← Chapters

အခန်း (၅၃၀-၅၃၁)

Vol. 46 Ch. 530-531

အခန်း (၅၃၀-၅၃၁)

Vol. 46 Ch. 530-531

အခန်း ၅၃၀ ဓားသွန်းလုပ်ခြင်း

"ဘယ်လိုနေလဲ"

ကူချင်းဟွမ်း သက်သာလာသည်ကို မြင်သောအခါ ကျန်းပေရန် မေးလိုက်လေသည်။

"အဆင်ပြေပါတယ် အကိုကြီး ဘာမှ မဖြစ်တော့ပါဘူး"

ကူချင်းဟွမ်းက ညာဘက်လက်မောင်းကို မြှောက်ပြပြီး ဆက်ပြောသည်။

"ဒါပေမဲ့ ဝိညာဉ်စွမ်းအင်တွေ စီးဆင်းနေတာကို ခံစားနေရတုန်းပဲ"

"ထိန်းချုပ်နိုင်လား"

"စမ်းကြည့်ပါရစေ"

ကူချင်းဟွမ်းက ကျင့်စဉ်ကို လည်ပတ်လိုက်လေသည်။

ခဏကြာတော့ မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။

"ရတယ် ကျွန်တော် ထိန်းချုပ်နိုင်တယ်"

"ဝိညာဉ်စွမ်းအင်တွေ အားလုံး ကိုယ်ပိုင် စွမ်းအင် အဖြစ် ပြောင်းလဲသွားပြီလား"

"ဟုတ်ကဲ့ နည်းနည်းတော့ ကွာခြားပေမယ့် ပြောင်းလဲသွားပြီ"

"ဒါဆို ဝိညာဉ်စွမ်းအင် အဖြစ် ပြန်ပြောင်းပြီး ထုတ်လွှတ်ကြည့်ဦး"

"ဟုတ်ကဲ့"

ကူချင်းဟွမ်းက စွမ်းအင်များကို ဝိညာဉ်စွမ်းအင် အဖြစ် ပြန်လည် ပြောင်းလဲပြီး ထုတ်လွှတ်လိုက်လေသည်။

လုပ်ဆောင်မှုက မျှော်လင့်ထားသည်ထက် ပိုမို လွယ်ကူသည်။

ဧကရာဇ် ဝိညာဉ်စွမ်းအင်က ခရမ်းရောင် တိမ်တိုက် အဖြစ် ပြန်လည် ဖြစ်ပေါ်လာလေသည်။

ကျန်းပေရန် ကျေနပ်သွားသည်။

ဆားကျွယ် လက်နက်ထဲ ထည့်သွင်းရန် အဆင်သင့် ဖြစ်နေပြီ။

နောင်ကျလျှင် ကူချင်းဟွမ်းကို မိမိကိုယ်ကို ကာကွယ်ခြင်း အစီအရင်ထဲ ထည့်သွင်းပြီး စမ်းသပ်ကြည့်ဦးမည်။

ယခုမူ လက်နက် အရင် လုပ်ရပေမည်။

ပစ္စည်းများ စုံလင်ပြီ ဖြစ်သဖြင့် လက်နက် စတင် ပြုလုပ်ရန်သာ ကျန်တော့သည်။

ကျန်းပေရန်က လက်နက်လုပ်ရာတွင် ကျွမ်းကျင်သော်လည်း ဤမျှ အဆင့်မြင့်သော ပစ္စည်းများနှင့် တစ်ခါမျှ မလုပ်ဖူးပေ။

မှားယွင်း၍ မဖြစ်ပေ။

နောက်တစ်ကြိမ် ပြုလုပ်ရန် ပစ္စည်း မရှိတော့ပေ။

စာအုပ်ကို သေချာ ပြန်ဖတ်ပြီး ဆုံးဖြတ်ချက် ချလိုက်လေသည်။

လက်နက် အသစ်ထွင်ရန်မှာ ခက်ခဲသော်လည်း ရှိပြီးသား ပုံစံအတိုင်း လိုက်လုပ်ခြင်းက မခက်ခဲပေ။

