အခန်း (၅၂၀-၅၂၁)
Vol. 45 Ch. 520-521
အခန်း ၅၂၀ အစီအရင် ဖြေရှင်းခြင်း
ဒီ ရှေးဟောင်း ဂူသင်္ချိုင်း ထဲမှာ အဆင့်မြင့် ရှေးဟောင်း အစီအရင်တွေ အများကြီး ရှိနေနိုင်သည်
လီဖူချန် ရဲ့ ဓာတ်ကြီးလေးပါး ခန္ဓာကိုယ် က အစီအရင် မပွင့်ခင် ကြိုသိနိုင်တာမို့ သူ့ကို ခေါ်သွားရမည်
ကျူဇီမင် ကလည်း သာမန်လူတွေ မမြင်နိုင်တာတွေကို မြင်နိုင်တာမို့ သူ့ကိုလည်း ခေါ်မည်
ဂူသင်္ချိုင်း ဆိုမှတော့ သရဲတွေနဲ့ တွေ့ဖို့ များသည်။
မော့ရှားက သရဲထိန်းချုပ်သူ အသစ်စက်စက် ဖြစ်နေပေမယ့် အသုံးဝင်နိုင်သည်။
တကယ်တမ်းကျတော့ ထန်ကျင့်ရန် ကို ခေါ်သွားရင် အကောင်းဆုံး ဖြစ်ပေမယ့် သူက ကိုယ့်လူ မဟုတ်ပေ။
ရောက်မှ ကြည့်လုပ်ရမည်။
ဂူသင်္ချိုင်းက ရှုပ်ထွေးနေရင် လူခွဲပြီး သွားရနိုင်သည်။
နောက်အဖွဲ့ တစ်ဖွဲ့ အတွက် ခေါင်းဆောင်က ချင်းဟွမ်း ကိုပဲ ပေးလိုက်မည်။
ရှေးဟောင်း ဂူသင်္ချိုင်း ဆီ ချက်ချင်း သွားစရာ မလိုသေးပေ။
ကူချင်းဟွမ်း က ရှန်မိသားစု ကို ရှင်းလင်းပြီးမှ သွားရင်လည်း နောက်မကျသေးပေ။
နောက်ဆုံး အနေနဲ့ ဟော်ဟုန်ဖေး ကိုပါ ခေါ်သွားမည်။
အနက်ရောင်သူတော်စင် အဆင့်ပဲ ရှိသေးပေမယ့် ကိုယ့်လူတွေထဲမှာတော့ အစွမ်းဆုံးပဲမို့ သူ့အတွက် လေ့ကျင့်ရေး ဖြစ်သွားစေမည်။
လူစာရင်း ရွေးပြီးနောက် ကျန်းပေရန် သဘောကျသွားသည်။
သူ့လက်အောက်မှာ အရည်အချင်း ရှိတဲ့သူတွေ အများကြီး ရှိနေပြီ ဖြစ်သည်။
သူတို့ အားလုံး ကြီးပြင်းလာတဲ့ တစ်နေ့ကျရင်
ငါ အိပ်နေရင်းနဲ့တောင် အံ့ဖွယ်နဂါးတိုက်ကြီး ကို သိမ်းပိုက်လို့ ရနေပြီ။
ပျော်ရွှင်စရာ စိတ်ကူးယဉ် အိပ်မက်တွေနဲ့အတူ ပျံသန်းသော စံအိမ် က ချန်ထျန်းဂိုဏ်း ပေါ် ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
ယန်ကွမ်ချင်း နဲ့ မဟာမိတ် ဖွဲ့ထားပြီး ဖြစ်တာကြောင့် အဝင်အထွက် ခွင့်ပြုချက် တောင်းစရာ မလိုတော့ပေ။
ဒါ့အပြင် လာမယ် ဆိုပြီး ကြိုအကြောင်းကြားထားပြီးသား ဖြစ်သည်။
ဒါကြောင့် ပန်လန်တောင်ထိပ် ပေါ် တန်းတက်ပြီး အလယ်ခန်းမဆောင် ထဲ ဝင်သွားလိုက်သည်။
သခင်လေးကျန်း
ခန်းမထဲ ရောက်တော့ ယန်ကွမ်ယွဲ့ က ဂါရဝပြု နှုတ်ဆက်သည်။
သခင်မလေးယန် နေကောင်းလား
ကျန်းပေရန်က ပြန်လည် နှုတ်ဆက်လိုက်သည်။
အဖေက မျှော်စင် ထဲမှာ အစီအရင် လေ့လာနေတယ် ကျွန်မ လိုက်ပို့ပေးမယ်
ကျေးဇူးတင်ပါတယ်
ယန်ကွမ်ယွဲ့ နောက်လိုက်ရင်း အရိပ်လမင်း မျှော်စင် ရှေ့ ရောက်လာသည်။
ကျွန်မ ဒီအထိပဲ ပို့ပေးလို့ ရမယ် သခင်လေးကျန်း ဝင်သွားလိုက်ပါ
ကျေးဇူးပါ
ကျန်းပေရန် မျှော်စင်ထဲ ဝင်လိုက်သည်။
ဝင်လိုက်တာနဲ့ တစ်မျိုးကြီး ခံစားလိုက်ရသည်။
တစ်ခုခု လွဲချော်နေသလို ခံစားရပြီး နေရထိုင်ရ ခက်လာသည်။
ပေရန် လာ ထိုင်
ယန်ကွမ်ချင်းက ခန်းမ အလယ်မှာ ထိုင်နေရင်း လက်လှမ်းခေါ်လိုက်သည်။
