုးအမြတ် အတွက် မဟုတ်ဘဲ ရည်မှန်းချက် တစ်ခုတည်း ရှိလို့ အဲဒါကတော့ ရှန်မိသားစုကို လက်စားချေဖို့ပဲ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ ဆရာ"

"လွယ်လွယ်ကူကူ ဖွဲ့စည်းလို့ ရတဲ့ မဟာမိတ်က လွယ်လွယ်ကူကူပဲ ပြိုကွဲတတ်တယ် ရှန်မိသားစု ကျဆုံးသွားရင် နောက်ထပ် တိုက်ပွဲသစ်တွေ ပေါ်လာလိမ့်မယ်"

ဝမ်ယွမ် ကြောင်သွားပြီး မေးလိုက်သည်။

"ဆရာ ပြောတာက ရှန်မိသားစု ပိုင်နက်တွေကို ခွဲဝေယူကြမှာကို ဆိုလိုတာလား"

"ဟုတ်တယ်"

ကူချင်းဟွမ်း ခေါင်းညိတ်လိုက်သည်။

"ကိစ္စမရှိပါဘူး ကျွန်တော်ကတော့ အစ်ကိုကြီး အတွက် လက်စားချေချင်ရုံ သက်သက်ပါပဲ"

"သခင်လေးဝမ်က စိတ်မဝင်စားပေမယ့် ဝမ်မိသားစုကတော့ ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ဘူး"

ဝမ်ယွမ် ထပ်ကြောင်သွားသည်။

"ဒါဆို... အဖိုးက ဆရာ့ကို လာတွေ့ပြီး ဆွေးနွေးပြီးပြီလား"

ကူချင်းဟွမ်းက ဝမ်ယွမ်ရဲ့ အကြံပေး ဖြစ်ပေမယ့် သူ့အရည်အချင်းကို ဝမ်မိသားစု တစ်ခုလုံးက အသိအမှတ် ပြုထားကြသည်။

ဒါကြောင့် ဝမ်ယွမ် အပြင် တခြား ဝမ်မိသားစုဝင်တွေလည်း လာရောက် ဆွေးနွေးလေ့ ရှိသည်။

"ဟုတ်တယ် ဝမ်မိသားစု ခေါင်းဆောင် လာတွေ့တယ်"

"ဆရာ ဘယ်လို ပြန်ဖြေလိုက်လဲ"

"သခင်လေးဝမ် တကယ် သိချင်လို့လား"

"ကျွန်တော်..."

ဝမ်ယွမ် တွန့်ဆုတ်သွားသည်။

ဘယ်လို ဖြေရမလဲ မသိ ဖြစ်နေသည်။

ကူချင်းဟွမ်းက ဘာမှ ဆက်မပြောဘဲ လက်ဖက်ရည် ဆက်သောက်နေလိုက်သည်။

ဝမ်ယွမ်က အစ်ကိုကြီးကို ချစ်ပေမယ့် အဖေနဲ့ အဖိုးကိုတော့ မုန်းတီးသည်။

ဒါကြောင့် မိသားစု ကိစ္စတွေမှာ ဝင်မပါတတ်ပေ။

အကြောင်းရင်းကို ထုတ်မပြောပေမယ့် သူ့အမေနဲ့ သက်ဆိုင်မယ်လို့ ကူချင်းဟွမ်း ခန့်မှန်းမိသည်။

"ဒေါက် ဒေါက်"

တံခါးခေါက်သံ ကြားလိုက်ရသည်။

"ဝင်ခဲ့ပါ"

တံခါးပွင့်လာပြီး လော့ဝမ်ကျိုး ဝင်လာသည်။

ဝမ်ယွမ်က ဂါရဝပြုလိုက်သည်။

"သခင်လေးလော့"

လော့ဝမ်ကျိုးကလည်း ပြန်လည် ဂါရဝပြုသည်။

"သခင်လေးဝမ်"

ဝမ်ယွမ်က လော့ဝမ်ကျိုးကို လေးစားပေမယ့် ကူချင်းဟွမ်းလောက် မလေးစားတာကြောင့် ဆရာလို့ မခေါ်ပေ။

"သတင်း ရပြီလား"

ကူချင်းဟွမ်းက မေးလိုက်သည်။

"အင်း ယွီရှင်းယန် က ဖန်းကတုတ်စခန်းကို သွားပြီး စာယူသွားတယ်"

"ကောင်းပြီ"

ကူချင်းဟွမ်း ခေါင်းညိတ်လိုက်သည်။

ကူချင်းဟွမ်း စကားမဆုံးခင် ဝမ်ယွမ်က ဝင်ပြောသည်။

"ဒါဆို ကျွန်တော် သွားပြောလိုက်တော့မယ်နော်"

"အင်း အချိန်တန်ပြီ အားလုံးကို ပြင်ဆင်ခိုင်းလိုက်တော့"

"ဟုတ်ကဲ့"

ဝမ်ယွမ်က စိတ်လှုပ်ရှားစွာနဲ့ ထွက်သွားသည်။

ဝမ်ယွမ် ထွက်သွားပေမယ့် လော့ဝမ်ကျိုးက တံခါးမပိတ်ဘဲ ပြောလိုက်သည်။

"အစ်ကိုကြီးကူ လူနှစ်ယောက် လာတွေ့ချင်နေတယ်"

"ချိုင် ညီအစ်ကိုတွေလား"

"အစ်ကိုကြီးကူကို ဘယ်သူမှ လှည့်စားလို့ မရပါလား ဟုတ်တယ် သူတို့ပဲ"