ဆားကျွယ်က ဖန်တီးပြီးသား လက်နက် ဖြစ်သောကြောင့် ပုံစံအတိုင်း လိုက်လုပ်ရုံသာ ရှိသည်။

"တောင်းပန်ပါတယ် အကိုဝမ် ကျွန်တော် အိပ်ပျော်သွားတယ်"

လီဖူချန် ထွက်လာလေသည်။

အားနည်းနေသေးသည်ကို တွေ့ရသဖြင့် ကျန်းပေရန်က ပြောလိုက်သည်။

"ပြန်သွားအိပ်လိုက်ဦး"

"ဒါပေမဲ့"

"နောင်ကျရင် ပိုခက်ခဲတာတွေ ကြုံရဦးမှာ အားမွေးထား"

"ဟုတ်ကဲ့"

လီဖူချန် ပြန်ဝင်သွားလေသည်။

ကျန်းပေရန်က ကူချင်းဟွမ်းကို ခေါ်လိုက်သည်။

"လိုက်ခဲ့"

မီးဖိုနား ရောက်သောအခါ ဖန်သားတုံးကြီးကို စစ်ဆေးကြည့်လိုက်သည်။

ခိုင်ခံ့မှု ရှိသည်မှာ သေချာမှ စတင်လိုက်လေသည်။

မီးထိုး အပူပေး ထုရိုက်ခြင်းများ ပြုလုပ်သည်။

ကျွမ်းကျင်စွာ လုပ်ဆောင်နေလေသည်။

ဓားသွား ပုံဖော်ရန်မှာ အရေးကြီးဆုံး အဆင့် ဖြစ်သည်။

ကူချင်းဟွမ်းက ဘေးမှ ကြည့်ပြီး အံ့သြနေလေသည်။

အကိုကြီး၏ လက်ရာက တကယ် ကောင်းမွန်လှသည်။

သူ့ထက် အများကြီး သာလွန်သည်။

အချက်တိုင်းက တိကျသေချာလှသည်။

ဓားသွား ပုံဖော်ပြီးနောက် အအေးခံ အထူညှိ ပြန်အပူပေး အမှုန့်ဖြူး ရေစိမ်ခြင်းများ ပြုလုပ်သည်။

အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် ဓားသွား ပေါ်လာလေသည်။

သာမန် လက်နက်ဆိုလျှင် ဤအဆင့်တွင် ပြီးဆုံးပြီ ဖြစ်သည်။

ဒါပေမဲ့ ဆားကျွယ်က သာမန် မဟုတ်ပေ။

ထက်ဝက်သာ ပြီးသေးသည်။

နောက်တစ်ဆင့်က ဓားသွားပေါ်တွင် အစီအရင် ရေးထွင်းရမည်။

ဒါက အဓိက အသက် ဖြစ်သည်။

စာအုပ်ထဲတွင် ရေးသားထားသည်မှာ ဖန်သားတုံး၏ အစွမ်းက အစီအရင် အစွမ်းကို ပွားများစေခြင်း ဖြစ်သည်။

စောင့်ကြည့်ရေး အစီအရင် ရေးထွင်းလျှင် ပတ်ဝန်းကျင်ကို အာရုံခံနိုင်မည်။

ကာကွယ်ရေး အစီအရင် ရေးထွင်းလျှင် အကာအကွယ် ပေးမည်။

အရင်တုန်းက နေမင်းဖြတ်တောက် မှန် အနေဖြင့် ရှိစဉ်က အမှောင်ထု အစီအရင် ရေးထွင်းထားသဖြင့် နေရောင်ကို ကာကွယ်နိုင်ခြင်း ဖြစ်သည်။