နှုတ်ဆက်စကားတောင် မပြောဘဲ တန်းခေါ်တာကို ကြည့်ရင် ယန်ကွမ်ချင်း တစ်ခုခု အခက်တွေ့နေမှန်း သိသာသည်။
ကျန်းပေရန်က ယန်ကွမ်ချင်း ရှေ့ ဝင်ထိုင်ပြီး အစီအရင် ပုံစံငယ် ကို ကြည့်လိုက်သည်။
ဒယ်အိုးကိုးလုံး အစီအရင် ကို လေ့လာနေခြင်း ဖြစ်သည်။
ဒါက အဆင့်မြင့် တိုက်ခိုက်ရေး အစီအရင် ဖြစ်ပြီး ဝင်လာသူရဲ့ စိတ်ရော ကိုယ်ပါ ထိခိုက်စေနိုင်သည်။
ဝင်လာတုန်းက ထူးဆန်းနေတာ ဒါကြောင့်ကိုး ပြုပြင်ပြောင်းလဲနေတာပဲ
ပုံမှန် ဒယ်အိုးကိုးလုံး အစီအရင်ဆိုရင် နာကျင်မှုနဲ့ စိတ်ဝေဝါးမှု ခံစားရမှာ ဖြစ်ပေမယ့် အခု ယန်ကွမ်ချင်း ပြင်ထားတာက တစ်မျိုး ဖြစ်နေသည်။
ဂိုဏ်းချုပ်ယန် က တော်လိုက်တာ ဒီလို အဆင့်မြင့် အစီအရင်ကိုတောင် ပြုပြင်နိုင်တယ်
ယန်ကွမ်ချင်း က လက်ကာပြလိုက်သည်။
မြှောက်မနေပါနဲ့ ကူကြည့်ပေးစမ်း ဒီနေရာမှာ အဆက်အစပ် ဘယ်လို လုပ်ရမလဲ
ကျန်းပေရန် သေချာ ကြည့်ပြီးနောက် အစီအရင် ပုံစံငယ်ပေါ်က ကြယ်သီးတွေကို ရွှေ့လိုက်သည်။
ဂိုဏ်းချုပ်ယန် က ဒယ်အိုးကိုးလုံး အစီအရင် ကို ပုံရိပ်ယောင် အစီအရင် အဖြစ် ပြောင်းချင်နေတာလား
ယန်ကွမ်ချင်း သဘောကျစွာ ရယ်မောလိုက်သည်။
မင်းကတော့ လုပ်ပြီ ငါဘာလုပ်ချင်လဲ ဆိုတာ တန်းသိနေတာပဲ
ဒါက မလွယ်ဘူးနော် ဒယ်အိုးကိုးလုံး အစီအရင် က ယန်စွမ်းအင် အခြေခံထားတာ ပုံရိပ်ယောင် အစီအရင် နဲ့ မကိုက်ညီဘူး အကုန် ရှုပ်ထွေးကုန်လိမ့်မယ်
ရှုပ်ထွေးမှ ကောင်းတာပေါ့ ဒီလို ပြောင်းလိုက်ရင် ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူး
ယန်ကွမ်ချင်း က ပြောရင်း သရုပ်ပြလိုက်သည်။
ကျန်းပေရန် အံ့သြသွားသည်။
ယန်ကွမ်ချင်း ပြောသလိုပဲ အစီအရင် လမ်းကြောင်းတွေ ရှုပ်ထွေးသွားပြီး သေမင်းတမန် အစီအရင် ဖြစ်သွားသည်။
အင်အားသုံးပြီး မဖျက်ဆီးရင် ဖြေရှင်းလို့ ရမှာ မဟုတ်တော့ပေ။
စိတ်ဝင်စားစရာပဲ
ဟုတ်တယ်မလား ဒါပေမဲ့ တစ်နေရာ လိုနေသေးတယ် အစီအရင်က ပုံမဖော်နိုင်သေးဘူး
ယန်ကွမ်ချင်း စိတ်ပျက်နေပုံရသည်။
အစကနေ ပြန်ပြင်မှ ရမယ် အလုပ်တော့ ရှုပ်လိမ့်မယ်
အလုပ်ရှုပ်လည်း တန်ပါတယ် ဘယ်လိုလဲ ငါနဲ့အတူ လေ့လာမလား ဒီအစီအရင် အောင်မြင်သွားရင် နဂါးချည်နှောင် အစီအရင် ထက်တောင် ပိုစွမ်းဦးမယ်
ကျွန်တော်လည်း နေချင်ပါတယ် ဒါပေမဲ့ အရေးကြီး ကိစ္စ ရှိနေလို့
ဟွန်း ပျက်စီးတာပဲ
ယန်ကွမ်ချင်း က မကျေနပ်စွာ ပြောရင်း လက်ထဲက ခေါင်းလောင်းလေးကို လှုပ်လိုက်သည်။
အစီအရင် ပျောက်ကွယ်သွားသည်။
ဝိညာဉ်စွမ်းအင်နဲ့ အစီအရင် ခင်းတာ မိုက်လိုက်တာ
ယန်ကွမ်ချင်း နဲ့ ရင်းနှီးပြီးနောက် ဒီခေါင်းလောင်း အကြောင်း မေးဖူးသည်။
ဒါပေမဲ့ ယန်ကွမ်ချင်း က လျှို့ဝှက်ထားပြီး သူ့ရဲ့ အကောင်းဆုံး လက်နက်ပါလို့ပဲ ပြောပြသည်။
အနက်ရောင်လေးစားဖွယ် အဆင့် ဂိုဏ်းချုပ်ကြီးက အကောင်းဆုံးလို့ ပြောမှတော့ မြေကမ္ဘာအဆင့် လက်နက် ဖြစ်လောက်သည်။
