← Chapters

အခန်း (၅၃၂-၅၃၃)

Vol. 46 Ch. 532-533

အခန်း (၅၃၂-၅၃၃)

Vol. 46 Ch. 532-533

အခန်း ၅၃၂ ငါ ရှုံးနိမ့်သွားပြီ

"ပြင်ဆင်ထားတာ တော်တော် ကောင်းသားပဲ"

ကျန်းပေရန် ချီတိုင်းပြည်မှ ထွက်ခွာစဉ်က ထိုနယ်မြေကို လင်ယုယန်ထံ အပ်နှံထားခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းတွင် သိပ်ပြီး မျှော်လင့်မထားခဲ့ပေ။

သို့သော် ပြန်ရောက်လာသောအခါ အံ့သြသွားရသည်။

တကယ့် အိမ်တော်ကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

အဆောက်အဦးများ အများအပြား ဆောက်လုပ်ထားပြီး တစ်ယောက်တည်း လုပ်ဆောင်ထားသည်ဆိုပါက ယုံချင်စရာ မကောင်းပေ။

လင်ယုယန်က အပြေးရောက်ရှိလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"အကိုကြီး ပြန်ရောက်လာပြီလား လာ လိုက်ပြမယ် ကျေနပ်ရဲ့လား ကြည့်ပါဦး"

ကူချင်းဟွမ်းက လင်ယုယန်ကို မှတ်မိသွားသည်။

စာပေနတ်သမီးလေး လင်ယုယန်ဖြစ်သည်။

စိတ်နှလုံးပြန်ဂိုဏ်းတွင် နာမည်ကြီးပြီး လူကြိုက်များသော မိန်းကလေး တစ်ဦး ဖြစ်သည်။

အလှပဂေးလေး တစ်ယောက်လည်း ဖြစ်သည်။

ယခုအခါ ကျန်းပေရန်ကို အရူးအမူး ဖြစ်နေပုံရသည်။

အကိုကြီးကတော့ လုပ်ပြီ…..

ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။

"လမ်းပြ"

"ကျောက်စိမ်းခန်းက စကြည့်ကြမယ်"

လင်ယုယန်က အနောက်ဘက်သို့ ဦးဆောင်သွားလေသည်။

"အကိုကြီး ဒီကျောက်စိမ်းတွေက သေချာ ရွေးထားတာ အထူးသဖြင့် ဒီကောင်းကင်လမ်းစဉ် ကျောက်စိမ်းက အထက်တန်းစား ဆရာတော်ကြီး ကိုယ်တိုင် စီရင်ထားတာပါ ပြီးတော့ ဒီဘူးသီးခြောက် အခွံကလည်း အရမ်း ကောင်းတယ် စမ်းကြည့်ပါဦး"

"အကိုကြီး ဒီဘက်က အစီအရင်ခန်းပါ ဒီမှာက ယန္တရားစာရွက်တွေ ထားတယ် ဒီမှာက ယန္တရားပစ္စည်းတွေ ထားတယ် ဒီမှာက လက်နက်တွေ ထားတယ် လိုတာ ရှိရင် ပြောပါ အကိုကြီး မျက်လုံး ကောင်းလိုက်တာ နဂါးချိုကို တန်းမြင်တာပဲ ဒါက ဆူးနဂါးရဲ့ ချိုပါ ကြယ်ခြောက်လုံး ရေးထွင်းထားတယ် ဝိညာဉ်တွေကို ငြိမ်းချမ်းစေပြီး နတ်ဘုရားတွေကို ပင့်ဖိတ်နိုင်တယ် သာမန်လူတွေ မသုံးတတ်ပေမယ့် အကိုကြီးကတော့ သုံးတတ်မှာပါ"

"ဒီဘက် ဒီဘက် အကိုကြီး ကြည့်ပါဦး ဒါက ပန်းချီခန်း အကောင်းဆုံး စက္ကူတွေ ထားပေးထားတယ် အခန်း ၄ ခန်း ခွဲထားပြီး ပုံစံ ၄ မျိုး ပြင်ဆင်ထားတယ် ပထမ အခန်းက သဘာဝ အလှတရား ဒုတိယ အခန်းက..."