"ဝင်ခိုင်းလိုက်ပါ"

"ဟုတ်ကဲ့"

လော့ဝမ်ကျိုး ထွက်သွားပြီး အပြင်မှာ စောင့်နေတဲ့ ချိုင်ညီအစ်ကို နှစ်ယောက်ကို ခေါ်လာသည်။

"ဂါရဝပြုပါတယ် ခေါင်းဆောင်ကူ"

ချိုင်ညီအစ်ကို နှစ်ယောက် ဝင်လာတာနဲ့ ဦးညွှတ် ဂါရဝပြုကြသည်။

"အားနာစရာကြီးပါ ဘာကိစ္စ ရှိလို့လဲ"

ညီအစ်ကို နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အစ်ကိုဖြစ်သူ ချိုင်ကျွင်း က စပြောသည်။

"ကျွန်တော်တို့ ညီအစ်ကိုတွေ အသက်ကယ်ဖို့ လာတောင်းပန်တာပါ ခေါင်းဆောင်ကူ"

ကူချင်းဟွမ်း ပြုံးလိုက်သည်။

"ထိုက်ရွှီဂိုဏ်းကိစ္စလား ကျွန်တော် လူလွှတ်ပြီး ရှင်းပေးလိုက်ပါပြီ စိတ်မပူပါနဲ့ အစ်ကိုကြီးကောင်က ကတိတည်တဲ့သူပါ သူက ဒုက္ခမပေးတော့ဘူးလို့ ကတိပေးထားတယ်"

ချိုင်ညီအစ်ကို နှစ်ယောက် ဝမ်းသာသွားသည်။

သူတို့ စိုးရိမ်နေတဲ့ ကိစ္စကို ကူချင်းဟွမ်းက ကြိုရှင်းပေးထားပြီး ဖြစ်နေသည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကူ ကျေးဇူးတင်ပါတယ်"

ကူချင်းဟွမ်းက လက်ကာပြလိုက်သည်။

"ရပါတယ် နောက်ဆိုရင် အနောက်ဘက် တောင်တန်း သတ္တုတွင်း ကိစ္စမှာ အစ်ကိုကြီးတို့ အကူအညီ လိုဦးမှာ"

"စိတ်ချပါ ခေါင်းဆောင်ကူ ပြောလိုက်တာနဲ့ ချက်ချင်း လုပ်ပေးပါ့မယ်"

"ဒါဆို ကြိုပြီး ကျေးဇူးတင်ပါတယ်"

"မလိုပါဘူးဗျာ မလိုပါဘူး"

ချိုင်ကျွင်းက ပြောရင်း ရင်ဘတ်ထဲက သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။

"ဒါက ကျွန်တော်တို့ ညီအစ်ကိုရဲ့ စေတနာပါ ခေါင်းဆောင်ကူ အနားယူပါဦး ခွင့်ပြုပါ"

ပြောပြီးတာနဲ့ ညီဖြစ်သူကို ဆွဲပြီး ထွက်ပြေးသွားသည်။

ငြင်းမှာ ကြောက်လို့ ဖြစ်မည်။

ချိုင်ညီအစ်ကို နှစ်ယောက် ထွက်ပြေးသွားတာ မြင်တော့ လော့ဝမ်ကျိုးက ခေါင်းခါပြီး တံခါးပိတ်လိုက်သည်။

"ဒီညီအစ်ကို နှစ်ယောက်က အရည်အချင်း ရှိပေမယ့် လောဘကြီးလွန်းတယ်"

"သူတို့ နေရာနဲ့ဆိုရင် မလွန်ပါဘူး ပြီးတော့ ကျန်အန်းခရိုင်မှာ ခြေကုပ်ယူချင်ရင် သူတို့ အကူအညီ လိုတယ်"

"အစ်ကိုကြီးကူက အမြော်အမြင် ကြီးမားပါပေတယ် ဒါဆို ကျွန်တော် ဘယ်ဆက်သွားရမလဲ"

ကူချင်းဟွမ်း စကားမဆုံးခင် အသံတစ်သံ ကြားလိုက်ရသည်။

"ချင်းဟွမ်း... မင်း ဒီမှာ နာမည်ကြီးနေပြီပဲ တော်တယ်"

အသံကြားတာနဲ့ ကူချင်းဟွမ်းနဲ့ လော့ဝမ်ကျိုးတို့ မတ်တတ်ထရပ်ပြီး ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။

"အကိုကြီး"

ဂါရဝပြုပြီးနောက် ကူချင်းဟွမ်းက လက်ဖက်ရည် ငှဲ့ပေးပြီး ဖိတ်ခေါ်လိုက်သည်။

"အကိုကြီး ထိုင်ပါ"

"အင်း"

ကျန်းပေရန်က ထိုင်လိုက်ပြီး ကူချင်းဟွမ်းကို ကြည့်ကာ မေးလိုက်သည်။

"နေမင်းဖြတ်တောက်မှန် ရပြီလား"

ကူချင်းဟွမ်း ကြောင်သွားပြီး လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"အကိုကြီးကို ဘယ်သူမှ လှည့်စားလို့ မရပါလား"

ကူချင်းဟွမ်း စကားဆုံးတာနဲ့ အခန်းတစ်ခုလုံး မှောင်မဲသွားသည်။

လက်တစ်ကမ်း အကွာအဝေးတောင် မမြင်ရတော့ပေ။

ပတ်ဝန်းကျင် အပူချိန် ကျဆင်းသွားပြီး အာရုံခံစားမှုတွေ ပျောက်ဆုံးသွားသည်။

နေရောင်ခြည် ပျောက်ကွယ်သွားတဲ့အခါ အမြင်အာရုံတင် မကဘဲ အရာအားလုံး ပျောက်ဆုံးသွားသလို ဖြစ်နေသည်။