သို့သော် ကျန်းပေရန်က စာအုပ်ထဲမှ အစီအရင်ကို မသိပေ။

ပုံစံတူ လိုက်လုပ်နိုင်သော်လည်း ဘာအစွမ်း ရှိမှန်း မသိရပေ။

အစီအရင်က ထူးဆန်းပြီး နည်းနည်း ဆိုးရွားသည့် ပုံစံ ပေါက်နေသည်။

"ထားလိုက်ပါတော့ သုံးလို့ရရင် ပြီးတာပဲ"

ကျန်းပေရန် စတင် ရေးထွင်းလိုက်လေသည်။

ကူချင်းဟွမ်းက နားမလည်သော်လည်း စိတ်ဝင်တစား ကြည့်နေသည်။

အကိုကြီးက ဘက်စုံ တော်လွန်းသည်။

လူသား စစ်စစ် ဟုတ်ရဲ့လားဟုပင် သံသယ ဝင်မိသည်။

တစ်နာရီ ကြာပြီးနောက် အောင်မြင်စွာ ရေးထွင်းနိုင်ခဲ့သည်။

စွမ်းအင် အတော် ကုန်သွားလေသည်။

ဖန်သားတုံးပေါ်တွင် ရေးထွင်းရသည်မှာ မလွယ်ကူပေ။

မှားယွင်းပါက ပျက်စီးသွားနိုင်သည်။

ဓားသွား ပြီးသွားသောအခါ ဓားရိုး လုပ်ရမည်။

သာမန် လူများက ဓားရိုးကို အလှဆင် ပစ္စည်းဟု ထင်ကြသော်လည်း တကယ်တမ်းတွင် အရေးကြီးလှသည်။

ဓား၏ စွမ်းအားကို ထိန်းချုပ်နိုင်ရန် လိုအပ်သည်။

မြေကမ္ဘာ သလင်းကျောက် နှင့် ယင်ယန် လျှို့ဝှက် အမွေးအတောင် တို့ကို ဓားရိုးတွင် သုံးရမည်။

မြေကမ္ဘာ သလင်းကျောက်က အစီအရင် မပျက်စီးအောင် ကာကွယ်ပေးသည်။

ယင်ယန် လျှို့ဝှက် အမွေးအတောင် ကိုမူ ဓားရိုး ထိပ်တွင် တပ်ဆင်ရမည်။

နှစ်ပိုင်းလုံး ပြီးသွားသောအခါ ဆက်လိုက်လေသည်။

နောက်ဆုံး အဆင့်သာ ကျန်တော့သည်။

ဧကရာဇ် ဝိညာဉ်စွမ်းအင် ထည့်သွင်းခြင်း ဖြစ်သည်။

ဓားကို စားပွဲပေါ် တင်လိုက်ပြီး ကူချင်းဟွမ်းကို ပြောလိုက်သည်။

"စောစောက စုပ်ယူထားတဲ့ စွမ်းအင်တွေကို ထည့်လိုက်ပါ ရပ်ဆိုရင် ရပ်လိုက်"

ကူချင်းဟွမ်းက အတွေ့အကြုံ ရှိပြီးသား ဖြစ်သည်။

"ဟုတ်ကဲ့"

စိတ်လှုပ်ရှားမနေဘဲ တည်ငြိမ်စွာ လုပ်ဆောင်လိုက်လေသည်။

ပုံမှန်အတိုင်းပင် ဖြစ်သည်။

"စလိုက်တော့"

ကူချင်းဟွမ်းက စွမ်းအင်များကို ထုတ်လွှတ်ပြီး ဓားထဲ ထည့်လိုက်သည်။

အဆင်ပြေချောမွေ့စွာ ဝင်ရောက်သွားလေသည်။

သို့သော် ရုတ်တရက် ဓားက တုန်ခါလာသည်။

ကူချင်းဟွမ်းလည်း တုန်ခါလာသည်။

"အကိုကြီး သူက ဝင်မသွားချင်ဘူး ဖြစ်နေတယ်"