"တန် တန် တန် တန် ဒါကတော့ အကောင်းဆုံး ပြင်ဆင်ထားတဲ့ ကောင်းကင်နဲ့ မြေကြီး အခန်းပါ အဖေ့ အခန်း ပုံစံအတိုင်း ပြင်ဆင်ထားတာ ဒီမှာက..."

အနောက်ဘက်မှ အရှေ့ဘက်ထိ လိုက်လံပြသနေသည်မှာ ၂ နာရီခန့် ကြာမြင့်သွားသည်။

အသေးစိတ် ပြင်ဆင်ထားပုံများကို ကြည့်ပြီး ကူချင်းဟွမ်း စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

ငါ ရှုံးနိမ့်သွားပြီ

သူလည်း နယ်မြေ တစ်ခုကို ထိန်းသိမ်းထားသော်လည်း လင်ယုယန်နှင့် ယှဉ်လျှင် များစွာ ကွာခြားနေသည်။

ငွေကြေး အင်အားလည်း ကွာခြားသလို စေတနာ ထားပုံလည်း ကွာခြားလှသည်။

လင်ယုယန်က အခန်းတိုင်းတွင် အကောင်းဆုံး ပစ္စည်းများ ထားရှိပေးထားသည်။

ကူချင်းဟွမ်းအနေဖြင့် လေးစားရုံသာ တတ်နိုင်တော့သည်။

ကျန်းပေရန်လည်း အံ့သြနေမိသည်။

လင်ယုယန်က သူ့အိမ်ကို ဖောက်ထွင်းပြီး ယူဆောင်လာသလား အောက်မေ့ရသည်။

အစီအရင်ခန်းဆိုလျှင် ယန်ကွမ်ချင်း၏ မျှော်စင်လောက် မကောင်းမွန်သော်လည်း အတော်လေး ပြည့်စုံနေပြီ ဖြစ်သည်။

ယန္တရားစာရွက်များနှင့် လက်နက်များကလည်း ရှားပါး ပစ္စည်းများချည်း ဖြစ်သည်။

အထူးသဖြင့် နဂါးချိုဆိုလျှင် အဆင့် ၉ သားရဲ၏ ချို ဖြစ်သည်။

မည်သူကများ သွားရောက် ယူဆောင်ပေးခဲ့ပါလိမ့်။

"ဒီပစ္စည်းတွေ ဘယ်က ရတာလဲ"

ကျန်းပေရန် မေးလိုက်လေသည်။

လင်ယုယန်က မျှော်လင့်ထားသည့်အတိုင်း ဖြေလိုက်သည်။

"တချို့က အဖေ မွေးနေ့လက်ဆောင် ပေးတာ တချို့က ကိုယ်တိုင် ဝယ်တာ တချို့က အဒေါ် ပေးတာ..."

ပြောရင်းဖြင့် စာအုပ်လေး တစ်အုပ် ထုတ်ပေးလိုက်လေသည်။

"ပစ္စည်းတွေရဲ့ ရင်းမြစ်ကို ဒီမှာ မှတ်ထားတယ် ခိုးယူလာတာ မဟုတ်ဘူး စိတ်ချလက်ချ သုံးပါ"

ကျန်းပေရန် စာအုပ်ကို ဖတ်ကြည့်လိုက်သည်။

တစ်ဝက်ခန့် ဖတ်ပြီးသောအခါ သက်ပြင်းချလိုက်မိသည်။

သူဌေးမလေး

လင်းမိသားစုက စစ်ပွဲများမှ စီးပွားရှာထားသဖြင့် ချမ်းသာမှန်း သိသော်လည်း ဤမျှထိ ချမ်းသာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ရှားပါး ပစ္စည်းစာရင်းထဲမှ ပစ္စည်းများထက်ပင် သူတို့ ဂိုဒေါင်ထဲတွင် ပိုများနေဦးမည်။