"ဒါက နေမင်းဖြတ်တောက်မှန် လား"

ကျန်းပေရန် မေးလိုက်သည်။

"ဟုတ်တယ်"

အမှောင်ထဲကနေ ကူချင်းဟွမ်း အသံ ထွက်လာသည်။

"ဒါပေမဲ့ ဒီပစ္စည်းက အရမ်း ထူးဆန်းတယ်"

ကူချင်းဟွမ်း စကားပြောနေတုန်း အခန်းထဲ အလင်းရောင် ပြန်ရောက်လာသည်။

ဒါပေမဲ့ ကျန်းပေရန် ရှေ့ ကမ်းပေးထားတဲ့ လက်ဖဝါးပေါ်မှာ ဘာမှ မရှိပေ။

"ဒီပစ္စည်းက အရောင်မရှိ အသွင်သဏ္ဍာန် မရှိဘူး ဘယ်လို ခေါ်ရမလဲတောင် မသိဘူး"

'အရောင်မရှိ... အသွင်သဏ္ဍာန် မရှိ...'

ကျန်းပေရန် စိတ်ဝင်စားသွားပြီး စိတ်စွမ်းအင်နဲ့ စစ်ဆေးကြည့်လိုက်သည်။

ကူချင်းဟွမ်း ဘေးနားမှာ ဝိုးတဝါး စိတ်စွမ်းအင် လှိုင်းတွေ တွေ့လိုက်ရသည်။

'ဒါက... စိတ်စွမ်းအင် သက်သက်ပဲလား'

ကျန်းပေရန် ပစ္စည်းတွေ အများကြီး မြင်ဖူးပေမယ့် ဒီလို ပုံစံမျိုး တစ်ခါမှ မမြင်ဖူးပေ။

ရိုးရိုးရှင်းရှင်း ပြောရရင် ရုပ်ဝတ္ထု မရှိဘဲ ပိုင်ရှင်ရဲ့ စိတ်ထဲမှာပဲ တည်ရှိနေခြင်း ဖြစ်သည်။

တကယ် ထူးခြားသည်။

"အကိုကြီး လက်ဖဝါး ဖြန့်ထားပါ အခု လွှဲပြောင်းပေးပါ့မယ်"

ကျန်းပေရန် ခေါင်းညိတ်ပြီး လက်ဖဝါး ဖြန့်လိုက်သည်။

ကူချင်းဟွမ်းက သူ့လက်ဖဝါးကို ကျန်းပေရန် လက်ဖဝါးပေါ် တင်လိုက်သည်။

[ ရွေးချယ်မှု ပြီးမြောက်ပါပြီ။ ဆုလဒ် - စိတ်စွမ်းအင် + ၁ ]

ခေါင်းထဲကို တစ်စုံတစ်ခု ဝင်လာတာ ခံစားလိုက်ရပြီး စနစ်ရဲ့ အချက်ပေးသံ ထွက်ပေါ်လာသည်။

'ကြာလိုက်တဲ့ အချိန်ကာလ...'

နေမင်းဖြတ်တောက် မှန် ရလိုက်တာနဲ့ ၃ နှစ်ကြာ စောင့်ခဲ့ရတဲ့ ရွေးချယ်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။

မြေကမ္ဘာ သလင်းကျောက်၊ မဟာလျှို့ဝှက် ရေစင်၊ ကောင်းကင်တုန်ဟိန်း မီးတောက်၊ယင်ယန် လျှို့ဝှက် အမွေးအတောင်၊ နေမင်းဖြတ်တောက် မှန် နဲ့ ချူယန်ဇယ် ခန္ဓာကိုယ်ထဲက ဧကရာဇ်ပိုးကောင် တို့ ဖြစ်သည်။

ကောင်းကင်ဘုံအဆင့် ရွေးချယ်မှု ပေါ်လာမယ့် ၄ နှစ်မြောက် နှစ်လည်း ရောက်တော့မည်။

'မငြိမ်းချမ်းတော့ဘူးပဲ...'

စိတ်ထဲက ညည်းတွားလိုက်ပြီး ကျန်းပေရန်က နေမင်းဖြတ်တောက် မှန် ကို စမ်းသပ်ကြည့်လိုက်သည်။

စိတ်ကူးလိုက်တာနဲ့ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မဲသွားသည်။

အတိုင်းအတာကိုလည်း စိတ်ကြိုက် သတ်မှတ်လို့ ရသည်။

ဒါပေမဲ့ ပြဿနာ တက်မှာ စိုးလို့ အများကြီး မချဲ့တော့ပေ။

နောက်မှ စမ်းသပ်တော့မည်။

'လောကကြီးမှာ ဒီလို ပစ္စည်းမျိုး ရှိသေးတာလား အံ့ဖွယ်ပဲ'

ကျန်းပေရန် သုံးနိုင်ပြီ ဆိုတာ သိလိုက်တော့ ကူချင်းဟွမ်းက ပြောလိုက်သည်။

"ကျွန်တော်က အကိုကြီးကို အံ့သြသွားအောင် လုပ်ချင်လို့ စာထဲမှာ မရေးခဲ့တာ အပြစ်ပေးပါ အကိုကြီး"