အစီအရင် လက်နက်တွေက ရှားပါးပြီး တန်ဖိုးကြီးသည်။
ယန်ကွမ်ချင်း က သူ့ပိုင်ဆိုင်မှုတွေ အကုန်ရောင်းပြီး အရုပ်တွေ ဝယ်စုနေတဲ့ ကလေးကြီးနဲ့ တူသည်။
တိုက်ခိုက်ရေး လက်နက်တွေထက် အစီအရင် ပစ္စည်းတွေပဲ စုဆောင်းနေပုံရသည်။
ပြောပါဦး ဘာကိစ္စ ရှိလို့လဲ
ယန်ကွမ်ချင်း က မေးလိုက်သည်။
ကျန်းပေရန်က အစီအရင်တောင် မကူညီဘူး ဆိုကတည်းက အကူအညီ လာတောင်းတာ ဖြစ်မည်။
ပြီးရင် ပြန်ပြေးမယ့် သဘော ဖြစ်သည်။
သတင်းကောင်းပါ ဂိုဏ်းချုပ်ယန်
ဟေ ထုတ်ပြလေ
ယန်ကွမ်ချင်း မျက်လုံးတွေ တောက်ပလာသည်။
ကျန်းပေရန် က သတင်းကောင်းလို့ ပြောရင် သာမန် မဟုတ်မှန်း သိနေသည်။
အစီအရင် နဲ့ ပတ်သက်တာ ဖြစ်ရမည်။
ကျန်းပေရန် က ကျမ်းစာအုပ်ကို ထုတ်ပြီး တွန်းပေးလိုက်သည်။
ဒါပဲ
ယန်ကွမ်ချင်း ယူကြည့်လိုက်သည်။
စာမျက်နှာ နှစ်မျက်နှာလောက် ဖတ်ပြီးတာနဲ့ စိတ်ဝင်စားသွားပြီး မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
ကျန်းပေရန်က ယန်ကွမ်ချင်း အကြာကြီး ဖတ်နေမယ် ဆိုတာ သိလို့ စာအုပ်တစ်အုပ် ထုတ်ပြီး ဖတ်နေလိုက်သည်။
နေ့ဝက်လောက် ကြာတဲ့အခါ ယန်ကွမ်ချင်း ပေါင်ကို ရိုက်ပြီး အော်လိုက်သည်။
ကောင်းလိုက်တဲ့ နိုင်ငံတော် ကာကွယ်ရေး အစီအရင် ငါသိထားတာထက်တောင် ပိုကောင်းသေးတယ် ပစ္စည်းကောင်းပဲ
ဂိုဏ်းချုပ်ယန် ကြိုက်တယ်ဆိုရင် ဝမ်းသာပါတယ် ဒီစာအုပ် ရရချင်း ဂိုဏ်းချုပ်ယန် ဆီ တန်းလာခဲ့တာ
ကျေးဇူးပါကွာ မင်းကျေးဇူးကို မှတ်ထားပါ့မယ် ဒါပေမဲ့ မင်းက တော်တော် စွမ်းတာပဲ ရှေးဟောင်း အစီအရင် စာအုပ်ကိုတောင် ရှာတွေ့နိုင်တယ်
ယန်ကွမ်ချင်း က အံ့သြနေသည်။
သူကိုယ်တိုင်လည်း ရှာဖူးပေမယ့် မတွေ့ခဲ့ပေ။
တိုင်းပြည် ခြောက်ပြည်ထဲမှာ ဒီလို စာအုပ်မျိုး ရှားပါးလှသည်။
ပိုက်ဆံ ဘယ်လောက် ပေးပေး ဝယ်မရနိုင်ပေ။
ကံကောင်းလို့ပါ
ကျန်းပေရန် ပြန်ဖြေလိုက်သည်။
ဂိုဏ်းချုပ်ယန် ဒီထဲက အစီအရင်တွေကို စိတ်ဝင်စားလား
စိတ်ဝင်စားတာပေါ့ ဒါပေမဲ့
ယန်ကွမ်ချင်း က ကျန်းပေရန် ကို ကြည့်လိုက်သည်။
ဒီစာအုပ်ကို မင်း နားလည်အောင် မဖတ်နိုင်ဘူးမလား
ဟုတ်တယ် ဒါကြောင့် ဂိုဏ်းချုပ်ယန် ဆီ လာခဲ့တာ
ကျန်းပေရန် ဝန်ခံလိုက်တော့ ယန်ကွမ်ချင်း ရယ်မောလိုက်သည်။
ပွင့်ပွင့်လင်းလင်း ပြောဆိုကြပြီးနောက် နှစ်ယောက်သား စာအုပ်ကို လေ့လာကြသည်။
အစီအရင် လေ့လာရတာက အသေးစိတ် ဂရုစိုက်ရသည်။
ကြယ်ကိုးလုံး နေရာချထားပုံလေး တစ်ခုတည်းနဲ့တင် ရက်ပေါင်းများစွာ ငြင်းခုံလို့ ရသည်။
အထူးသဖြင့် ရှေးဟောင်း အစီအရင်တွေရဲ့ သဘောတရားက အခုခေတ်နဲ့ မတူတာကြောင့် ပိုခက်ခဲသည်။
ကျန်းပေရန် စကားနဲ့ ပြောရရင်
ဖော်မြူလာ သုံးလို့ မရဘူးဟ
အခုခေတ် နည်းစနစ်တွေနဲ့ ဖြေရှင်းလို့ မရတာကြောင့် ကိုယ်ပိုင် နည်းလမ်းတွေ ရှာဖွေရသည်။
ဒါက အချိန် အများကြီး ယူရမယ့် ကိစ္စ ဖြစ်သည်။
...