လင်ယုယန် ယူလာသည်များမှာ သူမ၏ မုန့်ဖိုးဖြင့် ဝယ်ထားသည်များ ဖြစ်သည်။

"ကျေးဇူးပါပဲ ပင်ပန်းသွားပြီ"

ကျန်းပေရန်က စာအုပ်ကို ပိတ်ပြီး ပြောလိုက်သည်။

စနစ်က ဘာမျှ သတိမပေးသောကြောင့် လက်ခံလိုက်သည်။

လင်ယုယန်ပျော်ရွှင်သွားသည်။

ခင်ပွန်းသည်က ဇနီးသည်ကို ချီးကျူးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

"အကိုကြီးကသာ ပင်ပန်းတာပါ အပြင်ထွက်ပြီး ကိစ္စတွေ အများကြီး လုပ်ခဲ့ရတာပဲ"

"ကိစ္စ သေးသေးမွှားမွှားလေးတွေပါ ဒါပေမဲ့ အခု လုပ်စရာ ရှိတယ် လိုက်ခဲ့"

ကူချင်းဟွမ်းကို ခေါ်လိုက်လေသည်။

"ဟုတ်ကဲ့"

လင်ယုယန်က ကူချင်းဟွမ်းကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။

"မောင်လေးကူပါလား"

"ဟုတ်ကဲ့ပါ အစ်မလင်"

နှစ်ယောက်သား နှုတ်ဆက်ပြီးနောက် ကျန်းပေရန်က ကူချင်းဟွမ်းကို အစီအရင် မျက်လုံးဆီ ခေါ်ဆောင်သွားသည်။

"ဒီနေရာက မျက်လုံးပဲ စလိုက်တော့"

ကူချင်းဟွမ်းက ထိုင်လိုက်ပြီး ဧကရာဇ် ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်လေသည်။

ခရမ်းရောင် အငွေ့အသက်များ ထွက်ပေါ်လာသော်လည်း ဘာမျှ မဖြစ်ပေ။

ပုံမှန်ဆိုလျှင် နယ်မြေက စုပ်ယူပြီး လည်ပတ်ရမည် ဖြစ်သည်။

သို့သော် ယခုအခါ မစုပ်ယူနိုင် ဖြစ်နေသည်။

ကူချင်းဟွမ်း မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။

"ဆရာ ဒီစွမ်းအင်တွေက ခွဲဖြာထွက်လို့ မရဘူး အရင်လို မဖြစ်ဘူး"

အရင်တုန်းက မီးစွမ်းအင်ကို ၁ ဆမှ ၃ ဆ ပွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ထို့ကြောင့် နယ်မြေထဲတွင် စွမ်းအင်များ ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။

ယခုမူ ၁ ဆ ထည့်လျှင် ၁ ဆသာ ပြန်ရသည်။

ဘဏ်တွင် ပိုက်ဆံအပ်သကဲ့သို့ အတိုးမရဘဲ အရင်းသာ ပြန်ရနေသည်။

"ကောင်းပြီ ထလိုက်တော့"

ကျန်းပေရန်က ဧကရာဇ် ဝိညာဉ်စွမ်းအင် အကြောင်း သေချာ လေ့လာပြီးမှ နည်းလမ်း ရှာရပေမည်။

"အကိုကြီး ဧကရာဇ် ဝိညာဉ်စွမ်းအင် ရလာတာလား"

လင်ယုယန် အံ့သြသွားလေသည်။

"မင်း သိလို့လား"

"အဖေ ပြောဖူးတယ် ရှားပါးတဲ့ စွမ်းအင်တဲ့ အကိုကြီး ရလာလိမ့်မယ်လို့ မထင်ထားဘူး"

"အသေးစိတ် သိလား"

"သိပ်မသိဘူး အကိုကြီး လိုချင်ရင် အဖေ့ကို သွားမေးပေးမယ်"

"ကောင်းပြီ"