ကျန်းပေရန် ရယ်လိုက်သည်။

"အပြစ်မပေးပါဘူး ငါလည်း အံ့သြသွားတယ်"

ရှန်မိသားစု ကိစ္စကို ကူချင်းဟွမ်း လက်ထဲ အပ်ထားကတည်းက စစ်ပွဲ မစခင် စာရေးလာစရာ အကြောင်း မရှိပေ။

ကိစ္စပြီးမှ အကြောင်းပြန်ရမှာ ဖြစ်သည်။

အခု ကြိုစာရေးလာတယ် ဆိုကတည်းက နေမင်းဖြတ်တောက် မှန် ရလို့ ဆိုတာ သိသာသည်။

"ကျေးဇူးတင်ပါတယ် အကိုကြီး"

လက်ဖက်ရည် သောက်ပြီးနောက် ကျန်းပေရန်က စာကြည့်စားပွဲဆီ လျှောက်သွားသည်။

စားပွဲပေါ်က စာရင်းကို ကြည့်ပြီး မေးလိုက်သည်။

"ဒါက မင်းအစီအစဉ်ကို လက်ခံတဲ့ ဂိုဏ်းတွေလား"

"ဟုတ်"

ကူချင်းဟွမ်း ခေါင်းညိတ်ပြီး အသေးစိတ် ရှင်းပြသည်။

"ဒီအစီအစဉ် အောင်မြင်တာ ဂျူနီယာလော့ရဲ့ ကျေးဇူး အများကြီး ပါတယ်"

ဘေးက နားထောင်နေတဲ့ လော့ဝမ်ကျိုးက ရှေ့ထွက်ပြီး ပြောလိုက်သည်။

"အစ်ကိုကြီးကူ မြှောက်ပြောနေတာ ကျွန်တော်က အကူအညီ နည်းနည်းပဲ ပေးရတာပါ"

ကျန်းပေရန် ရယ်လိုက်သည်။

"မင်းတို့ နှစ်ယောက်လုံး တော်တယ်"

ပြီးတော့ ကူချင်းဟွမ်း ဘက် လှည့်ပြီး မေးလိုက်သည်။

"ဒီမှာ အခြေချဖို့ ဆုံးဖြတ်လိုက်ပြီလား"

ဒီမေးခွန်း ကြားတော့ ကူချင်းဟွမ်း ကြောင်သွားပြီး ဒူးထောက်လိုက်သည်။

"ကျွန်တော် လုပ်သမျှ အရာအားလုံးက အကိုကြီး နယ်မြေချဲ့ထွင်ဖို့ အတွက်ပါ"

ကူချင်းဟွမ်း ဒီအစီအစဉ် ဆွဲကတည်းက ရည်ရွယ်ချက်က နေမင်းဖြတ်တောက်မှန် တစ်ခုတည်း မဟုတ်မှန်း ကျန်းပေရန် သိသည်။

ဝမ်ယွမ် ဆီကနေ နေမင်းဖြတ်တောက်မှန် ယူဖို့က ဒီလောက် မခက်ခဲပေ။

ကူချင်းဟွမ်းရဲ့ အရည်အချင်းနဲ့ ဆိုရင် ပိုလွယ်တဲ့ နည်းလမ်းတွေ ရှိသည်။

ဒါပေမဲ့ ခက်ခဲတဲ့ နည်းလမ်းကို ရွေးခဲ့တာက သူ့အရည်အချင်းကို ပြသချင်လို့ ဖြစ်သည်။

အသေးအဖွဲ ကိစ္စတွေပဲ လုပ်နိုင်တာ မဟုတ်ကြောင်း သက်သေပြချင်လို့ ဖြစ်သည်။

သူလုပ်တာတွေက တကယ် ကောင်းမွန်သည်။

တိုင်းတစ်ပါးသား အနေနဲ့ လပိုင်းအတွင်း ဒီလောက် လုပ်နိုင်တာ အစပဲ ရှိသေးသည်။

ရှန်မိသားစုကို ဖြုတ်ချပြီးရင် သူ့ရည်မှန်းချက်တွေ ပြည့်ဝလာတော့မည်။

ဒီလို ရည်မှန်းချက်ကြီးတဲ့ လက်အောက်ငယ်သားကို တခြားသူတွေ ဆိုရင် ကြောက်ပေမယ့် ကျန်းပေရန်ကတော့ ကူချင်းဟွမ်းကို ယုံကြည်သည်။

"ထပါ ငါ ဒါမျိုး မကြိုက်မှန်း သိသားနဲ့"

ကူချင်းဟွမ်း ထရပ်ပြီး ဂါရဝပြုလိုက်သည်။

"တောင်းပန်ပါတယ် အကိုကြီး"

ကျန်းပေရန်က ကူချင်းဟွမ်း ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"မင်းအရည်အချင်းနဲ့ ဆိုရင် ရှန့်တိုင်းပြည်မှာ နေရတာ နှမြောစရာ ကောင်းတယ် ဒီမှာပဲ မင်းအရည်အချင်းတွေကို အစွမ်းကုန် ထုတ်ပြလိုက်ပါ"

"အကိုကြီး..."