အသိစိတ် ရှိနေတုန်းပဲလား

ကူချင်းဟွမ်း မျက်လုံးများ ပြောင်းလဲသွားသည်။

နဂါးပုံစံ အရာများ ပေါ်လာလေသည်။

"စိတ်မပူပါနဲ့ အကိုကြီး ကျွန်တော် ရှင်းလိုက်ပါ့မယ်"

"ကောင်းပြီ"

ကျန်းပေရန်က စောင့်ကြည့်နေလိုက်သည်။

ဧကရာဇ် ဝိညာဉ်စွမ်းအင်က ထွက်ပြေးချင်နေသည်။

အတင်းအကျပ် လုပ်ပါက ဓားပျက်စီးသွားနိုင်သည်။

ထို့ကြောင့် ဓားပတ်လည်တွင် အစီအရင် ခင်းပြီး ပိတ်လှောင်ထားလိုက်သည်။

ကူချင်းဟွမ်းလည်း စိတ်ချင်း တိုက်ပွဲဝင်နေလေသည်။

"ငါက သခင် ဆိုတာ မင်း သိထားသင့်တယ်"

ဧကရာဇ် ဝိညာဉ်စွမ်းအင်က အသိစိတ် ရှိသည်ကို ကူချင်းဟွမ်း သိသည်။

ခန္ဓာကိုယ်ကို လုယူချင်တာ မဟုတ်ဘဲ အသိအမှတ်ပြုစေချင်တာ ဖြစ်သည်။

စွမ်းအင် အများစု ပြောင်းလဲသွားသော်လည်း အချို့က ကျန်ရှိနေသေးသည်။

ယခု ဓားထဲ ဝင်ခိုင်းသောအခါ ငြင်းဆန်နေခြင်း ဖြစ်သည်။

ကူချင်းဟွမ်း စကားကို ဂရုမစိုက်ဘဲ ပိုမို ရုန်းကန်လာလေသည်။

နာကျင်မှုများ ခံစားရသော်လည်း ကူချင်းဟွမ်းက သည်းခံထားသည်။

အိုးကို လှမ်းကြည့်လိုက်လေသည်။

"ဓားထဲ မဝင်ချင်ရင် အိုးထဲ ပြန်ဝင်မလား"

ဒီစကား ကြားသောအခါ ပိုမို သောင်းကျန်းလာသည်။

"ဘုန်း"

ခရမ်းရောင် မီးတောက်များ ထပ်မံ ထွက်ပေါ်လာသည်။

ကျန်းပေရန် စိုးရိမ်သွားသော်လည်း ကူချင်းဟွမ်းက ပြုံးနေသည်။

အိုးကို ကြောက်မှန်း သိလိုက်ရပြီ ဖြစ်သည်။

"ငါက မင်းကို စုပ်ယူဖို့ အချိန် အကြာကြီး ယူခဲ့ရတာ မင်းကို ကြောက်လို့ မဟုတ်ဘူး အမှတ်အသား လုပ်ချင်လို့ပဲ"

ကူချင်းဟွမ်းက ကျင့်စဉ်ကို အရှိန်မြှင့်လိုက်လေသည်။

ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ငြိမ်ကျသွားသည်။

"မင်းက ငါ့ကို အားနည်းတယ် ထင်ပြီး ရွေးချယ်ခဲ့တာမလား ဒါပေမဲ့ မင်းထင်သလောက် မစွမ်းဘူး ငါက မင်းရဲ့ စွမ်းအားတွေကို အမှတ်အသား လုပ်ထားပြီးပြီ ငါစိတ်ကူးလိုက်တာနဲ့ ငါ့စွမ်းအား ဖြစ်သွားမှာ"