ရှောင်မန် ၅ ၂ ၈ ဒါက ယန်စွမ်းအင် အစီအရင် မလား
မဟုတ်ဘူး ဒီဘက်ထောင့်က ကြည့်ရင် ပိုင်လု ၉ ၃ ၆ ယင်စွမ်းအင် အစီအရင် ဖြစ်သွားပြီ
မင်း အောက်ခြေ မှားနေပြီ ရန်နန်းတော် က စရမှာ ယန် အလိုက် ယင် ပြောင်းပြန် ဒါ လုံးဝ မဖြစ်နိုင်ဘူး
ကျန်းပေရန် ပြန်မပြောဘဲ အစီအရင် ပုံစံငယ်ပေါ်မှာ ပြင်ဆင်လိုက်သည်။
ခဏကြာတော့ ယန်ကွမ်ချင်း ကို လက်ညှိုးထိုးပြလိုက်သည်။
ဘာမှ မပြောပေမယ့် အများကြီး ပြောလိုက်သလို ဖြစ်သွားသည်။
ယန်ကွမ်ချင်း ငြိမ်ကျသွားသည်။
အကြာကြီး စဉ်းစားပြီးမှ ပုံစံငယ်ကို မူလအတိုင်း ပြန်ထားလိုက်သည်။
ဒါဆို ခေါင်းစဉ် ကို ဘယ်လို သတ်မှတ်မလဲ
ယန်ကွမ်ချင်း က လက်ခံလိုက်ပြီ ဖြစ်ကြောင်း ပြသလိုက်သည်။
ကျန်းပေရန် ပြုံးလိုက်ပြီး ပြန်ဖြေမလို့ လုပ်တုန်း စက္ကူစွန် တစ်ကောင် ပျံလာသည်။
ဖမ်းယူပြီး ဖွင့်ကြည့်လိုက်တော့ လဝက်လောက် ကြာသွားပြီ ဆိုတာ သတိထားမိလိုက်သည်။
ကူချင်းဟွမ်း ဆီက စာဖြစ်ပြီး ရှန်မိသားစု က အသက်ငွေ့ငွေ့သာ ကျန်တော့ကြောင်း နောက်ဆုံး တိုက်ပွဲ ဆင်နွှဲနေကြောင်း ရေးသားထားသည်။
ကူချင်းဟွမ်းရဲ့ အစီအစဉ်ကို ဖတ်ပြီးကတည်းက ရှန်မိသားစု ခံနိုင်မှာ မဟုတ်မှန်း သိပေမယ့် လဝက်အတွင်း ဖြိုလှဲနိုင်တာကတော့ အံ့သြစရာ ကောင်းသည်။
စစ်ပွဲ ဆိုတာ မထင်မှတ်တာတွေ ဖြစ်တတ်သည်။
ဒါပေမဲ့ ကူချင်းဟွမ်း က အားလုံးကို ထိန်းချုပ်နိုင်ခဲ့ပုံရသည်။
တကယ့် ဗိုလ်ချုပ်ကြီးပဲ
စာကို သိမ်းပြီး ယန်ကွမ်ချင်း ကို ဂါရဝပြုလိုက်သည်။
ဂိုဏ်းချုပ်ယန်
မင်း အခု ထွက်သွားတော့မလို့လား
ဟုတ်တယ် တကယ်တော့ ခဏပဲ လာလည်မလို့ပါ ဒါပေမဲ့ စိတ်ဝင်စားလွန်းလို့ အကြာကြီး နေမိသွားတယ် အခု အရေးကြီး ကိစ္စ ပေါ်လာလို့ သွားရပါတော့မယ် ကိစ္စပြီးရင် ပြန်လာခဲ့ပါ့မယ်
ယန်ကွမ်ချင်း က ငါ လူလွှတ်ပြီး ကူညီခိုင်းလိုက်မယ်လေ လို့ ပြောချင်ပေမယ့် ကျန်းပေရန် က သူ့ထက် အဆက်အသွယ် ပိုများနေတာ သတိရပြီး မပြောတော့ပေ။
ဘယ်လောက် ကြာမလဲ
မသိသေးဘူး
မြန်မြန် ပြန်လာကွာ မြန်မြန် ပြန်လာ
ယန်ကွမ်ချင်း က ဂိမ်းဖြတ်ခံလိုက်ရတဲ့ ကလေးလေးလို ဖြစ်နေသည်။
ယောကျ်ားလေးတွေက ဘယ်လောက် ကြီးကြီး ကလေးစိတ် မကုန်ကြဘူးပဲ
ကျမ်းစာအုပ် မိတ္တူ ဆွဲထားပြီးသားမို့ မူရင်းကို ယန်ကွမ်ချင်းဆီ ထားခဲ့လိုက်သည်။
ပြီးတော့ ပျံသန်းသော စံအိမ် ပေါ် ပြန်တက်လာခဲ့သည်။
ပေရန်လေး
ရှီဖုန်းလန် က အော်ဟစ်လိုက်သည်။
ဘာလို့ ဒီလောက် ကြာနေတာလဲ
နှစ်ရက် သုံးရက်လောက်ပဲ ကြာမယ် ပြောပြီး လဝက်လောက် ကြာသွားလို့ စိတ်ဆိုးနေခြင်း ဖြစ်သည်။
အောက်ဆင်း လိုက်ရှာချင်ပေမယ့် ကျန်းပေရန် က အထဲမှာပဲ နေရမယ်လို့ မှာထားတာကြောင့် စောင့်နေရခြင်း ဖြစ်သည်။
အခုတော့ ကဒ်မကစားတော့ဘဲ ကျန်းပေရန် ရှေ့ ပြေးလာသည်။