ကူချင်းဟွမ်း ကြောင်အသွားသည်။

"လုပ်စရာ ရှိတာ ဆက်လုပ်ပါ မင်း ဘယ်လောက်ထိ ရောက်မလဲ ဆိုတာ ငါစောင့်ကြည့်နေမယ်"

"အကိုကြီး မျှော်လင့်သလို ဖြစ်စေရပါမယ်"

ကူချင်းဟွမ်းက လေးစားစွာ ဂါရဝပြုလိုက်လေသည်။

အခန်း ၅၁၉ အဆက်အသွယ်

ကျန်းပေရန်က ကူချင်းဟွမ်းရဲ့ စီမံကိန်းကို စောင့်ကြည့်ချင်ပေမယ့် ညရောက်တာနဲ့ စက္ကူစွန် တစ်ကောင် ထပ်ရောက်လာသည်။

ဒီတစ်ခါ ရှောင်ချီဆီက ဖြစ်သည်။

တာဝန် ပြီးမြောက်ကြောင်း အကြောင်းကြားလာခြင်း ဖြစ်သည်။

'ဇာတ်လိုက် ကံကြမ္မာ ဆိုတာ ဒါမျိုးကိုး တကယ်ပဲ အောင်မြင်အောင် လုပ်နိုင်ခဲ့တာပဲ'

ကျန်းပေရန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ရှောင်ချီကို ရှန်ထျန်းဟွာရဲ့ သက်တော်စောင့် အဖြစ် တာဝန်ပေးထားပြီး ရှေးဟောင်း ကျမ်းစာအုပ်ရဲ့ စာရွက် အပိုင်းအစတွေ ရှာဖွေခိုင်းထားခြင်း ဖြစ်သည်။

ဒီတာဝန် နှစ်ခုစလုံးက ရှောင်ချီရဲ့ စွမ်းရည်ထက် ကျော်လွန်နေပေမယ့် အောင်မြင်အောင် လုပ်နိုင်ခဲ့သည်။

ရွှေစစ်ရင် ဘယ်နေရာ ရောက်ရောက် တောက်ပတယ် ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်သည်။

ဒါကြောင့် ထန်တိုင်းပြည်မှာ ဆက်မနေတော့ဘဲ ကူချင်းဟွမ်းကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။

နေ့ဝက်လောက် ကြာတဲ့အခါ ဝူချင်းစစ်က ဝမ်အိမ်တော်ကို အပြေးအလွှား ပြန်ရောက်လာသည်။

ကူချင်းဟွမ်း အခန်းကို တံခါးခေါက်ပြီး ဝင်လာကာ မေးလိုက်သည်။

"အကိုကြီး ဘယ်ရောက်သွားလဲ"

"နေ့လယ်ကပဲ ထွက်သွားပြီ ထုန်တိုင်းပြည်ကို သွားမယ်တဲ့"

"ထွက်သွားပြီ ဟုတ်လား စာထဲမှာတော့ အခုမှ ရောက်တယ် ဆို"

"အခုမှ ရောက်ပေမယ့် အရေးကြီး ကိစ္စ ရှိလို့ ထွက်သွားတာ နေမှာ"

ဝူချင်းစစ် စိတ်ဓာတ်ကျသွားသည်။

သူ့ရဲ့ တိုးတက်မှုတွေကို ပြချင်လို့ အပြေးအလွှား ပြန်လာတာ အခုတော့ လွဲသွားပြီ ဖြစ်သည်။

"ဒါပေမဲ့ အကိုကြီးက မင်းအတွက် ပစ္စည်း တစ်ခု ထားခဲ့တယ်"

"ဘာပစ္စည်းလဲ"

ကူချင်းဟွမ်းက သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ပေးလိုက်သည်။

"လက်စွပ်ထဲမှာ ရှိတယ် နေ့တိုင်း ကိုယ်နဲ့မကွာ ဆောင်ထားပြီး ဝိညာဉ်စွမ်းအင်နဲ့ ပြုစုပျိုးထောင်ပေးရမယ်တဲ့"

ဝူချင်းစစ်က လက်စွပ်ထဲက ခရမ်းရောင် သလင်းကျောက် တုံးလေးကို ထုတ်ကြည့်လိုက်သည်။

"အစ်ကိုကူ ဒါဘာလဲ သိလား"

"မသိဘူး"

ကူချင်းဟွမ်း ခေါင်းခါလိုက်သည်။

"ဒါဆိုရင်တော့ အကိုကြီး ရလာတဲ့ ရှားပါး ရတနာ ဖြစ်ရမယ်"

ကူချင်းဟွမ်းလို ဗဟုသုတ ကြွယ်ဝသူတောင် မသိဘူး ဆိုကတည်းက ရတနာ ဆိုတာ သေချာသည်။

ဝူချင်းစစ်က အဆောင်လက်ဖွဲ့ စာရွက် တစ်ရွက် ထုတ်လိုက်သည်။

ကျေးဇူးတင်စာ ရေးဖို့ ဖြစ်သည်။

...

ကျန်းပေရန်က ထုန်တိုင်းပြည်ကို ရောက်နေပြီ ဖြစ်သည်။

အရင်တုန်းက ရှန်ထျန်းဟွာနဲ့ ရှောင်ချီကို နှုတ်ဆက်ခဲ့တဲ့ စားသောက်ဆိုင်မှာပဲ ပြန်ဆုံကြသည်။

"ဆရာကြီး... ဆရာကြီးကျန်း... တကယ် တော်တာပဲဗျာ"

အခန်းထဲ ဝင်ဝင်ချင်း ရှန်ထျန်းဟွာက အော်ဟစ် နှုတ်ဆက်သည်။

"မတွေ့တာ ကြာပြီနော် ဘာလို့ ဒီလောက် ချီးကျူးနေရတာလဲ"