ကူချင်းဟွမ်းက အစကတည်းက သတိထားခဲ့သည်။

အားနည်းချင်ယောင် ဆောင်ပြီး လှည့်စားခဲ့ခြင်း ဖြစ်သည်။

ကျင့်စဉ်ကို ကျွမ်းကျင်ပြီးသား ဖြစ်သော်လည်း မကျွမ်းကျင်သကဲ့သို့ ဟန်ဆောင်ခဲ့သည်။

အာရုံခံနိုင်စွမ်း မြင့်မားသောကြောင့် အသေးစိတ် အချက်အလက်များကို သိမြင်နိုင်သည်။

အဏုမြူ နယ်ပယ်ထဲ ရောက်ရှိနေသကဲ့သို့ပင် ဖြစ်သည်။

တောင်များနှင့် ရေများ အားလုံးက အမှုန်အမွှားလေးများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဝိညာဉ်စွမ်းအင်လည်း အတူတူပင် ဖြစ်လေသည်။

အခန်း ၅၃၁ ဓားအစုံ

ဧကရာဇ် ဝိညာဉ်စွမ်းအင်သည် အလွန် ဉာဏ်များလေသည်။

ကူချင်းဟွမ်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ချိန်တွင် စွမ်းအင် အချို့ကို ဝှက်ထားခဲ့သည်။

ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော ဝိညာဉ်စွမ်းအင်သည် ကိုယ်ပိုင် စွမ်းအင် အဖြစ် အလိုအလျောက် ပြောင်းလဲသွားလေ့ ရှိသည်။

ထမင်းစားပြီး အစာမကြေဘဲ နေသည်ဟု ပြောသကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် မည်သူမျှ သတိမထားမိကြပေ။

သို့သော် ဧကရာဇ် ဝိညာဉ်စွမ်းအင်သည် သာမန် မဟုတ်ပေ။

ကံမကောင်းသည်မှာ ကူချင်းဟွမ်းသည်လည်း သာမန် မဟုတ်ပေ။

သူ၏ အာရုံခံနိုင်စွမ်းနှင့် မှတ်ဉာဏ်ကောင်းမွန်မှုကြောင့် ဝှက်ထားသော စွမ်းအင်များကို ရှာတွေ့သွားလေသည်။

ခရမ်းရောင် မီးတောက်များ ငြိမ်းသွားသောအခါ ကူချင်းဟွမ်းက ပြောလိုက်သည်။

"မင်းမှာ ရွေးချယ်စရာ ၂ ခု ရှိတယ် ငါ့စကား နားထောင်မလား အိုးထဲ ပြန်ဝင်မလား ၃ စက္ကန့် အချိန်ပေးမယ်"

ခဏအကြာတွင် ဓား၏ တုန်ခါမှု ရပ်တန့်သွားသည်။

ကူချင်းဟွမ်း ခန္ဓာကိုယ်ပေါ်မှ နဂါးပုံစံ အရာများလည်း ပျောက်ကွယ်သွားလေသည်။

"တော်တယ်"

ကျန်းပေရန်က ချီးကျူးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကိုကြီး"

ကူချင်းဟွမ်းသည် ဧကရာဇ် ဝိညာဉ်စွမ်းအင်နှင့် ဆက်သွယ်နိုင်ကြောင်း သေချာသွားပြီ ဖြစ်သည်။

"စောစောက ငါ နည်းနည်း ကြမ်းတမ်းသွားတယ် မင်း ဘာလို့ ဓားထဲ မဝင်ချင်တာလဲ"

ဧကရာဇ် ဝိညာဉ်စွမ်းအင်က ပြန်မဖြေနိုင်ပေ။

"ကောင်းပြီ ငါမေးမယ် မင်းဖြေပါ"

"မင်းရဲ့ စွမ်းအင်တွေ လျော့နည်းသွားမှာ စိုးလို့လား ဟုတ်ရင် အမှတ်အသား ပြလိုက်"

ကူချင်းဟွမ်း ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသား ပေါ်လာလေသည်။