နောက်တစ်ခါကျရင် ငါ့ကိုပါ ခေါ်သွားနော် ငါ လိမ္မာပါ့မယ် စကားများများ မပြောပါဘူး
နောက်မှ စဉ်းစားမယ် အခု ရှန့်တိုင်းပြည် အရင် ပြန်မယ်
နောက်မှ စဉ်းစားမယ် ဆိုတဲ့ စကား ကြားတော့ ရှီဖုန်းလန် နှုတ်ခမ်းဆူသွားသည်။
ကောင်းပါပြီ
ပျံသန်းသော စံအိမ် စထွက်တာနဲ့ ကျန်းပေရန် က မေးလိုက်သည်။
ငါးကင် စားမလား အသားကင် စားမလား
စားမယ် နှစ်ခုလုံး စားမယ်
ရှီဖုန်းလန် ပျော်သွားသည်။
ကောင်းပြီ ဒီနေ့ ငါးကင် ကျွေးမယ်
ကျန်းပေရန် က ခြံဝင်းထဲ ဆင်းသွားသည်။
ရှဲ့လင်းတန်း က မီးဖို ပြင်ဆင်ပေးသည်။
ချူယန်ဇယ် က ဂါရဝပြုသည်။
ဆရာ
ဒီရက်ပိုင်း မှိုတွေ ပေါက်သေးလား
လေ့ကျင့်ဖော်တွေ မရှိတော့လို့ စွမ်းအင်တွေ ပြန်လျှံထွက်လာမလား စိုးရိမ်မိသည်။
မပေါက်တော့ပါဘူး ဆရာ သားရဲတွေနဲ့ လဝက်လောက် တိုက်ခိုက်ပြီးတဲ့နောက် တိုက်ခိုက်စရာ မလိုဘဲ ထိန်းချုပ်နိုင်သွားပါပြီ
ကျန်းပေရန် စစ်ဆေးကြည့်လိုက်သည်။
ပိုးကောင်ဘုရင်တွေ က မအိပ်ဘဲ ပိုတက်ကြွနေကြသည်။
ဒါပေမဲ့ မှိုမပေါက်တော့ပေ။
ဆိုလိုတာက ချူယန်ဇယ် ဟာ သူ့ခန္ဓာကိုယ်သစ်ကို ကျွမ်းကျင်သွားပြီ ဆိုတဲ့ သဘော ဖြစ်သည်။
သူ့စွမ်းအားတွေကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီ ဖြစ်လေသည်။
အခန်း ၅၂၁ ပြည်တွင်းရေးနှင့် ပြည်ပရန်
ရှန့်တိုင်းပြည် ကို ပြန်ရောက်တော့ ကျန်းပေရန် က လျန်ကျိုးကို တန်းသွားပြီး လီဖူချန် ကို ရှာလိုက်သည်။
'ဟေ... အစီအရင် အထပ်ထပ်ပါလား'
ပျံသန်းသော စံအိမ် ပေါ်က ဆင်းလိုက်တာနဲ့ အစီအရင် နှစ်ထပ်ထဲ ဝင်သွားမိမှန်း သိလိုက်သည်။
ပထမ တစ်ထပ်က စောင့်ကြည့်ရေး အစီအရင် ဖြစ်ပြီး ဒုတိယ တစ်ထပ်က ဖုံးကွယ်ရေး အစီအရင် ဖြစ်သည်။
'ရန်သူ ရှိနေတာလား'
လီဖူချန် ခင်းထားတာတော့ သေချာပေမယ့် ဘယ်သူ့ကို ကာကွယ်ချင်လို့လဲ မသိပေ။
'နောက်တစ်ခုက... ဒီကောင်လေး ဘယ်တုန်းက အစီအရင် အထပ်ထပ် ခင်းတတ်သွားတာလဲ'
အရင်တုန်းက အစီအရင် ၉ မျိုး ကျွမ်းကျင်တယ် ဆိုကတည်းက အံ့သြနေရပြီ ဖြစ်သည်။
အခုတော့ အစီအရင် အထပ်ထပ် ခင်းတတ်နေပြီ။
ဒါက အဆင့်မြင့် နည်းပညာ ဖြစ်ပြီး ပါရမီရှင်တွေမှ လုပ်နိုင်တဲ့ အရာ ဖြစ်သည်။
ကြိုးစားရုံနဲ့ မရနိုင်ဘဲ ဉာဏ်ရည်နဲ့ ပါရမီ ရှိမှ ရနိုင်သည်။
(ဒါမှမဟုတ် စနစ် အကူအညီ ရှိရင်တော့ ရတာပေါ့)
ကျန်းပေရန် စဉ်းစားနေတုန်း ခြံဝင်းတံခါး ပွင့်လာပြီး လီဖူချန် ထွက်လာသည်။
"အကိုဝမ် ဒီနေ့ ဘယ်လို လုပ်ပြီး ရောက်လာတာလဲ"
"ရန်သူ ရှိနေလို့လား"
ကျန်းပေရန် က အစီအရင် မျက်လုံးကို ရှာရင်း မေးလိုက်သည်။
"ရန်သူ ဟုတ်လား မရှိပါဘူးဗျာ လေ့ကျင့်နေတာပါ"
လီဖူချန် က အူကြောင်ကြောင်နဲ့ ပြန်ဖြေသည်။
ကျန်းပေရန် ခေါင်းညိတ်ပြီး ခြံထဲ ဝင်သွားသည်။
"ဘယ်တုန်းက တတ်သွားတာလဲ"
"လွန်ခဲ့တဲ့ နှစ်လလောက်က ဆရာ သင်ပေးတာပါ"
"နှစ်လ..."