လင်ယုယန် ပျော်ရွှင်သွားသည်။

အကိုကြီးက ခိုင်းလေပျော်လေ ဖြစ်နေသည်။

တွေးရင်းဖြင့် ပျော်ရွှင်လာပြီး ဘေးနားမှ ကူချင်းဟွမ်း၏ ပခုံးကို ရိုက်လိုက်လေသည်။

"ဖြောင်း"

ကျန်းပေရန် တားဆီးရန် ပြင်လိုက်စဉ် ခရမ်းရောင် အငွေ့အသက်များက ကာကွယ်ပေးလိုက်သည်။

အားလုံး အံ့သြသွားကြသည်။

"ကျွန်တော် ဘာမှ မလုပ်ဘူး သူ့ဘာသာ ကာကွယ်ပေးတာ"

အလိုအလျောက် ကာကွယ်စနစ် ပါလား

ကျန်းပေရန် အံ့သြသွားသည်။

လင်ယုယန်က တောင်းပန်လိုက်လေသည်။

"တောင်းပန်ပါတယ် မောင်လေးကူ စိတ်လှုပ်ရှားပြီး လက်ပါသွားတယ်"

"ရတယ် အစ်မလင်း"

ကျန်းပေရန်က စမ်းသပ်စရာ တစ်ခု တွေ့ရှိသွားသည်။

လင်ယုယန်ကို ပြောလိုက်သည်။

"မင်း အဖေ့ဆီ ပြန်ပြီး မေးပေး သတင်းရရင် စာပို့လိုက်"

"ဟုတ်ကဲ့ အကိုကြီး"

လင်ယုယန် ထွက်ခွာသွားလေသည်။

ကျန်းပေရန်က ထုန်တိုင်းပြည်ဆီသို့ ပြန်လာခဲ့သည်။

ယန်ကွမ်ချင်းဆီမှ စာရောက်လာ၍ ဖြစ်သည်။

အဆင့်မြင့် အစီအရင်ကြီး အကြောင်း ဆွေးနွေးစရာ ရှိသည် ဆိုသဖြင့် သွားရောက်ခြင်း ဖြစ်သည်။

ကူချင်းဟွမ်း ရှောင်ချီ နှင့် ရှန်ထျန်းဟွာ တို့ကို လမ်းတွင် ချပေးခဲ့သည်။

"ဟူး"

ရှီဖုန်းလန် သက်ပြင်းချလိုက်သည်။

လူများ နည်းပါးသွားသဖြင့် ပျင်းရိနေသည်။

ရုတ်တရက် အနံ့ကောင်း တစ်ခု ရလိုက်လေသည်။

"ဝါး ဘာဟင်းလဲ"

မီးဖိုချောင်ဘက် ပြေးသွားသည်။

"ဝက်သားချိုချဉ်ကြော်"

"ကောင်းလိုက်တာ ၄ ပန်းကန်လောက် စားမယ်"

ရှဲ့လင်းတန်းက မှတ်စုစာအုပ်ဖြင့် လိုက်လံမှတ်သားနေသည်။

ထမင်းစားပွဲ ရောက်သောအခါ ချူယန်ဇယ်က တူမကိုင်ဘဲ ငိုင်နေလေသည်။

"ယန်ဇယ် ဘာဖြစ်နေတာလဲ"

ကျန်းပေရန် မေးလိုက်သည်။

ချူယန်ဇယ် လန့်သွားပြီး ဖြေလိုက်လေသည်။

"ဘာ ဘာမှ မဖြစ်ပါဘူး အဲလေ စိတ်ညစ်စရာလေး ရှိလို့ပါ"

အခန်း ၅၃၃ လုံးဝ သဲလွန်စ မရှိ

ချူယန်ဇယ်၏ စိတ်ညစ်နေသော မျက်နှာကို ကြည့်ပြီး ကျန်းပေရန် ပြုံးလိုက်လေသည်။

"အားလုံး အလုပ်ကိုယ်စီ ရှိနေကြချိန်မှာ မင်းက ဘာမှ မလုပ်ရဘဲ ဒီမှာ ထိုင်နေရလို့ စိတ်ညစ်နေတာမလား"