"ထင်တဲ့အတိုင်းပဲ စွမ်းအင်တွေ ကုန်သွားရင် ပြန်မဖြည့်နိုင်တော့ဘူးလား"

အမှတ်အသား မပေါ်လာပေ။

ခဏကြာမှ ပေါ်လာသည်။

"ပြန်ဖြည့်လို့ ရပေမယ့် အခုလောလောဆယ် မလုပ်နိုင်သေးဘူး မဟုတ်လား"

အမှတ်အသား ချက်ချင်း ပေါ်လာလေသည်။

"ကောင်းပြီ ငါ နားလည်ပြီ ငါ ကူညီပေးပါ့မယ် ငါ့ကို ယုံကြည်ရင် အမှတ်အသား ပြ"

အမှတ်အသား မပေါ်လာသေးပေ။

ကူချင်းဟွမ်းက အချိန်ပေးလိုက်သည်။

"အကိုကြီး ပြီးပါပြီ"

"ကောင်းပြီ ပြန်သိမ်းလိုက်တော့"

ကူချင်းဟွမ်းက စွမ်းအင် ထုတ်လွှတ်မှုကို ရပ်တန့်လိုက်လေသည်။

ဧကရာဇ် ဝိညာဉ်စွမ်းအင်ဆိုသည့် နာမည်ကို ကြားရုံနှင့် အစွမ်းထက်မှန်း သိသာသည်။

ကူချင်းဟွမ်း၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးပုံစံ အမှတ်အသား ထပ်မံ ပေါ်လာလေသည်။

ယုံကြည်သွားပြီ ဖြစ်သည်။

တကယ်တမ်းတွင် ရွေးချယ်စရာ မရှိ၍ ယုံကြည်လိုက်ရခြင်း ဖြစ်နိုင်သည်။

အိုးထဲ ပြန်မဝင်ရရင် ပြီးရော ဆိုသည့် သဘော ဖြစ်သည်။

ရုတ်တရက် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာလေသည်။

ဓားက လေပေါ်သို့ မြောက်တက်သွားသည်။

အားလုံး ဝိုင်းကြည့်နေကြသည်။

နောက်ဆုံး အဆင့် ပြီးမြောက်သွားပြီ ဖြစ်သော်လည်း အောင်မြင်မအောင်မြင် မသေချာသေးပေ။

"ဝေါင်း"

ဓားသံ ထွက်ပေါ်လာပြီး ဓားက နှစ်ချောင်း ကွဲသွားလေသည်။

အလင်းရောင်များ ပျောက်ကွယ်သွားသောအခါ ပုံစံတူ ဓားနှစ်ချောင်း ပေါ်လာသည်။

တစ်ချောင်းတွင် အမည်းရောင် အမွေးအတောင် ပါရှိပြီး နောက်တစ်ချောင်းတွင် အဖြူရောင် အမွေးအတောင် ပါရှိသည်။

"ဓားအစုံလား ဒါက ယင်ယန် လျှို့ဝှက် အမွေးအတောင် ရဲ့ အစွမ်းပဲ"

ယင်ယန် လျှို့ဝှက် အမွေးအတောင်သည် ကျင့်ကြံသူ နှစ်ဦးကြားတွင် စွမ်းအင်နှင့် ကျင့်စဉ်များကို မျှဝေသုံးစွဲနိုင်စေသည်။

ယခု ဓားနှစ်ချောင်းသည်လည်း ထိုအစွမ်းကို ရရှိသွားခြင်း ဖြစ်သည်။

ဓားနှစ်ချောင်းသည် အမွေးအတောင်များ အဖြစ် ပြောင်းလဲပြီး ကျန်းပေရန်၏ လက်ကောက်ဝတ်ပေါ်တွင် လက်ကောက်များ အဖြစ် နေရာယူလိုက်လေသည်။

"အောင်မြင်သွားပြီလား"