ကျန်းပေရန် လှည့်ကြည့်လိုက်သည်။
'တကယ့် ပါရမီရှင်ပဲ'
ခြံထဲမှာ လှည့်ပတ်ကြည့်ပြီးနောက် အနောက်ဘက် ခြံဝင်းထဲ ဝင်သွားသည်။
ရေတွင်းနားမှာ ရပ်လိုက်တော့ လီဖူချန် က လေးစားစွာ ပြောလိုက်သည်။
"အကိုဝမ်က တကယ် တော်တာပဲ ခဏလေးနဲ့ အစီအရင် မျက်လုံး ကို ရှာတွေ့သွားတယ် ကျွန်တော် လေးစားပါတယ်"
"မျက်လုံး ထားပုံက သိသာလွန်းတယ် အလွယ်တကူ ဖျက်ဆီးခံရနိုင်တယ် နောက်တစ်ခါကျရင် ပုံသေ မထားနဲ့ ကြယ်ကိုးလုံးကို အစဉ်လိုက် ထားစရာ မလိုဘူး"
"ကျေးဇူးတင်ပါတယ် အကိုဝမ် မှတ်သားထားပါ့မယ်"
အိမ်ထဲက ထန်ထင်းရွှမ် ထွက်လာသည်။
"အကိုဝမ် ရောက်လာတာလား ထိုင်ပါဦး အချိုရည် လုပ်ပေးမယ်"
"မလိုပါဘူး ချက်ချင်း ပြန်ထွက်ရမှာ"
ကျန်းပေရန် က ငြင်းလိုက်ပြီး လီဖူချန် ကို ကြည့်ကာ မေးလိုက်သည်။
"ဒီရက်ပိုင်း အားလား"
အကိုဝမ် မေးမှတော့ မအားလည်း အားရမှာပေါ့။
"အားပါတယ် အိမ်မှာပဲ အစီအရင် လေ့ကျင့်နေတာ"
"ကောင်းပြီ ဒါဆို ငါနဲ့ လိုက်ခဲ့ နေရာကောင်း တစ်ခု ခေါ်သွားမယ်"
လီဖူချန် ဝမ်းသာသွားသည်။
စောင့်မျှော်နေတဲ့ အခွင့်အရေး ရောက်လာပြီ ဖြစ်သည်။
"ဟုတ်ကဲ့"
"တစ်ရက် အချိန်ပေးမယ် ပြင်ဆင်ထားပါ မနက်ဖြန် ဒီအချိန် လာခေါ်မယ်"
ပြောပြီးတာနဲ့ ပျံသန်းသော စံအိမ် ပေါ် တက်ပြီး ထွက်ခွာသွားသည်။
လီဖူချန် ကတော့ အိမ်ထဲ ပြန်ဝင်ပြီး ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်တော့သည်။
"သခင်လေး... ဝမ်းသာစရာပဲနော်"
ထန်ထင်းရွှမ် က နောက်က လိုက်ရင်း ပြောလိုက်သည်။
သခင်လေးက အကိုဝမ် ရဲ့ ကျေးဇူးတွေကို ဆပ်ချင်နေတာ သူမ သိသည်။
"ဟုတ်တယ် အကြာကြီး စောင့်နေခဲ့ရတာ ရွှမ်အာ မြေအောက်ခန်းထဲက သေတ္တာ သွားယူပေးပါ"
"ဟုတ်ကဲ့"
...
လီဖူချန် ကို ခေါ်ဖို့ ပြောပြီးနောက် ကျန်းပေရန် က ချက်ချင်း ထွက်မသွားသေးဘဲ ယင်ကျန်းဟုန်ဆီ စာပို့လိုက်သည်။
နေ့ဝက်လောက် ကြာတဲ့အခါ နန်းတော်ထဲ ရောက်သွားသည်။
အတွင်းဆောင်ထဲ ဝင်လိုက်တာနဲ့ ကျီချင်းလင်းရဲ့ အသံကျယ်ကြီး ကြားလိုက်ရသည်။
"ငါတို့ ခေါင်းဆောင်ကြီးက တကယ် အလုပ်ရှုပ်တာပဲ မဟာမိတ် ဖွဲ့ပြီးတာနဲ့ ပျောက်သွားလိုက်တာ အခုမှ ပြန်ပေါ်လာပြီး အစည်းအဝေး ခေါ်နေတယ် ငါတို့ကို တပည့်တွေလို့ သဘောထားနေတာလား"
ဒါပေမဲ့ ဘယ်သူမှ ပြန်မပြောကြပေ။
ယင်ကျန်းဟုန် က မျက်လုံးမှိတ်ပြီး ငြိမ်နေသည်။
ကွမ်ရှစ်အန်းက တရားထိုင်နေသည်။
ဝမ်အန်းချင်းနဲ့ မန်စီပေ့က စကားပြောနေကြသည်။
ရန်စီယွမ်ကတော့ ဘေးနားမှာ ငြိမ်ငြိမ်လေး ထိုင်နေသည်။
"မင်းတို့ သူ့ကို သိပ်မျက်နှာသာ ပေးလွန်းနေပြီ အရင်တုန်းကဆို လက်အောက်ငယ်သားတွေ လွှတ်လိုက်တာ အခုတော့ ကိုယ်တိုင် လာနေကြတယ်"
ကျီချင်းလင်း ပြောသလိုပဲ ရှန့်တိုင်းပြည်ရဲ့ ထိပ်သီး ခေါင်းဆောင်တွေ အကုန် စုံနေကြသည်။
ကွမ်ရှစ်အန်း ဆိုရင် တရားထိုင်နေတာကို ရပ်ပြီး လာခဲ့ခြင်း ဖြစ်သည်။
အကြောင်းရင်းက ကျန်းပေရန် ရဲ့ ပြောင်းလဲမှုတွေကို ကိုယ်တိုင် မြင်ချင်ကြလို့ ဖြစ်သည်။
"ခေါင်းဆောင်တို့ကို ဂါရဝပြုပါတယ် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"
ကျန်းပေရန် ဝင်လာတာနဲ့ အားလုံးရဲ့ အကြည့်တွေက သူ့ဆီ ရောက်လာသည်။