ချူယန်ဇယ် မျက်လုံးပြူးသွားသည်။

ဆရာက မည်သို့ သိရှိနေသနည်း။

"ဟုတ်တယ် ဆရာ ကျွန်တော့်ကို ရှေးဟောင်း အပျက်အစီးများ နယ်မြေဆီ ပြန်လွှတ်ပေးပါလား"

"ငါ ဘာလို့ မင်းတစ်ယောက်တည်းကို ခေါ်ထားတယ် ထင်လဲ"

"အဲဒါက"

ချူယန်ဇယ် ခေါင်းခါလိုက်လေသည်။

"ကျွန်တော် မသိပါဘူး"

"ဘာလို့လဲ ဆိုတော့ မင်းက အလားအလာ အရှိဆုံးမို့လို့ ကိုယ်တိုင် ပြုစုပျိုးထောင်ပေးမလို့ ခေါ်ထားတာကွ"

ချူယန်ဇယ် တုန်လှုပ်သွားလေသည်။

ဆရာက သူ့ကို စိတ်မချ၍ ခေါ်ထားသည်ဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင် အရေးပါ၍ ခေါ်ထားခြင်း ဖြစ်နေသည်။

ဆရာ အချစ်ဆုံး တပည့်က ငါပါလား

စိတ်လှုပ်ရှားလွန်းသဖြင့် မတ်တတ်ထရပ်ပြီး ဂါရဝပြုလိုက်လေသည်။

"ဆရာ့ မျှော်လင့်ချက်တွေ မပျက်စီးစေရပါဘူး ကြိုးစားပါ့မယ်"

"အင်း ထိုင်စားတော့"

တကယ်တမ်းတွင် ချူယန်ဇယ်ကို ခေါ်ထားခြင်းမှာ သူ့ခန္ဓာကိုယ်ထဲမှ ပိုးကောင်ဘုရင်ကြောင့်သာ ဖြစ်သည်။

သို့သော် အမှန်အတိုင်း ပြောပြမည့်အစား ကြက်ပေါင်းရည် တိုက်ပြီး အားပေးလိုက်ခြင်းက ပိုထိရောက်ပေသည်။

ထမင်းစားပြီးနောက် ပျံသန်းသော စံအိမ်က ချန်ထျန်းဂိုဏ်း၏ ပန်လန်တောင်ထိပ်ပေါ်သို့ ရောက်ရှိလာလေသည်။

အိမ်ထဲ မဝင်ရသေးမီ ယန်ကွမ်ချင်း၏ အသံ ကြားလိုက်ရသည်။

"လာ လာ ဝင်ခဲ့ စောင့်နေတာ ကြာပြီ"

"တောင်းပန်ပါတယ် ဂိုဏ်းချုပ်ယန်"

"ရတယ် လာခဲ့"

ယန်ကွမ်ချင်းက ကျန်းပေရန် လက်ကို ဆွဲပြီး မျှော်စင်ဆီသို့ ခေါ်ဆောင်သွားလေသည်။

တစ်ခုခု ရှာတွေ့ထားပုံရသည်။

အစီအရင် ပုံစံငယ်ရှေ့ ရောက်သောအခါ ကျန်းပေရန် အံ့သြသွားသည်။

ယန်ကွမ်ချင်းက အချိန်တိုအတွင်း တော်တော် ခရီးရောက်အောင် လုပ်ဆောင်ထားသည်။

"ဂိုဏ်းချုပ်ယန်က တကယ် တော်တာပဲ ရက်ပိုင်းအတွင်း ဒီလောက်ထိ ရှာဖွေတွေ့ရှိနိုင်တယ်"

ကျန်းပေရန်က ချီးကျူးလိုက်လေသည်။

ယန်ကွမ်ချင်း ကျေနပ်သွားသည်။

တခြားသူများ ချီးကျူးလျှင် သိပ်ဂရုမစိုက်သော်လည်း ကျန်းပေရန် ချီးကျူးသည်ကိုမူ သဘောကျလေသည်။