"ဆရာ့ တပည့်က တော်လွန်းလို့လေ သခင်လေးဟန်ရဲ့ စွမ်းရည်က တကယ့်ကို အံ့မခန်းပဲ စာရွက် အပိုင်းအစတွေ ရှာတွေ့တာ သူ့ကျေးဇူးတွေချည်းပဲ ဆရာကောင်း တပည့် ဆိုတာ ဒါမျိုးကို ခေါ်တာပဲ"

ရှောင်ချီက ရှေ့ထွက်ပြီး ဂါရဝပြုလိုက်သည်။

"အစ်ကိုဝမ် ကျွန်တော် တာဝန်ကျေခဲ့ပါပြီ"

"မင်း လုပ်နိုင်မယ် ဆိုတာ ငါသိပါတယ်"

ကျန်းပေရန်က ထိုင်ခုံမှာ ဝင်ထိုင်ပြီး မေးလိုက်သည်။

"ကျမ်းစာအုပ်ရော"

"ဒီမှာ"

ရှန်ထျန်းဟွာက သိုလှောင်လက်စွပ်ထဲက ကျမ်းစာအုပ်ကို ထုတ်ပေးလိုက်သည်။

စာရွက်တွေ စုံသွားတဲ့အခါ စာအုပ်က ပိုထူလာသည်။

သူဖတ်ကြည့်ပေမယ့် နားမလည်တာတွေ များနေသည်။

ဆရာကြီးကျန်း ရှင်းပြရင်တော့ ကောင်းမှာပဲလို့ မျှော်လင့်နေသည်။

ကျန်းပေရန်က စာအုပ်ကို ချက်ချင်း မဖွင့်သေးဘဲ ရှောင်ချီကို ကြည့်ပြီး မေးလိုက်သည်။

"ဘယ်လို ရှာတွေ့ခဲ့တာလဲ ပြောပြပါဦး"

ဒီအချက်ကို သူစိတ်ဝင်စားသည်။

ရှန်ထျန်းဟွာ ပြောပြချက်အရ ဆိုရင် ဂူသင်္ချိုင်း ဖောက်ထွင်းသူတွေက စာရွက် အပိုင်းအစတွေ လုရင်း သတ်ကြဖြတ်ကြ ဖြစ်နေတာ ဖြစ်သည်။

ရှန်ထျန်းဟွာတောင် အသက်ဘေးက သီသီလေး လွတ်လာခဲ့ရသည်။

အခုတော့ စာရွက်တွေ အကုန် စုံနေပြီ ဆိုတော့ ရှောင်ချီ ဘယ်လို စွမ်းလိုက်လဲ သိချင်သည်။

ဉာဏ်နဲ့ ယှဉ်တာလား အင်အားသုံးတာလား။

ရှောင်ချီက ဂါရဝပြုပြီး ရှင်းပြသည်။

အမွှေးတိုင် တစ်တိုင်စာလောက် ကြာအောင် ရှင်းပြပြီးတဲ့ အခါ ကျန်းပေရန် နားထဲမှာ စကားလုံး တစ်လုံးတည်းသာ ကျန်ရစ်သည်။

"အဆက်အသွယ်"

ရွှေရောင်ဒယ်အိုးကျွန်း စစ်ပွဲအပြီးမှာ ရှောင်ချီက မျိုးဆက်သစ် လူငယ် ခေါင်းဆောင်တွေနဲ့ ရင်းနှီးခဲ့သည်။

သူတို့ကို အကူအညီ တောင်းလိုက်တဲ့အခါ သူတို့က ဝိုင်းကူပေးကြသည်။

ဒီနည်းနဲ့ ဂူသင်္ချိုင်း ဖောက်ထွင်းသူတွေကို ရှာဖွေ တွေ့ရှိခဲ့သည်။

ဂူသင်္ချိုင်း ဖောက်ထွင်းသူတွေက အကျိုးအမြတ်ကို အဓိက ထားကြသည်။

သူတို့ အချင်းချင်း မယုံကြည်ကြတာကြောင့် စာရွက်တွေကို စုစည်းဖို့ ခက်ခဲနေခြင်း ဖြစ်သည်။

ရှောင်ချီက ကြားခံလူ အနေနဲ့ ဝင်ရောက် ညှိနှိုင်းပေးတဲ့အခါ အဆင်ပြေသွားသည်။

အထူးသဖြင့် ရှောင်ချီရဲ့ အာမခံချက် ပေးတဲ့သူတွေက အရှိန်အဝါ ကြီးမားသူတွေ ဖြစ်နေတာကြောင့် ယုံကြည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

'တော်လိုက်တဲ့ တပည့်လေး'

လူမှုဆက်ဆံရေး နယ်ပယ်မှာ အဆက်အသွယ် ဆိုတာ အရေးကြီးဆုံး လက်နက် ဖြစ်သည်။

တစ်ယောက်တည်း လုပ်တာထက် ပူးပေါင်း လုပ်ဆောင်တာက ပိုထိရောက်သည်။

(ကျန်းပေရန်ကတော့ ခြွင်းချက်ပေါ့ သူက တစ်ယောက်တည်းနဲ့ စစ်တပ် တစ်တပ်စာ စွမ်းဆောင်နိုင်သူကိုး)

ရှန်ထျန်းဟွာက ဘေးက နားထောင်ရင်း ပြန်လည် အံ့သြနေမိသည်။

ရှောင်ချီရဲ့ အဆက်အသွယ် ကွန်ရက်ကြီးက နိုင်ငံ ၆ နိုင်ငံလုံးကို လွှမ်းခြုံထားသလို ဖြစ်နေသည်။