စူးစမ်းတဲ့ အကြည့် ဝမ်းသာတဲ့ အကြည့် အံ့သြတဲ့ အကြည့် နဲ့ စိန်ခေါ်တဲ့ အကြည့်တွေ ဖြစ်သည်။
စိန်ခေါ်တဲ့ အကြည့်ပိုင်ရှင် ကျီချင်းလင်း ကို ကြည့်ပြီး ကျန်းပေရန် ပြုံးလိုက်သည်။
"ဂိုဏ်းချုပ်ကျီ က ကျွန်တော့်ကို မကျေနပ်တာများ ရှိလို့လား"
ကျီချင်းလင်း ဒေါသထွက်သွားသည်။
ထိုးမလို့ လုပ်တုန်း ယင်ကျန်းဟုန် က တားလိုက်သည်။
"မင်း ပြောထားတဲ့ စကားတွေကို မေ့သွားပြီလား"
ကျီချင်းလင်း က ကျန်းပေရန် ကို ခေါင်းဆောင် အဖြစ် လက်ခံထားတာ သတိရပြီး ပြန်ထိုင်လိုက်သည်။
"ဟုတ်တယ် ငါ မကျေနပ်ဘူး အရမ်း မကျေနပ်ဘူး"
ကျန်းပေရန် က ပြုံးပြီး ခေါင်းဆောင် ခုံမှာ ဝင်ထိုင်လိုက်သည်။
"ဘာလို့ မကျေနပ်တာလဲ ပြောပြပါဦး"
"ငါ မင်းကို ခေါင်းဆောင် တင်တာက တိုင်းပြည် တိုးတက်ဖို့လေ အခုတော့ ငါတို့က လျန်ကျိုး ပြည်နယ် ကို တည်ဆောက်ဖို့ ကြိုးစားနေရတယ် ဂိုဏ်းတွေကြားက ပြဿနာတွေ ရှင်းနေရတယ် မင်းကတော့ ဘယ်ရောက်နေမှန်း မသိဘူး"
"ဂိုဏ်းချုပ်ကျီ ပြောတဲ့ အချိန်က ဘယ်တုန်းကလဲ"
"စကားနိုင် မလုနဲ့ မင်း တိုင်းပြည်အတွက် ဘာလုပ်ပေးခဲ့လဲ ပြော"
"ဒါဆို ဂိုဏ်းချုပ်ကျီ ကရော ဘာလုပ်ပေးခဲ့လဲ"
"မင်းက ခေါင်းဆောင်လေ မင်း အရင် ပြောရမှာပေါ့"
"ကောင်းပြီ ဒါဆိုရင် ဒီနေ့ အစည်းအဝေး ခေါ်တာ ဒီကိစ္စ ပြောဖို့ပဲ"
ကျန်းပေရန် က ကျီချင်းလင်း ကို ကြည့်ပြီး မေးလိုက်သည်။
"ဂိုဏ်းချုပ်ဂျီ... အခု ရှန့်တိုင်းပြည် ရဲ့ အကြီးမားဆုံး ပြဿနာက ဘာလို့ ထင်လဲ"
"ဂိုဏ်းတွေ စည်းလုံးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့"
"သေးတယ်"
"ဘာသေးတာလဲ"
"အမြင် သေးတယ်"
ကျန်းပေရန် ခေါင်းခါလိုက်သည်။
"ပြည်တွင်းရေးထက် ပြည်ပရန်က ပိုကြောက်စရာ ကောင်းတယ်"
"တော်စမ်းပါ မင်းက ရှီမိသားစု ဧည့်သည်တော် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လာဖိမနေနဲ့ ငါတို့က တိုးတက်မှု အကြောင်း ပြောနေတာ ဒီအတိုင်း ငြိမ်နေရုံနဲ့ တိုးတက်တယ် မခေါ်ဘူး"
"ငါတို့က အေးအေးဆေးဆေး နေချင်ရုံ ဆိုရင် မင်းရဲ့ ဂုဏ်ပုဒ်ကိုတောင် သုံးစရာ မလိုပါဘူး"
ကျီချင်းလင် ပြောတာ မှန်သည်။
ရှန့်တိုင်းပြည် က အစွန်အဖျားမှာ ရှိပြီး ဝိညာဉ်စွမ်းအင် နည်းပါးတာကြောင့် ဘယ်သူမှ စိတ်မဝင်စားကြပေ။
အနက်ရောင်သူတော်စင် အဆင့်တောင် မရှိတဲ့ တိုင်းပြည်ကို ဘယ်သူက လာတိုက်မှာလဲ။
ပုံမှန်အတိုင်း နေရင်လည်း ရသည်။
"မှန်ပါတယ် ဂိုဏ်းချုပ်ဂျီ ပြောတာ ဟုတ်ပါတယ် ဒီမှာ ရှိနေကြတဲ့ သူတွေ အားလုံးက တိုင်းပြည် တိုးတက်ဖို့ ရည်ရွယ်ချက် တစ်ခုတည်း ရှိကြတာပါ ခင်ဗျားတို့က ပြည်တွင်းရေး တာဝန်ယူထားတယ် ကျွန်တော်ကတော့ ပြည်ပရေးရာ တာဝန်ယူထားတယ်"
ကျန်းပေရန် က စာချုပ် တစ်စောင်နဲ့ ခါးချိတ်ပြား တစ်ခုကို စားပွဲပေါ် တင်လိုက်သည်။
အားလုံးက ခါးချိတ်ပြားကို ကြည့်ပြီး အံ့သြသွားကြသည်။
"မင်း..."
ကျီချင်းလင်း ဘာပြောရမှန်း မသိ ဖြစ်သွားသည်။
"ဒါက ထုန်တိုင်းပြည် ချန်ထျန်းဂိုဏ်း ဂိုဏ်းချုပ် ယန်ကွမ်ချင်း ပေးလိုက်တဲ့ ခါးချိတ်ပြား စာချုပ်ကတော့ ကုန်သွယ်ရေး သဘောတူညီချက် စာချုပ်ပါ"
'ထုန်တိုင်းပြည်... ချန်ထျန်းဂိုဏ်း...'