"ဟားဟားဟား ပေရန် ပြောမှပဲ စိတ်ချမ်းသာတော့တယ် ဒါပေမဲ့ ဒီလောက်ပဲ ရသေးတယ် ရှေ့ဆက်ဖို့က မင်းအကူအညီ လိုတယ်"

"ဂိုဏ်းချုပ်ယန် ဒီနေရာက ကြယ် ၇ လုံးနဲ့ ၈ လုံးကြားမှာ လှုပ်ရှားနေသလို မခံစားရဘူးလား"

ယန်ကွမ်ချင်း ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ် အဲဒီ နေရာက ပြဿနာပဲ ဘယ်လို ဖြေရှင်းရမလဲ မသိဘူး"

"ဒီအစီအရင်က သာမန် အစီအရင်တွေနဲ့ မတူပေမယ့် အခြေခံ သဘောတရားကတော့ အတူတူပါပဲ ဒါပေမဲ့ အကွက် အရေအတွက်က ၃၆၀ မကဘူး ထင်တယ်"

"ဟေ ဘာလို့လဲ"

"ခံစားချက် အရပါ"

တခြားလူ ပြောလျှင် ယန်ကွမ်ချင်း ကန်ထုတ်လိုက်မည် ဖြစ်သော်လည်း ကျန်းပေရန် ပြောခြင်း ဖြစ်၍ ယုံကြည်လိုက်သည်။

ကျန်းပေရန်၏ ခံစားချက်များသည် ဘယ်တော့မှ မမှားယွင်းပေ။

"ကောင်းပြီ ထပ်စမ်းကြည့်ကြတာပေါ့"

နှစ်ယောက်သား အစီအရင် လေ့လာနေသည်မှာ လဝက်ခန့် ကြာမြင့်သွားလေသည်။

ဒီကြားထဲ လင်ယုယန်ဆီမှ စာရောက်လာသည်။

သူ့အဖေ ခရီးထွက်နေ၍ တခြားလူများကို မေးပေးမည်ဆိုသည့် အကြောင်း ဖြစ်သည်။

"ဟူး"

ကျန်းပေရန် အကြောဆန့်လိုက်လေသည်။

လဝက်ခန့် ကြိုးစားသော်လည်း ဘာမျှ ထူးခြားမလာပေ။

ယန်ကွမ်ချင်းလည်း ပင်ပန်းနေပြီ ဖြစ်သည်။

အချိန်ဖြုန်းနေသကဲ့သို့ ခံစားရသည်။

အစီအရင် လေ့လာရသည်မှာ မူးယစ်ဆေး သုံးစွဲရသကဲ့သို့ စွဲလမ်းစရာ ကောင်းလှသည်။

ကျန်းပေရန် မတ်တတ်ထရပ်လိုက်လေသည်။

"ဂိုဏ်းချုပ်ယန် ဒီနေ့တော့ နားကြရအောင်"

ယန်ကွမ်ချင်း ဝမ်းသာသွားသည်။

သူလည်း နားချင်နေပြီ ဖြစ်သည်။

"ကောင်းပြီလေ မင်းသဘောပဲ"

နှစ်ယောက်သား မျှော်စင် အပြင်ထွက်လိုက်ကြလေသည်။

နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသောအခါ စိတ်လန်းဆန်းသွားသည်။

"နှစ်ယောက်သား ထွက်လာကြပြီလား စောင့်နေတာ ကြာလှပြီ"

အမျိုးသမီး တစ်ဦး၏ အသံ ကြားလိုက်ရသည်။

"ဂါရဝပြုပါတယ် ဂိုဏ်းချုပ်ကတော်"

ကျန်းပေရန် နှုတ်ဆက်လိုက်လေသည်။

ယန်ကွမ်ချင်း၏ ဇနီး နျဲ့ရိရှင်း ဖြစ်သည်။

"စောင့်နေတာ ၃ ရက် ရှိပြီ"

"၃ ရက် ဘာလို့ လူမလွှတ်လိုက်တာလဲ"

ယန်ကွမ်ချင်း အံ့သြသွားသည်။

"ရှင်က အလုပ်ရှုပ်နေရင် မနှောင့်ယှက်ရဘူး ဆို"