မျက်နှာဖုံးရှင် လူငယ်တွေ အကုန်လုံးနဲ့ ရင်းနှီးနေသည်။

ဒီအဆက်အသွယ်တွေကို အသုံးချလိုက်ရင် အံ့ဖွယ်နဂါးတိုက်ကြီး တစ်ခုလုံး တုန်လှုပ်သွားနိုင်သည်။

တကယ့်ကို ထူးချွန်တဲ့ လူငယ်လေး ဖြစ်သည်။

"မင်းကို တာဝန်ပေးလိုက်တာ မှန်သွားပြီ ဒီအတိုင်း ဆက်ကြိုးစားပါ"

"ဟုတ်ကဲ့ပါ"

ရှောင်ချီက လေးနက်စွာ ပြန်ဖြေသည်။

ကျန်းပေရန်က ကျမ်းစာအုပ်ကို ဖွင့်ပြီး ဖတ်လိုက်သည်။

သူထင်ထားတဲ့အတိုင်း ရှေးဟောင်း အစီအရင်ကြီးတွေ အကြောင်း ရေးသားထားသည်။

အကြီးစား အစီအရင် တစ်ခုကတော့ နားလည်ရ ခက်ခဲပြီး သူ့အသိပညာ ဘောင်ကို ကျော်လွန်နေသည်။

ဒါပေမဲ့ ကျန်တဲ့ အစီအရင်တွေကိုတော့ နားလည်နိုင်သည်။

နေ့ဝက်လောက် ကြာတဲ့အခါ ကျမ်းစာအုပ်ကို ဖတ်ပြီးသွားသည်။

ရှောင်ချီကတော့ ဘေးကနေ ငေးကြည့်နေသည်။

သူလည်း ဖတ်ကြည့်ဖူးပေမယ့် စာလုံးတွေကိုတောင် မသိတာကြောင့် ဘာမှ နားမလည်ခဲ့ပေ။

အကိုကြီးဝမ်ကတော့ အာရုံစိုက်ပြီး ဖတ်နေတာ တွေ့ရတော့ ပိုပြီး လေးစားသွားသည်။

"ဘုန်း"

ဖယောင်းတိုင် ကုန်သွားတဲ့အချိန်မှာ ကျန်းပေရန် စာအုပ်ကို ပိတ်လိုက်သည်။

ရှေးဟောင်း ခေတ်က ယဉ်ကျေးမှုက အခုခေတ်ထက် ပိုတိုးတက်ခဲ့တယ် ဆိုတာ သေချာသွားသည်။

ကျင့်ကြံမှုရော လက်မှုပညာရော ပိုမြင့်မားခဲ့သည်။

'ခေတ်နောက်ပြန် ဆွဲနေသလို ဖြစ်နေပါလား'

အခုခေတ် အစီအရင်တွေက ရှေးခေတ်နဲ့ ယှဉ်ရင် ကလေးကစားစရာလို ဖြစ်နေသည်။

ဒီအချိန်မှာ အချက်တစ်ခုကို သတိထားမိလိုက်သည်။

စနစ်က ပေးတဲ့ လက်မှုပညာ အမှတ်တွေက အကျိုးသက်ရောက်မှု မြန်ဆန်သည်။

ဥပမာ ချုပ်လုပ်မှု ပညာမှာ အမှတ် ၃၀ လောက်နဲ့တင် အစွမ်းထက်တဲ့ ဝတ်ရုံတွေ ဖန်တီးနိုင်နေပြီ။

အရင်တုန်းက အမှတ် ၁၀၀ ကျော်မှ ထူးခြားမှု ရှိတာနဲ့ မတူတော့ပေ။

'ရှေးဟောင်း ပညာရပ်တွေရဲ့ အရည်အသွေးက ပိုမြင့်မားလို့ နေမှာပါ'

အမှတ် ၁၀၀ ကျော်သွားရင် သူ့ရဲ့ လက်မှုပညာတွေက ဒီခေတ်ကို ကျော်လွန်သွားပြီး ရှေးခေတ် အဆင့်အတန်းထိ ရောက်သွားနိုင်သည်။

"ဆရာကြီးရှန်"

"ဗျာ... ဘာခိုင်းစရာ ရှိပါသလဲ"

ရှန်ထျန်းဟွာက ချက်ချင်း ထူးလိုက်သည်။

"ရှေးဟောင်း ဂူသင်္ချိုင်းဆီ လိုက်ပို့ပေးနိုင်မလား"

ကျမ်းစာအုပ်ထဲမှာတောင် ရှေးဟောင်း အစီအရင်တွေ ပါနေရင် ဂူသင်္ချိုင်းကလည်း သာမန် မဟုတ်နိုင်ပေ။

ရှေးခေတ် လျှို့ဝှက်ချက်တွေကို ရှာတွေ့နိုင်မလား သိချင်မိသည်။

"ရတာပေါ့ ဆရာကြီး လိုက်မယ်ဆိုရင် ဝမ်းသာအားရ လိုက်ပို့ပေးပါ့မယ်"

"ကောင်းပြီ ရက်ရွေးပြီး သွားကြတာပေါ့"

ရှောင်ချီကို ကြည့်ပြီး ပြောလိုက်သည်။

"မင်းလည်း လိုက်ခဲ့"

"ဟုတ်ကဲ့"

"ကျမ်းစာအုပ်ထဲမှာတော့ အကြီးစား အစီအရင်တွေ ပါတယ် သေချာ နားလည်အောင် လေ့လာဖို့ အချိန်ယူရဦးမယ်"

"ဖြည်းဖြည်း လုပ်ပါ ကျွန်တော် မလောပါဘူး"