ကျန်းပေရန်က ညာဘက် လက်ကောက်ဝတ်မှ အမည်းရောင် လက်ကောက်ကို စိတ်ကူးဖြင့် ပြောင်းလဲလိုက်ရာ ဓားအဖြစ် ရောက်ရှိလာသည်။

"အောင်မြင်ပြီ"

ကျန်းပေရန်ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။

"ဒါပေမဲ့ ငါ့အတွက်က အပို ဖြစ်နေသလိုပဲ"

ကျန်းပေရန်သည် ရှေ့တန်းထွက် တိုက်ခိုက်ရသည်ကို မကြိုက်ပေ။

နောက်ကွယ်မှ ကြိုးကိုင်ရသည်ကိုသာ နှစ်သက်သည်။

ထို့ကြောင့် ထိုဓားများကို အသုံးပြုရမည့် အခွင့်အရေး နည်းပါးလှသည်။

"ထားလိုက်ပါတော့ တပည့်တွေကို ဆုချဖို့ သုံးလို့ ရတာပဲလေ"

"ငါက တကယ် ကောင်းတဲ့ အကိုကြီးပဲ"

ဓားရပြီးနောက် ဂူသင်္ချိုင်း တစ်ခုလုံးကို ရှာဖွေကြည့်ရာ ဘာမျှ မတွေ့ရတော့ပေ။

"ဒီနေရာက ဓားလုပ်ဖို့ သက်သက်ပဲလား"

လက်နက်လုပ်သည့် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

သင်္ချိုင်းရှင်ကို ကျေးဇူးတင်စကား ဆိုပြီး ပြန်ထွက်လာခဲ့ကြသည်။

"ဂြီ"

အပြင်ရောက်သည်နှင့် နံရံက ပြန်ပိတ်သွားလေသည်။

အစီအရင်များလည်း ပြန်လည် အလုပ်လုပ်နေသည်။

"ဒီဂူသင်္ချိုင်းက အသက်ရှိနေတာလား"

ယန္တရားများက ပြန်ပိတ်သွားသည်မှာ မဆန်းသော်လည်း အစီအရင်များ ပြန်လည် အလုပ်လုပ်သည်မှာ ထူးဆန်းလှသည်။

"ရှောင်ချီ လီဖူချန်ကို သွားခေါ်လိုက်"

"ဟုတ်ကဲ့"

လီဖူချန် ရောက်လာသည်။

ကျန်းပေရန် အမိန့်ပေးမလို့ လုပ်တုန်း ရွေးချယ်မှု ပေါ်လာလေသည်။

[ရွေးချယ်မှု ၁ - "ဂူသင်္ချိုင်းထဲ ဆက်နေပါ" ပြီးမြောက်ဆုလက်ဆောင် - မိုင်တစ်သောင်း ဓားသိုင်းကျမ်း (မြေကမ္ဘာအဆင့်၊ အဆင့်မြင့်)]

[ရွေးချယ်မှု ၂ - "ချက်ချင်း ထွက်ခွာပါ" ပြီးမြောက်ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်းပြအမှတ် +၁]

"ဟေ"

ရုတ်တရက် ပေါ်လာသော ရွေးချယ်မှုကြောင့် ကျန်းပေရန် ကြောင်သွားသည်။

"လူတွေ ရောက်လာတာလား ဒါမှမဟုတ် ဂူသင်္ချိုင်းက ပြဿနာ ရှာတော့မလို့လား"

"ထားလိုက်တော့ ပြန်ကြမယ်"

ရွေးချယ်မှု ၂ ကို ရွေးပြီး အားလုံးကို ပြန်ခေါ်လိုက်သည်။

"ပြန်ကြမယ်"