"တောင်းပန်ပါတယ် မိန်းမရယ်"

ယန်ကွမ်ချင်းက ဇနီးသည်ကို ဖက်လိုက်လေသည်။

"ရှင်ကလည်း ပေရန် ရှိနေတယ်လေ"

"ရှိပါစေပေါ့ ကိုယ့်မိန်းမ ကိုယ်ဖက်တာ ဘာဖြစ်လဲ"

"နှစ်ယောက်သား လိုက်ဖက်လွန်းပါတယ်"

ကျန်းပေရန်က မြှောက်ပြောလိုက်လေသည်။

နျဲ့ရိရှင်းက ရှက်သွေးဖြာပြီး ပြောလိုက်သည်။

"ထမင်းစားရအောင် ပြင်ဆင်ထားတယ်"

"ကျေးဇူးပါ သခင်မ"

စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။

နျဲ့ရိရှင်းက အရက်ထည့်ပေးပြီး ဟင်းပွဲများ သွားယူလေသည်။

"ဂိုဏ်းချုပ်ယန်ကို ဂုဏ်ပြုပါတယ် သင်ပေးတာတွေအတွက် ကျေးဇူးပါ"

ကျန်းပေရန်က ခွက်ချင်းတိုက်ပြီး သောက်လိုက်သည်။

"မင်းက တော်လွန်းတယ် နောက်ကျရင် ငါ့ထက်တောင် သာသွားဦးမယ်"

"မဖြစ်နိုင်ပါဘူး ဂိုဏ်းချုပ်ယန်က တောင်ကြီး တစ်လုံးလိုပါပဲ"

နှစ်ယောက်သား အပြန်အလှန် ချီးကျူးနေကြသည်။

"ဟင်းပွဲတွေ ရပါပြီ"

နျဲ့ရိရှင်း ပြန်ရောက်လာလေသည်။

နောက်တွင် ယန်ကွမ်ယွဲ့ ပါလာသည်။

ပြီးတော့ နောက်ထပ် မိန်းကလေး တစ်ယောက်

လုနင်ရှန်

ထုန်တိုင်းပြည်၏ မင်းသမီးလေး ဖြစ်သည်။

အစေခံမလေးကဲ့သို့ ဟင်းပွဲများ သယ်ဆောင်လာသည်။

သို့သော် မင်းသမီး ဆိုသည့် အရှိန်အဝါက ဖုံးဖိ၍ မရပေ။

ထူးခြားသည်မှာ ယန်ကွမ်ယွဲ့နှင့် ဆင်တူ ဝတ်ဆင်ထားခြင်း ဖြစ်သည်။

ကျန်းပေရန်ကို မြင်သောအခါ ရှက်သွေးဖြာပြီး ခေါင်းငုံ့လိုက်လေသည်။

ပြီးမှ မော့ကြည့်ပြီး ပြုံးပြသည်။

လွမ်းဆွတ်မှု ဝမ်းသာမှု ကျေးဇူးတင်မှုများ ပြည့်နှက်နေသော အပြုံးမျိုး ဖြစ်သည်။

ယန်ကွမ်ချင်းနှင့် နျဲ့ရိရှင်းတို့က ပြုံးပြီး ကြည့်နေကြသည်။

ယန်ကွမ်ယွဲ့နှင့် လုနင်ရှန်က ပန်းကန်များ ချပေးလေသည်။

ယန်ကွမ်ယွဲ့က ညီညီညာညာ ဖြစ်အောင် ပြင်ဆင်ပေးသည်။

"ဂိုဏ်းချုပ်ယန်ကို ဂါရဝပြုပါတယ် ကျေးဇူးရှင်ကို ဂါရဝပြုပါတယ်"

လုနင်ရှန်က နှုတ်ဆက်လိုက်လေသည်။

ကျန်းပေရန်က ယန်ကွမ်ချင်းကို မေးခွန်းထုတ်သည့် မျက်လုံးဖြင့် ကြည့်လိုက်သည်။

"စားကြ စားကြ"