ရှန်ထျန်းဟွာက အားနာစွာ ပြောလိုက်သည်။

ကျန်းပေရန်ရဲ့ အစီအရင် ပညာရပ်ကို သူမြင်ဖူးသည်။

ဒီလောက် တော်တဲ့သူတောင် အချိန်ယူရမယ် ဆိုရင် သူတို့အတွက်က နားလည်ဖို့ မဖြစ်နိုင်ပေ။

ဒါ့အပြင် စာရွက်တွေကို ရှောင်ချီက ရှာပေးတာမို့ သူက ပိုင်ရှင် မဟုတ်တော့ပေ။

ကျန်းပေရန်က သူ့ကို ပညာနည်းနည်း သင်ပေးရင်တောင် ကျေးဇူးတင်ရမှာ ဖြစ်သည်။

"ဒါဆိုရင် ပြန်နားကြတော့ ရက်ရွေးပြီးရင် အကြောင်းကြားလိုက်မယ်"

နှစ်ယောက်သား ထွက်သွားကြသည်။

ကျန်းပေရန်က ဖယောင်းတိုင်သစ် ထွန်းပြီး ကျမ်းစာအုပ်ကို ပြန်ဖတ်သည်။

ဒါပေမဲ့ ဒုတိယ အကြိမ် ဖတ်တာတောင် နားလည်ရ ခက်ခဲနေတုန်း ဖြစ်သည်။

ခေါင်းကိုက်လာတာကြောင့် စာအုပ်ပိတ်လိုက်ပြီး ယန်ကွမ်ချင်းဆီ သွားပြီး ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်သည်။

ယန်ကွမ်ချင်းရဲ့ အရိပ်လမင်း မျှော်စင်မှာ အစီအရင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများကြီး ရှိတာကြောင့် အထောက်အကူ ဖြစ်နိုင်သည်။

ဒါ့အပြင် အကြွေးတင်ထားတာလည်း ဆပ်ရာ ရောက်သည်။

ဆုံးဖြတ်ချက် ချပြီးတာနဲ့ ပျံသန်းသော စံအိမ် ပေါ် တက်ပြီး ထန်တိုင်းပြည် ဘက် ဦးတည်လိုက်သည်။

ကျန်းပေရန် လက်ဖက်ရည်ဝိုင်းမှာ ထိုင်နေတာ မြင်တော့ ရှီဖုန်းလန် ပြေးလာသည်။

"ပေရန်လေး ငါနဲ့ ကစားပါလား"

"ဘာကစားမလဲ"

"ကျင့်ကြံခြင်း သရုပ်ပြ ကစားနည်း "

"ကောင်းပြီလေ"

"ရေး..."

ရှီဖုန်းလန် ပျော်သွားသည်။

ရှဲ့လင်းတန်းက လက်ဖက်ရည် လာငှဲ့ပေးရင်း ပြောလိုက်သည်။

"ကျွန်မလည်း ပါမယ်နော်"

"ရတယ်"

ရှီဖုန်းလန်က ခြံထဲမှာ ထိုင်နေတဲ့ ချူယန်ဇယ်ကို သွားခေါ်သည်။

"ဆရာ"

"ထိုင်ပါ"

ကျန်းပေရန်က ချူယန်ဇယ်ကို ပြန်ခေါ်ထားခြင်း ဖြစ်သည်။

အကြောင်းရင်းက သူ့ခန္ဓာကိုယ်ထဲက ဧကရာဇ်ပိုးကောင် ရဲ့ ၃ နှစ်ပြည့် ကာလ နီးကပ်လာလို့ ဖြစ်သည်။

လေးယောက်သား နှစ်သင်းခွဲပြီး ကစားကြသည်။

ကျန်းပေရန် နဲ့ ချူယန်ဇယ်က တစ်သင်း၊ ရှီဖုန်းလန် နဲ့ ရှဲ့လင်းတန်းက တစ်သင်း ဖြစ်သည်။

ဒီပွဲမှာ ချူယန်ဇယ်ရဲ့ ကံက အရမ်း ကောင်းနေသည်။

ရှားပါး ပစ္စည်းတွေ ဆက်တိုက် ရနေသည်။

အသင်းသားချင်း ပစ္စည်း ဖလှယ်လို့ ရတာကြောင့် ကျန်းပေရန်က ချူယန်ဇယ်ဆီက ပစ္စည်းတွေ ယူပြီး အဆင့်မြင့်လျို့ဝှက်ဂူ ကို ဖြတ်ကျော်နိုင်ခဲ့သည်။

ရှီဖုန်းလန်က မနာလို ဖြစ်ပြီး ခြေဆောင့်နေသည်။

ရှဲ့လင်းတန်းကိုလည်း ပစ္စည်းကောင်းတွေ ရအောင် လုပ်ပါဦး ဆိုပြီး မျက်ရိပ်ပြနေသည်။

ရှီဖုန်းလန်ရဲ့ ပုံစံကို ကြည့်ပြီး ကျန်းပေရန် ပြုံးလိုက်သည်။

ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

ရှေးဟောင်း ဂူသင်္ချိုင်း ဆိုတာလည်း အဆင့်မြင့်လျို့ဝှက်ဂူ တစ်ခုပဲ မဟုတ်လား။

ကစားပွဲ နိုင်ဖို့ ဆိုရင် သင့်တော်တဲ့ အသင်းသားတွေ လိုအပ်သည်။

အသင်းသား ကောင်းရင် ပွဲနိုင်ဖို့ လွယ်ကူသည်။

All Chapters