အားလုံး လန့်သွားကြသည်။
လျန်တိုင်းပြည်ကို သိမ်းပိုက်ပြီးကတည်းက သူတို့ စိုးရိမ်နေတာက ထုန်တိုင်းပြည် နဲ့ ရှန်တိုင်းပြည်က ဝင်တိုက်မလား ဆိုတာ ဖြစ်သည်။
အခုတော့ ကျန်းပေရန် က ထုန်တိုင်းပြည်ရဲ့ ထိပ်သီး ဂိုဏ်းချုပ်နဲ့ မဟာမိတ် ဖွဲ့လာခဲ့ပြီ။
'ဒါပေမဲ့... ဒီလောက် ရိုးရှင်းပါ့မလား'
ကျီချင်းလင် သံသယ ဝင်မိသည်။
တိုင်းပြည် အချင်းချင်း စာချုပ် ဆိုတာ စက္ကူစုတ်လိုပါပဲ။
ဖျက်ချင်တဲ့အချိန် ဖျက်လို့ ရသည်။
ဒါပေမဲ့ ကျန်းပေရန် လုပ်ဆောင်ချက်က လက်တွေ့ကျသည်။
ကျီချင်းလင် မေးခွန်းထုတ်မလို့ လုပ်တုန်း ကွမ်ရှစ်အန်း မတ်တတ်ထရပ်လိုက်သည်။
ကျန်းပေရန် ရှေ့ လျှောက်သွားပြီး မေးလိုက်သည်။
"မင်း... တကယ်ပဲ ပေရန် လား"
ကျန်းပေရန် ပြုံးပြီး ဂါရဝပြုလိုက်သည်။
"အစစ်ပါ ဂိုဏ်းချုပ်ကွမ်"
"မဟုတ်သေးပါဘူး အရင် ပေရန် က ဒီလို မဟုတ်ပါဘူး"
ကွမ်ရှစ်အန်း ခေါင်းခါလိုက်သည်။
သူက ကျင့်ကြံဖို့ပဲ စိတ်ဝင်စားပြီး တိုင်းပြည်ရေးရာတွေကို ဂရုမစိုက်ပေ။
ထိုက်ရင်းဇုန်ကိုပဲ လွှဲထားလေ့ ရှိသည်။
ပြီးခဲ့တဲ့ တခေါက် ထွက်လာတုန်းက ရှန့်တိုင်းပြည်ကို ကျန်းပေရန် အုပ်ချုပ်နေပြီ ဆိုတာ ကြားလိုက်ရလို့ လန့်သွားခဲ့သည်။
တစ်နှစ်ပဲ ကြာသေးတာလေ။
ဘယ်လို ဖြစ်သွားတာလဲ။
လျန်တိုင်းပြည် ကို သိမ်းပိုက်တုန်းက သူပါဝင်ခဲ့ပြီး ကျေနပ်ခဲ့သည်။
ယင်ကျန်းဟုန် ရဲ့ အစီအစဉ် မဟုတ်ရင် ပိုကောင်းမှာပေါ့။
ဒါပေမဲ့ ထိုက်ရင်းဇုန် ပြောပြချက်အရ ဆိုရင် အဲဒီ အစီအစဉ်က ကျန်းပေရန် ဆွဲခဲ့တာတဲ့။
သူတို့က လက်ပါးစေ အနေနဲ့ ပါဝင်ခဲ့တာတဲ့။
ကွမ်ရှစ်အန်း အံ့သြသွားသည်။
ကျန်းပေရန် က တော်မှန်း သိပေမယ့် ဒီလောက်ထိ တော်မယ်လို့ မထင်ထားခဲ့ပေ။
သူက ယင်ကျန်းဟုန် ဆီ သွားမေးတော့ ယင်ကျန်းဟုန် က စကားတစ်ခွန်းပဲ ပြောသည်။
'ငါ သူ့ကို စတွေ့ကတည်းက သာမန် မဟုတ်မှန်း သိတယ် သူက အားလုံးထက် ပိုနက်နဲတယ်'
ဒီစကားက ဘာမှန်း မသိပေမယ့် ကျန်းပေရန် ပြန်လာရင် မေးမယ်လို့ ဆုံးဖြတ်ထားသည်။
ဒါကြောင့် ဒီနေ့ ကိုယ်တိုင် လာခဲ့ခြင်း ဖြစ်သည်။
ကျန်းပေရန် က ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။
"လူဆိုတာ ပြောင်းလဲတတ်တာပဲလေ"
"ဒါပေမဲ့ မင်းက အရမ်း ပြောင်းလဲလွန်းတယ်"
ကွမ်ရှစ်အန်း မှတ်မိသလောက် ကျန်းပေရန် က ထင်ပေါ်ကျော်ကြားတာ မကြိုက်ပေ။
ထောင့်ကပ်နေတတ်တဲ့ လူမျိုး ဖြစ်သည်။
အခုတော့ ရှေ့ထွက်လာပြီး ခေါင်းဆောင် လုပ်နေသည်။
ပုံမှန် မဟုတ်ပေ။
ယင်ကျန်းဟုန် က ဝင်ပြောလိုက်သည်။
"နိုင်ငံရေး ဆွေးနွေးနေတာလေ မင်းရဲ့ အရေးမပါတဲ့ မေးခွန်းတွေ ခဏ ရပ်ထားလို့ မရဘူးလား"
"ဘာ အရေးမပါတာလဲကွ ငါက ငါ့တိုင်းပြည် ခေါင်းဆောင် ဘယ်သူလဲ ဆိုတာ သိရမှာပေါ့"
"ကျန်းပေရန်လေ မင်းတို့ ဂိုဏ်းက တပည့်လေးလေ ကျေနပ်ပြီလား လက်ခုပ်တီးပေးရမလား"
"ဘယ်သူက အဲဒါ မေးနေလို့လဲ ငါမေးချင်တာက..."
ကွမ်ရှစ်အန်း ရယ်မောလိုက်သည်။
ကျန်းပေရန် က ဂါရဝပြုပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကွမ် အရင် ထိုင်လိုက်ပါ ကျွန်တော် အကုန် ပြောပြပြီးမှ ဂိုဏ်းချုပ် သိချင်တာတွေ ရှင်းပြပါ့မယ်"
ကျန်းပေရန် ရဲ့ လေးစားသမှု ရှိတဲ့ အပြုအမူကို ကြည့်ပြီး ကွမ်ရှစ်အန်း ကျေနပ်သွားသည်။
ခေါင်းညိတ်ပြီး နေရာမှာ ပြန်ဝင်ထိုင်လိုက်သည်။
"ကောင်းပြီ ပြောစရာ ရှိတာ ပြောပါ ငါ နားထောင်ပေးမယ်"