ယန်ကွမ်ချင်းက စကားလွှဲလိုက်လေသည်။

"နောက်ထပ် ဟင်းပွဲ ၂ ပွဲ ကျန်သေးတယ် သွားယူလိုက်ဦးမယ်"

နျဲ့ရိရှင်း ထွက်ခွာသွားသည်။

"အမေ သမီးတို့လည်း လိုက်ခဲ့မယ်"

သမီးမိန်းကလေး နှစ်ယောက် နောက်မှ လိုက်ပါသွားကြသည်။

"မင်းတို့ အရင် စားနှင့်ကြ"

နျဲ့ရိရှင်းက ပြန်ပြောလိုက်လေသည်။

ယန်ကွမ်ချင်းက နေရာရွှေ့ပေးလိုက်သည်။

သမီးနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်၍ ရစေရန် ဖြစ်သည်။

"ကျေးဇူးပါ အဖေ"

ယန်ကွမ်ယွဲ့နှင့် လုနင်ရှန်တို့ ထိုင်လိုက်ကြလေသည်။

ကျန်းပေရန်က ဘာတွေ ဖြစ်နေလဲ နားမလည်နိုင် ဖြစ်နေသည်။

လုနင်ရှန်က ကျန်းပေရန်ကို ခိုးကြည့်နေသည်။

"သခင်လေးကျန်း ဒီငါးဟင်း ဘယ်လိုနေလဲ"

ယန်ကွမ်ယွဲ့ မေးလိုက်လေသည်။

"အရမ်း ကောင်းတယ် အရသာ ရှိတယ်"

"ဒါ နင်ရှန်လက်ရာလေ သခင်လေးကျန်း ကြိုက်တယ် ဆိုတော့ ဝမ်းသာစရာပဲ"

"ယွဲ့ယွဲ့"

လုနင်ရှန် ရှက်သွားလေသည်။

"ကျေးဇူးရှင် ကြိုက်ရင် ပြီးတာပါပဲ"

"မင်းသမီးလေးက ဟင်းချက်တတ်တယ် ဆိုတော့ အံ့သြစရာပဲ"

ကျန်းပေရန်က ရိုးသားစွာ ချီးကျူးလိုက်လေသည်။

"ကျေးဇူးပါ"

ယန်ကွမ်ချင်းက ဝင်ပြောလိုက်သည်။

"ပေရန် နန်းတော်ထဲက ကိစ္စတွေ ရှင်းပြီးသွားပြီ နင်ရှန်ရဲ့ မိသားစုကိုလည်း ခေါ်ထုတ်လာခဲ့ပြီ"

ဟေ

ကျန်းပေရန် အံ့သြသွားသည်။

ဘုရင်ကြီးကိုပါ ခေါ်ထုတ်လာနိုင်သည် ဆိုတော့ ယန်ကွမ်ချင်း၏ အာဏာက မသေးလှပေ။

မြေခွေးအိုကြီး

"ဂိုဏ်းချုပ်ယန်က တကယ် စွမ်းတာပဲ"

"ကိစ္စ သေးသေးလေးပါ"

လုနင်ရှန် မတ်တတ်ထရပ်ပြီး ဂါရဝပြုလေသည်။

"ဂိုဏ်းချုပ်ယန်ကို ကျေးဇူးတင်ပါတယ်"

"ရပါတယ် ထိုင်ပါ စားစရာ ရှိတာ ဆက်စားကြ"

လုနင်ရှန် ပြန်ထိုင်လိုက်လေသည်။

"ပြီးတော့ ရတနာတိုက်ကိုလည်း သွားခဲ့ပြီးပြီ ပစ္စည်းကောင်းတွေ အများကြီးပဲ စားပြီးရင် လိုက်ပြမယ်"

"မလိုပါဘူး ဂိုဏ်းချုပ်ယန်"

"လိုတာပေါ့ နင်ရှန် ပေးမယ့် ကျေးဇူးတုံ့ပြန် လက်ဆောင်တွေလည်း ပါတယ်လေ"

All Chapters