အားလုံး ကြောင်သွားကြသည်။

လီဖူချန်က ပိုဆိုးသည်။

အခုမှ အားမွေးပြီး ထွက်လာကာရှိသေး ပြန်ရတော့မည်။

သို့သော် အားလုံးက နာခံကြသည်။

ပျံသန်းသော စံအိမ်က ချက်ချင်း ပျောက်ကွယ်သွားလေသည်။

မကြာမီ လူနှစ်ယောက် ရောက်လာကြသည်။

ပိန်ပိန် တစ်ယောက်နှင့် ဝဝ တစ်ယောက် ဖြစ်သည်။

"ရှန်ထျန်းဟွာက ဖြေရှင်းနည်း တွေ့သွားပြီလား မသိဘူး"

"သူ့လို လူက ဘယ်လို လုပ်ပြီး တွေ့မှာလဲ"

"သူ့နောက်မှာ ဆရာသမား ပါလာတယ်လို့ ကြားတယ်"

"ဟုတ်တယ် သူတစ်ယောက်တည်း ဆိုရင် မဖြစ်နိုင်ဘူး"

"ငါတို့ လျန်မိသားစု ကို သွားပြောကြမလား"

"မဖြစ်ဘူးလေ တော်ကြာ ပြဿနာ တက်နေဦးမယ်"

"အေးပါကွာ စောင့်ကြည့်ကြတာပေါ့"

ထုန်တိုင်းပြည်သို့ ပြန်ရောက်သောအခါ ဟော့ဟုန်ဖေး နှင့် ကျူဇီမင် တို့ကို ချပေးလိုက်သည်။

ထို့နောက် ထန်ကျင့်ရန်ကို လိုက်ပို့ပေးသည်။

"နောက်တစ်ခါ ပြန်လာခဲ့နော်"

ရှီဖုန်းလန်က နှုတ်ဆက်လိုက်သည်။

"ကောင်းပြီ"

မော့ရှားက ကျန်းပေရန်နှင့် ရှီဖုန်းလန်တို့ကို ဂါရဝပြုလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မလန်"

"ရပါတယ်"

"နောက်တစ်ခါ ပြန်တွေ့ကြမယ်"

မော့ရှားက စိတ်ဓာတ်ကျနေသည်။

ဘာမှ မကူညီနိုင်ခဲ့သဖြင့် ဝမ်းနည်းနေသည်။

"နောက်တစ်ခါကျရင် အသုံးဝင်အောင် ကြိုးစားပါ့မယ် ဆရာကြီး သင်ပေးပါဦး"

နောက်က သရဲကြီးကို ပြောလိုက်သည်။

သရဲကြီးက မူလအတိုင်း ရှိနေသော်လည်း တစ်ခုခု ပြောင်းလဲသွားသကဲ့သို့ ခံစားရသည်။

ပျံသန်းသော စံအိမ်ပေါ်တွင် ရှီဖုန်းလန်က နှုတ်ခမ်းဆူနေသည်။

"လူတွေ အကုန် ပြန်ကုန်ကြပြီ"

"ပေရန်လေး လူနည်းနည်းလောက် ချန်ထားခဲ့ပါလား"

"မရဘူး"

ကျန်းပေရန်က ငြင်းလိုက်ပြီး ကူချင်းဟွမ်းကို ခေါ်လိုက်သည်။

"ချင်းဟွမ်း လာပါဦး"

"ဟုတ်ကဲ့"

"ဧကရာဇ် ဝိညာဉ်စွမ်းအင် အခြေအနေ ဘယ်လိုလဲ"

"ငြိမ်သွားပြီ"

ကျန်းပေရန် ကျေနပ်သွားသည်။

"ချီတိုင်းပြည် ကို သွားမယ်"

"ဟွန်း"

ရှီဖုန်းလန်က စိတ်ကောက်ပြီး ထွက်သွားလေသည်။

ကျန်းပေရန်က ကူချင်းဟွမ်းကိုခေါ်ပြီး ကိုယ်ပိုင် နယ်မြေထဲ ဝင်ရောက်သွားသည်။

မြင်ကွင်း ပြောင်းလဲသွားပြီးနောက် အသံတစ်သံ ကြားလိုက်ရသည်။

"အကိုကြီး"

All Chapters